ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 40

4.3K 633 61
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

သွားဆရာဝန်၏ မျိုးရိုးမှာ ရှန်မျိုးရိုးဖြစ်ကာ သူက ကျိုးရှန့်မင် အသက် ရှစ်နှစ်အရွယ်တည်းက ကျိုးရှန့်မင်၏ သွားဆရာဝန်ဖြစ်သည်။ ထုန်ရန့် သူနာပြုနောက်သို့ လိုက်ထွက်လာလိုက်သည်။ ကျိုးရှန့်မင်က သူနှင့် တူတူသွားလို့မရပဲ ရုံးခန်းခဲ၌ စောင့်နေခဲ့သည်။

ဆရာဝန်ကြီးက ရယ်မောလိုက်၏။
"မင်္ဂလာပွဲပြီးတည်းက အခုမှ သူ့ကို ငါတွေ့ရတာပဲ။ တွေးကြည့်တော့လည်း လတော်တော်ကြာခဲ့ပြီပဲ။ ကြည့်ရတာ နှစ်ယောက် တေယ်တော်လေးကို လိုက်လျောညီထွေဖြစ်နေပုံပဲ"

သူက လက်မထပ်ခင်က ပုံမှန် ဆေးစစ်ခံရလေ့ရှိသော ထုန်ရန့်အကြောင်းပြောနေခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ယခင်က ကျိုးရှန့်မင်၏ အိမ်ထောင်ကျပြီးနောက် ဘဝအခြေအနေ ဘယ်လိုနေမလဲဆိုတာလည်း စကားစမြည်ပြောခဲ့ဖူး၏။ ထိုအချိန်ကတော့ ကျိုးရှန့်မင် ဘာမှ ပြတ်ပြတ်သားသား မပြောခဲ့သော်လည်း စိတ်ပါလက်ပါဖြစ်နေပုံတော့မရချေ။

ကျိုးရှန့်မင်က တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်၏။
"အဆင်ပြေနေပါတယ်"

ထုန်ရန့်ကိုစောင့်နေစဉ်တွင် သူတို့နှစ်ဦး စကားပြောခဲ့ကြပြီး အများစုမှာ ဆရာဝန်ကြီးမေးသော မေးခွန်းများကို ကျိုးရှန့်မင်က ပြန်ဖြေခြင်းဖြစ်၏။

"ဆယ်ကျော်သက်တစ်ယော်ကို စောင့်ရှောက်ဖို့က ခက်ခဲနေတုန်းပဲ" ဆရာဝန်ကြီးက ပြောလာ၏။
"ဒါပေမဲ့လည်း သူ့ကိုကြည့်ရတာ လိမ္မာပြီး စကားသိပ်မပြောသလိုပဲ။
သူသာ ကလန်ကဆန်လုပ်ရင် ကိစ္စတွေက ပိုရှုပ်ထွေးသွားမယ်ထင်တယ်"

အပြင်လူတွေက ထုန်ရန့်အကြောင်း ပြောကြလျှင်များသောအားဖြင့် "လိမ္မာတယ်" ဟူသောစကားကိုပြောကြလေ့ရှိပြီး ရင်းနှီးသူများကတော့ ထုန်ရန့်၏ အလှတရားကို ချီးမွမ်းလေ့ရှိသည်။ ကျိုးရှန့်မင်က ဖြေလိုက်၏။
"ဟုတ်တယ်၊ ဒါပေမဲ့ ကလေးတွေအတွက် ဒီလိုကိစ္စတွေက ရှောင်လွှဲလို့မှ မရပဲလေ"

အတွေ့အကြုံပြည့်ဝနေသော မိဘတစ်ဦးထံမှ လေသံနှင့် တူသောစကားကို နားထောင်ပြီး ဆရာဝန်ကြီးက ရယ်လိုက်ပြန်သည်။
"ဥပမာ အနေနဲ့ ဘယ်လိုများလဲ?"

ကျိုးရှန့်မင်က တစ်ခဏ တိတ်သွားပြီးနောက် ပြောလာ၏။
"ဥပမာ အံဆုံးသွားပေါက်လာပေမဲ့ သွားမနှုတ်ချင်တာမျိုးပေါ့"

"ငါထင်တာတော့ သူက နာမှာကြောက်တာလို့ ထင်တယ်၊ ပြီးတော့ သွားဆရာဝန်တွေကိုလည်း ကြောက်လို့ဖြစ်မှာပေါ့။ ခုဏလေးတင်
သေချာ ရှင်းပြခဲ့ပေမဲ့ အသုံးမှ မဝင်ပဲ။ မင်း သူ့ကို ဘယ်လိုများ ရှင်းပြပြီး ပြောလို့ရသွားတာလဲ။ ငါ့ကိုလည်းပြောပြပါဦး၊ အဲ့းါမှ နောက်တစ်ခေါက် သွားနှုတ်ရမှာ ကြောက်တဲ့ကလေးတွေတွေ့ရင် သုံးလို့ရအောင်လို့"

ကျိုးရှန့်မင်က ထိုင်ခုံပေါ်၌ သေသေသပ်သပ်ထိုင်နေကာ စကားဝိုင်း တစ်ချိန်လုံး မျက်နှာက တည်ကြည်နေသော်လည်း ထိုမေးခွန်းကို ကြားသောအခါ အင်္ကျီ အိတ်ထောင့်ထဲမှ လက်ကမ်းစာစောင်ကို ထုတ်လာပြီး စာမျက်နှာတစ်ခုကို လှန်လိုက်သည်။ လေးလေးနက်နက်ဖြင့် ဆရာဝန်ကြီးအား ထိုစာမျက်နှာကို လက်ထောက်ပြရင်း ပြောလိုက်၏။
"သူက အနာဂတ်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးထိခိုက်မှာကို ကြောက်သွားတာ။ အဲ့ဒါကြောင့် သွားနှုတ်ဖို့ လက်ခံလိုက်တာ။ အမှန်တော့ ကျွန်တော်တောင် ဘာမှ ပြေုစရာမလိုလိုက်ဘူး"

"…"

မည်သို့ပင်ဖြစ်စေ ဒေါက်တာရှန်သည် ငါးဆယ်ထဲဝင်နေပြီဖြစ်သည့်အလျောက် တဖက်လူ၏ ဖြောင့်ဖြောင့်တည်တည်မျက်နှာထားကို ဂရုတစိုက် မစူးစမ်းမီ တစ်ခဏမျှ မိန်းမောနေခဲ့ပြီး အဆုံးတွင် ပြောလာ၏။
"ဒီလိုမျိုးပါလား...မစ္စတာကျိုးကိုကြည့်ရတာတော့ ကျေနပ်နေသလိုပါပဲ"

ကျိုးရှန့်မင်က လက်ကမ်းစာစောင်ကို ဘေးသို့တင်လိုက်ပြီး ဘာမှ ဆက်မပြောချေ။

အိမ်ပြန်ရောက်ပြီးနောက် ထုန်ရန့်၏ စိတ်အခြေအနေမှာ ကောင်းမွန်မနေပေ။ ဆေးသောက်ပြီးနောက် အိပ်ချင်သည်ဟု ပြောလျက် အပေါ်ထပ်ရှိ သူ့အိပ်ခန်းထဲသို့ တန်းတတ်သွားသည်။

ကျိုးရှန့်မင်က balconyသို့ ခဏထွက်၍ နေလှန်းထားသော စောင်များကို သိမ်းလိုက်ကာ လိုက်ကာပိတ်လိုက်သည်။ သူ ဒီဘက်ပြန်အလှည့်တွင် ထုန်ရန့်မှာ သူ့အိပ်ရာပေါ်၌ လှဲပြီးသားဖြစ်နေပြီဖြစ်၏။ သို့သော် ကုတ်အင်္ကျီကိုတော့ ဝတ်ထားဆဲ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ရယ်ချင်စရာကောင်းစွာ တွန့်လိန်ထားပြီး ကော်လာက မျက်နှာတစ်ခုလုံးနီးပါး အုပ်နေသည်။

ကုတ်အင်္ကျီချွတ်လိုက်" ကျိုးရှန့်မင်က လက်တစ်ဖက်ဖြင့် စောင်များကိုပွေ့လာပြီး စစနောက်နောက်ဖြင့် ထုန်ရန့်၏ ပါးကို ပုတ်ရင်း ပြောလိုက်သည်။

ထုန်ရန့်က မျက်လုံးဖွင့်ရန် ကြိုးစားရင်း ခေါင်းညိတ်ပြ၏။ သူက ကျိုးရှန့်မင်၏ ခါးကိုဖက်လိုက်ပြီး ပွတ်သပ်ရင်း ပြောလာသည်။
"တကယ် အိပ်ချင်လိုက်တာ"

အကိုက်အခဲပျောက်ဆေးများက အိပ်ချင်စေသည်။ ကျိုးရှန့်မင်က ထုန်ရန့်၏ မျက်နှာကို လက်ဖမိုးဖြင့် ပွတ်လိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
"အိပ်တော့လေ"

ထုန်ရန့်၏ မျက်လုံးများ တစ်ဖန် ပြန်မှိတ်သွားသည်။ ကျိုးရှန့်မင်က ထိုပုံစံအတိုင်း ခဏနေနေလိုက်ပြီး အခန်းထဲမှ ထွက်ခွာခါနီး၌ ထုန်ရန့်က တီးတိုးစကားဆိုလာ၏။
"အစ်ကို.."

"အင်း...?"

ထုန်ရန့်က သူ့လက်ကို လွှတ်ပေးလိုက်ကာ အအေးကြောက်သော ရှဉ့်ပေါက်လေးကဲ့သို့ စောင်ပုံထဲ တိုးဝင်လိုက်သည်။
"ဘာမှ မဟုတ်တော့ဘူး"

ကျိုးရှန့်မင်က အပေါ်မှ အုပ်မိုးပြီး စောင်ပြင်မှနေ၍ ထုန်ရန့်အား ပွေ့ဖက်ထားလိုက်သည်။ ခဏတာယောင်ရမ်းနေသော ညာဘက်ပါးပြင်ကို ကြည့်ရန်အတွက် မျက်နှာကို အုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူ့ဆံပင်များကို နမ်းရှုပ်လိုက်၏။ ထုန်ရန့်မှာ အလွန်အိပ်ချင်နေသောကြောင့် အားနည်းစွာဖြင့် ခေါင်းလှည့်လာပြီး သူ့ခေါင်းနှင့် နှုတ်ခမ်း တိုက်ရုံသာတိုက်သွားရသည်။

ကျိုးရှန့်မင်က အလျှင်မလိုသဖြင့် အိပ်ရာဘေးတွင် ခေတ္တမျှ ထိုင်ပေးနေခဲ့သည်။ ထုန်ရန့်က ခပ်မြန်မြန်ပင် အိပ်ပျော်သွားတော့သည်။ ထိုအခါမှသာ အခန်းအပူချိန်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် ချိန်ညှိပေးခဲ့ကာ တံခါးပြန်ပိတ်ပေးပြီး ထွက်လာတော့သည်။

ဆယ့်နှစ်နာရီသာရှိသေးသော်လည်း စက်ကရိယာ အချို့မှ တစ်ချက်တစ်ချက်ထွက်လာသည့် အသံများကလွဲပြီး တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ သို့သော် ဤအသံများက အေးချမ်းမှုကို အနှောင့်အယှက်မပြုပဲ တစ်ပေါင်းတစ်စည်းတည်းတောင် ဖြစ်စေသေးသည်။

ထုန်ရန့်မရောက်လာခင်ကလည်း ဤအိမ်မှာ အမြဲ ဒီလိုတိတ်ဆိတ်နေတတ်သော်လည်း အခုနှင့်တော့ အနည်းငယ်ကွာခြားပေ၏။

ကျိုးရှန့်မင်က ပထမထပ်ရှိ သူ့အလုပ်ခန်းတွင် လုပ်ဆောင်ရမည့် တာဝန်များကို လုပ်နေခဲ့ပြီး သူ၏လုပ်ဆောင်နိုင်နှုန်းက မနေ့ကထက်ရေည ဒီနေ့မနက်ကထက်ပါ မြင့်နေ၏။ မကြာခဏဆိုသလို မက်ဆေ့ချ့်များကို မစစ်ကြည့်တတ်တော့ပေ။ ထုန်ရန့်က သူနဲ့အတူ အိမ်မှာရှိနေသောကြောင့် အပြင်ဘက်တွင် စိတ်ပူစရာမျိုး မရှိသောကြောင့်ဖြစ်၏။

ရှိရှိသမျှ ပုံနေသောအလုပ်တော်တော်များများကို ပြီးလုနီးပါးဖြစ်နေပြီဖြစ်ကာ shared screenပေါ်မှ မှတ်စုများက တစ်ခုပြီးတစ်ခု ဖယ်နေလိုက်သည်။ အကြောင်းတချို့ကြောင့် မသိလိုက်ပဲ ကျိုးရှန့်မင် websiteတစ်ခုကိုသွားကာ 'အံဆုံးသွား', 'အမြှေးပါးယောင်ရမ်းခြင်း' မှစ၍ 'ကိုယ်ဝန်ဆောင်ချိန် ကြိုတင်ကာကွယ်မှုများအထိ ရှာကြည့်လိုက်မိသည်။ အကူးအပြောင်းက သဘာဝကျပြီး သိပ်ထူးခြားမှုမရှိပေ။

ရုတ်တရက် သူဘာတွေရှာကြည့်နေမိလည်း သူပြန်တွေးမိသွားသောအခါ ခေါင်းတစ်ချက်ဟန့်လိုက်မိ၏။ သူ့နားတွင် တစ်ယောက်မှမရှိသော်လည်း ရှက်ကိုးရှက်ကန်းဖြင့် ဖုံးကွယ်ရန်ကြိုးစားလိုက်မိ၏။

ထုန်ရန့်၏ တစ်ရေးအိပ်လိုက်ခြင်းမှာ အတော်လေးကိုကြာသွားသည်။ နေ့လည် သုံးနာရီတောင်ထိုးပြီဖြစ်သောကြောင့် အခန်းထဲတွင် နိုးနေလောက်ပြီဟု ထင်လိုက်၏။ အ​ပေါ်ထပ်တတ်ပြီး ထုန်ရန့်အား နှိုးရန် ကျိုးရှန့်မင် ဆုံးဖြတ်လိုက်သည်။ အခန်းတံခါးဖွင့်ပြီးဝင်လာသောအခါ အိပ်ရာပေါ်၌ စောင်ပုံသာတွေ့ရပြီး လူမရှိချေ။

ရေချိုးခန်းနှင့် အဝတ်လဲခန်း၌လည်း ရှိမနေချေ။ သို့သော် ပြန်လှည့်ပြီး တံခါးမပိတ်ခင် ဝရန်တာမှတဆင့် တောက်ပနွေးထွေးသောနေရောင်က အခန်းတစ်ခုလုံးကို လွှမ်းခြုံနေကြောင်း သတိထားမိလိုက်သည်။ အလင်းလမ်းကြောင်းထဲ၌ သေးငယ်သောဖုန်မှုန့်များက မျောပါနေကြသည်။ တောက်ပြောင်သောကြမ်းခင်းက နေရောင်ကို အလင်းပြန်ကာ မျက်စိစူးနေစေ၏။

သူ့နှာဖျား၌ သစ်သားတံခါးဘောင်မှထွက်လာသော အနံ့တစ်ခုရနေသည်။ အကြောင်းရင်းကတော့ လွန်ခဲ့သည့်နှစ်ပတ်ခန့်က ဤစုံတွဲ၏ ရုတ်တရက် စိတ်ပြောင်းလဲမှုကြောင့်ဖြစ်ပေ၏။ သူတို့နှစ်ဦး အွန်လိုင်းပေါ်မှ ဈေးဝယ်ထွက်ခဲ့ကြပြီး ထုန်ရန့်က ဆပ်ပြာရည်အနံ့သစ်အတွက် စံပယ်ရနံ့ကိုရွေးချယ်ခဲ့သည်။ စီစဉ်ပြီးနောက်အနံ့က  အတော်လေးကို နီးစပ်ပြီး ထပ်တူကျသည်ဟု ထုန်ရန့်က မကြာခဏပြောသော်လည်း ကျိုးရှန့်မင်အနေဖြင့် ထုန်ရန့် ထိန်းမနိုင်သောအခါ ထွက်လာသော pheromoneနံ့နှင့် နှိုင်းယှဉ်၍မရနိုင်ဟု တွေးမိ၏။

ကျိုးရှန့်မင်က တခြားအခန်းများကို သွားရှာမနေတော့ပဲ သူ့(ကျိုးရှန့်မင်)အိပ်ခန်းကိုသာ ဦးတည်လိုက်သည်။ သေချာတာပေါ့...သူ့အနက်ရောင် အိပ်ရာခင်းပေါ်၌ ဆောင်းရာသီကိုဖြတ်သန်းနေရာသော ရှဉ့်ပေါက်လေးတစ်ကောင်လို ထုန်ရန့်က စောင်ခြုံကာ ကွေးကွေးလေးအိပ်နေသည်။

ထုန်ရန့်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး လည်ကုပ်ပေါ်၌ isolation patchလည်း မကပ်ထားပေ။ သူအိပ်စက်ချိန်တိုင်း ယိုစိမ့်လာတတ်သည့် pheromoneနံ့များက အခန်းကို ဖုံးလွှမ်းထား၏။

ကြည့်ရတာ ကျိုးရှန့်မင် အောက်ထပ်တွင် အလုပ်လုပ်နေစဉ်က ထုန်ရန့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် သူ့ကိုယ်ပိုင်အခန်းမှ ကျိုးရှန့်မင်၏ အခန်းသို့ ကူးလာပုံပေါ်၏။ ကျိုးရှန်မှာ မသင့်လျော်သောအတွေးများ မတွေးပဲမနေနိုင်ပါတော့ချေ။

စောင်နှင့်တူတူ ထုန်ရန့်အား သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ရာ ထုန်ရန့်က သူ့ခေါင်းအုံးကိုလည်း ဖက်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအခါ မနေနိုင်တော့ပဲ မျက်နှာပေါ်သို့ အနမ်းမိုးများ ကြဲချမိတော့၏။

တစ်ရေးတစ်မောအိပ်ချိန်၌ အနှောင့်ယှက်ခံလိုက်ရသည်လောက် ဆိုးရွားသည့်အရာမရှိနိုင်တော့ချေ။ သို့သော်လည်း ထုန်ရန့်က အိပ်ရာနိုးနိုးချင်း သိပ်ပြီး ဂျစ်တိုက်တတ်သူမဟုတ်သောကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ထထိုင်လိုက်ပြီး မျက်လုံးများကိုမဖွင့်သေးပဲ လက်ဖျားလေးများဖြင့် စောင်ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံး၊ နှုတ်ခမ်းနှင့် နှာခေါင်းတို့မှာ အနမ်းခံနေရသေး၏။ အနမ်းတစ်ချက်စီတိုင်းနှင့်တူတူ သူ့ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်သွားရသည်၊ အတန်ကြာပြီးနောက် ကြိုးစား၍ ပါးစပ်ဖွင့်လိုက်ကာ ခေါ်လိုက်၏။
"အစ်ကို...."

ကျိုးရှန့်မင် ထူးလိုက်သည်။ ထုန်ရန့်က ထပ်မေးလာ၏။
"ဘာတွေလုပ်နေတာလဲ"

သူ့မျက်နှာက အနည်းငယ် ရောင်နေသေးကာ စကားလည်း သိပ်မပီချေ။

ကျိုးရှန့်မင် နူးနူးညံ့ညံ့လေးပြန်ဖြေလိုက်၏။
"နေ့လည် သုံးနာရီတောင်ကျော်နေပြီ.. ထသင့်ပြီလေ"

ထုန်ရန့်က မျက်ဝန်းများကို ပြန်ပိတ်လိုက်ပြီး ဆန်စေ့များကိုကောက်စားနေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။
"အွန်း..ခဏနေရင် ထပါ့မယ်"

ပြောနေရင်းဖြင့် ချက်ချင်းပြန်အိပ်ပျော်သွားနိုင်သော်လည်း မအိပ်မိအောင် ထိန်းထားသော ထုန်ရန့်၏ ချစ်စထွယ်အမူအရာလေးကို တွေ့ရသောအခါ ကျိုးရှန့်မင်၏ နှလုံးသားမှာ တုန်ရီလာရတော့သည်။ အဆုံးသတ်၌ ကျိုးရှန့်မင်က ထုန်ရန့်၏ နှာခေါင်းထိပ်လေးကို ဆွဲပိတ်လိုက်ပြီး ထုန်ရန့်အား ပါးစပ်ဟ၍အသက်ရှူလာစေရန် အတင်းအကြပ်ပြုမူပြီးနောက် ထုန်ရန့် ပါးစပ်ဟ၍ အသက်ရှူလာသောအခါ နှုတ်ခမ်းချင်း အပ်နှင်းလိုက်တော့သည်။

ထုန်ရန့်က ကျိုးရှန့်မင်၏ ကုတင်ပေါ်တွင် အကြာကြီးအိပ်ပျော်နေခဲ့သောကြောင့် တုံ့ပြန်မှုများမှာ နှေးကွေးနေခဲ့ပြီး ကျိုးရှန့်မင်၏ အနိုင်ကျင့်မှုကို ပြန်လည်ချေပရန် အားအင်မရှိခဲ့ချေ၊ အဆုံးတွင်တော့ နှုတ်ခမ်းများ ရဲတွတ်လျက်၊ မျက်ဝန်းကြည်ကြည်တို့မှာလည်း အရည်ကြည်တစ်လွှာဖုံးလွှမ်းနေပြီး အိပ်ချင်စိတ်တို့မှာ အဝေးသို့ရောက်ကုန်ကြတော့သည်။ သူက စောင်ပုံထဲတွင်သာ ရှိနေသေးပြီး ကျိုးရှန့်မင်ထံမှ စောင်နှင့် လုံးပတ်ပြီး ဖက်ထားခြင်းက်ု ခံနေရဆဲဖြစ်၏။ ထုန်ရန့် အသံဖျော့ဖျော့လေးဖြင့် မေးလိုက်သည်။
"ဘာလုပ်နေတာလဲ..အာ?"

"ဘယ်အချိန်ရှိနေပြီထင်လဲ? ပြန်ရောက်လာတည်းက အိပ်ပဲအိပ်နေတာ ကိုယ့်ကို မလွမ်းဘူးလား?"

ထုန်ရန့် ခပ်မြန်မြန် ပြန်ဖြေလိုက်၏။
"အရမ်း လွမ်းနေတာ"

"အိုး..?"
ကျိုးရှန့်မင်က သိပ်ကျေနပ်သေးပုံမပေါ်ချေ။

ထုန်ရန့် ရှင်းပြလိုက်သည်။
"ကျွန်တော် အိပ်ပျော်သွားပြီး သိပ်မကြာခင် သွားထဲက တစ်ဆစ်ဆစ်နဲ့ကိုက်နေတာကို ခံစားရတယ်။ ဘာဖြစ်နေမှန်းမသိတာနဲ့ အစ်ကို့အခန်းထဲ ဝင်လာလိုက်တာ။ တစ်နာရီခွဲလောက်တည်းက ထလာမလို့ပဲ။ ဒါပေမဲ့ ဒီတိုင်း ဆက်အိပ်နေမိတာ"

ထုန်ရန့်က ကျိုးရှန့်မင်အား သူအိပ်နေစဉ် ခေတ္တခွဲနေရသည့် ကာလအတွင်း သူတကယ်လွမ်းနေရကြောင်းကို သက်သေပြသည့်အနေဖြင့် ကျိုးရှန့်မင်၏မျက်နှာကို လက်ဖြင့် အုပ်ကိုင်လိုက်ပြီး နမ်းလိုက်သည်။

နှစ်ဦးသား အေးချမ်းစွာဖြင့် ခဏလောက် ပွေ့ဖက်ထားကြပြီး ထုန်ရန့်က အသံတိုးတိုးလေးဖြင့် မေးလာသည်။
"စိတ်ဆိုးနေတုန်းလား?"

ကျိုးရှန့်မင် ပြန်ဖြေလိုက်၏။
"မဆိုးဘူး"

ထုန်ရန့်က ရယ်လိုက်ကာ ​စောင်ပုံထဲမှ တွန့်လိမ်ကာ ထွက်လာလိုက်ရင်း ကျိုးရှန့်မင်အား လှမ်းဖက်လိုက်သည်။

"မင်းပြောတော့ သွားက တဆစ်ဆစ်ကိုက်နေသေးတယ်ဆို? အခုရော နာသေးလား"

ကျိုးရှန့်မင်က သူ့မျက်နှာကိုကြည့်လာပြီးနောက် အနည်းငယ်ရောင်နေသေးသော်လည်း မနက်ကလောက် မဆိုးတော့ကြောင်းတွေ့လိုက်ရသည်။

ထုန်ရန့် ခေါင်းညိတ်ပြလိုက်ကာ
"နာသေးတယ်၊ ဒါပေမဲ့ အရမ်းမနာတော့ဘူး"

ဆရာဝန်ကလည်း ဆေးသောက်ပြီးနောက် နာသေးဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်ပင်။ နှုန်ဖို့ကလည်း အရောင်ကျသွားသည်အထိ စောင့်ဖို့လို၏။ ထို့နောက်မှသာ စစ်ဆေးမှုများပြုလုပ်ပြီး နှုတ်ပစ်နိုင်မည်ဖြစ်သည်ကို ကျိုးရှန့်မင်သိပြီးဖြစ်သော် ဤကောင်လေး၏ ရွှင်ရွှင်ပြပြမရှိ​သောပုံစံကို မြင်ရသောအခါ ကျိုးရှန့်မင်လည်း ရင်နာရ၏။ သူ့အား ​ပျော်ရွှင်အောင်လုပ်ပေးချင်ပါသည်။

ထိုနေ့ နေ့လည်၌ နှစ်ဦးလုံး ဘာမှလုပ်စရာမရှိပေ။ ထုန်ရန့်၏အိမ်စာများကလည်း ရေးပြီးသွားပြီဖြစ်သလို ကျိုးရှန့်မင်လည်း အလုပ်ကိစ္စများများစားစားမရှိချေ။ နှစ်ယောက်အတူတူ အချိန်ဖြုန်းရမည်ကို ပျော်နေကြသော်လည်း ထုန်ရန့်ကအနည်းငယ် မသက်မသာဖြစ်နေပုံပေါ်ကာ Lego လည်းဆက်ချင်ပုံမရချေ။ ထို့အပြင် အနည်းငယ် ချွဲပြီး ဂျီကျနေပြီး ကျိုးရှန့်မင်က ဟာသကားတစ်ခုဖွင့်နေစဉ်တောင်မှ သူ့လက်မောင်းအား အတင်းတွယ်ဖက်ထားသေး၏။

ဇာတ်ကားထဲရှိ ငယ်ရွယ်သောစုံတွဲလေးမှာ မင်္ဂလာမဆောင်ခင်တည်းက ကိုယ်ဝန်ရနေသောကြောင့် မင်္ဂလာပွဲနေ့၌ မင်္ဂလာဆောင်နေရင်းတန်းလန်း ဗိုက်နာလာပြီး ကလေးမွေးလိုက်သော အခန်းမှာ အနည်းငယ် ဆူပူငွားသော်လည်း အတော်လေးရယ်ရပေသည်။

ထုန်ရန့်က စိတ်ဝင်စားနေပုံရပြီး ကျိုးရှန့်မင်၏လက်ကိုဆွဲလိုက်ကာ မေးလာ၏။
"alphaလေးလိုချင်လား omegaလေးလိုချင်လား"

ထိုမေးခွန်းကိုကြာပြီးနောက် ကျိုးရှန့်မင် ရယ်ချင်လာသော်လည်း ထိန်းလိုက်ပြီး မျက်နှာပိုးမသေစွာဖြင့် မေးလိုက်၏။
"အခုထိ ငယ်ငယ်လေးပဲရှိသေးတာကို ကလေးယူဖို့တောင်စဉ်းစားနေပြီလား ကိုယ့်မိန်းမလေးရဲ့"

"အဲ့တော့ဘာဖြစ်လဲ" ထုန်ရန့်က မပျော်မရွှင်ဖြစ်ဟန်ဖြင့် မေးလာ၏။
"ချက်ချင်းကြီး ထမွေးမှာမှမဟုတ်တာ၊ စဉ်းစားတာက အပြစ်မို့လို့လား"

လုံးဝ အိပ်ရေးနိုးလာပြီးနောက် သူ့ကလေးငယ်က ဒေါသကြီးလာပုံပင်။ ကျိုးရှန့်မင် ခပ်မြန်မြန် ဖြေရှင်းလိုက်ရ၏။
"အပြစ်မဟုတ်ပါဘူး၊ စဉ်းစားပါ စဉ်းစားပါ၊ ဘာမှမဖြစ်ဘူး"

သူတို့နှစ်ဦး ပြေပြေလည်လည်ဖြင့် တီဗွီကြည့်နေခဲ့ကြပြီးနောက် ညနေစာစားကြသည်။ သို့သော် ထုန်ရန့် ပါးစပ်ပျက်နေသောကြောင့် သိပ်မစားနိုင်ချေ။ ကျိုးရှန့်မင်လည်း ဆက်မစားတော့ပဲ ညစာစားခြင်းကို ထုန်ရန့်စားပြီးသည်နှင့် သိမ်းလိုက်တော့၏။ ထို့နောက် ရေချိုးကြပြီးနောက် သူတို့ အခန်းအသီးသီးထံသို့ တတ်သွားကြတော့သည်၊

မနက်တစ်နာရီပတ်ဝန်းကျင်၌ ကျိုးရှန့်မင် အိပ်မပျော်တော့ချေ။ ထုန်ရန့်အား ဘယ်လို ဂရုစိုက်ပေးရမလဲတွေးရင်းဖြင့် မအိပ်နိုင်ချေ။ သူဘာလို့များ တခြားတစ်ယောက်ကို အဲ့လောက်ထိ စိတ်ပူပေးနေရတာလဲ။ သူ့ကိုယ်ပိုင်ကိစ္စတွေတောင်မှ အဲ့လောက်ထိ စိတ်မပူဖူးပေ။

သေချာစဉ်းစားကြည့်လျှင် ထုန်ရန့်မှာ သွားကိုက်နေရုံပင်ဖြစ်သော်လည်း နေ့လည်တည်းက ကလေးငယ်မှာ စိတ်မပျော်ပေ။ ထုန်ရန့်ဖျားမှာကို စိတ်ပူနေသကဲ့သို့ မနေ့ညကလိုမျိုး နာကျင်နေသော်လည်း သူများအား မနှောင့်ယှက်ချင်သောကြောင့် တစ်ညလုံး  ကြိတ်မှိတ်သည်းခံနေပြီး အိပ်မပျော်မည်ကိုလည်း စိုးရိမ်နေမိသည်။

အိပ်ရာမဝင်ခင်က သူထုန်ရန့်အခန်းမှ လိုက်ကာများကို သေသေချာချာချပေးခဲ့သော်လည်း သူ့အခန်းထဲရှိ လိုက်ကာများကိုတော့ မချလိုက်ရချေ။ လခြမ်းကွေးက ကောင်းကင်ပေါ်တွင် ထွန်းလင်းနေလျက်  သူ့အခန်းထဲရှိ ကြမ်းပြင်ပေါ်သို့ ငွေရောင် အရောင်အဆင်းကဖြာကျနေကာ သစ်ပင်အရိပ်များကလည်း ဟိုတစ်စ သည်တစ်စဖြစ်နေ၏။

ကျိုးရှန့်မင် လိုက်ကာ ထဆွဲရန်ပြင်ချိန်မှာပင် အခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး လရောင်၏အစွန်းတွင် လူတစ်ယောက် ဝင်လာ၏။ ထုန်ရန့်ပင်ဖြစ်သည်။ သူ့စောင်ကို ပိုက်ထားရင်း တရွေ့ရွေ့ဝင်လာသည်။ တံခါးဝ၌ ခေတ္တရပ်နေကာ တုံ့ဆိုင်းစွာဖြင့် တံခါးပြန်ပိတ်ပြီးနောက် တရွေ့ရွေ့လျှောက်လာ၏။

ကျိုးရှန့်မင် နိုးနေလိမ့်မည်ဟု ထုန်ရန့်မထင်ထားပေ။ မျက်နှာအနည်းငယ်ရဲလျက် အိပ်ရာဘေးတွင် ခပ်တောင့်တောင့်လေးရပ်နေလေသည်။

ထုန်ရန့်က ဒေါင်လိုက်အစင်းကြောင်းများပါသော ညအိပ်ဝတ်စုံကိုဝတ်ထားပြီး ဆံပင်များမှာ ရှုပ်ပွနေကာ အနည်းငယ်ရောင်နေသေးသောမျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ မျက်ဝန်းဝိုင်းဝိုင်းများဖြင့် သနားချင့်စဖွယ် အသိုက်ပျောက်နေသော သတ္တဝါလေးတစ်ကောင်ကဲ့သို့ပင်။ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပြီး ကျိုးရှန့်မင်ထံ၌သာ ဤသို့ပုံစံမျိုး ပြသနေခြင်းဖြစ်၏။

"ကျွန်တော့ကြောင့် နိုးသွားတာလား"

"မဟုတ်ပါဘူး"

ကျိုးရှန့်မင် ခြုံထားသောစောင်ကို လစ်ဟာလိုက်ပြီး ထုန်ရန့်အားဝင်လာရန် ပြုလိုက်၏။ ထုန်ရန့်က သူ့စောင်ကို မွေ့ယာခြေရင်းတွင်ချလိုက်ပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လာကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပေးလိုက်သည်။

"နာသေးလား" ကျိုးရှန့်မင် ညင်သာစွာမေးလိုက်၏။

ညက တဖြည်းဖြည်းနက်လာပြီး ထုန်ရန့်က ညည်းတွားကာ အသံတစ်ချက်ပေးလာ၏။

တစ်နေ့လုံး ဘာမှ မညည်းညူခဲ့ပဲ ညမှသာ ပိုမို ချွဲကာ ဂျီကျနေသောကြောင့် ထုန်ရန့်အား ကျိုးရှန့်မင် ခပ်တင်းတင်းပွေ့ဖက်လိုက်ရင်း စောင်ကို ပုခုံးထိလုံအောင်ခြုံပေးကာ သူ၏ pheromoneများကို အလယ်အလတ်အဆခြအနေတွင် ထိန်းသိမ်းထားလိုက်ပြီး ထုန်ရန့်အား သက်သောင့်သက်သာဖြစ်စေရန် ကူညီပေးလိုက်သည်။

နောက်နေ့တွင်လည်း ထုန်ရန့်က သူ့အခန်းသို့မပြန်ချေ။ နောက်တစ်နေ့၏ နောက်နေ့တွင်လည်း မပြန်သေးချေ။ ဆေးစစ်မှုနှစ်ခုပြီးနောက် သွားနှုတ်ပြီးသည့် အချိန်ရောက်သောအခါ ထုန်ရန့်မှာ ကျိုးရှန့်မင်၏ အခန်းထဲသို့ အခြေတကျ ပြောင်းရွှေ့လာပြီးဖြစ်တော့သည်။

•°•°•°•°•°•

(Zawgyi)

သြားဆရာဝန္၏ မ်ိဳး႐ိုးမွာ ရွန္မ်ိဳး႐ိုးျဖစ္ကာ သူက က်ိဳးရွန႔္မင္ အသက္ ရွစ္ႏွစ္အ႐ြယ္တည္းက က်ိဳးရွန႔္မင္၏ သြားဆရာဝန္ျဖစ္သည္။ ထုန္ရန႔္ သူနာျပဳေနာက္သို႔ လိုက္ထြက္လာလိုက္သည္။ က်ိဳးရွန႔္မင္က သူႏွင့္ တူတူသြားလို႔မရပဲ ႐ုံးခန္းခဲ၌ ေစာင့္ေနခဲ့သည္။

ဆရာဝန္ႀကီးက ရယ္ေမာလိုက္၏။
"မဂၤလာပြဲၿပီးတည္းက အခုမွ သူ႔ကို ငါေတြ႕ရတာပဲ။ ေတြးၾကည့္ေတာ့လည္း လေတာ္ေတာ္ၾကာခဲ့ၿပီပဲ။ ၾကည့္ရတာ ႏွစ္ေယာက္ ေတယ္ေတာ္ေလးကို လိုက္ေလ်ာညီေထြျဖစ္ေနပုံပဲ"

သူက လက္မထပ္ခင္က ပုံမွန္ ေဆးစစ္ခံရေလ့ရွိေသာ ထုန္ရန႔္အေၾကာင္းေျပာေနျခင္းျဖစ္သည္။ ၎တို႔ႏွစ္ဦးမွာ ယခင္က က်ိဳးရွန႔္မင္၏ အိမ္ေထာင္က်ၿပီးေနာက္ ဘဝအေျခအေန ဘယ္လိုေနမလဲဆိုတာလည္း စကားစျမည္ေျပာခဲ့ဖူး၏။ ထိုအခ်ိန္ကေတာ့ က်ိဳးရွန႔္မင္ ဘာမွ ျပတ္ျပတ္သားသား မေျပာခဲ့ေသာ္လည္း စိတ္ပါလက္ပါျဖစ္ေနပုံေတာ့မရေခ်။

က်ိဳးရွန႔္မင္က တည္ၿငိမ္ေသာအမူအရာျဖင့္ ျပန္ေျဖလိုက္၏။
"အဆင္ေျပေနပါတယ္"

ထုန္ရန႔္ကိုေစာင့္ေနစဥ္တြင္ သူတို႔ႏွစ္ဦး စကားေျပာခဲ့ၾကၿပီး အမ်ားစုမွာ ဆရာဝန္ႀကီးေမးေသာ ေမးခြန္းမ်ားကို က်ိဳးရွန႔္မင္က ျပန္ေျဖျခင္းျဖစ္၏။

"ဆယ္ေက်ာ္သက္တစ္ေယာ္ကို ေစာင့္ေရွာက္ဖို႔က ခက္ခဲေနတုန္းပဲ" ဆရာဝန္ႀကီးက ေျပာလာ၏။
"ဒါေပမဲ့လည္း သူ႔ကိုၾကည့္ရတာ လိမၼာၿပီး စကားသိပ္မေျပာသလိုပဲ။
သူသာ ကလန္ကဆန္လုပ္ရင္ ကိစၥေတြက ပိုရႈပ္ေထြးသြားမယ္ထင္တယ္"

အျပင္လူေတြက ထုန္ရန႔္အေၾကာင္း ေျပာၾကလွ်င္မ်ားေသာအားျဖင့္ "လိမၼာတယ္" ဟူေသာစကားကိုေျပာၾကေလ့ရွိၿပီး ရင္းႏွီးသူမ်ားကေတာ့ ထုန္ရန႔္၏ အလွတရားကို ခ်ီးမြမ္းေလ့ရွိသည္။ က်ိဳးရွန႔္မင္က ေျဖလိုက္၏။
"ဟုတ္တယ္၊ ဒါေပမဲ့ ကေလးေတြအတြက္ ဒီလိုကိစၥေတြက ေရွာင္လႊဲလို႔မွ မရပဲေလ"

အေတြ႕အႀကဳံျပည့္ဝေနေသာ မိဘတစ္ဦးထံမွ ေလသံႏွင့္ တူေသာစကားကို နားေထာင္ၿပီး ဆရာဝန္ႀကီးက ရယ္လိုက္ျပန္သည္။
"ဥပမာ အေနနဲ႔ ဘယ္လိုမ်ားလဲ?"

က်ိဳးရွန႔္မင္က တစ္ခဏ တိတ္သြားၿပီးေနာက္ ေျပာလာ၏။
"ဥပမာ အံဆုံးသြားေပါက္လာေပမဲ့ သြားမႏႈတ္ခ်င္တာမ်ိဳးေပါ့"

"ငါထင္တာေတာ့ သူက နာမွာေၾကာက္တာလို႔ ထင္တယ္၊ ၿပီးေတာ့ သြားဆရာဝန္ေတြကိုလည္း ေၾကာက္လို႔ျဖစ္မွာေပါ့။ ခုဏေလးတင္
ေသခ်ာ ရွင္းျပခဲ့ေပမဲ့ အသုံးမွ မဝင္ပဲ။ မင္း သူ႔ကို ဘယ္လိုမ်ား ရွင္းျပၿပီး ေျပာလို႔ရသြားတာလဲ။ ငါ့ကိုလည္းေျပာျပပါဦး၊ အဲ့းါမွ ေနာက္တစ္ေခါက္ သြားႏႈတ္ရမွာ ေၾကာက္တဲ့ကေလးေတြေတြ႕ရင္ သုံးလို႔ရေအာင္လို႔"

က်ိဳးရွန႔္မင္က ထိုင္ခုံေပၚ၌ ေသေသသပ္သပ္ထိုင္ေနကာ စကားဝိုင္း တစ္ခ်ိန္လုံး မ်က္ႏွာက တည္ၾကည္ေနေသာ္လည္း ထိုေမးခြန္းကို ၾကားေသာအခါ အက်ႌ အိတ္ေထာင့္ထဲမွ လက္ကမ္းစာေစာင္ကို ထုတ္လာၿပီး စာမ်က္ႏွာတစ္ခုကို လွန္လိုက္သည္။ ေလးေလးနက္နက္ျဖင့္ ဆရာဝန္ႀကီးအား ထိုစာမ်က္ႏွာကို လက္ေထာက္ျပရင္း ေျပာလိုက္၏။
"သူက အနာဂတ္မွာ ကိုယ္ဝန္ေဆာင္ရင္ ကေလးထိခိုက္မွာကို ေၾကာက္သြားတာ။ အဲ့ဒါေၾကာင့္ သြားႏႈတ္ဖို႔ လက္ခံလိုက္တာ။ အမွန္ေတာ့ ကြၽန္ေတာ္ေတာင္ ဘာမွ ေျပဳစရာမလိုလိုက္ဘူး"

"…"

မည္သို႔ပင္ျဖစ္ေစ ေဒါက္တာရွန္သည္ ငါးဆယ္ထဲဝင္ေနၿပီျဖစ္သည့္အေလ်ာက္ တဖက္လူ၏ ေျဖာင့္ေျဖာင့္တည္တည္မ်က္ႏွာထားကို ဂ႐ုတစိုက္ မစူးစမ္းမီ တစ္ခဏမွ် မိန္းေမာေနခဲ့ၿပီး အဆုံးတြင္ ေျပာလာ၏။
"ဒီလိုမ်ိဳးပါလား...မစၥတာက်ိဳးကိုၾကည့္ရတာေတာ့ ေက်နပ္ေနသလိုပါပဲ"

က်ိဳးရွန႔္မင္က လက္ကမ္းစာေစာင္ကို ေဘးသို႔တင္လိုက္ၿပီး ဘာမွ ဆက္မေျပာေခ်။

အိမ္ျပန္ေရာက္ၿပီးေနာက္ ထုန္ရန႔္၏ စိတ္အေျခအေနမွာ ေကာင္းမြန္မေနေပ။ ေဆးေသာက္ၿပီးေနာက္ အိပ္ခ်င္သည္ဟု ေျပာလ်က္ အေပၚထပ္ရွိ သူ႔အိပ္ခန္းထဲသို႔ တန္းတတ္သြားသည္။

က်ိဳးရွန႔္မင္က balconyသို႔ ခဏထြက္၍ ေနလွန္းထားေသာ ေစာင္မ်ားကို သိမ္းလိုက္ကာ လိုက္ကာပိတ္လိုက္သည္။ သူ ဒီဘက္ျပန္အလွည့္တြင္ ထုန္ရန႔္မွာ သူ႔အိပ္ရာေပၚ၌ လွဲၿပီးသားျဖစ္ေနၿပီျဖစ္၏။ သို႔ေသာ္ ကုတ္အက်ႌကိုေတာ့ ဝတ္ထားဆဲ။ သူ႔ခႏၶာကိုယ္အေပၚပိုင္းကို ရယ္ခ်င္စရာေကာင္းစြာ တြန႔္လိန္ထားၿပီး ေကာ္လာက မ်က္ႏွာတစ္ခုလုံးနီးပါး အုပ္ေနသည္။

ကုတ္အက်ႌခြၽတ္လိုက္" က်ိဳးရွန႔္မင္က လက္တစ္ဖက္ျဖင့္ ေစာင္မ်ားကိုေပြ႕လာၿပီး စစေနာက္ေနာက္ျဖင့္ ထုန္ရန႔္၏ ပါးကို ပုတ္ရင္း ေျပာလိုက္သည္။

ထုန္ရန႔္က မ်က္လုံးဖြင့္ရန္ ႀကိဳးစားရင္း ေခါင္းညိတ္ျပ၏။ သူက က်ိဳးရွန႔္မင္၏ ခါးကိုဖက္လိုက္ၿပီး ပြတ္သပ္ရင္း ေျပာလာသည္။
"တကယ္ အိပ္ခ်င္လိုက္တာ"

အကိုက္အခဲေပ်ာက္ေဆးမ်ားက အိပ္ခ်င္ေစသည္။ က်ိဳးရွန႔္မင္က ထုန္ရန႔္၏ မ်က္ႏွာကို လက္ဖမိုးျဖင့္ ပြတ္လိုက္ကာ အသံနိမ့္နိမ့္ျဖင့္ ေျပာလိုက္၏။
"အိပ္ေတာ့ေလ"

ထုန္ရန႔္၏ မ်က္လုံးမ်ား တစ္ဖန္ ျပန္မွိတ္သြားသည္။ က်ိဳးရွန႔္မင္က ထိုပုံစံအတိုင္း ခဏေနေနလိုက္ၿပီး အခန္းထဲမွ ထြက္ခြာခါနီး၌ ထုန္ရန႔္က တီးတိုးစကားဆိုလာ၏။
"အစ္ကို.."

"အင္း...?"

ထုန္ရန႔္က သူ႔လက္ကို လႊတ္ေပးလိုက္ကာ အေအးေၾကာက္ေသာ ရွဥ့္ေပါက္ေလးကဲ့သို႔ ေစာင္ပုံထဲ တိုးဝင္လိုက္သည္။
"ဘာမွ မဟုတ္ေတာ့ဘူး"

က်ိဳးရွန႔္မင္က အေပၚမွ အုပ္မိုးၿပီး ေစာင္ျပင္မွေန၍ ထုန္ရန႔္အား ေပြ႕ဖက္ထားလိုက္သည္။ ခဏတာေယာင္ရမ္းေနေသာ ညာဘက္ပါးျပင္ကို ၾကည့္ရန္အတြက္ မ်က္ႏွာကို အုပ္ကိုင္ထားလိုက္သည္။ ထို႔ေနာက္ သူ႔ဆံပင္မ်ားကို နမ္းရႈပ္လိုက္၏။ ထုန္ရန႔္မွာ အလြန္အိပ္ခ်င္ေနေသာေၾကာင့္ အားနည္းစြာျဖင့္ ေခါင္းလွည့္လာၿပီး သူ႔ေခါင္းႏွင့္ ႏႈတ္ခမ္း တိုက္႐ုံသာတိုက္သြားရသည္။

က်ိဳးရွန႔္မင္က အလွ်င္မလိုသျဖင့္ အိပ္ရာေဘးတြင္ ေခတၱမွ် ထိုင္ေပးေနခဲ့သည္။ ထုန္ရန႔္က ခပ္ျမန္ျမန္ပင္ အိပ္ေပ်ာ္သြားေတာ့သည္။ ထိုအခါမွသာ အခန္းအပူခ်ိန္ႏွင့္ ေလဝင္ေလထြက္ေကာင္းမြန္ေစရန္ ခ်ိန္ညႇိေပးခဲ့ကာ တံခါးျပန္ပိတ္ေပးၿပီး ထြက္လာေတာ့သည္။

ဆယ့္ႏွစ္နာရီသာရွိေသးေသာ္လည္း စက္ကရိယာ အခ်ိဳ႕မွ တစ္ခ်က္တစ္ခ်က္ထြက္လာသည့္ အသံမ်ားကလြဲၿပီး တစ္အိမ္လုံး တိတ္ဆိတ္ေနသည္။ သို႔ေသာ္ ဤအသံမ်ားက ေအးခ်မ္းမႈကို အေႏွာင့္အယွက္မျပဳပဲ တစ္ေပါင္းတစ္စည္းတည္းေတာင္ ျဖစ္ေစေသးသည္။

ထုန္ရန႔္မေရာက္လာခင္ကလည္း ဤအိမ္မွာ အၿမဲ ဒီလိုတိတ္ဆိတ္ေနတတ္ေသာ္လည္း အခုႏွင့္ေတာ့ အနည္းငယ္ကြာျခားေပ၏။

က်ိဳးရွန႔္မင္က ပထမထပ္ရွိ သူ႔အလုပ္ခန္းတြင္ လုပ္ေဆာင္ရမည့္ တာဝန္မ်ားကို လုပ္ေနခဲ့ၿပီး သူ၏လုပ္ေဆာင္ႏိုင္ႏႈန္းက မေန႔ကထက္ေရည ဒီေန႔မနက္ကထက္ပါ ျမင့္ေန၏။ မၾကာခဏဆိုသလို မက္ေဆ့ခ်႕္မ်ားကို မစစ္ၾကည့္တတ္ေတာ့ေပ။ ထုန္ရန႔္က သူနဲ႔အတူ အိမ္မွာရွိေနေသာေၾကာင့္ အျပင္ဘက္တြင္ စိတ္ပူစရာမ်ိဳး မရွိေသာေၾကာင့္ျဖစ္၏။

ရွိရွိသမွ် ပုံေနေသာအလုပ္ေတာ္ေတာ္မ်ားမ်ားကို ၿပီးလုနီးပါးျဖစ္ေနၿပီျဖစ္ကာ shared screenေပၚမွ မွတ္စုမ်ားက တစ္ခုၿပီးတစ္ခု ဖယ္ေနလိုက္သည္။ အေၾကာင္းတခ်ိဳ႕ေၾကာင့္ မသိလိုက္ပဲ က်ိဳးရွန႔္မင္ websiteတစ္ခုကိုသြားကာ 'အံဆုံးသြား', 'အေျမႇးပါးေယာင္ရမ္းျခင္း' မွစ၍ 'ကိုယ္ဝန္ေဆာင္ခ်ိန္ ႀကိဳတင္ကာကြယ္မႈမ်ားအထိ ရွာၾကည့္လိုက္မိသည္။ အကူးအေျပာင္းက သဘာဝက်ၿပီး သိပ္ထူးျခားမႈမရွိေပ။

႐ုတ္တရက္ သူဘာေတြရွာၾကည့္ေနမိလည္း သူျပန္ေတြးမိသြားေသာအခါ ေခါင္းတစ္ခ်က္ဟန႔္လိုက္မိ၏။ သူ႔နားတြင္ တစ္ေယာက္မွမရွိေသာ္လည္း ရွက္ကိုးရွက္ကန္းျဖင့္ ဖုံးကြယ္ရန္ႀကိဳးစားလိုက္မိ၏။

ထုန္ရန႔္၏ တစ္ေရးအိပ္လိုက္ျခင္းမွာ အေတာ္ေလးကိုၾကာသြားသည္။ ေန႔လည္ သုံးနာရီေတာင္ထိုးၿပီျဖစ္ေသာေၾကာင့္ အခန္းထဲတြင္ ႏိုးေနေလာက္ၿပီဟု ထင္လိုက္၏။ အ​ေပၚထပ္တတ္ၿပီး ထုန္ရန႔္အား ႏႈိးရန္ က်ိဳးရွန႔္မင္ ဆုံးျဖတ္လိုက္သည္။ အခန္းတံခါးဖြင့္ၿပီးဝင္လာေသာအခါ အိပ္ရာေပၚ၌ ေစာင္ပုံသာေတြ႕ရၿပီး လူမရွိေခ်။

ေရခ်ိဳးခန္းႏွင့္ အဝတ္လဲခန္း၌လည္း ရွိမေနေခ်။ သို႔ေသာ္ ျပန္လွည့္ၿပီး တံခါးမပိတ္ခင္ ဝရန္တာမွတဆင့္ ေတာက္ပေႏြးေထြးေသာေနေရာင္က အခန္းတစ္ခုလုံးကို လႊမ္းၿခဳံေနေၾကာင္း သတိထားမိလိုက္သည္။ အလင္းလမ္းေၾကာင္းထဲ၌ ေသးငယ္ေသာဖုန္မႈန႔္မ်ားက ေမ်ာပါေနၾကသည္။ ေတာက္ေျပာင္ေသာၾကမ္းခင္းက ေနေရာင္ကို အလင္းျပန္ကာ မ်က္စိစူးေနေစ၏။

သူ႔ႏွာဖ်ား၌ သစ္သားတံခါးေဘာင္မွထြက္လာေသာ အနံ႔တစ္ခုရေနသည္။ အေၾကာင္းရင္းကေတာ့ လြန္ခဲ့သည့္ႏွစ္ပတ္ခန႔္က ဤစုံတြဲ၏ ႐ုတ္တရက္ စိတ္ေျပာင္းလဲမႈေၾကာင့္ျဖစ္ေပ၏။ သူတို႔ႏွစ္ဦး အြန္လိုင္းေပၚမွ ေဈးဝယ္ထြက္ခဲ့ၾကၿပီး ထုန္ရန႔္က ဆပ္ျပာရည္အနံ႔သစ္အတြက္ စံပယ္ရနံ႔ကိုေ႐ြးခ်ယ္ခဲ့သည္။ စီစဥ္ၿပီးေနာက္အနံ႔က  အေတာ္ေလးကို နီးစပ္ၿပီး ထပ္တူက်သည္ဟု ထုန္ရန႔္က မၾကာခဏေျပာေသာ္လည္း က်ိဳးရွန႔္မင္အေနျဖင့္ ထုန္ရန႔္ ထိန္းမႏိုင္ေသာအခါ ထြက္လာေသာ pheromoneနံ႔ႏွင့္ ႏႈိင္းယွဥ္၍မရႏိုင္ဟု ေတြးမိ၏။

က်ိဳးရွန႔္မင္က တျခားအခန္းမ်ားကို သြားရွာမေနေတာ့ပဲ သူ႔(က်ိဳးရွန႔္မင္)အိပ္ခန္းကိုသာ ဦးတည္လိုက္သည္။ ေသခ်ာတာေပါ့...သူ႔အနက္ေရာင္ အိပ္ရာခင္းေပၚ၌ ေဆာင္းရာသီကိုျဖတ္သန္းေနရာေသာ ရွဥ့္ေပါက္ေလးတစ္ေကာင္လို ထုန္ရန႔္က ေစာင္ၿခဳံကာ ေကြးေကြးေလးအိပ္ေနသည္။

ထုန္ရန႔္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနၿပီး လည္ကုပ္ေပၚ၌ isolation patchလည္း မကပ္ထားေပ။ သူအိပ္စက္ခ်ိန္တိုင္း ယိုစိမ့္လာတတ္သည့္ pheromoneနံ႔မ်ားက အခန္းကို ဖုံးလႊမ္းထား၏။

ၾကည့္ရတာ က်ိဳးရွန႔္မင္ ေအာက္ထပ္တြင္ အလုပ္လုပ္ေနစဥ္က ထုန္ရန႔္ အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖင့္ သူ႔ကိုယ္ပိုင္အခန္းမွ က်ိဳးရွန႔္မင္၏ အခန္းသို႔ ကူးလာပုံေပၚ၏။ က်ိဳးရွန္မွာ မသင့္ေလ်ာ္ေသာအေတြးမ်ား မေတြးပဲမေနႏိုင္ပါေတာ့ေခ်။

ေစာင္ႏွင့္တူတူ ထုန္ရန႔္အား သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္ရာ ထုန္ရန႔္က သူ႔ေခါင္းအုံးကိုလည္း ဖက္ထားသည္ကို ေတြ႕လိုက္ရသည္။ ထိုအခါ မေနႏိုင္ေတာ့ပဲ မ်က္ႏွာေပၚသို႔ အနမ္းမိုးမ်ား ႀကဲခ်မိေတာ့၏။

တစ္ေရးတစ္ေမာအိပ္ခ်ိန္၌ အေႏွာင့္ယွက္ခံလိုက္ရသည္ေလာက္ ဆိုး႐ြားသည့္အရာမရွိႏိုင္ေတာ့ေခ်။ သို႔ေသာ္လည္း ထုန္ရန႔္က အိပ္ရာႏိုးႏိုးခ်င္း သိပ္ၿပီး ဂ်စ္တိုက္တတ္သူမဟုတ္ေသာေၾကာင့္ အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖင့္ ထထိုင္လိုက္ၿပီး မ်က္လုံးမ်ားကိုမဖြင့္ေသးပဲ လက္ဖ်ားေလးမ်ားျဖင့္ ေစာင္ကို ဆုပ္ကိုင္ထားသည္။ သူ႔မ်က္လုံး၊ ႏႈတ္ခမ္းႏွင့္ ႏွာေခါင္းတို႔မွာ အနမ္းခံေနရေသး၏။ အနမ္းတစ္ခ်က္စီတိုင္းႏွင့္တူတူ သူ႔ခႏၶာကိုယ္ကလည္း လႈပ္လႈပ္သြားရသည္၊ အတန္ၾကာၿပီးေနာက္ ႀကိဳးစား၍ ပါးစပ္ဖြင့္လိုက္ကာ ေခၚလိုက္၏။
"အစ္ကို...."

က်ိဳးရွန႔္မင္ ထူးလိုက္သည္။ ထုန္ရန႔္က ထပ္ေမးလာ၏။
"ဘာေတြလုပ္ေနတာလဲ"

သူ႔မ်က္ႏွာက အနည္းငယ္ ေရာင္ေနေသးကာ စကားလည္း သိပ္မပီေခ်။

က်ိဳးရွန႔္မင္ ႏူးႏူးညံ့ညံ့ေလးျပန္ေျဖလိုက္၏။
"ေန႔လည္ သုံးနာရီေတာင္ေက်ာ္ေနၿပီ.. ထသင့္ၿပီေလ"

ထုန္ရန႔္က မ်က္ဝန္းမ်ားကို ျပန္ပိတ္လိုက္ၿပီး ဆန္ေစ့မ်ားကိုေကာက္စားေနေသာ ၾကက္ေပါက္ေလးကဲ့သို႔ ေခါင္းတဆတ္ဆတ္ ၿငိမ့္လိုက္၏။
"အြန္း..ခဏေနရင္ ထပါ့မယ္"

ေျပာေနရင္းျဖင့္ ခ်က္ခ်င္းျပန္အိပ္ေပ်ာ္သြားႏိုင္ေသာ္လည္း မအိပ္မိေအာင္ ထိန္းထားေသာ ထုန္ရန႔္၏ ခ်စ္စထြယ္အမူအရာေလးကို ေတြ႕ရေသာအခါ က်ိဳးရွန႔္မင္၏ ႏွလုံးသားမွာ တုန္ရီလာရေတာ့သည္။ အဆုံးသတ္၌ က်ိဳးရွန႔္မင္က ထုန္ရန႔္၏ ႏွာေခါင္းထိပ္ေလးကို ဆြဲပိတ္လိုက္ၿပီး ထုန္ရန႔္အား ပါးစပ္ဟ၍အသက္ရႉလာေစရန္ အတင္းအၾကပ္ျပဳမူၿပီးေနာက္ ထုန္ရန႔္ ပါးစပ္ဟ၍ အသက္ရႉလာေသာအခါ ႏႈတ္ခမ္းခ်င္း အပ္ႏွင္းလိုက္ေတာ့သည္။

ထုန္ရန႔္က က်ိဳးရွန႔္မင္၏ ကုတင္ေပၚတြင္ အၾကာႀကီးအိပ္ေပ်ာ္ေနခဲ့ေသာေၾကာင့္ တုံ႔ျပန္မႈမ်ားမွာ ေႏွးေကြးေနခဲ့ၿပီး က်ိဳးရွန႔္မင္၏ အႏိုင္က်င့္မႈကို ျပန္လည္ေခ်ပရန္ အားအင္မရွိခဲ့ေခ်၊ အဆုံးတြင္ေတာ့ ႏႈတ္ခမ္းမ်ား ရဲတြတ္လ်က္၊ မ်က္ဝန္းၾကည္ၾကည္တို႔မွာလည္း အရည္ၾကည္တစ္လႊာဖုံးလႊမ္းေနၿပီး အိပ္ခ်င္စိတ္တို႔မွာ အေဝးသို႔ေရာက္ကုန္ၾကေတာ့သည္။ သူက ေစာင္ပုံထဲတြင္သာ ရွိေနေသးၿပီး က်ိဳးရွန႔္မင္ထံမွ ေစာင္ႏွင့္ လုံးပတ္ၿပီး ဖက္ထားျခင္းက္ု ခံေနရဆဲျဖစ္၏။ ထုန္ရန႔္ အသံေဖ်ာ့ေဖ်ာ့ေလးျဖင့္ ေမးလိုက္သည္။
"ဘာလုပ္ေနတာလဲ..အာ?"

"ဘယ္အခ်ိန္ရွိေနၿပီထင္လဲ? ျပန္ေရာက္လာတည္းက အိပ္ပဲအိပ္ေနတာ ကိုယ့္ကို မလြမ္းဘူးလား?"

ထုန္ရန႔္ ခပ္ျမန္ျမန္ ျပန္ေျဖလိုက္၏။
"အရမ္း လြမ္းေနတာ"

"အိုး..?"
က်ိဳးရွန႔္မင္က သိပ္ေက်နပ္ေသးပုံမေပၚေခ်။

ထုန္ရန႔္ ရွင္းျပလိုက္သည္။
"ကြၽန္ေတာ္ အိပ္ေပ်ာ္သြားၿပီး သိပ္မၾကာခင္ သြားထဲက တစ္ဆစ္ဆစ္နဲ႔ကိုက္ေနတာကို ခံစားရတယ္။ ဘာျဖစ္ေနမွန္းမသိတာနဲ႔ အစ္ကို႔အခန္းထဲ ဝင္လာလိုက္တာ။ တစ္နာရီခြဲေလာက္တည္းက ထလာမလို႔ပဲ။ ဒါေပမဲ့ ဒီတိုင္း ဆက္အိပ္ေနမိတာ"

ထုန္ရန႔္က က်ိဳးရွန႔္မင္အား သူအိပ္ေနစဥ္ ေခတၱခြဲေနရသည့္ ကာလအတြင္း သူတကယ္လြမ္းေနရေၾကာင္းကို သက္ေသျပသည့္အေနျဖင့္ က်ိဳးရွန႔္မင္၏မ်က္ႏွာကို လက္ျဖင့္ အုပ္ကိုင္လိုက္ၿပီး နမ္းလိုက္သည္။

ႏွစ္ဦးသား ေအးခ်မ္းစြာျဖင့္ ခဏေလာက္ ေပြ႕ဖက္ထားၾကၿပီး ထုန္ရန႔္က အသံတိုးတိုးေလးျဖင့္ ေမးလာသည္။
"စိတ္ဆိုးေနတုန္းလား?"

က်ိဳးရွန႔္မင္ ျပန္ေျဖလိုက္၏။
"မဆိုးဘူး"

ထုန္ရန႔္က ရယ္လိုက္ကာ ​ေစာင္ပုံထဲမွ တြန္႔လိမ္ကာ ထြက္လာလိုက္ရင္း က်ိဳးရွန႔္မင္အား လွမ္းဖက္လိုက္သည္။

"မင္းေျပာေတာ့ သြားက တဆစ္ဆစ္ကိုက္ေနေသးတယ္ဆို? အခုေရာ နာေသးလား"

က်ိဳးရွန႔္မင္က သူ႔မ်က္ႏွာကိုၾကည့္လာၿပီးေနာက္ အနည္းငယ္ေရာင္ေနေသးေသာ္လည္း မနက္ကေလာက္ မဆိုးေတာ့ေၾကာင္းေတြ႕လိုက္ရသည္။

ထုန္ရန႔္ ေခါင္းညိတ္ျပလိုက္ကာ
"နာေသးတယ္၊ ဒါေပမဲ့ အရမ္းမနာေတာ့ဘူး"

ဆရာဝန္ကလည္း ေဆးေသာက္ၿပီးေနာက္ နာေသးဦးမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္ပင္။ ႏႈန္ဖို႔ကလည္း အေရာင္က်သြားသည္အထိ ေစာင့္ဖို႔လို၏။ ထို႔ေနာက္မွသာ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ႏႈတ္ပစ္ႏိုင္မည္ျဖစ္သည္ကို က်ိဳးရွန႔္မင္သိၿပီးျဖစ္ေသာ္ ဤေကာင္ေလး၏ ႐ႊင္႐ႊင္ျပျပမရွိ​ေသာပုံစံကို ျမင္ရေသာအခါ က်ိဳးရွန႔္မင္လည္း ရင္နာရ၏။ သူ႔အား ​ေပ်ာ္႐ႊင္ေအာင္လုပ္ေပးခ်င္ပါသည္။

ထိုေန႔ ေန႔လည္၌ ႏွစ္ဦးလုံး ဘာမွလုပ္စရာမရွိေပ။ ထုန္ရန႔္၏အိမ္စာမ်ားကလည္း ေရးၿပီးသြားၿပီျဖစ္သလို က်ိဳးရွန႔္မင္လည္း အလုပ္ကိစၥမ်ားမ်ားစားစားမရွိေခ်။ ႏွစ္ေယာက္အတူတူ အခ်ိန္ျဖဳန္းရမည္ကို ေပ်ာ္ေနၾကေသာ္လည္း ထုန္ရန႔္ကအနည္းငယ္ မသက္မသာျဖစ္ေနပုံေပၚကာ Lego လည္းဆက္ခ်င္ပုံမရေခ်။ ထို႔အျပင္ အနည္းငယ္ ခြၽဲၿပီး ဂ်ီက်ေနၿပီး က်ိဳးရွန႔္မင္က ဟာသကားတစ္ခုဖြင့္ေနစဥ္ေတာင္မွ သူ႔လက္ေမာင္းအား အတင္းတြယ္ဖက္ထားေသး၏။

ဇာတ္ကားထဲရွိ ငယ္႐ြယ္ေသာစုံတြဲေလးမွာ မဂၤလာမေဆာင္ခင္တည္းက ကိုယ္ဝန္ရေနေသာေၾကာင့္ မဂၤလာပြဲေန႔၌ မဂၤလာေဆာင္ေနရင္းတန္းလန္း ဗိုက္နာလာၿပီး ကေလးေမြးလိုက္ေသာ အခန္းမွာ အနည္းငယ္ ဆူပူငြားေသာ္လည္း အေတာ္ေလးရယ္ရေပသည္။

ထုန္ရန႔္က စိတ္ဝင္စားေနပုံရၿပီး က်ိဳးရွန႔္မင္၏လက္ကိုဆြဲလိုက္ကာ ေမးလာ၏။
"alphaေလးလိုခ်င္လား omegaေလးလိုခ်င္လား"

ထိုေမးခြန္းကိုၾကာၿပီးေနာက္ က်ိဳးရွန႔္မင္ ရယ္ခ်င္လာေသာ္လည္း ထိန္းလိုက္ၿပီး မ်က္ႏွာပိုးမေသစြာျဖင့္ ေမးလိုက္၏။
"အခုထိ ငယ္ငယ္ေလးပဲရွိေသးတာကို ကေလးယူဖို႔ေတာင္စဥ္းစားေနၿပီလား ကိုယ့္မိန္းမေလးရဲ႕"

"အဲ့ေတာ့ဘာျဖစ္လဲ" ထုန္ရန႔္က မေပ်ာ္မ႐ႊင္ျဖစ္ဟန္ျဖင့္ ေမးလာ၏။
"ခ်က္ခ်င္းႀကီး ထေမြးမွာမွမဟုတ္တာ၊ စဥ္းစားတာက အျပစ္မို႔လို႔လား"

လုံးဝ အိပ္ေရးႏိုးလာၿပီးေနာက္ သူ႔ကေလးငယ္က ေဒါသႀကီးလာပုံပင္။ က်ိဳးရွန႔္မင္ ခပ္ျမန္ျမန္ ေျဖရွင္းလိုက္ရ၏။
"အျပစ္မဟုတ္ပါဘူး၊ စဥ္းစားပါ စဥ္းစားပါ၊ ဘာမွမျဖစ္ဘူး"

သူတို႔ႏွစ္ဦး ေျပေျပလည္လည္ျဖင့္ တီဗြီၾကည့္ေနခဲ့ၾကၿပီးေနာက္ ညေနစာစားၾကသည္။ သို႔ေသာ္ ထုန္ရန႔္ ပါးစပ္ပ်က္ေနေသာေၾကာင့္ သိပ္မစားႏိုင္ေခ်။ က်ိဳးရွန႔္မင္လည္း ဆက္မစားေတာ့ပဲ ညစာစားျခင္းကို ထုန္ရန႔္စားၿပီးသည္ႏွင့္ သိမ္းလိုက္ေတာ့၏။ ထို႔ေနာက္ ေရခ်ိဳးၾကၿပီးေနာက္ သူတို႔ အခန္းအသီးသီးထံသို႔ တတ္သြားၾကေတာ့သည္၊

မနက္တစ္နာရီပတ္ဝန္းက်င္၌ က်ိဳးရွန႔္မင္ အိပ္မေပ်ာ္ေတာ့ေခ်။ ထုန္ရန႔္အား ဘယ္လို ဂ႐ုစိုက္ေပးရမလဲေတြးရင္းျဖင့္ မအိပ္ႏိုင္ေခ်။ သူဘာလို႔မ်ား တျခားတစ္ေယာက္ကို အဲ့ေလာက္ထိ စိတ္ပူေပးေနရတာလဲ။ သူ႔ကိုယ္ပိုင္ကိစၥေတြေတာင္မွ အဲ့ေလာက္ထိ စိတ္မပူဖူးေပ။

ေသခ်ာစဥ္းစားၾကည့္လွ်င္ ထုန္ရန႔္မွာ သြားကိုက္ေန႐ုံပင္ျဖစ္ေသာ္လည္း ေန႔လည္တည္းက ကေလးငယ္မွာ စိတ္မေပ်ာ္ေပ။ ထုန္ရန႔္ဖ်ားမွာကို စိတ္ပူေနသကဲ့သို႔ မေန႔ညကလိုမ်ိဳး နာက်င္ေနေသာ္လည္း သူမ်ားအား မေႏွာင့္ယွက္ခ်င္ေသာေၾကာင့္ တစ္ညလုံး  ႀကိတ္မွိတ္သည္းခံေနၿပီး အိပ္မေပ်ာ္မည္ကိုလည္း စိုးရိမ္ေနမိသည္။

အိပ္ရာမဝင္ခင္က သူထုန္ရန႔္အခန္းမွ လိုက္ကာမ်ားကို ေသေသခ်ာခ်ာခ်ေပးခဲ့ေသာ္လည္း သူ႔အခန္းထဲရွိ လိုက္ကာမ်ားကိုေတာ့ မခ်လိုက္ရေခ်။ လျခမ္းေကြးက ေကာင္းကင္ေပၚတြင္ ထြန္းလင္းေနလ်က္  သူ႔အခန္းထဲရွိ ၾကမ္းျပင္ေပၚသို႔ ေငြေရာင္ အေရာင္အဆင္းကျဖာက်ေနကာ သစ္ပင္အရိပ္မ်ားကလည္း ဟိုတစ္စ သည္တစ္စျဖစ္ေန၏။

က်ိဳးရွန႔္မင္ လိုက္ကာ ထဆြဲရန္ျပင္ခ်ိန္မွာပင္ အခန္းတံခါးမွာ တြန္းဖြင့္ခံလိုက္ရၿပီး လေရာင္၏အစြန္းတြင္ လူတစ္ေယာက္ ဝင္လာ၏။ ထုန္ရန႔္ပင္ျဖစ္သည္။ သူ႔ေစာင္ကို ပိုက္ထားရင္း တေ႐ြ႕ေ႐ြ႕ဝင္လာသည္။ တံခါးဝ၌ ေခတၱရပ္ေနကာ တုံ႔ဆိုင္းစြာျဖင့္ တံခါးျပန္ပိတ္ၿပီးေနာက္ တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာ၏။

က်ိဳးရွန႔္မင္ ႏိုးေနလိမ့္မည္ဟု ထုန္ရန႔္မထင္ထားေပ။ မ်က္ႏွာအနည္းငယ္ရဲလ်က္ အိပ္ရာေဘးတြင္ ခပ္ေတာင့္ေတာင့္ေလးရပ္ေနေလသည္။

ထုန္ရန႔္က ေဒါင္လိုက္အစင္းေၾကာင္းမ်ားပါေသာ ညအိပ္ဝတ္စုံကိုဝတ္ထားၿပီး ဆံပင္မ်ားမွာ ရႈပ္ပြေနကာ အနည္းငယ္ေရာင္ေနေသးေသာမ်က္ႏွာႏွင့္ ေပါင္းစပ္လိုက္ေသာအခါ မ်က္ဝန္းဝိုင္းဝိုင္းမ်ားျဖင့္ သနားခ်င့္စဖြယ္ အသိုက္ေပ်ာက္ေနေသာ သတၱဝါေလးတစ္ေကာင္ကဲ့သို႔ပင္။ ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္လႈပ္ေနၿပီး က်ိဳးရွန႔္မင္ထံ၌သာ ဤသို႔ပုံစံမ်ိဳး ျပသေနျခင္းျဖစ္၏။

"ကြၽန္ေတာ့ေၾကာင့္ ႏိုးသြားတာလား"

"မဟုတ္ပါဘူး"

က်ိဳးရွန႔္မင္ ၿခဳံထားေသာေစာင္ကို လစ္ဟာလိုက္ၿပီး ထုန္ရန႔္အားဝင္လာရန္ ျပဳလိုက္၏။ ထုန္ရန႔္က သူ႔ေစာင္ကို ေမြ႕ယာေျခရင္းတြင္ခ်လိုက္ၿပီး သူ႔ရင္ခြင္ထဲသို႔ တိုးဝင္လာကာ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားေပးလိုက္သည္။

"နာေသးလား" က်ိဳးရွန႔္မင္ ညင္သာစြာေမးလိုက္၏။

ညက တျဖည္းျဖည္းနက္လာၿပီး ထုန္ရန႔္က ညည္းတြားကာ အသံတစ္ခ်က္ေပးလာ၏။

တစ္ေန႔လုံး ဘာမွ မညည္းညဴခဲ့ပဲ ညမွသာ ပိုမို ခြၽဲကာ ဂ်ီက်ေနေသာေၾကာင့္ ထုန္ရန႔္အား က်ိဳးရွန႔္မင္ ခပ္တင္းတင္းေပြ႕ဖက္လိုက္ရင္း ေစာင္ကို ပုခုံးထိလုံေအာင္ၿခဳံေပးကာ သူ၏ pheromoneမ်ားကို အလယ္အလတ္အဆျခအေနတြင္ ထိန္းသိမ္းထားလိုက္ၿပီး ထုန္ရန႔္အား သက္ေသာင့္သက္သာျဖစ္ေစရန္ ကူညီေပးလိုက္သည္။

ေနာက္ေန႔တြင္လည္း ထုန္ရန႔္က သူ႔အခန္းသို႔မျပန္ေခ်။ ေနာက္တစ္ေန႔၏ ေနာက္ေန႔တြင္လည္း မျပန္ေသးေခ်။ ေဆးစစ္မႈႏွစ္ခုၿပီးေနာက္ သြားႏႈတ္ၿပီးသည့္ အခ်ိန္ေရာက္ေသာအခါ ထုန္ရန႔္မွာ က်ိဳးရွန႔္မင္၏ အခန္းထဲသို႔ အေျခတက် ေျပာင္းေ႐ႊ႕လာၿပီးျဖစ္ေတာ့သည္။

•°•°•°•°•°•

Continue Reading

You'll Also Like

248K 40.1K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
288K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
207K 20.6K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
427K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...