My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

1.7K 336 22
By Mine-Edge

[Unicode]

"......"


"ဘန်း!"
အိပ်ခန်းတံခါးက ဗမ်ပိုင်းယားအရှင်၏ မျက်နှာတည့်တည့် ပိတ်ခံလိုက်ရကာ နှာတံပြားလုနီးပါးဖြစ်သွားခဲ့သည်။ သူ့ ကျွန်လေလး၏ ချိုမြသောသွေးကို ‌မသောက်ခဲ့ရရုံတင်မက အိပ်ခန်းကနေပါ နှင်ထုတ်ခံခဲ့ရသည်။

"ရဲတင်းလိုက်တဲ့ သတ္တဝါလေး မင်း ဘာလုပ်နေလဲ မင်းသိရဲ့လား" ကျန်းချန်ဖေး  အေးအေးလူလူပြောကာ တံခါးဘောင်ကို မှီထားလေသည်။
"ငါအသက်ရှင်နေခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်း ဘယ်သူမှ ကြီးမြတ်တဲ့အရှင်နီကိုလတ်စ်ကို ဒီလိုရိုင်းပျစော်ကားတာမျိုး မလုပ်ရဲဖူးဘူး"

အိပ်ခန်းအပြင်တွင် ပိတ်ထားခံခဲ့ရသည့် ရွှေရောင် အမွှေးလုံးလေးကလည်း ခေါင်းလေးစောင်းပြီး ကြီးမြတ်သော အရှင်နီကိုလတ်စ်အား ကြည့်လာလေသည်။

"မင်းကိုယ်မင်း ဘာကြည့်တယ်ထင်နေတာလဲ ငတုံးဝံပုလွေပေါက်စကောင်၊ မင်းနဲ့ငါက ဒီနေရာမှာ အခြေအနေမတူဘူး" မစ္စတာဗမ်ပိုင်းယားက ပြောရင်း ရှည်လျားသော သူ့လက်ချောင်းများနှင့် ခွေးလေး၏ခေါင်းကို ပုတ်လိုက်သည်။

သူ့ကိုယ်ပိုင် သွေးကျွန်၏ အိပ်ခန်းအပြင် မောင်းထုတ်ခံခဲ့ရသည့် ကြီးမြတ်သော ဗမ်ပိုင်းယားဘုရင်မှာ ယခု သမန်းဝံပုလွေပေါက်စလေးနှင့်ပင် အိပ်စက်ရတော့မည်။ ဒါက တကယ်ကို ရှက်ဖွယ်အတိပင်! ကျန်းချန်ဖေး ဆို‌ဖာပေါ် လှဲကာ ခါးခါးသက်သက် တွေးမိလိုက်သည်။ မနက်ဖြန် သူ့‌ကျွန်လေး၏ သွေးကိုစုပ်ရမည့်အချိန်ရောက်လျှင် သေချာပေါက် ထိုစတေးခံသိုးပေါက်လေးကို သင်ခန်းစာကောင်းကောင်းပေးရမည်။ သူ သူ့ကို ငိုအောင် လုပ်ရမည်။

ဝါးဟားဟား။

ကွမ်ကျုံးက ဆိုဖာပေါ် သူ့ခြေထောက်တိုလေးများနှင့် ကုပ်တွယ်၍တက်ပြီးနောက် ကျန်းချန်ဖေးစောင်ထဲတွားသွားကာ သူ့ခပ်နွေးနွေးခန္ဓာကိုယ်အား တရှုံ့ရှုံ့နမ်းလာသည်။ ဒီအရွယ်ပါပီများက အင်မတန်အကြီးထွားမြန်ကြသည်။ ရက်သတ္တပတ်အနည်းငယ်သာရှိသေး ကျောင်းချီ ပထမဆုံးအကြိမ် သူ့ကို အိမ်ခေါ်လာခဲ့သည့်အချိန်တုန်းကထက် အတော်လေးပိုကြီးလာချေပြီ။ ပါပီလေးက ခေါင်းကို ကျန်း‌ချန်ဖေးမေးစေ့အောက် တိုးဝှေ့ဝင်ပြီးနောက် နောက်ခြေထောက်များကို သူ့ဗိုက်ပေါ် တင်လာသည်။

"သမန်းဝံပုလွေပေါက်လေး၊ မင်းက တကယ့်ကို သေဖို့ဆန္ဒရှိနေတာပဲ" အမွှေးလုံးခေါင်းလေးက ချစ်စရာကောင်းအောင် ချွဲနေသည့်ဟန်ဖြင့် ကျန်း‌ချန်ဖေးမေးစေ့ကို ပွတ်သက်လာသည်။ ကြီးမြတ်သောဗမ်ပိုင်းယားဘုရင်မှာ ဒီချစ်စရာကောင်းမှုကို တောင့်ခံနိုင်ရန် အင်မတန်ခဲယဉ်းနေသည်အား တွေ့လိုက်ရသည်။ စက်ဆုပ်ရွံရှာစရာ သမန်းဝံပုလွေပေါက်လေးမှာ ဒီအရည်အချင်းကို သူ့ စတေးခံသိုးပေါက်လေးဆီမှ သင်ယူခဲ့ခြင်းဖြစ်ရမည်။ သူ ခက်ခက်ထန်ထန် ဆက်ဆံရန်    စိတ်မမာအောင် နူးညံ့ပြီး ပွေ့ဖက်ချင်ဖွယ်ကောင်းသည့်ဟန် ဟန်ဆောင်နေခြင်းပင်။

"ဝု ဝု" ရွှေရောင်အမွှေးလုံးလေးက အသံတိုးတိုးလေးများ ပြုလုပ်လာ၏။ ဒီလူသား ဘာပြောနေလဲ မသိသည့်တိုင် အင်မတန်ယဉ်ကျေးပျူငှာစွာ အဖြေပြန်ပေးလိုက်သေးသည်။ တကယ်ကို လူကြီး‌လူကောင်းဆန်သည့် သတ္တဝါလေးပင်။

"ငါက မင်းသိတဲ့အတိုင်း ဗမ်ပိုင်းယားပဲ၊ ဗမ်ပိုင်းယားတွေက သမန်းဝံပုလွေတွေကို အထူးတလည် စားကြတာနော်"
ကျန်းတာ့တျောင်းက သူ့ကြောက်မက်ဖွယ်ပါးစပ်ကိုဟကာ ကိုက်ချင်ယောင်ဆောင်ပြီး ပါပီလေးကို ခြောက်လှန့်ရန်ကြိုးစားလိုက်သည်။

ကွမ်ကျုံးက သူ့ကိုမော့ကြည့်လာပြီး သမ်းဝေတော့ ခွေးသွားအပြည့်ပါးစပ်ပေါ်လာတော့သည်...။ သူ့ သွားစွယ်များက ဗမ်ပိုင်းယားသွားစွယ်များထက်ပင် ပိုကြီးမားချေသည်။

"....." ဗမ်ပိုင်းယားလူကြီးမင်းမှာ ရှက်ရှက်ဖြင့် ပါးစပ်ပေါက်ပိတ်လိုက်ပြီး ပင်ပန်းဆင်းရဲစွာဖြင့် လောကကြီး၏ပုံစံများကို ရှင်းပြတော့သည်။
"သမန်းဝံပုလွေတွေအားလုံးက ဆိုးရွားတဲ့သတ္တဝါတွေ၊ မင်း သမန်းပံပုလွေဖြစ်တာ ရပ်သင့်ပြီ၊ ငါမင်းကို အဲထက်အများကြီးပိုသာတဲ့ သွေးမျိုးနွယ်အဖြစ် ပြောင်းလဲဖို့ ကူညီပေးမယ်"

တော်ဝင်ဗမ်ပိုင်းယားခွေးအနေဖြင့် အမွှေးလုံးလေးမှာ ကြီးမြတ်သည့်မစ္စတာတိအောင်း၏သား ဖြစ်လာနိုင်ကာ သူ၏ အဖိုးမဖြတ်နိုင်သော ထောင်စုနှစ်ရဲတိုက်ကို အမွေဆက်ခံနိုင်မည်။

နောက်နေ့မနက် ကျောင်းချီ အိပ်ရာကနိုးကာ အောက်ထပ်ဆင်းချိန် ကျန်းတာ့တျောင်းတစ်ယောက် ဆိုဖာပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရင်း ပါပီလေး၏ခေါင်းကို အိပ်မက်ယောင်ရင်း သတိလက်လွတ် ကိုက်ဝါးနေသည်အားမြင်လိုက်ရသည်။ ခွေးလေး၏ခေါင်းတွင် ကျန်းချန်ဖေး၏ သွားရည်ကွက်ကြီးရှိနေ‌သည်။ ကွမ်ကျုံးက မလှုပ်ဘဲ ကျောင်းချီကို လှမ်းကြည့်လာပြီး သူ့မျက်ဝန်းနက်ကြီးများဖြင့် အင်မတန် မတရားခံရအောင်း သနားစဖွယ် ဆက်သွယ်နေရှာသည်။

ကျောင်းချီ ကူကယ်ရာမဲ့စွာ မစ္စတာဗမ်ပိုင်းယားကို နှိုးလိုက်ရတော့သည်။
"ဒီနေ့ဘာလုပ်မှာလဲ"

"သေချာပေါက် အလုပ်သွားမှာပေါ့" ကျန်းချန်ဖေးက ထထိုင်ပြီးစိမ်ပြေနပြေ အကြောဆန့်လိုက်သည်။ အဆင့်မြင့်ဗမ်ပိုင်းယားတစ်ယောက်အနေဖြင့် နေ့ဘက်တွင် ပြဿနာမရှိ လျှောက်သွားနိုင်သလို သာမန်လူသားမျိုးနွယ်၏ အထောက်အထားလည်းရှိသည်မှာ သဘာဝပင်။ ကြီးမြတ်သော တိအောင်းနီကိုလတ်စ်ကျန်း၏ ဒဏ္ဍာရီကို လောကရှိ နေရာတိုင်းတွင် သီဆိုကြသော်ငြား သူက တကယ်တော့ ရှီးဖေးနည်းပညာ၏ ဥက္ကဌ ကျန်းချန်ဖေးမှန်း မည်သူမှမသိကြပေ။

တော်သေးတာပေါ၊ အနည်းဆုံးတော့ သူ့မှာအလုပ်ရှိမှန်း သိသေးတာပဲ။

ကျောင်းချီစိတ်အေးသွားခဲ့သည်။ သူ ကျန်းချန်ဖေးအား ရှီးဖေးနည်းပညာ၏ ရုံးခန်းဆီအရင်ပို့ပြီးမှ ပါ့ကျောင်းဆီဦးတည်ရန် ဆုံးဖြတ်လိုက်သည်။

"မနေ့ညက မင်း ငါ့ကို ဘာမှစားခွင့်မပေးခဲ့တော့ ငါအချိန်မရွေးဆာလောင်တဲ့အသွင် ရောက်သွားနိုင်တယ်၊ ဒါကြောင့် ဒီနေ့ မင်းအိမ်မှာရှိနေရမယ်"
ကျန်းချီဖေးက သပ်သပ်ရပ်ရပ်ဝတ်စားထားကာ တံခါးအပေါက်ဝမှာတင် သူ့ယဇ်အပူဇော်ခံလေးအား ဖမ်းဆုပ်ထားသည်။ ထူးကဲသည့် စားကောင်းသောက်ဖွယ်တစ်မျိုးမျိုးအား ကိုင်ထားရသကဲ့သို့ ခံစားနေရသည်။ ကျောင်းချီလည်တိုင်ကြား မျက်နှာအပ်ကာ ခပ်ပြင်းပြင်း အသက်ရှူလိုက်၏။

"ခင်ဗျား ဆာလောင်တဲ့အသွင်ရောက်သွားရင် ဘာဖြစ်မှာလဲ"

"ငါဆာလောင်တဲ့အသွင်ရောက်နေချိန်ဆို မင်းကိုမစားရရင် လူတွေကိုသတ်တာကနေ ငါ့ကိုယ်ငါ တားလို့ရတော့မှာမဟုတ်ဘူး" ကျန်းချန်ဖေးက တီးတိုးပြောလာကာ သူ့အသံသည် မှုန်မှိုင်းပြီး ဩရှရှဖြစ်နေ၏။

"......"

ကျောင်းချီမှာ ဒီဇာတ်အိမ်ဖွံ့ဖြိုးမှုကအနည်းငယ် စိုးရိမ်ဖွယ်ကောင်း၍ သတိကြီးသွားခဲ့သည်။ ထို့ကြောင့် ပါ့ကျောင်းဆီ သွားမည့်အစီအစဉ်ကို ပယ်ချလိုက်ကာ ရှီးဖေးနည်းပညာဆီ ကျန်းချန်ထေးနောက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် သူ့အတွက် ထိုနေရာတွင် စားပွဲတစ်လုံးရှိနေချေပြီ။ သူတို့ကုမ္ပဏီနှစ်ခုစလုံးမှ ဝန်ထမ်းများကလည်း ဒီစီစဉ်မှုအပေါ် ကျင့်သားရနေကျပြီဖြစ်သည်။

သူတို့ ရှီးဖေးနည်းပညာဆီရောက်သည်နှင့် မနက်စာစားရန် ကန်တင်းဆီ ဦးတည်ခဲ့သည်။ ရှီးဖေးကန်တင်းတွင် စီမံခန့်ခွဲရေးပိုင်းနှင့် ဝန်ထမ်းများကြား ခွဲခြားမှုမရှိဘဲ ရာထူးကြီးများအတွက် ကြိုတင်သတ်မှတ်ထားသည့် ခုံတချို့သာရှိသည်။ ထိုခုံများကို ဝန်ထမ်းများစားသောက်သည့်ဧရိယာရှိ ခုံများနှင့်ယှဉ်လျှင် ထက်ဝက်မြင့်သော သစ်သားအထပ်၌ မှန်ပြတင်းပေါက်များဘေး ထားထားသည်။

ထိုနေရာတွင် မနက်စာစားနေသည့် ဒုဥက္ကဌနှစ်ယောက်လည်းရှိနေကာ ကျောင်းချီနှင့် ကျန်းချန်ဖေး ရောက်လာသည်ကိုမြင်ချိန် မတ်တပ်ထရပ်ပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ကြသည်။

ကျောင်းချီ အသိအမှတ်ပြုဟန် အနည်းငယ်ခေါင်းညိတ်ပြပြီး သူတို့ကိုဆက်စားသောက်ရန် အမူအရာပြလိုက်သည်။ သူ သူတို့နှင့်သိပ်မဝေးသည့် ထိုင်ခုံသို့ကျန်းချန်ထေးကို ခေါ်လာခဲ့သည်။ ကျန်းချန်ဖေးက ကျောင်းချီအတွက် စားစရာအများကြီး ယူလာပေးကာ သူ့တစ်ယောက်စာ မြန်မြန်စားသောက်ပြီးနောက် ဖရဲသီးဖျော်ရည်ကို ကြော့မော့စွာ တစ်ငုံချင်းသောက်ရင်း အလိုလိုထားသည့်ဇနီးလေးကို များများစားရန် တကျည်ကျည်လုပ်နေသည်။
"မင်းက ပိန်လွန်းတယ်၊ ဒီလိုဆိုမဖြစ်ဘူး၊ တစ်နေ့ကျ ငါ့ကိုယ်ငါမထိန်းနိုင်တော့ဘဲ မင်းကိုစားမိရင် မင်းခံနိုင်ရည်ရှိလောက်မှာမဟုတ်ဘူး"


ငါ့ကိုယ်ငါမထိန်းနိုင်... မင်းကိုစားမိရင်...။

ဒုဥက္ကဌနှစ်ယောက်မှာ အနေရခက်သည့် အကြည့်များ ဖလှယ်မိကြကာ သူတို့ပန်းကန်များကိုမပြီး ပိုပြီးဝေးဝေး ရွှေ့သွားကြတော့သည်။ ခေါင်းစဉ်က မနက်ခင်း စောစောစီးစီးအတွက် သိပ်ကိုဟော့လွန်းနေသည်! ဒီစုံတွဲက သူတို့ဝန်ထမ်းများအတွက် ပိုပြီးစာနာစိတ်ထားရန် တကယ်ကိုလိုအပ်ပါ၏။


"ပါးစပ်ပေါက်ပိတ်" ကျောင်းချီ စားပွဲအောက်ကနေ သူ့ကိုကန်လိုက်တော့သည်။ ဒုဥက္ကဌနှစ်ယောက် မည်သို့တုံ့ပြန်လဲ မြင်ပြီးပြီဖြစ်၍ သူ ရှက်ရွံ့မှုကြောင့် မျက်နှာမရဲဘဲ မနေနိုင်တော့ချေ။ သူ ခပ်မြန်မြန် အပြီးစားသောက်လိုက်ကာ ကျန်းတာ့တျောင်းအား ကန်တင်းမှ ဆွဲခေါ်ခဲ့သည်။


သူတို့ကန်တင်းကနေ ထွက်ထွက်ချင်း သူ့ဝန်ထမ်းကတ်နှင့် အလကားမျိုစို့ရန် ဒီရောက်နေသည့် နတ်ဆိုးဘုရင်နှင့် ဆုံသွားသည်။

"မင်း ဒီကို ဘာလို့ရောက်နေတာလဲ" ကျောင်းချီ အံ့ဩတကြီးမေးလိုက်မိသည်။ သူ့ကိုယ်ပိုင်ဝန်ထမ်းကို ဒီအချိန် ဒီနေရာတွင် တွေ့မြင်ရသည်ကို အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ကျွန်တော် ဂိမ်းစမ်းသပ်ရေးစင်တာက 《ဗမ်ပိုင်းယားမင်းသား》လို့ခေါ်တဲ့ ဂိမ်းအသစ် ဖြန့်ချိကာစလို့ ကြားတယ်၊ ဒါကြောင့် ဒီလာပြီး စမ်းကြည့်ဖို့ တွေးလိုက်တာ၊ တကယ်လို့ကောင်းရင် နောက်နှစ်ရက်အတွက် ကျွန်တော့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထည့်သွင်းမလို့"
နတ်ဆိုးဘုရင်က ပြောရင်း သူ့ချစ်စရာသွားတက်လေးများ အပြည့်အဝပေါ်သည်အထိ ပြုံးပြလေသည်။

ပရိုဂရမ်မာများသည် ပုံမှန်အားဖြင့် မနက်ပိုင်းတွင် အလုပ်မလာကြ၍ နတ်ဆိုးဘုရင်မှာ သူ့“ပရိုဂရမ်မာယွမ်ကိုကို” ၏ ဝန်ထမ်းကတ်ကို ငှားပြီး ဂိမ်းစမ်းသပ်ရေးစင်တာဆီ လာသည့်လမ်း၌ ရှီးဖေးမနက်စာကို စားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

"မင်းက ဘယ်လိုပျော်အောင်နေရမလဲ တကယ်သိ..." ကျောင်းချီ ခပ်ရေးရေးပြုံးရင်း ‌ပြုံးလိုက်သည်။ သူ စကားမဆုံးခင် ကျန်းချန်ဖေးက ရုတ်တရက် သူ့ကို အနောက်သို့ လှမ်းဆွဲလိုက်သည်။


"

‌အပြည့်အဝ သာယာခံစားလိုက်ပါ လူငယ်လေး" ကျန်းချန်ဖေး မျက်လုံးများမှေးကာ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

"ကောင်းပါပြီဗျ!" နတ်ဆိုးဘုရင်မှာ သူ့ဘော့စ်က သူ့ကို မနက်စာကောင်းကောင်းစားရန် ပြောသည်ဟု တွေးကာ ပျော်ရွှင်စွာပြုံးရင်း ကန်တင်းထဲ ဝင်သွားတော့သည်။


ကျန်းချန်ဖေးအမူအရာက အေးစက်သွားပြီး သူ့ယဇ်‌ပူဇော်ခံလေးကို စကားတစ်ခွန်းထပ်မပြောဘဲ ဥက္ကဌသီးသန့် ဓာတ်လှေကားဆီ ဆွဲခေါ်လာခဲ့၏။ သူတို့နောက်ဆုံးတော့ သီးသန့်ရှိနေပြီဖြစ်၍ ခပ်တိုးတိုး သတိပေးလိုက်သည်။
"နောက်ပိုင်းကျရင် အဲကောင်နဲ့ဝေးဝေးနေ"

"ခင်ဗျားဘာဖြစ်နေတာလဲ" ကျောင်းချီ ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။


"သူကဗမ်ပိုင်းယားပဲ" ဗမ်ပိုင်းယားဘုရင်က တည်တံ့စွာ ပြောလာသည်။ သူ အင်မတန် စိုးရိမ်သွားခဲ့သည်။ သူ့သွေးကျွန်လေး‌တွင် ဤကဲ့သို့ လတ်ဆတ်ချိုမြသည့် သွေးရှိပြီး နောက်ဗမ်ပိုင်းယားတစ်ကောင်ကို မြင်ခွင့်ပေးမိခဲ့သည်! သူ သူ့သွေးကျွန်လေးကို သတိထားကာ မစောင့်ကြည့်လျှင် တခြားလင်းနို့များက အခွင့်အရေး ယူသွားလောက်နိုင်သည်။


"ဟမ်" ကျောင်းချီ ငိုရမလား ရယ်ရမလားမသိတော့ချေ။ အရင်တစ်ခေါက်က ကျန်းချန်ဖေးမှာ ဝမ်မော့သည် Alpha ဟု ပြောခဲ့သည်။ ယခုကျ ဗမ်ပိုင်းယားဟု ပြော၏။ ဒီသနားစရာ နတ်ဆိုးဘုရင်မှာ ကျန်းချန်ဖေးကို ဘယ်လိုများ အပြစ်ပြုမိခဲ့ပါလိမ့်။


"

သူ့လိုလူပျိုပေါက်လေးက ကိစ္စတွေကို ရိုးရိုးရှင်းရှင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း ဘယ်လိုလုပ်ရမလဲပဲ သိတာ၊ မင်းသာ သူဖမ်းတာခံရရင် ငါနဲ့ရှိနေရတာလောက် သက်‌သောင့်သက်သာရှိမှာမဟုတ်ဘူး" ဗမ်ပိုင်းယားဘုရင်က သူ့ရင်ခွင်ထဲရှိသွေးကျွန်လေး လိမ်လိမ်မာမာနေပြီး ထွက်မပြေးအောင် ခြောက်လှန့်ရန် အတတ်နိုင်ဆုံးကြိုးစားနေသည်။


"သူဗမ်ပိုင်းယားဆိုတာ ဘယ်လိုသိတာလဲ"

"မင်း သူ့ရဲ့အဲအစွယ်တွေကို မမြင်ဘူးလား၊ ထိုဗမ်ပိုင်းယားက ငယ်လွန်း၍ သူ့အစွယ်များကို မည်သို့ပြန်သွင်းရမလဲပင် မသိသေးချေ။

"......"

[Zawgyi]

"......"

"ဘန္း!"
အိပ္ခန္းတံခါးက ဗမ္ပိုင္းယားအရွင္၏ မ်က္ႏွာတည့္တည့္ ပိတ္ခံလိုက္ရကာ ႏွာတံျပားလုနီးပါးျဖစ္သြားခဲ့သည္။ သူ႕ ကြၽန္ေလလး၏ ခ်ိဳျမေသာေသြးကို ‌မေသာက္ခဲ့ရ႐ုံတင္မက အိပ္ခန္းကေနပါ ႏွင္ထုတ္ခံခဲ့ရသည္။

"ရဲတင္းလိုက္တဲ့ သတၱဝါေလး မင္း ဘာလုပ္ေနလဲ မင္းသိရဲ႕လား" က်န္းခ်န္ေဖး  ေအးေအးလူလူေျပာကာ တံခါးေဘာင္ကို မွီထားေလသည္။
"ငါအသက္ရွင္ေနခဲ့တဲ့ ႏွစ္ေပါင္းေထာင္ခ်ီအတြင္း ဘယ္သူမွ ႀကီးျမတ္တဲ့အရွင္နီကိုလတ္စ္ကို ဒီလိုရိုင္းပ်ေစာ္ကားတာမ်ိဳး မလုပ္ရဲဖူးဘူး"

အိပ္ခန္းအျပင္တြင္ ပိတ္ထားခံခဲ့ရသည့္ ေ႐ႊေရာင္ အေမႊးလုံးေလးကလည္း ေခါင္းေလးေစာင္းၿပီး ႀကီးျမတ္ေသာ အရွင္နီကိုလတ္စ္အား ၾကည့္လာေလသည္။

"မင္းကိုယ္မင္း ဘာၾကည့္တယ္ထင္ေနတာလဲ ငတုံးဝံပုေလြေပါက္စေကာင္၊ မင္းနဲ႕ငါက ဒီေနရာမွာ အေျခအေနမတူဘူး" မစၥတာဗမ္ပိုင္းယားက ေျပာရင္း ရွည္လ်ားေသာ သူ႕လက္ေခ်ာင္းမ်ားႏွင့္ ေခြးေလး၏ေခါင္းကို ပုတ္လိုက္သည္။

သူ႕ကိုယ္ပိုင္ ေသြးကြၽန္၏ အိပ္ခန္းအျပင္ ေမာင္းထုတ္ခံခဲ့ရသည့္ ႀကီးျမတ္ေသာ ဗမ္ပိုင္းယားဘုရင္မွာ ယခု သမန္းဝံပုေလြေပါက္စေလးႏွင့္ပင္ အိပ္စက္ရေတာ့မည္။ ဒါက တကယ္ကို ရွက္ဖြယ္အတိပင္! က်န္းခ်န္ေဖး ဆို‌ဖာေပၚ လွဲကာ ခါးခါးသက္သက္ ေတြးမိလိုက္သည္။ မနက္ျဖန္ သူ႕‌ကြၽန္ေလး၏ ေသြးကိုစုပ္ရမည့္အခ်ိန္ေရာက္လွ်င္ ေသခ်ာေပါက္ ထိုစေတးခံသိုးေပါက္ေလးကို သင္ခန္းစာေကာင္းေကာင္းေပးရမည္။ သူ သူ႕ကို ငိုေအာင္ လုပ္ရမည္။

ဝါးဟားဟား။

ကြမ္က်ဳံးက ဆိုဖာေပၚ သူ႕ေျခေထာက္တိုေလးမ်ားႏွင့္ ကုပ္တြယ္၍တက္ၿပီးေနာက္ က်န္းခ်န္ေဖးေစာင္ထဲတြားသြားကာ သူ႕ခပ္ေႏြးေႏြးခႏၶာကိုယ္အား တရႈံ႕ရႈံ႕နမ္းလာသည္။ ဒီအ႐ြယ္ပါပီမ်ားက အင္မတန္အႀကီးထြားျမန္ၾကသည္။ ရက္သတၱပတ္အနည္းငယ္သာရွိေသး ေက်ာင္းခ်ီ ပထမဆုံးအႀကိမ္ သူ႕ကို အိမ္ေခၚလာခဲ့သည့္အခ်ိန္တုန္းကထက္ အေတာ္ေလးပိုႀကီးလာေခ်ၿပီ။ ပါပီေလးက ေခါင္းကို က်န္း‌ခ်န္ေဖးေမးေစ့ေအာက္ တိုးေဝွ႕ဝင္ၿပီးေနာက္ ေနာက္ေျခေထာက္မ်ားကို သူ႕ဗိုက္ေပၚ တင္လာသည္။

"သမန္းဝံပုေလြေပါက္ေလး၊ မင္းက တကယ့္ကို ေသဖို႔ဆႏၵရွိေနတာပဲ" အေမႊးလုံးေခါင္းေလးက ခ်စ္စရာေကာင္းေအာင္ ခြၽဲေနသည့္ဟန္ျဖင့္ က်န္း‌ခ်န္ေဖးေမးေစ့ကို ပြတ္သက္လာသည္။ ႀကီးျမတ္ေသာဗမ္ပိုင္းယားဘုရင္မွာ ဒီခ်စ္စရာေကာင္းမႈကို ေတာင့္ခံနိုင္ရန္ အင္မတန္ခဲယဥ္းေနသည္အား ေတြ႕လိုက္ရသည္။ စက္ဆုပ္႐ြံရွာစရာ သမန္းဝံပုေလြေပါက္ေလးမွာ ဒီအရည္အခ်င္းကို သူ႕ စေတးခံသိုးေပါက္ေလးဆီမွ သင္ယူခဲ့ျခင္းျဖစ္ရမည္။ သူ ခက္ခက္ထန္ထန္ ဆက္ဆံရန္    စိတ္မမာေအာင္ ႏူးညံ့ၿပီး ေပြ႕ဖက္ခ်င္ဖြယ္ေကာင္းသည့္ဟန္ ဟန္ေဆာင္ေနျခင္းပင္။

"ဝု ဝု" ေ႐ႊေရာင္အေမႊးလုံးေလးက အသံတိုးတိုးေလးမ်ား ျပဳလုပ္လာ၏။ ဒီလူသား ဘာေျပာေနလဲ မသိသည့္တိုင္ အင္မတန္ယဥ္ေက်းပ်ဴငွာစြာ အေျဖျပန္ေပးလိုက္ေသးသည္။ တကယ္ကို လူႀကီး‌လူေကာင္းဆန္သည့္ သတၱဝါေလးပင္။

"ငါက မင္းသိတဲ့အတိုင္း ဗမ္ပိုင္းယားပဲ၊ ဗမ္ပိုင္းယားေတြက သမန္းဝံပုေလြေတြကို အထူးတလည္ စားၾကတာေနာ္"
က်န္းတာ့ေတ်ာင္းက သူ႕ေၾကာက္မက္ဖြယ္ပါးစပ္ကိုဟကာ ကိုက္ခ်င္ေယာင္ေဆာင္ၿပီး ပါပီေလးကို ေျခာက္လွန႔္ရန္ႀကိဳးစားလိုက္သည္။

ကြမ္က်ဳံးက သူ႕ကိုေမာ့ၾကည့္လာၿပီး သမ္းေဝေတာ့ ေခြးသြားအျပည့္ပါးစပ္ေပၚလာေတာ့သည္...။ သူ႕ သြားစြယ္မ်ားက ဗမ္ပိုင္းယားသြားစြယ္မ်ားထက္ပင္ ပိုႀကီးမားေခ်သည္။

"....." ဗမ္ပိုင္းယားလူႀကီးမင္းမွာ ရွက္ရွက္ျဖင့္ ပါးစပ္ေပါက္ပိတ္လိုက္ၿပီး ပင္ပန္းဆင္းရဲစြာျဖင့္ ေလာကႀကီး၏ပုံစံမ်ားကို ရွင္းျပေတာ့သည္။
"သမန္းဝံပုေလြေတြအားလုံးက ဆိုး႐ြားတဲ့သတၱဝါေတြ၊ မင္း သမန္းပံပုေလြျဖစ္တာ ရပ္သင့္ၿပီ၊ ငါမင္းကို အဲထက္အမ်ားႀကီးပိုသာတဲ့ ေသြးမ်ိဳးႏြယ္အျဖစ္ ေျပာင္းလဲဖို႔ ကူညီေပးမယ္"

ေတာ္ဝင္ဗမ္ပိုင္းယားေခြးအေနျဖင့္ အေမႊးလုံးေလးမွာ ႀကီးျမတ္သည့္မစၥတာတိေအာင္း၏သား ျဖစ္လာနိုင္ကာ သူ၏ အဖိုးမျဖတ္နိုင္ေသာ ေထာင္စုႏွစ္ရဲတိုက္ကို အေမြဆက္ခံနိုင္မည္။

ေနာက္ေန႕မနက္ ေက်ာင္းခ်ီ အိပ္ရာကနိုးကာ ေအာက္ထပ္ဆင္းခ်ိန္ က်န္းတာ့ေတ်ာင္းတစ္ေယာက္ ဆိုဖာေပၚ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနရင္း ပါပီေလး၏ေခါင္းကို အိပ္မက္ေယာင္ရင္း သတိလက္လြတ္ ကိုက္ဝါးေနသည္အားျမင္လိုက္ရသည္။ ေခြးေလး၏ေခါင္းတြင္ က်န္းခ်န္ေဖး၏ သြားရည္ကြက္ႀကီးရွိေန‌သည္။ ကြမ္က်ဳံးက မလႈပ္ဘဲ ေက်ာင္းခ်ီကို လွမ္းၾကည့္လာၿပီး သူ႕မ်က္ဝန္းနက္ႀကီးမ်ားျဖင့္ အင္မတန္ မတရားခံရေအာင္း သနားစဖြယ္ ဆက္သြယ္ေနရွာသည္။

ေက်ာင္းခ်ီ ကူကယ္ရာမဲ့စြာ မစၥတာဗမ္ပိုင္းယားကို ႏွိုးလိုက္ရေတာ့သည္။
"ဒီေန႕ဘာလုပ္မွာလဲ"

"ေသခ်ာေပါက္ အလုပ္သြားမွာေပါ့" က်န္းခ်န္ေဖးက ထထိုင္ၿပီးစိမ္ေျပနေျပ အေၾကာဆန႔္လိုက္သည္။ အဆင့္ျမင့္ဗမ္ပိုင္းယားတစ္ေယာက္အေနျဖင့္ ေန႕ဘက္တြင္ ျပႆနာမရွိ ေလွ်ာက္သြားနိုင္သလို သာမန္လူသားမ်ိဳးႏြယ္၏ အေထာက္အထားလည္းရွိသည္မွာ သဘာဝပင္။ ႀကီးျမတ္ေသာ တိေအာင္းနီကိုလတ္စ္က်န္း၏ ဒ႑ာရီကို ေလာကရွိ ေနရာတိုင္းတြင္ သီဆိုၾကေသာ္ျငား သူက တကယ္ေတာ့ ရွီးေဖးနည္းပညာ၏ ဥကၠဌ က်န္းခ်န္ေဖးမွန္း မည္သူမွမသိၾကေပ။

ေတာ္ေသးတာေပါ၊ အနည္းဆုံးေတာ့ သူ႕မွာအလုပ္ရွိမွန္း သိေသးတာပဲ။

ေက်ာင္းခ်ီစိတ္ေအးသြားခဲ့သည္။ သူ က်န္းခ်န္ေဖးအား ရွီးေဖးနည္းပညာ၏ ႐ုံးခန္းဆီအရင္ပို႔ၿပီးမွ ပါ့ေက်ာင္းဆီဦးတည္ရန္ ဆုံးျဖတ္လိုက္သည္။

"မေန႕ညက မင္း ငါ့ကို ဘာမွစားခြင့္မေပးခဲ့ေတာ့ ငါအခ်ိန္မေ႐ြးဆာေလာင္တဲ့အသြင္ ေရာက္သြားနိုင္တယ္၊ ဒါေၾကာင့္ ဒီေန႕ မင္းအိမ္မွာရွိေနရမယ္"
က်န္းခ်ီေဖးက သပ္သပ္ရပ္ရပ္ဝတ္စားထားကာ တံခါးအေပါက္ဝမွာတင္ သူ႕ယဇ္အပူေဇာ္ခံေလးအား ဖမ္းဆုပ္ထားသည္။ ထူးကဲသည့္ စားေကာင္းေသာက္ဖြယ္တစ္မ်ိဳးမ်ိဳးအား ကိုင္ထားရသကဲ့သို႔ ခံစားေနရသည္။ ေက်ာင္းခ်ီလည္တိုင္ၾကား မ်က္ႏွာအပ္ကာ ခပ္ျပင္းျပင္း အသက္ရႉလိုက္၏။

"ခင္ဗ်ား ဆာေလာင္တဲ့အသြင္ေရာက္သြားရင္ ဘာျဖစ္မွာလဲ"

"ငါဆာေလာင္တဲ့အသြင္ေရာက္ေနခ်ိန္ဆို မင္းကိုမစားရရင္ လူေတြကိုသတ္တာကေန ငါ့ကိုယ္ငါ တားလို႔ရေတာ့မွာမဟုတ္ဘူး" က်န္းခ်န္ေဖးက တီးတိုးေျပာလာကာ သူ႕အသံသည္ မႈန္မွိုင္းၿပီး ဩရွရွျဖစ္ေန၏။

"......"

ေက်ာင္းခ်ီမွာ ဒီဇာတ္အိမ္ဖြံ႕ၿဖိဳးမႈကအနည္းငယ္ စိုးရိမ္ဖြယ္ေကာင္း၍ သတိႀကီးသြားခဲ့သည္။ ထို႔ေၾကာင့္ ပါ့ေက်ာင္းဆီ သြားမည့္အစီအစဥ္ကို ပယ္ခ်လိဳက္ကာ ရွီးေဖးနည္းပညာဆီ က်န္းခ်န္ေထးေနာက္လိုက္ရန္ ဆုံးျဖတ္လိုက္သည္။ မည္သို႔ပင္ျဖစ္ျဖစ္ သူ႕အတြက္ ထိုေနရာတြင္ စားပြဲတစ္လုံးရွိေနေခ်ၿပီ။ သူတို႔ကုမၸဏီႏွစ္ခုစလုံးမွ ဝန္ထမ္းမ်ားကလည္း ဒီစီစဥ္မႈအေပၚ က်င့္သားရေနက်ၿပီျဖစ္သည္။

သူတို႔ ရွီးေဖးနည္းပညာဆီေရာက္သည္ႏွင့္ မနက္စာစားရန္ ကန္တင္းဆီ ဦးတည္ခဲ့သည္။ ရွီးေဖးကန္တင္းတြင္ စီမံခန႔္ခြဲေရးပိုင္းႏွင့္ ဝန္ထမ္းမ်ားၾကား ခြဲျခားမႈမရွိဘဲ ရာထူးႀကီးမ်ားအတြက္ ႀကိဳတင္သတ္မွတ္ထားသည့္ ခုံတခ်ိဳ႕သာရွိသည္။ ထိုခုံမ်ားကို ဝန္ထမ္းမ်ားစားေသာက္သည့္ဧရိယာရွိ ခုံမ်ားႏွင့္ယွဥ္လွ်င္ ထက္ဝက္ျမင့္ေသာ သစ္သားအထပ္၌ မွန္ျပတင္းေပါက္မ်ားေဘး ထားထားသည္။

ထိုေနရာတြင္ မနက္စာစားေနသည့္ ဒုဥကၠဌႏွစ္ေယာက္လည္းရွိေနကာ ေက်ာင္းခ်ီႏွင့္ က်န္းခ်န္ေဖး ေရာက္လာသည္ကိုျမင္ခ်ိန္ မတ္တပ္ထရပ္ၿပီး ယဥ္ယဥ္ေက်းေက်းႏႈတ္ဆက္ၾကသည္။

ေက်ာင္းခ်ီ အသိအမွတ္ျပဳဟန္ အနည္းငယ္ေခါင္းညိတ္ျပၿပီး သူတို႔ကိုဆက္စားေသာက္ရန္ အမူအရာျပလိုက္သည္။ သူ သူတို႔ႏွင့္သိပ္မေဝးသည့္ ထိုင္ခုံသို႔က်န္းခ်န္ေထးကို ေခၚလာခဲ့သည္။ က်န္းခ်န္ေဖးက ေက်ာင္းခ်ီအတြက္ စားစရာအမ်ားႀကီး ယူလာေပးကာ သူ႕တစ္ေယာက္စာ ျမန္ျမန္စားေသာက္ၿပီးေနာက္ ဖရဲသီးေဖ်ာ္ရည္ကို ေၾကာ့ေမာ့စြာ တစ္ငုံခ်င္းေသာက္ရင္း အလိုလိုထားသည့္ဇနီးေလးကို မ်ားမ်ားစားရန္ တက်ည္က်ည္လုပ္ေနသည္။
"မင္းက ပိန္လြန္းတယ္၊ ဒီလိုဆိုမျဖစ္ဘူး၊ တစ္ေန႕က် ငါ့ကိုယ္ငါမထိန္းနိုင္ေတာ့ဘဲ မင္းကိုစားမိရင္ မင္းခံနိုင္ရည္ရွိေလာက္မွာမဟုတ္ဘူး"

ငါ့ကိုယ္ငါမထိန္းနိုင္... မင္းကိုစားမိရင္...။

ဒုဥကၠဌႏွစ္ေယာက္မွာ အေနရခက္သည့္ အၾကည့္မ်ား ဖလွယ္မိၾကကာ သူတို႔ပန္းကန္မ်ားကိုမၿပီး ပိုၿပီးေဝးေဝး ေ႐ႊ႕သြားၾကေတာ့သည္။ ေခါင္းစဥ္က မနက္ခင္း ေစာေစာစီးစီးအတြက္ သိပ္ကိုေဟာ့လြန္းေနသည္! ဒီစုံတြဲက သူတို႔ဝန္ထမ္းမ်ားအတြက္ ပိုၿပီးစာနာစိတ္ထားရန္ တကယ္ကိုလိုအပ္ပါ၏။

"ပါးစပ္ေပါက္ပိတ္" ေက်ာင္းခ်ီ စားပြဲေအာက္ကေန သူ႕ကိုကန္လိုက္ေတာ့သည္။ ဒုဥကၠဌႏွစ္ေယာက္ မည္သို႔တုံ႕ျပန္လဲ ျမင္ၿပီးၿပီျဖစ္၍ သူ ရွက္႐ြံ႕မႈေၾကာင့္ မ်က္ႏွာမရဲဘဲ မေနနိုင္ေတာ့ေခ်။ သူ ခပ္ျမန္ျမန္ အၿပီးစားေသာက္လိုက္ကာ က်န္းတာ့ေတ်ာင္းအား ကန္တင္းမွ ဆြဲေခၚခဲ့သည္။

သူတို႔ကန္တင္းကေန ထြက္ထြက္ခ်င္း သူ႕ဝန္ထမ္းကတ္ႏွင့္ အလကားမ်ိဳစို႔ရန္ ဒီေရာက္ေနသည့္ နတ္ဆိုးဘုရင္ႏွင့္ ဆုံသြားသည္။

"မင္း ဒီကို ဘာလို႔ေရာက္ေနတာလဲ" ေက်ာင္းခ်ီ အံ့ဩတႀကီးေမးလိုက္မိသည္။ သူ႕ကိုယ္ပိုင္ဝန္ထမ္းကို ဒီအခ်ိန္ ဒီေနရာတြင္ ေတြ႕ျမင္ရသည္ကို အနည္းငယ္ အံ့အားသင့္သြားခဲ့သည္။

"ကြၽန္ေတာ္ ဂိမ္းစမ္းသပ္ေရးစင္တာက 《ဗမ္ပိုင္းယားမင္းသား》လို႔ေခၚတဲ့ ဂိမ္းအသစ္ ျဖန႔္ခ်ိကာစလို႔ ၾကားတယ္၊ ဒါေၾကာင့္ ဒီလာၿပီး စမ္းၾကည့္ဖို႔ ေတြးလိုက္တာ၊ တကယ္လို႔ေကာင္းရင္ ေနာက္ႏွစ္ရက္အတြက္ ကြၽန္ေတာ့္ တိုက္ရိုက္ထုတ္လႊင့္မႈမွာ ထည့္သြင္းမလို႔"
နတ္ဆိုးဘုရင္က ေျပာရင္း သူ႕ခ်စ္စရာသြားတက္ေလးမ်ား အျပည့္အဝေပၚသည္အထိ ၿပဳံးျပေလသည္။

ပရိုဂရမ္မာမ်ားသည္ ပုံမွန္အားျဖင့္ မနက္ပိုင္းတြင္ အလုပ္မလာၾက၍ နတ္ဆိုးဘုရင္မွာ သူ႕“ပရိုဂရမ္မာယြမ္ကိုကို” ၏ ဝန္ထမ္းကတ္ကို ငွားၿပီး ဂိမ္းစမ္းသပ္ေရးစင္တာဆီ လာသည့္လမ္း၌ ရွီးေဖးမနက္စာကို စားၾကည့္ရန္ ဆုံးျဖတ္ခဲ့သည္။

"မင္းက ဘယ္လိုေပ်ာ္ေအာင္ေနရမလဲ တကယ္သိ..." ေက်ာင္းခ်ီ ခပ္ေရးေရးၿပဳံးရင္း ‌ၿပဳံးလိုက္သည္။ သူ စကားမဆုံးခင္ က်န္းခ်န္ေဖးက ႐ုတ္တရက္ သူ႕ကို အေနာက္သို႔ လွမ္းဆြဲလိုက္သည္။

"‌အျပည့္အဝ သာယာခံစားလိုက္ပါ လူငယ္ေလး" က်န္းခ်န္ေဖး မ်က္လုံးမ်ားေမွးကာ အဓိပၸါယ္ပါပါ ေျပာလိုက္သည္။

"ေကာင္းပါၿပီဗ်!" နတ္ဆိုးဘုရင္မွာ သူ႕ေဘာ့စ္က သူ႕ကို မနက္စာေကာင္းေကာင္းစားရန္ ေျပာသည္ဟု ေတြးကာ ေပ်ာ္႐ႊင္စြာၿပဳံးရင္း ကန္တင္းထဲ ဝင္သြားေတာ့သည္။

က်န္းခ်န္ေဖးအမူအရာက ေအးစက္သြားၿပီး သူ႕ယဇ္‌ပူေဇာ္ခံေလးကို စကားတစ္ခြန္းထပ္မေျပာဘဲ ဥကၠဌသီးသန႔္ ဓာတ္ေလွကားဆီ ဆြဲေခၚလာခဲ့၏။ သူတို႔ေနာက္ဆုံးေတာ့ သီးသန႔္ရွိေနၿပီျဖစ္၍ ခပ္တိုးတိုး သတိေပးလိုက္သည္။
"ေနာက္ပိုင္းက်ရင္ အဲေကာင္နဲ႕ေဝးေဝးေန"

"ခင္ဗ်ားဘာျဖစ္ေနတာလဲ" ေက်ာင္းခ်ီ ဇေဝဇဝါျဖစ္စြာ ေမးလိုက္သည္။

"သူကဗမ္ပိုင္းယားပဲ" ဗမ္ပိုင္းယားဘုရင္က တည္တံ့စြာ ေျပာလာသည္။ သူ အင္မတန္ စိုးရိမ္သြားခဲ့သည္။ သူ႕ေသြးကြၽန္ေလး‌တြင္ ဤကဲ့သို႔ လတ္ဆတ္ခ်ိဳျမသည့္ ေသြးရွိၿပီး ေနာက္ဗမ္ပိုင္းယားတစ္ေကာင္ကို ျမင္ခြင့္ေပးမိခဲ့သည္! သူ သူ႕ေသြးကြၽန္ေလးကို သတိထားကာ မေစာင့္ၾကည့္လွ်င္ တျခားလင္းနို႔မ်ားက အခြင့္အေရး ယူသြားေလာက္နိုင္သည္။

"ဟမ္" ေက်ာင္းခ်ီ ငိုရမလား ရယ္ရမလားမသိေတာ့ေခ်။ အရင္တစ္ေခါက္က က်န္းခ်န္ေဖးမွာ ဝမ္ေမာ့သည္ Alpha ဟု ေျပာခဲ့သည္။ ယခုက် ဗမ္ပိုင္းယားဟု ေျပာ၏။ ဒီသနားစရာ နတ္ဆိုးဘုရင္မွာ က်န္းခ်န္ေဖးကို ဘယ္လိုမ်ား အျပစ္ျပဳမိခဲ့ပါလိမ့္။

"သူ႕လိုလူပ်ိဳေပါက္ေလးက ကိစၥေတြကို ရိုးရိုးရွင္းရွင္းနဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ဘယ္လိုလုပ္ရမလဲပဲ သိတာ၊ မင္းသာ သူဖမ္းတာခံရရင္ ငါနဲ႕ရွိေနရတာေလာက္ သက္‌ေသာင့္သက္သာရွိမွာမဟုတ္ဘူး" ဗမ္ပိုင္းယားဘုရင္က သူ႕ရင္ခြင္ထဲရွိေသြးကြၽန္ေလး လိမ္လိမ္မာမာေနၿပီး ထြက္မေျပးေအာင္ ေျခာက္လွန႔္ရန္ အတတ္နိုင္ဆုံးႀကိဳးစားေနသည္။

"သူဗမ္ပိုင္းယားဆိုတာ ဘယ္လိုသိတာလဲ"

"မင္း သူ႕ရဲ႕အဲအစြယ္ေတြကို မျမင္ဘူးလား၊ ထိုဗမ္ပိုင္းယားက ငယ္လြန္း၍ သူ႕အစြယ္မ်ားကို မည္သို႔ျပန္သြင္းရမလဲပင္ မသိေသးေခ်။

"......"

Continue Reading

You'll Also Like

1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
1.2M 63.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
115K 11.4K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
444K 10.6K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."