(Completed) Fight the Landlor...

De Xiao_Yiii

80.7K 11.5K 426

Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေ... Mais

Description
Chapter(1)
Chapter(2)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chpater(29)
Chpater(30)
Chpater(31)
Chpater(32)
Chpater(33)
Chpater(34)
Chpater(35)
Chpater(36)
Chapter(37)
Chapter(38)
Chapter(39)
Chapter(40) - Final
Chapter(41) - Extra
For Reader

Chapter(3)

1.9K 349 5
De Xiao_Yiii

Unicode

အခန်း(၃) - ငါကချွေးမလား?

စွန်းကျီနန်သည် မူလက ညနေလေးနာရီမှာ သူ့ရဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဖက် အသစ်များနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ညစာစားရန် ဖိတ်ခေါ်၍ ပျော်ရွှင်စွာ အဆုံးသတ်ရင် စီစဉ်ထားသည်။

ထန်းခိုင်က ဒီလိုမျိုး ခွဲရခက်တဲ့ အခွံမာသီးဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ – စေ့စပ်ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ယုံတင်မကပဲ သူတို့ပြန်လာတဲ့အချိန်က အစောတလျှင်ဖြစ်သွားတာမို့လို့ တတိယအကွေ့လောက် အရောက်မှာပဲ ယဉ်ကြောပိတ်မိသွားခဲ့သည်လေ။

ကားတန်းရဲ့ အဆုံးကို မြင်တောင်မမြင်ရဘူး ; သူတို့တွေ ကုမ္ဗဏီကို ပြန်ရောက်တဲ့အချိန်မှာ နေတောင်ကျသွားလေပြီ။ စွန်းကျီနန်က သူ့နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။

"ပြန်လှည့်လိုက်, ငါ့အဖေဆီကို မောင်း"

သူ့လေသံက တိုက်ပွဲစတော့မယ့်အတိုင်း ကြောက်စရာကောင်းနေသည်။ ယွီလျှောင်က တစ်နေ့လည်ခင်းလုံး စိတ်ဖိစီးမှု ခံစားထားရတာကြောင့် သူ့ပုံစံက ဘောလုံးလေး တစ်လုံးလို ကွေးကောက်မတတ်ပင်။ အကယ်၍သာ ဒီအချိန်မှာ သူစကားမပြောမိရင် စွန်းကျီနန်က သူ့တည်ရှိမှုကို မေ့ပျောက်သွားမှာပင် ကြောက်မိသည်။ သူ့အနေနဲ့ ခပ်တိုးတိုးသာ ပြောရဲသည်။

"ဒါဆို, ဒါဆို ကျွန်တော့ကို လမ်းမှာချသွားပေးဖို့ပဲ အနှောင့်အယှက်ပေးရတော့မယ်, ကျွန်တော် ဆင်းပြီး ကုမ္ဗဏီကို ပြန်မယ့်မြေအောက်ရထား သွားစီးလိုက်ပါ့မယ်"

စွန်းကျီနန်သည် မျက်မှောင်ကြုတ်လိုက်၍ လက်ထောက်လေးရဲ့ အင်အားတွေ အကုန်လုံး ကုန်သွားသည်အထိ ယွီလျှောင်အား ပေစောင်းစောင်း စိုက်ကြည့်သည်။

စွန်းကျီနန်က ယဉ်ကျေးသိမ်မွေ့ပြီး စကားပြောရ လွယ်ကူသည့်ပုံစံပေါက်ကာ  စီးပွားရေးကိစ္စများမှာဆိုရင် သူ့စကားကို အမြဲတမ်းတည်၍ ကောင်းမွန်သော နည်းလမ်းများကိုသာ အသုံးပြုသည်။ သူက သူ့ဒေါသများကို မသက်ဆိုင်တဲ့လူများအပေါ် ထုတ်ဖော်ခြင်းအား မနှစ်သက်သော်လည်း ယွီလျှောင်ရဲ့ ပျော့ညံ့တဲ့ အကျင့်စရိုက်ကို မခံစားနိုင်တာကြောင့် အေးစက်စက်ပြောလိုက်၏။

"ရပါတယ်, ဒါပေမဲ့ မင်းအခုထွက်သွားရင် မနက်ဖြန် အလုပ်လာစရာ မလိုတော့ဘူး"

ယွီလျှောင်က အရမ်းကို ကြောက်သွားတာကြောင့် သူ့မျက်ရည်တွေက နှစ်မီတာလောက် ကျတော့မည်။ သူက ချက်ချင်းပင် ဦးညွှတ်လိုက်လေသည်။

"ကျွန်တော်,ကျွန်တော်,ကျွန်တော်,ကျွန်တော် အလျင်မလိုပါဘူး!, ကျွန်တော် အချိန်ပိုလုပ်ချင်ပါတယ်!"

စွန်းကျီနန်က အေးစက်စက် နှာမှုတ်သည်။

ဟုန်စန် Group ရဲ့ ခေါင်းဆောင်စွန်းရင်းက ဒီနှစ်မှာ (၇၆)နှစ်ပြည့်မှာဖြစ်သည်။ စွန်းကျီနန်က သူ့အသက် (၅၀) နားနီးတဲ့အချိန်မှာ ရလာခဲ့ခြင်းပင်။ ပုံမှန်ဆိုရင် အငယ်ဆုံးကလေးက အနှစ်သက်ခံရပြီး အလိုလိုက်ခံရမှာ ဖြစ်ပေမယ့်လည်း စွန်းကျီနန်က သူ့မောင်နှမတွေထက် အရမ်းကိုငယ်နေတာကြောင့် အပယ်ခံတစ်ယောက်ဖြစ်လာသည်။

သူက ငယ်ငယ်ကတည်းက ဘော်ဒါကျောင်းကို တက်ခဲ့ပြီး အိမ်ပြန်လာခဲသည်။ သူ့မိဘ၊ မောင်နှမတွေနဲ့ ရင်းနှီးမှုမရှိသလို သူ့မှာ သူငယ်ချင်းလည်း အများအပြား မရှိပေ။ သူ့ဘဝရဲ့ သက်တမ်း(၂၇) နှစ်လုံးက ကျောင်းတက်လိုက်၊ နိုင်ငံခြားသွားလိုက်၊ မိသားစု စီးပွားရေးကို လုပ်လိုက်နဲ့သာ ကုန်ဆုံးခဲ့သည်။

အရည်အချင်းရှိပြီး အောင်မြင်သူဖြစ်ရခြင်းက ကိစ္စတစ်ခုဖြစ်ပေမယ့် သူ့ရဲ့ ပင်ကိုယ်စရိုက်ကို ပြုစုပျိုးထောင်ဖို့အတွက် ပုံစံခွက် မရှိသလိုမျိုး အမြဲတမ်းလိုလို တစ်ခုခုလွဲချော်နေသလို ခံစားနေခဲ့ရသည်။

သူ့ရဲ့ နှစ်သက်မှုကို ဘယ်သူမှ ဂရုမစိုက်သလို သူ့ရဲ့ဝမ်းနည်းမှု ပျော်ရွှင်မှုကိုလည်း ဂရုစိုက်သူမရှိခဲ့ဘူး။

ထို့ကြောင့် စွန်းကျီနန်သည် အိမ်ပြန်ရန် တွန့်ဆုတ်နေမိသည်။ အကြောင်းကတော့ သူ့အဖေရဲ့ ရုတ်တရက် ဆင့်ခေါ်မှုတိုင်းက သူ့အတွက်အဆင်မပြေမှုများသာ ဖြစ်နေတတ်သည်လေ။ ကုမ္ဗဏီမှာ ပြဿနာတစ်ခုခု ရှိနေတာ ဒါမှမဟုတ် သူ့အတွက် တာဝန်အသစ်တစ်ရပ် ရှိနေတာပဲ။

Mercedes ကားလေးက သုံးကွေ့လောက် ပတ်ပြီးနောက် မြို့ပြင်ကို ဦးတည်ထွက်လာသည်။ 

ညနေ (၆) နာရီလောက်မှာ စွန်းကျီနန်က စွန်းမိသားစုဗီလာကို အချိန်မီရောက်လာသည်။ သူ့နောက်မှာတော့ လက်ကိုဘယ်ထားရမှန်းမသိသည့် ထိတ်လန့်နေသော လက်ထောက်ငယ်လေး လိုက်လာ၏။ စွန်းကျီနန်က သူ့အပေါ်ဝတ်အား အလုပ်သမားတစ်ဦးထံ ပေးလိုက်သည်။ သူလက်ဆေးဖို့ ပြင်လိုက်တဲ့အချိန်မှာ လမ်းလျှောက်တုတ်သံအား ကြားလိုက်ရလေသည်။။ သူက စိတ်ထဲမှာ သက်ပြင်းချ၍ တစ်ဖက်လှည့်လိုက်သည်။

"အဖေ"

စွန်းရင်းက ဧည့်ခန်းဝင်ပေါက်မှာ ပေါ်လာသည်။ သူက အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သော်လည်း အရမ်းကြီး အသက်ကြီးပုံ မပေါ်သေးပေ။ ရှည်လျားတဲ့ ခန္တာကိုယ်က မတ်မတ်ရပ်နေဆဲဖြစ်ပြီး သူ့မျက်လုံးများက တောက်ပ၍ တက်ကြွမှု အပြည့်ရှိနေသည်။

"ဒါကဘယ်သူလဲ?"

စွန်းကျီနန်က ယွီလျှောင်အား တစ်ချက်ကြည့်လိုက်သောအခါ ထိုလူက အသိဉာဏ်ပျောက်လောက်အောင် ကြောက်လန့်နေတာပဲလို့ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့အစား ပြန်ဖြေပေးလိုက်သည်။

"ကျွန်တော့လက်ထောက်ပါ"

ယွီလျှောင်က တုန်တုန်ယင်ယင်ပြောသည်။

"ဥ-ဥက္ကဌကြီး, မင်္ဂလာပါ"

စွန်းရင်းက ထိုလူငယ်လို သေးငယ်လှတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်အား အမှန်တကယ် ဂရုစိုက်ခြင်းမရှိပဲ စွန်းကျီနန်ကိုသာ မျက်မှောင်ကျုံ့ကာ မေးသည်။

"မင်းကိုငါက ညစာစားဖို့ ပြန်လာခိုင်းတာလေ ဘာဖြစ်လို့ မင်းရဲ့ လက်ထောက်ကိုပါ ခေါ်လာရတာလဲ?"

"အချိန်ပိုအလုပ်လုပ်ဖို့လေ" စွန်းကျီနန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

စွန်းရင်းက 'အင်း' ဟုပြောလိုက်သော်လည်း စကားမပြောပေ။ ထိုအချိန် အပြင်ဘက်ကနေ ခြေသံများ ကြားလိုက်ရသည်။  တံခါးပွင့်လာတဲ့ အချိန်မှာ လူတစ်စုဝင်လာပြီး လူငယ်လေးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာ၏။

"အိမ်မှာ ဧည့်သည်ရောက်နေတာလား? အပြင်ဘက်က Mercedes က ဘယ်သူ့ဟာလဲ?"

စွန်းကျီနန်ရဲ့ မျက်နှာက မပြောင်းလဲသော်လည်း ယွီလျှောင်မှာတော့ သူ့ရဲ့ နဂိုဆိုးဝါးနေသော စိတ်အခြေအနေက နည်းနည်းပိုပြီးကျသွားသလို ခံစားလိုက်ရသည်။

"ငါ့ဟာ" သူကပြောလိုက်သည်။

"ယိုး, အန်ကယ်လေး" လူငယ်လေးက အပြုံးနဲ့ နှုတ်ဆက်သည်။

"ဘယ်လိုဖြစ်လို့ ဒီကားနဲ့ ရောက်လာရတာလဲ? ကုမ္ဗဏီက တိုးတက်မှုနဲ့ ပတ်သတ်တဲ့ ပြဿနာတွေများ ကြုံတွေ့နေရလို့လား?"

"အလုပ်မှာလိုလို့" စွန်းကျီနန်က သူ့ကိုဂရုစိုက်ဖို့အတွက် အလွန်ပျင်းရိနေပြီး တစ်ခြားလူကြီးတစ်ယောက်ကိုသာ လှမ်းခေါင်းညိတ်ပြလိုက်သည်။

"အကိုကြီး"

ရောက်လာတဲ့အဖွဲ့က စွန်းကျီနန်ရဲ့ အကြီးဆုံးအကို စွန်းကျီယွမ်ရဲ့ မိသားစုဖြစ်သည်။ ထိုလူက လူအိုကြီးရဲ့ ဆက်ခံသူဖြစ်ပြီး ဟုန်စန်  Group ၏ အနာဂတ်ဥက္ကဌလည်းဖြစ်သည်။ သူက အသက်ငါးဆယ်ကျော် ရှိနေပြီး သူ့မျက်နှာအနေအထားက ရန်လိုတတ်သူတစ်ယောက်ပုံစံ မဟုတ်ပေ။ သူက မျက်မှန်တပ်ထား၍ ပါမောက္ခထန်းထက်ပင် သန့်စင်ညင်သာပုံပေါ်နေသည်။

သို့သော်လည်း သူတို့ညီအစ်ကို နှစ်ယောက်ကြားက အသက်ကွာခြားမှုက အနည်းငယ် ကြီးမားသည် — စွန်းကျီယွမ်ရဲ့ အကြီးဆုံးသားက စွန်းကျီနန်ထက် တစ်နှစ်သာငယ်သည်။

ယွီလျှောင်ကတော့ စွန်းကျီနန်နောက်ကနေ ရီဝေဝေဖြင့် လိုက်ပါသွားကာ ဧည့်ခန်းဆိုဖာတွင်ထိုင်၍ အိမ်တွင်းရေးကိစ္စများအား နားစွင့်ထောင်နေရသည်။ သူသည် ထိုချမ်းသာတဲ့လူတွေကလည်း သူ့ရဲ့ အဒေါ်အမြောက်အမြားနဲ့ ဆင်တူလှတယ်ဟု ခံစားနေရ၏။

သူတို့တွေ အတူတူစုမိကြတာနဲ့ သူတို့ပြောသမျှက အဓိပ္ပါယ်မရှိတဲ့ အသေးအဖွဲ အတင်းအဖျင်းတွေကြီးပဲ။ သူက ငိုင်တိုင်တိုင်ဖြင့် အိပ်ငိုက်တော့မလို ဖြစ်နေတဲ့အချိန်မှာပဲ သူ့အိတ်ကပ်က တုန်ယင်လာသည်။ ယွီလျှောင်က သူ့ဖုန်းကို လျှို့ဝှက်စွာ ထုတ်လိုက်ပြီးတဲ့အချိန်မှာ ၎င်းသည် သူ့ဘေးနားမှာ ထိုင်နေတဲ့ စွန်းကျီနန်ဆီက စာသားမက်ဆေ့ချ်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

စွန်းကျီနန် ; [ခဏနေရင် ငါတို့ညစာစားပြီးတာနဲ့ ကုမ္ဗဏီမှာ ကိစ္စပေါ်လာလို့ အချိန်ပိုပြန် အလုပ်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု လာပေး]

ယွီလျှောင်သည် နောက်ဆုံးတော့ ဘာဖြစ်လို့ စွန်းကျီနန်က သူ့ကိုကားထဲက ထွက်ခိုင်းဖို့ ငြင်းဆိုတာလဲ ဆိုတာအား နားလည်သဘောပေါက်သွားတော့သည်။ ဒါရိုက်တာစွန်းလည်း လွယ်ကူနေတာ မရှိပါလားဟုပင် တွေးမိသည်။

အလုပ်မှာ ပြဿနာတွေ ရှိနေပြီး အိမ်မှာလည်း နွေးထွေးမှုကို မခံစားရတဲ့အပြင် သူတို့ရဲ့ တရားရေးရာ အရှုပ်တွေကိုလည်း ငြိမ်နားထောင်နေရသေးတယ်။ ချောမောခန့်ညားပြီး ချမ်းသာနေတော့ရော ဘာလုပ်လို့ရမှာလဲ? တစ်ခြား single dog တွေလိုမျိုး အလုပ်ပြန်ပြီး အချိန်ပိုဆင်းဖို့ လိုအပ်နေသေးတာပဲလေ

single dog တွေတောင်မှ သူ့ရဲ့ ချမ်းသာတဲ့ မိသားစုနဲ့ အတူတူစားသောက်ရင် မျက်လုံးပွင့်နားပွင့် အတွေ့အကြုံ ရှိသေးပေမယ့် စွန်းကျီနန်ကတော့ စိုးရိမ်မှုအပြည့်နဲ့ စားသောက်နေရတာ

ညစာ စားပြီးတာနဲ့ ကိစ္စများက စွန်းကျီနန် မျှော်လင့်ထားသလိုမျိုး ဖြစ်လာသည်။ လူအိုကြီးက သူ့တူကိုချလိုက်၍ တည်ငြိမ်စွာ အမိန့်ပေးလာသည်လေ။

"ကျီနန်, ငါ့စာဖတ်ခန်းကို လိုက်ခဲ့"

စွန်းကျီနန်က ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် စိတ်ညစ်နေမိသော်လည်း သူ့အဖေကို မဖီဆန်ရဲပေ။ စာဖတ်ခန်းထဲကို ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စွန်းရင်းက ရှည်လျားလှတဲ့ ဟောပြောချက်တစ်ခုကို စတင်တော့မလိုမျိုး ဟန်ပြင်လာသည်။

"မင်းလည်း မငယ်တော့ဘူး, မိသားစုတစ်ခု စတင်ဖို့ စဉ်းစားသင့်ပြီ"

ညွှန်ကြားချက်များကို အဆင့်ဆင့် လိုက်နာသလိုမျိုး စွန်းကျီနန်သည် သူ့ဘဝရဲ့ မှတ်တိုင်တိုင်းမှာ ဘာဆက်လုပ်ရမလဲ ဆိုတာကိုနားလည်သည်။

သူက ချက်ချင်းငြင်းဆန်၏။

"ကျွန်တော်အလုပ်တွေ အရမ်းများနေတယ်, အဲ့ဒါကြောင့် လောလောဆယ် မစဉ်းစားချင်သေးဘူး, ကျွန်တော့အသက် (၃၀) ပြည့်တဲ့အထိ စောင့်ပါဦး"

"မင်းစဉ်းစားချင်တဲ့ သင့်တော်သူ တစ်ယောက်မှ မရှိဘူးမှတ်လား" စွန်းရင်းကစကားဆက်သည်။

"ငါ့မှာ မိတ်ဆွေဟောင်း တစ်ယောက်ရှိတယ်......"

စွန်းကျီနန်က ထိုစကားကို ကြားတာနဲ့ ကြားဖြတ်ပြောသည်

"အဖေ, ကျွန်တော်အရင်ပြောဘူးပါတယ် ကျွန်တော်က gay တစ်ယောက်ပါ, သူတို့ရဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့"

"gay ဆိုတဲ့စကားလုံးကို ဆင်ခြေတစ်ခုလို သုံးနေတာ ရပ်လိုက်တော့" 

စွန်းရင်းက သူ့ကိုပြစ်တင်ဆုံးမရင်း စားပွဲခုံကို ရိုက်ထည့်လိုက်သည်။

"မင်းကဒီအတိုင်း ချည်နှောင်မှုကို မခံချင်တာ! အသက်က သုံးဆယ်နားနီးနေပြီကို အခုထိ မိသားစုတစ်ခု အစ မထူထောင်ချင်သေးဘူး, တာဝန်ယူမှုက ဘာလဲဆိုတာ နားမလည်ဘူးဆိုရင် မင်းရဲ့ ခေါင်းဆောင်မှုကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ?"

ဒါတွေအားလုံးက ယုတ်မာတဲ့ ယုတ္တိဗေဒတွေ

စွန်းကျီနန်က သူ့ဒေါသကို မျိုသိပ်ကာ စွန်းရင်းနဲ့မငြင်းခုံချင်တာကြောင့် မျှော်လင့်ချက်မဲ့စွာ မေးလိုက်သည်။

"ဒါဆို ကျွန်တော့ကို ဘာလုပ်စေချင်နေတာလဲ?"

စွန်းရင်းကပြောလာသည်။

"ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ် သူ့သားလည်း gay ပဲ ပြီးတော့ မင်းတို့နှစ်ယောက်က အသက်လည်းကိုက်ညီတော့ ကောင်းကောင်းလိုက်ဖက်မှာ,အဲ့ဒါကြောင့် အချိန်ရှိရင် တွေ့လိုက်ကြ"

စွန်းကျီနန်ရဲ့ ရှုံ့တွနေသော မျက်ခုံးများက  '川' ပုံစံဖြစ်သွားရသည်။

"အဖေ, မမေ့နဲ့နော် အဖေ့မိတ်ဆွေရဲ့သားက အကြီးဆုံးအကိုကြီးနဲ့ အသက်အတူတူလောက် ဖြစ်နေမှာ, ကျွန်တော့ကို သူတို့မိသားစုရဲ့ ချွေးမဖြစ်စေချင်နေတာလား?"

"ဘာတွေပြောနေတာလဲ? ဘယ်သူကမင်းကို ချွေးမဖြစ်စေမှာလဲ? ငါကမင်းအဖေပါ, ဘယ်လိုဖြစ်လို့ မင်းကိုထိခိုက်အောင် လုပ်ပါ့မလဲ?" စွန်းရင်းက ဆက်ပြောသည်။

"ငါ့မိတ်ဆွေက အနားမယူသေးဘူး, သူ့သားကလည်း နောက်နှစ်မှ သုံးဆယ်ပြည့်မှာ, သူကငယ်သေးတယ်..."

စွန်းကျီနန်သည် 'အနားမယူသေးဘူး' ဆိုတဲ့ စကားကို ကြားတာနဲ့တင် နားလည်သွားသည်။ တစ်ဆယ်မှာ ကိုးဆယ်လောက်က အိမ်ထောင်ရေးကို စီးပွားရေးအဖြစ် ရှမြင်တဲ့ စွန်းကျီအတွက်ကတော့ သူ့ရဲ့ ထောက်ခံမှုရတာ လူငယ်လေးမဟုတ်ပဲ အဖေဖြစ်သူကိုသာ ဖြစ်လိမ့်မည်။

စွန်းကျီနန်သည် သူ့ဘဝရဲ့ အရေးကြီးဆုံးသော အဖြစ်အပျက်များကို သေသေချာချာ မစီစဉ်ဘူးပေမယ့်လည်း သူ့ဘဝရဲ့ နောက်ထပ် တစ်ဝက်ကိုတော့ ပေါ့ပေါ့ဆဆ မလုပ်ချင်တာကြောင့် တိုက်ရိုက်ငြင်းဆိုလိုက်သည်။

"ကျွန်တော်စိတ်မဝင်စားဘူး, blind date လုပ်ဖို့ မလိုပါဘူး"

ထိုအချိန်မှာပဲ အပြင်ဘက်ကနေ တံခါးခေါက်သံ နှစ်ချက် ထွက်ပေါ်လာသည်။ စွန်းကျီနန်သည် သူ့ကယ်တင်ရှင် ယွီလျှောင်ရောက်လာပြီကို သိလိုက်သည်။ သို့သော်လည်း သူတံခါးဖွင့်ဖို့ လုပ်လိုက်တဲ့အချိန်မှာ စွန်းရင်းက သူ့နောက်ကနေ မေးလာ၏။

"မင်းတကယ်ပဲ မသွားဘူးလား?"

စွန်းကျီနန်ကတော့ တံခါးကိုဖွင့်ပြီး ယွီလျှောင်အား ဝင်ခွင့်ပေးလိုက်သည်။

"တကယ်ပဲ, ဘာဖြစ်လို့လဲ?"

ယွီလျှောင်ကပြောသည်။

"Boss, အမကုယောက်က ဖုန်းခေါ်ပြီး ပြောလာပါတယ်, အရေးပေါ် ကိစ္စတစ်ခု ပေါ်လာလို့တဲ့, သူမက boss ကို ရုံးခန်းဆီ ပြန်လာစေချင်နေတယ်"

စွန်းကျီနန်က ခေါင်းညိတ်ပြပြီး စွန်းရင်းဘက် လှည့်ကြည့်လိုက်ကာ စိတ်ချရတဲ့ အမူအယာဖြင့် ပြောလာသည်။

"အဖေ, ကျွန်တော်အလုပ်ရှိသေးလို့, အရင်သွားနှင့်တော့မယ်"

"နေဦး!" စွန်းရင်းကပြောသည်

စွန်းကျီနန် ; "ဘာကျန်သေးလို့လဲ?"

"မင်းက သူ့လက်ထောက်မှတ်လား? ဒီကိုလာပါဦး" စွန်းရင်းက ယွီလျှောင်အား လှမ်းခေါ်သည်။

"ဘာတွေများ အရေးကြီးနေလို့ ဟိုကိုပြန်သွားဖို့ လိုနေတာလဲ?" 

ယွီလျှောင်သည် လူအိုကြီး၏ ထိုးဖောက်ဝင်ရောက်မတတ် အကြည့်ကို ရင်ဆိုင်ရတဲ့အချိန်မှာ သူ့ရဲ့စီနီယာတန်းက စာတမ်းကို ခုခံကာကွယ်နေရသလိုမျိုး ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာနဲ့ သူ့ဆီမှာ အကြောင်းအရာအနည်းငယ် စုဆောင်းထားတာ ရှိနေခြင်းပင်။ သူက အလျင်အမြန်ပဲ ကြံဖန်ပြီးပြောလိုက်သည်။

"ဥက္ကဌကြီး,ဒီလိုပါ, ကျွန်တော်တို့ ဒီနေ့နေ့လည်ပိုင်းမှာ မူပိုင်ခွင့် ရယူဖို့အတွက် ထျန်းဟိုင်တက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်ကို တွေ့ဖို့ သွားခဲ့ပါတယ်, ပါမောက္ခက ငြင်းလိုက်ပေမယ့် အခုပဲ လက်ထောက်ကျောက်က ဖုန်းခေါ်လာပြီး တစ်ဖက်က စိတ်ပြောင်းသွားပြီ ဆိုတဲ့စကားကို  လက်ခံရလိုက်တာမို့ ဒါရိုက်တာစွန်းအနေနဲ့ အဲ့ဒီအတွက် အလုပ်ပြန်လုပ်ရမှာပါ"

စွန်းကျီနန်သည် ယွီလျှောင်အား မတ်တပ်ရပ်ပြီး ဂုဏ်ပြုပေးလုနီးပါး ဖြစ်သွားသည်။ ဒီလူကအလွန်အမင်း ရှက်တတ်ပုံပေါက်သည်ဟု သူအမြဲထင်ထားခဲ့ပေမယ့် အန္တရာယ်နှင့် ရင်ဆိုင်ရတဲ့အချိန်မှာ သတ္တိရှိရှိနဲ့ လျောက်ပတ်တဲ့ ကျွမ်းကျင်မှုအချို့ ရှိနေမယ်လို့ မမျှော်လင့်ခဲ့မိဘူး။

စွန်းရင်းကတော့ ယွီလျှောင်ရဲ့ စကားများကို မယုံတစ်ဝက် ယုံတစ်ဝက်ပဲ

"ထျန်းဟိုင်တက္ကသိုလ်က ဘယ်ပါမောက္ခလဲ?"

ယွီလျှောင်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။

"အဲ့ဒါကဇီဝသိပ္ပံဌာနက ပါမောက္ခထန်းခိုင်ပါ"

စွန်းရင်းက အလန့်တကြား ဖြစ်သွားပြီနောက် သူ့နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးခပ်ဖျော့ဖျော့ ဖြစ်ပေါ်သွားသည်။ စွန်းကျီနန်သည် ဘာကြောင့်မှန်း နားမလည်သော်လည်း ရုတ်တရက် ထူးဆန်းသည့်ခံစားချက်တစ်ခု ရလိုက်၏။

"ကြည့်ပါလား, ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ" စွန်းရင်းက ထိုင်ခုံကို နောက်မှီချလိုက်ရင်း စကားဆက်သည်။

"မင်းကိုငါ တွေ့စေချင်တဲ့လူကလည်း အတိအကျကို အဲ့ဒီလူပဲ, မင်းတို့က တွေ့ပြီးနေမယ်လို့တောင် မထင်ထားဘူး"

စွန်းကျီနန်က ဗလာဖြစ်သွားသည် "ဘယ်သူ?"

"ထန်းခိုင်လေ" စွန်းရင်းက သူ့ကိုမေးလာသည်။
"သူက ပြည်နယ်ပါတီ ကော်မတီဝင် ထန်းကျွမ်ဟွားရဲ့သားလေ, မင်းမသိဘူးလား? "

စွန်းကျီနန်, "..."

သူက ခေါင်းကိုဖြည်းညှင်းစွာ လှည့်လိုက်ပြီး ယွီလျှောင်အား စိုက်ကြည့်ကာ သူ့စကားလုံးတိုင်းကို သွားကြားကနေ ညှစ်ထုတ်လိုက်သည်။

"အဲ့ဒီလိုလား...... ကျွန်တော်မကြားလိုက်မိဘူး"

"မင်းနဲ့သူ တွေ့ပြီးသွားပြီဆိုတော့ ပိုကောင်းသွားတာပေါ့, ဒါက ကံကြမ္မာပဲမဟုတ်လား?" စွန်းရင်းက အတော်လေး ကျေနပ်နေသည်။

"ငါတို့မိသားစုနှစ်စုက မိတ်ဆွေဟောင်းတွေပဲလေ, သူနဲ့သွားတွေ့ရင် မင်းကုမ္ဗဏီရဲ့ ကိစ္စတွေကိုပါ သိသွားမှာပေါ့, အဲ့ဒါက အချိန်ကုန်သက်သာသွားတယ်, အဲ့ဒါကြောင့် ဒီအတိုင်းပဲ လုပ်လိုက်တော့, ငါမင်းကို အချိန်နဲ့နေရာအတွက် တစ်စုံတစ်ယောက် လွှတ်ပြီး ပြောခိုင်းလိုက်မယ်"

ဒါက နှစ်ဖက်လုံးရဲ့ သဘောတူညီချက် ဆိုမှတော့ ထန်းခိုင်က ဒီကိစ္စကို သိပြီးသားဖြစ်နေမှာပဲ....ဒီနေ့သူ့သဘောထားက အရမ်းကို ရန်လိုနေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ

အကယ်၍ စွန်းကျီနန်သာ အဲ့ဒီနံစော်ပြီး အလျော့အတင်း မရှိတဲ့ ဆင်းရဲသား စာဂျပိုးကောင်က သူနဲ့ blind date လုပ်ရမယ့်သူမှန်းသာ သိခဲ့မယ်ဆိုရင် သူဒီနေ့ ထျန်းဟိုင်တက္ကသိုလ်ကို လုံးဝသွားမှာ မဟုတ်ဘူး

"ဘာမှမရှိတော့ဘူး၊ မင်းပြန်သွားလို့ရပြီ" သူ့ကိစ္စများပြီးသောအခါ စွန်းရင်းသည် ဆက်ဆွေးနွေးချင်စိတ် မရှိတော့ပေ။

စွန်းကျီနန်က ရုန်းကန်ရင်းနဲ့ပဲ သေတော့မယ်ဟု ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်ဒီနေ့ ထန်းခိုင်နဲ့တွေ့ခဲ့တာ ကျွန်တော်တို့နှစ်ယောက်က ကောင်းကောင်း မကိုက်ညီဘူးလို့ ခံစားရတယ်....."

"မင်းဘယ်သူနဲ့ ကိုက်ညီလဲ မကိုက်ညီလဲ ငါဂရုမစိုက်ဘူး, မင်းရဲ့လိင်စိတ်တိမ်းညွတ်မှု အကြောင်းလည်း ဘာမှမကြားချင်ဘူး" စွန်းရင်းက ရှင်းရှင်းလင်းလင်းပြောသည်။

"မင်းထန်းခိုင်နဲ့ လက်မထပ်ချင်ဘူးဆိုရင် ငါ့အမွေကို (တစ်) ရာခိုင်နှုန်းတောင် လက်ခံဖို့ မစဉ်းစားနဲ"

စာဖတ်ခန်းတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

စွန်းရင်းက စွန်းကျီနန်အား စိုက်ကြည့်နေသည်မှာ သူဘာရွေးချယ်မလဲ ဆိုတာကို ကြိုမြင်နေပုံပင်။

"ကောင်းပြီလေ"

ခဏတာ တိတ်ဆိတ်မှု ပြီးနောက်မှာ စွန်းကျီနန်က အဓိပ္ပါယ်မဲ့လှသော စီစဉ်မှုကြောင့် ရယ်မောလိုက်တော့၏။

"ဒါက blind date လေးပဲ မဟုတ်ဘူးလား? အကယ်၍ အဖေက မိတ်ဆွေဟောင်းကို ဆုံးရှုံးရမှာ မကြောက်ဘူးဆိုရင် ကျွန်တော်သေချာပေါက် သွားနိုင်တာပေါ့"

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသော်လည်း အဲ့ဒါက သူ့ကိုယ်သူ လှောင်ပြောင်ခြင်းလား သို့မဟုတ် သနားခြင်းလား ရှင်းရှင်းလင်းလင်းမသိရပဲ စာဖတ်ခန်းထဲမှ လျှောက်ထွက်သွားကာ အရှေ့တံခါးကို တွန်းဖွင့်လိုက်တော့သည်။

6.12.2021

=============
Unicode

အခန္း(၃) - ငါကေခၽြးမလား?

စြန္းက်ီနန္သည္ မူလက ညေနေလးနာရီမွာ သူ႔ရဲ႔ လုပ္ငန္းလုပ္ေဖာ္ကိုင္ဖက္ အသစ္မ်ားနဲ႔ ေတြ႕ဆံုျပီး သူတို႔ရဲ႔ ပူးေပါင္းေဆာင္ရြက္မႈအတြက္ ညစာစားရန္ ဖိတ္ေခၚ၍ ေပ်ာ္ရႊင္စြာ အဆံုးသတ္ရင္ စီစဥ္ထားသည္။

ထန္းခိုင္က ဒီလိုမ်ိဳး ခြဲရခက္တဲ့ အခြံမာသီးျဖစ္ေနမယ္လို႔ ဘယ္သူက ထင္ထားမိမွာလဲ – ေစ့စပ္ၫွိႏွိုင္းမႈေတြ မေအာင္ျမင္ခဲ့ယံုတင္မကပဲ သူတို႔ျပန္လာတဲ့အခ်ိန္က အေစာတလွ်င္ျဖစ္သြားတာမို႔လို႔ တတိယအေကြ႕ေလာက္ အေရာက္မွာပဲ ယဥ္ေၾကာပိတ္မိသြားခဲ့သည္ေလ။

ကားတန္းရဲ႔ အဆံုးကို ျမင္ေတာင္မျမင္ရဘူး ; သူတို႔ေတြ ကုမၺဏီကို ျပန္ေရာက္တဲ့အခ်ိန္မွာ ေနေတာင္က်သြားေလၿပီ။ စြန္းက်ီနန္က သူ႔နာရီကို တစ္ခ်က္ငံု႔ၾကည့္လိုက္သည္။

"ျပန္လွည့္လိုက္, ငါ့အေဖဆီကို ေမာင္း"

သူ႔ေလသံက တိုက္ပြဲစေတာ့မယ့္အတိုင္း ေၾကာက္စရာေကာင္းေနသည္။ ယြီေလွ်ာင္က တစ္ေန႔လည္ခင္းလံုး စိတ္ဖိစီးမႈ ခံစားထားရတာေၾကာင့္ သူ႔ပံုစံက ေဘာလံုးေလး တစ္လံုးလို ေကြးေကာက္မတတ္ပင္။ အကယ္၍သာ ဒီအခ်ိန္မွာ သူစကားမေျပာမိရင္ စြန္းက်ီနန္က သူ႔တည္ရွိမႈကို ေမ့ေပ်ာက္သြားမွာပင္ ေၾကာက္မိသည္။ သူ႔အေနနဲ႔ ခပ္တိုးတိုးသာ ေျပာရဲသည္။

"ဒါဆို, ဒါဆို ကၽြန္ေတာ့ကို လမ္းမွာခ်သြားေပးဖို႔ပဲ အေႏွာင့္အယွက္ေပးရေတာ့မယ္, ကၽြန္ေတာ္ ဆင္းၿပီး ကုမၺဏီကို ျပန္မယ့္ေျမေအာက္ရထား သြားစီးလိုက္ပါ့မယ္"

စြန္းက်ီနန္သည္ မ်က္ေမွာင္ၾကဳတ္လိုက္၍ လက္ေထာက္ေလးရဲ႔ အင္အားေတြ အကုန္လံုး ကုန္သြားသည္အထိ ယြီေလွ်ာင္အား ေပေစာင္းေစာင္း စိုက္ၾကည့္သည္။

စြန္းက်ီနန္က ယဥ္ေက်းသိမ္ေမြ႕ၿပီး စကားေျပာရ လြယ္ကူသည့္ပံုစံေပါက္ကာ  စီးပြားေရးကိစၥမ်ားမွာဆိုရင္ သူ႔စကားကို အၿမဲတမ္းတည္၍ ေကာင္းမြန္ေသာ နည္းလမ္းမ်ားကိုသာ အသံုးျပဳသည္။ သူက သူ႔ေဒါသမ်ားကို မသက္ဆိုင္တဲ့လူမ်ားအေပၚ ထုတ္ေဖာ္ျခင္းအား မႏွစ္သက္ေသာ္လည္း ယြီေလွ်ာင္ရဲ႔ ေပ်ာ့ညံ့တဲ့ အက်င့္စ႐ိုက္ကို မခံစားႏိုင္တာေၾကာင့္ ေအးစက္စက္ေျပာလိုက္၏။

"ရပါတယ္, ဒါေပမဲ့ မင္းအခုထြက္သြားရင္ မနက္ျဖန္ အလုပ္လာစရာ မလိုေတာ့ဘူး"

ယြီေလွ်ာင္က အရမ္းကို ေၾကာက္သြားတာေၾကာင့္ သူ႔မ်က္ရည္ေတြက ႏွစ္မီတာေလာက္ က်ေတာ့မည္။ သူက ခ်က္ခ်င္းပင္ ဦးၫႊတ္လိုက္ေလသည္။

"ကၽြန္ေတာ္,ကၽြန္ေတာ္,ကၽြန္ေတာ္,ကၽြန္ေတာ္ အလ်င္မလိုပါဘူး!, ကၽြန္ေတာ္ အခ်ိန္ပိုလုပ္ခ်င္ပါတယ္!"

စြန္းက်ီနန္က ေအးစက္စက္ ႏွာမႈတ္သည္။

ဟုန္စန္ Group ရဲ႔ ေခါင္းေဆာင္စြန္းရင္းက ဒီႏွစ္မွာ (၇၆)ႏွစ္ျပည့္မွာျဖစ္သည္။ စြန္းက်ီနန္က သူ႔အသက္ (၅၀) နားနီးတဲ့အခ်ိန္မွာ ရလာခဲ့ျခင္းပင္။ ပံုမွန္ဆိုရင္ အငယ္ဆံုးကေလးက အႏွစ္သက္ခံရၿပီး အလိုလိုက္ခံရမွာ ျဖစ္ေပမယ့္လည္း စြန္းက်ီနန္က သူ႔ေမာင္ႏွမေတြထက္ အရမ္းကိုငယ္ေနတာေၾကာင့္ အပယ္ခံတစ္ေယာက္ျဖစ္လာသည္။

သူက ငယ္ငယ္ကတည္းက ေဘာ္ဒါေက်ာင္းကို တက္ခဲ့ၿပီး အိမ္ျပန္လာခဲသည္။ သူ႔မိဘ၊ ေမာင္ႏွမေတြနဲ႔ ရင္းႏွီးမႈမရွိသလို သူ႔မွာ သူငယ္ခ်င္းလည္း အမ်ားအျပား မရွိေပ။ သူ႔ဘဝရဲ႔ သက္တမ္း(၂၇) ႏွစ္လံုးက ေက်ာင္းတက္လိုက္၊ ႏိုင္ငံျခားသြားလိုက္၊ မိသားစု စီးပြားေရးကို လုပ္လိုက္နဲ႔သာ ကုန္ဆံုးခဲ့သည္။

အရည္အခ်င္းရွိၿပီး ေအာင္ျမင္သူျဖစ္ရျခင္းက ကိစၥတစ္ခုျဖစ္ေပမယ့္ သူ႔ရဲ႔ ပင္ကိုယ္စ႐ိုက္ကို ျပဳစုပ်ိဳးေထာင္ဖို႔အတြက္ ပံုစံခြက္ မရွိသလိုမ်ိဳး အၿမဲတမ္းလိုလို တစ္ခုခုလြဲေခ်ာ္ေနသလို ခံစားေနခဲ့ရသည္။

သူ႔ရဲ႔ ႏွစ္သက္မႈကို ဘယ္သူမွ ဂ႐ုမစိုက္သလို သူ႔ရဲ႔ဝမ္းနည္းမႈ ေပ်ာ္ရႊင္မႈကိုလည္း ဂ႐ုစိုက္သူမရွိခဲ့ဘူး။

ထို႔ေၾကာင့္ စြန္းက်ီနန္သည္ အိမ္ျပန္ရန္ တြန္႔ဆုတ္ေနမိသည္။ အေၾကာင္းကေတာ့ သူ႔အေဖရဲ႔ ႐ုတ္တရက္ ဆင့္ေခၚမႈတိုင္းက သူ႔အတြက္အဆင္မေျပမႈမ်ားသာ ျဖစ္ေနတတ္သည္ေလ။ ကုမၺဏီမွာ ျပႆနာတစ္ခုခု ရွိေနတာ ဒါမွမဟုတ္ သူ႔အတြက္ တာဝန္အသစ္တစ္ရပ္ ရွိေနတာပဲ။

Mercedes ကားေလးက သံုးေကြ႕ေလာက္ ပတ္ၿပီးေနာက္ ၿမိဳ႔ျပင္ကို ဦးတည္ထြက္လာသည္။ 

ညေန (၆) နာရီေလာက္မွာ စြန္းက်ီနန္က စြန္းမိသားစုဗီလာကို အခ်ိန္မီေရာက္လာသည္။ သူ႔ေနာက္မွာေတာ့ လက္ကိုဘယ္ထားရမွန္းမသိသည့္ ထိတ္လန္႔ေနေသာ လက္ေထာက္ငယ္ေလး လိုက္လာ၏။ စြန္းက်ီနန္က သူ႔အေပၚဝတ္အား အလုပ္သမားတစ္ဦးထံ ေပးလိုက္သည္။ သူလက္ေဆးဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ လမ္းေလွ်ာက္တုတ္သံအား ၾကားလိုက္ရေလသည္။။ သူက စိတ္ထဲမွာ သက္ျပင္းခ်၍ တစ္ဖက္လွည့္လိုက္သည္။

"အေဖ"

စြန္းရင္းက ဧည့္ခန္းဝင္ေပါက္မွာ ေပၚလာသည္။ သူက အသက္အရြယ္ ႀကီးရင့္လာၿပီ ျဖစ္ေသာ္လည္း အရမ္းႀကီး အသက္ႀကီးပံု မေပၚေသးေပ။ ရွည္လ်ားတဲ့ ခႏာၱကိုယ္က မတ္မတ္ရပ္ေနဆဲျဖစ္ၿပီး သူ႔မ်က္လံုးမ်ားက ေတာက္ပ၍ တက္ႂကြမွဳ အျပည့္ရွိေနသည္။

"ဒါကဘယ္သူလဲ?"

စြန္းက်ီနန္က ယြီေလွ်ာင္အား တစ္ခ်က္ၾကည့္လိုက္ေသာအခါ ထိုလူက အသိဉာဏ္ေပ်ာက္ေလာက္ေအာင္ ေၾကာက္လန္႔ေနတာပဲလို႔ ဆံုးျဖတ္ခ်က္ခ်လိုက္ၿပီး သူ႔အစား ျပန္ေျဖေပးလိုက္သည္။

"ကၽြန္ေတာ့လက္ေထာက္ပါ"

ယြီေလွ်ာင္က တုန္တုန္ယင္ယင္ေျပာသည္။

"ဥ-ဥကၠဌႀကီး, မဂၤလာပါ"

စြန္းရင္းက ထိုလူငယ္လို ေသးငယ္လွတဲ့ ပုရြက္ဆိတ္ေလး တစ္ေကာင္အား အမွန္တကယ္ ဂ႐ုစိုက္ျခင္းမရွိပဲ စြန္းက်ီနန္ကိုသာ မ်က္ေမွာင္က်ံဳ႔ကာ ေမးသည္။

"မင္းကိုငါက ညစာစားဖို႔ ျပန္လာခိုင္းတာေလ ဘာျဖစ္လို႔ မင္းရဲ႔ လက္ေထာက္ကိုပါ ေခၚလာရတာလဲ?"

"အခ်ိန္ပိုအလုပ္လုပ္ဖို႔ေလ" စြန္းက်ီနန္က ေပါ့ေပါ့ပါးပါး ျပန္ေျဖသည္။

စြန္းရင္းက 'အင္း' ဟုေျပာလိုက္ေသာ္လည္း စကားမေျပာေပ။ ထိုအခ်ိန္ အျပင္ဘက္ကေန ေျခသံမ်ား ၾကားလိုက္ရသည္။  တံခါးပြင့္လာတဲ့ အခ်ိန္မွာ လူတစ္စုဝင္လာၿပီး လူငယ္ေလးတစ္ေယာက္က က်ယ္ေလာင္စြာ ေအာ္ဟစ္လာ၏။

"အိမ္မွာ ဧည့္သည္ေရာက္ေနတာလား? အျပင္ဘက္က Mercedes က ဘယ္သူ႔ဟာလဲ?"

စြန္းက်ီနန္ရဲ႔ မ်က္ႏွာက မေျပာင္းလဲေသာ္လည္း ယြီေလွ်ာင္မွာေတာ့ သူ႔ရဲ႔ နဂိုဆိုးဝါးေနေသာ စိတ္အေျခအေနက နည္းနည္းပိုၿပီးက်သြားသလို ခံစားလိုက္ရသည္။

"ငါ့ဟာ" သူကေျပာလိုက္သည္။

"ယိုး, အန္ကယ္ေလး" လူငယ္ေလးက အျပံဳးနဲ႔ ႏႈတ္ဆက္သည္။

"ဘယ္လိုျဖစ္လို႔ ဒီကားနဲ႔ ေရာက္လာရတာလဲ? ကုမၺဏီက တိုးတက္မႈနဲ႔ ပတ္သတ္တဲ့ ျပႆနာေတြမ်ား ၾကံဳေတြ႕ေနရလို႔လား?"

"အလုပ္မွာလိုလို႔" စြန္းက်ီနန္က သူ႔ကိုဂ႐ုစိုက္ဖို႔အတြက္ အလြန္ပ်င္းရိေနၿပီး တစ္ျခားလူႀကီးတစ္ေယာက္ကိုသာ လွမ္းေခါင္းညိတ္ျပလိုက္သည္။

"အကိုႀကီး"

ေရာက္လာတဲ့အဖြဲ႔က စြန္းက်ီနန္ရဲ႔ အႀကီးဆံုးအကို စြန္းက်ီယြမ္ရဲ႔ မိသားစုျဖစ္သည္။ ထိုလူက လူအိုႀကီးရဲ႔ ဆက္ခံသူျဖစ္ၿပီး ဟုန္စန္  Group ၏ အနာဂတ္ဥကၠဌလည္းျဖစ္သည္။ သူက အသက္ငါးဆယ္ေက်ာ္ ရွိေနၿပီး သူ႔မ်က္ႏွာအေနအထားက ရန္လိုတတ္သူတစ္ေယာက္ပံုစံ မဟုတ္ေပ။ သူက မ်က္မွန္တပ္ထား၍ ပါေမာကၡထန္းထက္ပင္ သန္႔စင္ညင္သာပံုေပၚေနသည္။

သို႔ေသာ္လည္း သူတို႔ညီအစ္ကို ႏွစ္ေယာက္ၾကားက အသက္ကြာျခားမႈက အနည္းငယ္ ႀကီးမားသည္ — စြန္းက်ီယြမ္ရဲ႔ အႀကီးဆံုးသားက စြန္းက်ီနန္ထက္ တစ္ႏွစ္သာငယ္သည္။

ယြီေလွ်ာင္ကေတာ့ စြန္းက်ီနန္ေနာက္ကေန ရီေဝေဝျဖင့္ လိုက္ပါသြားကာ ဧည့္ခန္းဆိုဖာတြင္ထိုင္၍ အိမ္တြင္းေရးကိစၥမ်ားအား နားစြင့္ေထာင္ေနရသည္။ သူသည္ ထိုခ်မ္းသာတဲ့လူေတြကလည္း သူ႔ရဲ႔ အေဒၚအေျမာက္အျမားနဲ႔ ဆင္တူလွတယ္ဟု ခံစားေနရ၏။

သူတို႔ေတြ အတူတူစုမိၾကတာနဲ႔ သူတို႔ေျပာသမွ်က အဓိပၸါယ္မရွိတဲ့ အေသးအဖြဲ အတင္းအဖ်င္းေတြႀကီးပဲ။ သူက ငိုင္တိုင္တိုင္ျဖင့္ အိပ္ငိုက္ေတာ့မလို ျဖစ္ေနတဲ့အခ်ိန္မွာပဲ သူ႔အိတ္ကပ္က တုန္ယင္လာသည္။ ယြီေလွ်ာင္က သူ႔ဖုန္းကို လွ်ိဳ႔ဝွက္စြာ ထုတ္လိုက္ၿပီးတဲ့အခ်ိန္မွာ ၎သည္ သူ႔ေဘးနားမွာ ထိုင္ေနတဲ့ စြန္းက်ီနန္ဆီက စာသားမက္ေဆ့ခ်္တစ္ခုျဖစ္ေၾကာင္း သိလိုက္ရသည္။

စြန္းက်ီနန္ ; [ခဏေနရင္ ငါတို႔ညစာစားၿပီးတာနဲ႔ ကုမၺဏီမွာ ကိစၥေပၚလာလို႔ အခ်ိန္ပိုျပန္ အလုပ္လုပ္ရမယ္ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခု လာေပး]

ယြီေလွ်ာင္သည္ ေနာက္ဆံုးေတာ့ ဘာျဖစ္လို႔ စြန္းက်ီနန္က သူ႔ကိုကားထဲက ထြက္ခိုင္းဖို႔ ျငင္းဆိုတာလဲ ဆိုတာအား နားလည္သေဘာေပါက္သြားေတာ့သည္။ ဒါ႐ိုက္တာစြန္းလည္း လြယ္ကူေနတာ မရွိပါလားဟုပင္ ေတြးမိသည္။

အလုပ္မွာ ျပႆနာေတြ ရွိေနၿပီး အိမ္မွာလည္း ေႏြးေထြးမႈကို မခံစားရတဲ့အျပင္ သူတို႔ရဲ႔ တရားေရးရာ အရႈပ္ေတြကိုလည္း ၿငိမ္နားေထာင္ေနရေသးတယ္။ ေခ်ာေမာခန္႔ညားၿပီး ခ်မ္းသာေနေတာ့ေရာ ဘာလုပ္လို႔ရမွာလဲ? တစ္ျခား single dog ေတြလိုမ်ိဳး အလုပ္ျပန္ၿပီး အခ်ိန္ပိုဆင္းဖို႔ လိုအပ္ေနေသးတာပဲေလ

single dog ေတြေတာင္မွ သူ႔ရဲ႔ ခ်မ္းသာတဲ့ မိသားစုနဲ႔ အတူတူစားေသာက္ရင္ မ်က္လံုးပြင့္နားပြင့္ အေတြ႕အၾကံဳ ရွိေသးေပမယ့္ စြန္းက်ီနန္ကေတာ့ စိုးရိမ္မႈအျပည့္နဲ႔ စားေသာက္ေနရတာ

ညစာ စားၿပီးတာနဲ႔ ကိစၥမ်ားက စြန္းက်ီနန္ ေမွ်ာ္လင့္ထားသလိုမ်ိဳး ျဖစ္လာသည္။ လူအိုႀကီးက သူ႔တူကိုခ်လိုက္၍ တည္ၿငိမ္စြာ အမိန္႔ေပးလာသည္ေလ။

"က်ီနန္, ငါ့စာဖတ္ခန္းကို လိုက္ခဲ့"

စြန္းက်ီနန္က ေခါင္းတစ္ခုလံုး ေပါက္ကြဲထြက္မတတ္ စိတ္ညစ္ေနမိေသာ္လည္း သူ႔အေဖကို မဖီဆန္ရဲေပ။ စာဖတ္ခန္းထဲကို ဝင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ စြန္းရင္းက ရွည္လ်ားလွတဲ့ ေဟာေျပာခ်က္တစ္ခုကို စတင္ေတာ့မလိုမ်ိဳး ဟန္ျပင္လာသည္။

"မင္းလည္း မငယ္ေတာ့ဘူး, မိသားစုတစ္ခု စတင္ဖို႔ စဥ္းစားသင့္ၿပီ"

ၫႊန္ၾကားခ်က္မ်ားကို အဆင့္ဆင့္ လိုက္နာသလိုမ်ိဳး စြန္းက်ီနန္သည္ သူ႔ဘဝရဲ႔ မွတ္တိုင္တိုင္းမွာ ဘာဆက္လုပ္ရမလဲ ဆိုတာကိုနားလည္သည္။

သူက ခ်က္ခ်င္းျငင္းဆန္၏။

"ကၽြန္ေတာ္အလုပ္ေတြ အရမ္းမ်ားေနတယ္, အဲ့ဒါေၾကာင့္ ေလာေလာဆယ္ မစဥ္းစားခ်င္ေသးဘူး, ကၽြန္ေတာ့အသက္ (၃၀) ျပည့္တဲ့အထိ ေစာင့္ပါဦး"

"မင္းစဥ္းစားခ်င္တဲ့ သင့္ေတာ္သူ တစ္ေယာက္မွ မရွိဘူးမွတ္လား" စြန္းရင္းကစကားဆက္သည္။

"ငါ့မွာ မိတ္ေဆြေဟာင္း တစ္ေယာက္ရွိတယ္......"

စြန္းက်ီနန္က ထိုစကားကို ၾကားတာနဲ႔ ၾကားျဖတ္ေျပာသည္

"အေဖ, ကၽြန္ေတာ္အရင္ေျပာဘူးပါတယ္ ကၽြန္ေတာ္က gay တစ္ေယာက္ပါ, သူတို႔ရဲ႔ အခ်ိန္ေတြကို မျဖဳန္းတီးပါနဲ႔"

"gay ဆိုတဲ့စကားလုံုးကို ဆင္ေျခတစ္ခုလို သံုးေနတာ ရပ္လိုက္ေတာ့" 

စြန္းရင္းက သူ႔ကိုျပစ္တင္ဆံုးမရင္း စားပြဲခံုကို ႐ိုက္ထည့္လိုက္သည္။

"မင္းကဒီအတိုင္း ခ်ည္ေႏွာင္မႈကို မခံခ်င္တာ! အသက္က သံုးဆယ္နားနီးေနၿပီကို အခုထိ မိသားစုတစ္ခု အစ မထူေထာင္ခ်င္ေသးဘူး, တာဝန္ယူမႈက ဘာလဲဆိုတာ နားမလည္ဘူးဆိုရင္ မင္းရဲ႔ ေခါင္းေဆာင္မႈကို ဘယ္လိုလုပ္ ယံုၾကည္ႏိုင္မွာလဲ?"

ဒါေတြအားလံုးက ယုတ္မာတဲ့ ယုတၱိေဗဒေတြ

စြန္းက်ီနန္က သူ႔ေဒါသကို မ်ိဳသိပ္ကာ စြန္းရင္းနဲ႔မျငင္းခံုခ်င္တာေၾကာင့္ ေမွ်ာ္လင့္ခ်က္မဲ့စြာ ေမးလိုက္သည္။

"ဒါဆို ကၽြန္ေတာ့ကို ဘာလုပ္ေစခ်င္ေနတာလဲ?"

စြန္းရင္းကေျပာလာသည္။

"ငါ့မွာ မိတ္ေဆြတစ္ေယာက္ရွိတယ္ သူ႔သားလည္း gay ပဲ ၿပီးေတာ့ မင္းတို႔ႏွစ္ေယာက္က အသက္လည္းကိုက္ညီေတာ့ ေကာင္းေကာင္းလိုက္ဖက္မွာ,အဲ့ဒါေၾကာင့္ အခ်ိန္ရွိရင္ ေတြ႕လိုက္ၾက"

စြန္းက်ီနန္ရဲ႔ ရွံဳ႔တြေနေသာ မ်က္ခံုးမ်ားက  '川' ပံုစံျဖစ္သြားရသည္။

"အေဖ, မေမ့နဲ႔ေနာ္ အေဖ့မိတ္ေဆြရဲ႔သားက အႀကီးဆံုးအကိုႀကီးနဲ႔ အသက္အတူတူေလာက္ ျဖစ္ေနမွာ, ကၽြန္ေတာ့ကို သူတို႔မိသားစုရဲ႔ ေခၽြးမျဖစ္ေစခ်င္ေနတာလား?"

"ဘာေတြေျပာေနတာလဲ? ဘယ္သူကမင္းကို ေခၽြးမျဖစ္ေစမွာလဲ? ငါကမင္းအေဖပါ, ဘယ္လိုျဖစ္လို႔ မင္းကိုထိခိုက္ေအာင္ လုပ္ပါ့မလဲ?" စြန္းရင္းက ဆက္ေျပာသည္။

"ငါ့မိတ္ေဆြက အနားမယူေသးဘူး, သူ႔သားကလည္း ေနာက္ႏွစ္မွ သံုးဆယ္ျပည့္မွာ, သူကငယ္ေသးတယ္..."

စြန္းက်ီနန္သည္ 'အနားမယူေသးဘူး' ဆိုတဲ့ စကားကို ၾကားတာနဲ႔တင္ နားလည္သြားသည္။ တစ္ဆယ္မွာ ကိုးဆယ္ေလာက္က အိမ္ေထာင္ေရးကို စီးပြားေရးအျဖစ္ ရွျမင္တဲ့ စြန္းက်ီအတြက္ကေတာ့ သူ႔ရဲ႔ ေထာက္ခံမွဳရတာ လူငယ္ေလးမဟုတ္ပဲ အေဖျဖစ္သူကိုသာ ျဖစ္လိမ့္မည္။

စြန္းက်ီနန္သည္ သူ႔ဘဝရဲ႔ အေရးႀကီးဆံုးေသာ အျဖစ္အပ်က္မ်ားကို ေသေသခ်ာခ်ာ မစီစဥ္ဘူးေပမယ့္လည္း သူ႔ဘဝရဲ႔ ေနာက္ထပ္ တစ္ဝက္ကိုေတာ့ ေပါ့ေပါ့ဆဆ မလုပ္ခ်င္တာေၾကာင့္ တိုက္႐ိုက္ျငင္းဆိုလိုက္သည္။

"ကၽြန္ေတာ္စိတ္မဝင္စားဘူး, blind date လုပ္ဖို႔ မလိုပါဘူး"

ထိုအခ်ိန္မွာပဲ အျပင္ဘက္ကေန တံခါးေခါက္သံ ႏွစ္ခ်က္ ထြက္ေပၚလာသည္။ စြန္းက်ီနန္သည္ သူ႔ကယ္တင္ရွင္ ယြီေလွ်ာင္ေရာက္လာၿပီကို သိလိုက္သည္။ သို႔ေသာ္လည္း သူတံခါးဖြင့္ဖို႔ လုပ္လိုက္တဲ့အခ်ိန္မွာ စြန္းရင္းက သူ႔ေနာက္ကေန ေမးလာ၏။

"မင္းတကယ္ပဲ မသြားဘူးလား?"

စြန္းက်ီနန္ကေတာ့ တံခါးကိုဖြင့္ၿပီး ယြီေလွ်ာင္အား ဝင္ခြင့္ေပးလိုက္သည္။

"တကယ္ပဲ, ဘာျဖစ္လို႔လဲ?"

ယြီေလွ်ာင္ကေျပာသည္။

"Boss, အမကုေယာက္က ဖုန္းေခၚၿပီး ေျပာလာပါတယ္, အေရးေပၚ ကိစၥတစ္ခု ေပၚလာလို႔တဲ့, သူမက boss ကို ရံုးခန္းဆီ ျပန္လာေစခ်င္ေနတယ္"

စြန္းက်ီနန္က ေခါင္းညိတ္ျပၿပီး စြန္းရင္းဘက္ လွည့္ၾကည့္လိုက္ကာ စိတ္ခ်ရတဲ့ အမူအယာျဖင့္ ေျပာလာသည္။

"အေဖ, ကၽြန္ေတာ္အလုပ္ရွိေသးလို႔, အရင္သြားႏွင့္ေတာ့မယ္"

"ေနဦး!" စြန္းရင္းကေျပာသည္

စြန္းက်ီနန္ ; "ဘာက်န္ေသးလို႔လဲ?"

"မင္းက သူ႔လက္ေထာက္မွတ္လား? ဒီကိုလာပါဦး" စြန္းရင္းက ယြီေလွ်ာင္အား လွမ္းေခၚသည္။

"ဘာေတြမ်ား အေရးႀကီးေနလို႔ ဟိုကိုျပန္သြားဖို႔ လိုေနတာလဲ?" 

ယြီေလွ်ာင္သည္ လူအိုႀကီး၏ ထိုးေဖာက္ဝင္ေရာက္မတတ္ အၾကည့္ကို ရင္ဆိုင္ရတဲ့အခ်ိန္မွာ သူ႔ရဲ႕စီနီယာတန္းက စာတမ္းကို ခုခံကာကြယ္ေနရသလိုမ်ိဳး ခံစားလိုက္ရသည္။ ကံေကာင္းေထာက္မစြာနဲ႔ သူ႔ဆီမွာ အေၾကာင္းအရာအနည္းငယ္ စုေဆာင္းထားတာ ရွိေနျခင္းပင္။ သူက အလ်င္အျမန္ပဲ ၾကံဖန္ၿပီးေျပာလိုက္သည္။

"ဥကၠဌႀကီး,ဒီလိုပါ, ကၽြန္ေတာ္တို႔ ဒီေန႔ေန႔လည္ပိုင္းမွာ မူပိုင္ခြင့္ ရယူဖို႔အတြက္ ထ်န္းဟိုင္တကၠသိုလ္မွာ ပါေမာကၡတစ္ေယာက္ကို ေတြ႕ဖို႔ သြားခဲ့ပါတယ္, ပါေမာကၡက ျငင္းလိုက္ေပမယ့္ အခုပဲ လက္ေထာက္ေက်ာက္က ဖုန္းေခၚလာၿပီး တစ္ဖက္က စိတ္ေျပာင္းသြားၿပီ ဆိုတဲ့စကားကို  လက္ခံရလိုက္တာမို႔ ဒါ႐ိုက္တာစြန္းအေနနဲ႔ အဲ့ဒီအတြက္ အလုပ္ျပန္လုပ္ရမွာပါ"

စြန္းက်ီနန္သည္ ယြီေလွ်ာင္အား မတ္တပ္ရပ္ၿပီး ဂုဏ္ျပဳေပးလုနီးပါး ျဖစ္သြားသည္။ ဒီလူကအလြန္အမင္း ရွက္တတ္ပုံေပါက္သည္ဟု သူအၿမဲထင္ထားခဲ့ေပမယ့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ရတဲ့အခ်ိန္မွာ သတၱိရွိရွိနဲ႔ ေလ်ာက္ပတ္တဲ့ ကြၽမ္းက်င္မႈအခ်ိဳ႕ ရွိေနမယ္လို႔ မေမွ်ာ္လင့္ခဲ့မိဘူး။

စြန္းရင္းကေတာ့ ယြီေလွ်ာင္ရဲ႔ စကားမ်ားကို မယံုတစ္ဝက္ ယံုတစ္ဝက္ပဲ

"ထ်န္းဟိုင္တကၠသိုလ္က ဘယ္ပါေမာကၡလဲ?"

ယြီေလွ်ာင္က ရွက္ကိုးရွက္ကန္းျဖင့္ ျပန္ေျပာသည္။

"အဲ့ဒါကဇီဝသိပၸံဌာနက ပါေမာကၡထန္းခိုင္ပါ"

စြန္းရင္းက အလန္႔တၾကား ျဖစ္သြားၿပီေနာက္ သူ႔ႏွဳတ္ခမ္းေထာင့္စြန္းမွာ အျပံဳးခပ္ေဖ်ာ့ေဖ်ာ့ ျဖစ္ေပၚသြားသည္။ စြန္းက်ီနန္သည္ ဘာေၾကာင့္မွန္း နားမလည္ေသာ္လည္း ႐ုတ္တရက္ ထူးဆန္းသည့္ခံစားခ်က္တစ္ခု ရလိုက္၏။

"ၾကည့္ပါလား, ဘယ္ေလာက္ေတာင္ တိုက္ဆိုင္လိုက္လဲ" စြန္းရင္းက ထိုင္ခံုကို ေနာက္မွီခ်လိုက္ရင္း စကားဆက္သည္။

"မင္းကိုငါ ေတြ႕ေစခ်င္တဲ့လူကလည္း အတိအက်ကို အဲ့ဒီလူပဲ, မင္းတို႔က ေတြ႕ၿပီးေနမယ္လို႔ေတာင္ မထင္ထားဘူး"

စြန္းက်ီနန္က ဗလာျဖစ္သြားသည္ "ဘယ္သူ?"

"ထန္းခိုင္ေလ" စြန္းရင္းက သူ႔ကိုေမးလာသည္။
"သူက ျပည္နယ္ပါတီ ေကာ္မတီဝင္ ထန္းကၽြမ္ဟြားရဲ႔သားေလ, မင္းမသိဘူးလား? "

စြန္းက်ီနန္, "..."

သူက ေခါင္းကိုျဖည္းၫွင္းစြာ လွည့္လိုက္ၿပီး ယြီေလွွ်ာင္အား စိုက္ၾကည့္ကာ သူ႔စကားလံုးတိုင္းကို သြားၾကားကေန ၫွစ္ထုတ္လိုက္သည္။

"အဲ့ဒီလိုလား...... ကၽြန္ေတာ္မၾကားလိုက္မိဘူး"

"မင္းနဲ႔သူ ေတြ႕ၿပီးသြားၿပီဆိုေတာ့ ပိုေကာင္းသြားတာေပါ့, ဒါက ကံၾကမၼာပဲမဟုတ္လား?" စြန္းရင္းက အေတာ္ေလး ေက်နပ္ေနသည္။

"ငါတို႔မိသားစုႏွစ္စုက မိတ္ေဆြေဟာင္းေတြပဲေလ, သူနဲ႔သြားေတြ႕ရင္ မင္းကုမၺဏီရဲ႔ ကိစၥေတြကိုပါ သိသြားမွာေပါ့, အဲ့ဒါက အခ်ိန္ကုန္သက္သာသြားတယ္, အဲ့ဒါေၾကာင့္ ဒီအတိုင္းပဲ လုပ္လိုက္ေတာ့, ငါမင္းကို အခ်ိန္နဲ႔ေနရာအတြက္ တစ္စံုတစ္ေယာက္ လႊတ္ၿပီး ေျပာခိုင္းလိုက္မယ္"

ဒါက ႏွစ္ဖက္လံုးရဲ႔ သေဘာတူညီခ်က္ ဆိုမွေတာ့ ထန္းခိုင္က ဒီကိစၥကို သိၿပီးသားျဖစ္ေနမွာပဲ....ဒီေန႔သူ႔သေဘာထားက အရမ္းကို ရန္လိုေနတာ အံ့ၾသစရာ မဟုတ္ေတာ့ဘူးပဲ

အကယ္၍ စြန္းက်ီနန္သာ အဲ့ဒီနံေစာ္ၿပီး အေလ်ာ့အတင္း မရွိတဲ့ ဆင္းရဲသား စာဂ်ပိုးေကာင္က သူနဲ႔ blind date လုပ္ရမယ့္သူမွန္းသာ သိခဲ့မယ္ဆိုရင္ သူဒီေန႔ ထ်န္းဟိုင္တကၠသိုလ္ကို လံုးဝသြားမွာ မဟုတ္ဘူး

"ဘာမွမရွိေတာ့ဘူး၊ မင္းျပန္သြားလို႔ရၿပီ" သူ႔ကိစၥမ်ားၿပီးေသာအခါ စြန္းရင္းသည္ ဆက္ေဆြးေႏြးခ်င္စိတ္ မရွိေတာ့ေပ။

စြန္းက်ီနန္က ႐ုန္းကန္ရင္းနဲ႔ပဲ ေသေတာ့မယ္ဟု ဆံုးျဖတ္လိုက္သည္။

"ကၽြန္ေတာ္ဒီေန႔ ထန္းခိုင္နဲ႔ေတြ႕ခဲ့တာ ကၽြန္ေတာ္တို႔ႏွစ္ေယာက္က ေကာင္းေကာင္း မကိုက္ညီဘူးလို႔ ခံစားရတယ္....."

"မင္းဘယ္သူနဲ႔ ကိုက္ညီလဲ မကိုက္ညီလဲ ငါဂ႐ုမစိုက္ဘူး, မင္းရဲ႔လိင္စိတ္တိမ္းၫြတ္မႈ အေၾကာင္းလည္း ဘာမွမၾကားခ်င္ဘူး" စြန္းရင္းက ရွင္းရွင္းလင္းလင္းေျပာသည္။

"မင္းထန္းခိုင္နဲ႔ လက္မထပ္ခ်င္ဘူးဆိုရင္ ငါ့အေမြကို (တစ္) ရာခိုင္ႏႈန္းေတာင္ လက္ခံဖို႔ မစဥ္းစားနဲ"

စာဖတ္ခန္းတစ္ခုလံုး ေသေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္သြားသည္။

စြန္းရင္းက စြန္းက်ီနန္အား စိုက္ၾကည့္ေနသည္မွာ သူဘာေရြးခ်ယ္မလဲ ဆိုတာကို ႀကိဳျမင္ေနပံုပင္။

"ေကာင္းၿပီေလ"

ခဏတာ တိတ္ဆိတ္မႈ ၿပီးေနာက္မွာ စြန္းက်ီနန္က အဓိပၸါယ္မဲ့လွေသာ စီစဥ္မႈေၾကာင့္ ရယ္ေမာလိုက္ေတာ့၏။

"ဒါက blind date ေလးပဲ မဟုတ္ဘူးလား? အကယ္၍ အေဖက မိတ္ေဆြေဟာင္းကို ဆံုးရွံုးရမွာ မေၾကာက္ဘူးဆိုရင္ ကၽြန္ေတာ္ေသခ်ာေပါက္ သြားႏိုင္တာေပါ့"

သူ႔မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခု ခ်ိတ္ဆြဲထားေသာ္လည္း အဲ့ဒါက သူ႔ကိုယ္သူ ေလွာင္ေျပာင္ျခင္းလား သို႔မဟုတ္ သနားျခင္းလား ရွင္းရွင္းလင္းလင္းမသိရပဲ စာဖတ္ခန္းထဲမွ ေလွ်ာက္ထြက္သြားကာ အေရွ႕တံခါးကို တြန္းဖြင့္လိုက္ေတာ့သည္။

6.12.2021

=============

Continue lendo

Você também vai gostar

251K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
598K 58.5K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
33.3K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
1.4M 58.1K 69
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...