ဒုတိယအခွင့်အရေး (Arc-3) (Oc)
Af minminmin2003
46.4K 4.9K 301
မင်းပိုင်လင်းဟာ သူ့ရဲ့ကမ်ဘာမှာ မှားခဲ့တာတွေကို ပြန်ပြီး..ပြောင်းလဲရန်အတွက် system တစ်ခုနဲ့ချိတ်ဆက်မိပြီး..ကမ်... Mere
အမှာစာ
Arc-3.2
Arc-3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8
Arc-3.9
Arc-3.10(end)
5.7.2000(part-1)
5.7.2000(part-2)
😍😍
Arc-3.1(ဝမ်)
4.7K 443 38
Af minminmin2003
( အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက်မော်ဟန်လော့..အဟီး..အညိုလေး)
သူမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာတွေကတော့ လူသေအလောင်းများနဲ့သွေးများကို
မြင်လိုက်ရတယ်.. အရင်ကတော့မင်းပိုင်လင်းကြောက်နိုင်ပေမဲ့ ပြီးခဲ့တဲ့ကမ်ဘာကြောင့် သူဒါတွေကိုကြောက်နိုင်တော့မှာမဟုတ်။ မင်းပိုင်လင်းကြောင်ကြောင်တောင်နဲ့ ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တဲ့အခါ သူဂိုဒေါင်တစ်ခုထဲမှာဆိုတာကို သိလိုက်ရတယ်..
ဒါ့အပြင်သူ့လက်ထဲမှာ တစ်စုံတစ်ခုကိုလည်းကိုင်ထားတယ်လို့ ခံစားရတာကြောင့် သူငုတ်ကြည့်လိုက်တဲ့အခါ ဓားရှည်တစ်ချောင်းမြင်လိုက်ရတယ်..လက်ကိုင်ကတော့အနီရောင်လေး ဓားကတော်တော်လေးထက်နိုင်တယ်..ထိုဓားမှာသွေးများစွာလည်းရှိသည်။
* ငါဝင်တိုင်းဓားတွေနဲ့ပဲ ပတ်သတ်နေအုန်းမလားမသိဘူး *
မင်းပိုင်လင်းထိုသို့တွေးရင်း ဓားကိုစိုက်ကြည့်နေမိတယ်..ထိုအချိန်သူ့နားထဲက နားကြပ်ကနေ မိန်းကလေးအသံတစ်သံကြားလိုက်ရတယ်..
" ဝမ် နင်ပြီးရင်ထွက်လာတော့ နောက်ဆယ်မိနစ်နေရင်ရဲတွေရောက်လာလိမ်မယ်.."
မင်းပိုင်လင်းပြန်မဖြေပဲ သူ့ရဲ့system ကိုလှမ်းခေါ်လိုက်သည်။
' ငါဘယ်လိုလုပ်ရမလဲ..'
' host ဟိုအရှေ့က တံခါးပေါက်ကနေမြန် မြန်ထွက်ပါ မကြာခင်လူတစ်ချို့ဒီကိုရောက်လာလိမ်မယ်..'
' ok..'
မင်းပိုင်လင်းလည်း system ပြောတဲ့အတိုင်း တံခါးပေါက်ကနေမြန်မြန်ထွက်သွားတော့တယ်..မင်းပိုင်လင်းထွက်သွားပြီး10 မိနစ်နေတော့ သေနတ်ကိုင်ဆောင်ထားသောလူတစ်စုရောက်လာခဲ့တယ်..
ထိုလူတစ်စုထဲကအသားညိုညိုနဲ့ တစ်ယောက်ဟာမင်းပိုင်လင်း ထွက်ခွာခဲ့တဲ့တံခါးကိုစိုက်ကြည့်နေခဲ့တယ်..ကျန်တဲ့သူတွေကတော့ လူသေအလောင်းတွေကိုကြည့်ပြီးဆွေးနွေးနေကြတော့တယ်..
" အဲ့အဖွဲ့အစည်းကတော်တော်ကြောက်ဖို့ကောင်းတာပဲ တစ်ယောက်လေးတောင်အသက်ရှင်ခွင့်မပေးဘူး.."
" သေတဲ့သူတွေအကုန်လုံးက ဓားတစ်ချက်ကြောင့်ပဲနော်.. "
" အင်း..အဲ့အဖွဲ့ထဲမှာ ဓားသိုင်းပညာရှင်တွေများတယ်ကွ.. "
" ဟုတ်တယ် ငါတို့ဘယ်လိုရှာရမလဲတောင်မသိဘူး..ခေါင်းဆောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ.."
သူတို့ရဲ့ခေါင်းဆောင်ဟာ အသားညိုညိုနဲ့တစ်ယောက်ဖြစ်တယ်..
" ဒီအလောင်းတွေကိုအရင်ရှင်းလိုက် ငါသွားစရာရှိတယ်..."
ထိုသို့ပြောပြီးသူ့လူများတစ်ချက်တောင် လှည့်မကြည့်တော့ပဲမင်းပိုင်လင်းထွက်သွားတဲ့ တံခါးပေါက်ကနေထွက်သွားတော့တယ်..
ကျန်ခဲ့တဲ့သူတွေကတော့ သူတို့ရဲ့ခေါင်းဆောင်ပြောတဲ့အတိုင်းသာ လုပ်နေကြတော့သည်။
တစ်ဖက်က မင်းပိုင်လင်းကတော့သူ့ရဲ့system ပြောတဲ့အတိုင်းသစ်ပင်အနောက်၌ပုန်းနေလေသည်။ သူ့နောက်ကနေမည်သူမှလိုက်လာတာကို မတွေ့ရော ထိုင်ချလိုက်ကာအမောဖြေနေလေသည်။ ပါဝါအဖြူကိုထုတ်ပြီးသွေးများ ပေကျန်နေတဲ့ဓားကိုသုတ်ရင်းနဲ့..
' system ဒီကမ်ဘာကအကြောင်းတွေပြောပြလို့ရပြီ ငါဝင်တဲ့ကိုယ်အကြောင်းရော..'
' ok host ပြောပြပါမယ်ဒါပေမဲ့အခုတော့မဟုတ်ဘူး...'
' ဘာလို့..'
" ဝမ် မင်းမှတ်လား.."
မင်းပိုင်လင်းသူ့ဘေးနားကနေ ထွက်လာတဲ့အသံကြောင့် လန့်သွားပြီးကိုယ်ရဲ့အကျင့်တိုင်းသူ့လက်ထဲကဓားနဲ့ တစ်ဖက်လူကိုတိုက်ခိုက်တော့တယ်..တစ်ဖက်လူဟာလည်းသူ့ဆီလာနေတဲ့ဓားကို ရှောင်ရှားရင်းပြန်လည်တိုက်ခိုက်နေတော့တယ်..
ဒါပေမဲ့မင်းပိုင်လင်းကိုထိခိုက်အောင်လို့တော့ မလုပ်ပေ။ နှစ်ယောက်လုံးရဲ့လက်ရေဟာ အတူတူဖြစ်နေလေသည်။ ဒါ့ကြောင့်မင်းပိုင်လင်းလည်း..
' system ငါ့ကိုလွတ်အောင်လုပ်ပေး..'
' ok..'
ဘယ်ကမှန်းမသိရောက်လာတဲ့ အဖြူရောင်အမှုန့်တွေကြောင့် တစ်ဖက်လူရဲ့မျက်လုံးထဲဝင်သွားခဲ့တယ်..ထိုအချင်းအရာကိုမင်းပိုင်လင်းအခွင့်အကောင်းယူပြီး တစ်ဖက်လူရဲ့ရင်ဘက်ကိုခြေထောက်နဲ့ဆောင့်ကန်ကာ ထွက်ပြေးသွားတော့တယ်...
.
.
.
' ဒီလောက်ဆိုရင်ဟိုတစ်ယောက်မလာနိုင်တော့ဘူးမှတ်လား..'
' သူကျန်ခဲ့ပါပြီ..'
' ဟူး..တော်ပါသေးတယ်..'
မင်းပိုင်လင်းထိုင်ကာအမောဖြေနေတဲ့အချိန် သူ့နားကြပ်ကနေ..
" ဝမ် နင်ဘာလို့ပြန်မလာသေးတာလည်း ပြန်လာတော့လေ "
" ငါ့နောက်ကိုလူတစ်ယောက်လိုက်နေလို့ ပြေးနေတာ.."
" ဘာ...နင်ထိခိုက်ဒဏ်ရာတွေရသေးလား တစ်ခုခုများဖြစ်နေလို့လား ငါလူလွှတ်ပေးရမလား..ဝမ် နင်အဆင်ပြေရဲ့လား..."
"...."
တစ်ဖက်ကပြောနေတဲ့စကားသံ၌ စိုးရိမ်နေတဲ့လေသံများပါသည်။ ဟန်ဆောင်နေတာနဲ့မတူပေ။ ထိုစကားသံကြောင့်မင်းပိုင်လင်း ရင်ထဲနွေးထွေးသွားသလိုခံစားလိုက်ရတယ်..
" ဝမ် စကားပြောအုန်းလေ နင်အဆင်မပြေရင်ငါဟောင်ချင်းကို လွှတ်လိုက်မယ် .."
" ငါအခုအဆင်ပြေနေပြီ ပြန်လာခဲ့မယ်.."
" အေး အဲ့ဒါဆိုရင်လည်းပြီးရောသတိထားအုန်းနော်တစ်ခုခုဖြစ်ရင် ငါ့ကိုလှမ်းပြီးအကြောင်းကြားလိုက်..."
" ok..."
မင်းပိုင်လင်းဟိုဘက်နဲ့ပြန်ပြီးအဆက်အသွယ်ပျက်သွားတော့တယ်..ထိုအခါမှ..
' host ကျွန်တော်ဒီကမ်ဘာကဇာတ်ကြောင်းရယ် hostဝင်တဲ့ကိုယ်ရဲ့အကြောင်းရယ် လွှဲပေးမယ်..'
' ok...'
မင်းပိုင်လင်း သူ့ခေါင်းထဲကိုဝင်ရောက်လာသော မှတ်ညဏ်များကိုစစ်ဆေးနေတော့သည်။
ဒီကမ်ဘာကဇာတ်လမ်းကတော့ အရင်ကကမ်ဘာတွေထက်ရှုပ်သည်။ ဇာတ်လိုက်မဟာအသက်၁၀နှစ်အရွယ်ထဲက လျို့ဝှက်အဖွဲ့သားတစ်ဦးဖြစ်လာခဲ့တယ်.. သူမရဲ့အမည်ဟာ မိန်းဟောက်ဖြစ်တယ်..သူမဝင်ရောက်နေတဲ့လျို့ဝှက်အဖွဲ့စည်းဟာ ထင်ထားတာထက်ကိုရှုပ်၏။ မိန်းဟောက်တောင်သူမဝင်နေတဲ့ လျို့ဝှက်အဖွဲ့စည်းအကြောင်းကိုသေချာမသိပေ။
မိန်းဟောက်အသက်၁၀ နှစ်အရှေ့ပိုင်းက မှတ်ညဏ်တွေပျောက်နေခဲ့တယ်..သူမ သိတာက သူမကိုအမြဲတမ်းဖုန်းထဲကနေ အမိန့်ပေးနေတဲ့သူရဲ့ စကားကိုနားထောင်ရမယ်ဆိုတာကိုပေါ့။ မိန်းဟောက်လိုမျိုးတခြားသူတွေကလည်း အကြောင်းရင်းမသိအဖွဲ့အစည်းထဲရောက်ရှိနေခဲ့ကြတယ်..
သူမလိုမျိုးအတိတ်မေ့နေကြတဲ့သူတွေပေါ့။ သူမကတခြားကလေးတွေလိုမျိုး ကြောက်နေတက်ချင်းမရှိ။ ဒါ့ကြောင့်ဝါရင့်အဖွဲ့သားတစ်ချို့ဟာ မိန်းဟောက်ကိုအထင်ကြီးမိကြတယ်..မိန်းဟောက်အသက်၁၆ နှစ်မှာသူမနဲ့အတူတူအလုပ်လုပ်ရမဲ့ အဖွဲ့သားသုံးဦးရောက်လာခဲ့တယ်..
မိန်းဟောက်ကခေါင်းဆောင်ပေါ့။ နောက်ထက်ရောက်လာတဲ့အဖွဲ့သားသုံးယောက်ဟာ မိန်းကလေးတစ်ယောက် ယောကျာ်းလေးနှစ်ယောက်ဖြစ်တယ်.. မိန်းကလေးနာမည်က ယောင်းယောင်း သူမဟာကွန်ပြူတာအလွန်ကျွမ်းကျင်သည်။ အမြဲတမ်းမျက်မှန်ကြီးကိုတပ်ထားသည်။ စကားပြောကောင်းတဲ့မိန်းကလေးတစ်ဦးဖြစ်တယ်..မိန်းဟောက်ကိုလေးစားပြီသူမစကားကိုဆိုရင် မြေဝယ်မကျနားထောင်တက်သူဖြစ်တယ်..
ယောကျာ်းလေးနှစ်ယောက်ထဲကတစ်ယောက်ကတော့ ဟောင်ချင်းဖြစ်တယ်..သူဟာအနီရောင်မျက်ဝန်းကို ပိုင်ဆိုင်ထားတယ်...လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတက်တဲ့သူဖြစ်တယ်..သူကတော့အမြဲတမ်းဓားရှည်တစ်ချောင်းကို ဆောင်ထားတယ်..အားရင်အဲ့ဓားကိုသန့်ရှင်းရေးလုပ်တက်တယ်..အားနည်းချက်ကတော့ ဘိုလိုမှုတ်တာအားအလွန်နည်းသည်။
မိန်းဟောက်ကိုလည်းလေးစားတဲ့သူတစ်ယောက်ဖြစ်တယ်...နောက်ဆုံးတစ်​ယောက်ကတော့ အနေ​အေးတဲ့ဝမ်ဖြစ်တယ်..သူဟာ သူ့အဖွဲ့သားတွေကလွဲရင်ဘယ်သူ့ကိုမှ ပြုံးပြတက်သူမဟုတ်။ ခရမ်းရောင်မျက်ဝန်းလေးရှိသည်။ သူကလည်း ဟောင်ချင်းလိုပဲဓားရှည်တစ်ချောင်းကိုအမြဲတမ်း ဆောင်ထားသည်။
ဝမ်ကလည်း မိန်းဟောက်ရဲ့စကားကိုမြေဝယ်မကျနားထောင်တယ်.. မိန်းဟောက်၊ ယောင်းယောင်း၊ ဟောင်ချင်း၊ ဝမ် သူတို့လေး ယောက်ဟာအလွန်စည်းလုံး၏။ သူတို့မှာအဖွဲ့နာမည်ရှိသည်။ အဖွဲ့နာမည်ဟာ သူတို့လေးယောက်နဲ့လည်းလိုက်ဖက်သည်။ နာမည်ကတော့ " နတ်ဆိုး " ဖြစ်တယ်..
ထိုလျို့ဝှက်အဖွဲ့အစည်းမှာ နတ်ဆိုးအဖွဲ့ကိုရှင်နိုင်တဲ့သူမရှိပေ။ နံပတ်တစ်နေရာမှာအမြဲတမ်းရောက်နေတယ်ဆိုရင်လည်း မမှားပေ။ တခြားအဖွဲ့တွေကအားကျရတဲ့ အဖွဲ့လည်းဖြစ်တယ်..သူတို့အဖွဲ့ထဲဝင်ချင်ကြတဲ့သူတွေလည်းရှိသေး။ ဒါပေမဲ့မိန်းဟောက်ဟာမည်သူကိုမှ ဝင်ခွင့်မပြုခဲ့ပေ။
တစ်ချို့သူတွေဟာနားလည်ပေမဲ့ တစ်ချို့ကတော့သူတို့ကိုမခေါ်ရမလားဆိုပြီး မိန်းဟောက်တို့အဖွဲ့ကိုပြသနာရှာခဲ့တယ်..သူတို့ရဲ့လုပ်ရက်တွေဟာ အကုန်မှားသွားခဲ့တယ်..မိန်းဟောက်ဟာအစကသည်းခံပေမဲ့ သူမရဲ့အဖွဲ့သားတွေကိုပါထိပါးလာတာကြောင့် သူမကိုပြသနာရှာသောသူတွေအကုန်လုံးကို စိမ်ခေါ်ခဲ့တယ်...
မိန်းဟောက်ကပဲအကုန်လုံးနိုင်သွားခဲ့။ မိန်းဟောက်နဲ့ချတဲ့သူတွေကတော့ ​ခြေမကျိုးရင်လက်ကျိုး၊ ဒါမှမဟုတ် တစ်ကိုယ်လုံးမလှုပ်နိုင်အောင်မိန်းဟောက်လုပ်ခဲ့တယ်..အဲ့အချိန်ကစပြီးသူတို့ကိုဘယ်သူကမှ စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ကြတော့။ မိန်းဟောက်ကခေါင်းဆောင်တစ်ဦးထမ်းဆောင်ရသော အရာတွေကိုကောင်းစွာထမ်းဆောင်နိုင်တယ်..
မိန်းဟောက်ကိုဖုန်းထဲကနေအမိန့်ပေးမှသာ မိန်းဟောက်တို့​ဆောင်ရွက်ရတယ်..ကျန်တဲ့အချိန်တွေဆိုရင်လွတ်လွတ်လပ်လပ်ပေါ့။ သူတို့လေးယောက်ဟာ အိမ်ကြီးတစ်အိမ်ထဲမှာအတူတူနေကြတယ်..ထမင်းဟင်းများကိုတော့ အပြင်ကနေဝယ်စားကြသည်။ အချိန်ကြာလာတာနဲ့အမျှမိန်းဟောက်ဟာ မှတ်ညဏ်တစ်ချို့ကိုဖြေးဖြေးချင်းဆီ မှတ်မိလာခဲ့တယ်...
သူမရဲ့တကယ့်ဘဝမှန်ကို မိန်းဟောက်သိသွားခဲ့တယ်..တကယ်တော့မိန်းဟောက်ရဲ့နာမည်အရင်းဟာ ပိုင်ပိုင်ဖြစ်သည်။ သူမရဲ့မိဘတွေဟာအချမ်းသာဆုံး စာရင်းထဲမှာပါဝင်သည်။ သူမကတစ်ဦးတည်းသောသမီးဖြစ်တယ်..သူမဘဝဟာအမြဲတမ်းပျော်ဖို့ကောင်းခဲ့တယ်..သူမကိုဂရုစိုက်ပေးတဲ့မိဘတွေကြောင့်ပေါ့။
ဒါပေမဲ့ထိုအပျော်တွေဟာ ကြာရှည်မခံခဲ့။ သူမရဲ့မိဘနှစ်ပါးကိုအမည်မသိလူတွေ သတ်ဖြတ်ခဲ့တာကိုသူမမျက်လုံးနဲ့ သေသေချာချာကိုမြင်ခဲ့ရတယ်..သူမရဲ့မိဘတွေကိုကယ်ချင်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပေ။ သူမရှေ့မှာသူမမိဘတွေသေခဲ့ရတာကိုပဲ မြင်လိုက်ရတော့တယ်..နောက်တော့သူမရဲ့လက်မောင်းထဲကို ဆေးထိုးအပ်နဲ့အဖြူရောင်ဆေးရည်ကြည် တစ်ချို့ကိုထိုးသွင်းခဲ့တယ်..
သူမလည်းအဲ့ဆေးရည်ကြည် ကိုယ်ထဲ ရောက်သွားတဲ့အခါမေ့မျှော်သွားခဲ့တယ်..သူမနိုးလာတော့အရာအားလုံးမေ့သွားခဲ့တယ်... မိန်းဟောက်မှတ်ညဏ်တွေအားလုံး ပြန်ရလာရောသူမကိုဖုန်းထဲကနေ အမိန့်ပေးနေတဲ့သူကိုသတ်ပြစ်ချင်တဲ့စိတ်တွေပေါ်လာခဲ့တယ်..သူမတစ်ယောက်ထဲဆိုရင်မအောင်မြင်နိုင်တာကြောင့် သူမရဲ့အဖွဲ့သားတွေကို ပြောခဲ့တယ်...
သူမအဖွဲ့သားတွေဟာသူမလိုပဲ အတိတ်မေ့နေကြတဲ့သူတွေပေါ့။ မိန်းဟောက်ရဲ့စကားကို သူတို့တွေဟာယုံကြည်ကြတယ်..အဖွဲ့အစည်းကိုဆန့်ကျင်ဖို့သူတို့လေးယောက်လုပ်ခဲ့တယ်..သူတို့ကိုထိုးသွင်းတဲ့ဆေးရည်ကြည်ဟာ အတိတ်မေ့ဆေးရည်ကြည် ဖြစ်တယ်..
ပြန်သတိရလာအောင်လုပ်တဲ့ ဆေးရည်လဲရှိတယ်ဆိုတာ မိန်းဟောက်မတော်တဆသိခဲ့ရတယ်..ဒါ့ကြောင့်ပြန်သတိရလာအောင်လုပ်နိုင်တဲ့ဆေးရည်ချည် ဖော်မြူလာကိုရဖို့အတွက် မိန်းဟောက်သူ့ကိုဖုန်းထဲကနေအမိန့်ပေးတဲ့သူနဲ့ ချိန်းဆိုခဲ့တယ်..တစ်ဖက်ကသူကလည်းမိန်းဟောက်ရဲ့ ချိန်းဆိုမူ့ကိုလက်ခံခဲ့တယ်..
နောက်တော့ သူတို့နှစ်ယောက်တွေ့ဆုံရော မိန်းဟောက်တစ်ဖက်လူကိုမြင်ပြီး ကြက်သေသေခဲ့ရတယ်..ဘာကြောင့်လည်းဆိုတော့တစ်ဖက်ကသူဟာ သူနဲ့ငယ်ရွယ်စဥ်တုန်းကအတူတူဆော့ကစားခဲ့တဲ့သူဖြစ်နေလို့ပဲ သူကတော့သူ့ရဲ့သူငယ်ချင်းဆိုတာသိပေမဲ့ တစ်ဖက်ကတစ်ယောက်ကတော့ အတိတ်မေ့ဆေးရည်ကြောင့် သူ့ကိုမမှတ်မိပေ။
ဒါပေမဲ့တစ်ချို့တစ်လေကိုတော့ ထိုကောင်လေးမှတ်မိနေခဲ့တယ် ထိုကောင်လေးနာမည်ဟာ ရွဲချူးလင့်ဖြစ်တယ်..မိန်းဟောက်ကအဲ့အချိန်ကနေစပြီး ရွဲချူးလင့်ကိုအရင်ကအကြောင်းတွေ မှတ်မိအောင်လုပ်တော့တယ်...အချိန်ကြာလာတော့ ရွဲချူးလင့်လည်းအကုန်မှတ်မိသွားတော့တယ်..တကယ်တော့ရွဲချူးလင့်ဟာ နောက်ကွယ်ကခိုင်းစေတဲ့ခေါင်းဆောင်မဟုတ်။ သူ့ကိုလည်းတကယ့်ခေါင်းဆောင်အစစ်ကဖုန်းထဲကနေ အမိန့်ပေးတဲ့အတိုင်းလုပ်ရတာဖြစ်တယ်..
ထိုအခါမှာပဲ မိန်းဟောက်ဟာသူမရဲ့အစီအစဥ်တွေကို ရွဲချူးလင့်ကိုအကုန်ပြောပြတော့တယ်..ရွဲချူးလင့်ကလည်းမိန်းဟောက်ပြောတဲ့အတိုင်း အကုန်လုပ်ပေးခဲ့။ တစ်ဖက်က ဝမ်၊ ဟောင်ချင်း၊ ယောင်းယောင်းတို့ကလည်း အဖွဲ့အစည်းထဲကလူတစ်ချို့ကို စုကြတော့တယ်...သူတို့နဲ့ပူးပေါင်းတဲ့သူများပြားလှသည်။
ရွဲချူးလင့်ရဲ့ကူညီမူ့ကြောင့် မိန်းဟောက်တို့မေ့နေတာကိုပြန်မှတ်မိနိုင်အောင်လုပ်တဲ့ ဆေးဖော်မြူလာကိုရရှိခဲ့တယ်..ထိုဖော်မြူလာကိုဖော်စပ်ခဲ့ကြတယ်..အောင်မြင်ခဲ့တယ်...ထိုဆေးရည်ကြည်ကြောင့်အကုန်လုံးပြန်မှတ်မိသွားကြတော့တယ်..မိန်းဟောက်တို့အဖွဲ့ထဲ၌ သစ္စာဖောက်တစ်ဦးရှိတယ်..မိန်းဟောက်ကိုမနာလိုဖြစ်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်ပေါ့။
သူမကြောင့် အဖွဲ့အစည်းနောက်ကွယ်ကခေါင်းဆောင်ဟာ ထိုအကြောင်းကိုသိသွားခဲ့တယ်.. မိန်းဟောက်တို့ကိုသတ်ဖို့လူတွေလွှတ်ခဲ့တယ်..သေဆုံးတဲ့သူတွေများပြားခဲ့တယ်..မိန်းဟောက်ကိုကာကွယ်ရင်း ဝမ်၊ ယောင်းယောင်း၊ ဟောင်ချင်း၊ ရွဲချူးလင့် သူတို့တွေသေဆုံးခဲ့ရတယ်..
မိန်းဟောက်ကတော့မသေဆုံးခဲ့ပေမဲ့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်..စုံထောက်တစ်ယောက်ရဲ့ကယ်ဆယ်ချင်းကိုခံခဲ့ရတယ်..မိန်းဟောက်ကိုကယ်ခဲ့တဲ့သူဟာ ဇတ်လိုက်ဖြစ်တယ် နာမည်ကတော့ မော်ဟန်လော့..သူဟာမိန်းဟောက်တို့ရဲ့ လျို့ဝှက်အဖွဲ့အစည်းကိုစုံစမ်းနေတဲ့သူတစ်ယောက်ဖြစ်တယ်..
မိန်းဟောက်ဟာအစကတော့ မော်ဟန်လော့ကိုမယုံကြည်ခဲ့။ ဒါပေမဲ့မော်ဟန်လော့နဲ့အတူနေလာတာကြာတော့ သူယုံကြည်လာခဲ့တယ်..ဒါ့ကြောင့်လျို့ဝှက်အဖွဲ့အစည်းအကြောင်း အကုန်လုံးပြောပြပြီး မော်ဟန်လော့နဲ့အတူထိုလျို့ဝှက်အဖွဲ့အစည်းကို ချေမှုန်းခဲ့တယ်..
သူတို့နှစ်ယောက်အောင်မြင်ခဲ့တယ်..အတူတူစွန့်စားမူ့တွေလုပ်လာခဲ့ရတာကြောင့် သံယောဇဉ်တွေရှိလာခဲ့ပြီးချစ်သွားခဲ့တယ်..မိန်းဟောက်ကတော့သူကြောင့် သေဆုံးခဲ့ရတဲ့ဝမ်၊ယောင်းယောင်း၊ဟောင်ချင်း၊ ရွဲချူးလင့်တို့ကို အမြဲအမှတ်ရနေခဲ့တယ်.. မော်ဟန်လော့နဲ့အတူတူ လူကယ်ရင်းဘဝကိုကုန်ဆုံးခဲ့တော့တယ်..
ဒါကတော့မင်းပိုင်လင်းအခုရောက်ရှိနေတဲ့ ကမ်ဘာရဲ့ဇာတ်ကြောင်းဖြစ်တယ်..မင်းပိုင်လင်းဝင်တဲ့ကိုယ်ရဲ့အကြောင်းနဲ့ ဆန္ဒတွေကတော့...
မင်းပိုင်လင်းဝင်နေတဲ့ကိုယ်ရဲ့နာမည်ဟာ ဝမ်ဖြစ်သည်။ မိန်းဟောက်ရဲ့အဖွဲ့သားထဲက ဝမ်ဆိုရင်လည်းမမှား။ ဝမ်ကလည်းမိန်းဟောက်လိုပဲ အတိတ်မေ့နေခဲ့တာဖြစ်တယ်..ဝမ်သိတာက သူ့အသက်၁၃ နှစ်မှာဒီနေရာကိုရောက်နေခဲ့တယ်ဆိုတာပဲ သိတာဖြစ်သည်။ ဝမ်ဟာမိန်းဟောက်ကို အမတစ်ယောက်လိုခင်တွယ်၏။
ထို့အတူမိန်းဟောက်ကလည်းဝမ်ကို မောင်လေးအရင်းတစ်ယောက်လိုခင်တွယ်တယ်..မိန်းဟောက်ရဲ့ကူညီမူ့ကြောင့်ဝမ်ဟာ သူ့ငယ်ရွယ်စဥ်ကဘဝကို ပြန်သတိရခဲ့တယ်..သူလည်းမိန်းဟောက်နဲ့ဘဝတူသည်။ သူ့အရှေ့မှာတင်သူချစ်ရတဲ့မိဘနှစ်ပါး အသတ်ခံရတာကိုမြင်ခဲ့ရတယ်..
ဝမ်အကုန်သိသွားတော့ မိန်းဟောက်ကိုကူညီရင်းနောက်ကွယ်က သူကိုသတ်ဖို့အစီစဥ်ဆွဲခဲ့တယ်..ဒါပေမဲ့ သစ္စာဖောက်တစ်ယောက်ကြောင့် သူလက်နဲ့လက်စားမခြေနိုင်ခဲ့။ သူမိန်းဟောက်ဆီရောက်လာတဲ့ ကြည်ဆံကိုဝင်ခံလိုက်ပြီး သေဆုံးသွားခဲ့တယ်..
( အခုကစပြီးမင်းပိုင်လင်းကို ဝမ်လို့သုံးပါမယ် )
ဝမ်သူ့ဆီရောက်လာတဲ့ ဇာတ်ကြောင်းတွေကိုအကုန်စစ်ပြီးတဲ့အခါ ..
' system ဒီကိုယ်ရဲ့ ဆန္ဒတွေကဘာတွေလည်း..'
' ပြောပြပါမယ်ဝမ်ရဲ့ ဆန္ဒတွေကတော့..
1- သူ့မိဘတွေကိုသတ်ဖို့ခိုင်းတဲ့ခေါင်းဆောင်ကို သူ့လက်နဲ့ကိုယ်တိုင်သတ်ချင်တယ်..
2- သစ္စာဖောက်ကိုကိုယ်တိုင်သတ်ချင်တယ်..
3- သူနဲ့အတူတိုက်ပွဲဝင်ဖို့ကြိုးစားခဲ့တဲ့သူတွေ အသက်ရှင်စေချင်တယ်..
4- မိဘနှစ်ပါးရဲ့အုတ်ဂူကိုကိုယ်တိုင်သွားပြီး ကန်တော့ချင်တယ်..
5- ငယ်ငယ်ကတိတ်တခိုးချစ်မိခဲ့တဲ့ သူငယ်ချင်းကိုသူချစ်ခဲ့ကြောင်း ပြောပြချင်မိတယ်..
အဲ့ဒါတွေပါပဲ..'
' အင်း..တစ်နှစ်သုံးလေးကိုတော့ ငါလုပ်နိုင်သေးတယ်..နံပတ်ငါးကတော့ဘယ်လိုလုပ်ရမှာလည်း..'
' host ဝင်တဲ့နေတဲ့ကိုယ်ရဲ့ မှတ်ညဏ်တွေကိုပြန်စစ်လိုက်လေ အဲ့ဒါဆိုရင်အဲ့တစ်ယောက်နဲ့ပတ်သတ်တဲ့အချက်အလက်တွေကိုရမှာပေါ့..'
( ဖားလေးနဲ့တခြားဆီပဲ ဖားလေးကတော့သူ့hostမလုပ်နိုင်ရင် ပိုပျော်လေပဲ ကွာပါ့..)
' အော်ဟုတ်သားပဲ စစ်ကြည့်လိုက်အုန်းမယ်..'
ဝမ်ဟာငယ်ရွယ်စဥ်တုန်းက ကျောင်းနေဘက်သူငယ်ချင်းကောင်လေးတစ်ယောက်ရှိတယ်..အဲ့တစ်ယောက်နာမည်ဟာ မော်ဟန်လော့ဖြစ်တယ်..မော်ဟန်လော့ဘက်ကတော့ဝမ်ကိုသူငယ်ချင်းတစ်​ယောက်လို သဘောထားနိုင်ပေမဲ့ ဝမ်ဘက်ကတော့သူငယ်ချင်းထက်ကို ပိုလေသည်။
သူဖွင့်ပြောမဲ့နေ့မှာပဲ သူ့မိဘနှစ်ပါးအသတ်ခံခဲ့ရပြီး မော်ဟန်လော့ကိုနှုတ်မဆက်နိုင်ပဲ သူအတိတ်မေ့ခဲ့ရတယ်..
ငယ်ရွယ်စဥ်ကမှတ်ညဏ်တွေကို ဝမ်စစ်ပြီးရော အလန့်တကြားနဲ့ထအော်တော့တယ်..
" အဲ့ဒါဆိုရင် ဒီကိုယ်ကြိုက်နေတာကဇာတ်လိုက်ပေါ့..."
' host ကျွန်တော်ကိုစိတ်ထဲကနေပြောလို့ရပါတယ် တော်ကြာhostကိုအရူးလို့မှတ်နေကြအုန်းမယ်..'
' အော်ဟုတ်သားငါမေ့သွားတာ system အဲ့ဒါဆိုရင်ငါကဇာတ်လိုက်ကိုဖွင့်ပြောရမှာပေါ့..'
' ဟုတ်ပါတယ် ဘာဖြစ်လို့လည်း..'
' ဖွင့်ပြောတာကအရေးမကြီးဘူး..ငါစိုးရိမ်တာက..'
' ဇာတ်လိုက်ကhostချစ်ရတဲ့လူကြီး မဖြစ်မှာဆိုးလို့မှတ်လား..'
' ဟုတ်တယ်..'
' ဒါများလွယ်လွယ်လေး အဲ့တစ်ယောက်ကိုတွေ့ရင်hostအရင်စစ်ဆေးလိုက်လေ hostချစ်ရတဲ့သူဟုတ်လားမဟုတ်ဘူးလားဆိုတာ..ဟုတ်ခဲ့ရင်hostကိုသူချစ်လာအောင်လုပ်ရမှာပေါ့..'
' တကယ်လို့မဟုတ်ပဲနဲ့သူကငါ့ကိုချစ်သွားရင်ရော..'
' အဲ့ဒါဆိုရင်သူ့ကိုအရင်ချစ်တဲ့အကြောင်းပြောလိုက် ပြီးရင်သူ့ကိုဒီလိုမျိုးပြောရတဲ့အကြောင်းအရင်းက ငယ်ငယ်ကမပြောဖြစ်ခဲ့လို့ပြောတာ အခုတော့ငါမချစ်တော့ပါဘူးအဲ့လိုတွေလျှောက်ရွီးလိုက်လေ..'
' ဝိုး..မင်းပြောတဲ့အကြံကောင်းသားပဲ အဲ့လိုလုပ်ရမှာပေါ့..အခုတော့ငါ့ကိုအိမ်ပြန်တဲ့လမ်းတစ်ချက်လောက်ပြောပြ..'
' ok အရှေ့ကလမ်းတည့်တည့်လျှောက်သွားရင် ပြိုင်ကားအမဲလေးတွေ့လိမ်မယ် အဲ့ဒါကဝမ်ရဲ့ကိုယ်ပိုင်ကားပဲ..'
' အင်း..'
ဝမ်လည်း system ပြောတဲ့အတိုင်းသွားနေတော့သည်။
......................................................................
Zg
' ငါဘယ်လိုလုပ်ရမလဲ..'
' ok..'
' ဘာလို့..'
" ဝမ် မင်းမှတ်လား.."
' ok..'
.
.
.
' သူကျန်ခဲ့ပါပြီ..'
' ဟူး..တော်ပါသေးတယ်..'
"...."
" ok..."
' ok...'