၃၆ ။ ဂန်းစတားကိုကို

2.1K 531 41
                                    

[Unicode]

"ဖွီ..."

ယွိယွမ်မှာ သောက်နေသည့်ရေ ပန်းထုတ်လုနီးပါးဖြစ်သွားသော်ငြား အလျင်အမြန် ပါးစပ်ကိုပိတ်ကာ မူပိုင်ခွင့်မန်နေဂျာအား တီးတိုးပြောလိုက်သည်။
"BBQက  တီဗွီရုပ်သံဌာန၊ ဘာဘီကျူးဘူဖေးမဟုတ်ဘူးလို့ မစ္စတာကျန်းကိုပြောလိုက်ရင် ငါ သူ့ ရေသေနတ်နဲ့ အသေပစ်ခံရနိုင်လား"

ကြောက်ရွံ့မှုကြောင့် သေလုနီးပါးဖြစ်နေသည့် မူပိုင်ခွင့်မန်နေဂျာမှာ ယွိယွမ်ကို အံ့ဩတကြီး စိုက်ကြည့်လာသည်။
"မင်းဒီချိန် နောက်နေသေးတယ်ပေါ့၊ အဲဒါ ရေသေနတ်ပေါ့လေ... ရေသေနတ်တဲ့လား"

နှစ်ယောက်လုံး “နဂါးငွေ့တန်း ကျက်သရေ” လိုဂိုတပ်ထားသည့် ငွေရောင် ရေသေနတ်ကို ကြည့်မိလိုက်ကြသည်။
"..."

မုန်တိုင်းအလယ်တွင် ရောက်နေသော မစ္စတာKY မှာတော့ "ဘာဘီကျူးဆိုင်ခန်း" ပြဿနာကို အာရုံမစိုက်နိုင်ပေ။ သူက အညံ့ခံသည့်ပမာ ခေါင်းနောက်လက်ပစ်လိုက်သည်။ ကြောက်လွန်း၍ နှလုံးရောဂါဖောက်လုနီးပါးပင်။

သူတို့ နိုင်ငံတွင် သေနတ်ကိုင်ရန်က တရားဝင်ဖြစ်ပြီး ခင်ပွန်းတစ်ယောက်က သူ့ဇနီးကို တစ်စုံတစ်ယောက် နိုင်ထက်စီးနင်းပြုကျင့်နေသည်ကို မြင်လျှင် တန်းပစ်သတ်နိုင်သည်။ သူ ထိုသို့မလုပ်သော်ငြား ဂန်းစတားတစ်ယောက်၏ အမြင်တွင် ဘော့စ်၏အမျိုးသားလက်ကို ကိုင်ခြင်းသည် နိုင်ထက်စီးနင်းပြုကျင့်ရန် ရည်ရွယ်သည်နှင့်အတူတူပင်။

"လူကြီးမင်း၊ ကျုပ် တကယ်မရည်ရွယ်ပါဘူး၊ ဟာသတစ်ခုပါပဲ"
KY တတ်နိုင်သမျှ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

အမြည်းတစ်ပိုင်းကို ခု‌နလေးတင် ခိုးထားသည့် ယွိယွမ်က လက်မြှောက်လိုက်သည်။
"သူဟာသ လုပ်နေတာ မဟုတ်တာသေချာပါတယ်၊ ကျွန်တော့်ဘော့စ်က သူ လက်ထပ်ထားတယ်လို့ ရှင်းအောင် ပြောပြီးသားပေါ့၊ ဒါပေမဲ့ သူက ဥရောပတော်ဝင်မျိုးနွယ်က လူတွေက လက်ထပ်ပြီးသားလူတွေကို ပိုးပန်းနိုင်တယ်လို့ပြောတယ်"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now