၎။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)

5.9K 1.2K 126
                                    

"မှတ်ဥာဏ်အလိုလိုရှင်းစနစ်"

တကယ်တော့ smart brain၏ အချက်အလက်အများစုက အရံပစ္စည်းထဲတွင် သိုလှောင်ထားတာဖြစ်၏။ Smart brain၏ အထဲရှိ တည်ဆောက်ထားသော သိုလှောင်နိုင်စွမ်းက အကန့်အသတ်နှင့်ဖြစ်ကာ အချိန်တစ်ခုကြာလျှင်အလိုလို ဖျက်ပစ်သည်။

ထိုစိတ်ကစဥ့်ကလျားဖြစ်စေသည့် အချက်အလက်အပိုင်းကိုရှင်းပြီးသွားလျှင် တိအောင်းကျန်းကနေ ကျန်းတာ့တျောင်းပြန်ဖြစ်သွားလိမ့်မည်။ သို့သော်ငြား မည်မျှကြာမည်လဲကတော့ မသေချာသေးပေ။

"ရက်နည်းနည်းလောက်ပဲ တောင့်ခံထားလိုက်ပါ"
ချွဲ့တျဲ့က ကရုဏာသက်စွာ ကျောင်းချီကိုကြည့်လာသည်။

ချွဲ့တျဲ့စကားပြောပြီးနောက် ကျောင်းချီမှာ ရုတ်တရက် အရှိန်ပြင်းလှစွာ ဆောင့်ဆွဲခံလိုက်ရပြီး ကျောက သန်မာသောရင်ခွင်ထဲသို့ ဝင်ရောက်သွားခဲ့၏၊ ခပ်နွေးနွေးလျှာဖျားက သူ့နားကိုထိလာကာ လေသံက တိုးရှပြီး အန္တရာယ်ကြီးလှသည်။
"ငါ့ရှေ့ တခြားယောက်ျားတွေကို စကားအကြာကြီးပြောရဲတယ်ပေါ့၊ ဘေဘီ၊ မင်း ငါ့သည်းခံနိုင်စွမ်းကို အဲလောက်ကြီး စိန်မခေါ်နဲ့လေ"

" … "

"ကျွန်တော် တစ်ရက်တောင် အောင့်မခံနိုင်တော့ဘူး" ကျောင်းချီ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

"ဒါဆို ငါမင်းကို ဆေးညွှန်းပေးလိုက်မယ်"
စဉ်းစားပေးတတ်သော ပုဂ္ဂလိကဒေါက်တာအနေနှင့် ချွဲ့တျဲ့မှာ ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားသည်။ ထို့နောက်တွင်တော့ သူက ကျောင်းချီအား ချုံ့ထည့်ထားသောဗီဒီယိုအခွေတစ်ခု ပေးလာသည်။

"ဒါက ဘာကြီးလဲ"
အထဲကပါဝင်သည့်အရာများကို စစ်ဆေးရန် ကျောင်းချီက smart brain ကိုဖွင့်လိုက်သည်။

"ဒါ ကျုပ်ဆရာစုဆောင်းထားတဲ့ မင်းယောက်ျားနဲ့ တစ်ပုံစံတည်းရောဂါတူတဲ့လူရဲ မှတ်တမ်းဗီဒီယိုပါ၊ ဒါကိုကြည့်ရင် မင်းနည်းနည်းတော့ နှစ်သိမ့်မှုရမယ်ထင်တာပဲ
ဒေါက်တာချွဲ့တျဲ့က မျက်မှန်ကိုချွတ်ပြီး ဆရာဝန်ကုတ်ထဲ ထည့်ကာ ပြုံးလိုက်သည်။ ဒီအပြုံးက အရာအားလုံးကို ထိန်လင်းစေသည့်အလင်းရောင်ပမာ သူ့မျက်နှာကို တောက်ပသွားစေပြီး မြင့်မြတ်သည့်ပုံဖြစ်သွားစေသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें