၃၂ ။ ဂန်းစတားကိုကို

2.7K 586 62
                                    

[Unicode]

ပိတ်ရက်တစ်ခုလုံး ကျန်းချန်ဖေးသည် ကျောင်းချီကို အပြင်ထွက်ခွင့်မပေး၍ ဘာမှလုပ်စရာမရှိ အိမ်တွင်သာ နေဖြစ်ခဲ့သည်။

အိမ်တော်ထိန်းက ဥယျာဉ်ထဲတွင် ပျော်ပွဲစားအခင်းကို ဖြန့်ပေးကာ ပူနွေးလတ်ဆတ်သည့် အစားအသောက်နှင့် သက်တောင့်သက်သာရှိသေ ကူရှင်များထုတ်လာပေးသည်။ ကျောင်းချီ အခင်းပေါ်ထိုင်ကာ စားသောက်ရင်း အီမေးလ်များဖတ်နေစဉ် ကျန်းချန်ဖေးက သူ့ပေါင်ပေါ်တွင်လှဲကာ သူ့သား‌ မြက်ခင်းပေါ်တွင် ခုန်ပေါက်ပြေးလွှားနေသည်ကို ကြည့်နေလေသည်။

လောင်ကုန်းသည် သောကြာနေ့တွင် ထင်ယောင်ထင်မှားအသစ်ဖြစ်ခဲ့သော်ငြား ဘယ်ချိန်ကစဖြစ်လဲ အတိအကျ ကျောင်းချီမသေချာပေ။ ကျန်းတာ့တျောင်း အီမေးလ်ကို ချိတ်လိုက်ပြီးနောက် သောကြာနေ့မနက်မှ ယခုထိ အီမေးလ်အားလုံးကိုဖတ်လိုက်သည်။

ဒီကိစ္စအားလုံးအပြီး ကျောင်းချီသည် အတွေ့အကြုံမှ သင်ယူခဲ့သည်။ ဒီလူက နေ့စဉ် စီးပွားရေးဆောင်ရွက်ရာတွင် အမှားဘယ်တော့မှ မလုပ်မိလောက်နီးပါး ဖြစ်သော်လည်း ဝတ္ထုများထဲမှ အရေးမကြီးသော စာသားအချို့ကု ပြောလိမ့်မည်။ ဒီတစ်ကြိမ်တွင် သူက ဂန်းစတားဘော့စ်ဖြစ်သည်။ သူ အီမေးလ်များအား “မင်းစည်းကမ်းတွေ သိပါတယ်၊ မင်းဟာမင်း လုပ်လိုက်”  ဆိုသည့် ပေါက်တတ်ကရများ ပြန်ပို့မည်ကို ကျောင်းချီစိုးရိမ်၍ တခြားသူဆီ ပြန်စာများအား ဂရုတစိုက်ဖတ်ခဲ့သည်။

【ဘဏ္ဍာရေးဌာနမှ အရေးကြီး အီမေးလ်:(Cc အမှုဆောင်အားလုံး)ဒီနေ့မနက် 《နဂါးငွေ့တန်း ကျက်သရေ》မှ ဝင်ငွေရရှိခဲ့ပေမဲ့ Smart Brain ပလတ်ဖောင်းက အပိုဆောင်း ၅% ကောက်ခံခဲ့ပါတယ်၊ သူတို့ကို မေးကြည့်တော့ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်…】

သူ နှိပ်လိုက်သည့်အချိန်မှာပင် အနီရောင်ခေါင်းစဉ်နှင့် အီမေးလ်သည် ကျောင်းချီအာရုံကို ဖမ်းစားသွားခဲ့သည်။

‘နဂါးငွေ့တန်းကျက်သရေ’သည်  F2Pဂိမ်းဖြစ်ပြီး အဓိကဝင်ငွေကတော့ ဂိမ်းတွင်းဝယ်ခြမ်းမှုများမှဖြစ်သည်။ အရင်တစ်ပတ်က ဝယ်ခြမ်းရသောလက်နက်များကို စတင်ဖြန့်ချိခဲ့ပြီး Smart Brain ပလတ်ဖောင်း၏ နေ့စဉ်အရောင်းအဝယ် မှတ်တမ်းကို ကျော်သွားခဲ့သည်။
[T/N - F2P - Free to play]

My Lover With Split Personalities [မြန်မာဘာသာပြန်]Onde histórias criam vida. Descubra agora