၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

3.1K 348 29
                                    

[Unicode]

သူတို့နှစ်ယောက်လုံး ဓာတ်လှေကားပွင့်ချိန် ဥက္ကဌရုံးခန်းဆီ ဦးတည်ခဲ့ကြသည်။ ကျောင်းချီ ယနေ့ ရှီးဖေးနည်းပညာတွင် ရှိနေမည်ဟု အသိပေးချက်ရထားသည့် ယွိယွမ်မှာ လက်ထဲစာရွက်စာတမ်းများ ကိုင်ထားလျက် သူတို့ကိုတံခါး‌တွင် ရပ်စောင့်နေလေပြီ။

ကျောင်းချီထိုင်ချပြီး အလုပ်စလုပ်တော့သည်။ သူ့ဘေးတွင် အဆက်မပြတ် ကပ်တွယ်ကာ အာရုံစိုက်မှုရရန် အသည်းအသန်ကြိုးစားနေသည့် တော်ဝင်လူကြီးမင်းကို ဂရုမစိုက်တော့ချေ။ ကျန်းတာ့တျောင်းမှာ သူ့အလိုလိုက်ခံထားရသော ဇနီးလေးဆီ တယ်လီပသီအချက်ပြမှုများ ပို့နေသည့်တိုင် တုံ့ပြန်မှုမရချိန် တဖြည်းဖြည်းအလျှော့ပေးသွားပြီး အလုပ်ကိုသေချာစတင်လုပ်တော့သည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောင်းပါးပါး၏ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ပါ့ကျောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနှုန်းသည် ကြီးမားစွာ မြင့်တက်သွားခဲ့သည်။ ပလတ်ဖောင်းကလည်း  ရေစီးကြောင်းနှင့် အမှီလိုက်ကာ “ဝါကြီးရဲဘော်ရဲဘက်များအတွက် ထောက်ပံ့မှု” ဟု အမည်ရသည့် အထူးသီးသန့်လက်ဆောင်ကို ထပ်ဖြည့်လိုက်သည်။ ဒီသီးသန့်ထုတ်လက်ဆောင်မှာ ၂၃၃၃၃ ယွမ်ကျသင့်ကာ ပုံမှန်ဈေးကြီးသည်ဆိုသော ၉၉၉၉ ယွမ်သာကျသင့်သည့် လက်ဆောင်ထက် အများကြီးကိုဈေးပိုကြီး၏။ တိုက်ရိုက်ထုတ်လွှင့်သူကို ဒီလက်ဆောင် ချီးမြှင့်လျှင် ထူးခြားသည့် effect ပေါ်လာလိမ့်မည် — ကျောင်းပါးပါး၏ စတစ်ကာပုံများ စခရင်တစ်ခုလုံးပေါ် ဝဲကျလာမည်ဖြစ်ကာ နာမည်ကြီးစာသားဖြစ်သည့် “အမျိုးသမီးရဲဘော်ရဲဘက်နဲ့ ပတ်သတ်မှုမရှိဘူး” ဟုပြောထားသော သူ့အသံ ထွက်ပေါ်လာမည်ပင်။

ဒီအထူးသီးသန့်ထုတ် လက်ဆောင်မှာ တစ်လအတွင်းသာ ဝယ်ယူနိုင်မည်ဖြစ်ကာ သူဌေးပရိသတ်များထံ လက်မလည်အောင် အရောင်းသွက်နေတော့သည်။ ကျောင်းချီ အင်မတန်ကျေနပ်နေမိသည်။ ဒီရက်ပိုင်းအတွင်း ရောက်လာသည့် ဘဏ္ဍာရေးအစီရင်ခံစာများက ကြည့်ရသည်မှာ သိပ်ကို ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းနေသည်။ သူ ပါ့ကျောင်းတိုက်ရိုက်ထုတ်လွှင့်မှု၏ စီမံရေးဌာနကို ဂုဏ်ပြုဘောနပ်စ်များပေးရန် ဆုံးဖြတ်လိုက်သည်။

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Dec 01, 2022 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

My Lover With Split Personalities [မြန်မာဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu