My Lover With Split Personali...

By Mine-Edge

309K 53.7K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

2.9K 563 44
By Mine-Edge

[Unicode]

ရှူးဂါး... ဒယ်ဒီ...

ကျောင်းချီ ထိတ်လန့်သွားပြီး ခြေလှမ်းကျဲများဖြင့်လျှောက်ကာ ရိုက်လိုက်သည်။
"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ"

အားကစားစွပ်ကျယ်ကို ဝတ်ထားပြီး ကျန်းတာ့တျောင်းတစ်ယောက် လက်ထဲက ဝိုင်နီကိုချလိုက်ကာ ချစ်ဇနီးလေးရိုက်ပြီးနောက် နီရဲလာသည့် ကြွက်သားတောင့်တင်းလှသော လက်မောင်းအား ကြည့်လိုက်သည်။ သူ မဆိုစလောက် မျက်ခုံးပင့်ကာ ကျောင်းချီ လက်ကောက်ဝတ်ကို ဖမ်းဆုတ်ပြီး လျင်မြန်စွာ ရင်ခွင်ထဲ ထည့်သွင်းလိုက်သည်။

"ကြောင်ရိုင်းလေး၊ မင်းက လူတွေကို ကုတ်ခြစ်ဖို့ သင်ယူပြီးပြီပေါ့ ဟမ်"

"ခင်ဗျားက... အာ့..." ဝိုင်အရသာ နှုတ်ခမ်းများသည် သူ့ပါးစပ်မှထွက်လာမည့် စကားအားလုံးကို ပိတ်ဆီးထား‌ချေသည်။

"ကိုယ်ကဘာလဲ" ကျန်းချန်ဖေးသည် သူ့ကြောင်ရိုင်းလေး၏ နှုတ်ခမ်းများကို ပွတ်သပ်ပြီး ညင်သာစွာ သပ်လိုက်သည်။
"မင်းရှူးဂါးဒယ်ဒီကို ပြော၊ နေ့လယ်က ကောင်းကောင်းစားခဲ့ရဲ့လား"

"ခင်ဗျား ဒါကို ဘယ်တော့မှ မဝဘူးပဲ၊ ဟုတ်လား"
ကျောင်းချီ သူ့ကိုတွန်းလိုက်သည်။ ဒီဇာတ်ညွှန်းက ဘယ်လိုမျိုးလဲ သူနားမလည်ချေ။

အနည်းငယ်အန္တရာယ်ရှိသည့်ပုံပေါ်သော ကျန်းတာ့တျောင်းက သူ့ချစ်ဇနီးလေး၏ ခါးကိုဖက်ထားပြီး အိပ်ရာပေါ်ပစ်တင်လိုက်ကာ ဖင်ဝိုင်းဝိုင်းလေးကို ရိုက်လိုက်သည်။
"ဒီနေ့ အရမ်းကို ဆိုးနေတယ်ပေါ့၊ အပြစ်ပေးတာ လိုချင်နေတာလား"

ထိုသို့ပြောပြီးနောက် သူက ကျောင်းချီကို ချည်ရန် နက်ခ်တိုင်ကို ဆွဲဖြုတ်ဖို့ ကော်လံဆီ လက်လှမ်းလိုက်သည်။ သို့သော်ငြား သူ အားကစားစွပ်ကျယ်သာဝတ်ထားကာ နက်ခ်တိုင်လုံးဝရှိမနေမှန်း သဘောပေါက်သွားခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် လက်ချလိုက်ရသော်ငြား ကျောင်းချီကိုဖိထားပြီး ကျောင်းချီ ဘောင်းဘီကို ဆွဲချွတ်ရန် ကြိုးစားတော့သည်။

"ဟေး!" ကျောင်းချီ ဘောင်းဘီများမှာ ရုတ်တရက် ဆွဲချွတ်ခံလိုက်ရပြီး တင်ပါးဆုံမှာ ထပ်ရိုက်ခံရပြန်သည်။

မနာသော်ငြား အင်မတန်ကိုရှက်မိသည်။ ဖိနပ်များကို ကန်ထုတ်ထားပြီးဖြစ်၍ ကျောင်းချီ ခြေချောင်းများကွေးမိသွားပြီး လည်တိုင်မှနားထိ ပူလောင်နေသည်။

"မင်းရှက်နေတာလား" ကျန်းချန်ဖေးက ပြုံးပြုံးဖြင့် သူ့နားရွှေ့လာသည်။ ကျောင်းချီဘေးတွင် လှဲချပြီး ကျောင်းချီနားသယ်စပ်နားမှ ‌နူးညံ့သော ဆံချည်မျှင်တို့ကို ဆော့ကစားနေတော့သည်။
"နေ့လယ်စာ ဘာစားခဲ့လဲ"

"အမဲသားထမင်း" ကျောင်းချီသည် စိတ်မပါတပါဖြေကာ Smart Brainကို ‌တတောက်တောက် ထိလိုက်သည်။

အန်နီက ‌အလိုလိုစတင်ရှင်းပြတော့သည်။
"ရှူးဂါးဒယ်ဒီဆိုတာက 'မွေးစားဖေဖေ' ရဲ့ တွေ့နေကျနာမည်ပါ၊ အခုတလောကတော့ ဖျော်ဖြေရေးလောကထဲက လူငယ်ယောက်ျားလေးတွေ၊ မိန်းကလေးတွေရဲ့ အသက်ကြီးကြီးအမျိုးသားသူငယ်ချင်းတွေကိုလည်း ညွှန်းပါတယ်၊ သက်ဆိုင်ရာ ဝတ္ထုတွေကို ဖတ်ချင်ရင်တော့ ပါဝင်တဲ့အကြောင်းအရာအများစုက ကလေးအတွက် မသင့်တော်ဘူးလို့ အသိပေးရပါမယ်"

"ဖျော်ဖြေရေးလောက : လက်ထဲမှာ သကြားဖေဖေတစ်ယောက်နဲ့ဆို တစ်လောကလုံးကို ပိုင်ဆိုင်ရ"

"အနုပညာကျောင်းသားနှင့် ရှူးဂါးဒယ်ဒီ"

"ကျေးလက်ဒေသမှ ချစ်ဇာတ်လမ်း : ရှူးဂါးဒယ်ဒီ၊ ကျွန်တော် မလိုချင်ပါဘူးဆို"
...
ကျောင်းချီ ဝမ်းနည်းသွားသည်။ ထင်သည့်အတိုင်းပင် ဟက်စကီး၏ နောက်စကားတစ်ခွန်းက "အမဲသားထမင်းက ကိုယ်မင်းကို ကျွေးတဲ့ဟာလောက် ကောင်းလို့လား"

ကိုယ်မင်းကို... ကျွေးတဲ့ဟာ...။

ကျောင်းချီ ထထိုင်ပြီး သူ့ကိုစူးစိုက်ကြည့်လိုက်သည်။ သူ ဘောင်းဘီဝတ်ချင်သော်ငြား တစ်စုံတစ်ယောက်က သူ့ခြေထောက်များကို ဖိထား၍ စောင်ထဲ ပုန်းနေလိုက်ရသည်။

"ဘာကြောင့် ယန်ယန်လေးက အဲလောက်တောင် ရှက်နေရတာလဲ"

ကျန်းချန်ဖေးက နှုတ်ခမ်းသပ်ပြီး ထိုချွဲပစ်ပစ် သက်လတ်ပိုင်းအမျိုးသားများကို တုပရန် အကောင်းဆုံးကြိုးစားနေသည့်ပုံဖြင့် ဆိုးညစ်ဟန် ပေါက်နေသည်။ သို့သော်ငြား သူ့မျက်နှာသည် ချောမောလွန်း၍ စိတ်ပျက်စရာမကောင်းဘဲ ထိုအစား မကောင်းဆိုးဝါးဆန်ဆန် ဆွဲဆောင်မှုရှိနေသည်။

"အာ... ဘာလို့ ဟိုတယ်ဆီလာဖို့ ပြောခဲ့တာလဲ"

ကျောင်းချီ သူ့မျက်ဝန်းများကိုရှောင်ကာ ဆဝ့ဝိုက်သော နည်းဖြင့်မေးပြီး ဒီတစ်ခေါက် ဘာဇာတ်လမ်းလဲ အဖြေထုတ်ရန်ကြိုးစားနေသည်။ ‌ဖျော်ဖြေရေးနယ်ပယ်ထဲရှိ လူချမ်းသာအကြောင်းလား၊ ဒါမှမဟုတ် ကျေးလက်ဒေသက ပိုးဟပ်ဇာတ်လမ်းပဲလား။
"ဘာတွေးနေတာလဲ၊ သေချာပေါက် စားဖို့ပေါ့..."

"တင်း တောင်" တံခါးဘဲလ် မြည်လာ၏။ ကျန်းချန်ဖေးကပြုံးပြီး ဘောလုံးလို ကွေးနေသော ကောင်လေးအားပုတ်ကာ တစ်ဖက်လှည့်၍ တံခါးဖွင့်လိုက်သည်။ အခန်းဝန်ဆောင်မှုပင်။ ငွေရောင်အစားအသောက်လှည်းကို ဖြည်းဖြည်းချင်း တွန်းဝင်လာပြီး အဖုံးဖုံးထားသော ထိပ်တန်းစားစရာများကို စားပွဲပေါ် တစ်ခုပြီးတစ်ခု တည်ခင်းလေ၏။ စားပွဲထိုးလေးက ဝိုင်ငှဲ့ပေးလိုက်ပြီး အဖုံးများဖွင့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဒီမှာလူကြီးမင်းတို့ မှာထားတဲ့ ဟင်းပွဲတွေပါ၊ စားသုံးပါဗျ"

ကျန်းချန်ဖေး ရေချိုးခန်းထဲတွင် ရေချိုးပြီး ရေလဲဝတ်ရုံဝတ်ပြီး စားပွဲတွင်ထိုင်ချ၍ ကျောင်းချီကို ပြောလိုက်သည်။
"ဒီကိုလာခဲ့၊ အစားအသောက်တွေက အေးနေပြီ၊ ဒီဟိုတယ်က စားစရာကြောင့် နာမည်ကြီးတယ်၊ စားစရာမြည်းစမ်းချင်ရင် ဟိုတယ်မှာ နေဖို့လိုတယ်"
ကျောင်းချီ အဝတ်အစားလဲပြီး စားပွဲပေါ်ရှိ အငွေ့တထောင်းထောင်းထနေသော စားစရာများကို လက်ညှိုးထိုးပြကာ သံသယရှိစွာ မေးလိုက်သည်။
"ဒါဆို ခင်ဗျားပြောနေတာက... ငါတို့ဒီရောက်နေတာ... ဒီက စားစရာတွေကြောင့်လား"

"ဟုတ်တယ်လေ၊ ကိုယ်မင်းကို ဒီည ကောင်းတာတစ်ခုခုစားဖို့ ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်လေ" ကျန်းချန်ဖေး တကယ်ထိုသို့ ပြောခဲ့သည်။ သူတို့ နေ့လယ်စာတူတူ မစားနိုင်မှန်း သိပြီးနောက် ကျန်းချန်ဖေးက ညနေတွင် စားသောက်စရာကောင်းကောင်းစားရန် တစ်နေရာဆီခေါ်သွားမည်ဟု ကျန်းချန်ဖေး ပြောခဲ့သည်။ သူ စကားပြောပြီးနောက် ဆော့စ်နှစ်ထားသည့် အသားလုံးတစ်လုံးကိုကောက်ယူပြီး သူ့ရှူးဂါးဘေဘီလေး၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
"မင်းရှူးဂါးဒယ်ဒီ ကျွေးတာစားချိန် ပိုအရသာရှိလား"

"... ဒိုးလိုက်ပါတော့!"

တစ်ခဏစကားပြောပြီးနောက် ကျောင်းချီ အများစုကို သဘောပေါက်သွားခဲ့သည်။ ဒါက ဖျော်ဖြေရေးနယ်ရှိ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နိုင်၏။ ကျန်းတာ့တျောင်းက သူ့ကိုယ်သူ ရက်ရောသော သူဌေးကြီးဖြစ်ကာ ချောမောသော ငယ်ငယ်ရွယ်ရွယ်ကောင်လေးကို မွေးစားပြီး အဆက်အသွယ်များ၊ အရင်းအနှီးများ ထုတ်ပေးနေသည်ဟု တွေးနေခြင်းပင်။ သူ့တစ်ခုတည်းသော တာဝန်သည် ရှူးဂါးဒယ်ဒီနှင့် အိပ်ရန်ဖြစ်၏။

မည်သို့ပင်ဖြစ်ဖြစ် ပွန်းတစ်ပုဒ်နှင့် တူသည့်ပုံပင်...။

စားသောက်ပြီးနောက် ကျောင်းချီမှာ သူ့ရှူးဂါးဘေဘီတာဝန်ကို ဖြည့်ဆည်းပေးရတော့မည်။ ဆေးကြောသန့်စင်ပြီးနောက် အိပ်ရာပေါ်လှဲပြီး ကျန်းတာ့တျောင်းရင်ခွင်ထဲ ဖက်ခံထားသည်။

"မင်းအနံ့လေးက မွှေးလိုက်တာ၊ မလိုင်ခဲလေး..."
ကျန်းချန်ဖေးက သူ့ချစ်ဇနီးလေး၏ ချောမွတ်သော မျက်နှာဘေးကို ပွတ်သပ်လိုက်ပြီး သူ့ဘာသာစဉ်းစားနေသည်။
"ဒီသူဌေးသားလေးရဲ့ အသားအရေက တခြားဆယ်လီလေးတွေထက် တကယ်ကို သာတာပဲ" သူ မစ္စတာကျောင်းကို ကျေးဇူးတင်ချင်သည်။ ကျောင်းမိသားစုသာ အခြေအနေကောင်းမွန်နေသေးပြီး သခင်လေးကျောင်းသည် ဖျော်ဖြေရေးလောကထဲတွင် အလုပ်မလုပ်ခဲ့လျှင် သခင်လေးကို အရသာခံရန် အခွင့်အရေးရှိမည်မဟုတ်ချေ။

ကျောင်းချီ ခွေးပေါက်ကြီးက သူ့ကိုပွတ်သပ်နေ၍ ပူလောင်လာသည်။ သူ ခန္ဓာကိုယ်ကို လှုပ်လိုက်ရ၏။
"မလှုပ်နဲ့!" မစ္စတာရှူးဂါးဒယ်ဒီသည် ရုတ်တရက်သူ့ကို ဖိချလိုက်ပြီး လှုပ်ရှားရန် ခွင့်မပြုပေ။ သူ တစ်စုံတစ်ရာလုပ်မိမည်ကို ထိန်းနေရ၏။

"ဘာဖြစ်တာလဲ"
ကျောင်းချီ သူ့ကိုကြည့်ကာ သိချင်နေမိသည်။

"ကောင်လေး မီးနဲ့မကစားနဲ့နော်"
ကျန်းချန်ဖေးက အသက်ရှူမြန်နေသည်။
"မင်း အရွယ်မရောက်ခင်ထိ ကိုယ်ဘယ်တော့မှ မလုပ်ဘူးလို့ပြောပြီးသား၊ ကိုယ့်ကို မကောင်းဆိုးဝါးဖြစ်အောင် မလုပ်နဲ့"

"ငါက အသက်မပြည့်သေးတဲ့ကောင်လေးပုံပေါက်တယ်လို့ ခင်ဗျားထင်နေတာလား"
နှစ်ပေါင်းများစွာ ဈေးကွက်ထဲတွင် တိုက်ခိုက်ခြင်းမှရရှိ‌ခဲ့သော သူ၏တည်ငြိမ်သည့် အငွေ့အသက်သည် သူ့ကို ကောင်လေးတစ်ယောက်ပုံစံ ဖြစ်သွားစေခဲ့သည်လား။ ကျောင်းချီ သူ့လောင်ကုန်း၏ မျက်ခွံများကို လှမ်းထိကာ ဒီမျက်ဝန်းများထဲ မည်သည့် အဆင့်မြင့် ကင်မရာfilter နည်းပညာများ ထည့်ထားလဲ သိချင်နေမိသည်။ ကျန်းချန်ဖေး ပြုံးကာ ကလေးများသည် လူကြီးများအဖြစ် အထင်ခံရသည်ကို သဘောကျပြီး သေးငယ်သည်ဟု ခေါ်ခံရသည်ကို မပျော်ရွှင်ကျကြောင်း တွေးမိသည်။ ထောက်ထားတတ်သော ရှူးဂါးဒယ်ဒီတစ်ယောက်အနေနှင့် ကောင်လေး၏ မိမိကိုယ်ကို တန်ဖိုးထားခြင်းအား ဘယ်လို မနာကျင်အောင် လုပ်ရမလြ ချက်ချင်းသိသည်။
"အင်းပါ၊ မင်းက ၁၇နှစ်နဲ့မတူဘူး၊ ၁၈နှစ်ပြည့်ပြီးသားနဲ့ တူနေပြီ"

"..."

အဆုံးတွင်တော့ လူ့လောကကျင့်ဝတ်များရှိသည့် မစ္စတာရှူးဂါးဒယ်ဒီသည် သူ့ချစ်ဇနီးလေးကို ဖက်သာဖက်ထားကာ အိပ်စက်ခဲ့သည်။ သူ ကျောင်းချီအား အိပ်ရာဝင် ပုံပြင်အချို့ ဖတ်ပြရန်ပင် ကြိုးစားသေး၏။

ကျောင်းချီ "သူဌေးသားလေးတစ်ယောက်မှ မိသားစုကိုကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ်ရေုင်းစား" ဆိုသည့် ရင်ထိစရာပုံပြင်ကို ငြင်းဆန်ကာ ကျန်းတာ့တျောင်းအား ကျောပေးထားလျက် သူ့အမေဆီ စာပို့လိုက်၏။

【ချန်ဖေး အအေးမိနေတာမို့ မနက်ဖြန်ကျွန်တော်တစ်ယောက်တည်း ပြန်လာခဲ့မယ်】

မ‌နက်ဖြန်က စနေနေ့ဖြစ်ပြီး သူ့မိဘများအား‌သွားတွေ့ရန် နေ့ပင်။ ကျောင်းချီ သူ့လောင်ကုန်းအား အအေးမိစေရန် မဆုတောင်းသော်လည်း ကျန်းချန်ဖေးက "ရှုးဂါးဒယ်ဒီ"၊ "ရှူးဂါးဘေဘီ" စသဖြင့် ပြောနေချိန် ကျောင်းချီ သေချာပေါက် ကျောင်းမိသားစုဆီ ခေါ်မသွားနိုင်၍ သူ့ဘာသာ ပြန်ရတော့မည်။ မကြာခင် ကျောင်းမားမားက စာပြန်လာ၏။

【မားမား:အအေးမိတာလေးပဲကို၊ သူ့ကိုလာခိုင်းလိုက်ပါ】

【ကျောင်းချီ:သူ့ကြောင့် အမေအအေးမိရင် အဖေဒေါသထွက်ပြန်ဦးမယ်】

နောက်တစ်နေ့ သူ့ချစ်ဇနီးလေးက မိဘများဆီ ပြန်သွားမည်ကို သိသွား၍ မစ္စတာရှူးဂါးဒယ်ဒီသည် မကျေမနပ်ဖြစ်တော့သည်။

"မင်းက အားလပ်ရက်တွေမှာ ကိုယ့်အပိုင်လေ၊ မင်းအိမ်ပြန်သွားချင်ရင် ကိုယ့်ကိုကြိုတင် တင်ပြရမှာ‌လေ"

ဗိုလ်ကျလွန်းစွာဖြင့် ကျန်းချန်ဖေးသည် ကျောင်းချီကို ဘောင်းဘီများဝတ်ခွင့်မပေးချေ။

"တစ်နေ့က ပြောခဲ့တယ်လေ"
ကျောင်းချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"တကယ်လား" လုံးဝ ဇဝေဇဝါဖြစ်နေသည့် ကျန်းတာ့တျောင်းသည် သူ့ချစ်ဇနီးလေး ထိုနေဘက ဘာပြောခဲ့လဲ စဉ်းစားမရဘဲ အနည်းငယ်တွေးလိုက်သည်။
"ဒါဆို ကိုယ် မင်းနဲ့လိုက်ခဲ့မယ်"

"ဟင့်အင်း!" ကျောင်းချီ သူ့ဘောင်းဘီများကို ဆွဲလုပြီး ဝတ်လိုက်သည်။
"အိမ်မှာစောင့်နေ၊ နေ့လယ်စာစားပြီးရင် ပြန်လာခဲ့မယ်"

"ကောင်းပြီလေ၊ ဒါဆို ဒါယူသွား" ကျန်းချန်‌ဖေးက အိတ်ကပ်ထဲမှ ကဒ်တစ်ခုကို ထုတ်ပြီး သူ့ချစ်ဇနီးလေးဆီ ပစ်ပေးလိုက်ငည်။

ကျောင်းချီ မဆိုစလောက် မျက်ခုံးပင့်မိကာ တွေးမိလိုက်သည်။
"ဒါဆို ဒါက ရှူးဂါးဒယ်ဒီနဲ့ တစ်ညအိပ်ပေးခပေါ့လေ? သူ နောက်ဆုံးတော့ ချက်လက်မှတ်မဟုတ်ဘဲ ကတ်ပေးဖို့ကို သိပြီပဲ၊ ဟမ် ဘဏ်ကတ်ဟ၊ အထဲမှာ ၂ရာပဲရှိတဲ့ထိတော့ ကပ်စေးမနှဲလောက်ပါဘူးနော်" ထို့ကြောင့် သူကဒ်ကိုယူပြီး Smart Brain နှင့် စကင်န်ဖတ်လိုက်၏။

"အများပြည်သူ သယ်ယူပို့ဆောင်ရေးကတ်၊
လက်ကျန်ငွေ ၁၉၉.၉၈ ယွမ်"

"မစိုးရိမ်နဲ့၊ ကိုယ်မနေ့ကပဲ ပိုက်ဆံဖြည့်ပြီးတာ"
ဆင်းရဲသွားသောမိသားစု၏ သခင်လေးသည် ပိုက်ဆံစုရန် သင်ယူခဲ့ချေသည်။ ယခု အပြင်ထွက်လျှင် အများသုံးသယ်ယူပို့ဆောင်ရေးကိုသာ သုံးတော့သည်။ ရှူးဂါးဒယ်ဒီမှာ သူ့အတွက် စိတ်မကောင်းဖြစ်၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကတ်တွင် သူ့အစားပိုက်ဆံဖြည့်ပေးခဲ့သည်။

"... နှုတ်ဆက်ပါတယ်" ကိုယ့်ကိုယ်ကိုယ် တလေးစားသည့် သခင်လေးသည် ရှူးဂါးဒယ်ဒီ၏ ငွေကြေးအထောက်အပံ့အား ငြင်းပယ်ခဲ့ကာ ပိုက်ဆံ၂၀၀ဖြည့်ချိန် ၀.၀၂ ကျပ် အခွန်ခကျသင့်သည့် ကတ်ကို မြေကြီးပေါ်တွင် ပစ်ပေါက်ပြီး တံခါးဆောင့်ပိတ် ထွက်သွားခဲ့တော့သည်။

သူ ကျောင်းမိသားစု၏ ဒရိုက်ဘာအား ဖုန်းဆက်ကာ လာကြိုခိုင်းလိုက်သည်။ တစ်ယောက်တည်းပြန်ကာ သူ့အားတစ်စုံတစ်ရာပြောတော့မည့် မိဘများကို ရင်ဆိုင်ရန် စီစဉ်ခဲ့သည်။

နေ့လယ်စာပြင်နေဆဲဖြစ်ပြီး အားလုံး ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ အငွေ့အသက်အား အသက်‌ဝင်စေမည့် ကျန်းချန်ဖေးမရှိ၍ တိတ်ဆိတ်မှုသာ အုပ်စိုးနေသည်။

"အော်၊ ချန်ချန်မရှိတာကို ကျင့်သားမရသေးဘူး"
ကျောင်းမားမားကပြုံးရင်း သူမသားကို အသီးတစ်ချို့ ကမ်းပေးလာသည်။

ကျောင်းချီ သူ့အမေ‌ကမ်းပေးလာသည့် လိမ္မော်သီးကို ယူလိုက်သော်ငြား မစားပေ။ သူ ထမင်းမစားခင် ချဉ်လွန်းသည့်အရာ ဘာမှမစားနိုင်ချေ။ လိမ္မော်သီးအချိုဆိုလျှင်တောင် စားပြီးလျှင် နေထိုင်၍ မကောင်းတော့။

"အာ ဆိုးလိုက်တဲ့ငါ့မှတ်ဉာဏ်!" ကျောင်းမားမားက လိမ္မော်သီးကို မြန်မြန်ပြန်ယူကာ စပျစ်သီးအချို့ပေးလိုက်သည်။
"ချန်ချန်က အရင်တုန်းက အမေပေးတိုင်း ယူတယ်လေ၊ မင်းမစားနိုင်ရင် သူ စားပေးတယ်၊ မင်းက အရမ်းအလိုလိုက်ခံရတာ၊ ချန်ချန်က မင်းကိုအခုစောင့်ရှောက်နိုင်ပေမဲ့ အသက်ကြီးလာချိန်ကျ မင်းဘာလုပ်မလဲ"

"..." အခု စပြီပေါ့။ ကျောင်းချီ မဆိုစလောက် မျက်မှောင်ကြုတ်ကာ မတုံ့ပြန်ပေ။

"သူ အအေးမိနေလို့လား၊ ငါ မင်းတို့နှစ်ယောက် ကလေးယူဖို့ တစ်ခုခုပြောမှာကို စိုးရိမ်လို့လား၊ အဲဒါကြောင့် ဒီကိုလာဖို့ ကြောက်နေတယ်ပေါ့လေ?"
ကျောင်းကျို့ရန်သည် သူ့မိန်းမကဲ့သို့ သွယ်ဝိုက်မပြောတတ်ချေ။ အရင်တစ်ခေါက်က သူ့သားကို ထိုအကြောင်း ပြောပြီးပြီဖြစ်၍ လိုရင်းဆီဖြတ်ပြောလ်ုက၏။
"သူကမင်းတို့ ပြင်ဆင်နေပြီပြောတယ်၊ အခုဘယ်လိုဖြစ်နေပြီလဲ"

"ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး"
ကျောင်းချီ ငုံ့ကာ လက်ဖက်ရည်ခွက်ယူပြီး တစ်ငုံသောက်လိုက်သည်။

"မင်းဘာတွေပြောနေတာလဲ၊မင်းက ယောက်ျားလေးလေ၊ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ပြင်ဖို့လည်းမလိုဘူး၊ ဆေးဝါးတွေ သောက်သုံးဖို့လည်း မလိုအပ်တာကို" ကျောင်းချီ၏ အချိုးမကျသောဆင်ခြေကို ကြားတော့ ကျောင်းကျို့ရနမ အနည်းငယ်စိတ်တိုသွားသည်။

"စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးတာ"
ကျောင်းချီ ခေါင်းမော့ပြီး သူ့အဖေမျက်ဝန်းများကို တည့်တည့်မတ်မတ်ကြည့်လိုက်သည်။ သူ အဖေဖြစ်ရန် အဆင်သင့်မဖြစ်သေးပေ။ အသက်တစ်သက်အတွက် တာဝန်ယူနိုင်စွမ်းလည်း မရှိသေး။ ပြီးတော့ ယခုလက်ရှိ အစားထိုးကိုယ်ဝန်ဆောင်နည်းပညာအရ ကလေးသည် သူသို့မဟုတ် ကျန်းချန်ဖေး ဗီဇသာပါမည်ဖြစ်၍ သူတို့ထဲမှတစ်ယောက်၏ သွေးသားရင်းကလေးမဟုတ်မည်ကို ကျောင်းချီ လက်မခံနိုင်ရုံဖြစ်သည်။

"ဘာမှပြင်ဆင်ဖို့မလိုဘူး၊ မင်းအမေ မင်းကိုမွေးတုန်းကလည်း ငါက အဖေဖြစ်ဖို့ အဆင်သင့်ဖြစ်ခဲ့သေးတာမဟုတ်ဘူးကွ..."

သူမယောက်ျား ဒေါသပေါက်ကွဲတော့မည်ကိုမြင်၍ ကျောင်းမားမား သူ့ခြေထောက်ကိုကန်လိုက်သည်။

အိမ်တော်ထိန်းက ညစာအဆင်သင့်ဖြစ်ပြီဟု ပြော၍ သားအဖနှစ်ယောက်ကို တစ်ချိန်တည်း စားသောက်ရင်း စကားပြောရန် စားပွဲဆီသွားခိုင်းလိုက်သည်။

"ကျွန်တော်တို့ ကလေးယူမယူက ကိုယ်တိုင်ပဲဆွေးနွေးလိုက်ပါ့မယ်၊ အမေ အဖေတို့ မြေးလိုချင်တာနဲ့ပဲ၊ ကျွန်တော်တို့ ကလေးယူလိုက်လို့မဖြစ်ဘူး၊ အဲဒါက ကလေးပေါ် မတရားရကျလိမ့်မယ်"
ကျောင်းချီ သူ့မိဘများ သူ့ကို ဆက်ပြီးဆွယ်တရားဟောရန် အခွင့်အရေးမပေးတော့ချေ။ သူ့သဘောထားကို တိုက်ရိုက်ပြသလိုက်ကာ ကျန်းချန်ဖေးမဟုတ်ဘဲ သူကသာ စိုးရိမ်မှုများရှိနေခြင်းဟု အကြံပြုလိုက်သည်။

"မတရားတာလား၊ ကလေးတစ်ယောက် ဒီမိသားစုထဲနေတာ ဘာလို့မကောင်းရမှာလဲ၊ ပြီးတော့ မင်းတို့ကိုယ်တိုင်လည်း ထိန်းစရာမလိုဘူး၊ မင်းတို့အလုပ်ကို သက်ရောက်မှာမှမဟုတ်တာ"
ကျောင်းမားမားမှာ ဇဝေဇဝါဖြစ်သွားခဲ့သည်။

"ကျွန်တော်တို့ကလေးယူရင် ကိုယ်တိုင်ပဲထိန်းမှာ"
ကျောင်းချီသည် လက်ထဲရှိ တူကို ကျစ်ကျစ်ဆုပ်ကိုင်မိလိုက်သည်။

"..."

"..."

တစ်ချိန်လုံး စကားပြောနေသည့် မိဘများသည် လည်ပင်းညှစ်ခံလိုက်ရသည့်ပမာ ဖြစ်သွားခဲ့သည်။ သူတို့ ချက်ချင်းတိတ်သွား၏။ ကျောင်းမားမား၏ မျက်ဝန်းများ နီရဲလာကာ ကျောင်းပါးပါးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ ဒီနှစ်များအတွင်း ကျောင်းချီသည် သူ့မိဘများ သူ့ကို ကလေးထိန်း စောင့်ရှောက်မှုအောက်တွင် ထားခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး အပြစ်မတင်ခဲ့ဖူးချေ။ ကလေးထိန်းက သူ့ကို နှိပ်စက်ခဲ့ကြောင်း သိပြီးနောက် သူ့မိဘများသည် သူ့ကိုလေးလေးနက်နက် တောင်းပန်ခဲ့၍ပင်။ သို့သော်ငြား သူ မပြောသော်လည်း မနာကျင်ခဲ့ရသည်ဟု မဆိုလိုပေ။

ထိုနေ့က သူ့အဖေသည် ‌ကျန်းတာ့တျောင်းကိုဖိအားပေးနေသည်ဟု သိခဲ့ရချိန် ကျောင်းချီ တကယ်ဒေါသထွက်သွားခဲ့သည်။

"ကျန်းချန်ဖေးက ဒီလူပဲလို့ အဲတုန်းက ကျွန်တော်ဘာကြောင့်သိသွားခဲ့လဲ သိရဲ့လား၊ ဘာလို့လဲဆိုတော့ ကျွန်တော် အသားကင်စားချင်တယ်လို့ပြောရင် ဘယ်ချိန်မဆို သူအလုပ်ရှုပ်နေရင်တောင် ခေါ်သွားပေးမှာ၊ သူက ကျွန်တော့်အတွက် အသား တစ်လွှာချင်းစီလည်း ကင်ပေးမှာ၊ ဘယ်သူမှ ကျွန်တော့်ကို အဲလိုမျိုး မချစ်ဖူးဘူး"
ကျောင်းချီ စကားပြောရင်း သူ့မျက်ဝန်းများ နီရဲလာခဲ့သည်။ ထိုလူသည် သူနှင့် အသက်တူသော်ငြား သူ ငယ်စဉ်က သူ့မိဘများ တစ်ခါမှမပေးခဲ့ဖူးသည့် အချစ်မျိုး ပေးခဲ့သည်။

ကျောင်းကျို့ရန် ကြက်သေသေနေမိ၏။ တစ်အောင့်ကြာပြီးနောက် သူ ဖြည်းဖြည်းချင်း အသက်ရှူလိုက်သည်။ ထိုအခါမှသာလျှင် သူပြောခဲ့သည့်
"မင်းအမေ မင်းကိုမွေးတုန်းကလည်း ငါကအဖေဖြစ်ဖို့ အဆင်သင့်ဖြစ်ခဲ့သေးတာ မဟုတ်ဘူးကွ" ဟူသောစကားသည် မည်မျှဆိုးဝါးလှကြောင်း နားလည်သွားခဲ့၏။


"အဟင့်..." ကျောင်းမားမား ငိုယိုမှု မရပ်နိုင်တော့ပေ။
"ယန်ယန်၊ အမေတောင်းပန်ပါတယ်၊ အမေ..."

"ကျွန်တော် အပြစ်တင်နေတာမဟုတ်ပါဘူး၊ အမေတို့လုပ်ပေးခဲ့တာက တခြားမိဘတွေထက် ‌တကယ်တော့ အများကြီးသာပါတယ်၊ ဒါပေမဲ့ ကလေးယူမယူက ကျွန်တော်တို့ ပြဿနာပါ၊ ကျွန်တော်တို့ လုံလုံလောက်လောက် ရင့်ကျက်ချိန်ကျ စဉ်းစားပါ့မယ်၊ ချန်ဖေးက အဖေတို့ကို လှည့်စားဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး၊ သူက ကျွန်တော့်အပေါ် ဒီတိုင်းဖိအားပုံမကျစေချင်လို့ပါ၊ ဒါကြောင့် နောက်ဆို သူ့ဘဝကို ခဲယဉ်းအောင် မလုပ်ပါနဲ့နော်၊ ပြောစရာရှိရင် ကျွန်တော့်ကိုသာ တန်းပြောပါ"
ကျောင်းချီ နှာရှုံ့ကာ ငုံ့ကြည့်လိုက်တော့ သူ့လောင်ကုန်းက သူ့အား စာပို့ထားသည်ကို သိလိုက်ရသည်။


【ကျန်းတာ့D:မင်းပြီးသွားပြီလား၊ ကိုယ် မင်းကိုလာကြိုမို့】

မစ္စတာရှူးဂါးဒယ်ဒီသည် စိတ်ရှည်ရှည်ဖြင့် တစ်‌မနက်လုံးစောင့်နေခဲ့သော်ငြား ထပ်မစောင့်နိုင်တော့ဘဲ သူ့ချစ်ဇနီးလေးကို လာကြိုချင်နေလေပြီ။

နူးညံ့သည့်သခင်လေးက သာမန်လူများနှင့် ဘတ်စ်ကားတူတူစီးရမည်ကိုတွေးမိတော့ မစိုးရိမ်ဘဲ မနေနိုင်ချေ။

【ကျောင်းချီ:မလိုဘူး၊ ကိုယ့်ဘာသာပြန်လာခဲ့မယ်】

【ကျန်းတာ့D:ဟင့်အင်း၊ ဘတ်စ်ကားစီးတာက အန္တရာယ်များလွန်းတယ်၊ ခဏစောင့်နေ၊ ကိုယ် နာရီဝက်အတွင်း လာခဲ့မယ်】
နှစ်ပေါင်းများစွာ ဘတ်စ်ကားမစီးဖူးသည့် ရှူးဂါးဒယ်ဒီသည် လိုင်းတွင်ဆက်စပ်သတင်းများကို ရှာဖွေခဲ့၏။ ရလဒ်က သိပ်မကောင်းချေ။ "ဘတ်စ်ကားလူသတ်မှု"၊ "ဘတ်စ်ကားပေါ်ရှိ ဆားသိပ်ထားသော ဝက်လက်"၊ "ဘတ်စ်ကားဒရိုက်ဘာ၏ ရုတ်တရက် ဖျားနာမှု" တို့ပင်။ ၎င်းတို့ သူ့နှလုံးသားထဲ အကြောက်တရား ရိုက်သွင်းခဲ့၏။

ကျောင်းချီ စာပြန်တော့မည့်ဆဲဆဲ ကျောင်းမားမား အငိုမရပ်နိုင်သည်ကို မြင်လိုက်ရသည်။ သူ လျှောက်သွားကာ နှစ်သိမ့်လိုက်၏။

တကယ်တော့ သူ့မိဘများသည် သူ့အပေါ် အမြဲ အင်မတန်ကောင်းမွန်ခဲ့သည်။ သူတို့ ကလေးထိန်းအား အလုပ်ဖြုတ်ပြီးလိုက်တည်းက မိသားစုစီးပွားရေးသည် ကြီးမားလာ၏။ သူ အထက်တန်းကျောင်းရောက်တည်းက အိမ်တော်ထိန်းနှင့် အစေခံများပင် ရှိလာခဲ့သည်။ အသက်ကြီးလာသည့် သူ့မိဘများသည် နောက်ဆုံးတော့ သူတို့ကလေးကို မည်သို့မည်ပုံချစ်ရမည်သိသွား၍ အထက်တန်းကျောင်းရက်များအတွင်း မင်းသားတစ်ပါးပမာ နေထိုင်ခဲ့ရ၏...။

သူ့မိဘများ ကလေးကိစ္စပြောသည်ကို ရပ်တန့်ပြီး သူ့အမေကိုချော့မော့ရာတွင် အောင်မြင်ခဲ့သဖြင့် ကျောင်းချီ နေထိုင်ကောင်းနေသည်။ ကျန်းတာ့တျောင်း သူ့ခွင့်ပြုချက်မရှိဘဲ သူ့ကိုလာခေါ်မည် သိသည့်တိုင် ဒေါသမထွက်မိပေ။ ကျောင်းချီ သူ့အဖေအား အပြစ်ရှိစိတ်များဖြစ်လွန်းအောင် လုပ်မိသွား၍ထင် ကျောင်းပါးပါးသည် သူ့ကို လိုက်ပို့ကာ ကျန်းချန်ဖေးနှင့် စကားပြောချင်နေသည်။

ကျန်းချန်ဖေး ဒီကို Maybach နှင့်ကိုယ်တိုင် မောင်းလာခဲ့သည်။ ကျောင်းချီက ဥယျာဉ်ထဲ ဝင်ခွင့်မပေး၍ ကားကိုအပြင်တွင် ပါကင်ထိုးကာ စောင့်နေလိုက်သည်။ ကျောင်းကျို့ရန် ရောက်လာသည်ကိုမြင်ချိန် ကားထဲမှထွက်ကာ နှုတ်ဆက်လိုက်သည်။

"ယန်ယန့်ကို ဒီနှစ်တွေမှာ စောင့်ရှောက်ပေးလို့ ကျေးဇူးပဲ"
ကျောင်းပါးပါးသည် အရပ်ရှည်ချောမောသာ မစ္စတာရှူးဂါးဒယ်ဒီ ကျန်းချန်ဖေးအား ပခုံးပုတ်ကာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ချီးကျူးခဲ့သည်။

သို့သော်ငြား ယုံကြည်မှုလွန်ကဲနေသည့် မစ္စတာရှူးဂါးဒယ်ဒီကတော့ ‌မြောက်ကြွမနေချေ။ သူ သူ့ယောက္ခထီး၏ ပခုံးကို ပုတ်လိုက်ပေ၏။
"ဟေး၊ ကျုပ်တို့က ညီအစ်ကိုကောင်းတွေပဲလေ၊ စိတ်ထဲမထားနဲ့"

[Zawgyi]

ရႉးဂါး... ဒယ္ဒီ...

ေက်ာင္းခ်ီ ထိတ္လန႔္သြားၿပီး ေျခလွမ္းက်ဲမ်ားျဖင့္ေလွ်ာက္ကာ ရိုက္လိုက္သည္။
"ဘာအဓိပၸါယ္မရွိတာေတြ ေျပာေနတာလဲ"

အားကစားစြပ္က်ယ္ကို ဝတ္ထားၿပီး က်န္းတာ့ေတ်ာင္းတစ္ေယာက္ လက္ထဲက ဝိုင္နီကိုခ်လိဳက္ကာ ခ်စ္ဇနီးေလးရိုက္ၿပီးေနာက္ နီရဲလာသည့္ ႂကြက္သားေတာင့္တင္းလွေသာ လက္ေမာင္းအား ၾကည့္လိုက္သည္။ သူ မဆိုစေလာက္ မ်က္ခုံးပင့္ကာ ေက်ာင္းခ်ီ လက္ေကာက္ဝတ္ကို ဖမ္းဆုတ္ၿပီး လ်င္ျမန္စြာ ရင္ခြင္ထဲ ထည့္သြင္းလိုက္သည္။

"ေၾကာင္ရိုင္းေလး၊ မင္းက လူေတြကို ကုတ္ျခစ္ဖို႔ သင္ယူၿပီးၿပီေပါ့ ဟမ္"

"ခင္ဗ်ားက... အာ့..." ဝိုင္အရသာ ႏႈတ္ခမ္းမ်ားသည္ သူ႕ပါးစပ္မွထြက္လာမည့္ စကားအားလုံးကို ပိတ္ဆီးထား‌ေခ်သည္။

"ကိုယ္ကဘာလဲ" က်န္းခ်န္ေဖးသည္ သူ႕ေၾကာင္ရိုင္းေလး၏ ႏႈတ္ခမ္းမ်ားကို ပြတ္သပ္ၿပီး ညင္သာစြာ သပ္လိုက္သည္။
"မင္းရႉးဂါးဒယ္ဒီကို ေျပာ၊ ေန႕လယ္က ေကာင္းေကာင္းစားခဲ့ရဲ႕လား"

"ခင္ဗ်ား ဒါကို ဘယ္ေတာ့မွ မဝဘူးပဲ၊ ဟုတ္လား"
ေက်ာင္းခ်ီ သူ႕ကိုတြန္းလိုက္သည္။ ဒီဇာတ္ၫႊန္းက ဘယ္လိုမ်ိဳးလဲ သူနားမလည္ေခ်။

အနည္းငယ္အႏၲရာယ္ရွိသည့္ပုံေပၚေသာ က်န္းတာ့ေတ်ာင္းက သူ႕ခ်စ္ဇနီးေလး၏ ခါးကိုဖက္ထားၿပီး အိပ္ရာေပၚပစ္တင္လိုက္ကာ ဖင္ဝိုင္းဝိုင္းေလးကို ရိုက္လိုက္သည္။
"ဒီေန႕ အရမ္းကို ဆိုးေနတယ္ေပါ့၊ အျပစ္ေပးတာ လိုခ်င္ေနတာလား"

ထိုသို႔ေျပာၿပီးေနာက္ သူက ေက်ာင္းခ်ီကို ခ်ည္ရန္ နက္ခ္တိုင္ကို ဆြဲျဖဳတ္ဖို႔ ေကာ္လံဆီ လက္လွမ္းလိုက္သည္။ သို႔ေသာ္ျငား သူ အားကစားစြပ္က်ယ္သာဝတ္ထားကာ နက္ခ္တိုင္လုံးဝရွိမေနမွန္း သေဘာေပါက္သြားခဲ့သည္။ စိတ္ပ်က္လက္ပ်က္ျဖင့္ လက္ခ်လိဳက္ရေသာ္ျငား ေက်ာင္းခ်ီကိုဖိထားၿပီး ေက်ာင္းခ်ီ ေဘာင္းဘီကို ဆြဲခြၽတ္ရန္ ႀကိဳးစားေတာ့သည္။

"ေဟး!" ေက်ာင္းခ်ီ ေဘာင္းဘီမ်ားမွာ ႐ုတ္တရက္ ဆြဲခြၽတ္ခံလိုက္ရၿပီး တင္ပါးဆုံမွာ ထပ္ရိုက္ခံရျပန္သည္။

မနာေသာ္ျငား အင္မတန္ကိုရွက္မိသည္။ ဖိနပ္မ်ားကို ကန္ထုတ္ထားၿပီးျဖစ္၍ ေက်ာင္းခ်ီ ေျခေခ်ာင္းမ်ားေကြးမိသြားၿပီး လည္တိုင္မွနားထိ ပူေလာင္ေနသည္။

"မင္းရွက္ေနတာလား" က်န္းခ်န္ေဖးက ၿပဳံးၿပဳံးျဖင့္ သူ႕နားေ႐ႊ႕လာသည္။ ေက်ာင္းခ်ီေဘးတြင္ လွဲခ်ၿပီး ေက်ာင္းခ်ီနားသယ္စပ္နားမွ ‌ႏူးညံ့ေသာ ဆံခ်ည္မွ်င္တို႔ကို ေဆာ့ကစားေနေတာ့သည္။
"ေန႕လယ္စာ ဘာစားခဲ့လဲ"

"အမဲသားထမင္း" ေက်ာင္းခ်ီသည္ စိတ္မပါတပါေျဖကာ Smart Brainကို ‌တေတာက္ေတာက္ ထိလိုက္သည္။

အန္နီက ‌အလိုလိုစတင္ရွင္းျပေတာ့သည္။
"ရႉးဂါးဒယ္ဒီဆိုတာက 'ေမြးစားေဖေဖ' ရဲ႕ ေတြ႕ေနက်နာမည္ပါ၊ အခုတေလာကေတာ့ ေဖ်ာ္ေျဖေရးေလာကထဲက လူငယ္ေယာက္်ားေလးေတြ၊ မိန္းကေလးေတြရဲ႕ အသက္ႀကီးႀကီးအမ်ိဳးသားသူငယ္ခ်င္းေတြကိုလည္း ၫႊန္းပါတယ္၊ သက္ဆိုင္ရာ ဝတၳဳေတြကို ဖတ္ခ်င္ရင္ေတာ့ ပါဝင္တဲ့အေၾကာင္းအရာအမ်ားစုက ကေလးအတြက္ မသင့္ေတာ္ဘူးလို႔ အသိေပးရပါမယ္"

"ေဖ်ာ္ေျဖေရးေလာက : လက္ထဲမွာ သၾကားေဖေဖတစ္ေယာက္နဲ႕ဆို တစ္ေလာကလုံးကို ပိုင္ဆိုင္ရ"

"အႏုပညာေက်ာင္းသားႏွင့္ ရႉးဂါးဒယ္ဒီ"

"ေက်းလက္ေဒသမွ ခ်စ္ဇာတ္လမ္း : ရႉးဂါးဒယ္ဒီ၊ ကြၽန္ေတာ္ မလိုခ်င္ပါဘူးဆို"
...
ေက်ာင္းခ်ီ ဝမ္းနည္းသြားသည္။ ထင္သည့္အတိုင္းပင္ ဟက္စကီး၏ ေနာက္စကားတစ္ခြန္းက "အမဲသားထမင္းက ကိုယ္မင္းကို ေကြၽးတဲ့ဟာေလာက္ ေကာင္းလို႔လား"

ကိုယ္မင္းကို... ေကြၽးတဲ့ဟာ...။

ေက်ာင္းခ်ီ ထထိုင္ၿပီး သူ႕ကိုစူးစိုက္ၾကည့္လိုက္သည္။ သူ ေဘာင္းဘီဝတ္ခ်င္ေသာ္ျငား တစ္စုံတစ္ေယာက္က သူ႕ေျခေထာက္မ်ားကို ဖိထား၍ ေစာင္ထဲ ပုန္းေနလိုက္ရသည္။

"ဘာေၾကာင့္ ယန္ယန္ေလးက အဲေလာက္ေတာင္ ရွက္ေနရတာလဲ"

က်န္းခ်န္ေဖးက ႏႈတ္ခမ္းသပ္ၿပီး ထိုခြၽဲပစ္ပစ္ သက္လတ္ပိုင္းအမ်ိဳးသားမ်ားကို တုပရန္ အေကာင္းဆုံးႀကိဳးစားေနသည့္ပုံျဖင့္ ဆိုးညစ္ဟန္ ေပါက္ေနသည္။ သို႔ေသာ္ျငား သူ႕မ်က္ႏွာသည္ ေခ်ာေမာလြန္း၍ စိတ္ပ်က္စရာမေကာင္းဘဲ ထိုအစား မေကာင္းဆိုးဝါးဆန္ဆန္ ဆြဲေဆာင္မႈရွိေနသည္။

"အာ... ဘာလို႔ ဟိုတယ္ဆီလာဖို႔ ေျပာခဲ့တာလဲ"

ေက်ာင္းခ်ီ သူ႕မ်က္ဝန္းမ်ားကိုေရွာင္ကာ ဆဝ့ဝိုက္ေသာ နည္းျဖင့္ေမးၿပီး ဒီတစ္ေခါက္ ဘာဇာတ္လမ္းလဲ အေျဖထုတ္ရန္ႀကိဳးစားေနသည္။ ‌ေဖ်ာ္ေျဖေရးနယ္ပယ္ထဲရွိ လူခ်မ္းသာအေၾကာင္းလား၊ ဒါမွမဟုတ္ ေက်းလက္ေဒသက ပိုးဟပ္ဇာတ္လမ္းပဲလား။
"ဘာေတြးေနတာလဲ၊ ေသခ်ာေပါက္ စားဖို႔ေပါ့..."

"တင္း ေတာင္" တံခါးဘဲလ္ ျမည္လာ၏။ က်န္းခ်န္ေဖးကၿပဳံးၿပီး ေဘာလုံးလို ေကြးေနေသာ ေကာင္ေလးအားပုတ္ကာ တစ္ဖက္လွည့္၍ တံခါးဖြင့္လိုက္သည္။ အခန္းဝန္ေဆာင္မႈပင္။ ေငြေရာင္အစားအေသာက္လွည္းကို ျဖည္းျဖည္းခ်င္း တြန္းဝင္လာၿပီး အဖုံးဖုံးထားေသာ ထိပ္တန္းစားစရာမ်ားကို စားပြဲေပၚ တစ္ခုၿပီးတစ္ခု တည္ခင္းေလ၏။ စားပြဲထိုးေလးက ဝိုင္ငွဲ႕ေပးလိုက္ၿပီး အဖုံးမ်ားဖြင့္ကာ အနည္းငယ္ ဦးၫႊတ္လိုက္သည္။
"ဒီမွာလူႀကီးမင္းတို႔ မွာထားတဲ့ ဟင္းပြဲေတြပါ၊ စားသုံးပါဗ်"

က်န္းခ်န္ေဖး ေရခ်ိဳးခန္းထဲတြင္ ေရခ်ိဳးၿပီး ေရလဲဝတ္႐ုံဝတ္ၿပီး စားပြဲတြင္ထိုင္ခ်၍ ေက်ာင္းခ်ီကို ေျပာလိုက္သည္။
"ဒီကိုလာခဲ့၊ အစားအေသာက္ေတြက ေအးေနၿပီ၊ ဒီဟိုတယ္က စားစရာေၾကာင့္ နာမည္ႀကီးတယ္၊ စားစရာျမည္းစမ္းခ်င္ရင္ ဟိုတယ္မွာ ေနဖို႔လိုတယ္"
ေက်ာင္းခ်ီ အဝတ္အစားလဲၿပီး စားပြဲေပၚရွိ အေငြ႕တေထာင္းေထာင္းထေနေသာ စားစရာမ်ားကို လက္ညွိုးထိုးျပကာ သံသယရွိစြာ ေမးလိုက္သည္။
"ဒါဆို ခင္ဗ်ားေျပာေနတာက... ငါတို႔ဒီေရာက္ေနတာ... ဒီက စားစရာေတြေၾကာင့္လား"

"ဟုတ္တယ္ေလ၊ ကိုယ္မင္းကို ဒီည ေကာင္းတာတစ္ခုခုစားဖို႔ ေခၚသြားေပးမယ္လို႔ ေျပာခဲ့တယ္ေလ" က်န္းခ်န္ေဖး တကယ္ထိုသို႔ ေျပာခဲ့သည္။ သူတို႔ ေန႕လယ္စာတူတူ မစားနိုင္မွန္း သိၿပီးေနာက္ က်န္းခ်န္ေဖးက ညေနတြင္ စားေသာက္စရာေကာင္းေကာင္းစားရန္ တစ္ေနရာဆီေခၚသြားမည္ဟု က်န္းခ်န္ေဖး ေျပာခဲ့သည္။ သူ စကားေျပာၿပီးေနာက္ ေဆာ့စ္ႏွစ္ထားသည့္ အသားလုံးတစ္လုံးကိုေကာက္ယူၿပီး သူ႕ရႉးဂါးေဘဘီေလး၏ ပါးစပ္ထဲ ထည့္ေပးလိုက္သည္။
"မင္းရႉးဂါးဒယ္ဒီ ေကြၽးတာစားခ်ိန္ ပိုအရသာရွိလား"

"... ဒိုးလိုက္ပါေတာ့!"

တစ္ခဏစကားေျပာၿပီးေနာက္ ေက်ာင္းခ်ီ အမ်ားစုကို သေဘာေပါက္သြားခဲ့သည္။ ဒါက ေဖ်ာ္ေျဖေရးနယ္ရွိ ဇာတ္လမ္းတစ္ပုဒ္ျဖစ္နိုင္၏။ က်န္းတာ့ေတ်ာင္းက သူ႕ကိုယ္သူ ရက္ေရာေသာ သူေဌးႀကီးျဖစ္ကာ ေခ်ာေမာေသာ ငယ္ငယ္႐ြယ္႐ြယ္ေကာင္ေလးကို ေမြးစားၿပီး အဆက္အသြယ္မ်ား၊ အရင္းအႏွီးမ်ား ထုတ္ေပးေနသည္ဟု ေတြးေနျခင္းပင္။ သူ႕တစ္ခုတည္းေသာ တာဝန္သည္ ရႉးဂါးဒယ္ဒီႏွင့္ အိပ္ရန္ျဖစ္၏။

မည္သို႔ပင္ျဖစ္ျဖစ္ ပြန္းတစ္ပုဒ္ႏွင့္ တူသည့္ပုံပင္...။

စားေသာက္ၿပီးေနာက္ ေက်ာင္းခ်ီမွာ သူ႕ရႉးဂါးေဘဘီတာဝန္ကို ျဖည့္ဆည္းေပးရေတာ့မည္။ ေဆးေၾကာသန႔္စင္ၿပီးေနာက္ အိပ္ရာေပၚလွဲၿပီး က်န္းတာ့ေတ်ာင္းရင္ခြင္ထဲ ဖက္ခံထားသည္။

"မင္းအနံ႕ေလးက ေမႊးလိုက္တာ၊ မလိုင္ခဲေလး..."
က်န္းခ်န္ေဖးက သူ႕ခ်စ္ဇနီးေလး၏ ေခ်ာမြတ္ေသာ မ်က္ႏွာေဘးကို ပြတ္သပ္လိုက္ၿပီး သူ႕ဘာသာစဥ္းစားေနသည္။
"ဒီသူေဌးသားေလးရဲ႕ အသားအေရက တျခားဆယ္လီေလးေတြထက္ တကယ္ကို သာတာပဲ" သူ မစၥတာေက်ာင္းကို ေက်းဇူးတင္ခ်င္သည္။ ေက်ာင္းမိသားစုသာ အေျခအေနေကာင္းမြန္ေနေသးၿပီး သခင္ေလးေက်ာင္းသည္ ေဖ်ာ္ေျဖေရးေလာကထဲတြင္ အလုပ္မလုပ္ခဲ့လွ်င္ သခင္ေလးကို အရသာခံရန္ အခြင့္အေရးရွိမည္မဟုတ္ေခ်။

ေက်ာင္းခ်ီ ေခြးေပါက္ႀကီးက သူ႕ကိုပြတ္သပ္ေန၍ ပူေလာင္လာသည္။ သူ ခႏၶာကိုယ္ကို လႈပ္လိုက္ရ၏။
"မလႈပ္နဲ႕!" မစၥတာရႉးဂါးဒယ္ဒီသည္ ႐ုတ္တရက္သူ႕ကို ဖိခ်လိဳက္ၿပီး လႈပ္ရွားရန္ ခြင့္မျပဳေပ။ သူ တစ္စုံတစ္ရာလုပ္မိမည္ကို ထိန္းေနရ၏။

"ဘာျဖစ္တာလဲ"
ေက်ာင္းခ်ီ သူ႕ကိုၾကည့္ကာ သိခ်င္ေနမိသည္။

"ေကာင္ေလး မီးနဲ႕မကစားနဲ႕ေနာ္"
က်န္းခ်န္ေဖးက အသက္ရႉျမန္ေနသည္။
"မင္း အ႐ြယ္မေရာက္ခင္ထိ ကိုယ္ဘယ္ေတာ့မွ မလုပ္ဘူးလို႔ေျပာၿပီးသား၊ ကိုယ့္ကို မေကာင္းဆိုးဝါးျဖစ္ေအာင္ မလုပ္နဲ႕"

"ငါက အသက္မျပည့္ေသးတဲ့ေကာင္ေလးပုံေပါက္တယ္လို႔ ခင္ဗ်ားထင္ေနတာလား"
ႏွစ္ေပါင္းမ်ားစြာ ေဈးကြက္ထဲတြင္ တိုက္ခိုက္ျခင္းမွရရွိ‌ခဲ့ေသာ သူ၏တည္ၿငိမ္သည့္ အေငြ႕အသက္သည္ သူ႕ကို ေကာင္ေလးတစ္ေယာက္ပုံစံ ျဖစ္သြားေစခဲ့သည္လား။ ေက်ာင္းခ်ီ သူ႕ေလာင္ကုန္း၏ မ်က္ခြံမ်ားကို လွမ္းထိကာ ဒီမ်က္ဝန္းမ်ားထဲ မည္သည့္ အဆင့္ျမင့္ ကင္မရာfilter နည္းပညာမ်ား ထည့္ထားလဲ သိခ်င္ေနမိသည္။ က်န္းခ်န္ေဖး ၿပဳံးကာ ကေလးမ်ားသည္ လူႀကီးမ်ားအျဖစ္ အထင္ခံရသည္ကို သေဘာက်ၿပီး ေသးငယ္သည္ဟု ေခၚခံရသည္ကို မေပ်ာ္႐ႊင္က်ေၾကာင္း ေတြးမိသည္။ ေထာက္ထားတတ္ေသာ ရႉးဂါးဒယ္ဒီတစ္ေယာက္အေနႏွင့္ ေကာင္ေလး၏ မိမိကိုယ္ကို တန္ဖိုးထားျခင္းအား ဘယ္လို မနာက်င္ေအာင္ လုပ္ရမၾလ ခ်က္ခ်င္းသိသည္။
"အင္းပါ၊ မင္းက ၁၇ႏွစ္နဲ႕မတူဘူး၊ ၁၈ႏွစ္ျပည့္ၿပီးသားနဲ႕ တူေနၿပီ"

"..."

အဆုံးတြင္ေတာ့ လူ႕ေလာကက်င့္ဝတ္မ်ားရွိသည့္ မစၥတာရႉးဂါးဒယ္ဒီသည္ သူ႕ခ်စ္ဇနီးေလးကို ဖက္သာဖက္ထားကာ အိပ္စက္ခဲ့သည္။ သူ ေက်ာင္းခ်ီအား အိပ္ရာဝင္ ပုံျပင္အခ်ိဳ႕ ဖတ္ျပရန္ပင္ ႀကိဳးစားေသး၏။

ေက်ာင္းခ်ီ "သူေဌးသားေလးတစ္ေယာက္မွ မိသားစုကိုကယ္တင္ရန္ ကိုယ့္ကိုယ္ကိုယ္ေရုင္းစား" ဆိုသည့္ ရင္ထိစရာပုံျပင္ကို ျငင္းဆန္ကာ က်န္းတာ့ေတ်ာင္းအား ေက်ာေပးထားလ်က္ သူ႕အေမဆီ စာပို႔လိုက္၏။

【ခ်န္ေဖး အေအးမိေနတာမို႔ မနက္ျဖန္ကြၽန္ေတာ္တစ္ေယာက္တည္း ျပန္လာခဲ့မယ္】

မ‌နက္ျဖန္က စေနေန႕ျဖစ္ၿပီး သူ႕မိဘမ်ားအား‌သြားေတြ႕ရန္ ေန႕ပင္။ ေက်ာင္းခ်ီ သူ႕ေလာင္ကုန္းအား အေအးမိေစရန္ မဆုေတာင္းေသာ္လည္း က်န္းခ်န္ေဖးက "ရႈးဂါးဒယ္ဒီ"၊ "ရႉးဂါးေဘဘီ" စသျဖင့္ ေျပာေနခ်ိန္ ေက်ာင္းခ်ီ ေသခ်ာေပါက္ ေက်ာင္းမိသားစုဆီ ေခၚမသြားနိုင္၍ သူ႕ဘာသာ ျပန္ရေတာ့မည္။ မၾကာခင္ ေက်ာင္းမားမားက စာျပန္လာ၏။

【မားမား:အေအးမိတာေလးပဲကို၊ သူ႕ကိုလာခိုင္းလိုက္ပါ】

【ေက်ာင္းခ်ီ:သူ႕ေၾကာင့္ အေမအေအးမိရင္ အေဖေဒါသထြက္ျပန္ဦးမယ္】

ေနာက္တစ္ေန႕ သူ႕ခ်စ္ဇနီးေလးက မိဘမ်ားဆီ ျပန္သြားမည္ကို သိသြား၍ မစၥတာရႉးဂါးဒယ္ဒီသည္ မေက်မနပ္ျဖစ္ေတာ့သည္။

"မင္းက အားလပ္ရက္ေတြမွာ ကိုယ့္အပိုင္ေလ၊ မင္းအိမ္ျပန္သြားခ်င္ရင္ ကိုယ့္ကိုႀကိဳတင္ တင္ျပရမွာ‌ေလ"

ဗိုလ္က်လြန္းစြာျဖင့္ က်န္းခ်န္ေဖးသည္ ေက်ာင္းခ်ီကို ေဘာင္းဘီမ်ားဝတ္ခြင့္မေပးေခ်။

"တစ္ေန႕က ေျပာခဲ့တယ္ေလ"
ေက်ာင္းခ်ီက ယုံၾကည္ခ်က္ရွိရွိ ေျပာလိုက္သည္။

"တကယ္လား" လုံးဝ ဇေဝဇဝါျဖစ္ေနသည့္ က်န္းတာ့ေတ်ာင္းသည္ သူ႕ခ်စ္ဇနီးေလး ထိုေနဘက ဘာေျပာခဲ့လဲ စဥ္းစားမရဘဲ အနည္းငယ္ေတြးလိုက္သည္။
"ဒါဆို ကိုယ္ မင္းနဲ႕လိုက္ခဲ့မယ္"

"ဟင့္အင္း!" ေက်ာင္းခ်ီ သူ႕ေဘာင္းဘီမ်ားကို ဆြဲလုၿပီး ဝတ္လိုက္သည္။
"အိမ္မွာေစာင့္ေန၊ ေန႕လယ္စာစားၿပီးရင္ ျပန္လာခဲ့မယ္"

"ေကာင္းၿပီေလ၊ ဒါဆို ဒါယူသြား" က်န္းခ်န္‌ေဖးက အိတ္ကပ္ထဲမွ ကဒ္တစ္ခုကို ထုတ္ၿပီး သူ႕ခ်စ္ဇနီးေလးဆီ ပစ္ေပးလိုက္ငည္။

ေက်ာင္းခ်ီ မဆိုစေလာက္ မ်က္ခုံးပင့္မိကာ ေတြးမိလိုက္သည္။
"ဒါဆို ဒါက ရႉးဂါးဒယ္ဒီနဲ႕ တစ္ညအိပ္ေပးခေပါ့ေလ? သူ ေနာက္ဆုံးေတာ့ ခ်က္လက္မွတ္မဟုတ္ဘဲ ကတ္ေပးဖို႔ကို သိၿပီပဲ၊ ဟမ္ ဘဏ္ကတ္ဟ၊ အထဲမွာ ၂ရာပဲရွိတဲ့ထိေတာ့ ကပ္ေစးမႏွဲေလာက္ပါဘူးေနာ္" ထို႔ေၾကာင့္ သူကဒ္ကိုယူၿပီး Smart Brain ႏွင့္ စကင္န္ဖတ္လိုက္၏။

"အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးကတ္၊
လက္က်န္ေငြ ၁၉၉.၉၈ ယြမ္"

"မစိုးရိမ္နဲ႕၊ ကိုယ္မေန႕ကပဲ ပိုက္ဆံျဖည့္ၿပီးတာ"
ဆင္းရဲသြားေသာမိသားစု၏ သခင္ေလးသည္ ပိုက္ဆံစုရန္ သင္ယူခဲ့ေခ်သည္။ ယခု အျပင္ထြက္လွ်င္ အမ်ားသုံးသယ္ယူပို႔ေဆာင္ေရးကိုသာ သုံးေတာ့သည္။ ရႉးဂါးဒယ္ဒီမွာ သူ႕အတြက္ စိတ္မေကာင္းျဖစ္၍ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးကတ္တြင္ သူ႕အစားပိုက္ဆံျဖည့္ေပးခဲ့သည္။

"... ႏႈတ္ဆက္ပါတယ္" ကိုယ့္ကိုယ္ကိုယ္ တေလးစားသည့္ သခင္ေလးသည္ ရႉးဂါးဒယ္ဒီ၏ ေငြေၾကးအေထာက္အပံ့အား ျငင္းပယ္ခဲ့ကာ ပိုက္ဆံ၂၀၀ျဖည့္ခ်ိန္ ၀.၀၂ က်ပ္ အခြန္ခက်သင့္သည့္ ကတ္ကို ေျမႀကီးေပၚတြင္ ပစ္ေပါက္ၿပီး တံခါးေဆာင့္ပိတ္ ထြက္သြားခဲ့ေတာ့သည္။

သူ ေက်ာင္းမိသားစု၏ ဒရိုက္ဘာအား ဖုန္းဆက္ကာ လာႀကိဳခိုင္းလိုက္သည္။ တစ္ေယာက္တည္းျပန္ကာ သူ႕အားတစ္စုံတစ္ရာေျပာေတာ့မည့္ မိဘမ်ားကို ရင္ဆိုင္ရန္ စီစဥ္ခဲ့သည္။

ေန႕လယ္စာျပင္ေနဆဲျဖစ္ၿပီး အားလုံး ဧည့္ခန္းထဲတြင္ ထိုင္ေနၾကသည္။ အေငြ႕အသက္အား အသက္‌ဝင္ေစမည့္ က်န္းခ်န္ေဖးမရွိ၍ တိတ္ဆိတ္မႈသာ အုပ္စိုးေနသည္။

"ေအာ္၊ ခ်န္ခ်န္မရွိတာကို က်င့္သားမရေသးဘူး"
ေက်ာင္းမားမားကၿပဳံးရင္း သူမသားကို အသီးတစ္ခ်ိဳ႕ ကမ္းေပးလာသည္။

ေက်ာင္းခ်ီ သူ႕အေမ‌ကမ္းေပးလာသည့္ လိေမၼာ္သီးကို ယူလိုက္ေသာ္ျငား မစားေပ။ သူ ထမင္းမစားခင္ ခ်ဥ္လြန္းသည့္အရာ ဘာမွမစားနိုင္ေခ်။ လိေမၼာ္သီးအခ်ိဳဆိုလွ်င္ေတာင္ စားၿပီးလွ်င္ ေနထိုင္၍ မေကာင္းေတာ့။

"အာ ဆိုးလိုက္တဲ့ငါ့မွတ္ဉာဏ္!" ေက်ာင္းမားမားက လိေမၼာ္သီးကို ျမန္ျမန္ျပန္ယူကာ စပ်စ္သီးအခ်ိဳ႕ေပးလိုက္သည္။
"ခ်န္ခ်န္က အရင္တုန္းက အေမေပးတိုင္း ယူတယ္ေလ၊ မင္းမစားနိုင္ရင္ သူ စားေပးတယ္၊ မင္းက အရမ္းအလိုလိုက္ခံရတာ၊ ခ်န္ခ်န္က မင္းကိုအခုေစာင့္ေရွာက္နိုင္ေပမဲ့ အသက္ႀကီးလာခ်ိန္က် မင္းဘာလုပ္မလဲ"

"..." အခု စၿပီေပါ့။ ေက်ာင္းခ်ီ မဆိုစေလာက္ မ်က္ေမွာင္ၾကဳတ္ကာ မတုံ႕ျပန္ေပ။

"သူ အေအးမိေနလို႔လား၊ ငါ မင္းတို႔ႏွစ္ေယာက္ ကေလးယူဖို႔ တစ္ခုခုေျပာမွာကို စိုးရိမ္လို႔လား၊ အဲဒါေၾကာင့္ ဒီကိုလာဖို႔ ေၾကာက္ေနတယ္ေပါ့ေလ?"
ေက်ာင္းက်ိဳ႕ရန္သည္ သူ႕မိန္းမကဲ့သို႔ သြယ္ဝိုက္မေျပာတတ္ေခ်။ အရင္တစ္ေခါက္က သူ႕သားကို ထိုအေၾကာင္း ေျပာၿပီးၿပီျဖစ္၍ လိုရင္းဆီျဖတ္ေျပာလ္ုက၏။
"သူကမင္းတို႔ ျပင္ဆင္ေနၿပီေျပာတယ္၊ အခုဘယ္လိုျဖစ္ေနၿပီလဲ"

"ကြၽန္ေတာ္ အဆင္သင့္မျဖစ္ေသးဘူး"
ေက်ာင္းခ်ီ ငုံ႕ကာ လက္ဖက္ရည္ခြက္ယူၿပီး တစ္ငုံေသာက္လိုက္သည္။

"မင္းဘာေတြေျပာေနတာလဲ၊မင္းက ေယာက္်ားေလးေလ၊ ကိုယ္ဝန္ေဆာင္ဖို႔ အဆင္သင့္ျပင္ဖို႔လည္းမလိုဘူး၊ ေဆးဝါးေတြ ေသာက္သုံးဖို႔လည္း မလိုအပ္တာကို" ေက်ာင္းခ်ီ၏ အခ်ိဳးမက်ေသာဆင္ေျခကို ၾကားေတာ့ ေက်ာင္းက်ိဳ႕ရနမ အနည္းငယ္စိတ္တိုသြားသည္။

"စိတ္ပိုင္းဆိုင္ရာအရ အဆင္သင့္မျဖစ္ေသးတာ"
ေက်ာင္းခ်ီ ေခါင္းေမာ့ၿပီး သူ႕အေဖမ်က္ဝန္းမ်ားကို တည့္တည့္မတ္မတ္ၾကည့္လိုက္သည္။ သူ အေဖျဖစ္ရန္ အဆင္သင့္မျဖစ္ေသးေပ။ အသက္တစ္သက္အတြက္ တာဝန္ယူနိုင္စြမ္းလည္း မရွိေသး။ ၿပီးေတာ့ ယခုလက္ရွိ အစားထိုးကိုယ္ဝန္ေဆာင္နည္းပညာအရ ကေလးသည္ သူသို႔မဟုတ္ က်န္းခ်န္ေဖး ဗီဇသာပါမည္ျဖစ္၍ သူတို႔ထဲမွတစ္ေယာက္၏ ေသြးသားရင္းကေလးမဟုတ္မည္ကို ေက်ာင္းခ်ီ လက္မခံနိုင္႐ုံျဖစ္သည္။

"ဘာမွျပင္ဆင္ဖို႔မလိုဘူး၊ မင္းအေမ မင္းကိုေမြးတုန္းကလည္း ငါက အေဖျဖစ္ဖို႔ အဆင္သင့္ျဖစ္ခဲ့ေသးတာမဟုတ္ဘူးကြ..."

သူမေယာက္်ား ေဒါသေပါက္ကြဲေတာ့မည္ကိုျမင္၍ ေက်ာင္းမားမား သူ႕ေျခေထာက္ကိုကန္လိုက္သည္။

အိမ္ေတာ္ထိန္းက ညစာအဆင္သင့္ျဖစ္ၿပီဟု ေျပာ၍ သားအဖႏွစ္ေယာက္ကို တစ္ခ်ိန္တည္း စားေသာက္ရင္း စကားေျပာရန္ စားပြဲဆီသြားခိုင္းလိုက္သည္။

"ကြၽန္ေတာ္တို႔ ကေလးယူမယူက ကိုယ္တိုင္ပဲေဆြးေႏြးလိုက္ပါ့မယ္၊ အေမ အေဖတို႔ ေျမးလိုခ်င္တာနဲ႕ပဲ၊ ကြၽန္ေတာ္တို႔ ကေလးယူလိုက္လို႔မျဖစ္ဘူး၊ အဲဒါက ကေလးေပၚ မတရားရက်လိမ့္မယ္"
ေက်ာင္းခ်ီ သူ႕မိဘမ်ား သူ႕ကို ဆက္ၿပီးဆြယ္တရားေဟာရန္ အခြင့္အေရးမေပးေတာ့ေခ်။ သူ႕သေဘာထားကို တိုက္ရိုက္ျပသလိုက္ကာ က်န္းခ်န္ေဖးမဟုတ္ဘဲ သူကသာ စိုးရိမ္မႈမ်ားရွိေနျခင္းဟု အႀကံျပဳလိုက္သည္။

"မတရားတာလား၊ ကေလးတစ္ေယာက္ ဒီမိသားစုထဲေနတာ ဘာလို႔မေကာင္းရမွာလဲ၊ ၿပီးေတာ့ မင္းတို႔ကိုယ္တိုင္လည္း ထိန္းစရာမလိုဘူး၊ မင္းတို႔အလုပ္ကို သက္ေရာက္မွာမွမဟုတ္တာ"
ေက်ာင္းမားမားမွာ ဇေဝဇဝါျဖစ္သြားခဲ့သည္။

"ကြၽန္ေတာ္တို႔ကေလးယူရင္ ကိုယ္တိုင္ပဲထိန္းမွာ"
ေက်ာင္းခ်ီသည္ လက္ထဲရွိ တူကို က်စ္က်စ္ဆုပ္ကိုင္မိလိုက္သည္။

"..."

"..."

တစ္ခ်ိန္လုံး စကားေျပာေနသည့္ မိဘမ်ားသည္ လည္ပင္းညွစ္ခံလိုက္ရသည့္ပမာ ျဖစ္သြားခဲ့သည္။ သူတို႔ ခ်က္ခ်င္းတိတ္သြား၏။ ေက်ာင္းမားမား၏ မ်က္ဝန္းမ်ား နီရဲလာကာ ေက်ာင္းပါးပါးကို ကူကယ္ရာမဲ့စြာ ၾကည့္လိုက္သည္။ ဒီႏွစ္မ်ားအတြင္း ေက်ာင္းခ်ီသည္ သူ႕မိဘမ်ား သူ႕ကို ကေလးထိန္း ေစာင့္ေရွာက္မႈေအာက္တြင္ ထားခဲ့သည့္ကိစၥႏွင့္ပတ္သတ္ၿပီး အျပစ္မတင္ခဲ့ဖူးေခ်။ ကေလးထိန္းက သူ႕ကို ႏွိပ္စက္ခဲ့ေၾကာင္း သိၿပီးေနာက္ သူ႕မိဘမ်ားသည္ သူ႕ကိုေလးေလးနက္နက္ ေတာင္းပန္ခဲ့၍ပင္။ သို႔ေသာ္ျငား သူ မေျပာေသာ္လည္း မနာက်င္ခဲ့ရသည္ဟု မဆိုလိုေပ။

ထိုေန႕က သူ႕အေဖသည္ ‌က်န္းတာ့ေတ်ာင္းကိုဖိအားေပးေနသည္ဟု သိခဲ့ရခ်ိန္ ေက်ာင္းခ်ီ တကယ္ေဒါသထြက္သြားခဲ့သည္။

"က်န္းခ်န္ေဖးက ဒီလူပဲလို႔ အဲတုန္းက ကြၽန္ေတာ္ဘာေၾကာင့္သိသြားခဲ့လဲ သိရဲ႕လား၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အသားကင္စားခ်င္တယ္လို႔ေျပာရင္ ဘယ္ခ်ိန္မဆို သူအလုပ္ရႈပ္ေနရင္ေတာင္ ေခၚသြားေပးမွာ၊ သူက ကြၽန္ေတာ့္အတြက္ အသား တစ္လႊာခ်င္းစီလည္း ကင္ေပးမွာ၊ ဘယ္သူမွ ကြၽန္ေတာ့္ကို အဲလိုမ်ိဳး မခ်စ္ဖူးဘူး"
ေက်ာင္းခ်ီ စကားေျပာရင္း သူ႕မ်က္ဝန္းမ်ား နီရဲလာခဲ့သည္။ ထိုလူသည္ သူႏွင့္ အသက္တူေသာ္ျငား သူ ငယ္စဥ္က သူ႕မိဘမ်ား တစ္ခါမွမေပးခဲ့ဖူးသည့္ အခ်စ္မ်ိဳး ေပးခဲ့သည္။

ေက်ာင္းက်ိဳ႕ရန္ ၾကက္ေသေသေနမိ၏။ တစ္ေအာင့္ၾကာၿပီးေနာက္ သူ ျဖည္းျဖည္းခ်င္း အသက္ရႉလိုက္သည္။ ထိုအခါမွသာလွ်င္ သူေျပာခဲ့သည့္
"မင္းအေမ မင္းကိုေမြးတုန္းကလည္း ငါကအေဖျဖစ္ဖို႔ အဆင္သင့္ျဖစ္ခဲ့ေသးတာ မဟုတ္ဘူးကြ" ဟူေသာစကားသည္ မည္မွ်ဆိုးဝါးလွေၾကာင္း နားလည္သြားခဲ့၏။

"အဟင့္..." ေက်ာင္းမားမား ငိုယိုမႈ မရပ္နိုင္ေတာ့ေပ။
"ယန္ယန္၊ အေမေတာင္းပန္ပါတယ္၊ အေမ..."

"ကြၽန္ေတာ္ အျပစ္တင္ေနတာမဟုတ္ပါဘူး၊ အေမတို႔လုပ္ေပးခဲ့တာက တျခားမိဘေတြထက္ ‌တကယ္ေတာ့ အမ်ားႀကီးသာပါတယ္၊ ဒါေပမဲ့ ကေလးယူမယူက ကြၽန္ေတာ္တို႔ ျပႆနာပါ၊ ကြၽန္ေတာ္တို႔ လုံလုံေလာက္ေလာက္ ရင့္က်က္ခ်ိန္က် စဥ္းစားပါ့မယ္၊ ခ်န္ေဖးက အေဖတို႔ကို လွည့္စားဖို႔ ရည္႐ြယ္ခဲ့တာမဟုတ္ပါဘူး၊ သူက ကြၽန္ေတာ့္အေပၚ ဒီတိုင္းဖိအားပုံမက်ေစခ်င္လို႔ပါ၊ ဒါေၾကာင့္ ေနာက္ဆို သူ႕ဘဝကို ခဲယဥ္းေအာင္ မလုပ္ပါနဲ႕ေနာ္၊ ေျပာစရာရွိရင္ ကြၽန္ေတာ့္ကိုသာ တန္းေျပာပါ"
ေက်ာင္းခ်ီ ႏွာရႈံ႕ကာ ငုံ႕ၾကည့္လိုက္ေတာ့ သူ႕ေလာင္ကုန္းက သူ႕အား စာပို႔ထားသည္ကို သိလိုက္ရသည္။

【က်န္းတာ့D:မင္းၿပီးသြားၿပီလား၊ ကိုယ္ မင္းကိုလာႀကိဳမို႔】

မစၥတာရႉးဂါးဒယ္ဒီသည္ စိတ္ရွည္ရွည္ျဖင့္ တစ္‌မနက္လုံးေစာင့္ေနခဲ့ေသာ္ျငား ထပ္မေစာင့္နိုင္ေတာ့ဘဲ သူ႕ခ်စ္ဇနီးေလးကို လာႀကိဳခ်င္ေနေလၿပီ။

ႏူးညံ့သည့္သခင္ေလးက သာမန္လူမ်ားႏွင့္ ဘတ္စ္ကားတူတူစီးရမည္ကိုေတြးမိေတာ့ မစိုးရိမ္ဘဲ မေနနိုင္ေခ်။

【ေက်ာင္းခ်ီ:မလိုဘူး၊ ကိုယ့္ဘာသာျပန္လာခဲ့မယ္】

【က်န္းတာ့D:ဟင့္အင္း၊ ဘတ္စ္ကားစီးတာက အႏၲရာယ္မ်ားလြန္းတယ္၊ ခဏေစာင့္ေန၊ ကိုယ္ နာရီဝက္အတြင္း လာခဲ့မယ္】
ႏွစ္ေပါင္းမ်ားစြာ ဘတ္စ္ကားမစီးဖူးသည့္ ရႉးဂါးဒယ္ဒီသည္ လိုင္းတြင္ဆက္စပ္သတင္းမ်ားကို ရွာေဖြခဲ့၏။ ရလဒ္က သိပ္မေကာင္းေခ်။ "ဘတ္စ္ကားလူသတ္မႈ"၊ "ဘတ္စ္ကားေပၚရွိ ဆားသိပ္ထားေသာ ဝက္လက္"၊ "ဘတ္စ္ကားဒရိုက္ဘာ၏ ႐ုတ္တရက္ ဖ်ားနာမႈ" တို႔ပင္။ ၎တို႔ သူ႕ႏွလုံးသားထဲ အေၾကာက္တရား ရိုက္သြင္းခဲ့၏။

ေက်ာင္းခ်ီ စာျပန္ေတာ့မည့္ဆဲဆဲ ေက်ာင္းမားမား အငိုမရပ္နိုင္သည္ကို ျမင္လိုက္ရသည္။ သူ ေလွ်ာက္သြားကာ ႏွစ္သိမ့္လိုက္၏။

တကယ္ေတာ့ သူ႕မိဘမ်ားသည္ သူ႕အေပၚ အၿမဲ အင္မတန္ေကာင္းမြန္ခဲ့သည္။ သူတို႔ ကေလးထိန္းအား အလုပ္ျဖဳတ္ၿပီးလိုက္တည္းက မိသားစုစီးပြားေရးသည္ ႀကီးမားလာ၏။ သူ အထက္တန္းေက်ာင္းေရာက္တည္းက အိမ္ေတာ္ထိန္းႏွင့္ အေစခံမ်ားပင္ ရွိလာခဲ့သည္။ အသက္ႀကီးလာသည့္ သူ႕မိဘမ်ားသည္ ေနာက္ဆုံးေတာ့ သူတို႔ကေလးကို မည္သို႔မည္ပုံခ်စ္ရမည္သိသြား၍ အထက္တန္းေက်ာင္းရက္မ်ားအတြင္း မင္းသားတစ္ပါးပမာ ေနထိုင္ခဲ့ရ၏...။

သူ႕မိဘမ်ား ကေလးကိစၥေျပာသည္ကို ရပ္တန႔္ၿပီး သူ႕အေမကိုေခ်ာ့ေမာ့ရာတြင္ ေအာင္ျမင္ခဲ့သျဖင့္ ေက်ာင္းခ်ီ ေနထိုင္ေကာင္းေနသည္။ က်န္းတာ့ေတ်ာင္း သူ႕ခြင့္ျပဳခ်က္မရွိဘဲ သူ႕ကိုလာေခၚမည္ သိသည့္တိုင္ ေဒါသမထြက္မိေပ။ ေက်ာင္းခ်ီ သူ႕အေဖအား အျပစ္ရွိစိတ္မ်ားျဖစ္လြန္းေအာင္ လုပ္မိသြား၍ထင္ ေက်ာင္းပါးပါးသည္ သူ႕ကို လိုက္ပို႔ကာ က်န္းခ်န္ေဖးႏွင့္ စကားေျပာခ်င္ေနသည္။

က်န္းခ်န္ေဖး ဒီကို Maybach ႏွင့္ကိုယ္တိုင္ ေမာင္းလာခဲ့သည္။ ေက်ာင္းခ်ီက ဥယ်ာဥ္ထဲ ဝင္ခြင့္မေပး၍ ကားကိုအျပင္တြင္ ပါကင္ထိုးကာ ေစာင့္ေနလိုက္သည္။ ေက်ာင္းက်ိဳ႕ရန္ ေရာက္လာသည္ကိုျမင္ခ်ိန္ ကားထဲမွထြက္ကာ ႏႈတ္ဆက္လိုက္သည္။

"ယန္ယန႔္ကို ဒီႏွစ္ေတြမွာ ေစာင့္ေရွာက္ေပးလို႔ ေက်းဇူးပဲ"
ေက်ာင္းပါးပါးသည္ အရပ္ရွည္ေခ်ာေမာသာ မစၥတာရႉးဂါးဒယ္ဒီ က်န္းခ်န္ေဖးအား ပခုံးပုတ္ကာ ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ခ်ီးက်ဴးခဲ့သည္။

သို႔ေသာ္ျငား ယုံၾကည္မႈလြန္ကဲေနသည့္ မစၥတာရႉးဂါးဒယ္ဒီကေတာ့ ‌ေျမာက္ႂကြမေနေခ်။ သူ သူ႕ေယာကၡထီး၏ ပခုံးကို ပုတ္လိုက္ေပ၏။
"ေဟး၊ က်ဳပ္တို႔က ညီအစ္ကိုေကာင္းေတြပဲေလ၊ စိတ္ထဲမထားနဲ႕"

Continue Reading

You'll Also Like

602K 5K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1.5M 32.6K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
6.1M 377K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
217K 22K 101
ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ...