အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

46.8K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 41.2

664 101 2
By Alittlecoin

"Pink, pink, pink 2"

ရေစိုနေတဲ့ဆံပင်တွေက သူ့ခေါင်းရဲ့ဘေးနှစ်ဖက်မှာ ကပ်နေကာ ပုလဲလုံးသဖွယ်ရေစက်တွေက သူမျက်နှာပေါ် တပေါက်ပေါက် ကျဆင်းလို့နေတယ်။

ရေစက်တွေက သူ့မျက်နှာကတစ်ဆင့် သူ့ရဲ့ရင်အုပ်ကြွက်သားတွေပေါ် ဆက်တိုက်ကျဆင်းနေကာ ရေချိုးကန်ထဲကို စီးကျနေလေတယ်။

မက်မွန်သီးသဏ္ဍာန်မျက်လုံးတွေက သူ့ရှေ့ကရေကို အမူအရာကင်းမဲ့စွာနဲ့ ကြည့်နေကာ
ထိုအကြည့်တွေထဲမှာ အန္တရာယ်ပြုမဲ့မကောင်းတဲ့အငွေ့အသက်တို့ တစိုးတစိမှ မပါဝင်လေဘဲ ရှောင်လင်ရဲ့နှလုံးခုန်သံတွေက ဒုန်းစိုင်းလာတယ်။

စိတ်လွတ်သွားတဲ့ တခဏမှာပဲ ရေချိုးကန်ဘောင်ပေါ်ထိုင်နေတဲ့ သူမရဲ့ဟန်ချက်က ပျက်ယွင်းသွားကာ သူ့မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နောက်ဘက်ကို လှန်ပြီးပြုတ်ကျသွားလေတယ်။

ကြမ်းပြင်နဲ့ အရင်ဆုံးမိတ်ဆက်လိုက်ရတဲ့ သူမရဲ့တင်ပါးက တော်တော်လေးနာကျင်သွားရကာ သူမမှာ အသက်တောင်မနည်းရူလိုက်ရတယ်။

ထိုညမှာ အဖွဲ့မှူးနင်က အပေါ်ပိုင်းဦးခေါင်းတစ်ခုလုံး နာကျင်သွားကာ ထန်းရှောင်က အောက်ပိုင်းတင်ပိုင်းတစ်ခုလုံး နာကျင်သွားခဲ့ရလေတယ်။

ပညာရှိပြောနည်းပြောသလိုဆို နှစ်ဖက်လုံး အထိနာတယ်ဆိုတာမျိုး။

"အဲဒါ, ရှင် အဆင်ပြေရဲ့လား?" ရှောင်လင် အားနည်းချိတဲ့စွာ မေးလိုက်တယ်။

သူမ သူ့ကို ရေချိုးကန်ထဲကနေ ဆွဲထုတ်လိုက်ပြီး တဘက်တစ်ထည်နဲ့သူ့ကို ပွတ်သုတ်ပေးလိုက်ကာ သူ့တစ်ကိုယ်လုံးကို စောင်နဲ့ထုပ်ပေးလိုက်တယ်။

"ရှင့်ရဲ့ဖြူစင်မှုအတွက် လုပ်ပေးရတာ ကျွန်မအတွက်လည်း တကယ်မလွယ်ဘူး။ အမျိုးသားတွေဆိုတာ သန့်ရှင်းနေသင့်တယ်မလား? ကောင်းပြီ, ရှင် အနားယူနိုင်ပြီ။ ကျွန်မ အရင်ဆုံး သွားတော့မယ်။ ရှင့်ကိုယ့်ရှင် ဂရုစိုက်ပါ, ရှင် စိတ်မထိန်းနိုင်ရင် ရှင့်စိတ်ကို ရှင်းဖို့ ကျွန်မရဲ့နည်းလမ်းအတိုင်း လုပ်ဖို့မမေ့နဲ့" ရှောင်လင်က ထွက်ခါနီးမှာ သူ့အတွက် လမ်းညွှန်ချက်အချို့ ပြောလိုက်လေတယ်။

အဖွဲ့မှူးနင်ရဲ့မျက်လုံးတွေက သူမကို သတ်မဲ့အရိပ်အယောင်တွေ ထပ်ဖြစ်လာပြန်တယ်။

ထို့နောက်မှာတော့ ရှောင်လင်သိလိုက်ရတာ အဖွဲ့မှူးနင်က အလွန်အမင်းကို စိတ်သဘောထားကျဉ်းမြောင်းတဲ့ လူအမျိုးအစားထဲ ပါနေတယ်ဆိုတာပဲ။

သူမက သူ့ကို မမေ့နိုင်တဲ့ညတစ်ညကို ပေးခဲ့ပြီးနောက်မှာ သူကလည်း သူမကို ထိုနည်းတူစွာ ပေးအပ်လာလေတယ်။

ဒုတိယမြောက်ရက်မှာ သူက သူမကို ရေကူးကန်ထဲ ပစ်ချဖို့ တစ်စုံတစ်ယောက်ကို ညွှန်ကြားခဲ့ကာ သူမကို ရေထဲမှာ နှစ်နာရီစိမ်ခိုင်းစေပြီး ပြန်ထွက်လာခွင့်မပြုပေ။

အောက်တိုဘာလနှောင်းပိုင်း ဖြစ်တာကြောင့် ရာသီဉတုက အေးစပြုနေကာ ရှောင်လင်တစ်ယောက် ရေထဲမှာ မေးချင်းရိုက်နေတော့တယ်။

ရေကူးကန်ရဲ့ ဘောင်အစပ်နားရောက်တဲ့အချိန် အဖွဲ့မှူးနင်ရဲ့အလွန်တရာ အေးစက်နေတဲ့ အသံကြီးကို သူမ ကြားလိုက်ရတယ်။
"ရှောင်လင်, မင်းဘာလုပ်ချင်နေတာလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း ကစားပွဲတစ်ခု လုပ်ချင်နေတယ်ဆိုရင်တော့ ကစားဖို့သေချာပြင်ဆင်ထား"

ရှောင်လင် ရေထဲကနေ အသံတိတ် လက်ခလယ်ထောင်ပြလိုက်တယ်။

သူမ ဒီလိုလူမျိုးကို ကြွေသွားရတာ သူမမျက်လုံးတွေ ကန်းသွားလို့ ဖြစ်မယ်။

ထိုညမှာတော့ မျှော်လင့်ထားတဲ့အတိုင်း သူမအအေးမိသွားတယ်။
နည်းနည်းလေး ပြန်မသက်သာခင်အထိ သူမမှာ တစ်နေ့လုံးအိပ်ရာထဲမှာပဲ လူသေကောင်လို လှဲနေခဲ့ရတယ်။

အဖွဲ့မှူးနင်အပေါ် ထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာတွေကလည်း ချက်ချင်းဆိုသလို ရွံရှာစက်ဆုပ်ခြင်းအဖြစ်ကို ရောက်သွားလေတယ်။

မမျှော်လင့်ထားပဲ ထိုအချိန်တွေအတွင်းမှာ ထန်းရှောင်ကို Wanyu Mediaက အများကြီး ရင်းနှီးမြုပ်​နှံဖို့ဆန္ဒရှိတဲ့ လူသစ်လေးအဖြစ်နဲ့ ပွဲဦးထွက်မိတ်ဆက်လိုက်တယ်။
ချက်ချင်းပဲ သတင်းမီဒီယာတွေက သူမက အဖွဲ့မှူးနင်ရဲ့အချစ်သစ်လေး ဖြစ်မယ်လို့ ရူးသွပ်စွာကို ပြောဆိုဖော်ပြကြတော့တယ်။

ထိုအခိုက်အတန့်မှာပဲ ရှောင်လင် သူမရဲ့အခွင့်အရေး ရောက်လာပြီလို့ ခံစားမိလိုက်တယ်။

ထို့ကြောင့် ထန်းရှောင်ရဲ့ လက်ထောက်ဖြစ်ခွင့်ရဖို့ အတွက် စေတနာ့ဝန်ထမ်းလုပ်ဖို့ အခွင့်အရေးကို သူမလက်ဦးမှုယူလိုက်တယ်။

ပထမဆုံးနေ့မှာတင် အဖွဲ့မှူးနင်က သူမကို ထန်းရှောင်ကို မထိဖို့ သတိပေးလိုက်တယ်။

သူမ ထန်းရှောင်ရဲ့ဘေးနားမှာ လက်ထောက်အဖြစ်နေတဲ့ အချိန်တွေအတွင်း အဖွဲ့မှူးနင်ကို အပြင်းစားရိုက်ချက်မျိုးပေးနိုင်မဲ့ သတင်းအရင်းအမြစ်အချို့ကို ရှာဖွေစုံစမ်းတော့လေတယ်။

ဒါပေမဲ့ အဆုံးမှာတော့, အဖွဲ့မှူးနင်ရဲ့မှောင်မိုက်နေတဲ့ သမိုင်းကြောင်းကို ရှာမတွေ့သွားဘဲ ထန်းရှောင်ရဲ့မှောင်မိုက်နေတဲ့ သမိုင်းကြောင်းကို တစ်လုံးမကျန် တစ်လက်မကအစ အကုန်လုံးကို သူမသိလိုက်ရတယ်။

ဉပမာပြောရရင်, Weibo မှာ သူ့ကိုယ်သူ ချီးကျူးအမွှန်းတင်ဖို့ accountအသစ်တွေ ဆက်တိုက်ဖွင့်တာမျိုး။
မှတ်ချက်ပေးတာတွေကလည်း, "ထန်းရှောင်, ထန်းရှောင်က အလှဆုံးပဲ, ထန်းရှောင်က ဘယ်လောက်ထိ သဘောကောင်းလဲဆိုတာ မင်းတို့သိကြလား~ ထန်းရှောင်က...ဘလာ ...ဘလာ..ဘလာ~" အဲလိုမျိုးတွေ။

ပြီးတော့လည်း သူမကို သဘောမကျတဲ့ anti တွေနဲ့ ပြိုင်ကိုက်ဖို့ တခြားaccountတွေကို အသုံးပြုတာမျိုး။
ဒါမှမဟုတ် မူချောင်ရဲ့Webio စာမျက်နှာထက်မှာ နေ့တိုင်းလိုလို အချစ်တွေဝန်ခံဖို့ သူမရဲ့accountပေါင်းစုံကို လှဲလှယ်အသုံးပြုတာမျိုးတွေ။

ဒါက ထန်းရှောင် ဘယ်လောက် အရှက်တရားကင်းမဲ့နေသလဲဆိုတာရဲ့ ခေါင်းစဉ်ခွဲသေးသေးလေးပဲ ရှိသေးတယ်။

တစ်ဖက်မှာတော့ အဖွဲ့မှူးနင်မှာ အတင်းအဖျင်း အရှုပ်အရှင်းတစ်ခုမှပင် မရှိချေ။

ရှောင်လင်ကတော့ ထန်းရှောင်ရဲ့အိမ်မှာ အဖွဲ့မှူးနင်ကို လက်ပူးလက်ကြပ်ဖမ်းမိဖို့ ကြိုးစားနေလေတယ်။

သို့ပေမဲ့လည်း, အဆုံးမှာတော့ သူမ လဝက်လုံးနီးပါး မမြင်ကွယ်ရာမှာ ဝပ်ပြီးစောင့်ကြည့်နေခဲ့ပေမဲ့ သူ့အရိပ်လေးတစ်ခုကိုတောင် မမြင်ခဲ့ရပေ။

ရွက်သစ်တွေလည်း ဝေ၊ ရွက်ဟောင်းတွေလည်း ကြွေရင်း တစ်ရက်ပြီးတစ်ရက် အချိန်ကြာနှောင်းလာတဲ့အခါမှာတော့ သူမရဲ့ မီးလိုဟုန်းဟုန်းတောက်လောင်နေတဲ့ စိတ်အစုံက တဖြေးဖြေးချင်း အနည်ထိုင်လာကာ သူမက ထန်းရှောင်နဲ့တောင် မာကျောက်ကစားတဲ့နေရာမှာ အလွန်ရင်းနှီးတဲ့ဘော်ဒါတွေဖြေစ်လာတော့တယ်။

မိတ်ဖြစ်ဆွေဖြစ် မာကျောက်ကစားတဲ့တွေ့ဆုံပွဲတစ်ခုမှာ ရှောင်လင် မထင်မှတ်ထားဘဲ အများကြီးအနိုင်ရသွားတယ်။
ထို့ကြောင့် သူမ ညစာတနပ် ဧည့်ခံမယ်လို့ ပြောလိုက်တယ်။ ထိုညမှာ သူတို့တွေ အများကြီး သောက်လိုက်မိကြတယ်။

အရက်က တကယ့်ကို လိမ်လည်လှည့်ဖြားနိုင်တဲ့အရာမျိုးဆိုတာ ရှောင်လင် အဲဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။

ပထမဆုံးအကြိမ်အနေနဲ့, အဖွဲ့မှူးနင်က သောက်မိလိုက်တဲ့အချိန်ဆို ပုံမှန်ထက်ကို အလေးအနက်ဖြစ် တည်ငြိမ်လွန်းတယ်ဆိုတာ ရှောင်လင်သိလိုက်ရတယ်။

သူ့မျက်လုံးတွေက သူမကိုကြည့်နေတုန်း မျက်တောင်တစ်ချက်ပင် မခတ်ချေ။

ရှောင်လင် အများကြီးသောက်လိုက်မိပြီး သူမရဲ့စိတ်က ပုံမှန်လို အလုပ်မလုပ်ဘူးဆိုပေမဲ့ သူမရဲ့ပင်ကိုယ်အသိစိတ်က ပြောနေတာ အဖွဲ့မှူးနင် သူမကို ကြည့်နေတဲ့ပုံက သတင်းဆိုးပဲတဲ့။

"ရှင် တစ်ယောက်ချင်းချချင်လို့လား?" သူမ မစဉ်းစားဘဲ ထိုစကားကို ပြောချလိုက်တယ်။

ထို့နောက်မှာ အဖွဲ့မှူးနင်က ခေါင်းညိတ်ပြလိုက်တယ်။

ဒါပေမဲ့ ဒီရိုးရှင်းလှတဲ့ စကားလေးဖြစ်တဲ့ တစ်ယောက်ချင်းချတယ်ဆိုတာ အိပ်ရာထဲမှာပင်။

ဒီတိုက်ပွဲရဲ့နံမည်လေးကတော့ "အသားစားပြိုင်ပွဲ"လို့ ခေါ်တွင်ပါသတဲ့။

ပြီးတော့ ဒါက သူမ အဖွဲ့မှူးနင်နဲ့ မတော်တဆအိပ်မိသွားတဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ်တယ်။

နောက်တစ်ရက်မှာ သူမနိုးလာတော့ , သူမကိုယ်သူမ ပါးရိုက်ချင်သွားတယ်။

နောက်ဆုံးအကြိမ်တုန်းက သူမမှာ သူနဲ့အတူအိပ်ဖို့ မအောင်မြင်လိုက်ဘဲ သူက သူမကိုတောင် ရေထဲနှစ်သတ်လုနီးပါးပင်။
ဒီတစ်ကြိမ်မှာ အောင်မြင်သွားတော့ သူက သူမကို မြစ်ထဲမျောပစ်ဖို့ အလောင်းကောင်အဖြစ်နဲ့ ပြောင်းလိုက်မလားဘဲ?!

ထို့ကြောင့် သူမ ထွက်ပြေးခဲ့လိုက်တယ်။

ထိုရက်တုန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ပြီး ရက်အနည်းငယ်လောက် အိပ်ရာထဲမှာပဲ ခွေအိပ်နေလိုက်တယ်။

အိမ်မှာနေတဲ့ ထိုရက်တွေအတွင်း သူမမှာ အဖွဲ့မှူးနင်ရဲ့ဘိုးဘေးဆယ့်ရှစ်ဆက်အထိ မေတ္တာထိုင်ပို့နေရတယ်။

သိပ်မကြာခင်ရက်တွေမှာပဲ အဖွဲ့မှူးနင်က သူမအိမ်ကို ရောက်လာတယ်။

သူ့မျက်နှာအမူအရာက မည်းမှောင်နေကာ,
"အဲ့ညတုန်းက, မင်းမလား?"

ရှောင်လင် ရူးချင်ယောင်ဆောင်လိုက်တယ်။
"ရှင်ဘာပြောနေမှန်း ကျွန်မမသိဘူး"

"အရင်ရက်အနည်းငယ်တုန်းက ငါသောက်တာ တော်တော်များသွားတယ်"
အဖွဲ့မှူးနင်က သူမရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်းပြောလိုက်တယ်။

ရှောင်လင် အကြည့်တွေကို အဝေးတစ်နေရာဆီပို့လိုက်ပြီး စကားကို ရှောင်တိမ်းလိုက်တယ်။
"အ...ကျွန်မလည်း သောက်တာများသွားလို့ ကျွန်မအမေကို ခေါ်လိုက်ရတာ။ ရှင် ကျွန်မကို မယုံရင် ကျွန်မရဲ့ဒရိုင်ဘာကို မေးလို့ရတယ်။ သူက ကျွန်မကို လာကြိုတဲ့သူ"

ပြောပြီးသွားတာနဲ့ အလိုလိုနေရင်း သူမရဲ့လက်တွေက ရှေ့ကို ခပ်ရို့ရို့လေး စုပုံထပ်မိတော့မည်အပြုမှာ သူမရဲ့ရှေ့မှာရှိနေတဲ့အဖွဲ့မှူးနင်ကို တွေးမိသွားကာ အပြစ်ရှိသလို စုထပ်မိတော့မဲ့ လက်တွေက သူမရဲ့ခါးပေါ်ရောက်သွားကာ ခပ်တည်တည်နဲ့ ခါးထောက်လိုက်လေတယ်။

သူမရဲ့တစ်ကိုယ်လုံးကနေ "ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ အားနည်းတဲ့ဝိဉာဉ်လေး" ဆိုတဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတယ်။

အဖွဲ့မှူးနင်က သူမရဲ့ ဒရိုင်ဘာကို သွားမမေးခဲ့ပေ။

ဒါပေမဲ့ ထိုအချိန်ပြီးကတည်းက အဖွဲ့မှူးနင်ရဲ့သူမအပေါ်ထားတဲ့ သဘောထားက ပိုပြီးကောင်းမွန်လာတာကို ရှောင်လင် ထူးထူးခြားခြားသိလိုက်ရတယ်။

ထန်းရှောင်မှာ ထိုနောက်ခံဇာတ်လမ်းကို ကြားလိုက်ရပြီး ဒါက "သူဌေးကြီး ကျွန်မကို ချစ်မိသွားပြီ" ဆိုတဲ့ ဒရာမာတစ်ခုလို့ ထင်မှတ်ခဲ့ပေမဲ့ ဒါက သေလမ်းရှာတဲ့ နည်းအသစ် ဖြစ်နေခဲ့မယ်လို့ ဘယ်သူကသိခဲ့မှာလဲ။

"သူရဲကောင်းမကြီး! နင် တကယ်ကြီး အသက်ရှင်နေသေးတာပဲ"
ထန်းရှောင် ရှောင်လင်ရဲ့လက်တွေကို ဆွဲယူလိုက်ပြီး အံ့ဩတကြီးပြောလိုက်တယ်။

"ငါ့အသက်ကို ကယ်တင်ဖို့ အရှက်တကွဲနဲ့ သည်းညည်းခံခဲ့တာ"

"နင် တကယ်ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေတာပဲ"

"စိတ်ရှည်သည်းခံပြီး ကလဲ့စားချေဖို့ ငါ့အချိန်တွေကို ပေးခဲ့ရတာ"

"ငါ့ကို ဘာက ပိုပြီးရှော့ခ်ရစေတာလည်းဆိုရင် အခု အဖွဲ့မှူးနင်က နင့်ကို ဘာမှမလုပ်ဘဲ နင့်အတွက် ဆန်ပြုတ်ဝယ်ပေးလာတာကိုပဲ"

"စိတ်မပါဘဲ( fu xin)နဲ့ ခွင့်လွှတ်ဖို့ တောင်းပန်တာနေမှာပေါ့"

ထန်းရှောင်: "နင်သုံးနှုန်းလိုက်တဲ့ စကားလုံးတွေကို ပြင်ပေးဖို့လိုနေပြီ ။ ဖူဂျင် (fu jing) က စိတ်ပါပါနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်နေတာ ၊ (fu xin) စိတ်မပါဘဲနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်နေတာ"

ရှောင်လင်: "......ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ဖို့ တောင်းပန်နေတာပဲမဟုတ်လား, ကွဲခြားချက်ရှိလို့လား?"

"ရှိတယ်လေ ။တစ်ခုကကျ နင့်ကို သူ့ရဲ့ငှက်ပျောတုံးဖက်ပြီး သေရမဲ့ဘဝကို ချုပ်ငြိမ်းအောင်လုပ်ပေးလို့ ကျေးဇူးတင်တာ။ နောက်တစ်ခုကကျ နင်အသက်ရှည်ရှည်နေရပြီး မသေမချင်းနှိပ်စက်ချင်နေလို့ အားရှိအောင် ဆန်ပြုတ်ဝယ်တိုက်တာ"

ရှောင်လင်:.....

"ဒါနဲ့ ပြောနေရင်း ငါတစ်ခုခုကို သတိရလာပြီ။ အရင်တုန်းက အဖွဲ့မှူးနင်ကို လိုက်ခဲ့တဲ့ နောက်ထပ်ကောင်မလေးတစ်ယောက် ရှိသေးတယ်။ အဲ့တုန်းက ငါသူမကို အကြံတစ်ခုပေးလိုက်တယ်"

ထန်းရှောင် အတိတ်တုန်းက အကြောင်းတွေကို အနည်းငယ်သတိရသွားတယ်။

အဖွဲ့မှူးနင်ရဲ့ love lineတွေကလည်း အရမ်းကိုများလွန်းတာပဲ။

သူ့ရဲ့လက်ထောက်အဖြစ် အချိန်အတော်ကြာအောင် သူမ လုပ်ခဲ့ပြီးမှ သူနဲ့ လုံးဝမအိပ်ဘဲနေလိုတဲ့ မင်းသမီး မရှိသလောက်နည်းပါးတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်။

အဖွဲ့မှူးနင်ကတော့ အင်းမလုပ်အဲမလုပ် သူနဲ့မဆိုင်သလို တုံနာဘုံဝိလုပ်နေတာကြောင့် အသည်းနှလုံးမဲ့တဲ့ ငြင်းပယ်မှုတွေက သူမအပေါ်မှာပဲ မူတည်လေတယ်။

အဖွဲ့မှူးနင်က ဘယ်သူ့မှ မျက်နှာသာမပေးဘဲ သူ့ကိုယ်သူ့ စပွန်ဆာပြန်ပေးတော့မဲ့ပုံ ပေါက်နေတာတောင် ခေါင်းမာတဲ့မိန်းကလေးတွေက အမြဲလိုလိုကို ရှိနေတတ်တယ်။ ထန်းရှောင်ခံစားရတာ အနည်းဆုံးတော့ သူ့ကို စပွန်ဆာပေးချင်နေတာက မိန်းကလေးထုကြီးပဲ ဖြစ်နေတာ တော်သေးတယ်လို့ ပြောရမယ်။

"နင် ဘာအကြံပေးလိုက်တာလဲ?" ရှောင်လင်မေးလိုက်တယ်။

"မင်း သူ့ကို သဘောကျရင် သူ့အပေါ်ဖိအားသာ သုံးလိုက်။ အချစ်ကို ဝန်ခံလိုက်တာ ဘာအသုံးဝင်မှာလဲ။ မင်းသူ့ကို အမိမဖမ်းနိုင်ရင်, လုပ်နိုင်သမျှသာ အကုန်လုပ်ချလိုက်။ ဒါမှမလုပ်နိုင်သေးဘူးဆိုရင်, သူ့ကို ဆေးခတ်လိုက်။ သူက လမ်းခွဲလိုက်ရင် သတင်းတိုက်တွေဆီ ဓာတ်ပုံတွေကို ပုံလိုက်။ အဆုံးဆုံးဖြစ်လာမှာဆိုလို့ မင်း ထောင်နန်းစံရမှာပဲ ရှိတယ်။ ထောင်ထဲဝင်ဖို့တောင် ဆန္ဒမရှိရင်တော့, မင်းသူ့ကို သဘောကျတယ်လို့တောင် ပြောနိုင်သေးရဲ့လား?" ထန်းရှောင် တရစပ်တန်းပြောချလိုက်တယ်။

"အဲလိုမျိုး တစ်ခုခုပေါ့။ ဘာပဲဖြစ်ဖြစ် ငါ ပေါက်ကရတွေ လျှောက်ပြောနေတာ။ နင် ငါ့ကိုလည်း အရင်တုန်းက ဂိမ်းထဲမှာ အဲ့အတိုင်းသင်ပေးခဲ့တာလေ"

ရှောင်လင်:.....

ရှောင်လင်ရဲ့မျက်နှာအမူအရာက ထူးဆန်းလာတယ်။
သူမ တကယ်ပဲ ထန်းရှောင်အမေရဲ့ မျိုးရိုးအကြောင်းကို မေးချင်စိတ်ပေါက်သွားတယ်။

ဖာခ့်*****နင့်အမေက အခုချိန်မှာ သူ့ရဲ့ခံစားချက်တွေကိုတောင် ကောင်းကောင်းမဖော်ပြနိုင်တော့ဘူး။

"အရမ်းကောင်းတာပဲ, နင်ပြောနေတဲ့ မိန်းကလေးက ငါကို"
ရှောင်လင် အမူရာကင်းမဲ့စွာပြောလိုက်တယ်။

ထန်းရှောင်:.....

ရှောင်လင် ရုတ်တရတ်ဆိုသလို တွေးမိသွားတာ မူချောင်က အခုချိန်ထိ ထန်းရှောင်ကို တစစီဖြစ်အောင် မလုပ်သေးဘူးဆိုတော့ , ဒါက အချစ်စစ်ပေါ့!

ထန်းရှောင်က တကယ့်ကို ပြိုင်စံရှားလူသားတစ်ယောက်ပင်။
မူလက, သူမလုပ်နေတဲ့အရာတွေက သူ့သေလမ်းသူ ရှာနေတာဖြစ်ပြီး သေကောင်းပေါင်းလဲလည်း ခံနေရပေမဲ့ အခုလက်ရှိမှာတော့ သေလမ်းကို တောင်းဆိုတဲ့ သူက သူမ(ရှောင်လင်) ဖြစ်သွားရတယ်။

သူမနဲ့ အဖွဲ့မှူးနင်ရဲ့ မှောင်မိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့အတိတ်တွေက ထန်းရှောင် ဘေးကနေ ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပြောနေခဲ့လို့ ဖြစ်မယ်။

"မိုက်မဲလိုက်တဲ့ ကလေးမလေး, နင် ငယ်ငယ်တုန်းက နဂါးနိုင်ဓားကို မကြည့်ဖူးဘူးလား။ ကျန်းဝူကျိရဲ့အမေက သူ့ကလေးတွေကို ဘယ်လိုသင်ပေးလဲဆိုတာကို နင် မကြားဖူးဘူးလား? မိန်းကလေးတစ်ယောက်က ပိုပြီးလှပလေလေ, သူမပြောတဲ့စကားတွေကို ပိုပြီးမယုံကြည်ရလေလေပဲတဲ့။ ဉပမာအနေနဲ့ ငါ့လိုပေါ့, ငါ့လိုချောမောတဲ့ တစ်စုံတစ်ယောက်ဆိုရင် နင်သေချာပေါက်ကို ဂရုစိုက်ရမှာ"
ထန်းရှောင် သူမရဲ့နဖူးပြင်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ သပ်လိုက်တယ်။

ရှောင်လင်: ".....မျက်နှာလေးနည်းနည်းရှိပါအုံး"

"ငါ့မျက်နှာက ဘာလုပ်ဖို့လဲ? တခြားသူတွေ သဘောကျဖို့ ငါ့မျက်နှာကို ချိတ်ဆွဲထားပြီးသား"

ရှောင်လင်:.....

အရှက်မဲ့တာခြင်း ယှဉ်ရင် သူမ တကယ်ပဲ ထန်းရှောင်ကို မယှဉ်နိုင်လေဘူး။

"ဒါပေမဲ့ အမှန်တိုင်းပြောရရင် အဖွဲ့မှူးနင်ကလည်း ငယ်တော့တာမှ မဟုတ်တာ။ သူ့မိသားစုက ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲဆိုတာ ဘယ်သူသိလို့လဲ? အရင်ကတော့ ချောင်ရိကျင်ကို အိမ်ခေါ်လာရင်တောင် သူတို့ပျော်ကြမှာလို့တောင် ပြောခဲ့ဖူးတယ်။ ဒီတော့ နင် အဖွဲ့မှူးနင်နဲ့ စေ့စပ်ဖို့သာ ပြင်ဆင်ထားတော့ ။ နင်တို့နှစ်ယောက် မမေ့နိုင်တဲ့ ညပေါင်းများစွာကိုတောင် အတူခံစားပြီးပြီပဲကို"
သူမပြောနေရင်း လျှာကို စုတ်သပ်လိုက်တယ်။

ရှောင်လင်မှာ ရုတ်တရတ်ကြီး သူမရဲ့ခေါင်းက နာကျင်လာသလို ခံစားလိုက်ရတယ်။
"အရမ်းကြီး နှာဘူးထမနေနဲ့"

"ရှောင်လင်ရေ...ငါတို့ရဲ့ပြင်ပဘဝတွေမှာ ဂိမ်းထဲကလို မဟုတ်ဘဲ အပေါ်ယံအလွှာကို ခြုံပြီး သိုသိုဝှက်ဝှက်နဲ့ နေတယ်ဆိုတာမျိုးက တကယ်ကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ ဒါပေမဲ့ အဲဒီလုပ်ရပ်က အဖွဲ့မှူးနင်အပေါ်မှာတော့ အလုပ်မဖြစ်ဘူးထင်တယ်။ နင်ပိုပြီး ဖုံးကွယ်လေလေ, ကိစ္စတွေကို ပိုပြီးမဖြေရှင်းနိုင်လေလေပဲ။ ဒီတော့ အရမ်းကြီး တွေးမနေနဲ့, အဖွဲ့မှူးနင်က နေ့တိုင်းအလုပ်များနေတာ။ သူ့မှာဘယ်လိုလုပ်ပြီး တခြားမင်းသမီးသရုပ်ဆောင်တွေကို စပွန်ဆာပေး,အတူအိပ်ဖို့ အချိန်ရှိမှာလဲ"

ထန်းရှောင်သူမရဲ့ မူလက ပြောင်ချော်ချော်အမူအရာကို ပြောင်းလိုက်ကာ လေးနက်တည်ကြည်တဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

ထန်းရှောင်ရဲ့အတည်ပေါက်အမူအရာကို ရှောင်လင်မှာ အနည်းငယ်နေသားမကျနေပေ။

တခဏအတွင်းမှာပဲ ထန်းရှောင်က သူမရဲ့အမူအရာကို ပြန်ပြောင်းလိုက်ကာ,
"ဒီ၃၆နာရီအတွင်း နင်တို့နှစ်ယောက် ဘယ်လိုညစ်ပတ်တဲ့အရာတွေကို လုပ်နေခဲ့တာလဲ? အဖွဲ့မှူးနင်က ဘယ်လိုတောင် ရက်စက်နိုင်တာလဲ! နင်ကရော ဘယ်လိုဖြစ်ပြီး အိပ်ရာထဲကနေတောင် ထွက်နိုင်ရတာလဲ?"

ရှောင်လင် သစ်သီးပန်ကန်းထဲက အသီးလှီးတဲ့ဓားကို ဆွဲယူလိုက်ကာ ထန်းရှောင်ရဲ့မျက်နှာရှေ့ ယမ်းပြလိုက်တယ်။

ခုနကအတည်ပေါက်ပုံစံကြီးက မှားများမြင်လိုက်မိသလားပဲ။

ထန်းရှောင် အခန်းထဲကနေ လေလိုအရှိန်နဲ့ အမြန်ထွက်ပြေးသွားလိုက်ကာ သူမစိတ်ထဲမှာလည်း အလွန့်အလွန့်ကို ပေါ့ပါးလန်းဆန်းနေသလို ခံစားနေရတော့တယ်။

နောက်ဆုံးတော့ အဖွဲ့မှူးနင်က သူမကို ဘာလို့ အဆက်မပြတ် ဗရမ်းဗတာစကားတွေချည်း ပြောနေရတာလဲဆိုတာ သိလိုက်ရပြီ။ ဘာလို့လဲဆို ဒီလိုပေါက်ကရ ပြောလိုက်ရတဲ့ ခံစားချက်လေးက အရမ်းအရသာရှိတာကို။

သူမမှာ ရိုက်ကူးရေးအခန်းတွေလည်း မရှိတာကြောင့် ဂိမ်းတွေပဲ ဆော့နေပြန်တော့တယ်။

အထူးသဖြင့် ရှောင်လင်ပါ ပါဝင်လာပြီး လူနှစ်ယောက်က ဘေးချင်းကပ်လျက် ရှိနေကာ laptopတွေရှေ့မှာ အသီးသီးနေရာယူထားကြတယ်။

နောက်ဆက်တွဲအနေနဲ့ ရှကျိယန်ပါ သူမတို့ဂိမ်းဆော့တဲ့အုပ်စုထဲ ပါဝင်လာတယ်။

Ranzhi နဲ့ MengHu Clan တို့က ချစ်ကြည်နူးတွတ်တီတူးတဲ့ ဆက်ဆံရေးထဲမှာ ထပ်မံရောက်ရှိနေကြကာ သူတို့နှစ်ဂိုဏ်းပေါင်းပြီး နှင်းမြေခွေးတွေပါတဲ့ questရဲ့ အဆင့်ခြောက်ခုမြောက်ကိုတောင် ချောချောမွတ်မွတ်နဲ့ ဖြတ်ကျော်နိုင်ခဲ့ကြတယ်။

လူတိုင်းကလည်း ဒီquestက ထင်ထားသလောက် လုံးဝမခက်ဘူးဆိုတာ သိသွားကြတယ်။

အမွှေစိန်အမှိုက်ထုပ်ထန်းရှီနဲ့ ဟိုခြေသလုံးမွှေးကောင်တို့ နှစ်ကောင်လုံး ရှိမနေတော့ အရာအားလုံးက လွယ်ကူချောမွေ့နေတာပဲ။

ဒီအရှင်မင်းကြီးက သူတို့အဖွဲ့သားတွေကို ညွှန်ကြားတဲ့အချိန်တိုင်း မိုက်ခရိုဖုန်းနားကပ်ပြီး အော်ဟစ်ကြွေးကြော်တာက : အကုန်လုံးကို အခွံနွှာကြစို့ဟေ့! ငါတို့မှာ ထန်းရှီလေးလည်း မရှိဘူး ခြေသလုံးမွှေးကောင်လည်းမရှိဘူး! အခုချိန်မှာ ငါတို့အားလုံးက ပြိုင်ဘက်ကင်းတွေပဲ!!!!!

ထန်းရှီကတော့ သိသိသာသာကို မကျေနပ်​ကြောင်း ​ဖော်​ပြခဲ့တယ်​။

ဒါပေမဲ့ ဒီနှင်းမြေခွေးquestမှာ​တော့ သူမက တကယ့်ကို ချာတူးလန်​ပင်​။
​မြေကြီး​ပေါ် ပြုတ်​ကျရင်​ကျ မဟုတ်​ရင်​လည်း ပြုတ်​ကျမဲ့လမ်းစ​ပေါ်မှာပဲ အမြဲလိုလိုရှိ​နေတတ်​​လေတယ်​။

ထန်းရှောင်နဲ့ ရှောင်လင်တို့ လိုင်းပေါ်ရောက်သွားတဲ့အချိန်မှာ Ranzhi နဲ့ MengHuတို့က မွန်းစတားတွေကို သတ်ဖြတ်နေကြပြန်တယ်။

ဂိုဏ်းနှစ်ဂိုဏ်းလုံးက နှင်းမြေခွေးတွေရဲ့ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရတာကြောင့် သူတို့တွေက တခြားဂိုဏ်းမှာ နှစ်သိမ့်မှုကို ရှာချင်နေကြတယ်။

လက်ရှိမှာတော့ မွန်းစတားတွေကို တိုက်တဲ့နေရာမှာ နှစ်ဖွဲ့ကွဲနေတယ်။ ပထမ one-on-one ဖိုက်တဲ့ဆီကနေ "Singleများ" ဆိုတဲ့နံမည်ကတစ်ဆင့် "Singleများ စုဝေးရာ"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အဖွဲ့နဲ့ သောက်ခွက်ရိုက်ချင်စရာ စောင်အတွဲများ ဆိုတဲ့ အဖွဲ့ဆိုပြီး နှစ်မျိုးရှိနေလေတယ်။

ခွဲခွာခြင်းတေးသံနဲ့ နတ်ပြည်ကဘိုးအေကြီးတို့က အတူရပ်နေကြကာ, အားကောင်းတဲ့ ဟော့ပေါ့လေးနဲ့ ရွှေရောင်နေ့ရက်လေးများက တစ်တွဲပင်။

ဂိုဏ်းအဖွဲ့တွေကြားမှာ အတူတကွရှိနေခဲ့ကြတဲ့ လျှို့ဝှက်စုံတွဲတွေကလည်း ပေါ်ထွက်လာကြကာ အချစ်အမုန်းဆက်ဆံရေးထဲမှာ ရောက်နေကြတဲ့ တခြားစုံတွဲတစ်ချို့လည်း ရှိနေကြသေးလေတယ်။

ပြောရရင် ဒါက ဂိုဏ်းပေါင်းစုံ အခမဲ့ပါဝင်နိုင်တဲ့ အသုတ်စုံမွန်းစတားရိုက်ပွဲတစ်ခုပင်။

တစ်ဖက်မှာတော့ Singleများအဖွဲ့မှာ ဒီအရှင်မင်းကြီးနဲ့ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးတို့ ပါဝင်လေတယ်။

သူတို့က ဘယ်လူမှ မရှိတဲ့နေရာတစ်ခုကို ရှာတွေ့သွားကာ သူတို့ရဲ့အကျီလက်နားစတွေကို လိပ်တင်လိုက်ပြီး တိုက်ခိုက်ဖို့အသင့်ပြင်လိုက်တယ်။

ထန်းရှောင်မှာတော့ ရက်ရက်စက်စက်အတွယ်မခံရခင် ဘယ်အဖွဲ့မှာ ပါဝင်သင့်လဲဆိုတာ မတွေးခဲ့မိပေ။

[လက်ရှိ] မိန်းမလှငါးရာဝန်းရံထားတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: " ဟမ်? ငါ ထန်းရှီလေးကို မြင်လိုက်ရသလိုပဲ?"

[လက်ရှိ] ဒီအရှင်မင်းကြီး: " ဒါ ကောင်းတာပဲ, ငါတို့ မွန်းစတားတွေကို ကြိတ်စရာမလိုတော့ဘူး, ထန်းရှီလေးကိုပဲ ကြိတ်ကြစို့"

[လက်ရှိ] ထန်းရှီ:.....

ထန်းရှောင် ထိုအကျင့်က အလွန်ကြောက်စရာကောင်းတယ်ဆိုတာကို ရုတ်တရတ်ကြီး သိလိုက်ရတယ်။
ဥပမာပြောပြရင်, အခု သူမ ဝိုင်းရိုက်ခံရနေရတာတောင်မှ, ဒါကို ကျင့်သားနေတာကိုပေါ့။

တစ်ဖက်မှာ သူတို့တွေက ထန်းရှီလေးကို ပျော်ပျော်ပါးပါးကြီး နှိပ်စက်နေကြတုန်း တခြားတစ်ဖက်မှာ, တားမြစ်မြို့တော်ဂိုဏ်းက သူတို့ကို ရပ်တန့်ဖို့ အုပ်စုတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

လောလောလတ်လတ်လေးမှာတင် တားမြစ်မြို့တော်ဂိုဏ်းသားတွေက သူတို့ဘက်မှာ levelမြင့်Accountတွေ အများကြီးကို ခိုးယူခဲ့ကြတယ်။

ဒီအဖြစ်အပျက်တွေက ဘယ်ကနေစသလဲဆိုရင် ဟိုးလွန်ခဲ့တဲ့ တနင်္လာနေ့တုန်းက တားမြစ်မြို့တော်ဘက်က မကောင်းဆိုးဝါးရဲ့အစေခံက ရုတ်ရုတ်သဲသဲလုပ်ပြီး ပြဿနာရှာလိုက်တဲ့အချိန် စုမူကျိက သူမဆီတည့်တည့်သွားပြီး ဆောင့်ကန်လိုက်ကာ သူမရဲ့လက်နက်ကို ဖျက်စီးပစ်လိုက်တာကနေ အခြေခံတယ်လို့ ပြောရမလား။

Ranzhi နဲ့ MengHu ဂိုဏ်းနှစ်ဂိုဏ်းလုံးကလည်း တားမြစ်မြို့တော်ကလူတွေကို တွေ့တာနဲ့ လက်ရှိလုပ်နေတာတွေအကုန်လုံးကို ပစ်ချပြီး သူတို့ကို ဆီးကြိုရိုက်တော့တာပဲ။

ဒါကြောင့် အရင်တုန်းက တားမြစ်မြို့တော်က ကစားသမားများဆိုရင် မင်းတို့ခေါ်ကြတဲ့ ကျွတ်ကျွတ် သနားစရာလေးတွေဆိုတာမျိုး သေချာပေါက်ဖြစ်ခဲ့ကြတာ။

ဒါပေမဲ့ အခုချိန်မှာတော့ သူတို့တွေက ပြာပုံထဲကနေထလာကြပြီနဲ့ တူတယ်?

သူတို့ပုံစံက ရှင်းရှင်းလင်းလင်းကြီးကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြတဲ့ပုံပင်။

ထန်းရှောင်မှာ တစ်ဖက်ကလူအုပ်ကြီးကို မြင်တာနဲ့ ထိန်းတောင်မထိန်းနိုင်တော့ဘဲ နောက်ကို ဖြည်းဖြည်းချင်းပြိုလဲကျသွားတယ်။

[Guild] ထန်းရှီ: "ဒါဘာတွေလဲ?"

[Guild] မိန်းမလှငါးရာဝန်းရံထားတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "မင်းမိန်းမက အဲ့ကောင်တွေကို ဂန္ဓာမာပန်းတွေ အခင်းလိုက်ကြီး ပွင့်လာတဲ့အထိ ဗြင်းထည့်လိုက်လို့ သူတို့က လက်စားလာချေကြတာနေမှာပေါ့! ဖာခ့်****, ခွေးကောင်တွေ ငါ့လက်နက်ကို ဖျက်စီးလိုက်ကြပြီ"

ထန်းရှောင် နတ်ပြည်ကဘိုးအေကြီးရဲ့တစ်ဝက်ပဲ ကျန်တော့တဲ့ အဝတ်စုတ်လေးတစ်ပိုင်းနဲ့ characterကို ကြည့်နေလိုက်တယ်။

စောနကတင် ထန်းရှီလေးကို ဝိုင်းပြီးအမဲဖြတ်ရာကနေ သူတို့မှာcrime pointတွေအများကြီးကို စုမိနေတာကြောင့် crime pointတွေ ပိုပြီးမြင့်လေလေ, မင်းရဲ့ လက်နက်တွေကို ဆုံးရှုံးနိုင်တဲ့အခွင့်အလမ်းက ပိုများလေလေဖြစ်တယ်။

ခွဲခွာခြင်းတေးသံက နတ်ပြည်ကဘိုးအေကြီး လက်နက်ဆုံးရှုံးသွားတာကို မြင်လိုက်ရကာ သူ့ရဲ့မျက်လုံးတွေက ဒေါသတကြီးနီးမြန်းသွားပြီး ဖြေဆေးတစ်ပုလင်းကို သောက်လိုက်ကာ တိုက်ပွဲထဲကို ခုန်ဝင်သွားတော့တယ်။

နတ်ပြည်ကဘိုးအေကြီးကိုတော့ ဂိုဏ်းကနေ ကာကွယ်ပေးလိုက်ပြီး ပြန်လည်ကုစားဖို့ အန္တာရာယ်ကင်းတဲ့နေရာဆီ ပို့လိုက်တယ်။

အစကတည်းက နှင်းမြေခွေးတွေနဲ့တိုက်ခဲ့တာကနေ သူမကိုပါ ဝိုင်းရိုက်ခဲ့တာကြောင့် ခြေကုန်းလက်ပန်းကျစပြုနေတဲ့ သူမတို့ဂိုဏ်းသားတွေကိုကြည့်ရင်း ထန်းရှောင် အခြေအနေသိပ်မဟန်မှန်း သိလိုက်ရတယ်။

ဒီတော့ သူတို့တွေ မနိုင်တော့မှတော့, အပြင်ကနေ အကူအညီတောင်းရုံပဲပေါ့။

ထန်းရှောင် ပတ်ပတ်လည်​ကို ရှာပုံတော်ထွက်လိုက်ပြီး တစ်နေရာကနေ အမြှီးကိုးချောင်းမြေခွေးကို ဆွဲခေါ်ထုတ်လိုက်တယ်။

နတ်ပြည်ကဘိုးအေကြီးမှာ သူမရှိရာတည့်တည့်ကို အမြှီးကိုးချောင်းမြေခွေး အဝေးကနေ ပျံလာတာကို မြင်လိုက်ရပြီး တစ်ချက်တည်းနဲ့ ဖိသိပ်ခံလိုက်ရတယ်။

အမြီးကိုးချောင်းမြှေခွေးက မြေပြင်ပေါ်ရောက်တာနဲ့ ချက်ချင်းဆိုသလို သူ့ရဲ့ကိုယ်ခွဲခန္ဓာကိုယ်တွေကို နေရာအနှံ့စေလွှတ်တော့တယ်။

ပွတ်လောရိုက်ပြီး အုတ်အော်သောင်းနင်းတိုက်ခိုက်နေကြတဲ့ လူအုပ်ကြီးမှာ ရုတ်တရတ်ကြီး ဘာတွေဖြစ်သွားမှန်း ဆံချည်တစ်ပင်မျှပင် မသိလိုက်ရကာ တစ်စက္ကန့်အတွင်းမှာပဲ ထန်းရှောင်မှာ နောက်ကို တစ်ချိုးတည်း အရူးတစ်ပိုင်းလှည့်ပြေးပြီး ငယ်သံပါအောင် ကုန်းအော်တော့လေတယ်။

[လက်ရှိ] ထန်းရှီ: "ပြေး!!!!!!!!"

ထိုအော်သံပြီးတဲ့နောက်မှာတော့, အမြှီးကိုးချောင်းမြေခွေးရဲ့လက်သည်းမညှပ်ရသေးတဲ့ လက်သည်းချွန်ချွန်လေးတွေနဲ့ ထန်းရှီရဲ့ကိုယ်နဲ့မိတ်ဆက်လိုက်ရတယ်။

ငွေရောင် ဖျော့ဖျော့လေးတောက်ပနေတဲ့ ညကောင်းကင်ယံအောက်မှာတော့ ကမ္ဘာမြေပေါ်မှာ ဘတ်စကတ်ဘောပေါ်လို အဝိုင်းကြီးတစ်ခုဖြစ်ပေါ်နေတယ်။

မြေပုံမှာတော့ အသက်ရှင်ကျန်ရစ်တဲ့သူမရှိဟုပေါ်နေကာ လူသားမျိုးနွယ်တစ်ခုလုံး မျိုးတုံးပျောက်ကွယ်သွားလေတယ်။

# 4680 words
Ive Latte(mm)

Weekly: 9:00Pm
Monday & Thursday
-------------------------------------------

MM T/N:

Hola....Long time, no see!
နောက်ဆုံးup ခဲ့တာ Jan7 ဆိုတော့ ဆယ်ရက်ကျော်တောင်update မရှိခဲ့တာ😷😷

ဒီအတောအတွင်း Iveအလုပ်တွေ ရှုပ်နေလို့ပါ။ ဘာမပြောညာမပြောနဲ့ ပျောက်နေလို့ တောင်းပန်ပါတယ်နော်။ ထန်းရှောင်ကိုလည်း မေ့နေကြလောက်ရောပေါ့....
Hahaha 😆😆😂ကိစ္စမရှိပါဘူး။ မေ့ရင်လည်းပြန်ဖော်ပေးမယ်လေနော်။

အခု Ive မှာ စဉ်းစားထားတာ ရှိပါတယ်။ ဘယ်ရက်ဘယ်ရက်ဆိုပြီး မရှိတော့ပဲ ​နောက်​အပတ်​ကစပြီး
အင်္ဂါနေ့တိုင်းမှာ စာတိုရင် ၄ပိုင်း, စာရှည်ရင် ၃ပိုင်း အဲလိုမျိုး တင်သွားပေးတော့မလို့ပါ။ ရှေ့လျှောက်တော့ မအားလည်း အတတ်နိုင်ဆုံးမှန်အောင် တင်ပေးသွားပါမယ်။

ဒီအချိန်ထိ စိတ်ရှည်ရှည်နဲ့ ထန်းရှောင်နဲ့ မူချောင်တို့ကို စောင့်မျှော်အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်....
😚😚






































Continue Reading

You'll Also Like

210K 33K 81
Title : Villain in the Kindergarten Author : Mù Zhī Chū (慕之初) Total Chapters : 76 + 1 extra (77) Genre : Comedy, Shounen Ai, Slice of Life English Tr...
752K 60.9K 49
DaddyZ စာနှစ်ကြောင်း ပေါက်ကရ ဝတ္ထုတိုများ စုစည်းမှု
195K 1.4K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်
142K 7.4K 21
Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁