[Zawgyi]
တခြားနည်းမရှိတော့ဘဲ သူ ထကာ အိပ်ရာပေါ်ကနေ ဆင်းလာခဲ့သည်။ ခြေညှပ်ဖိနပ်များစီးပြီး ပင်မအိပ်ခန်းဆီ လှစ်ခနဲဝင်လာခဲ့ကာ သူ့ကိုယ်သူ နွေးထွေးလှသော စောင်ပုံထဲ
လျှိုဝင်လိုက်တော့၏။ကျန်းတာ့တျောင်း ခန္ဓာကိုယ်မှာ ကျန်းမာရေးကောင်းမွန်လှသည်။ နေ့စဉ်နေ့တိုင်း သူက အားအင်အပြည့်နှင့်ဖြစ်ပြီး စောင်ထဲမှ အပူချိန်ကျ ကျန်းချန်ဖေး သူ့ဘေးတွင်ရှိလျှင် ငါးဒီဂရီမြင့်တက်သွားသည်။ ချစ်ဇနီးလေးမှာဇိမ်ကျစွာ သက်မချပြီး စိတ်အေးချမ်းသာစွာဖြင့် မျက်လုံးမှိတ်လိုက်တော့သည်။
ကျန်းချန်ဖေး လှည့်လာပြီး နွေးထွေးသော ခန္ဓာကိုယ်တစ်ခုအားထိမိသွားသည်။ သူ တစ်ခဏတာ ရပ်သွားပြီးနောက် ထိုနွေးထွေးလှသော ကိုယ်ခန္ဓာအား ရင်ခွင်ထဲ အလိုလိုဆွဲသွင်းလိုက်မိသည်။ သူ တစ်ချက်ခပ်တိုးတိုးနှာမှုတ်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်ဖေးမှာ သူ့ရင်ခွင်ထဲတွင် လူတစ်ယောက်ရောက်နေကြောင်း သိလိုက်ရတော့၏။ ဥက္ကဌလူကြီးမင်း ထိတ်လန့်သွားပြီး ရုတ်တရက် နိုးသွားခဲ့သည်။ သူ ကိုယ်တစ်ဝက်ကိုထောက်ပြီး ထိုအိပ်ပျော်နေသော လူကိုကြည့်လိုက်သည်။
ကျောင်းချီက နှစ်ခြိုက်စွာ အိပ်နေသည်။ သူ့ဖြူအုနေသော မျက်နှာတွင် ပန်းနုရောင်သန်းနေပြီး ဆွဲဆောင်မှုရှိလှစွာ ချောမောနေသည်။
'အဲဒီအစားထိုးလေးကတော့! သူ တကယ် တခြားလူအိပ်ရာပေါ် တက်ဖို့ တကယ်သင်ထားတာပဲ!'
ဒေါသနှင့် တရှူးရှူးတရှဲရှဲဖြစ်နေသော ကျန်းချန်ဖေးမှာ အံကိုကြိတ်ကာ ရင်ခွင်ထဲမှ လူကို နှိုးလိုက်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ""ဧည့်သည်ခန်းထဲမှာ အေးလွန်းတယ်"
ကျောင်းချီက သမ်းဝေရင်း မျက်လုံးပွတ်လိုက်သည်။
"အခုဘယ်ချိန်လဲ""ဟေ့လူ၊ မင်း ငါ့သည်းခံနိုင်မှုကိုစမ်းနေတာလား"
ဥက္ကဌမှာ မျက်လုံးများကိုပွတ်နေသည့် လက်အားဆွဲယူပြီး ခေါင်းအုံးပေါ်ဖိချလိုက်သည်။ ကျောင်းချီအား စိန်းစိန်းဝါးဝါးကြည့်ရင်း မျက်ဝန်းထဲတွင် အန္တရာယ်အငွေ့အသက်ရှိနေ၏။
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...