၃၈ ။ ဂန်းစတားကိုကို

2K 461 16
                                    

[Unicode]

ဒီလူ လုံးဝကို အဆင်ပြေခဲ့သည်...။

သူ စာရွက်တိုလေးပေါ်မှ စကားလုံးများကိုမြင်ချိန် ကျောင်းချီ သူ KYအပေါ် ရေလောင်းချခဲ့ဖူးသည်ကို အမှတ်ရသွားခဲ့သည်။ KYက  အဆောက်အအုံရှေ့တွင် သီချင်းဆိုနေ၏။ စာသားများက ကြောင်တောင်တောင်နိုင်ကာ ညစ်တီးညစ်ပတ်။ အားပေးနေကြသည့် ကျောင်းသားများစွာလည်း ရှိနေသည်။

ကျောင်းချီ ဒါကို အမေရိကန်တွင် “စိတ်ကူးယဉ်ဆန်သည်” ဟု တွေးကြလား မသိသော်လည်း သူ နားလည်ခဲ့သည့် တစ်ခု‌တည်းသောအရာက “စော်ကားရာကျသည်” ဟုပင်။ လူတိုင်း အားပေးနေကျစဉ် သူက ပလတ်စတစ်ဇလုံထဲ ရေအေးများဖြည့်ကာ “ဗွမ်း” ခနဲ KY တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် လောင်းချပလိုက်သည်။

အော်ဟစ်အားပေးနေသည့် တခြားကျောင်းသားများအားလုံး ထိတ်လန့်သွားပြီးနောက် စတင်ရယ်မောကြတော့သည်။ ဖြစ်စဉ်တစ်ခုလုံးကို မြင်ခဲ့ရသည့် လူငယ်လေး ကျန်းချန်ဖေးအပေါ် စိတ်ထဲတွင် နက်ရှိုင်းသော ခံစားချက် ပေးခဲ့လောက်သည်။ သူ ယနေ့ စလုပ်သည့်အရာက KY ကို မှတ်မိသွားချိန် ရေနှင့်ပန်းထည့်သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။

အိပ်ခန်းဆီ ပြန်လာတော့ ကျန်းချန်ဖေးက Smart Brain ဖြင့် ရုပ်ရှင်တစ်ကားကို လေးနက်စွာ ကြည့်နေသည်။ ကျောင်းချီ ကိုယ်ကိုကိုင်းကာ တစ်ချက်ကြည့်လိုက်တော့ ရှေးရာစုနှစ်မှ ဂန်းစတားများအကြောင်း ရုပ်ရှင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

…...

"ဒီက ငါ့ညီအစ်ကိုက အရင်ကလူသတ်ဖူးတယ်" အနောက်တိုင်းဝတ်စုံဝတ်ထားသော ဂိုဏ်းခေါင်းဆောင်က သူ့ဘေးရှိ ရက်စက်ခက်ထန်သော နောက်လိုက်အား ပုတ်လိုက်သည်။
"ဟားဟား လုံရေ၊ စကားပဲပြောကြတာပေါ့၊ စကားပဲ ပြောကြတာပေါ့"

"ငါ့အမျိုးသမီးကို အရှက်ရအောင် လုပ်ရဲတယ်ပေါ့၊ ဒီကနေ အသက်ရှင်လျက် မထွက်သွားချင်တော့ဘူးလား"

…...

"ကြည့်တာတော်တော့၊ အဓိပ္ပါယ်တစ်ခုခုရှိတာလုပ်ဦး"
ထို့နောက် ကျောင်းချီက လူးဝစ်စ်(၁၄) အား ပိတ်လိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now