🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒ...

By HsuThaw8

30.4K 3K 88

လူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန... More

(1)
(2)
(3)🔥
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(18)
(19)
(20)

(17)

875 109 3
By HsuThaw8


"ဇီလီ ငါတို့ကအသက်ငယ်သေးတယ်လေ မိတ်ဖက်ပွဲကိုမြန်မြန်လုပ်ဖို့မလိုသေးပါဘူး "

ယဲ့ချိုရဲ့စကားကြောင့် ဇီလီသူ့ရဲ့ရင်တွေကွဲသွားသလိုခံစားလိုက်ရတယ်။ပြီတော့ သူ့စိတ်တိုလာတာမို့ သူ့ရဲ့သွားတွေကိုကြိတ်ပြီးသွားကြားထဲကထွက်လာတဲ့အသံနဲ့ မေးလိုက်သည်။

"ဘာကိုပြောချင်တာလဲယဲ့ချို"

ဇီလီရဲ့အသံကရုတ်တရက်ကြောက်ဖို့ကောင်းလာတာမလို့ ယဲ့ချိုအလိုလိုနောက်ကိုခြေတစ်လှမ်းဆုတ်မိသွားတယ်။သူထင်တာကဇီလီကသူပြောလိုက်တဲ့စကားကြောင့်အရမ်း၀မ်းနည်းသွားပြီး သူကိုဒူးထောက်ပြီးမိတ်ဖက်ပွဲကိုလုပ်ဖို့ သူ့ကိုမထားခဲ့ဖို့ ခခယယနဲ့တောင်းပန်နေရမှာလေ။ဇီလီကသူ့ကိုအရမ်းချစ်တာလေမဟုတ်ဘူးလား။

သူဇီလီကိုကြည့်လိုက်တော့နီရဲနေတဲ့မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပေမယ့်သူကိုသူအားတင်းပြီး ဇီလီနဲ့မျက်လုံးချင်းဆုံအောင်ထပ်ကြည့်လိုက်တယ်။သူအရင်ဘ၀ကဆိုရင် ဇီလီကိုကြောက်မှာဖြစ်ပေမယ့် အခုဘ၀မှာတော့ ဟိုလူဆီကနေသူရလိုက်တဲ့နည်း‌ေတွအတိုင်းကျင့်ကြံ
လိုက်ရင် သူကသားရဲလူသားတွေထက်တောင်အင်အားကြီသွားနိုင်တယ်။

ဇီလီဆိုစကားထဲတောင်ထည့်ပြောစရာမလိုဘူး။
အဲ့တာကြောင့်အခုချိန်မှာသူဇီလီကိုမကြောက်တော့ဘဲ သူရဲ့ခုနကစကားကိုသေချာအောင်ထပ်ပြောလိုက်တယ်။

"ဇီလီ ......မင်းငါနဲ့တစ်သက်လုံးနေချင်တယ်ဆိုတာသေချာပြီလား သားရဲနတ်ဘုရားဆီမှာ မိတ်ဖက်ဖို့တောင်းဆိုပြီးရင် အဲ့မိတ်ဖက်ပွဲကိုလုပ်ကိုလုပ်ရတော့မှာ ပြီရင် တစ်ဖက်က လူ မသေဆုံးသရွေ နောက်တစ်ယောက်ကအခြားသူတွေနဲ့အတူနေထိုင်လို့မရဘူးနော် ။ မင်းကအခုမှ ၁၇နှစ်ဘဲရှိသေးတာ။ ငါတို့နှစ်တွေအကြာကြီးအသက်ရှင်သွားကြရမှာလေ တကယ်လို့ မင်း"

"ငါမင်းနဲ့အတူနှစ်တွေအကြာကြီနေသွားချင်တာသေချာတယ်"
ဇီလီက ယဲ့ချိုရဲ့စကားမ‌ ဆုံးခင်မြန်မြန်ဖြတ်ပြောလိုက်တယ်။သူညနေရေချိုးတုန်းကအေးတယ်လို့မခံစားရဘူး။အခုရေ‌စိုနေတော့လည်းအေးတယ်မခံစားရဘူး။ဒါပေမယ့်အခုတော့သူတစ်ကိုယ်လုံးကအေးစက်လာခဲ့တယ်။ယဲ့ချိုရဲ့စကားတွေကြောင့်ပေါ့။

'မင်းကငါနဲ့နှစ်တွေအကြာကြီးနေသွားချင်တယ်ဟုတ်လား'ယဲ့ချိုဇီလီရဲ့စကားကြောင့်စိတ်ထဲမှာလှောင်ရယ်နေမိတယ်။

"ငါကတော့မင်းနဲ့တစ်သက်လုံးတူတူနေချင်လာဆိုတာ မသေချာတော့ဘူး ဇီလီ  ငါစဉ်းစားကြည့်တော့ ငါလည်းလူတစ်ယောက်ထဲနဲ့နှစ်တွေအကြာကြီးပေါင်းသင်းမိတ်ဖက်ပြီးမနေနိုင်ဘူး"

ယဲ့ချိုပြတ်ပြတ်သားသားပြောလိုက်မိတယ်။ယဲ့ချိုဘာလို့ထူးဆန်းနေလဲဆိုတာကို ဇီလီအခုသဘောပေါက်သွားခဲ့ပြီ။ယဲ့ချိုကသူတို့ငယ်ငယ်တုန်းကထားခဲ့တဲ့ကတိကိုနောင်တရနေတာဘဲ။ဒီကတိက ငယ်ငယ်က‌ထားခဲ့တဲ့ကတိမလို ယဲ့ချိုကအလေးအနက်မထားတာလား။နောက်ပိုင်းငါတို့တွေ့တိုင်းလည်း ဒီကတိကိုအမြဲပြောနေကြတာဘဲလေ။

ဒါပေမယ့်ဒီကိစ္စကို သူ‌ေတာင်းဆိုခဲ့တုန်းက ယဲ့ချိုကိုယ်တိုင်ကလည်းသဘောတူခဲတယ်လေ။ အခုကသူ့ကို ချစ်တယ်ပြောပြီး လူသိရှင်ကြား သားရဲနတ်ဘုရားဆီမှာ မိတ်ဖက်ဆုတောင်းပွဲ လုပ်ဖို့ နတ်ဆရာကြီးဆီမှာတောင်းဆိုတော့မယ့်အချိန်ကြမှသူရဲ့ကတိကိုဖျက်ချင်နေတာလား။သူတို့ရဲ့ကတိကိုမျိုးနွယ်စုတစ်ခုလုံးမသိပေမယ့် အရေးပါတဲ့သက်ကြီးပိုင်းလူတချိုကသိနေတယ်လေ။ဒါတောင်ဘယ်လိုစိတ်မျိုးနဲ့ ကတိကိုဖြတ်ချင်နေရတာလဲ။

ဇီလီ ယဲ့ချိုရဲ့စကားတွေကြောင့်သူ့ရဲ့မျက်နှာကပိုအေးစက်လာခဲ့ပြီး သူ့ရဲ့မျက်လုံးတွေကမှေးကျဉ်းသွားပြီး မေးလိုက်သည်။

"မင်းပေးထားတဲ့ကတိကိုဖျက်ပြီးတော့ ငါနဲ့မိတ်ဖက်မဖြစ်ချင်တော့ဘူးလိုဆိုလိုတာလား"

ယဲ့ချိုယောင်ပြီးခေါင်းငြိမ့်ပြလိုက်တယ်။ပြီးတော့ ကျောက်ရုပ်လိုအပြုံးတွေအေးခဲသွားပြီးအင်တင်တင်နဲ့ ‌ခေါင်းပြန်ရမ်းပြလိုက်တယ်။

'မဟုတ်သေးဘူး အခုလောလောဆယ်အဲ့လိုအပြတ်ဖြတ်ပစ်လိုမဖြစ်သေးဘူး။ မကြာခင်သေတော့မဲ့လူကိုမြန်မြန်အပြတ်လိုက်တာလဲကောင်းတဲ့ကိစ္စဘဲ မဟုတ်ရင်သူသေတဲ့အချိန်ငါပါရောပြီဒုက္ခရောက်နေမယ်'

သူရှင်းပြရ မရှင်းပြရ တုံ့ဆိုင်းနေမိတဲ့အချိန်မှာ သူရဲ့မျက်နှာကို လက်သီးတစ်ချက် ကျရောက်လာခဲ့တယ်။ ဇီလီလည်းအရမ်းစိတ်တိုသွားပြီး စိတ်မထိန်းနိုင်တော့တာမို တစ်ဖက်က သားရဲ့လူသားလား သားရဲတစ်ပိုင်းလားတောင်ဂရုမစိုက်နိုင်တော့ဘူး။ ယဲ့ချိုကိုသူ့ရဲ့လက်သီးတစ်ချက်ပစ်ကျွေးပလိုက်တယ်။

ယဲ့ချိုကကျယ်လောင်စွာအော်လိုက်တဲ့အတွက်ကြောင့် မျိုးနွယ်စုကလူအများစုကအပြင်ကိုထွက်လာကြပြီးစပ်စပ်စုစုနဲ့သူတို့ဘက်ကိုလှမ်းလှမ်းကြည့်နေကြတယ်။ဇီလီကိုကြောက်တဲ့အတွက်ဘယ်သူကမှ သူတို့အနားကိုမလာရဲကြဘူး။ဇီလီလည်းဒီလူတွေရဲ့အကြည့်ကြောင့်အရမ်းရှက်လာပြီး အဲ့နေရာကနေမြန်မြန်ထွက်လာခဲ့လိုက်တယ်။ ယဲ့ချိုဘယ်လိုဖြစ်ပြီးကျန်ခဲ့လည်းဆိုတာကိုတော့သူလှည့်ကိုမကြည့်ခဲ့ဘူး။

ဒါပေမယ် မြေကြီးပေါ်မှာ လဲကျနေတဲ့ယဲ့ချိုကတော့ပိုပြီးအရှက်ရလေတယ်။ သူမြန်မြန်ကျင့်ကြံပြီး ခွန်အားကြီးလာပြီ ဇီလီကိုသူခြေတောက်အောက်မှာထားဖို့ကိုမစောင့်နိုင်တော့ဘူး။ဇီလီရဲ့မာနတွေကိုရိုက်ချိုးပစ်မယ်လို့ အံ့ကြိတ်ပြီးတွေးလိုက်တယ်။ ဇီလီကမကြာခင်သေတော့မယ်ဆိုတာကိုသူပြန်အမှတ်ရလိုက်တာမို့ သူစိတ်အခြေအနေကောင်းသွားခဲ့တယ်။ဇီလီဒဏ်ရာရပြီးအိပ်ရာထဲလှဲနေရတဲ့အချိန်ဆို သူဇီလီဆိုတဲ့အကောင်ကိုစိတ်ကြိုက်လုပ်လို့ရပြီ။အသက်ရှင်ဖို့တောင်းဆိုနေမယ့်ဇီလီရဲ့ပုံစံကိုမြင်ယောင်ပြီးဂူထဲကိုဘာမှမဖြစ်ခဲ့သလို ရင်ကောပြီ၀င်သွားခဲ့ပေမယ့် သူရဲ့မျက်နှာကအနည်းငယ်ဖူးယောင်နေလေတယ်။

#Lilac
19/12/21

မကြာခင်တွေ့တော့မှာနော် ။တန်းလန်းထားပြီး ဟိုဘက်ကိုပြေးလိုက်ရမလား🤪🤪🤪အဲ့တာကိုအသစ်တစ်ပုဒ်ထပ်ရေးချင်နေသေးတယ်။

Continue Reading

You'll Also Like

189K 29.7K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
41.4K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
51.6K 8.2K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...