My Lover With Split Personali...

Bởi Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... Xem Thêm

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၄၀ ။ ဂန်းစတားကိုကို

2K 515 40
Bởi Mine-Edge

[Unicode]

လော့မေ့ရှန်း: "..."

အငွေ့အသက်က ရုတ်တရက် အနေရခက်သွားခဲ့သည်။ လူတော်တော်များများက ကျန်းချန်ဖေး ကလေးထိန်းအား ပြောသည့်စကားကို မကြားသ‌ည့်တိုင် ချန်းဇီစကား ကြားလိုက်၍ Smart Brain များဖွင့်လိုက်ကြသည်။

"ဒါadမဟုတ်ပါဘူးနော် ဟုတ်တယ်မလား"

"QR ကုဒ်အောက်က ဒေါင်းလုတ်ဆွဲတဲ့လင့်ခ်က ‘နဂါးငွေ့တန်း ကျက်သရေ’ အတွက်မဟုတ်ပါ‌ဘူးနော်?"

ကျောင်းချီ အစာအိမ် မနာတော့သည့်တိုင် အခု ခေါင်းကိုင်နေချေပြီ။ သူ လီယင်ကျွင်းအား ခေါ်ကာ မီဒီယာများကိုရှင်းရန် အပြင်ဘက်ဆီ ထွက်လာခိုင်းလိုက်သည်။

ကျန်းချန်ဖေး ချန်းဇီ နောက်စေ့ကို ရိုက်လိုက်ပြီး QR ကုဒ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူ လုံခြုံရေးအစောင့်များဆီ အမူအရာ ပြလိုက်၏။ အမည်းရောင်ဝတ်စုံနှင့် အမျိုးသားများက သက်လတ်ပိုင်းဝတုတ်တုတ်အမျိုးသမီးအား ဆွဲထုတ်သွားရန် အသင့်ဖြစ်နေသည်။

"ရှင်တို့ဘာတွေလုပ်နေကြတာလဲ"
လော့မေ့ရှန်း လေထဲတွင် တန်းလန်းဖြစ်နေပြီး အသိစိတ်ပြန်ဝင်လာကာ ချက်ချင်းသွေးပျက်သွားတော့သည်။ သူမ မော်ကြွားသော လူချမ်းသာများအား မကြောက်သော်ငြား ဂန်းစတားများကိုတော့ကြောက်သည်။
သူမအိမ်ဆီလာကာ တံခါးပေါ် ဆေးများခြယ်ပြီး သူမသား၏ ခြေထောက်လက်ထောက်များကို ချိုးပစ်မည်ဟု ခြိမ်းခြောက်သည့်လူများက သူမအား ကြောက်လန့်စေသည်။

"သီးသန့်မပြောချင်ဘူးလား" ကျန်းချန်ဖေး ကောက်ကျစ်သည့် အပြုံးတပ်ဆင်လိုက်သည်မှာ ရုပ်ရှင်ထဲရှိ လူသတ်တော့မည့် ဂန်းစတားဘော့စ်များအတိုင်းပင်။

"ဟင့်အင်း၊ မသွားဘူး၊ ကယ်ကြပါဦးရှင်!"
သူမ စကားပြောချင်ခဲ့သည်က ယဉ်ကျေးသိမ်မွေ့သော သခင်လေးနှင့် နှစ်ကိုယ်ကြားဖြစ်ကာ ဤဂန်းစတားအုပ်စု၏ လူသူကင်းမဲ့သောနေရာဆီ ခေါ်သွားခံရပြီး ခြေလက်များ ဖြတ်ပစ်ခံရမည်ကိုတော့ မလိုချင်ပေ။ သစ်တော်သီးပုံစံဖြစ်နေသော်ငြား သူမက အင်မတန်ပျော့ပြောင်းပြီး ကန်ကျောက်အော်ဟစ်တော့သည်။

ဆူညံပွက်လောရိုက်နေစဉ် ဥဩဆွဲသံက အဓိကလမ်းမကြီးမှ လာကာ ရဲကားတစ်စီးရောက်လာသည်။ ရုပ်ပျက်ဆင်းပျက် ဖြစ်စေသူအနေနှင့် လော့မေ့ရှန်းသည် ရဲများရောက်လာမှုကို ပိုပြီးမျှော်လင့်စောင့်စားနေကာ အော်ဟစ်တော့သည်။
"အရာရှိတို့ ဒီမှာပါ!"

ရဲအချို့ရောက်လာပြီး သက်လတ်ပိုင်းအမျိုးသမီးသည် အသည်းအသန်ငိုကြွေးနေကာ အနက်ရောင်ဝတ်စုံနှင့်အမျိုးသားတို့က သူမကို ထိန်းထားသည်အား မြင်ချိန် မည်သူက နစ်နာသူလဲပြောရန် အင်မတန်ဇဝေဇဝါဖြစ်နေမိသည်။
"မင်းတို့တွေက ဘယ်သူတွေလဲ"

"လုံခြုံရေး‌အစောင့်တွေပါ"
အနက်ရောင်ဝတ်စုံနှင့်အမျိုးသားများက ပြိုင်တူပြောကာ သူတို့တံဆိပ်များကို ပြလိုက်သည်။

"မင်းကရော" ရဲသားတစ်ယောက်က လူကောင်းပုံမပေါ်သည့် ချန်းဇီကို လက်ညှိုးထိုးလေသည်။

ချန်းဇီ မကျေမချမ်းဖြစ်ကာ QRကုဒ် ပြလိုက်သည်။
"ကျုပ်လည်း လုံခြုံရေးဝန်ထမ်းပါ"

ဲကလော့မေ့ရှန်းကို သူတို့နှင့်ခေါ်သွားပြီး ကားထဲထည့်ကာ ‌ကျန်းချန်ဖေးနှင့် ကျောင်းချီအား စစ်ဆေးရေးအတွက် ရဲစခန်းဆီ လာခဲ့ခိုင်းလေသည်။ လီယင်ကျွင်းက ထွက်လာပြီး ကျောင်းချီအား စိုးရိမ်စရာမလိုကြောင်း အမူအရာ ပြောလိုက်သည်။ ထို့နောက် နှစ်ယောက်သား ရဲစခန်းဆီ သွားခဲ့ကြသည်။

မီဒီယာမှာ လူကုံထံမိသားစုအကြောင်း အတင်းအဖျင်းအချို့ဟု တွေးခဲ့မိသော်ငြား ကလေးထိန်းက မိသားစုအား ခြိမ်းခြောက်ခြင်းဖြစ်နေသည်။ ရုပ်ရှင်အကြိုပွဲသို့ ဖိတ်ကြားခံရသည့် မီဒီယာများသည် ကုမ္ပဏီ၏စီးပွားရေးပါတနာများဖြစ်ရာ လီယင်ကျွင်း သူတို့နှင့် စကားပြောပြီးလျှင် ပြဿနာရှိတော့မည်မဟုတ်ပေ။

ထိုနေရာရှိ ပရိသတ်များနှင့် ရှင်းရန်သာ အနည်းငယ်အခက်တွေ့ချေ၏။

ကျောင်းမားမား၏ အေးဂျင့်မှာ သူမ ထိုမိန်းမအား ပါးသွားရိုက်သည်ကို မြင်ချိန် မေ့လဲလုနီးပါးဖြစ်သွားခဲ့သည်။ ရှောင်ယီကတော့ ပြဿနာကြီးမဟုတ်ဟု တွေးကာ အခြေအနေထိန်းပေးနေသည့် ပွဲစီစဉ်သူထံမှ မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး သူမ၏ရှည်လျားသော လှိုင်းတွ့န်သဏ္ဍာန်ဆံနွယ်ကို ယမ်းလိုက်သည်။
"ကျွန်မ လူတွေကြားထဲ လူကိုရိုက်တဲ့အချိန် ကြည့်မကောင်းဘူး၊ ဖြစ်ခဲ့တဲ့ဟာကို ကျေးဇူးပြုပြီး မေးလိုက်ကြပါနော်"

သူမတွင် နောင်တရစိတ် လုံးဝမရှိခဲ့ပေ။

လူအုပ်ကြီးက တစ်ခဏ တိတ်သွားပြီးနောက် ရုတ်တရက် ကလေးမက အော်လာသည်။
"အန်တီ၊ အရမ်းမိုက်တာပဲ!" 

"တကယ်ကောင်းတယ် အန်တီ! ကျွန်မ ကလေးထိန်းလည်း ကျွန်မငယ်ငယ်လေးတုန်းက အနိုင်ကျင့်ခဲ့ဖူးတယ်!"

"အန်တီက တကယ်အံ့ဩဖို့ကောင်းတယ်!"

နိုင်ငံကျော်တစ်ယောက်အနေနှင့် တစ်စုံတစ်ယောက်အား လူပုံအလယ် ပါးရိုက်ခြင်းသည် သေချာပေါက် မှားသော်ငြား အမေတစ်ယောက်အနေနှင့်တော့ သူမ မည်သည့်အမှားမှ မပြုလုပ်ခဲ့ချေ။

ရဲစခန်းတွင် လော့မေ့ရှန်း တည်ငြိမ်လာခဲ့ပြန်သည်။ လုံခြုံရေးအစောင့်များကဲ့သို့ ဟန်ဆောင်နေသော ဤဂန်းစတားများသည် ရဲရှေ့တွင် သူမကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ ကျောင်းမိသားစုက သူမအား မည်သို့အနိုင်ကျင့်ကြောင်း မျက်ရည်တစမ်းစမ်းဖြင့် ပြောပြလိုက်သည်။

ကျောင်းချီ စုံစမ်းရေးမှူးအား ဇာတ်လမ်းကို ရှင်းလင်းသောစကားလုံးများနှင့် ပြောလိုက်ကာ အမျိုးသမီးအရာရှိထံမှ ဝမ်းနည်းသော အကြည့် လက်ခံရရှိလိုက်သည်။
"စာရွက်စာတမ်းကို လက်မှတ်ထိုးပြီးရင် သွားလို့ရပါပြီ"

"သူမးကရော" ကျန်းချန်ဖေး လော့မေ့ရှန်းဘက် မေးပင့်ပြလိုက်သည်။

"သူ့လို အမျိုးသမီးကြီးတွေက ဖြေရှင်းရအခက်ဆုံးပဲ၊ သူက ဘာကြီးကြီးမားမား ထိခိုက်မှုမှမဖြစ်စေခဲ့လို့ ကျွန်မတို့ သူ့ကို ပညာပေးပြီးဒဏ်ငွေတပ်ရုံပဲရတယ်၊ မြန်မြန်သွားသင့်ပါတယ်"
အမျိုးသမီးအရာရှိက တီးတိုးပြောလာသည်။

ကျန်းချန်ဖေး စကားဆက်မပြောတော့ဘဲ သူ့ချစ်ဇနီးလေးအား ရဲစခန်းအပြင်ခေါ်လာခဲ့ပြီး ကားထိုင်ခုံတွင် ထားလိုက်သည်။ သူ ဖြူဖတ်ဖြူလျော်မျက်နှာလေးအား ထိလိုက်၏။
"နာနေတုန်းလား"

ကျောင်းချီ ခေါင်းယမ်းလိုက်သည်။ အစာအိမ်အောင့်ရုံဖြစ်ကာ ကြီးကြီးမားမား အစာအိမ်ပြဿနာမဟုတ်ချေ။ နာကျင်ပြီးနောက် အခုအားလုံးအဆင်ပြေသွားပြီ။

သူ့ချစ်ဇနီးလေးအဆင်ပြေသွားသည်ကို သိတော့ ကျန်းချန်ဖေး သူ့မျက်နှာအားနမ်းကာ ဝင်ထိုင်လိုက်သော်ငြား ဒရိုက်ဘာအား ကားစရန် မပြောချေ။

ဆယ်မိနစ်ကြာပြီးနောက် လော့မေ့ရှန်း ဆဲရေးကျိန်ဆဲလျက် ရဲစခန်းထဲမှ ထွက်လာသည်။ သူမ လမ်းကူးနေသည့်အခိုက်မှာပင်အနက်ရောင်ဝတ်စုံဝတ်ထားသည့် ယောက်ျားနှစ်ယောက် ဖမ်းချုပ်ခြင်းခံရကာ ပါးစပ်ပိတ်ခံထားရလျက် လမ်းကျဉ်းလေးထဲ ဆွဲခေါ်ခံလာရ၏။ ထိုနေရာတွင် ကားပါကင်ထိုးထားသော အနက်ရောင် Maybach ကားက အနောက်ခန်းတံခါးဖွင့်လာပြီး ဂန်းစတားဘော့စ် ထိုနေရာတွင်ထိုင်နေကာ ပါးစပ်ထဲ မီးမညှိရသေးသည့် စီးကရက်နှင့် သူမအား ငုံ့ကြည့်နေလေသည်။

"ဒီမှာစကားပြောချင်လား၊ ဒါမှမဟုတ် ဆင်ခြေဖုံးက စွန့်ပစ်စက်ရုံဆီ သွားရမလား"

"ဘာလုပ်နေကြတာလဲ၊ ရဲစခန်းရှေ့မှာပဲ ရှိသေးတာနော်!"
လော့မေ့ရှန်းက ခက်ထန်သည့်ပုံပေါ်သော်ငြား တုန်ရီနေလေသည်။

"ဟာ့" ဟာသတစ်ပုဒ်ကြားလိုက်ရသည့်ပမာ ကျန်းချန်ဖေးက ပျက်ရယ်ပြုပြီး ရုတ်တရက် လော့မေ့ရှန်း၏ ဝဖိုင့်ဖိုင့်မေးရိုးအား လှမ်းညှစ်လိုက်သည်။
"လော့မေ့ရှန်း၊ ခင်ဗျား ဘယ်သူ့ကို လာရှုပ်နေလဲရော သိရဲ့လား၊ ကျုပ်ကရဲကို ကြောက်တယ်များ ထင်နေလား၊ ကျုပ်လူတွေက နေရာတိုင်းမှာ၊ ခင်ဗျားသား ဖမ်းခံထားရတဲ့ အကျဉ်းထောင်ပါပါတယ်"

သူမအား လူမြင်ကွင်းတွင် ခြောက်လှန့်ခြင်းက အလုပ်ဖြစ်မည်မဟုတ်၍ အတွေ့အကြုံရှိပြီးသား အမဲလိုက်မုဆိုးသည် သူတို့သားကောင်အား ခြောက်လှန့်ရန် ဘေးကင်းသွားပြီဟု တွေးချိန်ကျမှ ဖမ်းဆီးပစ်ရမည်မှန်း သိကြသည်။

"နင်..." လော့မေ့ရှန်း မျက်လုံးများပြူးကာ ကြောက်လန့်နေသည်။

ကျန်းချန်ဖေး သူ့လက်ကို သူမေးစေ့မှဖယ်လိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ လက်ချောင်းများအား ရွံမုန်းစွာဖြင့် သုတ်လိုက်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျောင်းမိသားစုက ကြင်နာပေမဲ့ ကျုပ်ကတော့ မဟုတ်ဘူး၊ ခင်ဗျား သားကအထဲရောက်နေပြီဆိုမှတော့ အဲမှာပဲ တိတ်တိတ်လေးနေလိုက်၊ ယန်ယန့်ကို ထပ်ပြီးစိတ်ရှုပ်အောင် လာလုပ်လို့ကတော့ အထဲကကျုပ်လူတွေကို သူ့ကို ကောင်းကောင်းစောင့်ရှောက်ခိုင်းလိုက်မယ်၊ သူ အထဲကို တစ်ကိုယ်တည်းနဲ့ ဝင်သွားပြီး အပိုင်းပိုင်းပြန်ထွက်လာရအောင် သေချာပေါက် လုပ်ပစ်မှာ"

"ခင်ဗျား ကျုပ်တို့ဘော့စ်ကို လာအနှောင့်အယှက်ပေးရဲရင် ‘ဆံပင်ဖြူနဲ့လူက ဆံပင်နက်နဲ့လူကို နှုတ်ဆက်ခဲ့ရ’ ဆိုတဲ့ ဆိုရိုးက ဘာအဓိပ္ပါယ်လဲ သိသွားရလိမ့်မယ်!"
ချန်းဇီ နောက်‌ဆုံးတော့ သူ ဘာဇာတ်ကောင်ကစားနေရလဲ သဘောပေါက်သွားခဲ့သည်။

လော့မေ့ရှန်း၏ ခြေထောက်များ တုန်ရီနေကာ ရှူးပေါက်ချမိလုနီးပါးပင်။ သူမ ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
"မလုပ်တော့ပါဘူး၊ မလုပ်တော့ပါဘူး၊ ထပ်မနှောင့်ယှက်တော့ပါဘူးနော်!"


Maybach ကားက တည်ငြိမ်စွာ မောင်းထွက်သွားပြီး မြေကြီးပေါ်ထိုင်နေသည့် ကလေးထိန်းအား နောက်တွင်ထားခဲ့လေသည်။

"ဂိုဏ်း၏ခြိမ်းခြောက်မှု" ကို မျက်မြင်တွေ့လိုက်ရသည့် ကျောင်းချီခမျာ တစ်ခဏတာ စကားဆွံ့အသွားခဲ့တော့သည်။ သူ ရယ်ချင်မိသော်ငြား ပျော်ရွှင်သည်။ သူကိုယ်တိုင်လည်း ဝတ္ထုဗားရှင်း ကျန်းတာ့တျောင်း၏ ရူးကြောင်ကြောင်လုပ်ခံရခြင်းဖြစ်မည်။

ဤကလေးထိန်းက ဆိုးရွားခြင်းမဟုတ်သော်ငြား ကျောင်းချီလေးအား အရူးလုပ်ရန် လူကြီးဖြစ်ခြင်းကို အခွင့်ကောင်းယူခဲ့သည်။

"မင်း မနက်စာစားဖို့ ထတာနောက်ကျလွန်းတယ်၊ ကျောင်း‌ဆီ ပေါင်မုန့်သာယူသွားတော့နော်"

"မင်း ဒီလိုချောကလက်တွေ အများကြီးစားရင် သွားကိုက်လိမ့်မယ်၊ မစားနဲ့တော့၊ သိမ်းထားပေးမယ်"


"အသားအများကြီး စားတာမကောင်းဘူး၊ မြန်မြန်ကြီးထွားနိုင်အောင် အာလူးပိုစား‌"

သူအသက်ကြီးလာတော့ ကလေးထိန်းလိမ်နေမှန်း ကျောင်းချီ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သို့သော်ငြား သူ့မိဘများ သိပ်ဂရုစိုက်မည်မဟုတ်သည့် သေးသေးမွှားမွှားကိစ္စများအပေါ် ရန်ဖြစ်ရမတန်ဟု ခံစားခဲ့ရသည်။ သူဒေါသထွက်ချိန် ကလေးထိန်းကို နောက်တစ်ကြိမ် မလိမ်ရဲစေရန်အတွက် ကူညီပေးဖို့ ဂန်းစတားအစ်ကိုကြီးတစ်ယောက် ရှိရန် မျှော်လင့်မိခဲ့သည်။


"ဘာတွေစဉ်းစားနေတာလဲ" ကျန်းချန်ဖေး ခေါင်းလှည့်ကာ သူ့ချစ်ဇနီးလေးနား ရွှေ့လိုက်သည်။

"ငယ်ငယ်တုန်းတည်းကသာ ခင်ဗျားကိုသိခဲ့ရင် ကောင်းမှာပဲလို့ တွေးနေတာလေ"
ကျောင်းချီ  သူ့လောင်ကုန်းလက်ကို ဆုပ်ကိုင်လိုက်သည်။

"မင်း အများကြီး စဉ်းစားလွန်းနေပြီ" ဂန်းစတားဘော့စ်မှာ လေးလေးပင်ပင် သက်ပြင်းချလိုက်မိသည်။
"မင်း ကိုယ့်ကို ကလေးအဖြစ်နဲ့ သိခဲ့မှာမဟုတ်ပါဘူး"
အဆုံးမှာတော့ ထိုအချိန်က သူသည် ဟတ်စကီးတစ်ကောင်သာ ဖြစ်နေခဲ့သေးသည်လေ။


[Zawgyi]

ေလာ့ေမ့ရွန္း: "..."

အေငြ႕အသက္က ႐ုတ္တရက္ အေနရခက္သြားခဲ့သည္။ လူေတာ္ေတာ္မ်ားမ်ားက က်န္းခ်န္ေဖး ကေလးထိန္းအား ေျပာသည့္စကားကို မၾကားသ‌ည့္တိုင္ ခ်န္းဇီစကား ၾကားလိုက္၍ Smart Brain မ်ားဖြင့္လိုက္ၾကသည္။

"ဒါadမဟုတ္ပါဘူးေနာ္ ဟုတ္တယ္မလား"

"QR ကုဒ္ေအာက္က ေဒါင္းလုတ္ဆြဲတဲ့လင့္ခ္က ‘နဂါးေငြ႕တန္း က်က္သေရ’ အတြက္မဟုတ္ပါ‌ဘူးေနာ္?"

ေက်ာင္းခ်ီ အစာအိမ္ မနာေတာ့သည့္တိုင္ အခု ေခါင္းကိုင္ေနေခ်ၿပီ။ သူ လီယင္ကြၽင္းအား ေခၚကာ မီဒီယာမ်ားကိုရွင္းရန္ အျပင္ဘက္ဆီ ထြက္လာခိုင္းလိုက္သည္။

က်န္းခ်န္ေဖး ခ်န္းဇီ ေနာက္ေစ့ကို ရိုက္လိုက္ၿပီး QR ကုဒ္က ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခဲ့၏။ သူ လုံၿခဳံေရးအေစာင့္မ်ားဆီ အမူအရာ ျပလိုက္၏။ အမည္းေရာင္ဝတ္စုံႏွင့္ အမ်ိဳးသားမ်ားက သက္လတ္ပိုင္းဝတုတ္တုတ္အမ်ိဳးသမီးအား ဆြဲထုတ္သြားရန္ အသင့္ျဖစ္ေနသည္။

"ရွင္တို႔ဘာေတြလုပ္ေနၾကတာလဲ"
ေလာ့ေမ့ရွန္း ေလထဲတြင္ တန္းလန္းျဖစ္ေနၿပီး အသိစိတ္ျပန္ဝင္လာကာ ခ်က္ခ်င္းေသြးပ်က္သြားေတာ့သည္။ သူမ ေမာ္ႂကြားေသာ လူခ်မ္းသာမ်ားအား မေၾကာက္ေသာ္ျငား ဂန္းစတားမ်ားကိုေတာ့ေၾကာက္သည္။
သူမအိမ္ဆီလာကာ တံခါးေပၚ ေဆးမ်ားျခယ္ၿပီး သူမသား၏ ေျခေထာက္လက္ေထာက္မ်ားကို ခ်ိဳးပစ္မည္ဟု ၿခိမ္းေျခာက္သည့္လူမ်ားက သူမအား ေၾကာက္လန႔္ေစသည္။

"သီးသန႔္မေျပာခ်င္ဘူးလား" က်န္းခ်န္ေဖး ေကာက္က်စ္သည့္ အၿပဳံးတပ္ဆင္လိုက္သည္မွာ ႐ုပ္ရွင္ထဲရွိ လူသတ္ေတာ့မည့္ ဂန္းစတားေဘာ့စ္မ်ားအတိုင္းပင္။

"ဟင့္အင္း၊ မသြားဘူး၊ ကယ္ၾကပါဦးရွင္!"
သူမ စကားေျပာခ်င္ခဲ့သည္က ယဥ္ေက်းသိမ္ေမြ႕ေသာ သခင္ေလးႏွင့္ ႏွစ္ကိုယ္ၾကားျဖစ္ကာ ဤဂန္းစတားအုပ္စု၏ လူသူကင္းမဲ့ေသာေနရာဆီ ေခၚသြားခံရၿပီး ေျခလက္မ်ား ျဖတ္ပစ္ခံရမည္ကိုေတာ့ မလိုခ်င္ေပ။ သစ္ေတာ္သီးပုံစံျဖစ္ေနေသာ္ျငား သူမက အင္မတန္ေပ်ာ့ေျပာင္းၿပီး ကန္ေက်ာက္ေအာ္ဟစ္ေတာ့သည္။

ဆူညံပြက္ေလာရိုက္ေနစဥ္ ဥဩဆြဲသံက အဓိကလမ္းမႀကီးမွ လာကာ ရဲကားတစ္စီးေရာက္လာသည္။ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေစသူအေနႏွင့္ ေလာ့ေမ့ရွန္းသည္ ရဲမ်ားေရာက္လာမႈကို ပိုၿပီးေမွ်ာ္လင့္ေစာင့္စားေနကာ ေအာ္ဟစ္ေတာ့သည္။
"အရာရွိတို႔ ဒီမွာပါ!"

ရဲအခ်ိဳ႕ေရာက္လာၿပီး သက္လတ္ပိုင္းအမ်ိဳးသမီးသည္ အသည္းအသန္ငိုေႂကြးေနကာ အနက္ေရာင္ဝတ္စုံႏွင့္အမ်ိဳးသားတို႔က သူမကို ထိန္းထားသည္အား ျမင္ခ်ိန္ မည္သူက နစ္နာသူလဲေျပာရန္ အင္မတန္ဇေဝဇဝါျဖစ္ေနမိသည္။
"မင္းတို႔ေတြက ဘယ္သူေတြလဲ"

"လုံၿခဳံေရး‌အေစာင့္ေတြပါ"
အနက္ေရာင္ဝတ္စုံႏွင့္အမ်ိဳးသားမ်ားက ၿပိဳင္တူေျပာကာ သူတို႔တံဆိပ္မ်ားကို ျပလိုက္သည္။

"မင္းကေရာ" ရဲသားတစ္ေယာက္က လူေကာင္းပုံမေပၚသည့္ ခ်န္းဇီကို လက္ညွိုးထိုးေလသည္။

ခ်န္းဇီ မေက်မခ်မ္းျဖစ္ကာ QRကုဒ္ ျပလိုက္သည္။
"က်ဳပ္လည္း လုံၿခဳံေရးဝန္ထမ္းပါ"

ဲကေလာ့ေမ့ရွန္းကို သူတို႔ႏွင့္ေခၚသြားၿပီး ကားထဲထည့္ကာ ‌က်န္းခ်န္ေဖးႏွင့္ ေက်ာင္းခ်ီအား စစ္ေဆးေရးအတြက္ ရဲစခန္းဆီ လာခဲ့ခိုင္းေလသည္။ လီယင္ကြၽင္းက ထြက္လာၿပီး ေက်ာင္းခ်ီအား စိုးရိမ္စရာမလိုေၾကာင္း အမူအရာ ေျပာလိုက္သည္။ ထို႔ေနာက္ ႏွစ္ေယာက္သား ရဲစခန္းဆီ သြားခဲ့ၾကသည္။

မီဒီယာမွာ လူကုံထံမိသားစုအေၾကာင္း အတင္းအဖ်င္းအခ်ိဳ႕ဟု ေတြးခဲ့မိေသာ္ျငား ကေလးထိန္းက မိသားစုအား ၿခိမ္းေျခာက္ျခင္းျဖစ္ေနသည္။ ႐ုပ္ရွင္အႀကိဳပြဲသို႔ ဖိတ္ၾကားခံရသည့္ မီဒီယာမ်ားသည္ ကုမၸဏီ၏စီးပြားေရးပါတနာမ်ားျဖစ္ရာ လီယင္ကြၽင္း သူတို႔ႏွင့္ စကားေျပာၿပီးလွ်င္ ျပႆနာရွိေတာ့မည္မဟုတ္ေပ။

ထိုေနရာရွိ ပရိသတ္မ်ားႏွင့္ ရွင္းရန္သာ အနည္းငယ္အခက္ေတြ႕ေခ်၏။

ေက်ာင္းမားမား၏ ေအးဂ်င့္မွာ သူမ ထိုမိန္းမအား ပါးသြားရိုက္သည္ကို ျမင္ခ်ိန္ ေမ့လဲလုနီးပါးျဖစ္သြားခဲ့သည္။ ေရွာင္ယီကေတာ့ ျပႆနာႀကီးမဟုတ္ဟု ေတြးကာ အေျခအေနထိန္းေပးေနသည့္ ပြဲစီစဥ္သူထံမွ မိုက္ခရိုဖုန္းကို ဆြဲယူလိုက္ၿပီး သူမ၏ရွည္လ်ားေသာ လွိုင္းတြ႕န္သ႑ာန္ဆံႏြယ္ကို ယမ္းလိုက္သည္။
"ကြၽန္မ လူေတြၾကားထဲ လူကိုရိုက္တဲ့အခ်ိန္ ၾကည့္မေကာင္းဘူး၊ ျဖစ္ခဲ့တဲ့ဟာကို ေက်းဇူးျပဳၿပီး ေမးလိုက္ၾကပါေနာ္"

သူမတြင္ ေနာင္တရစိတ္ လုံးဝမရွိခဲ့ေပ။

လူအုပ္ႀကီးက တစ္ခဏ တိတ္သြားၿပီးေနာက္ ႐ုတ္တရက္ ကေလးမက ေအာ္လာသည္။
"အန္တီ၊ အရမ္းမိုက္တာပဲ!" 

"တကယ္ေကာင္းတယ္ အန္တီ! ကြၽန္မ ကေလးထိန္းလည္း ကြၽန္မငယ္ငယ္ေလးတုန္းက အနိုင္က်င့္ခဲ့ဖူးတယ္!"

"အန္တီက တကယ္အံ့ဩဖို႔ေကာင္းတယ္!"

နိုင္ငံေက်ာ္တစ္ေယာက္အေနႏွင့္ တစ္စုံတစ္ေယာက္အား လူပုံအလယ္ ပါးရိုက္ျခင္းသည္ ေသခ်ာေပါက္ မွားေသာ္ျငား အေမတစ္ေယာက္အေနႏွင့္ေတာ့ သူမ မည္သည့္အမွားမွ မျပဳလုပ္ခဲ့ေခ်။

ရဲစခန္းတြင္ ေလာ့ေမ့ရွန္း တည္ၿငိမ္လာခဲ့ျပန္သည္။ လုံၿခဳံေရးအေစာင့္မ်ားကဲ့သို႔ ဟန္ေဆာင္ေနေသာ ဤဂန္းစတားမ်ားသည္ ရဲေရွ႕တြင္ သူမကို ဘာမွလုပ္နိုင္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ သူမ ေက်ာင္းမိသားစုက သူမအား မည္သို႔အနိုင္က်င့္ေၾကာင္း မ်က္ရည္တစမ္းစမ္းျဖင့္ ေျပာျပလိုက္သည္။

ေက်ာင္းခ်ီ စုံစမ္းေရးမႉးအား ဇာတ္လမ္းကို ရွင္းလင္းေသာစကားလုံးမ်ားႏွင့္ ေျပာလိုက္ကာ အမ်ိဳးသမီးအရာရွိထံမွ ဝမ္းနည္းေသာ အၾကည့္ လက္ခံရရွိလိုက္သည္။
"စာ႐ြက္စာတမ္းကို လက္မွတ္ထိုးၿပီးရင္ သြားလို႔ရပါၿပီ"

"သူမးကေရာ" က်န္းခ်န္ေဖး ေလာ့ေမ့ရွန္းဘက္ ေမးပင့္ျပလိုက္သည္။

"သူ႕လို အမ်ိဳးသမီးႀကီးေတြက ေျဖရွင္းရအခက္ဆုံးပဲ၊ သူက ဘာႀကီးႀကီးမားမား ထိခိုက္မႈမွမျဖစ္ေစခဲ့လို႔ ကြၽန္မတို႔ သူ႕ကို ပညာေပးၿပီးဒဏ္ေငြတပ္႐ုံပဲရတယ္၊ ျမန္ျမန္သြားသင့္ပါတယ္"
အမ်ိဳးသမီးအရာရွိက တီးတိုးေျပာလာသည္။

က်န္းခ်န္ေဖး စကားဆက္မေျပာေတာ့ဘဲ သူ႕ခ်စ္ဇနီးေလးအား ရဲစခန္းအျပင္ေခၚလာခဲ့ၿပီး ကားထိုင္ခုံတြင္ ထားလိုက္သည္။ သူ ျဖဴဖတ္ျဖဴေလ်ာ္မ်က္ႏွာေလးအား ထိလိုက္၏။
"နာေနတုန္းလား"

ေက်ာင္းခ်ီ ေခါင္းယမ္းလိုက္သည္။ အစာအိမ္ေအာင့္႐ုံျဖစ္ကာ ႀကီးႀကီးမားမား အစာအိမ္ျပႆနာမဟုတ္ေခ်။ နာက်င္ၿပီးေနာက္ အခုအားလုံးအဆင္ေျပသြားၿပီ။

သူ႕ခ်စ္ဇနီးေလးအဆင္ေျပသြားသည္ကို သိေတာ့ က်န္းခ်န္ေဖး သူ႕မ်က္ႏွာအားနမ္းကာ ဝင္ထိုင္လိုက္ေသာ္ျငား ဒရိုက္ဘာအား ကားစရန္ မေျပာေခ်။

ဆယ္မိနစ္ၾကာၿပီးေနာက္ ေလာ့ေမ့ရွန္း ဆဲေရးက်ိန္ဆဲလ်က္ ရဲစခန္းထဲမွ ထြက္လာသည္။ သူမ လမ္းကူးေနသည့္အခိုက္မွာပင္အနက္ေရာင္ဝတ္စုံဝတ္ထားသည့္ ေယာက္်ားႏွစ္ေယာက္ ဖမ္းခ်ဳပ္ျခင္းခံရကာ ပါးစပ္ပိတ္ခံထားရလ်က္ လမ္းက်ဥ္းေလးထဲ ဆြဲေခၚခံလာရ၏။ ထိုေနရာတြင္ ကားပါကင္ထိုးထားေသာ အနက္ေရာင္ Maybach ကားက အေနာက္ခန္းတံခါးဖြင့္လာၿပီး ဂန္းစတားေဘာ့စ္ ထိုေနရာတြင္ထိုင္ေနကာ ပါးစပ္ထဲ မီးမညွိရေသးသည့္ စီးကရက္ႏွင့္ သူမအား ငုံ႕ၾကည့္ေနေလသည္။

"ဒီမွာစကားေျပာခ်င္လား၊ ဒါမွမဟုတ္ ဆင္ေျခဖုံးက စြန႔္ပစ္စက္႐ုံဆီ သြားရမလား"

"ဘာလုပ္ေနၾကတာလဲ၊ ရဲစခန္းေရွ႕မွာပဲ ရွိေသးတာေနာ္!"
ေလာ့ေမ့ရွန္းက ခက္ထန္သည့္ပုံေပၚေသာ္ျငား တုန္ရီေနေလသည္။

"ဟာ့" ဟာသတစ္ပုဒ္ၾကားလိုက္ရသည့္ပမာ က်န္းခ်န္ေဖးက ပ်က္ရယ္ျပဳၿပီး ႐ုတ္တရက္ ေလာ့ေမ့ရွန္း၏ ဝဖိုင့္ဖိုင့္ေမးရိုးအား လွမ္းညွစ္လိုက္သည္။
"ေလာ့ေမ့ရွန္း၊ ခင္ဗ်ား ဘယ္သူ႕ကို လာရႈပ္ေနလဲေရာ သိရဲ႕လား၊ က်ဳပ္ကရဲကို ေၾကာက္တယ္မ်ား ထင္ေနလား၊ က်ဳပ္လူေတြက ေနရာတိုင္းမွာ၊ ခင္ဗ်ားသား ဖမ္းခံထားရတဲ့ အက်ဥ္းေထာင္ပါပါတယ္"

သူမအား လူျမင္ကြင္းတြင္ ေျခာက္လွန႔္ျခင္းက အလုပ္ျဖစ္မည္မဟုတ္၍ အေတြ႕အႀကဳံရွိၿပီးသား အမဲလိုက္မုဆိုးသည္ သူတို႔သားေကာင္အား ေျခာက္လွန႔္ရန္ ေဘးကင္းသြားၿပီဟု ေတြးခ်ိန္က်မွ ဖမ္းဆီးပစ္ရမည္မွန္း သိၾကသည္။

"နင္..." ေလာ့ေမ့ရွန္း မ်က္လုံးမ်ားျပဴးကာ ေၾကာက္လန႔္ေနသည္။

က်န္းခ်န္ေဖး သူ႕လက္ကို သူေမးေစ့မွဖယ္လိုက္ၿပီး လက္ကိုင္ပုဝါထုတ္ကာ လက္ေခ်ာင္းမ်ားအား ႐ြံမုန္းစြာျဖင့္ သုတ္လိုက္၍ တည္ၿငိမ္စြာ ေျပာလိုက္သည္။
"ေက်ာင္းမိသားစုက ၾကင္နာေပမဲ့ က်ဳပ္ကေတာ့ မဟုတ္ဘူး၊ ခင္ဗ်ား သားကအထဲေရာက္ေနၿပီဆိုမွေတာ့ အဲမွာပဲ တိတ္တိတ္ေလးေနလိုက္၊ ယန္ယန႔္ကို ထပ္ၿပီးစိတ္ရႈပ္ေအာင္ လာလုပ္လို႔ကေတာ့ အထဲကက်ဳပ္လူေတြကို သူ႕ကို ေကာင္းေကာင္းေစာင့္ေရွာက္ခိုင္းလိုက္မယ္၊ သူ အထဲကို တစ္ကိုယ္တည္းနဲ႕ ဝင္သြားၿပီး အပိုင္းပိုင္းျပန္ထြက္လာရေအာင္ ေသခ်ာေပါက္ လုပ္ပစ္မွာ"

"ခင္ဗ်ား က်ဳပ္တို႔ေဘာ့စ္ကို လာအေႏွာင့္အယွက္ေပးရဲရင္ ‘ဆံပင္ျဖဴနဲ႕လူက ဆံပင္နက္နဲ႕လူကို ႏႈတ္ဆက္ခဲ့ရ’ ဆိုတဲ့ ဆိုရိုးက ဘာအဓိပၸါယ္လဲ သိသြားရလိမ့္မယ္!"
ခ်န္းဇီ ေနာက္‌ဆုံးေတာ့ သူ ဘာဇာတ္ေကာင္ကစားေနရလဲ သေဘာေပါက္သြားခဲ့သည္။

ေလာ့ေမ့ရွန္း၏ ေျခေထာက္မ်ား တုန္ရီေနကာ ရႉးေပါက္ခ်မိလုနီးပါးပင္။ သူမ ထပ္တလဲလဲ ေခါင္းညိတ္ျပလိုက္၏။
"မလုပ္ေတာ့ပါဘူး၊ မလုပ္ေတာ့ပါဘူး၊ ထပ္မေႏွာင့္ယွက္ေတာ့ပါဘူးေနာ္!"

Maybach ကားက တည္ၿငိမ္စြာ ေမာင္းထြက္သြားၿပီး ေျမႀကီးေပၚထိုင္ေနသည့္ ကေလးထိန္းအား ေနာက္တြင္ထားခဲ့ေလသည္။

"ဂိုဏ္း၏ၿခိမ္းေျခာက္မႈ" ကို မ်က္ျမင္ေတြ႕လိုက္ရသည့္ ေက်ာင္းခ်ီခမ်ာ တစ္ခဏတာ စကားဆြံ႕အသြားခဲ့ေတာ့သည္။ သူ ရယ္ခ်င္မိေသာ္ျငား ေပ်ာ္႐ႊင္သည္။ သူကိုယ္တိုင္လည္း ဝတၳဳဗားရွင္း က်န္းတာ့ေတ်ာင္း၏ ႐ူးေၾကာင္ေၾကာင္လုပ္ခံရျခင္းျဖစ္မည္။

ဤကေလးထိန္းက ဆိုး႐ြားျခင္းမဟုတ္ေသာ္ျငား ေက်ာင္းခ်ီေလးအား အ႐ူးလုပ္ရန္ လူႀကီးျဖစ္ျခင္းကို အခြင့္ေကာင္းယူခဲ့သည္။

"မင္း မနက္စာစားဖို႔ ထတာေနာက္က်လြန္းတယ္၊ ေက်ာင္း‌ဆီ ေပါင္မုန႔္သာယူသြားေတာ့ေနာ္"

"မင္း ဒီလိုေခ်ာကလက္ေတြ အမ်ားႀကီးစားရင္ သြားကိုက္လိမ့္မယ္၊ မစားနဲ႕ေတာ့၊ သိမ္းထားေပးမယ္"

"အသားအမ်ားႀကီး စားတာမေကာင္းဘူး၊ ျမန္ျမန္ႀကီးထြားနိုင္ေအာင္ အာလူးပိုစား‌"

သူအသက္ႀကီးလာေတာ့ ကေလးထိန္းလိမ္ေနမွန္း ေက်ာင္းခ်ီ တျဖည္းျဖည္း သေဘာေပါက္လာခဲ့သည္။ သို႔ေသာ္ျငား သူ႕မိဘမ်ား သိပ္ဂ႐ုစိုက္မည္မဟုတ္သည့္ ေသးေသးမႊားမႊားကိစၥမ်ားအေပၚ ရန္ျဖစ္ရမတန္ဟု ခံစားခဲ့ရသည္။ သူေဒါသထြက္ခ်ိန္ ကေလးထိန္းကို ေနာက္တစ္ႀကိမ္ မလိမ္ရဲေစရန္အတြက္ ကူညီေပးဖို႔ ဂန္းစတားအစ္ကိုႀကီးတစ္ေယာက္ ရွိရန္ ေမွ်ာ္လင့္မိခဲ့သည္။

"ဘာေတြစဥ္းစားေနတာလဲ" က်န္းခ်န္ေဖး ေခါင္းလွည့္ကာ သူ႕ခ်စ္ဇနီးေလးနား ေ႐ႊ႕လိုက္သည္။

"ငယ္ငယ္တုန္းတည္းကသာ ခင္ဗ်ားကိုသိခဲ့ရင္ ေကာင္းမွာပဲလို႔ ေတြးေနတာေလ"
ေက်ာင္းခ်ီ  သူ႕ေလာင္ကုန္းလက္ကို ဆုပ္ကိုင္လိုက္သည္။

"မင္း အမ်ားႀကီး စဥ္းစားလြန္းေနၿပီ" ဂန္းစတားေဘာ့စ္မွာ ေလးေလးပင္ပင္ သက္ျပင္းခ်လိဳက္မိသည္။
"မင္း ကိုယ့္ကို ကေလးအျဖစ္နဲ႕ သိခဲ့မွာမဟုတ္ပါဘူး"
အဆုံးမွာေတာ့ ထိုအခ်ိန္က သူသည္ ဟတ္စကီးတစ္ေကာင္သာ ျဖစ္ေနခဲ့ေသးသည္ေလ။

Đọc tiếp

Bạn Cũng Sẽ Thích

3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
765K 46.3K 30
A love contest between a boy who likes to kick football and a little doctor.
233K 6.8K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...