Unicode
အဖျားရှိတဲ့လူတစ်ယောက်ဟာ အနည်းဆုံးတော့ဂရုစိုက်မှုလေးတွေကိုလိုချင်တတ်ကြသည်။ ဆေးကိုသေချာတိုက်ပေးမည့်သူ၊ စားချင်တာလေး လုပ်ကျွေးမည့်သူ စသည် ဖြင့် တစ်ယောက်လောက်ကိုတော့လိုချင်တပ်မတ်ကြသည်။ လွှမ်း ညကဖျားနေတော့ ဦးငယ်ကပြုစုပေးရှာသည်။ သို့သော်လည်း အလျင်စလိုပေါ်လာသည့် လူနာကိစ္စကြောင့် ညတွင်းချင်းပင် ထသွားရသည်။ ဒီတစ်နေ့တာကိုတော့ ကိုယ့်ဘာသာကိုယ်သာပြန်ပြုစုရတော့မည်ဖြစ်သည်။
ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လိုက်ရင်း မျက်နှာထက်ပြန့်ကျနေသည့် ဆံပင်တို့ကိုလက်နဲ့သိမ်းကာ နားနောက်သို့ပို့လိုက်သည်။
အဖျားကြီးထားသည်နဲ့အညီ ခေါင်းများကလည်းထိုးကိုက်ကာ လွှမ်းရဲ့ ကိုယ်လေးမှာလည်းယိုင်တိယိုင်တိုင်နဲ့ဖြစ်နေရသည်။
တစ်ညလုံး ဘာမှမစားရသေးသည့်မို့ အောက်ထပ်သို့ဆင်းကာ တစ်ခုခုစားဖို့စဉ်းစားလိုက်သည်။လွှမ်း လှေကားထစ်ကနေတစ်ထစ်ချင်းစီ ဆင်းလိုက်သည်။
"လွှမ်းခက်ချို!..."
"စီနီယာ!...အာ...ကျပြီ"
ကိုယ့်ဘာသာကိုယ်ယိုင်တိယိုင်တိုင်နဲ့ ဆင်းလာရပါသည်ဆိုမှ အရှေ့၌ ဘွားခနဲ ပေါ် လာသည့် ကိုကောင်းမဟာမြတ်ကြောင့် လွှမ်းလန့်ကာ လဲကျသွားရသည်။ သို့သော် စီနီယာလက်ချောင်းရှည်တို့က လွှမ်းရဲ့ခါးနားတစ်ဝိုက် ဖိကပ်ထာဆွဲထားလို့နေသည်။လွှမ်းရဲ့ လက်တို့ကလည်း စီနီယာ့ ပခုံးတို့ကိုကျစ်နေအောင် ကိုင်ထားမိသည်။ လွှမ်းရဲ့မျက်နှာဟာ စီနီယာ့ ရင်ဘတ်ထဲပင်၀င်ရောက်နေသည်။ စီနီယာရဲ့ ကိုယ်သင်းနံ့ကိုတောင် ရှူရှိုက်မိလောက်သည်ထိနှစ်ယောက်သားထိမိနေကြသည်။
ကောင်းမဟာ တစ်ယောက်သူမဆီရလို့တဲ့ ကိုယ်သင်းရနံ့လေးကိုပင်ရှူရှိုက်မိသည်။ နေပူထဲ ဘောလုံးထွက်ကန်တတ်သည့် ဒီမိန်းကလေး ဒီလိုမျိုးကိုယ်သင်းရနံ့လေးကပင်မွှေးကြိုင်နေမည်ဟုသူမထင်ခဲ့ပေ။ ဒီမိန်းကလေးက တစ်ခုခုပင်။
"ရရဲ့လား?..."
"ဟို...ရ..ရပါတယ်။ စီနီယာ လွှတ်ပါအုန်း။"
"ဗျာ!...လွှမ်းခက်ချိုက အရင်လက်တွေဖယ်ရမှာလေ!..."
ဟုတ်ပါရဲ့။ ကြောင်ရမ်းရမ်းပြီးဘာတွေပြောမိနေလည်းမသိပေ။ လွှမ်းကသာ စီနီယာ့ကိုယ်ကြီးကို ဖိထားတာမျိုးဖြစ်သည်။
"Sorry!...Sorry စီနီယာ"
"ရပါတယ်ကွာ။ လာ အောက်ထပ်မှာ မင်းအတွက် ဆန်ပြုတ်၀ယ်ထားတယ်။"
"ခဏလေး!...စီနီယာက ဘယ်လိုရောက်လာတာလဲ"
"အကိုက ညကလာမှာသွားတာလေ၊ လွှမ်းဖျားနေလို့ တစ်ချက်လောက်ကြည့်ထားပေးပါဆိုလို့ ကိုယ်ရောက်နေတာ။"
သူတို့စကားပြောရင်းနဲ့ပင် အောက်ထပ်သို့ဆင်းလာခဲ့လိုက်ကြသည်။
"ဒါဆို....စီနီယာ တစ်ညလုံးဒီမှာရှိနေတာပေါ့။"
"ကျိန်းသေတာပေါ့၊ ကိုယ်ဘဲရှိနေတာလေ။"
"လွှမ်းအတွက်နဲ့ စီနီယာပင်ပန်းသွားရပြီ။"
စီနီယာက လှေကားအောက်ဆုံးထစ်ကနေ မီးဖိုချောင်ခန်းဘက်သို့ ဆက်သွားဖို့လုပ်နေသည့် လွှမ်းရဲ့အရှေ့ကနေပိတ်ရပ်လိုက်သည်။ စီနီယာ့ရဲ့ လွှမ်းထက်မြင့်သည့် ထောင်ထောင်မောင်းမောင်းအရပ်ကြီးကလွှမ်းကိုအုပ်မိုးလို့နေသည်။
*ဖက်ပ်* လွှမ်းရဲ့အနည်းငယ်အပူငွေ့ရှိနေ သေးသည့် နှာဖူးလေးသို့စီနီယာက မထိသာအောင် ဖွဖွလေးပုတ်လာသည်။
"ကိုယ်ကဘာကိုပင်ပန်းရမှာလဲ၊ မင်းကသာဖျားပြီး ပင်ပန်းထားတာလေ။ ဘာကြောင့် ကိုယ့်ကိုစိတ်မပူဘဲ ကိုယ့်ကိုလာစိတ်ပူနေတာလည်း။"
"အော်!..သူစိမ်းတစ်ယောက်ကကိုယ့်ကို လာစောင့်ပေးတာကို အားနာရမှာပေါ့။"
"သူစိမ်း?...ကိုယ်ကသူစိမ်းပေါ့၊"
"ဟုတ်တယ်လေ၊ ညီမလည်းမတော်နိုင်ဘူးဆိုတော့ သူစိမ်းဘဲပေါ့။"
လွှမ်းက တံခါးဘောင်ကိုထောက်ထားတဲ့သူ့လက်မောင်းအောက်ကနေ ကိုယ်လေးကိုကိုင်းပြီး ခေါင်းလျှိုကာထွက်သွားလိုက်သည်။ ကောင်းမဟာတစ်ယောက် နှာခေါင်းတစ်ချက်ရှုတ်ရင်း သူမလေးအနောက်သို့ လိုက်ရတော့သည်။
လွှမ်း ထမင်းဝိုင်းပေါ်မှာ အဆင်သင့်တင်ထားတာတွေ့လိုက်သည့် အငွေ့တထောင်း ထောင်းနဲ့ဆံပြုတ်ပန်းကန်ဖြစ်သည်။ စား ဖွယ်ကောင်းအောင် ဆန်ပြုတ်ပေါ် ကြက်သွန်မြိတ်လေးပင် တင်ထားသည်။
"ဆန်ပြုတ်?..."
သို့သော်လည်း လွှမ်းဆန်ပြုတ်မကြိုက်ပါ။ ငယ်ငယ်ထဲကလွှမ်းအကြောင်းသိသည့် အိမ်ကလူတွေဆို လွှမ်း ဖျားလျှင်ဆန်ပြုတ်ေတာ့မတိုက်ပေ။ အခြားအားရှိမည့်တစ်ခုခုကိုသာ ပြင်ဆင်ပေးတတ်ကြသည်။ဦးငယ်ဆိုလည်း ဒီလိုဘဲအခြားအားရှိတဲ့အစားစာတစ်ခုခုကိုပြင်ဆင်ပေးလိမ့်မည်။သို့သော် အခုက သူများကလာပြီး ဒုက္ခခံပြင်ဆင်ပေးထားသည်မို့ ငြင်းရခက်၏။
"ဘာလဲ...မကြိုက်လို့လား?"
"မကြိုက်ဘူးလို့ မပြောမိပါဘူးနော်။"
"သေချာလို့လား...မျက်နှာအမူအရာက မကြိုက်တဲ့ပုံပြနေတာကို ကျိန်းသေလို့လား။"
"ဟို..."
"မလိမ်တတ်ရင်မလိမ်နဲ့။ အထူးသဖြင့် လွှမ်းခက်ချို အတွက်အဆင်မပြေတာမျိုးဆို သည်းခံမနေစရာမလိုဘူး။ ကိုယ့်ကိုပြော"
အရှေ့ကနေဆုံးမစကားတို့ဆိုနေသည့် စီနီယာကို လွှမ်းစကားတို့မပြန်မိဘဲ မျက်စိလေးပေကလပ်ပေကလပ်နဲ့သာ ကြည့်နေမိသည်။ အာ...အခုမှသတိရ၏။ လွှမ်းမျက်နှာမသစ်ရသေးပေ။
"အဲ့တာ ဘယ်လည်း?.."
မျက်နှာသွားသစ်ရန်အတွက် လှည့်ထွက်ဖို့ပြင်နေသည့် လွှမ်းလက်ကိုဆွဲကာ စီနီယာမှမေးလိုက်ခြင်းဖြစ်သည်။
"ကျစ်!...လက်တွေကပြန်ပူနေတယ် ကြည့်စမ်း။"
လွှမ်းရဲ့ ညိုတတလက်ကောက်၀တ်ကို သေချာကိုင်ထားရင်း ပါးစပ်ကနေတတွင် တွင်ပြောနေတော့သည်။
"ဟို...ရပါတယ် နည်းနည်းအပူငွေ့ရှိနေသေး တာပါ။"
"ဘာကိုနည်းနည်း အပူငွေ့လည်း ဒေါ်လွှမ်းခက်ချို ကိုယ်ပြန်ပူနေတာလေ။"
နှာဖူးလေးပေါ် သူ့လက်ချောင်းရှည်ရှည်တို့တင်ကာ ထပ်ပြောလာပြန်သည်။
"ကဲ...အခုဘာစားချင်လဲပြော၊ ဆန်ပြုတ်မစားချင်ဘူးဆိုလည်း တစ်ခုခုစားရမယ်။ ပြီးရင်ဆေးသောက်ရမယ်။"
"...."
"ကိုယ့်ကိုကြည့်နေလို့ ဗိုက်ပြည့်တာမှမဟုတ်တာ။ ဘာစားချင်လဲလို့။"
သူ့မေးတာမဖြေဘဲသူ့ကိုသာ မပေတပေ မော့ကြည့်နေသည့် ဒီကောင်မလေးကိုသူနားမလည်နိုင်ပေ။ သူ့ကိုဆို မထုံတတေနဲ့ဘယ်တော့မှ မပွင့်လင်းပေ။
"ကြက်ပေါင်းစားမလား?..."
မနေနိုင်တဲ့အဆုံး မဟာကသာ ဦးဆောင်ပြီးမေးလိုက်ရတော့သည်။ ထိုအခါမှခေါင်းကိုတတွင်တွင် ညှိတ်ပြလာတော့သည်။
"ပြီးရော...စားမယ်ဆိုလည်းပြောလေ၊ ကိုယ် ၀ယ်ပေးမှာပေါ့။"
"အားနာလို့ပါ။"
လာပြန်ပြီ၊ ဒီအားနာတာတွေ၊ ဒီစကားတွေကို ဘယ်သူထွင်ခဲ့လဲသူသိချင်မိသည်။
ထို့နောက် သူမနက်တုန်းကဆန်ပြုတ်သွား၀ယ်ခဲ့တဲ့ ဆိုင်လေးကိုသာပြန်ဦးတည်လိုက်သည်။ ဒီကလေးမ အခုမနက်ဆေးသောက်ဖို့လိုနေပြီဖြစ်သည်။
******
ကောင်းမဟာတစ်ယောက် ကြက်ပေါင်းထည့်ထားသည့်ဘူးကိုဆွဲကာ ဒီဘက်အိမ်သို့ရောက်လာခဲ့သည်။ရုံးတတ်ချိန်ကားပိတ်တာကြောင့် သူနည်းနည်းတော့ကြာသွားသည်။
"လွှမ်းခက်ချို!...လွှမ်းခက်ချို"
ပြန်ထူးသံမကြားရတာကြောင့် သူမအခန်းရှေ့သို့သာ တည့်တည့်မတ်မတ်သွားလိုက်သည်။
*ဒေါက်...ဒေါက်*
သူနောက်တစ်ခါ နာမည်ထပ်ခေါ်ပေမယ့် ပြန်ထူးသံမကြားရပေ။ သူအထဲသို့၀င်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ကုတင်ပေါ်မှာ ဂွမ်းကပ်စောင်ကြီးကြား သူ့ကိုယ်လေးမြုပ်နေသည်အထိ ဝင်တိုးကာအိပ်နေသည်။ ကုတင်ဘေးကစားပွဲပေါ်၌တွေ့လိုက်ရသည်က ဆေးအခွံ၊ ပေါင်မုန့်နဲ့ ကော်ဖီခွက်။
သူမဗိုက်ဆာတာကြောင့် အဆာပြေစားကာ ဆေးသောက်ပြီးပြီထင်ပါရဲ့။ မဟာတစ်ယောက်အပြစ်မကင်းသလိုတော့ ခံစားလိုက်ရသည်။ နှာဖူးလေးကိုထိကြည့်လိုက်တော့ သိပ်တော့မပူတော့ပေ။ အခုမှသူ သက်ပြင်း ချမိသည်။
*Ring...Ring* မဟာ ဖုန်းသံကြောင့်သူမလေးနိုးမည်ဆိုးတာကြောင့် ချက်ချင်းပင်အခန်းပြင်ထွက်လိုက်သည်။ ဖုန်း၀င်လာတော့
ငြိမ်းခဖြစ်နေသည်။
"Hello...ဟဲ့ရောင် ရုံးခန်းဘက်ခဏထွက်ခဲ့အုန်း။"
"အရေးကြီး ကိစ္စလား"
"အေး...အရေးကြီးတယ်။ ငါတို့ရဲ့ Project
အသစ်မှာ ပါတနာအဖြစ်ပါ၀င်ချင်လို့တဲ့။ ညှိနှိုင်းမှုပေါ့ကွာ။"
"အခုတော့ မရသေးဘူး၊ ငါဒီမှာလုပ်ရမယ့်ဟာလေးရှိသေးလို့။ တွေ့မယ့်အချိန်ကို
ညပြန်ပြောင်းလိုက်"
လွှမ်းခက်ချိုကို နေ့ခင်းဆေးလေးတော့သူ၀င်အောင်တိုက်ရမည်ဖြစ်သည်။
"အေး...ပြီးရောကွာ။"
ကောင်းမဟာ ဆိုတာကျန်တဲ့အချိန်ဘယ် လောက်လူငယ်ဆန်ဆန် အလုပ်နဲ့ပတ်သတ်လာရင် ပထမဦးစားပေးထားတတ်သည်။ အခုတကယ်လည်းအရေးကြီးနေတဲ့ဟန်ရှိသည်မို့ ငြိမ်းခ ဒီကောင့်ကိုအထွန့်မတတ်တော့ပေ။
မိုးရာသီလို့မဆိုအား မွန်းတည့်အချိန်ပင်ဆိုပါစေ မိုးသားတို့တလိပ်လိပ်နဲ့တက်လာကာ ပြတင်းပေါက်တို့ဟာလည်း ထိုမိုးသားလိပ်တို့ကြောင့် မှောင်မိုက်ခြင်းခံထားရသည်။ သူဒီကလေးမကို နှိုးမှဖြစ်တော့မည်။
"ဟေ့..လွှမ်းခက်ချို!..."
"...."
"လွှမ်းခက်ချို!..." အနည်းငယ်လူးလိမ့်ပြီးနောက် လေးလံနေသည့် မျက်ခွံတို့နဲ့ထလာရှာသည်။
"စီနီယာ!...လွှမ်းအိပ်ပျော်သွားတာလား"
"အင်း!...နေ့ခင်းဆေးသောက်မယ်။..ထ"
"အာ...ဟုတ်သား"
လွှမ်းခက်ချို ခပ်မြန်မြန်ပင်ထကာစီနီယာအနောက်သို့လိုက်သွားလိုက်သည်။ အေးသွားသော ကြက်ပေါင်းတို့ကိုပြန်နွေးအောင် Microwave ထဲထည့်ကာမဟာနွှေးပေးလိုက်သည်။
"စီနီယာ လည်းစားလေ"
"ကိုယ်ကစားပြီးပြီ။လွှမ်းခက်ချိုသာစားပါ။ ပြီးရင်ဆေးသောက်ရမယ်နော်။"
"လွှမ်းကလေးမဟုတ်ပါဘူး။သိပါတယ်။"
"ဟုတ်ပါပြီဗျာ။ ဘာဘဲပြောပြောခင်ဗျားလေးက ကျွန်တော်မျိုးထက်ငယ်တယ်လေ။"
*ဝေါ...ဝေါ*
"မိုးတွေရွာလာပြီ" နှစ်ယောက်သား ပြိုင်တူပြောမိလိုက်သည့်စကားတစ်ခွန်း။
လွှမ်းလည်း စီနီယာ၀ယ်လာပေးတဲ့ကြက်ပေါင်းနဲ့အလုပ်ရှုပ်နေသည်။ အသားကိုဖဲ့စားလိုက်၊ အရည်လေးကိုသောက်လိုက်နဲ့ အင်မတန်မှခံတွင်းတွေ့လှသည်။ ဒီလိုနေမကောင်းတဲ့အချိန် ဒီလိုအရသာရှိရှိလေးစားလိုက်ရတာမို့ စီနီယာ့ကိုကျေးဇူးတင်မိသား။ လွှမ်းအပေါ် စီနီယာ့ကျေးဇူးတွေတကယ်ပင်များနေပြီဖြစ်သည်။
ကိုခက်နောင်ချို ပြန်ရောက်လာပြီမို့၊ ညနေပိုင်းကျ မဟာဒီဘက်ခြံသို့ပြန်လာခဲ့လိုက်သည်။ လွှမ်းခက်ချိုလည်း အဖျားကျသလောက်ရှိနေပြီဖြစ်သည်။ ည (၉) နာရီထိုးနေပြီဖြစ်သော်လည်း မဟာကောင်းကောင်း အနားမယူရသေးပေ။ လုပ်ငန်း အကြောင်းတွေကိုအသေးစိတ်လေ့လာနေရသည်မို့ ဒီနေ့ညလည်း သူအိပ်ရေးပျက်ရအုန်းမည်ဖြစ်သည်။ black coffee ခွက်ထဲသံပုရာသီးလည်းညှစ်ထည့်လိုက်ကာ သူ့အလုပ်စားပွဲသို့ယူလာလိုက်သည်။
မဟာ သူ့ရဲ့အလုပ်ထဲ စိတ်နှစ်ကာထိုင်လုပ်နေလိုက်သည်မှာ ည ၁ ချက်ထိုးပင်ရှိနေပြီဖြစ်သည်။အပေါ်ထပ်တွင် လေညှင်းခံဖို့ထုတ်ထားသည့် ၀ရံတာဘက်သို့လျှောက်သွားရင်း စီးကရက်တို့ဖွာရှိုက်မိသည်။လက်ကစီးကရက်ကိုရောက်နေပေမယ့် အကြည့်တို့ကတော့ ရှည်လျားသောလိုက်ကာတို့ဖြင့်ကာဆီးထားသော တစ်ဖက်တိုက်ရဲ့အခန်းငယ်ကို ငေးကြည့်နေမိသည်။
*ဒီအချိန်ဆို အိပ်ရောပေါ့။*
********
လွှမ်း ကျောင်းနှစ်ရက်ပျက်ပြီးဖြစ်တာ ကြောင့် ဒီနေ့တော့အတန်းတက်ဖို့ သွားရမည်ဖြစ်သည်။ မိုးကုန်ခါနီးမို့တူသည် ရွာမြဲမပျက် မိုးကဆက်တိုက်ချနေတော့သည်။ အေးကလည်း အေးလှသည်။ ညကျရင်တော့ Liverpool ပွဲစုရပ်ကြည့်နေကျဖြစ်သည့် Bar သို့သွားရမည်ဖြစ်သည်။
အိမ်ကထွက်လာတော့ လွှမ်းဘေးအိမ်ကိုလှမ်းကြည့်လိုက်တော့ စီနီယာ့ ကားလည်း
မရှိသလို၊ လူရှိသယောင် အရိပ်လေးပင်မရှိပေ။ အစောကြီးထသွားပြီရယ်နဲ့တူပါတယ်။
လွှမ်းတို့ဒီနေ့ကျောင်းလေ့ကျင့်ရေးကွင်းမှာ အပြေးလေ့ကျင့်နေရသည်။ ဒီတစ်ပတ်ထဲပြိုင်ဖက်အသင်းနဲ့ တစ်ပွဲနွှဲရမည်မို့သွေးပူလေ့ကျင်ခန်းကို လုပ်နေရခြင်းဖြစ်သည်။ အနည်းငယ် မိုးအုံ့နေသည်မို့ အပြေးလေ့ ကျင့်တဲ့အခါ ခံနိုင်ရည်ရှိလှသည်။
"လွှမ်းခက်ချို!...ကိုဖြိုးဇာနည်က သူ့ဆီ ခဏလောက်လာခဲ့ပါတဲ့။"
လွှမ်းလှမ်းကြည့်လိုက်တော့ ကွင်းဘေးနားမှာ ရပ်စောင့်နေတဲ့ ကိုဖြိုးဇာနည်က လက် လှမ်းပြနေသည်။ စီနီယာဖြိုးဇာနည်ဒီရက်ထဲ သူ့ဆီမလာတာတောင် ကြာပြီဖြစ်သည်။ အရင်ကဆိုလွှမ်းရှိရာလေ့ကျင့်ရေးကွင်းဆီလာရင်း အာလာပသလာပ ပြောတတ်သည်။
လွှမ်း...စီနီယာဖြိုးဇာနည်ရှိရာဆီ ခေါင်းညှိတ်ပြပြီး ခပ်လေးလေးပြေးလာသည်။
"စီနီယာ!..."
"ဘာလိုလုပ် အခေါ်ဝေါ်တွေပြောင်းကုန်ရတုန်း။"
"အော်!...ဟီးဟီး ဒီလိုပါဘဲ ဒါနဲ့စီနီယာ ဘာကိစ္စရှိလို့လဲ?..."
ကိုဖြိုးဇာနည်က စီနီယာလိုပင် အရပ်ရှည်ကာကြည့်ကောင်းလှသည်။ အသားရေကလည်း လွှမ်းထက်ဖြူကာ ရုပ်ကလည်းတစ်မျိုးလေးကြည့်လို့ကောင်းသည်။တစ်ခါတစ်ခါလွှမ်းအသိအကို တစ်ယောက်နဲ့ပင်တူသည်ဟုထင်ရမိသည်။ စီနီယာတို့သူငယ်ချင်းသုံးယောက်လုံး ရူပါဖြောင့်ကာပေါင်းသင်းဆက်ဆံရေးလည်းပြေပြစ်တာကြောင့် ဒီလိုဟိုးလေးတကျော် ဖြစ်နေခြင်းဖြစ်မည်။
"ဘာတွေငေးနေတာလဲ?..." ကိုဖြိုးဇာနည်က 'ဘာတွေတွေးနေတာလဲလို့ဆိုလိုချင်သည့်' အကြည့် တို့နဲ့စိုက်ကြည့်နေသည်။
"ဘာမှမဟုတ်ပါဘူး။"
"အင်း!...ကျွန်တော် ပြောဖို့ကလွှမ်းခက်ချို ညကျ Liverpool ပွဲကိုစုရပ်မှာလာကြည့်မှာမလား။"
"ဟုတ်တယ်လေ လာကြည့်မှာ။ အကိုလည်းလာမှာမလား?...ဒီညတော့ စားကောင်းတာလေး စီစဉ်ပေးပါဗျာ။"
ကိုဖြိုးဇာနည်ရဲ့ အကိုရင်းဖြစ်သူကထို
*She Bar* ပိုင်ရှင်ဖြစ်သည်။ ဒါကြောင့်
ကိုဖြိုးဇာနည်က လွှမ်းတို့လို Liverpool fans တွေအပျော်သဘောလူစုပြီး ကြည့်နိုင်အောင် စီစဉ်ထားပေးခြင်းဖြစ်သည်။ ကွင်းထဲထိသွားရောက် အားမပေးနိုင်သေးသည့်အလျောက် သည်လိုအားပေးရာတူသည့်
လူတွေအတူစုပြီးအားပေးကြတာကလည်းတစ်မျိုးတော့ ပျော်စရာကောင်းလှသည်။
"ဟုတ်ပါပြီ။ စီစဉ်ပေးပါ့မယ်ဗျာ။"
"ဒါနဲ့ ကိုဖြိုးဇာနည်လာရင်းကိစ္စက?.."
"ဟုတ်သား။ ညကျ ကျွန်တော်တို့အဝေးကွင်းဂျာစီ ဆင်တူ၀တ်ခဲ့ဖို့လာမှာတာ။
ဟိုကောင်ဖိုးသား မွေးနေ့လေအဲ့တာသူကမှတ်တမ်းပုံလေးရိုက်ချင်တယ်ဆိုလို့။"
"အော်!..."
"လွှမ်းခက်ချို!...အဆင်ပြေတယ်မလား"
"ပြေတာပေါ့၊ ကိုဖိုးသားကအပြင်လူမှမဟုတ်တာ။"
"Ok!..ဒါဆို အကိုသွားပြီ"
"ဟုတ်ကဲ့။"
လွှမ်းလည်း ညနေပိုင်းကျောင်းဆင်းလို့အိမ်ပြန်သည်ထိ စီနီယာ့အရိပ်လေးကိုတောင်မတွေ့မိပါ။ မနက်မိုးလင်းပြီဆိုတွေ့နေကျမို့ ဒီနေ့ကမတွေ့တော့ လိုက်ရှာမိနေသည်။
********
စားသောက်ဆိုင်တစ်ခု၌ဖြစ်သည်။ ကိုထွဋ်က ဒီကိုပြန်ရောက်ရောက်ခြင်းတွေ့ချင်သည်ဟု ဆိုသည်ကြောင့် သူသွားတွေ့ခြင်းဖြစ် သည်။
"ကိုကောင်း!...မင်းအိမ်သစ်ပြောင်းသွားထဲက အိမ်ကိုတစ်ရက်တောင်မပြန်ဘူးဆို"
"အင်း!..."
"ကိုကောင်း...လူကြီးတွေကိုအဲ့လိုမနိုင်စားနဲ့လေ။ငါမကြိုက်ဘူး။"
"နိုင်စားတယ်?...ဘယ်သူလဲ ကျွန်တော်ကလား ကိုကောင်း"
သူ့ညီက အပြင်ကလူတွေနဲ့သာတည့်တာ အိမ်ကလူတွေနဲ့ သိပ်တည့်လှသည်မဟုတ်ပေ။ကောင်းကလူကြီးတွေကိုချစ်သော်လည်း သူ့ကိုကြိုးဆွဲချင်တာကြောင့် ရုန်းထွက်တတ် သည်။ သူတစ်ယောက်ကိုသာ အသက်ရှိတယ်ဟုထင်တဲ့ကောင်ဖြစ်သည်။
"မင်း...ငါ့နဲ့လာတွေ့ဖို့လာတာလား?...ငါ့ကိုစကားနာထိုးဖို့ လာတာလား?..."
"ဝောာ်ပြီ!...မှာစရာရှိတာမှာကြစို့ ကိုထွဋ်ရာ"
"ဟုတ်ပြီ။"
သူတို့ညီအကိုနှစ်ယောက် ညစာမှာစားကြကာ စကားစမြည်ပြောဖြစ်ခဲ့ကြသေးသည်။ ကိုထွဋ်ရဲ့ ဦးတည်ရာက မဟာ့ကိုအိမ်ပြန်နေဖို့သာ စကားတို့ထိုးထည့်ခြင်းဖြစ်သည်။ ထို့နောက် အလုပ်ကိစ္စ အကြောင်းတွေလည်း သူတို့ညီအစ်ကိုနှစ်ယောက် ပြောဖြစ်ကြသေးသည်။ ကိုထွဋ်ကိုတော့ သူတို့အဖွဲ့ကတိမ်မြုပ်လုလုဖြစ်နေသည့် Company တစ်ခုကို၀ယ်ထားကြောင်းတော့ ပြောပြထားလိုက်သည်။
****
မဟာ ကိုထွဋ်နဲ့ညစာစားပြီးအိမ်သို့ပြန်လာတော့ ည 8 နာရီပင်ခွဲနေပြီဖြစ်သည်။ သူ့ကား ခြံထဲရောက်တော့ ဟိုဘက်ခြံကမှောင်မဲ၍နေသည်။ အကိုခက်နောင်ချို ကဒီအချိန်ဆို ဆေးရုံသွားပြီဖြစ်ပေမယ့်၊ လွှမ်းခက်ချို သူမကော ဘယ်သွားတာလဲ။ သူသိရသ လောက် ဒီကောင်မလည်း ဒီနေ့ညဘက်တတ်ရမည့် အတန်းတွေလည်းမရှိပေ။
သူကားပေါ်ကဆင်းဆင်းချင်းအိမ်ထဲသို့ရောက်သည်နဲ့ သူမကိုဖုန်းတန်းခေါ်လိုက်သည်။ သို့သော် သူမက သူ့ဖုန်းကိုကိုင်ခြင်းမရှိပေ။ဘယ်တွေများသွားပြီး ဘာတွေလုပ်နေလို့သူ့ဖုန်းမကိုင်ရတာလဲ။ မနေ့ကမှ အဖျားအရှင်းပျောက်သည်ကိုဘယ်များသွားနေသည်လဲ။ သူ့စိတ်တွေအနည်းငယ်တော့ လေးလာရသည်။ဒီကောင်မလေး သူ့ကိုစိတ်ပူအောင်လုပ်ပြန်ပြီ။
ဆိုဖာ၌ထိုင်ကာခဏအနားယူရင်း သူလိုင်းဖွင့်ကာ ခဏတဖြုတ်ကြည့်နေတုန်း၀င်ရောက်လာသည့် live notificationတစ်ခု၊ ဒီကောင် ဖြိုးဇာနည်ဘာအရူးထပြီး live ထလွှင့်သည်လည်း။ မဟာ liveထဲ ၀င်ကြည့်လိုက်တော့ အနည်းငယ်ဆူညံ့နေသည်။ ဒီအပြင်ဆင်ကို မဟာသိတာကြောင့်
ဒီကောင်ဖြိုးဇာနည် She Bar ကိုရောက်နေတာဖြစ်မည်။ ရုတ်တရက်ကြည့်လိုက်တော့ ဒီကောင့်နောက်ထိုင်နေသည့်သူမှာ လွှမ်းခက်ချိုနဲ့တူလှသည်။သေချာကြည့်မှ သူထင်နေတာမမှားပေ လွှမ်းခက်ချို ဖြစ်နေသည်။ဘေးတွင်တော့ သူစိမ်းကောင်လေးတစ်ယောက်ရှိနေကာ နှစ်ယာက်သားနားနားကပ်ကာ တတွတ်တွတ်နဲ့စကားပြောနေကြပုံရ သည်။
"လွှမ်းခက်ချို!..ဒီကိုကြည့်ပါအုန်း။ ဟဲ့ရောင်ဖိုးသား ငါ့လွှမ်းလေးဘေးက နည်းနည်းဖယ်စမ်းပါကွာ။"
"ဟာ...စီနီယာကလည်း live မလွှင့်စမ်းပါနဲ့။"
"ဟား...ဟားကျွန်တော့်ဂျူနီယာလေးကရှက်နေတာဗျ။"
လွှမ်းခက်ချိုနဲ့ ဖြိုးဇာနည်တို့နှစ်ယောက်သားက ပြုံးဖြီးလို့နေသည်။ ဘေးက ဖိုးသားဆိုတဲ့ ငနဲကထိုကောင်မလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်။ သူ့ကိုတောင်မပြောဘဲ
နှစ်ယောက်သားအပေးယူတည့်တည့်ဖြင့်
ဒီအချိန်ကြီး bar ရောက်နေသည်တဲ့လား။
မဟာရဲ့အရိပ်လေးဟာ ထိုနေရာမှချက်ချင်းပင်ပျောက်ကာ လျင်မြန်လှသောအရှိန်နဲ့ကားထဲသို့ရောက်သွားပြီဖြစ်သည်။
(စောင့်နေကြလား ဘေဘီတို့ 🦋💛)
🍂🍂🍂🍂🍂🍂
Zawgyi
အဖ်ားရွိတဲ့လူတစ္ေယာက္ဟာ အနည္းဆုံးေတာ့ဂ႐ုစိုက္မႈေလးေတြကိုလိုခ်င္တတ္ၾကသည္။ ေဆးကိုေသခ်ာတိုက္ေပးမည့္သူ၊ စားခ်င္တာေလး လုပ္ေကြၽးမည့္သူ စသည္ ျဖင့္ တစ္ေယာက္ေလာက္ကိုေတာ့လိုခ်င္တပ္မတ္ၾကသည္။ လႊမ္း ညကဖ်ားေနေတာ့ ဦးငယ္ကျပဳစုေပးရွာသည္။ သို႔ေသာ္လည္း အလ်င္စလိုေပၚလာသည့္ လူနာကိစၥေၾကာင့္ ညတြင္းခ်င္းပင္ ထသြားရသည္။ ဒီတစ္ေန႕တာကိုေတာ့ ကိုယ့္ဘာသာကိုယ္သာျပန္ျပဳစုရေတာ့မည္ျဖစ္သည္။
ကုတင္ေပၚမွာ ငုတ္တုတ္ထထိုင္လိုက္ရင္း မ်က္ႏွာထက္ျပန့္က်ေနသည့္ ဆံပင္တို႔ကိုလက္နဲ႕သိမ္းကာ နားေနာက္သို႔ပို႔လိုက္သည္။
အဖ်ားႀကီးထားသည္နဲ႕အညီ ေခါင္းမ်ားကလည္းထိုးကိုက္ကာ လႊမ္းရဲ႕ ကိုယ္ေလးမွာလည္းယိုင္တိယိုင္တိုင္နဲ႕ျဖစ္ေနရသည္။
တစ္ညလုံး ဘာမွမစားရေသးသည့္မို႔ ေအာက္ထပ္သို႔ဆင္းကာ တစ္ခုခုစားဖို႔စဥ္းစားလိုက္သည္။လႊမ္း ေလွကားထစ္ကေနတစ္ထစ္ခ်င္းစီ ဆင္းလိုက္သည္။
"လႊမ္းခက္ခ်ိဳ!..."
"စီနီယာ!...အာ...က်ၿပီ"
ကိုယ့္ဘာသာကိုယ္ယိုင္တိယိုင္တိုင္နဲ႕ ဆင္းလာရပါသည္ဆိုမွ အေရွ႕၌ ဘြားခနဲ ေပၚ လာသည့္ ကိုေကာင္းမဟာျမတ္ေၾကာင့္ လႊမ္းလန႔္ကာ လဲက်သြားရသည္။ သို႔ေသာ္ စီနီယာလက္ေခ်ာင္းရွည္တို႔က လႊမ္းရဲ႕ခါးနားတစ္ဝိုက္ ဖိကပ္ထာဆြဲထားလို႔ေနသည္။လႊမ္းရဲ႕ လက္တို႔ကလည္း စီနီယာ့ ပခုံးတို႔ကိုက်စ္ေနေအာင္ ကိုင္ထားမိသည္။ လႊမ္းရဲ႕မ်က္ႏွာဟာ စီနီယာ့ ရင္ဘတ္ထဲပင္၀င္ေရာက္ေနသည္။ စီနီယာရဲ႕ ကိုယ္သင္းနံ႕ကိုေတာင္ ရႉရွိုက္မိေလာက္သည္ထိႏွစ္ေယာက္သားထိမိေနၾကသည္။
ေကာင္းမဟာ တစ္ေယာက္သူမဆီရလို႔တဲ့ ကိုယ္သင္းရနံ႕ေလးကိုပင္ရႉရွိုက္မိသည္။ ေနပူထဲ ေဘာလုံးထြက္ကန္တတ္သည့္ ဒီမိန္းကေလး ဒီလိုမ်ိဳးကိုယ္သင္းရနံ႕ေလးကပင္ေမႊးႀကိဳင္ေနမည္ဟုသူမထင္ခဲ့ေပ။ ဒီမိန္းကေလးက တစ္ခုခုပင္။
"ရရဲ႕လား?..."
"ဟို...ရ..ရပါတယ္။ စီနီယာ လႊတ္ပါအုန္း။"
"ဗ်ာ!...လႊမ္းခက္ခ်ိဳက အရင္လက္ေတြဖယ္ရမွာေလ!..."
ဟုတ္ပါရဲ႕။ ေၾကာင္ရမ္းရမ္းၿပီးဘာေတြေျပာမိေနလည္းမသိေပ။ လႊမ္းကသာ စီနီယာ့ကိုယ္ႀကီးကို ဖိထားတာမ်ိဳးျဖစ္သည္။
"Sorry!...Sorry စီနီယာ"
"ရပါတယ္ကြာ။ လာ ေအာက္ထပ္မွာ မင္းအတြက္ ဆန္ျပဳတ္၀ယ္ထားတယ္။"
"ခဏေလး!...စီနီယာက ဘယ္လိုေရာက္လာတာလဲ"
"အကိုက ညကလာမွာသြားတာေလ၊ လႊမ္းဖ်ားေနလို႔ တစ္ခ်က္ေလာက္ၾကည့္ထားေပးပါဆိုလို႔ ကိုယ္ေရာက္ေနတာ။"
သူတို႔စကားေျပာရင္းနဲ႕ပင္ ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္ၾကသည္။
"ဒါဆို....စီနီယာ တစ္ညလုံးဒီမွာရွိေနတာေပါ့။"
"က်ိန္းေသတာေပါ့၊ ကိုယ္ဘဲရွိေနတာေလ။"
"လႊမ္းအတြက္နဲ႕ စီနီယာပင္ပန္းသြားရၿပီ။"
စီနီယာက ေလွကားေအာက္ဆုံးထစ္ကေန မီးဖိုေခ်ာင္ခန္းဘက္သို႔ ဆက္သြားဖို႔လုပ္ေနသည့္ လႊမ္းရဲ႕အေရွ႕ကေနပိတ္ရပ္လိုက္သည္။ စီနီယာ့ရဲ႕ လႊမ္းထက္ျမင့္သည့္ ေထာင္ေထာင္ေမာင္းေမာင္းအရပ္ႀကီးကလႊမ္းကိုအုပ္မိုးလို႔ေနသည္။
*ဖက္ပ္* လႊမ္းရဲ႕အနည္းငယ္အပူေငြ႕ရွိေန ေသးသည့္ ႏွာဖူးေလးသို႔စီနီယာက မထိသာေအာင္ ဖြဖြေလးပုတ္လာသည္။
"ကိုယ္ကဘာကိုပင္ပန္းရမွာလဲ၊ မင္းကသာဖ်ားၿပီး ပင္ပန္းထားတာေလ။ ဘာေၾကာင့္ ကိုယ့္ကိုစိတ္မပူဘဲ ကိုယ့္ကိုလာစိတ္ပူေနတာလည္း။"
"ေအာ္!..သူစိမ္းတစ္ေယာက္ကကိုယ့္ကို လာေစာင့္ေပးတာကို အားနာရမွာေပါ့။"
"သူစိမ္း?...ကိုယ္ကသူစိမ္းေပါ့၊"
"ဟုတ္တယ္ေလ၊ ညီမလည္းမေတာ္နိုင္ဘူးဆိုေတာ့ သူစိမ္းဘဲေပါ့။"
လႊမ္းက တံခါးေဘာင္ကိုေထာက္ထားတဲ့သူ႕လက္ေမာင္းေအာက္ကေန ကိုယ္ေလးကိုကိုင္းၿပီး ေခါင္းလွ်ိုကာထြက္သြားလိုက္သည္။ ေကာင္းမဟာတစ္ေယာက္ ႏွာေခါင္းတစ္ခ်က္ရႈတ္ရင္း သူမေလးအေနာက္သို႔ လိုက္ရေတာ့သည္။
လႊမ္း ထမင္းဝိုင္းေပၚမွာ အဆင္သင့္တင္ထားတာေတြ႕လိုက္သည့္ အေငြ႕တေထာင္း ေထာင္းနဲ႕ဆံျပဳတ္ပန္းကန္ျဖစ္သည္။ စား ဖြယ္ေကာင္းေအာင္ ဆန္ျပဳတ္ေပၚ ၾကက္သြန္ၿမိတ္ေလးပင္ တင္ထားသည္။
"ဆန္ျပဳတ္?..."
သို႔ေသာ္လည္း လႊမ္းဆန္ျပဳတ္မႀကိဳက္ပါ။ ငယ္ငယ္ထဲကလႊမ္းအေၾကာင္းသိသည့္ အိမ္ကလူေတြဆို လႊမ္း ဖ်ားလွ်င္ဆန္ျပဳတ္ေတာ့မတိုက္ေပ။ အျခားအားရွိမည့္တစ္ခုခုကိုသာ ျပင္ဆင္ေပးတတ္ၾကသည္။ဦးငယ္ဆိုလည္း ဒီလိုဘဲအျခားအားရွိတဲ့အစားစာတစ္ခုခုကိုျပင္ဆင္ေပးလိမ့္မည္။သို႔ေသာ္ အခုက သူမ်ားကလာၿပီး ဒုကၡခံျပင္ဆင္ေပးထားသည္မို႔ ျငင္းရခက္၏။
"ဘာလဲ...မႀကိဳက္လို႔လား?"
"မႀကိဳက္ဘူးလို႔ မေျပာမိပါဘူးေနာ္။"
"ေသခ်ာလို႔လား...မ်က္ႏွာအမူအရာက မႀကိဳက္တဲ့ပုံျပေနတာကို က်ိန္းေသလို႔လား။"
"ဟို..."
"မလိမ္တတ္ရင္မလိမ္နဲ႕။ အထူးသျဖင့္ လႊမ္းခက္ခ်ိဳ အတြက္အဆင္မေျပတာမ်ိဳးဆို သည္းခံမေနစရာမလိုဘူး။ ကိုယ့္ကိုေျပာ"
အေရွ႕ကေနဆုံးမစကားတို႔ဆိုေနသည့္ စီနီယာကို လႊမ္းစကားတို႔မျပန္မိဘဲ မ်က္စိေလးေပကလပ္ေပကလပ္နဲ႕သာ ၾကည့္ေနမိသည္။ အာ...အခုမွသတိရ၏။ လႊမ္းမ်က္ႏွာမသစ္ရေသးေပ။
"အဲ့တာ ဘယ္လည္း?.."
မ်က္ႏွာသြားသစ္ရန္အတြက္ လွည့္ထြက္ဖို႔ျပင္ေနသည့္ လႊမ္းလက္ကိုဆြဲကာ စီနီယာမွေမးလိုက္ျခင္းျဖစ္သည္။
"က်စ္!...လက္ေတြကျပန္ပူေနတယ္ ၾကည့္စမ္း။"
လႊမ္းရဲ႕ ညိုတတလက္ေကာက္၀တ္ကို ေသခ်ာကိုင္ထားရင္း ပါးစပ္ကေနတတြင္ တြင္ေျပာေနေတာ့သည္။
"ဟို...ရပါတယ္ နည္းနည္းအပူေငြ႕ရွိေနေသး တာပါ။"
"ဘာကိုနည္းနည္း အပူေငြ႕လည္း ေဒၚလႊမ္းခက္ခ်ိဳ ကိုယ္ျပန္ပူေနတာေလ။"
ႏွာဖူးေလးေပၚ သူ႕လက္ေခ်ာင္းရွည္ရွည္တို႔တင္ကာ ထပ္ေျပာလာျပန္သည္။
"ကဲ...အခုဘာစားခ်င္လဲေျပာ၊ ဆန္ျပဳတ္မစားခ်င္ဘူးဆိုလည္း တစ္ခုခုစားရမယ္။ ၿပီးရင္ေဆးေသာက္ရမယ္။"
"...."
"ကိုယ့္ကိုၾကည့္ေနလို႔ ဗိုက္ျပည့္တာမွမဟုတ္တာ။ ဘာစားခ်င္လဲလို႔။"
သူ႕ေမးတာမေျဖဘဲသူ႕ကိုသာ မေပတေပ ေမာ့ၾကည့္ေနသည့္ ဒီေကာင္မေလးကိုသူနားမလည္နိုင္ေပ။ သူ႕ကိုဆို မထုံတေတနဲ႕ဘယ္ေတာ့မွ မပြင့္လင္းေပ။
"ၾကက္ေပါင္းစားမလား?..."
မေနနိုင္တဲ့အဆုံး မဟာကသာ ဦးေဆာင္ၿပီးေမးလိုက္ရေတာ့သည္။ ထိုအခါမွေခါင္းကိုတတြင္တြင္ ညွိတ္ျပလာေတာ့သည္။
"ၿပီးေရာ...စားမယ္ဆိုလည္းေျပာေလ၊ ကိုယ္ ၀ယ္ေပးမွာေပါ့။"
"အားနာလို႔ပါ။"
လာျပန္ၿပီ၊ ဒီအားနာတာေတြ၊ ဒီစကားေတြကို ဘယ္သူထြင္ခဲ့လဲသူသိခ်င္မိသည္။
ထို႔ေနာက္ သူမနက္တုန္းကဆန္ျပဳတ္သြား၀ယ္ခဲ့တဲ့ ဆိုင္ေလးကိုသာျပန္ဦးတည္လိုက္သည္။ ဒီကေလးမ အခုမနက္ေဆးေသာက္ဖို႔လိုေနၿပီျဖစ္သည္။
******
ေကာင္းမဟာတစ္ေယာက္ ၾကက္ေပါင္းထည့္ထားသည့္ဘူးကိုဆြဲကာ ဒီဘက္အိမ္သို႔ေရာက္လာခဲ့သည္။႐ုံးတတ္ခ်ိန္ကားပိတ္တာေၾကာင့္ သူနည္းနည္းေတာ့ၾကာသြားသည္။
"လႊမ္းခက္ခ်ိဳ!...လႊမ္းခက္ခ်ိဳ"
ျပန္ထူးသံမၾကားရတာေၾကာင့္ သူမအခန္းေရွ႕သို႔သာ တည့္တည့္မတ္မတ္သြားလိုက္သည္။
*ေဒါက္...ေဒါက္*
သူေနာက္တစ္ခါ နာမည္ထပ္ေခၚေပမယ့္ ျပန္ထူးသံမၾကားရေပ။ သူအထဲသို႔၀င္ၾကည့္ဖို႔သာ ဆုံးျဖတ္လိုက္သည္။ ကုတင္ေပၚမွာ ဂြမ္းကပ္ေစာင္ႀကီးၾကား သူ႕ကိုယ္ေလးျမဳပ္ေနသည္အထိ ဝင္တိုးကာအိပ္ေနသည္။ ကုတင္ေဘးကစားပြဲေပၚ၌ေတြ႕လိုက္ရသည္က ေဆးအခြံ၊ ေပါင္မုန႔္နဲ႕ ေကာ္ဖီခြက္။
သူမဗိုက္ဆာတာေၾကာင့္ အဆာေျပစားကာ ေဆးေသာက္ၿပီးၿပီထင္ပါရဲ႕။ မဟာတစ္ေယာက္အျပစ္မကင္းသလိုေတာ့ ခံစားလိုက္ရသည္။ ႏွာဖူးေလးကိုထိၾကည့္လိုက္ေတာ့ သိပ္ေတာ့မပူေတာ့ေပ။ အခုမွသူ သက္ျပင္း ခ်မိသည္။
*Ring...Ring* မဟာ ဖုန္းသံေၾကာင့္သူမေလးနိုးမည္ဆိုးတာေၾကာင့္ ခ်က္ခ်င္းပင္အခန္းျပင္ထြက္လိုက္သည္။ ဖုန္း၀င္လာေတာ့
ၿငိမ္းချဖစ္ေနသည္။
"Hello...ဟဲ့ေရာင္ ႐ုံးခန္းဘက္ခဏထြက္ခဲ့အုန္း။"
"အေရးႀကီး ကိစၥလား"
"ေအး...အေရးႀကီးတယ္။ ငါတို႔ရဲ႕ Project
အသစ္မွာ ပါတနာအျဖစ္ပါ၀င္ခ်င္လို႔တဲ့။ ညွိႏွိုင္းမႈေပါ့ကြာ။"
"အခုေတာ့ မရေသးဘူး၊ ငါဒီမွာလုပ္ရမယ့္ဟာေလးရွိေသးလို႔။ ေတြ႕မယ့္အခ်ိန္ကို
ညျပန္ေျပာင္းလိုက္"
လႊမ္းခက္ခ်ိဳကို ေန႕ခင္းေဆးေလးေတာ့သူ၀င္ေအာင္တိုက္ရမည္ျဖစ္သည္။
"ေအး...ၿပီးေရာကြာ။"
ေကာင္းမဟာ ဆိုတာက်န္တဲ့အခ်ိန္ဘယ္ ေလာက္လူငယ္ဆန္ဆန္ အလုပ္နဲ႕ပတ္သတ္လာရင္ ပထမဦးစားေပးထားတတ္သည္။ အခုတကယ္လည္းအေရးႀကီးေနတဲ့ဟန္ရွိသည္မို႔ ၿငိမ္းခ ဒီေကာင့္ကိုအထြန႔္မတတ္ေတာ့ေပ။
မိုးရာသီလို႔မဆိုအား မြန္းတည့္အခ်ိန္ပင္ဆိုပါေစ မိုးသားတို႔တလိပ္လိပ္နဲ႕တက္လာကာ ျပတင္းေပါက္တို႔ဟာလည္း ထိုမိုးသားလိပ္တို႔ေၾကာင့္ ေမွာင္မိုက္ျခင္းခံထားရသည္။ သူဒီကေလးမကို ႏွိုးမွျဖစ္ေတာ့မည္။
"ေဟ့..လႊမ္းခက္ခ်ိဳ!..."
"...."
"လႊမ္းခက္ခ်ိဳ!..." အနည္းငယ္လူးလိမ့္ၿပီးေနာက္ ေလးလံေနသည့္ မ်က္ခြံတို႔နဲ႕ထလာရွာသည္။
"စီနီယာ!...လႊမ္းအိပ္ေပ်ာ္သြားတာလား"
"အင္း!...ေန႕ခင္းေဆးေသာက္မယ္။..ထ"
"အာ...ဟုတ္သား"
လႊမ္းခက္ခ်ိဳ ခပ္ျမန္ျမန္ပင္ထကာစီနီယာအေနာက္သို႔လိုက္သြားလိုက္သည္။ ေအးသြားေသာ ၾကက္ေပါင္းတို႔ကိုျပန္ေႏြးေအာင္ Microwave ထဲထည့္ကာမဟာေႏႊးေပးလိုက္သည္။
"စီနီယာ လည္းစားေလ"
"ကိုယ္ကစားၿပီးၿပီ။လႊမ္းခက္ခ်ိဳသာစားပါ။ ၿပီးရင္ေဆးေသာက္ရမယ္ေနာ္။"
"လႊမ္းကေလးမဟုတ္ပါဘူး။သိပါတယ္။"
"ဟုတ္ပါၿပီဗ်ာ။ ဘာဘဲေျပာေျပာခင္ဗ်ားေလးက ကြၽန္ေတာ္မ်ိဳးထက္ငယ္တယ္ေလ။"
*ေဝါ...ေဝါ*
"မိုးေတြ႐ြာလာၿပီ" ႏွစ္ေယာက္သား ၿပိဳင္တူေျပာမိလိုက္သည့္စကားတစ္ခြန္း။
လႊမ္းလည္း စီနီယာ၀ယ္လာေပးတဲ့ၾကက္ေပါင္းနဲ႕အလုပ္ရႈပ္ေနသည္။ အသားကိုဖဲ့စားလိုက္၊ အရည္ေလးကိုေသာက္လိုက္နဲ႕ အင္မတန္မွခံတြင္းေတြ႕လွသည္။ ဒီလိုေနမေကာင္းတဲ့အခ်ိန္ ဒီလိုအရသာရွိရွိေလးစားလိုက္ရတာမို႔ စီနီယာ့ကိုေက်းဇူးတင္မိသား။ လႊမ္းအေပၚ စီနီယာ့ေက်းဇူးေတြတကယ္ပင္မ်ားေနၿပီျဖစ္သည္။
ကိုခက္ေနာင္ခ်ိဳ ျပန္ေရာက္လာၿပီမို႔၊ ညေနပိုင္းက် မဟာဒီဘက္ၿခံသို႔ျပန္လာခဲ့လိုက္သည္။ လႊမ္းခက္ခ်ိဳလည္း အဖ်ားက်သေလာက္ရွိေနၿပီျဖစ္သည္။ ည (၉) နာရီထိုးေနၿပီျဖစ္ေသာ္လည္း မဟာေကာင္းေကာင္း အနားမယူရေသးေပ။ လုပ္ငန္း အေၾကာင္းေတြကိုအေသးစိတ္ေလ့လာေနရသည္မို႔ ဒီေန႕ညလည္း သူအိပ္ေရးပ်က္ရအုန္းမည္ျဖစ္သည္။ black coffee ခြက္ထဲသံပုရာသီးလည္းညွစ္ထည့္လိုက္ကာ သူ႕အလုပ္စားပြဲသို႔ယူလာလိုက္သည္။
မဟာ သူ႕ရဲ႕အလုပ္ထဲ စိတ္ႏွစ္ကာထိုင္လုပ္ေနလိုက္သည္မွာ ည ၁ ခ်က္ထိုးပင္ရွိေနၿပီျဖစ္သည္။အေပၚထပ္တြင္ ေလညွင္းခံဖို႔ထုတ္ထားသည့္ ၀ရံတာဘက္သို႔ေလွ်ာက္သြားရင္း စီးကရက္တို႔ဖြာရွိုက္မိသည္။လက္ကစီးကရက္ကိုေရာက္ေနေပမယ့္ အၾကည့္တို႔ကေတာ့ ရွည္လ်ားေသာလိုက္ကာတို႔ျဖင့္ကာဆီးထားေသာ တစ္ဖက္တိုက္ရဲ႕အခန္းငယ္ကို ေငးၾကည့္ေနမိသည္။
*ဒီအခ်ိန္ဆို အိပ္ေရာေပါ့။*
********
လႊမ္း ေက်ာင္းႏွစ္ရက္ပ်က္ၿပီးျဖစ္တာ ေၾကာင့္ ဒီေန႕ေတာ့အတန္းတက္ဖို႔ သြားရမည္ျဖစ္သည္။ မိုးကုန္ခါနီးမို႔တူသည္ ႐ြာၿမဲမပ်က္ မိုးကဆက္တိုက္ခ်ေနေတာ့သည္။ ေအးကလည္း ေအးလွသည္။ ညက်ရင္ေတာ့ Liverpool ပြဲစုရပ္ၾကည့္ေနက်ျဖစ္သည့္ Bar သို႔သြားရမည္ျဖစ္သည္။
အိမ္ကထြက္လာေတာ့ လႊမ္းေဘးအိမ္ကိုလွမ္းၾကည့္လိုက္ေတာ့ စီနီယာ့ ကားလည္း
မရွိသလို၊ လူရွိသေယာင္ အရိပ္ေလးပင္မရွိေပ။ အေစာႀကီးထသြားၿပီရယ္နဲ႕တူပါတယ္။
လႊမ္းတို႔ဒီေန႕ေက်ာင္းေလ့က်င့္ေရးကြင္းမွာ အေျပးေလ့က်င့္ေနရသည္။ ဒီတစ္ပတ္ထဲၿပိဳင္ဖက္အသင္းနဲ႕ တစ္ပြဲႏႊဲရမည္မို႔ေသြးပူေလ့က်င္ခန္းကို လုပ္ေနရျခင္းျဖစ္သည္။ အနည္းငယ္ မိုးအုံ႕ေနသည္မို႔ အေျပးေလ့ က်င့္တဲ့အခါ ခံနိုင္ရည္ရွိလွသည္။
"လႊမ္းခက္ခ်ိဳ!...ကိုၿဖိဳးဇာနည္က သူ႕ဆီ ခဏေလာက္လာခဲ့ပါတဲ့။"
လႊမ္းလွမ္းၾကည့္လိုက္ေတာ့ ကြင္းေဘးနားမွာ ရပ္ေစာင့္ေနတဲ့ ကိုၿဖိဳးဇာနည္က လက္ လွမ္းျပေနသည္။ စီနီယာၿဖိဳးဇာနည္ဒီရက္ထဲ သူ႕ဆီမလာတာေတာင္ ၾကာၿပီျဖစ္သည္။ အရင္ကဆိုလႊမ္းရွိရာေလ့က်င့္ေရးကြင္းဆီလာရင္း အာလာပသလာပ ေျပာတတ္သည္။
လႊမ္း...စီနီယာၿဖိဳးဇာနည္ရွိရာဆီ ေခါင္းညွိတ္ျပၿပီး ခပ္ေလးေလးေျပးလာသည္။
"စီနီယာ!..."
"ဘာလိုလုပ္ အေခၚေဝၚေတြေျပာင္းကုန္ရတုန္း။"
"ေအာ္!...ဟီးဟီး ဒီလိုပါဘဲ ဒါနဲ႕စီနီယာ ဘာကိစၥရွိလို႔လဲ?..."
ကိုၿဖိဳးဇာနည္က စီနီယာလိုပင္ အရပ္ရွည္ကာၾကည့္ေကာင္းလွသည္။ အသားေရကလည္း လႊမ္းထက္ျဖဴကာ ႐ုပ္ကလည္းတစ္မ်ိဳးေလးၾကည့္လို႔ေကာင္းသည္။တစ္ခါတစ္ခါလႊမ္းအသိအကို တစ္ေယာက္နဲ႕ပင္တူသည္ဟုထင္ရမိသည္။ စီနီယာတို႔သူငယ္ခ်င္းသုံးေယာက္လုံး ႐ူပါေျဖာင့္ကာေပါင္းသင္းဆက္ဆံေရးလည္းေျပျပစ္တာေၾကာင့္ ဒီလိုဟိုးေလးတေက်ာ္ ျဖစ္ေနျခင္းျဖစ္မည္။
"ဘာေတြေငးေနတာလဲ?..." ကိုၿဖိဳးဇာနည္က 'ဘာေတြေတြးေနတာလဲလို႔ဆိုလိုခ်င္သည့္' အၾကည့္ တို႔နဲ႕စိုက္ၾကည့္ေနသည္။
"ဘာမွမဟုတ္ပါဘူး။"
"အင္း!...ကြၽန္ေတာ္ ေျပာဖို႔ကလႊမ္းခက္ခ်ိဳ ညက် Liverpool ပြဲကိုစုရပ္မွာလာၾကည့္မွာမလား။"
"ဟုတ္တယ္ေလ လာၾကည့္မွာ။ အကိုလည္းလာမွာမလား?...ဒီညေတာ့ စားေကာင္းတာေလး စီစဥ္ေပးပါဗ်ာ။"
ကိုၿဖိဳးဇာနည္ရဲ႕ အကိုရင္းျဖစ္သူကထို
*She Bar* ပိုင္ရွင္ျဖစ္သည္။ ဒါေၾကာင့္
ကိုၿဖိဳးဇာနည္က လႊမ္းတို႔လို Liverpool fans ေတြအေပ်ာ္သေဘာလူစုၿပီး ၾကည့္နိုင္ေအာင္ စီစဥ္ထားေပးျခင္းျဖစ္သည္။ ကြင္းထဲထိသြားေရာက္ အားမေပးနိုင္ေသးသည့္အေလ်ာက္ သည္လိုအားေပးရာတူသည့္
လူေတြအတူစုၿပီးအားေပးၾကတာကလည္းတစ္မ်ိဳးေတာ့ ေပ်ာ္စရာေကာင္းလွသည္။
"ဟုတ္ပါၿပီ။ စီစဥ္ေပးပါ့မယ္ဗ်ာ။"
"ဒါနဲ႕ ကိုၿဖိဳးဇာနည္လာရင္းကိစၥက?.."
"ဟုတ္သား။ ညက် ကြၽန္ေတာ္တို႔အေဝးကြင္းဂ်ာစီ ဆင္တူ၀တ္ခဲ့ဖို႔လာမွာတာ။
ဟိုေကာင္ဖိုးသား ေမြးေန႕ေလအဲ့တာသူကမွတ္တမ္းပုံေလးရိုက္ခ်င္တယ္ဆိုလို႔။"
"ေအာ္!..."
"လႊမ္းခက္ခ်ိဳ!...အဆင္ေျပတယ္မလား"
"ေျပတာေပါ့၊ ကိုဖိုးသားကအျပင္လူမွမဟုတ္တာ။"
"Ok!..ဒါဆို အကိုသြားၿပီ"
"ဟုတ္ကဲ့။"
လႊမ္းလည္း ညေနပိုင္းေက်ာင္းဆင္းလို႔အိမ္ျပန္သည္ထိ စီနီယာ့အရိပ္ေလးကိုေတာင္မေတြ႕မိပါ။ မနက္မိုးလင္းၿပီဆိုေတြ႕ေနက်မိဳ႕ ဒီေန႕ကမေတြ႕ေတာ့ လိုက္ရွာမိေနသည္။
********
စားေသာက္ဆိုင္တစ္ခု၌ျဖစ္သည္။ ကိုထြဋ္က ဒီကိုျပန္ေရာက္ေရာက္ျခင္းေတြ႕ခ်င္သည္ဟု ဆိုသည္ေၾကာင့္ သူသြားေတြ႕ျခင္းျဖစ္ သည္။
"ကိုေကာင္း!...မင္းအိမ္သစ္ေျပာင္းသြားထဲက အိမ္ကိုတစ္ရက္ေတာင္မျပန္ဘူးဆို"
"အင္း!..."
"ကိုေကာင္း...လူႀကီးေတြကိုအဲ့လိုမနိုင္စားနဲ႕ေလ။ငါမႀကိဳက္ဘူး။"
"နိုင္စားတယ္?...ဘယ္သူလဲ ကြၽန္ေတာ္ကလား ကိုေကာင္း"
သူ႕ညီက အျပင္ကလူေတြနဲ႕သာတည့္တာ အိမ္ကလူေတြနဲ႕ သိပ္တည့္လွသည္မဟုတ္ေပ။ေကာင္းကလူႀကီးေတြကိုခ်စ္ေသာ္လည္း သူ႕ကိုႀကိဳးဆြဲခ်င္တာေၾကာင့္ ႐ုန္းထြက္တတ္ သည္။ သူတစ္ေယာက္ကိုသာ အသက္ရွိတယ္ဟုထင္တဲ့ေကာင္ျဖစ္သည္။
"မင္း...ငါ့နဲ႕လာေတြ႕ဖို႔လာတာလား?...ငါ့ကိုစကားနာထိုးဖို႔ လာတာလား?..."
"ေဝာာ္ၿပီ!...မွာစရာရွိတာမွာၾကစို႔ ကိုထြဋ္ရာ"
"ဟုတ္ၿပီ။"
သူတို႔ညီအကိုႏွစ္ေယာက္ ညစာမွာစားၾကကာ စကားစျမည္ေျပာျဖစ္ခဲ့ၾကေသးသည္။ ကိုထြဋ္ရဲ႕ ဦးတည္ရာက မဟာ့ကိုအိမ္ျပန္ေနဖို႔သာ စကားတို႔ထိုးထည့္ျခင္းျဖစ္သည္။ ထို႔ေနာက္ အလုပ္ကိစၥ အေၾကာင္းေတြလည္း သူတို႔ညီအစ္ကိုႏွစ္ေယာက္ ေျပာျဖစ္ၾကေသးသည္။ ကိုထြဋ္ကိုေတာ့ သူတို႔အဖြဲ႕ကတိမ္ျမဳပ္လုလုျဖစ္ေနသည့္ Company တစ္ခုကို၀ယ္ထားေၾကာင္းေတာ့ ေျပာျပထားလိုက္သည္။
****
မဟာ ကိုထြဋ္နဲ႕ညစာစားၿပီးအိမ္သို႔ျပန္လာေတာ့ ည 8 နာရီပင္ခြဲေနၿပီျဖစ္သည္။ သူ႕ကား ၿခံထဲေရာက္ေတာ့ ဟိုဘက္ၿခံကေမွာင္မဲ၍ေနသည္။ အကိုခက္ေနာင္ခ်ိဳ ကဒီအခ်ိန္ဆို ေဆး႐ုံသြားၿပီျဖစ္ေပမယ့္၊ လႊမ္းခက္ခ်ိဳ သူမေကာ ဘယ္သြားတာလဲ။ သူသိရသ ေလာက္ ဒီေကာင္မလည္း ဒီေန႕ညဘက္တတ္ရမည့္ အတန္းေတြလည္းမရွိေပ။
သူကားေပၚကဆင္းဆင္းခ်င္းအိမ္ထဲသို႔ေရာက္သည္နဲ႕ သူမကိုဖုန္းတန္းေခၚလိုက္သည္။ သို႔ေသာ္ သူမက သူ႕ဖုန္းကိုကိုင္ျခင္းမရွိေပ။ဘယ္ေတြမ်ားသြားၿပီး ဘာေတြလုပ္ေနလို႔သူ႕ဖုန္းမကိုင္ရတာလဲ။ မေန႕ကမွ အဖ်ားအရွင္းေပ်ာက္သည္ကိုဘယ္မ်ားသြားေနသည္လဲ။ သူ႕စိတ္ေတြအနည္းငယ္ေတာ့ ေလးလာရသည္။ဒီေကာင္မေလး သူ႕ကိုစိတ္ပူေအာင္လုပ္ျပန္ၿပီ။
ဆိုဖာ၌ထိုင္ကာခဏအနားယူရင္း သူလိုင္းဖြင့္ကာ ခဏတျဖဳတ္ၾကည့္ေနတုန္း၀င္ေရာက္လာသည့္ live notificationတစ္ခု၊ ဒီေကာင္ ၿဖိဳးဇာနည္ဘာအ႐ူးထၿပီး live ထလႊင့္သည္လည္း။ မဟာ liveထဲ ၀င္ၾကည့္လိုက္ေတာ့ အနည္းငယ္ဆူညံ့ေနသည္။ ဒီအျပင္ဆင္ကို မဟာသိတာေၾကာင့္
ဒီေကာင္ၿဖိဳးဇာနည္ She Bar ကိုေရာက္ေနတာျဖစ္မည္။ ႐ုတ္တရက္ၾကည့္လိုက္ေတာ့ ဒီေကာင့္ေနာက္ထိုင္ေနသည့္သူမွာ လႊမ္းခက္ခ်ိဳနဲ႕တူလွသည္။ေသခ်ာၾကည့္မွ သူထင္ေနတာမမွားေပ လႊမ္းခက္ခ်ိဳ ျဖစ္ေနသည္။ေဘးတြင္ေတာ့ သူစိမ္းေကာင္ေလးတစ္ေယာက္ရွိေနကာ ႏွစ္ယာက္သားနားနားကပ္ကာ တတြတ္တြတ္နဲ႕စကားေျပာေနၾကပုံရ သည္။
"လႊမ္းခက္ခ်ိဳ!..ဒီကိုၾကည့္ပါအုန္း။ ဟဲ့ေရာင္ဖိုးသား ငါ့လႊမ္းေလးေဘးက နည္းနည္းဖယ္စမ္းပါကြာ။"
"ဟာ...စီနီယာကလည္း live မလႊင့္စမ္းပါနဲ႕။"
"ဟား...ဟားကြၽန္ေတာ့္ဂ်ဴနီယာေလးကရွက္ေနတာဗ်။"
လႊမ္းခက္ခ်ိဳနဲ႕ ၿဖိဳးဇာနည္တို႔ႏွစ္ေယာက္သားက ၿပဳံးၿဖီးလို႔ေနသည္။ ေဘးက ဖိုးသားဆိုတဲ့ ငနဲကထိုေကာင္မေလးကိုတစ္စိမ့္စိမ့္ထိုင္ၾကည့္ေနသည္။ သူ႕ကိုေတာင္မေျပာဘဲ
ႏွစ္ေယာက္သားအေပးယူတည့္တည့္ျဖင့္
ဒီအခ်ိန္ႀကီး bar ေရာက္ေနသည္တဲ့လား။
မဟာရဲ႕အရိပ္ေလးဟာ ထိုေနရာမွခ်က္ခ်င္းပင္ေပ်ာက္ကာ လ်င္ျမန္လွေသာအရွိန္နဲ႕ကားထဲသို႔ေရာက္သြားၿပီျဖစ္သည္။
(ေစာင့္ေနၾကလား ေဘဘီတို႔ 🦋💛)
🍂🍂🍂🍂🍂🍂