My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

3.6K 569 46
By Mine-Edge

[Unicode]

ကျောင်းချီ ဝင်လာတော့ သူ့လောင်ကုန်း အိမ်စာလိမ်လိမ်မာမာရေးနေသည့် ကလေးတစ်ယောက်ပမာ စာရွက်စာတမ်းများ လက်မှတ်ထိုးနေသည်ကိုမြင်လိုက်ရသည်။ သူ မဆိုစလောက် မျက်ခုံးပင့်ပြီး လက်ထဲရှိ ပါဆယ်ကို စားပွဲပေါ်တင်ပေးလိုက်သည်။
"စားသောက်ဖို့အချိန်ပါ၊ ဂန်းစတားဘော့စ်ဗျ"

သူ့နာမည် “ဖေး” ၏ နောက်ဆုံးဆွဲချက်ကို ဆိုးဆိုးရွားရွား လက်မှတ်ထိုးမိသွားတော့၏။

နေ့လယ်စာသည် သူတို့နှစ်ယောက်လုံးကြိုက်သည့် တရုတ်စားသောက်ဆိုင်ဖြစ်သည်။ ကျောင်းချီ အစိမ်းနှင့်အနီဂိုဏ်းရှိ ကောင်လေးများကို ရှီးဖေး၏ ဧည့်ကြိုစားပွဲဆီ ပို့ခိုင်းခဲ့သည်။ ကျောင်းချီ ရောက်ချိန်မှာပင် အစားအသောက်ရောက်လာ၍ အပေါ်ထပ်ဆီ သယ်လာခဲ့၏။

"ဘာလို့ ပါဆယ်မှာလိုက်တာလဲ၊ ကိုယ် ကောင်းတာတစ်ခုခုစားဖို့ မင်းကို အပြင်ခေါ်သွားချင်တာကို"
ကျန်းချန်ဖေး စားစရာအား စားပွဲဆီရွှေ့ပြီး တစ်ဘူးချင်းဖွင့်လိုက်သည်။

"ပါဆယ်တွေက အချိန်ကုန်သက်သာတယ်လေ" အလုပ်စွမ်းဆောင်ရည်နှင့်ပတ်သတ်ပြီး ဂရုစိုက်သည့် မစ္စတာကျောင်းအတွက် ဒီနေရာထိလာပြီး သူ့လောင်ကုန်းနှင့် နေ့လယ်စာစားသည်ကရှားသည်။ ထို့ကြောင့် သူတို့ အပြင်တွင် စားသောက်ပြီး အချိန်ဖြုန်းမိလျှင် မချင့်မရဲဖြစ်စရာကောင်းလိမ့်မည်။

ကျန်းတာ့တျောင်း သူ့အဓိပ္ပါယ်ကိုနားလည်သော်ငြား အရင်ရက်များတွင် သူ လူပါးဝရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ အခု သူ့ကိုယ်သူ မထိန်းနိုင်ဘဲ စနောက်လိုက်မိသည်။
"အဓိပ္ပါယ်ရှိတာပဲ၊ နေ့လယ်စာစားပြီးရင် အချိန်အများကြီးရှိသေးတော့ ရုံးခန်းထဲ ခဏပျော်ပါးလို့ရတယ်" သူ နောက်ဆုံးစကားများကို ကျောင်းချီ နားဘေးကပ်ပြောတာ တမင်သက်သက် အသံနှိမ့်ထားလေသည်။

"သွားစမ်းပါ!" ကျောင်းချီ သူ့ကို တံတောင်တိုက်လိုက်သည်။ ကျန်းတာ့တျောင်း အသံထွယ်ရယ်နေသည်ကိုကြည့်ပြီး သူစိတ်တိုသွား၏။
"ဒီမှာ ပျော်စရာတစ်ခုရှိတယ်၊ ကြည့်ချင်လား"

"ဘာကို" ကျန်းချန်ဖေးက ဆော့စ်နှစ်ထားသည့် ဝက်နံရိုးတစ်ပိုင်းကို ပါးစပ်ထဲကိုက်ထားရင်း သိချင်စိတ်ဖြင့် ကြည့်လာ၏။

ကျောင်းချီက သူ့ Smart Brain ပေါ်နှိပ်ပြီး ရုံးခန်းထဲရှိ ရုပ်ပြစခရင်နှင့် ချိတ်ဆက်လိုက်သည်။

"ကျုပ် ကျန်းချန်ဖေးက အသက်ဆယ့်ခြောက်အရွယ်မှာ ဂန်းစတားဖြစ်ခဲ့တယ်... ဒီနေ့ ကျုပ် ဒီမှာလက်တွေဆေးကြောပြီး ‌ဒီလောကထဲက အနားယူတော့မယ်..."

မနေ့ညတုန်းက ဗီဒီယိုသည် စခရင်ပေါ်တွင် ကြည်လင်စွာ ပြသနေလေသည်။

"အဟွတ် အဟွတ် အဟွတ်..." ကျန်းချန်ဖေး သီးသွားတော့သည်။
"မဟုတ် မဟုတ်ဘူး၊ ပိတ်လိုက်ပါတော့"

"ဒါဆို ငါ့မေးခွန်းတစ်ခု အရင်ဖြေပေး"

"ဘာများလဲ"

"ခင်ဗျား အမေရိကန်ဆီသွားပြီး ငါ့ဆီလာလည်ရဖို့ မျှော်လင်ခဲ့တာလေ၊ ဒါပေမဲ့ ဘာကြောင့် စကားလာမပြောခဲ့တာလဲ"

"..." ကျန်းချန်ဖေး တောင့်ခဲသွားကာ ယန်ယန့်ကိုတွေ့ရန် တက္ကသိုလ်ဆီ ခိုးကြောင်ခိုးဝှက် ရောက်ဖူးကြောင်း သိသွားပြီမှန်း သဘောပေါက်သွားခဲ့သည်။ ထို ဘာဘီကျူးရောင်းသည့် သကောင့်သားလေးကျေးဇူးကြောင့်ပင်!

"ကွမ်ကျုံး ကိုယ့်ကို အပြစ်မတင်ဖို့ မျှော်လင့်..." ဗီဒီယို‌သည် နောက်ခံ၌ ဆက်ပြီးပြနေဆဲပင်။ ကျန်းတာ့တျောင်း စဉ်းစားကန် အချိန်အများကြီးမရလိုက်၍ အညံ့ခံရုံသာရှိတော့သည်။

"ကိုယ်မသေချာလို့ပါ" ကူကယ်ရာမဲ့စွာပြောကာ ပုစွန်ကိုအခွံနွှာပြီး ကျောင်းချီ ပန်းကန်လုံးထဲ ထည့်ပေးပြီးမှ သူ့ပန်းကန်လုံးအား ကောက်ယူကာ ပါးစပ်ထဲ ထမင်းထိုးထည့်လိုက်သည်။

ကျောင်းချီ ဗီဒီယိုကိုပိတ်ပြီး သူ့အားချစ်မြတ်နိုးစွာကြည့်လိုက်သည်။
"ဒါဆို ရထားပေါ် ရှစ်နာရီထိုင်ခဲ့ရတဲ့အချိန်က အလဟဿဖြစ်သွားမယ် မဟုတ်လား"

"အဲလိုတော့မဟုတ်ပါဘူး" ကျန်းချန်ဖေးက ပဲငံပြာရည်နှင့်နှပ်ထားသော တောင်ပံကို ယူစားလိုက်သည်။
"ကိုယ်အဲတုန်းက မင်းကိုမြင်ခဲ့ရပြီး တိတ်တိတ်လေး ဓာတ်ပုံတစ်ပုံရိုက်နိုင်ခဲ့တယ်လေ၊ တန်ပါတယ်၊ ဒါပေမဲ့ ကိုယ် အိမ်အပြန်မှာ ဖုန်းပျောက်သွားလို့ သိမ်းမထားလိုက်နိုင်ဘူး... အွန်း ဒါအရသာရှိတယ်၊ စားကြည့်ကြည့်"

"ခင်ဗျား ချန်ပီယံဆုတစ်ခုတောင် နိုင်ပြီးပြီပဲ၊ ဘာလို့ မသေချာသေးတာလဲ"

"ကိုယ် တစ်စုံတစ်ခုကို လုပ်ဖို့ဆုံးဖြတ်ပြီးရင် လုံးဝမသေချာသေးသရွေ့ မစဘူး"

"ဒါပေမဲ့ ခင်ဗျားအရင်ကပြောဖူးတာကျ နိုင်ဖို့ ၃၀ရာခိုင်နှုန်းအခွင့်အရေးရှိရင် ကြိုးစားသင့်တယ်၊ ၅၀ရာခိုင်နှုန်းဆို လုပ်ကိုလုပ်ရမယ်၊ ၇၀ရာခိုင်နှုန်းဆိုရင်တော့ ဘာပဲဖြစ်နေဖြစ်နေ ဆောင်ရွက်လိုက်တော့ဆို" ဒါက ချန်ဖေးပါးပါး၏ အောင်မြင်မှုပန်းတိုင်သို့လျှို့ဝှက်ချက်ပင်။ ကျောင်းသားအများစုက ဆောင်ပုဒ်အဖြစ် အသုံးပြုကြသည်။

"အဲဒါက စီးပွားရေးအကြောင်းပြောတာလေ၊ စီးပွားရေးမှာ ကျရှုံးတာကပုံမှန်ပဲဟာ" ကျန်းချန်ဖေး ရယ်လိုက်သည်။

ကျောင်းချီ တောင့်ခဲသွားသည်။

ကြက်တောင်ပံစားပြီးနောက် သူ့ချစ်ဇနီးလေး ဘာမှထပ်မပြောတော့မှ ကျန်းတာ့တျောင်း သူပြောမိလိုက်သည့်စကားကို သဘောပေါက်သွားခဲ့သည်။ ရှက်ရှက်ဖြင့် နားရွက်ကိုကုပ်ကာ ‌ကြက်တောင်ပံတစ်ခု ယူပြီး ကျောင်းချီဆီကမ်းပေးလိုက်သည်။
"စားဦး စားဦး၊ မကြာခင်အေးကုန်တော့မှာ"

ကျောင်းချီက အစာအိမ်မကောင်း၍ အအေးစာများ စားမရပေ။ ကျန်းချန်ဖေးက စကားလမ်းကြောင်းဆက်ရန် ငြင်းဆန်ကာ ထမင်းစားသောက်ပြီးစီးရန်သာ ညွှန်ကြားနေ၏။ သူ ကျောင်းချီလက်ထဲမှ အအေးကိုလာဘူးကိုလည်း ယူလိုက်ပြီး လက်ဖက်ရည်ပူပူလေးတစ်ခွက် ကမ်းပေးကာ စိုးရိမ်တတ်သည့်အဖေကြီးပမာ ပြုမူနေသည်။ သို့သော်ငြား ကျန်းတာ့တျောင်း ဒါတွေအားလုံး ဆောင်ရွက်ရသည်ကို နှစ်သက်သည်။ သူ့မင်းသားလေး လက်ဖက်ရည်သောက်နေသည်ကို ကြည့်ပြီး တကယ်ပင် လှမ်းဆွဲဖက်ချင်ကာ မျက်နှာချင်းပွတ်သပ်‌ချင်နေတော့၏။

သို့တိုင် ပုံမှန် ဥက္ကဌလူကြီးမင်းသည် အရိုက်ခံရမည်စိုးရိမ်၍ ဤကဲ့သို့ မလုပ်ရဲရှာပေ။ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လက်တော့လှမ်းလိုက်သေးကာ ဖြည်းဖြည်းချင်း ပခုံးကို ဖက်လိုက်သည်။

ကျောင်းချီ သူ့အားလှမ်းကြည့်လိုက်သော်ငြား မငြင်းချေ။

လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့် အကျဉ်းသားပမာ ကျန်းချန်ဖေးသည် ပျော်ရွှင်စွာဖြင့် လူကိုရင်ခွင်ထဲထည့်ဖက်ကာ ဆိုဖာပေါ် တူတူထိုင်ပြီး အစာချေတော့သည်။
"ပေါင်ပေ့၊ သဘောတူညီမှုလုပ်ကြရအောင်၊ ဟုတ်ပြီလား"

"ဘာကိုလဲ"

"ကိုယ် ရွှေဇလုံနဲ့ လက်ဆေးနေတဲ့ ဗီဒီယိုကို... ဖျက်လိုက်တာ ပိုကောင်းပါတယ်" ကျန်းချန်ဖေး မျက်နှာလိုမျက်နှာရဖြင့်ပြောလိုက်သည်။

"ဟင့်အင်း" ကျောင်းချီက ကြော့မော့စွာ လက်ဖက်ရည်သောက်လိုက်သည်။
"ခင်ဗျားကျွန်တော့်ကို အနာဂတ်မှာ စိတ်ရှုပ်အောင်လုပ်ရင် အင်တာနက်ပေါ် တင်ပစ်မှာပေါ့"

ကိုယ် ဘယ်လိုလုပ် မင်းကို စိတ်ရှုပ်အောင် လုပ်ရဲပါ့မလဲ... ကျန်းချန်ဖေး တွေးမိလိုက်သည်။ မျက်မှောင်ကြုတ်ကာ သူလေးနက်သည့်အကြည့်ဖြင့် ပြောလိုက်သည်။
"မဖြစ်ဘူး၊ မဖြစ်ဘူး၊ မင်းလောင်ကုန်းက ငကြောင်ဆိုပြီး တစ်လောကလုံးသိသွားလိမ့်မယ်"

"‌ဒါဆိုလည်း ငါက တရုတ်နိုင်ငံမှာ ရင်ထဲအထိဆုံး ဇာတ်လမ်းတွေထဲက ထိပ်ဆုံးဆယ်ယောက်ထဲကတစ်ယောက်အနေနဲ့ ရွေးခံရမှာပေါ့"
ကျောင်းချီက ချက်ချင်းပြန်ဖြေလိုက်သည်။


ကျန်းချန်ဖေး ညှစ်ထုတ်ပြုံးလိုက်ရကာ လက်ထဲမှ လက်ဖက်ရည်ခွက်အား ဆွဲယူပြီး စားပွဲပေါ်တွင်တင်လိုက်သည်။ သူ့ယန်ယန်သည် အင်မတန် ဉာဏ်များ၍ သင်ခန်းစာပေးရမည်ဟု ‌စဉ်းစားမိသည်။ သူက ဝေးလံလှသည့် ရွာတစ်ရွာမှ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသော ကောင်လေးပမာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ယန်ယန်၊ ဟီးဟီး ကိုယ် မင်းနဲ့အိပ်ချင်လို့"

"ဟဟ သွားစမ်းပါ!"

သူတို့ စနောက်နေကြတုန်း ကျောင်းချီဖုန်းမြည်လာကာ သူ့အဖေထံမှဖြစ်နေသည်။ သူ ချက်ချင်းတန်းကိုင်လိုက်၏။


"မင်းအမေက အိမ်မှာတစ်ပတ်အနားယူနေတယ်၊ စနေနေ့ကျ စားသောက်ဖို့ နှစ်ယောက်လုံး အိမ်လာကြဦး"

ကျောင်းချီ ခေါင်းလှည့်ကာ သူ့လောင်ကုန်းအားကြည့်လိုက်သည်။ ထိုအချိန်၌ ဒီလူ ပုံမှန်ဖြစ်မဖြစ် မသေချာသေး၍ ဝိုးတဝါးသာပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော်တို့လာဖို့ကြိုးစားပါ့မယ်"

"ဘာ ကြိုးစားမယ်လား၊ မင်းတို့ ပြန်လာကိုပြန်လာရမယ်၊ မင်းအမေက လွမ်းနေတာ၊ မနေ့ကဆို ငိုတောင်ငိုနေတယ်" ကျောင်းပါးပါးက မပျော်ရွှင်စွာ ပြောတော့သည်။


"..." အဲဒါလော့မေ့ရှန်းကြောင့်လေ။ သို့သော်ငြား သူ ထုတ်မပြောနိုင်ပေ။ ကျောင်းချီ ယခု လက်ခံလိုက်ရုံသာရှိကာ ထိုနေရာကျမှဘာဖြစ်မလဲ ကြည့်ရတော့မည်။ ဖုန်းချပြီးနောက် ကျောင်းချီက မျက်မှောင်ကြုတ်နေဆဲပင်။ အရင်တစ်ကြိမ်တုန်းက သူ့အဖေ ရောက်လာပြီး ပြောခဲ့သည်က သူ့အားစိုးရိမ်စေခဲ့သည်။

ထိုအချိန်က ကျန်းချန်ဖေးသည် “ကျွန်တော်တို့ ကလေးယူဖို့စီစဉ်နေပါတယ်” ဟုပြောခဲ့သည်။ ကျောင်းကျို့ရန်သာ သူတို့အကြံအစည်သည် golden retriever မှန်းသိလျှင် သူတို့ခြေထောက်များကို ရိုက်ချိုးပစ်လောက်သည်။

"မစိုးရိမ်နဲ့၊ မင်းလောင်ကုန်း ဒီမှာရှိတယ်"
ကျန်းချန်ဖေးက လုံးဝစိုးရိမ်ပုံမပေါ်‌ဘဲ ကျောင်းချီ မျက်ခုံးနှစ်ဖက်ကြား နမ်းလိုက်၏။ ယောက္ခထီးနှင့် နှစ်ပေါင်းများစွာ ဉာဏ်ရည်ချင်းယှဉ်ပြိုင်လာပြီးနောက် သူ ဒီအခြေအနေများကိုင်တွယ်ရာတွင် ကျွမ်းနေချေပြီ။

ကျောင်းချီ ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း၊ ဒီတစ်ခေါက် ငါ သူ့ကိုပြောလိုက်မယ်"

နောက်တစ်နေ့တွင် ကျန်းချန်ဖေးသည် သူ့ချစ်ဇနီးလေး နေ့လယ်စာလာစားမည်ကို ငြင်းလေသည်။
"နေ့လယ် ကိုယ်အပြင်ရောက်နေမှာ၊ သေချာစားဦး၊ ယွိယွမ်ကို မင်းနဲ့အတူစားခိုင်းပြီး ဝအောင်စားနော်"

တကယ်က ဥက္ကဌလူကြီးမင်းသည် အတွင်းရေးမှူး ယွိယွမ်နှင့်ပတ်သတ်ပြီး အတော်လေးကျေနပ်သည်။ ပထမအကြောင်းရင်းက ဝဖိုင့်ဖိုင့်ကောင်လေးဖြစ်နေ၍ သူ့ချစ်ဇနီးလေးကို မဆွဲဆောင်နိုင်ပေ။ ဒုတိယကတော့ သူစားသောက်သည့်ပုံစံက တခြားသူအား စားသောက်ချင်စိတ်ဖြစ်စေလိမ့်မည်။ ဝဖိုင့်ဖိုင့်ယွိလေးသာ အဖော်ပြုပေးလျှင် ကျောင်းချီသည် ထမင်းပန်းကန်တစ်ဝက် ပိုစားနိုင်သည်။

ဖုန်းချပြီးနောက် ကျန်းချန်ဖေးမျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ သူ့အနောက်တိုင်းဝတ်စုံဂျာကင်ကိုချွတ်ပြီး လက်မောင်းပေါ်တင်ကာ ထိန်းသိမ်းရေးစင်တာ တစ်ခုထဲ ဝင်လာခဲ့သည်။


ကျန်းချန်ဖေးသည် ဂိုဏ်းများ၏ မြေအောက်လောကနှင့် တရားဥပဒေဘက်ခြမ်းတွင် လူများရှိသည်ဟု ပြောခဲ့ဖူးသည်။ တကယ်တော့ ပေါက်ကရသက်သက်မဟုတ်ချေ။ နှစ်ပေါင်းများစွာ အောင်မြင်ပြီး နာမည်ရခဲ့၍ ကျန်းချန်ဖေးတွင် အဆက်အသွယ်များစွာရှိသည်။ ဥပမာအနေနှင့် သူ ထိန်းသိမ်းရေးစင်တာရှိ လူတစ်ယောက်ကို ရှာချင်လျှင် ကူညီပေးနိုင်သည့် သူ့အသိအကျွမ်းများရှိသည်။


"

အဲတစ်ယောက်ပဲ၊ စွင့်ကျားပေါင်လို့ခေါ်တာလေ"
သူ့ကို အထဲခေါ်‌လာပေးသည့် မိတ်ဆွေက သံတိုင်များနောက်မှ လူတစ်ယောက်ကို လက်ညှိုးထိုးပြသည်။

ထိုလူသည် အနည်းငယ်တုံးအပြီး ဝနေသော်ငြား နူးညံ့နေဆဲပင်။ မိသားစုမှ အလိုလိုက်ထားပြီး တစ်ခါမှ အလုပ်မလုပ်ဖူးသည့် ကောင်လေးတစ်ယောက်နှင့်သာတူသည်။ ဗလတောင့်တောင့်လူတစ်ချို့နှင့်အတူပိတ်ခံထားရ၍ ထောင့်တွင်သာပုန်းနေကာ တုန်ရီနေသည်။


"သူက လူလိမ်လေ၊ တရားမဝင် ပိုက်ဆံရန်ပုံငွေစုဆောင်းမှုမှာပါပြီး လူတော်တော်များများရဲ့ပိုက်ဆံကိုလိမ်ခဲ့တာ၊ အစကတော့ သူ့ရည်းစား သူ့ကိုမဖြတ်အောင် ဇိမ်ခံပစ္စည်းတွေ ဝယ်ပေးရုံပဲ၊ ဒါပေမဲ့ မကြာခင် ငွေတိုးချေးစားသူတွေဆီ အကြွေးအများကြီးတင်တော့တယ်၊ ပြန်မဆပ်နိုင်တော့ အကြံဆိုးရပြီး လူတွေကို စလိမ်လည်တော့တာပဲ၊ သူက ဥပဒေမဲ့ရသမျှပိုက်ဆံတွေကို သောက်စား ပျော်ပါးပြီး လောင်းကစားလုပ်ဖို့သုံးပစ်တာ၊ ဒါပေမဲ့အဆုံးကျ ပိုက်ဆံအားလုံးကုန်သွားပြီး နစ်နာသူတွေက ရဲတွေဆီတိုင်ကြ‌တာပေါ့"

လော့မေ့ရှန်း၏သား၊ ယန်ယန့်စားစရာကိုခိုးခဲ့သည့်သူပင်။

"စွင့်ကျားပေါင်၊ မင်းအမေနဲ့ဝမ်းကွဲက မင်းကိုလာတွေ့တယ်"

လက်မောင်းတွင် အဝတ်ထုတ်အိပ်ဆွဲလာသည့် လော့မေ့ရှန်းကငိုယိုကာဝင်လာပြီး သံတိုင်များမှတစ်ဆင့် သူမသားကိုကြည့်နေရှာသည်။
"ငါ့ကလေးလေး၊ မင်း ဝဝလင်လင်မစားသောက်ရဘူးပေါ့၊ ပိန်ကျသွားလိုက်တာ"


"ပိုက်ဆံရပြီလား၊ ကျွန်တော့်ကို ဒီငရဲတွင်းထဲက မြန်နိုင်သမျှမြန်မြန်ထုတ်ပေးစမ်းပါဗျ!"
စောနလေးကတင် ငကြောက်ဖြစ်နေခဲ့သည့်ကောင်က အမေကိုမြင်ချိန် ချက်ချင်း ကြမ်းတမ်းသွားသည်။

"နင့်ကို အာမခံနဲ့ထုတ်ဖို့ ပိုက်ဆံဘယ်လောက်ကုန်မလဲသိရဲ့လား၊ ငါ့အဒေါ်က အဲပိုက်ဆံအများကြီးကို ဘယ်မှာရှာနိုင်ပါ့မလဲ" လော့မေ့ရှန်းအား အဖော်ပြုလာပေးသည့်သူက စတိုင်ကျသော မိန်းကလေးငယ်ပင်။


အမြင့်ကနေ ရပ်ကြည့်နေသည့် ကျန်းချန်ဖေးအနည်းငယ် အံ့ဩသွားခဲ့သည်။ မိန်းကလေးက ရှီးဖေးနည်းပညာ၏ အလုပ်သင်ဖြစ်ပြီး ကွမ်ကျုံးအား ယာယီထိန်းပေးခဲ့သည့်သူပင်။ အားလျန်ဖြစ်၏။

အားလျန်မှာ မကြာသေးခင်ကမှ သူမအဒေါ်နှင့် ကျောင်းမိသားစုကြားမှ ဇာတ်လမ်းကို သိခဲ့ရသည်။ သူမ လုံးဝကို ဒေါသပေါက်ကွဲသွားခဲ့သည်။ ယခုတော့ အလုပ်သင်ကာလပြီးသွားလျှင် ရှီးဖေး၌ အလုက်ဆက်လုပ်ရန် မဖြစ်နိုင်တော့ချေ။ သူမ ဘော့စ်သာ တစ်နေ့သိသွားပါက ရှီးဖေးရှိ သူမနေ့ရက်များကို ခက်ခဲအောင်လုပ်မည်ဟု ယုံ၍ပင်။
အဟင့်၊ သူမ သခင်လေးကွမ်ကျုံးကို ထိန်းပေးချင်သေးသည်...။

"ကျောင်းမိသားစုက ဒီလောက်ချမ်းသာတာ၊ သူတို့ လက်ချောင်းထိပ်ဖျားကနေ ချော်ထွက်လာတဲ့ပိုက်ဆံနဲ့တင် အပေါက်ဖြည့်လို့ရတယ်၊ သူတို့ဆီထပ်သွားလေ!"

ွင့်ကျားပေါင်က ဒေါသပေါက်ကွဲနေသည်။

အားလျန် မျက်ဆံလှန်လိုက်မိ၏။
"သခင်လေးကျောင်းကို နင်အဲလိုဆက်ဆံခဲ့တာတောင် သူတို့ နင့်ကိုကယ်ပေးမှာလိုချင်နေတာလား၊ တစ်သက်တစ်ကျွန်းမကျတာတင် ကံကောင်း၊ သူတို့ အဲလိုလုပ်ခိုင်းဖို့ လူအလွယ်လေးရှာလို့ရတယ်"

"…"
စွင့်ကျားပေါင် တစ်သက်တစ်ကျွန်းကျလောက်တဲ့ထိတော့ ပိုက်ဆံမလိမ်ရသေးပါဘူး။ ကျန်းချန်ဖေး ငိုရမလားရယ်ရမလားမသိတော့ဘဲ ဒီကလေးမ လူချမ်းသာများလုပ်နိုင်သည့်အရာကို အပိုချဲ့ကားပြောနေသည်ဟု တွေးမိလိုက်သည်။

ထိန်းသိမ်းရေးစင်တာမှ ထွက်လာပြီးနောက် အားလျန် သူမ၏ငိုယိုနေသောအဒေါ်ကိုကြည့်ပြီး ဆွံ့အနေမိသည်။

"ရွှတ် ရွှတ်၊ ငါသာကျောင်းယန်ကို ပိုပြီးကောင်းကောင်းဆက်ဆံခဲ့ရင် ဒီလိုဖြစ်နေမှာမဟုတ်ဘူး"
 
"ခုကျမှပြောတော့ ဘာထူးတော့မှာလဲ၊ အားလုံးက ဝဋ်ပဲလေ"

"... လျန်လျန်၊ နင် ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ!"

"အခုဖြစ်နေတာ ဒီလိုပဲလေ"


ကျန်းချန်ဖေးသည် အဝေးသို့လျှောက်သွားသည့် နှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
ဒီဝဋ်လည်တာက ခင်ဗျားတို့ရမဲ့အရာပဲ။

ူတို့ ထိန်းသိမ်းရေးစင်တာ‌တွင် မည်သို့ ကျွေးမွေးကြောင်းသိရပြီးနောက် သူ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဒါဆိုလည်း ထားလိုက်တော့။
သူတို့ သူ့မင်းသားလေးကို လာမနှောင့်ယှက်သရွေ့ လွှတ်ထားပေးလိုက်မည်။။


"သူက သွားနှောင့်ယှက်နေသေးရင် ဘယ်လိုလုပ်မလဲ" အားကစားရုံတွင် လေ့ကျင့်ခန်းလုပ်သည့်နှုန်းနှင့် နောက်ဆုံးတော့ ကျင့်သား‌ရနေကာ မောမဟိုက်နေတော့သည့် ကောင်းရှစ်ချင်းက သူ့ကိုမေးလာ၏။

"အသက်တစ်သက်ကို ဝယ်ဖို့ ဘယ်လောက်ကုန်ကျလဲ မင်းသိလား"
က

ျန်းချန်ဖေးက ရုတ်တရက် အနီးကပ်လာကာ တီးတိုးပြောလေသည်။

"ဟမ်? အာ့!"
အလေး‌မနေသည့် ကောင်းရှစ်ချင်းမှာ ရုတ်တရက် လက်လွှတ်မိလိုက်ပြီး သူ့ကိုယ်သူ သတ်မိလုနီးပါးဖြစ်သွားခဲ့သည်။


"ပိုက်ဆံကအရာရာလို့ ငါမင်းကို ဟိုးအရင်တုန်းတည်းက ပြောခဲ့တာပဲ၊ ပိုက်ဆံက အားလုံးကိုဝယ်နိုင်တယ်၊ အချစ်ကိုရော၊ အသက်ကိုရော"
ကျန်းချန်ဖေးက သူ့မိတ်ဆွေကောင်း၏ပခုံးကိုပုတ်ကာ တဘက်ယူပြီး တစ်ဖက်လှည့်၍ ပစ္စည်းများထားထားသည့် နေရာမှ ထွက်သွားချေသည်။

"မင်း ဘာသွားလုပ်မို့လဲ"‌ ကောင်းရှစ်ချင်းမှာ ဒီရက်ပိုင်းအတွင်း သူ့ ထျန်းကျင်းပါတနာဖြစ်သည့် ချွဲ့တျဲ့နှင့် အတော်လေး စကားပြောနေရ၍ မသိလိုက်ပါဘဲ ထျန်းကျင်းလေသံနှင့် ပြောမိသွားသည်။

"ငွေနဲ့ဝယ်ထားတဲ့ အချစ်ကို အရသာခံဖို့"
ဥက္ကဌလူကြီးမင်းသည် စတိုင်ကျကျ လက်နောက်ပြန်ယမ်းပြလျက် အားကစားရုံထဲမှ ခြေလှမ်းကျဲများနှင့် ထွက်သွားလေ၏။


ကျောင်းချီ  အလုပ်မှဆင်းလာခဲ့သော်ငြား ကျန်းချန်ဖေးထံမှ မည်သည့်စာမှဝင်မလာ၍ အံ့ဩနေမိသည်။ သူ ဘာကြောင့်လဲစဉ်းစားနေချိန် ရှီးဖေး၏ အတွင်းရေးမှူးတစ်ယောက်က ကားမောင်းလာပြီး ဟိုတယ်ခန်းကဒ်တစ်ခု ပေးလာသည်။


"မစ္စတာကျန်းက အဲနေရာမှာ သူ့ကိုလာရှာခိုင်းပါတယ်ဗျ"

ဇိမ်ခံဟိုတယ်တစ်ခု၏ အပေါ်ဆုံးအလွှာရှိ ဥက္ကဌများဆိုင်ရာ ဇိမ်ခံဟိုတယ်ခန်းကျယ်ဖြစ်သည်။ ကျောင်းချီ ဇဝေဇဝါဖြင့် အခန်းဖွင့်ရန် ကဒ်ဖြတ်လိုက်ပြီးနောက် အားကစားဝတ်စုံမလဲရသေးဘဲ ပြတင်းပေါက်ကျယ်ကြီးရှေ့ လက်ထဲတွင် ဝိုင်ခွက်ကိုင်ထားလျက် ထိုင်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။ သူဝင်လာသည်ကိုမြင်ချိန် လက်ချောင်းများဖြင့် ယပ်ခေါ်ချေသည်။
"ပေါင်ပေ့လေး၊ မင်းရဲ့ ရှူးဂါးဒယ်ဒီဆီလာခဲ့ချေ"

[Zawgyi]

ေက်ာင္းခ်ီ ဝင္လာေတာ့ သူ႕ေလာင္ကုန္း အိမ္စာလိမ္လိမ္မာမာေရးေနသည့္ ကေလးတစ္ေယာက္ပမာ စာ႐ြက္စာတမ္းမ်ား လက္မွတ္ထိုးေနသည္ကိုျမင္လိုက္ရသည္။ သူ မဆိုစေလာက္ မ်က္ခုံးပင့္ၿပီး လက္ထဲရွိ ပါဆယ္ကို စားပြဲေပၚတင္ေပးလိုက္သည္။
"စားေသာက္ဖို႔အခ်ိန္ပါ၊ ဂန္းစတားေဘာ့စ္ဗ်"

သူ႕နာမည္ “ေဖး” ၏ ေနာက္ဆုံးဆြဲခ်က္ကို ဆိုးဆိုး႐ြား႐ြား လက္မွတ္ထိုးမိသြားေတာ့၏။

ေန႕လယ္စာသည္ သူတို႔ႏွစ္ေယာက္လုံးႀကိဳက္သည့္ တ႐ုတ္စားေသာက္ဆိုင္ျဖစ္သည္။ ေက်ာင္းခ်ီ အစိမ္းႏွင့္အနီဂိုဏ္းရွိ ေကာင္ေလးမ်ားကို ရွီးေဖး၏ ဧည့္ႀကိဳစားပြဲဆီ ပို႔ခိုင္းခဲ့သည္။ ေက်ာင္းခ်ီ ေရာက္ခ်ိန္မွာပင္ အစားအေသာက္ေရာက္လာ၍ အေပၚထပ္ဆီ သယ္လာခဲ့၏။

"ဘာလို႔ ပါဆယ္မွာလိုက္တာလဲ၊ ကိုယ္ ေကာင္းတာတစ္ခုခုစားဖို႔ မင္းကို အျပင္ေခၚသြားခ်င္တာကို"
က်န္းခ်န္ေဖး စားစရာအား စားပြဲဆီေ႐ႊ႕ၿပီး တစ္ဘူးခ်င္းဖြင့္လိုက္သည္။

"ပါဆယ္ေတြက အခ်ိန္ကုန္သက္သာတယ္ေလ" အလုပ္စြမ္းေဆာင္ရည္ႏွင့္ပတ္သတ္ၿပီး ဂ႐ုစိုက္သည့္ မစၥတာေက်ာင္းအတြက္ ဒီေနရာထိလာၿပီး သူ႕ေလာင္ကုန္းႏွင့္ ေန႕လယ္စာစားသည္ကရွားသည္။ ထို႔ေၾကာင့္ သူတို႔ အျပင္တြင္ စားေသာက္ၿပီး အခ်ိန္ျဖဳန္းမိလွ်င္ မခ်င့္မရဲျဖစ္စရာေကာင္းလိမ့္မည္။

က်န္းတာ့ေတ်ာင္း သူ႕အဓိပၸါယ္ကိုနားလည္ေသာ္ျငား အရင္ရက္မ်ားတြင္ သူ လူပါးဝရသည္ကို က်င့္သားရေနၿပီျဖစ္သည္။ အခု သူ႕ကိုယ္သူ မထိန္းနိုင္ဘဲ စေနာက္လိုက္မိသည္။
"အဓိပၸါယ္ရွိတာပဲ၊ ေန႕လယ္စာစားၿပီးရင္ အခ်ိန္အမ်ားႀကီးရွိေသးေတာ့ ႐ုံးခန္းထဲ ခဏေပ်ာ္ပါးလို႔ရတယ္" သူ ေနာက္ဆုံးစကားမ်ားကို ေက်ာင္းခ်ီ နားေဘးကပ္ေျပာတာ တမင္သက္သက္ အသံႏွိမ့္ထားေလသည္။

"သြားစမ္းပါ!" ေက်ာင္းခ်ီ သူ႕ကို တံေတာင္တိုက္လိုက္သည္။ က်န္းတာ့ေတ်ာင္း အသံထြယ္ရယ္ေနသည္ကိုၾကည့္ၿပီး သူစိတ္တိုသြား၏။
"ဒီမွာ ေပ်ာ္စရာတစ္ခုရွိတယ္၊ ၾကည့္ခ်င္လား"

"ဘာကို" က်န္းခ်န္ေဖးက ေဆာ့စ္ႏွစ္ထားသည့္ ဝက္နံရိုးတစ္ပိုင္းကို ပါးစပ္ထဲကိုက္ထားရင္း သိခ်င္စိတ္ျဖင့္ ၾကည့္လာ၏။

ေက်ာင္းခ်ီက သူ႕ Smart Brain ေပၚႏွိပ္ၿပီး ႐ုံးခန္းထဲရွိ ႐ုပ္ျပစခရင္ႏွင့္ ခ်ိတ္ဆက္လိုက္သည္။

"က်ဳပ္ က်န္းခ်န္ေဖးက အသက္ဆယ့္ေျခာက္အ႐ြယ္မွာ ဂန္းစတားျဖစ္ခဲ့တယ္... ဒီေန႕ က်ဳပ္ ဒီမွာလက္ေတြေဆးေၾကာၿပီး ‌ဒီေလာကထဲက အနားယူေတာ့မယ္..."

မေန႕ညတုန္းက ဗီဒီယိုသည္ စခရင္ေပၚတြင္ ၾကည္လင္စြာ ျပသေနေလသည္။

"အဟြတ္ အဟြတ္ အဟြတ္..." က်န္းခ်န္ေဖး သီးသြားေတာ့သည္။
"မဟုတ္ မဟုတ္ဘူး၊ ပိတ္လိုက္ပါေတာ့"

"ဒါဆို ငါ့ေမးခြန္းတစ္ခု အရင္ေျဖေပး"

"ဘာမ်ားလဲ"

"ခင္ဗ်ား အေမရိကန္ဆီသြားၿပီး ငါ့ဆီလာလည္ရဖို႔ ေမွ်ာ္လင္ခဲ့တာေလ၊ ဒါေပမဲ့ ဘာေၾကာင့္ စကားလာမေျပာခဲ့တာလဲ"

"..." က်န္းခ်န္ေဖး ေတာင့္ခဲသြားကာ ယန္ယန႔္ကိုေတြ႕ရန္ တကၠသိုလ္ဆီ ခိုးေၾကာင္ခိုးဝွက္ ေရာက္ဖူးေၾကာင္း သိသြားၿပီမွန္း သေဘာေပါက္သြားခဲ့သည္။ ထို ဘာဘီက်ဴးေရာင္းသည့္ သေကာင့္သားေလးေက်းဇူးေၾကာင့္ပင္!

"ကြမ္က်ဳံး ကိုယ့္ကို အျပစ္မတင္ဖို႔ ေမွ်ာ္လင့္..." ဗီဒီယို‌သည္ ေနာက္ခံ၌ ဆက္ၿပီးျပေနဆဲပင္။ က်န္းတာ့ေတ်ာင္း စဥ္းစားကန္ အခ်ိန္အမ်ားႀကီးမရလိုက္၍ အညံ့ခံ႐ုံသာရွိေတာ့သည္။

"ကိုယ္မေသခ်ာလို႔ပါ" ကူကယ္ရာမဲ့စြာေျပာကာ ပုစြန္ကိုအခြံႏႊာၿပီး ေက်ာင္းခ်ီ ပန္းကန္လုံးထဲ ထည့္ေပးၿပီးမွ သူ႕ပန္းကန္လုံးအား ေကာက္ယူကာ ပါးစပ္ထဲ ထမင္းထိုးထည့္လိုက္သည္။

ေက်ာင္းခ်ီ ဗီဒီယိုကိုပိတ္ၿပီး သူ႕အားခ်စ္ျမတ္နိုးစြာၾကည့္လိုက္သည္။
"ဒါဆို ရထားေပၚ ရွစ္နာရီထိုင္ခဲ့ရတဲ့အခ်ိန္က အလဟႆျဖစ္သြားမယ္ မဟုတ္လား"

"အဲလိုေတာ့မဟုတ္ပါဘူး" က်န္းခ်န္ေဖးက ပဲငံျပာရည္ႏွင့္ႏွပ္ထားေသာ ေတာင္ပံကို ယူစားလိုက္သည္။
"ကိုယ္အဲတုန္းက မင္းကိုျမင္ခဲ့ရၿပီး တိတ္တိတ္ေလး ဓာတ္ပုံတစ္ပုံရိုက္နိုင္ခဲ့တယ္ေလ၊ တန္ပါတယ္၊ ဒါေပမဲ့ ကိုယ္ အိမ္အျပန္မွာ ဖုန္းေပ်ာက္သြားလို႔ သိမ္းမထားလိုက္နိုင္ဘူး... အြန္း ဒါအရသာရွိတယ္၊ စားၾကည့္ၾကည့္"

"ခင္ဗ်ား ခ်န္ပီယံဆုတစ္ခုေတာင္ နိုင္ၿပီးၿပီပဲ၊ ဘာလို႔ မေသခ်ာေသးတာလဲ"

"ကိုယ္ တစ္စုံတစ္ခုကို လုပ္ဖို႔ဆုံးျဖတ္ၿပီးရင္ လုံးဝမေသခ်ာေသးသေ႐ြ႕ မစဘူး"

"ဒါေပမဲ့ ခင္ဗ်ားအရင္ကေျပာဖူးတာက် နိုင္ဖို႔ ၃၀ရာခိုင္ႏႈန္းအခြင့္အေရးရွိရင္ ႀကိဳးစားသင့္တယ္၊ ၅၀ရာခိုင္ႏႈန္းဆို လုပ္ကိုလုပ္ရမယ္၊ ၇၀ရာခိုင္ႏႈန္းဆိုရင္ေတာ့ ဘာပဲျဖစ္ေနျဖစ္ေန ေဆာင္႐ြက္လိုက္ေတာ့ဆို" ဒါက ခ်န္ေဖးပါးပါး၏ ေအာင္ျမင္မႈပန္းတိုင္သို႔လွ်ို႔ဝွက္ခ်က္ပင္။ ေက်ာင္းသားအမ်ားစုက ေဆာင္ပုဒ္အျဖစ္ အသုံးျပဳၾကသည္။

"အဲဒါက စီးပြားေရးအေၾကာင္းေျပာတာေလ၊ စီးပြားေရးမွာ က်ရႈံးတာကပုံမွန္ပဲဟာ" က်န္းခ်န္ေဖး ရယ္လိုက္သည္။

ေက်ာင္းခ်ီ ေတာင့္ခဲသြားသည္။

ၾကက္ေတာင္ပံစားၿပီးေနာက္ သူ႕ခ်စ္ဇနီးေလး ဘာမွထပ္မေျပာေတာ့မွ က်န္းတာ့ေတ်ာင္း သူေျပာမိလိုက္သည့္စကားကို သေဘာေပါက္သြားခဲ့သည္။ ရွက္ရွက္ျဖင့္ နား႐ြက္ကိုကုပ္ကာ ‌ၾကက္ေတာင္ပံတစ္ခု ယူၿပီး ေက်ာင္းခ်ီဆီကမ္းေပးလိုက္သည္။
"စားဦး စားဦး၊ မၾကာခင္ေအးကုန္ေတာ့မွာ"

ေက်ာင္းခ်ီက အစာအိမ္မေကာင္း၍ အေအးစာမ်ား စားမရေပ။ က်န္းခ်န္ေဖးက စကားလမ္းေၾကာင္းဆက္ရန္ ျငင္းဆန္ကာ ထမင္းစားေသာက္ၿပီးစီးရန္သာ ၫႊန္ၾကားေန၏။ သူ ေက်ာင္းခ်ီလက္ထဲမွ အေအးကိုလာဘူးကိုလည္း ယူလိုက္ၿပီး လက္ဖက္ရည္ပူပူေလးတစ္ခြက္ ကမ္းေပးကာ စိုးရိမ္တတ္သည့္အေဖႀကီးပမာ ျပဳမူေနသည္။ သို႔ေသာ္ျငား က်န္းတာ့ေတ်ာင္း ဒါေတြအားလုံး ေဆာင္႐ြက္ရသည္ကို ႏွစ္သက္သည္။ သူ႕မင္းသားေလး လက္ဖက္ရည္ေသာက္ေနသည္ကို ၾကည့္ၿပီး တကယ္ပင္ လွမ္းဆြဲဖက္ခ်င္ကာ မ်က္ႏွာခ်င္းပြတ္သပ္‌ခ်င္ေနေတာ့၏။

သို႔တိုင္ ပုံမွန္ ဥကၠဌလူႀကီးမင္းသည္ အရိုက္ခံရမည္စိုးရိမ္၍ ဤကဲ့သို႔ မလုပ္ရဲရွာေပ။ တုံ႕ဆိုင္းတုံ႕ဆိုင္းျဖင့္ လက္ေတာ့လွမ္းလိုက္ေသးကာ ျဖည္းျဖည္းခ်င္း ပခုံးကို ဖက္လိုက္သည္။

ေက်ာင္းခ်ီ သူ႕အားလွမ္းၾကည့္လိုက္ေသာ္ျငား မျငင္းေခ်။

လြတ္ၿငိမ္းခ်မ္းသာခြင့္ရသြားသည့္ အက်ဥ္းသားပမာ က်န္းခ်န္ေဖးသည္ ေပ်ာ္႐ႊင္စြာျဖင့္ လူကိုရင္ခြင္ထဲထည့္ဖက္ကာ ဆိုဖာေပၚ တူတူထိုင္ၿပီး အစာေခ်ေတာ့သည္။
"ေပါင္ေပ့၊ သေဘာတူညီမႈလုပ္ၾကရေအာင္၊ ဟုတ္ၿပီလား"

"ဘာကိုလဲ"

"ကိုယ္ ေ႐ႊဇလုံနဲ႕ လက္ေဆးေနတဲ့ ဗီဒီယိုကို... ဖ်က္လိုက္တာ ပိုေကာင္းပါတယ္" က်န္းခ်န္ေဖး မ်က္ႏွာလိုမ်က္ႏွာရျဖင့္ေျပာလိုက္သည္။

"ဟင့္အင္း" ေက်ာင္းခ်ီက ေၾကာ့ေမာ့စြာ လက္ဖက္ရည္ေသာက္လိုက္သည္။
"ခင္ဗ်ားကြၽန္ေတာ့္ကို အနာဂတ္မွာ စိတ္ရႈပ္ေအာင္လုပ္ရင္ အင္တာနက္ေပၚ တင္ပစ္မွာေပါ့"

ကိုယ္ ဘယ္လိုလုပ္ မင္းကို စိတ္ရႈပ္ေအာင္ လုပ္ရဲပါ့မလဲ... က်န္းခ်န္ေဖး ေတြးမိလိုက္သည္။ မ်က္ေမွာင္ၾကဳတ္ကာ သူေလးနက္သည့္အၾကည့္ျဖင့္ ေျပာလိုက္သည္။
"မျဖစ္ဘူး၊ မျဖစ္ဘူး၊ မင္းေလာင္ကုန္းက ငေၾကာင္ဆိုၿပီး တစ္ေလာကလုံးသိသြားလိမ့္မယ္"

"‌ဒါဆိုလည္း ငါက တ႐ုတ္နိုင္ငံမွာ ရင္ထဲအထိဆုံး ဇာတ္လမ္းေတြထဲက ထိပ္ဆုံးဆယ္ေယာက္ထဲကတစ္ေယာက္အေနနဲ႕ ေ႐ြးခံရမွာေပါ့"
ေက်ာင္းခ်ီက ခ်က္ခ်င္းျပန္ေျဖလိုက္သည္။

က်န္းခ်န္ေဖး ညွစ္ထုတ္ၿပဳံးလိုက္ရကာ လက္ထဲမွ လက္ဖက္ရည္ခြက္အား ဆြဲယူၿပီး စားပြဲေပၚတြင္တင္လိုက္သည္။ သူ႕ယန္ယန္သည္ အင္မတန္ ဉာဏ္မ်ား၍ သင္ခန္းစာေပးရမည္ဟု ‌စဥ္းစားမိသည္။ သူက ေဝးလံလွသည့္ ႐ြာတစ္႐ြာမွ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနေသာ ေကာင္ေလးပမာ ခပ္ျပတ္ျပတ္ေျပာလိုက္သည္။
"ယန္ယန္၊ ဟီးဟီး ကိုယ္ မင္းနဲ႕အိပ္ခ်င္လို႔"

"ဟဟ သြားစမ္းပါ!"

သူတို႔ စေနာက္ေနၾကတုန္း ေက်ာင္းခ်ီဖုန္းျမည္လာကာ သူ႕အေဖထံမွျဖစ္ေနသည္။ သူ ခ်က္ခ်င္းတန္းကိုင္လိုက္၏။

"မင္းအေမက အိမ္မွာတစ္ပတ္အနားယူေနတယ္၊ စေနေန႕က် စားေသာက္ဖို႔ ႏွစ္ေယာက္လုံး အိမ္လာၾကဦး"

ေက်ာင္းခ်ီ ေခါင္းလွည့္ကာ သူ႕ေလာင္ကုန္းအားၾကည့္လိုက္သည္။ ထိုအခ်ိန္၌ ဒီလူ ပုံမွန္ျဖစ္မျဖစ္ မေသခ်ာေသး၍ ဝိုးတဝါးသာေျပာလိုက္သည္။
"ေကာင္းၿပီ၊ ကြၽန္ေတာ္တို႔လာဖို႔ႀကိဳးစားပါ့မယ္"

"ဘာ ႀကိဳးစားမယ္လား၊ မင္းတို႔ ျပန္လာကိုျပန္လာရမယ္၊ မင္းအေမက လြမ္းေနတာ၊ မေန႕ကဆို ငိုေတာင္ငိုေနတယ္" ေက်ာင္းပါးပါးက မေပ်ာ္႐ႊင္စြာ ေျပာေတာ့သည္။

"..." အဲဒါေလာ့ေမ့ရွန္းေၾကာင့္ေလ။ သို႔ေသာ္ျငား သူ ထုတ္မေျပာနိုင္ေပ။ ေက်ာင္းခ်ီ ယခု လက္ခံလိုက္႐ုံသာရွိကာ ထိုေနရာက်မွဘာျဖစ္မလဲ ၾကည့္ရေတာ့မည္။ ဖုန္းခ်ၿပီးေနာက္ ေက်ာင္းခ်ီက မ်က္ေမွာင္ၾကဳတ္ေနဆဲပင္။ အရင္တစ္ႀကိမ္တုန္းက သူ႕အေဖ ေရာက္လာၿပီး ေျပာခဲ့သည္က သူ႕အားစိုးရိမ္ေစခဲ့သည္။

ထိုအခ်ိန္က က်န္းခ်န္ေဖးသည္ “ကြၽန္ေတာ္တို႔ ကေလးယူဖို႔စီစဥ္ေနပါတယ္” ဟုေျပာခဲ့သည္။ ေက်ာင္းက်ိဳ႕ရန္သာ သူတို႔အႀကံအစည္သည္ golden retriever မွန္းသိလွ်င္ သူတို႔ေျခေထာက္မ်ားကို ရိုက္ခ်ိဳးပစ္ေလာက္သည္။

"မစိုးရိမ္နဲ႕၊ မင္းေလာင္ကုန္း ဒီမွာရွိတယ္"
က်န္းခ်န္ေဖးက လုံးဝစိုးရိမ္ပုံမေပၚ‌ဘဲ ေက်ာင္းခ်ီ မ်က္ခုံးႏွစ္ဖက္ၾကား နမ္းလိုက္၏။ ေယာကၡထီးႏွင့္ ႏွစ္ေပါင္းမ်ားစြာ ဉာဏ္ရည္ခ်င္းယွဥ္ၿပိဳင္လာၿပီးေနာက္ သူ ဒီအေျခအေနမ်ားကိုင္တြယ္ရာတြင္ ကြၽမ္းေနေခ်ၿပီ။

ေက်ာင္းခ်ီ ေခါင္းယမ္းလိုက္သည္။
"ဟင့္အင္း၊ ဒီတစ္ေခါက္ ငါ သူ႕ကိုေျပာလိုက္မယ္"

ေနာက္တစ္ေန႕တြင္ က်န္းခ်န္ေဖးသည္ သူ႕ခ်စ္ဇနီးေလး ေန႕လယ္စာလာစားမည္ကို ျငင္းေလသည္။
"ေန႕လယ္ ကိုယ္အျပင္ေရာက္ေနမွာ၊ ေသခ်ာစားဦး၊ ယြိယြမ္ကို မင္းနဲ႕အတူစားခိုင္းၿပီး ဝေအာင္စားေနာ္"

တကယ္က ဥကၠဌလူႀကီးမင္းသည္ အတြင္းေရးမႉး ယြိယြမ္ႏွင့္ပတ္သတ္ၿပီး အေတာ္ေလးေက်နပ္သည္။ ပထမအေၾကာင္းရင္းက ဝဖိုင့္ဖိုင့္ေကာင္ေလးျဖစ္ေန၍ သူ႕ခ်စ္ဇနီးေလးကို မဆြဲေဆာင္နိုင္ေပ။ ဒုတိယကေတာ့ သူစားေသာက္သည့္ပုံစံက တျခားသူအား စားေသာက္ခ်င္စိတ္ျဖစ္ေစလိမ့္မည္။ ဝဖိုင့္ဖိုင့္ယြိေလးသာ အေဖာ္ျပဳေပးလွ်င္ ေက်ာင္းခ်ီသည္ ထမင္းပန္းကန္တစ္ဝက္ ပိုစားနိုင္သည္။

ဖုန္းခ်ၿပီးေနာက္ က်န္းခ်န္ေဖးမ်က္ႏွာေပၚရွိ အၿပဳံးသည္ ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့၏။ သူ႕အေနာက္တိုင္းဝတ္စုံဂ်ာကင္ကိုခြၽတ္ၿပီး လက္ေမာင္းေပၚတင္ကာ ထိန္းသိမ္းေရးစင္တာ တစ္ခုထဲ ဝင္လာခဲ့သည္။

က်န္းခ်န္ေဖးသည္ ဂိုဏ္းမ်ား၏ ေျမေအာက္ေလာကႏွင့္ တရားဥပေဒဘက္ျခမ္းတြင္ လူမ်ားရွိသည္ဟု ေျပာခဲ့ဖူးသည္။ တကယ္ေတာ့ ေပါက္ကရသက္သက္မဟုတ္ေခ်။ ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ၿပီး နာမည္ရခဲ့၍ က်န္းခ်န္ေဖးတြင္ အဆက္အသြယ္မ်ားစြာရွိသည္။ ဥပမာအေနႏွင့္ သူ ထိန္းသိမ္းေရးစင္တာရွိ လူတစ္ေယာက္ကို ရွာခ်င္လွ်င္ ကူညီေပးနိုင္သည့္ သူ႕အသိအကြၽမ္းမ်ားရွိသည္။

"အဲတစ္ေယာက္ပဲ၊ စြင့္က်ားေပါင္လို႔ေခၚတာေလ"
သူ႕ကို အထဲေခၚ‌လာေပးသည့္ မိတ္ေဆြက သံတိုင္မ်ားေနာက္မွ လူတစ္ေယာက္ကို လက္ညွိုးထိုးျပသည္။

ထိုလူသည္ အနည္းငယ္တုံးအၿပီး ဝေနေသာ္ျငား ႏူးညံ့ေနဆဲပင္။ မိသားစုမွ အလိုလိုက္ထားၿပီး တစ္ခါမွ အလုပ္မလုပ္ဖူးသည့္ ေကာင္ေလးတစ္ေယာက္ႏွင့္သာတူသည္။ ဗလေတာင့္ေတာင့္လူတစ္ခ်ိဳ႕ႏွင့္အတူပိတ္ခံထားရ၍ ေထာင့္တြင္သာပုန္းေနကာ တုန္ရီေနသည္။

"သူက လူလိမ္ေလ၊ တရားမဝင္ ပိုက္ဆံရန္ပုံေငြစုေဆာင္းမႈမွာပါၿပီး လူေတာ္ေတာ္မ်ားမ်ားရဲ႕ပိုက္ဆံကိုလိမ္ခဲ့တာ၊ အစကေတာ့ သူ႕ရည္းစား သူ႕ကိုမျဖတ္ေအာင္ ဇိမ္ခံပစၥည္းေတြ ဝယ္ေပး႐ုံပဲ၊ ဒါေပမဲ့ မၾကာခင္ ေငြတိုးေခ်းစားသူေတြဆီ အေႂကြးအမ်ားႀကီးတင္ေတာ့တယ္၊ ျပန္မဆပ္နိုင္ေတာ့ အႀကံဆိုးရၿပီး လူေတြကို စလိမ္လည္ေတာ့တာပဲ၊ သူက ဥပေဒမဲ့ရသမွ်ပိုက္ဆံေတြကို ေသာက္စား ေပ်ာ္ပါးၿပီး ေလာင္းကစားလုပ္ဖို႔သုံးပစ္တာ၊ ဒါေပမဲ့အဆုံးက် ပိုက္ဆံအားလုံးကုန္သြားၿပီး နစ္နာသူေတြက ရဲေတြဆီတိုင္ၾက‌တာေပါ့"

ေလာ့ေမ့ရွန္း၏သား၊ ယန္ယန႔္စားစရာကိုခိုးခဲ့သည့္သူပင္။

"စြင့္က်ားေပါင္၊ မင္းအေမနဲ႕ဝမ္းကြဲက မင္းကိုလာေတြ႕တယ္"

လက္ေမာင္းတြင္ အဝတ္ထုတ္အိပ္ဆြဲလာသည့္ ေလာ့ေမ့ရွန္းကငိုယိုကာဝင္လာၿပီး သံတိုင္မ်ားမွတစ္ဆင့္ သူမသားကိုၾကည့္ေနရွာသည္။
"ငါ့ကေလးေလး၊ မင္း ဝဝလင္လင္မစားေသာက္ရဘူးေပါ့၊ ပိန္က်သြားလိုက္တာ"

"ပိုက္ဆံရၿပီလား၊ ကြၽန္ေတာ့္ကို ဒီငရဲတြင္းထဲက ျမန္နိုင္သမွ်ျမန္ျမန္ထုတ္ေပးစမ္းပါဗ်!"
ေစာနေလးကတင္ ငေၾကာက္ျဖစ္ေနခဲ့သည့္ေကာင္က အေမကိုျမင္ခ်ိန္ ခ်က္ခ်င္း ၾကမ္းတမ္းသြားသည္။

"နင့္ကို အာမခံနဲ႕ထုတ္ဖို႔ ပိုက္ဆံဘယ္ေလာက္ကုန္မလဲသိရဲ႕လား၊ ငါ့အေဒၚက အဲပိုက္ဆံအမ်ားႀကီးကို ဘယ္မွာရွာနိုင္ပါ့မလဲ" ေလာ့ေမ့ရွန္းအား အေဖာ္ျပဳလာေပးသည့္သူက စတိုင္က်ေသာ မိန္းကေလးငယ္ပင္။

အျမင့္ကေန ရပ္ၾကည့္ေနသည့္ က်န္းခ်န္ေဖးအနည္းငယ္ အံ့ဩသြားခဲ့သည္။ မိန္းကေလးက ရွီးေဖးနည္းပညာ၏ အလုပ္သင္ျဖစ္ၿပီး ကြမ္က်ဳံးအား ယာယီထိန္းေပးခဲ့သည့္သူပင္။ အားလ်န္ျဖစ္၏။

အားလ်န္မွာ မၾကာေသးခင္ကမွ သူမအေဒၚႏွင့္ ေက်ာင္းမိသားစုၾကားမွ ဇာတ္လမ္းကို သိခဲ့ရသည္။ သူမ လုံးဝကို ေဒါသေပါက္ကြဲသြားခဲ့သည္။ ယခုေတာ့ အလုပ္သင္ကာလၿပီးသြားလွ်င္ ရွီးေဖး၌ အလုက္ဆက္လုပ္ရန္ မျဖစ္နိုင္ေတာ့ေခ်။ သူမ ေဘာ့စ္သာ တစ္ေန႕သိသြားပါက ရွီးေဖးရွိ သူမေန႕ရက္မ်ားကို ခက္ခဲေအာင္လုပ္မည္ဟု ယုံ၍ပင္။
အဟင့္၊ သူမ သခင္ေလးကြမ္က်ဳံးကို ထိန္းေပးခ်င္ေသးသည္...။

"ေက်ာင္းမိသားစုက ဒီေလာက္ခ်မ္းသာတာ၊ သူတို႔ လက္ေခ်ာင္းထိပ္ဖ်ားကေန ေခ်ာ္ထြက္လာတဲ့ပိုက္ဆံနဲ႕တင္ အေပါက္ျဖည့္လို႔ရတယ္၊ သူတို႔ဆီထပ္သြားေလ!"
စြင့္က်ားေပါင္က ေဒါသေပါက္ကြဲေနသည္။

အားလ်န္ မ်က္ဆံလွန္လိုက္မိ၏။
"သခင္ေလးေက်ာင္းကို နင္အဲလိုဆက္ဆံခဲ့တာေတာင္ သူတို႔ နင့္ကိုကယ္ေပးမွာလိုခ်င္ေနတာလား၊ တစ္သက္တစ္ကြၽန္းမက်တာတင္ ကံေကာင္း၊ သူတို႔ အဲလိုလုပ္ခိုင္းဖို႔ လူအလြယ္ေလးရွာလို႔ရတယ္"

"…"
စြင့္က်ားေပါင္ တစ္သက္တစ္ကြၽန္းက်ေလာက္တဲ့ထိေတာ့ ပိုက္ဆံမလိမ္ရေသးပါဘူး။ က်န္းခ်န္ေဖး ငိုရမလားရယ္ရမလားမသိေတာ့ဘဲ ဒီကေလးမ လူခ်မ္းသာမ်ားလုပ္နိုင္သည့္အရာကို အပိုခ်ဲ့ကားေျပာေနသည္ဟု ေတြးမိလိုက္သည္။

ထိန္းသိမ္းေရးစင္တာမွ ထြက္လာၿပီးေနာက္ အားလ်န္ သူမ၏ငိုယိုေနေသာအေဒၚကိုၾကည့္ၿပီး ဆြံ႕အေနမိသည္။

"႐ႊတ္ ႐ႊတ္၊ ငါသာေက်ာင္းယန္ကို ပိုၿပီးေကာင္းေကာင္းဆက္ဆံခဲ့ရင္ ဒီလိုျဖစ္ေနမွာမဟုတ္ဘူး"
 
"ခုက်မွေျပာေတာ့ ဘာထူးေတာ့မွာလဲ၊ အားလုံးက ဝဋ္ပဲေလ"

"... လ်န္လ်န္၊ နင္ ဘယ္လိုလုပ္ အဲလိုေျပာနိုင္ရတာလဲ!"

"အခုျဖစ္ေနတာ ဒီလိုပဲေလ"

က်န္းခ်န္ေဖးသည္ အေဝးသို႔ေလွ်ာက္သြားသည့္ ႏွစ္ေယာက္ကိုၾကည့္ကာ ေျပာလိုက္သည္။
ဒီဝဋ္လည္တာက ခင္ဗ်ားတို႔ရမဲ့အရာပဲ။
သူတို႔ ထိန္းသိမ္းေရးစင္တာ‌တြင္ မည္သို႔ ေကြၽးေမြးေၾကာင္းသိရၿပီးေနာက္ သူ စိတ္ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။
ဒါဆိုလည္း ထားလိုက္ေတာ့။
သူတို႔ သူ႕မင္းသားေလးကို လာမေႏွာင့္ယွက္သေ႐ြ႕ လႊတ္ထားေပးလိုက္မည္။။

"သူက သြားေႏွာင့္ယွက္ေနေသးရင္ ဘယ္လိုလုပ္မလဲ" အားကစား႐ုံတြင္ ေလ့က်င့္ခန္းလုပ္သည့္ႏႈန္းႏွင့္ ေနာက္ဆုံးေတာ့ က်င့္သား‌ရေနကာ ေမာမဟိုက္ေနေတာ့သည့္ ေကာင္းရွစ္ခ်င္းက သူ႕ကိုေမးလာ၏။

"အသက္တစ္သက္ကို ဝယ္ဖို႔ ဘယ္ေလာက္ကုန္က်လဲ မင္းသိလား"
က်န္းခ်န္ေဖးက ႐ုတ္တရက္ အနီးကပ္လာကာ တီးတိုးေျပာေလသည္။

"ဟမ္? အာ့!"
အေလး‌မေနသည့္ ေကာင္းရွစ္ခ်င္းမွာ ႐ုတ္တရက္ လက္လႊတ္မိလိုက္ၿပီး သူ႕ကိုယ္သူ သတ္မိလုနီးပါးျဖစ္သြားခဲ့သည္။

"ပိုက္ဆံကအရာရာလို႔ ငါမင္းကို ဟိုးအရင္တုန္းတည္းက ေျပာခဲ့တာပဲ၊ ပိုက္ဆံက အားလုံးကိုဝယ္နိုင္တယ္၊ အခ်စ္ကိုေရာ၊ အသက္ကိုေရာ"
က်န္းခ်န္ေဖးက သူ႕မိတ္ေဆြေကာင္း၏ပခုံးကိုပုတ္ကာ တဘက္ယူၿပီး တစ္ဖက္လွည့္၍ ပစၥည္းမ်ားထားထားသည့္ ေနရာမွ ထြက္သြားေခ်သည္။

"မင္း ဘာသြားလုပ္မို႔လဲ"‌ ေကာင္းရွစ္ခ်င္းမွာ ဒီရက္ပိုင္းအတြင္း သူ႕ ထ်န္းက်င္းပါတနာျဖစ္သည့္ ခြၽဲ႕တ်ဲ့ႏွင့္ အေတာ္ေလး စကားေျပာေနရ၍ မသိလိုက္ပါဘဲ ထ်န္းက်င္းေလသံႏွင့္ ေျပာမိသြားသည္။

"ေငြနဲ႕ဝယ္ထားတဲ့ အခ်စ္ကို အရသာခံဖို႔"
ဥကၠဌလူႀကီးမင္းသည္ စတိုင္က်က် လက္ေနာက္ျပန္ယမ္းျပလ်က္ အားကစား႐ုံထဲမွ ေျခလွမ္းက်ဲမ်ားႏွင့္ ထြက္သြားေလ၏။

ေက်ာင္းခ်ီ  အလုပ္မွဆင္းလာခဲ့ေသာ္ျငား က်န္းခ်န္ေဖးထံမွ မည္သည့္စာမွဝင္မလာ၍ အံ့ဩေနမိသည္။ သူ ဘာေၾကာင့္လဲစဥ္းစားေနခ်ိန္ ရွီးေဖး၏ အတြင္းေရးမႉးတစ္ေယာက္က ကားေမာင္းလာၿပီး ဟိုတယ္ခန္းကဒ္တစ္ခု ေပးလာသည္။

"မစၥတာက်န္းက အဲေနရာမွာ သူ႕ကိုလာရွာခိုင္းပါတယ္ဗ်"

ဇိမ္ခံဟိုတယ္တစ္ခု၏ အေပၚဆုံးအလႊာရွိ ဥကၠဌမ်ားဆိုင္ရာ ဇိမ္ခံဟိုတယ္ခန္းက်ယ္ျဖစ္သည္။ ေက်ာင္းခ်ီ ဇေဝဇဝါျဖင့္ အခန္းဖြင့္ရန္ ကဒ္ျဖတ္လိုက္ၿပီးေနာက္ အားကစားဝတ္စုံမလဲရေသးဘဲ ျပတင္းေပါက္က်ယ္ႀကီးေရွ႕ လက္ထဲတြင္ ဝိုင္ခြက္ကိုင္ထားလ်က္ ထိုင္ေနသည့္ အမ်ိဳးသားကို ျမင္လိုက္ရသည္။ သူဝင္လာသည္ကိုျမင္ခ်ိန္ လက္ေခ်ာင္းမ်ားျဖင့္ ယပ္ေခၚေခ်သည္။
"ေပါင္ေပ့ေလး၊ မင္းရဲ႕ ရႉးဂါးဒယ္ဒီဆီလာခဲ့ေခ်"

Continue Reading

You'll Also Like

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
311K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"