ရပ်နား / သဘာဝလွန်လောကထဲမှာ ချ...

By cof-fee_cilla

31.3K 5.1K 193

Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, A... More

Description
Chapter 1 : My Ex-boyfriend
Chapter 2 : Reunion
Chapter 3 : Rainbow Farts
Chapter 4 : The Murderer
Chapter 5 : Ghost? (A)
Chapter 5 : Ghost? (B)
Chapter 6 : Come!
Chapter 7 : He Died (A)
Chapter 7 : He Died (B)
for Part 8
Chapter 8 : Identity
Part 9 : Returning Home
Part 10 : Date (A)
Part 10 : Date (B)
Chapter 10 : Date (C)
Chapter 11 : Mishap (A)
Chapter 12 : Why Should It? (A)
Chapter 12 : Why Should It? (B)
part 13 ..
Chapter 13 : Summoning Spell (A)
Chapter 13 : Summoning Spell (B)
Update
Chapter 14 : Secret (A)
Chapter 14 : Secret (B)
Chapter 15 : He Came (A)
Chapter 15 : He Came (B)
Chapter 16 : Dealing With It (A)

Chapter 11 : Mishap (B)

628 158 5
By cof-fee_cilla

Zawgyi
.
.
.
သရဲ..

ဒီစကားလုံးက အရမ္းကိုအကြၽမ္းတဝင္ရွိေနၿပီး အရမ္းလည္းေဝးကြာေနျပန္တယ္..။ ၿပီးေတာ့ လူတိုင္းရဲ႕ စိတ္ထဲမွာ တစ္ၿပိဳင္နက္ေပၚလာခဲ့တယ္..။ သူတို႔ေခါင္းထဲမွာ အဆိုးဆုံး ဇာတ္ကြက္ကို ေျပးမျမင္ပဲ မေနႏိုင္ၾကေတာ့ပါ..။

ဝမ္ဖုန႔္က အံႀကိတ္ကာ
"အေနာက္တံခါး.."

သူက ေျပာရင္း ထိုေနရာကို လွည့္ေျပးသြားၿပီး ဖန႔္ခ်ဴနဲ႔ က်န္းေဖးယြီတို႔လည္ ကပ်ာကယာ ေနာက္ကလိုက္သြားၾကတယ္..။ သို႔ေသာ္လည္း အေနာက္တံခါးကပါ တစ္လက္မေတာင္ လႈပ္မလာခဲ့..။

အားလုံးရဲ႕အမူအရာေတြ ေမွာင္မိုက္ကုန္တယ္..။

ပိုင္ေရွာင္ရွန္းက ထိန္းမႏိုင္ေအာင္ တုန္လႈပ္ေနခဲ့ၿပီ..။

သေဘၤာေပၚမွာ ျဖစ္ပ်က္ခဲ့တာေတြကို ဖန႔္ခ်ဴျပန္ေတြးၾကည့္မိ‌လိုက္ေတာ့..
ဒီကံမေကာင္းမႈႀကီးကို ယူလာတာ ငါေတာ့မဟုတ္ပါဘူးေနာ္.. ဟုတ္တယ္မလား..

က်န္းေဖးယြီက ေသေလာက္ေအာင္ ေၾကာက္႐ြံ႕ေနတယ္.. ေခြၽးယြီရွီရဲ႕အေလာင္းက အေပၚထပ္မွာရွိေနၿပီးေတာ့ သူက ျပန္ထြက္လို႔မရႏိုင္တဲ့ ေနရာတစ္ခုမွာပိတ္မိေနၿပီဆိုတာ ေတြးမိေတာ့ သူ႔မွာ အေမွာင္ထုနဲ႔ သရဲေတြကို ေၾကာက္လန႔္လာတယ္..။

ဝမ္ဖုန႔္ရဲ႕အမူအရာေျပာင္းလဲသြားကာ သူက
"ျပတင္းေပါက္ေတြရွိေသးတယ္.."

သူက သူတို႔ထဲမွာ ဝမ္းနည္းစရာအေကာင္းဆုံးလူျဖစ္ေသာ္လည္း ဒီလိုမ်ိဳး ပုံမွန္မဟုတ္တဲ့ ေၾကာက္မက္ဖြယ္အေျခအေနကို ရင္ဆိုင္လာရတဲ့အခါ သူ႔ရဲ႕ပထမဦးစားေပးက သူ႔သားနဲ႔လူတိုင္းရဲ႕လုံၿခဳံမႈျဖစ္လာကာ ဒီေနရာကေန ထြက္ႏိုင္မယ့္နည္းလမ္းကို စဥ္းစားေတြးေတာေနေတာ့တယ္..။

ဝမ္ဖုန႔္ရဲ႕အသိေပးသံေၾကာင့္ က်န္းေဖးယြီတစ္ေယာက္ စိတ္ေတြလႈပ္ရွားလာခဲ့တယ္..။ ျပတင္းေပါက္က ပါးလႊာတဲ့မွန္ျပင္တစ္ခ်က္သာ ျဖစ္တာမို႔ သူတို႔ေတြ ဖြင့္လို႔မရခဲ့ရင္ေတာင္ ႐ိုက္ခြဲၿပီး ထြက္သြားလို႔ရမွာပဲ..။

ဒါက သာမန္မွန္ျပတင္းေပါက္ေလးတစ္ခုသာ.. ဒါေၾကာင့္ ဝမ္ဖုန႔္က အရင္ဖြင့္ၾကည့္တယ္..။ ေသခ်ာေပါက္ကို လႈပ္ေတာင္လႈပ္မသြားဘူး..။ ဒီေတာ့ သူက ေဘးနားကသတၱဳထိုင္ခုံကို ဆြဲမကာ အားမာန္အျပည့္နဲ႔ ျပတင္းေပါက္ဆီ ေပါက္ခ်ိဳးလိုက္တယ္..။ ဘန္း!

သူ႔ရဲ႕လႈပ္ရွားမႈအတိုင္းလိုက္ကာ ျပတင္းေပါက္ေဘးရွိ အရပ္ျမင့္ျမင့္ ဘီ႐ိုေပၚက ပန္းအိုးက တစ္နည္းနည္းနဲ႔ ဝမ္ဖုန႔္ဦးေခါင္းေပၚသို႔ ျပဳတ္က်လာတယ္..။

ကြဲသံတစ္ခုနဲ႔အတူ ပန္းအိုးနဲ႔ ျပတင္းေပါက္တို႔ တစ္ခ်ိန္တည္းမွာပဲ ကြဲေၾကသြားတယ္..။

ဝမ္ဖုန႔္ဦးေခါင္းဆီကေန ေသြးေတြ ၿဖိဳင္က်လာခဲ့တယ္..။

က်န္းေဖးယြီက အထိတ္တလန႔္ ေနာက္ကို ဆုတ္သြားတယ္..။

ဖန႔္ခ်ဴလည္း ၾကမ္းျပင္ေပၚက ပန္းအိုးကိုစိုက္ၾကည့္ေနမိကာ မ်က္စံေတြလည္း ျပဴးက်ယ္ေနေတာ့တယ္..။

သူတို႔ေတြ ဝမ္ဖုန႔္ရဲ႕လႈပ္ရွားမႈအားလုံးကို ျမင္လိုက္ရတာပဲ.. ျပတင္းေပါက္ကို ေပါက္ခြဲတုန္းက သူက အားအမ်ားႀကီးသုံးလိုက္တယ္ဆိုေပမယ့္လည္း ဘီ႐ိုကိုလုံးဝမထိခဲ့ဘူးေလ.. ဒီေတာ့ ပန္းအိုးက်လာစရာ ဘာအေၾကာင္းမွကိုမရွိတာ.. ဒါေပမယ့္ ပန္းအိုးက်လာၿပီး ဝမ္ဖုန႔္ေခါင္းေပၚ တန္းေရာက္သြားခဲ့တာပဲ..။

မသိရင္ အဲဒါက မျမင္ႏိုင္တဲ့ လက္တစ္စုံကေန သူတို႔ထြက္သြားမွာကို တားဆီးေနတဲ့အတိုင္းပဲ..။

ကံေကာင္းလို႔ ပန္းအိုးက ႀကီးမေနတာ.. အဲဒါမို႔ ဝမ္ဖုန႔္ေခါင္းကို ပြန္းပဲ့႐ုံပဲျဖစ္သြားတယ္..။ ၾကည့္ရတာအရမ္းႀကီးေတာ့လည္း ျပႆနာရွိပုံမေပၚပါ.. ျပတင္းေပါက္ ကြဲသြားၿပီေလ..။

ဝမ္ဖုန႔္က နဖူးေပၚက ေသြးေတြကိုသုတ္ပစ္ကာ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္တယ္..။

အျပင္ကိုလွမ္းၾကည့္ၿပီးတဲ့အခါ လူတိုင္းက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ပူပန္စြာ ၾကည့္မိၾကေတာ့တယ္..။

အျပင္မွာ ပုံမွန္မဟုတ္...

ညတိုင္ စားေသာက္ဆိုင္အျပင္ဘက္က လမ္းေတြေပၚမွာ လူသြားလူလာနည္းပါးၿပီး တိတ္ေျခာက္ေနတယ္ဆိုေပမယ့္လည္း အနည္းဆုံး လမ္းမီးေတြကိုေတာ့ ျမင္ေနရမယ္မလား.. စားေသာက္ဆိုင္ရဲ႕တစ္ဖက္မွာ လူေနအေဆာက္အအုံတစ္ခုရွိေနတာ ဒီလိုအခ်ိန္ဆို မီးလင္းေနသင့္တယ္ေလ..။ ဒါေပမယ့္ အခု.. ျပတင္းေပါက္အျပင္ဘက္မွာက ဘာဆိုဘာမွမရွိတဲ့ black holeႀကီးတစ္ခုနဲ႔ တူေနတယ္.. ညအေမွာင္ယံက ေသြးစြန္းေနတဲ့ ပါးစပ္ႀကီးကို တိတ္တဆိတ္ဖြင့္ဟထားကာ သားေကာင္ကို ၿငိမ္ကုတ္ၿပီးေစာင့္ေနသလိုမ်ိဳးေပါ့..။

အားလုံးရဲ႕စိတ္ထဲမွာ ေမးခြန္းတစ္ခု ေပၚလာတယ္..။

သူတိုေတြ ဒီေနရာကေန အျပင္ကို တကယ္ပဲထြက္ႏိုင္ပါဦးမလား?

မိနစ္အနည္းငယ္အၾကာ.. ဝမ္ဖုန႔္က ေနာက္ဆုံးမွာ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ပုံရကာ သူ႔အမူအရာ တည္ၾကည္ေနၿပီး ဖန႔္ခ်ဴကို

"ေထာင္ေထာင္းကို ဂ႐ုစိုက္လိုက္ပါ.. ငါသြားၿပီးႀကိဳးစားၾကည့္ဦးမယ္"

ဖန႔္ခ်ဴက တုံဆိုင္းစြာနဲ႔
"ကြၽန္ေတာ္တို႔ေတြ ေစာင့္လို႔ရရင္ ရမွာပါ.."

ဝမ္ဖုန႔္က ေျမျပင္ေပၚက မီးဖိုေခ်ာင္သုံးဓားကို ၾကည့္လိုက္ၿပီးေတာ့ ျပတင္းေပါက္အျပင္ဘက္က အေမွာင္ထုကို ျပန္ၾကည့္လိုက္တယ္..။

"ဒီမွာ အရမ္းအႏၲရာယ္မ်ားတယ္.. ငါတို႔ေတြ အၾကာႀကီးထပ္ေစာင့္လို႔မရေတာ့ဘူး.. အျပင္ထြက္သြားၿပီးလို႔ အားလုံးအဆင္ေျပတယ္ဆို ငါေအာ္လိုက္မယ္..ေထာင္ေထာင္းကို အျပင္ေခၚခဲ့ေနာ္.. ေဖးယြီက ေရွာင္ရွန္းကို ေခၚခဲ့လိမ့္မယ္.. ငါထြက္သြားၿပီးလို႔မွ ဘာအသံမွမၾကားရရင္ေတာ့...."

သူစကားကို ဆုံးေအာင္ဆက္မေျပာေတာ့.. အဲဒါက သိသာေနပါၿပီ..။

ထိုအခိုက္အတန႔္မွာပဲ ဝမ္ဖုန႔္က တည္ၿငိမ္ျပတ္သားစြာ အေကာင္အထည္ေဖာ္လိုက္သည္..။ ဒီလိုေက်ာခ်မ္းၿပီးေၾကာက္မက္ဖြယ္ေကာင္းတဲ့ အေျခအေနနဲ႔ ႀကဳံလာရတဲ့အခါ အခုေလးတင္ မုဆိုးဖိုျဖစ္ခဲ့ရတဲ့ ဝမ္ဖုန႔္ဟာ တျခားသူေတြ တုံ႔ဆိုင္းေနခ်ိန္မွာ သူကေတာ့ ေယာက္်ားတစ္ေယာက္အျဖစ္ ဖခင္တစ္ေယာက္အျဖစ္ တာဝန္ကို ထမ္းေဆာင္ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါက အရမ္းကို အႏၲာရယ္မ်ားတဲ့ လႈပ္ရွားမႈတစ္ခုျဖစ္ၿပီး ထိုအရာထဲကေန အျပန္ဆိုတာ ရွိခ်င္မွလည္းရွိမယ္..။

က်န္းေဖးယြီက တစ္ခုခုကိုေျပာခ်င္ေပမယ့္ ရပ္လိုက္တယ္..။

ဖန႔္ခ်ဴကေတာ့ ဝမ္ဖုန႔္ကိုၾကည့္လိုက္ကာ တည္ၿငိမ္စြာပဲ ေခါင္းၿငိမ့္ျပလိုက္တယ္..။

ဝမ္ဖုန႔္က ဘာမွထပ္ေျပာမေနေတာ့ပဲ ျပတင္းေပါက္ခုံေပၚကို လက္ေထာက္ကာ ခုန္ထြက္သြားေတာ့တယ္..။

အေမွာင္ထုက အဆင္သင့္ဝါးၿမိဳသြားတဲ့အခါ သူ႔ရဲ႕ပုံရိပ္ေလးက ျပတင္းေပါက္ကေန ေပ်ာက္ကြယ္သြားေတာ့တယ္..။ သူက ႐ုတ္တရက္ တျခားကမာၻကို ဝင္သြားကာ ျပတင္းေပါက္ကေတာ့ ကမာၻေတြကို ဆက္သြယ္ေပးထားတဲ့ သီးျခားနယ္နမိတ္တစ္ခုကဲ့သို႔ပင္..။

ဖန႔္ခ်ဴက ခုန္ေပါက္ေနတဲ့ ႏွလုံးကို ၿငိမ္သက္ေစကာ
"အကိုဖုန႔္.."

သို႔ေသာ္.. ဘယ္သူကမွ တုံ႔ျပန္မလာခဲ့..သူအႀကိမ္ေတာ္ေတာ္မ်ားမ်ား ေအာ္ေခၚလိုက္ေပမယ့္ ဘာတုံ႔ျပန္မႈမွမရွိေပ။

က်န္းေဖးယြီက အထစ္ထစ္အေငါ့ေငါ့နဲ႔
"အကိုဖုန႔္.. ဟီး, ဟီး, ဟီး...."

ဖန႔္ခ်ဴရဲ႕အမူအရာ ေအးစက္သြားကာ
"ပါးစပ္ပိတ္ထား"

အခ်ိန္ေတြကုန္သြားေပမယ့္ ျပတင္းေပါက္အျပင္ဘက္မွာ ဘာလႈပ္ရွားမႈမွမရွိ..။ သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့လာသလိုပင္..။ ဒုတ္ကနဲ ျမည္သံတစ္ခုက ႐ုတ္ခ်ည္း ဒုတိယထပ္ကေန ထြက္ေပၚလာခဲ့တယ္..။ အဲဒါက ျပတင္းေပါက္ဆီက တစ္စုံတစ္ခုလာေနသကဲသို႔...။

အသံက ေခြၽးယြီရွီရဲ႕အခန္းက လာေနတာ..!!

႐ုတ္ခ်ည္း ေလးလံသိပ္သည္းတဲ့ ေျခသံေတြထြက္လာကာ တစ္လွမ္းၿပီးတစ္လွမ္း..
ဘမ္း.. ဘမ္း.. ဘမ္း...

က်န္းေဖးယြီတစ္ေယာက္ ႐ူးရေတာ့မလိုပင္..!

ဖန႔္ခ်ဴက ႐ုတ္ကနဲ ဝမ္ေထာင္းကို သူ႔ေနာက္ဆြဲပို႔ကာ ခုံတစ္လုံးကို ဆြဲယူလိုက္ၿပီး ေခါင္းေပၚေျမႇာက္ထားလိုက္ရင္း ဒုတိယထပ္ကို လွမ္းၾကည့္ေနတယ္..။ တကယ္ေတာ့ သူက ဆိုးဆိုး႐ြား႐ြားႀကီးကို ေၾကာက္ေနေတာ့တာ.. ဒါေပမယ့္ သူက ေသမယ့္အေရးကို ထိုင္ေစာင့္ေနမွာေတာ့ မဟုတ္ဘူး..။

ဘမ္း.. ဘမ္း.. ဘမ္း...

အရပ္ျမင့္ျမင့္ပုံရိပ္တစ္ခုက ေနာက္ဆုံးေတာ့ တံခါးေပါက္ဆီမွာ ေပၚထြက္လာခဲ့တယ္..။ ၿပီးေတာ့ အဲ့ဒါက ------- ခုနေလးတင္ အျပင္ထြက္သြာခဲ့တဲ့ ဝမ္ဖုန႔္ျဖစ္လို႔ေနတာပဲ..။

ပိုင္ေရွာင္ရွန္းက မ်က္စံလန္သြားကာ ေနာက္ဆုံးေတာ့ ျဖဴေဖ်ာ့သြားၿပီး လဲက်သြားေတာ့တယ္..။

ခုံႀကီးကို ေျမႇာက္ထားဆဲျဖစ္တဲ့ ဖန႔္ခ်ဴက ေအးခဲသြားတယ္..။

ဝမ္ဖုန႔္က ဒုတိယထပ္ကေန သူတို႔ကို ၾကည့္ရင္း စိတ္ရႈပ္ေထြးေနပုံရကာ
"ငါအျပင္ထြက္သြားလိုက္တာနဲ႔.. အခန္းျပတင္းေပါက္ကေန ျပဳတ္က်သြားတာပဲ.."

က်န္းေဖးယြီက ထိန္းမႏိုင္သိမ္းမႏိုင္ေအာင္ ခိုက္ခိုက္တုန္ေနေခ်ၿပီ..။

ဖန႔္ခ်ဴက တိတ္ဆိတ္ေနကာ ခဏၾကာေတာ့ ခုံကိုျပန္ခ်လိုက္ၿပီး မ်က္ရည္ေတြဝဲလာခဲ့တယ္..။ သူေတြးေနတာက
ယြိစစ္က်ယ္ေရ.. ဒီည ခမ်ားကို ေစာင့္ခိုင္းရေတာ့မယ္..ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ.. ဒါေပမယ့္ ခမ်ား ကြၽန္ေတာ့္ကို ခြင့္လႊတ္မယ္မလား... ဘာလို႔လဲဆိုေတာ့ ဒီတစ္ႀကိမ္ ကြၽန္ေတာ္ေသသြားႏိုင္တာမို႔..."

တစ္ခ်ိန္လုံ တိတ္ဆိတ္ေနခဲ့တဲ့ ေကာင္ေလးက အမူအရာကင္းမဲစြာနဲ႔ ႐ုတ္တရက္လွမ္းၾကည့္လာတယ္.. သူက ႐ိုးသားျဖဴစင္တဲ့အသံေလးနဲ႔ လူတိုင္းရဲ႕စိတ္ထဲမွာ သိေနႏွင့္ၿပီး ဝန္ခံဖို႔ရာ ဆႏၵမရွိတဲ့အေၾကာင္းအရာတစ္ခုကို ေမးလာတယ္..။

"မာမားကို...... သရဲတစ္ေကာင္က သတ္သြားတာလားဟင္?"

....
....

စာေရးသူမွာ ေျပာစရာရွိပါတယ္ :

ဖန႔္ခ်ဴ : ကြၽန္ေတာ္dateခ်င္တယ္.. QAQ

ယြိစစ္က်ယ္ : လူက ဘယ္မွာလဲ.. ဘယ္သူက ညစာထြက္စားဖို႔ သေဘာတူလိုက္တာလဲ?

--------------------☄☄☄--------------------

updateေတာင္းထားတာေလး ရွိပါေသးတယ္.. လာခဲ့မယ္ေနာ္..🤍


.......


Unicode
.
.
.
သရဲ..

ဒီစကားလုံးက အရမ်းကိုအကျွမ်းတဝင်ရှိနေပြီး အရမ်းလည်းဝေးကွာနေပြန်တယ်..။ ပြီးတော့ လူတိုင်းရဲ့ စိတ်ထဲမှာ တစ်ပြိုင်နက်ပေါ်လာခဲ့တယ်..။ သူတို့ခေါင်းထဲမှာ အဆိုးဆုံး ဇာတ်ကွက်ကို ပြေးမမြင်ပဲ မနေနိုင်ကြတော့ပါ..။

ဝမ်ဖုန့်က အံကြိတ်ကာ
"အနောက်တံခါး.."

သူက ပြောရင်း ထိုနေရာကို လှည့်ပြေးသွားပြီး ဖန့်ချူနဲ့ ကျန်းဖေးယွီတို့လည် ကပျာကယာ နောက်ကလိုက်သွားကြတယ်..။ သို့သော်လည်း အနောက်တံခါးကပါ တစ်လက်မတောင် လှုပ်မလာခဲ့..။

အားလုံးရဲ့အမူအရာတွေ မှောင်မိုက်ကုန်တယ်..။

ပိုင်ရှောင်ရှန်းက ထိန်းမနိုင်အောင် တုန်လှုပ်နေခဲ့ပြီ..။

သင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ဖန့်ချူပြန်တွေးကြည့်မိ‌လိုက်တော့..
ဒီကံမကောင်းမှုကြီးကို ယူလာတာ ငါတော့မဟုတ်ပါဘူးနော်.. ဟုတ်တယ်မလား..

ကျန်းဖေးယွီက သေလောက်အောင် ကြောက်ရွံ့နေတယ်.. ချွေးယွီရှီရဲ့အလောင်းက အပေါ်ထပ်မှာရှိနေပြီးတော့ သူက ပြန်ထွက်လို့မရနိုင်တဲ့ နေရာတစ်ခုမှာပိတ်မိနေပြီဆိုတာ တွေးမိတော့ သူ့မှာ အမှောင်ထုနဲ့ သရဲတွေကို ကြောက်လန့်လာတယ်..။

ဝမ်ဖုန့်ရဲ့အမူအရာပြောင်းလဲသွားကာ သူက
"ပြတင်းပေါက်တွေရှိသေးတယ်.."

သူက သူတို့ထဲမှာ ဝမ်းနည်းစရာအကောင်းဆုံးလူဖြစ်သော်လည်း ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ကြောက်မက်ဖွယ်အခြေအနေကို ရင်ဆိုင်လာရတဲ့အခါ သူ့ရဲ့ပထမဦးစားပေးက သူ့သားနဲ့လူတိုင်းရဲ့လုံခြုံမှုဖြစ်လာကာ ဒီနေရာကနေ ထွက်နိုင်မယ့်နည်းလမ်းကို စဉ်းစားတွေးတောနေတော့တယ်..။

ဝမ်ဖုန့်ရဲ့အသိပေးသံကြောင့် ကျန်းဖေးယွီတစ်ယောက် စိတ်တွေလှုပ်ရှားလာခဲ့တယ်..။ ပြတင်းပေါက်က ပါးလွှာတဲ့မှန်ပြင်တစ်ချက်သာ ဖြစ်တာမို့ သူတို့တွေ ဖွင့်လို့မရခဲ့ရင်တောင် ရိုက်ခွဲပြီး ထွက်သွားလို့ရမှာပဲ..။

ဒါက သာမန်မှန်ပြတင်းပေါက်လေးတစ်ခုသာ.. ဒါကြောင့် ဝမ်ဖုန့်က အရင်ဖွင့်ကြည့်တယ်..။ သေချာပေါက်ကို လှုပ်တောင်လှုပ်မသွားဘူး..။ ဒီတော့ သူက ဘေးနားကသတ္တုထိုင်ခုံကို ဆွဲမကာ အားမာန်အပြည့်နဲ့ ပြတင်းပေါက်ဆီ ပေါက်ချိုးလိုက်တယ်..။ ဘန်း!

သူ့ရဲ့လှုပ်ရှားမှုအတိုင်းလိုက်ကာ ပြတင်းပေါက်ဘေးရှိ အရပ်မြင့်မြင့် ဘီရိုပေါ်က ပန်းအိုးက တစ်နည်းနည်းနဲ့ ဝမ်ဖုန့်ဦးခေါင်းပေါ်သို့ ပြုတ်ကျလာတယ်..။

ကွဲသံတစ်ခုနဲ့အတူ ပန်းအိုးနဲ့ ပြတင်းပေါက်တို့ တစ်ချိန်တည်းမှာပဲ ကွဲကြေသွားတယ်..။

ဝမ်ဖုန့်ဦးခေါင်းဆီကနေ သွေးတွေ ဖြိုင်ကျလာခဲ့တယ်..။

ကျန်းဖေးယွီက အထိတ်တလန့် နောက်ကို ဆုတ်သွားတယ်..။

ဖန့်ချူလည်း ကြမ်းပြင်ပေါ်က ပန်းအိုးကိုစိုက်ကြည့်နေမိကာ မျက်စံတွေလည်း ပြူးကျယ်နေတော့တယ်..။

သူတို့တွေ ဝမ်ဖုန့်ရဲ့လှုပ်ရှားမှုအားလုံးကို မြင်လိုက်ရတာပဲ.. ပြတင်းပေါက်ကို ပေါက်ခွဲတုန်းက သူက အားအများကြီးသုံးလိုက်တယ်ဆိုပေမယ့်လည်း ဘီရိုကိုလုံးဝမထိခဲ့ဘူးလေ.. ဒီတော့ ပန်းအိုးကျလာစရာ ဘာအကြောင်းမှကိုမရှိတာ.. ဒါပေမယ့် ပန်းအိုးကျလာပြီး ဝမ်ဖုန့်ခေါင်းပေါ် တန်းရောက်သွားခဲ့တာပဲ..။

မသိရင် အဲဒါက မမြင်နိုင်တဲ့ လက်တစ်စုံကနေ သူတို့ထွက်သွားမှာကို တားဆီးနေတဲ့အတိုင်းပဲ..။

ကံကောင်းလို့ ပန်းအိုးက ကြီးမနေတာ.. အဲဒါမို့ ဝမ်ဖုန့်ခေါင်းကို ပွန်းပဲ့ရုံပဲဖြစ်သွားတယ်..။ ကြည့်ရတာအရမ်းကြီးတော့လည်း ပြဿနာရှိပုံမပေါ်ပါ.. ပြတင်းပေါက် ကွဲသွားပြီလေ..။

ဝမ်ဖုန့်က နဖူးပေါ်က သွေးတွေကိုသုတ်ပစ်ကာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်..။

အပြင်ကိုလှမ်းကြည့်ပြီးတဲ့အခါ လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ပူပန်စွာ ကြည့်မိကြတော့တယ်..။

အပြင်မှာ ပုံမှန်မဟုတ်...

ညတိုင် စားသောက်ဆိုင်အပြင်ဘက်က လမ်းတွေပေါ်မှာ လူသွားလူလာနည်းပါးပြီး တိတ်ခြောက်နေတယ်ဆိုပေမယ့်လည်း အနည်းဆုံး လမ်းမီးတွေကိုတော့ မြင်နေရမယ်မလား.. စားသောက်ဆိုင်ရဲ့တစ်ဖက်မှာ လူနေအဆောက်အအုံတစ်ခုရှိနေတာ ဒီလိုအချိန်ဆို မီးလင်းနေသင့်တယ်လေ..။ ဒါပေမယ့် အခု.. ပြတင်းပေါက်အပြင်ဘက်မှာက ဘာဆိုဘာမှမရှိတဲ့ black holeကြီးတစ်ခုနဲ့ တူနေတယ်.. ညအမှောင်ယံက သွေးစွန်းနေတဲ့ ပါးစပ်ကြီးကို တိတ်တဆိတ်ဖွင့်ဟထားကာ သားကောင်ကို ငြိမ်ကုတ်ပြီးစောင့်နေသလိုမျိုးပေါ့..။

အားလုံးရဲ့စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်..။

သူတိုတွေ ဒီနေရာကနေ အပြင်ကို တကယ်ပဲထွက်နိုင်ပါဦးမလား?

မိနစ်အနည်းငယ်အကြာ.. ဝမ်ဖုန့်က နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရကာ သူ့အမူအရာ တည်ကြည်နေပြီး ဖန့်ချူကို

"ထောင်ထောင်းကို ဂရုစိုက်လိုက်ပါ.. ငါသွားပြီးကြိုးစားကြည့်ဦးမယ်"

ဖန့်ချူက တုံဆိုင်းစွာနဲ့
"ကျွန်တော်တို့တွေ စောင့်လို့ရရင် ရမှာပါ.."

ဝမ်ဖုန့်က မြေပြင်ပေါ်က မီးဖိုချောင်သုံးဓားကို ကြည့်လိုက်ပြီးတော့ ပြတင်းပေါက်အပြင်ဘက်က အမှောင်ထုကို ပြန်ကြည့်လိုက်တယ်..။

"ဒီမှာ အရမ်းအန္တရာယ်များတယ်.. ငါတို့တွေ အကြာကြီးထပ်စောင့်လို့မရတော့ဘူး.. အပြင်ထွက်သွားပြီးလို့ အားလုံးအဆင်ပြေတယ်ဆို ငါအော်လိုက်မယ်..ထောင်ထောင်းကို အပြင်ခေါ်ခဲ့နော်.. ဖေးယွီက ရှောင်ရှန်းကို ခေါ်ခဲ့လိမ့်မယ်.. ငါထွက်သွားပြီးလို့မှ ဘာအသံမှမကြားရရင်တော့...."

သူစကားကို ဆုံးအောင်ဆက်မပြောတော့.. အဲဒါက သိသာနေပါပြီ..။

ထိုအခိုက်အတန့်မှာပဲ ဝမ်ဖုန့်က တည်ငြိမ်ပြတ်သားစွာ အကောင်အထည်ဖော်လိုက်သည်..။ ဒီလိုကျောချမ်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေနဲ့ ကြုံလာရတဲ့အခါ အခုလေးတင် မုဆိုးဖိုဖြစ်ခဲ့ရတဲ့ ဝမ်ဖုန့်ဟာ တခြားသူတွေ တုံ့ဆိုင်းနေချိန်မှာ သူကတော့ ယောက်ျားတစ်ယောက်အဖြစ် ဖခင်တစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒါက အရမ်းကို အန္တာရယ်များတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ထိုအရာထဲကနေ အပြန်ဆိုတာ ရှိချင်မှလည်းရှိမယ်..။

ကျန်းဖေးယွီက တစ်ခုခုကိုပြောချင်ပေမယ့် ရပ်လိုက်တယ်..။

ဖန့်ချူကတော့ ဝမ်ဖုန့်ကိုကြည့်လိုက်ကာ တည်ငြိမ်စွာပဲ ခေါင်းငြိမ့်ပြလိုက်တယ်..။

ဝမ်ဖုန့်က ဘာမှထပ်ပြောမနေတော့ပဲ ပြတင်းပေါက်ခုံပေါ်ကို လက်ထောက်ကာ ခုန်ထွက်သွားတော့တယ်..။

အမှောင်ထုက အဆင်သင့်ဝါးမြိုသွားတဲ့အခါ သူ့ရဲ့ပုံရိပ်လေးက ပြတင်းပေါက်ကနေ ပျောက်ကွယ်သွားတော့တယ်..။ သူက ရုတ်တရက် တခြားကမ္ဘာကို ဝင်သွားကာ ပြတင်းပေါက်ကတော့ ကမ္ဘာတွေကို ဆက်သွယ်ပေးထားတဲ့ သီးခြားနယ်နမိတ်တစ်ခုကဲ့သို့ပင်..။

ဖန့်ချူက ခုန်ပေါက်နေတဲ့ နှလုံးကို ငြိမ်သက်စေကာ
"အကိုဖုန့်.."

သို့သော်.. ဘယ်သူကမှ တုံ့ပြန်မလာခဲ့..သူအကြိမ်တော်တော်များများ အော်ခေါ်လိုက်ပေမယ့် ဘာတုံ့ပြန်မှုမှမရှိပေ။

ကျန်းဖေးယွီက အထစ်ထစ်အငေါ့ငေါ့နဲ့
"အကိုဖုန့်.. ဟီး, ဟီး, ဟီး...."

ဖန့်ချူရဲ့အမူအရာ အေးစက်သွားကာ
"ပါးစပ်ပိတ်ထား"

အချိန်တွေကုန်သွားပေမယ့် ပြတင်းပေါက်အပြင်ဘက်မှာ ဘာလှုပ်ရှားမှုမှမရှိ..။ သူတို့အတွက် မျှော်လင့်ချက်ကင်းမဲ့လာသလိုပင်..။ ဒုတ်ကနဲ မြည်သံတစ်ခုက ရုတ်ချည်း ဒုတိယထပ်ကနေ ထွက်ပေါ်လာခဲ့တယ်..။ အဲဒါက ပြတင်းပေါက်ဆီက တစ်စုံတစ်ခုလာနေသကဲသို့...။

အသံက ချွေးယွီရှီရဲ့အခန်းက လာနေတာ..!!

ရုတ်ချည်း လေးလံသိပ်သည်းတဲ့ ခြေသံတွေထွက်လာကာ တစ်လှမ်းပြီးတစ်လှမ်း..
ဘမ်း.. ဘမ်း.. ဘမ်း...

ကျန်းဖေးယွီတစ်ယောက် ရူးရတော့မလိုပင်..!

ဖန့်ချူက ရုတ်ကနဲ ဝမ်ထောင်းကို သူ့နောက်ဆွဲပို့ကာ ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ခေါင်းပေါ်မြှောက်ထားလိုက်ရင်း ဒုတိယထပ်ကို လှမ်းကြည့်နေတယ်..။ တကယ်တော့ သူက ဆိုးဆိုးရွားရွားကြီးကို ကြောက်နေတော့တာ.. ဒါပေမယ့် သူက သေမယ့်အရေးကို ထိုင်စောင့်နေမှာတော့ မဟုတ်ဘူး..။

ဘမ်း.. ဘမ်း.. ဘမ်း...

အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက နောက်ဆုံးတော့ တံခါးပေါက်ဆီမှာ ပေါ်ထွက်လာခဲ့တယ်..။ ပြီးတော့ အဲ့ဒါက ------- ခုနလေးတင် အပြင်ထွက်သွာခဲ့တဲ့ ဝမ်ဖုန့်ဖြစ်လို့နေတာပဲ..။

ပိုင်ရှောင်ရှန်းက မျက်စံလန်သွားကာ နောက်ဆုံးတော့ ဖြူဖျော့သွားပြီး လဲကျသွားတော့တယ်..။

ခုံကြီးကို မြှောက်ထားဆဲဖြစ်တဲ့ ဖန့်ချူက အေးခဲသွားတယ်..။

ဝမ်ဖုန့်က ဒုတိယထပ်ကနေ သူတို့ကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေပုံရကာ
"ငါအပြင်ထွက်သွားလိုက်တာနဲ့.. အခန်းပြတင်းပေါက်ကနေ ပြုတ်ကျသွားတာပဲ.."

ကျန်းဖေးယွီက ထိန်းမနိုင်သိမ်းမနိုင်အောင် ခိုက်ခိုက်တုန်နေချေပြီ..။

ဖန့်ချူက တိတ်ဆိတ်နေကာ ခဏကြာတော့ ခုံကိုပြန်ချလိုက်ပြီး မျက်ရည်တွေဝဲလာခဲ့တယ်..။ သူတွေးနေတာက
ယွိစစ်ကျယ်ရေ.. ဒီည ခများကို စောင့်ခိုင်းရတော့မယ်..ကျွန်တော်တောင်းပန်ပါတယ်ဗျာ.. ဒါပေမယ့် ခများ ကျွန်တော့်ကို ခွင့်လွှတ်မယ်မလား... ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ် ကျွန်တော်သေသွားနိုင်တာမို့..."

တစ်ချိန်လုံ တိတ်ဆိတ်နေခဲ့တဲ့ ကောင်လေးက အမူအရာကင်းမဲစွာနဲ့ ရုတ်တရက်လှမ်းကြည့်လာတယ်.. သူက ရိုးသားဖြူစင်တဲ့အသံလေးနဲ့ လူတိုင်းရဲ့စိတ်ထဲမှာ သိနေနှင့်ပြီး ဝန်ခံဖို့ရာ ဆန္ဒမရှိတဲ့အကြောင်းအရာတစ်ခုကို မေးလာတယ်..။

"မာမားကို...... သရဲတစ်ကောင်က သတ်သွားတာလားဟင်?"

....
....

စာရေးသူမှာ ပြောစရာရှိပါတယ် :

ဖန့်ချူ : ကျွန်တော်dateချင်တယ်.. QAQ

ယွိစစ်ကျယ် : လူက ဘယ်မှာလဲ.. ဘယ်သူက ညစာထွက်စားဖို့ သဘောတူလိုက်တာလဲ?

--------------------☄☄☄--------------------

updateတောင်းထားတာလေး ရှိပါသေးတယ်.. လာခဲ့မယ်နော်..🤍

Continue Reading

You'll Also Like

10.9K 2K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
43.6K 8K 34
Чшш...тэр түүх өгүүлж байна...
168K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...