My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၄၁ ။ ဂန်းစတားကိုကို

2.1K 520 39
By Mine-Edge

[Unicode]

ဝရုန်းသုန်းကားအားလုံးအပြီး ကျောင်းချီ ခြေကုန်လက်ပမ်းကျသွားခဲ့သည်။ အပြန်လမ်းတွင် သူ လောင်ကုန်းရင်ခွင်ထဲ အိပ်မောကျသွားခဲ့၏။ ကျန်းချန်ဖေးက သူ့ကိုဖက်ထားရင်း အနွေးဓာတ်ပေးရန် ဗိုက်ပေါ်လက်တင်ထားသည်။ အမြဲ ခြိမ်းခြောက်မှုများအောက်နေရသော ဂန်းစတားဘော့စ်တစ်ယောက် ဒီကြည်နူးဖွယ်တိတ်ဆိတ်လှသော ဘဝလေးသည် သိပ်အဖိုးတန်လွန်းသည်ဟု တွေးမိလိုက်သည်။ အိပ်ပျော်နေသော သူ့ဇနီးလေးအားဖက်ထားရင်း ‌ရုတ်တရက် တစ်စုံတစ်ရာ ဆောင်ရွက်ချင်စိတ်များ ပေါ်လာသည်။

လီယင်ကျွင်းက မီဒီယာကို နှုတ်ပိတ်ထား၍ ရုပ်ရှင်အကြိုပွဲအခမ်းအနားအကြောင်းသာ ထုတ်လွှင့်ကြသည်။ သို့သော်ငြား ပရိသတ်များ၏ အပြုအမူကို မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ထိုနေရာတွင်ရောက်နေသည့် လူတော်တော်များများသည် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးခဲ့လေ၏။

ကျောင်းချီ နေ့လယ်ပိုင်းတွင် ကုမ္ပဏီသို့ပြန်လာပြီး သူ့ PR ဌာနအား ပြဿနာမီးပျိုးမှုအပေါ် စောင့်ကြည့်ထားရန် မှာလိုက်သည်။

မွန်းလွဲ၂နာရီတွင် ဆိုရှယ်မီဒီယာပေါ်၌ "အန်တီ လူတစ်ယောက်ကို ပါးရိုက်" ဆိုသည့် ခေါင်းကြီးသတင်းပေါ်လာသည်။

အနုပညာရှင်အားလုံးသည် black fans များရှိကြ၍ ရှောင်ယီ့အတွက်လည်းခြွင်းချက်မဟုတ်ပါချေ။ သာမန်ပရိသတ်များက သူမ သူမသားကိုချစ်၍ ရိုက်ခဲ့သည်ကို နားလည်ကြသော်ငြား ထို black fan များကတော့ သဘောမတူချေ။ တစ်ယောက်က အင်တာနက်ပေါ် ကျောင်းမားမား အမျိုးသမီးကို ပါးရိုက်နေသည့်ဗီဒီယိုအား တင်လိုက်သည်။
[

T/N- black fan ဆိုတာက အနုပညာရှင်တွေကို အရှက်ခွဲဖျက်ဆီးရတာ သဘောကျတဲ့သူတွေပါ]

သို့သော်ငြား ကျောင်းမားမား၏ စီမံခန့်ခွဲရေးအဖွဲ့သည် သာမန်အချဉ်အဖွဲ့မဟုတ်၊ သူဌေးကတော်တစ်ယောက်အတွက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ သူတို့၏ ကိစ္စများကိုဖြေရှင်းနိုင်သည့် ကျွမ်းကျင်မှုနှင့် သူတို့သုံးစွဲနိုင်သည့်ငွေပမာဏသည် တခြားသူများ မယှဉ်ပြိုင်နိုင်ချေ။ အဖွဲ့သည် ဤအတွက် သေချာလေ့ကျင့်ပြင်ဆင်ထား၏။ သူတို့ သူမ တီဗွီရှိုးများတွင် တစ်စုံတစ်ယောက်အား ပါးရိုက်နေသည့် ဗီဒီယိုအပိုင်းအစလေးများကို ဖြတ်ညှပ်ကပ်ကာ အင်တာနက်တွင် ၉ခုတင်လိုက်သည်။ ဗီဒီယိုလေးများမှာ မြန်ဆန်စွာပင် နာမည်ကြီးလာကာ သိပ်မကြာခင် လူတိုင်း သူမလော့မေ့ရှန်းကို ရိုက်ခဲ့သည့် ဗီဒီယိုအားမေ့သွားကြလေသည်။

ကျောင်းမားမားသည် နိုင်ငံတော်အန်တီ ဂုဏ်ပုဒ်ရခြင်း အကြောင်းအရင်းမှာ သူမ အမျိုးမျိုးသော အဒေါ်‌ဇာတ်ကောင်များတွင် ကစားခဲ့ခြင်းကြောင့်ပင်။ တရားမမျှတမှုကို မုန်းသည့် အဒေါ်မျိုး ဒါမှမဟုတ် ပုံပြောရသည်ကိုကြိုက်သည့် အဒေါ်မျိုးဖြစ်၏။ သူမ ‌တီဗွီစီးရီးတွဲအားလုံးနီးပါးတွင် တစ်ယောက်ယောက်ကိုတော့ ပါးရိုက်နေကျဖြစ်သည်။ စနောက်စပ်စုကြသူတစ်ချို့ဆိုလျှင် သုံးကြိမ်ဆက်တိုက် ပါးရိုက်သည့် အီမိုဂျီပင် ပြုလုပ်လိုက်ကြသေး၏။


ို့ကြောင့် လူတိုင်းက ရယ်မောကာ ပြီးသွားကြသည်။ Black fan မှာလည်း သူမအဖွဲ့ဆီက ပိုက်ဆံရထားပြီး တိတ်ဆိတ်သွားသည်။ နေ့မကုန်ခင်ထိ မည်သူမှကျောင်းချီအကြောင်း မပြောကြပေ။ PR ဌာနမှာ စိတ်သက်သာရာရပြီး သက်ပြင်းချရုံရှိသေး နောက်ထပ်သတင်းကြီးခေါင်းစဉ်က တစ်ရှိန်ထိုး အပေါ်တက်လာကာ ရုတ်တရက် ရှာဖွေမှု ထိပ်ဆုံး ၅၀ အဆင့်သို့ ဝင်ရောက်လာခဲ့လေသည်။

"ဘော့စ် အခု ရှာဖွေမှု နာမည်ကြီးစာရင်းထဲ ဝင်နေပါတယ်"
ကျောင်းချီ အိမ်ပြန်ရောက်ကာစရှိသေး သူ သနားစဖွယ် ကြောက်လန့်နေသော PRဌာနမှ စာတစ်စောင်ဝင်လာလေသည်။

"ဘာများလဲ" ကျောင်းချီ သူ့အကောင့်ကို အလျင်အမြန် လော့ဂ်အင်ဝင်ကြည့်လိုက်ပြီး ဟိုဟိုဒီဒီရှာကြည့်လိုက်သည်။ “ကလေးထိန်း” နှင့်ပတ်သတ်သည့်အရာ တစ်ခုမှမရှိ။ သူ့PRဌာန တင်ပြလာသည့်အရာသည် ‌အတင်းအဖျင်းမျိုးသာ ဖြစ်၏။

"သခင်လေးနှင့် ပါးပါးချန်ဖေး"

သူ နှိပ်ကြည့်လိုက်တော့ မြင်ရသမျှသည် သူတို့ပရိသတ်များရိုက်ကူးထားသော ဓာတ်ပုံများသာ ဖြစ်သည်။ တစ်ခုက‌ ကျန်းချန်ဖေး ကားထဲမှဆင်းပြီးနောက် ကျောင်းချီလက်ကို ကိုင်ထားပြီး နောက်တစ်ပုံမှာ ကော်ဇောနီပေါ်တွင် ဘေးချင်းကပ်ယှပ်လျှောက်နေသည့်ပုံဖြစ်သည်။

အတိတ်တွင် ကျောင်းချီ သူ့အမေ၏ ရုပ်ရှင်အကြိုပွဲများကို တက်ခဲ့သည့်တိုင် မည်သူမှ သတိမထားမိခဲ့ကြချေ။ သို့သော်ငြား ကျန်းချန်ဖေး၏ လတ်တလော တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် လူများသည် သူ့အကြောင်း လုံးဝသိချင်လာကြ၍ ကျန်းချန်ဖေး ကားပေါ်မှဆင်းချိန် ပြောင်ပြောင်တင်းတင်း တဖျတ်ဖျတ် ဓာတ်ပုံရိုက်ကြခြင်းပင်။

ဓာတ်ပုံကို ဖုန်းနှင့်ရိုက်ကူးထားခြင်းဖြစ်သော်ငြား ‌ပြုပြင်မွမ်းမံခြင်း မလုပ်ထားပေ။ သို့တိုင် ဓာတ်ပုံရိုက်ထားသည့်လူ ရွေးထားသော ရှုထောင့်ကောင်း၍ ဓာတ်ပုံသည် အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်နေသည်။

အနောက်တိုင်းဝတ်စုံနှင့် အမျိုးသားသည် အလယ်ခေတ်ရုပ်ရှင်မှ မင်းသားတစ်ပါးနှင့်တူကာ ကိုယ်ကိုအနည်းငယ်ကိုင်းထားပြီး ကားဆီ လက်လှမ်းထားလေသည်။ ဖြူဖွေးသွယ်လျသော လက်တစ်ဖက်က အမျိုးသား၏ နှစ်ဆင့်ပိုညိုသော လက်ဖဝါးကြီးပေါ် တင်ထားသည်။  ကျောင်းချီ၏ ဘေးတိုက်မျက်နှာထားကိုလည်း အနီးကပ်ဆွဲရိုက်ထားသည့် ဓာတ်ပုံရှိနေသည်။

【အားးးးး၊ နောက်ဆုံးတော့ သခင်လေူမျက်နှာကို မြင်ရပြီ၊ အားးးးး ငါ့စခရင် ဘာလို့ စိုရွှဲနေ‌လဲ အမေ မေးနေပြီ】

【ဘုရားသခင် ပါးပါးချန်ဖေး ငါဆို့ဆီကနေ ဝှက်ထားတာလည်း မဆန်းတော့ဘူး၊ တကယ်ကိုချောမောလွန်းတယ်!】

【သူတို့ အရပ်ကွာခြားမှုက ချစ်ဖို့ကောင်းလိုက်တာ!ဒီ သူနဲ့သူရဲ့ ဝတ်စုံတွေက... ဈေးကြီးလွန်းတယ်!】

【ဟေး မင်းတို့တွေ အဲမှာ ရှိမနေလို့ မသိကကတာ၊ ခဏနေကျတော့ ပါးပါးချန်ဖေးက သခင်လေးကို ကာကွယ်ဖို့ ထွက်လာတယ်၊ သူ အတော်လေးကြည့်ကောင်းနေတာ၊ ဒါပေမဲ့ ငါတို့ အန်တီ့ကို ဓာတ်ပုံမတင်ပါဘူးလို့ ကတိပေးထားရတယ် ဟွန့်!】

【အပေါ်ထပ်ရေ ကျေးဇူးပြုပြီး ငါ့ကို စီဘီကနေ ပုံလေးပို့ပေးပါလား၊ လိုင်းပေါ်မတင်ဘူးလို့ ကတိပေးပါတယ်၊ ကျေးဇူးပြုပြီးးးးး】

ကျောင်းချီ ဤလူများ၏ ကောမန့်ကိုကြည့်ကာ စတင်ရယ်မိတော့သည်။ အာရုံဆွဲဆောင်ရန် နတ်ဆိုးဘုရင်အား ခေါ်သွားမည့် သူ့နဂိုမူလအစီအစဉ်သည် ကျရှုံးသွားကာ သူ့လောင်ကုန်း၏ ဂေါက်ကြောင်မှုကို ဖုံးကွယ်နိုင်ခဲ့သည်က သူ့မျက်နှာဖြစ်နေခဲ့သည်။

ကျောင်းချီ သူ့PR ဌာနကို မစိုးရိမ်ရန်ပြောကာ နောက်အကောင့်တစ်ကောင့်ဆီ လော့ဂ်အင်ဝင်ပြီး ကောမန့်၌ "ဟွန့်" ဟုရေးခဲ့သည့် တစ်ယောက်ကို ဓာတ်ပုံတောင်းလိုက်သည်။


"ဒါအရင်သောက်" ဂန်းစတားဘော့စ်သည် နဂါးဒီဇိုင်းထိုးထားသော အေပရွန်လေးနှင့် ရောက်လာကာ ထမင်းစားပွဲပေါ် အစာအိမ်အားဖြည့်ပေးသည့် ဟင်းရည်နွေးနွေးလေးတင်ပေးလိုက်သည်။ သူ့ဇနီးလေး လိမ်လိမ်မာမာသောက်သည်ကိုကြည့်ပြီး မျက်ဝန်းထဲတွင် နူးညံ့သောတောက်ပ‌မှု ပေါ်လာခဲ့သည်။

"ဝုတ်ဝုတ်!" ဂန်းစတားမင်းသားလေးသည် ဟင်းရည်နံ့ရကာ စားပွဲဘေး ကုပ်တွယ်ပြီး လူသားများ တိတ်တိတ်လေး မည်သည့်စားစရာများ ခိုးစားနေလဲ ကြည့်ချင်နေသည်။ သို့သော်ငြား ခြေတံများက တိုလွန်းနေကာ သူ၏ တရှုံ့ရှုံ့လုပ်နေသော နှာခေါင်းကိုသာ မြင်ရသည်။


က

ျန်းချန်ဖေး သူ့သားကို စားပွဲပေါ်တင်ပေးပြီး ချစ်ဇနီးလေးက ပါပီလေးစားရန် ဟင်းရည်ထဲမှ အသားတစ်တုံး ခပ်ထုတ်သည်ကို ကြည့်နေသည်။ နေ့လယ်ပိုင်းတွင် ရှိခဲ့သည့် စိတ်ဆန္ဒက ရုတ်တရက် ပိုခိုင်မာလာခဲ့သည်။
"ယန်ယန် ကိုယ်လုပ်ချင်..."

သူစကားမဆုံးခင် Smart Brainက တတီတီမြည်လာသည်။ ကောင်းရှစ်ချင်းထံမှဖုန်းဖြစ်နေ၏။


"အား..." သူ ကိုင်ကိုင်ချင်း ကျန်းချန်ဖေး စိတ်မချမ်းမြေ့ဖွယ် ငိုသံကိုကြားလိုက်ရသည်။ ကောင်းရှစ်ချင်းမှာ ကြံ့ခိုင်ရေးကိရိယာတစ်ခုအား အသုံးပြုနေကာ သူ့ပါဆင်နယ်ထရိန်နာ၏ အနှိပ်စက်ခံနေရရှာသည်။
"ချန်ဖေး ငါ့ကို လာကယ်ပေးပါဦး! ငါ ငါ့ထရိန်နာသတ်တာခံရတော့မယ်!"

ကျန်းချန်ဖေးက ဒီအားကစားရုံဆီ သူလည်း မကြာခဏသွား၍ ကောင်းရှစ်ချင်းကို ညွှန်းပေးခဲ့ခြင်းပင်။ ချွဲ့တျဲ့၏ သူ့အတွက် တင်းကြပ်သော ဝိတ်လျှော့ချရေး အစားအသောက်စည်းမျဥ်းကြောင့် ကောင်းရှစ်ချင်းမှာ သူ အချိန်အတော်ကြာ သွားရန်ငြင်းခဲ့သည့် အားကစားရုံဆီ မဖြစ်မနေသွားရတော့သည်။

"ဘာဖြစ်တာလဲ" ကျောင်းချီ မခံချိဖွယ်အော်သံကို ကြားကာ သူ့လောင်ကုန်းအား သိချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။

ကျန်းချန်ဖေး ငုံ့ကြည့်တော့ သူ့ဇနီးလေး၏ ယုံကြည်နေသည့် မျက်ဝန်းများကို မြင်လိုက်ရကာ သူ့လက်ချောင်းထိပ်များ မဆိုစလောက် တုန်ရီသွားခဲ့သည်။ သူ ထို့နောက် သူ့သား၏ အပြစ်ကင်းစင်သော အမည်းရောင်ပဲတောင့်စေ့ မျက်ဝန်းများထဲ လှမ်းကြည့်လိုက်သည်။ လောကကြီးကို အုပ်ချုပ်သော ဂန်းစတားဘော့စ်သည် ထိုအခိုက်အတန့်တွင် ချိတုံချတုံဖြစ်နေခဲ့၏။ သူ မျက်လုံးများဖြည်းဖြည်းချင်းပိတ်ကာ သက်ပြင်းရှည်ကြီးချပြီး ဝမ်းနည်းစွာပြောလိုက်သည်။
"လောင်ကောင်း၊ ငါတောင်းပန်ပါတယ်၊ မင်းကို လာမကယ်နိုင်တော့ဘူး၊ ငါ့လက်တွေကို ရွှေဇလုံထဲ ဆေးကြောတော့မယ်"


"မင်း ဘာပြောတာ၊ အာ့ အာ့ အား ငါသေတော့မယ်!" အစိမ်းနှင့်အနီဂိုဏ်း ခေါင်းဆောင်၊ ဂန်းစတားဘော့စ်၏ အပေါင်းအသင်း ကောင်းရှစ်ချင်းသည် ဆက်ပြီးအော်ဟစ်နေလေသည်။ သို့သော်ငြား နုတ်ထွက်အနားယူရန် ဆုံးဖြတ်ပြီးဖြစ်သည့် အမှောင်ထု၏ ဧကရာဇ်ကတော့ ရက်စက်စွာဖုန်းချလိုက်သည်။

"ရှစ်ချင်းက ဖုန်းခေါ်တယ်ပေါ့၊ သူဘာဖြစ်လို့လဲ"
ကျောင်းချီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"သူ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာ"

"ဟမ်?"


"ကိုယ် သူ့ကိုသွားကယ်သင့်ပေမဲ့ မင်းနဲ့ ကိုယ်တို့သားကို နောက်ချန်မထားခဲ့နိုင်ဘူး"

"..." ကျောင်းချီ ကောင်းရှစ်ချင်းအား ဘာတွေဖြစ်နေတာလဲဟု စာလှမ်းပို့လိုက်သည်။ ကောင်းရှစ်ချင်းက အားကစားရုံထဲ ရောက်နေသော ဗီဒီယိုအတိုလေး ပို့လာသည်။ သူ့ခြေထောက်များကို ခပ်မိုက်မိုက် အမျိုးသမီးထရိန်နာက ကိုင်ပေးထားကာ ဝမ်းဗိုက်ပိုင်း လေ့ကျင့်ခန်းလုပ်နေရလေသည်။ ဗီဒီယိုပေါ်မှ ခေါင်းစဉ်က “ငါသေတော့မယ်” ဟုပင်။

ူနဲ့ အားကစားရုံမှာ အားကစားလာလုပ်ဖို့ မေးရုံပဲလား၊ အဲဒါကို လူသေတော့မယ်ပုံစံမျိုးပေါက်အောင် လုပ်စရာမလိုပါဘူး!

စိတ်ဆုံးဖြတ်ပြီးသား ဂန်းစတားဘော့စ်သည် တစ်ဖက်လှည့်သွားကာ မီးဖိုချောင်ဆီ ခပ်ပြင်းပြင်းနင်းလျှောက်သွားပြီး ဟင်းဆက်ချက်နေသည်။ သူ့အပေါင်းအသင်းကို ကယ်တင်ခြင်းနှင့် ချစ်ဇနီးလေးအတွက် ဟင်းချက်ပေးခြင်းတွင် မစ္စတာတိအောင်းသည် ဟင်းချက်ရန်ရွေးချယ်ခဲ့ပါ၏။


အရောင်အသွေးစုံကာ အနံ့မွှေးကြိုင်သည့် ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ပန်းကန်ကို စားပွဲပေါ်တွင် တည်ခင်းလာသည်။ ကျန်းချန်ဖေးသည် ရွှေရောင်ပန်းပြောက်များ မွမ်းမံထားသော ဖန်ပန်းကန်လုံးကိုယူလာကာ တစ်ဝက်တိတိ ရေဖြည့်ထား၏။

"ဒါဘာအတွက်လဲ" ကျောင်းချီ သူ့လက်ထဲထိုးထည့်လာသော ကင်မရာအသေးလေးကို ကြည့်လိုက်သည်။

"ဒါကိုမှတ်တမ်းတင်ပေး၊ ကိုယ့်လက်တွေကို ရွှေဇလုံထဲ ဆေးကြောဖို့ဆုံးဖြတ်လိုက်ပြီ"
ကွမ်ကျုံး၏ ခေါင်းအားပွတ်ပေးကာ ဂန်းစတားဘော့စ် သူ့ချစ်ဇနီးလေးကို လေးနက်စွာပြောလိုက်သည်။

[T/N - 金盆洗手 (ရွှေဇလုံထဲလက်ဆေး) ဒီ စကားက အနားယူချင်တဲ့ ဂန်းစတားတွေ မကြာခဏပြောကြတာပါ၊ အရင်အလုပ်ကို လက်လျှော့လိုက်တဲ့အဓိပ္ပါယ်ဖြစ်ပါတယ်]


"... ဒါပေမဲ့ အဲဒါကပန်းကန်လုံးလေ"

"စကားမပြောနဲ့တော့"

ွှေဇလုံထဲ လက်ဆေးရသည်က အတော်လေး လေးနက်သည့်အရာပင်။ ကျန်းချန်ဖေး နဂါးသဏ္ဌာန် အေပရွန်လေးအား ချွတ်ကာ လက်ဆယ်ချောင်းကို ရေထဲနှစ်ပြီး ဆေးကြော၍ ကင်မရာဆီ စ‌ကားလှမ်းပြောလိုက်သည်။
"ကျုပ် ကျန်းချန်ဖေးက အသက်ဆယ့်ခြောက်အရွယ်မှာ ဂန်းစတားဖြစ်ခဲ့တယ်၊ ကျွန်တော့်ရောင်းရင်းတွေကို မမျှမတ မဆက်ခံခဲ့သလို စည်းမျဉ်းစည်းကမ်းကိုလည်း တန်ဖိုးထားခဲ့တယ်၊ ဒီနေ့ ကျုပ် ဒီမှာလက်တွေဆေးကြောပြီး ‌ဒီလောကထဲက အနားယူတော့မယ်၊ ဂိုဏ်းတွေရဲ့မြေအောက်လောကနဲ့ပတ်သတ်ပြီး ဘာမှထပ်မမေးတော့ပါဘူး"


ကျောင်းချီ အာရုံစိုက်မှတ်တမ်းတင်နေကာ ကျန်းချန်ဖေး ဝတ္ထုဇာတ်ကြောင်းထဲမှ နိုးလာချိန် ပြရမည်ဟု စဉ်းစားမိ၍ အလျင်အမြန် မေးလိုင်သည်။

"ဘာလို့ ရုတ်တရက် အနားယူချင်သွားရတာလဲ"

"ကျုပ် ဇနီး၊ ကလေးနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးမှာ နေချင်တယ်"
ဂန်းစတားဘော့စ်သည် သူ့ချစ်ဇနီးလေးအား မြတ်မြတ်နိုးနိုး ကြည့်လိုက်သည်။


"ဒါဆို ကွမ်ကျုံးက အာရှပစိဖိတ်ဒေသမှာ ဂန်းစတားဘော့စ် မဖြစ်နိုင်တော့ဘူးပေါ့"
ကျောင်းချီ ဆက်ပြီးစလိုက်သည်။

"ဟုတ်သား ကွမ်ကျုံး ကိုယ့်ကို အပြစ်မတင်ဖို့ပဲ မျှော်လင့်ရတော့မယ်"
ကျန်းချန်ဖေး စကားပြောနေရင်း ထွက်ပြေးရန်ကြိုးစားနေသည့် သူ့သားကိုဖမ်းကာ ခွေးလက်နှစ်ဖက်ကိုပါ ပန်းကန်လုံးထဲထည့်ပြီး ဆေးကြောပေးလိုက်လေသည်။

[Zawgyi]

ဝ႐ုန္းသုန္းကားအားလုံးအၿပီး ေက်ာင္းခ်ီ ေျခကုန္လက္ပမ္းက်သြားခဲ့သည္။ အျပန္လမ္းတြင္ သူ ေလာင္ကုန္းရင္ခြင္ထဲ အိပ္ေမာက်သြားခဲ့၏။ က်န္းခ်န္ေဖးက သူ႕ကိုဖက္ထားရင္း အေႏြးဓာတ္ေပးရန္ ဗိုက္ေပၚလက္တင္ထားသည္။ အၿမဲ ၿခိမ္းေျခာက္မႈမ်ားေအာက္ေနရေသာ ဂန္းစတားေဘာ့စ္တစ္ေယာက္ ဒီၾကည္ႏူးဖြယ္တိတ္ဆိတ္လွေသာ ဘဝေလးသည္ သိပ္အဖိုးတန္လြန္းသည္ဟု ေတြးမိလိုက္သည္။ အိပ္ေပ်ာ္ေနေသာ သူ႕ဇနီးေလးအားဖက္ထားရင္း ‌႐ုတ္တရက္ တစ္စုံတစ္ရာ ေဆာင္႐ြက္ခ်င္စိတ္မ်ား ေပၚလာသည္။

လီယင္ကြၽင္းက မီဒီယာကို ႏႈတ္ပိတ္ထား၍ ႐ုပ္ရွင္အႀကိဳပြဲအခမ္းအနားအေၾကာင္းသာ ထုတ္လႊင့္ၾကသည္။ သို႔ေသာ္ျငား ပရိသတ္မ်ား၏ အျပဳအမူကို မထိန္းခ်ဳပ္နိုင္ေပ။ ထို႔ေၾကာင့္ ထိုေနရာတြင္ေရာက္ေနသည့္ လူေတာ္ေတာ္မ်ားမ်ားသည္ ဓာတ္ပုံမ်ား၊ ဗီဒီယိုမ်ား ရိုက္ကူးခဲ့ေလ၏။

ေက်ာင္းခ်ီ ေန႕လယ္ပိုင္းတြင္ ကုမၸဏီသို႔ျပန္လာၿပီး သူ႕ PR ဌာနအား ျပႆနာမီးပ်ိဳးမႈအေပၚ ေစာင့္ၾကည့္ထားရန္ မွာလိုက္သည္။

မြန္းလြဲ၂နာရီတြင္ ဆိုရွယ္မီဒီယာေပၚ၌ "အန္တီ လူတစ္ေယာက္ကို ပါးရိုက္" ဆိုသည့္ ေခါင္းႀကီးသတင္းေပၚလာသည္။

အႏုပညာရွင္အားလုံးသည္ black fans မ်ားရွိၾက၍ ေရွာင္ယီ့အတြက္လည္းႁခြင္းခ်က္မဟုတ္ပါေခ်။ သာမန္ပရိသတ္မ်ားက သူမ သူမသားကိုခ်စ္၍ ရိုက္ခဲ့သည္ကို နားလည္ၾကေသာ္ျငား ထို black fan မ်ားကေတာ့ သေဘာမတူေခ်။ တစ္ေယာက္က အင္တာနက္ေပၚ ေက်ာင္းမားမား အမ်ိဳးသမီးကို ပါးရိုက္ေနသည့္ဗီဒီယိုအား တင္လိုက္သည္။
[

T/N- black fan ဆိုတာက အႏုပညာရွင္ေတြကို အရွက္ခြဲဖ်က္ဆီးရတာ သေဘာက်တဲ့သူေတြပါ]

သို႔ေသာ္ျငား ေက်ာင္းမားမား၏ စီမံခန႔္ခြဲေရးအဖြဲ႕သည္ သာမန္အခ်ဥ္အဖြဲ႕မဟုတ္၊ သူေဌးကေတာ္တစ္ေယာက္အတြက္ ဖြဲ႕စည္းထားေသာ အဖြဲ႕ျဖစ္သည္။ သူတို႔၏ ကိစၥမ်ားကိုေျဖရွင္းနိုင္သည့္ ကြၽမ္းက်င္မႈႏွင့္ သူတို႔သုံးစြဲနိုင္သည့္ေငြပမာဏသည္ တျခားသူမ်ား မယွဥ္ၿပိဳင္နိုင္ေခ်။ အဖြဲ႕သည္ ဤအတြက္ ေသခ်ာေလ့က်င့္ျပင္ဆင္ထား၏။ သူတို႔ သူမ တီဗြီရွိုးမ်ားတြင္ တစ္စုံတစ္ေယာက္အား ပါးရိုက္ေနသည့္ ဗီဒီယိုအပိုင္းအစေလးမ်ားကို ျဖတ္ညွပ္ကပ္ကာ အင္တာနက္တြင္ ၉ခုတင္လိုက္သည္။ ဗီဒီယိုေလးမ်ားမွာ ျမန္ဆန္စြာပင္ နာမည္ႀကီးလာကာ သိပ္မၾကာခင္ လူတိုင္း သူမေလာ့ေမ့ရွန္းကို ရိုက္ခဲ့သည့္ ဗီဒီယိုအားေမ့သြားၾကေလသည္။

ေက်ာင္းမားမားသည္ နိုင္ငံေတာ္အန္တီ ဂုဏ္ပုဒ္ရျခင္း အေၾကာင္းအရင္းမွာ သူမ အမ်ိဳးမ်ိဳးေသာ အေဒၚ‌ဇာတ္ေကာင္မ်ားတြင္ ကစားခဲ့ျခင္းေၾကာင့္ပင္။ တရားမမွ်တမႈကို မုန္းသည့္ အေဒၚမ်ိဳး ဒါမွမဟုတ္ ပုံေျပာရသည္ကိုႀကိဳက္သည့္ အေဒၚမ်ိဳးျဖစ္၏။ သူမ ‌တီဗြီစီးရီးတြဲအားလုံးနီးပါးတြင္ တစ္ေယာက္ေယာက္ကိုေတာ့ ပါးရိုက္ေနက်ျဖစ္သည္။ စေနာက္စပ္စုၾကသူတစ္ခ်ိဳ႕ဆိုလွ်င္ သုံးႀကိမ္ဆက္တိုက္ ပါးရိုက္သည့္ အီမိုဂ်ီပင္ ျပဳလုပ္လိုက္ၾကေသး၏။

ို႔ေၾကာင့္ လူတိုင္းက ရယ္ေမာကာ ၿပီးသြားၾကသည္။ Black fan မွာလည္း သူမအဖြဲ႕ဆီက ပိုက္ဆံရထားၿပီး တိတ္ဆိတ္သြားသည္။ ေန႕မကုန္ခင္ထိ မည္သူမွေက်ာင္းခ်ီအေၾကာင္း မေျပာၾကေပ။ PR ဌာနမွာ စိတ္သက္သာရာရၿပီး သက္ျပင္းခ်႐ုံရွိေသး ေနာက္ထပ္သတင္းႀကီးေခါင္းစဥ္က တစ္ရွိန္ထိုး အေပၚတက္လာကာ ႐ုတ္တရက္ ရွာေဖြမႈ ထိပ္ဆုံး ၅၀ အဆင့္သို႔ ဝင္ေရာက္လာခဲ့ေလသည္။

"ေဘာ့စ္ အခု ရွာေဖြမႈ နာမည္ႀကီးစာရင္းထဲ ဝင္ေနပါတယ္"
ေက်ာင္းခ်ီ အိမ္ျပန္ေရာက္ကာစရွိေသး သူ သနားစဖြယ္ ေၾကာက္လန႔္ေနေသာ PRဌာနမွ စာတစ္ေစာင္ဝင္လာေလသည္။

"ဘာမ်ားလဲ" ေက်ာင္းခ်ီ သူ႕အေကာင့္ကို အလ်င္အျမန္ ေလာ့ဂ္အင္ဝင္ၾကည့္လိုက္ၿပီး ဟိုဟိုဒီဒီရွာၾကည့္လိုက္သည္။ “ကေလးထိန္း” ႏွင့္ပတ္သတ္သည့္အရာ တစ္ခုမွမရွိ။ သူ႕PRဌာန တင္ျပလာသည့္အရာသည္ ‌အတင္းအဖ်င္းမ်ိဳးသာ ျဖစ္၏။

"သခင္ေလးႏွင့္ ပါးပါးခ်န္ေဖး"

သူ ႏွိပ္ၾကည့္လိုက္ေတာ့ ျမင္ရသမွ်သည္ သူတို႔ပရိသတ္မ်ားရိုက္ကူးထားေသာ ဓာတ္ပုံမ်ားသာ ျဖစ္သည္။ တစ္ခုက‌ က်န္းခ်န္ေဖး ကားထဲမွဆင္းၿပီးေနာက္ ေက်ာင္းခ်ီလက္ကို ကိုင္ထားၿပီး ေနာက္တစ္ပုံမွာ ေကာ္ေဇာနီေပၚတြင္ ေဘးခ်င္းကပ္ယွပ္ေလွ်ာက္ေနသည့္ပုံျဖစ္သည္။

အတိတ္တြင္ ေက်ာင္းခ်ီ သူ႕အေမ၏ ႐ုပ္ရွင္အႀကိဳပြဲမ်ားကို တက္ခဲ့သည့္တိုင္ မည္သူမွ သတိမထားမိခဲ့ၾကေခ်။ သို႔ေသာ္ျငား က်န္းခ်န္ေဖး၏ လတ္တေလာ တိုက္ရိုက္ထုတ္လႊင့္မႈေၾကာင့္ လူမ်ားသည္ သူ႕အေၾကာင္း လုံးဝသိခ်င္လာၾက၍ က်န္းခ်န္ေဖး ကားေပၚမွဆင္းခ်ိန္ ေျပာင္ေျပာင္တင္းတင္း တဖ်တ္ဖ်တ္ ဓာတ္ပုံရိုက္ၾကျခင္းပင္။

ဓာတ္ပုံကို ဖုန္းႏွင့္ရိုက္ကူးထားျခင္းျဖစ္ေသာ္ျငား ‌ျပဳျပင္မြမ္းမံျခင္း မလုပ္ထားေပ။ သို႔တိုင္ ဓာတ္ပုံရိုက္ထားသည့္လူ ေ႐ြးထားေသာ ရႈေထာင့္ေကာင္း၍ ဓာတ္ပုံသည္ အံ့ဩစရာေကာင္းေလာက္ေအာင္ ေကာင္းမြန္ေနသည္။

အေနာက္တိုင္းဝတ္စုံႏွင့္ အမ်ိဳးသားသည္ အလယ္ေခတ္႐ုပ္ရွင္မွ မင္းသားတစ္ပါးႏွင့္တူကာ ကိုယ္ကိုအနည္းငယ္ကိုင္းထားၿပီး ကားဆီ လက္လွမ္းထားေလသည္။ ျဖဴေဖြးသြယ္လ်ေသာ လက္တစ္ဖက္က အမ်ိဳးသား၏ ႏွစ္ဆင့္ပိုညိုေသာ လက္ဖဝါးႀကီးေပၚ တင္ထားသည္။  ေက်ာင္းခ်ီ၏ ေဘးတိုက္မ်က္ႏွာထားကိုလည္း အနီးကပ္ဆြဲရိုက္ထားသည့္ ဓာတ္ပုံရွိေနသည္။

【အားးးးး၊ ေနာက္ဆုံးေတာ့ သခင္ေလူမ်က္ႏွာကို ျမင္ရၿပီ၊ အားးးးး ငါ့စခရင္ ဘာလို႔ စို႐ႊဲေန‌လဲ အေမ ေမးေနၿပီ】

【ဘုရားသခင္ ပါးပါးခ်န္ေဖး ငါဆို႔ဆီကေန ဝွက္ထားတာလည္း မဆန္းေတာ့ဘူး၊ တကယ္ကိုေခ်ာေမာလြန္းတယ္!】

【သူတို႔ အရပ္ကြာျခားမႈက ခ်စ္ဖို႔ေကာင္းလိုက္တာ!ဒီ သူနဲ႕သူရဲ႕ ဝတ္စုံေတြက... ေဈးႀကီးလြန္းတယ္!】

【ေဟး မင္းတို႔ေတြ အဲမွာ ရွိမေနလို႔ မသိကကတာ၊ ခဏေနက်ေတာ့ ပါးပါးခ်န္ေဖးက သခင္ေလးကို ကာကြယ္ဖို႔ ထြက္လာတယ္၊ သူ အေတာ္ေလးၾကည့္ေကာင္းေနတာ၊ ဒါေပမဲ့ ငါတို႔ အန္တီ့ကို ဓာတ္ပုံမတင္ပါဘူးလို႔ ကတိေပးထားရတယ္ ဟြန႔္!】

【အေပၚထပ္ေရ ေက်းဇူးျပဳၿပီး ငါ့ကို စီဘီကေန ပုံေလးပို႔ေပးပါလား၊ လိုင္းေပၚမတင္ဘူးလို႔ ကတိေပးပါတယ္၊ ေက်းဇူးျပဳၿပီးးးးး】

ေက်ာင္းခ်ီ ဤလူမ်ား၏ ေကာမန႔္ကိုၾကည့္ကာ စတင္ရယ္မိေတာ့သည္။ အာ႐ုံဆြဲေဆာင္ရန္ နတ္ဆိုးဘုရင္အား ေခၚသြားမည့္ သူ႕နဂိုမူလအစီအစဥ္သည္ က်ရႈံးသြားကာ သူ႕ေလာင္ကုန္း၏ ေဂါက္ေၾကာင္မႈကို ဖုံးကြယ္နိုင္ခဲ့သည္က သူ႕မ်က္ႏွာျဖစ္ေနခဲ့သည္။

ေက်ာင္းခ်ီ သူ႕PR ဌာနကို မစိုးရိမ္ရန္ေျပာကာ ေနာက္အေကာင့္တစ္ေကာင့္ဆီ ေလာ့ဂ္အင္ဝင္ၿပီး ေကာမန႔္၌ "ဟြန႔္" ဟုေရးခဲ့သည့္ တစ္ေယာက္ကို ဓာတ္ပုံေတာင္းလိုက္သည္။

"ဒါအရင္ေသာက္" ဂန္းစတားေဘာ့စ္သည္ နဂါးဒီဇိုင္းထိုးထားေသာ ေအပ႐ြန္ေလးႏွင့္ ေရာက္လာကာ ထမင္းစားပြဲေပၚ အစာအိမ္အားျဖည့္ေပးသည့္ ဟင္းရည္ေႏြးေႏြးေလးတင္ေပးလိုက္သည္။ သူ႕ဇနီးေလး လိမ္လိမ္မာမာေသာက္သည္ကိုၾကည့္ၿပီး မ်က္ဝန္းထဲတြင္ ႏူးညံ့ေသာေတာက္ပ‌မႈ ေပၚလာခဲ့သည္။

"ဝုတ္ဝုတ္!" ဂန္းစတားမင္းသားေလးသည္ ဟင္းရည္နံ႕ရကာ စားပြဲေဘး ကုပ္တြယ္ၿပီး လူသားမ်ား တိတ္တိတ္ေလး မည္သည့္စားစရာမ်ား ခိုးစားေနလဲ ၾကည့္ခ်င္ေနသည္။ သို႔ေသာ္ျငား ေျခတံမ်ားက တိုလြန္းေနကာ သူ၏ တရႈံ႕ရႈံ႕လုပ္ေနေသာ ႏွာေခါင္းကိုသာ ျမင္ရသည္။

က

်န္းခ်န္ေဖး သူ႕သားကို စားပြဲေပၚတင္ေပးၿပီး ခ်စ္ဇနီးေလးက ပါပီေလးစားရန္ ဟင္းရည္ထဲမွ အသားတစ္တုံး ခပ္ထုတ္သည္ကို ၾကည့္ေနသည္။ ေန႕လယ္ပိုင္းတြင္ ရွိခဲ့သည့္ စိတ္ဆႏၵက ႐ုတ္တရက္ ပိုခိုင္မာလာခဲ့သည္။
"ယန္ယန္ ကိုယ္လုပ္ခ်င္..."

သူစကားမဆုံးခင္ Smart Brainက တတီတီျမည္လာသည္။ ေကာင္းရွစ္ခ်င္းထံမွဖုန္းျဖစ္ေန၏။

"အား..." သူ ကိုင္ကိုင္ခ်င္း က်န္းခ်န္ေဖး စိတ္မခ်မ္းေျမ့ဖြယ္ ငိုသံကိုၾကားလိုက္ရသည္။ ေကာင္းရွစ္ခ်င္းမွာ ႀကံ့ခိုင္ေရးကိရိယာတစ္ခုအား အသုံးျပဳေနကာ သူ႕ပါဆင္နယ္ထရိန္နာ၏ အႏွိပ္စက္ခံေနရရွာသည္။
"ခ်န္ေဖး ငါ့ကို လာကယ္ေပးပါဦး! ငါ ငါ့ထရိန္နာသတ္တာခံရေတာ့မယ္!"

က်န္းခ်န္ေဖးက ဒီအားကစား႐ုံဆီ သူလည္း မၾကာခဏသြား၍ ေကာင္းရွစ္ခ်င္းကို ၫႊန္းေပးခဲ့ျခင္းပင္။ ခြၽဲ႕တ်ဲ့၏ သူ႕အတြက္ တင္းၾကပ္ေသာ ဝိတ္ေလွ်ာ့ခ်ေရး အစားအေသာက္စည္းမ်ဥ္းေၾကာင့္ ေကာင္းရွစ္ခ်င္းမွာ သူ အခ်ိန္အေတာ္ၾကာ သြားရန္ျငင္းခဲ့သည့္ အားကစား႐ုံဆီ မျဖစ္မေနသြားရေတာ့သည္။

"ဘာျဖစ္တာလဲ" ေက်ာင္းခ်ီ မခံခ်ိဖြယ္ေအာ္သံကို ၾကားကာ သူ႕ေလာင္ကုန္းအား သိခ်င္စိတ္ျဖင့္ လွမ္းေမးလိုက္သည္။

က်န္းခ်န္ေဖး ငုံ႕ၾကည့္ေတာ့ သူ႕ဇနီးေလး၏ ယုံၾကည္ေနသည့္ မ်က္ဝန္းမ်ားကို ျမင္လိုက္ရကာ သူ႕လက္ေခ်ာင္းထိပ္မ်ား မဆိုစေလာက္ တုန္ရီသြားခဲ့သည္။ သူ ထို႔ေနာက္ သူ႕သား၏ အျပစ္ကင္းစင္ေသာ အမည္းေရာင္ပဲေတာင့္ေစ့ မ်က္ဝန္းမ်ားထဲ လွမ္းၾကည့္လိုက္သည္။ ေလာကႀကီးကို အုပ္ခ်ဳပ္ေသာ ဂန္းစတားေဘာ့စ္သည္ ထိုအခိုက္အတန႔္တြင္ ခ်ိတုံခ်တဳံျဖစ္ေနခဲ့၏။ သူ မ်က္လုံးမ်ားျဖည္းျဖည္းခ်င္းပိတ္ကာ သက္ျပင္းရွည္ႀကီးခ်ၿပီး ဝမ္းနည္းစြာေျပာလိုက္သည္။
"ေလာင္ေကာင္း၊ ငါေတာင္းပန္ပါတယ္၊ မင္းကို လာမကယ္နိုင္ေတာ့ဘူး၊ ငါ့လက္ေတြကို ေ႐ႊဇလုံထဲ ေဆးေၾကာေတာ့မယ္"

"မင္း ဘာေျပာတာ၊ အာ့ အာ့ အား ငါေသေတာ့မယ္!" အစိမ္းႏွင့္အနီဂိုဏ္း ေခါင္းေဆာင္၊ ဂန္းစတားေဘာ့စ္၏ အေပါင္းအသင္း ေကာင္းရွစ္ခ်င္းသည္ ဆက္ၿပီးေအာ္ဟစ္ေနေလသည္။ သို႔ေသာ္ျငား ႏုတ္ထြက္အနားယူရန္ ဆုံးျဖတ္ၿပီးျဖစ္သည့္ အေမွာင္ထု၏ ဧကရာဇ္ကေတာ့ ရက္စက္စြာဖုန္းခ်လိဳက္သည္။

"ရွစ္ခ်င္းက ဖုန္းေခၚတယ္ေပါ့၊ သူဘာျဖစ္လို႔လဲ"
ေက်ာင္းခ်ီ အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"သူ တစ္ေယာက္ေယာက္နဲ႕ တိုက္ခိုက္ေနတာ"

"ဟမ္?"

"ကိုယ္ သူ႕ကိုသြားကယ္သင့္ေပမဲ့ မင္းနဲ႕ ကိုယ္တို႔သားကို ေနာက္ခ်န္မထားခဲ့နိုင္ဘူး"

"..." ေက်ာင္းခ်ီ ေကာင္းရွစ္ခ်င္းအား ဘာေတြျဖစ္ေနတာလဲဟု စာလွမ္းပို႔လိုက္သည္။ ေကာင္းရွစ္ခ်င္းက အားကစား႐ုံထဲ ေရာက္ေနေသာ ဗီဒီယိုအတိုေလး ပို႔လာသည္။ သူ႕ေျခေထာက္မ်ားကို ခပ္မိုက္မိုက္ အမ်ိဳးသမီးထရိန္နာက ကိုင္ေပးထားကာ ဝမ္းဗိုက္ပိုင္း ေလ့က်င့္ခန္းလုပ္ေနရေလသည္။ ဗီဒီယိုေပၚမွ ေခါင္းစဥ္က “ငါေသေတာ့မယ္” ဟုပင္။

ူနဲ႕ အားကစား႐ုံမွာ အားကစားလာလုပ္ဖို႔ ေမး႐ုံပဲလား၊ အဲဒါကို လူေသေတာ့မယ္ပုံစံမ်ိဳးေပါက္ေအာင္ လုပ္စရာမလိုပါဘူး!

စိတ္ဆုံးျဖတ္ၿပီးသား ဂန္းစတားေဘာ့စ္သည္ တစ္ဖက္လွည့္သြားကာ မီးဖိုေခ်ာင္ဆီ ခပ္ျပင္းျပင္းနင္းေလွ်ာက္သြားၿပီး ဟင္းဆက္ခ်က္ေနသည္။ သူ႕အေပါင္းအသင္းကို ကယ္တင္ျခင္းႏွင့္ ခ်စ္ဇနီးေလးအတြက္ ဟင္းခ်က္ေပးျခင္းတြင္ မစၥတာတိေအာင္းသည္ ဟင္းခ်က္ရန္ေ႐ြးခ်ယ္ခဲ့ပါ၏။

အေရာင္အေသြးစုံကာ အနံ႕ေမႊးႀကိဳင္သည့္ ဟင္းေလးပြဲႏွင့္ ဟင္းရည္တစ္ပန္းကန္ကို စားပြဲေပၚတြင္ တည္ခင္းလာသည္။ က်န္းခ်န္ေဖးသည္ ေ႐ႊေရာင္ပန္းေျပာက္မ်ား မြမ္းမံထားေသာ ဖန္ပန္းကန္လုံးကိုယူလာကာ တစ္ဝက္တိတိ ေရျဖည့္ထား၏။

"ဒါဘာအတြက္လဲ" ေက်ာင္းခ်ီ သူ႕လက္ထဲထိုးထည့္လာေသာ ကင္မရာအေသးေလးကို ၾကည့္လိုက္သည္။

"ဒါကိုမွတ္တမ္းတင္ေပး၊ ကိုယ့္လက္ေတြကို ေ႐ႊဇလုံထဲ ေဆးေၾကာဖို႔ဆုံးျဖတ္လိုက္ၿပီ"
ကြမ္က်ဳံး၏ ေခါင္းအားပြတ္ေပးကာ ဂန္းစတားေဘာ့စ္ သူ႕ခ်စ္ဇနီးေလးကို ေလးနက္စြာေျပာလိုက္သည္။

[T/N - 金盆洗手 (ေ႐ႊဇလုံထဲလက္ေဆး) ဒီ စကားက အနားယူခ်င္တဲ့ ဂန္းစတားေတြ မၾကာခဏေျပာၾကတာပါ၊ အရင္အလုပ္ကို လက္ေလွ်ာ့လိုက္တဲ့အဓိပၸါယ္ျဖစ္ပါတယ္]

"... ဒါေပမဲ့ အဲဒါကပန္းကန္လုံးေလ"

"စကားမေျပာနဲ႕ေတာ့"

ႊေဇလုံထဲ လက္ေဆးရသည္က အေတာ္ေလး ေလးနက္သည့္အရာပင္။ က်န္းခ်န္ေဖး နဂါးသဏၭာန္ ေအပ႐ြန္ေလးအား ခြၽတ္ကာ လက္ဆယ္ေခ်ာင္းကို ေရထဲႏွစ္ၿပီး ေဆးေၾကာ၍ ကင္မရာဆီ စ‌ကားလွမ္းေျပာလိုက္သည္။
"က်ဳပ္ က်န္းခ်န္ေဖးက အသက္ဆယ့္ေျခာက္အ႐ြယ္မွာ ဂန္းစတားျဖစ္ခဲ့တယ္၊ ကြၽန္ေတာ့္ေရာင္းရင္းေတြကို မမွ်မတ မဆက္ခံခဲ့သလို စည္းမ်ဥ္းစည္းကမ္းကိုလည္း တန္ဖိုးထားခဲ့တယ္၊ ဒီေန႕ က်ဳပ္ ဒီမွာလက္ေတြေဆးေၾကာၿပီး ‌ဒီေလာကထဲက အနားယူေတာ့မယ္၊ ဂိုဏ္းေတြရဲ႕ေျမေအာက္ေလာကနဲ႕ပတ္သတ္ၿပီး ဘာမွထပ္မေမးေတာ့ပါဘူး"

ေက်ာင္းခ်ီ အာ႐ုံစိုက္မွတ္တမ္းတင္ေနကာ က်န္းခ်န္ေဖး ဝတၳဳဇာတ္ေၾကာင္းထဲမွ နိုးလာခ်ိန္ ျပရမည္ဟု စဥ္းစားမိ၍ အလ်င္အျမန္ ေမးလိုင္သည္။

"ဘာလို႔ ႐ုတ္တရက္ အနားယူခ်င္သြားရတာလဲ"

"က်ဳပ္ ဇနီး၊ ကေလးနဲ႕အတူ ေပ်ာ္႐ႊင္တဲ့ဘဝေလးမွာ ေနခ်င္တယ္"
ဂန္းစတားေဘာ့စ္သည္ သူ႕ခ်စ္ဇနီးေလးအား ျမတ္ျမတ္နိုးနိုး ၾကည့္လိုက္သည္။

"ဒါဆို ကြမ္က်ဳံးက အာရွပစိဖိတ္ေဒသမွာ ဂန္းစတားေဘာ့စ္ မျဖစ္နိုင္ေတာ့ဘူးေပါ့"
ေက်ာင္းခ်ီ ဆက္ၿပီးစလိုက္သည္။

"ဟုတ္သား ကြမ္က်ဳံး ကိုယ့္ကို အျပစ္မတင္ဖို႔ပဲ ေမွ်ာ္လင့္ရေတာ့မယ္"
က်န္းခ်န္ေဖး စကားေျပာေနရင္း ထြက္ေျပးရန္ႀကိဳးစားေနသည့္ သူ႕သားကိုဖမ္းကာ ေခြးလက္ႏွစ္ဖက္ကိုပါ ပန္းကန္လုံးထဲထည့္ၿပီး ေဆးေၾကာေပးလိုက္ေလသည္။

Continue Reading

You'll Also Like

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
299K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
465K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
311K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"