Transmigrating into a mob cha...

By SHIN_s

278K 52.1K 3.5K

Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Hell... More

Vol 1. Chapter 1
Vol 1 Chapter 2
Vol 1 Chapter 3
Vol 1 Chapter 4
Vol 1 chapter 5
Vol 1 Chapter 6
Vol 1 Chapter 7
Vol 1 Chapter 8
Vol 1 Chapter 9
Vol 1: Chapter 10
Vol 1 : Chapter 11
Not update
Vol 1: Chapter 12
Vol 1 : Chapter 13
Vol 1 : Chapter 14
Vol 1 : Chapter 15
Vol 1 : Chapter 16
Vol 1 : Chapter 17
Vol 1 : Chapter 18
Vol 1 : Chapter 19
Vol 1 : Chapter 20
Vol 1 : Chapter 21
Vol 1 : Chapter 22
Vol 1 : Chapter 23
Vol 1 : Chapter 24
Vol 1 : Chapter 25
Vol 1 : Chapter 26
Vol 1 : Chapter 27
Vol 1 : Chapter 28
Vol 1 : Chapter 29
Vol 2 : Chapter 1
Vol 2 : Chapter 2
Vol 2 : Chapter 3
Vol 2 : Chapter 4
Vol 2 : Chapter 5
Vol 2 : Chapter 6
Vol 2 : Chapter 7
Vol 2 : Chapter 8
Vol 2 : Chapter 9
Vol 2 : Chapter 10
Vol 2 : Chapter 11
Vol 2 : Chapter 12
Vol 2 : Chapter 13
Vol 2 : Chapter 14
Vol 2 : Chapter 15
Vol 2 : Chapter 16
Vol 2 : Chapter 17
Vol 2 : Chapter 18
Vol 2 : Chapter 19
Vol 2 : Chapter 20
Vol 2 : Chapter 21
Vol2 : Chapter 23
Vol 3 : Chapter 1
Vol 3 : Chapter 2
Vol 3 : Chapter 3
Vol 3 : Chapter 4
Vol 3 : Chapter 5
Vol 3 : Chapter 6
Vol 3 : Chapter 7
Vol 3 : Chapter 8
Vol 3 : Chapter 9
Vol 3 : Chapter 10
Vol 3 : Chapter 11
Vol 3 : Chapter 12
Vol 3 : Chapter 13
Vol 3 : Chapter 14
⛔️ Notice ⛔️

Vol 2 : Chapter 22

2.8K 615 36
By SHIN_s

< Zawgyi >

လင္းရွ သည္ ေတြးေလေလ ပို၍ စိတ္အေႏွာင့္အယွက္ ျဖစ္လာေလေလ ျဖစ္ေနရ၏။ ရုတ္တရက္ အျပင္ဖက္မွ တံခါးေခါက္သံေပၚလာေလရာ သူသည္ အထိတ္တလန္႔ျဖင့္ တုန္ယင္သြားမိေလသည္။

" ဘယ္သူလဲ ? "

အျပင္မွ မုရုန္ရႊယ္ ၏ အသံထြက္လာေခ်သည္။

" လင္းတာ့ေကာ၊ ကြ်န္မပါ။ "

လင္းရွ သည္ အနည္းငယ္ အံ့အားသင့္သြားၿပီးေနာက္ တံခါးဖြင့္လိုက္ေသာအခါ မုရုန္ရႊယ္ မွ စိတ္ပူပန္ေနဟန္ျဖင့္ ေျပာလာေလသည္။

" လင္းတာ့ေကာ၊ ကြ်န္မ အေစာပိုင္းက အေစာင့္အေရွာက္ ပိုင္ ကေနၿပီး ဆင့္ေခၚအေမႊးတိုင္ ထြန္းလိုက္တာကို သတိထားမိလိုက္တယ္။ သူက တျခား အေစာင့္အေရွာက္အႀကီးအကဲသံုးေယာက္ကို ဒီကိုလာခိုင္းဖို႔လုပ္ေနတာ …… ျဖစ္ႏိုင္တာက သူတို႔ အားေကြ်း ရဲ႕တည္ေနရာကိုသိသြားတာမ်ားလား ? "

ခ်က္ခ်င္းလိုလိုုပင္ လင္းရွ ၏ ႏွလံုးမွာ တင္းၾကပ္သြားရ၏။ ယုဇီေကြ်း သည္ လက္ရွိတြင္ သူ၏ စြမ္းရည္မ်ားကို ထုတ္ေဖာ္ျပသေနလိမ့္မည္ဟု ခန္႔မွန္းႏိုင္ေပသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဤေလာကတြင္ လူမသိသူမသိ အေနျဖင့္သာ ကိစၥမ်ားကို လုပ္ကိုင္မည္ဆိုပါက ေသခ်ာေပါက္ပင္ နာမည္ရလာႏိုင္လိမ့္မည္မဟုတ္ေခ်။ သို႔ေသာ္လည္း ရွာက္ယန္ ဂိုဏ္း၏ အလားအလာအရွိဆံုးေသာ လူငယ္ ဉာဏ္ႀကီးရွင္တစ္ဦးျဖစ္သည့္သူအေနျဖင့္ သူသည္ ခ်ဳန္းမင္ ၿမိဳ႕ထဲတြင္ပင္ အနည္းငယ္ ဂုဏ္သတင္းရွိေနဆဲျဖစ္ေလ၏။ ထိုသို႔သာဆိုပါက ပိုင္ရွန္း သည္ ခ်ဳန္းမင္ ၿမိဳ႕မွ လူတစ္ဦးဦးႏွင့္ ေတြ႔ဆံုမိမည္ဆိုလွ်င္ ေမးျမန္းဖို႔ ခက္လိမ့္မည္မဟုတ္ေခ်။

သူသည္ မ်က္ေမွာင္က်ံဳ႕ရင္း မုရုန္ရႊယ္ ကိုစိုက္ၾကည့္လိုက္ေလ၏။

" မိန္းကေလး မုရုန္၊ အဲ့ဒီလိုသာဆိုရင္ ကြ်န္ေတာ္တို႔ ဒီမွာေနဖို႔ လိုလိမ့္မယ္။ "

မုရုန္ရႊယ္ သည္လည္း စိတ္ပိုင္းျဖတ္ထားဟန္ျဖင့္ ေခါင္းၿငိမ့္ျပလာေလသည္။

" အင္း၊ လင္းတာ့ေကာ၊ ကြ်န္မတို႔ သူတို႔ကို ေသခ်ာေပါက္ တားရမယ္။ "

ပိုင္ရွန္း သည္ အမွန္တကယ္ပင္ ဤစားေသာက္ဆိုင္ထဲတြင္ ဆက္ေနေနကာ က်န္သံုးဦးကို ေစာင့္ဆိုင္းေနဟန္ ရွိေခ်၏။

လင္းရွ သည္ သူမမွ သံသယတစ္ခုခု ဝင္သြားမည္ကို စိုးရိမ္သည့္အတြက္ ေန႔တိုင္းလိုလို အျပင္သို႔ထြက္ခဲလွကာ သူ႔အခန္းထဲမွာသာေနရင္း ေသြးပင့္ကူကို အားျဖည့္ေပးရန္ လိုအပ္သည့္ ပစၥည္းမ်ားကိုသာ ျပင္ဆင္ေနမိေပသည္။ မုရုန္ရႊယ္ ၏ ေျပာျပခ်က္အရဆိုလွ်င္ ထိုေစာင့္ေရွာက္သူေလးဦးစလံုးတြင္ သူတို႔ကြ်မ္းက်င္သည့္ နယ္ပယ္အသီးသီးစီရွိၾကေသာ္လည္း သူတို႔ေလးဦးအဖြဲ႕၏ ေလးေျမွာင့္ၾကယ္အစီအရင္မွာ မည္သူမွ် လိုက္မမီႏိုင္ဟု ျဖစ္ေခ်သည္။

ခဲ့လန္ မင္အာ့ပိုင္ လက္ေဆာင္ေပးခဲ့သည့္ ပင့္ကူဥမ်ားသည္ ရွားပါးသည့္ အဆင့္ရွစ္ ပင့္ကူမ်ားမွ ဥခ်ထားခဲ့ျခင္းျဖစ္ၿပီး ယင္းတို႔မွာ သူတို႔၏ မိခင္ေလာက္ စြမ္းအားမႀကီးဘူးဆိုေသာ္ျငား အဆိပ္ျပင္းမႈမွာ အေတာ္ေလးျမင့္မားဆဲျဖစ္ၿပီး လူအမ်ားစုမွာ သူတို႔၏ ပိုးမွ်င္ကို ထိမိသည္ျဖစ္ေစ၊ အကိုက္ခံရသည္ျဖစ္ေစ အေမႊးတိုင္တစ္တိုင္ထြန္းစာ အခ်ိန္အတြင္း၌ ေသဆံုးသြားလိမ့္မည္ ျဖစ္ေပသည္။ ထိုသူတို႔မွာ က်င့္ၾကံသူမ်ား ျဖစ္ေနလွ်င္ပင္ သူတို႔၏ တစ္ကိုယ္လံုးသည္ အေၾကာဆိုင္းသြားမည္ျဖစ္ၿပီး က်င့္ၾကံဆင့္မ်ားသည္လည္း သိသိသာသာပင္ ေလ်ာ့က်သြားလိမ့္ေပမည္။

နဂိုဆိုလွ်င္ ဤပင့္ကူဥမ်ားသည္ ဥေဖာက္ရန္အတြက္ ဆယ္ရက္နီးပါးမွ်ေလာက္ ၾကာႏိုင္ေသာ္လည္း လင္းရွ သည္ ဂရုမစိုက္ႏိုင္ပဲ ေသြးပင့္ကူမ်ားမွ ျမန္ျမန္ေပါက္လာၿပီး သူ႔ကို ပိုင္ရွင္အျဖစ္အသိအမွတ္ျပဳႏိုင္ရန္အတြက္ စိတ္ထက္သန္စြာပင္ သူ၏ ကိုယ္ပိုင္ေသြးမ်ားျဖင့္ပင္ တိုက္ေကြ်းလိုက္ေခ်သည္ __အဘယ့္ေၾကာင့္ဆိုေသာ္ ယုဇီေကြ်း မွ စိတ္ျမန္လက္ျမန္ရွိကာ တစ္စံုတစ္ဦးအား ထိခိုက္ေအာင္မလုပ္မိခင္တြင္ သံုးႏိုင္ရန္ျဖစ္ေပ၏။

တည္းခိုခန္းတြင္ေနသည္မွာ ေလးရက္ေျမာက္သည့္ေန႔တြင္မူ ေသြးပင့္ကူမ်ားသည္ ေနာက္ဆံုး၌ ဥမွေပါက္လာၾကေလသည္။ ယင္းတို႔သည္ ေရဘူးအဖံုးမွ်ေလာက္ အရြယ္အစားရွိၾကကာ သူတို႔၏ ေသြးနီေရာင္ခႏၶာကိုယ္ေၾကာင့္ ၾကမ္းတမ္းရက္စက္ဟန္ ရွိေနေသာ္လည္း လင္းရွ ၏ အမိန္႔မ်ားကိုမူ တေသြမတိမ္း လိုက္နာၾကေလ၏။ လင္းရွ သည္ အလြန္တရာမွ ေပ်ာ္ရႊင္သြားကာ ေန႔တိုင္းလိုလိုပင္ သူသည္ အျပင္သြားၿပီးေနာက္ အဆင့္နိမ့္ မိစာၦသားရဲမ်ား၏ အသားမ်ားကို ဝယ္ေကြ်းသလို ထိုေသြးပင့္ကူမ်ားသည္လည္း တစ္ေန႔ထက္တစ္ေန႔ ပိုပိုၿပီးစားလာၾကၿပီး အလွ်င္အျမန္ပင္ ႀကီးထြားလာၾကေလသည္။ သူသည္ မုရုန္ရႊယ္ ေၾကာက္လန္႔သြားမည္ကို စိုးရိမ္သည့္အတြက္ မိစာၦသားရဲ ထည့္၍ရသည့္ အိတ္တစ္အိတ္ျပဳလုပ္လိုက္ၿပီးေနာက္ သာမန္ေန႔မ်ားဆိုလွ်င္ သူသည္ ေသြးပင့္ကူမ်ားကို အိတ္ထဲသို႔ ထည့္ၿပီး သူႏွင့္အတူေခၚသြားတတ္ေပသည္။

ခုနစ္ရက္ေျမာက္ေန႔တြင္မူ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ ပိုင္ရွန္း ကဲ့သို႔ ဝတ္ရံုရွည္မ်ား ဝတ္ဆင္ထားသည့္ အမ်ိဳးသမီးမ်ား ေရာက္လာၾကေလသည္။ မည္သို႔ပင္ ဆိုေစကာမူ မုရုန္ရႊယ္ ႏွင့္ သူတို႔သည့္ သိကြ်မ္းၾကသည့္သူမ်ားျဖစ္သည့္အတြင္ လင္းရွ သည္ သူမကို တတ္ႏိုင္သေလာက္ အျပင္မထြက္ရန္ ေျပာလိုက္ေလ၏။ အဘယ့္ေၾကာင့္ဆိုေသာ္ မည္သို႔ပင္ ရုပ္ဖ်က္ထားသည္ဆိုဆို လူတစ္ေယာက္၏ အမူအက်င့္သည္ ေျပာင္းလဲဖို႔ ခက္ခဲေလရာ ရင္းႏွီးေနသည့္သူတစ္ဦးဦးမွ သူမအား မမွတ္မိသြားႏိုင္ဟု တပ္အပ္ မေျပာႏိုင္ေခ်။

ေစာင့္ေရွာက္သူႏွစ္ဖြဲ႔မွ ဆံုမိသြားၾကေသာအခါ ေလးဦးသားသည္ ခ်က္ခ်င္းလိုလိုပင္ တည္းခိုခန္းမွ ထြက္ခြာၿပီးေနာက္ ခ်ဳန္းမင္ ၿမိဳ႕ဆီသို႔ ဦးတည္သြားၾကေလေတာ့၏။ လင္းရွ သည္လည္း အလွ်င္အျမန္ပင္ ေငြေပးေခ်လိုက္ၿပီးေနာက္ ထြက္ခြာလာခဲ့လိုက္ေပသည္။ သူသည္ လြန္ခဲ့သည့္ ရက္ပိုင္းအတြင္းတြင္ ျမင္းလွည္းတစ္စီးႏွင့္ အျခားေသာ လိုအပ္သည့္ ပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားခဲ့ၿပီး ျဖစ္ကာ သူႏွင့္ မုရုန္ရႊယ္ တို႔ႏွစ္ဦးသည္ ကုန္သည္မ်ားကဲ့သို႔ ဝတ္ဆင္ၿပီးေနာက္ သူတို႔ေလးဦး၏ ေနာက္ဖက္ ခပ္ေဝးေဝးမွေနၿပီး လိုက္ခဲ့ၾကေလ၏။

ထိုေလးဦးမွာ သိသာထင္ရွားသည့္ အဝတ္အစားမ်ားကို ဝတ္ဆင္ထားေလသည့္အတြက္ လမ္းတစ္ေလွ်ာက္တြင္ ေမးျမန္းရင္း သူတို႔ေနာက္သို႔ လိုက္ရသည္မွာ သိပ္မခက္ခဲလွေခ်။ သူတို႔သြားသည့္ႏႈန္းမွာ အေတာ္ေလးျမန္ေသာ္လည္း လင္းရွ သည္ အဆင္ေျပေနဆဲျဖစ္ၿပီး မုရုန္ရႊယ္ သည္သာ အနည္းငယ္ ပင္ပန္းေနဟန္ျပလာေလ၏။ သို႔ေသာ္လည္း သူမသည္ တစ္ခ်က္ကေလးမွ်ပင္ မၿငီးျငဴခဲ့ေခ်။

တစ္ညတြင္မူ သူတို႔ႏွစ္ဦးသည္ ေတာင္ေပၚရွိ သစ္ေတာထဲတြင္ တစ္ညတာ ေနႏိုင္ရန္အတြက္ ဂူတစ္ခုကို ရွာခဲ့ရေလ၏။ လင္းရွ သည္ ျမက္ေျခာက္အခ်ိဳ႕ကို ခုတ္ျဖတ္ၿပီးေနာက္ ေျမႀကီးေပၚတြင္ခင္းကာ မုရုန္ရႊယ္ အား အိပ္ေစလိုက္ေပသည္။ သံသယမဝင္ေစရန္အတြက္ သူသည္ ဂူအဝနားတြင္သာ အိပ္ကာသာ ေစာင့္ၾကပ္ေနလိုက္ေခ်သည္။

ညသန္းေခါင္အခ်ိန္သို႔ အလွ်င္အျမန္ပင္ ေရာက္လာကာ လင္းရွ သည္ ေကာင္းကင္ထက္ရွိ ေတာက္ပေနသည့္ လမင္းႀကီးကို ၾကည့္ရင္း အေတြးမ်ားလြင့္ေနမိကာ သူ႔ႏွလံုးသားသည္လည္း ရႈပ္ေထြးေနရ၏။

ထိုလူႏွစ္စုမွာ သူလက္ရွိ ကိုင္တြယ္ႏိုင္သည့္သူမ်ား မဟုတ္ေခ်။ သူသည္ မုရုန္ရႊယ္ မွ ေစာင့္ေရွာက္သူေလးဦးကို တားဆီးႏိုင္ၿပီးေနာက္ ယုဇီေကြ်း သည္လည္း မိစာၦက်င့္ၾကံသူမ်ား၏ ဆြဲေဆာင္မႈကို ယိမ္းယိုင္မသြားပဲ သူ၏ ေနရာကိုသာ အခိုင္အမာ တည္ေဆာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ရေပသည္။ မဟုတ္ပါက အနာဂတ္တြင္ ဇာတ္လိုက္ျဖစ္သူသည္ သူ၏ ဗီလိန္ျဖစ္သူ ငယ္သူငယ္ခ်င္းအား  ကုန္းေျမတစ္ခြင္ လိုက္လံရွာေဖြၿပီးေနာက္  ျပန္လာခဲ့ပါရန္ ႀကိဳးစားပမ္းစား ေျဖာင္းျဖၿပီး ေနာက္ဆံုး သူတို႔ႏွစ္ဦးလံုးသည္ အဓိပၸာယ္မရွိသည့္ ဒရမ္မာဆန္ဆန္ အခ်စ္ - အမုန္း ဆက္ဆံေရးႏွင့္ အဆံုးသတ္သြားရေပလိမ့္မည္ …… အား … တကယ္ပါပဲ !

လင္းရွ သည္ ေငးငိုင္ေနရင္းမွာပင္ သူသည္ ဤေနရာတြင္ ရွိမေနသင့္သည့္ ယုဇီေကြ်း ၏ ပံုရိပ္မွာ သစ္ပင္ေနာက္မွ ျဖတ္ခနဲ ေပၚထြက္လာသည္ကို ေတြ႔ျမင္လိုက္ရ၏။ သူသည္ ထိတ္လန္႔သြားကာ အလိုလို ပါးစပ္မွ လႊတ္ခနဲထြက္သြားလိုက္မိေလသည္။

" အားေကြ်း လား ? "

သူ႔အသံမွာ နဂိုကတည္းကပင္ အလြန္တရာမွ တိတ္ဆိတ္လွကာ ယခုအခါတြင္ မၾကားႏိုင္သေလာက္နီးပါးျဖစ္ေသာ္လည္း ထိုသူကမူ သူ၏ ေျခလွမ္းမ်ားကို ေျပာင္းလိုက္ၿပီးေနာက္ ႏူးညံ့သည့္ မ်က္ႏွာေလးမွ အမူအရာတစ္စမွ် မေပၚလြင္ေစပဲ လေရာင္ရွိရာဖက္သို႔ မ်က္ႏွာမူလာေလ၏၊ အဲ့ဒါက တစ္ကယ္ႀကီးကို ယုဇီေကြ်း ပဲ !

သူ႔ေက်ာေပၚတြင္မူ ဓားရွည္တစ္လက္ရွိကာ ယင္းမွာ လင္းရွ မွာ သူ႔အားေပးထားခဲ့ဖူးသည့္ ဓားျဖစ္ပံုရေလသည္။

လင္းရွ သည္ အနည္းငယ္ အံ့အားသင့္သြားရ၏။

ဒီကေလးက ေနာက္ဆံုးက် ဓားကို လႊင့္ပစ္ရမွာကို ႏွေျမာသြားတာမ်ားလား ?

သို႔ေသာ္လည္း သူသည္ အနီးအနားတြင္ ျမင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္မွ ေလးဦးရွိေနေသးေၾကာင့္ ခ်က္ခ်င္းလိုလိုပင္ အမွတ္ရသြားေလေတာ့၏ !

သူသည္ အထိတ္တလန္႔ျဖင့္ မတ္တပ္ထရပ္ကာ ခပ္တိုးတိုးလွမ္းေျပာလိုက္ေလသည္။

" အားေကြ်း၊ မင္းက သားရဲတစ္ေသာင္း ေတာအုပ္ထဲမွာ ရွိေနရမွာ မဟုတ္ဘူးလား ? မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္က …… "

ယုဇီေကြ်း သည္ သစ္ပင္နားဆီမွ အလွ်င္အျမန္ပင္ ေျပးလာၿပီျဖစ္ကာ လင္းရွ မွာစကားဆံုးေအာင္ မေျပာႏိုင္ေသးခင္မွာပင္ သူ၏ေက်ာမွ ေက်ာက္နံရံႏွင့္ ခပ္ျပင္းျပင္း ဝင္ေဆာင့္သြားမိသည္ကို ခံစားလိုက္ရၿပီးေနာက္ နာက်င္မႈေၾကာင့္ အသက္ရႈပင္ မွားသြားရေလေတာ့သည္။ ယုဇီေကြ်း သည္ သူ၏ လက္ႏွစ္ဖက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ရင္း နံရံထက္တြင္ ဖိကပ္ထားလိုက္ေလ၏။ သူ၏ တစ္ကိုယ္လံုးမွာမူ တုန္ယင္ေနကာ အသံမွာလည္း ေဒါသအျပည့္ႏွင့္ ၾသရွေနေပသည္။

" မင္း ငါ့ကို ထပ္လိမ္သြားခဲ့တာပဲ ! မင္း ဒီမိန္းမနဲ႔ အတူတူ ထြက္ေျပးၿပီး ငါဆီကေန ပုန္းေနဖို႔ စိတ္ကူးေနတာလား ? …… "

သူ႔မ်က္လံုးထဲ၌ ခပ္မွိန္မွိန္အလင္းတစ္ခ်က္ ျဖတ္ေျပးသြားၿပီးေနာက္ တစ္ကိုယ္လံုးမွ လူသတ္လိုသည့္ အေငြ႔အသက္မ်ားကို ထုတ္လႊတ္လာေလေတာ့၏။ သူ၏ အၾကည့္သည္ ခ်က္ခ်င္းလိုလိုုပင္ ဂူအတြင္းပိုင္း၌ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသည့္ မုရုန္ရႊယ္ ၏ ကိုယ္ေပၚသို႔ ေရာက္သြားေခ်သည္။

လင္းရွ မွာ သူ၏ လက္ေမာင္းမ်ားသည္ ထိုအားေၾကာင့္ က်ိဳးသြားေတာ့မလိုပင္ ခံစားေနရကာ နာက်င္မႈေၾကာင့္ မ်က္ခံုးမ်ားကို တြန္႔ခ်ိဳးလိုက္မိ၏။

ဒါက dog blood drama ထဲက အဓိပၸာယ္မရွိတဲ့ အထင္လြဲတဲ့ ဇာတ္ဝင္ခန္းမ်ားလားကြာ ? ဘာလို႔ ဒီကေလးက အျမဲတမ္း ေသြးဆူေနၿပီး သူေျပာေနတဲ့စကားေလးကိုေတာင္ ၿပီးေအာင္ ေျပာခြင့္မေပးရတာလဲ ?

(T/N ; dog blood drama က ဒရမ္မာခင္းတာေတြ အပ္ေၾကာင္းထပ္ေနၿပီး ခန္႔မွန္းရလြယ္တဲ့ ဇာတ္လမ္းလိုဟာမ်ိဳးကိုေျပာတာပါ။ သိတယ္မလား မင္းသမီးနဲ႔ မင္းသား အထင္လြဲေနၾကတဲ့အခ်ိန္ဆို အရံဇာတ္ေကာင္ေလးေတြေပၚလာၿပီး ဟဲ့ အဲ့တုန္းကေလ သူသာ မကူရင္ ဘာျဖစ္တယ္ညာျဖစ္တယ္လို႔ ေျပာ။ အဲ့ေတာ့မွ ေၾသာ္ဒီလိုပါလား ငါမွားသြားတယ္ ဘလာဘလာ ဆိုၿပီး ႏွစ္ျပားျပန္ဂေဟဆက္သြားၾကတာမ်ိဳးေပါ့။ ၿပီးေတာ့ အဲ့လိုကြဲေနတဲ့ အခ်ိန္ေတြမွာ အပိုကားဘီးေလးက မင္းသမီးကို ေဖးေဖးမမလုပ္ေနရင္ မင္းသားက မနာလိုဝန္တိုျဖစ္ၿပီး မင္းကသူ႔ကို ႀကိဳက္ေနတာလား ဘာလာလာ၊ ဟိုကလည္း မဟုတ္ပါဘူး ရွင့္ကိုပဲ သေဘာက်တာပါ ဘလာဘလာ ဆိုၿပီး ႏွစ္ေယာက္သား ျပန္တည့္သြားၾကတာမ်ိဳးေလ။ အဟမ္း ေလေၾကာရွည္တာ နည္းနည္းမ်ားသြားၿပီ။ )

သူသည္ ယုဇီေကြ်း ၏ မ်က္လံုးမ်ားထဲသို႔ အေသအခ်ာ စိုက္ၾကည့္လိုက္၏။

" အဲ့ဒီလိုမဟုတ္ဘူး၊ အားေကြ်း၊ မင္းအထင္လြဲေနၿပီ။ အစ္ကိုကသူ႔ကို မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္ကို ျပန္ပို႔ေပးဖို႔ ထြက္လာခဲ့တာ၊ ၿပီးေတာ့ တစ္ခါတည္း အားလီ ကုိပါ ရွာဖို႔ပဲ။ အစ္ကို မင္းကို ဘယ္ေတာ့မွ လိမ္မွာမဟုတ္ဘူး။ "

ယုဇီေကြ်း ၏ ေက်ာသည္ ခ်က္ခ်င္းလိုလိုပင္ ဆန္႔လာကာ သူ႔လက္ေပၚမွ ခြန္အားသည္လည္း ျဖည္းျဖည္းခ်င္း ေလ်ာ့နည္းသြားေလသည္။ သူ ( ယုဇီေကြ်း ) သည္ အားနည္းစြာျဖင့္ ေခါင္းကို ငံု႔ထားလိုက္ေလသည္။

ဆုန္းေရွာင္ဟူ မွ စကားေခ်ာ္ကာ ေျပာမိသြားခဲ့သည့္ေနာက္တြင္ သူသည္ ခ်က္ခ်င္းပင္ သေဘာေပါက္သြားရ၏။ ဤလူသည္ သူ႔အား ႏႈတ္ဆက္စကားေလးပင္မဆိုပဲ တျခားမိန္းမတစ္ေယာက္နဲ႔ ထြက္သြားေပသည္ __ ၾကည့္ရသည္မွာ သူသည္ ျပန္လာေတာ့မည္ပံုပင္ မရွိေခ် !

ထိုအခ်က္ကို သေဘာေပါက္သြားေသာအခါ သူ၏ အသက္ကိုပင္အမႈမထားပဲ သားရဲတစ္ေသာင္း ေတာအုပ္မွ ခ်က္ခ်င္းပင္ ထြက္ခြာလာၿပီးေနာက္ လမ္းတစ္ေလွ်ာက္ တစ္ခ်က္မွ်ပင္ မရပ္နားပဲ သူ႔ကို လိုက္ရွာခဲ့ေလသည္။

ကံေကာင္းလို႔ေပါ့ …… ရွာေတြ႔ႏိုင္ခဲ့တာ။

သူသည္ ေခါင္းေမာ့ကာ လင္းရွ ကုိ စုိက္ၾကည့္လိုက္ၿပီးေနာက္ အက္ရွစြာ ဆိုလာေလ၏။

" မင္းငါ့ကို ျပန္မႀကိဳက္လို႔ရတယ္ ဒါေပမယ့္ ေနာက္တစ္ခါက်ရင္ ငါ့ကို ထပ္ၿပီး ……  "

ေနာက္ဆံုးမွ ' ထားမသြားပါနဲ႔ ' ဟူသည့္ စကားလံုးငါးလံုးသို႔အေရာက္တြင္ သူသည္ ေအာက္ႏႈတ္ခမ္းကို ခပ္ျပင္းျပင္း ဖိကိုက္လိုက္ၿပီးေနာက္ ဘယ္လိုပင္ျဖစ္ျဖစ္ ေျပာမထြက္ႏိုင္ခဲ့ေခ်။

လင္းရွ ၏ ရင္ဘတ္မွာ ဆို႔နစ္သြားရကာ သူ၏ လက္ႏွစ္ဖက္သည္ သူ႔ေရွ႕ရွိလူအား အလိုလို ေပြ႔ဖက္ေပးလိုက္မိ၏။

" ေတာင္းပန္ပါတယ္၊ အစ္ကို အဲ့ဒီလို ထပ္မလုပ္ေတာ့ပါဘူး။ "

ယုဇီေကြ်း ၏ ေက်ာျပင္မွာ တုန္လႈပ္သြားကာ သူ၏ လက္မ်ားျဖင့္ လင္းရွ အား တင္းတင္းၾကပ္ၾကပ္ ဖက္ထားရင္း ထိုသူ႔အား ဖိခ်ကာ နမ္းလိုက္လိုသည့္ စိတ္မ်ားကို အားကုန္သုံုးၿပီး ဖိႏွိပ္ေနမိေပသည္။

ထိုအခ်ိန္တြင္ သိပ္မေဝးသည့္ တစ္ေနရာမွ ငွက္တစ္အုပ္သည္ အသံမ်ားဆူဆူညံညံျဖင့္ ေလထဲသို႔ ဖရိုဖရဲ ထပ်ံလာၾကကာ ႀကီးမားသည့္ သစ္ပင္မ်ား လဲက်သြားသည့္ အသံမ်ားကိုပါ ၾကားလိုက္ရေလ၏။ လင္းရွ သည္ ခ်က္ခ်င္းပင္ သတိအျပည့္ျဖင့္ ျဖစ္သြားကာ သူသည္ ယုဇီေကြ်း အား ဂူအတြင္းပိုင္းထဲသို႔ အလွ်င္အျမန္ ဆြဲသြင္းလိုက္ေလေတာ့သည္။

မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္မွ ေစာင့္ေရွာက္သူမ်ားသည္ သိသိသာသာပင္ ေဘးလူမ်ားကို မေႏွာင့္ယွက္လိုသည့္အတြက္ သူတို႔အားလံုးသည္ ၿမိဳ႕ႀကီး၏ ပတ္ပတ္လည္ရွိ လူေနနည္းသည့္ ၿမိဳ႕ငယ္ေလးမ်ားမွတစ္ဆင့္ ျဖတ္သြားၾကရန္ ဆံုးျဖတ္ခဲ့ၾကေလသည္။ ဤေနရာဝန္းက်င္မွာ အေတာ္ေလးပင္ လူသြားလူလာနည္းလွၿပီး ဝိဉာဥ္စြမ္းအားမ်ားသည္လည္း နည္းပါးသည့္အတြက္ စြမ္းအားႀကီးသည့္ မိစာၦသားရဲမ်ား ရွိမေနေခ်။

ဒါဆိုရင္ အေစာနက သူတို႔ရဲ႕ အျပဳအမူက ဘာကိုဆိုလိုတာလဲ ? ၿပီးေတာ့ အဲ့ဒီအသံေတြက ဘာလို႔ သူတို႔နားကို တျဖည္းျဖည္းနီးလာရတုန္း !

မုရုန္ရႊယ္ သည္လည္း လန္႔ဖ်ပ္သြားကာ ခ်က္ခ်င္းထထိုင္လိုက္ၿပီးေနာက္ ထိတ္လန္႔စြာ ေမးလာေလ၏။

" လင္းတာ့ေကာ၊ အဲ့ဒါကဘာသံေတြလဲ ? "

လင္းရွ သည္ သူမအား အသံတစ္စံုတစ္ရာမထြက္ဖို႔ အခ်က္ျပလိုက္ၿပီးေနာက္ အေမွာင္ထဲတြင္သာ လွဲအိပ္ေနၿပီး မလႈပ္ရွားဖို႔ အမူအရာျပလိုက္ေလသည္။ မုရုန္ရႊယ္ သည္ သူ႔ေဘးမွ ယုဇီေကြ်း ကို ျမင္လိုက္ရေသာအခါ ခ်က္ခ်င္းပင္ လိပ္ျပာလြင့္မတတ္ ထိတ္လန္႔သြားရွာေတာ့၏။

တိုက္ခိုက္ေနသည့္ အသံမ်ားသည္ တစ္စထက္တစ္စ နီးကပ္လာကာ လင္းရွ မွ တိုက္ခိုက္ေနသည့္သူမ်ားမွာ မည္သူမည္ဝါျဖစ္ေၾကာင္း ေတြ႔လိုက္ႏိုင္သည့္အခါတြင္မူ ကိုယ့္ဖာသာကိုယ္ပင္ ဇေဝဇဝါ ျဖစ္သြားရေတာ့သည္။ အေၾကာင္းမွာ သူတို႔အားလံုးသည္ သူသိၿပီးသား လူမ်ားသာ ျဖစ္ေနေသာေၾကာင့္ပင္ !

ဝတ္ရံုရွည္ဝတ္ အမ်ိဳးသမီးေလးဦးမွာ သိသိသာသာပင္ မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္၏ အထူးအုပ္စုျဖစ္ၿပီး တစ္ဖက္တြင္မူ စိမ္းျပာေရာင္ ဝတ္စံုဝတ္ထားၿပီး လက္ထဲတြင္ ေရႊေရာင္ ေခါင္းေလာင္းတစ္ခုကို ကိုင္ထားသည့္ မိန္းကေလးငယ္ေလးတစ္ဦး ျဖစ္ေနေလသည္။

ၾကည့္ရတာေတာ့ ထိုသူမွာ သူတို႔ႏွင့္ ေရစက္ပါသည့္ ပိယြမ္ ျဖစ္ေနပံုပင္ !

သူမ၏ ေဘးပတ္ပတ္လည္တြင္ မတ္တပ္ရပ္ကာ သူမအစား တိုက္ခိုက္မႈမ်ားကို ခံေပးေနသည့္ သူမ်ားထံတြင္ ေငးငိုင္ေနသည့္ မ်က္လံုးမ်ားရွိၿပီး သူတို႔၏ ခႏၶာကိုယ္မ်ားမွာ ေတာင့္တင္းေနေပ၏၊ သိသိသာသာပင္ သူတို႔မွာ ပိယြမ္ ၏ ထိန္းခ်ဳပ္ျခင္းကို ခံထားရၿပီး ျဖစ္ေလသည္။

လင္းရွ သည္ ခါးကိုင္းကာ ယုဇီေကြ်း ၏ နားနားသို႔ကပ္ၿပီး ေလသံတိုးတိုးျဖင့္ ေျပာလိုက္၏။

" အဲ့ဒီေလးေယာက္က မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္က လူေတြပဲ၊ မင္းဒီေနရာမွာ ရွိေနမွန္း သူတို႔သိမသြားေစနဲ႔။ "

ယုဇီေကြ်း သည္ တုန္လႈပ္သြားရ၏။ ထို႔ေနာက္ ခ်က္ခ်င္းပင္ သူတို႔အား မွတ္မိသြားေလေတာ့သည္။

သဘာဝက်စြာပင္ သူသည္ ထိုမုန္းစရာေကာင္းလွသည့္ မိန္းမမ်ားကို သိေပသည္ !

လင္းရွ သည္ ယုဇီေကြ်း ၏ အသက္ရႈသံမ်ား ျမန္ဆန္လာသည္ကို သတိထားမိလိုက္ရေသာအခါ စိတ္ထဲမွ ပူပန္သြားမိၿပီး သူ႔လက္ကို ဆန္႔ကာ ထိုကေလး၏ လက္အား ကိုင္ထားေပးရင္း ခပ္ဖြဖြ ပုတ္ေပးလိုက္ေခ်သည္။ သူသည္ အနည္းငယ္ စိတ္ရႈပ္ေထြးေနဆဲျဖစ္၏၊ ဘာလို႔ ပိယြမ္ က ဒီမိန္းမအုပ္စုနဲ႔ တိုက္ခိုက္ေနရတာလဲ ? ထိုအုပ္စုႏွစ္စုမွာ တူညီသည့္ ရည္ရြယ္ခ်က္ရွိပံုရေသာ္လည္း လက္ရွိတြင္ တစ္ဖက္ႏွင့္တစ္ဖက္ တိုက္ခိုက္ေနၾကေလရာ အနည္းငယ္ ထူးဆန္းေနေပသည္။

ပိယြမ္ သည္ ယုဇီေကြ်း ကို လိုက္ရွာရန္ တာဝန္ေပးခံထားရေသာ္လည္း သူမ၏ စိတ္ထဲတြင္မူ အနည္းငယ္ မတရားခံေနရသလို ခံစားေနရဆဲျဖစ္၏။ မည္သို႔ပင္ျဖစ္ေစကာမူ ယခင္တစ္ေခါက္တုန္းက ယုဇီေကြ်း သည္ သူမကို အေတာ္ေလးျပင္းျပင္းထန္ထန္ ရိုက္ႏွက္ခဲ့သည့္အတြက္ သူမမွာ ရက္ေတာ္ေတာ္ၾကာသည္အထိ သူမမ်က္ႏွာကို လူမျပရဲခဲ့ေခ်။ ထိုကိစၥေၾကာင့္ သူမသည္ အျခားေသာ မိစာၦက်င့္ၾကံသူမ်ား၏ ဟာသလုပ္ျခင္းကို ခံခဲ့ရေလရာ သူမအား တကယ့္ကုိပင္ ေဒါသမ်ား ထြက္လာေစသည့္အတြက္ အျခားသူမ်ားႏွင့္ တမင္တကာပင္ ရန္ပြဲမ်ား အေတာ္မ်ားမ်ား ျဖစ္ခဲ့ေလသည္။

ဤတစ္ႀကိမ္တြင္မူ ခ်ဴးယင္ သည္ သူတို႔အား လူစုေစကာ အေၾကာင္းျပခ်က္ကိုမေျပာပဲ ယုဇီေကြ်း ကိုသာ မထိခိုက္ေစဖို႔ သတိေပးၿပီးေနာက္ သူမအား ပံုတူဆြဲခိုင္းခဲ့ေလသည္။ သူမသည္ ေဒါသမ်ားထြက္ကာ ထိုေဒါသမ်ားကို မည္သည့္ေနရာမွာမွ် ဖြင့္ထုတ္ခြင့္မရေသာေၾကာင့္ လမ္းတစ္ေလွ်ာက္တြင္ ရန္စကာ ျပႆနာရွာၿပီး ေတြ႔သမွ်လူမ်ားႏွင့္ ရန္ျဖစ္လိုက္ေသာအခါတြင္မွသာ သူမ၏ ေဒါသမ်ား အနည္းငယ္ ေလ်ာ့နည္းသြားေလေတာ့၏။

သူမသည္ ၿမိဳ႕အျပင္ဖက္သို႔ ေရာက္ေနစဥ္ မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္မွ လူအခ်ိဳ႕ႏွင့္ ဆံုခဲ့ျခင္းျဖစ္ေလသည္။ ပိယြမ္ သည္ ထိုအမ်ိဳးသမီးမ်ားမွာ မသကၤာျဖစ္စရာေကာင္းလွသည္ဟု ခံစားလိုက္ရေသာေၾကာင့္ လူတစ္ေယာက္ကို ထိန္းခ်ဳပ္ကာ သူတို႔ထဲမွ တစ္ဦး၏ ဝတ္ရံုစကို ဆြဲခြ်တ္ေစလိုက္၏။ သူတို႔ႏွစ္ဦးတိုက္ခိုက္ၾကေသာအခါ သူမသည္ ထိုသူတို႔မွာ အမွန္တကယ္ စြမ္းအားႀကီးလိမ့္မည္ဟု မေမွ်ာ္လင့္ထားမိေခ်။ သူတို႔သည္ တစ္ခဏအတြင္းမွာပင္ သူမ၏ အသြင္မွန္ျဖစ္သည့္ မိစာၦက်င့္ၾကံသူျဖစ္ေလေၾကာင္းကို သတိထားမိသြားၾကေလ၏ ! ပိယြမ္ သည္ သူမဆရာ၏ အေကာင္းဆံုးေသာ လက္နက္မ်ားကို သူမႏွင့္အတူ ယူလာခဲ့သလို သူမေဘးပတ္ပတ္လည္တြင္ လူသားဒိုင္းကာမ်ား၏ အကူအညီရွိေနေသာ္လည္း ဤေနရာအထိ လြတ္သည္ဆိုရံုေလးသာ ထြက္ေျပးႏိုင္ခဲ့ေလသည္။ သူမနားထင္ထက္မွ ဆံပင္မ်ားမွာ ဖရိုဖရဲျဖစ္ေနကာ သူမသည္လည္း အလြန္တရာမွ စိတ္ဖိစီးေနဟန္ ေပၚေနေလ၏။

မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္ မွလူမ်ားသည္ မိစာၦက်င့္ၾကံသူမ်ားကို ျပင္းျပင္းထန္ထန္ ရြံမုန္းကာ သူတို႔၏ လူသတ္သည့္ တိုက္ကြက္မ်ားသည္ အဆက္မျပတ္ပင္ ထြက္ေပၚလာေလသည္။ သူတို႔ေလးေယာက္သည္ အတူတကြ တိုက္ခိုက္ၾကေသာအခါ ပို၍သန္မာၾကေလၿပီး ပိယြမ္ အတြက္ ျပန္တိုက္ခိုက္ရန္ အခြင့္အေရးပင္မရွိေပ။ သူတို႔ဓားခ်က္မ်ားေၾကာင့္ သူမ၏ ခႏၶာကိုယ္ထက္တြင္ ဒဏ္ရာမ်ား အေျမာက္အျမားျဖစ္ေနကာ သူမ၏ အဝတ္မ်ားသည္ပင္ လံုျခံဳေအာင္ မဖံုးကြယ္ႏိုင္ပဲ ျဖစ္ေနေခ်၏။

ဆင့္ေခၚအေမႊးတိုင္ ကို တိတ္တဆိတ္ ထြန္းညိွလိုက္ၿပီးျဖစ္ေလရာ သူမသည္ အခ်ိန္ဆြဲရန္အတြက္ တမင္တကာပင္ ပါးစပ္မွ အဓိပၸာယ္မရွိ ေပါက္ပန္းေလးဆယ္ ေလွ်ာက္ေျပာလိုက္ေပသည္။

" ဘာလို႔မ်ား ေဟာဒီ အႀကီးအကဲအစ္မႀကီးတို႔က စိတ္ဆိုးေနရတာပါလိမ့္ ? အစ္မႀကီးတို႔က ေခ်ာလည္း ေခ်ာၿပီးသားပဲ ဥစၥာ …… အား ! "

သူမ စကားေျပာေနတုန္းမွာပင္ ေနရာလြတ္တစ္ခုမွ ဝင္လာသည့္ ေစာင့္ေရွာက္သူ၏ ဓားခ်က္ကို ခံလိုက္ရ၏။

ပိုင္ရွန္း သည္ ေဒါသထြက္ေနဟန္ျဖင့္ ေအာ္ေျပာလာေလသည္။

" မိစာၦဂိုဏ္းက မိစာၦက်င့္ၾကံသူေတြက စကားအလွအပေတြ သံုးတဲ့ေနရာမွာေတာ့ ၿပိဳင္ဖက္မရွိဘူးပဲ၊ အကုန္လံုးပဲ သူ႔ကို သတ္ခြင့္ျပဳတယ္ ! "

သူမ၏ ဓားဖ်ားသည္ ဖ်တ္ခနဲလက္သြားၿပီးေနာက္ ပိယြမ္ ၏ ရုပ္ေသးရုပ္မ်ားထဲမွ တစ္ရုပ္ကို ပိုင္းျဖတ္လိုက္ေလ၏။ တစ္ဆက္တည္းမွာပင္ ဓား၏ အရွိန္ေၾကာင့္ ပိယြမ္ ၏ ေခါင္းေပၚမွ ဆံပင္အခ်ိဳ႕ပါ ျပတ္ပါသြားရေခ်သည္။ ထိုလူ၏ ပခံုးမွာ ဓားျဖင့္ ခုတ္ပိုင္းျခင္းကို ခံလိုက္ရၿပီးေနာက္ တစ္ခဏအၾကာတြင္ သူသည္ သတိျပန္ဝင္လာေသာအခါ နာက်င္လြန္း၍ ေျမႀကီးေပၚတြင္ လူးလွိမ့္ေနရေပ၏။

ပိယြမ္ သည္ ေဒါသထြက္ေနရ၏။ မတိုင္မီက သူမသည္ ယုဇီေကြ်း ထံတြင္ ရံႈးနိမ့္ခဲ့ရတာ ဘယ္လိုလုပ္ၿပီး ဒီအေျခအေနထိ ထပ္ေရာက္လာရတာလဲ ? အခုေလးတင္ပင္ သူမကြ်မ္းက်င္ေသာ စိတ္ထိန္းခ်ဳပ္သည့္ နည္းလမ္းမ်ားသည္ ထိုမိန္းမမ်ားေပၚ၌ မည္သည့္သက္ေရာက္မႈမွ် မရွိခဲ့ေခ်။ သူမသည္ ခါးသီးစြာ အံႀကိတ္လိုက္ၿပီးေနာက္ သူမ၏ စိတ္ကိုျပန္ထိန္းလိုက္၏ __ မိစာၦဂိုဏ္းမွ ပိုင္ယြမ့္ဟုဖာ၊ ရုပ္ေသးရုပ္ဆရာ မင္က်ဲ႕ က ဒီနားကို ေရာက္ေနၿပီ !

မုရုန္ရႊယ္ သည္ ဘာမွ်မကူပဲ ဆက္ၾကည့္ေနဖို႔ကို သည္းမခံႏိုင္ေတာ့ေခ်။ လင္းရွ သည္ သူမအား အလွ်င္အျမန္ လက္ေဝွ႔ယမ္းျပကာ စိတ္မပူဖို႔ အခ်က္ျပလိုက္၏။ သူမသည္လည္း သူမကိုယ္သူမ လူလံုးထြက္မျပသင့္မွန္း သိသည့္အတြက္ အျပင္သို႔ထြက္သြားလိုသည့္ ဆႏၵကို ခုခံေနေသာ္ျငား မ်က္လံုးမ်ားကမူ နီရဲေနေပေတာ့သည္။

ပိုင္ရွန္း သည္ အေရွ႕သို႔တက္ကာ တစ္ခ်က္တည္းျဖင့္ ဤမိစာၦက်င့္ၾကံသူအား အဆံုးသတ္ေပးဖို႔ ျပင္လိုက္ေသာ္လည္း ရုတ္တရက္ပင္ ေရႊကဲ့သို႔ မာေက်ာလွသည့္ အရာဝတၳဳတစ္ခုသည္ ေျမႀကီးထဲမွ ထြက္လာကာ ပိယြမ္ ၏ အေရွ႕တြင္ ပိတ္ကာထားလာေလ၏။ စြမ္းအင္ဓားတစ္ေခ်ာင္းမွ ေျမႀကီးေပၚသို႔ ထိုးစိုက္လာေသာအခါတြင္မူ နားစူးလွသည့္ အသံထြက္ေပၚလာေပသည္။ သူမသည္ အံ့ၾသသြားၿပီးေနာက္ က်န္သံုးဦးအား အမိန္႔ေပးလိုက္၏။

" ေနာက္ဆုတ္ ! "

ပိယြမ္ သည္ အေပ်ာ္လြန္သြားကာ ေအာ္ေျပာလိုက္၏။

" အႀကီးအကဲ မင္က်ဲ႕ ! "

ထိုအရာဝတၳဳသည္ အစိမ္းေရာင္ ေတာက္ပေနကာ မ်က္လံုးမ်ားမွာမူ အျဖဴေရာင္ျဖစ္ၿပီး ငါးလက္မ ေျခာက္လက္မမွ်ေလာက္ရွိသည့္ လက္သည္းခြ်န္မ်ား ရွိေနေလသည္။

အဲ့ဒါက ဖုတ္ေကာင္ ရုပ္ေသးရုပ္ပဲ !

ယင္းသည္ ပါးစပ္ကိုဟကာ စူးရွသည့္ ရယ္သံကို ျပဳလုပ္လာေပသည္။ လေရာင္ေအာက္မွ သြားျဖဴျဖဴေဖြးေဖြးမ်ားသည္ အလြန္တရာမွ ေၾကာက္စရာေကာင္းလွကာ မင့္ျမတ္အပ်ိဳစင္ ေတာင္ထြတ္မွ လူမ်ား အံ့အားသင့္ေနၾကသည့္ အခ်ိန္အတြင္းမွာပင္ မေရမတြက္ႏိုင္သည့္ စြမ္းအင္အပ္ေခ်ာင္းမ်ားသည္ ယင္း၏ ပါးစပ္ထဲမွ ထြက္လာၾကေလ၏။ လေရာင္ေအာက္တြင္ ထိုအပ္ေခ်ာင္းမ်ားသည္ အျပာေရာင္ခပ္ေဖ်ာ့ေဖ်ာ့ ေတာက္ပေနၾကေခ်ေတာ့သည္။

အဲ့ဒါေတြက ေသခ်ာေပါက္ အဆိပ္ရည္စိမ္ထားသည့္ အပ္ေတြပင္ !

အမ်ိဳးသမီးေလးဦးသည္ အပ္ေခ်ာင္းမ်ားကို တားဆီးရန္အတြက္ အလွ်င္အျမန္ပင္ ဓားမ်ားကို ေဝွ႔ယမ္းလိုက္ၿပီးေနာက္ ပိုင္ရွန္း သည္ ေဒါသတႀကီးျဖင့္ ေျပာလာေလ၏။

" ခိုးေၾကာင္ခိုးဝွက္နဲ႔ တျခားသူေတြကို ဘယ္လိုအကြက္ခ်ရမလဲဆိုတာကိုပဲ သိတဲ့လူေတြပဲ၊ ဒီလိုမ်ိဳး ရြံစရာေကာင္းတဲ့ စရိုက္ေတြနဲ႔ တကယ့္ကို မိစာၦဂိုဏ္း ပီသပါေပတယ္ ! "

သူမသည္ တိတ္တဆိတ္ပင္ သူမ၏ အာရံုစူးစိုက္မႈကို ျမွင့္လိုက္ၿပီးေနာက္ အဆိပ္ေျဖသည့္ ေဆးလံုးကို ၿမိဳခ်လိုက္ေပသည္။

(T/N ; ေပ်ာ္ရႊင္စရာေကာင္းတဲ့ တန္ေဆာင္မုန္းလျပည့္ေန႔ ျဖစ္ပါေစ \(-ㅂ-)/ ♥ ♥ ♥
မနက္ျဖန္အတြက္ ႀကိဳေျပာထားတာပါ။
~\(≧▽≦)/~)
~~~~~
< Unicode >

လင်းရှ သည် တွေးလေလေ ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာလေလေ ဖြစ်နေရ၏။ ရုတ်တရက် အပြင်ဖက်မှ တံခါးခေါက်သံပေါ်လာလေရာ သူသည် အထိတ်တလန့်ဖြင့် တုန်ယင်သွားမိလေသည်။

" ဘယ်သူလဲ ? "

အပြင်မှ မုရုန်ရွှယ် ၏ အသံထွက်လာချေသည်။

" လင်းတာ့ကော၊ ကျွန်မပါ။ "

လင်းရှ သည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် တံခါးဖွင့်လိုက်သောအခါ မုရုန်ရွှယ် မှ စိတ်ပူပန်နေဟန်ဖြင့် ပြောလာလေသည်။

" လင်းတာ့ကော၊ ကျွန်မ အစောပိုင်းက အစောင့်အရှောက် ပိုင် ကနေပြီး ဆင့်ခေါ်အမွှေးတိုင် ထွန်းလိုက်တာကို သတိထားမိလိုက်တယ်။ သူက တခြား အစောင့်အရှောက်အကြီးအကဲသုံးယောက်ကို ဒီကိုလာခိုင်းဖို့လုပ်နေတာ …… ဖြစ်နိုင်တာက သူတို့ အားကျွေး ရဲ့တည်နေရာကိုသိသွားတာများလား ? "

ချက်ချင်းလိုလိုုပင် လင်းရှ ၏ နှလုံးမှာ တင်းကြပ်သွားရ၏။ ယုဇီကျွေး သည် လက်ရှိတွင် သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသနေလိမ့်မည်ဟု ခန့်မှန်းနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤလောကတွင် လူမသိသူမသိ အနေဖြင့်သာ ကိစ္စများကို လုပ်ကိုင်မည်ဆိုပါက သေချာပေါက်ပင် နာမည်ရလာနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ရှောက်ယန် ဂိုဏ်း၏ အလားအလာအရှိဆုံးသော လူငယ် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည့်သူအနေဖြင့် သူသည် ချုန်းမင် မြို့ထဲတွင်ပင် အနည်းငယ် ဂုဏ်သတင်းရှိနေဆဲဖြစ်လေ၏။ ထိုသို့သာဆိုပါက ပိုင်ရှန်း သည် ချုန်းမင် မြို့မှ လူတစ်ဦးဦးနှင့် တွေ့ဆုံမိမည်ဆိုလျှင် မေးမြန်းဖို့ ခက်လိမ့်မည်မဟုတ်ချေ။

သူသည် မျက်မှောင်ကျုံ့ရင်း မုရုန်ရွှယ် ကိုစိုက်ကြည့်လိုက်လေ၏။

" မိန်းကလေး မုရုန်၊ အဲ့ဒီလိုသာဆိုရင် ကျွန်တော်တို့ ဒီမှာနေဖို့ လိုလိမ့်မယ်။ "

မုရုန်ရွှယ် သည်လည်း စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ခေါင်းငြိမ့်ပြလာလေသည်။

" အင်း၊ လင်းတာ့ကော၊ ကျွန်မတို့ သူတို့ကို သေချာပေါက် တားရမယ်။ "

ပိုင်ရှန်း သည် အမှန်တကယ်ပင် ဤစားသောက်ဆိုင်ထဲတွင် ဆက်နေနေကာ ကျန်သုံးဦးကို စောင့်ဆိုင်းနေဟန် ရှိချေ၏။

လင်းရှ သည် သူမမှ သံသယတစ်ခုခု ဝင်သွားမည်ကို စိုးရိမ်သည့်အတွက် နေ့တိုင်းလိုလို အပြင်သို့ထွက်ခဲလှကာ သူ့အခန်းထဲမှာသာနေရင်း သွေးပင့်ကူကို အားဖြည့်ပေးရန် လိုအပ်သည့် ပစ္စည်းများကိုသာ ပြင်ဆင်နေမိပေသည်။ မုရုန်ရွှယ် ၏ ပြောပြချက်အရဆိုလျှင် ထိုစောင့်ရှောက်သူလေးဦးစလုံးတွင် သူတို့ကျွမ်းကျင်သည့် နယ်ပယ်အသီးသီးစီရှိကြသော်လည်း သူတို့လေးဦးအဖွဲ့၏ လေးမြှောင့်ကြယ်အစီအရင်မှာ မည်သူမျှ လိုက်မမီနိုင်ဟု ဖြစ်ချေသည်။

ခဲ့လန် မင်အာ့ပိုင် လက်ဆောင်ပေးခဲ့သည့် ပင့်ကူဥများသည် ရှားပါးသည့် အဆင့်ရှစ် ပင့်ကူများမှ ဥချထားခဲ့ခြင်းဖြစ်ပြီး ယင်းတို့မှာ သူတို့၏ မိခင်လောက် စွမ်းအားမကြီးဘူးဆိုသော်ငြား အဆိပ်ပြင်းမှုမှာ အတော်လေးမြင့်မားဆဲဖြစ်ပြီး လူအများစုမှာ သူတို့၏ ပိုးမျှင်ကို ထိမိသည်ဖြစ်စေ၊ အကိုက်ခံရသည်ဖြစ်စေ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်အတွင်း၌ သေဆုံးသွားလိမ့်မည် ဖြစ်ပေသည်။ ထိုသူတို့မှာ ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် သူတို့၏ တစ်ကိုယ်လုံးသည် အကြောဆိုင်းသွားမည်ဖြစ်ပြီး ကျင့်ကြံဆင့်များသည်လည်း သိသိသာသာပင် လျော့ကျသွားလိမ့်ပေမည်။

နဂိုဆိုလျှင် ဤပင့်ကူဥများသည် ဥဖောက်ရန်အတွက် ဆယ်ရက်နီးပါးမျှလောက် ကြာနိုင်သော်လည်း လင်းရှ သည် ဂရုမစိုက်နိုင်ပဲ သွေးပင့်ကူများမှ မြန်မြန်ပေါက်လာပြီး သူ့ကို ပိုင်ရှင်အဖြစ်အသိအမှတ်ပြုနိုင်ရန်အတွက် စိတ်ထက်သန်စွာပင် သူ၏ ကိုယ်ပိုင်သွေးများဖြင့်ပင် တိုက်ကျွေးလိုက်ချေသည် __အဘယ့်ကြောင့်ဆိုသော် ယုဇီကျွေး မှ စိတ်မြန်လက်မြန်ရှိကာ တစ်စုံတစ်ဦးအား ထိခိုက်အောင်မလုပ်မိခင်တွင် သုံးနိုင်ရန်ဖြစ်ပေ၏။

တည်းခိုခန်းတွင်နေသည်မှာ လေးရက်မြောက်သည့်နေ့တွင်မူ သွေးပင့်ကူများသည် နောက်ဆုံး၌ ဥမှပေါက်လာကြလေသည်။ ယင်းတို့သည် ရေဘူးအဖုံးမျှလောက် အရွယ်အစားရှိကြကာ သူတို့၏ သွေးနီရောင်ခန္ဓာကိုယ်ကြောင့် ကြမ်းတမ်းရက်စက်ဟန် ရှိနေသော်လည်း လင်းရှ ၏ အမိန့်များကိုမူ တသွေမတိမ်း လိုက်နာကြလေ၏။ လင်းရှ သည် အလွန်တရာမှ ပျော်ရွှင်သွားကာ နေ့တိုင်းလိုလိုပင် သူသည် အပြင်သွားပြီးနောက် အဆင့်နိမ့် မိစ္ဆာသားရဲများ၏ အသားများကို ဝယ်ကျွေးသလို ထိုသွေးပင့်ကူများသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးစားလာကြပြီး အလျှင်အမြန်ပင် ကြီးထွားလာကြလေသည်။ သူသည် မုရုန်ရွှယ် ကြောက်လန့်သွားမည်ကို စိုးရိမ်သည့်အတွက် မိစ္ဆာသားရဲ ထည့်၍ရသည့် အိတ်တစ်အိတ်ပြုလုပ်လိုက်ပြီးနောက် သာမန်နေ့များဆိုလျှင် သူသည် သွေးပင့်ကူများကို အိတ်ထဲသို့ ထည့်ပြီး သူနှင့်အတူခေါ်သွားတတ်ပေသည်။

ခုနစ်ရက်မြောက်နေ့တွင်မူ မျှော်လင့်ထားသည့်အတိုင်းပင် ပိုင်ရှန်း ကဲ့သို့ ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် အမျိုးသမီးများ ရောက်လာကြလေသည်။ မည်သို့ပင် ဆိုစေကာမူ မုရုန်ရွှယ် နှင့် သူတို့သည့် သိကျွမ်းကြသည့်သူများဖြစ်သည့်အတွင် လင်းရှ သည် သူမကို တတ်နိုင်သလောက် အပြင်မထွက်ရန် ပြောလိုက်လေ၏။ အဘယ့်ကြောင့်ဆိုသော် မည်သို့ပင် ရုပ်ဖျက်ထားသည်ဆိုဆို လူတစ်ယောက်၏ အမူအကျင့်သည် ပြောင်းလဲဖို့ ခက်ခဲလေရာ ရင်းနှီးနေသည့်သူတစ်ဦးဦးမှ သူမအား မမှတ်မိသွားနိုင်ဟု တပ်အပ် မပြောနိုင်ချေ။

စောင့်ရှောက်သူနှစ်ဖွဲ့မှ ဆုံမိသွားကြသောအခါ လေးဦးသားသည် ချက်ချင်းလိုလိုပင် တည်းခိုခန်းမှ ထွက်ခွာပြီးနောက် ချုန်းမင် မြို့ဆီသို့ ဦးတည်သွားကြလေတော့၏။ လင်းရှ သည်လည်း အလျှင်အမြန်ပင် ငွေပေးချေလိုက်ပြီးနောက် ထွက်ခွာလာခဲ့လိုက်ပေသည်။ သူသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းတွင် မြင်းလှည်းတစ်စီးနှင့် အခြားသော လိုအပ်သည့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ သူနှင့် မုရုန်ရွှယ် တို့နှစ်ဦးသည် ကုန်သည်များကဲ့သို့ ဝတ်ဆင်ပြီးနောက် သူတို့လေးဦး၏ နောက်ဖက် ခပ်ဝေးဝေးမှနေပြီး လိုက်ခဲ့ကြလေ၏။

ထိုလေးဦးမှာ သိသာထင်ရှားသည့် အဝတ်အစားများကို ဝတ်ဆင်ထားလေသည့်အတွက် လမ်းတစ်လျှောက်တွင် မေးမြန်းရင်း သူတို့နောက်သို့ လိုက်ရသည်မှာ သိပ်မခက်ခဲလှချေ။ သူတို့သွားသည့်နှုန်းမှာ အတော်လေးမြန်သော်လည်း လင်းရှ သည် အဆင်ပြေနေဆဲဖြစ်ပြီး မုရုန်ရွှယ် သည်သာ အနည်းငယ် ပင်ပန်းနေဟန်ပြလာလေ၏။ သို့သော်လည်း သူမသည် တစ်ချက်ကလေးမျှပင် မငြီးငြူခဲ့ချေ။

တစ်ညတွင်မူ သူတို့နှစ်ဦးသည် တောင်ပေါ်ရှိ သစ်တောထဲတွင် တစ်ညတာ နေနိုင်ရန်အတွက် ဂူတစ်ခုကို ရှာခဲ့ရလေ၏။ လင်းရှ သည် မြက်ခြောက်အချို့ကို ခုတ်ဖြတ်ပြီးနောက် မြေကြီးပေါ်တွင်ခင်းကာ မုရုန်ရွှယ် အား အိပ်စေလိုက်ပေသည်။ သံသယမဝင်စေရန်အတွက် သူသည် ဂူအဝနားတွင်သာ အိပ်ကာသာ စောင့်ကြပ်နေလိုက်ချေသည်။

ညသန်းခေါင်အချိန်သို့ အလျှင်အမြန်ပင် ရောက်လာကာ လင်းရှ သည် ကောင်းကင်ထက်ရှိ တောက်ပနေသည့် လမင်းကြီးကို ကြည့်ရင်း အတွေးများလွင့်နေမိကာ သူ့နှလုံးသားသည်လည်း ရှုပ်ထွေးနေရ၏။

ထိုလူနှစ်စုမှာ သူလက်ရှိ ကိုင်တွယ်နိုင်သည့်သူများ မဟုတ်ချေ။ သူသည် မုရုန်ရွှယ် မှ စောင့်ရှောက်သူလေးဦးကို တားဆီးနိုင်ပြီးနောက် ယုဇီကျွေး သည်လည်း မိစ္ဆာကျင့်ကြံသူများ၏ ဆွဲဆောင်မှုကို ယိမ်းယိုင်မသွားပဲ သူ၏ နေရာကိုသာ အခိုင်အမာ တည်ဆောက်နိုင်ဖို့ မျှော်လင့်ရပေသည်။ မဟုတ်ပါက အနာဂတ်တွင် ဇာတ်လိုက်ဖြစ်သူသည် သူ၏ ဗီလိန်ဖြစ်သူ ငယ်သူငယ်ချင်းအား  ကုန်းမြေတစ်ခွင် လိုက်လံရှာဖွေပြီးနောက်  ပြန်လာခဲ့ပါရန် ကြိုးစားပမ်းစား ဖြောင်းဖြပြီး နောက်ဆုံး သူတို့နှစ်ဦးလုံးသည် အဓိပ္ပာယ်မရှိသည့် ဒရမ်မာဆန်ဆန် အချစ် - အမုန်း ဆက်ဆံရေးနှင့် အဆုံးသတ်သွားရပေလိမ့်မည် …… အား … တကယ်ပါပဲ !

လင်းရှ သည် ငေးငိုင်နေရင်းမှာပင် သူသည် ဤနေရာတွင် ရှိမနေသင့်သည့် ယုဇီကျွေး ၏ ပုံရိပ်မှာ သစ်ပင်နောက်မှ ဖြတ်ခနဲ ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူသည် ထိတ်လန့်သွားကာ အလိုလို ပါးစပ်မှ လွှတ်ခနဲထွက်သွားလိုက်မိလေသည်။

" အားကျွေး လား ? "

သူ့အသံမှာ နဂိုကတည်းကပင် အလွန်တရာမှ တိတ်ဆိတ်လှကာ ယခုအခါတွင် မကြားနိုင်သလောက်နီးပါးဖြစ်သော်လည်း ထိုသူကမူ သူ၏ ခြေလှမ်းများကို ပြောင်းလိုက်ပြီးနောက် နူးညံ့သည့် မျက်နှာလေးမှ အမူအရာတစ်စမျှ မပေါ်လွင်စေပဲ လရောင်ရှိရာဖက်သို့ မျက်နှာမူလာလေ၏၊ အဲ့ဒါက တစ်ကယ်ကြီးကို ယုဇီကျွေး ပဲ !

သူ့ကျောပေါ်တွင်မူ ဓားရှည်တစ်လက်ရှိကာ ယင်းမှာ လင်းရှ မှာ သူ့အားပေးထားခဲ့ဖူးသည့် ဓားဖြစ်ပုံရလေသည်။

လင်းရှ သည် အနည်းငယ် အံ့အားသင့်သွားရ၏။

ဒီကလေးက နောက်ဆုံးကျ ဓားကို လွှင့်ပစ်ရမှာကို နှမြောသွားတာများလား ?

သို့သော်လည်း သူသည် အနီးအနားတွင် မြင့်မြတ်အပျိုစင် တောင်ထွတ်မှ လေးဦးရှိနေသေးကြောင့် ချက်ချင်းလိုလိုပင် အမှတ်ရသွားလေတော့၏ !

သူသည် အထိတ်တလန့်ဖြင့် မတ်တပ်ထရပ်ကာ ခပ်တိုးတိုးလှမ်းပြောလိုက်လေသည်။

" အားကျွေး၊ မင်းက သားရဲတစ်သောင်း တောအုပ်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား ? မြင့်မြတ်အပျိုစင် တောင်ထွတ်က …… "

ယုဇီကျွေး သည် သစ်ပင်နားဆီမှ အလျှင်အမြန်ပင် ပြေးလာပြီဖြစ်ကာ လင်းရှ မှာစကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် သူ၏ကျောမှ ကျောက်နံရံနှင့် ခပ်ပြင်းပြင်း ဝင်ဆောင့်သွားမိသည်ကို ခံစားလိုက်ရပြီးနောက် နာကျင်မှုကြောင့် အသက်ရှုပင် မှားသွားရလေတော့သည်။ ယုဇီကျွေး သည် သူ၏ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း နံရံထက်တွင် ဖိကပ်ထားလိုက်လေ၏။ သူ၏ တစ်ကိုယ်လုံးမှာမူ တုန်ယင်နေကာ အသံမှာလည်း ဒေါသအပြည့်နှင့် သြရှနေပေသည်။

" မင်း ငါ့ကို ထပ်လိမ်သွားခဲ့တာပဲ ! မင်း ဒီမိန်းမနဲ့ အတူတူ ထွက်ပြေးပြီး ငါဆီကနေ ပုန်းနေဖို့ စိတ်ကူးနေတာလား ? …… "

သူ့မျက်လုံးထဲ၌ ခပ်မှိန်မှိန်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် တစ်ကိုယ်လုံးမှ လူသတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်လာလေတော့၏။ သူ၏ အကြည့်သည် ချက်ချင်းလိုလိုုပင် ဂူအတွင်းပိုင်း၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် မုရုန်ရွှယ် ၏ ကိုယ်ပေါ်သို့ ရောက်သွားချေသည်။

လင်းရှ မှာ သူ၏ လက်မောင်းများသည် ထိုအားကြောင့် ကျိုးသွားတော့မလိုပင် ခံစားနေရကာ နာကျင်မှုကြောင့် မျက်ခုံးများကို တွန့်ချိုးလိုက်မိ၏။

ဒါက dog blood drama ထဲက အဓိပ္ပာယ်မရှိတဲ့ အထင်လွဲတဲ့ ဇာတ်ဝင်ခန်းများလားကွာ ? ဘာလို့ ဒီကလေးက အမြဲတမ်း သွေးဆူနေပြီး သူပြောနေတဲ့စကားလေးကိုတောင် ပြီးအောင် ပြောခွင့်မပေးရတာလဲ ?

(T/N ; dog blood drama က ဒရမ်မာခင်းတာတွေ အပ်ကြောင်းထပ်နေပြီး ခန့်မှန်းရလွယ်တဲ့ ဇာတ်လမ်းလိုဟာမျိုးကိုပြောတာပါ။ သိတယ်မလား မင်းသမီးနဲ့ မင်းသား အထင်လွဲနေကြတဲ့အချိန်ဆို အရံဇာတ်ကောင်လေးတွေပေါ်လာပြီး ဟဲ့ အဲ့တုန်းကလေ သူသာ မကူရင် ဘာဖြစ်တယ်ညာဖြစ်တယ်လို့ ပြော။ အဲ့တော့မှ သြော်ဒီလိုပါလား ငါမှားသွားတယ် ဘလာဘလာ ဆိုပြီး နှစ်ပြားပြန်ဂဟေဆက်သွားကြတာမျိုးပေါ့။ ပြီးတော့ အဲ့လိုကွဲနေတဲ့ အချိန်တွေမှာ အပိုကားဘီးလေးက မင်းသမီးကို ဖေးဖေးမမလုပ်နေရင် မင်းသားက မနာလိုဝန်တိုဖြစ်ပြီး မင်းကသူ့ကို ကြိုက်နေတာလား ဘာလာလာ၊ ဟိုကလည်း မဟုတ်ပါဘူး ရှင့်ကိုပဲ သဘောကျတာပါ ဘလာဘလာ ဆိုပြီး နှစ်ယောက်သား ပြန်တည့်သွားကြတာမျိုးလေ။ အဟမ်း လေကြောရှည်တာ နည်းနည်းများသွားပြီ။ )

သူသည် ယုဇီကျွေး ၏ မျက်လုံးများထဲသို့ အသေအချာ စိုက်ကြည့်လိုက်၏။

" အဲ့ဒီလိုမဟုတ်ဘူး၊ အားကျွေး၊ မင်းအထင်လွဲနေပြီ။ အစ်ကိုကသူ့ကို မြင့်မြတ်အပျိုစင် တောင်ထွတ်ကို ပြန်ပို့ပေးဖို့ ထွက်လာခဲ့တာ၊ ပြီးတော့ တစ်ခါတည်း အားလီ ကိုပါ ရှာဖို့ပဲ။ အစ်ကို မင်းကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။ "

ယုဇီကျွေး ၏ ကျောသည် ချက်ချင်းလိုလိုပင် ဆန့်လာကာ သူ့လက်ပေါ်မှ ခွန်အားသည်လည်း ဖြည်းဖြည်းချင်း လျော့နည်းသွားလေသည်။ သူ ( ယုဇီကျွေး ) သည် အားနည်းစွာဖြင့် ခေါင်းကို ငုံ့ထားလိုက်လေသည်။

ဆုန်းရှောင်ဟူ မှ စကားချော်ကာ ပြောမိသွားခဲ့သည့်နောက်တွင် သူသည် ချက်ချင်းပင် သဘောပေါက်သွားရ၏။ ဤလူသည် သူ့အား နှုတ်ဆက်စကားလေးပင်မဆိုပဲ တခြားမိန်းမတစ်ယောက်နဲ့ ထွက်သွားပေသည် __ ကြည့်ရသည်မှာ သူသည် ပြန်လာတော့မည်ပုံပင် မရှိချေ !

ထိုအချက်ကို သဘောပေါက်သွားသောအခါ သူ၏ အသက်ကိုပင်အမှုမထားပဲ သားရဲတစ်သောင်း တောအုပ်မှ ချက်ချင်းပင် ထွက်ခွာလာပြီးနောက် လမ်းတစ်လျှောက် တစ်ချက်မျှပင် မရပ်နားပဲ သူ့ကို လိုက်ရှာခဲ့လေသည်။

ကံကောင်းလို့ပေါ့ …… ရှာတွေ့နိုင်ခဲ့တာ။

သူသည် ခေါင်းမော့ကာ လင်းရှ ကို စိုက်ကြည့်လိုက်ပြီးနောက် အက်ရှစွာ ဆိုလာလေ၏။

" မင်းငါ့ကို ပြန်မကြိုက်လို့ရတယ် ဒါပေမယ့် နောက်တစ်ခါကျရင် ငါ့ကို ထပ်ပြီး ……  "

နောက်ဆုံးမှ ' ထားမသွားပါနဲ့ ' ဟူသည့် စကားလုံးငါးလုံးသို့အရောက်တွင် သူသည် အောက်နှုတ်ခမ်းကို ခပ်ပြင်းပြင်း ဖိကိုက်လိုက်ပြီးနောက် ဘယ်လိုပင်ဖြစ်ဖြစ် ပြောမထွက်နိုင်ခဲ့ချေ။

လင်းရှ ၏ ရင်ဘတ်မှာ ဆို့နစ်သွားရကာ သူ၏ လက်နှစ်ဖက်သည် သူ့ရှေ့ရှိလူအား အလိုလို ပွေ့ဖက်ပေးလိုက်မိ၏။

" တောင်းပန်ပါတယ်၊ အစ်ကို အဲ့ဒီလို ထပ်မလုပ်တော့ပါဘူး။ "

ယုဇီကျွေး ၏ ကျောပြင်မှာ တုန်လှုပ်သွားကာ သူ၏ လက်များဖြင့် လင်းရှ အား တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ထိုသူ့အား ဖိချကာ နမ်းလိုက်လိုသည့် စိတ်များကို အားကုန်သုံးပြီး ဖိနှိပ်နေမိပေသည်။

ထိုအချိန်တွင် သိပ်မဝေးသည့် တစ်နေရာမှ ငှက်တစ်အုပ်သည် အသံများဆူဆူညံညံဖြင့် လေထဲသို့ ဖရိုဖရဲ ထပျံလာကြကာ ကြီးမားသည့် သစ်ပင်များ လဲကျသွားသည့် အသံများကိုပါ ကြားလိုက်ရလေ၏။ လင်းရှ သည် ချက်ချင်းပင် သတိအပြည့်ဖြင့် ဖြစ်သွားကာ သူသည် ယုဇီကျွေး အား ဂူအတွင်းပိုင်းထဲသို့ အလျှင်အမြန် ဆွဲသွင်းလိုက်လေတော့သည်။

မြင့်မြတ်အပျိုစင် တောင်ထွတ်မှ စောင့်ရှောက်သူများသည် သိသိသာသာပင် ဘေးလူများကို မနှောင့်ယှက်လိုသည့်အတွက် သူတို့အားလုံးသည် မြို့ကြီး၏ ပတ်ပတ်လည်ရှိ လူနေနည်းသည့် မြို့ငယ်လေးများမှတစ်ဆင့် ဖြတ်သွားကြရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ဤနေရာဝန်းကျင်မှာ အတော်လေးပင် လူသွားလူလာနည်းလှပြီး ဝိဉာဉ်စွမ်းအားများသည်လည်း နည်းပါးသည့်အတွက် စွမ်းအားကြီးသည့် မိစ္ဆာသားရဲများ ရှိမနေချေ။

ဒါဆိုရင် အစောနက သူတို့ရဲ့ အပြုအမူက ဘာကိုဆိုလိုတာလဲ ? ပြီးတော့ အဲ့ဒီအသံတွေက ဘာလို့ သူတို့နားကို တဖြည်းဖြည်းနီးလာရတုန်း !

မုရုန်ရွှယ် သည်လည်း လန့်ဖျပ်သွားကာ ချက်ချင်းထထိုင်လိုက်ပြီးနောက် ထိတ်လန့်စွာ မေးလာလေ၏။

" လင်းတာ့ကော၊ အဲ့ဒါကဘာသံတွေလဲ ? "

လင်းရှ သည် သူမအား အသံတစ်စုံတစ်ရာမထွက်ဖို့ အချက်ပြလိုက်ပြီးနောက် အမှောင်ထဲတွင်သာ လှဲအိပ်နေပြီး မလှုပ်ရှားဖို့ အမူအရာပြလိုက်လေသည်။ မုရုန်ရွှယ် သည် သူ့ဘေးမှ ယုဇီကျွေး ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားရှာတော့၏။

တိုက်ခိုက်နေသည့် အသံများသည် တစ်စထက်တစ်စ နီးကပ်လာကာ လင်းရှ မှ တိုက်ခိုက်နေသည့်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း တွေ့လိုက်နိုင်သည့်အခါတွင်မူ ကိုယ့်ဖာသာကိုယ်ပင် ဇဝေဇဝါ ဖြစ်သွားရတော့သည်။ အကြောင်းမှာ သူတို့အားလုံးသည် သူသိပြီးသား လူများသာ ဖြစ်နေသောကြောင့်ပင် !

ဝတ်ရုံရှည်ဝတ် အမျိုးသမီးလေးဦးမှာ သိသိသာသာပင် မြင့်မြတ်အပျိုစင် တောင်ထွတ်၏ အထူးအုပ်စုဖြစ်ပြီး တစ်ဖက်တွင်မူ စိမ်းပြာရောင် ဝတ်စုံဝတ်ထားပြီး လက်ထဲတွင် ရွှေရောင် ခေါင်းလောင်းတစ်ခုကို ကိုင်ထားသည့် မိန်းကလေးငယ်လေးတစ်ဦး ဖြစ်နေလေသည်။

ကြည့်ရတာတော့ ထိုသူမှာ သူတို့နှင့် ရေစက်ပါသည့် ပိယွမ် ဖြစ်နေပုံပင် !

သူမ၏ ဘေးပတ်ပတ်လည်တွင် မတ်တပ်ရပ်ကာ သူမအစား တိုက်ခိုက်မှုများကို ခံပေးနေသည့် သူများထံတွင် ငေးငိုင်နေသည့် မျက်လုံးများရှိပြီး သူတို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းနေပေ၏၊ သိသိသာသာပင် သူတို့မှာ ပိယွမ် ၏ ထိန်းချုပ်ခြင်းကို ခံထားရပြီး ဖြစ်လေသည်။

လင်းရှ သည် ခါးကိုင်းကာ ယုဇီကျွေး ၏ နားနားသို့ကပ်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

" အဲ့ဒီလေးယောက်က မြင့်မြတ်အပျိုစင် တောင်ထွတ်က လူတွေပဲ၊ မင်းဒီနေရာမှာ ရှိနေမှန်း သူတို့သိမသွားစေနဲ့။ "

ယုဇီကျွေး သည် တုန်လှုပ်သွားရ၏။ ထို့နောက် ချက်ချင်းပင် သူတို့အား မှတ်မိသွားလေတော့သည်။

သဘာဝကျစွာပင် သူသည် ထိုမုန်းစရာကောင်းလှသည့် မိန်းမများကို သိပေသည် !

လင်းရှ သည် ယုဇီကျွေး ၏ အသက်ရှုသံများ မြန်ဆန်လာသည်ကို သတိထားမိလိုက်ရသောအခါ စိတ်ထဲမှ ပူပန်သွားမိပြီး သူ့လက်ကို ဆန့်ကာ ထိုကလေး၏ လက်အား ကိုင်ထားပေးရင်း ခပ်ဖွဖွ ပုတ်ပေးလိုက်ချေသည်။ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်၏၊ ဘာလို့ ပိယွမ် က ဒီမိန်းမအုပ်စုနဲ့ တိုက်ခိုက်နေရတာလဲ ? ထိုအုပ်စုနှစ်စုမှာ တူညီသည့် ရည်ရွယ်ချက်ရှိပုံရသော်လည်း လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြလေရာ အနည်းငယ် ထူးဆန်းနေပေသည်။

ပိယွမ် သည် ယုဇီကျွေး ကို လိုက်ရှာရန် တာဝန်ပေးခံထားရသော်လည်း သူမ၏ စိတ်ထဲတွင်မူ အနည်းငယ် မတရားခံနေရသလို ခံစားနေရဆဲဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ ယခင်တစ်ခေါက်တုန်းက ယုဇီကျွေး သည် သူမကို အတော်လေးပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည့်အတွက် သူမမှာ ရက်တော်တော်ကြာသည်အထိ သူမမျက်နှာကို လူမပြရဲခဲ့ချေ။ ထိုကိစ္စကြောင့် သူမသည် အခြားသော မိစ္ဆာကျင့်ကြံသူများ၏ ဟာသလုပ်ခြင်းကို ခံခဲ့ရလေရာ သူမအား တကယ့်ကိုပင် ဒေါသများ ထွက်လာစေသည့်အတွက် အခြားသူများနှင့် တမင်တကာပင် ရန်ပွဲများ အတော်များများ ဖြစ်ခဲ့လေသည်။

ဤတစ်ကြိမ်တွင်မူ ချူးယင် သည် သူတို့အား လူစုစေကာ အကြောင်းပြချက်ကိုမပြောပဲ ယုဇီကျွေး ကိုသာ မထိခိုက်စေဖို့ သတိပေးပြီးနောက် သူမအား ပုံတူဆွဲခိုင်းခဲ့လေသည်။ သူမသည် ဒေါသများထွက်ကာ ထိုဒေါသများကို မည်သည့်နေရာမှာမျှ ဖွင့်ထုတ်ခွင့်မရသောကြောင့် လမ်းတစ်လျှောက်တွင် ရန်စကာ ပြဿနာရှာပြီး တွေ့သမျှလူများနှင့် ရန်ဖြစ်လိုက်သောအခါတွင်မှသာ သူမ၏ ဒေါသများ အနည်းငယ် လျော့နည်းသွားလေတော့၏။

သူမသည် မြို့အပြင်ဖက်သို့ ရောက်နေစဉ် မြင့်မြတ်အပျိုစင် တောင်ထွတ်မှ လူအချို့နှင့် ဆုံခဲ့ခြင်းဖြစ်လေသည်။ ပိယွမ် သည် ထိုအမျိုးသမီးများမှာ မသင်္ကာဖြစ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသောကြောင့် လူတစ်ယောက်ကို ထိန်းချုပ်ကာ သူတို့ထဲမှ တစ်ဦး၏ ဝတ်ရုံစကို ဆွဲချွတ်စေလိုက်၏။ သူတို့နှစ်ဦးတိုက်ခိုက်ကြသောအခါ သူမသည် ထိုသူတို့မှာ အမှန်တကယ် စွမ်းအားကြီးလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သူတို့သည် တစ်ခဏအတွင်းမှာပင် သူမ၏ အသွင်မှန်ဖြစ်သည့် မိစ္ဆာကျင့်ကြံသူဖြစ်လေကြောင်းကို သတိထားမိသွားကြလေ၏ ! ပိယွမ် သည် သူမဆရာ၏ အကောင်းဆုံးသော လက်နက်များကို သူမနှင့်အတူ ယူလာခဲ့သလို သူမဘေးပတ်ပတ်လည်တွင် လူသားဒိုင်းကာများ၏ အကူအညီရှိနေသော်လည်း ဤနေရာအထိ လွတ်သည်ဆိုရုံလေးသာ ထွက်ပြေးနိုင်ခဲ့လေသည်။ သူမနားထင်ထက်မှ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကာ သူမသည်လည်း အလွန်တရာမှ စိတ်ဖိစီးနေဟန် ပေါ်နေလေ၏။

မြင့်မြတ်အပျိုစင် တောင်ထွတ် မှလူများသည် မိစ္ဆာကျင့်ကြံသူများကို ပြင်းပြင်းထန်ထန် ရွံမုန်းကာ သူတို့၏ လူသတ်သည့် တိုက်ကွက်များသည် အဆက်မပြတ်ပင် ထွက်ပေါ်လာလေသည်။ သူတို့လေးယောက်သည် အတူတကွ တိုက်ခိုက်ကြသောအခါ ပို၍သန်မာကြလေပြီး ပိယွမ် အတွက် ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင်မရှိပေ။ သူတို့ဓားချက်များကြောင့် သူမ၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ အမြောက်အမြားဖြစ်နေကာ သူမ၏ အဝတ်များသည်ပင် လုံခြုံအောင် မဖုံးကွယ်နိုင်ပဲ ဖြစ်နေချေ၏။

ဆင့်ခေါ်အမွှေးတိုင် ကို တိတ်တဆိတ် ထွန်းညှိလိုက်ပြီးဖြစ်လေရာ သူမသည် အချိန်ဆွဲရန်အတွက် တမင်တကာပင် ပါးစပ်မှ အဓိပ္ပာယ်မရှိ ပေါက်ပန်းလေးဆယ် လျှောက်ပြောလိုက်ပေသည်။

" ဘာလို့များ ဟောဒီ အကြီးအကဲအစ်မကြီးတို့က စိတ်ဆိုးနေရတာပါလိမ့် ? အစ်မကြီးတို့က ချောလည်း ချောပြီးသားပဲ ဥစ္စာ …… အား ! "

သူမ စကားပြောနေတုန်းမှာပင် နေရာလွတ်တစ်ခုမှ ဝင်လာသည့် စောင့်ရှောက်သူ၏ ဓားချက်ကို ခံလိုက်ရ၏။

ပိုင်ရှန်း သည် ဒေါသထွက်နေဟန်ဖြင့် အော်ပြောလာလေသည်။

" မိစ္ဆာဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေက စကားအလှအပတွေ သုံးတဲ့နေရာမှာတော့ ပြိုင်ဖက်မရှိဘူးပဲ၊ အကုန်လုံးပဲ သူ့ကို သတ်ခွင့်ပြုတယ် ! "

သူမ၏ ဓားဖျားသည် ဖျတ်ခနဲလက်သွားပြီးနောက် ပိယွမ် ၏ ရုပ်သေးရုပ်များထဲမှ တစ်ရုပ်ကို ပိုင်းဖြတ်လိုက်လေ၏။ တစ်ဆက်တည်းမှာပင် ဓား၏ အရှိန်ကြောင့် ပိယွမ် ၏ ခေါင်းပေါ်မှ ဆံပင်အချို့ပါ ပြတ်ပါသွားရချေသည်။ ထိုလူ၏ ပခုံးမှာ ဓားဖြင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီးနောက် တစ်ခဏအကြာတွင် သူသည် သတိပြန်ဝင်လာသောအခါ နာကျင်လွန်း၍ မြေကြီးပေါ်တွင် လူးလှိမ့်နေရပေ၏။

ပိယွမ် သည် ဒေါသထွက်နေရ၏။ မတိုင်မီက သူမသည် ယုဇီကျွေး ထံတွင် ရှုံးနိမ့်ခဲ့ရတာ ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ထပ်ရောက်လာရတာလဲ ? အခုလေးတင်ပင် သူမကျွမ်းကျင်သော စိတ်ထိန်းချုပ်သည့် နည်းလမ်းများသည် ထိုမိန်းမများပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ချေ။ သူမသည် ခါးသီးစွာ အံကြိတ်လိုက်ပြီးနောက် သူမ၏ စိတ်ကိုပြန်ထိန်းလိုက်၏ __ မိစ္ဆာဂိုဏ်းမှ ပိုင်ယွမ့်ဟုဖာ၊ ရုပ်သေးရုပ်ဆရာ မင်ကျဲ့ က ဒီနားကို ရောက်နေပြီ !

မုရုန်ရွှယ် သည် ဘာမျှမကူပဲ ဆက်ကြည့်နေဖို့ကို သည်းမခံနိုင်တော့ချေ။ လင်းရှ သည် သူမအား အလျှင်အမြန် လက်ဝှေ့ယမ်းပြကာ စိတ်မပူဖို့ အချက်ပြလိုက်၏။ သူမသည်လည်း သူမကိုယ်သူမ လူလုံးထွက်မပြသင့်မှန်း သိသည့်အတွက် အပြင်သို့ထွက်သွားလိုသည့် ဆန္ဒကို ခုခံနေသော်ငြား မျက်လုံးများကမူ နီရဲနေပေတော့သည်။

ပိုင်ရှန်း သည် အရှေ့သို့တက်ကာ တစ်ချက်တည်းဖြင့် ဤမိစ္ဆာကျင့်ကြံသူအား အဆုံးသတ်ပေးဖို့ ပြင်လိုက်သော်လည်း ရုတ်တရက်ပင် ရွှေကဲ့သို့ မာကျောလှသည့် အရာဝတ္ထုတစ်ခုသည် မြေကြီးထဲမှ ထွက်လာကာ ပိယွမ် ၏ အရှေ့တွင် ပိတ်ကာထားလာလေ၏။ စွမ်းအင်ဓားတစ်ချောင်းမှ မြေကြီးပေါ်သို့ ထိုးစိုက်လာသောအခါတွင်မူ နားစူးလှသည့် အသံထွက်ပေါ်လာပေသည်။ သူမသည် အံ့သြသွားပြီးနောက် ကျန်သုံးဦးအား အမိန့်ပေးလိုက်၏။

" နောက်ဆုတ် ! "

ပိယွမ် သည် အပျော်လွန်သွားကာ အော်ပြောလိုက်၏။

" အကြီးအကဲ မင်ကျဲ့ ! "

ထိုအရာဝတ္ထုသည် အစိမ်းရောင် တောက်ပနေကာ မျက်လုံးများမှာမူ အဖြူရောင်ဖြစ်ပြီး ငါးလက်မ ခြောက်လက်မမျှလောက်ရှိသည့် လက်သည်းချွန်များ ရှိနေလေသည်။

အဲ့ဒါက ဖုတ်ကောင် ရုပ်သေးရုပ်ပဲ !

ယင်းသည် ပါးစပ်ကိုဟကာ စူးရှသည့် ရယ်သံကို ပြုလုပ်လာပေသည်။ လရောင်အောက်မှ သွားဖြူဖြူဖွေးဖွေးများသည် အလွန်တရာမှ ကြောက်စရာကောင်းလှကာ မြင့်မြတ်အပျိုစင် တောင်ထွတ်မှ လူများ အံ့အားသင့်နေကြသည့် အချိန်အတွင်းမှာပင် မရေမတွက်နိုင်သည့် စွမ်းအင်အပ်ချောင်းများသည် ယင်း၏ ပါးစပ်ထဲမှ ထွက်လာကြလေ၏။ လရောင်အောက်တွင် ထိုအပ်ချောင်းများသည် အပြာရောင်ခပ်ဖျော့ဖျော့ တောက်ပနေကြချေတော့သည်။

အဲ့ဒါတွေက သေချာပေါက် အဆိပ်ရည်စိမ်ထားသည့် အပ်တွေပင် !

အမျိုးသမီးလေးဦးသည် အပ်ချောင်းများကို တားဆီးရန်အတွက် အလျှင်အမြန်ပင် ဓားများကို ဝှေ့ယမ်းလိုက်ပြီးနောက် ပိုင်ရှန်း သည် ဒေါသတကြီးဖြင့် ပြောလာလေ၏။

" ခိုးကြောင်ခိုးဝှက်နဲ့ တခြားသူတွေကို ဘယ်လိုအကွက်ချရမလဲဆိုတာကိုပဲ သိတဲ့လူတွေပဲ၊ ဒီလိုမျိုး ရွံစရာကောင်းတဲ့ စရိုက်တွေနဲ့ တကယ့်ကို မိစ္ဆာဂိုဏ်း ပီသပါပေတယ် ! "

သူမသည် တိတ်တဆိတ်ပင် သူမ၏ အာရုံစူးစိုက်မှုကို မြှင့်လိုက်ပြီးနောက် အဆိပ်ဖြေသည့် ဆေးလုံးကို မြိုချလိုက်ပေသည်။

(T/N ; ပျော်ရွှင်စရာကောင်းတဲ့ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါစေ \(-ㅂ-)/ ♥ ♥ ♥
မနက်ဖြန်အတွက် ကြိုပြောထားတာပါ။
~\(≧▽≦)/~)

Continue Reading

You'll Also Like

7.2K 1.4K 41
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
101K 14K 104
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
766K 30.8K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.2M 62.1K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...