အမေ့အမွေ
..............
ကျောက်စိမ်းပြားကို ကချေသည်အမျိုးသမီး၏လက်ထဲထည့်ပြီးနောက် လင်းကျန် ပုန်းခိုကာ ပွဲကြည့်ရန်အတွက် နေရာတစ်နေရာရှာလိုခဲ့သည်။ သို့သော် သူလှည့်လိုက်ရုံသာရှိသေးစဉ်တွင် ခေါင်းထဲ၌ ရုတ်တရက်ပေါက်ကွဲသွားသကဲ့သို့ နာကျင်သွားရသည်။ ပြင်းထန်သောနာကျင်မှုက သူ့ကို ဒုက္ခပေးနေပြီး အမြင်များဝါးလာကာ ခြေကုန်လက်ပန်းကျ၍ လဲကျတော့မလိုပင်။
"ဘာလဲ။ ဘာဖြစ်သွားတာလဲ။" လင်းကန် နှဖူးကို နာနာဖိလိုက်သည်။ "ငါ့ခေါင်းက ဘာလို့ တအားနာလာတာလဲ။"
အဆိုးဆုံးကိစ္စမှာ သူ့အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာသဖြင့် သူ့အရှေ့ကို မမြင်နိုင်တော့ခြင်းပင်။
လင်းကျန် လန့်ဖျပ်သွားကာ ကြောက်စိတ်မွှန်လာသည်။ "ပြန်လည်မွေးဖွားလာပြီး ကျားမိသားစုကို ကလဲစားပြန်ချေနိုင်မဲ့ အခွင့်အရေးရဖို့က မလွယ်ဘူးလေ။ ငါဒီမှာ ဘာလို့သတိမေ့လဲသွားပြီး အရင်ဘဝက အဖြစ်ဆိုးကို ပြန်ခံစားရမှာလဲ။"
မရဘူး။ လုံးဝကို မဖြစ်စေရဘူး။
လင်းကျန် အံတင်းတင်းကြိတ်ကာ ပြင်းထန်စွာသက်ပြင်းရှိုက်ရှူလိုက်သည်။ သူ့ကိုယ်ကြီးမလဲကျသွားစေရန် မနည်းထိန်းချုပ်ကာ ဝေးလံသောထောင့်သို့ ခြေကုန်လက်ပန်းကျစွာ သွားလိုက်သည်။ အရိပ်အာဝါသရှိရာ နေရာတစ်နေရာသို့ အပတ်တကုတ်ကြိုးစား၍သွားပြီးနောက် သူချွေးများစိုရွှဲနေပြီဖြစ်သည်။
ပုံလျက်သားကျသွားစဉ်တွင်ပင် လင်းကျန် ဆက်၍အားမတင်းနိုင်တော့ဘဲ သတိလစ်သွားသည်။
သတိလစ်ပြီးနောက်တွင်ပင် လင်းကျန် သက်သာရာမရသေးပေ။ သေးငယ်သောဝင်ကပါအစီအရင်၊ အသက်ကြွေးထောင်ချောက်၊ ပုန်းကွယ်ထောင်ချောက်၊ အယောင်ပြထောင်ချောက် စသည်ဖြင့် ထူးဆန်းသောအရာများက သူ့စိတ်ထဲတိုးဝင်လာသည်။
လင်းကျန်မှာ ထိုဗဟုသုတများနှင့်စပ်လျဉ်း၍ အလွန်ထူးဆန်းနေသည်။ သူထို့အကြောင်းအရာများနှင့် ရင်းနှီးသကဲ့သို့ခံစားရသော်လည်း မှတ်ဉာဏ်များမှာ ဤအချိန်အတောအတွင်း ယောင်တိယောင်ဝါးဖြစ်နေသည်။ ထိုဗဟုသုတများကို ယခင်က လေ့လာဖူးပုံပေါ်သော်လည်း အားလုံးကို သူ့စိတ်၏နက်ရှိုင်းသောအပိုင်းမှ တစ်ချိန်တည်းမှာပင် အထုတ်ခံလိုက်ရကာ သူအမိအရမှတ်ထားရန်တွန်းအားပေးနေသည်။
အချို့ထောင်ချောက်များကို စာရွက်ပေါ်တွင် သူလက်ဗလာဖြင့်ဆွဲခဲ့ပြီး အချို့ကို တစ်စုံတစ်ယောက်မှ သူ့လက်ကိုကိုင်ကာ စုတ်ချက်များဆွဲစေသည်။ အချို့တွင် သူကိုယ်တိုင် သေးငယ်သောဝင်ကပါအစီအရင်ထဲရောက်သွားပြီး ထွက်ပေါက်ရှာမတွေ့သဖြင့် ငိုကြွေးနေရသည်။
ဤအရာများကို မည်သူက သူ့အား သင်ပေးခဲ့သနည်း။ ထိုလူ၏ အသံမှာ တစ်ခါတစ်ရံ ညင်သာကာ တစ်ခါတစ်ရံ ခက်ထန်ပြီး သူနှင့်ရင်းနှီးလွန်းသဖြင့် ငိုပင်ငိုချင်လာသည်။ သွေးသားတော်စပ်သူ၏ နွေးထွေးကြင်နာမှုက သူ့နှလုံးသားထဲဖြည်းဖြည်းချင်း မြင့်တက်လာကာ ၎င်းမှာသူ့အမေ၏အသံဖြစ်မှန်း မှတ်မိသွားသည်။
"ငါ ငါ့အမေအသံကို မကြားရတာ ဘယ်လောက်ကြာနေပြီလဲ။"
အမေက နာမကျန်းမှုကြောင့် ကွယ်လွန်သွားပြီး အဖေကလည်း ပျောက်သွားရာ ထိုနောက်ပိုင်းမှစ၍ သူ့မိဘများထံမှ နွေးထွေးမှု၊ ဂရုစိုက်မှုတို့ကို သူမခံစားရတော့ပေ။
သူ့အမေဆုံးပါးသွားသောအခါ သူမ၏စာကြည့်ခန်းထဲ၌ စာအုပ်အမြောက်အများကျန်ခဲ့ပြီး ထိုထဲမှအများစုမှာ ထောင်ချောက်များ၊ အစီအရင်များအကြောင်းဖြစ်သည်ကို သူမှတ်မိသေးသည်။ သို့သော် ၎င်းတို့အားလုံးကို သူ့အဖေကမီးရှို့လိုက်သည်။ ဤထောင်ချောက်များအကြောင်း စာအုပ်များက သူ့အမေကိုသေစေခဲ့သည့် ဂြိုဟ်ကောင်များဖြစ်သည်ဟု သူ့အဖေကပြောသည်။
ဤစာအုပ်များကို မီးရှို့ပြီးနောက် သူ့အဖေပျောက်သွားသည်။ အဖိုးနှင့်ဦးလေးတို့က သူဝမ်းနည်းမည်ကိုစိုးရိမ်သဖြင့် သူ့မိဘများအကြောင်းကို တတ်နိုင်သမျှမပြောရန် မိသားစုအစေခံများအား တားမြစ်လိုက်သည်။ တဖြည်းဖြည်းနှင့် မည်သူကမှ သူတို့အကြောင်းကို မပြောတော့ပေ။ ကျောင်း၌သမားရိုးကျသင်ကြားရသောအခါ လင်းကျန် သူ့အမေသင်ပေးခဲ့သော ထောင်ချောက်များ၊ အစီအရင်များကို ဖြည်းဖြည်းချင်းမေ့သွားသည်။
သူ ထောင်ချောက်များကို ဆက်လေ့လာကာ စိတ်ထဲမှတ်မိနေလျှင်ဘာဖြစ်မည်နည်း။ သူ့အရင်ဘဝတွင် လင်းမိသားစု ခံစားရမှုလျော့နည်းသွားမည်လား။ အနည်းဆုံးတော့ သူတစ်စုံတစ်ခုလုပ်နိုင်ခဲ့လောက်သည်။ ထိုသို့သာဆိုလျှင် အရာအားလုံးခြားနားသွားမည်မဟုတ်လား။ မည်သို့ပင်ဖြစ်စေကာမူ သူ့အမေပြင်ထားသော သေးငယ်သည့်ဝင်ကပါအစီအရင်၏စွမ်းအားကို သူကြုံတွေ့ရဖူးသည်။ ထောင်ချောက်မည်သို့ဆင်ရကြောင်း သူထိုအချိန်ကသိခဲ့လျှင် လင်းမိသားစု လွတ်မြောက်မည့်အခွင့်အရေးရအောင် စွမ်းဆောင်နိုင်ခဲ့မည်လား။
ကံမကောင်းစွာဖြင့် 'အကယ်၍' ဟူသည့်အရာမရှိပေ။ အရင်ဘဝတွင် ကံဆိုးမိုးမှောင်ကျသည့်ဖြစ်ရပ်က ဖြစ်ပျက်ပြီးလေပြီ။ ဤတစ်ကြိမ်တွင် သူထိုသို့ထပ်ဖြစ်ခွင့်မပြုနိုင်တော့ပေ။
ထိုသို့ဆုံးဖြတ်ချက်ချပြီးနောက် လင်းကျန် သူ့စိတ်ထဲမှထောင်ချောက်များအကြောင်းနှင့် သူ့စိတ်ထဲနက်ရှိုင်းစွာ စွဲထင်နေသောဗဟုသုတများအကြောင်းကို နည်းနည်းစီပြန်မှတ်မိရန် အကောင်းဆုံးကြိုးစားတော့သည်။
ဗဟုသုတများကို စေ့စေ့စပ်စပ် မွှေနှောက်ရှာဖွေကာ စိတ်ထဲသေချာမှတ်နေစဉ်တွင် အချိန်အတော်ကြာသွားသည်ဟု လင်းကျန်ထင်မိခဲ့သည်။
တကယ်တမ်းတွင်တော့ အချိန်ဆယ်မိနစ်ပင် မကုန်သေးပေ။ အပြင်ဘက်ရှိ ဥယျာဉ်ထဲ၌ ဘာအသံမှမကြားရသေးသော်လည်း မကြာခင်တွင် တစ်စုံတစ်ယောက် ရောက်လာတော့မည်။
လင်းကျန် ပို၍နက်ရှိုင်းသော မျက်ဝန်းများဖြင့်နိုးထလာကာ ပုန်းခိုရာနေရာမှထွက်လာခဲ့သည်။
"အချိန်ကိုက်ပဲ။ ဇာတ်ရှိန်တက်သွားအောင် ငါလောင်စာထပ်ထည့်လိုက်ရင်ကောင်းမလား။"
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အေမ့အေမြ
..............
ေက်ာက္စိမ္းျပားကို ကေခ်သည္အမ်ိဳးသမီး၏လက္ထဲထည့္ၿပီးေနာက္ လင္းက်န္ ပုန္းခိုကာ ပြဲၾကည့္ရန္အတြက္ ေနရာတစ္ေနရာရွာလိုခဲ့သည္။ သို႔ေသာ္ သူလွည့္လိုက္႐ုံသာရွိေသးစဥ္တြင္ ေခါင္းထဲ၌ ႐ုတ္တရက္ေပါက္ကြဲသြားသကဲ့သို႔ နာက်င္သြားရသည္။ ျပင္းထန္ေသာနာက်င္မႈက သူ႕ကို ဒုကၡေပးေနၿပီး အျမင္မ်ားဝါးလာကာ ေျခကုန္လက္ပန္းက်၍ လဲက်ေတာ့မလိုပင္။
"ဘာလဲ။ ဘာျဖစ္သြားတာလဲ။" လင္းကန္ ႏွဖူးကို နာနာဖိလိုက္သည္။ "ငါ့ေခါင္းက ဘာလို႔ တအားနာလာတာလဲ။"
အဆိုးဆုံးကိစၥမွာ သူ႕အျမင္အာ႐ုံမ်ား တျဖည္းျဖည္း ေဝဝါးလာသျဖင့္ သူ႕အေရွ႕ကို မျမင္နိုင္ေတာ့ျခင္းပင္။
လင္းက်န္ လန့္ဖ်ပ္သြားကာ ေၾကာက္စိတ္မႊန္လာသည္။ "ျပန္လည္ေမြးဖြားလာၿပီး က်ားမိသားစုကို ကလဲစားျပန္ေခ်နိဳင္မဲ့ အခြင့္အေရးရဖို႔က မလြယ္ဘူးေလ။ ငါဒီမွာ ဘာလို႔သတိေမ့လဲသြားၿပီး အရင္ဘဝက အျဖစ္ဆိုးကို ျပန္ခံစားရမွာလဲ။"
မရဘူး။ လုံးဝကို မျဖစ္ေစရဘူး။
လင္းက်န္ အံတင္းတင္းႀကိတ္ကာ ျပင္းထန္စြာသက္ျပင္းရွိုက္ရႉလိုက္သည္။ သူ႕ကိုယ္ႀကီးမလဲက်သြားေစရန္ မနည္းထိန္းခ်ဳပ္ကာ ေဝးလံေသာေထာင့္သို႔ ေျခကုန္လက္ပန္းက်စြာ သြားလိုက္သည္။ အရိပ္အာဝါသရွိရာ ေနရာတစ္ေနရာသို႔ အပတ္တကုတ္ႀကိဳးစား၍သြားၿပီးေနာက္ သူေခြၽးမ်ားစို႐ႊဲေနၿပီျဖစ္သည္။
ပုံလ်က္သားက်သြားစဥ္တြင္ပင္ လင္းက်န္ ဆက္၍အားမတင္းနိုင္ေတာ့ဘဲ သတိလစ္သြားသည္။
သတိလစ္ၿပီးေနာက္တြင္ပင္ လင္းက်န္ သက္သာရာမရေသးေပ။ ေသးငယ္ေသာဝင္ကပါအစီအရင္၊ အသက္ေႂကြးေထာင္ေခ်ာက္၊ ပုန္းကြယ္ေထာင္ေခ်ာက္၊ အေယာင္ျပေထာင္ေခ်ာက္ စသည္ျဖင့္ ထူးဆန္းေသာအရာမ်ားက သူ႕စိတ္ထဲတိုးဝင္လာသည္။
လင္းက်န္မွာ ထိုဗဟုသုတမ်ားႏွင့္စပ္လ်ဥ္း၍ အလြန္ထူးဆန္းေနသည္။ သူထို႔အေၾကာင္းအရာမ်ားႏွင့္ ရင္းႏွီးသကဲ့သို႔ခံစားရေသာ္လည္း မွတ္ဉာဏ္မ်ားမွာ ဤအခ်ိန္အေတာအတြင္း ေယာင္တိေယာင္ဝါးျဖစ္ေနသည္။ ထိုဗဟုသုတမ်ားကို ယခင္က ေလ့လာဖူးပုံေပၚေသာ္လည္း အားလုံးကို သူ႕စိတ္၏နက္ရွိုင္းေသာအပိုင္းမွ တစ္ခ်ိန္တည္းမွာပင္ အထုတ္ခံလိုက္ရကာ သူအမိအရမွတ္ထားရန္တြန္းအားေပးေနသည္။
အခ်ိဳ႕ေထာင္ေခ်ာက္မ်ားကို စာ႐ြက္ေပၚတြင္ သူလက္ဗလာျဖင့္ဆြဲခဲ့ၿပီး အခ်ိဳ႕ကို တစ္စုံတစ္ေယာက္မွ သူ႕လက္ကိုကိုင္ကာ စုတ္ခ်က္မ်ားဆြဲေစသည္။ အခ်ိဳ႕တြင္ သူကိုယ္တိုင္ ေသးငယ္ေသာဝင္ကပါအစီအရင္ထဲေရာက္သြားၿပီး ထြက္ေပါက္ရွာမေတြ႕သျဖင့္ ငိုေႂကြးေနရသည္။
ဤအရာမ်ားကို မည္သူက သူ႕အား သင္ေပးခဲ့သနည္း။ ထိုလူ၏ အသံမွာ တစ္ခါတစ္ရံ ညင္သာကာ တစ္ခါတစ္ရံ ခက္ထန္ၿပီး သူႏွင့္ရင္းႏွီးလြန္းသျဖင့္ ငိုပင္ငိုခ်င္လာသည္။ ေသြးသားေတာ္စပ္သူ၏ ႏြေးေထြးၾကင္နာမႈက သူ႕ႏွလုံးသားထဲျဖည္းျဖည္းခ်င္း ျမင့္တက္လာကာ ၎မွာသူ႕အေမ၏အသံျဖစ္မွန္း မွတ္မိသြားသည္။
"ငါ ငါ့အေမအသံကို မၾကားရတာ ဘယ္ေလာက္ၾကာေနၿပီလဲ။"
အေမက နာမက်န္းမႈေၾကာင့္ ကြယ္လြန္သြားၿပီး အေဖကလည္း ေပ်ာက္သြားရာ ထိုေနာက္ပိုင္းမွစ၍ သူ႕မိဘမ်ားထံမွ ႏြေးေထြးမႈ၊ ဂ႐ုစိုက္မႈတို႔ကို သူမခံစားရေတာ့ေပ။
သူ႕အေမဆုံးပါးသြားေသာအခါ သူမ၏စာၾကည့္ခန္းထဲ၌ စာအုပ္အေျမာက္အမ်ားက်န္ခဲ့ၿပီး ထိုထဲမွအမ်ားစုမွာ ေထာင္ေခ်ာက္မ်ား၊ အစီအရင္မ်ားအေၾကာင္းျဖစ္သည္ကို သူမွတ္မိေသးသည္။ သို႔ေသာ္ ၎တို႔အားလုံးကို သူ႕အေဖကမီးရွို႔လိုက္သည္။ ဤေထာင္ေခ်ာက္မ်ားအေၾကာင္း စာအုပ္မ်ားက သူ႕အေမကိုေသေစခဲ့သည့္ ၿဂိဳဟ္ေကာင္မ်ားျဖစ္သည္ဟု သူ႕အေဖကေျပာသည္။
ဤစာအုပ္မ်ားကို မီးရွို႔ၿပီးေနာက္ သူ႕အေဖေပ်ာက္သြားသည္။ အဖိုးႏွင့္ဦးေလးတို႔က သူဝမ္းနည္းမည္ကိုစိုးရိမ္သျဖင့္ သူ႕မိဘမ်ားအေၾကာင္းကို တတ္နိုင္သမွ်မေျပာရန္ မိသားစုအေစခံမ်ားအား တားျမစ္လိုက္သည္။ တျဖည္းျဖည္းႏွင့္ မည္သူကမွ သူတို႔အေၾကာင္းကို မေျပာေတာ့ေပ။ ေက်ာင္း၌သမားရိုးက်သင္ၾကားရေသာအခါ လင္းက်န္ သူ႕အေမသင္ေပးခဲ့ေသာ ေထာင္ေခ်ာက္မ်ား၊ အစီအရင္မ်ားကို ျဖည္းျဖည္းခ်င္းေမ့သြားသည္။
သူ ေထာင္ေခ်ာက္မ်ားကို ဆက္ေလ့လာကာ စိတ္ထဲမွတ္မိေနလွ်င္ဘာျဖစ္မည္နည္း။ သူ႕အရင္ဘဝတြင္ လင္းမိသားစု ခံစားရမႈေလ်ာ့နည္းသြားမည္လား။ အနည္းဆုံးေတာ့ သူတစ္စုံတစ္ခုလုပ္နိုင္ခဲ့ေလာက္သည္။ ထိုသို႔သာဆိုလွ်င္ အရာအားလုံးျခားနားသြားမည္မဟုတ္လား။ မည္သို႔ပင္ျဖစ္ေစကာမူ သူ႕အေမျပင္ထားေသာ ေသးငယ္သည့္ဝင္ကပါအစီအရင္၏စြမ္းအားကို သူႀကဳံေတြ႕ရဖူးသည္။ ေထာင္ေခ်ာက္မည္သို႔ဆင္ရေၾကာင္း သူထိုအခ်ိန္ကသိခဲ့လွ်င္ လင္းမိသားစု လြတ္ေျမာက္မည့္အခြင့္အေရးရေအာင္ စြမ္းေဆာင္နိုင္ခဲ့မည္လား။
ကံမေကာင္းစြာျဖင့္ 'အကယ္၍' ဟူသည့္အရာမရွိေပ။ အရင္ဘဝတြင္ ကံဆိုးမိုးေမွာင္က်သည့္ျဖစ္ရပ္က ျဖစ္ပ်က္ၿပီးေလၿပီ။ ဤတစ္ႀကိမ္တြင္ သူထိုသို႔ထပ္ျဖစ္ခြင့္မျပဳနိုင္ေတာ့ေပ။
ထိုသို႔ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ လင္းက်န္ သူ႕စိတ္ထဲမွေထာင္ေခ်ာက္မ်ားအေၾကာင္းႏွင့္ သူ႕စိတ္ထဲနက္ရွိုင္းစြာ စြဲထင္ေနေသာဗဟုသုတမ်ားအေၾကာင္းကို နည္းနည္းစီျပန္မွတ္မိရန္ အေကာင္းဆုံးႀကိဳးစားေတာ့သည္။
ဗဟုသုတမ်ားကို ေစ့ေစ့စပ္စပ္ ေမႊႏွောက္ရွာေဖြကာ စိတ္ထဲေသခ်ာမွတ္ေနစဥ္တြင္ အခ်ိန္အေတာ္ၾကာသြားသည္ဟု လင္းက်န္ထင္မိခဲ့သည္။
တကယ္တမ္းတြင္ေတာ့ အခ်ိန္ဆယ္မိနစ္ပင္ မကုန္ေသးေပ။ အျပင္ဘက္ရွိ ဥယ်ာဥ္ထဲ၌ ဘာအသံမွမၾကားရေသးေသာ္လည္း မၾကာခင္တြင္ တစ္စုံတစ္ေယာက္ ေရာက္လာေတာ့မည္။
လင္းက်န္ ပို၍နက္ရွိုင္းေသာ မ်က္ဝန္းမ်ားျဖင့္နိုးထလာကာ ပုန္းခိုရာေနရာမွထြက္လာခဲ့သည္။
"အခ်ိန္ကိုက္ပဲ။ ဇာတ္ရွိန္တက္သြားေအာင္ ငါေလာင္စာထပ္ထည့္လိုက္ရင္ေကာင္းမလား။"