အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

46.6K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 30

515 108 6
By Alittlecoin

"ဒါက အရမ်း ရက်စက်လွန်းတယ်"

မူချောင်နဲ့ ထန်းရှောင်တို့နှစ်ယောက် စင်မြင့်ထက်မှာ ထွက်ပေါ်လာတဲ့ အချိန်မှာ ခန်းမထဲက လူတွေရဲ့ ဆူညံနေတဲ့ အသံပလန်ပေါင်းစုံ က စီခနဲ့ ချက်ချင်း ငြိမ်ကျသွားကာ အသက်ရူ ရပ်မတတ် ဖြစ်သွားကြတယ်။

သေချာတာကတော့ မူချောင့်ရဲ့
မျက်နှာကို လူကိုယ်တိုင် မျက်စိ
​ရှေ့မှာ မြင်တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာတင် သူတို့ရဲ့စိတ်
ဝိဉာဉ်တွေ အကုန်လုံး ပြုစားခံ
လိုက်ရတယ်။

မူချောင့်ရဲ့ လေပြေလေးလို တည်ငြိမ်နေတဲ့ ဩရှရှ အသံက
Spirit Roadရဲ့ Theme song
နဲ့ အလွန်ပနံသင့်စွာပင် လိုက်ဖက်
လို့ ​နေတယ်။

မင်္ဂလာခန်းမ အတွင်းမှာရှိတဲ့ မီးအလင်းရောင်အားလုံးက တဖြည်းဖြည်းချင်း မှိန်ကျ သွားကာ နောက်ဆုံးမှာ စင်မြင့်ပေါ်မှာ ရှိနေတဲ့ လူနှစ်ယောက်ရဲ့အပေါ်မှာပဲ တောက်ပတဲ့ အလင်းတန်း​လေး
နှစ်ခုကို အသားပေးပြီး ဖြန့်ကြက်
ထားတော့တယ်။

မဟူရာညကောင်းကင်ယံမှာ တောက်ပနေတဲ့ ကြယ်ပွင့်လေးလိုမျိုး စင့်မြင့်ထက်မှာ အလင်းတန်းခပ်ဖျော့ဖျော့လေးသာ လွှမ်းခြုံထားတဲ့ မူချောင်ဆီကနေ ခမ်းနားထည်ဝါပြီး သိမ်မွေ့တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတယ်။

ထန်းရှောင်က အမျိုးသမီး အဆိုရှင်အပိုင်းကို သီဆိုနေပြီး သူမက ဒီသီချင်းနဲ့ တကယ့်ကို ရင်းနှီးကျွမ်းဝင်နေတယ်။
ဒါပေမဲ့ အခုလိုမျိုး မူချောင်နဲ့ နှစ်ယောက်တွဲ ဆိုရတာမျိုးကတော့ သူမအတွက် ပထမဆုံးအကြိမ်ပဲ။

စိတ်လှုပ်ရှားနေတာကြောင့်
သူမအသံက အနည်းငယ် တိုးညင်း
​နေပေမဲ့လည်း သီချင်းနဲ့စီးမြောပြီး သက်တောင့်သက်သာ သီဆိုနေတဲ့ မူချောင်ရဲ့ တည်ငြိမ်နေတဲ့ အသံက သူမနားထဲကို ဖြည်းဖြည်းချင်းလေး ငြိမ့်ညောင်းစွာနဲ့ တိုးဝင်လာတယ်။

သူမကိုယ်တိုင်တောင် သတိမထား
ဘဲ ဘေးကို လှည့်ကြည့်မိလိုက်တဲ့ အချိန်မှာ မူချောင်ကလည်း သူမကို ကြည့်နေကာ သူ့ရဲ့စိတ်အာရုံတွေ အကုန်လုံးက သူမတစ်ယောက်တည်း အပေါ်မှာသာ။
ကြည်လင်တောက်ပနေတဲ့ သူ့ရဲ့မျက်ဝန်းတစ်စုံထက်မှာတော့ သူမရဲ့ပုံရိပ်ကို တောင် ရောင်ပြန်ဟပ်ပြီး ပြန်မြင်ယောင်နေရတယ်။

သူတို့နှစ်ယောက်လုံး သီဆိုမှုအပြီး စင်အောက်ကို ပြန်ဆင်းလိုက်တဲ့ အချိန်မှာ အားရနှစ်ထောင်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ လက်ခုပ်သံတွေက သူမတို့နှစ်ယောက်ကို ကြိုဆိုဝန်းရံနေခဲ့တယ်။

မလိုအပ်တဲ့ စကားသံတွေ များပြားလာမှာ စိုးတာကြောင့် သူတို့နှစ်ယောက်လုံး ညစာ
အနည်းငယ် စားပြီးတာနဲ့ ထထွက်သွားတော့တယ်။

"ထန်းရှောင်"

မူချောင်က ဟိုတယ်အခန်းတံခါး
​ပေါက် ရှေ့မှာ ရပ်နေတဲ့ ထန်းရှောင်
ကို ခေါ်လိုက်တယ်။

"ထန်းရှီလေးကို ပြောလိုက်ပါအုံး, မနက်ဖြန်ည စုံတွဲ PK Battle ပွဲစဉ်ရှိတာ မမေ့နဲ့လို့"

မူချောင့် စကားဆုံးတာနဲ့ ထန်းရှောင်မှာ သွေးပျက်သွားပြီး အခန်းထဲ တစ်ချိုးတည်း ပြေးဝင်သွားတော့တယ်။

အိပ်ယာထက်မှာ လဲလျောင်းနေရင်း ဒီအတောအတွင်း သူမလုပ်ခဲ့သမျှ လုပ်ရပ်တွေက ရုပ်ရှင်ဇာတ်ဝင်ခန်း
​တွေထဲကလိုမျိုး တစ်ဖြတ်ဖြတ်နဲ့ စိတ်ထဲ မြင်ယောင်လာတယ်။

မူချောင်က သူ့ကိုယ့်သူ စုမူကျိ
လို့ မိတ်ဆက်လိုက်ကတည်းက သူမဘဝက အရုပ်ကြိုးပြတ် ဖြစ်သွားရပြီ။

အရင်တုန်းက သူမ ပြောခဲ့ဖူး
တာတွေ... မူချောင်ရဲ့အိပ်ယာပေါ်
သူမ တက်ခွင့်ရခဲ့ပြီ ဆိုတာမျိုး,
မူချောင် လုပ်ကျွေးတဲ့ အကြင်နာတွေနဲ့ပြည့်နေတဲ့ ဖက်ထုတ်တွေကို စားခဲ့ရတယ် ဆိုတာမျိုးတွေ....

ဒါဆို အဲ့အချိန်ကတည်းက သူမ ဘယ်သူလဲဆိုတာ သူ သိပြီးနေလောက်ပြီပေါ့။

ပြီးတော့လည်း ဒီလို သောက်ကြောင်းကွဲစရာ အကြောင်း​တွေကို သူ့မျက်နှာ ရှေ့တည့်တည့်မှာတင် ပြောင်ပြောင်
တင်းတင်း ပြောနေခဲ့လိုက်သေး
တယ်။

ဒါက! သောက်ရမ်းကို ! ရှက်ဖို့
​ကောင်းလိုက်တာ!

အခုချိန်မှာ, သူမ အမှန်တိုင်း ဝန်ခံလာဖို့ကို သူစောင့်နေတာ မဟုတ်လား!!!

အရမ်းရက်စက်တာပဲ.....

မင်းက ကြက်တစ်ကောင်ကို စားချင်နေတာတောင်,
သူ့ခန္ဓာကိုယ်က အမွှေးတွေကို
ကိုယ်တိုင် ဆွဲနှုတ်ခိုင်း, သူ့ကိုယ်
​ပေါ်သူ ဟင်းခတ်အမွှေးကြိုင်တွေ ကိုယ်တိုင်သိပ်ခိုင်းပြီး ပွက်ပွက်
ဆူနေတဲ့ ဒယ်အိုးထဲ ကိုယ့်ဘာသာ ခုန်ဆင်း ခိုင်းချင်သေးတယ်ပေါ့
​လေ။

ကြက်တွေ ဆိုရင်တောင်မှ လေးစားမှုရှိပါ, ဟုတ်ပြီလား!!

ရှင် ဘယ်လိုများ ဒီလိုလုပ်ရက်နိုင်တာလဲ!!!

ဘယ်မှာလဲ ရှင်ရဲ့အသိတရားတွေ!

ထန်းရှောင် တစ်ညလုံး အတွေးပေါင်းစုံနဲ့ ယောက်ယက်ခတ်နေခဲ့တယ်။
သူမရဲ့Accountကို ဖျက်ပစ်လိုက်
ရမလား, ဒါမှမဟုတ် အရာအားလုံး တစ်ခါတည်း ဇာတ်သိမ်းသွားအောင် အဆောက်အဦးထက်ကနေ ခုန်ချ
လိုက်ရင် ကောင်းမလား။

နောက်ဆုံးမှာတော့ သူမ အိပ်ပျော်
သွားတယ်။

သူမနဲ့ယှဉ်ရင် မူချောင်က အလွန့်အလွန့်ကို ကောင်းမွန်စွာနဲ့ အိပ်စက်နိုင်ခဲ့တယ်။

ဒုတိယရက်မှာတော့ သူတို့တွေ အကုန်လုံး အေးအေးဆေးဆေး အနားယူရင်း စကားလေးဘာလေး ပြောကြဖို့ စီစဉ်ထားပေမဲ့
အဖွဲ့မှူးနင်ရဲ့ နေ့လည်အရောက် ပြန်လာကြရန်ဆိုပြီး ပေးပို့လိုက်တဲ့ တစ်ချက်လွှတ် အမိန်တော်အရ လူလေးယောက်လုံး မနက်စောစော မှာတင် ထွက်ခွာသွားကြရတယ်။

ထန်းရှောင် အလုပ်လုပ်ဖို့ ပြန်ဆုံးဖြတ်လိုက်ကတည်းက အဖွဲ့မှူးနင်က သူမပါဝင်ဖို့ အစီအစဉ်တွေအားလုံးကို ကိုယ်တိုင် စီစဉ်ပေးထားပြီးပြီ ဖြစ်တယ်။

နေ့လည်ခင်းတစ်ခုမှာတော့ အဖွဲ့မှူးနင်က ဒယ်အိုးဖင်ကြီးလို မည်းနက်နေတဲ့ မျက်နှာကြီးနဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတယ်။

ထန်းရှောင်နဲ့ ရှောင်လင်တို့မှာ လက်ထဲက အဝတ်အိတ်တွေကို အောက်ချလိုက်ပြီး ထိတ်လန့်ခြောက်ခြားစွာနဲ့ အခန်းထဲ ခြေဖွနင်းကာ ဝင်လာကြတယ်။
နှစ်ယောက်လုံးကလည်း စတီးထက်တောင် ပြောင်လက်နေတဲ့ မျက်နှာတွေနဲ့ အပြုံးမမည်သော ကပ်ဖားရပ်ဖား လုပ်ပြုံးကိုယ်စီကို ဆင်မြန်းထားကြကာ,
"အ...အဖွဲ့မှူးနင် ပါလား! ဒီအထိတောင် ရောက်လာတယ်, ရှင် ပင်ပန်းသွားရပြီ"

သူမတို့နှစ်ယောက်လုံး လေထဲမှာ လက်လေးတွေ တရမ်းရမ်းလုပ်
ရင်း အဖွဲ့မှူးနင်ရဲ့ တင်းမာနေတဲ့ ပခုံးကြောတွေ ကို ဖြေလျော့ပြီး နှိပ်နယ်ပေးဖို့ လုပ်လိုက်တယ်။

အဖွဲ့မှူးနင်က အေးစက်စွာနဲ့ နှာတစ်ချက် မှုတ်လိုက်တယ်။
"ရှောင်လင်, သွားနားတော့။ မနေ့တုန်းက မင်း ပင်ပန်းသွားပြီ။ ဒီနေ့လည်ကျ ငါပဲ ထန်းရှောင်ကို ခေါ်သွားလိုက်မယ်။ မင်း အရင်ဆုံး သူမရဲ့အိပ်ယာထဲ သွားနားနေချည်"

ရှောင်လင်က ဝမ်းသာအားရနဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီး အိပ်ခန်းထဲ ဝင်သွားတယ်။

နောက်ဆုံးတော့ ဧည့်ခန်းထဲမှာ သူမတို့နှစ်ယောက်သာ ကျန်ခဲ့တော့တယ်။

အဖွဲ့မှူးနင်က ထန်းရှောင်ကို ဘေးက ဆိုဖာခုံပေါ် ထိုင်ခိုင်းလိုက်တယ်။
"ကောင်းကောင်းထိုင်, ငါ မင်းနဲ့ တကယ်အရေးကြီးတဲ့ အလုပ်ကိစ္စ
ကို ဆွေးနွေးမလို့"

ထန်းရှောင်က ပြောတဲ့အတိုင်း ငြိမ်ငြိမ်လေး ထိုင်ချလိုက်တယ်။
"ရှင် ကျွန်မကို စိတ်မဆိုးပါဘူးလို့ အရင်ဆုံး သဘောတူရမယ်နော်"

"မင်း ငါ့ကို ခေါင်းကိုက်စရာတွေ မပေးတော့တဲ့ တစ်နေ့ကျရင် စိတ်ဆိုးပါအုံးလို့‌ ပြောရင်တောင်
စိတ်ချ, ငါ မင်းကို လုံးဝ စိတ်ဆိုးမှာ မဟုတ်တော့ဘူး။
ကဲ ပါ, ထားတော့....ဒီနေ့လည် ငါ မင်းကို ဒါရိုက်တာ တစ်ယောက်ဆီ
ခေါ်သွားမယ်။ ဒရာမာရဲ့ ဒုတိယ
အမျိုးသမီး ဇာတ်ကောင်နေရာမှာ မင်းအတွက် ယာယီ စီစဉ်ပေးထား
တယ်"

ထန်းရှောင် ဒရာမာရဲ့ ဇာတ်ညွှန်း
စာအုပ်ကို ကြည့်လိုက်တယ်။

<<သေခြင်းနှင့် ရှင်ခြင်းကြားက စစ်မှန်သောကြိုးမျှင်>>

သူမ ဒီနာမည်ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။

"စုပိုင်က ဒီကားမှာ အဓိက အမျိုးသမီးဇာတ်ကောင်ပဲ။ အရင်တုန်းက ငါ မူချောင့်ကို ဒီဇာတ်ညွှန်း ပေးဖူးတယ်လေ။ မနေ့တုန်းက သူငါ့ကို ဖုန်းခေါ်ပြီး ဇာတ်လိုက်နေရာ လက်ခံမယ်လို့ ပြောတယ်။ အမှန်တိုင်းပြောရရင် ဒီဒရာမာကို မင်းကို သိပ်မယူစေချင်ဘူး။ ဒါပေမဲ့ ဒီကားက
ချောင်ရိကျင် ဒီနှစ်မှာ နောက်ဆုံး ရိုက်မဲ့ဒရာမာ ဆိုတော့ သူ့ကားတွေမှာသာ မင်း သရုပ်ဆောင်နိုင်ရင် ဆုတစ်ဆုလောက် ရဖို့က မင်းအတွက် လွယ်ကူသွားပြီ"

တကယ်ဆို အဖွဲ့မှူးနင် ခေါင်းကိုက်
​နေခဲ့တာ။

ပုံမှန်လိုဆိုရင် အရှုပ်ထုပ်တွေချည်း လုပ်နေတဲ့ ထန်းရှောင်ကို သူ
ဒီအတိုင်းပဲ လွှတ်ထားမှာ ဆိုပေမဲ့ ဒီတစ်ခါမှာတော့ သူမရဲ့ အရှုပ်ထုတ်
တွေထဲမှာ အဓိက ဇာတ်လိုက် နောက်တစ်ယောက် ပါနေခဲ့တယ်လေ။

ဒါပေမဲ့ အခု မူချောင်က ထန်းရှောင် အပေါ်မှာ စိတ်ဝင်စားမှု ရှိနေတယ်ဆိုတာ တကယ်ကြီး ဖော်ပြခဲ့မယ်လို့ ဘယ်သူက သိခဲ့မှာလဲ။

{T/N: မင်္ဂလာဆောင်နေ့တုန်းက မူချောင်က အဖွဲ့မှူးနင်ကို ထန်းရှောင်နဲ့ အကြောင်းတွေ ပြောပြပြီး အခုလည်း ဒရာမာကား
ရဲ့ ဇာတ်လိုက်နေရာမှာ လက်ခံလိုက်တဲ့ အကြောင်းကို ပြောချင်တာပါ။ မှတ်မိကြသေးလား မသိဘူး, ထန်းရှောင် အိမ်သော့ အခန်းထဲ မေ့နေခဲ့လို့ မူချောင့် အိမ်မှာ တစ်ည အိပ်လိုက်ရပြီး နောက်နေ့ အဖွဲ့မှူးနင် ရောက်လာတော့ မူချောင့်ကို ဒရာမာ
ဇာတ်ညွှန်း ပေးခဲ့ဖူးတယ်လေ။ အဲ့တုန်းက ကိုကိုက တစ်ခါတည်းနဲ့ ငြင်းပစ်တာ။ အခုမှ မမက အဲ့ကားမှာ ပါမယ်ဆိုလို့ လက်ခံလိုက်တာပါ}

အရင်တုန်းက မူချောင်ရဲ့ တိုက်ခန်း
က အမြဲတမ်း လူမရှိဘဲ လွတ်နေတာ
မို့ အဖွဲ့မှူးနင်က ထန်းရှောင်ကို မူချောင့်ဘေးခန်းမှာ စိတ်ချလက်ချနဲ့ကို နေစေခဲ့တာ။

ဒါပေမဲ့ မူချောင်က နှစ်လအတွင်း ရုတ်တရတ်ကြီး ပြန်ပြောင်းလာမယ်လို့ ဘယ်သူက သိထားခဲ့မှာလဲ။

ထန်းရှောင်နဲ့ ပတ်သက်သမျှ အရာအားလုံးမှာ မူချောင်ကပဲ အမြဲထိပ်ဆုံးကနေ လက်ဦးမှု ယူနေသလိုပဲ။

(T/n: သူတောင် ပြောနေပြီ)

"အဖွဲ့မှူးနင် မစိုးရိမ်ပါနဲ့, ကျွန်မ မူချောင်နဲ့ ပတ်သက်ပြီး ဘာကောလဟာလမှ မထွက်စေရပါဘူး, လူသတ်မှုက လွဲပြီးပေါ့။
အ, ဒါနဲ့ သူက ရှင်နဲ့ စကားတောင် အကြာကြီး ပြောပြီးသွားလောက်ပြီ။ ကျွန်မအသက်ကို ဘယ်လိုနှုတ်ရင် ကောင်းမလဲဆိုတဲ့ နည်းလမ်း၁၀၁သွယ်အကြောင်းတွေ​"

မင်္ဂလာဆောင်အကြောင်းကို တွေးမိတာနဲ့ သူမရဲ့ရင်ဘတ်ထဲကနေ နာကျင်မှုတွေက အလုံးလိုက် အရင်းလိုက်ကို တစ်လိပ်လိပ် တက်လာတယ်။
ဘယ်လောက်တောင် နာကျင်ရလဲ
ဆိုရင် သူမမှာ တစ်ခါတစ်လေ အသက်ရူရဖို့တောင် ခက်ခဲတယ်​။

အဖွဲ့မှူးနင်က သူမရဲ့မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရမှ စိတ်သက်သာရသွားကာ သက်ပြင်းချလိုက်တယ်။

"ဒီနေ့လည် ငါ မင်းကို ချောင်ရိကျင်
နဲ့ တွေ့ဖို့ ခေါ်သွားမယ်"

သူက ထိုအကြောင်းကို စကားစု
တစ်စုသုံးပြီး ဖော်ပြလိုက်တယ်။
"စိတ်လှုပ်ရှားစရာတွေ လာ​​တော့
မှာပဲ"

ထန်းရှောင်:.....

ထန်းရှောင် နာရီကို တစ်ချက်ကြည့်
လိုက်ပြီး ဇာတ်ညွှန်းစာအုပ်ကို ဖတ်လိုက်တယ်။

ဇာတ်အိမ်ကတော့ ရိုးရိုးရှင်းရှင်းပဲ။

အမျိုးသားဇာတ်လိုက်က မူးယစ်ဆေးဝါးတွေ အရောင်းအဝယ်လုပ်တဲ့ မာဖီးယားဂိုဏ်းအကြောင်း ကို စုံစမ်းထောက်လှမ်း
​နေတဲ့ လျှိုဝှက်အေးဂျင့်တစ်ယောက် ဖြစ်ပြီး ထိုဂိုဏ်းထဲကို ဝင်ရဖို့ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ရလိမ့်မယ်။
ကြမ်းတမ်းတဲ့ ခရီးရှည်ကြီးပြီး
တဲ့နောက်မှာတော့ သူက ဂိုဏ်းထဲ
ကို ဝင်ရောက်သွားနိုင်လိမ့်မယ်။

ဒါပေမဲ့ ဒီထဲမှာမှ ဖုံးကွယ်ထားတဲ့ စိတ်လှုပ်ရှားဖွယ် နှလုံးသားရေးရာကိစ္စ ကတော့ အမျိုးသားဇာတ်လိုက်ရဲ့ ဘဝအစစ်မှန်မှာ
လှပတဲ့ ချစ်သူစုံထောက်မိန်းကလေး ရှိနေတဲ့အပြင် သူက မာဖီးယားဂိုဏ်း ခေါင်းဆောင်ရဲ့ အလွန့်ကို ဖြူစင်ပြီး ချစ်စရာ
​ကောင်းတဲ့ သမီးနဲ့လည်း တွေ့ဆုံရအုံးမှာ ဖြစ်တယ်။

စုပိုင်က ချစ်သူစုံထောက် မိန်းကလေး ဖြစ်ပြီး, ဇာတ်လိုက်မရဲ့ သန်မာပြီးတည်ငြိမ်တဲ့ ဇာတ်ကောင်စရိုက်က သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာမှုအပေါ် စမ်းသပ်ချက်တစ်ခု ဖြစ်လေတယ်။

ထန်းရှောင်ရဲ့ ဇာတ်ကောင်ကတော့ မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သမီးနေရာက ဖြစ်တယ်။

နှစ်နာရီအတွင်းမှာပဲ ထန်းရှောင်က ဇာတ်ညွှန်းတစ်အုပ်လုံးနီးပါး အကြမ်းဖျင်းဖတ်လို့ ပြီးသွားကာ ဘေးခန်းက မူချောင်နဲ့အတူ လူသုံးယောက်လုံး တွေ့ဖို့ စီစဉ်ထားတဲ့နေရာဆီ သွားလိုက်ကြတယ်။

ထန်းရှောင် Wanyu Mediaရဲ့ ကြီးမားခမ်းနားတဲ့ တံခါးနံရံတွေအတွင်း ထဲကို မရောက်ဖြစ်တာ အတော်ကို ကြာနေခဲ့ပြီ။

သူမ အဖွဲ့မှူးနင်ရဲ့ ရုံးခန်းထဲကို ရောက်သွားတဲ့ အချိန်မှာတော့ ချောင်ရိကျင်နဲ့ စုပိုင်မှာ အရင် ရောက်နေပြီ ဖြစ်တယ်။

လူသုံးယောက် အထဲဝင်လာတာ မြင်တာနဲ့ ချောင်ရိကျင်ရဲ့ မျက်လုံးတွေက ထန်းရှောင်တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး
အသေးစိတ် လျင်မြန်စွာ စကင်ဖတ်လိုက်ပြီး ခေါင်းပြန်ငုံကာ ဇာတ်ညွှန်းစာအုပ်ကို ပြန်ဖတ်နေလိုက်တယ်။

စုပိုင်ကတော့ သူတို့ကို မတ်တပ်ထ
ရပ်ကာ နှုတ်ဆက်လိုက်တယ်။
ပထမဆုံး သူမက ထန်းရှောင်ကို
"ထန်းရှောင်, မတွေ့ရတာ အတော်
ကြာပြီနော်။ Spirit Roadရဲ့ ကိုယ်စားလှယ်နေရာ အတွက် ဂုဏ်ပြုပါတယ်"

ထန်းရှောင်လည်း လူကျင့်ဝတ်အရ ယဉ်ကျေးသမှုနဲ့ စကားအနည်းငယ် ပြန်ပြောလိုက်တယ်။

"မူချောင်, ရှင်ရောပဲ။ ရှင် ကျွန်မကို ရှောင်နေသလားလို့တောင် ထင်နေတာ"
သူမ မူချောင်ကို နှုတ်ဆက်စကား ပြောလိုက်တဲ့အချိန်မှာ သူမရဲ့အသံက အနည်းငယ် ညုတုတု​လေသံ ပေါက်နေတယ်။

"ကျွန်တော်က ဘယ်လိုရှောင်ရမှာလဲ,
မင်းကသာ အလုပ်များနေလို့ပါ"

မူချောင်ရဲ့ မျက်နှာထက်မှာက
မပိုမလို ယဉ်ကျေးတဲ့ အပြုံးတစ်ခုနဲ့။

သရုပ်ဆောင်တွေ ပထမဆုံး ပွဲဦးထွက်တဲ့အချိန်မှာ သူတို့ရဲ့ အေးဂျင့်ကုမ္ပဏီတွေက ပရိတ်သတ်တွေနဲ့ သတင်းထောက် မီဒီယာတွေရှေ့မှာ ဘယ်လိုမျိုး နှုတ်ဆက်ရမယ်, အများရှေ့မှာ အကောင်းဆုံး ပုံရိပ်ထွက်လာဖို့ ဘယ်လိုမျိုး အချိုးအစားတိကျတဲ့ အပြုံးမျိုး ပြုံးရမယ် ဆိုတာတွေကို သေသေချာချာ လေ့ကျင့်သင်ကြား
​ပေးကြတယ်။

အခုချိန်မှာ ထန်းရှောင်သာ အဲ့သင်တန်းပို့ချချက်တွေထဲ ရောက်နေတာဆိုရင်, ဆရာက ချက်ချင်းကို မူချောင်ရဲ့ လက်ရှိ
မျက်နှာပေါ်က သိမ်​​မွေ့တဲ့
အပြုံးရေးရေးကို လက်ညှိုး
ထိုးပြပြီး ပြောမှာက
"အဲ့မှာ ကြည့်ထား, အကောင်းဆုံး
ဥပမာဆိုတာ ဆားအပေါ့အငန်
ကွက်တိကျတဲ့ ဟင်းတစ်ပွဲလို အဲ့အပြုံးပဲ, သေချာကြည့်ပြီး သင်ယူစမ်း!"

သူတို့အားလုံး စကားထွေရာလေးပါး အနည်းငယ်ပြောပြီးနောက်မှာ ချောင်ရိကျင်က ဒီနေ့တွေ့ဆုံပွဲရဲ့ အဓိကဖြစ်တဲ့ အကြောင်းအရာတွေကို စပြော
​တော့တယ်။
"ထန်းရှောင်, ငါ မင်းရဲ့ကြော်ညာ
​တွေနဲ့ မင်း ရိုက်ထားတဲ့ music video တစ်ခုကို ကြည့်ပြီးသွားပြီ။ အမှန်တိုင်းပြောရရင် မင်းလို တစ်စုံတစ်ယောက်ကို ငါ မတွေ့ရတာ အတော်ကြာပြီ"

"ရှင်?"

ထန်းရှောင် ခေါင်းနည်းနည်း ရှုပ်သွားတယ်။
သူမ အဖွဲ့မှူးနင်ဘက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားစရာတွေတော့ စလာပြီ ဆိုပြီး တလက်လက် တောက်ပနေ
သယောင်ယောင်။

ချောင်ရိကျင်က တကယ့်ကို သက်ညှာထောက်ထားမှု မရှိတဲ့သူ ဖြစ်တယ်။
"မင်း သရုပ်ဆောင်တဲ့ အချိန်တိုင်း,
မင်း မျက်နှာအမူအရာက တစ်သမတ်တည်းပဲ။ မျက်လုံးတွေကလည်း သက်ဝင်
လှုပ်ရှားမှုမရှိဘူး ငါးသေမျက်လုံးတွေနဲ့။ စာသားပြောတဲ့ နေရာမှာလည်း စက်ရုပ်
ကဗျာရွတ်နေတဲ့ အတိုင်းကြီး။ မင်းလိုလူမျိုးကို ငါ့ကားမှာ ဒုတိယ ဇာတ်ကောင်နေရာ အတွက် ထားရတာ ငါ့အတွက် တကယ့်ကို စိန်ခေါ်မှုကြီးပဲ"

ထန်းရှောင်:.....

လက်ရှိမှာ အဖွဲ့မှူးနင်ရဲ့ မျက်နှာမှာ စာလုံးကြီးကြီးနဲ့ ရေးထားတာက
"စိတ်လှုပ်ရှားဖို့ ကောင်းတယ်,
ဟုတ်!"

နံမည်ကြီး ဒါရိုက်တာတစ်ယောက် ဖြစ်တာနဲ့အညီ အများနဲ့မတူတဲ့
အချက်က ချောင်ရိကျင်က
အစပိုင်းမှာ သူ့ရဲ့စကားလုံးတွေနဲ့ တစ်ဖက်သားရဲ့ စိတ်နှလုံးကို ထိခိုက်နာကျင်အောင်လုပ်ပြီး နောက်ပိုင်းမှာတော့ နှလုံးသွေးစိမ်းရှင်ရှင် အန်ထွက်တဲ့အထိ တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာပါပဲ။
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်းကို ငါတို့ရဲ့ထုတ်​လုပ်​သူ​တွေထဲက တစ်ယောက်က ထောက်ခံထားမှတော့ ငါ မင်းကို ကန်ထုတ်ပစ်မှာ မဟုတ်ပါဘူး"

ထန်းရှောင်:.....

လက်ရှိမှာတော့ ထန်းရှောင် လေရူသွင်းရူထုတ်ကို ဖြေးဖြေးချင်း လုပ်နေရတယ်။

တစ်ဖက်လူက ချောင်ရိကျင်နော်!

ချောင်ရိကျင်ဆိုတာ သူ ရိုက်ကူး
လိုက်တဲ့ ရုပ်ရှင်ကားတိုင်း သူ့လက်နှစ်ဖက်လုံး ပြုတ်ထွက်တဲ့အထိ ဆုပေါင်းများစွာကို တစ်ပြုံကြီး သိမ်းကျုံးနိုင်တဲ့လူ!

ဒီတော့ သူမ သေချာပေါက်ကို စိတ်အေးအေးထားရမယ်!

"ကျွန်မ သေချာပေါက်ကို
အကောင်းဆုံး ကြိုးစားသွားပါမယ်,
ဒါရိုက်တာချောင်"

သူမရဲ့လေသံမှာက ရိုကျိုးလေးစား
မှုတွေ အပြည့် ပါနေတယ်။

မူချောင်က ချောင်းအနည်းငယ် ဆိုးလိုက်ကာ သူမကို ဒီအခြေအနေထဲကနေ ကယ်တင်ဖို့ ကြိုးစားလိုက်တယ်။
"ဒါရိုက်တာချောင်က စကားပြောရင် အမြဲတည့်တိုးပဲ ပြောတတ်တာ"

ချောင်ရိကျင်က မူချောင့်စကားကို အမှန်ပြင်ပေးလိုက်တယ်။
"ဒါကို ခေါင်းထဲ သံရိုက်တယ်လို့ ခေါ်တယ်"

မူချောင်က သူ့ရဲ့မျက်ခုံးကြော
နှစ်ခုကို လက်ညှိုးနဲ့ ထောက်ပွတ်
လိုက်ကာ
"ကျွန်တော်တို့ ပထမဆုံးတွေ့တုန်း
က ဆရာ ပြောခဲ့တာကို ကျွန်တော် မှတ်မိနေတုန်းပဲ"

"ဘာပြောခဲ့လို့လဲ? ရှင့်ရုပ်ရည်က အရမ်းကြည့်ကောင်းတယ်လို့လား?"
ထန်းရှောင် စပ်စုချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။

မူချောင့်မျက်လုံးတွေထဲမှာ အပြုံးရိပ်တွေ သမ်းသွားတယ်။
"မဟုတ်ဘူး, အဲ့တုန်းက ဆရာပြောခဲ့တာက ကျွန်တော့်လိုသွင်ပြင်မျိုးက ဘယ်တော့မှ ဆုတစ်ဆုတောင် ရနိုင်မှာ
မဟုတ်ဘူးတဲ့။ သူ့စကားလုံးတွေက လွန်ခဲ့တဲ့ ခြောက်နှစ်လုံးလုံး ကျွန်တော့်နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာ, ဒါပေမဲ့ ဒါကလည်း ကောင်းတဲ့ ဘက်ကနေပါ။ အဲ့ဒါကြောင့်ပဲ မနှစ်တုန်းက ကျွန်တော် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရခဲ့တယ်လေ"

(T/N: ရုပ်ချောရင် သရုပ်ဆောင်မကောင်းဘူးလို့ ချောင်ရိကျင်က ပြောချင်တာပါ)

ချောင်ရိကျင်က သူ့ကို ထပ်ပြီး အမှန်ပြင်ပေးလိုက်တယ်။
"ခြောက်နှစ်လုံးလုံး မင်း
ဇကာတင်ထဲပဲ ပါခဲ့ပြီး နောက်ဆုံးမှ အကောင်းဆုံးအမျိုးသား
သရုပ်ဆောင်ဆုကို ရသွားတာလေ"

ထို့နောက် ချောင်ရိကျင်က ထန်းရှောင်ဘက်ကို လှည့်ကြည့်လိုက်ပြီး
"မင်းရဲ့သွင်ပြင်နဲ့ဆို မူချောင့်ထက်တောင် အဲ့ဆုကိုရဖို့ ပိုလွယ်အုံးမယ်, ဒါပေမဲ့ မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကနေတော့_"

ထန်းရှောင် ခပ်ဖျော့ဖျော့
​ပြုံးလိုက်တယ်။ သူမ အခုချိန်ထိ နဖူးကြောတွေ ထောင်တက်​နေ
တာကို မနည်းသည်းခံနေရပေမဲ့
အခု သူနောက်ဆုံးပြောလိုက်တဲ့ စကားကို ကြားလိုက်ရပြီး နောက်မှာတော့ သူမ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။

"ဒါရိုက်တာချောင်, ကျွန်မ ဘယ်ရူထောင့်ကနေပဲ ဆုရရ ဂရုမစိုက်ဘူး။ ဒါပေမဲ့ အဲ့ဆုကို ရဖို့ဆိုတာ နောက်ဘဝကျမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီဘဝမှာတော့ ကျွန်မ အဲဒီ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရဖို့အတွက်နဲ့ လိင်ပြောင်းမှာ မဟုတ်ဘူး!!! ရှင် ကျွန်မကို အဲ့ဆုမျိုး ဆယ်ခု လာပေးရင်တောင်, ကျွန်မ ပြောင်းမှာ
မဟုတ်ဘူး!"

မူချောင်: "....."

ချောင်ရိကျင်: "....."

ထန်းရှောင် တကယ်ကြီး မေးလိုက်
ချင်တာက, သူမရဲ့ဘယ်အပြင်ပန်း သွင်ပြင်အစိတ်ပိုင်းကို ကြည့်ပြီး သူမက မူချောင့်ထက်တောင် အကောင်းဆုံး အမျိုးသား
သရုပ်ဆောင်ဆုကို ရဖို့လွယ်လိမ့်
မယ်လို့ ဘယ်လိုလုပ် ပြောနိုင်ရ
တာလဲ!

ရှင် ကျွန်မရဲ့အဖိုးတန်​သင်္ဘောကြီး
​တွေကို မမြင်နိုင်ဘူးလား!

ကျွန်မရဲ့သင်္ဘောနှစ်စင်းအပေါ်မှာ လေးစားမှုရှိပါ, ဟုတ်​ပြီလား!!!

ထန်းရှောင်ရဲ့ဇာတ်ကောင်သရုပ်ကို ပီပီပြင်ပြင် ပုံသွင်းနိုင်ဖို့အတွက် ချောင်ရိကျင် လိုအပ်တာတွေ စီစဉ်ပေးဖို့ လိုတယ်။

"ကောင်းပြီ, ဒီတော့ မင်းရဲ့ဇာတ်ကောင်အတွက် ဘာတွေ လိုအပ်လဲ? ဇာတ်ညွန်းက တစ်ချိန်လုံး ပြောင်းနေတာဆိုတော့ အခုကတည်းက မင်း ဘာတွေ ထည့်ချင်တယ်, ဘာတွေ လုပ်ချင်လဲ ဆိုတာ, ပြော"

ချောင်ရိကျင် ရေးမှတ်ဖို့ ဘောပင်ထုတ်လိုက်တယ်။

ထန်းရှောင် လက်ရှိမှာ အပြစ်ရှိ
သလို ခံစားနေရတယ်။

ပထမဆုံးအကြိမ် ချောင်ရိကျင်နဲ့ တွေ့ဆုံရတာကို သူမနဲ့ ပတ်သက်ပြီး သူ့အမြင်တွေက အနုတ်သ​ဘော ​ဆောင်နေလေပြီ။ သူမသာ သူ့ကို အခုချိန်ကတည်း
က မျက်နှာချိုသွေးထားမယ်ဆိုရင်, သူမရဲ့ရှေ့လျှောက် အနာဂတ်က
ပိုပြီး လှပလာမဲ့အပြင် ပိုပြီးလည်း သူ့ဆီမှာ အမှတ်တွေ တိုးလာမယ်မဟုတ်လား!

မျက်နှာချိုသွေးတယ် ဆိုတာကလည်း ပညာတစ်ခုပဲ။

နားထောင်တဲ့သူ စိတ်သက်သာရာ
ရစေအောင် ချဲ့ကားလွန်းတာမျိုး မရှိတာနဲ့ ယုတ္တိရှိပြီး​ အမြင်​စူးရှတဲ့ပုံ ​ပေါက်​ရမယ်​။

ထန်းရှောင် ကောင်းကောင်း
မွန်မွန် စကားအနည်းငယ်ကို ပြောမယ်အလုပ်မှာ အဖွဲ့မှူးနင်က သူမရှေ့ကနေ တစ်ကွက် ဦးဆောင်သွားကာ အဖွဲ့မှူးနင်
​ပြောတာကို ထန်းရှောင် ကြားလိုက်
ရတယ်။

"ဇာတ်ကောင်က လှပရမယ်,
ဖြူစင်ပြီး ချစ်စရာကောင်းရမယ်၊
အဝတ်​အစားကလည်း ဒီဇိုင်​နာချုပ်​
ဘရန်းဒက်​​တွေကိုပဲ ဝတ်​တယ်​၊
နောက်ဆုံးပေါ် ဈေးကြီးပြိုင်ကား
ကို စီးတဲ့အပြင် ဇိမ်ခံအိမ်
အကောင်းစားမှာ နေတယ်, အမြင်နဲ့တင် ရှိန်းလောက်တဲ့ ကိုယ်ရံတော် သက်တော်​​စောင့်တွေလည်း ရှိရမယ်"

ထိုစကားလုံးတွေ တန်းစီထွက်လာ
ပြီးနောက်မှာ အဖွဲ့မှူးနင်က နောက်ဆုံးစာကြောင်းနားမှာ သူ့အသံကို ဖိပြီးလေးနက်စွာ ပြောလိုက်တယ်။
"သူမရင်ထဲက စကားတွေကို ငါ ကူပြောပေးရုံပါ"

ချောင်ရိကျင်: .....

ထန်းရှောင်:....ကျွန်မရင်ထဲမှာ တစ်ခါလောက်တော့ ​မူ​ချောင်​နဲ့
​မွှေး​မွှေး​ပေးတဲ့ အခန်းလေး ပါချင်သေးတယ်လို့!!
ရှင်ဘာလို့ အဲ့ဒါကျ ထည့်မပြော
လိုက်တာလဲ!!!

ချောင်ရိကျင်က လက်ဖဝါးနှစ်ဖက်
ကို ယှက်လိုက်ကာ လက်ဆစ်တွေ
ကို ဖျောလျော့ချိုးလိုက်ရင်း အဖွဲ့မှူးနင်ကို ဗလာမျက်နှာသေနဲ့ ကြည့်လိုက်တယ်။

ချောင်ရိကျင် ပထမဆုံး ဒါရိုက်တာ
​လောကထဲ စဝင်တဲ့အချိန်မှာ
အဖွဲ့မှူးနင်ကလည်း Wanyu Mediaမှာ ပထမဆုံး အလုပ်ဝင်ခဲ့တာ ဖြစ်တယ်။

စုပိုင်ကို အဖွဲ့မှူးနင်နဲ့ ချောင်ရိကျင်
က မိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်။

အဆိပ်ပြင်းတဲ့ လျှာနှစ်ချောင်း တွေ့ဆုံတဲ့အချိန်မှာတော့ တစ်ယောက်ကတော့ အမြဲ နာကျင်ရစမြဲပင်။ အဖွဲ့မှူးနင်နဲ့ ချောင်ရိကျင်တို့ တစ်ယောက်နဲ့တစ်ယောက် ကွက်ကျော်ရိုက်ကြတာမျိုးက ဒါက ပထမဆုံးအကြိမ်​တော့ မဟုတ်ပေ။
ထိုကြားထဲမှာမှ တစ်ခါတစ်လေ အသေခံအမြှောက်စာလေးတွေလည်း ရှိတတ်လေတယ်။ ထန်းရှောင်ကလည်း ထိုထဲကို
လက်​ရှိမှာတင်​ ဆွဲသွင်းခံလိုက်ရ
တဲ့ တစ်ယောက် ဖြစ်​လေတယ်​။

ချောင်ရိကျင်က ဇာတ်ညွန်းစာအုပ်
ထဲမှ စာသားအနည်းငယ်ကို မင်ဖြင့်တားလိုက်ကာ တချို့စကားလုံး
တွေကိုပါ ထပ်ပေါင်းထည့်လိုက်ပြီး "ထန်းရှောင်" လို့ ရေးလိုက်တယ်။

"မင်းတို့တောင်းဆိုတာတွေ သေချာပေါက် ဖြစ်စေရပါမယ်"

သူ ထိုစကားကို ​ပြောလိုက်တဲ့
အချိန်မှာ သွားကြားထဲက
ထွက်လာတဲ့​​လေသံ နဲ့ အံကြိတ်
ပြီး ပြောလိုက်သလိုမျိုး ထန်းရှောင် ခံစားလိုက်ရတယ်။

အခုကတည်းက သူမရဲ့ အသေခံ
အမြှောက်စာဘဝအဖြစ် စတင်
​တော့မဲ့ အနာဂတ်ကို ရေးရေးလေး
​တောင် ခံစားမိနေ​လေပြီ။

အကြောင်းအရာ တော်တော်
များများကို ဆွေးနွေးတိုင်ပင်ပြီး
​နောက်မှာ သူတို့တွေအကုန်လုံး
ကိုယ်စီ အိမ်ကို ပြန်သွားကြတော့
တယ်။

Couples' PK Battleပွဲစဉ်က ည၈နာရီမှာ စတင်မှာ ဖြစ်ကာ လုပ်ငန်းကိစ္စပြီးသွားတဲ့ အချိန်မှာ ညနေ၆နာရီခွဲတောင် ရှိနေပြီ
ဖြစ်တယ်။

ထန်းရှောင် အိမ်ကို အမြန်ပြန်လာ
ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်
လိုက်တယ်။

မူလက, သူမခေါင်းထဲမှာ မူချောင်နဲ့ ပတ်သက်ပြီး အတွေးပေါင်းစုံ
ဝင်ရောက် နှောင့်ယှက်နေပေမဲ့
သူမက အခုချိန်ထိ ပွက်ပွက်ဆူနေတဲ့ အိုးထဲကို မခုန်ချရသေးတဲ့ ကြက်တစ်ကောင် ဖြစ်နေတုန်းပဲ
ဆိုတာကို တွေးမိသွားပြီး နောက်ဆုံးမှာ ဘာလုပ်ရမလဲဆိုတာ သူမ သိသွားတယ်!

ငါလေး ဘာကိုမှ မသိချင်ယောင် ဆောင်နေလို့ ရတာပဲ!

တစ်ရက်လေးပဲ ရှင်သန်ရမယ်
ဆိုရင်တောင် အနည်းဆုံးတော့
တစ်ရက်တော့ ပိုနေလိုက်ရတာပဲ
​လေ!

#4166 words
Ive Latte (mm)

Weekly: 9:00Pm
Monday & Thursday
------------------------------------------

Eng T/N:

.....ဒီနှစ်​ရဲ့ အ​ကောင်းဆုံး
အမျိုးသားသရုပ်​​ဆောင်​ဆုကို
ဆွတ်​ခူးရရှိသွားတဲ့သူက​တော့.....
ထန်း​ရှောင်​ပဲ ဖြစ်​ပါတယ်​

ပြိတ်​သတ်​ကြီး: ​
​ဖြောင်း...​ဖြောင်း​...​ဖြောင်း

😆😆😆

MM T/N:

ထန်းရှောင်​ : "ဒီဘဝမှာတော့
ကျွန်မ အဲဒီ အကောင်းဆုံး
အမျိုးသားသရုပ်ဆောင်ဆုကို ရဖို့အတွက်နဲ့ လိင်ပြောင်းမှာ မဟုတ်ဘူး!!! ရှင် ကျွန်မကို အဲ့ဆုမျိုး ဆယ်ခုလာပေးရင်
တောင်, ကျွန်မ ပြောင်းမှာ မဟုတ်ဘူး!"

ချောင်ရိကျင်: "....."

လျှာ​စောင်းထက်​တဲ့ ဒါရိုက်​တာကြီး
လည်း အမ​တော်​နဲ့​တွေ့မှ
တစ်​ခါတည်း ပါးစပ်​ပိတ်​
သွား​တော့တယ်​😆😆😆

ဟိုက ​ပြောချင်​တာ တခြား
သူ​တွေးလိုက်​တာ ​တလွဲ...
တုံးတယ်​လို့​ပြောရင်​လည်း
ဒီလိုတလွဲ​တွေ​ကြောင့် ကိုယ်​​တွေ
အမ​တော်​ကို ချစ်​​နေရတာ
ဒါ​ကြောင့်လည်း အဖွဲ့မှူးနင်​က
ထန်း​ရှောင်​ကို စုမူကျိ(🐶)
နဲ့​ တူတယ်​လို့ ​ပြောတာကို😆😂

Continue Reading

You'll Also Like

835K 71.5K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
223K 32.5K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...
169K 23.4K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
144K 22.9K 65
English name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယ‌ေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြ...