ချင်းယီက စုန်မိသားစုနဲ့ ညိနှိုင်းဆွေးနွေးစရာတွေရှိနေသေးတာကြောင့် လုဟန် တစ်ယောက်တည်း ပြန်ဖို့ ပြင်လိုက်တယ်။လုဟန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မကြာသေးခင်ကမှ မျက်ဝါးထင်ထင်မြင်ထားတာကြောင့် ဘယ်သူမှမတားရဲကြပေ....
အခန်းထဲပြန်ရောက်တာနဲ့ ဖန်ရုံရှီးရဲ့အလောင်းထဲကနေ ထုတ်လာတဲ့ အမြူတေကို သေချာပြန်ကြည့်လိုက်တယ်။လှိုဏ်ဂူထဲက ကုသရေးဖုတ်ကောင်ရဲ့ အမြုတေနဲ့တူသယောင်ရှိပေမယ့် ဒီအမြူတေက ပိုပြီး လုံးဝိုင်းနေတယ်။
အမြူတေသုံးပြီး စွမ်းရည်နိုးထအောင်လုပ်တာနဲ့ သဘာဝအလျှောက် စွမ်းရည်နိုးထလာခြင်းကြောင့်များ အခုလို ကွာခြားနေတာလား???ဘေးအခန်းဆီကနေ အသံတစ်ချို့ကြားတာကြောင့် ချင်းယီပြန်လာပြီထင်ပြီး ချင်းယီဆီသွားဖို့ပြင်လိုက်တယ်။
တံခါးမပိတ်ထားတာကြောင့် ချင်းယီရဲ့အခန်းထဲကို တိုက်ရိုက်ဝင်သွားခဲ့တယ်။
အခန်းထဲမှာ မူဖေးနဲ့ကျန်းစစ်လော့တို့ ရောက်နေကြတယ်။ ဖန်ရုံရှီးရဲ့သတင်းကို ကြားထားပြီးကြပြီထင်တယ်....
လုဟန်ကို မြင်တာနဲ့ ချင်းယီက သူ့ဘေးမှာ လာထိုင်ဖို့ လက်ဟန်ခြေဟန်ပြနေတယ်။
ချင်းယီ..."ဖြစ်ပုံကတော့ အဲ့လိုပဲ....အခုလောလောဆယ်တော့ ဖန်ရုံရှီးရဲ့ဖြစ်စဉ်က်ိုစုံစမ်းနေတုန်းပဲရှိသေးတယ်..အဖြေအတိအကျမပြောနိူင်သေးဘူး..."
မူဖေး အတော်လေးစိတ်ပျက်သွားတယ်။နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တဲ့သူက အခုလို အဖြစ်ဆိုးမျိုးနဲ့ အဆုံးသတ်သွားတာကို လက်ခံဖို့ ခက်ခဲနေတယ်....
ကျန်းစစ်လော့က မူဖေးရဲ့ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးနေတယ်...မူဖေးကလဲ ကျန်းစစ်လော့ရဲ့ လက်တွေကို တင်းကြပ်စွာဆုပ်ကိုင်ပြီး နှစ်သိမ့်မှုကိုတောင်းခံနေတယ်။
"ငါနဲ့ အားမူအရင်အောက်ဆင်းနှင့်မယ်..."
ကျန်းစစ်လော့က လုဟန်ကို ခေါင်းတစ်ချက်ညိတ်ပြပြီး မူဖေးကို ခေါ်ထုတ်သွားတယ်။
"စုန်ကွမ်ယုရဲ့ဒဏ်ရာကို ကုပေးနေတုန်း ကူစသက်သွားတယ်လို့ပြောရအောင် ကူစက်နှုန်းက တအားမြန်လွန်းနေတယ်မထင်ဘူးလား??"
ကျန်းစစ်လော့ရဲ့အသံကို အောက်ထပ်ကနေ ကြားရတာသေချာတော့မှ ချင်းယီက လုဟန်ကို တိုးတိုးလေးကပ်ပြောလိုက်တယ်။
"ဒါကို ဖန်ရုံရှီးရဲ့ ဒန်တျန်ထဲက ရလာတာ.."
လုဟန်က အမြူတေတစ်ခုကို ထုတ်ပြလိုက်တယ်။
"အမြူတေသုံးပြီး စွမ်းအင်နိုးထလာအောင်လုပ်တဲ့နည်းလမ်းက ဘယ်လိုနည်းလမ်းမျိုးလဲ??"
ချင်းယီက လုဝန်လက်ထဲက အမြူတေကိုယူပြီးသေချာကြည့်လိုက်တယ်။
"အသေးစိတ်တော့သေချာမသိဘူး...အမြူတေကို တိုက်ရိုက်မြိုချလိုက်တာလို့တော့ကြားဖူးတယ်...ကံကောင်းရင် တစ်ခါတည်းနဲ့ စွမ်းရည်နိုးထလာရော..."
ဒါကိုနားထောင်ပြီးချိန်မှာ လုဟန်တစ်စုံတစ်ခုကို သဘောပေါက်နားလည်လာခဲ့တယ်။
သဘာဝအလျောက်စွမ်းရည်နိုးထခြင်းနဲ့ အမြူတေသုံးပြီး စွမ်းရည်နိုးထခြင်းတို့က မတူကွဲပြားတဲ့ နည်းလမ်းနှစ်သွယ်ဖြစ်တယ်။သဘာဝအလျောက်စွမ်းရည်နိုးထလာသူတွေက အမြူတေထဲက စွမ်းအင်တွေကိုစုပ်ယူပြီး သွေးကြောတွေထဲကနေတဆင့် ဝိဉာဉ်စွမ်းအားတွေကို လှုံ့ဆော်ခြင်းဖြစ်တယ်။
အမြူတေသုံးပြီး စွမ်းအင်နိုးထခြင်းက....
အမြုတေကို ဒန်တျန်ထဲ တိုက်ရိုက်မြိုချပြီး ဝိဉာဉ်စွမ်းအားမြင့်မားလာအောင် စုပ်ယူခြင်းဖြစ်တယ်။
[TN: ရှင်းရှင်းပြောရရင်...သဘာဝအလျောက်နိုးထခြင်းက မြစ်ချောင်းတွေကနေတဆင့် ပင်လယ်ထဲကိုရေတွေစီးဆင်းတာနဲ့တူပြီ...အမြူတေသုံးပြီးနိုးထလာတာကျတော့ ပင်လယ်ထဲကို ရေတွေ တိုက်ရိုက်လောင်းထည့်လိုက်တာနဲ့တူတယ်....]
လုဟန်က ဒီအကြောင်းတွေကို ချင်းယီကို ရှင်းပြလိုက်တဲ့အခါ ချင်းယီ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်လာခဲ့တယ်။
"ဖန်ရုံရှီး အခုလိုဖြစ်သွားတာ သူမြိုချလိုက်တဲ့ အမြူတေကြောင့်များလား??"
လုဟန်ကခေါင်းညိတ်ပြလိုက်ပြီး...
"မင်းရဲ့ လက်ရှိ ကျင့်ကြံရေးအဆင့်ဘယ်လောက်ရောက်နေပြီလဲ??ဒီအမြူတေရဲ့အတွင်းပိုင်းကို လေ့လာဖို့ နည်းလမ်းမရှိဘူးလား?"
ချင်းယီက ခေါင်းခါပြတယ်။
"အာမမခံနိုင်ဘူး....အကယ်၍ အဆင်မပြေဖြစ်ခဲ့ရင်..တစ်ခုတည်းသောသဲလွန်စကို ဖျက်စီးလိုက်သလိုဖြစ်သွားလိမ့်မယ်...မတန်ဘူးနော်..."
"ဒါဆိုလဲ ဒီဟာတွေပေါ်မှာပဲ မျှော်လင့်ချက်ထားရတော့မှာပေါ့..."
လုဟန်က လှိုဏ်ဂူထဲကနေ ကောက်လာတဲ့ အမြူတေတွေကို စားပွဲပေါ် တင်လိုက်တယ်။
ဒီအလုပ်က သူတို့နှစ်ယောက်အတွက် သေးငယ်တဲ့ Jigsaw puzzel တွေထိုင်ဆက်နေရသလို ခါးသီးလွန်းနေတယ်။အကောင်းတိုင်းရှိနေတဲ့
အမြူတေအရွယ်အစားက မက်မုံသီးအစေ့လောက်ပဲရှိတယ်။တစ်ချို့အမြူတေတွေဆို ဇီးစေ့လောက်ပဲရှိတဲ့အထိသေးငယ်နေတယ်။ဒီကြားထဲ အမြူတေအပိုင်းအစတွေက ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေပြန်တော့ အပိုင်းအစတွေကို ဆက်ရတာ အင်မတန်လက်ဝင်နေတယ်.....
ကံကောင်းထောက်မစွာနဲ့ နှစ်ယောက်စလုံးက နတ်ဘုရားစိတ်အာရုံအကြောင်း နားလည်နေတဲ့အတွက် နတ်ဘုရားစိတ်အာရုံကို သုံးပြီး အမြူတေအတွင်းပိုင်းထဲက မျဉ်းကြောင်းတွေကို ခြေရာခံနိုင်ခဲ့ကြတယ်။
ကြိုးစားမှုတွေဘအရာထင်လာခဲ့တယ်။တစ်ညလုံး အပတ်တကုပ်ကြိုးစားပြီးချိန်မှာ အမြူတေတစ်ချို့ကို အကောင်းတိုင်းဖြစ်အောင် ဆက်နိုင်ခဲ့ပါပြီ....
လုဟန်က သေချာစွာ တွဲဆက်ထားတဲ့ အမြူတေတွေကို စားပွဲပေါ်တင်လိုက်တယ်။စိတ်အစဉ်ကို လျှော့ချလိုက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေက ဖိတ်ခေါ်စရာမလိုဘဲ ရောက်ရှိလာတယ်။ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ကုတင်ပေါ်ကို လှဲချလိုက်ချိန်မှာ အမြင်အာရုံတစ်ခုလုံး အမှောင်ထဲကိုကျရောက်သွားခဲ့လေပြီ......
တရေးနိုးချိန်မှာ နတ်ဘုရားစိတ်အာရုံကို အလွန်အကျွံ့အသုံးပြုခဲ့တာကြောင့် အနည်းငယ် မူးဝေထုံထိုင်းနေတယ်။အနည်းငယ်လှုပ်ရှားပြီး ထထိုင်ဖို့ကြိုးစားလိုက်ပေမယ့် သူ့ခါးကို တစ်စုံတစ်ယောက်က တင်းကြပ်စွာဖက်တွယ်ထားတယ်။ထိုမှသာလျှင် သူ့အနောက်မှာ တစ်စုံတစ်ယောက်က အသက်ရှူနှုန်းမှန်မှန်နဲ့ အိပ်မောကျနေတယ်ဆိုတာကို လုဟန် သတိထားမိလိုက်လေတယ်။လည်ကုတ်နားကို စည်းချက်မှန်မှန် တိုက်ခတ်နေတဲ့ နွေးထွေးလှတဲ့ အသက်ရှူသံလေးက လုဟန်ရဲ့ ထုံထိုင်းမူးဝေမှုတွေကို လွှင့်ပါးသွားစေခဲ့တယ်။
ရင်းနှီးကျွမ်းဝင်နေတဲ့ ကိုယ်ငွေ့ကြောင့် နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ ချင်းယီဆိုတာ လုဟန်သိနေပါတယ်။စည်းချက်ညီနေတဲ့ အသက်ရှူသံကြောင့် ချင်းယီ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်ဆိုတာ လုဟန် သတိထားမိလိုက်ပြန်တယ်။အမြူတေအပိုင်းအစတွေကို ပြန်ဆက်တုန်းက ချင်းယီက လုဟန်ထက်ပိုပြီး အာရုံစိုက်ခဲ့ရတာကြောင့် အခုထိ အိပ်မောကျနေတာပါ.....
ပြတင်းပေါက်နားမှာ အိပ်နေတဲ့ လုဟန်က ကန့်လန့်ကာကို ဖွင့်ကြည့်လိုက်တဲ့အခါ...ကောင်းကင်တစ်ခုလုံးမှောင်ရီပျိုးနေပြီဆိုတာ တွေ့လိုက်ရတယ်။နေ့ဝင်ချိန်မှာ မှိန်ပြနေတဲ့ နီရွှေသော အလင်းရောင်တစ်ချို့က အဖြူရောင်ကန့်လာကိုဖြတ်သန်းပြီး အခန်းထဲကို ထိုးဖောက်ဖြန့်ကျက်နေတယ်။
ဒီကမ္ဘာကို စရောက်ကတည်းက အမျိုးစုံကြိုးခုန်နေခဲ့ရတဲ့ အတွက် လုဟန် ကောင်းကောင်း အနားမယူရသေးဘူး....အခုလိုသက်ဝင်အေးချမ်းတဲ့ပတ်ဝန်းကျင်အနေအထားရယ်....နောက်ဘက်ကလူဆီကနေ ရရှိနေတဲ့ လုံခြုံနွေးထွေးတဲ့ အသက်ရှူသံရယ်ကို ပေါင်းစပ်လိုက်တဲ့အခါ သတိမထားမိလိုက်ခင်မှာ တဖန်အိပ်ပျော်သွားခဲ့ပြန်တယ်။
နောက်တစ်ကြိမ် အိပ်ရာနိုးလာတဲ့အခါ အပြင်လောကတစ်ခွင်လုံး မည်းမည်းမှောင်နေခဲ့ပြီ....
ညအိပ်မီးအိမ်ရဲ့အလင်းရောင် မှိန်မှိန်ကို အားကိုးပြီး နိုးတစ်ဂက်အိပ်တစ်ဝက်ဖြစ်နေတဲ့ ချင်းယီက လုဟန်ကို တစ်မေ့တစ်မောထိုင်ငေးနေတယ်။
လုဟန် အိပ်ရာကနေ ထလိုက်ပြီး....
"ဘယ်အချိန်ရှိနေပြီလဲ?"
ချင်းယီက မျက်တောင်ခတ်လိုက်ပြီး အခုမှ သတိဝင်လာပုံနဲ့ လုဟန်ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်ကောက်ကောက်လေးတွေကို လက်ချောင်းတွေသုံးပြီး ဖီးသင်ပေးလိုက်တယ်။
"မိုးသောက်ချိန်ပဲရှိသေးတယ်...အိပ်ချင်နေသေးလား?"
လုဟန်က ခေါင်းခါပြလိုက်ပြီး တင်ပြင်ခွေထိုင်လိုက်ချိန်မှာ ချင်းယီရဲ့ သက်ပြင်းချသံကိုကြားလိုက်ရတယ်။
လုဟန် သိချင်စိတ်နဲ့ လှည့်ကြည့်လိုက်တယ်။
"ပထမဆုံးအကြိမ် ငါ့ချစ်သူနဲ့အတူတူအိပ်ခွင့်ရတာကို အိပ်ရုံပဲ အိပ်ခဲ့ရတယ်ဆို ငါ့အဖွဲ့သားတွေ ငါ့ကို ဝိုင်းဟားကျတော့မှာပဲ..."
"သူတို့တွေ မင်းကို ဝိုင်းမဟားအောင် ဘယ်လိုလုပ်ရင်ရမလဲ?"
ချင်းယီက ဒီအတိုင်းပေါ့ပေါ့ပါးပါး စနောက်လိုက်တာဖြစ်ပေမယ့် ရိုးသားလှတဲ့ ဆရာတူအစ်ကိုကြီးက အခုလို မေးခွန်းထုတ်လိမ့်မယ်လို့ ထင်မထားမိတာအမှန်ပါပဲ....ဒီအခွင့်ရေးကို ရအောင်မယူနိုင်ရင် ချင်းယီလောက်မိုက်တဲ့သူ ရှိပါဉီးမလား....
"ဟုတ်တာပေါ့...တစ်ခုခုလုပ်မှဖြစ်မယ်..."
ချင်းယီက လုဟန်ရဲ့ လည်ပင်းကို သိုင်းဖက်ပြီး သး့အနားကို ဆွဲခေါ်လိုက်တယ်။
နှုတ်ခမ်းနှစ်ခုကြားက အကွာအဝေးတွေနီးကပ်လာသည်နှင့်အမျှ နှလုံးသားချင်းလဲ ပိုပြီးနီးကပ်လာခဲ့တယ်။
အနမ်းတစ်ခုပြီးဆုံးသွားချိန်မှာ လုဟန်ရဲ့ နီမြန်းနေတဲ့နှုတ်ခမ်းတွေကို ချင်းယီ လက်ချောင်းလေးတွေနဲ့ တယုတယထိတွေ့လိုက်ပြီး....
"ဆရာတူအစ်ကို....ငါတို့ရဲ့စမ်းသပ်မှု ရလဒ်တွေကို ဘယ်လိုထင်လဲ?"
ဘာကိုဆိုလိုချင်တယ်ဆိုတာ လုဟန်နားလည်ပါတယ်။
"ဓားလမ်းစဉ်က ငါရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်မဟုတ်ပါဘူး."
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို အိပ်ရာပေါ်မှာ ဖိကပ်ထားတယ်။အိပ်ယာတစ်ခုလုံး တစ်စထက်တစ်စရှုပ်ပွလာတယ်။ဘယ်သူ့ဆီကမှန်း ခွဲခြားမရတဲ့ အသက်ရှူသံပြင်းပြင်းတွေ အခန်းထဲမှာ ပျံ့လွှင့်နေတယ်။
ခါးပတ်တွေကို ဖြုတ်မထားတာကြောင့် သတ္ထုချင်းထိခတ်နေတဲ့ အသံတွေ မှိုင်းပြစွာထွက်ပေါ်လာတယ်။
"ဆရာတူညီလေး..."
လုဟန်က ချင်းယီရဲ့လက်ကို ဆုပ်ကိုင်ထားတယ်။
"ငါတို့တွေ တာအိုလက်တွဲဖော်အဖြစ် တရားဝင်ဂါရဝမပြုရသေးခင်မှာ ဒီထက့်ပိုပြီး ရှေ့ဆက်တိုးလို့မရဘူး...."
မောဟိုက်နေတဲ့ ချင်းယီက လုဟန်ရဲ့ လည်တိုင်ကြားမှာ ခေါင်းဖွက်ပြီး အမောဖြေနေတယ်။အတင်းဖိနှိပ်ထိန်းချုပ်ထားရတာကြောင့် တင်းမာနေတဲ့ ချင်းယီရဲ့ ကြွက်သားတွေကို လုဟန် ဖြေလျှော့ပေးနေတယ်။
ခဏအကြာမှာ ချင်းယီထထိုင်လိုက်ပြီး လုဟန်ကို တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ်...ငါ အရမ်းစိတ်မြန်လက်မြန်ဖြစ်သွားတယ်"
လုဟန် ခေါင်းခါပြလိုက်တယ်။ချင်းယီရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေမြင်နေရတာကြောင့် နှစ်သိမ့်ပေးတဲ့အနေနဲ့...
"ယင်ယန်ဆိုတာ ငါတို့လို ကျင့်ကြံသူတွေအတွက် အရမ်း အရေးကြီးတယ်။ကောင်းကင်တာအိုကို မထီမဲ့မြင်လုပ်ရင် မင်းရဲ့ ယင်ယန်ကို ဆုံးရှုံးသွားရလိမ့်မယ်.."
[TN: ဆိုလိုချင်တာကလေ တရားဝင် မဖြစ်သေးဘဲ Papapa လိုက်ရင် သူ့ချစ်ချစ်ကြီးကို ကောင်းကင်တာအိုက အပြစ်ပေးလိုက်မှာစိုးရိမ်နေတာပါ...အပြစ်ပေးလိုက်လို့ papapa လို့မရတော့ရင် လုဟန်ငတ်မှာ🐙🐙]
ချင်းယီ နည်းနည်းတော့တုန်လှုပ်သွားခဲ့တယ်။ခဏအကြာမှာ လုဟန်ကို ကုတင်ပေါ်မှာ ထပ်ဖိလိုက်ပြီး ရယ်မောရင်းနဲ့ လည်တိုင် ကို တရှုံ့ရှုံ့နမ်းရှိုက်လိုက်တယ်။
"ဆရာတူအစ်ကိုကြီး...ခင်ဗျားဘာလို့ ဒီလောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ..."
အပြင်လောကတစ်ခွင်လုံး တဖြည်းဖြည်းချင်းရောင်နီသန်းလာပြီ....အခန်းထဲမှာရှိတဲ့ ရှုပ်ထွေးမှုတွေလဲကွယ်ပျောက်သွားခဲ့ပြီဖြစ်တယ်။ရေချိုးသန့်စင်ပြီးချိန်မှာ မနေ့ညက ကြိုးစားပမ်းစား တွဲတက်ထားရတဲ့ အမြူတေတွေကို အာရုံစိုက်လိုက်ကြတယ်။
အမြူတေတိုင်းရဲ့ အတွင်းဘက်နံရံမှာတိုင်းမှာ တူညီတဲ့ မျဉ်းကြောင်းတွေရှိနေတယ်။ဒါတွေဟာ ကြုံရာကျပန်း ပုံသဏ္ဍာန်တွေမဟုတ်တာသေချာတယ်။အပိုင်းအစတွေကို သေချာတွဲဆက်ထားတဲ့ အမြူတေကို လုဟန်သေချာစစမ်းစစ်ကြည့်လိုက်တယ်။ဒီမျဉ်းကြောင်းတွေကို တစ်နေရာရာမှာတွေ့ဖူးတာသေချာတယ်....
"ခဏလေး..အထဲက မျဉ်းကြောင်းတွေကို ငါရဲ့ နတ်ဘုရားစိတ်အာရုံနဲ့ မှတမထားပြီး စာရွက်ပေါ်မှာ ပြန်ရေးပြမယ်....ဒါဆိုပိုလွယ်လိမ့်မယ်..."
ချင်းယီက လုဟန်လက်ထဲက အမြူတေကို ယူလိုက်ပြီး အကြံပေးလိုက်တယ်။
စာရွက်ပေါ်မှာ ချင်းယီ ချရေးပေးတဲ့ ပုံသဏ္ဍာန်ကို မြင်လိုက်ချိန်မှာ လုဟန်ရဲ့အတွေးတွေပိုပြီးသေချာသွားခဲ့တယ်။
လိန့်ယွမ်ရဲ့ အဓိကအစီအရင်....ကျောက်စက်ပန်းဆွဲမှာ မြင်ခဲ့ရတဲ့ အစီအရင်....
သေချာသွားပြီ....ကွဲလွဲမှု အနည်းငယ်ရှိနေသည့်တိုင် ကောင်းကင်ဆရာသခင်ဂိုဏ်းမှာတွေ့ခဲ့ရတဲ့ လိန့်ယွမ်ရဲ့ အစီအရင်ဆိုတာ လုဟန်သေချာသိနေတယ်။
"အမြူတေအတွင်းပိုင်းက မျဉ်းကြောင်းတွေကတကယ်တော့ အစီအရင်တစ်ခုဖြစ်နေတာ"
"ဟမ်!!!နေစမ်းပါဉီး...ဒီလိုအလောင်းကောင်တွေရဲ့ ဉီးနှောက်ထဲက အမြူတေတွေထဲမှာ ဘယ်သူကဘအစီအရင်လာရေးသွားတာလဲ??အဲ့အစီအရင်က ဘာအစီအရင်လဲ??"
"ကြည့်ရတာ ဒီအစီအရင်ကြောင့် ဖုတ်ကောင်တွေဆီမှာ ဝိဉာဉ်စွမ်းအင်ရှိတဲ့ အမြူတေတွေဖြစ်လာတာနဲ့တူတယ်...ဒီကြောင်းကို ငါသေချာမသိဘူး..."
လုဟန် ခဏလောက်စဉ်းစားလိုက်ပြီး အိတ်ထဲကနေ တစ်ခုခုကို ဆွဲထုတ်လိုက်ပြီး...
"ဒီမှာ..."
ချင်းယီက လုဟန်ပစ်ပေးလိုက်တဲ့အရာကို လှမ်းဖမ်းလိုက်တယ်။ထိုအရာက စာသားအချို့ရေးထွင်းထားတဲ့ ကျောက်စိမ်းဝါးပြားလေးတစ်ခုဖြစ်တယ်။
"အစီအရင် ခင်းကျင်းမှုပေါင်းချုပ်"
ချင်းယီ အံကြိတ်လိုက်ပြီး...
"ဉီးနှောက်သုံးရမယ့်အလုပ်တွေ မလုပ်နိုင်ဘူး..."
"ဒါက ဉာဏ်ရည်နဲ့ မဆိုင်ဘူး...မင်းရဲ့နားလည်နိုင်စွမ်းနဲ့ နတ်ဘုရားစိတ်အာရုံအစွမ်းပေါ်မှာပဲ မူတည်တာ...တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့စိတ်ထားရှိတဲ့သးတွေက နားလည်နိုင်စွမ်းပိုမြင့်ကြတယ်"
ချစ်ရသူလေးက သူ့ကို ယုံကြည်ကိုးစားနေမှတော့...ချင်းယီရွေးစရာမရှိတော့တဲ့အတွက် ကျောက်စိမ်းဝါးပြားလေးကို နဖူးနဲ့ ထိကပ်လိုက်တယ်။ချင်းယီရဲ့ အာရုံထဲကို ဝါးပြားထဲကအချက်အလက်တွေ ဝင်ရောက်လာခဲ့တယ်။
ချင်းယီရဲ့ အမူအရာကိုကြည့်လိုက်ကတည်းက အခြေနေကောင်းမှန်း လုဟန်သိနေတယ်။ကောင်းကင်ဆရာသခင်ဂိုဏ်းရဲ့ ကြောက်မက်ဖွယ်ရာနည်းဗျူဟာကျွမ်းကျင်သူတွေတိုင်းက ချင်းယီလို ဉာဏ်ပညာ ထက်မြက်သူတွေချည်းပဲဆိုတော့ ဒီတစ်ကြိမ်မှာ ချင်းယီအတွက် အကျိုးရှိမယ်ဆိုတာ လုဟန်ယုံကြည်တယ်။
အစီအရင်ခင်းကျင်းမှုနဲ့ သက်ဆိုင်တဲ့အရာတွေကို နာရီပေါင်းများစွာ အချိန်ယူပြီးလေ့လာခဲ့ရတယ်။ချင်းယီ မျက်လုံးတွေပြန်ဖွင့်လိုက်ချိန်မှာ လုဟန်ရဲ့အရှေ့မှာ ဘီစကစ်အိတ်ခွံတွေပြည့်နှက်နေပြီ....
"စားမလား မစားဘူးလား??"
လုဟန်က ဘီစကစ်တစ်ထုတ် ကမ်းပေးရင်းမေးနေတယ်။
ချင်းယီက လုဟန်ရဲ့ဆံပင်တွေကို ဖွလိုက်ပြီး...
"မင်းစားဖို့ တစ်ခုခုသွားယူပေးမယ်"
"တော်ပြီ...ဗိုက်ပြည့်နေပြီ...လုပ်စရာရှိတာအရင်လုပ်ကြရအောင်..."
တံခါးဝဆီရောက်နေပြီဖြစ်တဲ့ ချင်းယီက လုဟန်ပြောတာကြားတဲ့အခါ နောက်ပြန်လှည့်လိုက်ပြီး....
"ငါတို့ အပြင်မထွက်တာ နှစ်ရက်ရှိနေပြီ...အခုနေမှ အပြင်မထွက်ရင် ငါ့အဖွဲ့သားတွေက ငါ့ကိုအခန်းထဲမှာ သေနေပြီလို့ ထင်နေကြလိမ့်မယ်..."
သို့သော်....
ချင်းယီအောက်ထပ်ကိုရောက်တဲ့အချိန်မှာ အဖွဲ့သားတွေက ချင်းယီကို လူထူးဆန်းတစ်ယောက်သဖွယ်ဝိုင်းကြည့်နေကြတယ်...
"ငါတို့Bossက သားရဲကြီးနဲ့တူတယ်နော်..48နာရီလုံးလုံး သားကောင်ကို တစ်ဝတစ်ပြဲစားသောက်နေတဲ့ သားရဲကြီး...."
အဲ့တော့မှ သူနဲ့လုဟန်ရဲ့ အခြေနေကို ဘယ်တုန်းကမှ မဖုံးကွယ်ထားခဲ့ဖူးတာကို ချင်းယီ သတိရသွားခဲ့တယ်။အင်းလေ...သူ့အဖွဲ့သားတွေ ဒီလိုတွေးတာပုံမှန်ပါပဲ....
ZawGyi
ခ်င္းယီက စုန္မိသားစုနဲ႔ ညိႏိႈင္းေဆြးေႏြးစရာေတြ႐ွိေနေသးတာေၾကာင့္ လုဟန္ တစ္ေယာက္တည္း ျပန္ဖို႔ ျပင္လိုက္တယ္။လုဟန္ရဲ႕ တိုက္ခိုက္ေရးစြမ္းရည္ေတြကို မၾကာေသးခင္ကမွ မ်က္ဝါးထင္ထင္ျမင္ထားတာေၾကာင့္ ဘယ္သူမွမတားရဲၾကေပ....
အခန္းထဲျပန္ေရာက္တာနဲ႔ ဖန္႐ုံ႐ွီးရဲ႕အေလာင္းထဲကေန ထုတ္လာတဲ့ အျမဴေတကို ေသခ်ာျပန္ၾကည့္လိုက္တယ္။လိႈဏ္ဂူထဲက ကုသေရးဖုတ္ေကာင္ရဲ႕ အျမဳေတနဲ႔တူသေယာင္႐ွိေပမယ့္ ဒီအျမဴေတက ပိုၿပီး လုံးဝိုင္းေနတယ္။
အျမဴေတသုံးၿပီး စြမ္းရည္ႏိုးထေအာင္လုပ္တာနဲ႔ သဘာဝအေလွ်ာက္ စြမ္းရည္ႏိုးထလာျခင္းေၾကာင့္မ်ား အခုလို ကြာျခားေနတာလား???ေဘးအခန္းဆီကေန အသံတစ္ခ်ိဳ႕ၾကားတာေၾကာင့္ ခ်င္းယီျပန္လာၿပီထင္ၿပီး ခ်င္းယီဆီသြားဖို႔ျပင္လိုက္တယ္။
တံခါးမပိတ္ထားတာေၾကာင့္ ခ်င္းယီရဲ႕အခန္းထဲကို တိုက္႐ိုက္ဝင္သြားခဲ့တယ္။
အခန္းထဲမွာ မူေဖးနဲ႔က်န္းစစ္ေလာ့တို႔ ေရာက္ေနၾကတယ္။ ဖန္႐ုံ႐ွီးရဲ႕သတင္းကို ၾကားထားၿပီးၾကၿပီထင္တယ္....
လုဟန္ကို ျမင္တာနဲ႔ ခ်င္းယီက သူ႕ေဘးမွာ လာထိုင္ဖို႔ လက္ဟန္ေျခဟန္ျပေနတယ္။
ခ်င္းယီ..."ျဖစ္ပုံကေတာ့ အဲ့လိုပဲ....အခုေလာေလာဆယ္ေတာ့ ဖန္႐ုံ႐ွီးရဲ႕ျဖစ္စဥ္က္ိဳစုံစမ္းေနတုန္းပဲ႐ွိေသးတယ္..အေျဖအတိအက်မေျပာႏိူင္ေသးဘူး..."
မူေဖး အေတာ္ေလးစိတ္ပ်က္သြားတယ္။ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေ႐ွာက္ခဲ့တဲ့သူက အခုလို အျဖစ္ဆိုးမ်ိဳးနဲ႔ အဆုံးသတ္သြားတာကို လက္ခံဖို႔ ခက္ခဲေနတယ္....
က်န္းစစ္ေလာ့က မူေဖးရဲ႕ ပုခုံးကို ပုတ္ၿပီး ႏွစ္သိမ့္ေပးေနတယ္...မူေဖးကလဲ က်န္းစစ္ေလာ့ရဲ႕ လက္ေတြကို တင္းၾကပ္စြာဆုပ္ကိုင္ၿပီး ႏွစ္သိမ့္မႈကိုေတာင္းခံေနတယ္။
"ငါနဲ႔ အားမူအရင္ေအာက္ဆင္းႏွင့္မယ္..."
က်န္းစစ္ေလာ့က လုဟန္ကို ေခါင္းတစ္ခ်က္ညိတ္ျပၿပီး မူေဖးကို ေခၚထုတ္သြားတယ္။
"စုန္ကြမ္ယုရဲ႕ဒဏ္ရာကို ကုေပးေနတုန္း ကူစသက္သြားတယ္လို႔ေျပာရေအာင္ ကူစက္ႏႈန္းက တအားျမန္လြန္းေနတယ္မထင္ဘူးလား??"
က်န္းစစ္ေလာ့ရဲ႕အသံကို ေအာက္ထပ္ကေန ၾကားရတာေသခ်ာေတာ့မွ ခ်င္းယီက လုဟန္ကို တိုးတိုးေလးကပ္ေျပာလိုက္တယ္။
"ဒါကို ဖန္႐ုံ႐ွီးရဲ႕ ဒန္တ်န္ထဲက ရလာတာ.."
လုဟန္က အျမဴေတတစ္ခုကို ထုတ္ျပလိုက္တယ္။
"အျမဴေတသုံးၿပီး စြမ္းအင္ႏိုးထလာေအာင္လုပ္တဲ့နည္းလမ္းက ဘယ္လိုနည္းလမ္းမ်ိဳးလဲ??"
ခ်င္းယီက လုဝန္လက္ထဲက အျမဴေတကိုယူၿပီးေသခ်ာၾကည့္လိုက္တယ္။
"အေသးစိတ္ေတာ့ေသခ်ာမသိဘူး...အျမဴေတကို တိုက္႐ိုက္ၿမိဳခ်လိုက္တာလို႔ေတာ့ၾကားဖူးတယ္...ကံေကာင္းရင္ တစ္ခါတည္းနဲ႔ စြမ္းရည္ႏိုးထလာေရာ..."
ဒါကိုနားေထာင္ၿပီးခ်ိန္မွာ လုဟန္တစ္စုံတစ္ခုကို သေဘာေပါက္နားလည္လာခဲ့တယ္။
သဘာဝအေလ်ာက္စြမ္းရည္ႏိုးထျခင္းနဲ႔ အျမဴေတသုံးၿပီး စြမ္းရည္ႏိုးထျခင္းတို႔က မတူကြဲျပားတဲ့ နည္းလမ္းႏွစ္သြယ္ျဖစ္တယ္။သဘာဝအေလ်ာက္စြမ္းရည္ႏိုးထလာသူေတြက အျမဴေတထဲက စြမ္းအင္ေတြကိုစုပ္ယူၿပီး ေသြးေၾကာေတြထဲကေနတဆင့္ ဝိဉာဥ္စြမ္းအားေတြကို လႈံ႕ေဆာ္ျခင္းျဖစ္တယ္။
အျမဴေတသုံးၿပီး စြမ္းအင္ႏိုးထျခင္းက....
အျမဳေတကို ဒန္တ်န္ထဲ တိုက္႐ိုက္ၿမိဳခ်ၿပီး ဝိဉာဥ္စြမ္းအားျမင့္မားလာေအာင္ စုပ္ယူျခင္းျဖစ္တယ္။
[TN: ႐ွင္း႐ွင္းေျပာရရင္...သဘာဝအေလ်ာက္ႏိုးထျခင္းက ျမစ္ေခ်ာင္းေတြကေနတဆင့္ ပင္လယ္ထဲကိုေရေတြစီးဆင္းတာနဲ႔တူၿပီ...အျမဴေတသုံးၿပီးႏိုးထလာတာက်ေတာ့ ပင္လယ္ထဲကို ေရေတြ တိုက္႐ိုက္ေလာင္းထည့္လိုက္တာနဲ႔တူတယ္....]
လုဟန္က ဒီအေၾကာင္းေတြကို ခ်င္းယီကို ႐ွင္းျပလိုက္တဲ့အခါ ခ်င္းယီ တစ္စုံတစ္ခုကို ႐ုတ္တရက္ နားလည္လာခဲ့တယ္။
"ဖန္႐ုံ႐ွီး အခုလိုျဖစ္သြားတာ သူၿမိဳခ်လိုက္တဲ့ အျမဴေတေၾကာင့္မ်ားလား??"
လုဟန္ကေခါင္းညိတ္ျပလိုက္ၿပီး...
"မင္းရဲ႕ လက္႐ွိ က်င့္ၾကံေရးအဆင့္ဘယ္ေလာက္ေရာက္ေနၿပီလဲ??ဒီအျမဴေတရဲ႕အတြင္းပိုင္းကို ေလ့လာဖို႔ နည္းလမ္းမ႐ွိဘူးလား?"
ခ်င္းယီက ေခါင္းခါျပတယ္။
"အာမမခံႏိုင္ဘူး....အကယ္၍ အဆင္မေျပျဖစ္ခဲ့ရင္..တစ္ခုတည္းေသာသဲလြန္စကို ဖ်က္စီးလိုက္သလိုျဖစ္သြားလိမ့္မယ္...မတန္ဘူးေနာ္..."
"ဒါဆိုလဲ ဒီဟာေတြေပၚမွာပဲ ေမွ်ာ္လင့္ခ်က္ထားရေတာ့မွာေပါ့..."
လုဟန္က လိႈဏ္ဂူထဲကေန ေကာက္လာတဲ့ အျမဴေတေတြကို စားပြဲေပၚ တင္လိုက္တယ္။
ဒီအလုပ္က သူတို႔ႏွစ္ေယာက္အတြက္ ေသးငယ္တဲ့ Jigsaw puzzel ေတြထိုင္ဆက္ေနရသလို ခါးသီးလြန္းေနတယ္။အေကာင္းတိုင္း႐ွိေနတဲ့
အျမဴေတအ႐ြယ္အစားက မက္မုံသီးအေစ့ေလာက္ပဲ႐ွိတယ္။တစ္ခ်ိဳ႕အျမဴေတေတြဆို ဇီးေစ့ေလာက္ပဲ႐ွိတဲ့အထိေသးငယ္ေနတယ္။ဒီၾကားထဲ အျမဴေတအပိုင္းအစေတြက ေဖာက္ထြင္းျမင္ရမတတ္ၾကည္လင္ေနျပန္ေတာ့ အပိုင္းအစေတြကို ဆက္ရတာ အင္မတန္လက္ဝင္ေနတယ္.....
ကံေကာင္းေထာက္မစြာနဲ႔ ႏွစ္ေယာက္စလုံးက နတ္ဘုရားစိတ္အာ႐ုံအေၾကာင္း နားလည္ေနတဲ့အတြက္ နတ္ဘုရားစိတ္အာ႐ုံကို သုံးၿပီး အျမဴေတအတြင္းပိုင္းထဲက မ်ဥ္းေၾကာင္းေတြကို ေျခရာခံႏိုင္ခဲ့ၾကတယ္။
ႀကိဳးစားမႈေတြဘအရာထင္လာခဲ့တယ္။တစ္ညလုံး အပတ္တကုပ္ႀကိဳးစားၿပီးခ်ိန္မွာ အျမဴေတတစ္ခ်ိဳ႕ကို အေကာင္းတိုင္းျဖစ္ေအာင္ ဆက္ႏိုင္ခဲ့ပါၿပီ....
လုဟန္က ေသခ်ာစြာ တြဲဆက္ထားတဲ့ အျမဴေတေတြကို စားပြဲေပၚတင္လိုက္တယ္။စိတ္အစဥ္ကို ေလွ်ာ့ခ်လိုက္တဲ့အခါ ပင္ပန္းႏြမ္းနယ္မႈေတြက ဖိတ္ေခၚစရာမလိုဘဲ ေရာက္႐ွိလာတယ္။ဘာကိုမွဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ကုတင္ေပၚကို လွဲခ်လိုက္ခ်ိန္မွာ အျမင္အာ႐ုံတစ္ခုလုံး အေမွာင္ထဲကိုက်ေရာက္သြားခဲ့ေလၿပီ......
တေရးႏိုးခ်ိန္မွာ နတ္ဘုရားစိတ္အာ႐ုံကို အလြန္အကြၽံ႕အသုံးျပဳခဲ့တာေၾကာင့္ အနည္းငယ္ မူးေဝထုံထိုင္းေနတယ္။အနည္းငယ္လႈပ္႐ွားၿပီး ထထိုင္ဖို႔ႀကိဳးစားလိုက္ေပမယ့္ သူ႕ခါးကို တစ္စုံတစ္ေယာက္က တင္းၾကပ္စြာဖက္တြယ္ထားတယ္။ထိုမွသာလွ်င္ သူ႕အေနာက္မွာ တစ္စုံတစ္ေယာက္က အသက္႐ွဴႏႈန္းမွန္မွန္နဲ႔ အိပ္ေမာက်ေနတယ္ဆိုတာကို လုဟန္ သတိထားမိလိုက္ေလတယ္။လည္ကုတ္နားကို စည္းခ်က္မွန္မွန္ တိုက္ခတ္ေနတဲ့ ေႏြးေထြးလွတဲ့ အသက္႐ွဴသံေလးက လုဟန္ရဲ႕ ထုံထိုင္းမူးေဝမႈေတြကို လႊင့္ပါးသြားေစခဲ့တယ္။
ရင္းႏွီးကြၽမ္းဝင္ေနတဲ့ ကိုယ္ေငြ႕ေၾကာင့္ ေနာက္ျပန္လွည့္ၾကည့္စရာမလိုဘဲ ခ်င္းယီဆိုတာ လုဟန္သိေနပါတယ္။စည္းခ်က္ညီေနတဲ့ အသက္႐ွဴသံေၾကာင့္ ခ်င္းယီ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတယ္ဆိုတာ လုဟန္ သတိထားမိလိုက္ျပန္တယ္။အျမဴေတအပိုင္းအစေတြကို ျပန္ဆက္တုန္းက ခ်င္းယီက လုဟန္ထက္ပိုၿပီး အာ႐ုံစိုက္ခဲ့ရတာေၾကာင့္ အခုထိ အိပ္ေမာက်ေနတာပါ.....
ျပတင္းေပါက္နားမွာ အိပ္ေနတဲ့ လုဟန္က ကန္႔လန္႔ကာကို ဖြင့္ၾကည့္လိုက္တဲ့အခါ...ေကာင္းကင္တစ္ခုလုံးေမွာင္ရီပ်ိဳးေနၿပီဆိုတာ ေတြ႕လိုက္ရတယ္။ေန႔ဝင္ခ်ိန္မွာ မွိန္ျပေနတဲ့ နီေ႐ႊေသာ အလင္းေရာင္တစ္ခ်ိဳ႕က အျဖဴေရာင္ကန္႔လာကိုျဖတ္သန္းၿပီး အခန္းထဲကို ထိုးေဖာက္ျဖန္႔က်က္ေနတယ္။
ဒီကမ႓ာကို စေရာက္ကတည္းက အမ်ိဳးစုံႀကိဳးခုန္ေနခဲ့ရတဲ့ အတြက္ လုဟန္ ေကာင္းေကာင္း အနားမယူရေသးဘူး....အခုလိုသက္ဝင္ေအးခ်မ္းတဲ့ပတ္ဝန္းက်င္အေနအထားရယ္....ေနာက္ဘက္ကလူဆီကေန ရ႐ွိေနတဲ့ လုံျခဳံေႏြးေထြးတဲ့ အသက္႐ွဴသံရယ္ကို ေပါင္းစပ္လိုက္တဲ့အခါ သတိမထားမိလိုက္ခင္မွာ တဖန္အိပ္ေပ်ာ္သြားခဲ့ျပန္တယ္။
ေနာက္တစ္ႀကိမ္ အိပ္ရာႏိုးလာတဲ့အခါ အျပင္ေလာကတစ္ခြင္လုံး မည္းမည္းေမွာင္ေနခဲ့ၿပီ....
ညအိပ္မီးအိမ္ရဲ႕အလင္းေရာင္ မွိန္မွိန္ကို အားကိုးၿပီး ႏိုးတစ္ဂက္အိပ္တစ္ဝက္ျဖစ္ေနတဲ့ ခ်င္းယီက လုဟန္ကို တစ္ေမ့တစ္ေမာထိုင္ေငးေနတယ္။
လုဟန္ အိပ္ရာကေန ထလိုက္ၿပီး....
"ဘယ္အခ်ိန္႐ွိေနၿပီလဲ?"
ခ်င္းယီက မ်က္ေတာင္ခတ္လိုက္ၿပီး အခုမွ သတိဝင္လာပုံနဲ႔ လုဟန္ရဲ႕ ႐ႈပ္ပြေနတဲ့ ဆံပင္ေကာက္ေကာက္ေလးေတြကို လက္ေခ်ာင္းေတြသုံးၿပီး ဖီးသင္ေပးလိုက္တယ္။
"မိုးေသာက္ခ်ိန္ပဲ႐ွိေသးတယ္...အိပ္ခ်င္ေနေသးလား?"
လုဟန္က ေခါင္းခါျပလိုက္ၿပီး တင္ျပင္ေခြထိုင္လိုက္ခ်ိန္မွာ ခ်င္းယီရဲ႕ သက္ျပင္းခ်သံကိုၾကားလိုက္ရတယ္။
လုဟန္ သိခ်င္စိတ္နဲ႔ လွည့္ၾကည့္လိုက္တယ္။
"ပထမဆုံးအႀကိမ္ ငါ့ခ်စ္သူနဲ႔အတူတူအိပ္ခြင့္ရတာကို အိပ္႐ုံပဲ အိပ္ခဲ့ရတယ္ဆို ငါ့အဖြဲ႕သားေတြ ငါ့ကို ဝိုင္းဟားက်ေတာ့မွာပဲ..."
"သူတို႔ေတြ မင္းကို ဝိုင္းမဟားေအာင္ ဘယ္လိုလုပ္ရင္ရမလဲ?"
ခ်င္းယီက ဒီအတိုင္းေပါ့ေပါ့ပါးပါး စေနာက္လိုက္တာျဖစ္ေပမယ့္ ႐ိုးသားလွတဲ့ ဆရာတူအစ္ကိုႀကီးက အခုလို ေမးခြန္းထုတ္လိမ့္မယ္လို႔ ထင္မထားမိတာအမွန္ပါပဲ....ဒီအခြင့္ေရးကို ရေအာင္မယူႏိုင္ရင္ ခ်င္းယီေလာက္မိုက္တဲ့သူ ႐ွိပါဉီးမလား....
"ဟုတ္တာေပါ့...တစ္ခုခုလုပ္မွျဖစ္မယ္..."
ခ်င္းယီက လုဟန္ရဲ႕ လည္ပင္းကို သိုင္းဖက္ၿပီး သး႕အနားကို ဆြဲေခၚလိုက္တယ္။
ႏႈတ္ခမ္းႏွစ္ခုၾကားက အကြာအေဝးေတြနီးကပ္လာသည္ႏွင့္အမွ် ႏွလုံးသားခ်င္းလဲ ပိုၿပီးနီးကပ္လာခဲ့တယ္။
အနမ္းတစ္ခုၿပီးဆုံးသြားခ်ိန္မွာ လုဟန္ရဲ႕ နီျမန္းေနတဲ့ႏႈတ္ခမ္းေတြကို ခ်င္းယီ လက္ေခ်ာင္းေလးေတြနဲ႔ တယုတယထိေတြ႕လိုက္ၿပီး....
"ဆရာတူအစ္ကို....ငါတို႔ရဲ႕စမ္းသပ္မႈ ရလဒ္ေတြကို ဘယ္လိုထင္လဲ?"
ဘာကိုဆိုလိုခ်င္တယ္ဆိုတာ လုဟန္နားလည္ပါတယ္။
"ဓားလမ္းစဥ္က ငါရဲ႕ တစ္ခုတည္းေသာ ရည္မွန္းခ်က္ပန္းတိုင္မဟုတ္ပါဘူး."
တစ္စုံတစ္ေယာက္က တစ္စုံတစ္ေယာက္ကို အိပ္ရာေပၚမွာ ဖိကပ္ထားတယ္။အိပ္ယာတစ္ခုလုံး တစ္စထက္တစ္စ႐ႈပ္ပြလာတယ္။ဘယ္သူ႕ဆီကမွန္း ခြဲျခားမရတဲ့ အသက္႐ွဴသံျပင္းျပင္းေတြ အခန္းထဲမွာ ပ်ံ႕လႊင့္ေနတယ္။
ခါးပတ္ေတြကို ျဖဳတ္မထားတာေၾကာင့္ သတၳဳခ်င္းထိခတ္ေနတဲ့ အသံေတြ မိႈင္းျပစြာထြက္ေပၚလာတယ္။
"ဆရာတူညီေလး..."
လုဟန္က ခ်င္းယီရဲ႕လက္ကို ဆုပ္ကိုင္ထားတယ္။
"ငါတို႔ေတြ တာအိုလက္တြဲေဖာ္အျဖစ္ တရားဝင္ဂါရဝမျပဳရေသးခင္မွာ ဒီထက့္ပိုၿပီး ေ႐ွ႕ဆက္တိုးလို႔မရဘူး...."
ေမာဟိုက္ေနတဲ့ ခ်င္းယီက လုဟန္ရဲ႕ လည္တိုင္ၾကားမွာ ေခါင္းဖြက္ၿပီး အေမာေျဖေနတယ္။အတင္းဖိႏွိပ္ထိန္းခ်ဳပ္ထားရတာေၾကာင့္ တင္းမာေနတဲ့ ခ်င္းယီရဲ႕ ႂကြက္သားေတြကို လုဟန္ ေျဖေလွ်ာ့ေပးေနတယ္။
ခဏအၾကာမွာ ခ်င္းယီထထိုင္လိုက္ၿပီး လုဟန္ကို ေတာင္းပန္လိုက္တယ္။
"ေတာင္းပန္ပါတယ္...ငါ အရမ္းစိတ္ျမန္လက္ျမန္ျဖစ္သြားတယ္"
လုဟန္ ေခါင္းခါျပလိုက္တယ္။ခ်င္းယီရဲ႕ မ်က္ႏွာေပၚမွာ စိုးရိမ္ေၾကာင့္ၾကမႈေတြျမင္ေနရတာေၾကာင့္ ႏွစ္သိမ့္ေပးတဲ့အေနနဲ႔...
"ယင္ယန္ဆိုတာ ငါတို႔လို က်င့္ၾကံသူေတြအတြက္ အရမ္း အေရးႀကီးတယ္။ေကာင္းကင္တာအိုကို မထီမဲ့ျမင္လုပ္ရင္ မင္းရဲ႕ ယင္ယန္ကို ဆုံး႐ႈံးသြားရလိမ့္မယ္.."
[TN: ဆိုလိုခ်င္တာကေလ တရားဝင္ မျဖစ္ေသးဘဲ Papapa လိုက္ရင္ သူ႕ခ်စ္ခ်စ္ႀကီးကို ေကာင္းကင္တာအိုက အျပစ္ေပးလိုက္မွာစိုးရိမ္ေနတာပါ...အျပစ္ေပးလိုက္လို႔ papapa လို႔မရေတာ့ရင္ လုဟန္ငတ္မွာ🐙🐙]
ခ်င္းယီ နည္းနည္းေတာ့တုန္လႈပ္သြားခဲ့တယ္။ခဏအၾကာမွာ လုဟန္ကို ကုတင္ေပၚမွာ ထပ္ဖိလိုက္ၿပီး ရယ္ေမာရင္းနဲ႔ လည္တိုင္ ကို တ႐ႈံ႕႐ႈံ႕နမ္း႐ိႈက္လိုက္တယ္။
"ဆရာတူအစ္ကိုႀကီး...ခင္ဗ်ားဘာလို႔ ဒီေလာက္ထိ ခ်စ္ဖို႔ေကာင္းေနရတာလဲ..."
အျပင္ေလာကတစ္ခြင္လုံး တျဖည္းျဖည္းခ်င္းေရာင္နီသန္းလာၿပီ....အခန္းထဲမွာ႐ွိတဲ့ ႐ႈပ္ေထြးမႈေတြလဲကြယ္ေပ်ာက္သြားခဲ့ၿပီျဖစ္တယ္။ေရခ်ိဳးသန္႔စင္ၿပီးခ်ိန္မွာ မေန႔ညက ႀကိဳးစားပမ္းစား တြဲတက္ထားရတဲ့ အျမဴေတေတြကို အာ႐ုံစိုက္လိုက္ၾကတယ္။
အျမဴေတတိုင္းရဲ႕ အတြင္းဘက္နံရံမွာတိုင္းမွာ တူညီတဲ့ မ်ဥ္းေၾကာင္းေတြ႐ွိေနတယ္။ဒါေတြဟာ ၾကဳံရာက်ပန္း ပုံသ႑ာန္ေတြမဟုတ္တာေသခ်ာတယ္။အပိုင္းအစေတြကို ေသခ်ာတြဲဆက္ထားတဲ့ အျမဴေတကို လုဟန္ေသခ်ာစစမ္းစစ္ၾကည့္လိုက္တယ္။ဒီမ်ဥ္းေၾကာင္းေတြကို တစ္ေနရာရာမွာေတြ႕ဖူးတာေသခ်ာတယ္....
"ခဏေလး..အထဲက မ်ဥ္းေၾကာင္းေတြကို ငါရဲ႕ နတ္ဘုရားစိတ္အာ႐ုံနဲ႔ မွတမထားၿပီး စာ႐ြက္ေပၚမွာ ျပန္ေရးျပမယ္....ဒါဆိုပိုလြယ္လိမ့္မယ္..."
ခ်င္းယီက လုဟန္လက္ထဲက အျမဴေတကို ယူလိုက္ၿပီး အၾကံေပးလိုက္တယ္။
စာ႐ြက္ေပၚမွာ ခ်င္းယီ ခ်ေရးေပးတဲ့ ပုံသ႑ာန္ကို ျမင္လိုက္ခ်ိန္မွာ လုဟန္ရဲ႕အေတြးေတြပိုၿပီးေသခ်ာသြားခဲ့တယ္။
လိန္႔ယြမ္ရဲ႕ အဓိကအစီအရင္....ေက်ာက္စက္ပန္းဆြဲမွာ ျမင္ခဲ့ရတဲ့ အစီအရင္....
ေသခ်ာသြားၿပီ....ကြဲလြဲမႈ အနည္းငယ္႐ွိေနသည့္တိုင္ ေကာင္းကင္ဆရာသခင္ဂိုဏ္းမွာေတြ႕ခဲ့ရတဲ့ လိန္႔ယြမ္ရဲ႕ အစီအရင္ဆိုတာ လုဟန္ေသခ်ာသိေနတယ္။
"အျမဴေတအတြင္းပိုင္းက မ်ဥ္းေၾကာင္းေတြကတကယ္ေတာ့ အစီအရင္တစ္ခုျဖစ္ေနတာ"
"ဟမ္!!!ေနစမ္းပါဉီး...ဒီလိုအေလာင္းေကာင္ေတြရဲ႕ ဉီးေႏွာက္ထဲက အျမဴေတေတြထဲမွာ ဘယ္သူကဘအစီအရင္လာေရးသြားတာလဲ??အဲ့အစီအရင္က ဘာအစီအရင္လဲ??"
"ၾကည့္ရတာ ဒီအစီအရင္ေၾကာင့္ ဖုတ္ေကာင္ေတြဆီမွာ ဝိဉာဥ္စြမ္းအင္႐ွိတဲ့ အျမဴေတေတြျဖစ္လာတာနဲ႔တူတယ္...ဒီေၾကာင္းကို ငါေသခ်ာမသိဘူး..."
လုဟန္ ခဏေလာက္စဥ္းစားလိုက္ၿပီး အိတ္ထဲကေန တစ္ခုခုကို ဆြဲထုတ္လိုက္ၿပီး...
"ဒီမွာ..."
ခ်င္းယီက လုဟန္ပစ္ေပးလိုက္တဲ့အရာကို လွမ္းဖမ္းလိုက္တယ္။ထိုအရာက စာသားအခ်ိဳ႕ေရးထြင္းထားတဲ့ ေက်ာက္စိမ္းဝါးျပားေလးတစ္ခုျဖစ္တယ္။
"အစီအရင္ ခင္းက်င္းမႈေပါင္းခ်ဳပ္"
ခ်င္းယီ အံႀကိတ္လိုက္ၿပီး...
"ဉီးေႏွာက္သုံးရမယ့္အလုပ္ေတြ မလုပ္ႏိုင္ဘူး..."
"ဒါက ဉာဏ္ရည္နဲ႔ မဆိုင္ဘူး...မင္းရဲ႕နားလည္ႏိုင္စြမ္းနဲ႔ နတ္ဘုရားစိတ္အာ႐ုံအစြမ္းေပၚမွာပဲ မူတည္တာ...တစ္ခါတစ္ေလမွာ ႐ိုး႐ွင္းတဲ့စိတ္ထား႐ွိတဲ့သးေတြက နားလည္ႏိုင္စြမ္းပိုျမင့္ၾကတယ္"
ခ်စ္ရသူေလးက သူ႕ကို ယုံၾကည္ကိုးစားေနမွေတာ့...ခ်င္းယီေ႐ြးစရာမ႐ွိေတာ့တဲ့အတြက္ ေက်ာက္စိမ္းဝါးျပားေလးကို နဖူးနဲ႔ ထိကပ္လိုက္တယ္။ခ်င္းယီရဲ႕ အာ႐ုံထဲကို ဝါးျပားထဲကအခ်က္အလက္ေတြ ဝင္ေရာက္လာခဲ့တယ္။
ခ်င္းယီရဲ႕ အမူအရာကိုၾကည့္လိုက္ကတည္းက အေျခေနေကာင္းမွန္း လုဟန္သိေနတယ္။ေကာင္းကင္ဆရာသခင္ဂိုဏ္းရဲ႕ ေၾကာက္မက္ဖြယ္ရာနည္းဗ်ဴဟာကြၽမ္းက်င္သူေတြတိုင္းက ခ်င္းယီလို ဉာဏ္ပညာ ထက္ျမက္သူေတြခ်ည္းပဲဆိုေတာ့ ဒီတစ္ႀကိမ္မွာ ခ်င္းယီအတြက္ အက်ိဳး႐ွိမယ္ဆိုတာ လုဟန္ယုံၾကည္တယ္။
အစီအရင္ခင္းက်င္းမႈနဲ႔ သက္ဆိုင္တဲ့အရာေတြကို နာရီေပါင္းမ်ားစြာ အခ်ိန္ယူၿပီးေလ့လာခဲ့ရတယ္။ခ်င္းယီ မ်က္လုံးေတြျပန္ဖြင့္လိုက္ခ်ိန္မွာ လုဟန္ရဲ႕အေ႐ွ႕မွာ ဘီစကစ္အိတ္ခြံေတြျပည့္ႏွက္ေနၿပီ....
"စားမလား မစားဘူးလား??"
လုဟန္က ဘီစကစ္တစ္ထုတ္ ကမ္းေပးရင္းေမးေနတယ္။
ခ်င္းယီက လုဟန္ရဲ႕ဆံပင္ေတြကို ဖြလိုက္ၿပီး...
"မင္းစားဖို႔ တစ္ခုခုသြားယူေပးမယ္"
"ေတာ္ၿပီ...ဗိုက္ျပည့္ေနၿပီ...လုပ္စရာ႐ွိတာအရင္လုပ္ၾကရေအာင္..."
တံခါးဝဆီေရာက္ေနၿပီျဖစ္တဲ့ ခ်င္းယီက လုဟန္ေျပာတာၾကားတဲ့အခါ ေနာက္ျပန္လွည့္လိုက္ၿပီး....
"ငါတို႔ အျပင္မထြက္တာ ႏွစ္ရက္႐ွိေနၿပီ...အခုေနမွ အျပင္မထြက္ရင္ ငါ့အဖြဲ႕သားေတြက ငါ့ကိုအခန္းထဲမွာ ေသေနၿပီလို႔ ထင္ေနၾကလိမ့္မယ္..."
သို႔ေသာ္....
ခ်င္းယီေအာက္ထပ္ကိုေရာက္တဲ့အခ်ိန္မွာ အဖြဲ႕သားေတြက ခ်င္းယီကို လူထူးဆန္းတစ္ေယာက္သဖြယ္ဝိုင္းၾကည့္ေနၾကတယ္...
"ငါတို႔Bossက သားရဲႀကီးနဲ႔တူတယ္ေနာ္..48နာရီလုံးလုံး သားေကာင္ကို တစ္ဝတစ္ၿပဲစားေသာက္ေနတဲ့ သားရဲႀကီး...."
အဲ့ေတာ့မွ သူနဲ႔လုဟန္ရဲ႕ အေျခေနကို ဘယ္တုန္းကမွ မဖုံးကြယ္ထားခဲ့ဖူးတာကို ခ်င္းယီ သတိရသြားခဲ့တယ္။အင္းေလ...သူ႕အဖြဲ႕သားေတြ ဒီလိုေတြးတာပုံမွန္ပါပဲ....