"ရှောင်လင် နင် တကယ်သတ္တိရှိတာပဲ ၂"
ထန်းရှောင် ဂိမ်းကစားခြင်းမှာ ပြင်းပြင်းထန်ထန် ဇျာန်မဝင်ခင်တုန်းက သူမရဲ့အချိန်တွေကို ဖျော်ဖြေရေးလောကရဲ့ အတင်းအဖျင်းပေါင်းစုံကို လေ့လာစပ်စုရင်းနဲ့ ကုန်ဆုံးခဲ့တာဖြစ်တယ်။
သူမ Wanyu Media ဆီသွားတဲ့ အချိန်တိုင်း အတင်းအဖျင်းသတင်းပေါင်းစုံကို ဖလှယ်ဖို့အတွက် အဖွဲ့မှူးနင်ရဲ့အတွင်းရေးမှူးရုံးခန်းထဲကို ပထမဦးဆုံး တန်းတန်းမတ်မတ်နဲ့သွားတယ်။
ဖျော်ဖြေရေးလောကထဲမှာ နံမည်ကြီးတဲ့ အတင်းသတင်းပေါင်းစုံသာမက ဘယ်သူမှမသိနိုင်တဲ့ အတွင်းရေးတွေကိုပါ သူမအကုန်သိတယ်။
ထိုအချိန်တွေတုန်းကဆို ထန်းရှောင်မှာ သတင်းပေါင်းစုံ သိလွန်းနေလို့ တစ်ယောက်ယောက်က သူမကို နှုတ်ပိတ်သွားမှာကိုတောင် ကြောက်ခဲ့ရသေးတယ်။
အဖွဲ့မှူးနင်ရဲ့အတင်းအဖျင်းအကြောင်းကိုလည်း သူမကိုယ်တိုင်ကိုယ်ကျ ကြုံလိုက်ရတယ်။
ထိုအချိန်တုန်းက သူမက ဖျော်ဖြေရေးလောကထဲမှာ တရားဝင်ပွဲဦးမထွက်ရသေးကာ အဖွဲ့မှူးနင်ရဲ့လက်ထောက်အကူအဖြစ်နဲ့ သူ့နောက်ကနေ တစ်ချိန်လုံး လိုက်ရတယ်။
အဖွဲ့မှူးနင် Wanyu Mediaကို လက်လွှဲယူလိုက်တဲ့ အချိန်တုန်းက ကုမ္ပဏီတစ်ခုလုံးက ဗရမ်းဗတာနဲ့ပင်။
အဖွဲ့မှူးနင် လူကိုယ်တိုင်လိုက်လုပ်ရတဲ့ လုပ်ငန်းကိစ္စတွေလည်း အများကြီးရှိခဲ့တယ်။
တစ်နေ့မှာ အနုပညာရှင်တစ်ဦးရဲ့ ကြော်ညာရိုက်ကူးရေးတစ်ခုစီ အဖွဲ့မှူးနင်က သွားရင်း ထန်းရှောင်ကိုပါ ရိုက်ကွင်းကို လေ့လာဖို့ သူနဲ့အတူ ခေါ်သွားတယ်။
ထိုအချိန်မှာ တစ်ဖက်ကြော်ညာကုမ္ပဏီရဲ့ အကြီးအကဲဖြစ်ပုံရတဲ့ တန်ဖိုးကြီးကျားသစ်သားမွေးကုတ်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က အဖွဲ့မှူးနင်ကို မြင်မြင်ချင်း သဘောကျသွားတယ်။
အလွန်ရှောခ့်ရစရာကောင်းတာပဲ!
ထိုအမျိုးသမီးက အဖွဲ့မှူးနင်ကို ရနိုင်ဖို့အတွက် တကယ့်ကို ရိုက်ချက်အပြင်းစား နည်းလမ်းပေါင်းစုံကို အသုံးပြုလေတယ်။
သူမက သူ့ဆီကို ပြိုင်ကားတွေတောင်မှ အမျိုးမျိုးသော နောက်ဆုံးပေါ် မော်ဒယ်ပေါင်းစုံကို ပို့ပေးတယ်။
အချိန်တိုင်းမှာ ပြောင်လက်တောက်ပနေပြီး နေရောင်ထဲမှာ မျက်စိကျိန်းလောက်အောင်ထိ တဖြတ်ဖြတ်ထနေတဲ့ တန်ဖိုးကြီးကားတွေ။
ထိုကားပေါင်းစုံကို Wanyu Mediaရဲ့ အဆောက်အဦးအောက်မှာ တန်းစီပြီးပို့ထားကာ ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့အထိ အကုန်လုံးရဲ့အာရုံကို ဆွဲဆောင်နေခဲ့တယ်။
အဖွဲ့မှူးနင်ကတော့ ဒုတိယတစ်ကြိမ်တောင် ပြန်လှည့်မကြည့်ဘဲ အကုန်လုံးကို ထိုအမျိုးသမီးဆီ ပြန်ပို့လိုက်တယ်။
ထို့နောက်မှာ တစ်ဖက်က နည်းလမ်းပြောင်းလိုက်ပြီး အဖွဲ့မှူးနင်ရဲ့ကုမ္ပဏီနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စာချုပ်တွေစုပြီး ပို့ပေးတော့တယ်။ တစ်နည်းအားဖြင့် သူ့ကုမ္ပဏီကို ထောက်ပံ့ပေးတဲ့ သဘောဖြစ်တယ်။
ဒီတစ်ကြိမ်မှာ အဖွဲ့မှူးနင် နောက်ဆုံးတော့ သူမဆီကနေ မငြင်းပယ်တော့ပေ။
တစ်ဖက်က ပို့ပေးသလောက် လက်ခံတယ်။
အခြားတစ်ဖက်က ထိုဟာကို မီးစိမ်းပြတယ်လို့ ယူဆလိုက်ကာ သူနဲ့အပြင်မှာ လူကိုယ်တိုင် တွေ့ဆုံနိုင်ဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်မှာတော့ အဖွဲ့မှူးနင်နဲ့ ညစာတစ်နပ် အတူစားဖို့ အောင်မြင်သွားတယ်။
ထန်းရှောင်လည်း သူတို့ညစာစားတဲ့နောက် လိုက်သွားပြီး ခိုးကြောင်ခိုးဝှက်နဲ့ သူတို့ပြောတာကို ချောင်းနားထောင်ရင်း တစ်ဖက်ကထိုအမျိုးသမီးက အဖွဲ့မှူးနင်ကို သူမရဲ့အချစ်တော်အဖြစ် လက်ခံဖို့မျှော်လင့်နေတယ်ဆိုတဲ့ စောင်းပါးရိပ်ခြည် စကားတချို့ကို ကြားလိုက်ရတယ်။
အနည်းဆုံး ဆယ်နှစ်လောက် အလုပ်ကြိုးစားစရာမလိုဘဲ သူ့ရဲ့ကုမ္ပဏီWanyu Mediaကို ကြီးကြီးမားမား တိုးတက်အောင်မြင်လာအောင် ကူညီပေးနိုင်တယ်လို့တောင် အရိပ်အမြွက်ပြောလိုက်သေးတယ်။
ထန်းရှောင်ကတော့ ထိုအကြောင်းတွေကို ကြားနေရရင်း သူမတစ်ကိုယ်လုံးက သွေးတွေက စိတ်လှုပ်ရှားမှုနဲ့အတူ ဆူပွက်လာတယ်။
သူမခန္ဓာကိုယ်အနှံ့က ဆဲလ်တွေကလည်း အတင်းအဖျင်းပြောချင်လွန်းလို့ ခုန်ပေါက်နေတော့တယ်။
အဖွဲ့မှူးနင်, အား!!!!
ဒီလိုအကြောက်အလန့်မရှိ ရက်စက်တဲ့ရက်ရောမှုကြီးနဲ့တောင် အဖွဲ့မှူးနင်ကို စပွန်ဆာပေးချင်နေတာလား!
ထိုတုန်းက စားသောက်ဆိုင်မှာ မူချောင်နဲ့စုပိုင်တို့ မပေါ်လာခင်အထိ သူမခိုးနားထောင် လိုက်သေးတယ်။
သို့ပေမဲ့, မူချောင်ကို မြင်လိုက်ရတဲ့အချိန်မှာတင် ထန်းရှောင်ရဲ့အာရုံတွေကို သူက
အကုန်ဖမ်းစားသွားကာ သူမ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ အဖွဲ့မှူးနင်က စားသောက်ဆိုင်ထဲမှာ မရှိတော့ပေ။
အဖွဲ့မှူးနင်က တစ်ညလုံးပျောက်နေပြီး နောက်တစ်ရက်မှာတော့ ခန့်မှန်းရခက်တဲ့ စိတ်ဓာတ်ကျနေသလို လေထုအခြေအနေနဲ့ ပြန်ရောက်လာတယ်။
ထန်းရှောင်ကို ရှောခ့်ရသွားစေတာက အဖွဲ့မှူးနင်က မနေ့တုန်းက အဝတ်အစားတွေကို ဝတ်ဆင်ထားဆဲဆိုတာပင်။
အတွင်းရေးမှူးဌာနတစ်ခုလုံး အတင်းအဖျင်းအနံ့တွေနဲ့ ပြည့်နေတော့တယ်။
ထို့နေ့မှာပဲ အဖွဲ့မှူးနင်က ဝုန်းဒိုင်းကြဲပြီး အကုန်လုံးကို အော်ငေါက်တယ်။
တစ်ယောက်မှလည်း အဖွဲ့မှူးနင်ကြောင့် တုပ်တုပ်မှပင် မလှုပ်ရဲပေ။
ထိုအချိန်တုန်းကဆို အသံတစ်ချက် ထွက်လာတဲ့သူ အသေပဲ။
ထန်းရှောင်က အရက်မူးနေပေမဲ့လည်း သူမရဲ့တခြားသူတွေကို ဇာတ်ကြောင်းစုံ ပြောပြ တဲ့နေရာမှာတော့ အမှားအယွင်းတစ်ခုပင် မရှိချေ။
သူမက ထိုအကြောင်းတွေ အကုန်လုံးကို စိတ်ခံစားချက်တစ်ခုမှပင် စီးဝင်လာခြင်းမရှိဘဲ ချောချောမွေ့မွေ့နဲ့ ပြီးတဲ့အထိ ဆက်တိုက်ပြောပြတယ်။
မူချောင်နဲ့ ချောင်ရိကျင်တို့မှာ အဖွဲ့မှူးနင်ရဲ့အကြောင်းကို နားထောင်ပြီးသွားတာနဲ့
နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ကြတယ်။
သူတို့နှစ်ယောက်လုံးရဲ့နှလုံးသားတွေက တုန်လှုပ်နေကြတုန်း။
ထန်းရှောင်က သူတို့နှစ်ယောက် အသက်ရူဖို့ အနားယူချိန်လေးတောင် မပေးပေ။
"ရှင်တို့ လုချင်းချင်အကြောင်း သိပြီးကြပြီလား!"
မူချောင်က ခေါင်းယမ်းပြလိုက်ပြီး
"သူမက ဘာဖြစ်လို့လဲ?"
"သူမနဲ့ ဂူနမ်တို့အကြောင်း!"
ထန်းရှောင်မျက်နှာက သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားနေတဲ့အမူအရာနဲ့။
တစ်ဖက်မှာ ချောင်ရိကျင် အေးခဲသွားတယ်။
"လုချင်းချင်ဆိုတာ အဲဒီအသက်၆၀ပြည့်ခါနီးတစ်ယောက်မလား? ဂူနမ်ဆိုတာ အခုမှ အသက်နှစ်ဆယ်လား ဘယ်လောက်လားပဲရှိသေးတဲ့ သရုပ်ဆောင်ကို ပြောတာလား?"
ထန်းရှောင်က သူမရဲ့ခေါင်းကို အသာယမ်းပြလိုက်ရင်း,
"လုချင်းချင်က ၆၅နားကပ်နေပြီ, သူမရဲ့အသက်ကို လိမ်ထားတာ။ ဂူနမ်ကလည်း အသက်၃၀လား ဘယ်လောက်လား ရှိနေပြီ"
ထို့နောက်မှာတော့ ထန်းရှောင်က လုချင်းချင်နဲ့ ဂူနမ်တို့ရဲ့အတွင်းရေးတွေကို
အားပါးတရ ဇာတ်ကြောင်းခင်းပြတော့တယ်။
ဇာတ်လမ်းထဲမှာ ငြိမ့်ညောင်းတဲ့ဇာတ်ကွက်ဟူ၍ မပါဘဲ ဇာတ်ရှိန်တက်စရာ အခန်းတွေချည်းပင်။
မူချောင်နဲ့ ချောင်ရိကျင်တို့နှစ်ယောက်မှာ ပါးစပ်လေးတွေဟပြီး အံ့ဩတကြီး နားထောင်နေကြတယ်။
"မင်းဘယ်လိုသိတာလဲ?"
မူချောင်မေးလိုက်တယ်။
ထန်းရှောင်က ခေါင်းအုံးကို ပိုက်လိုက်ပြီး အနည်းငယ်ရီဝေနေတဲ့အသံနဲ့,
"ရှင်တို့ကို မပြောပြဘူး!"
"ကောင်းပြီလေ, ဒါဆို အရင်ဆုံး ငါတို့ပြန်တော့မယ်။ နောက်ကျနေပြီ"
မူချောင်က သူမကို စောင်ကူခြုံပေးလိုက်ပြီး ချောင်ရိကျင်နဲ့ ပြန်ထွက်ဖို့ ပြင်လိုက်တယ်။
ထန်းရှောင်က စပရိန်လို ဖြစ်နေမယ်လို့ ဘယ်သူက သိခဲ့မှာလဲ။ သူမက အိပ်ယာနဲ့ ကျောပြင်နဲ့ ထိသွားတာနဲ့ ရုတ်တရတ်ကြီး ပြန်ထခုန်လာတယ်။
"ရှင်တို့တွေ စုပိုင် ပလက်စတစ်ဆာဂျရီ လုပ်ထားတာ သိကြလား!!!"
မူချောင်:.....
ချောင်ရိကျင်:....
ထို့နောက်မှာတော့ မူချောင်နဲ့ချောင်ရိကျင်တို့မှာ အတင်းအဖျင်းသတင်းပေါင်းစုံကို တစ်ညလုံး ထိုင်နားထောင်ဖို့အတွက် ဖိအားပေးခံလိုက်ရတော့တယ်။
သူတို့နှစ်ယောက် အခန်းထဲကနေ ခြေကြွမယ်လုပ်တိုင်း, ထန်းရှောင်က အရူးလို ပြုမူလာပြန်တယ်။
ချောင်ရိကျင်ကတော့ ထန်းရှောင်က သူ့ရဲ့အနုပညာရှင်လည်း မဟုတ်သလို သူ့ရဲ့အိမ်နီးချင်းလည်း မဟုတ်တဲ့အတွက် သူ့ဘာသာကိုယ်လွတ်ရုန်းပြီး တစ်ယောက်တည်း ထွက်သွားဖို့တောင် ကြိုးစားလိုက်ပေမဲ့ ထန်းရှောင်က သူ့ကို သေသေရှင်ရှင် ဖင်ကြွခွင့်မပေးပေ။
အားပေးမဲ့သူ တစ်ယောက်လျော့သွားရင်တောင် အဆင်မပြေနေဘူးနော်,ဟုတ်ပြီလား!
ထန်းရှောင်က သူမဉထားတဲ့ အတွင်းရေးတွေကိုတောင် ဝေမျှလိုက်သေးတယ်။
တစ်ဖက်မှာ သူမက သွေးနထင်ရောက်နေပေမဲ့ အခြားတစ်ဖက်မှာတော့ သူမရဲ့နှလုံးသားလေးက လွမ်းဆွတ်ပူဆွေးစွာနဲ့ နာကျင်နေလေတယ်: "ကျွန်မက ရှင်တို့နှစ်ယောက်လုံးကို ကျွန်မရဲ့သွေးသောက်အစ်ကိုတွေလိုမျိုး တန်ဖိုးထားလို့
ဒီအကြောင်းတွေကို ရှင်တို့ကို ဝေမျှနေတာ။ ဒါကြောင့် ရှင်တို့တွေ အခြားဘယ်သူ့ကိုမှ လုံးဝ ပြောပြလို့မရဘူးနော်!"
မူချောင်:.....
ချောင်ရိကျင်:....
အဆုံးသတ်မရောက်ခင်ထိ ဒီအတင်းအဖျင်းပေါင်းစုံက ဘယ်အချိန်မှာ အဆုံးသတ်မလဲ မသိနိုင်တော့ကာ နောက်ဆုံးမှာတော့ ထန်းရှောင် အိပ်ပျော်သွားတယ်။
ချောင်ရိကျင်နဲ့ မူချောင်တို့လည်း ကြမ်းပြင်မှာပေါ် သနားစရာကောင်းစွာနဲ့ အသီးသီး အိပ်ပျော်သွားကြတော့တယ်။
ထိုညမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ အိပ်မက်တွေထဲမှာ ထန်းရှောင်ရဲ့ "ရှင်တို့သိကြလား" ဆိုတဲ့ စကားနဲ့ပဲ ပြည့်နေတော့တယ်။
နောက်တစ်ရက်မှာ တံခါးခေါက်သံအချို့ကြောင့် သုံးယောက်သားလုံး နိုးလာကြတယ်။
မူချောင်က အခန်းတံခါးကို သွားဖွင့်ပေးလိုက်တဲ့အချိန် ရှောင်လင်က သူ့ကို တွန်းဖယ်လိုက်ပြီး အထဲဝင်လာကာ သူမရဲ့အဝတ်အစားတွေကလည်း ရှုပ်ပွတွန့်ကြေနေတယ်။
သူမက ထန်းရှောင်ရဲ့အိပ်ယာဆီ အပြေးသွားလိုက်တယ်။
ထန်းရှောင်က အိပ်ချင်မူးတူးဖြစ်နေရင်း ခဏနဲ့ခေါင်းကြည်သွားပြီး ရှောင်လင်ရဲ့လည်ပင်းပေါ်က ကိုက်ရာတွေနဲ့ အနမ်းရာတွေဆီ အကြည့်ရောက်သွားကာ အနည်းငယ် အေးခဲသွားတယ်။
ရှောင်လင်မှာလည်း အခန်းတစ်ခန်းထဲမှာ အတူရှိနေကြတဲ့ ယောက်ျားနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်ပြီး အနည်းငယ်အေးခဲသွားတယ်။
"နင်တို့တွေ...."
"နင်တို့တွေ...."
အမျိုးသားနှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် နက်ရှိုင်းတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။
ရှောင်လင်က ရှေ့ကနေ ဖြတ်အော်လိုက်တယ်။
"ဖာခ့်***,နင် တကယ်သန်မာတာပဲ။ မူချောင်နဲ့ အိပ်ခဲ့ရုံတင်မကဘူး, ချောင်ရိကျင်ကိုပါ ညစ်နွမ်းအောင် လုပ်လိုက်တာလား"
မူချောင်:.....
ချောင်ရိကျင်:....
"ကျေးဇူးပြုပြီး အဲလိုမသင့်လျော်တဲ့ စကားတွေကို မသုံးစမ်းပါနဲ့။ ငါတို့က အရမ်းဖြူစင်တယ်"
ထန်းရှောင်ရဲ့ခေါင်းက စတင်နာကျင်လာတယ်။
"ထန်းရှောင်က ကျွန်တော်တို့ကို တစ်ညလုံး ဖြစ်ရပ်မှန်ဇာတ်လမ်းအကြောင်းတွေ ပြောပြနေတာပါ"
မူချောင်က ကယ်ရာမဲ့စွာ ပြောလိုက်တယ်။
ထန်းရှောင်ရဲ့ခေါင်းက ပိုပြီးတောင် နာကျင်လာတယ်။
သူမ မနေ့ညတုန်းက စကားပြောတာ များသွားပုံရတယ်။
ထန်းရှောင် ရှောင်လင့်ရဲ့တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံးကြည့်လိုက်တယ်။
ရှောင်လင်ရဲ့ဆံပင်တွေက ရှုပ်ပွနေကာ, သူမရဲ့လည်ပင်းနားမှာလည်း ပန်းနုရောင်hickey အနမ်းရာတွေ ရှိနေပြီး သူမရဲ့အကျီကလည်း ကြယ်သီးတချို့ ပြုတ်နေတယ်။
မူချောင်နဲ့ ချောင်ရိကျင်က လေထုအခြေအနေကို ဖတ်မိသွားပြီး အလိုက်တသိ ထွက်သွား ကြတယ်။
"ငါတော့ ပြဿနာတက်ပြီ" ရှောင်လင် ပြောလိုက်တယ်။
ထန်းရှောင်: "နင် ဘာလုပ်ခဲ့လို့လဲ?"
"ငါလုပ်ခဲ့တာမဟုတ်ဘူး။ အဲဒါ...အဖွဲ့မှူးနင်က ငါ့ကို လုပ်ခဲ့တာ!"
ရှောင်လင်က ပြောရင်း သူမရဲ့ဆံပင်တွေကို ဆွဲဆုပ်လိုက်တယ်။
"နင် မနေ့ညတုန်းက ဘယ်သူနဲ့ရှိနေခဲ့တာလဲ?"
ထန်းရှောင်ရဲ့ မျက်နှာက အလေးအနက်ဖြစ်နေတယ်။
ရှောင်လင်ရဲ့မျက်နှာက နောင်တတွေအပြည့်နဲ့ ဖြစ်နေကာ,
"ငါပြောရင် နင်ငါ့ကို ယုံကြည်မှာ မဟုတ်ပေမဲ့ ငါ အဖွဲ့မှူးနင်နဲ့ ထပ်ပြီး အိပ်မိသွားတယ်"
ထန်းရှောင်:....
သူမ ဇာတ်လမ်းကို ခဏလောက် အကျဉ်းချုံးကြည့်လိုက်ပြီး အခုလေးတင်ကြားလိုက်ရတဲ့ အကြောင်းကိုလည်း သေချာပြန်တွေးတောကြည့်လိုက်တယ်။
ရှောင်လင်က သူမ အဖွဲ့မှူးနင်နဲ့ အိပ်ခဲ့တယ်လို့ ပြောလိုက်တာလား?
ပြီးတော့ သူမက လုပ်ခဲ့တာမဟုတ်ပဲ အဖွဲ့မှူးနင်က သူမကို လုပ်ခဲ့တာတဲ့လား?
ပြောချင်တာ အဖွဲ့မှူးနင်က ညစ်နွမ်းသွားပြီပေါ့?
ရှောင်လင်က....အဖွဲ့မှူးနင်နဲ့....အိပ်ခဲ့တယ်.....
ထပ်ပြီးတော့?
ထပ်ပြီး အိပ်မိသွားတယ်!!!
"ထပ်ပြီး အိပ်မိသွားတယ်?"
ထန်းရှောင်မှာ သူမရဲ့လက်ရှိခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိတော့ပေ။
သူမရဲ့လက်ဝါးနှစ်ဖက်လုံးနဲ့ မျက်နှာကို ဖုံးလိုက်ပြီး မျက်ခုံးကြောတွေကို ပွတ်လိုက်တယ်။
ရှောင်လင်ရဲ့အမူအရာက အနည်းငယ် ဆောက်တည်ရာမရဖြစ်သွားကာ,
"နင်နားကြားလွဲသွားတာ, "ထပ်ပြီး"ဆိုတာကို ငါ မပြောခဲ့ပါဘူး"
"ဖွီ! နင့်အဖေကြီးသာ နားကြားလွဲမှာ! နင် "ထပ်ပြီး" လို့ပြောလိုက်တာကို ငါရှင်းရှင်းလင်းလင်းကြီး ကြားလိုက်တယ်! နင်တကယ်ပဲ ငါ့နောက်ကွယ်ရာမှာ တခြားသူနဲ့ ခိုးအိပ်နေတာလား!"
ရှောင်လင်က သူမရဲ့လည်ပင်းနောက်ကြောကို ပွတ်သပ်လိုက်ပြီး,
"ငါမအိပ်ပါဘူး"
"အခု အဖွဲ့မှူးနင် ဘယ်မှာလဲ?"
"ငါ သူ့ကို ရိုက်လိုက်ပြီး သူသတိလစ်သွားတယ်"
"!!!!" ထန်းရှောင် သူမအခုချိန်ထိ အမူးမပြေသေးသလို ခံစားရကာ အိပ်ရာကနေ ကောင်းကောင်း မနိုးသေးသလိုမျိုးလည်း ခံစားနေရတယ်။
အရာအားလုံးက ဗရမ်းဗတာတွေချည်းပါလား။
"နင် သူ့ကို ဘာနဲ့ရိုက်လိုက်တာလဲ!!"
ရှောင်လင်က အနည်းငယ်ပူဆွေးစွာ ကြည့်လိုက်တယ်။
"သူ့လည်ပင်းနောက်ကို ငါ့လက်စောင်းနဲ့ ဖြတ်ခုတ်လိုက်တာ။ ဒါပေမဲ့ စိတ်မပူပါနဲ့, ငါအားအများကြီး မထည့်ထားဘူး။ သူအဆင်ပြေမှာပါ"
"!!!!!"
ထန်းရှောင်မှာ ဖိနပ်တွေတောင် မစီးတော့ဘဲ အမြန်ပြေးထွက်သွားတယ်။
စက္ကန့်ပိုင်းအတွင်းမှာတင် သူမ ပြန်ပြေးလာပြီး ရှောင်လင့်ရဲ့လက်ကို ဆုပ်ကိုင်ကာ နက်ရှိင်းစွာ ပြောလိုက်တယ်။
"သူရဲကောင်းမကြီး! နင် တကယ်အံ့ဩဖို့ကောင်းတာပဲ! တခြားသူတွေက ကျားနှုတ်ခမ်းမွှေးကို ဆွဲနှုတ်ကြပေမဲ့ နင်ကတော့ ကျားကို ညစ်နွမ်းအောင် လုပ်လိုက်တယ်!!! ဟုတ်သားပဲ, ဘယ်အခန်းလဲ?"
"အခန်းနံပါတ် 1106မှာ, တံခါးက သော့မပိတ်ထားဘူး"
ထန်းရှောင် ပြေးထွက်သွားတယ်။
ရှောင်လင် သံသယဝင်နေမိတယ်။ ဘာကြောင့် ထန်းရှောင်ရဲ့ခြေလှမ်းတွေက တအားကို စိတ်လှုပ်ရှားတက်ကြွနေတယ်လို့ သူမ ခံစားမိနေတာလဲ?!!!
ထန်းရှောင် အခန်းတံခါးတစ်ခုရှေ့ကနေ ဖြတ်ပြေးသွားရင်း မူချောင်နဲ့ တည့်တည့်တိုးသွားတယ်။
မူချောင်ရဲ့အာရုံက ချက်ချင်းဆိုသလို ထန်းရှောင်ရဲ့ ခြေဗလာတွေဆီ ရောက်သွားတယ်။
သူက သူမကို ဆွဲလိုက်ပြီး,
"ဖိနပ်တောင် မပါဘဲ ဘယ်တွေသွားမလို့လဲ?"
ထန်းရှောင် မြေကြီးပေါ် ခြေဗလာနဲ့ အနည်းငယ်ခုန်လိုက်ရင်း,
"ရှင်းပြဖို့ အချိန်မရှိဘူး, အခုက အရေးပေါ်ပဲ! ကျွန်မ ဘုရင်ကြီးကို သွားကယ်မလို့!"
မူချောင်က မျက်ခုံးပင့်လိုက်ကာ, "အရင်ဆုံး, ဖိနပ်စီးအုံး"
ဟိုတယ်ရဲ့အောက်ခံလျှောက်လမ်းတွေမှာ ကော်ဇော်ခင်းထားတာကြောင့် ထန်းရှောင် ခြေဗလာနဲ့ နင်းရတဲ့အခါ ပိုပြီးတောင် သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်။
"အချိန်မရှိဘူး! မြန်မြန်သာ ကျွန်မနဲ့လိုက်ခဲ့တော့! အနာဂတ်မှာ, ဘုရင်ကြီးကို ကယ်တင်ခဲ့တဲ့ ရှင့်ကို တိုင်းပြည်ကို ကယ်ခဲ့တဲ့ စစ်သူကြီးအဖြစ် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပြီး ရှင့်ရဲ့အောင်မြင်မှုတွေကို အမှတ်ရနေကြမှာ။ ရှင်သိလား...."
သူမနဲ့အတူ မူချောင် မပြေးခင်အထိ ထန်းရှောင်ပြောလို့ မပြီးသေးပေ။
"ရှင်သိလား" ဆိုတဲ့ ထန်းရှောင်နှုတ်က ထွက်လာတဲ့ ထိုစကားသုံးလုံးက မူချောင့် နားထဲမှာတော့ ကျိန်စာတစ်ခုလိုပင်။
ထန်းရှောင်က မူချောင်ရဲ့လက်မောင်းကို ဆွဲပြီး အခန်းနံပါတ်1106ဆီ အပြေးတစ်ပိုင်းသွားတော့တယ်။
လမ်းခုလတ်မှာလည်း ဓာတ်လှေကားထဲမှာ ရှိနေတဲ့ ချောင်ရိကျင်ကိုပါ သူမတို့နဲ့အတူ ဆွဲခေါ်လာလိုက်တယ်။
လူသုံးယောက်က ဆယ့်တစ်ထပ်ရှိတဲ့ အဆောက်အဦးရဲ့ တစ်ဝက်ကျော်အကွာအဝေးထိ အားကြိုးမာန်တက် ပြေးကြလေတယ်။
လက်ရှိအချိန်မှာ ထန်းရှောင်ရဲ့နှလုံးသားက ဖန်တံတားပေါ်မှာ မြင်းစီးနေရသလို ရင်တတိတ်တိတ် အသည်းတအေးအေးနဲ့။
အခန်းနံပါတ်1106 ရဲ့ တံခါးပေါက်က ပိတ်ပင် မပိတ်ထားကာ, ထန်းရှောင် အခန်းထဲ တရှိန်ထိုး ပြေးဝင်သွားလိုက်တယ်။
အခန်းက သပ်ရပ်ပြီးရှင်းလင်းနေကာ, အခန်းထဲမှာ ဘယ်သူမှ မရှိနေသလိုမျိုးပင်။
အိပ်ယာပေါ်မှာတော့ စောင်နဲ့ပတ်ထားပုံရတဲ့ အလောင်းတစ်လောင်း ရှိနေတယ်။
အဖွဲ့မှူးနင် အသက်ရှင်နေဆဲလား သိရှိဖို့အတွက် ထန်းရှောင် အမြန်ပြေးစစ်ကြည့်လိုက်တယ်။
ရှောင်လင်က အဖွဲ့မှူးနင်ရဲ့ခေါင်းအထိ စောင်နဲ့ဖုံးအုပ်ထားတာကြောင့်, ထန်းရှောင်စိတ်ထဲမှာ အဖွဲ့မှူးနင် သေသွားပြီလို့ ထင်လိုက်တယ်။
သူမ ရုတ်တရတ် စောင်ကို ဆွဲလှန်ပစ်လိုက်တယ်, ****ခန္ဓာကိုယ်တစ်ခုလား!
မူချောင်က အရင်ဆုံးအသိမြန်သူ ဖြစ်ပြီး စောင်အောက်ကျသွားတာနဲ့ ထန်းရှောင်ရဲ့ မျက်လုံးတွေကို သူ့လက်နဲ့ ချက်ချင်းဖုံးကွယ်ပစ်လိုက်ကာ သူမကိုလည်း နောက်ဘက်ကို ဆွဲလှည့်လိုက်တယ်။
(T/N: ဟိုက အဝတ်ဗလာကျင်းနေတာလေ။ အမတော်ရဲ့ စပ်စုချင်စိတ်ကလည်း နည်းနည်းနှောနှောကို)
ချောင်ရိကျင်က လျင်မြန်စွာ စောင်ကို ကောက်ယူလိုက်ပြီး အဖွဲ့မှူးနင်ကိုယ်ပေါ်ကို ပြန်တင်ပေးလိုက်တယ်။
ထို့နောက်မှ မူချောင် လွှတ်ပေးလိုက်တယ်။
"ဖာခ့်***! အရမ်းကြမ်းတာပဲ!"
ရှောင်လင်ရဲ့လည်ပင်းပေါ်က အမှတ်ရာတွေကို ထန်းရှောင် မြင်လိုက်ရပြီး အဖွဲ့မှူးနင်ကို ကြမ်းတမ်းလွန်တယ်လို့ ထင်ထားခဲ့တာ။ ရှောင်လင်ရဲ့ကိုယ်ပေါ်က အမှတ်ရာတွေဆို ပိုပြင်းထန်လိုက်သေးတယ်။
ဒါပေမဲ့ လက်ရှိမှာ အဖွဲ့မှူးနင်ရဲ့လည်ပင်းပေါ်က လက်သည်းရှည်နဲ့ ကုတ်ခြစ်ထားတဲ့ အစင်းကြောင်းရာ အရှည်ကြီးတွေကို သူမ တွေ့လိုက်ရတယ်။
ဒီလိုဆိုတော့လည်း ရှောင်လင်က သူ့ကို လုံးဝမရှုံးခဲ့ဘူးပဲ!
"ရှောင်လင်ပြောတာ အဖွဲ့မှူးနင်ရဲ့ဇက်ပိုးကို ခုတ်လိုက်မိတာတဲ့။ တခြားတစ်ခုခုများ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာတွေ ရနိုင်သေးလား?'
ထန်းရှောင်က အဖွဲ့မှူးနင်ရဲ့နှာခေါင်းနား လက်ညှိုးနဲ့ ကပ်ကြည့်လိုက်တယ်။
သူအသက်ရူနေတာကို ခံစားမိတော့မှ သူမ စိတ်သက်သာရ ရသွားတယ်။
"ငါမသိဘူး, ငါတို့တွေ သူ့ကို ဆေးရုံခေါ်သွားသင့်တယ်နော်"
ချောင်ရိကျင်က အကြံပေးလိုက်တယ်။
ထန်းရှောင်က ချောင်ရိကျင်ကို အသံတိတ် စိုက်ကြည့်လိုက်ပြီး
"ကျွန်မတို့သာ သူ့ကို ဆေးရုံခေါ်သွားလိုက်ရင်, အဖွဲ့မှူးနင် နိုးလာတဲ့အချိန် ကျွန်မတို့သုံးယောက်လုံးကို နှုပ်နှုပ်စင်းပစ်လိမ့်မယ်"
သူ့ကိုယ်သူ အရမ်းချစ်မြတ်နိုးတဲ့ လူတစ်ယောက်အနေနဲ့ သူနိုးလာတဲ့အချိန်ကျရင် ဒီနေရာတစ်ခုလုံးကို လူသတ်မှုစုံစမ်းတဲ့နေရာအဖြစ်တောင် ပြောင်းပစ်လိုက်နိုင်တယ်။
"သူ့မှာ ကိုယ်ပိုင်ဆရာဝန်ရှိတာ ငါမှတ်မိတယ်။ ထန်းရှောင်,မင်း သူ့ကို ခေါ်လိုက်ပါလား"
မူချောင်ပြောလိုက်တယ်။
ထန်းရှောင် အဖွဲ့မှူးနင်ရဲ့ ဖုန်းစကားဝှက်ကို မှတ်မိဖို့အတွက် သူမရဲ့မှတ်ဉာဏ်တွေထဲ ဖြစ်ညစ်ပြီး ရှာကြည့်လိုက်တယ်။
အံ့ဩသင့်စရာ ကောင်းလှစွာ, သူမ မှတ်မိတာ မှန်သွားပြီး သူ့ရဲ့ဖုန်း contact ထဲ ဝင်မွှေကြည့်ကာ ဆက်သွယ်လိုက်တယ်။
ကိုယ်ပိုင်ဆရာဝန်က လျင်မြန်စွာနဲ့ လာဖို့ သဘောတူလိုက်တယ်။
"တကယ့်ကို အဖြူနဲ့အနက်ပဲ"
ချောင်ရိကျင် အိပ်ယာဘေးစားပွဲပေါ်က အတွင်းခံဘောင်းဘီကို ကြည့်လိုက်တယ်။
"ဆရာချောင်က အဖွဲ့မှူးနင်ရဲ့အတွင်းခံဘာအရောင်လဲဆိုတာ ကြည့်ဖို့ တမင်လိုက်လာခဲ့တာလား?"
"ငါ မင်းဟာကိုရော စစ်ကြည့်ဖို့ လိုသေးလား?"
"မလိုပါဘူး, ဆရာနဲ့ အဖွဲ့မှူးနင်တို့ကြားက ကိစ္စမှာ ကျွန်တော်ဝင်မပါချင်ပါဘူး"
......
ထန်းရှောင်မှာ ထိုနှစ်ယောက်အပြန်အလှန်ပြောနေတာတွေ ကြားပြီး စိတ်ရှုပ်ထွေးနေတယ်, "ရှင်တို့နှစ်ယောက်က....ဘ...ဘာ...ဘယ်လိုပတ်သက်နေ...?"
မူချောင်နဲ့ ချောင်ရိကျင်တို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ သူမရှိရာဆီ ခေါင်းလှည့်လာပြီး သူမမျက်နှာကို တစ်ပြိုက်နက်တည်း စိုက်ကြည့်လာကြတယ်။
မူချောင်ရဲ့မျက်နှာက ဖယောင်းနဲ့ သေချာပုံသွင်းပြီး ထုထွင်းထားသလိုမျိုး ခန့်ညား ကြော့ရှင်းနေကာ ချောင်ရိကျင်ကတော့ ခက်ထန်ပြီး မကောင်းဆိုးဝါးဆန်ဆန် ဆွဲဆောင်မှုရှိနေတယ်။
ထိုကွဲပြားခြားနားတဲ့ မျက်နှာနှစ်ခုက သူမကို ပေါက်ထွက်တော့မတက် စိုက်ကြည့်နေကြတာကြောင့် သူမအပေါ်မှာ ကြီးမားပြင်းထန်တဲ့ ဖိအားတွေ သက်ရောက်လာသလိုမျိုး ထန်းရှောင် ခံစားလိုက်ရတယ်။
"....ရှင်တို့ စကားဆက်ပြောကြပါ....ကျွန်မကို ဒီမှာမရှိတဲ့လူလို သဘောထားလိုက်...ကျေးဇူးပြုပြီး ဆက်ပြောကြပါ...."
ချောင်ရိကျင်က အတွင်းခံဘောင်းဘီကို ရှာတွေ့ရုံသာမက စားပွဲပေါ်မှာ ဖန်ခွက်နဲ့ ဖိထားတဲ့ စာရွက်အပိုင်းစလေးကိုပါ ရှာတွေ့သွားတယ်။
စာရွက်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတာက:
ရှင် ကျွန်မကို နှုတ်ပိတ်ဖို့ သတ်ဖို့ကြိုးစားမယ်ဆိုရင်တော့, ရှင့်ရဲ့ကိုယ်လုံးတီးပုံတွေကို သတင်းစာတိုက်တွေဆီ ပို့ပစ်မယ်!!!
ချောင်ရိကျင်:....
မူချောင်:....
ထန်းရှောင်:....ဖာခ့်****! ကိုယ်လုံးတီးပုံတွေတောင် ရှိတယ်!
# 3716 words
Ive Latte(mm)
Weekly: 9:00Pm
Monday & Thursday
-------------------------------------------
MM T/N:
အမလေး ဒီတစ်ပိုင်းလုံး လုံးဝအနှောက်တွေချည်းပဲ။
ထန်းရှောင် တစ်ညလုံး အတင်းထိုင်ပြောနေတာကို နားထောင်နေရတဲ့ မူချောင်နဲ့ ချောင်ရိကျင်ကို မြင်ယောင်ကြည့်
လိုက်😆😆
ချောင်ရိကျင်လို အပေါက်ဆိုးတဲ့ နံမည်ကျော်ဒါရိုက်တာတောင် မမလက်ချက်နဲ့ အလံဖြူပြလိုက်ရပြီ။
အဖွဲ့မှူးနင်လည်း သနားစရာလေးပါပဲ
Hahahahaha....😆
ထန်းရှောင်ကတော့ သူ့သူဌေးသေပြီဆိုပြီး အပြေးကိုသွားကြည့်တာ။
###
Merry Christmas ပါ🎄🎄🎄🎅🏻☃️🎁
ဒီနေ့က ပျော်ရွှင်စရာ x'masနေ့လေးမို့
Special Episode အနေနဲ့ နှစ်ပိုင်းတင်ပေးလ်ုက်ပါတယ်။