Unicode🧡
ကလေးတွေအရှေ့မှာတင် အလောင်းတွေကိုချပြီး မီးရှို့ဖို့ပြင်နေကြပြီ။ပုံပျက်ပန်းပျက် အလောင်းတွေဆိုတာ ဘယ်နှစ်လောင်းမှန်းမသိ။အကုန်လုံးတိတ်ဆိတ်စွာကြည့်နေချိန်တွင်..
"ဗိုလ်မှူးမင်းချည်နှောင်ကြိုး ရှိပါလား"
တပ်တွင်းမှာ စက်ဘီးတစ်စီးနဲ့ သတင်းအသယ်အပို့လုပ်နေရတဲ့ တပ်သားက ချည်နှောင့်အားလာရှာလေသည်။
ထရပ်ကားနားမှာ ရပ်နေတဲ့ချည်နှောင်က..သူဖြစ်ကြောင်းအချက်ပြကာ
"ငါပဲ ဘာကိစ္စရှိလို့လဲ"
"ဗိုလ်မှူးချုပ်က ခေါ်နေပါတယ် အရေးကြီး code redပါတဲ့"
အနီရောင်ကုဒ်အဆင့်တဲ့...
သေချာပြီ ဗိုလ်မှူးတွေ ဗိုလ်မှုးကြီးတွေ ဗိုလ်မှူးချုပ် တွေ စုရုံးကာ အစည်းအဝေး စရတော့မည်။
"အေး သွားလိုက်မယ်"
သူ့ရဲ့ တပ်သားအသစ်တွေကို aceထံ လွှဲကာ ပင်မအဆောင်ကို တန်းသွားလိုက်တော့...
ထင်တဲ့အတိုင်း အောက်ထပ်ကခန်းမမှာ လူစံနေပြီ။ယူနီဖောင်းထက်က အပွင့်တွေအထပ်ထပ်နဲ့ လူကြီးများ။
ချည်နှောင့်ကိုမြင်တော့ အရင်လူကြီးဖြစ်တဲ့ သူ့အဖေကိုပြေးမြင်ကြပြီး တီးတိုးပြောနေကြသည်။အဝင်ဝက လွတ်ရာခုံကို ဝင်ထိုင်လိုက်ကာ အစည်းအဝေးစမည့်အချိန်ကို စောင့်စားနေသည်။
သိပ်ပင်မကြာလိုက်...
စားပွဲကို Generalက ဒုန်းကနဲ မြည်အောင် ထုလိုက်တော့..ဟောခန်းထဲက အပ်ကျသံတောင်ကြားနိုင်နေပြီ။တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာမှာ Generalရဲ့ ချောင်းဟန့်သံတချက်ကြားလိုက်ရပြီး...
"အနောက်ဘက်က ဒေးရန်း(Dayren)က အပိုင်သိမ်းခံလိုက်ရပြီ..
ဘယ်ကသိမ်းလဲဆိုတာကတော့ အားလုံးသိကြမှာပါ (၃)နှစ်ကျော်ကြာဆင်နွှဲလာတဲ့..
ရူးလ်(wrule)နိုင်ငံကပါ..
ကျတော်တို့ အနောက်လမ်းပေါက်သွားရင် ဘာတွေဆုံးရှုံးရမလဲဆိုတာ လူကြီးမင်းတို့သိပြီးသားပါ"
"ကျောက်မီးသွေးတွင်း..ရေနံတွင်း မီးရထားလမ်း..
ဒါတွေအများစုက အနောက်ဘက်ကနေဖြစ်လာတာ ရူးလ်နိုင်ငံက ဒီအကြောတွေသာမိသွားရင်..."
"ဟုတ်ပါတယ် ဗိုလ်မှူးကြီး သစ္စာလင်းဆောင် ပြောသလိုပါပဲ
တကယ်လို့အဲ့လမ်းတွေသာ သူတို့ချုပ်ကိုင်လိုက်ရင် ကျုပ်တို့ဒီလိုဆက်ပြီးရပ်တည်နိုင်မှာမဟုတ်တော့ပါဘူး..အဲ့တော့
ရှေ့တန်းနားထားတဲ့ သူအားလုံး ရှေ့တန်းပြန်ထွက်ရပါမယ်..အသစ်စုဆောင်းထားတဲ့ တပ်ခွဲနဲ့ တူတူပါ"
ရှေ့တန်းနားထားတဲ့ သူတွေဆိုသည်မှာ ချည်နှောင်တို့လိုသူတွေကို ဆိုလိုပြီး အသစ်စုဆောင်းထားတဲ့တပ်ခွဲဆိုသည်မှာ ချမ်းမင်းတို့လိုအသစ်တွေကိုဆိုလိုနေသည်။
ချည်နှောင်စိတ်ပူနေသလိုဖြစ်လာသည်၊
ချက်ချင်းဆိုသလို ထိုင်ရာမှထကာ General အားတုန့်ပြန်လိုက်သည်မှာ..
"မလုပ်နိုင်ပါဘူး General "
"ဗိုလ်မှူးချည်နှောင်!!"
"မလုပ်နိုင်ပါဘူး တစ်နေ့ကရောက်လာ ဒီနေ့လေ့ကျင့် မနက်ဖြန် စစ်ဆင်ရေးထွက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး သေနတ်တောင်မကိုင်တတ်ကြသေးတာ ဖန်ဆင်းရှင်တစ်ယောက်ပဲ အချိန်တိုနဲ့ သင်ယူနိုင်မှာပါ"
"ကျုပ် ဗိုလ်မှူးကို ဒီကိစ္စနဲ့ပတ်သတ်ပြီးအကုန်ပြောပြီးပါပြီ ခေါင်းမမာပါနဲ့ ဗိုလ်မှူး"
"လက်မခံနိုင်ပါဘူး"
"ဗိုလ်မှူးချည်နှောင်"
"ဘယ်အမိန့်မဆိုလိုက်နာခဲ့ပါတယ်
ဒါကတော့...-"
"ဒါလည်း အမိန့်ပဲ ဗိုလ်မှူးမင်းချည်နှောင်ကြိုး
အမိန့်ဆိုတာနဲ့ တစ်သွေမတိမ်းလုပ်ဆောင်ရမယ်ဒါက စစ်သားတစ်ယောက်ရဲ့တာဝန်ပဲ"
ထိုစကားကြောင့် ချည်နှောင်သူ့ဆန္ဒကို မျိုသိပ်လိုက်ကာ..ပြန်ထိုင်လိုက်သည်။
နောက်ဆုံးတော့ ချည်နှောင်တို့ ညချင်းအနောက်ဘက်ဆီတပ်စွဲရမဲ့ အမိန့်ကျလာပြီး ကျန်ဗိုလ်မှုးကြီးတွေကတော့ စစ်ဗျုဟာဆွဲဖို့ ခန်းမတင်ကျန်ခဲ့ကြသည်။
ချည်နှောင် သူ့အခန်းထဲပြန်ပြီး သွားဖို့ ပစွစည်းတွေထုတ်ပိုးနေရင်း..
"ဗိုလ်မှူး..အလေးပြု.."
"သက်သာ.."
Aceကထူးထူးဆန်းဆန်း ချည်နှောင့်အခန်းထဲဝင်လာသည်။
"ဗိုလ်မှူး ဘယ်လိုလုပ်မလဲဗျ
အသစ်တွေကို...
မခေါ်မနေရအမိန့်ပေးလိုက်တယ်လို့လဲ ကျတော်ကြားရတယ်"
"အေး ဟုတ်တယ် Ace"
"ဒါဆို ကလေးတွေရော အကုန်လုံးကို ခေါ်သွားရမှာပေါ့"
"အေး အမိန့်ပဲလေ.."
"တကယ်ပဲလား ဗိုလ်မှူး"
"Ace... အမိန့်ဆိုတာနာခံဖို့ကွ
တစ်ဆက်တည်း ဖယ်သွေဖို့ပဲ"
"ဗျာ"
"ဗျာမနေနဲ့ မင်းနေခဲ့ရမယ်"
"ဗျာ!!!"
"မင်းနေခဲ့ace မင်းကငါ့တပ်ထဲမှာ အယုံရဆုံးပဲ ဒါကြောင့် ဒီကလေးတွေကို မင်းစောင့်နေခဲ့"
Aceစိတ်ထဲ ရှုပ်ထွေးကုန်သည်။ချည်နှောင်နဲ့ အလီလီအလာလာတိုက်ပွဲဝင်ခဲ့ဖူးပေမဲ့ တခါမှသူ့ကိုနေခဲ့ဖို့မပြောဘူး..အခုက အမိန့်ကိုလွန်ဆန်ကာ ကလေးတွေကို ထားခဲ့မဲ့အပြင် သူကပါနေခဲ့ရဦးမယ်တဲ့။
"ဗိုလ်မှူး ဘာတွေစဥ်းစားနေလဲ ကျတော်နားမလည်တော့ဘူး"
"မင်းနေခဲ့ general သိသွားလို့ ပြဿနာလာရှာရင် ငါကလိုက်ရင်ပစ်သတ်မယ်လို့ ချိန်းခြောက်ခဲ့တယ်ပြောလိုက်"
"ဗိုလ်မှူး ကျတော်မလိုက်ရတော့ဘူးဆိုတာ တကယ်လား"
"ငါမင်းကို ဗိုလ်မှူးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နှစ်အကြာကြီးလက်တွဲလာတဲ့လုပ်ဖော်ကိုင်ဖက်အနေနဲ့ တောင်းဆိုပါတယ်။
ကလေးတွေနဲ့ သူတို့တွေကို သေချာလေ့ကျင့်ပေးပါ"
Aceမှာ မလိုက်ရလို့ စိတ်ထဲထင့်သွားသော်လည်း ဗိုလ်မှူးရဲ့တောင်းဆိုမှုကိုငြင်းရန်မှာမဖြစ်နိုင်တော့။
မျက်လုံးစုံမှိတ်ကာ အထက်ကသိလည်းသိပစေဆိုတဲ့ စိတ်နဲ့ လက်ခံလိုက်လေသည်။
"ဗိုလ်မှူးကိုယ်စား စောင့်ရှောက်ထားပေးပါ့မယ်"
"အေး ကျေးဇူးပဲကွာ..(၉)နာရီကျ ထွက်ရမယ်တဲ့ စောတုန်းလေး အိမ်တော်က မယ်တော်မေမေကို ပြန်ပြောရမယ်"
"ဟုတ် အောင်မြင်ပါစေ ဗိုလ်မှူး"
ထုတ်ပိုးထားတဲ့ အဝတ်အစားထုတ်ကို ချကာ သူ့မယ်တော်ထံသွားဖို့ အဝတ်အစားသေချာပြင်လိုက်သည်။Aceကတော့ သူ့အဆောင်သူပြန်ကာ General လာကြိမ်းလျှင် ပြန်ခုခံရန်အတွက် အလှဆုံးဆင်ခြေကို စဥ်းစားလေတော့သည်။
ချည်နှောင် အခန်းတွင်း ဖိနပ်ကြိုးချည်နေခိုက်..
တဒေါက်ဒေါက်နဲ့ တံခါးခေါက်နေတော့
"ဝင်လာခဲ့" ဆိုကာ စကား ပြန်လိုက်သည်။
တံခါးလာခေါက်သူကိုမြင်လေတော့ ချည်နှောင်အံ့သြမိသွားသည်။
"ကဲ ဘာလိုလို့ ငါ့ကိုအခန်းထဲထိလာရှာတာလဲ"
"-----"
"ပြန်ဖြေဖို့ စိတ်ကူးမရှိရင်တော့ ငါဘာမှသိမှာမဟုတ်ဘူး"
"လိုက်..လိုက်ချင်တယ်"
"ဘာကိုလိုက်မှာလဲ ငါကအပြင်သွားမှာမဟုတ်ဘူး ရှေ့တန်းထွက်မှာ"
"ရှေ့တန်း...လိုက်ချင်တယ်"
"ဘာ...မင်းလာနောက်နေတာလား"
"ရှေ့တန်း လိုက်ချင်တယ်"
ထိုကလေးကို ချည်နှောင် နားလည်ရန်အလို့ငှာ ခက်ခဲလွန်းနေသည်၊သုံ့ပန်းအဖြစ်သာထားစေရန်အတွက် တပ်တဲ့အတော်ဆုံး စနိုက်ပါသမားကိုတောင် ထားခဲ့ပြီးဖြေရှင်းခိူင်းမယ်ကို ဒီကလေးက တစ်ကူးတစ်က လိုက်ချင်သည်တဲ့လား...
"မလိုက်ရဘူး..မင်းတို့လိုအရွယ်တွေနဲ့ဆိုင်တဲ့နေရာမဟုတ်ဘူး"
"လိုက်ချင်တယ်"
"လိုက်ပြီး ဘာလုပ်မှာလဲ မင်းလိုကလေးတစ်ယောက်အတွက်နဲ့ အချိန်ပုပ်တယ်..ဖယ်"
ချည်နှောင် ချမ်းမင်းရဲ့ဘေးကနေ လှစ်ခနဲ ထထွက်သွားလေသည်။ချမ်းမင်းဘေး ချည်နှောင်ထွက်သွားတော့ ဖြူးကနဲ လေတိုက်ခိုက်သွားပြီး တစ်ဆက်တည်း ချမ်းမင်းက လှည့်ကာ ထိုတိုက်သွားတဲ့လေရဲ့ရှေ့ဆောင်ဖြစ်တဲ့ ချည်နှောင့် ခါးက အကျီစကို လမ်းဆွဲလိုက်သည်။
"ဒါဘာလုပ်တာလဲ ချမ်းမင်း"
"ရှေ့တန်း..ရှေ့တန်း လိုက်ချင်တယ်"
"ဒီစကားတစ်လုံးတည်းကို ဆက်တိုက်ပြောနေတာ မင်းက နှုတ်တိုက်သင်ထားတဲ့ ကြက်တူရွေးလား...မင်းဘာမင်းကြက်တူရွေးမက ဘာကောင်ဖြစ်ဖြစ် မလိုက်ရဘူး"
လက်ကိုမလွှတ်ဘဲနေကာ ...
"ခေါ်သွားပါ"
"မင်း!! လူလိုနားမလည်ဘူးလား အဲ့နေရာက သေသွားနိုင်တယ် အချိန်မရွေး ကလေးက ကလေးလိုနေ"
"ခေါ်သွားပါ!!! "
"မင်းက ငါ့ကိုလာအော်နေတာလား"
"ဒီအမှောင်ထုထဲက ခေါ်သွားပါ"
"------"
ချည်နှောင် တိတ်ဆိတ်ငြိမ်သက်မှုကိုခံစားလိုက်ရသည်။တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြားထဲမှ ငြိမ်သက်နေတဲ့ဒီကလေးက စပြီးပြောတဲ့စကားက သူသိလား ဒီတိုင်းစကားဆိုသလား..အမှောင်ထုထဲကခေါ်သွားပါဆိုသည်မှာ အဓိပ္ပာယ်တွေအများကြီးပါနေသည်။ဒါမှမဟုတ် ချည်နှောင်ကပဲ အတွေးနယ်ချဲ့မိနေတာလား။
"မင်း...မင်းဘာပြောလဲဆိုကို သိရဲ့လား"
"မနေချင်ဘူး ဒီနေရာကြီး ကြောက်တယ်"
"ဟမ်"
"ခေါ်သွားပေးပါ"
"မင်းကိုကြည့်ရတာ အဖေ့ကိုပူဆာနေတဲ့သားတစ်ယောက်လိုဖြစ်နေပြီ"
"အဖေ..ဗိုလ်မှူးက အဖေ.."
"မဟုတ်ဘူးလေ ငါကမင်းအဖေမဟုတ်ဘူးလေ"
"ခေါ်သွားပေးပါ.."
"မင်းဘာဖြစ်နေတာလဲ ချာတိတ်"
"အနက်ရောင်ကိုမုန်းတယ်..
မဟုတ်ဘူး အမှောင်ထုကိုမုန်းတယ်
ကျွန်တော်မျိုးကို ဒီအမှောင်ထုထဲက ခေါ်သွားပေးပါ ဗိုလ်မှူး"
ထိုစကားရဲ့အဆုံးသတ်..
အနက်ရောင်...အမှောင်ထု..ကျွန်တော်မျိုး..ဘာတွေလဲ..ဒီကလေးက လူ့ဘောင်ကစကားတွေနားမလည်ချင်ယောင်ဆောင်နေပုံ။
ချည်နှောင်ထင်ထားသည်မှာ ချမ်းမင်းက အနှိပ်စက်ခံရမှုများ၍ စိတ်မမှန်တော့တဲ့ကလေးလို့။
ခုတော့ ချည်နှောင်သဘောပေါက်လိုက်သည် ဒီကလေးက တုံးတာမဟုတ် တုံးချင်ယောင်ဆောင်နေတာပင်။
"ချမ်းမင်း မင်းက တအားငယ်လို့ ငါမင်းကိုမလိုက်စေချင်တာ မင်းအရွယ်က-"
"ကျွန်တော်မျိုး အရာအားလူံးထမ်းဆောင်နိုင်ပါတယ်"
"ငါမင်းကိူ နားမလည်တော့ဘူး
တခြားတစ်ယောက်လိုပဲ"
"ကျွန်တော်မျိုးကို ခေါ်သွားပေးပါ ဗိုလ်မှူး.."
"မင်း!!!"
"မခေါ်ရင် ကျွန်တော်ပြေးလိုက်မှာပါ"
"ဘာ"
သူ့ရဲ့စကားတွေက နားထောင်ရင်း နားထောင်ရင်း တွေဝေလာသည်။
"ကျွန်တော်က အသုံးဝင်စေရပါ့မယ်"
"ဟုတ်လား..ဘယ်လိုအသုံးဝင်မှာလဲ
ဘယ်နေရာမှာ သုံးရမှာလဲ
မင်းကဘယ်နေရာမှာ တာဝန်ထမ်းဆောင်မှာလဲ"
"ဗိုလ်မှူးရဲ့ အရိပ်အဖြစ် တာဝန်ထမ်းဆောင်ပါ့မယ်"
"အရိပ်...
မင်းဘာတွေပြောနေတာလဲ"
"ဗိုလ်မှူးပြောတာ သေနတ်ကကိုယ့်အနားမှာ အရိပ်ထက်ပိုကပ်နေရမယ်ဆို အဲ့ဒါကြောင့် ဗိုလ်မှူးရဲ့သေနတ်က ပထမဖြစ်ပြီး ကျတော်က ဒုတိယအရိပ်အနေနဲ့ရှိနေပါ့မယ်"
"လာသားဟ!!"
သူပြောဖူးတဲ့ စကားနဲ့ သူ့ကိုချေပနေတဲ့ ကလေး။ဘယ်လောက်ပဲ စကားတတ်တက် ချည်နှောင်က လက်မခံနိုင်။
ချည်နှောင်က တောက်လျှောက်ငြင်း၍ ချမ်းမင်း ကလည်း ပြန်ခုခံနေသည်။
နောက်ဆုံးတော့...
"မယ်တော်ရေ..သခင်လေးအိမ်တော်ကို ပြန်လာပါတယ်"
"ဟုတ်လား.."
အိမ်ပေါ်ရဲ့ အပေါ်ထပ်ကနေ ချည်နှောင့်ရဲ့အမေဆင်းလာသည်။သူ့သားကိူ ပြေးတွေ့လေတော့ သူ့သားဘေးမှာ ကလေးတစ်ယောက်လည်းပါလာသေးသည်။
"မယ်တော်မေမေ"
"သားငယ်..ထူးထူးဆန်းဆန်း ညဘက်ကြီးပြန်လာပါလား"
"ပြောစရာရှိတယ် မယ်တော်မေမေ"
"ပြောလေ သားရဲ့"
"ရှေ့တန်းထွက်ရတော့မယ်ဆိုတဲ့ အကြောင်းပါမယ်တော်မေမေ"
"ဘယ်လို
သားငယ်ရယ် မင်းနားရက်ဆို အခုဟာက စောလွန်းနေတယ်လေ"
"သားအချိန်မရဘူး မယ်တော်မေမေ "
"မဟုတ်တာ မသွားလို့မရဘူးလား"
"အမတော်ရော.."
"မင်းအမတော်ရှိတယ် မင်းကိူလွှတ်မှာ မဟုတ်ဘူး"
"အမတော်ကိုသွားတွေ့ပါရစေဦး မယ်တော်မေမေ "
လှေကားဝမှာ ရှေ့တန်းထွက်ရမဲ့ သတင်းကိုကြားပြီးတဲ့သူမယ်တော် မူးလဲချင်စိတ်တောင်ပေါက်နေပြီ။နားရက်ဆိုလို့ စိတ်အေးရုံရှိသေး တစ်ပူထပ်ဆင့်နေပြန်ပြီ။
ချည်နှောင်က သူစိတ်ထင်ရာ ဖြစ်တဲ့ စာကြည့်ခန်းထဲမှာ သူ့အမတော်ကိုသွားရှာတော့ သူမတကယ်လည်းရှိနေသည်။
နှောင်...အိမ်တော် ရဲ့ တစ်ဦးတည်းသော မိန်းမပျို..နှောင်ရစ်ငယ်။
သူမမှာ စာပေကို အလွန််ခုံမက်ပြီး အချိန်အများစုကို စာကြည့်တိုက်မှာဖြုန်းလေ့ရှိသည်။ဒါ့ကြောင့်လည်း ချည်နှောင့်စိတ်ထဲမှာ
အလိုလိုသိနေ၍ စာကြည့်ခန်းတွင် လာရှာချင်းဖြစ်ရာ..
တံခါးဖွင့်လိုက်ရင်း စကားစလိုက်သည်။
"အမတော်.."
"ထွက်သွား မင်းချည်နှောင်ကြိုး နင်ကငါ့မောင်ငယ် မဟုတ်ဘူး"
အနောက်က လိုက်လာတဲ့ ချမ်းမင်းထင်သည်မှာ အမေဖြစ်သူကတုန်အောင်ချစ်သလို အမဖြစ်သူလည်းတုန်အောက်ချစ်မယ်ထင်သည်။
သို့သော် စိတ်ကူးနဲ့ လက်တွေ့က တခြားစီ။
အမေလို မကြင်နာသည့်အပြင် ဖတ်လိုက်စ စာအုပ်နဲ့ပါ ချည်နှောင့်အားလှမ်းပေါက်လေသည်။
Zawgyi🧡
ကေလးေတြအေရွ႕မွာတင္ အေလာင္းေတြကိုခ်ၿပီး မီးရွို႔ဖို႔ျပင္ေနၾကၿပီ။ပုံပ်က္ပန္းပ်က္ အေလာင္းေတြဆိုတာ ဘယ္ႏွစ္ေလာင္းမွန္းမသိ။အကုန္လုံးတိတ္ဆိတ္စြာၾကည့္ေနခ်ိန္တြင္..
"ဗိုလ္မႉးမင္းခ်ည္ေႏွာင္ႀကိဳး ရွိပါလား"
တပ္တြင္းမွာ စက္ဘီးတစ္စီးနဲ႕ သတင္းအသယ္အပို႔လုပ္ေနရတဲ့ တပ္သားက ခ်ည္ေႏွာင့္အားလာရွာေလသည္။
ထရပ္ကားနားမွာ ရပ္ေနတဲ့ခ်ည္ေႏွာင္က..သူျဖစ္ေၾကာင္းအခ်က္ျပကာ
"ငါပဲ ဘာကိစၥရွိလို႔လဲ"
"ဗိုလ္မႉးခ်ဳပ္က ေခၚေနပါတယ္ အေရးႀကီး code redပါတဲ့"
အနီေရာင္ကုဒ္အဆင့္တဲ့...
ေသခ်ာၿပီ ဗိုလ္မႉးေတြ ဗိုလ္မႈးႀကီးေတြ ဗိုလ္မႉးခ်ဳပ္ ေတြ စု႐ုံးကာ အစည္းအေဝး စရေတာ့မည္။
"ေအး သြားလိုက္မယ္"
သူ႕ရဲ႕ တပ္သားအသစ္ေတြကို aceထံ လႊဲကာ ပင္မအေဆာင္ကို တန္းသြားလိုက္ေတာ့...
ထင္တဲ့အတိုင္း ေအာက္ထပ္ကခန္းမမွာ လူစံေနၿပီ။ယူနီေဖာင္းထက္က အပြင့္ေတြအထပ္ထပ္နဲ႕ လူႀကီးမ်ား။
ခ်ည္ေႏွာင့္ကိုျမင္ေတာ့ အရင္လူႀကီးျဖစ္တဲ့ သူ႕အေဖကိုေျပးျမင္ၾကၿပီး တီးတိုးေျပာေနၾကသည္။အဝင္ဝက လြတ္ရာခုံကို ဝင္ထိုင္လိုက္ကာ အစည္းအေဝးစမည့္အခ်ိန္ကို ေစာင့္စားေနသည္။
သိပ္ပင္မၾကာလိုက္...
စားပြဲကို Generalက ဒုန္းကနဲ ျမည္ေအာင္ ထုလိုက္ေတာ့..ေဟာခန္းထဲက အပ္က်သံေတာင္ၾကားနိုင္ေနၿပီ။တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ ေနရာမွာ Generalရဲ႕ ေခ်ာင္းဟန့္သံတခ်က္ၾကားလိုက္ရၿပီး...
"အေနာက္ဘက္က ေဒးရန္း(Dayren)က အပိုင္သိမ္းခံလိုက္ရၿပီ..
ဘယ္ကသိမ္းလဲဆိုတာကေတာ့ အားလုံးသိၾကမွာပါ (၃)ႏွစ္ေက်ာ္ၾကာဆင္ႏႊဲလာတဲ့..
႐ူးလ္(wrule)နိုင္ငံကပါ..
က်ေတာ္တို႔ အေနာက္လမ္းေပါက္သြားရင္ ဘာေတြဆုံးရႈံးရမလဲဆိုတာ လူႀကီးမင္းတို႔သိၿပီးသားပါ"
"ေက်ာက္မီးေသြးတြင္း..ေရနံတြင္း မီးရထားလမ္း..
ဒါေတြအမ်ားစုက အေနာက္ဘက္ကေနျဖစ္လာတာ ႐ူးလ္နိုင္ငံက ဒီအေၾကာေတြသာမိသြားရင္..."
"ဟုတ္ပါတယ္ ဗိုလ္မႉးႀကီး သစၥာလင္းေဆာင္ ေျပာသလိုပါပဲ
တကယ္လို႔အဲ့လမ္းေတြသာ သူတို႔ခ်ဳပ္ကိုင္လိုက္ရင္ က်ဳပ္တို႔ဒီလိုဆက္ၿပီးရပ္တည္နိုင္မွာမဟုတ္ေတာ့ပါဘူး..အဲ့ေတာ့
ေရွ႕တန္းနားထားတဲ့ သူအားလုံး ေရွ႕တန္းျပန္ထြက္ရပါမယ္..အသစ္စုေဆာင္းထားတဲ့ တပ္ခြဲနဲ႕ တူတူပါ"
ေရွ႕တန္းနားထားတဲ့ သူေတြဆိုသည္မွာ ခ်ည္ေႏွာင္တို႔လိုသူေတြကို ဆိုလိုၿပီး အသစ္စုေဆာင္းထားတဲ့တပ္ခြဲဆိုသည္မွာ ခ်မ္းမင္းတို႔လိုအသစ္ေတြကိုဆိုလိုေနသည္။
ခ်ည္ေႏွာင္စိတ္ပူေနသလိုျဖစ္လာသည္၊
ခ်က္ခ်င္းဆိုသလို ထိုင္ရာမွထကာ General အားတုန့္ျပန္လိုက္သည္မွာ..
"မလုပ္နိုင္ပါဘူး General "
"ဗိုလ္မႉးခ်ည္ေႏွာင္!!"
"မလုပ္နိုင္ပါဘူး တစ္ေန႕ကေရာက္လာ ဒီေန႕ေလ့က်င့္ မနက္ျဖန္ စစ္ဆင္ေရးထြက္ဖို႔ဆိုတာမျဖစ္နိုင္ပါဘူး ေသနတ္ေတာင္မကိုင္တတ္ၾကေသးတာ ဖန္ဆင္းရွင္တစ္ေယာက္ပဲ အခ်ိန္တိုနဲ႕ သင္ယူနိုင္မွာပါ"
"က်ဳပ္ ဗိုလ္မႉးကို ဒီကိစၥနဲ႕ပတ္သတ္ၿပီးအကုန္ေျပာၿပီးပါၿပီ ေခါင္းမမာပါနဲ႕ ဗိုလ္မႉး"
"လက္မခံနိုင္ပါဘူး"
"ဗိုလ္မႉးခ်ည္ေႏွာင္"
"ဘယ္အမိန့္မဆိုလိုက္နာခဲ့ပါတယ္
ဒါကေတာ့...-"
"ဒါလည္း အမိန့္ပဲ ဗိုလ္မႉးမင္းခ်ည္ေႏွာင္ႀကိဳး
အမိန့္ဆိုတာနဲ႕ တစ္ေသြမတိမ္းလုပ္ေဆာင္ရမယ္ဒါက စစ္သားတစ္ေယာက္ရဲ႕တာဝန္ပဲ"
ထိုစကားေၾကာင့္ ခ်ည္ေႏွာင္သူ႕ဆႏၵကို မ်ိဳသိပ္လိုက္ကာ..ျပန္ထိုင္လိုက္သည္။
ေနာက္ဆုံးေတာ့ ခ်ည္ေႏွာင္တို႔ ညခ်င္းအေနာက္ဘက္ဆီတပ္စြဲရမဲ့ အမိန့္က်လာၿပီး က်န္ဗိုလ္မႈးႀကီးေတြကေတာ့ စစ္ဗ်ဳဟာဆြဲဖို႔ ခန္းမတင္က်န္ခဲ့ၾကသည္။
ခ်ည္ေႏွာင္ သူ႕အခန္းထဲျပန္ၿပီး သြားဖို႔ ပစြစည္းေတြထုတ္ပိုးေနရင္း..
"ဗိုလ္မႉး..အေလးျပဳ.."
"သက္သာ.."
Aceကထူးထူးဆန္းဆန္း ခ်ည္ေႏွာင့္အခန္းထဲဝင္လာသည္။
"ဗိုလ္မႉး ဘယ္လိုလုပ္မလဲဗ်
အသစ္ေတြကို...
မေခၚမေနရအမိန့္ေပးလိုက္တယ္လို႔လဲ က်ေတာ္ၾကားရတယ္"
"ေအး ဟုတ္တယ္ Ace"
"ဒါဆို ကေလးေတြေရာ အကုန္လုံးကို ေခၚသြားရမွာေပါ့"
"ေအး အမိန့္ပဲေလ.."
"တကယ္ပဲလား ဗိုလ္မႉး"
"Ace... အမိန့္ဆိုတာနာခံဖို႔ကြ
တစ္ဆက္တည္း ဖယ္ေသြဖို႔ပဲ"
"ဗ်ာ"
"ဗ်ာမေနနဲ႕ မင္းေနခဲ့ရမယ္"
"ဗ်ာ!!!"
"မင္းေနခဲ့ace မင္းကငါ့တပ္ထဲမွာ အယုံရဆုံးပဲ ဒါေၾကာင့္ ဒီကေလးေတြကို မင္းေစာင့္ေနခဲ့"
Aceစိတ္ထဲ ရႈပ္ေထြးကုန္သည္။ခ်ည္ေႏွာင္နဲ႕ အလီလီအလာလာတိုက္ပြဲဝင္ခဲ့ဖူးေပမဲ့ တခါမွသူ႕ကိုေနခဲ့ဖို႔မေျပာဘူး..အခုက အမိန့္ကိုလြန္ဆန္ကာ ကေလးေတြကို ထားခဲ့မဲ့အျပင္ သူကပါေနခဲ့ရဦးမယ္တဲ့။
"ဗိုလ္မႉး ဘာေတြစဥ္းစားေနလဲ က်ေတာ္နားမလည္ေတာ့ဘူး"
"မင္းေနခဲ့ general သိသြားလို႔ ျပႆနာလာရွာရင္ ငါကလိုက္ရင္ပစ္သတ္မယ္လို႔ ခ်ိန္းေျခာက္ခဲ့တယ္ေျပာလိုက္"
"ဗိုလ္မႉး က်ေတာ္မလိုက္ရေတာ့ဘူးဆိုတာ တကယ္လား"
"ငါမင္းကို ဗိုလ္မႉးတစ္ေယာက္အေနနဲ႕ မဟုတ္ဘဲ ႏွစ္အၾကာႀကီးလက္တြဲလာတဲ့လုပ္ေဖာ္ကိုင္ဖက္အေနနဲ႕ ေတာင္းဆိုပါတယ္။
ကေလးေတြနဲ႕ သူတို႔ေတြကို ေသခ်ာေလ့က်င့္ေပးပါ"
Aceမွာ မလိုက္ရလို႔ စိတ္ထဲထင့္သြားေသာ္လည္း ဗိုလ္မႉးရဲ႕ေတာင္းဆိုမႈကိုျငင္းရန္မွာမျဖစ္နိုင္ေတာ့။
မ်က္လုံးစုံမွိတ္ကာ အထက္ကသိလည္းသိပေစဆိုတဲ့ စိတ္နဲ႕ လက္ခံလိုက္ေလသည္။
"ဗိုလ္မႉးကိုယ္စား ေစာင့္ေရွာက္ထားေပးပါ့မယ္"
"ေအး ေက်းဇူးပဲကြာ..(၉)နာရီက် ထြက္ရမယ္တဲ့ ေစာတုန္းေလး အိမ္ေတာ္က မယ္ေတာ္ေမေမကို ျပန္ေျပာရမယ္"
"ဟုတ္ ေအာင္ျမင္ပါေစ ဗိုလ္မႉး"
ထုတ္ပိုးထားတဲ့ အဝတ္အစားထုတ္ကို ခ်ကာ သူ႕မယ္ေတာ္ထံသြားဖို႔ အဝတ္အစားေသခ်ာျပင္လိုက္သည္။Aceကေတာ့ သူ႕အေဆာင္သူျပန္ကာ General လာႀကိမ္းလွ်င္ ျပန္ခုခံရန္အတြက္ အလွဆုံးဆင္ေျခကို စဥ္းစားေလေတာ့သည္။
ခ်ည္ေႏွာင္ အခန္းတြင္း ဖိနပ္ႀကိဳးခ်ည္ေနခိုက္..
တေဒါက္ေဒါက္နဲ႕ တံခါးေခါက္ေနေတာ့
"ဝင္လာခဲ့" ဆိုကာ စကား ျပန္လိုက္သည္။
တံခါးလာေခါက္သူကိုျမင္ေလေတာ့ ခ်ည္ေႏွာင္အံ့ၾသမိသြားသည္။
"ကဲ ဘာလိုလို႔ ငါ့ကိုအခန္းထဲထိလာရွာတာလဲ"
"-----"
"ျပန္ေျဖဖို႔ စိတ္ကူးမရွိရင္ေတာ့ ငါဘာမွသိမွာမဟုတ္ဘူး"
"လိုက္..လိုက္ခ်င္တယ္"
"ဘာကိုလိုက္မွာလဲ ငါကအျပင္သြားမွာမဟုတ္ဘူး ေရွ႕တန္းထြက္မွာ"
"ေရွ႕တန္း...လိုက္ခ်င္တယ္"
"ဘာ...မင္းလာေနာက္ေနတာလား"
"ေရွ႕တန္း လိုက္ခ်င္တယ္"
ထိုကေလးကို ခ်ည္ေႏွာင္ နားလည္ရန္အလို႔ငွာ ခက္ခဲလြန္းေနသည္၊သုံ႕ပန္းအျဖစ္သာထားေစရန္အတြက္ တပ္တဲ့အေတာ္ဆုံး စနိုက္ပါသမားကိုေတာင္ ထားခဲ့ၿပီးေျဖရွင္းခိူင္းမယ္ကို ဒီကေလးက တစ္ကူးတစ္က လိုက္ခ်င္သည္တဲ့လား...
"မလိုက္ရဘူး..မင္းတို႔လိုအ႐ြယ္ေတြနဲ႕ဆိုင္တဲ့ေနရာမဟုတ္ဘူး"
"လိုက္ခ်င္တယ္"
"လိုက္ၿပီး ဘာလုပ္မွာလဲ မင္းလိုကေလးတစ္ေယာက္အတြက္နဲ႕ အခ်ိန္ပုပ္တယ္..ဖယ္"
ခ်ည္ေႏွာင္ ခ်မ္းမင္းရဲ႕ေဘးကေန လွစ္ခနဲ ထထြက္သြားေလသည္။ခ်မ္းမင္းေဘး ခ်ည္ေႏွာင္ထြက္သြားေတာ့ ျဖဴးကနဲ ေလတိုက္ခိုက္သြားၿပီး တစ္ဆက္တည္း ခ်မ္းမင္းက လွည့္ကာ ထိုတိုက္သြားတဲ့ေလရဲ႕ေရွ႕ေဆာင္ျဖစ္တဲ့ ခ်ည္ေႏွာင့္ ခါးက အက်ီစကို လမ္းဆြဲလိုက္သည္။
"ဒါဘာလုပ္တာလဲ ခ်မ္းမင္း"
"ေရွ႕တန္း..ေရွ႕တန္း လိုက္ခ်င္တယ္"
"ဒီစကားတစ္လုံးတည္းကို ဆက္တိုက္ေျပာေနတာ မင္းက ႏႈတ္တိုက္သင္ထားတဲ့ ၾကက္တူေ႐ြးလား...မင္းဘာမင္းၾကက္တူေ႐ြးမက ဘာေကာင္ျဖစ္ျဖစ္ မလိုက္ရဘူး"
လက္ကိုမလႊတ္ဘဲေနကာ ...
"ေခၚသြားပါ"
"မင္း!! လူလိုနားမလည္ဘူးလား အဲ့ေနရာက ေသသြားနိုင္တယ္ အခ်ိန္မေ႐ြး ကေလးက ကေလးလိုေန"
"ေခၚသြားပါ!!! "
"မင္းက ငါ့ကိုလာေအာ္ေနတာလား"
"ဒီအေမွာင္ထုထဲက ေခၚသြားပါ"
"------"
ခ်ည္ေႏွာင္ တိတ္ဆိတ္ၿငိမ္သက္မႈကိုခံစားလိုက္ရသည္။တိတ္ဆိတ္ၿငိမ္သက္မႈေတြ ၾကားထဲမွ ၿငိမ္သက္ေနတဲ့ဒီကေလးက စၿပီးေျပာတဲ့စကားက သူသိလား ဒီတိုင္းစကားဆိုသလား..အေမွာင္ထုထဲကေခၚသြားပါဆိုသည္မွာ အဓိပၸာယ္ေတြအမ်ားႀကီးပါေနသည္။ဒါမွမဟုတ္ ခ်ည္ေႏွာင္ကပဲ အေတြးနယ္ခ်ဲ့မိေနတာလား။
"မင္း...မင္းဘာေျပာလဲဆိုကို သိရဲ႕လား"
"မေနခ်င္ဘူး ဒီေနရာႀကီး ေၾကာက္တယ္"
"ဟမ္"
"ေခၚသြားေပးပါ"
"မင္းကိုၾကည့္ရတာ အေဖ့ကိုပူဆာေနတဲ့သားတစ္ေယာက္လိုျဖစ္ေနၿပီ"
"အေဖ..ဗိုလ္မႉးက အေဖ.."
"မဟုတ္ဘူးေလ ငါကမင္းအေဖမဟုတ္ဘူးေလ"
"ေခၚသြားေပးပါ.."
"မင္းဘာျဖစ္ေနတာလဲ ခ်ာတိတ္"
"အနက္ေရာင္ကိုမုန္းတယ္..
မဟုတ္ဘူး အေမွာင္ထုကိုမုန္းတယ္
ကြၽန္ေတာ္မ်ိဳးကို ဒီအေမွာင္ထုထဲက ေခၚသြားေပးပါ ဗိုလ္မႉး"
ထိုစကားရဲ႕အဆုံးသတ္..
အနက္ေရာင္...အေမွာင္ထု..ကြၽန္ေတာ္မ်ိဳး..ဘာေတြလဲ..ဒီကေလးက လူ႕ေဘာင္ကစကားေတြနားမလည္ခ်င္ေယာင္ေဆာင္ေနပုံ။
ခ်ည္ေႏွာင္ထင္ထားသည္မွာ ခ်မ္းမင္းက အႏွိပ္စက္ခံရမႈမ်ား၍ စိတ္မမွန္ေတာ့တဲ့ကေလးလို႔။
ခုေတာ့ ခ်ည္ေႏွာင္သေဘာေပါက္လိုက္သည္ ဒီကေလးက တုံးတာမဟုတ္ တုံးခ်င္ေယာင္ေဆာင္ေနတာပင္။
"ခ်မ္းမင္း မင္းက တအားငယ္လို႔ ငါမင္းကိုမလိုက္ေစခ်င္တာ မင္းအ႐ြယ္က-"
"ကြၽန္ေတာ္မ်ိဳး အရာအားလူံးထမ္းေဆာင္နိုင္ပါတယ္"
"ငါမင္းကိူ နားမလည္ေတာ့ဘူး
တျခားတစ္ေယာက္လိုပဲ"
"ကြၽန္ေတာ္မ်ိဳးကို ေခၚသြားေပးပါ ဗိုလ္မႉး.."
"မင္း!!!"
"မေခၚရင္ ကြၽန္ေတာ္ေျပးလိုက္မွာပါ"
"ဘာ"
သူ႕ရဲ႕စကားေတြက နားေထာင္ရင္း နားေထာင္ရင္း ေတြေဝလာသည္။
"ကြၽန္ေတာ္က အသုံးဝင္ေစရပါ့မယ္"
"ဟုတ္လား..ဘယ္လိုအသုံးဝင္မွာလဲ
ဘယ္ေနရာမွာ သုံးရမွာလဲ
မင္းကဘယ္ေနရာမွာ တာဝန္ထမ္းေဆာင္မွာလဲ"
"ဗိုလ္မႉးရဲ႕ အရိပ္အျဖစ္ တာဝန္ထမ္းေဆာင္ပါ့မယ္"
"အရိပ္...
မင္းဘာေတြေျပာေနတာလဲ"
"ဗိုလ္မႉးေျပာတာ ေသနတ္ကကိုယ့္အနားမွာ အရိပ္ထက္ပိုကပ္ေနရမယ္ဆို အဲ့ဒါေၾကာင့္ ဗိုလ္မႉးရဲ႕ေသနတ္က ပထမျဖစ္ၿပီး က်ေတာ္က ဒုတိယအရိပ္အေနနဲ႕ရွိေနပါ့မယ္"
"လာသားဟ!!"
သူေျပာဖူးတဲ့ စကားနဲ႕ သူ႕ကိုေခ်ပေနတဲ့ ကေလး။ဘယ္ေလာက္ပဲ စကားတတ္တက္ ခ်ည္ေႏွာင္က လက္မခံနိုင္။
ခ်ည္ေႏွာင္က ေတာက္ေလွ်ာက္ျငင္း၍ ခ်မ္းမင္း ကလည္း ျပန္ခုခံေနသည္။
ေနာက္ဆုံးေတာ့...
"မယ္ေတာ္ေရ..သခင္ေလးအိမ္ေတာ္ကို ျပန္လာပါတယ္"
"ဟုတ္လား.."
အိမ္ေပၚရဲ႕ အေပၚထပ္ကေန ခ်ည္ေႏွာင့္ရဲ႕အေမဆင္းလာသည္။သူ႕သားကိူ ေျပးေတြ႕ေလေတာ့ သူ႕သားေဘးမွာ ကေလးတစ္ေယာက္လည္းပါလာေသးသည္။
"မယ္ေတာ္ေမေမ"
"သားငယ္..ထူးထူးဆန္းဆန္း ညဘက္ႀကီးျပန္လာပါလား"
"ေျပာစရာရွိတယ္ မယ္ေတာ္ေမေမ"
"ေျပာေလ သားရဲ႕"
"ေရွ႕တန္းထြက္ရေတာ့မယ္ဆိုတဲ့ အေၾကာင္းပါမယ္ေတာ္ေမေမ"
"ဘယ္လို
သားငယ္ရယ္ မင္းနားရက္ဆို အခုဟာက ေစာလြန္းေနတယ္ေလ"
"သားအခ်ိန္မရဘူး မယ္ေတာ္ေမေမ "
"မဟုတ္တာ မသြားလို႔မရဘူးလား"
"အမေတာ္ေရာ.."
"မင္းအမေတာ္ရွိတယ္ မင္းကိူလႊတ္မွာ မဟုတ္ဘူး"
"အမေတာ္ကိုသြားေတြ႕ပါရေစဦး မယ္ေတာ္ေမေမ "
ေလွကားဝမွာ ေရွ႕တန္းထြက္ရမဲ့ သတင္းကိုၾကားၿပီးတဲ့သူမယ္ေတာ္ မူးလဲခ်င္စိတ္ေတာင္ေပါက္ေနၿပီ။နားရက္ဆိုလို႔ စိတ္ေအး႐ုံရွိေသး တစ္ပူထပ္ဆင့္ေနျပန္ၿပီ။
ခ်ည္ေႏွာင္က သူစိတ္ထင္ရာ ျဖစ္တဲ့ စာၾကည့္ခန္းထဲမွာ သူ႕အမေတာ္ကိုသြားရွာေတာ့ သူမတကယ္လည္းရွိေနသည္။
ေႏွာင္...အိမ္ေတာ္ ရဲ႕ တစ္ဦးတည္းေသာ မိန္းမပ်ိဳ..ေႏွာင္ရစ္ငယ္။
သူမမွာ စာေပကို အလြန္္ခုံမက္ၿပီး အခ်ိန္အမ်ားစုကို စာၾကည့္တိုက္မွာျဖဳန္းေလ့ရွိသည္။ဒါ့ေၾကာင့္လည္း ခ်ည္ေႏွာင့္စိတ္ထဲမွာ
အလိုလိုသိေန၍ စာၾကည့္ခန္းတြင္ လာရွာခ်င္းျဖစ္ရာ..
တံခါးဖြင့္လိုက္ရင္း စကားစလိုက္သည္။
"အမေတာ္.."
"ထြက္သြား မင္းခ်ည္ေႏွာင္ႀကိဳး နင္ကငါ့ေမာင္ငယ္ မဟုတ္ဘူး"
အေနာက္က လိုက္လာတဲ့ ခ်မ္းမင္းထင္သည္မွာ အေမျဖစ္သူကတုန္ေအာင္ခ်စ္သလို အမျဖစ္သူလည္းတုန္ေအာက္ခ်စ္မယ္ထင္သည္။
သို႔ေသာ္ စိတ္ကူးနဲ႕ လက္ေတြ႕က တျခားစီ။
အေမလို မၾကင္နာသည့္အျပင္ ဖတ္လိုက္စ စာအုပ္နဲ႕ပါ ခ်ည္ေႏွာင့္အားလွမ္းေပါက္ေလသည္။