ရပ်နား / သဘာဝလွန်လောကထဲမှာ ချ...

By cof-fee_cilla

31.3K 5.1K 193

Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, A... More

Description
Chapter 1 : My Ex-boyfriend
Chapter 2 : Reunion
Chapter 3 : Rainbow Farts
Chapter 4 : The Murderer
Chapter 5 : Ghost? (A)
Chapter 5 : Ghost? (B)
Chapter 7 : He Died (A)
Chapter 7 : He Died (B)
for Part 8
Chapter 8 : Identity
Part 9 : Returning Home
Part 10 : Date (A)
Part 10 : Date (B)
Chapter 10 : Date (C)
Chapter 11 : Mishap (A)
Chapter 11 : Mishap (B)
Chapter 12 : Why Should It? (A)
Chapter 12 : Why Should It? (B)
part 13 ..
Chapter 13 : Summoning Spell (A)
Chapter 13 : Summoning Spell (B)
Update
Chapter 14 : Secret (A)
Chapter 14 : Secret (B)
Chapter 15 : He Came (A)
Chapter 15 : He Came (B)
Chapter 16 : Dealing With It (A)

Chapter 6 : Come!

1K 233 3
By cof-fee_cilla

Zawgyi...ဖန႔္ခ်ဴ သူ႔ေရွ႕ကျမင္ကြင္းကို အံ့အားတႀကီးၾကည့္ေနမိတယ္။


ဒီမတိုင္ခင္တုန္းက သူတကယ္ႀကီးေၾကာက္ခဲ့ရၿပီးၿပီေလ။ ဒါေပမယ့္ အခု ၾကမ္းျပင္ေပၚမွာ ဖုံးလႊမ္းေနတဲ့ အေလာင္းေတြနဲ႔ မိန္းကေလးေတြရဲ႕အၿပဳံးေတြကို ျမင္လိုက္ရခ်ိန္ ထူးထူးျခားျခားတည္ၿငိမ္ေနၿပီး သူ႔မွာက်န္ေနခဲ့တဲ့ တစ္ခုတည္းေသာ ခံစားမႈကေတာ့ သူ႔လက္ေခ်ာင္းထိပ္ေတြကေန ပ်ံ႕ႏွံ႔လာတဲ့ ေအးစက္မႈပဲျဖစ္တယ္။


ယြိစစ္က်ယ္က ဖန႔္ခ်ဴလက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္းထားရင္း ပ်င္းတိပ်င္းေရာေျပာတယ္။"စီစီသာ သေဘၤာေပၚမွာေသခဲ့တယ္ဆိုရင္ ဒါက ေက်ာင့္က်ီေ႐ြ႕ကို ထိတ္လန႔္ေစဖို႔မလုံေလာက္ေသးဘူး.. သူက ဘာလို႔ တစ္ေယာက္ေယာက္နဲ႔ ႀကဳံရတာကို အရမ္းေၾကာက္ေနမွန္း ရွင္းျပႏိုင္မယ့္ လူသတ္သမားေတာင္ ျဖစ္ေနႏိုင္တယ္။ "


ဖန႔္ခ်ဴက အသံတိုးတိုးနဲ႔ "ဒါဆိုရင္ သူနဲ႔ စာဖိုမႉးမွာ ဘယ္သူက သတ္တဲ့လူလဲ"


ယြိစစ္က်ယ္ရဲ႕အၾကည့္က ရႈးသြပ္ေနတဲ့ စာဖိုမႉးဆီ ဆင္းသက္သြားၿပီး သူ႔မ်က္ဝန္းေတြက ေအးစက္မႈနဲ႔အတူ နက္နဲသိပ္သည္းလာကာ ေျဖညႇင္းစြာနဲ႔ ေျပာလိုက္တယ္။"ကိုယ္တို႔ ေသခ်ာမသိႏိုင္ေသးဘူး.. ဘာေတြျဖစ္ေနလဲဆိုတာ သူပဲသိႏိုင္လိမ့္မယ္.. ဒါမွမဟုတ္.."


သူကသာ အရာအားလုံးကို လႈံ႕ေဆာ္ေနတဲ့လူပဲ...။(ႀကိဳးကိုင္ေနတဲ့လူ)


အကယ္၍ တစ္ေယာက္ေယာက္က တစ္ခုခုကို ဖုံးကြယ္ထားတယ္ဆိုရင္ သူတို႔ေတြ ေၾကာက္ေနၾကမွာပဲ။ အဲ့ဒီအေၾကာက္တရားကပဲ သူတို႔ကို အလိုလိုေနရင္း သူတို႔ေၾကာက္တဲ့အရာေတြကို ဖယ္ရွားေစလိမ့္မယ္။


ထပ္ထပ္ၿပီးေတာ့....


သူတို႔ေတြက တစ္ဖက္မွာရပ္ေနၾကကာ အဲ့ဒီမွာ မရွိေနၾကသလို ဟန္ေဆာင္တာ ၾကာေနၿပီမို႔ ခုတ္ထစ္ေနတဲ့ စာဖိုမႉးက ေနာက္ဆုံးမွာ သူတို႔ကို သတိျပဳမိသြားေတာ့တယ္။ သူက စိတ္ဆိုႏွင့္ေနပုံရကာ မ်က္လုံးနီေတြနဲ႔အတူ ႐ုတ္တရက္ တဟုန္ထိုးထ တိုက္ခိုက္လာေတာ့တယ္။သူက လူတိုင္းကို သတ္ပစ္ခ်င္ေနတာ။


ယြိစစ္က်ယ္က သူ႔လက္တစ္ဖက္ကို ေျမႇာက္လိုက္ကာ လက္ေစာင္းနဲ႔ စာဖိုမႉးေခါင္းအေနာက္ကို ႐ိုက္ခ်လိုက္သည္မွာ မ်က္ေတာင္ပင္မခတ္။ စာဖိုမႉးရဲ႕ဓားက ယြိစစ္က်ယ္ရဲ႕မ်က္ႏွာနား မသိသာလွ်ိဳဝင္သြားေပမယ့္ ေလကလြဲၿပီး မထိလိုက္ပါဘူး။ စာဖိုမႉးက သတိမမူမိပဲ ဗုန္းကနဲျမည္သံနဲ႔အတူ ၾကမ္းျပင္ေပၚ လဲက်သြားေတာ့တယ္။


ယြိစစ္က်ယ္ ကိစၥရပ္ေတြကို အလြယ္တကူေျဖရွင္းသြားပုံကို ဖန႔္ခ်ဴ မယုံႏိုင္ေအာင္ ျဖစ္သြားတယ္။ဒါေပမယ့္ ယြိစစ္က်ယ္ကေတာ့ စာဖိုမႉးနဲ႔ခ်ၿပီးသြာလို႔ စိတ္ေအးသြားတဲ့အရိပ္ေယာင္ေတြ ျပမလာဘူး။ ဆန႔္က်င္ဘက္အားျဖင့္ သူ႔ရဲ႕အမူအယာက ပိုၿပီးေတာ့ေတာင္ ခက္ထန္လာေသးတယ္။


"မၿပီးေသးဘူး"


"ဟမ္.." ဖန႔္ခ်ဴ သူ႔ကိုၾကည့္လိုက္တယ္။

ဘာက မၿပီးေသးတာလဲ.. ။

ဖန႔္ခ်ဴ ႐ုတ္တရက္ျပန္ေတြးၾကည့္လိုက္တယ္။ ဒီနည္းအတိုင္း စာဖိုမႉးနဲ႔ ဆက္ဆံရတာအျပင္ စီစီကလည္း ယြိစစ္က်ယ္ကို အျပင္မွ်ားထုတ္ခ်င္ေနခဲ့တာ။ ဒါေပမယ့္ ယြိစစ္က်ယ္က လူသတ္သမားမဟုတ္သလို ေက်ာင့္က်ီေ႐ြ႕နဲ႔လည္း ဆက္ဆံစရာမလိုဘူး။ ဒါဆို ဘာလို႔ သူမက ယြိစစ္က်ယ္ကို ပစ္မွတ္ထားေနတာလဲ။ ဘာလို႔ သူမ သူ႔ကို အျပင္ေခၚထုတ္လာတာလဲ။


ဖန႔္ခ်ဴက ကိစၥေတြကို နားမလည္ႏိုင္တုန္းရွိေသးတယ္ ယြိစစ္က်ယ္က ႐ုတ္တရက္ အခန္းတြင္းက ႀကီးမာတဲ့အိပ္ခန္းဆီ ေျခလွမ္းေနခဲ့ၿပီ။


အမ်ိဳးသမီးအေလာင္းႏွစ္ခု ျပဳတ္က်လာတယ္။


ဖန႔္ခ်ဴ ထိုႏွစ္ေလာင္းကို ၾကည့္ၿပီး တစ္ဖန္ေအးခဲသြားျပန္တယ္။


သူက ဒီႏွစ္ေယာက္ရဲ႕မ်က္ႏွာေတြနဲ႔လည္း အရမ္းကို ရင္းႏွီးေနခဲ့တယ္။ သူမသိႏိုင္စရာအေၾကာင္းကိုမရွိတာ... ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက စီစီနဲ႔ တစ္ညလုံးရွိေနခဲ့ၾကလို႔ပဲ။ ၿပီးေတာ့ သူတို႔ေတြက စီစီေသဆုံးၿပီးသားဆိုတဲ့အေၾကာင္းကို မသိသလိုေတာင္ ဟန္ေဆာင္ေနလိုက္ေသးတယ္။


အေလာင္းေတြက အန္နာနဲ႔လီလီတို႔ရဲ႕ အေလာင္းေတြပဲ ျဖစ္တယ္။ "သူတို႔ေတြလည္း သားေကာင္ ျဖစ္ႏိုင္တယ္။ ဒီေတာ့.. "


ဖန႔္ခ်ဴက ထိတ္လန႔္သြားၿပီး ေနာက္ဆုံးေတာ့ သေဘာေပါက္သြားတယ္။ လီလီနဲ႔အန္နာတို႔ကလည္း အစထဲက လူမဟုတ္ခဲ့ၾကဘူး။ ဒါက ဘာလို႔ စီစီ ယြိစစ္က်ယ္ကို မွ်ားေခၚလာခဲ့လဲဆိုတာပဲ။ လီလီနဲ႔အန္နာကို ေက်ာင့္က်ီေ႐ြ႕အနားရွိေနေအာင္လို႔ေလ။ သူမက ေက်ာင့္က်ီေ႐ြ႕ကို လက္စားေခ်ခ်င္ေနတာပဲ။ လူသတ္သမားက သုံးေယာက္အဖြဲ႕ျဖစ္သြားၿပီ။


ဒါေပမယ့္လည္း ယြိစစ္က်ယ္က ေခါင္းရမ္းလိုက္ကာ ကိုယ္ထည္ေတြကို မသကၤာသလိုၾကည့္ေနတယ္။ သူက ေလွာင္လိုက္တယ္။


"သားေကာင္လား?"

"ျဖစ္ႏိုင္တာက.. သူတို႔အေလာင္းေတြက အခုထိလတ္ဆတ္ေနတုန္းပဲ။ ဒီေတာ့ သူတို႔ အရင္တည္းက ေသတာမျဖစ္ႏိုင္ေတာ့ဘူး။ သူတို႔ကို ေက်ာင့္က်ီေ႐ြ႕သတ္တာမဟုတ္ဘူး။"


ယြိစစ္က်ယ္ရဲ႕မ်က္လုံးေတြက အသူရာေခ်ာက္နက္လိုမ်ိဳး နက္ရႈိင္းေနတယ္။"ဒါေပမယ့္ ငါစိုးရိမ္တာက... ဒီသေဘၤာေပၚမွာ စီစီက တစ္ဦးတည္းေသာ သားေကာင္မဟုတ္မွာကိုပဲ.. ဒါေပမယ့္လည္း သူတို႔မဟုတ္ပါဘူးေလ။ "


(TN - ဒီေနရာမွာေလ သားေကာင္ဆိုတာ မတရားအသတ္ခံလိုက္ရတဲ့သူကိုေျပာတာပါ.. သူတို႔မဟုတ္ပါဘူးဆိုတာက သူတို႔က မတရားသတ္ခံလိုက္ရတယ္ဆိုေပမယ့္ သေဘၤာေပၚက လူေတြအကုန္လုံးကို ဒုကၡေပးဖို႔လုပ္ေနတယ္လို႔ ျမင္လို႔ ယြိစစ္က်ယ္က စီစီတို႔သုံးေယာက္ကို သားေကာင္လို႔ မသတ္မွတ္သလို ေျပာလိုက္တာပါ.. သူတို႔ကသားေကာင္ေတြမဟုတ္ပဲ သေဘၤာေပၚကလူေတြက သူတို႔ရဲ႕သားေကာင္ေတြလိုမ်ိဳးျဖစ္ေနတယ္)


အနည္းဆုံးေတာ့ ဖန႔္ခ်ဴကလည္း ေဖ်ာ္ေျဖေရးေလာကရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕ မတူညီတဲ့အေတြးေခၚစြမ္းရည္ေတြက သိပ္ေတာ့မဆိုးလွပါဘူး။ ျဖစ္ႏိုင္ေခ်ကို ေတြးမိလိုက္တဲ့အခါ သူ႔အမူအယာေတြ နက္ေမွာင္လာေတာ့တယ္။


စီစီ ေသဆုံးခဲ့တာ ၾကာခဲ့ၿပီ.. ဒီေတာ့ ဒီညမွာရွိေတာ့ စီစီက သူမဟုတ္ခဲ့ဘူး။


လီလီနဲ႔အန္နာတို႔လည္း အသတ္ခံခဲ့ရၿပီး တစ္စုံတစ္ခုက သူတို႔ရဲ႕အသြင္ေတြအျဖစ္ ေျပာင္းလဲလိုက္တာပဲ။ တစ္ေယာက္က ယြိစစ္က်ယ္ကို မွ်ားထုတ္ဖို႔ တာဝန္ယူထားၿပီး ႏွစ္ေယာက္ကေတာ့ ေက်ာင့္က်ီေ႐ြ႕ကို လက္စားေခ်ဖို႔တာဝန္ယူထားၾကတာပဲ။


ပေဟဠိအပိုင္းအစေလးေတြက အတူတကြစုစည္းသြားၾကၿပီ။ ဖန႔္ခ်ဴနဲ႔ ယြိစစ္က်ယ္တို႔ကို ဒီေနရာမွာရွိေနေစတာကလည္း သူတို႔ရဲ႕အစီအစဥ္တစ္စိတ္တစ္ပိုင္းပဲ ျဖစ္တယ္။ ဖန႔္ခ်ဴက ယြိစစ္က်ယ္ကို ၾကည့္ၿပီးေျပာလိုက္တယ္။ "ကြၽန္ေတာ္တို႔ ျပန္သင့္ၿပီ"


စီစီက သားေကာင္ျဖစ္ခဲ့တယ္ဆိုရင္ေတာင္မွ အေပၚထပ္က ေဟာခန္းမထဲကမွာ လူမဟုတ္တဲ့ အရာႏွစ္ခုရွိေနတုန္းပဲ။ ၿပီးေတာ့ ေက်ာင့္က်ီေ႐ြ႕အပါအဝင္ အျပစ္မရွိတဲ့လူေတြအမ်ားႀကီး ရွိေနေသးတယ္။ စီစီက လက္စားေခ်႐ုံပဲဆိုရင္ေတာင္ ဒါက လူတိုင္းကို အႏၲရာယ္ထဲဆြဲထည့္လို႔ရတယ္ဆိုတဲ့ ဆင္ေျခမဟုတ္ဘူး။


ယြိစစ္က်ယ္ ေခါင္းၿငိမ့္လိုက္တယ္။ သူ႔မ်က္ဝန္းေတြကေတာ့ အနည္းငယ္ ခက္ထန္လို႔ေနတယ္။


ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ အခန္းထဲက ထြက္လာလိုက္တာနဲ႔ ၾကမ္းျပင္ေပၚမွာ ျပန႔္က်ဲေနခဲ့တဲ့ အေလာင္းက အစိတ္အပိုင္းေတြ ႐ုတ္တရက္ စလႈပ္ရွားလာၾကၿပီး အလ်င္အျမန္ပဲ လူတစ္ဦးပုံအတိုင္း အပိုင္းပိုင္းဆက္သြားေတာ့တယ္။ ဖန႔္ခ်ဴေျပာႏိုင္တာက သူတို႔ေတြက တူညီတဲ့ခႏၶာကိုယ္ေတြက လာတာမဟုတ္ၾကဘူးဆိုတာပဲ။ အဲ့ဒီအရာေတြရဲ႕ လက္ေမာင္းနဲ႔ ေျခေထာက္ေတြက မတူညီၾကဘူး။ ၿပီးေတာ့ လည္ပင္းနဲ႔ေခါင္းနဲ႔ဆက္ထားတဲ့အပိုင္းမွာလည္း ဟေနေသးတယ္။ ပါးစပ္က ေသြးစြန္းေနကာ တစ္ကိုယ္လုံးကိုၾကည့္ရတာ က်ပန္းဆက္လိုက္တဲ့ အသားပုံႀကီးလိုပဲ။ မ်က္ႏွာမွာေတာ့ ခ်စ္စရာေကာင္းေအာင္ ရွက္႐ြံ႕ျပေနတဲ့ အၿပဳံးတစ္ခုက ရွိေနဆဲ။


ေကာင္မေလးေတြရဲ႕အသံက အေဝးက လာတဲ့အသံလိုမ်ိဳး"မသြားရဘူး.. ဒီမွာေနၿပီး ငါနဲ႔ခဏေလာက္ အေဖာ္ျပဳေပးလို႔မရဘူးလား"


ဒါက ေသခ်ာေပါက္ကို အဆင့္အတန္းရွိတဲ့ သရဲကားတစ္ခုက ဇာတ္ဝင္ခန္းတစ္ခုပဲ။ ဖန႔္ခ်ဴရဲ႕အမူအယာက ေလးနက္လာကာ သူက ေတြးလိုက္တယ္။

 "အဆုံးမွာေတာ့ သူမလာေနတုန္းပဲ"


ယြိစစ္က်ယ္က ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္ကာ ကိုယ္ကိုလွည့္ၿပီး ေကာင္မေလးကိုၾကည့္လိုက္တယ္။"ငါတို႔ အေပၚထပ္ကို သြားမွျဖစ္မယ္ဆိုတာ မင္းသိပါတယ္"


"ဘာလို႔လဲ" စီစီက သူမေခါင္းကို ေစာင္းၿပီးေျပာတယ္။ ဒါေပမယ့္ သူမေခါင္းကို လည္ပင္းေပၚတင္ထားရတာျဖစ္လို႔ အဲဒီလႈပ္ရွားမႈက သူမေခါင္းကို လည္ပင္းနဲ႔ကြဲကြာသြားလုနီးျဖစ္သြားၿပီး ပါးလႊာတဲ့အမွ်င္ေလးေတြက ထိုအရာႏွစ္ခုကို အတူတကြ ထိန္းထားခဲ့တယ္။ သူမက မွားယြင္းေနတယ္လို႔ ခံစားရကာ ေျပာလိုက္တယ္။


"ငါနင္တို႔ႏွစ္ေယာက္ကို ဘာမွေတာင္မလုပ္ပါဘူး.. နင္တို႔ငါ့ကို ခဏေလာက္ပဲ အေဖာ္ျပဳေစခ်င္႐ုံပါ.. တကယ့္ခဏေလး"


သူမက ဒါကိုေျပာၿပီး ယြိစစ္က်ယ္ကို စိုက္ၾကည့္လိုက္တယ္။ သူ႔ကို ေတာ္ေတာ္ေၾကာက္႐ြံ႕ေနပုံပဲ။ ယြိစစ္က်ယ္က ေပါ့ေပါ့ပါးပါးရယ္လိုက္ၿပီး သူ႔အၾကည့္ေတြက ထက္ရွေနတယ္။ "မင္းမလုပ္တာလား ဒါမွမဟုတ္ မလုပ္ရဲတာလား"


စီစီ ေျပာစရာစကားမဲ့သြားတယ္။


ဖန႔္ခ်ဴလည္းပဲ ဘာေျပာရမွန္းမသိျဖစ္သြားတာပါ။ ယြိစစ္က်ယ္က သရဲေတြကိုေတာင္ မ်က္ႏွာသာမေပးဘူးပဲ။ သူက အားနည္းသူတစ္ေယာက္က ဘယ္လိုေနရမယ္ဆိုတာ နားမလည္ဘူး။(TN - ယြိစစ္က်ယ္က ေမာက္မာလို႔ သရဲထက္ အားနည္းေနတဲ့အခ်ိန္မွာေတာင္ သရဲကို မ်က္ႏွာမေပးပဲ အထက္စီးကေျပာေနလို႔ ဘဲဘဲႀကီးကို အားနည္းတဲ့လူတစ္ေယာက္က ဘယ္လိုေနရမယ္မွန္း မသိဘူးလို႔ ဖန႔္ဖန႔္ကေတြးတာပါ)


စီစီရဲ႕မ်က္ႏွာက ခဏေလာက္ ေတာင့္တင္းေနခဲ့ၿပီး သူမက ရက္စက္ၾကမ္းၾကဳတ္သူႀကီး တစ္ေယာက္လို အမူအယာျဖစ္ေအာင္ အံႀကိတ္ကာ သူတို႔ကို ခက္ထန္စြာ စိုက္ၾကည့္လာတယ္။"နင္တို႔အခုျပန္ၾကရင္ေတာင္ အရမ္းေနာက္က်သြားၿပီ.. ဟမ့္"


ယြိစစ္က်ယ္ရဲ႕ မ်က္ခုံးတစ္ဖက္ ျမင့္တက္သြားၿပီး"အဲလိုလား"


ေျပာၿပီးေတာ့ သူက ေဒါပြေနတဲ့မိန္းကေလးကို အျပည့္အဝလ်စ္လ်ဴရႈရင္း လွည့္ျပန္လိုက္တယ္။ ယြိစစ္က်ယ္သြားေတာ့မွာကို ျမင္လိုက္တဲ့ေနာက္မွာ စီစီ စိုးရိမ္သြားတယ္။ သူမက ကမူးရႉးထိုးနဲ႔ ယြိစစ္က်ယ္ကို တဟုန္ထိုးတိုက္ခိုက္လာကာ သူထြက္သြားမွာကို တားဆီးခ်င္ေနတယ္။


ယြိစစ္က်ယ္က ေနာက္ကိုလွည့္မၾကည့္ပဲ အမွတ္မထင္ စီစီရဲ႕တိုက္ခိုက္မႈကို ကိုယ္ကိုလွည့္ၿပီးေရွာင္တိမ္းလိုက္တယ္။ ၿပီးေတာ့ သူက လက္သီးကိုေျမႇာက္ကာ သူမရဲ႕လည္ပင္းေပၚကို ထိုးခ်လိုက္တယ္။ ထိုးခ်က္က အသံမထြက္ပဲ စီစီ့ခႏၶာကိုယ္ကို တိုက္႐ိုက္ပဲ ဆြဲစုတ္သြားတယ္။ သူမေျခလက္ေတြက ေနရာအႏွံ႔ ျပန႔္က်ဲသြားတယ္။


စီစီသူ႔ကိုၾကည့္လာကာ သူမမ်က္လုံးေတြက တျဖည္းျဖည္း နီရဲလာတယ္။ သူမက စိတ္တိုၿပီး ဝမ္းနည္းေနခဲ့ကာ သူမအမူအယာကေတာ့ ရက္စက္ၾကမ္းၾကဳတ္လာတယ္။ သူမက က်ယ္ေလာင္စြာေအာ္ငိုၿပီး"ဘာလို႔ ျပန္သြားခ်င္ရတာလဲ.. ဘာလို႔ မေနခ်င္တာလဲ.. ေနပါ"


သူမေအာ္ငိုလိုက္တာနဲ႔ အခန္းထဲက အေရတြက္ႏိုင္တဲ့ အေလာင္းေတြအကုန္လုံး စတင္လႈပ္ရွားလာၾကတယ္။  မၾကာခင္မွာပဲ စီစီတစ္, စီစီႏွစ္, စီစီသုံး.. ဒါဇင္ေက်ာ္တဲ့စီစီေတြ ခႏၶာကိုယ္အပုံႀကီးဆီကေန ထရပ္လာၾကတယ္။


ေၾကာက္စရာေကာင္းတဲ့အၿပဳံးက သူတို႔မ်က္ႏွာထက္မွာ ခ်ိတ္ဆြဲလ်က္သား။ ၿပီးေတာ့ မ်က္လုံးေပါက္ေတြကေနလည္း ေသြးမ်က္ရည္ေတြ က်ဆင္းေနတယ္။ မ်က္ႏွာတိုင္းက တစ္ခ်ိန္တည္းမွာပဲ ဖန႔္ခ်ဴနဲ႔ယြိစစ္က်ယ္ကို ၿပဳံးျပလာၾကၿပီး သူတို႔ရဲ႕ သြားစြယ္ေတြကို တခစ္ခစ္ရယ္ရင္း လွစ္ဟျပလာတယ္။"မေနႏိုင္ဘူးလား"


ဖန႔္ခ်ဴရဲ႕မ်က္ႏွာကေတာ့ ေၾကာက္႐ြံမႈေၾကာင့္ အျဖဴေရာင္အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီ။ ခ်ီး! သူတို႔ေတြက သူတို႔ရဲ႕ ေနာက္ဆုံးေသာလႈပ္ရွားမႈကို အသုံးခ်ေနတဲ့လကၡဏာေတြကို ျပသေနတယ္။ ၿပီးေတာ့ သူတို႔က သူနဲ႔ယြိစစ္က်ယ္ထက္ အေရအတြက္ပိုမ်ားေနတယ္။


သူက သူ႔လက္ေတြကို ေျမႇာက္ၿပီး ေျပာလိုက္ခါနီး"ငါအရႉံးေပးပါတယ္.. ငါမသြားေတာ့ဘူးေလ.. ဒါေပမယ့္ မင္းလက္စားေခ်ခ်င္တာပဲျဖစ္ျဖစ္ ျပန္တိုင္ခ်င္တာပဲျဖစ္ျဖစ္ ငါနဲ႔မဆိုင္ဘူး.. "ဒါေပမယ့္ သူအဲလိုမလုပ္ရေသးခင္ ယြိစစ္က်ယ္က တက္ႂကြစြာ လႈပ္ရွားႏွင့္ေနၿပီ။


ယြိစစ္က်ယ္ရဲ႕ လႈပ္ရွားမႈေတြက ျမန္ဆန္လြန္းၿပီး ပကတိမ်က္လုံးကသာ ၾကည့္ေနႏိုင္မွာ။ သူကဖန႔္ခ်ဴရဲ႕အျမင္မွာ မႈန္မႈန္ဝါးဝါးေလးတစ္ခုအျဖစ္သာ ရွိေနတယ္။ ယြိစစ္က်ယ္က စီစီအုပ္စုႀကီးကို ဆုတ္ၿဖဲပစ္လိုက္ဖို႔ သူ႔ရဲ႕ ဗလာက်င္းတဲ့ လက္သီးေတြကလြဲၿပီး ဘာကိုမွမသုံးခဲ့ဘူး။ ထိုအရာေတြက အသားပုံႀကီးတစ္ပုံ ထပ္ျဖစ္သြားေတာ့တယ္။


စကၠန႔္ဒါဇင္ပိုင္း ဒါမွမဟုတ္ အဲ့ထက္နည္းနည္းပို႐ုံေလာက္သာ ရွိေသးတယ္။(စကၠန႔္ပိုင္းေလးအတြင္း အသားပုံႀကီး ျပန္ျဖစ္သြားတယ္)


ဖန႔္ခ်ဴ ေျပာစရာစကားမဲ့သြားတယ္။ သူထင္တာ သူတို႔ေတြ နည္းနည္းေတာ့ ခံႏိုင္ရည္ရွိလိမ့္မယ္လို႔ေပါ့။ ဒါေပမယ့္ ပမာဏက အရည္အေသြးမဟုတ္ဘူးေလ။ မိုးစက္ေတြ အားနည္းခ်ိန္မွာ အလင္းက တကယ္ကို အားႀကီးၿပီးေတာ့ သူတို႔ေတြ ေသဆုံးသြားသည့္တိုင္ေအာင္ အားနည္းေနတုန္းပဲ.. အားနည္းတဲ့အရာေတြက ထာဝရ အားနည္းတဲ့အရာေတြအျဖစ္ပဲ ပ်က္စီးသြားရမွာပဲ..။


ယြိစစ္က်ယ္က အဲ့ဒီေနရာမွာပဲ ေအးစက္စြာရပ္ေနၿပီး အနည္းငယ္မႏွစ္ၿမိဳ႕စြာနဲ႔ သူ႔ရွပ္အက်ႌအနားနဲ႔ လက္ေပၚက ေသြးစေတြကို သုတ္ပစ္ေနတယ္။


ၾကမ္းျပင္ေပၚက ေကာင္မေလးရဲ႕ေခါင္းကငိုေႂကြးေနခဲ့တယ္။


ျမင္ကြင္းကသာ ေသြးေတြလႊမ္းမေနဘူးဆိုရင္ အၾကင္နာကင္းမဲ့တဲ့လူႀကီး ထြက္မသြားခင္ျဖစ္ခဲ့တဲ့ အိမ္တြင္းအၾကမ္းဖက္မႈတစ္ခုနဲ႔ေတာင္ ဆင္တူေနတယ္။အဲဒါက ဖန႔္ခ်ဴ ဒီထက္ပိုၿပီး သည္းမခံႏိုင္ေတာ့တဲ့အခ်က္ပဲ။


" ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို ငါတို႔ေသခ်ာမသိေပမယ့္ စိတ္ခ်ပါ.. ငါတို႔ေတြအခုသိသြားၿပီဆိုေတာ့ ေသခ်ာေပါက္ ဒီကိစၥေတြကေန ေရွာင္ၿပီးေဘးထြက္ထိုင္ေနမွာမဟုတ္ဘူး.. ရာဇဝတ္ေကာင္ေတြက အၿမဲတမ္း တန္ရာတန္ေၾကးကို ေပးဆပ္ရလိမ့္မယ္"


နတ္ဆိုးသရဲေတြက အေပၚထပ္မွာ ႀကဳံရာက်ပန္း လူစသတ္ေနၾကေလာက္ၿပီ.. လူတိုင္းရဲ႕လုံၿခဳံမႈက အႏၲရာယ္က်ေရာက္လို႔ေနၿပီ။ သူတို႔ဒီမွာဆက္ၿပီး ေနလို႔မရေတာ့ဘူး။ ဒါေပမယ့္ ေကာင္မေလးက သူတို႔ေျပာစကားကို နားေထာင္ဖို႔ ေခါင္းမာေနခဲ့တယ္။ သူမက ပိုၿပီးေတာ့ေတာင္ က်ယ္ေလာင္စြာ ေအာ္ငိုလာၿပီး မ်က္လုံးေတြကေန ေသြးရည္ေတြစီးက်လာတာ အခန္းကိုနစ္ျမဳပ္ေတာ့မတတ္ပင္။


ဖန႔္ခ်ဴ သက္ျပင္းခ်ကာ လွည့္ျပန္ခဲ့လိုက္တယ္။ ဒါေပမယ့္ သူေဝးေဝးမသြားရေသးခင္မွာပဲ ေအးစက္တဲ့ေလညႇင္းတစ္ခုကို ေခါင္းေနာက္ကေန ႐ုတ္ခ်ည္းခံစားလိုက္မိတယ္။


သူက ရႈပ္ေထြးစြာလွည့္ၾကည့္လိုက္ၿပီး သူ႔ေနာက္ကေန လက္တစ္ဖက္ေပၚလာတာကို ျမင္လိုက္ရတယ္။ ထိုလက္က ခြၽန္ထက္တဲ့ဓားေျမာင္တစ္ခုကို ကိုင္ကားၿပီး သူနဲ႔လက္မအနည္းငယ္အကြာေလးမွာ..။ ယြိစစ္က်ယ္ရဲ႕လက္ေမာင္း ဝင္ေရာက္လာကာ ေကာင္မေလးရဲ႕လည္ပင္းကို ဖမ္းကိုင္လိုက္ေတာ့ သူမက သူတို႔ကို နီရဲၿပီး မုန္းတီးေနတဲ့မ်က္လုံးေတြနဲ႔ ျပန္ၾကည့္ေနေတာ့တယ္။ ယြိစစ္က်ယ္သာ အခ်ိန္မွီ မလႈပ္ရွားဘူးဆိုရင္...


ဖန႔္ခ်ဴကို ေခြၽးေအးေတြေလာင္းခ်လိုက္သလိုပင္...


ယြိစစ္က်ယ္က ေကာင္မေလးရဲ႕လည္ပင္းကို တင္းၾကပ္စြာဆုပ္ကိုင္ထားၿပီး မ်က္ဝန္းေတြက ေအးစက္လို႔..။


ယြိစစ္က်ယ္ရဲ႕လႈပ္ရွားမႈေတြက အေစာပိုင္းမွာ အနည္းငယ္ပ်င္းရိၿပီး အမွတ္မထင္ပုံစံမ်ိဳးျဖစ္တယ္ဆိုရင္ အခုက သူ႔ရဲ႕ ျပင္းထန္တဲ့သတ္ျဖတ္လိုမႈ ရည္႐ြယ္ခ်က္ႀကီးက လုံးဝကိုထင္းရွာလာတာ။ (TN - ေစာေစာက သရဲမအုပ္စုနဲ႔ တစ္ကိုယ္ေတာ္ခ်ေနတုန္းက ပ်င္းတိပ်င္းေရာ ေအးေဆးခ်ခဲ့ေပမယ့္ အခုဖန႔္ဖန႔္ေလးကို ထိေတာခါနီးျဖစ္သြားတာမို႔ သတ္ျဖတ္ခ်င္စိတ္ေတြ ျပင္းထန္ေနတာ ထင္းရွာလာတယ္လို႔ ေျပာတာပါ.. တကယ္ protective typeႀကီး)


ယြိစစ္က်ယ္ရဲ႕ အနက္ေရာင္မ်က္ဆံေတြက မကုန္ဆုံးႏိုင္တဲ့ေခ်ာက္နက္ႀကီးလိုျဖစ္ေနၿပီး သူ႔အသံမွာ ေႏြးေထြးမႈတစိုးတစိမွမရွိပဲ"အစကေတာ့ ၿပီးသြားရင္ ငါျပန္လာၿပီး မင္းနဲ႔ညႇိႏႈိင္းဖို႔လုပ္ထားတာ......."


ယြိစစ္က်ယ္ရဲ႕မ်က္ႏွာထားက ပူပန္ေသာကေတြနဲ႔ ရႈံ႕တြေနၿပီး သူမလက္ထဲက ထိုဓားေျမႇာင္မွာ ၾကမ္းျပင္ေပၚကို က်သြားရေတာ့တယ္။ သူမက ယြိစစ္က်ယ္ရဲ႕လက္ေမာင္းကို အသည္းအသန္ဆုပ္ကိုင္လိုက္ၿပီး သူမေနာက္က ျပန႔္က်ဲေနတဲ့ အေလာင္းေတြကလည္း ျပႆနာေတြဖန္တီးဖို႔ ထပ္ၿပီးလႈပ္ရွားလာတယ္။ ဒါေပမယ့္လည္း သူမက ႐ုတ္တရက္ ေလာင္ကြၽမ္းခံလိုက္ရပုံေပၚၿပီး ေသြးစြန္းေနတဲ့ ေအာ္သံတစ္ခုထြက္က်လာတယ္။ က်န္ရွိေနတဲ့ အေလာင္းေတြကလည္း ၿငိမ္သက္သြားကာ ရႈံးနိမ့္မႈနဲ႔အတူ လႈပ္ရွားမႈေတြရပ္တန႔္သြားတယ္။


သူမမ်က္လုံးေတြက ေၾကာက္႐ြံ႕မႈေၾကာင့္ ျပဴးက်ယ္လာၿပီး ယြိစစ္က်ယ္ကိုၾကည့္ကာ ဗလုံးဗေထြးေျပာတယ္။"ငါ နင္တို႔ကို ဒီမွာေနေစခ်င္႐ုံေလးပါ.. အေပၚထပ္ကို မသြားၾကပါနဲ႔.. သူကေသသင့္တယ္..သူေသသင့္တယ္--"


သူမအသံက စူးရွထက္ၿမိေနၿပီး အဲတာက ေသခါနီးငိုေႂကြးျခင္းလိုပဲ..။


ဒါေပမယ့္ ယြိစစ္က်ယ္က မလႈပ္ရွားပဲရွိေနတယ္။ သူက ေခါင္းကို အနည္းငယ္ငုံ႔ကာ ေအးစက္ၿပီး အနည္းငယ္ အညႇာတာမဲ့စြာ ၿပဳံးျပတယ္။


"မင္းကို ဒီကမာၻႀကီးရဲ႕ အစိတ္အပိုင္းထဲမွာ ထည့္ေရတြက္မထားေသးဘူး.. သူေသသင့္တယ္ မေသသင့္ဘူးဆိုတာကို ရဲေတြဆုံးျဖတ္ၾကလိမ့္မယ္.. မင္းရဲ႕ဆုံးျဖတ္ခ်က္မဟုတ္ဘူး.."


သူမက သူ႔ရဲ႕ဖမ္းခ်ဴပ္မႈကေန လြတ္ေျမာက္ဖို႔ႀကိဳးစား႐ုန္းကန္ေနတာကို ယြိစစ္က်ယ္က အေလွ်ာ့မေပးေသးပါဘူး..။ သူမမွာ အေၾကာင္းျပခ်က္အားလုံး ေပ်ာက္ဆုံးသြားခဲ့ၿပီ... ၿပီးေတာ့ ေၾကာက္႐ြံမႈနဲ႔ မလိုလားမႈေတြသာ က်န္ေနရစ္တယ္။ ေသြးမ်က္ရည္ေတြ ဖုံးလႊမ္းသြားတဲ့ မ်က္ႏွာႀကီးနဲ႔ သူမက ေအာ္ဟစ္လာတယ္။


"ဘာလို႔ ငါမဆုံးျဖတ္ႏိုင္ရတာလဲ.. သူက ငါ့ကိုသတ္တာေလ! သူတို႔ေတြ..... ငါ့ကိုႏွိပ္စက္ညႇင္းပန္းၿပီး မုဒိန္းက်င့္ခဲ့ၾကတယ္... သူက ငါ့ကို သတ္ေတာင္ပစ္လိုက္ေသးတယ္.. ဘာလို႔ ငါသူ႔ကိုသတ္လို႔မရရမွာလဲ.."


ယြိစစ္က်ယ္ရဲ႕ ႏႈတ္ခမ္းေကြးေလးေတြ အေပၚတက္သြားၿပီး "မင္းမလုပ္ႏိုင္ဘူးလို႔ ဘယ္သူေျပာလဲ"


စီစီက နားမလည္စြာၾကည့္လိုက္တယ္"ဒါေပမယ့္ နင္ေျပာတာက.."


ယြိစစ္က်ယ္က ဂ႐ုမစိုက္စြာေျပာတယ္"မင္းသာ လုံလုံေလာက္ေလာက္ အင္အားရွိေနသ၍ သူ႔ကိုသတ္႐ုံတင္မကဘူး ငါ့ကိုပါသတ္ၿပီး လူတိုင္းကိုသတ္ရင္ေရာ မျဖစ္ႏိုင္ဘူးလား.. ဒါေပမယ့္..... မင္းလုပ္ႏိုင္လား"စီစီက ေျပာစရာစကားမဲ့သြားတယ္။


ဖန႔္ခ်ဴက သူမကို စိတ္ပ်က္လက္ပ်က္နဲ႔ အသက္မဲ့စြာၾကည့္ၿပီး သူ႔ႏွလုံးသားမွာ နာက်င္လာတယ္။ အကယ္၍ သူမက သူ႔ကိုပစ္မွတ္ထားခ်င္ခဲ့တယ္ဆိုရင္ေတာင္ သူမစကားလုံးေတြက ရင္ေတြကြဲေစတယ္။ ဖန႔္ခ်ဴက ဘယ္တုန္းကမွ သူ႔ကိုယ္သူ ယုတၱိမရွိမွန္းသိလ်က္နဲ႔ ဇြတ္ေခါင္းမာတတ္တဲ့လူလို႔ မထင္ထားခဲ့ေပမယ့္ သူ႔ရဲ႕ၾကင္နာတတ္မႈေတြက ယြိစစ္က်ယ္ဆီကေန သယ္ယူလာမိလာျဖစ္မယ္။


ဖန႔္ခ်ဴေျပာလိုက္တယ္ "ဒါကို ဒီတိုင္းပဲ ထားခဲ့လိုက္ရင္ေရာ ဘယ္လိုလဲ.."


သူမကို သိကၡာရွိရွိ ေသဆုံးမႈေလး ပိုင္ဆိုင္ခြင့္ေပးလိုက္ပါ..။ (TN - စီစီ မုဒိန္းက်င့္ၿပီး ေသသြားခဲ့ရတာကို မေဖာ္ထုတ္ဖို႔ ေျပာတာထင္တယ္..)


ယြိစစ္က်ယ္က ၾကည့္မလာပဲနဲ႔ ဂြၽတ္ကနဲျမည္သံနဲ႔အတူ စီစီ့လည္ပင္းကို ခ်ိဳးလိုက္ေတာ့တယ္။ သူမက အခုေလးတင္ အပိုင္းပိုင္းဆက္ထားခဲ့တယ္ဆိုေပမယ့္ ယြိစစ္က်ယ္ရဲ႕ လက္ထဲမွာေတာ့ အာလူးေခ်ာင္းေလးတစ္ခုလို အမႈန႔္ျဖစ္ေအာင္ ေခ်မြခံလိုက္ရဆဲပဲ...။


သူမရဲ႕ ျပန႔္က်ဲေနတဲ့ ခႏၶာအစိတ္အပိုင္းေတြက ၾကမ္းျပင္ေပၚမွာ တေ႐ြ႕ေ႐ြ႕နဲ႔ခက္ခဲစြာသြားေနၾကၿပီး ဒီတစ္ခါမွာေတာ့ အတူတကြ ျပန္ဆက္မသြားခဲ့ေတာ့ဘူး။ သူမရဲ႕အသက္မဲ့ေနတဲ့မ်က္လုံးေတြနဲ႔ သူတို႔ကိုၾကည့္ကာ ႏူးညံ့စြာရႈိက္ငိုရင္း


"ေဖေဖ, ေမေမ, ကိုကို... သမီးအိမ္ျပန္ခ်င္တယ္.."


--------------------☄☄☄--------------------


စီစီ့ကို သနားလြန္းလို႔ မ်က္ရည္ပါဝဲတယ္.. တကယ္သနားစရာေလး..
ဘာသာျပန္ထားတာေတြ ေထာက္ေနရင္ တကယ္အားနာပါတယ္.. ဒါက ပထမဆုံးျဖစ္လို႔ အတတ္ႏိုင္ဆုံး စကားလုံးေတြေ႐ြးခ်ယ္ထားေပမယ့္ အေတြ႕အႀကဳံမရွိတာေၾကာင့္ တလြဲေတြပါသြားရင္ ေတာင္းပန္ပါတယ္ရွင္.. နားလည္သူမ်ားပါရင္ ေထာက္ျပေပးၾကပါဦး..

 

အိမ္မွာ အေမႀကီးအသည္းအသန္ျဖစ္ေနလို႔ မနက္ထဲက ေရးေပးဖို႔ဟာ အခုညကို ေရာက္သြားတာပါ..


ကြၽန္မက စာေရးရင္ တစ္ရက္ကို အပိုင္းတစ္ဝက္ပဲ ၿပီးေအာင္ေရးႏိုင္တာဆိုေတာ့ ဟိုေန႔ကလို တစ္ပိုင္းကို Aနဲ႔Bခြဲၿပီး ၿပီးသေလာက္စီ တင္ေပးရမလား .. ဒါမွမဟုတ္ ခါတိုင္းလိုပဲ တစ္ပိုင္းၿပီးမွ အျပည့္တင္ရမလား ေျဖေပးဦးေနာ္.. 💖 


.

.

.

.

.

.

Unicode...ဖန့်ချူ သူ့ရှေ့ကမြင်ကွင်းကို အံ့အားတကြီးကြည့်နေမိတယ်။


ဒီမတိုင်ခင်တုန်းက သူတကယ်ကြီးကြောက်ခဲ့ရပြီးပြီလေ။ ဒါပေမယ့် အခု ကြမ်းပြင်ပေါ်မှာ ဖုံးလွှမ်းနေတဲ့ အလောင်းတွေနဲ့ မိန်းကလေးတွေရဲ့အပြုံးတွေကို မြင်လိုက်ရချိန် ထူးထူးခြားခြားတည်ငြိမ်နေပြီး သူ့မှာကျန်နေခဲ့တဲ့ တစ်ခုတည်းသော ခံစားမှုကတော့ သူ့လက်ချောင်းထိပ်တွေကနေ ပျံ့နှံ့လာတဲ့ အေးစက်မှုပဲဖြစ်တယ်။


ယွိစစ်ကျယ်က ဖန့်ချူလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်းထားရင်း ပျင်းတိပျင်းရောပြောတယ်။


"စီစီသာ သင်္ဘောပေါ်မှာသေခဲ့တယ်ဆိုရင် ဒါက ကျောင့်ကျီရွေ့ကို ထိတ်လန့်စေဖို့မလုံလောက်သေးဘူး.. သူက ဘာလို့ တစ်ယောက်ယောက်နဲ့ ကြုံရတာကို အရမ်းကြောက်နေမှန်း ရှင်းပြနိုင်မယ့် လူသတ်သမားတောင် ဖြစ်နေနိုင်တယ်။ "


ဖန့်ချူက အသံတိုးတိုးနဲ့ "ဒါဆိုရင် သူနဲ့ စာဖိုမှူးမှာ ဘယ်သူက သတ်တဲ့လူလဲ"


ယွိစစ်ကျယ်ရဲ့အကြည့်က ရှုးသွပ်နေတဲ့ စာဖိုမှူးဆီ ဆင်းသက်သွားပြီး သူ့မျက်ဝန်းတွေက အေးစက်မှုနဲ့အတူ နက်နဲသိပ်သည်းလာကာ ဖြေညှင်းစွာနဲ့ ပြောလိုက်တယ်။"ကိုယ်တို့ သေချာမသိနိုင်သေးဘူး.. ဘာတွေဖြစ်နေလဲဆိုတာ သူပဲသိနိုင်လိမ့်မယ်.. ဒါမှမဟုတ်.."


သူကသာ အရာအားလုံးကို လှုံ့ဆော်နေတဲ့လူပဲ...။ (ကြိုးကိုင်နေတဲ့လူ)


အကယ်၍ တစ်ယောက်ယောက်က တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုရင် သူတို့တွေ ကြောက်နေကြမှာပဲ။ အဲ့ဒီအကြောက်တရားကပဲ သူတို့ကို အလိုလိုနေရင်း သူတို့ကြောက်တဲ့အရာတွေကို ဖယ်ရှားစေလိမ့်မယ်။ထပ်ထပ်ပြီးတော့....


သူတို့တွေက တစ်ဖက်မှာရပ်နေကြကာ အဲ့ဒီမှာ မရှိနေကြသလို ဟန်ဆောင်တာ ကြာနေပြီမို့ ခုတ်ထစ်နေတဲ့ စာဖိုမှူးက နောက်ဆုံးမှာ သူတို့ကို သတိပြုမိသွားတော့တယ်။ သူက စိတ်ဆိုနှင့်နေပုံရကာ မျက်လုံးနီတွေနဲ့အတူ ရုတ်တရက် တဟုန်ထိုးထ တိုက်ခိုက်လာတော့တယ်။


သူက လူတိုင်းကို သတ်ပစ်ချင်နေတာ။


ယွိစစ်ကျယ်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်ကာ လက်စောင်းနဲ့ စာဖိုမှူးခေါင်းအနောက်ကို ရိုက်ချလိုက်သည်မှာ မျက်တောင်ပင်မခတ်။ စာဖိုမှူးရဲ့ဓားက ယွိစစ်ကျယ်ရဲ့မျက်နှာနား မသိသာလျှိုဝင်သွားပေမယ့် လေကလွဲပြီး မထိလိုက်ပါဘူး။ စာဖိုမှူးက သတိမမူမိပဲ ဗုန်းကနဲမြည်သံနဲ့အတူ ကြမ်းပြင်ပေါ် လဲကျသွားတော့တယ်။


ယွိစစ်ကျယ် ကိစ္စရပ်တွေကို အလွယ်တကူဖြေရှင်းသွားပုံကို ဖန့်ချူ မယုံနိုင်အောင် ဖြစ်သွားတယ်။ဒါပေမယ့် ယွိစစ်ကျယ်ကတော့ စာဖိုမှူးနဲ့ချပြီးသွာလို့ စိတ်အေးသွားတဲ့အရိပ်ယောင်တွေ ပြမလာဘူး။ ဆန့်ကျင်ဘက်အားဖြင့် သူ့ရဲ့အမူအယာက ပိုပြီးတော့တောင် ခက်ထန်လာသေးတယ်။ "မပြီးသေးဘူး"


"ဟမ်.." ဖန့်ချူ သူ့ကိုကြည့်လိုက်တယ်။


ဘာက မပြီးသေးတာလဲ.. ။


ဖန့်ချူ ရုတ်တရက်ပြန်တွေးကြည့်လိုက်တယ်။ ဒီနည်းအတိုင်း စာဖိုမှူးနဲ့ ဆက်ဆံရတာအပြင် စီစီကလည်း ယွိစစ်ကျယ်ကို အပြင်မျှားထုတ်ချင်နေခဲ့တာ။ ဒါပေမယ့် ယွိစစ်ကျယ်က လူသတ်သမားမဟုတ်သလို ကျောင့်ကျီရွေ့နဲ့လည်း ဆက်ဆံစရာမလိုဘူး။ ဒါဆို ဘာလို့ သူမက ယွိစစ်ကျယ်ကို ပစ်မှတ်ထားနေတာလဲ။ ဘာလို့ သူမ သူ့ကို အပြင်ခေါ်ထုတ်လာတာလဲ။


ဖန့်ချူက ကိစ္စတွေကို နားမလည်နိုင်တုန်းရှိသေးတယ် ယွိစစ်ကျယ်က ရုတ်တရက် အခန်းတွင်းက ကြီးမာတဲ့အိပ်ခန်းဆီ ခြေလှမ်းနေခဲ့ပြီ။


အမျိုးသမီးအလောင်းနှစ်ခု ပြုတ်ကျလာတယ်။


ဖန့်ချူ ထိုနှစ်လောင်းကို ကြည့်ပြီး တစ်ဖန်အေးခဲသွားပြန်တယ်။


သူက ဒီနှစ်ယောက်ရဲ့မျက်နှာတွေနဲ့လည်း အရမ်းကို ရင်းနှီးနေခဲ့တယ်။ သူမသိနိုင်စရာအကြောင်းကိုမရှိတာ... ဘာလို့လဲဆိုတော့ သူတို့တွေက စီစီနဲ့ တစ်ညလုံးရှိနေခဲ့ကြလို့ပဲ။ ပြီးတော့ သူတို့တွေက စီစီသေဆုံးပြီးသားဆိုတဲ့အကြောင်းကို မသိသလိုတောင် ဟန်ဆောင်နေလိုက်သေးတယ်။


အလောင်းတွေက အန်နာနဲ့လီလီတို့ရဲ့ အလောင်းတွေပဲ ဖြစ်တယ်။


"သူတို့တွေလည်း သားကောင် ဖြစ်နိုင်တယ်။ ဒီတော့.. "


ဖန့်ချူက ထိတ်လန့်သွားပြီး နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ လီလီနဲ့အန်နာတို့ကလည်း အစထဲက လူမဟုတ်ခဲ့ကြဘူး။ ဒါက ဘာလို့ စီစီ ယွိစစ်ကျယ်ကို မျှားခေါ်လာခဲ့လဲဆိုတာပဲ။ လီလီနဲ့အန်နာကို ကျောင့်ကျီရွေ့အနားရှိနေအောင်လို့လေ။ သူမက ကျောင့်ကျီရွေ့ကို လက်စားချေချင်နေတာပဲ။ လူသတ်သမားက သုံးယောက်အဖွဲ့ဖြစ်သွားပြီ။


ဒါပေမယ့်လည်း ယွိစစ်ကျယ်က ခေါင်းရမ်းလိုက်ကာ ကိုယ်ထည်တွေကို မသင်္ကာသလိုကြည့်နေတယ်။ သူက လှောင်လိုက်တယ်။


"သားကောင်လား?"

"ဖြစ်နိုင်တာက.. သူတို့အလောင်းတွေက အခုထိလတ်ဆတ်နေတုန်းပဲ။ ဒီတော့ သူတို့ အရင်တည်းက သေတာမဖြစ်နိုင်တော့ဘူး။ သူတို့ကို ကျောင့်ကျီရွေ့သတ်တာမဟုတ်ဘူး။"


ယွိစစ်ကျယ်ရဲ့မျက်လုံးတွေက အသူရာချောက်နက်လိုမျိုး နက်ရှိုင်းနေတယ်။ "ဒါပေမယ့် ငါစိုးရိမ်တာက... ဒီသင်္ဘောပေါ်မှာ စီစီက တစ်ဦးတည်းသော သားကောင်မဟုတ်မှာကိုပဲ.. ဒါပေမယ့်လည်း သူတို့မဟုတ်ပါဘူးလေ။ "


(TN - ဒီနေရာမှာလေ သားကောင်ဆိုတာ မတရားအသတ်ခံလိုက်ရတဲ့သူကိုပြောတာပါ.. သူတို့မဟုတ်ပါဘူးဆိုတာက သူတို့က မတရားသတ်ခံလိုက်ရတယ်ဆိုပေမယ့် သင်္ဘောပေါ်က လူတွေအကုန်လုံးကို ဒုက္ခပေးဖို့လုပ်နေတယ်လို့ မြင်လို့ ယွိစစ်ကျယ်က စီစီတို့သုံးယောက်ကို သားကောင်လို့ မသတ်မှတ်သလို ပြောလိုက်တာပါ.. သူတို့ကသားကောင်တွေမဟုတ်ပဲ သင်္ဘောပေါ်ကလူတွေက သူတို့ရဲ့သားကောင်တွေလိုမျိုးဖြစ်နေတယ်)


အနည်းဆုံးတော့ ဖန့်ချူကလည်း ဖျော်ဖြေရေးလောကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့် သူ့ရဲ့ မတူညီတဲ့အတွေးခေါ်စွမ်းရည်တွေက သိပ်တော့မဆိုးလှပါဘူး။ ဖြစ်နိုင်ချေကို တွေးမိလိုက်တဲ့အခါ သူ့အမူအယာတွေ နက်မှောင်လာတော့တယ်။


စီစီ သေဆုံးခဲ့တာ ကြာခဲ့ပြီ.. ဒီတော့ ဒီညမှာရှိတော့ စီစီက သူမဟုတ်ခဲ့ဘူး။


လီလီနဲ့အန်နာတို့လည်း အသတ်ခံခဲ့ရပြီး တစ်စုံတစ်ခုက သူတို့ရဲ့အသွင်တွေအဖြစ် ပြောင်းလဲလိုက်တာပဲ။ တစ်ယောက်က ယွိစစ်ကျယ်ကို မျှားထုတ်ဖို့ တာဝန်ယူထားပြီး နှစ်ယောက်ကတော့ ကျောင့်ကျီရွေ့ကို လက်စားချေဖို့တာဝန်ယူထားကြတာပဲ။


ပဟေဠိအပိုင်းအစလေးတွေက အတူတကွစုစည်းသွားကြပြီ။ ဖန့်ချူနဲ့ ယွိစစ်ကျယ်တို့ကို ဒီနေရာမှာရှိနေစေတာကလည်း သူတို့ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ ဖန့်ချူက ယွိစစ်ကျယ်ကို ကြည့်ပြီးပြောလိုက်တယ်။ "ကျွန်တော်တို့ ပြန်သင့်ပြီ"


စီစီက သားကောင်ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ အပေါ်ထပ်က ဟောခန်းမထဲကမှာ လူမဟုတ်တဲ့ အရာနှစ်ခုရှိနေတုန်းပဲ။ ပြီးတော့ ကျောင့်ကျီရွေ့အပါအဝင် အပြစ်မရှိတဲ့လူတွေအများကြီး ရှိနေသေးတယ်။ စီစီက လက်စားချေရုံပဲဆိုရင်တောင် ဒါက လူတိုင်းကို အန္တရာယ်ထဲဆွဲထည့်လို့ရတယ်ဆိုတဲ့ ဆင်ခြေမဟုတ်ဘူး။


ယွိစစ်ကျယ် ခေါင်းငြိမ့်လိုက်တယ်။ သူ့မျက်ဝန်းတွေကတော့ အနည်းငယ် ခက်ထန်လို့နေတယ်။


ဒါပေမယ့်လည်း သူတို့နှစ်ယောက် အခန်းထဲက ထွက်လာလိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့တဲ့ အလောင်းက အစိတ်အပိုင်းတွေ ရုတ်တရက် စလှုပ်ရှားလာကြပြီး အလျင်အမြန်ပဲ လူတစ်ဦးပုံအတိုင်း အပိုင်းပိုင်းဆက်သွားတော့တယ်။ ဖန့်ချူပြောနိုင်တာက သူတို့တွေက တူညီတဲ့ခန္ဓာကိုယ်တွေက လာတာမဟုတ်ကြဘူးဆိုတာပဲ။ အဲ့ဒီအရာတွေရဲ့ လက်မောင်းနဲ့ ခြေထောက်တွေက မတူညီကြဘူး။ ပြီးတော့ လည်ပင်းနဲ့ခေါင်းနဲ့ဆက်ထားတဲ့အပိုင်းမှာလည်း ဟနေသေးတယ်။ ပါးစပ်က သွေးစွန်းနေကာ တစ်ကိုယ်လုံးကိုကြည့်ရတာ ကျပန်းဆက်လိုက်တဲ့ အသားပုံကြီးလိုပဲ။ မျက်နှာမှာတော့ ချစ်စရာကောင်းအောင် ရှက်ရွံ့ပြနေတဲ့ အပြုံးတစ်ခုက ရှိနေဆဲ။


ကောင်မလေးတွေရဲ့အသံက အဝေးက လာတဲ့အသံလိုမျိုး"မသွားရဘူး.. ဒီမှာနေပြီး ငါနဲ့ခဏလောက် အဖော်ပြုပေးလို့မရဘူးလား"


ဒါက သေချာပေါက်ကို အဆင့်အတန်းရှိတဲ့ သရဲကားတစ်ခုက ဇာတ်ဝင်ခန်းတစ်ခုပဲ။ ဖန့်ချူရဲ့အမူအယာက လေးနက်လာကာ သူက တွေးလိုက်တယ်။ 'အဆုံးမှာတော့ သူမလာနေတုန်းပဲ'


ယွိစစ်ကျယ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ ကိုယ်ကိုလှည့်ပြီး ကောင်မလေးကိုကြည့်လိုက်တယ်။

"ငါတို့ အပေါ်ထပ်ကို သွားမှဖြစ်မယ်ဆိုတာ မင်းသိပါတယ်"


"ဘာလို့လဲ" စီစီက သူမခေါင်းကို စောင်းပြီးပြောတယ်။ ဒါပေမယ့် သူမခေါင်းကို လည်ပင်းပေါ်တင်ထားရတာဖြစ်လို့ အဲဒီလှုပ်ရှားမှုက သူမခေါင်းကို လည်ပင်းနဲ့ကွဲကွာသွားလုနီးဖြစ်သွားပြီး ပါးလွှာတဲ့အမျှင်လေးတွေက ထိုအရာနှစ်ခုကို အတူတကွ ထိန်းထားခဲ့တယ်။ သူမက မှားယွင်းနေတယ်လို့ ခံစားရကာ ပြောလိုက်တယ်။


"ငါနင်တို့နှစ်ယောက်ကို ဘာမှတောင်မလုပ်ပါဘူး.. နင်တို့ငါ့ကို ခဏလောက်ပဲ အဖော်ပြုစေချင်ရုံပါ.. တကယ့်ခဏလေး"


သူမက ဒါကိုပြောပြီး ယွိစစ်ကျယ်ကို စိုက်ကြည့်လိုက်တယ်။ သူ့ကို တော်တော်ကြောက်ရွံ့နေပုံပဲ။


ယွိစစ်ကျယ်က ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး သူ့အကြည့်တွေက ထက်ရှနေတယ်။ "မင်းမလုပ်တာလား ဒါမှမဟုတ် မလုပ်ရဲတာလား"


စီစီ ပြောစရာစကားမဲ့သွားတယ်။

ဖန့်ချူလည်းပဲ ဘာပြောရမှန်းမသိဖြစ်သွားတာပါ။ ယွိစစ်ကျယ်က သရဲတွေကိုတောင် မျက်နှာသာမပေးဘူးပဲ။ သူက အားနည်းသူတစ်ယောက်က ဘယ်လိုနေရမယ်ဆိုတာ နားမလည်ဘူး။

(TN - ယွိစစ်ကျယ်က မောက်မာလို့ သရဲထက် အားနည်းနေတဲ့အချိန်မှာတောင် သရဲကို မျက်နှာမပေးပဲ အထက်စီးကပြောနေလို့ ဘဲဘဲကြီးကို အားနည်းတဲ့လူတစ်ယောက်က ဘယ်လိုနေရမယ်မှန်း မသိဘူးလို့ ဖန့်ဖန့်ကတွေးတာပါ)

စီစီရဲ့မျက်နှာက ခဏလောက် တောင့်တင်းနေခဲ့ပြီး သူမက ရက်စက်ကြမ်းကြုတ်သူကြီး တစ်ယောက်လို အမူအယာဖြစ်အောင် အံကြိတ်ကာ သူတို့ကို ခက်ထန်စွာ စိုက်ကြည့်လာတယ်။

"နင်တို့အခုပြန်ကြရင်တောင် အရမ်းနောက်ကျသွားပြီ.. ဟမ့်"

ယွိစစ်ကျယ်ရဲ့ မျက်ခုံးတစ်ဖက် မြင့်တက်သွားပြီး

"အဲလိုလား"

ပြောပြီးတော့ သူက ဒေါပွနေတဲ့မိန်းကလေးကို အပြည့်အဝလျစ်လျူရှုရင်း လှည့်ပြန်လိုက်တယ်။

ယွိစစ်ကျယ်သွားတော့မှာကို မြင်လိုက်တဲ့နောက်မှာ စီစီ စိုးရိမ်သွားတယ်။ သူမက ကမူးရှူးထိုးနဲ့ ယွိစစ်ကျယ်ကို တဟုန်ထိုးတိုက်ခိုက်လာကာ သူထွက်သွားမှာကို တားဆီးချင်နေတယ်။


ယွိစစ်ကျယ်က နောက်ကိုလှည့်မကြည့်ပဲ အမှတ်မထင် စီစီရဲ့တိုက်ခိုက်မှုကို ကိုယ်ကိုလှည့်ပြီးရှောင်တိမ်းလိုက်တယ်။ ပြီးတော့ သူက လက်သီးကိုမြှောက်ကာ သူမရဲ့လည်ပင်းပေါ်ကို ထိုးချလိုက်တယ်။ ထိုးချက်က အသံမထွက်ပဲ စီစီ့ခန္ဓာကိုယ်ကို တိုက်ရိုက်ပဲ ဆွဲစုတ်သွားတယ်။ သူမခြေလက်တွေက နေရာအနှံ့ ပြန့်ကျဲသွားတယ်။


စီစီသူ့ကိုကြည့်လာကာ သူမမျက်လုံးတွေက တဖြည်းဖြည်း နီရဲလာတယ်။ သူမက စိတ်တိုပြီး ဝမ်းနည်းနေခဲ့ကာ သူမအမူအယာကတော့ ရက်စက်ကြမ်းကြုတ်လာတယ်။ သူမက ကျယ်လောင်စွာအော်ငိုပြီး"ဘာလို့ ပြန်သွားချင်ရတာလဲ.. ဘာလို့ မနေချင်တာလဲ.. နေပါ"


သူမအော်ငိုလိုက်တာနဲ့ အခန်းထဲက အရေတွက်နိုင်တဲ့ အလောင်းတွေအကုန်လုံး စတင်လှုပ်ရှားလာကြတယ်။


မကြာခင်မှာပဲ စီစီတစ်, စီစီနှစ်, စီစီသုံး.. ဒါဇင်ကျော်တဲ့စီစီတွေ ခန္ဓာကိုယ်အပုံကြီးဆီကနေ ထရပ်လာကြတယ်။


ကြောက်စရာကောင်းတဲ့အပြုံးက သူတို့မျက်နှာထက်မှာ ချိတ်ဆွဲလျက်သား။ ပြီးတော့ မျက်လုံးပေါက်တွေကနေလည်း သွေးမျက်ရည်တွေ ကျဆင်းနေတယ်။ မျက်နှာတိုင်းက တစ်ချိန်တည်းမှာပဲ ဖန့်ချူနဲ့ယွိစစ်ကျယ်ကို ပြုံးပြလာကြပြီး သူတို့ရဲ့ သွားစွယ်တွေကို တခစ်ခစ်ရယ်ရင်း လှစ်ဟပြလာတယ်။"မနေနိုင်ဘူးလား"


ဖန့်ချူရဲ့မျက်နှာကတော့ ကြောက်ရွံမှုကြောင့် အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ချီး! သူတို့တွေက သူတို့ရဲ့ နောက်ဆုံးသောလှုပ်ရှားမှုကို အသုံးချနေတဲ့လက္ခဏာတွေကို ပြသနေတယ်။ ပြီးတော့ သူတို့က သူနဲ့ယွိစစ်ကျယ်ထက် အရေအတွက်ပိုများနေတယ်။


သူက သူ့လက်တွေကို မြှောက်ပြီး ပြောလိုက်ခါနီး"ငါအရှူံးပေးပါတယ်.. ငါမသွားတော့ဘူးလေ.. ဒါပေမယ့် မင်းလက်စားချေချင်တာပဲဖြစ်ဖြစ် ပြန်တိုင်ချင်တာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး.. "ဒါပေမယ့် သူအဲလိုမလုပ်ရသေးခင် ယွိစစ်ကျယ်က တက်ကြွစွာ လှုပ်ရှားနှင့်နေပြီ။


ယွိစစ်ကျယ်ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လွန်းပြီး ပကတိမျက်လုံးကသာ ကြည့်နေနိုင်မှာ။ သူကဖန့်ချူရဲ့အမြင်မှာ မှုန်မှုန်ဝါးဝါးလေးတစ်ခုအဖြစ်သာ ရှိနေတယ်။ ယွိစစ်ကျယ်က စီစီအုပ်စုကြီးကို ဆုတ်ဖြဲပစ်လိုက်ဖို့ သူ့ရဲ့ ဗလာကျင်းတဲ့ လက်သီးတွေကလွဲပြီး ဘာကိုမှမသုံးခဲ့ဘူး။ ထိုအရာတွေက အသားပုံကြီးတစ်ပုံ ထပ်ဖြစ်သွားတော့တယ်။


စက္ကန့်ဒါဇင်ပိုင်း ဒါမှမဟုတ် အဲ့ထက်နည်းနည်းပိုရုံလောက်သာ ရှိသေးတယ်။(စက္ကန့်ပိုင်းလေးအတွင်း အသားပုံကြီး ပြန်ဖြစ်သွားတယ်)


ဖန့်ချူ ပြောစရာစကားမဲ့သွားတယ်။ သူထင်တာ သူတို့တွေ နည်းနည်းတော့ ခံနိုင်ရည်ရှိလိမ့်မယ်လို့ပေါ့။ ဒါပေမယ့် ပမာဏက အရည်အသွေးမဟုတ်ဘူးလေ။ မိုးစက်တွေ အားနည်းချိန်မှာ အလင်းက တကယ်ကို အားကြီးပြီးတော့ သူတို့တွေ သေဆုံးသွားသည့်တိုင်အောင် အားနည်းနေတုန်းပဲ.. အားနည်းတဲ့အရာတွေက ထာဝရ အားနည်းတဲ့အရာတွေအဖြစ်ပဲ ပျက်စီးသွားရမှာပဲ..။


ယွိစစ်ကျယ်က အဲ့ဒီနေရာမှာပဲ အေးစက်စွာရပ်နေပြီး အနည်းငယ်မနှစ်မြို့စွာနဲ့ သူ့ရှပ်အင်္ကျီအနားနဲ့ လက်ပေါ်က သွေးစတွေကို သုတ်ပစ်နေတယ်။


ကြမ်းပြင်ပေါ်က ကောင်မလေးရဲ့ခေါင်းကငိုကြွေးနေခဲ့တယ်။


မြင်ကွင်းကသာ သွေးတွေလွှမ်းမနေဘူးဆိုရင် အကြင်နာကင်းမဲ့တဲ့လူကြီး ထွက်မသွားခင်ဖြစ်ခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုနဲ့တောင် ဆင်တူနေတယ်။


အဲဒါက ဖန့်ချူ ဒီထက်ပိုပြီး သည်းမခံနိုင်တော့တဲ့အချက်ပဲ။


" ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ငါတို့သေချာမသိပေမယ့် စိတ်ချပါ.. ငါတို့တွေအခုသိသွားပြီဆိုတော့ သေချာပေါက် ဒီကိစ္စတွေကနေ ရှောင်ပြီးဘေးထွက်ထိုင်နေမှာမဟုတ်ဘူး.. ရာဇဝတ်ကောင်တွေက အမြဲတမ်း တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မယ်"


နတ်ဆိုးသရဲတွေက အပေါ်ထပ်မှာ ကြုံရာကျပန်း လူစသတ်နေကြလောက်ပြီ.. လူတိုင်းရဲ့လုံခြုံမှုက အန္တရာယ်ကျရောက်လို့နေပြီ။ သူတို့ဒီမှာဆက်ပြီး နေလို့မရတော့ဘူး။ ဒါပေမယ့် ကောင်မလေးက သူတို့ပြောစကားကို နားထောင်ဖို့ ခေါင်းမာနေခဲ့တယ်။ သူမက ပိုပြီးတော့တောင် ကျယ်လောင်စွာ အော်ငိုလာပြီး မျက်လုံးတွေကနေ သွေးရည်တွေစီးကျလာတာ အခန်းကိုနစ်မြုပ်တော့မတတ်ပင်။


ဖန့်ချူ သက်ပြင်းချကာ လှည့်ပြန်ခဲ့လိုက်တယ်။ ဒါပေမယ့် သူဝေးဝေးမသွားရသေးခင်မှာပဲ အေးစက်တဲ့လေညှင်းတစ်ခုကို ခေါင်းနောက်ကနေ ရုတ်ချည်းခံစားလိုက်မိတယ်။


သူက ရှုပ်ထွေးစွာလှည့်ကြည့်လိုက်ပြီး သူ့နောက်ကနေ လက်တစ်ဖက်ပေါ်လာတာကို မြင်လိုက်ရတယ်။ ထိုလက်က ချွန်ထက်တဲ့ဓားမြောင်တစ်ခုကို ကိုင်ကားပြီး သူနဲ့လက်မအနည်းငယ်အကွာလေးမှာ..။ ယွိစစ်ကျယ်ရဲ့လက်မောင်း ဝင်ရောက်လာကာ ကောင်မလေးရဲ့လည်ပင်းကို ဖမ်းကိုင်လိုက်တော့ သူမက သူတို့ကို နီရဲပြီး မုန်းတီးနေတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်နေတော့တယ်။ ယွိစစ်ကျယ်သာ အချိန်မှီ မလှုပ်ရှားဘူးဆိုရင်...

ဖန့်ချူကို ချွေးအေးတွေလောင်းချလိုက်သလိုပင်...

ယွိစစ်ကျယ်က ကောင်မလေးရဲ့လည်ပင်းကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး မျက်ဝန်းတွေက အေးစက်လို့..။

ယွိစစ်ကျယ်ရဲ့လှုပ်ရှားမှုတွေက အစောပိုင်းမှာ အနည်းငယ်ပျင်းရိပြီး အမှတ်မထင်ပုံစံမျိုးဖြစ်တယ်ဆိုရင် အခုက သူ့ရဲ့ ပြင်းထန်တဲ့သတ်ဖြတ်လိုမှု ရည်ရွယ်ချက်ကြီးက လုံးဝကိုထင်းရှာလာတာ။

(TN - စောစောက သရဲမအုပ်စုနဲ့ တစ်ကိုယ်တော်ချနေတုန်းက ပျင်းတိပျင်းရော အေးဆေးချခဲ့ပေမယ့် အခုဖန့်ဖန့်လေးကို ထိတောခါနီးဖြစ်သွားတာမို့ သတ်ဖြတ်ချင်စိတ်တွေ ပြင်းထန်နေတာ ထင်းရှာလာတယ်လို့ ပြောတာပါ.. တကယ် protective typeကြီး)

ယွိစစ်ကျယ်ရဲ့ အနက်ရောင်မျက်ဆံတွေက မကုန်ဆုံးနိုင်တဲ့ချောက်နက်ကြီးလိုဖြစ်နေပြီး သူ့အသံမှာ နွေးထွေးမှုတစိုးတစိမှမရှိပဲ

"အစကတော့ ပြီးသွားရင် ငါပြန်လာပြီး မင်းနဲ့ညှိနှိုင်းဖို့လုပ်ထားတာ......."

ယွိစစ်ကျယ်ရဲ့မျက်နှာထားက ပူပန်သောကတွေနဲ့ ရှုံ့တွနေပြီး သူမလက်ထဲက ထိုဓားမြှောင်မှာ ကြမ်းပြင်ပေါ်ကို ကျသွားရတော့တယ်။ သူမက ယွိစစ်ကျယ်ရဲ့လက်မောင်းကို အသည်းအသန်ဆုပ်ကိုင်လိုက်ပြီး သူမနောက်က ပြန့်ကျဲနေတဲ့ အလောင်းတွေကလည်း ပြဿနာတွေဖန်တီးဖို့ ထပ်ပြီးလှုပ်ရှားလာတယ်။ ဒါပေမယ့်လည်း သူမက ရုတ်တရက် လောင်ကျွမ်းခံလိုက်ရပုံပေါ်ပြီး သွေးစွန်းနေတဲ့ အော်သံတစ်ခုထွက်ကျလာတယ်။ ကျန်ရှိနေတဲ့ အလောင်းတွေကလည်း ငြိမ်သက်သွားကာ ရှုံးနိမ့်မှုနဲ့အတူ လှုပ်ရှားမှုတွေရပ်တန့်သွားတယ်။

သူမမျက်လုံးတွေက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်လာပြီး ယွိစစ်ကျယ်ကိုကြည့်ကာ ဗလုံးဗထွေးပြောတယ်။"ငါ နင်တို့ကို ဒီမှာနေစေချင်ရုံလေးပါ.. အပေါ်ထပ်ကို မသွားကြပါနဲ့.. သူကသေသင့်တယ်..သူသေသင့်တယ်--"

သူမအသံက စူးရှထက်မြိနေပြီး အဲတာက သေခါနီးငိုကြွေးခြင်းလိုပဲ..။

ဒါပေမယ့် ယွိစစ်ကျယ်က မလှုပ်ရှားပဲရှိနေတယ်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ အေးစက်ပြီး အနည်းငယ် အညှာတာမဲ့စွာ ပြုံးပြတယ်။

"မင်းကို ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်းထဲမှာ ထည့်ရေတွက်မထားသေးဘူး.. သူသေသင့်တယ် မသေသင့်ဘူးဆိုတာကို ရဲတွေဆုံးဖြတ်ကြလိမ့်မယ်.. မင်းရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး.."

သူမက သူ့ရဲ့ဖမ်းချူပ်မှုကနေ လွတ်မြောက်ဖို့ကြိုးစားရုန်းကန်နေတာကို ယွိစစ်ကျယ်က အလျှော့မပေးသေးပါဘူး..။ သူမမှာ အကြောင်းပြချက်အားလုံး ပျောက်ဆုံးသွားခဲ့ပြီ... ပြီးတော့ ကြောက်ရွံမှုနဲ့ မလိုလားမှုတွေသာ ကျန်နေရစ်တယ်။ သွေးမျက်ရည်တွေ ဖုံးလွှမ်းသွားတဲ့ မျက်နှာကြီးနဲ့ သူမက အော်ဟစ်လာတယ်။

"ဘာလို့ ငါမဆုံးဖြတ်နိုင်ရတာလဲ.. သူက ငါ့ကိုသတ်တာလေ! သူတို့တွေ..... ငါ့ကိုနှိပ်စက်ညှင်းပန်းပြီး မုဒိန်းကျင့်ခဲ့ကြတယ်... သူက ငါ့ကို သတ်တောင်ပစ်လိုက်သေးတယ်.. ဘာလို့ ငါသူ့ကိုသတ်လို့မရရမှာလဲ.."

ယွိစစ်ကျယ်ရဲ့ နှုတ်ခမ်းကွေးလေးတွေ အပေါ်တက်သွားပြီး "မင်းမလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"စီစီက နားမလည်စွာကြည့်လိုက်တယ်"ဒါပေမယ့် နင်ပြောတာက.."

ယွိစစ်ကျယ်က ဂရုမစိုက်စွာပြောတယ်

"မင်းသာ လုံလုံလောက်လောက် အင်အားရှိနေသ၍ သူ့ကိုသတ်ရုံတင်မကဘူး ငါ့ကိုပါသတ်ပြီး လူတိုင်းကိုသတ်ရင်ရော မဖြစ်နိုင်ဘူးလား.. ဒါပေမယ့်..... မင်းလုပ်နိုင်လား"

စီစီက ပြောစရာစကားမဲ့သွားတယ်။

ဖန့်ချူက သူမကို စိတ်ပျက်လက်ပျက်နဲ့ အသက်မဲ့စွာကြည့်ပြီး သူ့နှလုံးသားမှာ နာကျင်လာတယ်။ အကယ်၍ သူမက သူ့ကိုပစ်မှတ်ထားချင်ခဲ့တယ်ဆိုရင်တောင် သူမစကားလုံးတွေက ရင်တွေကွဲစေတယ်။ ဖန့်ချူက ဘယ်တုန်းကမှ သူ့ကိုယ်သူ ယုတ္တိမရှိမှန်းသိလျက်နဲ့ ဇွတ်ခေါင်းမာတတ်တဲ့လူလို့ မထင်ထားခဲ့ပေမယ့် သူ့ရဲ့ကြင်နာတတ်မှုတွေက ယွိစစ်ကျယ်ဆီကနေ သယ်ယူလာမိလာဖြစ်မယ်။

ဖန့်ချူပြောလိုက်တယ် "ဒါကို ဒီတိုင်းပဲ ထားခဲ့လိုက်ရင်ရော ဘယ်လိုလဲ.."

သူမကို သိက္ခာရှိရှိ သေဆုံးမှုလေး ပိုင်ဆိုင်ခွင့်ပေးလိုက်ပါ..။ (TN - စီစီ မုဒိန်းကျင့်ပြီး သေသွားခဲ့ရတာကို မဖော်ထုတ်ဖို့ ပြောတာထင်တယ်..)

ယွိစစ်ကျယ်က ကြည့်မလာပဲနဲ့ ဂျွတ်ကနဲမြည်သံနဲ့အတူ စီစီ့လည်ပင်းကို ချိုးလိုက်တော့တယ်။ သူမက အခုလေးတင် အပိုင်းပိုင်းဆက်ထားခဲ့တယ်ဆိုပေမယ့် ယွိစစ်ကျယ်ရဲ့ လက်ထဲမှာတော့ အာလူးချောင်းလေးတစ်ခုလို အမှုန့်ဖြစ်အောင် ချေမွခံလိုက်ရဆဲပဲ...။

သူမရဲ့ ပြန့်ကျဲနေတဲ့ ခန္ဓာအစိတ်အပိုင်းတွေက ကြမ်းပြင်ပေါ်မှာ တရွေ့ရွေ့နဲ့ခက်ခဲစွာသွားနေကြပြီး ဒီတစ်ခါမှာတော့ အတူတကွ ပြန်ဆက်မသွားခဲ့တော့ဘူး။ သူမရဲ့အသက်မဲ့နေတဲ့မျက်လုံးတွေနဲ့ သူတို့ကိုကြည့်ကာ နူးညံ့စွာရှိုက်ငိုရင်း

"ဖေဖေ, မေမေ, ကိုကို... သမီးအိမ်ပြန်ချင်တယ်.."

--------------------☄☄☄--------------------

စီစီ့ကို သနားလွန်းလို့ မျက်ရည်ပါဝဲတယ်.. တကယ်သနားစရာလေး..

ဘာသာပြန်ထားတာတွေ ထောက်နေရင် တကယ်အားနာပါတယ်.. ဒါက ပထမဆုံးဖြစ်လို့ အတတ်နိုင်ဆုံး စကားလုံးတွေရွေးချယ်ထားပေမယ့် အတွေ့အကြုံမရှိတာကြောင့် တလွဲတွေပါသွားရင် တောင်းပန်ပါတယ်ရှင်.. နားလည်သူများပါရင် ထောက်ပြပေးကြပါဦး..

အိမ်မှာ အမေကြီးအသည်းအသန်ဖြစ်နေလို့ မနက်ထဲက ရေးပေးဖို့ဟာ အခုညကို ရောက်သွားတာပါ..

ကျွန်မက စာရေးရင် တစ်ရက်ကို အပိုင်းတစ်ဝက်ပဲ ပြီးအောင်ရေးနိုင်တာဆိုတော့ ဟိုနေ့ကလို တစ်ပိုင်းကို Aနဲ့Bခွဲပြီး ပြီးသလောက်စီ တင်ပေးရမလား .. ဒါမှမဟုတ် ခါတိုင်းလိုပဲ တစ်ပိုင်းပြီးမှ အပြည့်တင်ရမလား ဖြေပေးဦးနော်.. 💖 

Continue Reading

You'll Also Like

HIKMAH By Ta masu gari

Mystery / Thriller

124K 13.8K 50
HIKMAH.... The limping lady
168K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
146K 26.8K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
10.9K 2K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...