၁၂ ။ အစားထိုးချစ်သူ

3.9K 858 30
                                    

[Unicode]

ကျောင်းချီတစ်ယောက် သူ့ခင်ပွန်းကိုဆက်ပြီး အလိုမလိုက်နိုင်တော့ဟုခံစားလိုက်ရသည်။ မဟုတ်လျှင် သူပါဂေါက်ကြောင်ကြောင် ဖြစ်လာတော့မည်။ သူ့တူများကိုချပြီး ထုတ်ပြောလိုက်သည်။
"ငါမစားဘူး၊ ဆားနဲ့ငရုတ်ကောင်း ဝက်နံရိုးကင် စားရတာမကြိုက်ဘူး

"ဘန်း!" ဥက္ကဌက စားပွဲပေါ်တူကို ဆောင့်ချလိုက်သည်။ သူ့မျက်နှာကချက်ချင်းအေးစက်သွားလေ၏။
"မင်းငါ့အမိန့်ကို အာခံရဲတယ်ပေါ့!"

ကျောင်းချီ သူ့ကိုအာရုံထဲမထည့်တော့ပေ။ သူ ညစာစားပွဲဆီကထွက်လာခဲ့ပြီး အဆာပြေမုန့်တစ်ချို့ရှာရန် ရေခဲသေတ္တာဆီ ထွက်လာခဲ့၏။

သူက pastryမုန့်တွေကိုသယ်လာပြီး ဆိုဖာပေါ်ထိုင်ချလိုက်သည်။ အီမေးလ်မှအလုပ်များကို လုပ်ရင်း ထိုpastryများကို စားရန် စီစဥ်ထားသည်။ ကျောင်းချီ၏ အလုပ်စွမ်းဆောင်ရည်က မြင့်မားသည်။ နေ့ခင်းဘက် ပါ့ကျောင်းမှကိစ္စများကို ရှင်းပြီးဖြစ်သည်။ ညနေခင်းဆိုလျှင်တော့ သူချက်ချင်းအာရုံစိုက်ရန်လိုအပ်သည့်အရေးပေါ်အီမေးလ်ရှိမရှိ သာမန်ကာလျှံကာ တစ်ချက်စစ်ဆေးခြင်းသာဖြစ်သည်။

ဒါရိုက်တာလျန်မှာ အချိန်ပို အလုပ်လုပ်နေပုံပေါ်နေသည်။ လွန်ခဲ့သည့်သုံးမိနစ်ကမှ သူ့ဆီ အီမေးလ်အသစ်ပို့ထား၏။ 'လျန်ရှင်းဝေ့လျန်ကော့' အစီအစဥ်တင်ဆက်သူက စာချုပ်အသစ်မချုပ်ဆိုတော့ကြောင်း အတည်ပြုလာသည်။ စာချုပ် ပြန်လည်မချုပ်ဆိုမှုအတွက် ကိစ္စရပ်များကိုတော့ မနက်ဖြန် အခြားဌာနဆီ တာဝန်ယူဆောင်ရွက်ရန် လွှဲပေးမည်ဖြစ်သည်။

'မိစ္ဆာဘုရင်' အား ဆွဲသွားရန် အခြေအနေကတိုးတက်လာပြီဖြစ်ကာ ဒါရိုက်တာလျန်မှာ မနက်ဖြန် တစ်ဖက်လူနှင့်အင်တာဗျူးလုပ်မည်ဖြစ်သည်။

ဒါရိုက်တာလျန် အီမေးလ်အား 'ကောင်းပြီ' ဟု ပြန်ပို့ပြီးနောက် သူ ကျန်းချန်ဖေး၏ mailbox ဆီ ပြောင်းလိုက်သည်။ ကျောင်းချီ ရှီးဖေးနှင့်ပတ်သတ်သည့် အီမေးလ်များကို သေသေချာချာကြည့်ရှုလိုက်သည်။ နေ့လယ်တုန်းကကဲ့သို့ လက်မှတ်မှားထိုးတာမျိုး မရှိသလို အီမေးလ်များကိုဖြေရှင်းထားရာတွင်လည်း ပြဿနာရှိမနေပေ။ ဒါကိုသိလိုက်ရတော့ သူစိတ်သက်သာရာရသွားခဲ့သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now