ဒုတိယအခွင့်အရေး (Arc-3) (Oc)
By minminmin2003
46.4K 4.9K 301
မင်းပိုင်လင်းဟာ သူ့ရဲ့ကမ်ဘာမှာ မှားခဲ့တာတွေကို ပြန်ပြီး..ပြောင်းလဲရန်အတွက် system တစ်ခုနဲ့ချိတ်ဆက်မိပြီး..ကမ်... More
အမှာစာ
Arc-3.1(ဝမ်)
Arc-3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8
Arc-3.9
Arc-3.10(end)
5.7.2000(part-1)
5.7.2000(part-2)
😍😍
Arc-3.2
3.5K 413 14
By minminmin2003
(အပေါ်ကတစ်​ယောက်ကတော့ ဇာတ်လိုက်မ မိန်းဟောက်)
" ခေါင်းဆောင်ဘယ်လိုဖြစ်တာလည်း မျက်လုံးအဆင်​ပြေလား.."
" ပြေတယ်..ဘာတွေတွေ့သေးလည်း.."
" ဘာမှတော့မတွေ့ဘူးဗျ ဒါပေမဲ့ဒီကလူတွေအကုန်လုံးက ဓားတစ်ချက်ကြောင့်​သေသွားကြတာပဲ.."
" ဆက်ပြီးစုံစမ်းထားလိုက်.."
" ဟုတ်ကဲ့ခေါင်းဆောင်.."
ခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဟာ ခုနကဝမ်နောက်ကိုလိုက်တဲ့တစ်ယောက်ဖြစ်တယ်..ဝမ်ကိုရှာမတွေ့တော့တာကြောင့် ဂိုဒေါင်ထဲကိုပြန်လာခဲ့တာဖြစ်သည်။ သူ့လူတွေကိုအမိန့်ပေးပြီးတာနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်ပေါ်ကိုတက်ကာ မောင်းနှင်တော့တယ်..ဆိုင်ကယ်စီးဦးထုပ်ကိုတော့ခေါင်းဖို့လည်းမမေ့ချေ။
ဆိုင်ကယ်ကိုသာမောင်းနှင်နေပေမဲ့ သူ့စိတ်တွေကတော့ လွင့်နေတော့တယ်..သူ့ရဲ့ဆိုင်ကယ်လေးဟာ လူသူကင်းမဲ့လှတဲ့နေရာလေးက အိမ်လေးကိုရောက်ရောရပ်သွားတော့သည်။ ဆိုင်ကယ်ကိုအရိပ်ကျသောနေရာမှာ ရပ်ထားပြီးအိမ်ထဲဝင်သွားတော့တယ်..
အထဲရောက်သွားတာနဲ့ ဧည့်ခန်းထဲကဆိုဖာပေါ်ကို ထိုင်ချလိုက်ပြီး..တစ်ယောက်ထဲစကားတွေပြောနေတော့သည်။
" သူကဝမ်ဖြစ်ဖို့များတယ်..ဝမ်ရဲ့မျက်လုံးအရောင်နဲ့တော်တော်ဆင်တယ်..ဝမ်ဖြစ်မှာပဲ ဝမ်ဘာလို့လူတွေကိုသတ်နေရတာလည်း..ဝမ်ငါ့ကိုမမှတ်မိတော့ဘူးလား..အာ..ဘာတွေဖြစ်သွားတာလည်းကွာ ဝမ်ကိုဒီလိုဖြစ်အောင်ဘယ်ကောင်လုပ်လိုက်တာလည်း..တောက်စ်.."
ထိုဒေါသထွက်ထွက်နဲ့ပြောနေသော်သူမှာ ဇာတ်လိုက်မော်ဟန်လော့ဖြစ်သည်။ မော်ဟန်လော့ဟာ ဝမ်ပျောက်ပြီးတဲ့နေ့ကစပြီး ယခုအချိန်ထိလိုက်ရှာနေခဲ့တာဖြစ်တယ်..သူဝမ်ကိုအရင်ကလည်းမတော်တဆတွေ့ခဲ့သေးတယ်..သူအဲ့တုန်းကအမြင်မှားတယ်လို့သာမှတ်ယူခဲ့တယ်..
ဒါပေမဲ့ဒီနေ့တော့ သူစိတ်အလိုရတိုင်းလုပ်လိုက်တဲ့အခါ သူဝမ်ကိုတွေ့လိုက်ရတယ်..သူဝမ်းသာစွာနဲ့ဝမ်ကို ဖက်ပြီးအလွမ်းသယ်ချင်ပေမဲ့ ဝမ်ကတော့သူ့ကိုတစိမ်းစမ်စွာကြည့်နေခဲ့တယ်..သူနဲ့တောင်တိုက်ခိုက်လိုက်ရတယ်..ဘယ်ကမှန်းမသိတဲ့အငွေ့ကြောင့် သူ ဒုက္ခရောက်နေတုန်း ဝမ်ကထွက်ပြေးခဲ့တယ်..
သူတော်တော်ဒေါသထွက်မိတယ်..ဘာကိုဒေါသထွက်နေမှန်းကိုတော့သူမသိ။ ဒါပေမဲ့ဝမ်အဲ့လိုမျိုးလုပ်တာကိုတော့သူမကြိုက်။ ဒါ့ကြောင့်သူဝမ်ကိုမရရအောင်ရှာပြီး သူမေးမြန်းမယ်လို့ဆုံးဖြတ်ခဲ့တယ်..သူဘယ်တွေရောက်နေတာလည်းဆိုတာရော သူ့ကိုသိလားဆိုတာရောပေါ့။
တကယ်တော့ မော်ဟန်လော့ဟာငယ်ငယ်လေးထဲက ဝမ်ကိုကြိုက်နေခဲ့တာဖြစ်တယ်..ဝမ်ဘက်ကသူ့ကိုသူငယ်ချင်းလို့သာ သဘောထားနေတယ်ထင်လို့ သူဖွင့်မပြောခဲ့တာဖြစ်တယ်..သူသာဖွင့်ပြောခဲ့ရင်ဝမ်သူ့ကိုရွံမုန်းသွားမှာဆိုးတာကြောင့် သူဖွင့်မပြောမိ။ သူမထင်ထားတာတွေဖြစ်လာခဲ့တယ်..ဝမ်ရဲ့မိဘတွေသေဆုံးသွားတဲ့သတင်းနဲ့ ဝမ်ပျောက်သွားတဲ့သတင်းကိုကြားခဲ့ရတယ်..
ရဲတွေဆီကနေဝမ်ရဲ့သတင်းမကြားခဲ့ရဘူး..နှစ်တော်တော်ကြာတဲ့အထိဝမ်ရဲ့သတင်းလုံးဝကို မကြားခဲ့ရပေ။ ဒါ့ကြောင့်သူဆုံးဖြတ်ချက်ချခဲ့တယ်..သူစုံထောက်လုပ်မယ်လို့ သူကိုယ်တိုင်ပဲဝမ်ကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်..သူ့အိမ်ကသူတွေကတော့သူ့ကိုတားကြတယ်..သူတို့ဖြစ်စေချင်တာကသူ့ကိုစီးပွားရေးသမားတစ်ယောက်ဖြစ်စေချင်တာ..စုံထောက်မဖြစ်စေချင်ခဲ့ကြဘူး..
သူကတော့အိမ်ကသူတွေကိုအတိုက်အခံလုပ်ပြီးအိမ်ပေါ်ကဆင်းခဲ့တယ်..သူလုပ်ချင်တဲ့စုံထောက်အလုပ်ကိုလုပ်ခဲ့တယ်..ဝမ်မိဘတွေကိုသတ်တဲ့သူတွေကဝမ်ကို ခေါ်သွားတယ်လိမ်မယ်လို့ထင်တာကြောင့် သတင်းသေးသေးလေးကအစသူစုံစမ်းခဲ့တယ်..ဝမ်မိဘတွေကိုသတ်တာလျို့ဝှက်အဖွဲ့အစည်းက ဆိုတာသူသိခဲ့တယ်..
အဲ့လျို့ဝှက်အဖွဲ့အစည်းကြောင်းကို သူစုံစမ်းခဲ့တယ်..သူသိခဲ့ရတာတွေက အရေးမကြီးတဲ့သတင်းတွေသာဖြစ်ခဲ့တယ်..အဲ့လျို့ဝှက်အဖွဲ့အစည်းထဲမှာ ဝမ်ရှိလိမ်မယ်လို့ မော်ဟန်လော့တစ်ထစ်ချယုံကြည်လေသည်။ ဒါ့ကြောင့်သူနေ့ညမနားပဲ သတင်းတွေစုံစမ်းခဲ့တယ်..ယခုတော့သူဝမ်ကိုတွေ့လိုက်ရတဲ့အတွက် ပျော်ရွင်သွားမိခဲ့တယ်..
%%%
ဝမ်ကတော့system ပြောတဲ့အတိုင်းကားမောင်းနေခဲ့တယ်..နောက်ဆုံးတော့ဝမ်တို့နေတဲ့အိမ်ကြီးရောက်လာခဲ့တယ်..ခြံတံခါးပေါက်မှာကားကိုရပ်တုန်း ခြံတံခါးဟာပွင့်သွားခဲ့တယ်..နောက်တော့သူ့ရဲ့ကားလေးလည်း အိမ်ကြီးရဲ့ရှေ့မှာရပ်လိုက်တော့တယ်..
ကားရပ်လိုက်တာနဲ့ အိမ်ထဲကနေလူသုံးယောက်အလျင်မြန်​ပြေးထွက်လာခဲ့သည်။ ဝမ်တောင်ကားထဲကနေထိုသုံးယောက်ကို ကြောင်တောင်တောင်ကြည့်နေမိခဲ့တယ်..
" ဝမ်..နင်အဆင်ပြေလား."
" ထိခိုက်မိတာတွေရောရှိလား.."
" ဟိတ်ကောင်ဝမ်မင်းဘာလို့ ကားထဲက​နေမထွက်လာတာလည်း..ခြေထောက်ထိမိထားလို့လား.."
အပြင်ကသုံးယောက်ဟာတစ်ယောက် တစ်ပေါက်နဲ့ပြောနေတော့တယ်..ဝမ်လည်းကြောင်တောင်တောင်နဲ့ ကားထဲကထွက်လိုက်တော့တယ်..ဒါတောင်ထိုသုံးယောက်စိုးရိမ်တစ်ကြီးမေးနေကြတာ မပြီးသေးပေ။
ဝမ်ကပဲ..
" ကဲကဲ တော်ကြတော့ငါဘာမှမဖြစ်ဘူး..ထိခိုက်မိတာတွေလည်းတစ်ခုမှမရှိဘူး.."
" တော်သေးတာပေါ့ ငါကမမမိန်းဟောက်ရဲ့ပြောစကားကိုကြားပြီးလန့်တောင်လန့်သွားတယ်.."
မျက်မှန်ထူထူဝတ်ထားသော် ကောင်မလေးဟာပြောလိုက်တယ်..ထိုအခါမှ မိန်းဟောက်ဟာ
" တော်ပြီနောက်မှဆက်ပြောကြတာပေါ့ အခုတော့ဝမ်ကိုနားခိုင်းလိုက်အုန်း..ဝမ်နင်သွားနားတော့ပင်ပန်းနေလောက်ရောပေါ့ ဒါနဲ့ဒီညဘာစားမလဲငါဘာမှာထားရမလဲ..."
" ဘာပဲဖြစ်ဖြစ်ရတယ်..ငါသွားနားတော့မယ်..."
ဝမ်လည်း စကားကိုဖြတ်လိုက်ပြီးအိမ်ထဲကိုဝင်သွားတော့တယ်..နောက်တော့သူ့ရဲ့အခန်းလေးဆီကိုသွားတော့သည်။ ကျန်ခဲ့တဲ့သုံးယောက်ထဲက မျက်မှန်ထူထူဝတ်ထားသော် ယောင်းယောင်းဟာ..ကျန်တဲ့နှစ်ယောက်ကို..
" ငါ့စိတ်ထင်လို့လားမသိဘူး ဝမ်ထူးဆန်းနေသလိုပဲ..ကိုကိုဟောင်ချင်းရောအဲ့လိုမထင်ဘူးလား.."
" ​အေးငါလည်းတစ်မျိုးဖြစ်နေတယ်ကွ မိန်းဟောက်မင်းရော.."
" ငါအထင်ကတော့~~~..."
စကားကိုဆွဲပြောနေသော်အခါ ဟောင်းချင်းနဲ့ယောင်းယောင်းဟာ မိန်းဟောင်ရဲ့နောက်ထက်ပြောမဲ့စကားကို စိတ်ဝင်တစားနဲ့နားထောင်နေတော့တယ်..ထိုအခါမှတော့မိန်းဟောင်းဟာ ယောင်းယောင်းနဲ့ဟောင်ချင်းတို့ရဲ့ခေါင်းကို တစ်ဖက်စီကိုင်ထားပြီး အားအပြည့်နဲ့နှစ်ယောက်လုံးခေါင်းကို ပူးတိုက်လိုက်တော့တယ်...
အ....
ယောင်းယောင်းနဲ့ဟောင်ချင်းတို့ဟာ နာကျင်သွားတာကြောင့်ညည်းလိုက်ပြီး နာကျင်နေတဲ့ခေါင်းကိုကိုင်ကာ..မိန်းဟောက်ကိုမျက်နှာငယ်လေးနဲ့ပြိုင်တူကြည့်နေကြတော့တယ်..ထိုအခါမှတော့မိန်းဟောင်းက..
" နင်တို့နှစ်ယောက်ကတော့လေ ဝမ်ကိုပြောစရာလား..သူစိတ်အခြေအနေမကောင်းတာဖြစ်မှာပေါ့ ဘယ်သူကလူအများကြီးသတ်ချင်မှာလည်း...ဝမ်အဲ့လူတွေကိုသတ်ခိုက်ရလို့စိတ်မကောင်းဖြစ်နေတာနေမှာပေါ့.."
ထိုအခါ ယောင်းယောင်းဟာ..
" သိပါပြီမမမိန်းဟောင်ရယ်.."
" ဘာမိန်းဟောင်လည်း..ငါနာမည်ကမိန်းဟောက်ဟ.."
" ဟီးဟီး...မှားပြောမိတာ.."
ထိုသို့ပြောပြီးအိမ်ထဲကိုပြေးဝင်သွားတော့တယ်..
" မိန်းဟောက်ငါတို့တွေ ဒီလိုပဲအထက်ကအမိန့်ပေးတဲ့အတိုင်းလူတွေ ထက်သတ်ရအုန်းမှာလား..."
" ငါလည်းမသိတော့ဘူး..ငါကတော့ဒီလိုတွေမလုပ်ချင်တော့ဘူး ပင်ပန်းတယ်.."
" ဒီအဖွဲ့အစည်းကမရိုးရှင်းဘူး..ဖြစ်နိုင်ရင်ငါဒီကနေထွက်သွားချင်တယ်.."
" ငါရောပဲ ဒါပေမဲ့မဖြစ်နိုင်တာတွေကို အိမ်မက်မက်တာမကောင်းဘူး..နင်သိမှာပါအရင်နှစ်ကထွက်ပြေးဖို့ကြိုးစားတဲ့သူ ဘယ်လိုဖြစ်သွားတယ်ဆိုတာ.."
" သိတာပေါ့ကွ တကယ်စိတ်ပျက်ဖို့ကောင်းတယ်..မိန်းဟောက်ငါအထဲဝင်ပြီးနားလိုက်အုန်းမယ်.."
" အင်း.."
ဟောင်ချင်းဟာမိန်းဟောက်ကိုနှုတ်ဆက်ပြီးအိမ်ထဲဝင်သွားတော့တယ်..ကျန်ခဲ့တဲ့မိန်းဟောက်ကတော့ ခြံထဲမှာလမ်းလျှောက်ရင်း အတွေးများနေတော့သည်။
တကယ်တော့ထိုနတ်ဆိုးအဖွဲ့ထဲမှာ ယောင်းယောင်းကအငယ်ဆုံးဖြစ်တယ်..အသက်ကြီးဆုံးက မိန်းဟောက်နဲ့ဟောင်ချင်းပေါ့ သူတို့နှစ်ယောက်ရဲ့အသက်ဟာ ရက်အနည်းငယ်သာခြားသည်။ ဒါ့ကြောင့်နှစ်ယောက်သားသူငယ်ချင်းတွေပြောသလို နင်နဲ့ငါနဲ့သာပြောကြတယ်..ဝမ်ကတော့ယောင်းယောင်းရဲ့အထက်ကပေါ့။
သူတို့ကမိန်းဟောက်ကိုခေါင်းဆောင်လို့ သဘောထားတာထက်သူငယ်ချင်းလို အမလိုမျိုးသဘောထားကြတယ်..သူတို့လေးယောက်ပြသနာဖြစ်တယ်ဆိုတာ မရှိသလောက်ရှားတယ်..ယောင်းယောင်းကတော့အငယ်ဆုံးပီပီ ဆိုးတယ်..တစ်ခါတစ်လေမိန်းဟောက်ရဲ့စကားကိုတောင် နားမထောင်ပေ။
ယခုတော့မိန်းဟောက်ဟာ သူအနည်းငယ်ပြန်မှတ်မိနေသော် မှတ်ညဏ်တွေကိုစီစစ်ကြည့်နေတော့တယ်..
* ကောင်လေးတစ်ယောက် ငါနဲ့အတူတူကစားနေတဲ့ကောင်လေး မျက်နှာကိုတော့သိပ်မမှတ်မိပေမဲ့ ချစ်ဖို့တော့ကောင်းတယ်..ငါ့ကိုလည်းဂရုစိုက်ပေးတယ်...အမျိုးသမီးကြီးနဲ့အမျိုးသားတစ်ဦး ငါ့ကိုစနောက်နေတယ် သူတို့ကဘယ်သူတွေလည်း ငါကရောစိတ်မဆိုးတဲ့အပြင် ရယ်မောနေတယ်...
ငါမိဘတွေလားငါသူတို့မျက်နှာကို မမြင်ရဘူး..တကယ်လို့သာငါ့မိဘတွေဆိုရင် သူတို့အခုဘယ်ရောက်နေကြတာလည်း ငါကရောဘာလို့ဒီအဖွဲ့အစည်းထဲရောက်နေရတာလည်း သူတို့ငါ့ကိုဒီမှာထားခဲ့ကြတာလား ငါ့ကိုမလိုချင်လို့များထားခဲ့ကြတာတော့ မဟုတ်ပါဘူးနော်.. မဖြစ်နိုင်ဘူးထင်တယ်သူတို့ကြည့်ရတာ ငါ့ကိုတော်တော်ချစ်ပုံပေါ်တယ်..ဘာတွေလည်းကွာ မှတ်ညဏ်တွေကလည်း အဆက်စပ်မရှိဘူး..စိတ်ညစ်တယ်..*
မိန်းဟောက်ထက်မတွေးတော့ပဲ လမ်းလျှောက်နေတော့တယ်..အခန်းထဲကဝမ်ကတော့အခန်းထဲရောက်ရောက်ချင်း ရေမိုးချိုးအဝတ်စားလဲနေတော့တယ်..အကုန်လုံးပြီးသွားရော ကုတင်ပေါ်မှာခြေကားယားလက်ကားယားနဲ့ အိပ်နေတော့တယ်..သူရောက်လာထဲကမနားရသေးတာကြောင့် ပင်ပန်းသွားတာဖြစ်သည်။
.
.
.
ည၈နာရီ၌ဝမ်လည်းနိုးလာခဲ့။မျက်နှာသစ်ပြီး အောက်ထက်ကိုဆင်းလာခဲ့တယ်..ဧည့်ခန်းထဲမှာ TVကြည့်နေကြတဲ့သူ သုံးယောက်ကိုဝမ်မြင်ရော..
" ညစာစားပြီးကြပြီလား.."
ဝမ်မေးလည်းပြီးရောယောင်းယောင်းဟာ..
" ညစာစားဖို့ဝမ်ကိုစောင့်နေတာ မမမိန်းဟောက် ဝမ်လည်းနိုးလာပြီဆိုတော့ ညစာစားကြရအောင်.."
" ကောင်းပြီလေသွားစားကြမယ်.."
ဒီလိုနဲ့လေးယောက်သား အတူတူထမင်းစားခန်းထဲကိုသွားကာ စားသောက်ကြတော့တယ်..တစ်ယောက်တစ်ပန်ကန်ထဲကိုတစ်ယောက်ဟင်းထည့်ပေးရင်း စားနေကြသည်။ ထမင်းစားခန်းလေးထဲမှာ ဝါးသံနဲ့အသက်ရူသံပဲထွက်နေတော့သည်။
( ငါတို့နဲ့ကွာပ ထမင်းစားရင်အိမ်ရှေ့နဲ့အနောက်လှမ်းအော်ပြောနေတာ \(^◡^ ) )
ထိုအချိန်မှာပဲ ဝမ်ဟာစပြီစကားစလိုက်တော့တယ်..
" ငါငယ်စဥ်ဘဝကအကြောင်းတွေ မှတ်မိသွားပြီ.."
" ???.."
ဝမ်ရဲ့စကားကြောင့် ကျန်တဲ့သုံးယောက်ဟာဝမ်ကို ပြိုင်တူလှည့်ကြည့်နေကြတော့တယ်..
ဝမ်ဟာထက်ပြီးတော့...
" ထမင်းစားပြီးသွားရင် ငါအားလုံးပြောပြမယ်ထမင်းအရင်စားကြရအောင်.."
အကုန်လုံးလည်းသူတို့အတွေးတွေကြားထဲ ညှပ်သွားတော့တယ်..
မိန်းဟောက်ဟာ
* ငယ်ဘဝ ဝမ်ကလည်းငယ်ဘဝကို ပြန်မှတ်မိနေပြီပေါ့ ကြည့်ရတာငါလည်းမကြာခင် ဝမ်လိုပဲအရာအားလုံးမှတ်မိတော့မှာပေါ့.. *
မိန်းဟောက်အလွန်ပျော်သွား၏။ သူ့ငယ်ဘဝကိုမကြာခင်မှတ်မိနိုင်တာကြောင့်ပေါ့။ ဟောင်ချင်းကတော့..
* ဝမ်ကလည်းသူငယ်စဥ်ကဘဝကို မှတ်မိတယ်လို့ပြောတယ်.. ငါအရင်ကလုံးဝမစဥ်စားမိဘူး ငါ့ရဲ့တကယ့်ဘဝကို ငါကရောဘယ်သူရဲ့သားလည်းငါဘာလို့ဒီရောက်နေတာလည်းဆိုတာ ငါလည်းဝမ်လို့ငါ့ရဲ့ငယ်ဘဝကိုပြန်မှတ်မိချင်လိုက်တာ..*
ဟူး...သက်ပျင်းလေးတစ်ချက်ချပြီးထမင်းစားနေတော့တယ်..ယောင်းယောင်းကလည်း..
* ယောင်းယောင်းကိုဘယ်သူမှမလိုချင်လို့ ဒီလျို့ဝှက်အဖွဲ့အစည်းမှာလာထားတာဖြစ်မယ်..ယောင်းယောင်းကငယ်ငယ်ကများဆိုးလို့လားမသိဘူး..ယောင်းယောင်းလည်းသိချင်တယ်ယောင်းယောင်းမိဘတွေကို ယောင်းယောင်းဘာလို့ရောက်လာတာလည်းဆိုတာကိုရော ဝမ်တောင်ငယ်ဘဝကိုပြန်မှတ်မိနိုင်ပြီဆိုတော့ ယောင်းယောင်းလည်းပြန်မှတ်မိနိုင်ဖို့အခွင့်အရေးရှိလောက်မယ်...*
ယောင်းယောင်းဟာသူ့ကိုယ်သူအားပေးစကားပြောနေတော့သည်။
.
.
.
" ဝမ်ငါတို့ကိုပြောပြတော့.."
လေးယောက်သားဧည့်ခန်းထဲမှာ စုထိုင်နေကြတော့သည်။မိန်းဟောက်ကဝမ်ကိုပြောပြဖို့ စကားစချီလိုက်တော့တယ်..
" အင်းပြောပြမယ် ငါလွန်ခဲ့တဲ့သုံးရက်လောက်ထဲက ငါနဲ့မရင်းနှီးတဲ့​နေရာတွေ၊မရင်းနှီးတဲ့လူတွေကို အိမ်မက်မက်ခဲ့တယ်..အစကတော့ဒီအတိုင်းရိုးရိုးအိမ်မက်လို့ထင်ထားတာ ဒါပေမဲ့ငါဒီမနက်မှသလိုက်ရတာက အဲ့အိမ်မက်တွေကငါ့ရဲ့ငယ်ဘဝကို မှတ်ညဏ်တွေပဲဆိုတာ.."
"....."
ကျန်တဲ့သုံး​ယောက်ဟာတိတ်တဆိတ်နဲ့နားထောင်နေကြ။
" ငါ့ရဲ့နာမည်အရင်းကဝမ်ပဲ ငါ့ကိုအရမ်းချစ်တဲ့ မိဘနှစ်ပါးရှိတယ်..ငါ့တို့မိသားစုကအလယ်အလတ်တန်းစားတွေ တစ်နေ့ငါ့ရဲ့မိဘနှစ်ပါးကို ငါ့မျက်စိရှေ့မှာလူတစ်ချို့သတ်နေတာကို ငါမြင်လိုက်ရတယ်..ငါကူညီချင်ပေမဲ့ငါမကူညီနိုင်ခဲ့ဘူး ငါ့ကိုသူတို့တွေဖမ်းဆီချုပ်နှောင်ထားခဲ့တယ်..ငါ...ငါရဲ့မျက်စိရှေ့မှာငါမိဘတွေသေတာကို..ဒီတိုင်း...ထိုင်..."
ဝမ်နောက်ထက်စကားဆက်မဆိုနိုင်ခဲ့။ဘာကြောင့်လည်းဆိုတော့ ငိုနေတာကြောင့်ဖြစ်တယ်..ဝမ်အစစ်ရဲ့ခံစားချက်တွေကြောင့်သူငိုနေမိခဲ့။ ဝမ်ငိုတာကိုကျန်တဲ့သုံးယောက်ဟာ မြင်ရောချက်ချင်းဝမ်ဘေးနားကိုသွားကာ နှစ်သိပ်ပေးနေကြတော့တယ်..ယောင်းယောင်းနဲ့ဟောင်ချင်းဟာ ဝမ်ကိုမငိုဖို့၊စိတ်ကိုတင်းဖို့ပြောနေကြတယ်..
မိန်းဟောက်ကတော့ ဝမ်ရဲ့ကျော်လေးကိုပွတ်ပေးနေတုန်း သူ့ဦးနှောက်ထဲမှတ်ညဏ်တစ်ချို့ဝင်လာခဲ့တယ်..ထိုမှတ်ညဏ်တစ်ချို့ကြောင့်မိန်းဟောက်ခေါင်းကိုက်လာခဲ့ပြီးမေ့လဲသွားတော့တယ်..ထိုအခါဝမ်၊ယောင်း​ယောင်း၊ဟောင်ချင်းတို့ဟာ လန့်သွားပြီးမိန်းဟောက်ကိုလှုပ်နှိုးနေကြတော့တယ်..
ဝမ်ဟာမျက်ရည်တွေကိုသုတ်ပြီး မိန်းဟောက်ကိုပွေ့ချီကာ ကားဆီကိုပြေးတော့တယ်..ယောင်းယောင်းနဲ့ဟောင်ချင်းတို့ဟာလည်း ကားဆီအရင်ပြေးပြီးကားတံခါးတွေကိုဖွင့်ပေးတော့တယ်..နောက်တော့မေ့နေသော်မိန်းဟောက်ကို ဆေးရုံတင်ပေးဖို့လုပ်နေကြတော့သည်။
%%%
"  စိတ်မပူပါနဲ့ဒီလူနာဘာမှမဖြစ်ဘူး..စဥ်းစားတာတွေများသွားလို့မေ့လဲသွားတာ ခဏအိပ်ခိုင်းလိုက်ရင်ကောင်းသွားလိမ်မယ်.."
" ကျေးဇူးပါဒေါက်တာ.."
ဝမ်တို့အခုဆိုရင်ဆေးရုံကိုရောက်နေကြတာဖြစ်သည်။ မိန်းဟောက်ကတော့လူနာကုတင်ပေါ်၌ မေ့မျော်နေလေသည်။ ဘေးနား၌ဝမ်၊ ယောင်းယောင်း၊ ဟောင်ချင်းတို့ရှိနေကြသည်။ မိန်းဟောက်ကိုစစ်ဆေးပေးတဲ့ဒေါက်တာကတော့ မှာစရာရှိတာမှာပြီးထွက်သွားပြီဖြစ်သည်။
ယခုတော့အကုန်လုံးတိတ်ဆိတ်နေကြသည်။
ဝမ်ဟာမျက်လုံးမှိတ်ပြီး system ကိုစိတ်ချင်းဆက်သွယ်ကာ..
' system ဇာတ်လိုက်မကဘာဖြစ်သွားတာလည်း...'
' host ကြောင့်ပါ..'
' ငါကြောင့် ငါကသူ့ကိုလုပ်နေတာလည်းမဟုတ်ဘူးလေ..'
' အယ်...အယ်..host ဘာကိုလုပ်တာလည်းဗျ စကားကိုရှင်းရှင်းပြောလေ..'
' မင်းကဘာတွေတွေးနေတာလည်း မင်းပြောတော့ဇာတ်လိုက်မဖြစ်တာငါ့ကြောင့်ဆို ..'
' အင်းလေ '
' အေး..ငါကဇာတ်လိုက်မကိုရိုက်နေတာလည်းမဟုတ်ဘူး..နှောက်ယှက်နေတာလည်းမဟုတ်ဘူးလေ ဘာကြောင့်ငါ့ကြောင့်ဖြစ်ရတာလည်းလို့ မေးတာ...'
' အော်..နားလည်ပြီ host ကြောင့်ဆိုတာ host ကငယ်ဘဝအကြောင်းပြန်ပြောနေတဲ့အချိန် ဇာတ်လိုက်မဦးနှောက်ထဲငယ်ဘဝအကြောင်းတွေ ပြန်မှတ်မိလာခဲ့တယ် host ကြောင့်အရင်ကဇာတ်လိုက်မက ဒီလိုမျိုးမြန်မြန်မှတ်မိလာပြီ အရင်ကဇာတ်ကြောင်းနဲ့ကွဲထွက်သွားပြီ..'
' အော်..ငါရှင်းသွားပြီ မင်းအစထဲကဒီလိုမျိုးပြောသင့်တာ မင်းအမှား...'
' ( ̄Д ̄)┍ '
system နဲ့ဝမ်လည်းဘာမှဆက်မပြောတော့ကြပေ။
၅မိနစ်ကြာတော့ ယောင်းယောင်းဟာ..
" ဝမ် မမမိန်းဟောက်ကဘာလို့ရုတ်တရပ်မေ့လဲသွားတာလည်း.."
" ငါအထင်ကတော့ သူ့ငယ်ဘဝကိုမှတ်မိသွားတာကြောင့်ဖြစ်မယ်.."
" ငယ်ဘဝ..ငါ..ငါလည်းမှတ်မိချင်တယ်.."
" မလောနဲ့မင်းလည်းမကြာခင်မှတ်မိမှာပါ.."
" အင်း.."
" ဝမ်..အဲ့ဒါဆိုရင်ငါတို့ရဲ့လျိုဝှက်အဖွဲ့အစည်းထဲမှာရှိတဲ့ လူတွေအကုန်လုံးကအတိတ်မေ့နေကြတာပေါ့.."
လို့ဟောင်ချင်းကထပြောလိုက်တယ်..
" ဟုတ်တယ် ငါတို့အရွယ်အကုန်လုံးပဲ ဝါရင့်တွေလည်းပါတယ်..."
" ခေါင်းဆောင်ဆိုတဲ့ကောင်ကရူးနေတာလား ငါတို့ကိုဘာလို့ဒီလိုလုပ်ရတာလည်း..."
" ငါတို့သာစုံစမ်းရင်သိနိုင်မှာပါ.."
" ငါသာအဲ့ခေါင်းဆောင်ကိုသိရင်တော့ ငါကိုယ်တိုင်သတ်ပြစ်မယ်.."
" မသတ်နဲ့ငါပဲသတ်မှာ.."
ဝမ်ရဲ့စကားကြောင့် ယောင်းယောင်းနဲ့ဟောင်ချင်းတို့ဟာ ဝမ်ကိုပြိုင်တူကြည့်လိုက်ကြတယ်..ဝ​မ်ကတော့တစ်ယောက်ယောက်ကြည့်နေတယ်လို့ ခံစားမိတာကြောင့်တံခါးပြင်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါ လူရိပ်ကိုမြင်သွားလေတယ်...
ဝမ်လူရိပ်ထွက်ပြေးသွားတာကိုမြင်ရော
" ငါအပြင်ခဏသွားလိုက်အုန်းမယ်.."
ထိုသို့ပြောပြီး ထိုအရိပ်နောက်ကိုလိုက်သွားတော့သည်။ ကျန်ခဲ့တဲ့ယောင်း​ယောင်းနဲ့ဟောင်ချင်းဟာ ဘာကိုမှသတိမထားမိပေ။
ဝမ်ကတော့ထိုအရိပ်နောက်ကိုပြေးလိုက်သွားတဲ့အခါ ထိုအရိပ်ပိုင်ရှင်ကိုဖမ်းမိသွားတယ်...
ထိုလူကိုမြင်လိုက်ရတဲ့အခါ သူမသိတာကြောင့်မျက်မှောက်တစ်ချက်ကြုတ်သွားမိတယ်..ဒါပေမဲ့system ပြော​ပြတဲ့နာမည်ကြောင့် အရှေ့ကလူကိုညာဘက်မျက်ခုံးတစ်ချက်ပင့်လိုက်မိတယ်..
System ပြောပြတဲ့နာမည်ကတော့
" ရွဲချူးလင့် "
.......................................................................
လာပြီနော်အဟိ
(Zg)
" ဟုတ်ကဲ့ခေါင်းဆောင်.."
%%%
" ဝမ်..နင်အဆင်ပြေလား."
ဝမ်ကပဲ..
" ငါအထင်ကတော့~~~..."
အ....
" ဟီးဟီး...မှားပြောမိတာ.."
" အင်း.."
.
.
.
" ညစာစားပြီးကြပြီလား.."
" ???.."
ဝမ်ဟာထက်ပြီးတော့...
မိန်းဟောက်ဟာ
.
.
.
"....."
%%%
" ကျေးဇူးပါဒေါက်တာ.."
' host ကြောင့်ပါ..'
' အင်းလေ '
' ( ̄Д ̄)┍ '
" အင်း.."
" မသတ်နဲ့ငါပဲသတ်မှာ.."
" ရွဲချူးလင့် "
.......................................................................
လာပြီနော်အဟိ
Continue Reading
You'll Also Like
512K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...