My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၂၆ ။ ဟတ်စကီး အချစ်

2.8K 630 53
By Mine-Edge

[Unicode]

မိသားစုကြွယ်ဝမှုအတွက် သားနှင့်ဖလှယ်ခဲ့သော ယောက္ခထီးကိုမြင်လိုက်ရ၍ အင်ပါယာအရာရှိသည် မကြောက်မရွံ့ဖြင့် ဂိတ်တံခါးကိုဖွင့်ရန် ခလုတ်နှိပ်လိုက်သည်။

ဒါက အထက်တန်းလွှာတိုက်ခန်းအဆောက်အဦးဖြစ်သည်။ တံခါးဘဲလ်သည် အဆောက်အဦး ဂိတ်ကိုဖွင့်နိုင်ပြီး ဧည့်သည်တစ်ယောက် ဓာတ်လှေကားထဲရောက်ချိန် ပိုင်ရှင်က သူတို့သွားချင်သည့် အထက်ဆီရောက်ရန် အတည်ပြုပေးဖို့လိုသည်။

ကျောင်းချီစောင်ကို ဖယ်ကာ အပြေးသွားလိုက်သော်ငြား ဖန်သားပြင်က ဓာတ်လှေကားအထဲကို ပြနေလေပြီ။ သူချက်ချင်း သူ့လောင်ကုန်းလက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ခဏနေကျ ငါ့အဖေလာရင် ကိုယ်ဝန်ကိစ္စအကြောင်း တစ်ခွန်းမှဟလို့မဖြစ်ဘူးနော်"

"ဘာလို့လဲ" ကျန်းချန်ဖေး နားမလည်နိုင်ပေ။

Omega ကိုယ်ဝန်ရရှိမှုသည် အခမ်းအနားကျင်းပသင့်သည်။ တစ်ကမ္ဘာလုံးတောင် သိသင့်၏။ ကျောင်းချီက သူ့အဖေသာသိသွားရင် ကလေးနှင့်ခြိမ်းခြောက်မှာကို စိုးရိမ်တာလား။ ဒါ ဖြစ်နိုင်သည်။ အဘိုးကြီးက လောဘကြီးရာ ကိုယ်ဝန်ရနေသည့်သားကို ပိတ်နှောင်ထားပြီး အရာရှိအား စစ်တပ်တစ်တပ်နှင့် ဖလှယ်ခိုင်းလောက်သည်။


ကျောင်းချီကတော့ ကျန်းတာ့တျောင်းခေါင်းထဲ ဘာများဖြစ်နေလဲမသိဘဲ အသည်းအသန်ကြိုးစားကာ ဆင်ခြေများပြုလုပ်နိုင်ရန် မျှော်လင့်နေမိသည်။ သူ smart brain ကိုဖွင့်လိုက်၏။
"အန်နီ၊ ယောက်ျားတစ်ယောက် သူ့ဇနီးရဲ့ကိုယ်ဝန်အကြောင်း တခြားသူတွေကို မပြောဖို့အကြောင်းရင်းကဘာများလဲ"

အားကိုးရသော အန်နီက အလျင်အမြန် ရှာဖွေလိုက်သည်။
"သုံးလမတိုင်ခင်ထိ ကိုယ်ဝန်ကိုကြေညာလို့ မရဘူးဆိုတဲ့ အယူသီးမှုကို သုံးလို့ရပါတယ်"

ဉာဏ်ကောင်းတယ်!

"အဟမ်း၊ ခင်ဗျား ပထမသုံးလအတွင်း ကိုယ်ဝန်အကြောင်း အပြင်လူတွေကို ပြောလို့မရဘူး၊ ပြောလိုက်ရင် ကလေးကို ဆုံးရှုံးသွားနိုင်တယ်"
ကျောင်းချီ smart brain ၏ ပုံရိပ်ယောင်စခရင်ပေါ်ရှိစကားလုံးများကို ခပ်တောင့်တောင့် ဖတ်ပြလိုက်သည်။


ကျန်းချန်ဖေး ထိတ်လန့်သွား၏။
"မင်းအဖေကို အပြင်လူအဖြစ် သတ်မှတ်ထားတာလား"

"အာ အဲဒါက..."

ဒီလူက ဘယ်လိုလုပ် အဓိကအချက်တွေကိုမှ အဲလောက်အာရုံစိုက်နေရတာလဲ! ငါ ဒါကိုဘယ်လိုရှင်းပြသင့်လဲ။

ကျောင်းချီ အကြောင်းရင်းရှာမရခင် ကျန်းတာ့တျောင်းက အင်မတန်ပျော်ရွှင်နေလေပြီ။
"မင်းပြောတာမှန်တယ်‌၊ သူက မင်းကို အရင်းအမြစ်တွေအတွက် ဖလှယ်ခဲ့တာ၊ သူကအဖေကောင်းမဟုတ်ဘူး၊ သူကအပြင်လူလေ!"

ကျောင်းချီ : "..."

ဒီတော့ ဒီတစ်ခေါက်က လောင်းကစားကြွေးမဟုတ်ဘူးပေါ့။ ကျောင်းမိသားစုကိုကယ်တင်ဖို့ အရင်းအမြစ်တွေရအောင်တဲ့လား။ သူ့အဖေ ဒါကိုကြားသွားမှာထက်စာရင် ကျောင်းချီ သူကိုယ်ဝန်ရှိနေပြီဟုသာ ပြောမိလောက်သည်။

သို့သော်ငြား သူ့ကိုပြောရန်က နေုက်ကျသွားခဲ့ပြီ။ ဓာတ်လှေကားက သူ့အဖေကို တံခါးဆီ  ခေါ်ဆောင်လာခဲ့ချေပြီ။

သူ့သား အလုပ်မသွားတာ တစ်ပတ်ကြာပြီဖြစ်သလို ခရီးလည်းသွားတာမဟုတ်ဟု ကြား၍ ကျောင်းကျို့ရန် ဒီနေရာတွင် ဘာဖြစ်နေလဲ ကြည့်ချင်ခဲ့သည်။ သူ့သားက အရွယ်ရောက်ပြီးဖြစ်၍ ကိုယ့်အချိန်ကိုယ် စီမံသင့်သည်ဟုထင်သော်ငြား သူ့ဇနီး၏တတွတ်တွတ်ပြောဆိုနေမှုကို မခံနိုင်ပေ။

နောက်ထပ်တစ်မြို့တွင် ရုပ်ရှင်ရိုက်နေသည့် မစ္စကျောင်းကြားချိန် သူ့သားဖျားနေသည်ဟု  ခိုင်ခိုင်မာမာပြောကာ သူ့ခင်ပွန်းကိုဆူ‌ပြီး သားဆီသွားလည်ရန် တိုက်တွန်းခဲ့သည်။


တစ်ထပ်ဆီတွင် တိုက်တစ်ခန်းဆီရှိပြီး  တိုက်ခန်းတစ်ခန်းချင်းစီအတွက် ဓာတ်လှေကားသတ်မှတ်ထားသည်။ ထိုအခါမှ သူ့အထပ်ကိုရောက်ချိန် တံခါးအလိုအလျောက်ပွင့်ရန် ဓာတ်လှေကားကို ကြိုတင်ချိန်ကိုက်ထားနိုင်၏။ ကျန်းချန်ဖေး အားနည်းနေသောသူ့ဇနီးလေးကို ချီပြီး ဆိုဖာပေါ်ပြန်တင်ကကာ စောင်ခြုံပေးလိုက်သည်။
"ဒီမှာပဲနေဦး၊ တစ်ခုခုလိုချင်ရင် ကိုယ့်ကိုအသိပေး၊ ကိုယ်သွားယူပေးမယ်"

မစ္စတာကျောင်း တံခါးဆီ ဝင်လာချိန် ဒီမြင်ကွင်းကို မြင်သွားသည်။ သူ့နေမကောင်းသော သားက ဆိုဖာပေါ် ပျော့ဖတ်စွာ မှီနေပြီး စောင်ခြုံထားပြီး သားမက်ကတော့ သူ့အပေါ် ဂရုတစိုက်ဖြင့် စောင်များထပ်ခြုံပေးနေသည်။ သူ့သားမက်သည် အမြဲနွေးထွေးတတ်သော်ငြား ဒီနေ့တွင် သူ့ယောက္ခထီးကို နှုတ်တောင်မဆက်ဘဲ ကျောင်းချီအတွက် အအေးခွက်ယူပေးရင်း အလုပ်များနေသည်။


သူ တကယ်ကို နေမကောင်းဖြစ်နေသည်။

ကောင်လေး အမှန်ပင်ရိုင်းပြနေသည်။

သို့သော်ငြား သူတို့ယန်ယန်ကို အင်မတန်ကောင်းမွန်စွာ ဆက်ဆံသည်။


ယောက္ခထီးမှာ ခံစားချက်ရောထွေးနေသည်။  အဆုံးတွင်တော့ အရာအားလုံးသည် ခြောက်ကပ်ကပ်ချောင်းဟန့်သံအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။
"အဟမ်း!"

"ပါး ဘာလို့ဒီရောက်နေတာလဲ"
ကျောင်းချီ သူ့လောင်ကုန်း ကမ်းပေးလာသည့် ဖန်ခွက်ကိုယူပြီး အအေးတစ်ငုံသောက်လိုက်သည်။


"ဘာဖြစ်နေတာလဲ၊ မင်းကြည့်ရတာ မအီမသာဖြစ်နေတဲ့ပုံပဲ"
ကျောင်းကျို့ရန် ရောက်လာပြီး ကုလားထိုင်ပေါ်တွင်ထိုင်ချလိုက်သည်။ သူ့သားကို ကြည့်နေသော်ငြား တကယ်တော့ ကျန်းချန်ဖေးကို မေးနေခြင်းဖြစ်သည်။

သူ့သားက သူ့ကိုယ်သူ ဘယ်လိုစောင့်ရှောက်ရမလဲမသိပေမဲ့ မင်းကပါ ငါတို့ကိုပြောပြဖို့ ဖုန်းမခေါ်နိုင်ရတာလဲ။


"ယန်ယန်က နေလို့မကောင်းဘူး၊ သူ့ကို မခြောက်ပါနဲ့"
က

ျန်းတာ့တျောင်း အနည်းငယ် စိတ်မချမ်းမသာဖြစ်ပြီး ကျောင်းချီဘေးထိုင်ချကာ သူ့ဇနီးလေးနှင့် ယောက္ခထီးကြား ဝင်ထိုင်လိုက်သည်။

"..." မစ္စတာကျောင်းက သူ့သားကို သတိထားကြည့်လိုက်သည်။ သူက လူကြီးတစ်ယောက်၊ လက်ထပ်ထားပြီး ကလေးပေါက်စနမဟုတ်တာ သေချာပါသည်။

ငါက သူ့ကိုခြောက်မယ်တဲ့လား။

‌ကျောင်းချီ သူ့လောင်ကုန်းနောက် ဝင်ပုန်းလိုက်ပြီး အနေရခက်စွာပြုံးလိုက်သည်။ သူ့မျက်နှာကို လက်ဖြင့်ပွတ်လိုက်ပြီး အနောက်ကနေ လှမ်းကြည့်လိုက်သည်။


"ကျွန်တော် တစ်ချိန်လုံးအလုပ်လုပ်နေရတာကနေ ပင်ပန်းသွားတာ၊ ချန်ဖေးကလည်း ကျွန်တော့်ကို အိမ်မှာနားဖို့ အတင်းတိုက်တွန်းနေတာနဲ့ နှစ်ချုပ်ခွင့်ယူလိုက်တယ်"

ထိုစကားကြားတော့ ကျောင်းကျို့ရန် အနည်းငယ်စိတ်အေးသွားသည်။
"ငါသိသားပဲ၊ ချန်ချန်က မင်းကိုစောင့်ရှောက်နေတယ်ဆိုတော့ အဆင်ပြေမှာ၊ မင်းအမေက အတွေးလွန်တာ သဘောကျတယ်လေ၊ အခု အဝတ်အစားသွားလဲပြီး မင်းအမေစိတ်ပူစရာမလိုတော့အောင် video chat လိုက်"
သူ့အဖေနောက်ဆုံးတော့ တာဝန်ပြီးမြောက်သွားခဲ့လေပြီ။

ကျောင်းချီ သူဝတ်ထားသည့် ကြေမွနေသော ဘောင်းဘီကို ကြည့်ပြီး ဗီဒီယိုဖုန်းခေါ်ရန်အတွက် တကယ်မသင့်တော်ဟု တွေးမိလိုက်သည်။ သူ့အမေအလုပ်လုပ်သည့် နေရာမှလူအားလုံးသည် အနုပညာနယ်ပယ်မှဖြစ်ချေသည်။ သူ့ကိုသာ ဒီလိုမြင်သွားလျှင် ကောင်းလိမ့်မည်မဟုတ်၍ အင်္ကျီလဲရန် အပေါ်ထပ်တက်ခဲ့သည်။


ကျန်းချန်ဖေး အနည်းငယ်စိုးရိမ်ပြီး အင်္ကျီကူလဲပေးရန် အပေါ်ထပ်လိုက်ချင်သော်ငြား ချက်ချင်းငြင်းခံလိုက်ရသည်။


"ငါ့အဖေကြည့်နေတယ်၊ သိပ်ပြီးအမြင်ကတ်စရာမလုပ်နဲ့လေ"
ကျောင်းချီ ခပ်တိုးတိုး သတိပေးလိုက်သည်။
"အင်္ကျီတော့လဲနိုင်ပါသေးတယ်"

အရာရှိမှာ ဘာမှလုပ်စရာမရှိဘဲ အောက်ထပ်တွင်သာထိုင်နေရကာ လောဘကြီးသည့် သူ့ယောက္ခထီးကိုစိုက်ကြည့်နေတော့သည်။


ကျောင်းကျို့ရန် ကျန်းချန်ဖေးတစ်ယောက် ဒီနေ့ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားနေရသည်။ သူ ပုံမှန်ဆို သူ့ယောက္ခထီးနှင့်တွေ့လျှင် စကားပြောဆိုရယ်မောနေကျဖြစ်သော်ငြား ဒီနေ့ ဘာကြောင့် အဲလောက်တောင် စိတ်ကြီးဝင်နေရတာလဲ။ လူငယ်မျိုးဆက်က စကားမပြောချင်လျှင် လူကြီးကလည်း တည်ကြည်လေးနက်ရမည်ဖြစ်၍ မေးလိုက်သည်။
"ဘာလို့မင်းရော အလုပ်မသွားတာလဲ"


"ကျွန်တော့်ဇနီးက နေမကောင်းဖြစ်နေတာလေ၊ ပိုက်ဆံရှာဖို့နဲ့ သူ့ကိုမထားခဲ့နိုင်ပါဘူး၊ ရန်သူတွေအခုကျူးကျော်လာရင်တောင် ယန်ယန့်ကိုတစ်ယောက်တည်းထားခဲ့ပြီး စစ်မြေပြင်ထဲမသွားနိုင်ဘူး"
ကျန်းချန်ဖေးက ရေနွေးကရားကောက်ယူပြီး သူနှင့်သူ့ယောက္ခထီးအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။


မင်းဘယ်လိုလုပ် အဲလိုပြောနိုင်ရတာ...

မစ္စတာကျောင်းလုံးဝကို အရှက်ရသွားခဲ့သည်။ လက်ဖက်ရည်တစ်ငုံက ‌ကျောရိုးကို ချမ်းစိမ့်သွားစေခဲ့၏။
"မင်းငါ့ကို လှောင်နေတာလား"

မစ္စတာကျောင်း ငယ်စဉ်က စီးပွားရေးကိစ္စများနှင့်အလုပ်ရှုပ်ခဲ့သော်ငြား မိသားစုကိုလျစ်လျူရှုခဲ့သည်။ မစ္စကျောင်းမှာ ထိုအချိန်က အင်မတန်နာမည်ကြီးပြီး ရိုက်ကူးရေးများနှင့် အလုပ်ရှုပ်ခဲ့၏။ ထိုကြောင့် ကျောင်းချီကို နာနီနှင့်သာ ထားခဲ့ရသည်။ သူကငယ်ရွယ်သေးကာ သူ့ကလေးကိုဘယ်လိုစောင့်ရှောက်ရမလဲ မသိခဲ့ပေ။ ကျောင်းချီ ခဏခဏနေမကောင်းဖြစ်သော်ငြား ပြန်မလာနိုင်ခဲ့ပေ။

ကျန်းချန်ဖေးတွင် ကြောက်စရာမရှိ၍ သူ့ယောက္ခထီးခွက်ထဲ လက်ဖက်ရည်ပိုငှဲ့ပေးပေးကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော့်ခံစားချက်တွေကို ဖော်ပြချင်ရုံပါ၊ အဲထက်မပိုဘူး"

ကျောင်းကျို့ရန် အင်မတန်ဒေါသထွက်ပြီး ဒီကောင်စုတ်လေး အခုအကောင်ကြီးလာပြီဆိုတော့ ပြန်ပြောရဲနေပြီဟု စဉ်းစားနေမိသည်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက သူ့အပြစ်ဖြစ်သည်။ သူ့သား ကလေးဘဝတုန်းက သေချာဂရုမစိုက်မိခဲ့ပြီး အခု နောက်ထပ်တစ်ယောက်က သူ့သားကို ‌ကောင်းကောင်းဂရုစိုက်နေပြီဖြစ်၍ သူ့ကိုရယ်ရန် အခွင့်အရေးရှိသည်။


ဟင့်အင်း ဒါက ဒေါသထွက်စရာကောင်းတုန်းပဲ!

‘ဒီကောင်စု‌တ်လေး၊ ငါ့ထက် ပိုင်ဆိုင်မှုပိုများပြီဆိုတာနဲ့ လူတိုင်းကိုအထင်သေးလို့ရပြီများထင်နေတာလား!’


ဂိမ်းကိုနိုင်ရန် မစ္စတာကျောင်းသည် သူ့သားမက်ကို သင်ခန်းစာပေးနိုင်အောင် စကားလမ်းကြောင်းအတင်းပြောင်းလိုက်သည်။
"မင်းကို ငါနောက်ဆုံးတစ်ကြိမ်တုန်းကပြောတဲ့ကိစ္စတွေးပြီးပြီလား၊ မင်းတို့လည်းမငယ်တော့ဘူး၊ ကလေးတစ်ယောက်ယူသင့်နေပြီ"

ကျောင်းချီ ရှပ်လဲပြီး အောက်ဆင်းလာခဲ့သည်။ သူလှေကား ထောင့်ဆီရောက်ရောက်ချင်း သူ့‌အဖေစကားပြောသံကိုကြားလိုက်ရ၏။ သူချက်ချင်းရပ်လိုက်သည်။


"ကျွန်တော်တို့ပြင်ပါနေတယ်၊ မကြာခင် သတင်းကောင်းလာတော့မှာပါ"
ကျန်းချန်ဖေးက ဂုဏ်ယူစွာပြောလေသည်။ ကလေးသည် သူ့ချစ်ဇနီးလေးထဲတွင် ရောက်နေပြီးပြီ။

ဒါပေမဲ့ သူပဲ ဒီလျှို့ဝှက်ချက်ကိုသိတာမို့ စိတ်မရှည်ပဲလောဘကြီးတဲ့ သူ့ယောက္ခထီးကိုပြောမပြပါဘူး၊ ဟဲဟဲ။


သူ ခေါင်းလှည့်ကြည့်လိုက်တော့ ချစ်ဇနီးလေးကိုမြင်လိုက်ရသည်။ ကျန်းချန်ဖေး သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ဆိုလိုသည်က သူ့အဖေကို လျှို့ဝှက်ချက် မပြောရသေးဘူးပေါ့။ သူ့သားအောက်ထပ်ဆင်းလာသည်ကိုမြင်၍ ကျောင်းကျို့ရန် စကားပြောရပ်သွားပြီး လက်ဖက်ရည်သောက်လိုက်သည်။


ကျောင်းချီ လျှောက်လာပြီး သူ့အဖေကို ရောထွေးနေသည့်ခံစားချက်နှင့် ကြည့်မိလိုက်သည်။

‌‌မစ္စတာကျောင်းကတော့ သူ့သားအမူအရာကို သတိမထားမိပေ။ သူ့သား ကောင်းကောင်းမွန်မွန်ဝတ်စားထားသည်ကိုမြင်တော့ ဇနီးနှင့် video call ခေါ်လိုက်သည်။ မိတ်ကပ်လိမ်းနေသည့် မစ္စကျောင်းမှာ Smart Brain ဗီဒီယိုရှေ့တွင် ပေါ်လာလေ၏။ သူမက ယခုတစ်ကြိမ် ၁၉၁၀ကျော်မှ ၁၉၅၀ နီးပါးကာလဝန်းကျင်ရှိ ရုပ်ရှင်ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ထားသည်။ မစ္စကျောင်းမှာ ကျော့‌ရှင်းလှသော ချီဖောင်ဝတ်စုံဝတ်ထားပြီး ဆံပင်ကုတ်ဝဲအခွေလိပ်နှင့်ဖြစ်သည်။ သူမသည် အသက်မငယ်တော့သော်ငြား အင်မတန်ဆွဲဆောင်မှုရှိလှ၏။

"ကိုယ် ယန်ယန့်အိမ်မှာ၊ သူ့ကို မင်းနဲ့စကားပြောခိုင်းထားတယ်"
မစ္စတာကျောင်းသည် ကင်မရာကို သူ့သားဘက် လှည့်ပြလိုက်သည်။


"မာမား"
က

ျောင်းချီ သူ့smart brain တွင် ဗီဒီယိုတန်းဖွင့်လိုက်သည်။
"ဒီမှာ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူး၊ ခုတလော ကျွန်တော်နည်းနည်း ပင်ပန်းနေရုံပဲ၊ ချန်ဖေးက ကျွန်တော့်ကို အလုပ်မသွားခိုင်းဘူးလေ၊ အဲကြောင့် နှစ်ချုပ်ခွင့်ခံစားခွင့်ယူလိုက်တာ"

"အာ ငါတို့ချန်ဖေးက အရမ်းကို စဉ်းစားပေးတတ်ပြီး ဂရုစိုက်တတ်လိုက်တာ၊ သူကမင်း အလုပ်ပင်ပင်ပန်းပန်းလုပ်နေရတာ သိသားပဲ၊ မင်းအဖေထက် အများကြီးသာတယ်၊ မင်းအဖေကတော့ သူနဲ့အတူအိမ်မသွားဘူးလို့ပဲ ညည်းညူနေတာ၊ ငါအလုပ်ပင်ပန်းနေလားတော့ ဘယ်တော့မှ မမေးဘူး" မစ္စကျောင်းသည် နှုတ်ခမ်းနီဆိုးထား၍ ပြုံးလိုက်ချိန် ပျိုနီပန်းလေးပမာ လှပသည်။

ရုတ်တရက် ဝေဖန်ခံလိုက်ရသော
ကျောင်းပါပါး : ".."

"ငါ့ချန်ချန်ရောဘယ်မှာလဲ၊ ဒီကိုလာပြီး မျက်နှာပြပါဦး၊ သူခုတလော တိုက်ရိုက်ထုတ်လွှင့်တာတွေလုပ်နေတော့ ဖန်တွေအများကြီးရလာတာ၊ အမေတို့ အဖွဲ့ထဲက ကလေးတွေအကုန်လုံး သူ့ကိုရူးနေကြတာလေ"
မစ္စကျောင်းကစကားပြောရင်း အနောက်မှ လူများကိုလက်ယမ်းပြလိုက်သည်။


ကျန်းချန်ဖေး ရွှေ့လာပြီး သူ့ယောက္ခမကိုနှုတ်ဆက်လိုက်သည်။
"မာမား"

"အားးးးး ပါပါးချန်ဖေး!"

"သခင်လေးက တကယ်ကို ချောတာပဲ!"

"ငါတို့သခင်လေးက ပါပါးချန်ဖေးနဲ့ ဗီဒီယိုထဲအတူတူရှိနေတယ်!"

မိန်းကလေးတစ်ချို့က သူမနားဝိုင်းလာပြီး မစ္စကျောင်း ထိုင်ခုံနောက်ကျောကို ကိုင်ထားကြကာ အင်မတန်စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့ထဲတွင် လောလောဆယ်နာမည်အကြီးဆုံး ရှောင်ဟွားဆိုသည့် ကြယ်ပွင့်ပါဝင်သည်။ သူမက တကယ့်ဖန်စစ်စစ်အတိုင်းပင်။ မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုများနှင့်တောက်ပနေ၏။

ကျောင်းချီမှာ ဒီလိုစိုက်ကြည့်ခံရသည်ကို ကျင့်သားမရပေ။
"ကောင်းပြီလေ မာမား၊ ကျွန်တော် ပါပါးနဲ့ပြောစရာစကားရှိသေးတယ်၊ မား ပြန်လာရင် လေဆိပ်မှာလာကြိုမယ်"

"အာ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါက ရုပ်ရှင် နောက်တစ်ပတ် ပွဲဦးထွက်ရှိတယ်၊ မင်းနဲ့ချန်ချန် သွားကြည့်သင့်တယ်"
‌မနှစ်ကရိုက်ခဲ့သည့်ရုပ်ရှင်က မကြာခင် ထုတ်လွှင့်တော့မည်ဖြစ်သည်။ ပွဲဦးထွက်ကို သူတို့နေထိုင်သည့်မြို့တွင်ပြုလုပ်မည်ဖြစ်၍ မစ္စကျောင်းမှာ ပွဲအတွက်ပြန်လာရမည်ဖြစ်သည်။

သူ့အမေနှင့်စကားပြောပြီးနောက် ကျောင်းချီမျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားခဲ့သည်။ ကျန်းချန်ဖေးကို သစ်သီးသွားလှီးခိုင်းလိုက်ပြီး သူ့အဖေကို ကြည့်လိုက်သည်။
"ပါးတို့နှစ်ယောက်ဘာတွေပြောနေကြတာ၊ ယောက်ျားလေးနှစ်ယောက်က ဘယ်လိုလုပ် ကလေးရှိမှာလဲ"

"အငှားကိုယ်ဝန်ဆောင်နည်းပညာက အခုအဆင့်မြင့်နေပြီပဲ၊ ပြီးတော့ ငါတို့မိသားစုကလည်း ချမ်းသာတယ်"
သူ့သားကို တစ်ခါမှမပြောခဲ့ဖူးသော်ငြား ဒီနေ့ ကြားသွားပြီဆိုမှတော့ ပွင့်ပွင့်လင်းလင်းသာ ပြောတော့မည်။

"ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် နေရတာပဲ၊ ဘာလို့ ကလေးလိုချင်ရမှာလဲ"
ကျောင်းချီ မျက်မှောင်ကြုတ်လိုက်သည်။


"ကလေးမရှိဘဲ ဘယ်လိုနေလို့ရမလဲ"
မစ္စတာကျောင်း မရွှင်မပျဖြစ်သွားသည်။ ကျန်းချန်ဖေးသည် သူနှင့်စကားလမ်းကြောင်းလွှဲသည်ဟု အမြဲခံစားခဲ့ရသော်ငြား ယခုတော့ သူ့သားကပြဿနာမှန်း သိလိုက်ရသည်။
"မင်းတို့လက်ထပ်ချိန် သူက မင်းကို ကလေးတစ်ယောက်ပေးမယ်လို့ ငါ့ကတိပေးခဲ့တယ်၊ ငါတို့မိသားစုစီးပွားရေးက ကြီးတာကို၊ ဘယ်လိုလုပ် ဆက်ခံသူမရှိလို့ဖြစ်ပါ့မလဲ

ကျောင်းချီသည် မိသားစုစီးပွားရေးကို ဒီအဆင့်ထိ တည်ဆောက်ရန် ပင်ပင်ပန်းပန်းကြိုးစားခဲ့သည်။ သူ့သားနှင့် သူ့မြေးများကို ဒီအသီးအပွင့် ခံစားစေချင်သည်။ ကျန်းချန်ဖေးက သူ့ကို မြေးတစ်ယောက်ပေးရန် အငှားကိုယ်ဝန်ဆောင်တစ်ယောက်ရှာပေးမည်ဟု ပြောခဲ့၍ သူ့သား ယောက်ျားလေးတစ်ယောက်နှင့်လက်ထပ်မည်ကို တုံ့ဆိုင်းမှုမရှိ ခွင့်ပြုခဲ့သည်။


ကျောင်းချီ မျက်နှာတဖြည်းဖြည်းဖြူဖျော့သွားခဲ့သည်။ ကျန်းချန်ဖေးသည် သူ့ကိုတစ်ခါမှမပြောဖူးပေ။ သူတို့ စစလက်ထပ်ချိန်ခါစကသာ တစ်ကြိမ်ထုတ်ပြောဖူးသည်။
ဒါပေမဲ့ သူအဲတုန်းက ဘာပြောခဲ့လဲ။


"ခင်ဗျားက ကလေးလိုချင်တယ်လား၊ ကလေးလိုချင်မှတော့ ဘာလို့မိန်းမတစ်ယောက်ကို သွားလက်မထပ်တာလဲ!"

ကျန်းချန်ဖေးက အင်မတန်ပျော်ရွှင်သွားပုံပေါ်ပြီး သူ့ကိုဖက်ထားရင်း ပြောခဲ့သည်။
"ကိုယ်လည်းမလိုချင်ပါဘူး၊ ကိုယ်မင်းကိုပဲလိုချင်တာ"


အဲတော့ သူကဒါတွေအားလုံးကို တောင့်ခံခဲ့တယ်လား။

သူ့အဖေကို လိုက်ပို့ပြီးနောက် ကျောင်းချီ ထမင်းစားပွဲတွင်ဝင်ထိုင်ပြီး ဝမ်းနည်းစွာဖြင့် မျက်ခုံးများကို ပွတ်လိုက်သည်။

ငါအထင်လွဲသွားမှာကို သူကြောက်နေတာပဲ။ ဒါကြောင့် ဘယ်တော့မှ ထုတ်မပြောဘဲ သူ့ယောက္ခထီးကို ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတာပေါ့။ သူတစ်ယောက်တည်း ကျောင်းမိသားစုက ဖိအား အကုန်လုံးကို ယူနေရတယ်။


သူ့နှလုံးသားနာကျင်သွားခဲ့သည်။ ခြေသံများကြား၍ ကျောင်းချီ မော့ကြည့်လိုက်ချိန် ကျန်းချန်ဖေးတစ်ယောက် ကြွေဖန်ခွက်ယူလာပြီး စားပွဲပေါ် တည်ငြိမ်စွာတင်လိုက်သည်ကို မြင်လိုက်ရသည်။ အဖုံးဖွင့်လိုက်ချိန် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုကာကွယ်ပေးသည့် အားဆေးစွပ်ပြုတ်၏ ရနံ့က လေထဲပျံ့သွားခဲ့လေသည်။

စောနလေးကတင် နှလုံးသားထဲဝင်ရောက်ခဲ့သော နာကျင်မှုလည်း ပျောက်ကွယ်သွားခဲ့၏။ သူ စွပ်ပြုတ်ကို မှိုင်တွေစွာကြည့်ရင်း အရင် ဝမလာဖို့နည်းလမ်းရှာရတော့မည်ဟု စဉ်းစားမိလိုက်သည်။

[Zawgyi]

မိသားစုႂကြယ္ဝမႈအတြက္ သားႏွင့္ဖလွယ္ခဲ့ေသာ ေယာကၡထီးကိုျမင္လိုက္ရ၍ အင္ပါယာအရာရွိသည္ မေၾကာက္မ႐ြံ႕ျဖင့္ ဂိတ္တံခါးကိုဖြင့္ရန္ ခလုတ္ႏွိပ္လိုက္သည္။

ဒါက အထက္တန္းလႊာတိုက္ခန္းအေဆာက္အဦးျဖစ္သည္။ တံခါးဘဲလ္သည္ အေဆာက္အဦး ဂိတ္ကိုဖြင့္နိုင္ၿပီး ဧည့္သည္တစ္ေယာက္ ဓာတ္ေလွကားထဲေရာက္ခ်ိန္ ပိုင္ရွင္က သူတို႔သြားခ်င္သည့္ အထက္ဆီေရာက္ရန္ အတည္ျပဳေပးဖို႔လိုသည္။

ေက်ာင္းခ်ီေစာင္ကို ဖယ္ကာ အေျပးသြားလိုက္ေသာ္ျငား ဖန္သားျပင္က ဓာတ္ေလွကားအထဲကို ျပေနေလၿပီ။ သူခ်က္ခ်င္း သူ႕ေလာင္ကုန္းလက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။
"ခဏေနက် ငါ့အေဖလာရင္ ကိုယ္ဝန္ကိစၥအေၾကာင္း တစ္ခြန္းမွဟလို႔မျဖစ္ဘူးေနာ္"

"ဘာလို႔လဲ" က်န္းခ်န္ေဖး နားမလည္နိုင္ေပ။

Omega ကိုယ္ဝန္ရရွိမႈသည္ အခမ္းအနားက်င္းပသင့္သည္။ တစ္ကမာၻလုံးေတာင္ သိသင့္၏။ ေက်ာင္းခ်ီက သူ႕အေဖသာသိသြားရင္ ကေလးႏွင့္ၿခိမ္းေျခာက္မွာကို စိုးရိမ္တာလား။ ဒါ ျဖစ္နိုင္သည္။ အဘိုးႀကီးက ေလာဘႀကီးရာ ကိုယ္ဝန္ရေနသည့္သားကို ပိတ္ေႏွာင္ထားၿပီး အရာရွိအား စစ္တပ္တစ္တပ္ႏွင့္ ဖလွယ္ခိုင္းေလာက္သည္။

ေက်ာင္းခ်ီကေတာ့ က်န္းတာ့ေတ်ာင္းေခါင္းထဲ ဘာမ်ားျဖစ္ေနလဲမသိဘဲ အသည္းအသန္ႀကိဳးစားကာ ဆင္ေျခမ်ားျပဳလုပ္နိုင္ရန္ ေမွ်ာ္လင့္ေနမိသည္။ သူ smart brain ကိုဖြင့္လိုက္၏။
"အန္နီ၊ ေယာက္်ားတစ္ေယာက္ သူ႕ဇနီးရဲ႕ကိုယ္ဝန္အေၾကာင္း တျခားသူေတြကို မေျပာဖို႔အေၾကာင္းရင္းကဘာမ်ားလဲ"

အားကိုးရေသာ အန္နီက အလ်င္အျမန္ ရွာေဖြလိုက္သည္။
"သုံးလမတိုင္ခင္ထိ ကိုယ္ဝန္ကိုေၾကညာလို႔ မရဘူးဆိုတဲ့ အယူသီးမႈကို သုံးလို႔ရပါတယ္"

ဉာဏ္ေကာင္းတယ္!

"အဟမ္း၊ ခင္ဗ်ား ပထမသုံးလအတြင္း ကိုယ္ဝန္အေၾကာင္း အျပင္လူေတြကို ေျပာလို႔မရဘူး၊ ေျပာလိုက္ရင္ ကေလးကို ဆုံးရႈံးသြားနိုင္တယ္"
ေက်ာင္းခ်ီ smart brain ၏ ပုံရိပ္ေယာင္စခရင္ေပၚရွိစကားလုံးမ်ားကို ခပ္ေတာင့္ေတာင့္ ဖတ္ျပလိုက္သည္။

က်န္းခ်န္ေဖး ထိတ္လန႔္သြား၏။
"မင္းအေဖကို အျပင္လူအျဖစ္ သတ္မွတ္ထားတာလား"

"အာ အဲဒါက..."

ဒီလူက ဘယ္လိုလုပ္ အဓိကအခ်က္ေတြကိုမွ အဲေလာက္အာ႐ုံစိုက္ေနရတာလဲ! ငါ ဒါကိုဘယ္လိုရွင္းျပသင့္လဲ။

ေက်ာင္းခ်ီ အေၾကာင္းရင္းရွာမရခင္ က်န္းတာ့ေတ်ာင္းက အင္မတန္ေပ်ာ္႐ႊင္ေနေလၿပီ။
"မင္းေျပာတာမွန္တယ္‌၊ သူက မင္းကို အရင္းအျမစ္ေတြအတြက္ ဖလွယ္ခဲ့တာ၊ သူကအေဖေကာင္းမဟုတ္ဘူး၊ သူကအျပင္လူေလ!"

ေက်ာင္းခ်ီ : "..."

ဒီေတာ့ ဒီတစ္ေခါက္က ေလာင္းကစားေႂကြးမဟုတ္ဘူးေပါ့။ ေက်ာင္းမိသားစုကိုကယ္တင္ဖို႔ အရင္းအျမစ္ေတြရေအာင္တဲ့လား။ သူ႕အေဖ ဒါကိုၾကားသြားမွာထက္စာရင္ ေက်ာင္းခ်ီ သူကိုယ္ဝန္ရွိေနၿပီဟုသာ ေျပာမိေလာက္သည္။

သို႔ေသာ္ျငား သူ႕ကိုေျပာရန္က ေနုက္က်သြားခဲ့ၿပီ။ ဓာတ္ေလွကားက သူ႕အေဖကို တံခါးဆီ  ေခၚေဆာင္လာခဲ့ေခ်ၿပီ။

သူ႕သား အလုပ္မသြားတာ တစ္ပတ္ၾကာၿပီျဖစ္သလို ခရီးလည္းသြားတာမဟုတ္ဟု ၾကား၍ ေက်ာင္းက်ိဳ႕ရန္ ဒီေနရာတြင္ ဘာျဖစ္ေနလဲ ၾကည့္ခ်င္ခဲ့သည္။ သူ႕သားက အ႐ြယ္ေရာက္ၿပီးျဖစ္၍ ကိုယ့္အခ်ိန္ကိုယ္ စီမံသင့္သည္ဟုထင္ေသာ္ျငား သူ႕ဇနီး၏တတြတ္တြတ္ေျပာဆိုေနမႈကို မခံနိုင္ေပ။

ေနာက္ထပ္တစ္ၿမိဳ႕တြင္ ႐ုပ္ရွင္ရိုက္ေနသည့္ မစၥေက်ာင္းၾကားခ်ိန္ သူ႕သားဖ်ားေနသည္ဟု  ခိုင္ခိုင္မာမာေျပာကာ သူ႕ခင္ပြန္းကိုဆူ‌ၿပီး သားဆီသြားလည္ရန္ တိုက္တြန္းခဲ့သည္။

တစ္ထပ္ဆီတြင္ တိုက္တစ္ခန္းဆီရွိၿပီး  တိုက္ခန္းတစ္ခန္းခ်င္းစီအတြက္ ဓာတ္ေလွကားသတ္မွတ္ထားသည္။ ထိုအခါမွ သူ႕အထပ္ကိုေရာက္ခ်ိန္ တံခါးအလိုအေလ်ာက္ပြင့္ရန္ ဓာတ္ေလွကားကို ႀကိဳတင္ခ်ိန္ကိုက္ထားနိုင္၏။ က်န္းခ်န္ေဖး အားနည္းေနေသာသူ႕ဇနီးေလးကို ခ်ီၿပီး ဆိုဖာေပၚျပန္တင္ကကာ ေစာင္ၿခဳံေပးလိုက္သည္။
"ဒီမွာပဲေနဦး၊ တစ္ခုခုလိုခ်င္ရင္ ကိုယ့္ကိုအသိေပး၊ ကိုယ္သြားယူေပးမယ္"

မစၥတာေက်ာင္း တံခါးဆီ ဝင္လာခ်ိန္ ဒီျမင္ကြင္းကို ျမင္သြားသည္။ သူ႕ေနမေကာင္းေသာ သားက ဆိုဖာေပၚ ေပ်ာ့ဖတ္စြာ မွီေနၿပီး ေစာင္ၿခဳံထားၿပီး သားမက္ကေတာ့ သူ႕အေပၚ ဂ႐ုတစိုက္ျဖင့္ ေစာင္မ်ားထပ္ၿခဳံေပးေနသည္။ သူ႕သားမက္သည္ အၿမဲေႏြးေထြးတတ္ေသာ္ျငား ဒီေန႕တြင္ သူ႕ေယာကၡထီးကို ႏႈတ္ေတာင္မဆက္ဘဲ ေက်ာင္းခ်ီအတြက္ အေအးခြက္ယူေပးရင္း အလုပ္မ်ားေနသည္။

သူ တကယ္ကို ေနမေကာင္းျဖစ္ေနသည္။

ေကာင္ေလး အမွန္ပင္ရိုင္းျပေနသည္။

သို႔ေသာ္ျငား သူတို႔ယန္ယန္ကို အင္မတန္ေကာင္းမြန္စြာ ဆက္ဆံသည္။

ေယာကၡထီးမွာ ခံစားခ်က္ေရာေထြးေနသည္။  အဆုံးတြင္ေတာ့ အရာအားလုံးသည္ ေျခာက္ကပ္ကပ္ေခ်ာင္းဟန႔္သံအျဖစ္သာ ေျပာင္းလဲသြားခဲ့သည္။
"အဟမ္း!"

"ပါး ဘာလို႔ဒီေရာက္ေနတာလဲ"
ေက်ာင္းခ်ီ သူ႕ေလာင္ကုန္း ကမ္းေပးလာသည့္ ဖန္ခြက္ကိုယူၿပီး အေအးတစ္ငုံေသာက္လိုက္သည္။

"ဘာျဖစ္ေနတာလဲ၊ မင္းၾကည့္ရတာ မအီမသာျဖစ္ေနတဲ့ပုံပဲ"
ေက်ာင္းက်ိဳ႕ရန္ ေရာက္လာၿပီး ကုလားထိုင္ေပၚတြင္ထိုင္ခ်လိဳက္သည္။ သူ႕သားကို ၾကည့္ေနေသာ္ျငား တကယ္ေတာ့ က်န္းခ်န္ေဖးကို ေမးေနျခင္းျဖစ္သည္။

သူ႕သားက သူ႕ကိုယ္သူ ဘယ္လိုေစာင့္ေရွာက္ရမလဲမသိေပမဲ့ မင္းကပါ ငါတို႔ကိုေျပာျပဖို႔ ဖုန္းမေခၚနိုင္ရတာလဲ။

"ယန္ယန္က ေနလို႔မေကာင္းဘူး၊ သူ႕ကို မေျခာက္ပါနဲ႕"
က

်န္းတာ့ေတ်ာင္း အနည္းငယ္ စိတ္မခ်မ္းမသာျဖစ္ၿပီး ေက်ာင္းခ်ီေဘးထိုင္ခ်ကာ သူ႕ဇနီးေလးႏွင့္ ေယာကၡထီးၾကား ဝင္ထိုင္လိုက္သည္။

"..." မစၥတာေက်ာင္းက သူ႕သားကို သတိထားၾကည့္လိုက္သည္။ သူက လူႀကီးတစ္ေယာက္၊ လက္ထပ္ထားၿပီး ကေလးေပါက္စနမဟုတ္တာ ေသခ်ာပါသည္။

ငါက သူ႕ကိုေျခာက္မယ္တဲ့လား။

‌ေက်ာင္းခ်ီ သူ႕ေလာင္ကုန္းေနာက္ ဝင္ပုန္းလိုက္ၿပီး အေနရခက္စြာၿပဳံးလိုက္သည္။ သူ႕မ်က္ႏွာကို လက္ျဖင့္ပြတ္လိုက္ၿပီး အေနာက္ကေန လွမ္းၾကည့္လိုက္သည္။

"ကြၽန္ေတာ္ တစ္ခ်ိန္လုံးအလုပ္လုပ္ေနရတာကေန ပင္ပန္းသြားတာ၊ ခ်န္ေဖးကလည္း ကြၽန္ေတာ့္ကို အိမ္မွာနားဖို႔ အတင္းတိုက္တြန္းေနတာနဲ႕ ႏွစ္ခ်ဳပ္ခြင့္ယူလိုက္တယ္"

ထိုစကားၾကားေတာ့ ေက်ာင္းက်ိဳ႕ရန္ အနည္းငယ္စိတ္ေအးသြားသည္။
"ငါသိသားပဲ၊ ခ်န္ခ်န္က မင္းကိုေစာင့္ေရွာက္ေနတယ္ဆိုေတာ့ အဆင္ေျပမွာ၊ မင္းအေမက အေတြးလြန္တာ သေဘာက်တယ္ေလ၊ အခု အဝတ္အစားသြားလဲၿပီး မင္းအေမစိတ္ပူစရာမလိုေတာ့ေအာင္ video chat လိုက္"
သူ႕အေဖေနာက္ဆုံးေတာ့ တာဝန္ၿပီးေျမာက္သြားခဲ့ေလၿပီ။

ေက်ာင္းခ်ီ သူဝတ္ထားသည့္ ေၾကမြေနေသာ ေဘာင္းဘီကို ၾကည့္ၿပီး ဗီဒီယိုဖုန္းေခၚရန္အတြက္ တကယ္မသင့္ေတာ္ဟု ေတြးမိလိုက္သည္။ သူ႕အေမအလုပ္လုပ္သည့္ ေနရာမွလူအားလုံးသည္ အႏုပညာနယ္ပယ္မွျဖစ္ေခ်သည္။ သူ႕ကိုသာ ဒီလိုျမင္သြားလွ်င္ ေကာင္းလိမ့္မည္မဟုတ္၍ အကၤ်ီလဲရန္ အေပၚထပ္တက္ခဲ့သည္။

က်န္းခ်န္ေဖး အနည္းငယ္စိုးရိမ္ၿပီး အကၤ်ီကူလဲေပးရန္ အေပၚထပ္လိုက္ခ်င္ေသာ္ျငား ခ်က္ခ်င္းျငင္းခံလိုက္ရသည္။

"ငါ့အေဖၾကည့္ေနတယ္၊ သိပ္ၿပီးအျမင္ကတ္စရာမလုပ္နဲ႕ေလ"
ေက်ာင္းခ်ီ ခပ္တိုးတိုး သတိေပးလိုက္သည္။
"အကၤ်ီေတာ့လဲနိုင္ပါေသးတယ္"

အရာရွိမွာ ဘာမွလုပ္စရာမရွိဘဲ ေအာက္ထပ္တြင္သာထိုင္ေနရကာ ေလာဘႀကီးသည့္ သူ႕ေယာကၡထီးကိုစိုက္ၾကည့္ေနေတာ့သည္။

ေက်ာင္းက်ိဳ႕ရန္ က်န္းခ်န္ေဖးတစ္ေယာက္ ဒီေန႕ အနည္းငယ္ထူးဆန္းေနသည္ဟု ခံစားေနရသည္။ သူ ပုံမွန္ဆို သူ႕ေယာကၡထီးႏွင့္ေတြ႕လွ်င္ စကားေျပာဆိုရယ္ေမာေနက်ျဖစ္ေသာ္ျငား ဒီေန႕ ဘာေၾကာင့္ အဲေလာက္ေတာင္ စိတ္ႀကီးဝင္ေနရတာလဲ။ လူငယ္မ်ိဳးဆက္က စကားမေျပာခ်င္လွ်င္ လူႀကီးကလည္း တည္ၾကည္ေလးနက္ရမည္ျဖစ္၍ ေမးလိုက္သည္။
"ဘာလို႔မင္းေရာ အလုပ္မသြားတာလဲ"

"ကြၽန္ေတာ့္ဇနီးက ေနမေကာင္းျဖစ္ေနတာေလ၊ ပိုက္ဆံရွာဖို႔နဲ႕ သူ႕ကိုမထားခဲ့နိုင္ပါဘူး၊ ရန္သူေတြအခုက်ဴးေက်ာ္လာရင္ေတာင္ ယန္ယန႔္ကိုတစ္ေယာက္တည္းထားခဲ့ၿပီး စစ္ေျမျပင္ထဲမသြားနိုင္ဘူး"
က်န္းခ်န္ေဖးက ေရေႏြးကရားေကာက္ယူၿပီး သူႏွင့္သူ႕ေယာကၡထီးအတြက္ လက္ဖက္ရည္ငွဲ႕ေပးလိုက္သည္။

မင္းဘယ္လိုလုပ္ အဲလိုေျပာနိုင္ရတာ...

မစၥတာေက်ာင္းလုံးဝကို အရွက္ရသြားခဲ့သည္။ လက္ဖက္ရည္တစ္ငုံက ‌ေက်ာရိုးကို ခ်မ္းစိမ့္သြားေစခဲ့၏။
"မင္းငါ့ကို ေလွာင္ေနတာလား"

မစၥတာေက်ာင္း ငယ္စဥ္က စီးပြားေရးကိစၥမ်ားႏွင့္အလုပ္ရႈပ္ခဲ့ေသာ္ျငား မိသားစုကိုလ်စ္လ်ဴရႈခဲ့သည္။ မစၥေက်ာင္းမွာ ထိုအခ်ိန္က အင္မတန္နာမည္ႀကီးၿပီး ရိုက္ကူးေရးမ်ားႏွင့္ အလုပ္ရႈပ္ခဲ့၏။ ထိုေၾကာင့္ ေက်ာင္းခ်ီကို နာနီႏွင့္သာ ထားခဲ့ရသည္။ သူကငယ္႐ြယ္ေသးကာ သူ႕ကေလးကိုဘယ္လိုေစာင့္ေရွာက္ရမလဲ မသိခဲ့ေပ။ ေက်ာင္းခ်ီ ခဏခဏေနမေကာင္းျဖစ္ေသာ္ျငား ျပန္မလာနိုင္ခဲ့ေပ။

က်န္းခ်န္ေဖးတြင္ ေၾကာက္စရာမရွိ၍ သူ႕ေယာကၡထီးခြက္ထဲ လက္ဖက္ရည္ပိုငွဲ႕ေပးေပးကာ တည္ၿငိမ္စြာ ေျပာလိုက္သည္။
"ကြၽန္ေတာ့္ခံစားခ်က္ေတြကို ေဖာ္ျပခ်င္႐ုံပါ၊ အဲထက္မပိုဘူး"

ေက်ာင္းက်ိဳ႕ရန္ အင္မတန္ေဒါသထြက္ၿပီး ဒီေကာင္စုတ္ေလး အခုအေကာင္ႀကီးလာၿပီဆိုေတာ့ ျပန္ေျပာရဲေနၿပီဟု စဥ္းစားေနမိသည္။ ဒါေပမဲ့ ဒါေတြအကုန္လုံးက သူ႕အျပစ္ျဖစ္သည္။ သူ႕သား ကေလးဘဝတုန္းက ေသခ်ာဂ႐ုမစိုက္မိခဲ့ၿပီး အခု ေနာက္ထပ္တစ္ေယာက္က သူ႕သားကို ‌ေကာင္းေကာင္းဂ႐ုစိုက္ေနၿပီျဖစ္၍ သူ႕ကိုရယ္ရန္ အခြင့္အေရးရွိသည္။

ဟင့္အင္း ဒါက ေဒါသထြက္စရာေကာင္းတုန္းပဲ!

‘ဒီေကာင္စု‌တ္ေလး၊ ငါ့ထက္ ပိုင္ဆိုင္မႈပိုမ်ားၿပီဆိုတာနဲ႕ လူတိုင္းကိုအထင္ေသးလို႔ရၿပီမ်ားထင္ေနတာလား!’

ဂိမ္းကိုနိုင္ရန္ မစၥတာေက်ာင္းသည္ သူ႕သားမက္ကို သင္ခန္းစာေပးနိုင္ေအာင္ စကားလမ္းေၾကာင္းအတင္းေျပာင္းလိုက္သည္။
"မင္းကို ငါေနာက္ဆုံးတစ္ႀကိမ္တုန္းကေျပာတဲ့ကိစၥေတြးၿပီးၿပီလား၊ မင္းတို႔လည္းမငယ္ေတာ့ဘူး၊ ကေလးတစ္ေယာက္ယူသင့္ေနၿပီ"

ေက်ာင္းခ်ီ ရွပ္လဲၿပီး ေအာက္ဆင္းလာခဲ့သည္။ သူေလွကား ေထာင့္ဆီေရာက္ေရာက္ခ်င္း သူ႕‌အေဖစကားေျပာသံကိုၾကားလိုက္ရ၏။ သူခ်က္ခ်င္းရပ္လိုက္သည္။

"ကြၽန္ေတာ္တို႔ျပင္ပါေနတယ္၊ မၾကာခင္ သတင္းေကာင္းလာေတာ့မွာပါ"
က်န္းခ်န္ေဖးက ဂုဏ္ယူစြာေျပာေလသည္။ ကေလးသည္ သူ႕ခ်စ္ဇနီးေလးထဲတြင္ ေရာက္ေနၿပီးၿပီ။

ဒါေပမဲ့ သူပဲ ဒီလွ်ို႔ဝွက္ခ်က္ကိုသိတာမို႔ စိတ္မရွည္ပဲေလာဘႀကီးတဲ့ သူ႕ေယာကၡထီးကိုေျပာမျပပါဘူး၊ ဟဲဟဲ။

သူ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ခ်စ္ဇနီးေလးကိုျမင္လိုက္ရသည္။ က်န္းခ်န္ေဖး သူ႕ကို မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။ ဆိုလိုသည္က သူ႕အေဖကို လွ်ို႔ဝွက္ခ်က္ မေျပာရေသးဘူးေပါ့။ သူ႕သားေအာက္ထပ္ဆင္းလာသည္ကိုျမင္၍ ေက်ာင္းက်ိဳ႕ရန္ စကားေျပာရပ္သြားၿပီး လက္ဖက္ရည္ေသာက္လိုက္သည္။

ေက်ာင္းခ်ီ ေလွ်ာက္လာၿပီး သူ႕အေဖကို ေရာေထြးေနသည့္ခံစားခ်က္ႏွင့္ ၾကည့္မိလိုက္သည္။

‌‌မစၥတာေက်ာင္းကေတာ့ သူ႕သားအမူအရာကို သတိမထားမိေပ။ သူ႕သား ေကာင္းေကာင္းမြန္မြန္ဝတ္စားထားသည္ကိုျမင္ေတာ့ ဇနီးႏွင့္ video call ေခၚလိုက္သည္။ မိတ္ကပ္လိမ္းေနသည့္ မစၥေက်ာင္းမွာ Smart Brain ဗီဒီယိုေရွ႕တြင္ ေပၚလာေလ၏။ သူမက ယခုတစ္ႀကိမ္ ၁၉၁၀ေက်ာ္မွ ၁၉၅၀ နီးပါးကာလဝန္းက်င္ရွိ ႐ုပ္ရွင္ဇာတ္ေကာင္ေနရာတြင္ သ႐ုပ္ေဆာင္ထားသည္။ မစၥေက်ာင္းမွာ ေက်ာ့‌ရွင္းလွေသာ ခ်ီေဖာင္ဝတ္စုံဝတ္ထားၿပီး ဆံပင္ကုတ္ဝဲအေခြလိပ္ႏွင့္ျဖစ္သည္။ သူမသည္ အသက္မငယ္ေတာ့ေသာ္ျငား အင္မတန္ဆြဲေဆာင္မႈရွိလွ၏။

"ကိုယ္ ယန္ယန႔္အိမ္မွာ၊ သူ႕ကို မင္းနဲ႕စကားေျပာခိုင္းထားတယ္"
မစၥတာေက်ာင္းသည္ ကင္မရာကို သူ႕သားဘက္ လွည့္ျပလိုက္သည္။

"မာမား"
ေက်ာင္းခ်ီ သူ႕smart brain တြင္ ဗီဒီယိုတန္းဖြင့္လိုက္သည္။
"ဒီမွာ ဘာမွထူးထူးျခားျခားမျဖစ္ပါဘူး၊ ခုတေလာ ကြၽန္ေတာ္နည္းနည္း ပင္ပန္းေန႐ုံပဲ၊ ခ်န္ေဖးက ကြၽန္ေတာ့္ကို အလုပ္မသြားခိုင္းဘူးေလ၊ အဲေၾကာင့္ ႏွစ္ခ်ဳပ္ခြင့္ခံစားခြင့္ယူလိုက္တာ"

"အာ ငါတို႔ခ်န္ေဖးက အရမ္းကို စဥ္းစားေပးတတ္ၿပီး ဂ႐ုစိုက္တတ္လိုက္တာ၊ သူကမင္း အလုပ္ပင္ပင္ပန္းပန္းလုပ္ေနရတာ သိသားပဲ၊ မင္းအေဖထက္ အမ်ားႀကီးသာတယ္၊ မင္းအေဖကေတာ့ သူနဲ႕အတူအိမ္မသြားဘူးလို႔ပဲ ညည္းၫူေနတာ၊ ငါအလုပ္ပင္ပန္းေနလားေတာ့ ဘယ္ေတာ့မွ မေမးဘူး" မစၥေက်ာင္းသည္ ႏႈတ္ခမ္းနီဆိုးထား၍ ၿပဳံးလိုက္ခ်ိန္ ပ်ိဳနီပန္းေလးပမာ လွပသည္။

႐ုတ္တရက္ ေဝဖန္ခံလိုက္ရေသာ
ေက်ာင္းပါပါး : ".."

"ငါ့ခ်န္ခ်န္ေရာဘယ္မွာလဲ၊ ဒီကိုလာၿပီး မ်က္ႏွာျပပါဦး၊ သူခုတေလာ တိုက္ရိုက္ထုတ္လႊင့္တာေတြလုပ္ေနေတာ့ ဖန္ေတြအမ်ားႀကီးရလာတာ၊ အေမတို႔ အဖြဲ႕ထဲက ကေလးေတြအကုန္လုံး သူ႕ကို႐ူးေနၾကတာေလ"
မစၥေက်ာင္းကစကားေျပာရင္း အေနာက္မွ လူမ်ားကိုလက္ယမ္းျပလိုက္သည္။

က်န္းခ်န္ေဖး ေ႐ႊ႕လာၿပီး သူ႕ေယာကၡမကိုႏႈတ္ဆက္လိုက္သည္။
"မာမား"

"အားးးးး ပါပါးခ်န္ေဖး!"

"သခင္ေလးက တကယ္ကို ေခ်ာတာပဲ!"

"ငါတို႔သခင္ေလးက ပါပါးခ်န္ေဖးနဲ႕ ဗီဒီယိုထဲအတူတူရွိေနတယ္!"

မိန္းကေလးတစ္ခ်ိဳ႕က သူမနားဝိုင္းလာၿပီး မစၥေက်ာင္း ထိုင္ခုံေနာက္ေက်ာကို ကိုင္ထားၾကကာ အင္မတန္စိတ္လႈပ္ရွားေနၾကသည္။ ၎တို႔ထဲတြင္ ေလာေလာဆယ္နာမည္အႀကီးဆုံး ေရွာင္ဟြားဆိုသည့္ ၾကယ္ပြင့္ပါဝင္သည္။ သူမက တကယ့္ဖန္စစ္စစ္အတိုင္းပင္။ မ်က္ဝန္းမ်ားသည္ စိတ္လႈပ္ရွားမႈမ်ားႏွင့္ေတာက္ပေန၏။

ေက်ာင္းခ်ီမွာ ဒီလိုစိုက္ၾကည့္ခံရသည္ကို က်င့္သားမရေပ။
"ေကာင္းၿပီေလ မာမား၊ ကြၽန္ေတာ္ ပါပါးနဲ႕ေျပာစရာစကားရွိေသးတယ္၊ မား ျပန္လာရင္ ေလဆိပ္မွာလာႀကိဳမယ္"

"အာ မျဖစ္ဘူး၊ မျဖစ္ဘူး၊ ငါက ႐ုပ္ရွင္ ေနာက္တစ္ပတ္ ပြဲဦးထြက္ရွိတယ္၊ မင္းနဲ႕ခ်န္ခ်န္ သြားၾကည့္သင့္တယ္"
‌မႏွစ္ကရိုက္ခဲ့သည့္႐ုပ္ရွင္က မၾကာခင္ ထုတ္လႊင့္ေတာ့မည္ျဖစ္သည္။ ပြဲဦးထြက္ကို သူတို႔ေနထိုင္သည့္ၿမိဳ႕တြင္ျပဳလုပ္မည္ျဖစ္၍ မစၥေက်ာင္းမွာ ပြဲအတြက္ျပန္လာရမည္ျဖစ္သည္။

သူ႕အေမႏွင့္စကားေျပာၿပီးေနာက္ ေက်ာင္းခ်ီမ်က္ႏွာေပၚမွ အၿပဳံးေပ်ာက္ကြယ္သြားခဲ့သည္။ က်န္းခ်န္ေဖးကို သစ္သီးသြားလွီးခိုင္းလိုက္ၿပီး သူ႕အေဖကို ၾကည့္လိုက္သည္။
"ပါးတို႔ႏွစ္ေယာက္ဘာေတြေျပာေနၾကတာ၊ ေယာက္်ားေလးႏွစ္ေယာက္က ဘယ္လိုလုပ္ ကေလးရွိမွာလဲ"

"အငွားကိုယ္ဝန္ေဆာင္နည္းပညာက အခုအဆင့္ျမင့္ေနၿပီပဲ၊ ၿပီးေတာ့ ငါတို႔မိသားစုကလည္း ခ်မ္းသာတယ္"
သူ႕သားကို တစ္ခါမွမေျပာခဲ့ဖူးေသာ္ျငား ဒီေန႕ ၾကားသြားၿပီဆိုမွေတာ့ ပြင့္ပြင့္လင္းလင္းသာ ေျပာေတာ့မည္။

"ကြၽန္ေတာ္တို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနရတာပဲ၊ ဘာလို႔ ကေလးလိုခ်င္ရမွာလဲ"
ေက်ာင္းခ်ီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ကေလးမရွိဘဲ ဘယ္လိုေနလို႔ရမလဲ"
မစၥတာေက်ာင္း မ႐ႊင္မပ်ျဖစ္သြားသည္။ က်န္းခ်န္ေဖးသည္ သူႏွင့္စကားလမ္းေၾကာင္းလႊဲသည္ဟု အၿမဲခံစားခဲ့ရေသာ္ျငား ယခုေတာ့ သူ႕သားကျပႆနာမွန္း သိလိုက္ရသည္။
"မင္းတို႔လက္ထပ္ခ်ိန္ သူက မင္းကို ကေလးတစ္ေယာက္ေပးမယ္လို႔ ငါ့ကတိေပးခဲ့တယ္၊ ငါတို႔မိသားစုစီးပြားေရးက ႀကီးတာကို၊ ဘယ္လိုလုပ္ ဆက္ခံသူမရွိလို႔ျဖစ္ပါ့မလဲ

ေက်ာင္းခ်ီသည္ မိသားစုစီးပြားေရးကို ဒီအဆင့္ထိ တည္ေဆာက္ရန္ ပင္ပင္ပန္းပန္းႀကိဳးစားခဲ့သည္။ သူ႕သားႏွင့္ သူ႕ေျမးမ်ားကို ဒီအသီးအပြင့္ ခံစားေစခ်င္သည္။ က်န္းခ်န္ေဖးက သူ႕ကို ေျမးတစ္ေယာက္ေပးရန္ အငွားကိုယ္ဝန္ေဆာင္တစ္ေယာက္ရွာေပးမည္ဟု ေျပာခဲ့၍ သူ႕သား ေယာက္်ားေလးတစ္ေယာက္ႏွင့္လက္ထပ္မည္ကို တုံ႕ဆိုင္းမႈမရွိ ခြင့္ျပဳခဲ့သည္။

ေက်ာင္းခ်ီ မ်က္ႏွာတျဖည္းျဖည္းျဖဴေဖ်ာ့သြားခဲ့သည္။ က်န္းခ်န္ေဖးသည္ သူ႕ကိုတစ္ခါမွမေျပာဖူးေပ။ သူတို႔ စစလက္ထပ္ခ်ိန္ခါစကသာ တစ္ႀကိမ္ထုတ္ေျပာဖူးသည္။
ဒါေပမဲ့ သူအဲတုန္းက ဘာေျပာခဲ့လဲ။

"ခင္ဗ်ားက ကေလးလိုခ်င္တယ္လား၊ ကေလးလိုခ်င္မွေတာ့ ဘာလို႔မိန္းမတစ္ေယာက္ကို သြားလက္မထပ္တာလဲ!"

က်န္းခ်န္ေဖးက အင္မတန္ေပ်ာ္႐ႊင္သြားပုံေပၚၿပီး သူ႕ကိုဖက္ထားရင္း ေျပာခဲ့သည္။
"ကိုယ္လည္းမလိုခ်င္ပါဘူး၊ ကိုယ္မင္းကိုပဲလိုခ်င္တာ"

အဲေတာ့ သူကဒါေတြအားလုံးကို ေတာင့္ခံခဲ့တယ္လား။

သူ႕အေဖကို လိုက္ပို႔ၿပီးေနာက္ ေက်ာင္းခ်ီ ထမင္းစားပြဲတြင္ဝင္ထိုင္ၿပီး ဝမ္းနည္းစြာျဖင့္ မ်က္ခုံးမ်ားကို ပြတ္လိုက္သည္။

ငါအထင္လြဲသြားမွာကို သူေၾကာက္ေနတာပဲ။ ဒါေၾကာင့္ ဘယ္ေတာ့မွ ထုတ္မေျပာဘဲ သူ႕ေယာကၡထီးကို ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္လုပ္ေနတာေပါ့။ သူတစ္ေယာက္တည္း ေက်ာင္းမိသားစုက ဖိအား အကုန္လုံးကို ယူေနရတယ္။

သူ႕ႏွလုံးသားနာက်င္သြားခဲ့သည္။ ေျခသံမ်ားၾကား၍ ေက်ာင္းခ်ီ ေမာ့ၾကည့္လိုက္ခ်ိန္ က်န္းခ်န္ေဖးတစ္ေယာက္ ေႂကြဖန္ခြက္ယူလာၿပီး စားပြဲေပၚ တည္ၿငိမ္စြာတင္လိုက္သည္ကို ျမင္လိုက္ရသည္။ အဖုံးဖြင့္လိုက္ခ်ိန္ ကိုယ္ဝန္ပ်က္က်နိဳင္ေျခကိုကာကြယ္ေပးသည့္ အားေဆးစြပ္ျပဳတ္၏ ရနံ႕က ေလထဲပ်ံ့သြားခဲ့ေလသည္။

ေစာနေလးကတင္ ႏွလုံးသားထဲဝင္ေရာက္ခဲ့ေသာ နာက်င္မႈလည္း ေပ်ာက္ကြယ္သြားခဲ့၏။ သူ စြပ္ျပဳတ္ကို မွိုင္ေတြစြာၾကည့္ရင္း အရင္ ဝမလာဖို႔နည္းလမ္းရွာရေတာ့မည္ဟု စဥ္းစားမိလိုက္သည္။

Continue Reading

You'll Also Like

254K 40.7K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
342K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...