My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

1.9K 449 29
By Mine-Edge

[Unicode]

ကျန်းချန်ဖေး တည်ငြိမ်စွာဖြင့် သူ့အရုပ်လေးကို ထိုနှာဘူးအိုကြီးများ ဝိုင်းနေသည်အား ကြည့်ကာ သွေးပျက်၊ မျက်ရည်များဝိုင်း၊ သူ့ရှူးဂါးဒယ်ဒီကို ရှာမည်အား စောင့်နေခဲ့သည်။ သို့သော်ငြား သူ့ကိုကြည့်လေ ထူးဆန်းသည်ဟု ခံစားရလေဖြစ်ကာ မျက်နှာပေါ်မှအပြုံးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ကောင်လေးသည် လုံးဝကြောက်လန့်ပုံမပေါ်ဘဲ ကလူ၏မြူ၏ ကြည့်လာသေးသည်။ သေစမ်း... သူသိခဲ့သည်။ လူကုံထံမိသားစုမှ ကျဆင်းလာသော သခင်လေးသည် ဘယ်တော့မှ သစ္စာရှိမည်မဟုတ်ချေ။ ရှူးဂါးဒယ်ဒီအသစ် ရှာနေခြင်းဖြစ်လောက်မည်!

"မစ္စတာကျောင်း ခင်ဗျားကို ဒီမှာတွေ့ရတာ အံ့ဩစရာကောင်းလိုင်တာ!"

"မသောက်ပါနဲ့ဦး၊ ဒီကဝိုင်က သာမန်ဆန်လွန်းတယ်၊ ကျွန်တော် Lafite တစ်ပုလင်းယူလာခဲ့တယ်၊ စမ်းသောက်ကြည့်ချင်လား မစ္စတာကျောင်း"

"မစ္စတာကျောင်း ကျွန်တော် ဟာသစီးရီးတစ်ခု ‌ရိုက်နေတာ၊ အရမ်းရယ်ရတယ်၊ ကျွန်တော် ခင်ဗျားကြည့်ဖို့ ကော်ပီပို့ပေးလို့ရမလား"

အပျော်အပါးရှာရန် ရောက်လာသည့် ပရိုဂျူဆာနှင့်ဒါရိုက်တာများမှာ ကျောင်းချီကိုမြင်ချိန် သူတို့ဘေးက မိန်းမငယ်လေးများ၊ ကောင်လေးများကို ဖယ်ထုတ်ကုန်ကြတော့သည်။ သူတို့ နာမည်ကြီးပလတ်ဖောင်း၏ ဥက္ကဌာနားစုဝေးကာ မျက်နှာချိုသွေးရန် ကြိုးစားနေကြ၏။ သူတို့ ဆူညံလွန်း၍ ကျောင်းချီ ခေါင်းပင်ကိုက်ခဲလာသည်။ ကျန်း‌တာ့တျောင်း ဖူမေ့နန်နှင့်အတူ သူ့ဆီ လျှောက်လာသည်ကိုမြင်သော်ငြား မထဘဲ မျက်နှာသေဖြင့်သာ ကြည့်နေခဲ့သည်။

"အိုး မစ္စတာကျောင်း နောက်ဆုံးတော့ ဒီကိုရောက်လာခဲ့တာပဲ၊ ကျွန်တော့်ရဲ့ နိမ့်ကျတဲ့နေရာက ခင်ဗျားတက်ရောက်မှုကြောင့် ဂုဏ်ယူရပါတယ်!"
မစ္စတာဖူမှာ ကိုရီးယားတွင် ကြီးပြင်းလာ၍ ပုံမှန်ပြောဆိုဆက်ဆံရာတွင် ပြဿနာမရှိသော်ငြား ဒေသိယစကားသုံးရလျှင်တော့ သူ့စကားများသည် အမြဲ အနည်းငယ်တော့ ‌ကြောင်‌တောင်တောင်နိုင်သွားတတ်သည်။

"ဟိုင်း မစ္စတာဖူ" ဖူမေ့နန်ထိုင်ချချိန် ကျောင်းချီ ခွက်ချင်းတိုက်လိုက်သည်။

ဖူမေ့နန်မှာ သူ့ဖန်ခွက်ထဲက ဝိုင်အကုန်နီးပါး သောက်လိုက်သည့်တိုင် သူမော့ကြည့်ပြီး ကျောင်းချီ လုံးဝ မသောက်သည်ကိုမြင်လိုက်ရ၏။ သူ စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းတော့သည်။
"ဒါ ကျွန်တော် တကူးတက စုဆောင်းထားတဲ့ဝိုင်ပါ၊ ကျန်းမာရေးအတွက် ထူးခြားတဲ့ အာနိသင်တွေရှိတယ်၊ ခင်ဗျား သောက်သင့်တယ်နော်"

"ကျွန်တော် ဒီကိုကားမောင်းလာခဲ့တာမို့ သောက်လို့မရဘူး"
ကျောင်းချီ မဆိုစလောက် တစ်ငုံမော့လိုက်သော်ငြား ဆက်မသောက်ပေ။

"ကျွန်တော် လက်သင့်မခံနိုင်ဘူးနော်၊ အဲကိုကြည့်ကြည့်လေ၊ သူတို့ ခင်ဗျားအတွက် မောင်းပေးလို့ရ‌တယ်၊ သောက်သာသောက်ပါ၊ မစ္စတာကျောင်း ဒီလိုမျိုး ထိန်းနေရင် ကျွန်တော့်ကို လေးစားသမှုပြနေတာပဲနော်"
တရုတ်ပြည်တွင် နှစ်အချို့အလုပ်လုပ်ပြီးနောက် ဖူမေ့နန်မှာ တခြားဘာမှမသင်ယူခဲ့သော်ငြား လူများကို အရက်သောက်ရန် မည်သို့ဆွယ်ရမလဲ ကျွမ်းကျင်နေလေပြီ။

ကျောင်းချီ အနည်းငယ် မျက်မှောင်ကြုတ်မိကာ အနေရခက်နေသည့်ပုံပေါ်သွားသည်။ သူ့အစာအိမ်က အားနည်း၍ ဝိုင်နီဆိုလျှင်တောင် အရသာမြည်းကြည့်ရုံသာ တတ်နိုင်၏။ ဒီဝိုင်က ဆေးဖက်ဝင်‌ဖြစ်၍ အရသာက စပ်ကာပြင်းလှသည်။ ထို့ကြောင့် သူလုံးဝမသောက်နိုင်ပေ။

"ဟေး ကျွန်တော် မစ္စတာကျောင်းအတွက် သောက်ပေးပါ့မယ်" သူ့ဘေးရှိ ပရိုဂျူဆာက လက်ကမ်းလာခဲ့သည်။
 
ဖူမေ့နန်မှာ သူမှားသွားကြောင်း နားလည်ပြီး အခြေအနေကို ပြေလည်စေရန် အလျင်အမြန် ကြိုးစားလိုက်သည်။
"သေ‌ချာပေါက်ပေါ့၊ ခင်ဗျား မစ္စတာကျောင်းအတွက် သောက်လို့ရ..."

သူ စကားမဆုံးလိုက်သော်ငြား ကျန်းချန်ဖေးက ဖန်ခွက်ကို ဆွဲယူကာ အကုန်သောက်ချလိုက်သည်။ ဒီလူများက သူ့အရုပ်လေး အရက်သောက်ရန် တမင်သက်သက် လုပ်နေကျကြောင်း မစ္စတာရှူးဂါးဒယ်ဒီ မြင်သွားခဲ့သည်။ သူတဖြည်းဖြည်း ဒေါသထွက်လာခဲ့ပြီး ဒေါသထိန်းရန် ကြိုးစားကာ အသံခပ်နက်နက်ဖြင့် စကားပြောလိုက်သည်။
"သူက အသက်မပြည့်သေးဘူး၊ အရက်သောက်လို့မရဘူး"

"အသက်... အသက်မပြည့်သေးဘူး?"
မစ္စတာဖူသည် ရင့်ကျက်နေသော မစ္စတာကျောင်းကိုကြည့်ရင်း ပါးစပ်ထဲရှိဝိုင်က ချက်ချင်း နှာခေါင်းထဲ တက်သွားခဲ့လေသည်။ သူ သီးသွားကာ မျက်ရည်ကျလုနီးပါးဖြစ်သွားသည်။
"အဟွတ် အဟွတ် ဟားဟားဟား မစ္စတာကျန်း ခင်ဗျားက ဟာသဉာဏ်ရွှင်တယ်နော်"

စုံတွဲက ကတောက်ကဆများရှိနေခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ သူတို့ ယခုဝင်ပါလျှင် ရွှံ့ဗွက်ထဲ တူတူဆွဲခေါ်ခံရလိမ့်မည်။ ဖူမေ့နန် တခြားသူများကို မျက်စပစ်ပြလိုက်၍ ချင်းချင်း နှုတ်ဆက်ကာ အလျှိုလျှိုထွက်သွားပြီး စုံတွဲအတွက် နေရာဖယ်ပေးခဲ့ကြသည်။

ရေကူးဝတ်စုံနှင့် အနုပညာရှင်ငယ်ငယ်လေးတစ်ယောက်က ကျောင်းချီကိုမှတ်မိသွားပြီး ဟန်နှင့်ပန်နှင့်လျှောက်ကာ ဝင်ရောချင်သော်ငြား မစ္စတာဖူ ဆွဲထားလိုက်သည်။
"သူတို့နှစ်ယောက်လုံး ဒီမှာရောက်နေတာမမြင်ဘူးလား၊ ငါ့ကိုပြဿနာမရှာစမ်းနဲ့"

သီချင်းသံရုတ်တရက်ပြောင်းလဲသွားကာ ရေကူးကန်အလယ်တွင် ရှိုးတစ်ခု စတင်လာာယ၏။ သက်တော်စောင့်များ ရောက်လာပြီး တစ်ခုတည်းသော မှန်ထွက်ပေါက်တံခါးရှေ့တွင် ရပ်နေခဲ့သည်။ သူတို့ ဓာတ်လှေကားအထိ တစ်လျှောက် နေရာကိုယ်သီယူလိုက်ကြ၏။ ကျောင်းချီ သူတို့ကိုကြည့်ပြီး ရဲများရောက်လာတတ်သော လူကြီးရှိုးမျိုး ကျင်းပမည်မှန်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။

ဒီရှိုးက အဆာပြေမုန့်သာဖြစ်သည်။ ဒါပြီးလျှင် တံခါးအားလုံးကိုသော့ခတ်ထားရသော ညသန်းခေါင်ရှိုးကျင်းပမည်ဖြစ်၏။

ကျောင်းကျို့ရန်သည် စီးပွားရေးလုပ်ရာတွင် ခေတ်ရှေ့ပြေးခဲ့သည်။ သူ ငယ်စဉ်တည်းက စီးပွားရေးစတင်လုပ်ကိုင်ရမည်ဟု သိခဲ့သော်ငြား ၁၈ရာစုခေတ်တွင်ရှိနေသေးသကဲ့သို့ အချို့နေရာများတွင် ရှေးရိုးစွဲဖြစ်၏။ ကျောင်းချီမှာ သူ့အဖေကဲ့သို့မဟုတ်သည့်တိုင် ဂုဏ်သတင်းကိုမဖျက်ဆီးချင်၍ ထိုနေရာတွင် ဆက်မနေချင်တော့ချေ။

"အိမ်ပြန်ရအောင်" ကျောင်းချီ ကျန်းချန်ဖေးလက်ကိုကိုင်ကာ ထရန်တိုက်တွန်းလိုက်သည်။

"ဘာလဲ၊ အခုတော့ကြောက်နေပြီလား"
မစ္စတာရှူးဂါးဒယ်ဒီ မလှုပ်ပေ။ ထိုအစား လူကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး မေးစေ့ကိုကိုင်ကာ ရေကန်ထဲမှရှိုးကို ကြည့်စေလိုက်သည်။သူ ညင်ညင်သာသာ ရယ်မောလိုက်၏။
"ဟမ် စောင့်ကြည့်နေ"

ကျောင်းချီ ကျန်းချန်ဖေးလက်ကို ရိုက်ထုတ်ကာ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ခင်ဗျားကို ဘာကစောင့်နေလဲ သိတယ်ပေါ့"

"မင်းခန့်မှန်းလို့မရနိုင်တဲ့အရာအားလုံးပေါ့" ကျန်းချန်ဖေး ခန္ဓာကိုယ်ကို ဖြေလျှော့ကာ ဆိုဖာပေါ်မှီနေ၏။ သူ့ရင်ခွင်ထဲရှိလူကို မဆိုစလောက် ပင့်တင်လိုက်ပြီး နားရွက်လေးကို ကိုက်ကာ ခပ်တိုးတိုးခြိမ်းခြောက်လိုက်သည်။
"အနောက်တိုင်းဝတ်စုံတွေနဲ့ အဲလူတွေကိုတွေ့လား၊ ညသန်းခေါင်ကျရင် ဆက်ဆံဖို့ဆာလောင်နေပြီး မလိမ္မာတဲ့ကောင်လေးတွေကို စားသောက်မဲ့ မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲသွားမှာ၊ ငါမင်းကို သူတို့ထဲ ပစ်ထည့်လိုက်ရင် မင်းဘာဖြစ်သွားမယ်ထင်လဲ"

"လုပ်ကြည့်လေ" ရေခန်းထဲရှိရှိုးသည် ဆန်းပြန်းသထက်ဆန်းပြားလာသည်။ ကျောင်းချီ မျက်လုံးများကန်းတော့မည်ဟုပင် ခံစားရကာ အတင်းပြန်ခိုင်းရန် အဆင်သင့်ပြင်လိုက်သည်။

"အော် မင်းကစောင့်စားနေတာလား"
ကျန်းချန်ဖေး စကားဆုံးကာစရှိသေး ကောင်လေးကို မကြောက်လန့်စေမှန်း မြင်ပြီးနောက် ‌တရှူးရှူးတရှဲရှဲဖြစ်သွားခဲ့သည်။ ကျောင်းချီစိတ်ထဲမထားသည်ကိုတွေးမိတော့ သူမနှစ်မြို့စရာ ပြောလိုက်သည်။
"ဟုတ်သားပဲ၊ မင်းလို အသက်ငယ်လွန်း‌ပေမဲ့ တခြားသူတွေနဲ့ အိပ်ဖူးပြီးသား ကောင်လေးတစ်ယောက်အတွက်ကတော့ စိတ်ထဲဘယ်ထည့်ပါ့မလဲ"

ကျောင်းချီ မတ်တပ်ထရပ်လိုက်သည်။ သူ့ကိုယ်သူ ကျန်းတာ့တျောင်းအား ပြန်မိတ်ဆက်သည့်ပမာ ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ မနက်တုန်းက ဒီလူ "မင်းချယ်ရီ" ဆိုပြီး ပြောခဲ့သည့်တိုင် ကျောင်းချီမှာ နောက်ပြောင်ခြင်းဟု တွေးမိခဲ့သည်။ ယခု ထပ်ပြီးပြောလာပြန်တော့ သူအာရုံစိုက်ရတော့မည်။

ချွဲ့တျဲ့က ကစဉ့်ကလျားဖြစ်မှုအပြီး အပြုအမူသည် Smart Brain ထဲမှ အကြောင်းအရာနှင့် သူ့ကိုယ်ပိုင်မှတ်ဉာဏ်ပေါ် မူတည်ကြောင်းပြောခဲ့သည်။ စဉ်းစားကြည့်မိတော့ ဒီလူပွစိပွစိလုပ်နေသည့်အရာကို ကျောင်းချီ သိသွားပြီဟုထင်သည်။ သူ့ရင်ဘတ်တင်းကြပ်လာကာ အသက်ရှူကြပ်လာ၏။

သူတို့ပထမဆုံးအကြိမ် အိပ်ခဲ့ကြတုန်းက ကျောင်းချီမှာ စိတ်လှုပ်ရှားလွန်း၍ အတွေ့အကြုံရှိသည်ဟုလိမ်မိခဲ့သည်။ ကျန်းချန်ဖေးမှာ ထိုအချိန်တုန်းက ပြုံးသာပြုံးကာ ဘာမှမပြောခဲ့ချေ။ ဒီကိစ္စနှင့်ပတ်သတ်ပြီး နှစ်ပေါင်းများစွာ မပျော်မရွှင်ဖြစ်နေခဲ့သည်ဆို၍ ကျောင်းချီ အံ့ဩသွားခဲ့ရသည်...။

သူ ဒေါသထွက်ကာ မူးနောက်လာသည်။ ကျောင်းချီ ချက်ချင်း စိတ်ရှည်မှုကုန်ဆုံးသွား၍ ထရပ်ချိန် နောက်တစ်ကြိမ် ပြန်တားခံလိုက်ရသောအခါ ကျန်းချန်ဖေးကို ရိုက်လိုက်တော့၏။
"ကျန်းချန်ဖေး၊ ခင်ဗျားကအခု ဆရာကြီးပေါ့ ဟုတ်လား၊ ငါနဲ့အတူ အိမ်ပြန်မယ်!"

ရိုက်ခံလိုက်ရ၍ မစ္စတာရှူးဂါးဒယ်ဒီသည် ကြက်သေသေသွားခဲ့၏။ သူ့ချစ်ဇနီးလေးမှာ သူ့ကိုရေကူးကန်ပါတီမှ ဆွဲခေါ်ထုတ်သွားတော့သည်။

ဖူမေ့နန်မှာ ငန်းတစ်ကောင်လို လည်ကိုဆန့်ပြီး သူတို့ကိုရှိုးနေ၏။ တခြားသူများမှာ မဆူညံရဲဘဲ တိတ်တဆိတ် ငန်းအုပ်စုထဲ ဝင်ပါလိုက်ကြသည်။

တိုက်ခန်းဆီပြန်ရောက်ပြီးနောက် မစ္စတာရှူးဂါးဒယ်ဒီသည် စောနကဖြစ်ခဲ့သည်များကို သူ့ချစ်ဇနီးလေးနှင့် စကားပြောချင်သော်ငြား ပိတ်သွားသောအိပ်ခန်းတံခါးကြောင့် နှာခေါင်းပြားလုမတတ်ဖြစ်သွားခဲ့သည်။

"ခင်‌ဗျား ဆိုဖာပေါ် ဒီညအိပ်" ကျောင်းချီ အေးစက်စွာပြောပြီး ဆူညံမှုဖယ်ရှားသည့် နားကြပ်များတပ်ကာ အိပ်စက်လိုက်တော့သည်။ သူ ဘာကိုဒေါသထွက်နေလဲ မပြောတတ်သော်ငြား ဒေါသထွက်နေရုံပင်။

သူ့မိသားစုထဲတွင် သူ့အဖေလိုရှေးရိုးစွဲတစ်ယောက်ရှိရုံနှင့် လုံလောက်နေပြီဖြစ်သော်ငြား ယခုကျန်းချန်ဖေးကလည်း ထိုသို့ဖြစ်နေသည်။ သူ အတွေ့အကြုံရှိသည်ဟု ကြွားခဲ့သည့်တိုင် သူ ကျန်းချန်ဖေးနှင့်မတွေ့ခင် တခြားတစ်ယောက်နှင့် တကယ်အိပ်စက်ခဲ့တော့ရော ဘာဖြစ်လဲ။ သူတို့အားလုံးက အရွယ်ရောက်ပြီးသူများဖြစ်သည်...။

လူများသည် ညဘက်၌ အတွေးလွန်တတ်ကျ၍ထင် ကျောင်းချီစဉ်းစားလေ ဒေါသထွက်လာလေပင်။ သို့သော်ငြား ထိုလူ့စိတ်က ဗရမ်းဗတာဖြစ်နေသည်။ ကျောင်းချီ သူနားလည်အောင် လုပ်လို့ရမည်မထင်၍ ကျန်းတာ့တျောင်းအား အပြင်တွင်သာ ပိတ်ထားခဲ့ကာ မျက်စိရှေ့မမြင်ရလေ စိတ်ထဲမရောက်လေဟုသာ တွေးခဲ့၏။

အပြင်တွင် ပိတ်ခံခဲ့ရသည့် မစ္စတာရှူးဂါးဒယ်ဒီကတော့ ဒေါသထွက်နေကာ ကျောင်းချီအား လုံးဝအလိုလိုက်မိပြီဟု တွေးနေမိသည်။ သူ့ကြောင်ရိုင်းလေးက သခင်ကိုပင် ကုတ်ကာ အပြင်တွင် ပိတ်ထားခဲ့သည်။ တံခါးကိုကန်ဖွင့်တော့မည့်ဆဲဆဲ ဖုန်းသံတစ်ခု ရုတ်တရက် ဝင်လာခဲ့၏။

"ဘော့စ်၊ တချို့မီဒီယာသမားတွေက သူတို့မှာ မစ္စတာကျောင်း မင်းသမီးတစ်ယောက်နဲ့ ဟိုတယ်သွားတဲ့ ဓာတ်ပုံတွေရှိတယ်လို့ပြောပါတယ်၊ မနက်ဖြန်မနက် ဖြန့်ချိမယ်ပြောပေမဲ့ ဝယ်ချင်သလားမေးနေပါတယ်"
အတွင်းရေးမှူးက ဒီအရေးကြီးသတင်းကို သူ့အား အသေအချာပြောပြလိုက်သည်။

ဟိုးလေးတကျော်အတင်းအဖျင်းဖြစ်လာမည်ဖြစ်၍ ပါပါရာဇီများသည် ဓာတ်ပုံများကိုမဖြန့်ခင် ဗွီအိုင်ပီများကို ကြိုတင်အသိပေးတတ်သည်။ ‌ကျန်းချန်ဖေးသာ ဝယ်ခဲ့လျှင် ဓာတ်ပုံများထွက်လာတော့မည်မဟုတ်ပေ။

"ဘာဝယ်မှာလဲ၊ သူတို့တင်ချင်တာ တင်ပစေ!"

ဒီသတင်းက မီးကိုလောင်စာထည့်လိုက်ရုံပင်။ မစ္စတာရှူးဂါးဒယ်ဒီသည် သူ့အရုပ်လေးမှာ လုပ်နိုင်စွမ်းသိပ်ရှိ၍ မင်းသမီးတစ်ယောက်နှင့်ပင် ဇာတ်လမ်းရှိခဲ့သည်ပေါ့ဟု တွေးမိလိုက်သည်။ ကျန်းချန်ဖေး ဖုန်းချလိုက်ကာ ဧည့်ခန်းထဲတွင် သုန်မှုန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည်။ ရုတ်တရက် အန္တရာယ်ကြီးလှသော အတွေးတစ်ခုပေါ်လာခဲ့သည်။ သူ့ကိုမထိန်းချုပ်နိုင်မှာတော့ ဘာလို့မဖျက်ဆီးလိုက်ရမှာလဲ။

အနုပညာနယ်ပယ်ဆီသွားမည့်လမ်းကို ဖျက်ဆီးရန်သာ လိုအပ်ကာ ပြီးလျှင် အိမ်ထဲတွင် သော့ခတ်ထားပြီး ကြိုက်သလောက် ဖာ့(ခ်)ပစ်၍ တခြားသူများအားလုံးဆီမှ ဖွက်ထားလိုက်မည်။

သူ စဉ်းစားလေ အဓိပ္ပါယ်ရှိသည်ဟု ခံစားလာရလေပင်။ ကျန်းချန်ဖေး သရော်ရယ်ကာ သူ့ခြေချောင်းများအား တရှုံ့ရှုံ့နမ်းနေသည့် သူ့ခွေးသားလေးကို ကောက်ချီလိုက်သည်။
"ကွမ်ကျုံး၊ မင်းအစ်ကိုက မင်းပထွေး‌ဖြစ်လာတော့မယ်၊ ပျော်လား"

"ဝုတ်"

ကျန်းချန်ဖေး သူတို့ကိုမတားခဲ့ပေ။ ကျောင်းမိသားစုကိုလည်း အလှမ်းမမီ၍ စိတ်လှုပ်ရှားနေသော ပါပါရာဇီမှာ မနက်ခင်းစောစောစီးစီး အားလုံးကိုဖွင့်ချလိုက်တော့၏။

နောက်နေ့မနက် ထပ်တလဲလဲမြည်နေသော သူ့Smart Brain ၏ မက်ဆေ့သတိပေးသံများသည် ကျောင်းချီကိုနိုးစေခဲ့၏။ သူ အင်မတန် အိပ်ချင်နေဆဲဖြစ်သော်ငြား ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပင် နိုးကြားသွားပြီး ထထိုင်မိတော့၏။

"အတင်းအဖျင်း သတင်းကြီး : ကျောင်းကျို့ရန်က မင်းသမီးတစ်ယောက်နဲ့ ဟိုတယ်သွားခဲ့ပါတယ်! သစ်ပင်အိုကြီး ပန်းပွင့်လာပြီ! သူ့နွေဦးကရောက်လာပြန်ခဲ့ပြီ!"

[Zawgyi]

က်န္းခ်န္ေဖး တည္ၿငိမ္စြာျဖင့္ သူ႕အ႐ုပ္ေလးကို ထိုႏွာဘူးအိုႀကီးမ်ား ဝိုင္းေနသည္အား ၾကည့္ကာ ေသြးပ်က္၊ မ်က္ရည္မ်ားဝိုင္း၊ သူ႕ရႉးဂါးဒယ္ဒီကို ရွာမည္အား ေစာင့္ေနခဲ့သည္။ သို႔ေသာ္ျငား သူ႕ကိုၾကည့္ေလ ထူးဆန္းသည္ဟု ခံစားရေလျဖစ္ကာ မ်က္ႏွာေပၚမွအၿပဳံးလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့၏။ ေကာင္ေလးသည္ လုံးဝေၾကာက္လန႔္ပုံမေပၚဘဲ ကလူ၏ျမဴ၏ ၾကည့္လာေသးသည္။ ေသစမ္း... သူသိခဲ့သည္။ လူကုံထံမိသားစုမွ က်ဆင္းလာေသာ သခင္ေလးသည္ ဘယ္ေတာ့မွ သစၥာရွိမည္မဟုတ္ေခ်။ ရႉးဂါးဒယ္ဒီအသစ္ ရွာေနျခင္းျဖစ္ေလာက္မည္!

"မစၥတာေက်ာင္း ခင္ဗ်ားကို ဒီမွာေတြ႕ရတာ အံ့ဩစရာေကာင္းလိုင္တာ!"

"မေသာက္ပါနဲ႕ဦး၊ ဒီကဝိုင္က သာမန္ဆန္လြန္းတယ္၊ ကြၽန္ေတာ္ Lafite တစ္ပုလင္းယူလာခဲ့တယ္၊ စမ္းေသာက္ၾကည့္ခ်င္လား မစၥတာေက်ာင္း"

"မစၥတာေက်ာင္း ကြၽန္ေတာ္ ဟာသစီးရီးတစ္ခု ‌ရိုက္ေနတာ၊ အရမ္းရယ္ရတယ္၊ ကြၽန္ေတာ္ ခင္ဗ်ားၾကည့္ဖို႔ ေကာ္ပီပို႔ေပးလို႔ရမလား"

အေပ်ာ္အပါးရွာရန္ ေရာက္လာသည့္ ပရိုဂ်ဴဆာႏွင့္ဒါရိုက္တာမ်ားမွာ ေက်ာင္းခ်ီကိုျမင္ခ်ိန္ သူတို႔ေဘးက မိန္းမငယ္ေလးမ်ား၊ ေကာင္ေလးမ်ားကို ဖယ္ထုတ္ကုန္ၾကေတာ့သည္။ သူတို႔ နာမည္ႀကီးပလတ္ေဖာင္း၏ ဥကၠဌာနားစုေဝးကာ မ်က္ႏွာခ်ိဳေသြးရန္ ႀကိဳးစားေနၾက၏။ သူတို႔ ဆူညံလြန္း၍ ေက်ာင္းခ်ီ ေခါင္းပင္ကိုက္ခဲလာသည္။ က်န္း‌တာ့ေတ်ာင္း ဖူေမ့နန္ႏွင့္အတူ သူ႕ဆီ ေလွ်ာက္လာသည္ကိုျမင္ေသာ္ျငား မထဘဲ မ်က္ႏွာေသျဖင့္သာ ၾကည့္ေနခဲ့သည္။

"အိုး မစၥတာေက်ာင္း ေနာက္ဆုံးေတာ့ ဒီကိုေရာက္လာခဲ့တာပဲ၊ ကြၽန္ေတာ့္ရဲ႕ နိမ့္က်တဲ့ေနရာက ခင္ဗ်ားတက္ေရာက္မႈေၾကာင့္ ဂုဏ္ယူရပါတယ္!"
မစၥတာဖူမွာ ကိုရီးယားတြင္ ႀကီးျပင္းလာ၍ ပုံမွန္ေျပာဆိုဆက္ဆံရာတြင္ ျပႆနာမရွိေသာ္ျငား ေဒသိယစကားသုံးရလွ်င္ေတာ့ သူ႕စကားမ်ားသည္ အၿမဲ အနည္းငယ္ေတာ့ ‌ေၾကာင္‌ေတာင္ေတာင္နိုင္သြားတတ္သည္။

"ဟိုင္း မစၥတာဖူ" ဖူေမ့နန္ထိုင္ခ်ခ်ိန္ ေက်ာင္းခ်ီ ခြက္ခ်င္းတိုက္လိုက္သည္။

ဖူေမ့နန္မွာ သူ႕ဖန္ခြက္ထဲက ဝိုင္အကုန္နီးပါး ေသာက္လိုက္သည့္တိုင္ သူေမာ့ၾကည့္ၿပီး ေက်ာင္းခ်ီ လုံးဝ မေသာက္သည္ကိုျမင္လိုက္ရ၏။ သူ စိတ္အားထက္သန္စြာျဖင့္ တိုက္တြန္းေတာ့သည္။
"ဒါ ကြၽန္ေတာ္ တကူးတက စုေဆာင္းထားတဲ့ဝိုင္ပါ၊ က်န္းမာေရးအတြက္ ထူးျခားတဲ့ အာနိသင္ေတြရွိတယ္၊ ခင္ဗ်ား ေသာက္သင့္တယ္ေနာ္"

"ကြၽန္ေတာ္ ဒီကိုကားေမာင္းလာခဲ့တာမို႔ ေသာက္လို႔မရဘူး"
ေက်ာင္းခ်ီ မဆိုစေလာက္ တစ္ငုံေမာ့လိုက္ေသာ္ျငား ဆက္မေသာက္ေပ။

"ကြၽန္ေတာ္ လက္သင့္မခံနိုင္ဘူးေနာ္၊ အဲကိုၾကည့္ၾကည့္ေလ၊ သူတို႔ ခင္ဗ်ားအတြက္ ေမာင္းေပးလို႔ရ‌တယ္၊ ေသာက္သာေသာက္ပါ၊ မစၥတာေက်ာင္း ဒီလိုမ်ိဳး ထိန္းေနရင္ ကြၽန္ေတာ့္ကို ေလးစားသမႈျပေနတာပဲေနာ္"
တ႐ုတ္ျပည္တြင္ ႏွစ္အခ်ိဳ႕အလုပ္လုပ္ၿပီးေနာက္ ဖူေမ့နန္မွာ တျခားဘာမွမသင္ယူခဲ့ေသာ္ျငား လူမ်ားကို အရက္ေသာက္ရန္ မည္သို႔ဆြယ္ရမလဲ ကြၽမ္းက်င္ေနေလၿပီ။

ေက်ာင္းခ်ီ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္မိကာ အေနရခက္ေနသည့္ပုံေပၚသြားသည္။ သူ႕အစာအိမ္က အားနည္း၍ ဝိုင္နီဆိုလွ်င္ေတာင္ အရသာျမည္းၾကည့္႐ုံသာ တတ္နိုင္၏။ ဒီဝိုင္က ေဆးဖက္ဝင္‌ျဖစ္၍ အရသာက စပ္ကာျပင္းလွသည္။ ထို႔ေၾကာင့္ သူလုံးဝမေသာက္နိုင္ေပ။

"ေဟး ကြၽန္ေတာ္ မစၥတာေက်ာင္းအတြက္ ေသာက္ေပးပါ့မယ္" သူ႕ေဘးရွိ ပရိုဂ်ဴဆာက လက္ကမ္းလာခဲ့သည္။
 
ဖူေမ့နန္မွာ သူမွားသြားေၾကာင္း နားလည္ၿပီး အေျခအေနကို ေျပလည္ေစရန္ အလ်င္အျမန္ ႀကိဳးစားလိုက္သည္။
"ေသ‌ခ်ာေပါက္ေပါ့၊ ခင္ဗ်ား မစၥတာေက်ာင္းအတြက္ ေသာက္လို႔ရ..."

သူ စကားမဆုံးလိုက္ေသာ္ျငား က်န္းခ်န္ေဖးက ဖန္ခြက္ကို ဆြဲယူကာ အကုန္ေသာက္ခ်လိဳက္သည္။ ဒီလူမ်ားက သူ႕အ႐ုပ္ေလး အရက္ေသာက္ရန္ တမင္သက္သက္ လုပ္ေနက်ေၾကာင္း မစၥတာရႉးဂါးဒယ္ဒီ ျမင္သြားခဲ့သည္။ သူတျဖည္းျဖည္း ေဒါသထြက္လာခဲ့ၿပီး ေဒါသထိန္းရန္ ႀကိဳးစားကာ အသံခပ္နက္နက္ျဖင့္ စကားေျပာလိုက္သည္။
"သူက အသက္မျပည့္ေသးဘူး၊ အရက္ေသာက္လို႔မရဘူး"

"အသက္... အသက္မျပည့္ေသးဘူး?"
မစၥတာဖူသည္ ရင့္က်က္ေနေသာ မစၥတာေက်ာင္းကိုၾကည့္ရင္း ပါးစပ္ထဲရွိဝိုင္က ခ်က္ခ်င္း ႏွာေခါင္းထဲ တက္သြားခဲ့ေလသည္။ သူ သီးသြားကာ မ်က္ရည္က်လဳနီးပါးျဖစ္သြားသည္။
"အဟြတ္ အဟြတ္ ဟားဟားဟား မစၥတာက်န္း ခင္ဗ်ားက ဟာသဉာဏ္႐ႊင္တယ္ေနာ္"

စုံတြဲက ကေတာက္ကဆမ်ားရွိေနျခင္းျဖစ္မည္ဟု သူ ခန႔္မွန္းမိသည္။ သူတို႔ ယခုဝင္ပါလွ်င္ ႐ႊံ႕ဗြက္ထဲ တူတူဆြဲေခၚခံရလိမ့္မည္။ ဖူေမ့နန္ တျခားသူမ်ားကို မ်က္စပစ္ျပလိုက္၍ ခ်င္းခ်င္း ႏႈတ္ဆက္ကာ အလွ်ိုလွ်ိုထြက္သြားၿပီး စုံတြဲအတြက္ ေနရာဖယ္ေပးခဲ့ၾကသည္။

ေရကူးဝတ္စုံႏွင့္ အႏုပညာရွင္ငယ္ငယ္ေလးတစ္ေယာက္က ေက်ာင္းခ်ီကိုမွတ္မိသြားၿပီး ဟန္ႏွင့္ပန္ႏွင့္ေလွ်ာက္ကာ ဝင္ေရာခ်င္ေသာ္ျငား မစၥတာဖူ ဆြဲထားလိုက္သည္။
"သူတို႔ႏွစ္ေယာက္လုံး ဒီမွာေရာက္ေနတာမျမင္ဘူးလား၊ ငါ့ကိုျပႆနာမရွာစမ္းနဲ႕"

သီခ်င္းသံ႐ုတ္တရက္ေျပာင္းလဲသြားကာ ေရကူးကန္အလယ္တြင္ ရွိုးတစ္ခု စတင္လာာယ၏။ သက္ေတာ္ေစာင့္မ်ား ေရာက္လာၿပီး တစ္ခုတည္းေသာ မွန္ထြက္ေပါက္တံခါးေရွ႕တြင္ ရပ္ေနခဲ့သည္။ သူတို႔ ဓာတ္ေလွကားအထိ တစ္ေလွ်ာက္ ေနရာကိုယ္သီယူလိုက္ၾက၏။ ေက်ာင္းခ်ီ သူတို႔ကိုၾကည့္ၿပီး ရဲမ်ားေရာက္လာတတ္ေသာ လူႀကီးရွိုးမ်ိဳး က်င္းပမည္မွန္း ခ်က္ခ်င္းသေဘာေပါက္သြားခဲ့သည္။

ဒီရွိုးက အဆာေျပမုန႔္သာျဖစ္သည္။ ဒါၿပီးလွ်င္ တံခါးအားလုံးကိုေသာ့ခတ္ထားရေသာ ညသန္းေခါင္ရွိုးက်င္းပမည္ျဖစ္၏။

ေက်ာင္းက်ိဳ႕ရန္သည္ စီးပြားေရးလုပ္ရာတြင္ ေခတ္ေရွ႕ေျပးခဲ့သည္။ သူ ငယ္စဥ္တည္းက စီးပြားေရးစတင္လုပ္ကိုင္ရမည္ဟု သိခဲ့ေသာ္ျငား ၁၈ရာစုေခတ္တြင္ရွိေနေသးသကဲ့သို႔ အခ်ိဳ႕ေနရာမ်ားတြင္ ေရွးရိုးစြဲျဖစ္၏။ ေက်ာင္းခ်ီမွာ သူ႕အေဖကဲ့သို႔မဟုတ္သည့္တိုင္ ဂုဏ္သတင္းကိုမဖ်က္ဆီးခ်င္၍ ထိုေနရာတြင္ ဆက္မေနခ်င္ေတာ့ေခ်။

"အိမ္ျပန္ရေအာင္" ေက်ာင္းခ်ီ က်န္းခ်န္ေဖးလက္ကိုကိုင္ကာ ထရန္တိုက္တြန္းလိုက္သည္။

"ဘာလဲ၊ အခုေတာ့ေၾကာက္ေနၿပီလား"
မစၥတာရႉးဂါးဒယ္ဒီ မလႈပ္ေပ။ ထိုအစား လူကို သူ႕ရင္ခြင္ထဲဆြဲသြင္းၿပီး ေမးေစ့ကိုကိုင္ကာ ေရကန္ထဲမွရွိုးကို ၾကည့္ေစလိုက္သည္။သူ ညင္ညင္သာသာ ရယ္ေမာလိုက္၏။
"ဟမ္ ေစာင့္ၾကည့္ေန"

ေက်ာင္းခ်ီ က်န္းခ်န္ေဖးလက္ကို ရိုက္ထုတ္ကာ မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။
"ခင္ဗ်ားကို ဘာကေစာင့္ေနလဲ သိတယ္ေပါ့"

"မင္းခန႔္မွန္းလို႔မရနိုင္တဲ့အရာအားလုံးေပါ့" က်န္းခ်န္ေဖး ခႏၶာကိုယ္ကို ေျဖေလွ်ာ့ကာ ဆိုဖာေပၚမွီေန၏။ သူ႕ရင္ခြင္ထဲရွိလူကို မဆိုစေလာက္ ပင့္တင္လိုက္ၿပီး နား႐ြက္ေလးကို ကိုက္ကာ ခပ္တိုးတိုးၿခိမ္းေျခာက္လိုက္သည္။
"အေနာက္တိုင္းဝတ္စုံေတြနဲ႕ အဲလူေတြကိုေတြ႕လား၊ ညသန္းေခါင္က်ရင္ ဆက္ဆံဖို႔ဆာေလာင္ေနၿပီး မလိမၼာတဲ့ေကာင္ေလးေတြကို စားေသာက္မဲ့ မေကာင္းဆိုးဝါးေတြအျဖစ္ ေျပာင္းလဲသြားမွာ၊ ငါမင္းကို သူတို႔ထဲ ပစ္ထည့္လိုက္ရင္ မင္းဘာျဖစ္သြားမယ္ထင္လဲ"

"လုပ္ၾကည့္ေလ" ေရခန္းထဲရွိရွိုးသည္ ဆန္းျပန္းသထက္ဆန္းျပားလာသည္။ ေက်ာင္းခ်ီ မ်က္လုံးမ်ားကန္းေတာ့မည္ဟုပင္ ခံစားရကာ အတင္းျပန္ခိုင္းရန္ အဆင္သင့္ျပင္လိုက္သည္။

"ေအာ္ မင္းကေစာင့္စားေနတာလား"
က်န္းခ်န္ေဖး စကားဆုံးကာစရွိေသး ေကာင္ေလးကို မေၾကာက္လန႔္ေစမွန္း ျမင္ၿပီးေနာက္ ‌တရႉးရႉးတရွဲရွဲျဖစ္သြားခဲ့သည္။ ေက်ာင္းခ်ီစိတ္ထဲမထားသည္ကိုေတြးမိေတာ့ သူမႏွစ္ၿမိဳ႕စရာ ေျပာလိုက္သည္။
"ဟုတ္သားပဲ၊ မင္းလို အသက္ငယ္လြန္း‌ေပမဲ့ တျခားသူေတြနဲ႕ အိပ္ဖူးၿပီးသား ေကာင္ေလးတစ္ေယာက္အတြက္ကေတာ့ စိတ္ထဲဘယ္ထည့္ပါ့မလဲ"

ေက်ာင္းခ်ီ မတ္တပ္ထရပ္လိုက္သည္။ သူ႕ကိုယ္သူ က်န္းတာ့ေတ်ာင္းအား ျပန္မိတ္ဆက္သည့္ပမာ ေခါင္းစေျခဆုံး ၾကည့္လိုက္သည္။ မနက္တုန္းက ဒီလူ "မင္းခ်ယ္ရီ" ဆိုၿပီး ေျပာခဲ့သည့္တိုင္ ေက်ာင္းခ်ီမွာ ေနာက္ေျပာင္ျခင္းဟု ေတြးမိခဲ့သည္။ ယခု ထပ္ၿပီးေျပာလာျပန္ေတာ့ သူအာ႐ုံစိုက္ရေတာ့မည္။

ခြၽဲ႕တ်ဲ့က ကစဉ့္ကလ်ားျဖစ္မႈအၿပီး အျပဳအမူသည္ Smart Brain ထဲမွ အေၾကာင္းအရာႏွင့္ သူ႕ကိုယ္ပိုင္မွတ္ဉာဏ္ေပၚ မူတည္ေၾကာင္းေျပာခဲ့သည္။ စဥ္းစားၾကည့္မိေတာ့ ဒီလူပြစိပြစိလုပ္ေနသည့္အရာကို ေက်ာင္းခ်ီ သိသြားၿပီဟုထင္သည္။ သူ႕ရင္ဘတ္တင္းၾကပ္လာကာ အသက္ရႉၾကပ္လာ၏။

သူတို႔ပထမဆုံးအႀကိမ္ အိပ္ခဲ့ၾကတုန္းက ေက်ာင္းခ်ီမွာ စိတ္လႈပ္ရွားလြန္း၍ အေတြ႕အႀကဳံရွိသည္ဟုလိမ္မိခဲ့သည္။ က်န္းခ်န္ေဖးမွာ ထိုအခ်ိန္တုန္းက ၿပဳံးသာၿပဳံးကာ ဘာမွမေျပာခဲ့ေခ်။ ဒီကိစၥႏွင့္ပတ္သတ္ၿပီး ႏွစ္ေပါင္းမ်ားစြာ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့သည္ဆို၍ ေက်ာင္းခ်ီ အံ့ဩသြားခဲ့ရသည္...။

သူ ေဒါသထြက္ကာ မူးေနာက္လာသည္။ ေက်ာင္းခ်ီ ခ်က္ခ်င္း စိတ္ရွည္မႈကုန္ဆုံးသြား၍ ထရပ္ခ်ိန္ ေနာက္တစ္ႀကိမ္ ျပန္တားခံလိုက္ရေသာအခါ က်န္းခ်န္ေဖးကို ရိုက္လိုက္ေတာ့၏။
"က်န္းခ်န္ေဖး၊ ခင္ဗ်ားကအခု ဆရာႀကီးေပါ့ ဟုတ္လား၊ ငါနဲ႕အတူ အိမ္ျပန္မယ္!"

ရိုက္ခံလိုက္ရ၍ မစၥတာရႉးဂါးဒယ္ဒီသည္ ၾကက္ေသေသသြားခဲ့၏။ သူ႕ခ်စ္ဇနီးေလးမွာ သူ႕ကိုေရကူးကန္ပါတီမွ ဆြဲေခၚထုတ္သြားေတာ့သည္။

ဖူေမ့နန္မွာ ငန္းတစ္ေကာင္လို လည္ကိုဆန႔္ၿပီး သူတို႔ကိုရွိုးေန၏။ တျခားသူမ်ားမွာ မဆူညံရဲဘဲ တိတ္တဆိတ္ ငန္းအုပ္စုထဲ ဝင္ပါလိုက္ၾကသည္။

တိုက္ခန္းဆီျပန္ေရာက္ၿပီးေနာက္ မစၥတာရႉးဂါးဒယ္ဒီသည္ ေစာနကျဖစ္ခဲ့သည္မ်ားကို သူ႕ခ်စ္ဇနီးေလးႏွင့္ စကားေျပာခ်င္ေသာ္ျငား ပိတ္သြားေသာအိပ္ခန္းတံခါးေၾကာင့္ ႏွာေခါင္းျပားလုမတတ္ျဖစ္သြားခဲ့သည္။

"ခင္‌ဗ်ား ဆိုဖာေပၚ ဒီညအိပ္" ေက်ာင္းခ်ီ ေအးစက္စြာေျပာၿပီး ဆူညံမႈဖယ္ရွားသည့္ နားၾကပ္မ်ားတပ္ကာ အိပ္စက္လိုက္ေတာ့သည္။ သူ ဘာကိုေဒါသထြက္ေနလဲ မေျပာတတ္ေသာ္ျငား ေဒါသထြက္ေန႐ုံပင္။

သူ႕မိသားစုထဲတြင္ သူ႕အေဖလိုေရွးရိုးစြဲတစ္ေယာက္ရွိ႐ုံႏွင့္ လုံေလာက္ေနၿပီျဖစ္ေသာ္ျငား ယခုက်န္းခ်န္ေဖးကလည္း ထိုသို႔ျဖစ္ေနသည္။ သူ အေတြ႕အႀကဳံရွိသည္ဟု ႂကြားခဲ့သည့္တိုင္ သူ က်န္းခ်န္ေဖးႏွင့္မေတြ႕ခင္ တျခားတစ္ေယာက္ႏွင့္ တကယ္အိပ္စက္ခဲ့ေတာ့ေရာ ဘာျဖစ္လဲ။ သူတို႔အားလုံးက အ႐ြယ္ေရာက္ၿပီးသူမ်ားျဖစ္သည္...။

လူမ်ားသည္ ညဘက္၌ အေတြးလြန္တတ္က်၍ထင္ ေက်ာင္းခ်ီစဥ္းစားေလ ေဒါသထြက္လာေလပင္။ သို႔ေသာ္ျငား ထိုလူ႕စိတ္က ဗရမ္းဗတာျဖစ္ေနသည္။ ေက်ာင္းခ်ီ သူနားလည္ေအာင္ လုပ္လို႔ရမည္မထင္၍ က်န္းတာ့ေတ်ာင္းအား အျပင္တြင္သာ ပိတ္ထားခဲ့ကာ မ်က္စိေရွ႕မျမင္ရေလ စိတ္ထဲမေရာက္ေလဟုသာ ေတြးခဲ့၏။

အျပင္တြင္ ပိတ္ခံခဲ့ရသည့္ မစၥတာရႉးဂါးဒယ္ဒီကေတာ့ ေဒါသထြက္ေနကာ ေက်ာင္းခ်ီအား လုံးဝအလိုလိုက္မိၿပီဟု ေတြးေနမိသည္။ သူ႕ေၾကာင္ရိုင္းေလးက သခင္ကိုပင္ ကုတ္ကာ အျပင္တြင္ ပိတ္ထားခဲ့သည္။ တံခါးကိုကန္ဖြင့္ေတာ့မည့္ဆဲဆဲ ဖုန္းသံတစ္ခု ႐ုတ္တရက္ ဝင္လာခဲ့၏။

"ေဘာ့စ္၊ တခ်ိဳ႕မီဒီယာသမားေတြက သူတို႔မွာ မစၥတာေက်ာင္း မင္းသမီးတစ္ေယာက္နဲ႕ ဟိုတယ္သြားတဲ့ ဓာတ္ပုံေတြရွိတယ္လို႔ေျပာပါတယ္၊ မနက္ျဖန္မနက္ ျဖန႔္ခ်ိမယ္ေျပာေပမဲ့ ဝယ္ခ်င္သလားေမးေနပါတယ္"
အတြင္းေရးမႉးက ဒီအေရးႀကီးသတင္းကို သူ႕အား အေသအခ်ာေျပာျပလိုက္သည္။

ဟိုးေလးတေက်ာ္အတင္းအဖ်င္းျဖစ္လာမည္ျဖစ္၍ ပါပါရာဇီမ်ားသည္ ဓာတ္ပုံမ်ားကိုမျဖန႔္ခင္ ဗြီအိုင္ပီမ်ားကို ႀကိဳတင္အသိေပးတတ္သည္။ ‌က်န္းခ်န္ေဖးသာ ဝယ္ခဲ့လွ်င္ ဓာတ္ပုံမ်ားထြက္လာေတာ့မည္မဟုတ္ေပ။

"ဘာဝယ္မွာလဲ၊ သူတို႔တင္ခ်င္တာ တင္ပေစ!"

ဒီသတင္းက မီးကိုေလာင္စာထည့္လိုက္႐ုံပင္။ မစၥတာရႉးဂါးဒယ္ဒီသည္ သူ႕အ႐ုပ္ေလးမွာ လုပ္နိုင္စြမ္းသိပ္ရွိ၍ မင္းသမီးတစ္ေယာက္ႏွင့္ပင္ ဇာတ္လမ္းရွိခဲ့သည္ေပါ့ဟု ေတြးမိလိုက္သည္။ က်န္းခ်န္ေဖး ဖုန္းခ်လိဳက္ကာ ဧည့္ခန္းထဲတြင္ သုန္မႈန္စြာျဖင့္ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနခဲ့သည္။ ႐ုတ္တရက္ အႏၲရာယ္ႀကီးလွေသာ အေတြးတစ္ခုေပၚလာခဲ့သည္။ သူ႕ကိုမထိန္းခ်ဳပ္နိုင္မွာေတာ့ ဘာလို႔မဖ်က္ဆီးလိုက္ရမွာလဲ။

အႏုပညာနယ္ပယ္ဆီသြားမည့္လမ္းကို ဖ်က္ဆီးရန္သာ လိုအပ္ကာ ၿပီးလွ်င္ အိမ္ထဲတြင္ ေသာ့ခတ္ထားၿပီး ႀကိဳက္သေလာက္ ဖာ့(ခ္)ပစ္၍ တျခားသူမ်ားအားလုံးဆီမွ ဖြက္ထားလိုက္မည္။

သူ စဥ္းစားေလ အဓိပၸါယ္ရွိသည္ဟု ခံစားလာရေလပင္။ က်န္းခ်န္ေဖး သေရာ္ရယ္ကာ သူ႕ေျခေခ်ာင္းမ်ားအား တရႈံ႕ရႈံ႕နမ္းေနသည့္ သူ႕ေခြးသားေလးကို ေကာက္ခ်ီလိုက္သည္။
"ကြမ္က်ဳံး၊ မင္းအစ္ကိုက မင္းပေထြး‌ျဖစ္လာေတာ့မယ္၊ ေပ်ာ္လား"

"ဝုတ္"

က်န္းခ်န္ေဖး သူတို႔ကိုမတားခဲ့ေပ။ ေက်ာင္းမိသားစုကိုလည္း အလွမ္းမမီ၍ စိတ္လႈပ္ရွားေနေသာ ပါပါရာဇီမွာ မနက္ခင္းေစာေစာစီးစီး အားလုံးကိုဖြင့္ခ်လိဳက္ေတာ့၏။

ေနာက္ေန႕မနက္ ထပ္တလဲလဲျမည္ေနေသာ သူ႕Smart Brain ၏ မက္ေဆ့သတိေပးသံမ်ားသည္ ေက်ာင္းခ်ီကိုနိုးေစခဲ့၏။ သူ အင္မတန္ အိပ္ခ်င္ေနဆဲျဖစ္ေသာ္ျငား ဖြင့္ၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ နိုးၾကားသြားၿပီး ထထိုင္မိေတာ့၏။

"အတင္းအဖ်င္း သတင္းႀကီး : ေက်ာင္းက်ိဳ႕ရန္က မင္းသမီးတစ္ေယာက္နဲ႕ ဟိုတယ္သြားခဲ့ပါတယ္! သစ္ပင္အိုႀကီး ပန္းပြင့္လာၿပီ! သူ႕ေႏြဦးကေရာက္လာျပန္ခဲ့ၿပီ!"

Continue Reading

You'll Also Like

434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
249K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
253K 40.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .