အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

46.8K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 34

454 87 2
By Alittlecoin

"ကောလဟာလတွေပြောကြတာ
စုမူကျိ ဦးထုပ်စိမ်း ဆောင်းခံလိုက်ရ
တယ်တဲ့"

အရင်တုန်းက ထန်းရှောင် မကြာခဏ တွေးခဲ့ဖူးတယ်။ စုမူကျိရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ဆို သူမ ဦးထုပ်စိမ်း ဆောင်းခံရနိုင်တယ်လို့။ ဒါပေမဲ့ အခုတော့ အဲဒါက ဆန့်ကျင်ဘက် ဖြစ်သွားတယ်။

သူမ အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ LanRe Serverတစ်ခုလုံးမှာ စုမူကျိ ဦးထုပ်စိမ်း ဆောင်းခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကို သိနေကြပြီ!

သူ့ခေါင်းကလည်း အစိမ်းခေါင်း ဖြစ်နေပြီတဲ့။

အဓိက လက်သည်တရားခံကတော့ ထန်းရှီပဲ။

ထန်းရှောင် လိုင်းပေါ် ရောက်သွားတဲ့အချိန်မှာ ဂိုဏ်းတစ်ခုလုံးမှာ ပွက်လောရိုက်နေကြတယ်။

[Guild] မိန်းမလှ ငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးရဲ့ မင်္ဂလာဆောင်တုန်းက မင်း ယောက်ျားတစ်ယောက်နဲ့ အိပ်ခဲ့သေးလား?"

[Guild] ထန်းရှီ: "....ဘာ?"

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "ဖာခ့်***, ထန်းရှီလေး, မင်း တကယ်ပဲလား။ အခုလူတိုင်းက မင်း ဘယ်သူနဲ့ အိပ်ခဲ့လဲဆိုတာကို ခန့်မှန်းနေကြတယ်"

[Guild] ထန်းရှီ: "နေပါအုံး, နေပါအုံး။ မင်းတို့တွေ ဘာအကြောင်း ပြောနေကြတာလဲ?"

[Guild] မိန်းမလှ ငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "Tiebaကို တစ်ချက် သွားကြည့်ကြည့်လိုက်, မင်းအကြောင်း ထိပ်ဆုံးကနေ နံမည်ကြီးနေတယ်"

Spirit Road ရဲ့ Tieba platform ဆိုတာ gameနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေ updatesတွေ အကြောင်းကို အစဉ်မပြတ်ဝေမျှပေးနေတဲ့ မှော်ဆန်တဲ့ နေရာတစ်ခုဖြစ်တယ်။

အဲ့ထဲမှာမှ နံမည်အကြီးဆုံး သတင်းခေါင်းစဉ်တွေကတော့ သံသယဝင်စရာ မလိုအောင်ကို နေရာအနှံ့က အတင်းအဖျင်းတွေအကြောင်း ဖြစ်တယ်။

သူတို့တွေက ဘယ်ဂိုဏ်းက ထူးဆန်းတဲ့အမျိုးသမီးက ဘာလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို အတင်းတုပ်ကြတယ်။ ဒါမှမဟုတ် ဘယ်Serverကတော့ ဘယ်လို ကံဆိုးမိုးမှောင်ကျပြီ ဆိုတာမျိုးကို အတင်းပြောကြတယ်။

ပြောရရင်တော့ Tieba ဆိုတာ နေရာပေါင်းစုံကဏ္ဍအသီးသီးက အတင်းအဖျင်း အကြောင်းအရာမျိုးစုံကို အားတက်သရော လှိုင်လှိုင်ဝေမျှပြီး ဆွေးနွေးအတင်းတုပ်နေကြတဲ့ နေရာလို့ဆိုရင် ပိုမှန်လိမ့်မယ်။

ဒီနေ့ရဲ့ ရေပန်းအဆုံးစား ထိပ်စည်းသတင်းခေါင်းစဉ်ကိုတော့ ထန်းရှောင်က ဝံ့ကြွားစွာနဲ့ ပိုင်ဆိုင်သွားတယ်။

မနေ့တုန်းက တားမြစ်မြို့တော်က လူတွေက ထန်းရှီက မိန်းကလေးဆိုတဲ့သတင်းကို ဖြန့်ဝေလိုက်တဲ့အချိန်မှာ Severတစ်ခုလုံး ခဏလောက် ရှောခ့်ရသွားကြတယ်။

ဒုတိယမြောက်ရက်မှာတော့ တားမြစ်မြို့တော်ဂိုဏ်းသားတွေက သတင်းတစ်ခုကို ထပ်ဖြန့်လိုက်ပြန်တယ်။ အဲဒါကတော့ တွေ့ဆုံပွဲအပြီး မကြာခင်မှာပဲ ထန်းရှီလေးက ယောက်ျားတစ်ယောက်နဲ့ အတူအိပ်ခဲ့တယ်တဲ့။

ထိုပို့စ်ထဲမှာ ထပ်ပါလာတာက တနင်္လာနေ့ကျရင် တွေ့ကြမယ်ဟု ဆိုထားကာ ပိုပြီး ခိုးကြောင်ခိုးဝှက်နဲ့ သံသယဝင်စရာကောင်းအောင် ရေးထားလိုက်သေးတယ်။

လက်ရှိမှာတော့ တားမြစ်မြို့တော်ကလူတွေ အပြင် MengHu နဲ့ Ranzhiက ဂိုဏ်းသားတွေပါ ထန်းရှီလေးနဲ့အိပ်ခဲ့တာ ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းနေကြတယ်။

Serverတစ်ခုလုံး ဝေဖန်ဆွေးနွေးနေကြတာ ဘယ်လိုထူးဆန်းတဲ့ အကောင်ကများ စုမူကျိရဲ့ခေါင်းကို အစိမ်းခေါင်းဖြစ်အောင် လုပ်ရဲတာလဲ။

ပွဲမမီလိုက်တဲ့သူတွေနဲ့ ထန်းရှီတို့အကြောင်းကို သေချာမသိသေးတဲ့သူတွေကို ကူညီလမ်းညွှန်ပေးဖို့ သူတို့က စုမူကျိနဲ့ထန်းရှီတို့ရဲ့ အချစ်အမုန်း ဒွန်တွဲနေတဲ့ ဆက်ဆံရေးအကြောင်းကို အသေးစိတ် ဖော်ပြရေးသားထားတဲ့ ပို့စ်တစ်ခုကိုတောင် တင်ထားကြတယ်။

ထန်းရှောင်ကတော့ ထိုငါးမျက်နှာစာလောက် ရှည်လျားတဲ့ ပို့စ်တွေကို တစ်ခုချင်းစီ လှန်ပြီး ဖတ်ကြည့်နေကာ, သူမရဲ့မျက်နှာအမူအရာက မူလက ⊙﹏⊙ ကနေ -_-# နောက်ဆုံးမှာတော့ (/#-_-)/┯━┯ ဖြစ်သွားတယ်။

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးရဲ့ မင်္ဂလာဆောင်တုန်းက သူမ လုပ်ခဲ့တာတွေ ဆိုလို့ စင်ပေါ်မှာ သီချင်းတစ်ပုဒ် ဟစ်တယ်။ ထောပတ်ကော်ပြန့်လိပ်ကြော်တစ်ခု ပါးစပ်ထဲသွပ်တယ်။ ပြီးတာနဲ့ သူမရဲ့အခန်းဆီ ပြန်လာတယ်။

ဒီတော့ သူမ ဘယ်သူနဲ့ အိပ်ခဲ့တာလဲ?

ထို့နောက်မှာတော့ သူမစိတ်ထဲမှာ ပေါ်လာတာက အဲ့တုန်းက ရှောင်လင်က အထီးကျန်ဆန်တာကို မခံစားနိုင်လို့ဆိုပြီး တစ်ယောက်ယောက်ကိုများ လုပ်ကြံလိုက်တာလား။

သူမ ဖုန်းကိုဆွဲယူလိုက်ပြီး ရှောင်လင့်ရဲ့နံပါတ်ဆီ ချက်ချင်း ဆက်သွယ်လိုက်တယ်။

"ရှောင်လင်! ငါ့ကို အမှန်တိုင်းဖြေနော် နင် တစ်ယောက်ယောက်နဲ့များ အိပ်ခဲ့သေးလား!!"

ဖုန်းထဲမှာ ရှောင်လင်က ထန်းရှောင်ကို ရန်သူတစ်ယောက်နဲ့ တွေ့သလိုမျိုး ပြုမူလာတယ်။ သူမ(ရှောင်လင်)က ချက်ချင်းကြီး စိုးရိမ်ပူပန်သွားကာ စကားသံ အထစ်ထစ်အအက ထွက်လာတယ်။
"မ..မ...မဟုတ်ပါဘူး...."

ထန်းရှောင် ထိုအသံကို ကြားတာနဲ့ ရှောင်လင် အပြစ်လုပ်ထားမှန်း သိလိုက်တယ်။

"အမှန်တိုင်းဖြေ! နင်ဘယ်သူနဲ့ပဲ အိပ်ခဲ့ခဲ့, ငါသေချာပေါက်ကို အဲ့လူကို တာဝန်ယူခိုင်းပြီး နင့်အတွက် တရားမျှတမှု ရစေရမယ်"

ရှောင်လင်ရဲ့ အောက်စက်ထဲ ခွေညှပ်နေတဲ့အသံက ပိုပြီးအဖျားခတ်ကာ တုန်ခါလာပြီး သနားစရာကောင်းလာတယ်။
"မဟုတ်ဘူး....မဟုတ်ပါဘူး....မလိုဘူး...ငါ...ငါ"

"ဖာခ့်***! ဒါဆို တကယ်ကြီး နင်ပေါ့!"

ထန်းရှောင် ရှောခ့်ရသွားတယ်။

သူမ ထိုအကြောင်းကို ဖြစ်နိုင်ချေ နည်းနည်း တွက်ထားခဲ့ပေမဲ့ အထင်လွဲတာပဲနေမှာ ဆိုပြီး တွေးထားခဲ့တာ။

ဒါပေမဲ့ ဘယ်သူက သိခဲ့မှာလဲ သူမ တကယ်ကြီးကို အခုလိုမျိုး ဖရုံသီး​စေ့စားရင်း အတင်းတုပ်လို့ကောင်းမဲ့ အကြောင်းကို ရှာတွေ့ခဲ့မယ်လို့လေ။

"နင် ဘယ်လိုသိသွားတာလဲ...."
ဖုန်းတစ်ဖက်မှာတော့ ရှောင်လင်မှာ ငိုချင်းချလုနီးပါး ဖြစ်နေတယ်။

ရှောင်လင့်စကားကို ကြားလိုက်တာနဲ့ ထန်းရှောင် ခါးခါးသီးသီးဖြစ်နေတဲ့လေသံနဲ့ မြည်တွန်ပြောဆိုတော့တယ်။
"နင်ဘယ်လိုများ လုပ်နိုင်ရက်တာလဲ? ဟမ်? ဝန်ခံတာမျိုးက စောက်သုံးမဝင်ဘူး, သူတို့ကိုသာ နင် တကယ်သဘောကျရင် သူတို့နဲ့အတူအိပ်လိုက် ဆိုတာကို ငါ ပြောခဲ့ပေမဲ့လည်း အရင်ဆုံး ဘာမှမလုပ်ခင် ငါ့ကို အရင်တိုင်ပင်သင့်တယ် မဟုတ်လား! အဲ့ဒီညတုန်းက နင်က ထန်းရှီလေ! အခုတော့ Tiebaတစ်ခုလုံးက ထန်းရှီက တစ်ယောက် ယောက်နဲ့ အိပ်ခဲ့တယ် ဆိုတာကို အကုန်သိကုန်ကြပြီ။ ကဲ, အခု ငါ့ကို ပြော‌တော့။ အဲဒါ ဘယ်သူလဲ!"

ရှောင်လင် ကြက်သေသေသွားတယ်။

"ဒီလို ဘာမှသိပ်မထူးဆန်းတဲ့ အကြောင်းအရာသေးသေးလေးက Tiebaပေါ်ထိတောင် ရောက်သွားတယ်? နေပါအုံး, ဘယ်Tiebaမှာလဲ?"

"Spirit Roadရဲ့ Tiebaမှာလေ, နင် မသိဘူးလား?"

ရှောင်လင် ပိုပြီး ရှုပ်ထွေးသွားတယ်။

"ဘာ? ဘာတွေဖြစ်နေတာလဲ?"

တစ်ဖက်မှာ ထန်းရှောင်လည်း ကျောက်ရုပ်ဖြစ်နေတယ်။
"တစ်ယောက်ယောက်က ပြောထားတာ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးရဲ့ မင်္ဂလာပွဲညတုန်းက ထန်းရှီက ယောက်ျားတစ်ယောက်နဲ့ အိပ်ခဲ့ပါတယ်ဆိုပြီး။ အဲ့ညတုန်းက ငါအစောကြီး အိပ်ပျော်သွားတာလေ။ ဒါကြောင့်မို့ အဲ့ဒါနင်လား ဆိုပြီး ငါမေးချင်နေတာ"

ရှောင်လင်က အမြန်ပြန်ဖြေလာတယ်။
"ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ! အဲ့ညတုန်းက ငါQQမှာ မာကျောက်ဂိမ်းဆော့နေတာ မနက်လင်းခါနီးထိပဲ။ တစ်စုံတစ်ယောက်က တစ်ယောက်ယောက်နဲ့ အိပ်ခဲ့တယ် ဆိုရင်တော့ အဲ့ဒါက နင်ဘာသာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်လို့ မူချောင်နဲ့ အိပ်လိုက်မိတာပဲ ဖြစ်လိမ့်မယ်"

"နင် မဟုတ်ဘူးလား? ဒါဆိုရင် ဘယ်သူဖြစ်နိုင်လဲ....ဖြစ်နိုင်တာ တတိယထန်းရှီ ပေါ်လာတာလား? ဖာခ့်***, ကမာ္ဘကြီးမှာ ဘာတွေဖြစ်ကုန်တာလဲ"

တတိယမြောက်ထန်းရှီ ဆိုရင်တော့, မူချောင်ရဲ့ ရွှေရောင်အမွှေးပွခွေးများ ဖြစ်နေမလား?

ထန်းရှောင်ရဲ့စိတ်ထဲမှာ ရွှေရောင်အမွှေးပွခွေးရဲ့ သရေတမြားမြားကျပြီး ယောက်ျားတစ်ယောက်အပေါ် ခုန်အုပ်လိုက်တဲ့ မြင်ကွင်းကို အသံတိတ် မြင်ယောင်လာကာ သူမမျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို ရဲတက်လာတော့တယ်။

"အ! မဟုတ်သေးပါဘူး! ငါ နင့်လေသံကို ကြားတယ်, နင် အရင်တုန်းက ဘယ်သူနဲ့ အိပ်ခဲ့မိတာလဲ??? မှန်မှန် ပြောစမ်း!"

ထန်းရှောင် မသင်္ကာစရာအနံကို ရလိုက်တာကြောင့် လုံးဝအလွယ်လေးတော့ မလွတ်ပေးနိုင်ပေ။

"ဘာရယ်? ဒီဘက်မှာ မိုးသီးတွေ ကျနေတယ်! ငါ နင့်အသံကို ​ကောင်းကောင်း မကြားရဘူး! အားယို့! ငါ့အဝတ်တွေ အထဲသွင်းဖို့ မေ့နေတာပဲ! ငါဖုန်းချလိုက်တော့မယ်နော်!"

ရှောင်လင်က လျင်မြန်စွာနဲ့ ဖုန်းချသွားတယ်။

တခြားတစ်ဖက်မှာတော့ ထန်းရှောင် သူမရဲ့အခန်းပြတင်းပေါက် အပြင်ဘက်ဆီက နေသာပြီး ကြည်လင်တောက်ပနေတဲ့ရာသီဉတုကို တိတ်ဆိတ်စွာနဲ့ ကြည့်လိုက်တယ်။

ဒီထက်ပိုကောင်းတဲ့ ဆင်ခြေကို ရှောင်လင်တကယ်ပဲ မရှာနိုင်တာလား?

ရှောင်လင်ပြောသလို ဒီနေ့မှာ မိုးသီးမုန်တိုင်းရှိသင့်ပေမဲ့လည်း အပြင်ဘက်မှာတော့ ရှင်းလင်းနေတယ်။

သူမ Tieba ကို refresh လုပ်လိုက်ကာ နောက်ထပ် စာမျက်နှာအသစ်တွေ ထပ်တိုးပြီး ကျလာတယ်။ ဒီတစ်ကြိမ်မှာတော့ သူမတကယ့်ကို စိတ်လှုပ်ရှားနေတယ်။

အဲဒီ "ထန်းရှီ" ဆိုတဲ့သူနဲ့ အတူအိပ်ခဲ့တာ ဘယ်သူလဲ!!!!

သူမ ဂိမ်းထဲကို ပြန်ဝင်လိုက်ပြီး စုမူကျိလည်း လိုင်းပေါ်ရောက်နေတယ်။

သူက စုံတွဲskillတွေထဲက တယ်လီပို့တ်ကို သုံးပြီး သူမရှိရာဆီ ရောက်လာကာ သူမရဲ့ဘေးနားမှာ ထိုင်လိုက်တယ်။

ထန်းရှောင် ထိုအချင်းအရာကို ကြည့်နေမိတဲ့အချိန်မှာ, လေထဲမှာ အဖြူရောင်ဝတ်ရုံရှည်ရဲ့ အနားစတွေ လွင့်ပျံနေတဲ့ ယောက်ျားတစ်ယောက်ကို မြင်နေရကာ, ထိုအဝတ်နားစတွေက သူမရဲ့နှလုံးသားအောက်ခြေထိကို လွင့်မျောလာသလို ခံစားလိုက်ရတယ်။

မူချောင်နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့လိုက်ရတဲ့အချိန်မှာတော့ ထန်းရှောင် လက်ရှိ ဖြစ်ပျက်နေတဲ့အရာတွေကို ရုတ်တရတ်ကြီး ရှင်းပြချင်လာတယ်။

[Private] သင်မှ စုမူကျိထံသို့: "အဲဒါ ကျွန်မ မဟုတ်ဘူး!"

အစမရှိ အဆုံးမရှိ "အဲဒါ ကျွန်မ မဟုတ်ဘူး!" ဆိုတဲ့ စာကြောင်းက ရုတ်တရတ် လွှတ်ခနဲ ထွက်သွားတယ်။

ထန်းရှောင် သူမရဲ့IQတော့ ဟိုးအောက်ဆုံးထိ နိမ့်ဆင်းသွားသလို ခံစားလိုက်ရတယ်။ အခုမှ လိုင်းပေါ်ရောက်လာတဲ့ မူချောင်က သူမ ဘာအကြောင်း ပြောနေလဲဆိုတာကို သိနေတာကမှ ထူးဆန်းနေမှာ မဟုတ်လား။

ထို့​ကြောင့် ဒုတိယအကြိမ်မြောက် သူမရဲ့ရှင်းလင်းပြောဆိုချက် ထွက်လာမည်အလုပ်မှာ မူချောင်ကအရင် သူမဆီ စာပြန်ပို့လာတယ်။

[Private] စုမူကျိမှ သင့်ထံသို့: "ငါ သိတယ်"

သူက "မင်း ဘာတွေပြောနေတာလဲ?" ဆိုတာမျိုး ဒါမှမဟုတ် "ငါ မင်းကို ယုံကြည်တယ်" ဆိုတာမျိုး မပြောခဲ့ဘူး။

ထိုအစား သူပြောလိုက်တာက "ငါ သိတယ်"

ထန်းရှောင် သူမဘေးနားပတ်ပတ်လည်က လေထုတစ်ခုလုံး ပန်းနုရောင် သမ်းသွားသလိုမျိုး ခံစားလိုက်ရတယ်။

စုမူကျိက သူမကို စနောက်နေသလို ခံစားမိကာ နောက်ထပ်စာဝင်လာတယ်။

[Private] စုမူကျိမှ သင့်ထံသို့: "မင်း ဆိုရင်တော့, သူတို့ကို ဆေးခတ်တာလောက်ပဲ လုပ်မှာပေါ့"

ထန်းရှောင်: .....အိုင်ဒေါကြီး! ရှင့်ရဲ့နွေးထွေးတဲ့ လူကြီးလူကောင်းစရိုက်က ပျောက်ကွယ်သွားပြီ! ကျွန်မရဲ့ အမျိုးသားအိုင်ဒေါက ဒီလိုမျိုးဆိုတာ ထင်တောင် မထင်ထားခဲ့ဘူး!!!

[Private] သင်မှ စုမူကျိထံသို့: "....."

နောင်တတွေလည်း အလုံးလိုက်အခဲလိုက် ရနေပြီ!

အရင်တုန်းက စုမူကျိရှေ့မှာ အရှက်မရှိ စည်းလွတ်ဝါးလွတ် နေခဲ့ပြောခဲ့သမျှအားလုံးက အခုချိန်မှာ သူမမျက်နှာတစ်ခုလုံးကို မျက်ရည်တွေ စိုရွှဲအောင် ရက်စက်ခဲ့ပြီလေ!

[Private] သင်မှ စုမူကျိထံသို့: "ဒါဆို အခုကျွန်မ ဘာလုပ်သင့်လဲ?"

[Private] စုမူကျိမှ သင့်ထံသို့: "အဲဒါကို စိတ်ပူမနေနဲ့။ သူတို့ ဘယ်လို ဆက်လုပ်မလဲ ဆိုတာသာ စောင့်ကြည့်နေ"

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့လည်း မူချောင်ဆိုတာ နံမည်ကြီး အနုပညာရှင်တစ်ယောက်ပဲလေ။
သူက မီဒီယာတွေ၊ပရိသတ်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွမ်းကျင်အဆင့်ဖြစ်နေပြီ။

[Private] စုမူကျိမှ သင့်ထံသို့: "အခုတော့ Battle(တိုက်ပွဲနယ်မြေ) ဆီသွားဖို့သာ ပြင်‌တော့။ မင်းရဲ့တိုက်ပွဲစွမ်းရည်တွေကို ငါတို့မြှင့်တင်ဖို့ လိုသေးတယ်"

စုမူကျိက ထန်းရှောင်ရဲ့ တိုက်ပွဲအတွေ့အကြုံတွေ တိုးမြှင့်လာအောင် တိုက်ပွဲနယ်မြေတွေဆီ ခေါ်ဆောင်သွားတာကို LanRe Serverသားတွေ မြင်လိုက်ကြပေမဲ့ သူတို့က ထိုမြင်ကွင်းကို မယုံကြည်နိုင်ဘူး ဖြစ်နေကြတယ်။

စုမူကျိတစ်ခေါင်းလုံးစိမ်း ဖြစ်နေတာတောင် ဘယ်လိုများ သူက အရမ်းကို စိတ်အေးလက်အေးနဲ့ သူမကို တိုက်ပွဲနေရာတွေဆီ အတူခေါ်သွားနိုင်တာလဲ?!

ထိုအကြောင်းကို တစ်ယောက်ကနေ ဆယ်ယောက်, ဆယ်ယောက်ကနေ အယောက် တစ်ရာအထိ ဖြန့်ဝေလိုက်ကြရာ အမျိုးမျိုးသော ကစားသမားပေါင်းစုံက ထိုအချင်းအရာကို ကြည့်ဖို့ရန်အတွက် အုပ်လိုက်ကြီး အပြေးရောက်လာကြတယ်။

အချိန်တိုအတွင်းမှာပဲ, တိုက်ပွဲနယ်မြေတစ်ခုလုံးမှာ လူအုပ်ကြီးနဲ့ ပြည့်သွားတယ်။

မူလက ထန်းရှောင်နဲ့ မူချောင်က အေးအေးသက်သာ အနားလည်းယူ စကားလေးလည်း လက်ဆုံကျရင်း သွားလာဖို့လုပ်ထားပေမဲ့ ဝင်ပေါက်နဲ့ သိပ်မဝေးတဲ့နေရာမှာ များပြားလှတဲ့ ကစားသမားအုပ်လိုက်ကြီးက တိုက်ပွဲနယ်မြေက မြေကြီးပေါ် ရွှေတွေ့သလိုမျိုး ပြုမူကြလိမ့်မယ်လို့ ဘယ်သူက သိထားခဲ့မှာလဲ။

သူတို့အကုန်လုံးက အဖွဲ့လိုက် group photo ရိုက်ဖို့ အလျင်လိုနေကြတယ်။

တိုက်ပွဲနယ်မြေ နောက်ခံထားပြီး ဖွေးဖွေးလှုပ်နေတဲ့ လူအုပ်ကြီးပါတဲ့ အုပ်စုလိုက် ဓာတ်ပုံတစ်ပုံ။

သေချာပေါက်ကို ထိုဓာတ်ပုံနောက်ခံမှာတော့ ထန်းရှောင်နဲ့စူမူကျိ တို့နှစ်ယောက်က ကွင်းကွင်းကွက်ကွက်ကြီးကို ပါနေတယ်။

[လက်ရှိ] တတိယနှစ် ကောလိပ်ကျောင်းသားလေး: "ထန်းရှီ! မင်း အနည်းဆုံးတော့ ဘယ်သူနဲ့ အိပ်ခဲ့တာလဲဆိုတာ ဖော်ပြသင့်တယ်။ အခုချိန်မှာတော့ ဖြစ်နိုင်ချေလေးခု ရှိတယ်။ ငါတော့ မင်းနဲ့အိပ်ခဲ့တာ စုမူကျိလို့ လောင်းတယ်"

[လက်ရှိ] ပေါက်စီ တားမြစ်နယ်မြေ: "စုမူကျိက မိန်းကလေးမှ မဟုတ်တာ!"

[လက်ရှိ] တတိယနှစ် ကောလိပ်ကျောင်းသားလေး: "ထန်းရှီက မိန်းကလေး ဖြစ်နေနိုင်တာပဲလေ, ဒီ‌တော့ စုမူကျိက ယောက်ျားလေးဖြစ်နေတာ ဘာဆန်းလို့လဲ? အဲ့မှာ မင်း စုမူကျိက ထန်းရှီကို တိုက်ပွဲနယ်မြေထဲမှာ အတူတိုက်ဖို့တောင် ခေါ်ထုတ်လာတာ မမြင်နိုင်ဘူးလား, ဒီတော့ အဲ့လူက စုမူကျိပဲ ဖြစ်နိုင်တယ်!"

[လက်ရှိ] ပေါက်စီ တားမြစ်နယ်မြေ: "ဖာခ့်***! မင်း အရမ်းဉာဏ်ပြေးတာပဲ! ငါလည်း ငါ လောင်းထားတာကို ပြောင်းလိုက်တော့မယ်။ စုမူကျိကိုပဲ ပုံအောပြီး လောင်းလိုက်ပြီ!"

[လက်ရှိ] တတိယနှစ် ကောလိပ်ကျောင်းသားလေး: "စုIdol, မင်းရော အဲလိုမျိုး မထင်ဘူးလား?"

ထန်းရှောင်မှာတော့ လုံးလုံးဆွံ့အနေတယ်။

ဒီကစားသမားတွေအကုန်လုံး အဲ့လောက်တောင် ဘာမှ လုပ်စရာကိုင်စရာ မရှိကြဘူးလား?

စုမူကျိက မျက်နှာသေနဲ့ ပြန်ဖြေလိုက်တယ်။

[လက်ရှိ] စုမူကျိ: "ကောင်းမွန်တဲ့ လေ့လာသုံးသပ်ချက်ပဲ"

[လက်ရှိ] ပေါက်စီ တားမြစ်နယ်မြေ: "ဖာခ့်***!! တကယ်ကြီး ဝန်ခံလိုက်တာလား!!!"

ထန်းရှောင်:....ဘယ်နေရာမှာများ ဝန်ခံလိုက်တာ ပါလို့လဲ?

ကစားသမားတစ်သုတ် ပြီးတာနဲ့, နောက်ထပ်တစ်သုတ် ရောက်ချလာတယ်။

များပြားလှတဲ့ ကစားသမားတွေ သူမကိုသတ်ဖို့ အတန်းလိုက်ကြီး တိုးဝှေ့ပြီး တန်းစီနေကြတာကို မြင်ရတာ ထန်းရှောင် ဒါပထမဆုံးအကြိမ်ပဲ။

ကစားသမားတိုင်းက စုမူကျိကို ကြားချင်စေတဲ့ သူတို့ရဲ့လေ့လာသုံးသပ်ချက် မှန်သမျှကို ထုတ်ဖော် ပြောကြားကြကာ စုမူကျိကလည်း လူတိုင်းကို စိတ်ရှည်လက်ရှည်နဲ့ကို ပြန်လည်တုံ့ပြန်လေတယ်။
"ကောင်းမွန်တဲ့ လေ့လာသုံးသပ်ချက်ပဲ"

သူတို့က လေ့လာသုံးသပ်ကြတယ်။
ဒီအရှင်မင်းကြီးလည်း ဖြစ်နိုင်တာပဲ, သူက ငယ်ရွယ်တဲ့ လူငယ်မို့ သူ့ကိုယ်သူ မထိန်းချုပ်တာမျိုး ဆိုရင်ရော။

စုမူကျိက မှတ်ချက်ပြုလိုက်တယ်။
"အမ်း, ကောင်းမွန်တဲ့ လေ့လာသုံးသပ်ချက်ပဲ။

ဒါနဲ့ သူတို့က ထပ်ပြီး လေ့လာသုံးသပ်ကြပြန်တယ်။
ထန်းရှီကို မသိတဲ့လူတစ်ယောက်မို့ သူကိုယ်တိုင်က ဘယ်သူနဲ့ အိပ်ခဲ့တာလည်းဆိုတာ မသိတဲ့ သူလည်း ဖြစ်နိုင်တယ်။

စုမူကျိရဲ့ မှတ်ချက်: အမ်း...အဲလိုဆိုတော့လည်း အဲဒါက ဖြစ်နိုင်ပါတယ်။

တစ်ဖက်မှာ သူတို့တွေက ဉာဏ်စမ်းပဟေဠိဖွက်သလို အဖြေရှာနေကြတုန်း, တခြားတစ်ဖက်မှာတော့ ထန်းရှောင်မှာ အသစ်သစ်သော ထပ်ထပ်ပြီး ရောက်လာတဲ့ လူတန်းကြီး ကို မနားတမ်းတွယ်နေရတယ်။

စုမူကျိက ပုံမှန်လိုဆို အေးစက်ပြီး မာနကြီးပုံ ရပေမဲ့ သူ့ရဲ့အပြုအမူတွေကတော့ မယုံကြည်နိုင်စရာကောင်းလောက်အောင် နွေးထွေးတဲ့သူ ဖြစ်တယ်။

ဒါပေမဲ့ ဒီနေ့ သူ ဘာဆေးများ မှားစားမိလိုက်တာလဲ, ဒီလောက်တောင် အရမ်းကို စကားများနေရအောင်?

[Private] သင်မှ စုမူကျိထံသို့: "....ရှင် ဒီနေ့ဘာဖြစ်နေတာလဲ?"

[Private] စုမူကျိမှ သင့်ထံသို့: "ဘာမှမဖြစ်ပါဘူး, ဒီနေ့ ငါ စိတ်ကောင်းဝင်နေရုံပါ"

[Private] သင်မှ စုမူကျိထံသို့: "....ဒါဆို ရှင်ရော ဘယ်သူဖြစ်နိုင်တယ်လို့ ထင်လဲ?"

[Private] စုမူကျိမှ သင့်ထံသို့: "မင်းကို မပြောပြဘူး"

ထန်းရှောင်:....အိုင်ဒေါကြီး! ရှင့်ရဲ့အကျင့်စရိုက်ကတော့ သေချာပေါက်ကို ယိုယွင်းနေပြီပဲ!!

#3089 words
Ive Latte(mm)

Weekly: 9:00Pm
Monday & Thursday
-------------------------------------------

Eng T/N:

ဘယ်သူပါလိမ့်နော်?

MM T/N:

Spirit Roadကဟာ​တွေ အကုန်​လုံး
အ​နှောက်​​တွေချည်းပဲ 😆😆
ကြားထဲက ဘယ်​သူနဲ့အိပ်​ခဲ့မှန်း
ကိုယ်​တိုင်​​တောင်​ မသိတဲ့ အမ​တော်​ထန်း​ရှောင်​​တော့ မျက်​လုံးပြူး​နေပြီ
မူ​ချောင်​ကလည်း ရုပ်​တည်​ကြီးနဲ့
လူဇိုး 😆

Continue Reading

You'll Also Like

170K 23.4K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
146K 23.1K 65
English name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယ‌ေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြ...
392K 33.6K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
195K 1.4K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်