ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

14

7.1K 1.1K 2
By Vanilla_IceCream61

အမူးပြေဟင်းချိုထဲ ဆေးခတ်ခြင်း
..........................................

ရုံးတော်သားများ အနည်းငယ် တုန့်ဆိုင်းသွားကြသည်။ သူတို့အားလုံးက ထန်းယန်မှ ဒေသခံများဖြစ်သဖြင့် ထန်းယန်၌ကျားမိသားစုက မည်သို့သော အဆင့်အတန်းမျိုးဖြင့် နေထိုင်ကြသည်ကို သိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျားမိသားစု၏အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုအခိုက်အတန့်တွင် ထောင်ဖန်းက ပို၍ပင်ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ထို့ကြောင့် သူတို့က ခေတ္တမျှသာ တုန့်ဆိုင်းနေခဲ့ပြီး ကျားယွမ်လင်း၏မျက်နှာအား ရိုက်လိုက်ကြသည်။

"အာ့" ရုံးတော်သားတစ်ယောက်ထံမှ အရိုက်ခံလိုက်ရချင်းချင်းပင် ကျားယွမ်လင်းက နာကျင်စွာအော်လိုက်သည်။

ရုံးတော်သားအားလုံးက သန်မာကြရာ သဘာဝကျစွာပင် သူတို့၏ ရိုက်ချက်မှာလည်း အားပါသည်။ ရိုက်ချက်တစ်ချက်မျှက ပြဿနာမဟုတ်သော်လည်း ရိုက်ချက်များလာသောအခါ ကျားယွမ်လင်း၏ပါးစပ်မှ သွေးထွက်လာသည်။

သူ့အနောက်လိုက်လာသည့် ကျားမိသားစုအိမ်တော်ထိန်းမှာ အလန့်တကြား ဒူးထောက်ကျသွားကာ ကျားယွမ်လင်းအတွက် အသနားခံပေးနေသည်။

သခင်ကြီးကျား၏ဇနီး၊ ဖန်းရှီကလည်း ခဏအကြာတွင်ရောက်လာသည်။ သူမ၏သားအရိုက်ခံထားရသည်ကိုတွေ့သောအခါ သူမမြေကြီးပေါ်သို့ ယိုင်ထိုးကျတော့မလိုပင်။ "အိုး၊ ငါ့သားလေးရယ်။" သူမကအော်ငိုသည်။

ထောင်ဖန်းက လက်မြှောက်၍ ရုံးတော်သားအား ရပ်ခိုင်းလိုက်သောအခါ ၎င်းတို့ကသွေးစွန်းနေသော လက်များဖြင့် ပြန်တန်းစီလိုက်သည်။

ခွေယိုင်အားနည်းကာ သွေးများမျက်ရည်များ တလူးလူးဖြင့် မြေကြီးပေါ်ပုံကျနေသည့် ကျားယွမ်လင်း၊ သောကဖြင့် ခါးသီးစွာ ကျယ်ကျယ်လောင်လောင် ငိုကြွေးနေရသော ဖန်းရှီတို့ကိုကြည့်ကာ လင်းကျန်၏ရင်ထဲ၌ ကြီးမားစွာ သက်သာရာရမိသည်။

"တိတ်စမ်း" ထောင်ဖန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထောင်ဖန်း၏စူးရှသောအကြည့်များကို မြင်သောအခါ ဖန်းရှီမှာ ငိုနေရင်း ဆို့နင့်တော့မလိုပင်။ အချိန်ခဏကြာသောအခါတွင်မှ အသံပြန်ထွက်နိုင်ကာ မေးမြန်းလိုက်သည်။ "အရာရှိကြီးရှင့်၊ အရာရှိကြီးက ကျွန်မရဲ့သားအပေါ်မှာ ဘာကြောင့်ဒီလိုမျိုးညှင်းပန်းနှိပ်စက်နိုင်ရတာပါလဲ။"

"သူက ကြားနာမှုကို နှောက်ယှက်ခဲ့တယ်။ မျက်မြင်သက်သေတွေကို အရှက်မရှိမျက်နှာပြောင်ပြောင်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ ငါ့ကိုလည်း အထင်အမြင်သေးပြီး သူ့အပြစ်ကိုတောင် ဝန်ခံဖို့ငြင်းဆန်ခဲ့တယ်။ ဒီတော့ ငါ့အနေနဲ့ သူ့ကိုအပြစ်ပေးတာ မျှတတယ်။" ထောင်ဖန်းက ဒေါသထွက်လာသည်။ "ဖန်းရှီ၊ မင်းက စောဒကတက်ပြီး ငါ့တာဝန်ကို ထပ်ကာထပ်ကာ နှောင့်နှေးစေခဲ့တယ်။ မင်းက လင်းကျန်ပြောသလိုပဲ ငါတို့တိုင်းပြည်ရဲ့ဥပဒေကို မလေးစားတဲ့အထိ မထီမဲ့မြင်ပြုနေတယ်ဆိုတာ အမှန်များလား။"

ဖန်းရှီ၏ မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားသည်။

လင်းကျန်မှာ ထောင်ဖန်းအား လက်ခုပ်တီး၍ ချီးမွမ်းမိတော့မလိုပင်။ သူပေးခဲ့သော အထောက်အထားအား ထောင်ဖန်းက ပို၍ပင်ကျွမ်းကျွမ်းကျင်ကျင် အသုံးချခဲ့သည်။

"ကျွန်မမှာ ဥပဒေကို မထီမဲ့မြင်လုပ်ဖို့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျေးဇူးပြု၍ အရာရှိကြီးက အထင်မမှားပါနဲ့။" ဖန်းရှီက ပြန်ဖြေသည်။ မာန်ပါပါပြုမူရန် ပြင်နေသောအမျိုးသမီးကြီးက ယခုအခါ မျက်ရည်ကျလာသည်။ ဖန်းရှီက နူးညံ့ဟန်ဆောင်၍ ထပ်ပြောသည်။ "ကျွန်မက ကျွန်မရဲ့သားလေးအတွက်ပဲ အသနားခံပေးနေတာပါ။ သားတစ်ယောက်အပေါ်ထားတဲ့ မိခင်ရဲ့မေတ္တာလို့ ယူဆပြီး ကျွန်မရဲ့စိတ်လိုက်မာန်ပါ အပြုအမူကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

"အရာရှိကြီးခင်ဗျ၊ သခင်မက အရာရှိကြီးကို အနှောင့်အယှက်ပေးဖို့မရည်ရွယ်ခဲ့ပါဘူး။ သခင်မကို ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ။"

"အရာရှိကြီးရှင့်၊ ကျွန်မရဲ့သားက ခေတ္တခဏမျှ စိတ်ရူးပေါက်သွားမိတာပါ။ သူက သခင်လေးလင်းကို အသရေဖျက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျေးဇူးပြု၍ သေသေချာချာ စဉ်းစားဆုံးဖြတ်ပေးပါ၊ အရာရှိကြီးရှင့်။" ဖန်းရှီက ငိုယိုနေသည်။

"သူတို့လေးယောက် ဝန်ခံပြီးပါပြီ။ ကျွန်တော့်က ကချေသည်နဲ့ ဖောက်ပြားတယ်ဆိုပြီး သူတို့ကိုထောင်ဖမ်းခိုင်းတာ ကျားယွမ်လင်းပါ။ သခင်မကြီးကျားက သားဖြစ်သူအတွက် ထပ်စကားကတ်မပြောပေးပါနဲ့တော့။"

ဖန်းရှီမှာ ရုတ်တရက်ထိတ်လန့်သွား၍ အငိုရပ်သွားသည်။ သူမနှင့်အကြည့်ချင်းမဆုံစေရန် ခေါင်းငုံ့ထားသူ လေးယောက်ကို သူမက စူးစိုက်၍ကြည့်နေသည်။

ထိုလေးယောက်ကို သေသေချာချာကြည့်ရင်း ဖန်းရှီက ဒေါသတကြီးဖြင့် အံကြိတ်ကာပြောလိုက်သည်။ "သူတို့ညာနေတာ။"

"သူတို့ ညာသလား၊ မညာဘူးလားဆိုတာကို ငါ့ဘာသာငါဆုံးဖြတ်မယ်။" ထောင်ဖန်းက ချက်ချင်းပင် ပြောလိုက်သည်။ "ငါမမေးသေးဘဲ သခင်မဖုန်းရှီစကားထပ်ပြောရင် ကြားနာချိန်ကို နှောင့်ယှက်မှုနဲ့ အပြစ်ပေးခံရမယ်။"

"လင်းကျန်ကို အသရေဖျက်ဖို့အတွက် ကျားယွမ်လင်းက မင်းတို့ကိုဘယ်လိုသွေးထိုးခဲ့တယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံစမ်း။ ဘယ်လိုဖြစ်ပျက်ခဲ့တာလဲ။" ထောင်ဖန်းက လူငယ်လေးယောက်ကို ပြောလိုက်သည်။

လူငယ်လေးယောက်မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ တုန့်ဆိုင်းနေကြသည်။ ဖန်းရှီရှိနေချိန်တွင် စောစောပိုင်းကကဲ့သို့ သူတို့မပြောရဲသည်မှာ သိသာထင်ရှားသည်။

လင်းကျန် မျက်မှောင်ကြုတ်မိသည်။ သူလိုချင်သည်မှာ ထိုလေးယောက်၏ ဝန်ခံချက်ပင်။ သူတို့ကသာ ကျားယွမ်လင်းအတွက် သက်သေခံပေးရန် ငြင်းဆန်လျှင် ပြဿနာပိုတက်လိမ့်မည်။

သူ့အား ဖုံးကွယ်သောအကြည့်ဖြင့်ကြည့်နေသော ထောင်ဖန်းအား သူကြည့်လိုက်သည်။ တရားရုံးသုံးအသေးစားတူကို ပြင်းထန်စွာခေါက်ကာ ထောင်ဖန်းကျယ်လောင်စွာအော်လိုက်သည်။ "မင်းတို့ ဝန်မခံရင် မင်းတို့ တစ်ယောက်ချင်းစီကို ကြိမ်ဒဏ်အချက်နှစ်ဆယ်စီ အပြစ်ပေးခံရမယ်။"

"အရာရှိကြီးခင်ဗျ၊ သူတို့က သွေးထိုးခံရတာ မဖြစ်နိုင်လောက်ပါဘူး။ သူတို့ ထုတ်မပြောကြပုံအရ သူတို့လည်း ကျားယွမ်လင်းလိုပဲ ကိုယ့်စိတ်နဲ့ကိုယ် ပြစ်မှုကျူးလွန်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ သူတို့က ကြံရာပါတွေ ဖြစ်နိုင်ပါတယ်။ အရာရှိကြီးခင်ဗျ၊ သူတို့ကိုလည်း ပြင်းထန်စွာ ဒဏ်ခတ်ပေးပါ။ သူတို့လည်း ကျားယွမ်လင်းလိုပဲ နှစ်နှစ်ဆယ်ထောင်ဒဏ်နဲ့ လီသုံးထောင်ပြည်နှင်ဒဏ်ပေးသင့်ပါတယ်။" လင်းကျန်က ရုတ်ချည်း ဖိအားပေးလိုက်သည်။

ထောင်ဖန်းပေးသော အရိပ်အမြွက်အား နားလည်သည့် ရုံးတော်သားများက လိုင်းနှစ်လိုင်းစီကာ သူတို့၏တုတ်ချောင်းများအား မြေကြီးပေါ်သို့ ပြိုင်တူဆောင့်ချလိုက်ပြီး ထိုအသံက ရုံးတော်တစ်ခုလုံးထံ ပျံ့နှံ့သွားသည်။

လေးလံသောဖိအား၏အောက်တွင် လူငယ်လေးယောက်က ကြောက်ရွံ့၍သွေးဆုတ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က စိတ်ပင်ပန်းမှုဒဏ်မခံနိုင်တော့သဖြင့် ထုတ်ပြောလာသည်။ "ကျွန်တော် ဝန်ခံပါ့မယ်။ လင်းကျန်အတွက် အမူးပြေဟင်းချိုထဲမှာ ဆေးခတ်ခိုင်းခဲ့တဲ့သူက ကျားယွမ်လင်းပါ။ လင်းကျန် သတိလစ်သွားရင် သူက လင်းကျန်ကိုအဝတ်ချွတ်ပြီး ကချေသည်ရဲ့ဘေးမှာ ပစ်ထားမှာပါ။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အမူးေျပဟင္းခ်ိဳထဲ ေဆးခတ္ျခင္း
..........................................

႐ုံးေတာ္သားမ်ား အနည္းငယ္ တုန့္ဆိုင္းသြားၾကသည္။ သူတို႔အားလုံးက ထန္းယန္မွ ေဒသခံမ်ားျဖစ္သျဖင့္ ထန္းယန္၌က်ားမိသားစုက မည္သို႔ေသာ အဆင့္အတန္းမ်ိဳးျဖင့္ ေနထိုင္ၾကသည္ကို သိၾကသည္။ မည္သို႔ပင္ျဖစ္ေစကာမူ က်ားမိသားစု၏အေျခအေနႏွင့္ ႏွိုင္းယွဥ္ပါက ယခုအခိုက္အတန့္တြင္ ေထာင္ဖန္းက ပို၍ပင္ေၾကာက္မက္ဖြယ္ရာ ေကာင္းေနသည္။ ထို႔ေၾကာင့္ သူတို႔က ေခတၱမွ်သာ တုန့္ဆိုင္းေနခဲ့ၿပီး က်ားယြမ္လင္း၏မ်က္ႏွာအား ရိုက္လိုက္ၾကသည္။

"အာ့" ႐ုံးေတာ္သားတစ္ေယာက္ထံမွ အရိုက္ခံလိုက္ရခ်င္းခ်င္းပင္ က်ားယြမ္လင္းက နာက်င္စြာေအာ္လိုက္သည္။

႐ုံးေတာ္သားအားလုံးက သန္မာၾကရာ သဘာဝက်စြာပင္ သူတို႔၏ ရိုက္ခ်က္မွာလည္း အားပါသည္။ ရိုက္ခ်က္တစ္ခ်က္မွ်က ျပႆနာမဟုတ္ေသာ္လည္း ရိုက္ခ်က္မ်ားလာေသာအခါ က်ားယြမ္လင္း၏ပါးစပ္မွ ေသြးထြက္လာသည္။

သူ႕အေနာက္လိုက္လာသည့္ က်ားမိသားစုအိမ္ေတာ္ထိန္းမွာ အလန့္တၾကား ဒူးေထာက္က်သြားကာ က်ားယြမ္လင္းအတြက္ အသနားခံေပးေနသည္။

သခင္ႀကီးက်ား၏ဇနီး၊ ဖန္းရွီကလည္း ခဏအၾကာတြင္ေရာက္လာသည္။ သူမ၏သားအရိုက္ခံထားရသည္ကိုေတြ႕ေသာအခါ သူမေျမႀကီးေပၚသို႔ ယိုင္ထိုးက်ေတာ့မလိုပင္။ "အိုး၊ ငါ့သားေလးရယ္။" သူမကေအာ္ငိုသည္။

ေထာင္ဖန္းက လက္ျမႇောက္၍ ႐ုံးေတာ္သားအား ရပ္ခိုင္းလိုက္ေသာအခါ ၎တို႔ကေသြးစြန္းေနေသာ လက္မ်ားျဖင့္ ျပန္တန္းစီလိုက္သည္။

ေခြယိုင္အားနည္းကာ ေသြးမ်ားမ်က္ရည္မ်ား တလူးလူးျဖင့္ ေျမႀကီးေပၚပုံက်ေနသည့္ က်ားယြမ္လင္း၊ ေသာကျဖင့္ ခါးသီးစြာ က်ယ္က်ယ္ေလာင္ေလာင္ ငိုေႂကြးေနရေသာ ဖန္းရွီတို႔ကိုၾကည့္ကာ လင္းက်န္၏ရင္ထဲ၌ ႀကီးမားစြာ သက္သာရာရမိသည္။

"တိတ္စမ္း" ေထာင္ဖန္းက က်ယ္ေလာင္စြာ အမိန့္ေပးလိုက္သည္။

ေထာင္ဖန္း၏စူးရွေသာအၾကည့္မ်ားကို ျမင္ေသာအခါ ဖန္းရွီမွာ ငိုေနရင္း ဆို႔နင့္ေတာ့မလိုပင္။ အခ်ိန္ခဏၾကာေသာအခါတြင္မွ အသံျပန္ထြက္နိုင္ကာ ေမးျမန္းလိုက္သည္။ "အရာရွိႀကီးရွင့္၊ အရာရွိႀကီးက ကြၽန္မရဲ႕သားအေပၚမွာ ဘာေၾကာင့္ဒီလိုမ်ိဳးညွင္းပန္းႏွိပ္စက္နိုင္ရတာပါလဲ။"

"သူက ၾကားနာမႈကို ႏွောက္ယွက္ခဲ့တယ္။ မ်က္ျမင္သက္ေသေတြကို အရွက္မရွိမ်က္ႏွာေျပာင္ေျပာင္နဲ႕ ၿခိမ္းေျခာက္ခဲ့တယ္။ ငါ့ကိုလည္း အထင္အျမင္ေသးၿပီး သူ႕အျပစ္ကိုေတာင္ ဝန္ခံဖို႔ျငင္းဆန္ခဲ့တယ္။ ဒီေတာ့ ငါ့အေနနဲ႕ သူ႕ကိုအျပစ္ေပးတာ မွ်တတယ္။" ေထာင္ဖန္းက ေဒါသထြက္လာသည္။ "ဖန္းရွီ၊ မင္းက ေစာဒကတက္ၿပီး ငါ့တာဝန္ကို ထပ္ကာထပ္ကာ ႏွောင့္ႏွေးေစခဲ့တယ္။ မင္းက လင္းက်န္ေျပာသလိုပဲ ငါတို႔တိုင္းျပည္ရဲ႕ဥပေဒကို မေလးစားတဲ့အထိ မထီမဲ့ျမင္ျပဳေနတယ္ဆိုတာ အမွန္မ်ားလား။"

ဖန္းရွီ၏ မ်က္ႏွာမွာ ခ်က္ခ်င္းျဖဴေဖ်ာ့သြားသည္။

လင္းက်န္မွာ ေထာင္ဖန္းအား လက္ခုပ္တီး၍ ခ်ီးမြမ္းမိေတာ့မလိုပင္။ သူေပးခဲ့ေသာ အေထာက္အထားအား ေထာင္ဖန္းက ပို၍ပင္ကြၽမ္းကြၽမ္းက်င္က်င္ အသုံးခ်ခဲ့သည္။

"ကြၽန္မမွာ ဥပေဒကို မထီမဲ့ျမင္လုပ္ဖို႔ ဘာရည္႐ြယ္ခ်က္မွ မရွိပါဘူး။ ေက်းဇူးျပဳ၍ အရာရွိႀကီးက အထင္မမွားပါနဲ႕။" ဖန္းရွီက ျပန္ေျဖသည္။ မာန္ပါပါျပဳမူရန္ ျပင္ေနေသာအမ်ိဳးသမီးႀကီးက ယခုအခါ မ်က္ရည္က်လာသည္။ ဖန္းရွီက ႏူးညံ့ဟန္ေဆာင္၍ ထပ္ေျပာသည္။ "ကြၽန္မက ကြၽန္မရဲ႕သားေလးအတြက္ပဲ အသနားခံေပးေနတာပါ။ သားတစ္ေယာက္အေပၚထားတဲ့ မိခင္ရဲ႕ေမတၱာလို႔ ယူဆၿပီး ကြၽန္မရဲ႕စိတ္လိုက္မာန္ပါ အျပဳအမူကို ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ။"

"အရာရွိႀကီးခင္ဗ်၊ သခင္မက အရာရွိႀကီးကို အႏွောင့္အယွက္ေပးဖို႔မရည္႐ြယ္ခဲ့ပါဘူး။ သခင္မကို ေက်းဇူးျပဳ၍ ခြင့္လႊတ္ေပးပါ။"

"အရာရွိႀကီးရွင့္၊ ကြၽန္မရဲ႕သားက ေခတၱခဏမွ် စိတ္႐ူးေပါက္သြားမိတာပါ။ သူက သခင္ေလးလင္းကို အသေရဖ်က္ဖို႔ မရည္႐ြယ္ခဲ့ပါဘူး။ ေက်းဇူးျပဳ၍ ေသေသခ်ာခ်ာ စဥ္းစားဆုံးျဖတ္ေပးပါ၊ အရာရွိႀကီးရွင့္။" ဖန္းရွီက ငိုယိုေနသည္။

"သူတို႔ေလးေယာက္ ဝန္ခံၿပီးပါၿပီ။ ကြၽန္ေတာ့္က ကေခ်သည္နဲ႕ ေဖာက္ျပားတယ္ဆိုၿပီး သူတို႔ကိုေထာင္ဖမ္းခိုင္းတာ က်ားယြမ္လင္းပါ။ သခင္မႀကီးက်ားက သားျဖစ္သူအတြက္ ထပ္စကားကတ္မေျပာေပးပါနဲ႕ေတာ့။"

ဖန္းရွီမွာ ႐ုတ္တရက္ထိတ္လန့္သြား၍ အငိုရပ္သြားသည္။ သူမႏွင့္အၾကည့္ခ်င္းမဆုံေစရန္ ေခါင္းငုံ႕ထားသူ ေလးေယာက္ကို သူမက စူးစိုက္၍ၾကည့္ေနသည္။

ထိုေလးေယာက္ကို ေသေသခ်ာခ်ာၾကည့္ရင္း ဖန္းရွီက ေဒါသတႀကီးျဖင့္ အံႀကိတ္ကာေျပာလိုက္သည္။ "သူတို႔ညာေနတာ။"

"သူတို႔ ညာသလား၊ မညာဘူးလားဆိုတာကို ငါ့ဘာသာငါဆုံးျဖတ္မယ္။" ေထာင္ဖန္းက ခ်က္ခ်င္းပင္ ေျပာလိုက္သည္။ "ငါမေမးေသးဘဲ သခင္မဖုန္းရွီစကားထပ္ေျပာရင္ ၾကားနာခ်ိန္ကို ႏွောင့္ယွက္မႈနဲ႕ အျပစ္ေပးခံရမယ္။"

"လင္းက်န္ကို အသေရဖ်က္ဖို႔အတြက္ က်ားယြမ္လင္းက မင္းတို႔ကိုဘယ္လိုေသြးထိုးခဲ့တယ္ဆိုတာ ရိုးရိုးသားသား ဝန္ခံစမ္း။ ဘယ္လိုျဖစ္ပ်က္ခဲ့တာလဲ။" ေထာင္ဖန္းက လူငယ္ေလးေယာက္ကို ေျပာလိုက္သည္။

လူငယ္ေလးေယာက္မွာ တစ္ဦးကိုတစ္ဦးၾကည့္ကာ တုန့္ဆိုင္းေနၾကသည္။ ဖန္းရွီရွိေနခ်ိန္တြင္ ေစာေစာပိုင္းကကဲ့သို႔ သူတို႔မေျပာရဲသည္မွာ သိသာထင္ရွားသည္။

လင္းက်န္ မ်က္ေမွာင္ၾကဳတ္မိသည္။ သူလိုခ်င္သည္မွာ ထိုေလးေယာက္၏ ဝန္ခံခ်က္ပင္။ သူတို႔ကသာ က်ားယြမ္လင္းအတြက္ သက္ေသခံေပးရန္ ျငင္းဆန္လွ်င္ ျပႆနာပိုတက္လိမ့္မည္။

သူ႕အား ဖုံးကြယ္ေသာအၾကည့္ျဖင့္ၾကည့္ေနေသာ ေထာင္ဖန္းအား သူၾကည့္လိုက္သည္။ တရား႐ုံးသုံးအေသးစားတူကို ျပင္းထန္စြာေခါက္ကာ ေထာင္ဖန္းက်ယ္ေလာင္စြာေအာ္လိုက္သည္။ "မင္းတို႔ ဝန္မခံရင္ မင္းတို႔ တစ္ေယာက္ခ်င္းစီကို ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္စီ အျပစ္ေပးခံရမယ္။"

"အရာရွိႀကီးခင္ဗ်၊ သူတို႔က ေသြးထိုးခံရတာ မျဖစ္နိုင္ေလာက္ပါဘူး။ သူတို႔ ထုတ္မေျပာၾကပုံအရ သူတို႔လည္း က်ားယြမ္လင္းလိုပဲ ကိုယ့္စိတ္နဲ႕ကိုယ္ ျပစ္မႈက်ဴးလြန္ခဲ့ၾကတာ ျဖစ္နိုင္ပါတယ္။ သူတို႔က ႀကံရာပါေတြ ျဖစ္နိုင္ပါတယ္။ အရာရွိႀကီးခင္ဗ်၊ သူတို႔ကိုလည္း ျပင္းထန္စြာ ဒဏ္ခတ္ေပးပါ။ သူတို႔လည္း က်ားယြမ္လင္းလိုပဲ ႏွစ္ႏွစ္ဆယ္ေထာင္ဒဏ္နဲ႕ လီသုံးေထာင္ျပည္ႏွင္ဒဏ္ေပးသင့္ပါတယ္။" လင္းက်န္က ႐ုတ္ခ်ည္း ဖိအားေပးလိုက္သည္။

ေထာင္ဖန္းေပးေသာ အရိပ္အႁမြက္အား နားလည္သည့္ ႐ုံးေတာ္သားမ်ားက လိုင္းႏွစ္လိုင္းစီကာ သူတို႔၏တုတ္ေခ်ာင္းမ်ားအား ေျမႀကီးေပၚသို႔ ၿပိဳင္တူေဆာင့္ခ်လိဳက္ၿပီး ထိုအသံက ႐ုံးေတာ္တစ္ခုလုံးထံ ပ်ံ့ႏွံ႕သြားသည္။

ေလးလံေသာဖိအား၏ေအာက္တြင္ လူငယ္ေလးေယာက္က ေၾကာက္႐ြံ႕၍ေသြးဆုတ္ေနၾကသည္။ သူတို႔ထဲမွ တစ္ေယာက္က စိတ္ပင္ပန္းမႈဒဏ္မခံနိုင္ေတာ့သျဖင့္ ထုတ္ေျပာလာသည္။ "ကြၽန္ေတာ္ ဝန္ခံပါ့မယ္။ လင္းက်န္အတြက္ အမူးေျပဟင္းခ်ိဳထဲမွာ ေဆးခတ္ခိုင္းခဲ့တဲ့သူက က်ားယြမ္လင္းပါ။ လင္းက်န္ သတိလစ္သြားရင္ သူက လင္းက်န္ကိုအဝတ္ခြၽတ္ၿပီး ကေခ်သည္ရဲ႕ေဘးမွာ ပစ္ထားမွာပါ။"

Continue Reading

You'll Also Like

59.4K 4.1K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
654K 76.3K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
112K 13.5K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
185K 20.3K 100
ဘာသာပြန်သူ - စွဲညို့အသင်း