၃။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)

6.8K 1.5K 123
                                    

[Zawgyi]

ရှီးဖေး၏ အဆောက်အဦးကြီးတစ်ခုလုံးက နည်းပညာမြင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ပြည့်နေသည်။ ဥပမာဆိုရရင်တော့ ဒီဓာတ်လှေကားက အလုပ်လုပ်ရန် ဝန်ထမ်းကတ်ပြားသုံးရန်လိုအပ်သည်။ ဝန်ထမ်းများသွားခွင့်ရသည့်အထပ်တိုင်းကို ကန့်သတ်ထားသေးသည်။ ဆိုလိုသည်ကတော့ ဝန်ထမ်းတစ်ယောက်မှာ သူ့ကဒ်သတ်မှတ်ချက်ထက်ကျော်သည့် အထပ်ကို သွားခွင့်မရပေ။


ဥက္ကဌ၏ သီးသန့်ဓာတ်လှေကားကတော့ အဆောက်အဦး၏ မည်သည့်အထပ်ကိုမဆို သွားခွင့်ရရန် ဥက္ကဌလက်ဗွေရာသာ လိုသည်။

ကျန်းချန်ဖေးက ဓာတ်လှေကားထဲ ဝင်ကာ အပေါ်ဆုံးထပ်ကို နှိပ်လိုက်သည်။ ခြယ်လှယ်လွန်းသည့် ဥက္ကဌတစ်ယောက်အနေနှင့် ခင်ဗျားတွင် ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်နှင့်ရုံးခန်း၊ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ မှန်ပြတင်းပေါက်တစ်ချပ် ရှိသင့်ကာ နေ့တိုင်းမြို့၏ အမြင့်ဆုံးနေရာတွင်ရပ်ပြီး သက်ရှိတိုင်းကို အပေါ်ဆုံးကနေ ကြည့်ရမည်မဟုတ်လား။


"ခင်ဗျား အထပ်မမှတ်မိဘူးလား"
ကျောင်းချီက သူ့ကိုထူးဆန်းစွာကြည့်ပြီး လက်ကိုမြှောက်ကာ အဆောက်အဦး၏ အလယ်ထပ်ကို ပြနေသော ခလုတ်ကို နှိပ်လိုက်သည်။

သူ့တွင် ထိပ်ဆုံးအထပ်၌ မြင်ကွင်းကျယ်ရုံးခန်း မရှိတာ ဖြစ်နေလေ၏။ ထိုအစား ၁၉၉၀နှစ်ဝန်းကျင်စတိုင်များအတိုင်း ရုံးခန်းက အဆက်အသွယ်လွယ်ကူချောမောစေရန်နှင့် မတော်တဆမှု ဘေးအန္တရာယ်တစ်ခုခုဖြစ်လာလျှင် ပိုပြီး အဆင်ပြေပြေထွက်ပြေးနိုင်ရန် အလယ်တွင်စီစဉ်ထားသည်။

လုံးဝကို ဖက်ရှင်မကျဘူးကွာ!

"တင်!"
သူတို့ရောက်လာချေပြီ။ အတွင်းရေးမှူးများဖြစ်သည့် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်မှာ တံခါးဝတွင် စာရွက်စာတမ်းများကိုင်ကာ ရပ်နေကြသည်။ တံခါးတွင် ကျောင်းချီကိုလည်းမြင်ရော ချက်ချင်း ယူနီဖောင်းကိုပြန့်အောင်ဖြန့်ကာ မတ်မတ်ရပ်ကုန်ကြတော့သည်။ သူတို့စကားပြောနှုန်းကလည်း အရင်ထက် နှစ်ဆမြန်သွားလေတော့၏။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now