၂၇ ။ ဟတ်စကီး အချစ်

3.2K 657 142
                                    

[Unicode]

ခုနှစ်ရက်အားလပ်ရက်ပြီးနောက် ကျောင်းချီ အလုပ်ပြန်သွားချင်သော်ငြား ကျန်းတာ့တျောင်းက သူ့ကိုခွင့်မပြုခဲ့ပေ။

"မင်းလေးကခုမှ ကိုယ်ဝန်ရနေတာလေ၊ ဒါကအန္တရာယ်များတဲ့ကာလပဲ၊ အပြင်မထွက်ခင် ၃လ စောင့်သင့်တယ်"
ကျန်းချန်ဖေးက လူးဝစ်(စ်) ဆယ့်လေးရှာတွေ့လာသည့် “ကိုယ်ဝန်ကာလအတွင်း ကြိုတင်ကာကွယ်မှုများ" ကိုလှန်လှောဖတ်ရှုပြီး သူ့ချစ်ဇနီးလေးကို အလုပ်မသွားရန် အတင်းပြောတော့သည်။

သူ ဇနီးလေးကို ကလေးမမွေးခင်အထိ ထိန်းသိမ်းထားချင်သော်ငြား သူ့ဇနီးလေး မပျော်မရွှင်ဖြစ်မည်လည်းကြောက်၍ စိတ်ပြောင်းကာ သုံးလဟုပြောလိုက်သည်။ ဒါက စစ်မြေပြင်ရှိ ညှိနှိုင်းရေး၌ နဂါးငွေ့တန်းတစ်ခုကို ပေးပစ်လိုက်ရသလိုပင်။ သူ ထိုထက်ပိုပြီး မလုပ်နိုင်ပေ!


သုံးလ။ ဒါက ပါ့ကျောင်း ပိတ်ပစ်သွားရလောက်အောင် ကြာသည်။


ကျောင်းချီအတွက် ခေါင်းခဲစရာပင်။ သူ ဒီဇာတ်ညွှန်းဘယ်ချိန်မှ ပြီးမလဲမသိပေ။ ကျန်းတာ့တျောင်းယူလာသည့် အားဖြည့်စွပ်ပြုတ်ရည်ကိုမြင်တော့ ကျောင်းချီ အသက်ပြင်းပြင်းရှူလိုက်သည်။
"ခင်ဗျားအလုပ်သွားတော့၊ ငါအိမ်မှာပဲနေပါ့မယ်"

"အဲဒါဘယ်လိုလုပ် အလုပ်ဖြစ်မလဲ၊ အိမ်မီာထမင်းဘယ်လိုစားသောက်မှာ၊ ရေရောဘယ်လိုချိုးမလဲ၊ ရေဘူးအဖုံးရော ဘယ်လိုဖွင့်မလဲ"

"အိမ်အကူကဒီမှာရှိတာပဲလေ၊ ပြီးတော့ ငါရေဘူးအဖုံးတော့ ဖွင့်နိုင်ပါတယ်"
နေမကောင်းသည့်လူမို့ ကျောင်းချီ သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားရန်သာ ထပ်တလဲလဲပြောနေမိကာ ညင်သာစွာပြုံးလိုက်သည်။
"တစ်ခုခုလိုတာရှိရင် ခင်ဗျားကိုခေါ်ပါ့မယ်၊ ဒါကြောင့်သွားတော့နော်၊ အင်ပါယာက ခင်ဗျားကို လိုအပ်နေပြီ"

သူ့ချစ်ဇနီးလေးက သူ့ကို လုံးဝအားကျလေးစားမှုနှင့် ကြည့်နေ၍ အရာရှိသည် ရုတ်တရက် ဂုဏ်ယူမှုများနှင့် ပြည့်သွားသည်။ မှန်သည်။ သူက အင်ပါယာ၏ ထောက်တိုင်ဖြစ်သည်။ သူ့Omega လေး၏ ဘေးကင်းမှုကို သေချာစေရန် အင်ပါယာကို ဆက်ပြီးကာကွယ်သင့်သည်။ သူ့မိသားစုလေးကိုသာ ဂရုစိုက်ပြီး တိုင်းပြည်အတွက် ထွက်မတိုက်ခိုက်လျှင် သူ့ဇနီးလေးသည် သူ့ကို အဲလောက်ကြီး သဘောမကျလောက်တော့ပေ။

My Lover With Split Personalities [မြန်မာဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz