၂၄ ။ ဟတ်စကီး အချစ်

2.6K 629 59
                                    

[Unicode]

"ကျန်း... ဥက္ကဌကျန်း..."
ယောင်အဲ့၏ မျက်နှာသည် မျက်လုံးများမဖွင့်နိုင်လောက်အောင် ကိုယ်လိမ်းရေမွှေးဖြင့်
နှစ်ခံလိုက်ရတော့သည်။ သူ မျက်လုံးနည်းနည်းလေးဖွင့်ရင်တောင် မျက်ရည်များကျလာသည်။

အေးဂျင့်ပွဲစားက ကြောက်လန့်သွားပြီး သူ့ ငွေတွင်းကြီးကို အလျင်အမြန်ကာကွယ်တော့သည်။
"ဥက္ကဌကျန်း၊ ဘာဖြစ်နေတာလဲ"

"ဒီဟာကိုမင်းဖြန်းတာက ဘာအဓိပ္ပါယ်လဲ"
ကျန်းချန်ဖေး၏အသံသည် အေးစက်လွန်း၍ တောင့်ခဲလုနီးပါးပင်။ သူ ဆယ်သွယ်မှုစနစ်ကိုနှိပ်ကာ အတွင်းရေးမှူးအား အထဲခေါ်လိုက်သည်။

ယောင်အဲ့ခမျာ အပြစ်ရှိစိတ်ဖြင့် တုန်ရီနေတော့၏။

ထို့နောက် အမျိုးသားအတွင်းရေးမှူးနှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် အထဲဝင်လာသည်။
"ဥက္ကဌ"

"သူတို့ကို ဖမ်းခေါ်ပြီး သေချာစုံစမ်း၊ စပိုင်တွေပဲဖြစ်ရမယ်"
အရာရှိလူကြီးမင်းသည် ထိန်းချုပ်ဆေးကို ကောက်ယူပြီး ‌နောက်သုံးလှမ်းပြန်ဆုတ်လိုက်သည်။ တခြားသူများ၏ pheromone များနှင့် ရောထွေးလောက်သည်အထိ နီးကပ်လွန်းနေမိမည်ကို စိုးရိမ်နေ၏။

အတွင်းရေးမှူးမှာ ကြောက်လန့်သွားပြီး ဒူးတုန်စပြုလာသည်။
စပိုင်တဲ့လား။ စီးပွားရေးစပိုင်လား။ ဒီလို မဖြစ်မနေ ကိုးနှစ်ပညာရေးတောင် မပြီးသေးတဲ့ ၁၈လိုင်း သရုပ်ဆောင်လေးက ဒီလို အိုင်ကျူမြင့်တဲ့တာဝန်ကို လုပ်နိုင်မှာမို့လား။

"အားနာပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ"

ငိုယိုနေသော ယောင်အဲ့နှင့် ကြောက်လန့်နေသည့် ‌ပွဲစားကို အတွင်းရေးမှူးရုံးခန်းသို့ဆွဲခေါ်သွားတော့သည်။ တစ်ဦးတည်းသော မိန်းကလေးအတွေးရေးမှူးဖြစ်သည့် စုစုမှာ ဖုန်းပြောနေဆဲရှိသေး လူအုပ်ကြီးတစ်အုပ် ဝင်လာသည်ကိုမြင်လိုက်ရ၍ အလျင်အမြန် ဖုန်းချလိုက်သည်။

"ဘာဖြစ်ခဲ့ဝာာလဲ"

အနံ့ပြင်းသော လျှိုရှန်းရနံ့သည် သူမနှာဖျားဝကို တိုက်ခိုက်လာ၍ စုစုမှာ နှာချေမိလိုက်သည်။ အခြေအနေကို နားလည်ပြီးနောက် ရေဇလုံတစ်လုံယူလာပြီး ငိုယိုနေသောလူငယ်လေး၏ မျက်နှာကို ဆေးကြောပေးတော့သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now