My Lover With Split Personali...
By Mine-Edge
303K 53.3K 4.4K
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
Manhua <<Mr.Dior>>
၈ ။ အစားထိုးချစ်သူ(၁)
၈ ။ အစားထိုးချစ်သူ(၂)
၉ ။ အစားထိုးချစ်သူ(၁)
၉ ။ အစားထိုးချစ်သူ(၂)
၉ ။ အစားထိုးချစ်သူ(၃)
၉ ။ အစားထိုးချစ်သူ(၄)
၁၀ ။ အစားထိုးချစ်သူ(၁)
၁၀ ။ အစားထိုးချစ်သူ(၂)
၁၁ ။ အစားထိုးချစ်သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၃၁ ။ ဂန်းစတားကိုကို
2.7K 619 38
By Mine-Edge
[Unicode]
ကျောင်းချီ ဒီစကားဝိုင်းကို မဆက်ရဲတော့ပေ။ တစ်ချိန်လုံး ဒေဝါလီခံနေရသည့် မစ္စတာဝမ်ဆီ ပြဿနာသွားရှာလျှင် ထိန်းသိမ်းရလွယ်သော်ငြား ကျန်းတာ့တျောင်းတစ်ယောက် သေချာမစဉ်းစားနိုင်ဘဲ နတ်ဆိုးဘုရင်ဆီ သွားအနှောင့်အယှက်ပေး‌လျှင်တော့ ဆိုးလိမ့်မည်။
ယခုတလော ဝမ်မော့(နတ်ဆိုးဘုရင်) သည် ပိုပိုပြီး နာမည်ကြီးလာပြီး ပါ့ကျောင်းတွင် နာမည်အကြီးဆုံး ဂိမ်းတင်ဆက်သူဖြစ်လာ၏။ သူက ကုမ္ပဏီ၏ ငွေထုတ်စက်ကြီးဖြစ်၍ ကျောင်းချီတစ်ယောက် လောင်ကုန်းအား သူ့သွားအန္တရာယ်ပြုမည်ကို မခွင့်ပြုနိုင်ပါပေ။
ကျန်းချန်ဖေး သူ့ချစ်ဇနီးလေးက ဘာမှမပြောသည်ကိုမြင်တော့ အပြစ်ရှိစိတ်ဝင်နေခြင်းဖြစ်ရမည်ဟု တွေးမိသည်။ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ မျက်နှာကို ပွတ်သပ်လိုက်၏။
"ငါ့ကိုပြော၊ အဲမျိုးရိုးနာမည်ဝမ်ဆိုတဲ့ ကောင်ကဘယ်သူလဲ"
"ဘယ်လိုလုပ်သိမလဲ၊ ခင်ဗျားသား သွားမေးပေါ့"
ကျောင်းချီ သူ့ကို တွန်းထုတ်လိုက်ကာ စောင်ခြုံလိုက်သည်။
"မင်းငါ့ကိုမပြောချင်လည်း ငါ့မှာ မင်းပြောလာအောင်လုပ်လို့ရတဲ့နည်းလမ်းရှိတယ်"
ဂန်းစတားဘော့စ်သည် သူ့ကိုမျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်ပြီး သူ့ချစ်ဇနီးလေး၏ စောင်ထဲ အတင်းတိုးဝင်လိုက်သည်။
"ဟားဟား၊ ခွေးကောင်၊ အာ့... ခြေထောက်ကလိမထိုးပါနဲ့ဆို"
"တကယ်လို့ မင်း ငါ့ကိုမပြောရင် အရက်စက်ဆုံးနည်းလမ်းနဲ့ နှိပ်စက်ရလိမ့်မယ်"
ကျန်းတာ့တျောင်းသည် စောင်ထဲမှထွက်လာပြီး ထထိုင်ကာ မျက်နှာပေါ်တွင် ခက်ထန်သော အကြည့်ဖြင့် ပိုးသားနဂါးဝတ်ရုံပေါ်မှ သိုင်းကြိုးကို ဖြည်လိုက်သည်။ ဝမ်ဆိုသည့်လူက တကယ်တော့ ဆင်ခြေသက်သက်ပင်။ ထွက်ပြေးသွားသော သူ့ဇနီးဆိုးလေးကို နှိပ်စက်ရန် အကြောင်းရင်းရှာခြင်းသာဖြစ်၏။ ထွက်ပြေးရဲသည့်အတွက် တန်ရာတန်ကြေးပေးရမည်။ သူ ကျန်းတာ့တျောင်းနှလုံးသားထဲမှ နာကျင်မှုကို မကြာခင်ခံစားရတော့မည့် ခန္ဓာကိုယ်နာကျင်မှုနှင့် ပျောက်ကင်းအောင် လုပ်ပေးရမည်။
ကျောင်းချီ တံတွေးမြိုချလိုက်ကာ ဒီရှက်စရာစာသားသည် ပွန်းထဲတွင် သရုပ်ဆောင်နေသည်ဟု ခံစားရစေသည်။
ဂန်းစတားဘော့စ်သည် သူ့အင်္ကျီများကိုချွတ်လိုက်ပြီး သူ့ချစ်ဇနီးလေးကိုပါ ဆွဲချွတ်ရန် ပြင်လေသည်။
"ဝုတ်!" ကွမ်ကျုံးက သူ့အဖေ တစ်စုံတစ်ရာတူးနေသည်ဟု ထင်ကာ စိတ်လှုပ်ရှားစွာခုန်တက်ပြီး ဖင်လေးထောင်လျက် ကျောင်းချီ ခါးပတ်ကို ခပ်ကြမ်းကြမ်းကိုက်ဆွဲတော့သည်။
"..."
"..."
ကျန်းချန်ဖေး ကွမ်ကျုံးကို လက်တစ်ဖက်ဖြင့် မလိုက်ကာ လည်ကုတ်မှကိုင်ထားလိုက်ည်။ ဖြူစင်ကာ အပြစ်ကင်းသော အနက်ရောင်မျက်လုံးဝိုင်းကြီးများသည် သူ့ကိုကြည့်နေ၏။
သူ့တွင်ကျန်ရှိသော အသိတရားအနည်းငယ်နှင့် ဂန်းစတားဘော့စ်သည် ဒီလိုအပြုအမူမျိုး ကလေးတစ်ယောက်ရှေ့တွင် မလုပ်သင့်ကြောင်း သူ့ကိုယ်သူပြောနေရသည်!
ဒီလိုနှင့်ပင် ဂန်းစတားမင်းသားလေးကျေးဇူးကြောင့် ချစ်ဇနီးလေးသည် သူ၏ “ရက်စက်သော ဆက်ဆံမှု ပြစ်ဒဏ်” မှ လွတ်မြောက်သွားနိုင်ခဲ့သည်။
ကျန်းချန်ဖေး သူ့သား၏ အမွေးပွပွ တင်ပါးကို လှမ်းပုတ်လိုက်သည်။
ကလေးငယ်တစ်ယောက်က မိဘတွေရဲ့ ညဘက်‌နေထိုင်မှုအရည်အသွေးကို လျှော့ချပစ်တယ်ဆိုတာ တကယ်မှန်တာပဲ၊ ကွမ်ကျုံးကို အပြင်မှာ ပိတ်ထားတာက ပိုကောင်းမယ်။
စည်းကမ်းတင်းကြပ်သော အဖေတိအောင်းကျန်းသည် ဆုံးဖြတ်လိုက်ချေ၏။
ဒီဧရိယာတွင် မနက်ခင်းစောစောသည် မြို့လောက် မဆူညံချေ။ သူတို့သဘာဝလေညှင်းနှင့် ငှက်များတေးသီကျူးသံသာ ကြားရသည်။
ကျန်းချန်ဖေး ကောင်းကောင်း အိပ်ပျော်ခဲ့ပြီး မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သော်ငြား အိပ်ရာပေါ်တွင် သူသာရှိနေကာ သူ့သားနှင့်ချစ်ဇနီးလေးအရိပ်အယောင် ရှိမနေချေ။
ယန်ယန် !
သူ အလျင်အမြန် ထထိုင်ပြီး အိပ်ရာကိုစမ်းကြည့်တော့ နွေးနေသေးသည်။ ဒါဆို သူတို့ သေချာပေါက် အနီးအနားတွင် ရှိနေဦးမည်ပင်!
နေကွက်ကျားကျနေသော လမ်းသွယ်ပေါ်တွင် အားကစားသမားအင်္ကျီဝတ်ထားသော ကျောင်းချီသည် သူ့ golden retriever လေးနှင့် ပြေးနေသည်။ ပုံမှန်ဆိုလျှင် သူ့လောင်ကုန်းထက် နောက်ကျမှနိုးတတ်သော်ငြား ယနေ့ ပါပီလေးက သူ့ကို နှိုးခဲ့သည်။ ကွမ်ကျုံးသည် ‌သေးပေါက်ချင်သော်ငြား ခွေးလေးက သေးပြီး ခြေတံများတိုသေး၍ အိပ်ရာပေါ်မှ ခုန်ချမရပေ။ ထို့ကြောင့် သူ တအီအီမြည်ကာ အိပ်ရာပေါ်တွင် ပတ်ချာလည်ပြေးပါလေတော့၏။
ကျောင်းချီသည် ပုံမှန်အားဖြင့် အအိပ်ဆတ်သူဖြစ်၍ အလွယ်တကူ အနှိုးခံရတတ်သည်။ သူ အပြင်တွင် လင်းနေပြီဟု တွေးမိ၍ ကောင်လေးကို သေးတည်ရန် အပြင်ခေါ်လာခဲ့ကာ လေ့ကျင့်ခန်းအချို့လည်း လုပ်ဖြစ်သည်။ သူတို့ ခုနှစ်ရက်တိတိ လူးလှိမ့်နေခဲ့ပြီးနောက် ကျန်းတာ့တျောင်းနှင့်ယှဉ်လျှင် မည်မျှအားနည်းမှန်း နက်နက်နဲနဲ သတိပြုမိသွားခဲ့သည်။ အနာဂတ်တွင် သဟဇာတဖြစ်သော နေထိုင်မှုရရှိရန် မနက်စောစော အပြေးလေ့ကျင့်ခန်း စလုပ်သင့်နေပြီ။
"ကျောင်းကောလည်း ပြေးနေတာလား"
ဝေးမှ အသားတုံးကြီးသည် သူ့ဆီပြေးလာ၏။ ဒီနေရာတွင် အိမ်ဝယ်ခဲ့လေသော ကောင်းရှီချင်း ဖြစ်နေသည်။
ကောင်းရှီချင်းသည် ကျန်းချန်ဖေး၏ တက္ကသိုလ် အတန်းဖော်ဖြစ်သော်ငြား ကျောင်းစောစောတက်ခဲ့၍ သူတို့ထက်တစ်နှစ်ငယ်သည်။ ကျောင်းချီကိုတွေ့သည့်နေ့မှစ၍ ကျောင်းကောဟု ခေါ်ခဲ့သည်။
"ရှီချင်း၊ မင်းဘာလို့ပြေးနေတာလဲ" ကျောင်းချီ သူ့ကိုနှုတ်ဆက်ရန် ရပ်လိုက်သည်။ သူ ဒီဝတုတ်လေး အပြင်ထွက်ကာ လေ့ကျင့်ခန်းလုပ်သည်ကို မြင်ရခဲသည်။
"အာ... မပြောပါနဲ့တော့၊ ခုတလော ကျွန်တော် သွေးအဆီဓာတ်များနေတဲ့ ရောဂါတွေ့ထားတာ၊ ချွဲ့တျဲ့က ကျွန်တော့်ကို ပြေးခိုင်းတယ်လေ"
ကောင်းရှစ်ချင်းက သူ့လက်ကောက်ဝတ်ရှိ Smart Brain ပေါ်မှ  ခြေလှမ်းအရေအတွက် တိုင်းတာစက် မျက်နှာပြင်ကို ပြလိုက်သည်။
"သူက မင်းကိုပြေးခိုင်းတာနဲ့ပဲ ပြေးရောလား"
ကျောင်းချီ အံ့ဩသွားခဲ့သည်။ အတိတ်တုန်းက ကျန်းတာ့တျောင်းသည် ဒီဝတုတ်လေးကို အကြိမ်ရေတစ်ချို့ပြောခဲ့ဖူးသော်ငြား အသုံးမဝင်ခဲ့။ ဘယ်လိုလုပ် ချွဲ့တျဲ့ပြောသည်နှင့် အလုပ်ဖြစ်သွားရသည်လဲ။
"အဲကောက်ကျစ်တဲ့လူအကြောင်း မသိဘူးလား"
ကောင်းရှီချင်းသည် ဝမ်းနည်းနေပုံပင်။
လူကုံထံများနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ပုဂ္ဂလိက ဆရာဝန်တစ်ယောက်အနေနှင့် ချွဲ့တျဲ့သည် သူတို့ကိုကိုင်တွယ်ရာ၌ တော်သည်။ သူ ကောင်းရှီချင်းအား ပြေးခိုင်းရန်ကြီးကြပ်မည်ဟု ဆုံးဖြတ်ခဲ့ချိန် ကောင်းရှီချင်းကို သူ့ဆိုရှယ်အကောင့်နှင့် ဆက်စပ်သည့်အကောင့်တစ်ခု တောင်းခဲ့သည်။ ကောင်းရှီချင်းသာ သူ့နေ့စဉ် လေ့ကျင့်ခန်း သတ်မှတ်ချက်ကို မပြည့်လျှင် အစားအသောက် အိမ်တိုင်ရာ‌ရောက်ပို့ဆောင်ရေး ပလတ်ဖောင်းရှိ ဖော်လိုဝါအများကြီးရှိသော ဥက္ကဌ၏ တရားဝင်အကောင့်တွင် အလိုအလျောက် status တစ်ခုတင်လိမ့်မည်။
"ငါက ထပ်ပျင်းရိပြန်ပြီ၊ ငါကဝတ်တစ်ကောင်ပါ!" မစ္စတာကောင်း၏ ဝဖိုင့်နေသော ဓာတ်ပုံတစ်ပုံလည်း ပါသေးသည်။
ကောင်းရှီချင်းသည် ဝဖိုင့်ကာ စားသောက်ရသည်ကို သဘောကျသော်ငြား လူအများရှေ့တွင် ပိုကောင်းမွန်သော အခြမ်းကိုသာ ပြသချင်သည်။ သူ သိက္ခာမကျချင်ပေ။
ကျောင်းချီ နှုတ်ခမ်းတင်းတင်းစေ့ကာ မရယ်မိရန် အသည်းအသန်ကြိုး‌စားနေရသည်။
"ဝုတ်!" လျစ်လျူရှုမခံချင်သည့် ကျန်းကွမ်ကျုံးသည် နှစ်ယောက်သားစကားများကာ သူ့ကိုလျစ်လျူရှုနေသည်ကိုမြင်၍ ပတ်ပတ်လည်တွင် ပြေးလွှားလိုက်သည်။
"ဟာ့ golden retriever လေးပဲ၊ ကောတို့မှာ အခုခွေးတစ်ကောင်ရှိနေပြီလား"
ကောင်းရှီချင်းသည် သူ့ခြေထောက်ဘေးမှ ကောင်လေးကို သတိထားမိသွားပြီး ကစားရန် ခွေးလေးကိုကောက်ချီလိုက်သည်။
"ကောင်လေး၊ ဦးလေးကဘယ်သူလဲ"
"ဝုတ်(ဝမ်)၊ ဝုတ်(ဝမ်)၊ ဝုတ်(ဝမ်)!"
"အာ ဦးလေးဝမ်မဟုတ်ဘူး၊ ဦးလေးကောင်းလို့ခေါ်တယ်"
ကောင်းရှီချင်းက ပြုံးပြီး ခွေးလေးနှင့် ပျော်ရွှင်စွာ စကားပြောနေသည်။
"..."
ကျောင်းချီ မစ္စတာကောင်းအား အံ့ဩတကြီး ကြည့်မိလိုက်ပါတော့၏။
"မင်းတို့ Q တက္ကသိုလ်ကလူတွေအကုန်လုံး တစ်ပုံစံတည်း တွေးကြတာလား"
"ဘာကို" ကောင်းရှီချင်း ကျောင်းချီ ဘာကိုရည်ညွှန်းနေလဲ နားမလည်ဘဲ ‌ပြုံးကာမော့ကြည့်ချိန် အပြေးအလွှားရောက်လာသည့် ကျန်းချန်ဖေးကို မြင်လိုက်ရသည်။
"ချန်ဖေး!"
ညီကိုကောင်းနှစ်ယောက် လက်သီးချင်းတိုက်လိုက်ကြသည်။
"ဘယ်လိုလုပ် မင်းဒီမှာနေမယ် စဉ်းစားဖြစ်တာလဲ"
က
ျန်းချန်ဖေး သူ့ခွေးသားလေးကို ‌ချီလိုက်သည်။
"နှုတ်ဆက်လိုက်ဦး"
"သူခုလေးတင် နှုတ်ဆက်ပြီးတာ ဟားဟားဟား"
ကောင်းရှစ်ချင်းရယ်ကာ ခွေးခေါင်းလေးကို သပ်ပေးလိုက်သည်။
"ငါ ဒီနေ့ အိမ်မှာ ဘာဘီကျူးပါတီအတွက် ဝန်ထမ်းတစ်ချို့လာဖို့ ဖိတ်ထားတယ်၊ မင်းတို့လည်း လာသင့်တယ်"
"ဂုဏ်ပြုပွဲလား"
"ဟုတ်ပ"
ကျောင်းချီ ဒါကိုသိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှီးဖေးသည် လုပ်ငန်းအသစ်ဖွင့်ရန် ကောင်းရှီချင်း၏ delivery ပလတ်ဖောင်းအား အဆင့်မြှင့်တင်ခဲ့သည်။ ယခင်က သူတို့ ငါးကီလိုမီတာအတွင်းသာ ခရီးပေါက်ခဲ့သည်။ ပို့ဆောင်သူကောင်လေးများသည် အနီရောင် ယူနီဖောင်းများဝတ်ဆင်ပြီး လျှပ်စစ်ကားများ အသုံးပြုကြသည်။ အဆင့်မြှင့်တင်ပြီးနောက် “ငှက်ပြာပို့ဆောင်ရေး” ထပ်ပေါင်းခဲ့၏။ ငါးကီလိုမီတာ ဧရိယာအပြင်ဘက် အစားအသောက်ပို့ဆောင်ပေးသူများက အပြာရောင် ယူနီဖောင်းများဝတ်ပြီး မော်တော်ဆိုင်ကယ် သို့မဟုတ် ကားများ အသုံးပြုနိုင်သည်။
"တကယ်တော့လေ ငါ ‘အင်ပါယာ အစားအသောက်ပို့ဆောင်ရေး’ လည်း လုပ်ချင်သေးတာ၊ ပို့ဆောင်မဲ့သူတွေက အဝါရောင် ယူနီဖောင်းဝတ်ပြီး အစားအသောက်ပို့ဆောင်ပေးဖို့ ဟယ်လီကော်ပတာ သုံးမယ်လေ၊ ဖြစ်ချင်တော့ ဟန်များတဲ့ ဖောက်သည်က မများဘူးဖြစ်နေတယ်"
သူတို့ ဆွေးနွေးပဲကျင်းပချိန် ကောင်းရှီချင်းသည် သူ့ငြင်းပယ်ခံခဲ့ရသော အကြံဉာဏ်အတွက် ဝမ်းနည်းကာ ကျန်းချန်ဖေး၏ ရက်ရက်စက်စက် ရယ်ခြင်းကိုခံခဲ့ရသည်။
"ငါတို့မင်းကို မနှောင့်ယှက်တော့ဘူး၊ မင်းတို့ပျော်ကြပါ"
ကျန်းချန်ဖေးသည် သူ့ချစ်ဇနီးလေး ထွက်ပြေးမည်ကို တားဆီးရန် ခါးကိုဖက်ထားကာ ကောင်းရှီချင်းအား ဗိုလ်ကျကျပုံစံဖြင့် လက်ယမ်းပြလိုက်သည်။
"ကောင်းပြီလေ၊ ငါဆက်ပြေးလိုက်ဦးမယ်၊ ငါ့မှာ စိုင်သားရှိသေးတယ်၊ မင်းလိုချင်ရင် ငါ့ကို‌ပြောလိုက်၊ အစိမ်းရောင်ယူနီဖောင်းနဲ့ riderတွေကို ပို့ခိုင်းလိုက်မယ်"
ကောင်းရှီချင်းက ပြောရင်း ပြေးထွက်သွားသည်။
"တွေ့လား၊ ဒီနေရာက ငါ့လူတွေအပြည့်ပဲ၊ မင်းမလွတ်နိုင်ဘူး"
ကျန်းချန်ဖေးသည် သူ့ချစ်ဇနီးလေးလက်ကို ကိုင်ထားသော်ငြား မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်လာချေ၏။
"ငါထွက်ပြေးနေတာမဟုတ်ပါဘူးဆို"
ကျောင်းချီ ရှင်းပြရန် လက်လျှော့လိုက်တော့၏။
"မင်းခုလေးတင်တွေ့လိုက်ရတဲ့ အဲဝတုတ်က ငါ့အပေါင်းအသင်းပဲ၊ အဲတုန်းက ငါတို့အတူတူ တိုက်ခိုက်ခဲ့ကြတာပေါ့၊ နောက်တော့ သူ့အစိမ်းအနီဂိုဏ်းကို စထူထောင်ဖို့ သူ့လမ်းသူလျှောက်ခဲ့ပေမဲ့ ငါ့ထိန်းချုပ်မှုအောက် ရှိနေတုန်းပဲ"
ဂန်းစတားဘော့စ်တစ်ယောက်အနေနှင့် အာရှ-ပစိဖိတ် ဒေသအတွင်းရှိ ဂိုဏ်းအားလုံးသည် သူ့အမိန့်များ၏ လက်အောက်ခံများသာ ဖြစ်သည်။
အစိမ်းအနီဂိုဏ်း...
"ခင်ဗျားက သူတို့ကို နာမည်တောင်ပေးထားတယ်ပေါ့"
ကျောင်းချီ ငိုရမလား ရယ်ရမလား မသိတော့ပေ။
"ငါနောက်နေတာမဟုတ်ဘူး"
က
ျန်းချန်ဖေးသည် ပလိန်းပင်ပေါ်တွင် လက်တင်ထားကာ သူ့ချစ်ဇနီးလေးအား သစ်ပင်နှင့် ရင်ဘတ်ကြား ညှပ်ထားလိုက်ပြီး မေးစေ့ကို အခြားလက်တစ်ဖက်ဖြင့် ညှစ်လိုက်သည်။
"အစိမ်းအနီဂိုဏ်းက လုပ်ငန်းသေးလေးဆိုပေမဲ့ အဖွဲ့ဝင်တွေအများကြီးပဲ၊ ဒီမြို့ရဲ့ ထောင့်နေရာတိုင်းမှာ နေကြတာ၊ မင်း ထပ်ထွက်ပြေးရဲရင် တစ်စက္ကန့်အတွင်း ဖမ်းခံရမှာပဲ၊ အဲအချိန်ကျ ငါ ညင်သာမှာမဟုတ်ဘူး"
အဖွဲ့ဝင်တွေ အများကြီးပဲ။
ဒီမြို့ရဲ့ထောင့်နေရာတိုင်းမှာ နေကြတာ။
ကျောင်းချီ : "... အင်းပေါ့၊ deliပို့တဲ့လူတွေ သောင်းချီရှိတာကိုး"
[Zawgyi]
"..."
"..."
ယန်ယန် !
"..."
"ချန်ဖေး!"
"နှုတ်ဆက်လိုက်ဦး"
"ဂုဏ်ပြုပွဲလား"
"ဟုတ်ပ"
အစိမ်းအနီဂိုဏ်း...
"ငါနောက်နေတာမဟုတ်ဘူး"
Continue Reading
You'll Also Like
396K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
878K 59.2K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
771K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...