အနိုင်မခံ အရှုံးမပေးတဲ့ လင်းမိသားစု
...............................................
ကျားယင်က စိုးရိမ်ထိတ်လန့်စွာ နိုးလာသည်။ သို့သော် သူ့သားက နယ်နှင်ဒဏ်အပေးခံရပြီး ကျန်ချောင်းကလည်း သူ့သားနှင့် အဆက်အသွယ်ဖြတ်လိုက်သည်ဟု ကြားပြီးသောအခါ ဒေါသထွက်လွန်း၍ ထပ်သတိလစ်တော့မလိုပင်။ သူ့သားက သူအနှစ်သက်ဆုံးသောအလှလေးနှင့် ကျီစယ်ရဲသည်။ ၎င်းကသူ့မျက်နှာကို ရိုက်ချလိုက်ခြင်းပင်။
ကျားယွမ်လင်းသာ ဒဏ်ပေးမခံရလျှင် ကျားယင်က သူ့ကို ချေးယိုအောင်ရိုက်မိလောက်သည်။
သို့ရာတွင် ကျားယွမ်လင်းက နှစ်နှစ်ဆယ်မျှ နယ်နှင်ဒဏ်အပေးခံရသည်ဟု ကြားကြားချင်း ကျားယင်မှာ အရှင်လတ်လတ်နှလုံးဆွဲထုတ်ခံရသကဲ့သို့ ဒေါသထွက် နာကျင်မိသည်။
"သခင်ကြီး၊ ကချေသည် ...နိုးလာပါပြီ။" ကျားမိသားစု၏ အိမ်တော်ထိန်းက ချွေးသုတ်ရင်း ဂရုတစိုက်ပြောလိုက်သည်။
ကျားယင်၏အကြည့်များအေးစက်လာကာ သံပြတ်ဖြင့်ပြောလိုက်သည်။ "အဲ့ခွေးမကို သတ်လိုက်"
"ကျွန်တော် သူ့ကိုကုန်လှောင်ခန်းထဲမှာ ထည့်ထားပါတယ်။ ပြီးရင် ကျွန်တော် သူမကို အဆိပ်တစ်ခွက်ပေးပြီး မချိမဆံ့ဝေဒနာနဲ့ သေခိုင်းလိုက်ပါ့မယ်။" အိမ်တော်ထိန်းက အကြင်နာမဲ့စွာပြောသည်။
"သူမ မသေခင် မျကိနှာကိုဖြစ်ပြီး လက်တွေဖြတ်လိုက်"
ကျားယင်က ရုန်းကန်၍ထထိုင်ကာ အိပ်ရာခေါင်းရင်းသို့ မျက်နှာမည်းကြီးနှင့် လေးလံစွာ မှီချလိုက်သည်။ သူက အိမ်တော်ထိန်းအား ယုတ်မာသောအကြည့်ဖြင့်ကြည့်လိုက်သည်။ "အသက်ရှင်ရက်နဲ့ သေတာက ဘယ်လိုမျိုးလဲဆိုတာ သူမကိုသိခိုင်းလိုက်။"
"ဟုတ်ကဲ့ပါ။ သခင်ကြီးပြောသလို ကျွန်တော်လုပ်လိုက်ပါ့မယ်။" အိမ်တော်ထိန်းက သူ့ကိုချက်ချင်းပြန်ဖြေသည်။
"ငါ့ဇနီးကော ဘယ်မှာလဲ။"
"သူမက သမားတော်ညွှန်လိုက်တဲ့ ဆေးဝါးအရောအစပ်ကို သောက်ထားပါတယ်။ နေဝင်ရီတရောအချိန်လောက်ကျရင် သူမနိုးလာလိမ့်မယ်လို့ သမားတော်ကပြောပါတယ်။"
ကျားယင်က သူ့ဇနီးကိုလုံးဝဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူမအားမုန်းတီးနေသေးသည်။ "ဒီအသုံးမကျတဲ့မိန်းမက လင်းအာကို အလိုလိုက်ခဲ့လို့ဖြစ်တာ။ "
အိမ်တော်ထိန်းက သူ့စကားများကို ပြန်မဖြေရဲပေ။
"ဒုတိယသခင်ကြီး ဘယ်မှာလဲ။ မင်း သူ့ကိုကော ပြန်ခေါ်ထားလား။"
"ကျွန်တော် ဒုတိယသခင်ကြီးကို သွားခေါ်ဖို့အတွက် တစ်ယောက်လွှတ်ထားပါတယ်။ ဒုတိယသခင်ကြီးက ညဉ့်သန်းခေါင်လောက်ကျရင် ရောက်လာမယ်လို့ခန့်မှန်းရပါတယ်။"
"သတ္ထုတွင်း အခြေအနေကကော။ အဲ့ဒါပါ ငြိသွားသေးလား။"
"သတ္ထုတွင်းဘက်မှာ အရာအားလုံးအဆင်ပြေနေပါတယ်။ ရုံးတော်သားတွေက သတ္ထုတွင်းကို ဘာမှအရေးမယူပါဘူး။" ကျားယင်အားကြည့်ကာ ဆက်ပြောသည်။ " နယ်စောင့်တပ်မှူးကျန်က တပ်စခန်းကိုပြန်သွားပြီးတော့ ပြန်ထွက်မလာသေးပါဘူး။"
ကျန်ချောင်းဟုကြားသောအခါ ကျားယင်၏မျကိနှာကပိုမည်းလာသည်။ ထို့နောက် သူကဒေါသတကြီးပြောလိုက်သည်။ "ငါတို့က သူ့ကိုငွေကြေးတွေ၊ ရတနာတွေအများကြီး ပေးခဲ့တယ်။ သတ္ထုတွင်းကထွက်သမျှအားလုံးကိုလည်း သူ့ဆီခိုးရောင်းပေးခဲ့တာ။ အဲ့ဒါအပြင် ငါ့သားကိုလည်း သူ့ကိုခေါင်းကိုင်အဖေလို သဘောထားဖို့ မှာထားတယ်။ ဒါကိုတောင် သူကငါတို့လင်းအာကို ဘာကြောင့်မကယ်တာလဲ။"
"အဲ့ဒါ...အဲ့အချိန်တုန်းက လူထုတောင်းဆိုချက်တွေကြောင့်ပါ။အဲ့ဒိအယုတ်တမာလင်းမိသားစုက နယ်စောင့်တပ်မှူးကျန်ကို ဥပဒေဆန့်ကျင်ပြီး ပုန်ကန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ထုန်ပန်ကတောင် နယ်စောင့်တပ်မှူးကျန်ကို သံသယစဝင်နေပါပြီ။ ဒီ့အပြင် သခင်လေးက...သူ့အပြစ်ကို ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။"
ကျားယင်က အိပ်ရာဘေးမှ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များအား ရုတ်တရက်တိုက်ချလိုက်ပြီး အစိတ်စိတ်အမြွှာမြွှာခွဲလိုက်သည်။ ကျားယင်က ဒေါသထွက်နေသည်။ "အသုံးမကျတဲ့ ချာတူးလံကောင်"
"လင်းမိသားစုကကော"
"သူတို့ ပြန်သွားပါပြီ။ လင်းရှင်းကျုံ ပြန်လာပြီလို့ ကြားပါတယ်။"
"အချိန်ကိုက်ပဲ။ သူတို့က ငါတို့မိသားစုကို အနိုင်ကျင့်ရဲမှတော့ နောက်ဆက်တွဲတွေကိုလည်း ခံရမှာပေါ့။"
"သခင်ကြီး" အိမ်တော်ထိန်းက ဂရုတစိုက်ပြောသည်။ " အခု ဦးစားပေးကိစ္စက နယ်စောင့်တပ်မှူးကျန်ရဲ့ သဘောထားပျော့ပျောင်းအောင်လုပ်ရမှာလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ နယ်စောင့်တပ်မှူးကျန်ရဲ့ အထောက်အပံ့ကို ဆုံးရှုံးသွားလို့မဖြစ်ပါဘူး။"
ကျားယင်က ဒေါသကို ရင်ထဲ၌ ထိန်းချုပ်ထားရင်း ခေတ္တမျှ တိတ်သွားသည်။ ထို့နောက် သူကပြောလာသည်။ "ဒုတိယသခင်ကြီးပြန်လာရင် ငါနဲ့လာတွေ့ခိုင်းလိုက်။"
"ဟုတ်ကဲ့ပါ၊ သခင်ကြီး" အိမ်တော်ထိန်းက ပြန်ဖြေသည်။
*****
လင်းကျန်က အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောပြနေစဉ်တွင် လင်းမိသားစုအိမ်ခန်းမတစ်ခုလုံး တိတ်ဆိတ်ကာ ဒေါသများကြီးစိုးနေသည်။
စိတ်မချမ်းသာစရာအခြေအနေကြောင့် ထိတ်လန့်ကာ လင်းမောက်မောက်က လင်းကျန်၏ရင်ခွင်ထဲ၌ ခွေနေသည်။
"ဘန်း" လင်းရှင်းကျုံက စားပွဲအား ခပ်ပြင်းပြင်ရိုက်ချလိုက်ရာ စားပွဲပေါ်မှခွက်များ တုန်ခါသွားသည်။ သူကအလွန်ဒေါသထွက်နေသည်။ "အဲ့လို အောက်တန်းကျရိုင်းစိုင်းတဲ့ကောင်က လင်းမိသားစုကို ဘယ်လိုလုပ်အမှုဆင်ရဲရတာလဲ။" လင်းကျိုးဝမ်ကပြောသည်။
"ငါတို့လင်းမိသားစုက အရှုံးမပေးဘူး။ ငါတို့က ဘုရင်မင်းမြတ်ပေါ်ပဲဖြစ်ဖြစ်၊ ဘိုးဘေးတွေပေါ်ပဲဖြစ်ဖြစ် ဘာအပြစ်မှမလုပ်ထားဘူး။ ငါတို့က အဲ့အရိုင်းအစိုင်းတွေကို ကြောက်နေရမှာလား။" လင်းရှင်းကျုံက ဒေါသတကြီးပြောသည်။
လင်းကျိုးဝမ်က ပြောစရာမဲ့နေသည်။ သူ့အဖေက ဒေါသကြီးပြီး တူဖြစ်သူနှင့်ယှဉ်ပါက သိပ်လိမ္မာပါးနပ်မှုမရှိဟု သူထင်မိသည်။ ယခင်ကဆိုလျှင် သူ့တူကလည်း သူ့အဖေကဲ့သို့ စိတ်တိုလွယ်သည်။ သူ့တူ၏အရိပ်သုံးပါးနားမလည်မှုအတွက်ပင် သူအမြဲတမ်းပူပန်ခဲ့ရသောအချိန်မျိုး ရှိခဲ့သည်။ ကံကောင်းစွာဖြင့် သူ့တူကပြောင်းလဲသွားသော်လည်း နာကျင်စရာနည်းလမ်းမျိုးကြောင့် ဖြစ်နေသည်။
လင်းကျန်က လင်းကျိုးဝမ်၏ ခံစားချက်ကို သတိမထားမိပေ။ သူက သူ့အဖိုးအကြောင်းကို ကောင်းကောင်းသိသည်။ သူတွေးနေသည်မှာ ယခုသူ့အဖိုးပြန်လာပြီဖြစ်ရာ စေ့စပ်ပွဲဖျက်သိမ်းမည့်အကြောင်းကို ပြောလိုက်သင့်သလားဟူ၍ပင်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
လင်းကျန်: အခုက စေ့စပ်ပွဲဖျက်သိမ်းရမဲ့အချိန်ထင်တယ်။
ယွီဝမ်ထုန်: ဘာ။ စေ့စပ်ပွဲအကြောင်းကို ကိုယ်မသိသေးပေမဲ့ မင်းအဲ့လိုဖျက်လို့မရဘူးလေ၊ အချစ်လေး။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အနိုင္မခံ အရႈံးမေပးတဲ့ လင္းမိသားစု
...............................................
က်ားယင္က စိုးရိမ္ထိတ္လန့္စြာ နိုးလာသည္။ သို႔ေသာ္ သူ႕သားက နယ္ႏွင္ဒဏ္အေပးခံရၿပီး က်န္ေခ်ာင္းကလည္း သူ႕သားႏွင့္ အဆက္အသြယ္ျဖတ္လိုက္သည္ဟု ၾကားၿပီးေသာအခါ ေဒါသထြက္လြန္း၍ ထပ္သတိလစ္ေတာ့မလိုပင္။ သူ႕သားက သူအႏွစ္သက္ဆုံးေသာအလွေလးႏွင့္ က်ီစယ္ရဲသည္။ ၎ကသူ႕မ်က္ႏွာကို ရိုက္ခ်လိဳက္ျခင္းပင္။
က်ားယြမ္လင္းသာ ဒဏ္ေပးမခံရလွ်င္ က်ားယင္က သူ႕ကို ေခ်းယိုေအာင္ရိုက္မိေလာက္သည္။
သို႔ရာတြင္ က်ားယြမ္လင္းက ႏွစ္ႏွစ္ဆယ္မွ် နယ္ႏွင္ဒဏ္အေပးခံရသည္ဟု ၾကားၾကားခ်င္း က်ားယင္မွာ အရွင္လတ္လတ္ႏွလုံးဆြဲထုတ္ခံရသကဲ့သို႔ ေဒါသထြက္ နာက်င္မိသည္။
"သခင္ႀကီး၊ ကေခ်သည္ ...နိုးလာပါၿပီ။" က်ားမိသားစု၏ အိမ္ေတာ္ထိန္းက ေခြၽးသုတ္ရင္း ဂ႐ုတစိုက္ေျပာလိုက္သည္။
က်ားယင္၏အၾကည့္မ်ားေအးစက္လာကာ သံျပတ္ျဖင့္ေျပာလိုက္သည္။ "အဲ့ေခြးမကို သတ္လိုက္"
"ကြၽန္ေတာ္ သူ႕ကိုကုန္ေလွာင္ခန္းထဲမွာ ထည့္ထားပါတယ္။ ၿပီးရင္ ကြၽန္ေတာ္ သူမကို အဆိပ္တစ္ခြက္ေပးၿပီး မခ်ိမဆံ့ေဝဒနာနဲ႕ ေသခိုင္းလိုက္ပါ့မယ္။" အိမ္ေတာ္ထိန္းက အၾကင္နာမဲ့စြာေျပာသည္။
"သူမ မေသခင္ မ်ကိႏွာကိုျဖစ္ၿပီး လက္ေတြျဖတ္လိုက္"
က်ားယင္က ႐ုန္းကန္၍ထထိုင္ကာ အိပ္ရာေခါင္းရင္းသို႔ မ်က္ႏွာမည္းႀကီးႏွင့္ ေလးလံစြာ မွီခ်လိဳက္သည္။ သူက အိမ္ေတာ္ထိန္းအား ယုတ္မာေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။ "အသက္ရွင္ရက္နဲ႕ ေသတာက ဘယ္လိုမ်ိဳးလဲဆိုတာ သူမကိုသိခိုင္းလိုက္။"
"ဟုတ္ကဲ့ပါ။ သခင္ႀကီးေျပာသလို ကြၽန္ေတာ္လုပ္လိုက္ပါ့မယ္။" အိမ္ေတာ္ထိန္းက သူ႕ကိုခ်က္ခ်င္းျပန္ေျဖသည္။
"ငါ့ဇနီးေကာ ဘယ္မွာလဲ။"
"သူမက သမားေတာ္ၫႊန္လိုက္တဲ့ ေဆးဝါးအေရာအစပ္ကို ေသာက္ထားပါတယ္။ ေနဝင္ရီတေရာအခ်ိန္ေလာက္က်ရင္ သူမနိုးလာလိမ့္မယ္လို႔ သမားေတာ္ကေျပာပါတယ္။"
က်ားယင္က သူ႕ဇနီးကိုလုံးဝဂ႐ုမစိုက္ေပ။ ဆန့္က်င္ဘက္အေနျဖင့္ သူက သူမအားမုန္းတီးေနေသးသည္။ "ဒီအသုံးမက်တဲ့မိန္းမက လင္းအာကို အလိုလိုက္ခဲ့လို႔ျဖစ္တာ။ "
အိမ္ေတာ္ထိန္းက သူ႕စကားမ်ားကို ျပန္မေျဖရဲေပ။
"ဒုတိယသခင္ႀကီး ဘယ္မွာလဲ။ မင္း သူ႕ကိုေကာ ျပန္ေခၚထားလား။"
"ကြၽန္ေတာ္ ဒုတိယသခင္ႀကီးကို သြားေခၚဖို႔အတြက္ တစ္ေယာက္လႊတ္ထားပါတယ္။ ဒုတိယသခင္ႀကီးက ညဥ့္သန္းေခါင္ေလာက္က်ရင္ ေရာက္လာမယ္လို႔ခန့္မွန္းရပါတယ္။"
"သတၳဳတြင္း အေျခအေနကေကာ။ အဲ့ဒါပါ ၿငိသြားေသးလား။"
"သတၳဳတြင္းဘက္မွာ အရာအားလုံးအဆင္ေျပေနပါတယ္။ ႐ုံးေတာ္သားေတြက သတၳဳတြင္းကို ဘာမွအေရးမယူပါဘူး။" က်ားယင္အားၾကည့္ကာ ဆက္ေျပာသည္။ " နယ္ေစာင့္တပ္မႉးက်န္က တပ္စခန္းကိုျပန္သြားၿပီးေတာ့ ျပန္ထြက္မလာေသးပါဘူး။"
က်န္ေခ်ာင္းဟုၾကားေသာအခါ က်ားယင္၏မ်ကိႏွာကပိုမည္းလာသည္။ ထို႔ေနာက္ သူကေဒါသတႀကီးေျပာလိုက္သည္။ "ငါတို႔က သူ႕ကိုေငြေၾကးေတြ၊ ရတနာေတြအမ်ားႀကီး ေပးခဲ့တယ္။ သတၳဳတြင္းကထြက္သမွ်အားလုံးကိုလည္း သူ႕ဆီခိုးေရာင္းေပးခဲ့တာ။ အဲ့ဒါအျပင္ ငါ့သားကိုလည္း သူ႕ကိုေခါင္းကိုင္အေဖလို သေဘာထားဖို႔ မွာထားတယ္။ ဒါကိုေတာင္ သူကငါတို႔လင္းအာကို ဘာေၾကာင့္မကယ္တာလဲ။"
"အဲ့ဒါ...အဲ့အခ်ိန္တုန္းက လူထုေတာင္းဆိုခ်က္ေတြေၾကာင့္ပါ။အဲ့ဒိအယုတ္တမာလင္းမိသားစုက နယ္ေစာင့္တပ္မႉးက်န္ကို ဥပေဒဆန့္က်င္ၿပီး ပုန္ကန္ေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ထုန္ပန္ကေတာင္ နယ္ေစာင့္တပ္မႉးက်န္ကို သံသယစဝင္ေနပါၿပီ။ ဒီ့အျပင္ သခင္ေလးက...သူ႕အျပစ္ကို ကိုယ္တိုင္ဝန္ခံခဲ့ပါတယ္။"
က်ားယင္က အိပ္ရာေဘးမွ စားပြဲေပၚရွိ လက္ဖက္ရည္ခြက္မ်ားအား ႐ုတ္တရက္တိုက္ခ်လိဳက္ၿပီး အစိတ္စိတ္အႁမႊာႁမႊာခြဲလိုက္သည္။ က်ားယင္က ေဒါသထြက္ေနသည္။ "အသုံးမက်တဲ့ ခ်ာတူးလံေကာင္"
"လင္းမိသားစုကေကာ"
"သူတို႔ ျပန္သြားပါၿပီ။ လင္းရွင္းက်ဳံ ျပန္လာၿပီလို႔ ၾကားပါတယ္။"
"အခ်ိန္ကိုက္ပဲ။ သူတို႔က ငါတို႔မိသားစုကို အနိုင္က်င့္ရဲမွေတာ့ ေနာက္ဆက္တြဲေတြကိုလည္း ခံရမွာေပါ့။"
"သခင္ႀကီး" အိမ္ေတာ္ထိန္းက ဂ႐ုတစိုက္ေျပာသည္။ " အခု ဦးစားေပးကိစၥက နယ္ေစာင့္တပ္မႉးက်န္ရဲ႕ သေဘာထားေပ်ာ့ေပ်ာင္းေအာင္လုပ္ရမွာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ နယ္ေစာင့္တပ္မႉးက်န္ရဲ႕ အေထာက္အပံ့ကို ဆုံးရႈံးသြားလို႔မျဖစ္ပါဘူး။"
က်ားယင္က ေဒါသကို ရင္ထဲ၌ ထိန္းခ်ဳပ္ထားရင္း ေခတၱမွ် တိတ္သြားသည္။ ထို႔ေနာက္ သူကေျပာလာသည္။ "ဒုတိယသခင္ႀကီးျပန္လာရင္ ငါနဲ႕လာေတြ႕ခိုင္းလိုက္။"
"ဟုတ္ကဲ့ပါ၊ သခင္ႀကီး" အိမ္ေတာ္ထိန္းက ျပန္ေျဖသည္။
*****
လင္းက်န္က အျဖစ္အပ်က္တစ္ခုလုံးကို ျပန္ေျပာျပေနစဥ္တြင္ လင္းမိသားစုအိမ္ခန္းမတစ္ခုလုံး တိတ္ဆိတ္ကာ ေဒါသမ်ားႀကီးစိုးေနသည္။
စိတ္မခ်မ္းသာစရာအေျခအေနေၾကာင့္ ထိတ္လန့္ကာ လင္းေမာက္ေမာက္က လင္းက်န္၏ရင္ခြင္ထဲ၌ ေခြေနသည္။
"ဘန္း" လင္းရွင္းက်ဳံက စားပြဲအား ခပ္ျပင္းျပင္ရိုက္ခ်လိဳက္ရာ စားပြဲေပၚမွခြက္မ်ား တုန္ခါသြားသည္။ သူကအလြန္ေဒါသထြက္ေနသည္။ "အဲ့လို ေအာက္တန္းက်ရိဳင္းစိုင္းတဲ့ေကာင္က လင္းမိသားစုကို ဘယ္လိုလုပ္အမႈဆင္ရဲရတာလဲ။" လင္းက်ိဳးဝမ္ကေျပာသည္။
"ငါတို႔လင္းမိသားစုက အရႈံးမေပးဘူး။ ငါတို႔က ဘုရင္မင္းျမတ္ေပၚပဲျဖစ္ျဖစ္၊ ဘိုးေဘးေတြေပၚပဲျဖစ္ျဖစ္ ဘာအျပစ္မွမလုပ္ထားဘူး။ ငါတို႔က အဲ့အရိုင္းအစိုင္းေတြကို ေၾကာက္ေနရမွာလား။" လင္းရွင္းက်ဳံက ေဒါသတႀကီးေျပာသည္။
လင္းက်ိဳးဝမ္က ေျပာစရာမဲ့ေနသည္။ သူ႕အေဖက ေဒါသႀကီးၿပီး တူျဖစ္သူႏွင့္ယွဥ္ပါက သိပ္လိမၼာပါးနပ္မႈမရွိဟု သူထင္မိသည္။ ယခင္ကဆိုလွ်င္ သူ႕တူကလည္း သူ႕အေဖကဲ့သို႔ စိတ္တိုလြယ္သည္။ သူ႕တူ၏အရိပ္သုံးပါးနားမလည္မႈအတြက္ပင္ သူအၿမဲတမ္းပူပန္ခဲ့ရေသာအခ်ိန္မ်ိဳး ရွိခဲ့သည္။ ကံေကာင္းစြာျဖင့္ သူ႕တူကေျပာင္းလဲသြားေသာ္လည္း နာက်င္စရာနည္းလမ္းမ်ိဳးေၾကာင့္ ျဖစ္ေနသည္။
လင္းက်န္က လင္းက်ိဳးဝမ္၏ ခံစားခ်က္ကို သတိမထားမိေပ။ သူက သူ႕အဖိုးအေၾကာင္းကို ေကာင္းေကာင္းသိသည္။ သူေတြးေနသည္မွာ ယခုသူ႕အဖိုးျပန္လာၿပီျဖစ္ရာ ေစ့စပ္ပြဲဖ်က္သိမ္းမည့္အေၾကာင္းကို ေျပာလိုက္သင့္သလားဟူ၍ပင္။
စာေရးသူမွာ ေျပာစရာရွိပါတယ္။
လင္းက်န္: အခုက ေစ့စပ္ပြဲဖ်က္သိမ္းရမဲ့အခ်ိန္ထင္တယ္။
ယြီဝမ္ထုန္: ဘာ။ ေစ့စပ္ပြဲအေၾကာင္းကို ကိုယ္မသိေသးေပမဲ့ မင္းအဲ့လိုဖ်က္လို႔မရဘူးေလ၊ အခ်စ္ေလး။