My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၃၅ ။ ဂန်းစတားကိုကို

2.4K 548 78
By Mine-Edge

[Unicode]

မစ္စတာကျောင်းသည် ကျန်းတာ့တျောင်းကြောင့် ဒီရက်ပိုင်း အလုပ်မလုပ်နိုင်သော်ငြား ကောင်းသည့်ကိစ္စက ပါ့ကျောင်းရှိအရာအားလုံးသည် ပုံမှန်ပင်။ မည်သို့ပင်ဖြစ်ဖြစ် ကျောင်းချီ၏ တင်းကျပ်သော စည်းကမ်းများကြောင့် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးစနစ်သည် ‌အသေအချာ ဒီဇိုင်းဆွဲထားကာ ဥက္ကဌမရှိလျှင် ဒုဥက္ကဌလေးယောက်သည် အလုပ်ကို ဝေခွဲနိုင်၏။

ဒုဥက္ကဌများ၏ လုပ်ပိုင်ခွင့်ကျော်သည့် အလုပ်များရှိနေသေး၍ ကျောင်းချီ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းရဦးမည်။ ဥက္ကဌရုံးခန်းထဲ ဝင်ရုံပင်ရှိသေး သူ့လက်မှတ်ထိုးရန် စောင့်ဆိုင်းနေသော စာရွက်စာတမ်းအပုံလိုက်ကို မြင်လိုက်ရသည်။

ကျောင်းချီ ထိုင်ချပြီး လက်မှတ်ထိုးရမည့် စာရွက်စာတမ်းများကို အလျင်အမြန်စစ်ဆေးကာ ယွိယွမ်၏ တင်ပြချက်ကို နားထောင်လိုက်သည်။

"ပါ့ကျောင်းတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ကလေးတစ်ယောက်က စီစဉ်သူကို ယွမ်တစ်သောင်း ဆုချီးမြှင့်ခဲ့လို့ မိဘတွေက ရဲကိုခေါ်ခဲ့ပါတယ်၊ ဆိုရှယ်မီဒီယာပေါ်က တစ်ယောက်က မီဒီယာအေးဂျင့်တွေဆီ သတင်းထုတ်ပြန်ချက်ပေးခဲ့တယ်၊ ဥပဒေဌာနက ဘော့စ် တန်းပြီး လျော်ကြေးပေးချင်လား ဒါမှမဟုတ် လုပ်ထုံးလုပ်ငန်းစဉ်အတိုင်း ဖြေရှင်းမလား မေးထားပါတယ်"

"လုပ်ထုံးလုပ်နည်းအတိုင်း လုပ်လိုက်" ကျောင်းချီ မျက်မှောင်မကြုတ်ဘဲ ငွေကြေးရေးဆိုင်ရာ ဖြတ်ပိုင်း၈ခုကို အလျင်အမြန် ခွင့်ပြုလိုက်သည်။ သူ ယွမ် တစ်သောင်း လျော်ကြေးပေးရမည့် တစ်ခုကို ယူလိုက်သော်ငြား လက်မှတ်မထိုးချေ။
"သတင်းထုတ်ပြန်ချက်ရေးတဲ့လူကို သွားရှာချေ"

ယွိယွမ်က ဖြတ်ပိုင်းကိုယူကာ "ခွင့်မပြု" ဆိုသည့် တံဆိပ်ခေါင်းနှစ်ခု ရိုက်ပြီး ဖိုင်ထဲထည့်လိုက်သည်။
"ပါ့ကျောင်းဗီဒီယိုအတွက်ကတော့ အရင်လက အမေရိကန်က BBQ TV ကနေ ကျွန်တော်တို့ မူပိုင်ခွင့်ဝယ်ယူမဲ့ တီဗွီစီးရီးသုံးခုရှိတယ်လေ၊ သူတို့က ဒီပိတ်ရက်တုန်းက အီမေးလ်ပို့လာတယ်၊ စီးပွားဖက်အကြောင်းပြောဖို့ ကိုယ်စားလှယ်လွှတ်မယ် ပြောပါတယ်၊ မနက်တုန်းက ဒီလူကလာနေပြီလို့ အတည်ပြုဖုန်းဆက်လာတယ်"

ကျောင်းချီ ဘောပင်ကိုင်ထားသည့်လက် ရပ်သွားသည်။ သူ ဒီ‌မနက်တုန်းက ကားထဲတွင် အီမေးလ်ကို မြင်ပြီးပြီ။ သူတို့ ဝယ်ရန် ကမ်းလှမ်းစဉ်က တစ်ဖက်က တက်တက်ကြွကြွမတုံ့ပြန်ခဲ့ပေ။ သူတို့ လွန်ခဲ့သည့်နှစ်ပတ်အတွင်း စာချုပ်အ
သေးစိတ်များကို ဆွေးနွေးရန် အီမေးလ်အပြန်အလှန်ပို့ခဲ့သော်လည်း သေချာသည့်အဖြေက မရှိသေး။ လူတစ်ယောက်ကို လွှတ်လိုက်ခြင်းက ပါ့ကျောင်းအား တီဗွီရှိုးများပိုဝယ်ခိုင်းရန် အခွင့်အရေးကို အပိုင်ဆုပ်ကိုင်ခြင်းဖြစ်နိုင်သော်ငြား ထိုလူသည် လမ်းတွင် ရောကနေချေပြီ။ ဒါက BBQ ၏ အရင် အလုပ်လုပ်ကိုင်သည့်ပုံစံနှင့် အင်မတန်ကွဲပြားသည်။

"သူတို့ဘယ်သူ့ကို လွှတ်လိုက်တယ်ရော ပြောလား"
မူမမှန်သည့် တစ်စုံတစ်ရာသာရှိလျှင် တစ်ခုခုလွဲနေသည်မှာ သေချာသည်။

"နိုင်ငံခြား မူပိုင်ခွင့်ရောင်းချမှု တာဝန်ယူထားတဲ့ စီနီယာအလုပ်အမှုဆောင်ပါ၊ သူတို့က နာမည်တော့ မပြောပေမဲ့ မျိုးရိုးနာမည်က Flores တဲ့၊ ကျွန်တော်စစ်ကြည့်တော့ ဒီရုပ်သံဌာနပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က Flores တဲ့"

အမေရိကန်၏ မီဒီယာအကောင်ကြီး မစ္စတာ Flores ကတော့ မူပိုင်ခွင့်ရောင်းဝယ်ရေးလုပ်ရန် လာလောက်မည်မဟုတ်ပေ။ သူ့တူ ဖြစ်လောက်မည်။ ဖုန်းထဲက လူက မနက်ဖြန်မနက်ပိုင်းတွင် ရောက်မည်ဖြစ်ပြီး အချိန်ကြပ်၍ နေ့လယ်စာစားရငခး စီးပွားရေးအကြောင်းပြောမည်ဟု ပြောလာသည်။ သူက တရုတ်အစားအသောက် နှစ်သက်မှုကိုလည်း ဖော်ပြထားသေးသည်။

ဧည့်သည်က ထမင်းစားချင်သည်ပြော၍ သူ ဟင့်အင်း မပြောနိုင်ပေ။ ထိုသူက မစ္စတာFlores ၏ တူဖြစ်၍ ကျောင်းချီကိုယ်တိုင် သွားကြိုမှရမည်။

"မင်း တရုတ်စားသောက်ဆိုင်တစ်ဆိုင်သွားရှာ၊ ပြီးတော့ ဒီနေ့ စာချုပ်အကြမ်းလုပ်ပြီး သူတို့မပြန်ခင် ငါ့ကိုပေးလို့ ဥပဒေဌာနကို ပြောလိုက်"
သူ့အလုပ်တာဝန်ချိန်ကို အနှောင့်အယှက်ပြုမည်ဖြစ်၍ ကျောင်းချီ ရုတ်တရက် လည်ပတ်မှုကို သဘောမကျပေ။ သို့သော် လာလညခသူက ဧည့်သည်ဖြစ်၍ ဘေးတွင် ပစ်‌ထားလို့မရပေ။

"သေချာတာပေါ့" ယွိယွမ်က သူအတော်ဆုံးနေရာဖြစ်သည့် အစားအသောက်ရှာခြင်းကြောင့် ပြုံးလိုက်သည်။

အလုပ်များသော နေ့လယ်ခင်းအပြီး ကျောင်းချီနောက်ဆုံးတော့ လုပ်စရာရှိသည်မှန်သမျှကို ပြီးသွားခဲ့သည်။ သူ ကွန်ပျူတာကို ပိတ်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်ခုံးနှစ်ဖက်ကြား ပွတ်လိုက်သည်။

Smart Brain မှ မက်ဆေ့တစ်စောင် ဝင်လာသည်။

[ကျန်းတာ့တျောင်း : ဆင်းလာခဲ့]

အားလုံးအလုပ်ဆင်းချိန် ဥပဒေဌာနက သူတို့ဘော့စ်ဆီပေးရန် စာချုပ်အကြမ်းအား ပရင့်ထုတ်ပြီးသွားခဲ့သည်။ စီနီယာဝန်ထမ်းများက အဆူခံရမည်ကိုကြောက်၍ စာရေးမလေးတစ်ယောက်အား သွားပို့ခိုင်းခဲ့သည်။

"ဘော့စ် မန်နေဂျာကျောင်းက ကျွန်မကို အဆူခံဖို့ လာခိုင်း... အာ မဟုတ်.. စာချုပ်ပေးဖို့ လာခိုင်းပါတယ်"
မိန်းကလေးက ကြောက်လန့်မှုဖြင့် တုန်နေရင်း စာချုပ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

ကျောင်းချီ စာချုပ်ကို ယူကာ အောက်ထပ်ဆင်းရင်းဖတ်လိုက်သည်။

"အကြမ်းပဲဆိုတော့ အချက်အလက်တွေကို ကျွန်မတို့ဘက် သာအောင်ရေးထားပါတယ်၊ အနောက်တိုင်းသားသာ ဒါကိုသတိပြုမိရင် သူတို့နဲ့ ညှိနှိုင်းလို့ရနိုင်ပါတယ်"
[T/N - ဒီက‌အနောက်တိုင်းသားဆိုတာ insultပုံစံနဲ့ ပြောတာပါ]

"နိုင်ငံခြားသားတွေက တရုတ်စကားနားလည်ကြတယ်၊ အနောက်တိုင်းသားလို့မပြောနဲ့"
ကျောင်းချီ သူမကို အမှန်ပြင်ပေးလိုက်သည်။ သူတို့စနောက်ရုံက ကိစ္စမဟုတ်၊ သို့သော်ငြား ပြောသည်ကိုကျင့်သားရသွားလျှင် ဖောက်သည်များနှင့်တွေ့ချိန် မတော်တဆပြောထွက်မိနိုင်သည်။ ဒါက ကုမ္ပဏီ၏ ပုံရိပ်ကိုထိခိုက်စေနိုင်၏။

"ဟုတ်ကဲ့" ဥပဒေဌာနမှ မိန်းကလေးမှာ အလျင်စလို သဘောတူလိုက်သည်။ သူမစွမ်းဆောင်နိုင်စွမ်းကို ကြွားဝါရန် ပြက်လုံးတစ်ချို့ပြောချင်သော်ငြား ဘော့စ်ကမကြိုက်ပေ။ သူမ သိပ်မပြောလျှင် အမှားကင်းလေသာဖြစ်သည်။

နှစ်ယောက်သား ပါ့ကျောင်းမှထွက်လာပြီး မော့ကြည့်လိုက်တော့ အနက်ရောင် Maybach ကားကိုမြင်လိုက်ရသည်။ အနောက်တိုင်းဝတ်စုံနက်နှင့် နေကာမျက်မှန် ဝတ်စားထားသည့် ချန်းဇီက ခရီးသည်ထိုင်ခုံဘက်အခြမ်းမှ ဆင်းလာပြီး ကားတံခါးဘေးတွင် ရပ်နေသည်။ ကျောင်းချီ လျှောက်လာသည်ကို မြင်တော့ ချက်ချင်း မတ်မတ်ရပ်လိုက်၏။
"မရီး!"

မိန်းကလေး : "..."

ငါတို့ဘော့စ်ကိုလက်ထပ်ရဲတဲ့ ကျန်းချန်ဖေးက တကယ်ကို သာမန်လူမဟုတ်ဘူးပဲ။

ကျောင်းချီ သူ့သွေးကြောပြာများ ထင်းနေသည့် နားထင်ကိုပွတ်လိုက်သည်။
"ချန်းဇီ၊ ဘာလို့ မင်းကပါ ရူးကြောင်ကြောင်ဖြစ်နေရတာလဲ"

"ဒီလိုလုပ်တာမှန်တာပဲနော်၊ ကျွန်တော် ထောင်ထဲ ရုပ်ရှင်တွေကြည့်တော့ ဘော့စ်တွေအားလုံးက ဒီလိုမျိုးထွက်လာတာ မြင်ဖူးတယ်လေ"
ချန်းဇီက ခိုင်မာသောယူဆချက်ဖြင့် ပြောကာ ကျောင်းချီအတွက် အနောက်ခန်းတံခါးဖွင့်ပေးလိုက်သည်။

"ဘယ်ရုပ်ရှင်တွေကြည့်ခဲ့တာလဲ"

"ပို၍ကောင်းသော မနက်ဖြန်၊ ငယ်ရွယ်ပြီး အန္တရာယ်ကြီးသော နဲ့ ငရဲကိစ္စများလေ"

"..."

ကျန်းချန်ဖေး အနောက်ခုံတွင် မှီနေကာ သူ့ကောင်လေးနှင့် စကားပြောနေသော ကျောင်းချီကို မျက်ဝန်းနက်များဖြင့် ကြည့်နေသည်။ သူ အသံခပ်နက်နက်ဖြင့် ပြောလိုက်၏။
"ကားထဲဝင်"

သူ ကားထဲဝင်ဝင်ချင်း ချစ်ဇနီးလေးမှာ ဂန်းစတားဘော့စ်ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။

"ဒီနေ့ ဘာလို့ကားမောင်းဖို့ ဒရိုက်ဘာခေါ်ထားရတာလဲ"
ကျန်းတာ့တျောင်း ပေါက်တတ်ကရပြောမည်စိုးရိမ်၍ ကျောင်းချီ ရင်ခွင်ထဲကထွက်ရန် အသည်းအသန်ကြိုးစားမနေတော့ပေ။

"ခုတလော မငြိမ်းချမ်းဘူး" ကျန်းချန်ဖေးက သူ့ချစ်ဇနီးလေး၏ လက်တစ်ဖက်အား ဆွဲယူကာ အင်္ကျီထဲဝှက်ထားသော သေနတ်အား ထိခိုင်းထားလိုက်သည်။
"ငါ့လက်နက်စီးပွားရေးက ခုတလော အတော်လေး အာရုံစိုက်မှု ရနေတယ်၊ လူတွေ မင်းကိုထိခိုက်အောင်လုပ်မှာ စိုးရိမ်လို့"

20 မီတာ mini ကျည်ကာဖောက်ထွင်းသေနတ်၏ အေးစက်စက် အထိအတွေ့ကို ခံစားကြည့်မိချိန် ကျောင်းချီ : "... ငါမမေးခဲ့သင့်ဘူး"

"ဘာမှမဖြစ်ဘူး၊ မေးလို့ရတယ်၊ မင်းသိချင်တာဆို ဘာမှ မဖုံးကွယ်ထားဘူး"
အာရှကို အထင်သေးသည့်အမျိုးသားသည် သူ့လျှို့ဝှက်ချက်များအား ရင်ခွင်ထဲရှိ အမျိုးသားကို ပြောပြရန် မကြောက်ပါလေ။ ဒါက ဂန်းစတားဘော့စ်၏ တစ်မျိုးတစ်မည်ထူးခြားသော အချစ်ဖြစ်၏။

"ငါဘာမှမသိချင်ပါဘူး" ကျောင်းချီ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သူ့လောင်ကုန်းကိုမှီကာ ဘေးဘက်တွင် ထခုန်ချင်နေသော ကွမ်ကျုံးကို ပွတ်ပေးရင်း စာချုပ်အကြမ်းအား နောက်တစ်ခေါက်ဖတ်ရန် ကောက်ယူလိုက်သည်။

BBQ နှင့် ပါတနာလုပ်ရန်က ကျောင်းချီအတွက် အရေးပါသည်။ ဒါက ပါ့ကျောင်း ဥရောပနှင့် အမေရိကန်ဈေးကွက်များဖွင့်ရန် အခွင့်အရေးဖြစ်ပြီး မူပိုင်ခွင့်များဝယ်ယူခြင်းနှင့်စတင်ရမည်။ သူတို့အချင်းချင်းရင်းနှီးလာလျှင် ပါ့ကျောင်း၏ တီဗွီစီးရီးများကို ရောင်းနိုင်လိမ့်မည်။

စီးပွားရေးကိစ္စလုပ်ရန် သင့်တော်သောဌာနရှိသင့်သည့်တိုင် ဂျူနီယာFloresက ရုတ်တရက် ရောက်လာပြီး သူ့အဆင့်အတန်းကြောင့် ကျောင်းချီ ရုပ်လုံးထွက်ပြရမည်။ သူ အချိန်တိုအတွင်း အားလုံးကို စီမံရန်လိုအပ်သည်။ မဟုတ်လျှင် မနက်ဖြန်စကားပြောချိန်ကျ သူ အသာစီးမရဖြစ်လိမ့်မည်။

ကျောင်းချီ စာချုပ်ကို ဖတ်ကာ BBQ တီဗွီစီးရီးတစ်ချို့ကို အကြမ်းဖျင်းကြည့်နေမိသည်မှာ ည‌ည့်နက်ချိန်ထိ အလုပ်လုပ်မိသွားခဲ့သည်။

ကျန်းချန်ဖေး "101 Dalmatians" ကို သူ့သားနှင့် အိပ်ရာတွင်ကြည့်ပြီးချိန် ကျောင်းချီကတော့ အိပ်ရာဆီ မလာသေးပေ။ ဥက္ကဌ‌တိအောင်းမှာ အင်မတန် စိတ်ဆိုးသွားတော့၏။ သူ စာကြည့်ခန်းဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားကာ သူ့မလိမ္မာသည့်ချစ်ဇနီးလေးအား အိပ်ခန်းထဲ ချီလာခဲ့ပြီး လှေကားနှင့်ကျောကိုပွတ်နေသည့် သခင်လေးကျန်းကို တံခါးအပြင်တွင် ပိတ်ခဲ့တော့သည်။

"ခင်ဗျား အရင်အိပ်လေ၊ ဒါပြီးအောင် ကြည့်ချင်သေးတယ်"
ကျောင်းချီ ဂွမ်းစောင်ပေါ် လှိမ့်ပြီး ခေါင်းအုံးပေါ် လှဲကာ နောက်ဆုံး တီဗွီစီးရီး၏ အဆုံးကို ကြည့်ရန် ပြင်လိုက်သည်။

"မင်း လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ကို မှတ်မိသေးလား"
ကျန်း‌ချန်ဖေး သူ့လက်ကို ချစ်ဇနီးလေး၏ ဝတ်ရုံအောက် လက်ထားလိုက်သည်။

"ဟမ်... ဘာစာချုပ်လဲ" ကျောင်းချီ လှည့်ကြည့်လိုက်သည်။

"ငါ့ကို ကလေးနှစ်ယောက်ပေး၊ မင်းအဖေရဲ့ လောင်းကစား အကြွေးတွေ ကြေသွားလိမ့်မယ်၊ မင်း အခု တစ်ဝက်ပဲပေးရသေးတယ်"
ကျန်းချန်ဖေး ထိုချိုမြနေဟော နှုတ်ခမ်းများကိုနမ်းရန် အခွင့်အရေးယူလိုက်သည်။

ကျောင်းချီ တီဗွီကြည့်ရန် စိတ်မပါတော့။ သူ ဂွမ်းစောင်ထဲ ဆွဲခေါ်ခံရချိန် တစ်ခုတည်းသော အတွေးက
“ငါ့အဖေမှာ ဘယ်လိုလုပ်ပြီး လောင်းကစား အကြွေးရှိနေပြန်ပြီလဲ"

ကွမ်ကျုံး ကျောကို ကုတ်ပြီးနောက် ကျေနပ်သွားသည်။ သူခါယမ်းပြီး ခေါင်းကိုချီလျက် အိပ်ခန်းဆီသွားတော့သည်။ ဒါပေမဲ့ တံခါးကို တွန်းမဖွင့်နိုင်ကြောင်း နားလည်သွားခဲ့၏။ Golden retriever လေးက မတ်တပ်ရပ်ကာ သူ့ရှေ့ခြေထောက်လေးများနှင့် တံခါးကိုတွန်းကြည့်သည့်တိုင် မရပေ။

အခန်းထဲတွင် ထူးဆန်းသော အသံများ ထွက်လာသည်။ ကွမ်ကျုံးရပ်သွားပြီး ဂရုတစိုက် နားထောင်လိုက်သည်။

"..."

"မင်းက ကလေး‌တစ်ယောက် မွေးထားတာတောင် ဘာကြောင့် ဒီလောက်တင်းကြပ်နေရသေးတာလဲ"

"ပါးစပ်ပိတ်ထား!"

ပြီးနောက်တွင်တော့ ဗလုံး‌ဗထွေးအသံတစ်ချို့နှင့် ဆူညံသံများထွက်လာသည်။ သူတို့ တကယ်ကိုပျော်စရာကောင်းသော ဂိမ်းကစားနေပုံပင်။

"ဝုတ်!"
ဂန်းစတားမင်းသားလေးသည် ဒေါသထွက်ကာ အူပြီး တံခါးကို အသည်းအသန်ကုတ်ခြစ်သော်ငြား အရုဏ်တက်ချိန်ထိ အခန်းထဲဝင်ခွင့်မရခဲ့ပေ။

သူတို့ နောက်ကျချိန်ထိ ပျော်ပါးခဲ့၍ ကျောင်းချီ အိပ်ရေးမဝဘဲ ကျန်းချန်ဖေးရင်ခွင်ထဲ အိပ်မောကျသွားခဲ့သည်။ ကားက ပါ့ကျောင်းအဆောက်အဦးရှေ့ ရပ်သွားပြီဖြစ်သော်ငြား ကျန်းချန်ဖေးက ဒရိုက်ဘာကို စကားမပြောရန် အမိန့်ပေးလိုက်သည်။

အမြဲထွက်ပြေးနေသည့် ချစ်ဇနီးလေးသည် အိပ်ပျော်နေချိန်တွင်သာ လိမ်မာသည်။ ချောမောလှသော ဖြူဖွေးနေသည့် မျက်နှာက သူ့ကိုမှီထားရာမှရသော အနွေးဓာတ်ကြောင့် အနည်းငယ် ပန်းရောင်သမ်းနေသည်။ မျက်နှာလေးက အရသာရှိပုံပေါ်သည်။ ကျန်းချန်ဖေး ခေါင်းမငုံ့ဘဲ မနေနိုင်တော့ပေ...။

ကျောင်းချီ တစ်စုံတစ်ယောက် သူ့ကို နမ်းနေသည်ဟု ခံစားရသော်ငြား မျက်လုံးဖွင့်ချိန်မြင်လိုက်ရသည်က သူ့ဂန်းစတားဘော့စ်၏ မာကျောအေးစက်နေသော မျက်နှာပင်။ သူ ပြတင်းပေါက်အပြင်ကိုကြည့်ကာ အံ့ဩသွားသည်။
"ဘာလို့ ရောက်နေတာကို မနှိုးတာလဲ"

မစ္စတာတိအောင်းသည် သူ့ချစ်ဇနီးလေးပြောသည်ကို မကြားပေ။ သူက မဆိုင်သောအဖြေတစ်ခုသာ ပေးလိုက်သည်။
"ငါ့ဇနီးကိုငါနမ်းတာ ဘာမှားလဲ!"

"..." သူ ခိုးကြောင်ခိုးဝှက်နမ်းခဲ့သည်။ ကျောင်းချီ ကျန်းတာ့တျောင်း၏ နီရဲနေသော နားရွက်များကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျား မှားတယ်‌လည်း မပြောပါဘူး၊ နေ့လယ်ကျ ငါ နေ့လယ်စာအစည်းအဝေးရှိလို့ အတူမစားတော့ဘူး"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်ဖေး၏လက်မောင်းအတွင်း ဘယ်သူမှမရှိတော့ချေ။ သူ ကားပေါ်တွင်မေ့ကျန်ခဲ့သည့် ဖိုင်ကိုမြင်ကာ နှုတ်ခမ်းကိုဆူလိုက်သော်ငြား လှမ်းသတိမပေးလိုက်။

နေ့လယ်ရောက်တော့မှ ကျောင်းချီ ကားထဲတွင် စာချုပ်အကြမ်းထားခဲ့မှန်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူ့လောင်ကုန်းအား တစ်ယောက်ယောက်မှတစ်ဆင့် သူ့ဆီပို့ပေးရန် ဖုန်းဆက်လိုက်သည်။

"ဘယ်မှာစားနေတာလဲ၊ ချန်းဇီကို မင်းဆီ တန်းပို့ပေးခိုင်းလိုက်မယ်"

ကျောင်းချီ စားသောက်ဆိုင်လိပ်စာနှင့် အခန်းနံပါတ်ကို ပို့ကာ တရုတ်စားသောက်ဆိုင်ဆီ မူပိုင်ခွင့် မန်နေဂျာနှင့် အတူသွားခဲ့သည်။ ယွိယွမ်က ဂျူနီယာFloresကို ကြိုရန် လေဆိပ်ဆီသွားကာ ကျောင်းချီမှာအရင်ဆုံး မူပိုင်ခွင့်မန်နေဂျာနှင့် အရင်ဆုံး ဝယ်ယူမှုစာရင်းကို စစ်ဆေးကြည့်နေသည်။

"ဒီသုံးခုကို သူတို့တူတူရောင်းချင်ရင် သဘောတူလို့မဖြစ်ပါဘူး၊ သူတို့က ဆိုရှယ်လစ်ရဲ့ အဓိကစံနှုန်းတွေနဲ့ အံဝင်ဂွင်ကျမဖြစ်တာမို့ ဝယ်လိုက်ရင် ပိုက်ဆံဆုံးပါလိမ့်မယ်..."

သူတို့ စကားပြောနေတုန်း တစ်စုံတစ်ယောက်က တံခါးခေါက်လာသည်။ သူတို့စကားပြောရပ်ကာ တံခါးဘက်ကြည့်လိုက်သည်။

ယွိယွမ်က တံခါးကိုတွန်းဖွင့်ဝင်လာပြီး အနောက်တွင် အရပ်ရှည်ရှည်လူတစ်ယောက် လိုက်လာသည်။
"ဘော့စ်၊ မစ္စတာFlore ရောက်ပါပြီ"

ကျောင်းချီ ဧည့်သည်ကိုကြိုရန် မတ်တပ်ရပ်လိုက်သော်ငြား မျက်နှာကိုမြင်ချိန် မျက်မှောင်ကြုတ်မိလိုက်သည်။ သူ့တွင် လူဖြူတစ်ယောက်၏ ထင်ရှားမာကြောသော မျက်နှာကျရှိသော်ငြား ဆံပင်အနက်ရောင်နှင့် မျက်ဆံနက်တို့ရှိကာ ငပွေတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာအပြုံးကိုဆင်မြန်းထားသည်။ ထိုလူက နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့် အတန်းဖော် KY ပင်။

"ဘယ်လိုလုပ်မင်းဖြစ်နေတာလဲ"
ပိတ်ရက်တုန်းကတင် ဆိုရှယ်မီဒီယာအကောင့်တွင် သူ့ကို ကလူခဲ့ပြီး ယခု အင်္ဂါနေ့တွင် ပေါ်လာသည်။ လူတိုင်း အများကြီးတွေးစရာမလိုဘဲ ဒါက ကြိုတင်ကြံစည်ထားမှန်း ပြောနိုင်သည်။

"ငါကလွဲ တခြားဘယ်သူကများ မင်းဆီက စကားတစ်လုံးအတွက်နဲ့ ကမ္ဘာတစ်ဝက်နီးပါး ခရီးထွက်လာခဲ့မှာလဲ"
KY ပခုံးတွန့်ပြီး လက်ဆန့်တန်းကာ ကျောင်းချီကိုဖက်ရန်ကြိုးစားလိုက်သည်။
"ငါ့အဖေက မစ္စတာFloresလေ၊ အံ့ဩသွားလား"

KYက တရားမဝင်သားဖြစ်သော်ငြား မစ္စတာFlores၏ ဇနီးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောဂါကြောင့် ကွယ်လွန်သွားခဲ့၍ KY အမေကို လက်ထပ်ခဲ့သည်။ သူ့ကို Kent•Y•Flores ဟု အခုခေါ်ကြသည်။

ကျောင်းချီ မဖက်ချင်၍ ယဉ်ယဉ်ကျေးကျေးသာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"နှစ်တွေအများကြီးကြာပြီးတာတောင် မင်းက လုံးဝမပြောင်းလဲသေးဘူးပဲ၊ အရမ်းချစ်ဖို့ကောင်းနေတုန်း"
မေးစေ့ကိုလက်တစ်ဖက်ဖြင့် ထောက်ထားကာကျောင်းချီ၏ မျက်နှာအား စွဲမက်နေကာ အင်္ဂလိပ်လို ပြောတော့သည်။
"ဘေဘီ မင်းဝန်ထမ်းကို အရင်ထွက်သွားခိုင်းလို့ရမလား၊ ငါမင်းကို ပြောစရာအများကြီးရှိတယ်"

"ငါ့ဝန်ထမ်းက အင်္ဂလိပ်စကားနားလည်တယ်"
ကျောင်းချီ မျက်နှာအေးစက်နေသည်။

ဘေးမှ မူပိုင်ခွင့်မန်နေဂျာက ရှက်နေသည်။

"အော် အဲလိုဆိုလည်း ငါတရုတ်လိုပဲပြောမယ်လေ" အရှက်မရှိ ငပွေကောင်က ဂရုမစိုက်ပေ။
"အဲဓာတ်ပုံကိုမြင်တော့ ငါဘယ်လောက်ပျော်သွားလဲ မင်းသိလား၊ ငါ ယောက်ျားတွေရော မိန်းမတွေရော အများကြီးတွဲခဲ့ဖူးပေမဲ့ ဘယ်သူကမှ မင်းလောက် ငါ့ကိုမဆွဲဆောင်နိုင်ဘူး..."

"တော်တော့!" ကျောင်းချီ လက်ထပ်လက်စွပ်ရှိသည့် လက်အားမြှောက်ပြလိုက်သည်။
"ငါလက်ထပ်ပြီးပြီ"

"ကိစ္စမရှိဘူး၊ မင်းလက်ထပ်ပြီးရင်တောင် မင်းကိုပိုးပန်းတာကနေ တားလို့မရနိုင်ဘူး၊ ငါ့အဖေလုပ်ခဲ့သလိုပဲလေ၊ တကယ်တော့ မင်းအဖေက အတော်လေးချမ်းသာပေမဲ့ ခြစ်ရာကနေ စခဲ့တာ၊ ငါကတော့မတူဘူး၊ ငါ့ Floresမိသားစုက တော်ဝင်မိသားစု..."
KY သည် လူတစ်ယောက် စိတ်မပျော်မှန်း လုံးဝမပြောနိုင်ပေ။

ကျောင်းချီ ရယ်ချင်စရာဟုခံစားလိုက်ရသည်။
"လူကြီးမင်း၊ ကျေးဇူးပြုပြီး မှန်မှန်ကန်ကန်နေပါ၊ မင်းကငါ့ကို မင်းတို့မူပိုင်ခွင့်တွေ ဝယ်ဖို့တောင်းဆိုထားတာနော်! အလုပ်ကိစ္စမဟုတ်ဘူးဆိုမှတော့ နှုတ်ဆက်တာပေါ့"
ထိုသို့ပြောပြီးနောက် သူမတ်တပ်ရပ်လိုက်သည်။

"အော် ခဏနေဦးလေ!"
KY အလျင်အမြန် သူ့ကိုတားကာ နောက်ဆုံးတော့ အလေးအနက်ဖြစ်လာသည်။
"ဆောရီး၊ ငါမပြောတော့ဘူး၊ ဒါဆို လုပ်ငန်းကိစ္စ ပြောကြတာပေါ့"

"ဒေါက် ဒေါက်"
လူတစ်ယောက်က အပြင်မှတံခါးခေါက်ကာ ဖိုင်အားပို့ပေးရန် လာသည့် ချန်းဇီ ရောက်လာခဲ့သည်။

အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် နေကာမျက်မှန် ဆင်မြန်းထားသည့် ချန်းဇီသည် အထဲဝင်လာပြီး ကျောင်းချီအား အတော်လေးခန့်ညားစွာ ဖိုင်ကိုကမ်းပေးလိုက်သည်။
"‌မရီး၊ ချန်ဖေးက ကျွန်တော့်ကို ဒါပို့ခိုင်းလိုက်ပါတယ်!"

KY ထိတ်လန့်သွားသည်။ သူ အမေရိကန်တွင် တရုတ်ဂိုဏ်းများကို မြင်ဖူးသည်။ ဒါက သူတို့ ဘော့စ်ဇနီးကို ခေါ်သည့်ပုံစံပင်။

"ဟန်နီ၊ ဒါက မင်းယောက်ျားရဲ့လူတွေထဲက တစ်ယောက်လား"

ချန်းဇီ နေကာမျက်မှန်ချွတ်ကာ ပဲစေ့မျက်ဝန်းတစ်စုံဖြင့် KY ကို စိုက်ကြည့်လိုက်သည်။

ထိုချိန် ကျန်းချန်ဖေးဖုန်းခေါ်ကာ ချန်းဇီအား ကျောင်းချီသောက်နေလား မေးတော့သည်။

"ချန်ဖေး၊ မရီးက နိုင်ငံခြားသားနဲ့ နေ့လယ်စာစားနေတာ၊ ငါ ခုလေးတင်ဝင်လာချိန် အဲလူက မရီးရဲ့လက်ကို ထိဖို့ကြိုးစားနေတယ်လေ!"

ကျန်းချန်ဖေးက အောက်ထပ်တွင် ရှိနေခြင်းပင်။ သူ့ချစ်ဇနီးလေး သူ နောက်ယောင်ခံလိုက်မည်ကို မကြိုက်မှာစိုးရိမ်၍ အပေါ်တက်မလာခဲ့ပေ။

တစ်ခဏကြာပြီးနောက် အနောက်တိုင်းဝတ်စုံအနက်ဝတ်ထားသည့် လုံခြုံရေးနှစ်ယောက်က တံခါးတွင် စောင့်ကြပ်ရန်ရောက်လာသည်။ ဂန်းစတားဘော့စ်မှာ အရှက်မရှိKYကောင်စုတ်လေးအား စိုက်ကြည့်ပြီး သူ့ချစ်ဇနီးလေးဘေး ပေါ့ပါးစွာလျှောက်သွားခဲ့သည်။
"မင်း ငါနဲ့နေ့လယ်စာမစားတာက ဒီကောင့်ကိုတွေ့ဖို့အတွက်နဲ့လား"

"ဟဲလို၊ ကျုပ်က အမေရိကန် BBQ ရုပ်သံဌာနက အနာဂတ်ဘော့စ် Kent•Y•Flores ပါ၊ ကျောင်းရဲ့ အတန်းဖော်..."
KYက သူ့လက်ကိုဆန့်တန်းကာ ကျန်းချန်ဖေးနှင့် လက်ဆွဲနှုတ်ဆက်ချင်နေသည်။

အမေရိကန်က အတန်းဖော်...

ဝမ်ဆိုတဲ့လူ...

ကျန်းချန်ဖေး သရော်သံပြုကာ လေထဲတွင်တန့်နေသည့် ထိုလူ့လက်ကိုလျစ်လျူရှုလိုက်သည်။
"BBQလား၊ BBQလုပ်တဲ့လူကများ ငါတို့အိမ်သားကို ပိုးပန်းရဲတယ်ပေါ့လေ"

"အာ ကျုပ် သူ့ကိုပိုးပန်းခဲ့ပေမဲ့ သူကလက်မခံခဲ့ပါဘူး"
KY အနေရခက်ခက် ရယ်မိသည်။ ဒီမစ္စတာကျန်း သူ ကျောင်းချီကို ပိုးပန်းခဲ့ဖူးသည်ကို သိမည် မထင်ခဲ့။

"ဗွမ်း—"
ကျန်းချန်ဖေး စားပွဲပေါ်မှ ခွက်ကို ကောက်ယူကာ လက်ဖက်ရည်ကြမ်းခွက်တစ်ခွက်လုံးကို KY မျက်နှာ့ပေါ် ပက်လိုက်တော့သည်။
"သေလိုက်!"

"ခင်ဗျား..." KY တစ်ကိုယ်လုံး ရေရွှဲသွားကာ ဒေါသထွက်ပြီး ရန်ဖြစ်တော့မည့်ဆဲဆဲ ရုတ်တရက် အေးစက်သော ကျည်ပုံစံ အရာတစ်ခုက သူ့နဖူးဆီ ထောက်လာလေသည်။ သေနတ်တစ်လက်! သူ မလှုပ်ရဲတော့ပေ။

ဂန်းစတားဘော့စ်က ၂၀မီတာ mini ကျည်ကာဖောက်ထွင်းအား KY ကိုချိန်လိုက်ကာ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။ သူ့လေသံက အန္တရာယ်များလှပုံပေါ်၏။
"ကောင်လေး၊ ငါ့ဇနီးနဲ့ ဝေးဝေးနေ၊ မဟုတ်လို့ကတော့ မင်းရဲ့ ဘာဘီကျုးဆိုင်ကို ဖျက်ဆီးပစ်မယ်!"

[Zawgyi]

မစၥတာေက်ာင္းသည္ က်န္းတာ့ေတ်ာင္းေၾကာင့္ ဒီရက္ပိုင္း အလုပ္မလုပ္နိုင္ေသာ္ျငား ေကာင္းသည့္ကိစၥက ပါ့ေက်ာင္းရွိအရာအားလုံးသည္ ပုံမွန္ပင္။ မည္သို႔ပင္ျဖစ္ျဖစ္ ေက်ာင္းခ်ီ၏ တင္းက်ပ္ေသာ စည္းကမ္းမ်ားေၾကာင့္ ကုမၸဏီ၏ စီမံခန႔္ခြဲေရးစနစ္သည္ ‌အေသအခ်ာ ဒီဇိုင္းဆြဲထားကာ ဥကၠဌမရွိလွ်င္ ဒုဥကၠဌေလးေယာက္သည္ အလုပ္ကို ေဝခြဲနိုင္၏။

ဒုဥကၠဌမ်ား၏ လုပ္ပိုင္ခြင့္ေက်ာ္သည့္ အလုပ္မ်ားရွိေနေသး၍ ေက်ာင္းခ်ီ ကိုယ္တိုင္ကိုယ္က် ေျဖရွင္းရဦးမည္။ ဥကၠဌ႐ုံးခန္းထဲ ဝင္႐ုံပင္ရွိေသး သူ႕လက္မွတ္ထိုးရန္ ေစာင့္ဆိုင္းေနေသာ စာ႐ြက္စာတမ္းအပုံလိုက္ကို ျမင္လိုက္ရသည္။

ေက်ာင္းခ်ီ ထိုင္ခ်ၿပီး လက္မွတ္ထိုးရမည့္ စာ႐ြက္စာတမ္းမ်ားကို အလ်င္အျမန္စစ္ေဆးကာ ယြိယြမ္၏ တင္ျပခ်က္ကို နားေထာင္လိုက္သည္။

"ပါ့ေက်ာင္းတိုက္ရိုက္ထုတ္လႊင့္မႈအတြက္ ကေလးတစ္ေယာက္က စီစဥ္သူကို ယြမ္တစ္ေသာင္း ဆုခ်ီးျမႇင့္ခဲ့လို႔ မိဘေတြက ရဲကိုေခၚခဲ့ပါတယ္၊ ဆိုရွယ္မီဒီယာေပၚက တစ္ေယာက္က မီဒီယာေအးဂ်င့္ေတြဆီ သတင္းထုတ္ျပန္ခ်က္ေပးခဲ့တယ္၊ ဥပေဒဌာနက ေဘာ့စ္ တန္းၿပီး ေလ်ာ္ေၾကးေပးခ်င္လား ဒါမွမဟုတ္ လုပ္ထုံးလုပ္ငန္းစဥ္အတိုင္း ေျဖရွင္းမလား ေမးထားပါတယ္"

"လုပ္ထုံးလုပ္နည္းအတိုင္း လုပ္လိုက္" ေက်ာင္းခ်ီ မ်က္ေမွာင္မၾကဳတ္ဘဲ ေငြေၾကးေရးဆိုင္ရာ ျဖတ္ပိုင္း၈ခုကို အလ်င္အျမန္ ခြင့္ျပဳလိုက္သည္။ သူ ယြမ္ တစ္ေသာင္း ေလ်ာ္ေၾကးေပးရမည့္ တစ္ခုကို ယူလိုက္ေသာ္ျငား လက္မွတ္မထိုးေခ်။
"သတင္းထုတ္ျပန္ခ်က္ေရးတဲ့လူကို သြားရွာေခ်"

ယြိယြမ္က ျဖတ္ပိုင္းကိုယူကာ "ခြင့္မျပဳ" ဆိုသည့္ တံဆိပ္ေခါင္းႏွစ္ခု ရိုက္ၿပီး ဖိုင္ထဲထည့္လိုက္သည္။
"ပါ့ေက်ာင္းဗီဒီယိုအတြက္ကေတာ့ အရင္လက အေမရိကန္က BBQ TV ကေန ကြၽန္ေတာ္တို႔ မူပိုင္ခြင့္ဝယ္ယူမဲ့ တီဗြီစီးရီးသုံးခုရွိတယ္ေလ၊ သူတို႔က ဒီပိတ္ရက္တုန္းက အီေမးလ္ပို႔လာတယ္၊ စီးပြားဖက္အေၾကာင္းေျပာဖို႔ ကိုယ္စားလွယ္လႊတ္မယ္ ေျပာပါတယ္၊ မနက္တုန္းက ဒီလူကလာေနၿပီလို႔ အတည္ျပဳဖုန္းဆက္လာတယ္"

ေက်ာင္းခ်ီ ေဘာပင္ကိုင္ထားသည့္လက္ ရပ္သြားသည္။ သူ ဒီ‌မနက္တုန္းက ကားထဲတြင္ အီေမးလ္ကို ျမင္ၿပီးၿပီ။ သူတို႔ ဝယ္ရန္ ကမ္းလွမ္းစဥ္က တစ္ဖက္က တက္တက္ႂကြႂကြမတုံ႕ျပန္ခဲ့ေပ။ သူတို႔ လြန္ခဲ့သည့္ႏွစ္ပတ္အတြင္း စာခ်ဳပ္အ
ေသးစိတ္မ်ားကို ေဆြးေႏြးရန္ အီေမးလ္အျပန္အလွန္ပို႔ခဲ့ေသာ္လည္း ေသခ်ာသည့္အေျဖက မရွိေသး။ လူတစ္ေယာက္ကို လႊတ္လိုက္ျခင္းက ပါ့ေက်ာင္းအား တီဗြီရွိုးမ်ားပိုဝယ္ခိုင္းရန္ အခြင့္အေရးကို အပိုင္ဆုပ္ကိုင္ျခင္းျဖစ္နိုင္ေသာ္ျငား ထိုလူသည္ လမ္းတြင္ ေရာကေနေခ်ၿပီ။ ဒါက BBQ ၏ အရင္ အလုပ္လုပ္ကိုင္သည့္ပုံစံႏွင့္ အင္မတန္ကြဲျပားသည္။

"သူတို႔ဘယ္သူ႕ကို လႊတ္လိုက္တယ္ေရာ ေျပာလား"
မူမမွန္သည့္ တစ္စုံတစ္ရာသာရွိလွ်င္ တစ္ခုခုလြဲေနသည္မွာ ေသခ်ာသည္။

"နိုင္ငံျခား မူပိုင္ခြင့္ေရာင္းခ်မႈ တာဝန္ယူထားတဲ့ စီနီယာအလုပ္အမႈေဆာင္ပါ၊ သူတို႔က နာမည္ေတာ့ မေျပာေပမဲ့ မ်ိဳးရိုးနာမည္က Flores တဲ့၊ ကြၽန္ေတာ္စစ္ၾကည့္ေတာ့ ဒီ႐ုပ္သံဌာနပိုင္ရွင္ရဲ႕ မ်ိဳးရိုးနာမည္က Flores တဲ့"

အေမရိကန္၏ မီဒီယာအေကာင္ႀကီး မစၥတာ Flores ကေတာ့ မူပိုင္ခြင့္ေရာင္းဝယ္ေရးလုပ္ရန္ လာေလာက္မည္မဟုတ္ေပ။ သူ႕တူ ျဖစ္ေလာက္မည္။ ဖုန္းထဲက လူက မနက္ျဖန္မနက္ပိုင္းတြင္ ေရာက္မည္ျဖစ္ၿပီး အခ်ိန္ၾကပ္၍ ေန႕လယ္စာစားရငခး စီးပြားေရးအေၾကာင္းေျပာမည္ဟု ေျပာလာသည္။ သူက တ႐ုတ္အစားအေသာက္ ႏွစ္သက္မႈကိုလည္း ေဖာ္ျပထားေသးသည္။

ဧည့္သည္က ထမင္းစားခ်င္သည္ေျပာ၍ သူ ဟင့္အင္း မေျပာနိုင္ေပ။ ထိုသူက မစၥတာFlores ၏ တူျဖစ္၍ ေက်ာင္းခ်ီကိုယ္တိုင္ သြားႀကိဳမွရမည္။

"မင္း တ႐ုတ္စားေသာက္ဆိုင္တစ္ဆိုင္သြားရွာ၊ ၿပီးေတာ့ ဒီေန႕ စာခ်ဳပ္အၾကမ္းလုပ္ၿပီး သူတို႔မျပန္ခင္ ငါ့ကိုေပးလို႔ ဥပေဒဌာနကို ေျပာလိုက္"
သူ႕အလုပ္တာဝန္ခ်ိန္ကို အေႏွာင့္အယွက္ျပဳမည္ျဖစ္၍ ေက်ာင္းခ်ီ ႐ုတ္တရက္ လည္ပတ္မႈကို သေဘာမက်ေပ။ သို႔ေသာ္ လာလညခသူက ဧည့္သည္ျဖစ္၍ ေဘးတြင္ ပစ္‌ထားလို႔မရေပ။

"ေသခ်ာတာေပါ့" ယြိယြမ္က သူအေတာ္ဆုံးေနရာျဖစ္သည့္ အစားအေသာက္ရွာျခင္းေၾကာင့္ ၿပဳံးလိုက္သည္။

အလုပ္မ်ားေသာ ေန႕လယ္ခင္းအၿပီး ေက်ာင္းခ်ီေနာက္ဆုံးေတာ့ လုပ္စရာရွိသည္မွန္သမွ်ကို ၿပီးသြားခဲ့သည္။ သူ ကြန္ပ်ဴတာကို ပိတ္ၿပီး ပင္ပန္းႏြမ္းနယ္စြာျဖင့္ မ်က္ခုံးႏွစ္ဖက္ၾကား ပြတ္လိုက္သည္။

Smart Brain မွ မက္ေဆ့တစ္ေစာင္ ဝင္လာသည္။

[က်န္းတာ့ေတ်ာင္း : ဆင္းလာခဲ့]

အားလုံးအလုပ္ဆင္းခ်ိန္ ဥပေဒဌာနက သူတို႔ေဘာ့စ္ဆီေပးရန္ စာခ်ဳပ္အၾကမ္းအား ပရင့္ထုတ္ၿပီးသြားခဲ့သည္။ စီနီယာဝန္ထမ္းမ်ားက အဆူခံရမည္ကိုေၾကာက္၍ စာေရးမေလးတစ္ေယာက္အား သြားပို႔ခိုင္းခဲ့သည္။

"ေဘာ့စ္ မန္ေနဂ်ာေက်ာင္းက ကြၽန္မကို အဆူခံဖို႔ လာခိုင္း... အာ မဟုတ္.. စာခ်ဳပ္ေပးဖို႔ လာခိုင္းပါတယ္"
မိန္းကေလးက ေၾကာက္လန႔္မႈျဖင့္ တုန္ေနရင္း စာခ်ဳပ္ကို လက္ႏွစ္ဖက္ျဖင့္ ကမ္းေပးသည္။

ေက်ာင္းခ်ီ စာခ်ဳပ္ကို ယူကာ ေအာက္ထပ္ဆင္းရင္းဖတ္လိုက္သည္။

"အၾကမ္းပဲဆိုေတာ့ အခ်က္အလက္ေတြကို ကြၽန္မတို႔ဘက္ သာေအာင္ေရးထားပါတယ္၊ အေနာက္တိုင္းသားသာ ဒါကိုသတိျပဳမိရင္ သူတို႔နဲ႕ ညွိႏွိုင္းလို႔ရနိုင္ပါတယ္"
[T/N - ဒီက‌အေနာက္တိုင္းသားဆိုတာ insultပုံစံနဲ႕ ေျပာတာပါ]

"နိုင္ငံျခားသားေတြက တ႐ုတ္စကားနားလည္ၾကတယ္၊ အေနာက္တိုင္းသားလို႔မေျပာနဲ႕"
ေက်ာင္းခ်ီ သူမကို အမွန္ျပင္ေပးလိုက္သည္။ သူတို႔စေနာက္႐ုံက ကိစၥမဟုတ္၊ သို႔ေသာ္ျငား ေျပာသည္ကိုက်င့္သားရသြားလွ်င္ ေဖာက္သည္မ်ားႏွင့္ေတြ႕ခ်ိန္ မေတာ္တဆေျပာထြက္မိနိုင္သည္။ ဒါက ကုမၸဏီ၏ ပုံရိပ္ကိုထိခိုက္ေစနိုင္၏။

"ဟုတ္ကဲ့" ဥပေဒဌာနမွ မိန္းကေလးမွာ အလ်င္စလို သေဘာတူလိုက္သည္။ သူမစြမ္းေဆာင္နိုင္စြမ္းကို ႂကြားဝါရန္ ျပက္လုံးတစ္ခ်ိဳ႕ေျပာခ်င္ေသာ္ျငား ေဘာ့စ္ကမႀကိဳက္ေပ။ သူမ သိပ္မေျပာလွ်င္ အမွားကင္းေလသာျဖစ္သည္။

ႏွစ္ေယာက္သား ပါ့ေက်ာင္းမွထြက္လာၿပီး ေမာ့ၾကည့္လိုက္ေတာ့ အနက္ေရာင္ Maybach ကားကိုျမင္လိုက္ရသည္။ အေနာက္တိုင္းဝတ္စုံနက္ႏွင့္ ေနကာမ်က္မွန္ ဝတ္စားထားသည့္ ခ်န္းဇီက ခရီးသည္ထိုင္ခုံဘက္အျခမ္းမွ ဆင္းလာၿပီး ကားတံခါးေဘးတြင္ ရပ္ေနသည္။ ေက်ာင္းခ်ီ ေလွ်ာက္လာသည္ကို ျမင္ေတာ့ ခ်က္ခ်င္း မတ္မတ္ရပ္လိုက္၏။
"မရီး!"

မိန္းကေလး : "..."

ငါတို႔ေဘာ့စ္ကိုလက္ထပ္ရဲတဲ့ က်န္းခ်န္ေဖးက တကယ္ကို သာမန္လူမဟုတ္ဘူးပဲ။

ေက်ာင္းခ်ီ သူ႕ေသြးေၾကာျပာမ်ား ထင္းေနသည့္ နားထင္ကိုပြတ္လိုက္သည္။
"ခ်န္းဇီ၊ ဘာလို႔ မင္းကပါ ႐ူးေၾကာင္ေၾကာင္ျဖစ္ေနရတာလဲ"

"ဒီလိုလုပ္တာမွန္တာပဲေနာ္၊ ကြၽန္ေတာ္ ေထာင္ထဲ ႐ုပ္ရွင္ေတြၾကည့္ေတာ့ ေဘာ့စ္ေတြအားလုံးက ဒီလိုမ်ိဳးထြက္လာတာ ျမင္ဖူးတယ္ေလ"
ခ်န္းဇီက ခိုင္မာေသာယူဆခ်က္ျဖင့္ ေျပာကာ ေက်ာင္းခ်ီအတြက္ အေနာက္ခန္းတံခါးဖြင့္ေပးလိုက္သည္။

"ဘယ္႐ုပ္ရွင္ေတြၾကည့္ခဲ့တာလဲ"

"ပို၍ေကာင္းေသာ မနက္ျဖန္၊ ငယ္႐ြယ္ၿပီး အႏၲရာယ္ႀကီးေသာ နဲ႕ ငရဲကိစၥမ်ားေလ"

"..."

က်န္းခ်န္ေဖး အေနာက္ခုံတြင္ မွီေနကာ သူ႕ေကာင္ေလးႏွင့္ စကားေျပာေနေသာ ေက်ာင္းခ်ီကို မ်က္ဝန္းနက္မ်ားျဖင့္ ၾကည့္ေနသည္။ သူ အသံခပ္နက္နက္ျဖင့္ ေျပာလိုက္၏။
"ကားထဲဝင္"

သူ ကားထဲဝင္ဝင္ခ်င္း ခ်စ္ဇနီးေလးမွာ ဂန္းစတားေဘာ့စ္ရင္ခြင္ထဲ ဆြဲသြင္းခံလိုက္ရသည္။

"ဒီေန႕ ဘာလို႔ကားေမာင္းဖို႔ ဒရိုက္ဘာေခၚထားရတာလဲ"
က်န္းတာ့ေတ်ာင္း ေပါက္တတ္ကရေျပာမည္စိုးရိမ္၍ ေက်ာင္းခ်ီ ရင္ခြင္ထဲကထြက္ရန္ အသည္းအသန္ႀကိဳးစားမေနေတာ့ေပ။

"ခုတေလာ မၿငိမ္းခ်မ္းဘူး" က်န္းခ်န္ေဖးက သူ႕ခ်စ္ဇနီးေလး၏ လက္တစ္ဖက္အား ဆြဲယူကာ အကၤ်ီထဲဝွက္ထားေသာ ေသနတ္အား ထိခိုင္းထားလိုက္သည္။
"ငါ့လက္နက္စီးပြားေရးက ခုတေလာ အေတာ္ေလး အာ႐ုံစိုက္မႈ ရေနတယ္၊ လူေတြ မင္းကိုထိခိုက္ေအာင္လုပ္မွာ စိုးရိမ္လို႔"

20 မီတာ mini က်ည္ကာေဖာက္ထြင္းေသနတ္၏ ေအးစက္စက္ အထိအေတြ႕ကို ခံစားၾကည့္မိခ်ိန္ ေက်ာင္းခ်ီ : "... ငါမေမးခဲ့သင့္ဘူး"

"ဘာမွမျဖစ္ဘူး၊ ေမးလို႔ရတယ္၊ မင္းသိခ်င္တာဆို ဘာမွ မဖုံးကြယ္ထားဘူး"
အာရွကို အထင္ေသးသည့္အမ်ိဳးသားသည္ သူ႕လွ်ို႔ဝွက္ခ်က္မ်ားအား ရင္ခြင္ထဲရွိ အမ်ိဳးသားကို ေျပာျပရန္ မေၾကာက္ပါေလ။ ဒါက ဂန္းစတားေဘာ့စ္၏ တစ္မ်ိဳးတစ္မည္ထူးျခားေသာ အခ်စ္ျဖစ္၏။

"ငါဘာမွမသိခ်င္ပါဘူး" ေက်ာင္းခ်ီ ေမွ်ာ္လင့္ခ်က္ကင္းမဲ့စြာျဖင့္ သူ႕ေလာင္ကုန္းကိုမွီကာ ေဘးဘက္တြင္ ထခုန္ခ်င္ေနေသာ ကြမ္က်ဳံးကို ပြတ္ေပးရင္း စာခ်ဳပ္အၾကမ္းအား ေနာက္တစ္ေခါက္ဖတ္ရန္ ေကာက္ယူလိုက္သည္။

BBQ ႏွင့္ ပါတနာလုပ္ရန္က ေက်ာင္းခ်ီအတြက္ အေရးပါသည္။ ဒါက ပါ့ေက်ာင္း ဥေရာပႏွင့္ အေမရိကန္ေဈးကြက္မ်ားဖြင့္ရန္ အခြင့္အေရးျဖစ္ၿပီး မူပိုင္ခြင့္မ်ားဝယ္ယူျခင္းႏွင့္စတင္ရမည္။ သူတို႔အခ်င္းခ်င္းရင္းႏွီးလာလွ်င္ ပါ့ေက်ာင္း၏ တီဗြီစီးရီးမ်ားကို ေရာင္းနိုင္လိမ့္မည္။

စီးပြားေရးကိစၥလုပ္ရန္ သင့္ေတာ္ေသာဌာနရွိသင့္သည့္တိုင္ ဂ်ဴနီယာFloresက ႐ုတ္တရက္ ေရာက္လာၿပီး သူ႕အဆင့္အတန္းေၾကာင့္ ေက်ာင္းခ်ီ ႐ုပ္လုံးထြက္ျပရမည္။ သူ အခ်ိန္တိုအတြင္း အားလုံးကို စီမံရန္လိုအပ္သည္။ မဟုတ္လွ်င္ မနက္ျဖန္စကားေျပာခ်ိန္က် သူ အသာစီးမရျဖစ္လိမ့္မည္။

ေက်ာင္းခ်ီ စာခ်ဳပ္ကို ဖတ္ကာ BBQ တီဗြီစီးရီးတစ္ခ်ိဳ႕ကို အၾကမ္းဖ်င္းၾကည့္ေနမိသည္မွာ ည‌ည့္နက္ခ်ိန္ထိ အလုပ္လုပ္မိသြားခဲ့သည္။

က်န္းခ်န္ေဖး "101 Dalmatians" ကို သူ႕သားႏွင့္ အိပ္ရာတြင္ၾကည့္ၿပီးခ်ိန္ ေက်ာင္းခ်ီကေတာ့ အိပ္ရာဆီ မလာေသးေပ။ ဥကၠဌ‌တိေအာင္းမွာ အင္မတန္ စိတ္ဆိုးသြားေတာ့၏။ သူ စာၾကည့္ခန္းဆီ ေျခလွမ္းက်ဲမ်ားျဖင့္ ေလွ်ာက္သြားကာ သူ႕မလိမၼာသည့္ခ်စ္ဇနီးေလးအား အိပ္ခန္းထဲ ခ်ီလာခဲ့ၿပီး ေလွကားႏွင့္ေက်ာကိုပြတ္ေနသည့္ သခင္ေလးက်န္းကို တံခါးအျပင္တြင္ ပိတ္ခဲ့ေတာ့သည္။

"ခင္ဗ်ား အရင္အိပ္ေလ၊ ဒါၿပီးေအာင္ ၾကည့္ခ်င္ေသးတယ္"
ေက်ာင္းခ်ီ ဂြမ္းေစာင္ေပၚ လွိမ့္ၿပီး ေခါင္းအုံးေပၚ လွဲကာ ေနာက္ဆုံး တီဗြီစီးရီး၏ အဆုံးကို ၾကည့္ရန္ ျပင္လိုက္သည္။

"မင္း လက္မွတ္ထိုးခဲ့တဲ့ စာခ်ဳပ္ကို မွတ္မိေသးလား"
က်န္း‌ခ်န္ေဖး သူ႕လက္ကို ခ်စ္ဇနီးေလး၏ ဝတ္႐ုံေအာက္ လက္ထားလိုက္သည္။

"ဟမ္... ဘာစာခ်ဳပ္လဲ" ေက်ာင္းခ်ီ လွည့္ၾကည့္လိုက္သည္။

"ငါ့ကို ကေလးႏွစ္ေယာက္ေပး၊ မင္းအေဖရဲ႕ ေလာင္းကစား အေႂကြးေတြ ေၾကသြားလိမ့္မယ္၊ မင္း အခု တစ္ဝက္ပဲေပးရေသးတယ္"
က်န္းခ်န္ေဖး ထိုခ်ိဳျမေနေဟာ ႏႈတ္ခမ္းမ်ားကိုနမ္းရန္ အခြင့္အေရးယူလိုက္သည္။

ေက်ာင္းခ်ီ တီဗြီၾကည့္ရန္ စိတ္မပါေတာ့။ သူ ဂြမ္းေစာင္ထဲ ဆြဲေခၚခံရခ်ိန္ တစ္ခုတည္းေသာ အေတြးက
“ငါ့အေဖမွာ ဘယ္လိုလုပ္ၿပီး ေလာင္းကစား အေႂကြးရွိေနျပန္ၿပီလဲ"

ကြမ္က်ဳံး ေက်ာကို ကုတ္ၿပီးေနာက္ ေက်နပ္သြားသည္။ သူခါယမ္းၿပီး ေခါင္းကိုခ်ီလ်က္ အိပ္ခန္းဆီသြားေတာ့သည္။ ဒါေပမဲ့ တံခါးကို တြန္းမဖြင့္နိုင္ေၾကာင္း နားလည္သြားခဲ့၏။ Golden retriever ေလးက မတ္တပ္ရပ္ကာ သူ႕ေရွ႕ေျခေထာက္ေလးမ်ားႏွင့္ တံခါးကိုတြန္းၾကည့္သည့္တိုင္ မရေပ။

အခန္းထဲတြင္ ထူးဆန္းေသာ အသံမ်ား ထြက္လာသည္။ ကြမ္က်ဳံးရပ္သြားၿပီး ဂ႐ုတစိုက္ နားေထာင္လိုက္သည္။

"..."

"မင္းက ကေလး‌တစ္ေယာက္ ေမြးထားတာေတာင္ ဘာေၾကာင့္ ဒီေလာက္တင္းၾကပ္ေနရေသးတာလဲ"

"ပါးစပ္ပိတ္ထား!"

ၿပီးေနာက္တြင္ေတာ့ ဗလုံး‌ဗေထြးအသံတစ္ခ်ိဳ႕ႏွင့္ ဆူညံသံမ်ားထြက္လာသည္။ သူတို႔ တကယ္ကိုေပ်ာ္စရာေကာင္းေသာ ဂိမ္းကစားေနပုံပင္။

"ဝုတ္!"
ဂန္းစတားမင္းသားေလးသည္ ေဒါသထြက္ကာ အူၿပီး တံခါးကို အသည္းအသန္ကုတ္ျခစ္ေသာ္ျငား အ႐ုဏ္တက္ခ်ိန္ထိ အခန္းထဲဝင္ခြင့္မရခဲ့ေပ။

သူတို႔ ေနာက္က်ခ်ိန္ထိ ေပ်ာ္ပါးခဲ့၍ ေက်ာင္းခ်ီ အိပ္ေရးမဝဘဲ က်န္းခ်န္ေဖးရင္ခြင္ထဲ အိပ္ေမာက်သြားခဲ့သည္။ ကားက ပါ့ေက်ာင္းအေဆာက္အဦးေရွ႕ ရပ္သြားၿပီျဖစ္ေသာ္ျငား က်န္းခ်န္ေဖးက ဒရိုက္ဘာကို စကားမေျပာရန္ အမိန႔္ေပးလိုက္သည္။

အၿမဲထြက္ေျပးေနသည့္ ခ်စ္ဇနီးေလးသည္ အိပ္ေပ်ာ္ေနခ်ိန္တြင္သာ လိမ္မာသည္။ ေခ်ာေမာလွေသာ ျဖဴေဖြးေနသည့္ မ်က္ႏွာက သူ႕ကိုမွီထားရာမွရေသာ အေႏြးဓာတ္ေၾကာင့္ အနည္းငယ္ ပန္းေရာင္သမ္းေနသည္။ မ်က္ႏွာေလးက အရသာရွိပုံေပၚသည္။ က်န္းခ်န္ေဖး ေခါင္းမငုံ႕ဘဲ မေနနိုင္ေတာ့ေပ...။

ေက်ာင္းခ်ီ တစ္စုံတစ္ေယာက္ သူ႕ကို နမ္းေနသည္ဟု ခံစားရေသာ္ျငား မ်က္လုံးဖြင့္ခ်ိန္ျမင္လိုက္ရသည္က သူ႕ဂန္းစတားေဘာ့စ္၏ မာေက်ာေအးစက္ေနေသာ မ်က္ႏွာပင္။ သူ ျပတင္းေပါက္အျပင္ကိုၾကည့္ကာ အံ့ဩသြားသည္။
"ဘာလို႔ ေရာက္ေနတာကို မႏွိုးတာလဲ"

မစၥတာတိေအာင္းသည္ သူ႕ခ်စ္ဇနီးေလးေျပာသည္ကို မၾကားေပ။ သူက မဆိုင္ေသာအေျဖတစ္ခုသာ ေပးလိုက္သည္။
"ငါ့ဇနီးကိုငါနမ္းတာ ဘာမွားလဲ!"

"..." သူ ခိုးေၾကာင္ခိုးဝွက္နမ္းခဲ့သည္။ ေက်ာင္းခ်ီ က်န္းတာ့ေတ်ာင္း၏ နီရဲေနေသာ နား႐ြက္မ်ားကို လွမ္းၾကည့္လိုက္သည္။
"ခင္ဗ်ား မွားတယ္‌လည္း မေျပာပါဘူး၊ ေန႕လယ္က် ငါ ေန႕လယ္စာအစည္းအေဝးရွိလို႔ အတူမစားေတာ့ဘူး"

မ်က္စိတစ္မွိတ္အတြင္းမွာပင္ က်န္းခ်န္ေဖး၏လက္ေမာင္းအတြင္း ဘယ္သူမွမရွိေတာ့ေခ်။ သူ ကားေပၚတြင္ေမ့က်န္ခဲ့သည့္ ဖိုင္ကိုျမင္ကာ ႏႈတ္ခမ္းကိုဆူလိုက္ေသာ္ျငား လွမ္းသတိမေပးလိုက္။

ေန႕လယ္ေရာက္ေတာ့မွ ေက်ာင္းခ်ီ ကားထဲတြင္ စာခ်ဳပ္အၾကမ္းထားခဲ့မွန္း နားလည္သြားခဲ့သည္။ ထို႔ေၾကာင့္ သူ႕ေလာင္ကုန္းအား တစ္ေယာက္ေယာက္မွတစ္ဆင့္ သူ႕ဆီပို႔ေပးရန္ ဖုန္းဆက္လိုက္သည္။

"ဘယ္မွာစားေနတာလဲ၊ ခ်န္းဇီကို မင္းဆီ တန္းပို႔ေပးခိုင္းလိုက္မယ္"

ေက်ာင္းခ်ီ စားေသာက္ဆိုင္လိပ္စာႏွင့္ အခန္းနံပါတ္ကို ပို႔ကာ တ႐ုတ္စားေသာက္ဆိုင္ဆီ မူပိုင္ခြင့္ မန္ေနဂ်ာႏွင့္ အတူသြားခဲ့သည္။ ယြိယြမ္က ဂ်ဴနီယာFloresကို ႀကိဳရန္ ေလဆိပ္ဆီသြားကာ ေက်ာင္းခ်ီမွာအရင္ဆုံး မူပိုင္ခြင့္မန္ေနဂ်ာႏွင့္ အရင္ဆုံး ဝယ္ယူမႈစာရင္းကို စစ္ေဆးၾကည့္ေနသည္။

"ဒီသုံးခုကို သူတို႔တူတူေရာင္းခ်င္ရင္ သေဘာတူလို႔မျဖစ္ပါဘူး၊ သူတို႔က ဆိုရွယ္လစ္ရဲ႕ အဓိကစံႏႈန္းေတြနဲ႕ အံဝင္ဂြင္က်မျဖစ္တာမို႔ ဝယ္လိုက္ရင္ ပိုက္ဆံဆုံးပါလိမ့္မယ္..."

သူတို႔ စကားေျပာေနတုန္း တစ္စုံတစ္ေယာက္က တံခါးေခါက္လာသည္။ သူတို႔စကားေျပာရပ္ကာ တံခါးဘက္ၾကည့္လိုက္သည္။

ယြိယြမ္က တံခါးကိုတြန္းဖြင့္ဝင္လာၿပီး အေနာက္တြင္ အရပ္ရွည္ရွည္လူတစ္ေယာက္ လိုက္လာသည္။
"ေဘာ့စ္၊ မစၥတာFlore ေရာက္ပါၿပီ"

ေက်ာင္းခ်ီ ဧည့္သည္ကိုႀကိဳရန္ မတ္တပ္ရပ္လိုက္ေသာ္ျငား မ်က္ႏွာကိုျမင္ခ်ိန္ မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ သူ႕တြင္ လူျဖဴတစ္ေယာက္၏ ထင္ရွားမာေၾကာေသာ မ်က္ႏွာက်ရွိေသာ္ျငား ဆံပင္အနက္ေရာင္ႏွင့္ မ်က္ဆံနက္တို႔ရွိကာ ငေပြတစ္ေယာက္၏ ကိုယ္ပိုင္လကၡဏာအၿပဳံးကိုဆင္ျမန္းထားသည္။ ထိုလူက ႏွစ္ေပါင္းမ်ားစြာ မေတြ႕ခဲ့ရသည့္ အတန္းေဖာ္ KY ပင္။

"ဘယ္လိုလုပ္မင္းျဖစ္ေနတာလဲ"
ပိတ္ရက္တုန္းကတင္ ဆိုရွယ္မီဒီယာအေကာင့္တြင္ သူ႕ကို ကလူခဲ့ၿပီး ယခု အဂၤါေန႕တြင္ ေပၚလာသည္။ လူတိုင္း အမ်ားႀကီးေတြးစရာမလိုဘဲ ဒါက ႀကိဳတင္ႀကံစည္ထားမွန္း ေျပာနိုင္သည္။

"ငါကလြဲ တျခားဘယ္သူကမ်ား မင္းဆီက စကားတစ္လုံးအတြက္နဲ႕ ကမာၻတစ္ဝက္နီးပါး ခရီးထြက္လာခဲ့မွာလဲ"
KY ပခုံးတြန႔္ၿပီး လက္ဆန႔္တန္းကာ ေက်ာင္းခ်ီကိုဖက္ရန္ႀကိဳးစားလိုက္သည္။
"ငါ့အေဖက မစၥတာFloresေလ၊ အံ့ဩသြားလား"

KYက တရားမဝင္သားျဖစ္ေသာ္ျငား မစၥတာFlores၏ ဇနီးသည္ လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က ေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့၍ KY အေမကို လက္ထပ္ခဲ့သည္။ သူ႕ကို Kent•Y•Flores ဟု အခုေခၚၾကသည္။

ေက်ာင္းခ်ီ မဖက္ခ်င္၍ ယဥ္ယဥ္ေက်းေက်းသာ လက္ဆြဲႏႈတ္ဆက္လိုက္သည္။

"ႏွစ္ေတြအမ်ားႀကီးၾကာၿပီးတာေတာင္ မင္းက လုံးဝမေျပာင္းလဲေသးဘူးပဲ၊ အရမ္းခ်စ္ဖို႔ေကာင္းေနတုန္း"
ေမးေစ့ကိုလက္တစ္ဖက္ျဖင့္ ေထာက္ထားကာေက်ာင္းခ်ီ၏ မ်က္ႏွာအား စြဲမက္ေနကာ အဂၤလိပ္လို ေျပာေတာ့သည္။
"ေဘဘီ မင္းဝန္ထမ္းကို အရင္ထြက္သြားခိုင္းလို႔ရမလား၊ ငါမင္းကို ေျပာစရာအမ်ားႀကီးရွိတယ္"

"ငါ့ဝန္ထမ္းက အဂၤလိပ္စကားနားလည္တယ္"
ေက်ာင္းခ်ီ မ်က္ႏွာေအးစက္ေနသည္။

ေဘးမွ မူပိုင္ခြင့္မန္ေနဂ်ာက ရွက္ေနသည္။

"ေအာ္ အဲလိုဆိုလည္း ငါတ႐ုတ္လိုပဲေျပာမယ္ေလ" အရွက္မရွိ ငေပြေကာင္က ဂ႐ုမစိုက္ေပ။
"အဲဓာတ္ပုံကိုျမင္ေတာ့ ငါဘယ္ေလာက္ေပ်ာ္သြားလဲ မင္းသိလား၊ ငါ ေယာက္်ားေတြေရာ မိန္းမေတြေရာ အမ်ားႀကီးတြဲခဲ့ဖူးေပမဲ့ ဘယ္သူကမွ မင္းေလာက္ ငါ့ကိုမဆြဲေဆာင္နိုင္ဘူး..."

"ေတာ္ေတာ့!" ေက်ာင္းခ်ီ လက္ထပ္လက္စြပ္ရွိသည့္ လက္အားျမႇောက္ျပလိုက္သည္။
"ငါလက္ထပ္ၿပီးၿပီ"

"ကိစၥမရွိဘူး၊ မင္းလက္ထပ္ၿပီးရင္ေတာင္ မင္းကိုပိုးပန္းတာကေန တားလို႔မရနိုင္ဘူး၊ ငါ့အေဖလုပ္ခဲ့သလိုပဲေလ၊ တကယ္ေတာ့ မင္းအေဖက အေတာ္ေလးခ်မ္းသာေပမဲ့ ျခစ္ရာကေန စခဲ့တာ၊ ငါကေတာ့မတူဘူး၊ ငါ့ Floresမိသားစုက ေတာ္ဝင္မိသားစု..."
KY သည္ လူတစ္ေယာက္ စိတ္မေပ်ာ္မွန္း လုံးဝမေျပာနိုင္ေပ။

ေက်ာင္းခ်ီ ရယ္ခ်င္စရာဟုခံစားလိုက္ရသည္။
"လူႀကီးမင္း၊ ေက်းဇူးျပဳၿပီး မွန္မွန္ကန္ကန္ေနပါ၊ မင္းကငါ့ကို မင္းတို႔မူပိုင္ခြင့္ေတြ ဝယ္ဖို႔ေတာင္းဆိုထားတာေနာ္! အလုပ္ကိစၥမဟုတ္ဘူးဆိုမွေတာ့ ႏႈတ္ဆက္တာေပါ့"
ထိုသို႔ေျပာၿပီးေနာက္ သူမတ္တပ္ရပ္လိုက္သည္။

"ေအာ္ ခဏေနဦးေလ!"
KY အလ်င္အျမန္ သူ႕ကိုတားကာ ေနာက္ဆုံးေတာ့ အေလးအနက္ျဖစ္လာသည္။
"ေဆာရီး၊ ငါမေျပာေတာ့ဘူး၊ ဒါဆို လုပ္ငန္းကိစၥ ေျပာၾကတာေပါ့"

"ေဒါက္ ေဒါက္"
လူတစ္ေယာက္က အျပင္မွတံခါးေခါက္ကာ ဖိုင္အားပို႔ေပးရန္ လာသည့္ ခ်န္းဇီ ေရာက္လာခဲ့သည္။

အနက္ေရာင္ အေနာက္တိုင္းဝတ္စုံႏွင့္ ေနကာမ်က္မွန္ ဆင္ျမန္းထားသည့္ ခ်န္းဇီသည္ အထဲဝင္လာၿပီး ေက်ာင္းခ်ီအား အေတာ္ေလးခန႔္ညားစြာ ဖိုင္ကိုကမ္းေပးလိုက္သည္။
"‌မရီး၊ ခ်န္ေဖးက ကြၽန္ေတာ့္ကို ဒါပို႔ခိုင္းလိုက္ပါတယ္!"

KY ထိတ္လန႔္သြားသည္။ သူ အေမရိကန္တြင္ တ႐ုတ္ဂိုဏ္းမ်ားကို ျမင္ဖူးသည္။ ဒါက သူတို႔ ေဘာ့စ္ဇနီးကို ေခၚသည့္ပုံစံပင္။

"ဟန္နီ၊ ဒါက မင္းေယာက္်ားရဲ႕လူေတြထဲက တစ္ေယာက္လား"

ခ်န္းဇီ ေနကာမ်က္မွန္ခြၽတ္ကာ ပဲေစ့မ်က္ဝန္းတစ္စုံျဖင့္ KY ကို စိုက္ၾကည့္လိုက္သည္။

ထိုခ်ိန္ က်န္းခ်န္ေဖးဖုန္းေခၚကာ ခ်န္းဇီအား ေက်ာင္းခ်ီေသာက္ေနလား ေမးေတာ့သည္။

"ခ်န္ေဖး၊ မရီးက နိုင္ငံျခားသားနဲ႕ ေန႕လယ္စာစားေနတာ၊ ငါ ခုေလးတင္ဝင္လာခ်ိန္ အဲလူက မရီးရဲ႕လက္ကို ထိဖို႔ႀကိဳးစားေနတယ္ေလ!"

က်န္းခ်န္ေဖးက ေအာက္ထပ္တြင္ ရွိေနျခင္းပင္။ သူ႕ခ်စ္ဇနီးေလး သူ ေနာက္ေယာင္ခံလိုက္မည္ကို မႀကိဳက္မွာစိုးရိမ္၍ အေပၚတက္မလာခဲ့ေပ။

တစ္ခဏၾကာၿပီးေနာက္ အေနာက္တိုင္းဝတ္စုံအနက္ဝတ္ထားသည့္ လုံၿခဳံေရးႏွစ္ေယာက္က တံခါးတြင္ ေစာင့္ၾကပ္ရန္ေရာက္လာသည္။ ဂန္းစတားေဘာ့စ္မွာ အရွက္မရွိKYေကာင္စုတ္ေလးအား စိုက္ၾကည့္ၿပီး သူ႕ခ်စ္ဇနီးေလးေဘး ေပါ့ပါးစြာေလွ်ာက္သြားခဲ့သည္။
"မင္း ငါနဲ႕ေန႕လယ္စာမစားတာက ဒီေကာင့္ကိုေတြ႕ဖို႔အတြက္နဲ႕လား"

"ဟဲလို၊ က်ဳပ္က အေမရိကန္ BBQ ႐ုပ္သံဌာနက အနာဂတ္ေဘာ့စ္ Kent•Y•Flores ပါ၊ ေက်ာင္းရဲ႕ အတန္းေဖာ္..."
KYက သူ႕လက္ကိုဆန႔္တန္းကာ က်န္းခ်န္ေဖးႏွင့္ လက္ဆြဲႏႈတ္ဆက္ခ်င္ေနသည္။

အေမရိကန္က အတန္းေဖာ္...

ဝမ္ဆိုတဲ့လူ...

က်န္းခ်န္ေဖး သေရာ္သံျပဳကာ ေလထဲတြင္တန႔္ေနသည့္ ထိုလူ႕လက္ကိုလ်စ္လ်ဴရႈလိုက္သည္။
"BBQလား၊ BBQလုပ္တဲ့လူကမ်ား ငါတို႔အိမ္သားကို ပိုးပန္းရဲတယ္ေပါ့ေလ"

"အာ က်ဳပ္ သူ႕ကိုပိုးပန္းခဲ့ေပမဲ့ သူကလက္မခံခဲ့ပါဘူး"
KY အေနရခက္ခက္ ရယ္မိသည္။ ဒီမစၥတာက်န္း သူ ေက်ာင္းခ်ီကို ပိုးပန္းခဲ့ဖူးသည္ကို သိမည္ မထင္ခဲ့။

"ဗြမ္း—"
က်န္းခ်န္ေဖး စားပြဲေပၚမွ ခြက္ကို ေကာက္ယူကာ လက္ဖက္ရည္ၾကမ္းခြက္တစ္ခြက္လုံးကို KY မ်က္ႏွာ့ေပၚ ပက္လိုက္ေတာ့သည္။
"ေသလိုက္!"

"ခင္ဗ်ား..." KY တစ္ကိုယ္လုံး ေရ႐ႊဲသြားကာ ေဒါသထြက္ၿပီး ရန္ျဖစ္ေတာ့မည့္ဆဲဆဲ ႐ုတ္တရက္ ေအးစက္ေသာ က်ည္ပုံစံ အရာတစ္ခုက သူ႕နဖူးဆီ ေထာက္လာေလသည္။ ေသနတ္တစ္လက္! သူ မလႈပ္ရဲေတာ့ေပ။

ဂန္းစတားေဘာ့စ္က ၂၀မီတာ mini က်ည္ကာေဖာက္ထြင္းအား KY ကိုခ်ိန္လိုက္ကာ ျဖည္းျဖည္းခ်င္း ခ်ည္းကပ္လာသည္။ သူ႕ေလသံက အႏၲရာယ္မ်ားလွပုံေပၚ၏။
"ေကာင္ေလး၊ ငါ့ဇနီးနဲ႕ ေဝးေဝးေန၊ မဟုတ္လို႔ကေတာ့ မင္းရဲ႕ ဘာဘီက်ဳးဆိုင္ကို ဖ်က္ဆီးပစ္မယ္!"

Continue Reading

You'll Also Like

1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
246K 7K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
309K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"