My Lover With Split Personali...

By Mine-Edge

309K 53.7K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

2.2K 417 14
By Mine-Edge

[Unicode]

ဓာတ်ပုံကို ဇိမ်ခံဟိုတယ်၏ ဝင်ပေါက်တွင် ရိုက်ကူးထားခြင်းဖြစ်သည်။ ကျောင်းကျို့ရန်သည် အနောက်တိုင်းဝတ်စုံ ဝတ်ထားပြီး ဦးထုတ်နှင့် maskတပ်ထားသော မိန်းကလေးတစ်ယောက်နှင့် အတူရှိနေသည်။ ကျောင်းချီ အသေအချာကြည့်လိုက်တော့ ယခုလက်ရှိ နာမည်အကြီးဆုံး မင်းသမီး ထျန်းချန်းဖြစ်နေ၏။

အကြိမ်ပေါင်းရာနှင့်ချီ ရိုက်ကူးထားသော ဓာတ်ပုံအပြင် ပါပါရာဇီမှာ ဗီဒီယိုတစ်ခုလည်း တင်ပြီးချေပြီ။ သူတို့က ဗီဒီယိုထဲတွင် အတင်းအဖျင်းပြောနေကျပြီး လူများကို လျှောက်ပြီးတွေးထင်အောင် လုပ်ထားသည်။
"ပါပါရာဇီတွေက ထျန်းချန်းနောက်ကို ခုတလော ‌လိုက်နေတာ၊ သူတို့က အောင်မြင်မှုမရှိတဲ့ နောက်ထပ်နေ့တစ်နေ့ဖြစ်ပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ညရောက်တဲ့အချိန် သူ့ကားက သူနေတဲ့နေရာဆီ မပြန်ဘူးလေ၊ အဲအစား အဆင့်မြင့်ဟိုတယ်ဆီ သွားခဲ့တာ၊ စိတ်ဝင်စားစရာပဲ"

ဗီဒီယိုထဲတွင် ထျန်းချန်းက လျှာထိုးဦးထုတ်နှင့် mask ဝတ်ထားပြီး အင်မတန်သတိကြီးနေပုံပေါ်သည်။ သူမက ဟိုတယ်နှင့်အဝေးတွင် ကားပါကင်ထိုးပြီး ဟိုတယ်ဆီ ဝင်ခဲ့သည်။ ထို့နောက် ဟိုတယ်ဝင်ပေါက်တွင် တုတ်ကောက်ကိုင်ထားသည့် ကျောင်းကျို့ရန်နှင့် တွေ့လေသည်။ သူတို့က စကားပြောနေပုံပေါ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ဆုံလည်တံခါးမှ တစ်ဆင့် ဝင်သွားခဲ့ကြသည်။

အနောက်ကနေ တိတ်တဆိတ် လိုက်ရိုက်ကူးနေသည့် ပါပါရာဇီက အာမေဋိတ်ပြုမိသည်။
"ဘာလဲဟ၊ အဲဒါကျောင်းကျို့ရန်လား"

"ထင်တာပဲ၊ ဟုတ်တယ်ဟ သူပဲ၊ အမလေး ဒါ သတင်းကြီးနော်"

"သူက ငါတို့ ရှောင်ယီရဲ့ ယောက်ျားလေ၊ မဟုတ်ဘူးလား"

"အင်း ငါတို့ရှောင်ယီရဲ့ ခင်ပွန်း..."

တစ်စုံတစ်ယောက်က "ငါတို့ပါးပါးချန်ဖေးရဲ့ ယောက္ခထီး" ဟု ပြောလိုက်ပုံပင်။ တီခနဲ ဆင်ဆာဖြတ်ထားခြင်းခံရ၏။ ဖြစ်နိုင်သည်က သူတို့ လူအများကြီး ဆွဲထည့်မိပြီး ကျန်းချန်ဖေး အပြစ်ပေးမည်ကို စိုးရိမ်၍ထင်။

လူများက တစ်ညလုံး ထိုအကြောင်း ပြောနေကျလေပြီ။ ထျန်းချန်းမှာ လက်ရှိ နာမည်အကြီးဆုံး ဆယ်လီဖြစ်နေသည့်အပြင် အခြားချမ်းသာသော မင်းသမီး၏ ခင်ပွန်းလည်း ပါဝင်နေရာ ခေါင်းကြီးသတင်းစဉ်ထိပ်ပိုင်းတွင် ရောက်နေချေသည်။
"ကျောင်းကျို့ရန် ထျန်းချန်း" က အရှာဖွေခံရဆုံး အကြောင်းအရာဖြစ်နေသည်ကလွဲ အတော်လေးရှာဖွေခံရသော တခြားခေါင်းစဉ်များလည်းရှိသေးသည်။

"ရှောင်ယီ့ခင်ပွန်းက ဖောက်ပြန်နေ"

"ထျန်းချန်းမှာ ရှူးဂါးဒယ်ဒီရှိ"

"ကျန်းချန်ဖေး ယောက္ခထီး"

"ကျန်းချန်ဖေး ဇနီးရဲ့ အဖေ"

"လိင်တူစုံတွဲတွေက တစ်ဖက်လက်တွဲဖော်ရဲ့ မိဘတွေကို ဘယ်လိုခေါ်သင့်"

ကျောင်းချီ မျက်နှာကို လက်တစ်ဖက်အုပ်လျက် ဒီရက်ပိုင်း "ရှူးဂါးဒယ်ဒီများ" နှင့် ပြဿနာတက်နေရသည်ဟု တွေးမိသည်။ အောက်ထပ်က ပြဿနာအိုးကိုပင် မဖြေရှင်းရသေး၊ ယခု သူ့အဘိုးကြီးလည်း ဒုက္ခရောက်နေချေပြီ။

ဒီအခိုက်အတန့်တွင် အောက်ထပ်မှ ရူးဂါးဒယ်ဒီလည်း နိုးလာကာ သူ့ရွှေရောင်အမွှေးလုံးလေးကိုဖက်ထားလျက် ဆိုဖာပေါ်ထိုင်နေသည်။

"ကွမ်ကျုံး၊ ပါးပါးတော့ အထုတ်တွေ ပြင်ရတော့မယ်ထင်တယ်"
ကျန်းချန်ဖေး သူ့ခွေးသားလေး၏ အမွှေးထဲ မျက်နှာအပ်ကာ ရင်ထဲငိုကြွေးနေလေသည်။

ဒီတစ်ခေါက် ဇာတ်ညွှန်းက သိပ်ကိုရယ်ချင်ဖွယ်ကောင်းလွန်းသည်။ ရှူးဂါးဒယ်ဒီ အကြောင်းအရာတဲ့! ဂန်းစတားဘော့စ်ဖြစ်ရသည်ထက်ပင် ပိုဆိုးသည်။ ရွှေဇလုံထဲ လက်ဆေးခြင်းက ရှက်စရာကောင်းသော်ငြား ယောက္ခထီးကို ညီကိုဆိုပြီး ခေါ်ခြင်းကတော့ သတ်ခံရနိုင်သည်!

ငါတော့သွားပြီ၊ သွားပြီ၊ တကယ်သွားတာ...။

ရုတ်တရက် မနေ့ညက သူ့အတွင်းရေးမှူး ဖုန်းဆက်ခဲ့သည်ကို သတိရသွားခဲ့၏။ ကျန်းတာ့တျောင်း သူ့ Smart Brain ကို အမြန် နှိပ်လိုက်သည်။ သူ့ ဂရုစိုက်သော သူငယ်ချင်းများဆီမှ မက်ဆေ့များနှင့်အတူ သူ့ယောက္ခထီး၏ ကောလဟာလများမှလွဲ တခြားမတွေ့ရချေ။

"ပြဿနာမီးခွက်ထွန်းရှာ : တာ့ဖေး တကယ်ပဲလား မင်း ယောက္ခထီးကြီးကလေ?"

"ဖူမေ့နန် : အဲပါပါရာဇီတွေပြောတိုင်း ယုံလို့မရဘူး၊ အကူအညီတစ်ခုခုလိုရင် ကျွန်တော့်ကိုသာပြောပါ မစ္စတာကျန်း၊ မစ္စတာကျောင်းကိုလည်း နှုတ်ဆက်ပေးပါဦးဗျ"

"မစ္စတာဝမ် : ဝိုး၊ ကျန်းကော၊ ခင်ဗျားယောက္ခထီးက အသက်ကြီးပေမဲ့ တကယ်ကို တစ်ခုခုပဲနော်၊ သူ့လျှို့ဝှက်‌ချက်တွေက ဘာများလဲ"

"..." စက္ကန့်အနည်းငယ် အသက်မရှူနိုင်တော့၍ ကျန်းချန်ဖေး ချက်ချင်း သူ့အတွင်းရေးမှူးကိုခေါ်ကာ လူတိုင်းကို ဆိတ်ဆိတ်နေရန်နှင့် ဓာတ်ပုံဝယ်ချင်သလား မေးခဲ့ကြောင်း ဘယ်တော့မှထုတ်မပြောရန် သတိ‌ပေးလိုက်သည်။

ခွေးအမွှေးကို စိတ်လှုပ်ရှားစွာ ကိုင်ပြီး သူ့ယောက္ခထီးသာ သူ တားဆီးရန် အခွင့်အရေးရှိလျှက်နှင့် တင်ချင်သလိုတင်ခွင့်ပြုခဲ့မှန်းသာ သိသွားလျှင် ခြေထောက်များ ဆုံးရှုံးသွားလောက်မည်ဟု စဉ်းစားနေမိသည်။

သူ အာရုံလွင့်နေတုန်း အပေါ်ထပ်မှ ခြေသံများ ကြားလိုက်ရသည်။ ကျောရိုးတစ်လျှောက် ကြက်သီးထသွားခဲ့၏။ ကျောင်းချီသည် အပြည့်အစုံ ဝတ်ဆင်ထားပြီးဖြစ်သည်။ အောက်ထပ်ဆီ မြန်မြန် ဆင်းလာပြီး ဆိုဖာပေါ်မှလူကို လှမ်းကြည့်ကာ ဖိနပ်များဝတ်ရန် ဝင်ပေါက်ဆီ တန်းလျှောက်သွားခဲ့သည်။

"အရေးကြီးကိစ္စပေါ်လာလို့ သွားမှဖြစ်မယ်"

"မနက်စာ မစားသွားတော့ဘူးလား"
ကျန်းချန်ဖေး ခွေးမွှေးလေးကို ပုတ်ပေးကာ မတ်တပ်ထရပ်လိုက်သည်။ သူ့ချစ်ဇနီးလေး ဖိနပ်ဝတ်နေသည်ကိုမြင်တော့ ရပ်လိုက်၏။ သူ ကြောက်လန့်နေကာ ကျောင်းချီ ဘာဖြစ်နေမှန်း သိသွားလောက်ပြီဟု စဉ်းစားနေသည်။

ကျောင်းချီ ဖိနပ်များကို ချလိုက်ကာ သံသယဖြင့်ကြည့်လိုက်သည်။
"ခင်ဗျား ဒီတစ်ခေါက် ပြန်ကောင်းတာမြန်သားပဲ၊ ကောင်းပြီလေ၊ ပြန်လာချိန်ကျ ဘာလုပ်ရမလဲ ကြည့်တာပေါ့"

"အာ ယန်ယန်" ကျန်းချန်ဖေး အမြန်လျှောက်လာကာ သူ့ကိုဖက်လိုက်သည်။
"မင်းအဖေ ဖြစ်တဲ့ ကိစ္စကြောင့်လား"

"အင်း" ကျောင်းချီ အနည်းငယ် စိတ်ရှုပ်နေကာ စွပ်စွဲချက်များကို မြန်မြန် ဖယ်ရှားချင်နေသည်။

"ရှစ်နာရီတောင် ရှိသွားပြီလေ၊ သိသင့်တဲ့သူရော မသိသင့်တဲ့သူရော မြင်ပြီးကြပြီ၊ အဲတော့ အခုအလျင်လိုဖို့ မလိုပါဘူး"
သူ အောင်အောင်မြင်မြင် စိန်းစိန်းဝါးဝါး စိုက်ကြည့်ခံလိုက်ရတော့၏။ ရှက်စရာကိစ္စများစွာ ပြုလုပ်မိခဲ့သည်ကို သိသော ကျန်းတာ့တျောင်းမှာ နောက်ဆုံးတော့ ကြောက်ရွံ့ခြင်းရပ်တန့်သွားခဲ့သည်။ ကျောင်းချီ သူ့ကိုဆူမလား မဆူဘူးလား ဂရုမစိုက်တော့ဘဲ ဝင်ပေါက်မှ ပြန်ဆွဲခေါ်လိုက်သည်။
"မနက်စာအရင်စားသွား၊ ဘယ်လိုပဲဖြစ်ဖြစ် စားမှဖြစ်မယ်"

သူ့လောင်ကုန်း၏ ပြန်ဆွဲခေါ်ခံလိုက်ရပြီး ကျောင်းချီမှာ အနည်းငယ် စိတ်ငြိမ်သွားခဲ့သည်။ စားပွဲတွင် ထိုင်ချပြီး မီးဖိုချောင်တွင် ကြက်ဥကြော်နေသည့်လူကိုကြည့်ရင်း ကိစ္စရပ်တစ်ခုလုံးအတွက် နည်းလမ်းရှာရန် ဂရုတစိုက် စဉ်းစားနေမိသည်။

"လာလေ စားတော့"


ကျန်းချန်ဖေးက သူ့ရှေ့တွင် ပုံစံလှလှ ကြော်ထားသောကြက်ဥကြော်ကို ချပေးလာသည်။ ကျောင်းချီ ခက်ရင်းနှင့် ဖြတ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။ ကြွပ်ရွကာ အသည်းပုံလုပ်ထားပြီး ကြက်သွန်မြိတ်နိုင်းချင်းနှင့်။ မနေ့ညက အတွေးအားလုံးသည် ရုတ်တရက် သူ့ခေါင်းထဲ ပြုံတိုးဝင်လာခဲ့သည်။ သူ ဝါးလေလေ ပိုပြီးဝမ်းနည်းလာလေပင်။ နှာမရှုံ့မိဘဲ မနေနိုင်တော့ချေ။

"ဘာဖြစ်လို့လဲဟင်" မျက်ဝန်းထောင့်ကနေ မြင်လိုက်ရသည့် ကျန်းတာ့တျောင်းမှာ လန့်သွားကာ အမြန် ချော့တော့သည်။
"ဒီကိစ္စအများစုက အမှန်မှမဟုတ်တာ၊ အဖေ အဲလိုမျိုးကိစ္စလုပ်မယ်လို့ ကိုယ်တော့မထင်..."

"ကျန်းချန်ဖေး" ကျောင်းချီ ကြားဖြတ်ပြောကာ ဓားနှင့်ခက်ရင်းကိုချပြီး သူ့ကိုကြည့်လိုက်သည်။
"ခင်ဗျားကိုမေးစရာရှိတယ်၊ အမှန်တိုင်းဖြေနော်"

"ဘာ.. ဘာကို" သူ့ချစ်ဇနီးလေး တည်နေသည်ကိုမြင်တော့ ကျန်းချန်ဖေး ဂလုခနဲ တံတွေးမျိုချမိလိုက်သည်။

"ငါ့ပထမဆုံးအကြိမ်က ခင်ဗျားအတွက် မဟုတ်ခဲ့လို့ နှစ်တွေအကြာကြီး စိတ်ခုနေခဲ့တာလား"
အဲတော့ သူတို့ ဒီနှစ်တွေမှာ အိပ်ခဲ့တဲ့အချိန် သူဘာတွေတွေးနေခဲ့တာလဲ။ ဒီလောက်တောင် ဂရုစိုက်တယ်ဆိုရင် ဟိုးအရင်ကတည်းက ဘာလို့ထုတ်မပြောခဲ့ရတာလဲ။

"ဟမ်" ဒီမေးခွန်းက သိသိသာသာကို ကျန်းတာ့တျောင်း ခန့်မှန်းချက်နှင့် လုံးဝကို လွဲနေသည်။ သူ ခဏတာ ကြောင်အမ်းသွားခဲ့၏။ သူ့ချစ်ဇနီးလေးမျက်ဝန်းများ နီရဲနေသည်ကိုမြင်တော့ အခြေအနေက ဘယ်လောက်ပြင်းထန်လဲ နားလည်သွားကာ အမြန် ရှင်းပြလိုက်သည်။
"ဟင့်အင်း၊ အဲဒါ ဇာတ်ညွှန်းရေးထားတဲ့ပုံပါ၊ 'ရှူးဂါးဒယ်ဒီက လူပျိုလေးတစ်ယောက်ကို ခေါ်ထားပြီး ဆယ့်ရှစ်နှစ်ပြည့်မှာကို စောင့်‌ဆိုင်းနေတယ်' ဆိုတာမျိုး၊ မင်းက နည်းနည်းပြန်ပြင်ရေးလိုက်တော့ အဲလိုမျိုးဖြစ်သွားခဲ့တာပါ"

"မှန်မမှန်ပဲ ပြောစမ်းပါ"

"လုံးဝမဟုတ်ဘူးပေါ့! ပေါင်ပေ့ရဲ့ ပထမဆုံးအကြိမ် ဟုတ်မဟုတ် ကိုယ်မသိဘဲနေမလား၊ ကိုယ်..."

ရုတ်တရက် မပြောသင့်သည်ကို ပြောမိမှန်း နားလည်သွား၍ ဥက္ကဌလူကြီးမှာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တစ်ဖက်သို့ ကြောက်ကြောက်လန့်လန့်ရွှေ့သွားတော့သည်။

သို့သော်ငြား ကျောင်းချီကတော့ သဘောပေါက်သွားချေပြီ။ ဒီလူ ထိုအချိန်တုန်းက သိပြီးသားဖြစ်သော်ငြား သူ့ကို မရှက်စေချင်ခဲ့ပေ။ တစ်ချိန်လုံး သူ့အား ကြိတ်ပြီး ရယ်နေခဲ့ခြင်း ဖြစ်လောက်မည်။

"..." ကျောင်းချီ ရုတ်တရက် မနေ့ညက ဝမ်းနည်းနေမိခဲ့၍ တုံးအလှသည်ဟု တွေးမိသည်။

ကျန်းတာ့တျောင်းသာ တကယ်စိတ်ထဲထားလျှင် သူ သတိထားမိခဲ့လောက်သည်။

"ခင်ဗျား... ဘယ်လိုသိသွားတာလဲ"

က

ျန်းချန်ဖေး ခေါင်းငုံ့ထားရင်း အဖြေမှန်နှစ်ခုကြားချိန်ဆနေမိသည်။ သက်ရှိသတ္တဝါတစ်‌ကောင်၏ အလိုအလျောက်အသိစိတ်ပေါ် အခြေခံကာ အထောင်းခံရနိုင်ချေ နည်းသည့်တစ်ခုကို ရွေးလိုက်၏။

"တကယ်တော့ ပေါင်ပေ့က တစ်ချိန်လုံးလှုပ်နေခဲ့တာလေ၊ ကိုယ်တိုင်တော့ သတိမထားမိလောက်ဘူး၊ နာလို့ ငိုပြီး ကိုယ့်ကိုထုတ်ပေးဖို့ တောင်းပန်နေခဲ့တာ... ဟဲဟဲ ပေါင်ပေ့ကတော့ မမှတ်မိလောက်ဘူး၊ အတွေ့အကြုံရှိတဲ့ပုံ သရုပ်ဆောင်နေတယ်လို့တွေးနေခဲ့တာကိုး... အာ့!"

"ပါးစပ်ကို သုတ်လိုက်ဦး!" ကျောင်းချီ သူ့မျက်နှာထံ တစ်ရှူးပစ်ပေါက်လိုက်ကာ မျက်နှာ တဖြည်းဖြည်း နီရဲတက်လာတော့၏။

"ဟဲဟဲဟဲ..." ကျန်းချန်ဖေးမှာ မျက်နှာမှ တစ်ရှူးကိုဖယ်ကာ ရှိပင်မရှိသည့် သွားရည်ကို လိမ်လိမ်မာမာ သုတ်လိုက်သည်။ သူ ဒီတန်ဖိုးကြီးဂေါ်ဖီထုပ်လေးကို အထက်တန်းကျောင်းတည်းက မျက်စိကျခဲ့ရာ တခြားသူ ကျောင်းချီအားရသွားမည်ကို အဘယ်မှာ ခွင့်ပြုနိုင်မည်နည်း။ တစ်ယောက်ယောက် မြည်းစမ်းကြည့်ဖူးလျှင်တောင် ထိုဝက်ကိုသာ ဒေါသထွက်မည်ဖြစ်ကာ သူ့တန်ဖိုးကြီးဂေါ်ဖီထုပ်လေးကတော့ သူ့တန်ဖိုးကြီးရတနာလေးပဲ ဖြစ်နေဦးမည်။


ကျောင်းချီ စကားဆက်မပြောချင်၍ အမြန် စားသောက်လိုက်သည်။ သူ ပန်းကန်လုံးကို ချချချင်း သူ့အဖေထံမှ ဖုန်းဝင်လာ၏။

"မင်းတို့နှစ်ယောက် ပြန်လာခဲ့၊ ချက်ချင်းနော်၊ ခုချက်ချင်းဆို ခုချက်ချင်းပဲ!"

သူ့အမေကလည်း ဝင်ပြောလာ၏။
"ရှင် ကလေးတွေကို ဘာလုပ်ဖို့ ပြန်ခေါ်နေတာလဲ၊ ကိုယ့်ဘာသာ ပြန်မပြင်နိုင်ဘူးလား"

"ထားထားလိုက်၊ ကိုယ်အပြစ်ကင်းတယ်ဆိုတာ သက်သေပြဖို့လိုတယ်!"

"ကျွတ် ကျွတ် ကျွတ်..." ဖုန်းက ချက်ချင်း ချသွား၏။ ကျောင်းချီ မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ သူ့လောင်ကုန်းကို ကြည့်လိုက်သည်။

"သွားကြရအောင်" ကျန်းချန်ဖေး မတ်တပ်ထရပ်ကာ ကုတ်အင်္ကျီယူလိုက်သည်။ သူနိုးလာခဲ့သည်ကို အတော်လေးဝမ်းသာမိ၏။ မစ္စတာရှူးဂါးဒယ်ဒီသာ ဖြစ်နေသေးလျှင်... မတွေးနဲ့တော့၊ ဇာတ်ကွက်အမျိုးမျိုးနှင့် ရူးချင်စရာကောင်းသွားလိမ့်မည်။ အတွေးကို ရပ်လိုက်သည်က ပိုကောင်း၏။


အိမ်သို့လမ်းတွင် ကျန်းချန်ဖေးက ကားမောင်းပြီး ကျောင်းချီက ခရီးသည်ခုံတွင် ထိုင်ကာ သူ့လူများကို တာဝန်ခွဲပေးနေသည်။

ရှာဖွေသည့်ခေါင်းစဉ်များကို ဖြုတ်ချရန် ပိုက်ဆံသုံးပြီး မိန်းကလေးထျန်းအား ပြောသင့်သည့်အရာကို မှာလိုက်ကာ ပထမဆုံး ထုတ်ပြန်သည့် မီဒီယာအေဂျင်စီအား တရားစွဲရန် အချက်အလက်စုဆောင်းကြတော့သည်။ ကျောင်းယန် အိမ်ခြံမြေထံလည်း ဖုန်းဆက်လိုက်၏။
"ဘာထုတ်ပြန်ချက်မှ လုပ်ဖို့မလိုဘူး၊ အစီအစဉ်ရှိပြီဆိုရင် အသိပေးလိုက်မယ်၊ အဲအချိန်ထိ ဘယ်ဝန်ထမ်းမှ ဒီကိစ္စနဲ့ပတ်သတ်တဲ့ ဘယ်ဟာကိုမဆို ဘယ်နေရာမှာပဲဖြစ်ဖြစ်ပြောခွင့်မရှိဘူး"

ကျောင်းယန်အိမ်ခြံမြေသည် ရှေးဆန်သည့် အိမ်ခြံမြေကုမ္ပဏီဖြစ်ရာ အနုပညာအသိုင်းအဝိုင်းမှ ကောလဟာလများကို ရှင်းလင်းနိုင်စွမ်းမရှိချေ။ သူတို့ တိတ်တိတ်နေရန် လိုအပ်၏။


ကိစ္စအားလုံးပြီးနောက် ကျောင်းချီ တစ်စုံတစ်ယောက်က သူ့ကို ခိုးကြည့်နေမှန်း သတိထားမိသွားခဲ့သည်။

"ဘာတွေကြည့်နေတာလဲ"

"‌သိပ်ချောတဲ့ပေါင်ပေ့ကို ကြည့်နေတာလေ" သူက ရိုးသားမှုအပြည့်ဖြင့် ခိုင်မာစွာ ပြောချလာသည်။

"..." ကျောင်းချီ တစ်ခဏတာ ဆွံ့အသွားခဲ့သည်။ သူမရယ်ဘဲ မနေနိုင်တော့ချေ။ ခန္ဓာကိုယ်ကို ဖြေလျှော့ကာ ခုံကိုမှီလိုက်၏။
"ငါ့အဖေက တကယ်ပဲဖောက်ပြန်ခဲ့တယ်လို့ ထင်လား"


"ကိုယ်တော့မထင်ဘူး" ကျန်းချန်ဖေး ခေါင်းခါလိုက်သည်။

"ငါရောပဲ" လှေကားတက်လျှင် အမျိုးသမီးတစ်ယောက် စကတ်အောက်ကို မတော်တဆမြင်မည်ဆိုး၍ ဘယ်တော့မှ အမျိုးသမီးတစ်ယောက်နောက်ကနေမတတ်၊ အစည်းအဝေးခန်းထဲတွင် မိန်းကလေးတစ်ဦးတည်းရှိနေသည်ကိုမြင်လျှင် ချက်ချင်းထွက်သွားတတ်သည့် သူ့အဖေလို ရှေးရိုးစွဲအဘိုးကြီးတစ်ယောက်က ထိုမျှငယ်ရွယ်သည့် ကလေးမတစ်ယောက်ကို ချိန်းတွေ့နိုင်မည်လဲ။

မစ္စတာကျောင်းလည်း ထိုနည်းတူပြောချေသည်။

"ငါကျောင်းကျို့ရန်က ရိုးသားပြီး ‌လေးစားသမှုရှိတဲ့သူ၊ သစ္စာပျက်တဲ့အရာတစ်ခုမှ လုံးဝမလုပ်ဖူးဘူး!"
နှစ်ယောက်သား တံခါးကနေ ဝင်ဝင်ချင်း ဧည့်ခန်းကနေ သူတို့အဖေ အော်သံကိုကြားလိုက်ရသည်။


"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်မ ရှင့်ကို ဆူမိလို့လား၊ ရှူး ‌ပါးစပ်ပေါက်ပိတ်တော့၊ ထျန်းချန်း ဖုန်းဆက်လာတယ်"
မစ္စကျောင်းက အဘိုးကြီးကိုတွန်းထုတ်ကာ ဖုန်းကိုင်ဂန် အပြင်ထွက်လာသည်။ သူမကောင်လေးနှစ်ယောက်ကိုမြင်တော့ လက်ယမ်းပြကာ အဘိုးကြီးနောက်တစ်ကြိမ် ထပ်အော်ဟစ်မည်ဖြစ်၍ အထဲသို့ဝင်မသွားသေးသင့်ကြောင်း အမူအရာပြလိုက်သည်။

"မစ္စစ်ရှောင်၊ အစ်မသိမှာပါ၊ ညီမမှာက ကြိတ်ပုန်း ရည်းစားရှိပါတယ်၊ သူက အဲနေ့တုန်းက ညီမဆီလာလည်ပြီး အဲဟိုတယ်မှာ ချိန်းတွေ့ခဲ့ကြတာပါ၊ နောက်တော့ မစ္စတာကျောင်းနဲ့ တိုက်မိပြီး နှုတ်ဆက်စကာစပြောခဲ့တယ်၊ အဲဒါကအမှန်ပါ၊ အဟင့်..." ထျန်းချန်းမှာ မစ္စစ်ကျောင်းဖုန်းကိုင်ကိုင်ချင်း ငိုတော့သည်။ သူမက အသက်ရှူရပ်မတတ်ညငိုနေလေ၏။


ိုက်ဆိုင်မှုတစ်ခုသက်သက်ပင်။ မစ္စတာကျောင်းသည် အိမ်ခြံမြေအေးဂျင့်များကြားက တွေ့ဆုံပွဲတစ်ခုအတွက် ဟိုတယ်ဆီ လာခဲ့ပြီး မြို့လယ်ခေါင်က မြေကွက်အတွက် ဆွေးနွေးခြင်းဖြစ်သည်။ တချို့က စီးပွားရေးလမ်းအဖြစ် အသွင်ပြောင်းရန် အတူတူ ဖွံ့ဖြိုးအောင် လုပ်ချင်သည်။ သူတို့ပြိုင်ဘက်များကို ရှောင်ကာ သီးသန့်ဆွေးနွေးချင်သည့်အတွက် သံသယဖြစ်ဖွယ်ကောင်းခဲ့ခြင်းပင်။ ထျန်းချန်းကတော့ သူမတိတ်တိတ်ပုန်းရည်းစားနှင့် သွားတွေ့ကာ မတော်တဆ တံခါး၌ ဆုံမိခဲ့ခြင်းဖြစ်သည်။


"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ လိမ္မာတယ်၊ သေချာပေါက် ငါသိတာပေါ့၊ ငါ့ခင်ပွန်းက အဲလိုလူမှမဟုတ်တာ၊ သူဖောက်ပြန်ရင်တောင် သူ့သားထက်ငယ်တဲ့ ကလေးမကိုတော့ ဘယ်တော့မှ ထိမှာမဟုတ်ဘူး၊ မငိုနဲ့တော့၊ မစ္စတာကျောင်းက ဘာဖြစ်ခဲ့သလဲ ရှင်းပေးလိမ့်မယ်၊ မင်း လောလောဆယ် ဘာမှမပြောနဲ့ဦး၊ ခုလက်ရှိရည်းစားရှိတယ် ဝန်ခံလိုက်ရင် အနာဂတ်အလုပ်အကိုင်တက်လမ်းအတွက် ကောင်းမှာမဟုတ်ဘူး"

ရှောင်ယီက ကလေးမကို ညင်သာစွာ ချော့နေသော်ငြား ကလေးမကတော့ ပိုငိုကာ ကျေးဇူးတင်စကားထပ်တလဲလဲပြောနေချေသည်။

ဖုန်းချပြီးနောက် မစ္စစ်ကျောင်းက သူတို့ကို အချက်ပြလိုက်ပြီး ‌ခပ်တည်တည်ဖြင့် အိမ်ထဲ ဝင်လာခဲ့ကြတော့သည်။


"အဖေ စိတ်အေးအေးထားပါ၊ အဖေက ရိုးသားတာပဲကို၊ ကြောက်စရာမလိုဘူး၊ ရှင်းလင်းချက်တစ်ခုလုပ်ဖို့ပဲလိုတာ"
ကျန်းချန်ဖေးမှာ ရုတ်တရက် ဒါက ယောက္ခထီးကိုစိတ်ကျေနပ်အောင် လုပ်လို့ရမည့် အခွင့်ကောင်းမှန်း သဘောပေါက်သွားခဲ့သည်။ သူ လိမ်လိမ်မာမာ ပြုမူ‌သရွေ့ သူ့ယောက္ခထီးကို "ညီအစ်ကိုကောင်း" ကိစ္စ မေ့သွားအောင် လုပ်နိုင်လောက်မည်။

"ငါဘယ်လိုလုပ်ရမလဲ" မစ္စတာကျောင်း သူ့တုတ်ကောက်ကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ် ခြေဆောင့်လိုက်သည်။
"ဘယ်သူလုပ်လဲရှာတွေ့လို့ကတော့ အားလုံးဆုံးရှုံးသွားတဲ့အထိ တရားစွဲပစ်မယ်!"

"သတင်းစာရှင်းလင်းပွဲ လုပ်ကြတာပေါ့၊ တိုက်ရိုက် အွန်လိုင်းကနေ လွှင့်လိုက်မယ်လေ၊ အဖေ့ဆီမှာ အစည်းအဝေးတက်ခဲ့တဲ့သူတွေနဲ့ အုပ်စုဓာတ်ပုံရှိလား၊ အဲဒါကို သုံးလိုက်ပေါ့"
ကျန်းချန်ဖေးက သူ့ချစ်ဇနီးလေးကို ကြည့်လိုက်သည်။

ကျောင်းချီ ခေါင်းညိတ်ကာ သူ့အဖေအား အစီအစဉ်ပြောပြလိုက်သည်။ ဒီလိုမျိုး ကောလဟာလက ကုမ္ပဏီရှယ်ယာဈေးကို မသက်ရောက်စေသော်ငြား ပုံရိပ်ကိုတော့ ထိခိုက်စေနိုင်သည်။
"ပါ့ကျောင်းဆီသွားပြီး ဗီဒီယိုရိုက်လိုက်၊ ကျွန်တော်တို့ ည၈နာရီကျ လွှင့်ပြီး လူတိုင်းကိုပြကြမယ်"


မစ္စတာကျောင်းမှာ မလုပ်ချင်ပေ။ သူ့ဘဝတစ်လျှောက်လုံးနီးပါး နာမည်ကောင်းရှိခဲ့၍ ဒရမ်မာကိုဆက်ခွင့်မပြုနိုင်ပေ။ သူ ချက်ချင်း ရှင်းချင်၏။
"တိုက်ရိုက်ထုတ်လွှင့်ဖို့ ချန်နယ်ပြင်လိုက်၊ ငါတိုက်ရိုက်ပြောမယ်"

ထို့ကြောင့် နေ့လယ် ၁၂နာရီတွင် ပါ့ကျောင်းတိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုတစ်ခု၌ တည်ကြည်လေးနက်နေသော ကျောင်းကျို့ရန်နှင့် ပါ့ကျောင်း၏ ထိပ်တန်းဖျော်ဖြေရေးအစီအစဉ်မှူးမှာ အတူတူ ထိုင်နေကြသည်။ အင်တာနက်ပေါ်တွင် နာမည်ကြီးသွားခဲ့သော ဗီဒီယိုကို စခရင်ကြီး၌ ပြသထားသည်။


"

အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်တို့ ချန်နယ်ကနေကြိုဆိုပါတယ်၊ ဒီနေ့တော့ အထူးဧည့်သည်ရှိတယ်ဗျ..."
အစီအစဉ်မှူးက အားလုံးကို ရှင်းပြကာ မစ္စတာကျောင်းဆီ မိုက်လွှဲပေးလိုက်သည်ာ


လူတိုင်း ခုလက်ရှိ ထိုအကြောင်းကို အတင်းအဖျင်းပြောနေကျရာ ချန်နယ်ဖွင့်ဖွင့်ချင်း လူသန်းချီ ဝင်လာပြီး များသထက်များလာသည်။

ကျောင်းကျို့ရန်က တရားမျှတမှုအတွက် ဒေါသဖြင့်ပြောလိုက်သည်။
"ကောလဟာလတွေပါ! ကျုပ် အဲနေ့တုန်းက အစည်းအဝေးအတွက် ရောက်နေခဲ့တာ၊ မဟုတ်‌တာတွေ ပြောနေတာ ရပ်ကြပါတော့!"


သူ စကားပြောနေရင်း ဒါရိုက်တာအား ထျန်းချန်း၏ တရားဝင်ဓာတ်ပုံတစ်ပုံကို ပြခိုင်းလိုက်သည်။ နှင်းစက်လေးများတင်နေသော ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံ့သည့် ကလေးမသည် မျက်နှာထားမာကြောပြီး ရိုးရာဝတ်စုံဝတ်ထားသည့် မစ္စတာကျောင်းနှင့် လုံးဝကို ကွဲပြားသော နယ်ပယ်မှ ရောက်လာခဲ့သလိုပင်။

မစ္စတာကျောင်းမတ်တပ်ရပ်ကာ စခရင်ပေါ်မှ မိန်းကလေးကို လက်ညှိုးထိုးပြီး တရားဝင်သတင်းတင်ဆက်သူ အသုံးပြုလေ့ရှိသည့် လေသံဖြင့် ပြောတော့သည်။
"ကျုပ် ကျောင်းကျို့ရန်က ရဲဘော်ရဲဘက်အမျိုးသမီးထျန်းနဲ့ ဆက်ဆံရေးလုံးဝမရှိကြောင်း ထွက်ဆိုဖို့ ဒီကိုရောက်နေခြင်းပါ!"

[Zawgyi]

ဓာတ္ပုံကို ဇိမ္ခံဟိုတယ္၏ ဝင္ေပါက္တြင္ ရိုက္ကူးထားျခင္းျဖစ္သည္။ ေက်ာင္းက်ိဳ႕ရန္သည္ အေနာက္တိုင္းဝတ္စုံ ဝတ္ထားၿပီး ဦးထုတ္ႏွင့္ maskတပ္ထားေသာ မိန္းကေလးတစ္ေယာက္ႏွင့္ အတူရွိေနသည္။ ေက်ာင္းခ်ီ အေသအခ်ာၾကည့္လိုက္ေတာ့ ယခုလက္ရွိ နာမည္အႀကီးဆုံး မင္းသမီး ထ်န္းခ်န္းျဖစ္ေန၏။

အႀကိမ္ေပါင္းရာႏွင့္ခ်ီ ရိုက္ကူးထားေသာ ဓာတ္ပုံအျပင္ ပါပါရာဇီမွာ ဗီဒီယိုတစ္ခုလည္း တင္ၿပီးေခ်ၿပီ။ သူတို႔က ဗီဒီယိုထဲတြင္ အတင္းအဖ်င္းေျပာေနက်ၿပီး လူမ်ားကို ေလွ်ာက္ၿပီးေတြးထင္ေအာင္ လုပ္ထားသည္။
"ပါပါရာဇီေတြက ထ်န္းခ်န္းေနာက္ကို ခုတေလာ ‌လိုက္ေနတာ၊ သူတို႔က ေအာင္ျမင္မႈမရွိတဲ့ ေနာက္ထပ္ေန႕တစ္ေန႕ျဖစ္ၿပီလို႔ ထင္ခဲ့တာ၊ ဒါေပမဲ့ ညေရာက္တဲ့အခ်ိန္ သူ႕ကားက သူေနတဲ့ေနရာဆီ မျပန္ဘူးေလ၊ အဲအစား အဆင့္ျမင့္ဟိုတယ္ဆီ သြားခဲ့တာ၊ စိတ္ဝင္စားစရာပဲ"

ဗီဒီယိုထဲတြင္ ထ်န္းခ်န္းက လွ်ာထိုးဦးထုတ္ႏွင့္ mask ဝတ္ထားၿပီး အင္မတန္သတိႀကီးေနပုံေပၚသည္။ သူမက ဟိုတယ္ႏွင့္အေဝးတြင္ ကားပါကင္ထိုးၿပီး ဟိုတယ္ဆီ ဝင္ခဲ့သည္။ ထို႔ေနာက္ ဟိုတယ္ဝင္ေပါက္တြင္ တုတ္ေကာက္ကိုင္ထားသည့္ ေက်ာင္းက်ိဳ႕ရန္ႏွင့္ ေတြ႕ေလသည္။ သူတို႔က စကားေျပာေနပုံေပၚၿပီးေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ ဆုံလည္တံခါးမွ တစ္ဆင့္ ဝင္သြားခဲ့ၾကသည္။

အေနာက္ကေန တိတ္တဆိတ္ လိုက္ရိုက္ကူးေနသည့္ ပါပါရာဇီက အာေမဋိတ္ျပဳမိသည္။
"ဘာလဲဟ၊ အဲဒါေက်ာင္းက်ိဳ႕ရန္လား"

"ထင္တာပဲ၊ ဟုတ္တယ္ဟ သူပဲ၊ အမေလး ဒါ သတင္းႀကီးေနာ္"

"သူက ငါတို႔ ေရွာင္ယီရဲ႕ ေယာက္်ားေလ၊ မဟုတ္ဘူးလား"

"အင္း ငါတို႔ေရွာင္ယီရဲ႕ ခင္ပြန္း..."

တစ္စုံတစ္ေယာက္က "ငါတို႔ပါးပါးခ်န္ေဖးရဲ႕ ေယာကၡထီး" ဟု ေျပာလိုက္ပုံပင္။ တီခနဲ ဆင္ဆာျဖတ္ထားျခင္းခံရ၏။ ျဖစ္နိုင္သည္က သူတို႔ လူအမ်ားႀကီး ဆြဲထည့္မိၿပီး က်န္းခ်န္ေဖး အျပစ္ေပးမည္ကို စိုးရိမ္၍ထင္။

လူမ်ားက တစ္ညလုံး ထိုအေၾကာင္း ေျပာေနက်ေလၿပီ။ ထ်န္းခ်န္းမွာ လက္ရွိ နာမည္အႀကီးဆုံး ဆယ္လီျဖစ္ေနသည့္အျပင္ အျခားခ်မ္းသာေသာ မင္းသမီး၏ ခင္ပြန္းလည္း ပါဝင္ေနရာ ေခါင္းႀကီးသတင္းစဥ္ထိပ္ပိုင္းတြင္ ေရာက္ေနေခ်သည္။
"ေက်ာင္းက်ိဳ႕ရန္ ထ်န္းခ်န္း" က အရွာေဖြခံရဆုံး အေၾကာင္းအရာျဖစ္ေနသည္ကလြဲ အေတာ္ေလးရွာေဖြခံရေသာ တျခားေခါင္းစဥ္မ်ားလည္းရွိေသးသည္။

"ေရွာင္ယီ့ခင္ပြန္းက ေဖာက္ျပန္ေန"

"ထ်န္းခ်န္းမွာ ရႉးဂါးဒယ္ဒီရွိ"

"က်န္းခ်န္ေဖး ေယာကၡထီး"

"က်န္းခ်န္ေဖး ဇနီးရဲ႕ အေဖ"

"လိင္တူစုံတြဲေတြက တစ္ဖက္လက္တြဲေဖာ္ရဲ႕ မိဘေတြကို ဘယ္လိုေခၚသင့္"

ေက်ာင္းခ်ီ မ်က္ႏွာကို လက္တစ္ဖက္အုပ္လ်က္ ဒီရက္ပိုင္း "ရႉးဂါးဒယ္ဒီမ်ား" ႏွင့္ ျပႆနာတက္ေနရသည္ဟု ေတြးမိသည္။ ေအာက္ထပ္က ျပႆနာအိုးကိုပင္ မေျဖရွင္းရေသး၊ ယခု သူ႕အဘိုးႀကီးလည္း ဒုကၡေရာက္ေနေခ်ၿပီ။

ဒီအခိုက္အတန႔္တြင္ ေအာက္ထပ္မွ ႐ူးဂါးဒယ္ဒီလည္း နိုးလာကာ သူ႕ေ႐ႊေရာင္အေမႊးလုံးေလးကိုဖက္ထားလ်က္ ဆိုဖာေပၚထိုင္ေနသည္။

"ကြမ္က်ဳံး၊ ပါးပါးေတာ့ အထုတ္ေတြ ျပင္ရေတာ့မယ္ထင္တယ္"
က်န္းခ်န္ေဖး သူ႕ေခြးသားေလး၏ အေမႊးထဲ မ်က္ႏွာအပ္ကာ ရင္ထဲငိုေႂကြးေနေလသည္။

ဒီတစ္ေခါက္ ဇာတ္ၫႊန္းက သိပ္ကိုရယ္ခ်င္ဖြယ္ေကာင္းလြန္းသည္။ ရႉးဂါးဒယ္ဒီ အေၾကာင္းအရာတဲ့! ဂန္းစတားေဘာ့စ္ျဖစ္ရသည္ထက္ပင္ ပိုဆိုးသည္။ ေ႐ႊဇလုံထဲ လက္ေဆးျခင္းက ရွက္စရာေကာင္းေသာ္ျငား ေယာကၡထီးကို ညီကိုဆိုၿပီး ေခၚျခင္းကေတာ့ သတ္ခံရနိုင္သည္!

ငါေတာ့သြားၿပီ၊ သြားၿပီ၊ တကယ္သြားတာ...။

႐ုတ္တရက္ မေန႕ညက သူ႕အတြင္းေရးမႉး ဖုန္းဆက္ခဲ့သည္ကို သတိရသြားခဲ့၏။ က်န္းတာ့ေတ်ာင္း သူ႕ Smart Brain ကို အျမန္ ႏွိပ္လိုက္သည္။ သူ႕ ဂ႐ုစိုက္ေသာ သူငယ္ခ်င္းမ်ားဆီမွ မက္ေဆ့မ်ားႏွင့္အတူ သူ႕ေယာကၡထီး၏ ေကာလဟာလမ်ားမွလြဲ တျခားမေတြ႕ရေခ်။

"ျပႆနာမီးခြက္ထြန္းရွာ : တာ့ေဖး တကယ္ပဲလား မင္း ေယာကၡထီးႀကီးကေလ?"

"ဖူေမ့နန္ : အဲပါပါရာဇီေတြေျပာတိုင္း ယုံလို႔မရဘူး၊ အကူအညီတစ္ခုခုလိုရင္ ကြၽန္ေတာ့္ကိုသာေျပာပါ မစၥတာက်န္း၊ မစၥတာေက်ာင္းကိုလည္း ႏႈတ္ဆက္ေပးပါဦးဗ်"

"မစၥတာဝမ္ : ဝိုး၊ က်န္းေကာ၊ ခင္ဗ်ားေယာကၡထီးက အသက္ႀကီးေပမဲ့ တကယ္ကို တစ္ခုခုပဲေနာ္၊ သူ႕လွ်ို႔ဝွက္‌ခ်က္ေတြက ဘာမ်ားလဲ"

"..." စကၠန႔္အနည္းငယ္ အသက္မရႉနိုင္ေတာ့၍ က်န္းခ်န္ေဖး ခ်က္ခ်င္း သူ႕အတြင္းေရးမႉးကိုေခၚကာ လူတိုင္းကို ဆိတ္ဆိတ္ေနရန္ႏွင့္ ဓာတ္ပုံဝယ္ခ်င္သလား ေမးခဲ့ေၾကာင္း ဘယ္ေတာ့မွထုတ္မေျပာရန္ သတိ‌ေပးလိုက္သည္။

ေခြးအေမႊးကို စိတ္လႈပ္ရွားစြာ ကိုင္ၿပီး သူ႕ေယာကၡထီးသာ သူ တားဆီးရန္ အခြင့္အေရးရွိလွ်က္ႏွင့္ တင္ခ်င္သလိုတင္ခြင့္ျပဳခဲ့မွန္းသာ သိသြားလွ်င္ ေျခေထာက္မ်ား ဆုံးရႈံးသြားေလာက္မည္ဟု စဥ္းစားေနမိသည္။

သူ အာ႐ုံလြင့္ေနတုန္း အေပၚထပ္မွ ေျခသံမ်ား ၾကားလိုက္ရသည္။ ေက်ာရိုးတစ္ေလွ်ာက္ ၾကက္သီးထသြားခဲ့၏။ ေက်ာင္းခ်ီသည္ အျပည့္အစုံ ဝတ္ဆင္ထားၿပီးျဖစ္သည္။ ေအာက္ထပ္ဆီ ျမန္ျမန္ ဆင္းလာၿပီး ဆိုဖာေပၚမွလူကို လွမ္းၾကည့္ကာ ဖိနပ္မ်ားဝတ္ရန္ ဝင္ေပါက္ဆီ တန္းေလွ်ာက္သြားခဲ့သည္။

"အေရးႀကီးကိစၥေပၚလာလို႔ သြားမွျဖစ္မယ္"

"မနက္စာ မစားသြားေတာ့ဘူးလား"
က်န္းခ်န္ေဖး ေခြးေမႊးေလးကို ပုတ္ေပးကာ မတ္တပ္ထရပ္လိုက္သည္။ သူ႕ခ်စ္ဇနီးေလး ဖိနပ္ဝတ္ေနသည္ကိုျမင္ေတာ့ ရပ္လိုက္၏။ သူ ေၾကာက္လန႔္ေနကာ ေက်ာင္းခ်ီ ဘာျဖစ္ေနမွန္း သိသြားေလာက္ၿပီဟု စဥ္းစားေနသည္။

ေက်ာင္းခ်ီ ဖိနပ္မ်ားကို ခ်လိဳက္ကာ သံသယျဖင့္ၾကည့္လိုက္သည္။
"ခင္ဗ်ား ဒီတစ္ေခါက္ ျပန္ေကာင္းတာျမန္သားပဲ၊ ေကာင္းၿပီေလ၊ ျပန္လာခ်ိန္က် ဘာလုပ္ရမလဲ ၾကည့္တာေပါ့"

"အာ ယန္ယန္" က်န္းခ်န္ေဖး အျမန္ေလွ်ာက္လာကာ သူ႕ကိုဖက္လိုက္သည္။
"မင္းအေဖ ျဖစ္တဲ့ ကိစၥေၾကာင့္လား"

"အင္း" ေက်ာင္းခ်ီ အနည္းငယ္ စိတ္ရႈပ္ေနကာ စြပ္စြဲခ်က္မ်ားကို ျမန္ျမန္ ဖယ္ရွားခ်င္ေနသည္။

"ရွစ္နာရီေတာင္ ရွိသြားၿပီေလ၊ သိသင့္တဲ့သူေရာ မသိသင့္တဲ့သူေရာ ျမင္ၿပီးၾကၿပီ၊ အဲေတာ့ အခုအလ်င္လိုဖို႔ မလိုပါဘူး"
သူ ေအာင္ေအာင္ျမင္ျမင္ စိန္းစိန္းဝါးဝါး စိုက္ၾကည့္ခံလိုက္ရေတာ့၏။ ရွက္စရာကိစၥမ်ားစြာ ျပဳလုပ္မိခဲ့သည္ကို သိေသာ က်န္းတာ့ေတ်ာင္းမွာ ေနာက္ဆုံးေတာ့ ေၾကာက္႐ြံ႕ျခင္းရပ္တန႔္သြားခဲ့သည္။ ေက်ာင္းခ်ီ သူ႕ကိုဆူမလား မဆူဘူးလား ဂ႐ုမစိုက္ေတာ့ဘဲ ဝင္ေပါက္မွ ျပန္ဆြဲေခၚလိုက္သည္။
"မနက္စာအရင္စားသြား၊ ဘယ္လိုပဲျဖစ္ျဖစ္ စားမွျဖစ္မယ္"

သူ႕ေလာင္ကုန္း၏ ျပန္ဆြဲေခၚခံလိုက္ရၿပီး ေက်ာင္းခ်ီမွာ အနည္းငယ္ စိတ္ၿငိမ္သြားခဲ့သည္။ စားပြဲတြင္ ထိုင္ခ်ၿပီး မီးဖိုေခ်ာင္တြင္ ၾကက္ဥေၾကာ္ေနသည့္လူကိုၾကည့္ရင္း ကိစၥရပ္တစ္ခုလုံးအတြက္ နည္းလမ္းရွာရန္ ဂ႐ုတစိုက္ စဥ္းစားေနမိသည္။

"လာေလ စားေတာ့"

က်န္းခ်န္ေဖးက သူ႕ေရွ႕တြင္ ပုံစံလွလွ ေၾကာ္ထားေသာၾကက္ဥေၾကာ္ကို ခ်ေပးလာသည္။ ေက်ာင္းခ်ီ ခက္ရင္းႏွင့္ ျဖတ္ကာ ပါးစပ္ထဲ ထည့္လိုက္၏။ ႂကြပ္႐ြကာ အသည္းပုံလုပ္ထားၿပီး ၾကက္သြန္ၿမိတ္နိုင္းခ်င္းႏွင့္။ မေန႕ညက အေတြးအားလုံးသည္ ႐ုတ္တရက္ သူ႕ေခါင္းထဲ ၿပဳံတိုးဝင္လာခဲ့သည္။ သူ ဝါးေလေလ ပိုၿပီးဝမ္းနည္းလာေလပင္။ ႏွာမရႈံ႕မိဘဲ မေနနိုင္ေတာ့ေခ်။

"ဘာျဖစ္လို႔လဲဟင္" မ်က္ဝန္းေထာင့္ကေန ျမင္လိုက္ရသည့္ က်န္းတာ့ေတ်ာင္းမွာ လန႔္သြားကာ အျမန္ ေခ်ာ့ေတာ့သည္။
"ဒီကိစၥအမ်ားစုက အမွန္မွမဟုတ္တာ၊ အေဖ အဲလိုမ်ိဳးကိစၥလုပ္မယ္လို႔ ကိုယ္ေတာ့မထင္..."

"က်န္းခ်န္ေဖး" ေက်ာင္းခ်ီ ၾကားျဖတ္ေျပာကာ ဓားႏွင့္ခက္ရင္းကိုခ်ၿပီး သူ႕ကိုၾကည့္လိုက္သည္။
"ခင္ဗ်ားကိုေမးစရာရွိတယ္၊ အမွန္တိုင္းေျဖေနာ္"

"ဘာ.. ဘာကို" သူ႕ခ်စ္ဇနီးေလး တည္ေနသည္ကိုျမင္ေတာ့ က်န္းခ်န္ေဖး ဂလုခနဲ တံေတြးမ်ိဳခ်မိလိုက္သည္။

"ငါ့ပထမဆုံးအႀကိမ္က ခင္ဗ်ားအတြက္ မဟုတ္ခဲ့လို႔ ႏွစ္ေတြအၾကာႀကီး စိတ္ခုေနခဲ့တာလား"
အဲေတာ့ သူတို႔ ဒီႏွစ္ေတြမွာ အိပ္ခဲ့တဲ့အခ်ိန္ သူဘာေတြေတြးေနခဲ့တာလဲ။ ဒီေလာက္ေတာင္ ဂ႐ုစိုက္တယ္ဆိုရင္ ဟိုးအရင္ကတည္းက ဘာလို႔ထုတ္မေျပာခဲ့ရတာလဲ။

"ဟမ္" ဒီေမးခြန္းက သိသိသာသာကို က်န္းတာ့ေတ်ာင္း ခန႔္မွန္းခ်က္ႏွင့္ လုံးဝကို လြဲေနသည္။ သူ ခဏတာ ေၾကာင္အမ္းသြားခဲ့၏။ သူ႕ခ်စ္ဇနီးေလးမ်က္ဝန္းမ်ား နီရဲေနသည္ကိုျမင္ေတာ့ အေျခအေနက ဘယ္ေလာက္ျပင္းထန္လဲ နားလည္သြားကာ အျမန္ ရွင္းျပလိုက္သည္။
"ဟင့္အင္း၊ အဲဒါ ဇာတ္ၫႊန္းေရးထားတဲ့ပုံပါ၊ 'ရႉးဂါးဒယ္ဒီက လူပ်ိဳေလးတစ္ေယာက္ကို ေခၚထားၿပီး ဆယ့္ရွစ္ႏွစ္ျပည့္မွာကို ေစာင့္‌ဆိုင္းေနတယ္' ဆိုတာမ်ိဳး၊ မင္းက နည္းနည္းျပန္ျပင္ေရးလိုက္ေတာ့ အဲလိုမ်ိဳးျဖစ္သြားခဲ့တာပါ"

"မွန္မမွန္ပဲ ေျပာစမ္းပါ"

"လုံးဝမဟုတ္ဘူးေပါ့! ေပါင္ေပ့ရဲ႕ ပထမဆုံးအႀကိမ္ ဟုတ္မဟုတ္ ကိုယ္မသိဘဲေနမလား၊ ကိုယ္..."

႐ုတ္တရက္ မေျပာသင့္သည္ကို ေျပာမိမွန္း နားလည္သြား၍ ဥကၠဌလူႀကီးမွာ ပါးစပ္ကို လက္ျဖင့္အုပ္ကာ တစ္ဖက္သို႔ ေၾကာက္ေၾကာက္လန႔္လန႔္ေ႐ႊ႕သြားေတာ့သည္။

သို႔ေသာ္ျငား ေက်ာင္းခ်ီကေတာ့ သေဘာေပါက္သြားေခ်ၿပီ။ ဒီလူ ထိုအခ်ိန္တုန္းက သိၿပီးသားျဖစ္ေသာ္ျငား သူ႕ကို မရွက္ေစခ်င္ခဲ့ေပ။ တစ္ခ်ိန္လုံး သူ႕အား ႀကိတ္ၿပီး ရယ္ေနခဲ့ျခင္း ျဖစ္ေလာက္မည္။

"..." ေက်ာင္းခ်ီ ႐ုတ္တရက္ မေန႕ညက ဝမ္းနည္းေနမိခဲ့၍ တုံးအလွသည္ဟု ေတြးမိသည္။

က်န္းတာ့ေတ်ာင္းသာ တကယ္စိတ္ထဲထားလွ်င္ သူ သတိထားမိခဲ့ေလာက္သည္။

"ခင္ဗ်ား... ဘယ္လိုသိသြားတာလဲ"

က်န္းခ်န္ေဖး ေခါင္းငုံ႕ထားရင္း အေျဖမွန္ႏွစ္ခုၾကားခ်ိန္ဆေနမိသည္။ သက္ရွိသတၱဝါတစ္‌ေကာင္၏ အလိုအေလ်ာက္အသိစိတ္ေပၚ အေျခခံကာ အေထာင္းခံရနိုင္ေခ် နည္းသည့္တစ္ခုကို ေ႐ြးလိုက္၏။

"တကယ္ေတာ့ ေပါင္ေပ့က တစ္ခ်ိန္လုံးလႈပ္ေနခဲ့တာေလ၊ ကိုယ္တိုင္ေတာ့ သတိမထားမိေလာက္ဘူး၊ နာလို႔ ငိုၿပီး ကိုယ့္ကိုထုတ္ေပးဖို႔ ေတာင္းပန္ေနခဲ့တာ... ဟဲဟဲ ေပါင္ေပ့ကေတာ့ မမွတ္မိေလာက္ဘူး၊ အေတြ႕အႀကဳံရွိတဲ့ပုံ သ႐ုပ္ေဆာင္ေနတယ္လို႔ေတြးေနခဲ့တာကိုး... အာ့!"

"ပါးစပ္ကို သုတ္လိုက္ဦး!" ေက်ာင္းခ်ီ သူ႕မ်က္ႏွာထံ တစ္ရႉးပစ္ေပါက္လိုက္ကာ မ်က္ႏွာ တျဖည္းျဖည္း နီရဲတက္လာေတာ့၏။

"ဟဲဟဲဟဲ..." က်န္းခ်န္ေဖးမွာ မ်က္ႏွာမွ တစ္ရႉးကိုဖယ္ကာ ရွိပင္မရွိသည့္ သြားရည္ကို လိမ္လိမ္မာမာ သုတ္လိုက္သည္။ သူ ဒီတန္ဖိုးႀကီးေဂၚဖီထုပ္ေလးကို အထက္တန္းေက်ာင္းတည္းက မ်က္စိက်ခဲ့ရာ တျခားသူ ေက်ာင္းခ်ီအားရသြားမည္ကို အဘယ္မွာ ခြင့္ျပဳနိုင္မည္နည္း။ တစ္ေယာက္ေယာက္ ျမည္းစမ္းၾကည့္ဖူးလွ်င္ေတာင္ ထိုဝက္ကိုသာ ေဒါသထြက္မည္ျဖစ္ကာ သူ႕တန္ဖိုးႀကီးေဂၚဖီထုပ္ေလးကေတာ့ သူ႕တန္ဖိုးႀကီးရတနာေလးပဲ ျဖစ္ေနဦးမည္။

ေက်ာင္းခ်ီ စကားဆက္မေျပာခ်င္၍ အျမန္ စားေသာက္လိုက္သည္။ သူ ပန္းကန္လုံးကို ခ်ခ်ခ်င္း သူ႕အေဖထံမွ ဖုန္းဝင္လာ၏။

"မင္းတို႔ႏွစ္ေယာက္ ျပန္လာခဲ့၊ ခ်က္ခ်င္းေနာ္၊ ခုခ်က္ခ်င္းဆို ခုခ်က္ခ်င္းပဲ!"

သူ႕အေမကလည္း ဝင္ေျပာလာ၏။
"ရွင္ ကေလးေတြကို ဘာလုပ္ဖို႔ ျပန္ေခၚေနတာလဲ၊ ကိုယ့္ဘာသာ ျပန္မျပင္နိုင္ဘူးလား"

"ထားထားလိုက္၊ ကိုယ္အျပစ္ကင္းတယ္ဆိုတာ သက္ေသျပဖို႔လိုတယ္!"

"ကြၽတ္ ကြၽတ္ ကြၽတ္..." ဖုန္းက ခ်က္ခ်င္း ခ်သြား၏။ ေက်ာင္းခ်ီ မ်က္လုံးမွိတ္တုတ္မွိတ္တုတ္ျဖစ္သြားကာ သူ႕ေလာင္ကုန္းကို ၾကည့္လိုက္သည္။

"သြားၾကရေအာင္" က်န္းခ်န္ေဖး မတ္တပ္ထရပ္ကာ ကုတ္အကၤ်ီယူလိုက္သည္။ သူနိုးလာခဲ့သည္ကို အေတာ္ေလးဝမ္းသာမိ၏။ မစၥတာရႉးဂါးဒယ္ဒီသာ ျဖစ္ေနေသးလွ်င္... မေတြးနဲ႕ေတာ့၊ ဇာတ္ကြက္အမ်ိဳးမ်ိဳးႏွင့္ ႐ူးခ်င္စရာေကာင္းသြားလိမ့္မည္။ အေတြးကို ရပ္လိုက္သည္က ပိုေကာင္း၏။

အိမ္သို႔လမ္းတြင္ က်န္းခ်န္ေဖးက ကားေမာင္းၿပီး ေက်ာင္းခ်ီက ခရီးသည္ခုံတြင္ ထိုင္ကာ သူ႕လူမ်ားကို တာဝန္ခြဲေပးေနသည္။

ရွာေဖြသည့္ေခါင္းစဥ္မ်ားကို ျဖဳတ္ခ်ရန္ ပိုက္ဆံသုံးၿပီး မိန္းကေလးထ်န္းအား ေျပာသင့္သည့္အရာကို မွာလိုက္ကာ ပထမဆုံး ထုတ္ျပန္သည့္ မီဒီယာေအဂ်င္စီအား တရားစြဲရန္ အခ်က္အလက္စုေဆာင္းၾကေတာ့သည္။ ေက်ာင္းယန္ အိမ္ၿခံေျမထံလည္း ဖုန္းဆက္လိုက္၏။
"ဘာထုတ္ျပန္ခ်က္မွ လုပ္ဖို႔မလိုဘူး၊ အစီအစဥ္ရွိၿပီဆိုရင္ အသိေပးလိုက္မယ္၊ အဲအခ်ိန္ထိ ဘယ္ဝန္ထမ္းမွ ဒီကိစၥနဲ႕ပတ္သတ္တဲ့ ဘယ္ဟာကိုမဆို ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေျပာခြင့္မရွိဘူး"

ေက်ာင္းယန္အိမ္ၿခံေျမသည္ ေရွးဆန္သည့္ အိမ္ၿခံေျမကုမၸဏီျဖစ္ရာ အႏုပညာအသိုင္းအဝိုင္းမွ ေကာလဟာလမ်ားကို ရွင္းလင္းနိုင္စြမ္းမရွိေခ်။ သူတို႔ တိတ္တိတ္ေနရန္ လိုအပ္၏။

ကိစၥအားလုံးၿပီးေနာက္ ေက်ာင္းခ်ီ တစ္စုံတစ္ေယာက္က သူ႕ကို ခိုးၾကည့္ေနမွန္း သတိထားမိသြားခဲ့သည္။
"ဘာေတြၾကည့္ေနတာလဲ"

"‌သိပ္ေခ်ာတဲ့ေပါင္ေပ့ကို ၾကည့္ေနတာေလ" သူက ရိုးသားမႈအျပည့္ျဖင့္ ခိုင္မာစြာ ေျပာခ်လာသည္။

"..." ေက်ာင္းခ်ီ တစ္ခဏတာ ဆြံ႕အသြားခဲ့သည္။ သူမရယ္ဘဲ မေနနိုင္ေတာ့ေခ်။ ခႏၶာကိုယ္ကို ေျဖေလွ်ာ့ကာ ခုံကိုမွီလိုက္၏။
"ငါ့အေဖက တကယ္ပဲေဖာက္ျပန္ခဲ့တယ္လို႔ ထင္လား"

"ကိုယ္ေတာ့မထင္ဘူး" က်န္းခ်န္ေဖး ေခါင္းခါလိုက္သည္။

"ငါေရာပဲ" ေလွကားတက္လွ်င္ အမ်ိဳးသမီးတစ္ေယာက္ စကတ္ေအာက္ကို မေတာ္တဆျမင္မည္ဆိုး၍ ဘယ္ေတာ့မွ အမ်ိဳးသမီးတစ္ေယာက္ေနာက္ကေနမတတ္၊ အစည္းအေဝးခန္းထဲတြင္ မိန္းကေလးတစ္ဦးတည္းရွိေနသည္ကိုျမင္လွ်င္ ခ်က္ခ်င္းထြက္သြားတတ္သည့္ သူ႕အေဖလို ေရွးရိုးစြဲအဘိုးႀကီးတစ္ေယာက္က ထိုမွ်ငယ္႐ြယ္သည့္ ကေလးမတစ္ေယာက္ကို ခ်ိန္းေတြ႕နိုင္မည္လဲ။

မစၥတာေက်ာင္းလည္း ထိုနည္းတူေျပာေခ်သည္။

"ငါေက်ာင္းက်ိဳ႕ရန္က ရိုးသားၿပီး ‌ေလးစားသမႈရွိတဲ့သူ၊ သစၥာပ်က္တဲ့အရာတစ္ခုမွ လုံးဝမလုပ္ဖူးဘူး!"
ႏွစ္ေယာက္သား တံခါးကေန ဝင္ဝင္ခ်င္း ဧည့္ခန္းကေန သူတို႔အေဖ ေအာ္သံကိုၾကားလိုက္ရသည္။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ၊ ကြၽန္မ ရွင့္ကို ဆူမိလို႔လား၊ ရႉး ‌ပါးစပ္ေပါက္ပိတ္ေတာ့၊ ထ်န္းခ်န္း ဖုန္းဆက္လာတယ္"
မစၥေက်ာင္းက အဘိုးႀကီးကိုတြန္းထုတ္ကာ ဖုန္းကိုင္ဂန္ အျပင္ထြက္လာသည္။ သူမေကာင္ေလးႏွစ္ေယာက္ကိုျမင္ေတာ့ လက္ယမ္းျပကာ အဘိုးႀကီးေနာက္တစ္ႀကိမ္ ထပ္ေအာ္ဟစ္မည္ျဖစ္၍ အထဲသို႔ဝင္မသြားေသးသင့္ေၾကာင္း အမူအရာျပလိုက္သည္။

"မစၥစ္ေရွာင္၊ အစ္မသိမွာပါ၊ ညီမမွာက ႀကိတ္ပုန္း ရည္းစားရွိပါတယ္၊ သူက အဲေန႕တုန္းက ညီမဆီလာလည္ၿပီး အဲဟိုတယ္မွာ ခ်ိန္းေတြ႕ခဲ့ၾကတာပါ၊ ေနာက္ေတာ့ မစၥတာေက်ာင္းနဲ႕ တိုက္မိၿပီး ႏႈတ္ဆက္စကာစေျပာခဲ့တယ္၊ အဲဒါကအမွန္ပါ၊ အဟင့္..." ထ်န္းခ်န္းမွာ မစၥစ္ေက်ာင္းဖုန္းကိုင္ကိုင္ခ်င္း ငိုေတာ့သည္။ သူမက အသက္ရႉရပ္မတတ္ညငိုေနေလ၏။

တိုက္ဆိုင္မႈတစ္ခုသက္သက္ပင္။ မစၥတာေက်ာင္းသည္ အိမ္ၿခံေျမေအးဂ်င့္မ်ားၾကားက ေတြ႕ဆုံပြဲတစ္ခုအတြက္ ဟိုတယ္ဆီ လာခဲ့ၿပီး ၿမိဳ႕လယ္ေခါင္က ေျမကြက္အတြက္ ေဆြးေႏြးျခင္းျဖစ္သည္။ တခ်ိဳ႕က စီးပြားေရးလမ္းအျဖစ္ အသြင္ေျပာင္းရန္ အတူတူ ဖြံ႕ၿဖိဳးေအာင္ လုပ္ခ်င္သည္။ သူတို႔ၿပိဳင္ဘက္မ်ားကို ေရွာင္ကာ သီးသန႔္ေဆြးေႏြးခ်င္သည့္အတြက္ သံသယျဖစ္ဖြယ္ေကာင္းခဲ့ျခင္းပင္။ ထ်န္းခ်န္းကေတာ့ သူမတိတ္တိတ္ပုန္းရည္းစားႏွင့္ သြားေတြ႕ကာ မေတာ္တဆ တံခါး၌ ဆုံမိခဲ့ျခင္းျဖစ္သည္။

"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ လိမၼာတယ္၊ ေသခ်ာေပါက္ ငါသိတာေပါ့၊ ငါ့ခင္ပြန္းက အဲလိုလူမွမဟုတ္တာ၊ သူေဖာက္ျပန္ရင္ေတာင္ သူ႕သားထက္ငယ္တဲ့ ကေလးမကိုေတာ့ ဘယ္ေတာ့မွ ထိမွာမဟုတ္ဘူး၊ မငိုနဲ႕ေတာ့၊ မစၥတာေက်ာင္းက ဘာျဖစ္ခဲ့သလဲ ရွင္းေပးလိမ့္မယ္၊ မင္း ေလာေလာဆယ္ ဘာမွမေျပာနဲ႕ဦး၊ ခုလက္ရွိရည္းစားရွိတယ္ ဝန္ခံလိုက္ရင္ အနာဂတ္အလုပ္အကိုင္တက္လမ္းအတြက္ ေကာင္းမွာမဟုတ္ဘူး"

ေရွာင္ယီက ကေလးမကို ညင္သာစြာ ေခ်ာ့ေနေသာ္ျငား ကေလးမကေတာ့ ပိုငိုကာ ေက်းဇူးတင္စကားထပ္တလဲလဲေျပာေနေခ်သည္။

ဖုန္းခ်ၿပီးေနာက္ မစၥစ္ေက်ာင္းက သူတို႔ကို အခ်က္ျပလိုက္ၿပီး ‌ခပ္တည္တည္ျဖင့္ အိမ္ထဲ ဝင္လာခဲ့ၾကေတာ့သည္။

"အေဖ စိတ္ေအးေအးထားပါ၊ အေဖက ရိုးသားတာပဲကို၊ ေၾကာက္စရာမလိုဘူး၊ ရွင္းလင္းခ်က္တစ္ခုလုပ္ဖို႔ပဲလိုတာ"
က်န္းခ်န္ေဖးမွာ ႐ုတ္တရက္ ဒါက ေယာကၡထီးကိုစိတ္ေက်နပ္ေအာင္ လုပ္လို႔ရမည့္ အခြင့္ေကာင္းမွန္း သေဘာေပါက္သြားခဲ့သည္။ သူ လိမ္လိမ္မာမာ ျပဳမူ‌သေ႐ြ႕ သူ႕ေယာကၡထီးကို "ညီအစ္ကိုေကာင္း" ကိစၥ ေမ့သြားေအာင္ လုပ္နိုင္ေလာက္မည္။

"ငါဘယ္လိုလုပ္ရမလဲ" မစၥတာေက်ာင္း သူ႕တုတ္ေကာက္ကို ဆုပ္ကိုင္ကာ ၾကမ္းျပင္ေပၚ ေျခေဆာင့္လိုက္သည္။
"ဘယ္သူလုပ္လဲရွာေတြ႕လို႔ကေတာ့ အားလုံးဆုံးရႈံးသြားတဲ့အထိ တရားစြဲပစ္မယ္!"

"သတင္းစာရွင္းလင္းပြဲ လုပ္ၾကတာေပါ့၊ တိုက္ရိုက္ အြန္လိုင္းကေန လႊင့္လိုက္မယ္ေလ၊ အေဖ့ဆီမွာ အစည္းအေဝးတက္ခဲ့တဲ့သူေတြနဲ႕ အုပ္စုဓာတ္ပုံရွိလား၊ အဲဒါကို သုံးလိုက္ေပါ့"
က်န္းခ်န္ေဖးက သူ႕ခ်စ္ဇနီးေလးကို ၾကည့္လိုက္သည္။

ေက်ာင္းခ်ီ ေခါင္းညိတ္ကာ သူ႕အေဖအား အစီအစဥ္ေျပာျပလိုက္သည္။ ဒီလိုမ်ိဳး ေကာလဟာလက ကုမၸဏီရွယ္ယာေဈးကို မသက္ေရာက္ေစေသာ္ျငား ပုံရိပ္ကိုေတာ့ ထိခိုက္ေစနိုင္သည္။
"ပါ့ေက်ာင္းဆီသြားၿပီး ဗီဒီယိုရိုက္လိုက္၊ ကြၽန္ေတာ္တို႔ ည၈နာရီက် လႊင့္ၿပီး လူတိုင္းကိုျပၾကမယ္"

မစၥတာေက်ာင္းမွာ မလုပ္ခ်င္ေပ။ သူ႕ဘဝတစ္ေလွ်ာက္လုံးနီးပါး နာမည္ေကာင္းရွိခဲ့၍ ဒရမ္မာကိုဆက္ခြင့္မျပဳနိုင္ေပ။ သူ ခ်က္ခ်င္း ရွင္းခ်င္၏။
"တိုက္ရိုက္ထုတ္လႊင့္ဖို႔ ခ်န္နယ္ျပင္လိုက္၊ ငါတိုက္ရိုက္ေျပာမယ္"

ထို႔ေၾကာင့္ ေန႕လယ္ ၁၂နာရီတြင္ ပါ့ေက်ာင္းတိုက္ရိုက္ထုတ္လႊင့္မႈ စတူဒီယိုတစ္ခု၌ တည္ၾကည္ေလးနက္ေနေသာ ေက်ာင္းက်ိဳ႕ရန္ႏွင့္ ပါ့ေက်ာင္း၏ ထိပ္တန္းေဖ်ာ္ေျဖေရးအစီအစဥ္မႉးမွာ အတူတူ ထိုင္ေနၾကသည္။ အင္တာနက္ေပၚတြင္ နာမည္ႀကီးသြားခဲ့ေသာ ဗီဒီယိုကို စခရင္ႀကီး၌ ျပသထားသည္။

"အားလုံးပဲ မဂၤလာပါ၊ ကြၽန္ေတာ္တို႔ ခ်န္နယ္ကေနႀကိဳဆိုပါတယ္၊ ဒီေန႕ေတာ့ အထူးဧည့္သည္ရွိတယ္ဗ်..."
အစီအစဥ္မႉးက အားလုံးကို ရွင္းျပကာ မစၥတာေက်ာင္းဆီ မိုက္လႊဲေပးလိုက္သည္ာ

လူတိုင္း ခုလက္ရွိ ထိုအေၾကာင္းကို အတင္းအဖ်င္းေျပာေနက်ရာ ခ်န္နယ္ဖြင့္ဖြင့္ခ်င္း လူသန္းခ်ီ ဝင္လာၿပီး မ်ားသထက္မ်ားလာသည္။

ေက်ာင္းက်ိဳ႕ရန္က တရားမွ်တမႈအတြက္ ေဒါသျဖင့္ေျပာလိုက္သည္။
"ေကာလဟာလေတြပါ! က်ဳပ္ အဲေန႕တုန္းက အစည္းအေဝးအတြက္ ေရာက္ေနခဲ့တာ၊ မဟုတ္‌တာေတြ ေျပာေနတာ ရပ္ၾကပါေတာ့!"

သူ စကားေျပာေနရင္း ဒါရိုက္တာအား ထ်န္းခ်န္း၏ တရားဝင္ဓာတ္ပုံတစ္ပုံကို ျပခိုင္းလိုက္သည္။ ႏွင္းစက္ေလးမ်ားတင္ေနေသာ ပန္းေလးတစ္ပြင့္ကဲ့သို႔ ႏူးညံ့သည့္ ကေလးမသည္ မ်က္ႏွာထားမာေၾကာၿပီး ရိုးရာဝတ္စုံဝတ္ထားသည့္ မစၥတာေက်ာင္းႏွင့္ လုံးဝကို ကြဲျပားေသာ နယ္ပယ္မွ ေရာက္လာခဲ့သလိုပင္။

မစၥတာေက်ာင္းမတ္တပ္ရပ္ကာ စခရင္ေပၚမွ မိန္းကေလးကို လက္ညွိုးထိုးၿပီး တရားဝင္သတင္းတင္ဆက္သူ အသုံးျပဳေလ့ရွိသည့္ ေလသံျဖင့္ ေျပာေတာ့သည္။
"က်ဳပ္ ေက်ာင္းက်ိဳ႕ရန္က ရဲေဘာ္ရဲဘက္အမ်ိဳးသမီးထ်န္းနဲ႕ ဆက္ဆံေရးလုံးဝမရွိေၾကာင္း ထြက္ဆိုဖို႔ ဒီကိုေရာက္ေနျခင္းပါ!"

Continue Reading

You'll Also Like

1.1M 25.9K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
547K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
366K 14.7K 46
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။