ရပ်နား / သဘာဝလွန်လောကထဲမှာ ချ...

Por cof-fee_cilla

31.3K 5.1K 193

Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, A... Más

Description
Chapter 1 : My Ex-boyfriend
Chapter 2 : Reunion
Chapter 3 : Rainbow Farts
Chapter 4 : The Murderer
Chapter 5 : Ghost? (B)
Chapter 6 : Come!
Chapter 7 : He Died (A)
Chapter 7 : He Died (B)
for Part 8
Chapter 8 : Identity
Part 9 : Returning Home
Part 10 : Date (A)
Part 10 : Date (B)
Chapter 10 : Date (C)
Chapter 11 : Mishap (A)
Chapter 11 : Mishap (B)
Chapter 12 : Why Should It? (A)
Chapter 12 : Why Should It? (B)
part 13 ..
Chapter 13 : Summoning Spell (A)
Chapter 13 : Summoning Spell (B)
Update
Chapter 14 : Secret (A)
Chapter 14 : Secret (B)
Chapter 15 : He Came (A)
Chapter 15 : He Came (B)
Chapter 16 : Dealing With It (A)

Chapter 5 : Ghost? (A)

998 251 5
Por cof-fee_cilla

Zawgyi
.
.
.
ထိုေျပာစကားက လီလီနဲ႔အန္နာတို႔ နားထဲကို မိုးၿခိမ္းသံလိုမ်ိဳး က်ေရာက္သြားခဲ့တယ္။

ဒါက ဖန႔္ခ်ဴကိုပါ ေရွာ့ရသြားေစၿပီး လက္ေတြ႕မွာ အသက္ရႉဖို႔ေတာင္ ေမ့ေလ်ာ့သြားခဲ့တယ္။

သူမက အရင္တုန္းတည္းက ေသသြားခဲ့ၿပီးၿပီ.. ဒါက ဘာကိုဆိုလိုတာလဲ.. ဒါျဖင့္ရင္ သူတို႔ေတြေတြ႕ခဲ့တဲ့ စီစီက ဘာႀကီးလဲ။

သူ႔ေက်ာ႐ိုးတစ္ေလွ်ာက္ ေအးစိမ့္သြားတယ္။ ဒီမတိုင္ခင္တုန္းက လူတိုင္း တေစၦသရဲဒ႑ာရီေတြကို ၾကာဖူး႐ုံသာရွိခဲ့ၿပီး ထိုအရာေတြတကယ္မရွိမွန္းလဲ လူတိုင္းသိၾကတာပဲ။ ဒါေပမယ့္ ေက်ာင့္က်ီေ႐ြ႕ရဲ႕ အမူအယာအပါအဝင္ အခုညမွာျဖစ္ပ်က္သမွ်ေတြကေတာ့ ေသခ်ာေပါက္ ရယ္စရာဟာသတစ္ခုေတာ့ ျဖစ္ဟန္မတူဘူး။

လီလီ့မ်က္ႏွာက ျဖဴေလ်ာ္လာၿပီး ခဏအၾကာ သူမက ေတာင့္ေတာင့္ႀကီးၿပဳံးလိုက္တယ္။

"မစၥတာေက်ာင့္ မေနာက္ပါနဲ႔.. ဘယ္လိုလုပ္ၿပီး စီစီကေသၿပီးသား ျဖစ္မွာလဲ.. မဟုတ္ဘူးေလ.. သူက အခုေလးတင္ ေသသြားတာ.. ဒီမတိုင္ခင္တုန္းက သူကလုံးဝကို အေကာင္းအတိုင္းပဲ...."

စီစီ့မွာ ေသြး, ကိုယ္ခႏၶာလည္းရွိၿပီး စကားလည္းေျပာႏိုင္ ၿပဳံးလည္းၿပဳံးႏိုင္ေသးတာ။ ၿပီးေတာ့ သူမတို႔ေတြ လက္ေတြေတာင္ ကိုင္ထားခဲ့ၾကေသးတာ။ အဲလိုမ်ိဳး skin to skinထိေတြ႕မႈက သူမက သရဲတစ္ေကာင္မဟုတ္ဘူးလို႔ ေသခ်ာေပါက္ဆိုလိုေနတာပဲေလ။

သရဲေတြဆိုတာ ေအးစက္ေနသင့္ၿပီး လက္ဆုပ္လက္ကိုင္ျပလို႔ေတာင္ မရဘူး.. ဒ႑ာရီေတြထဲမွာ ဒီလိုပဲ ေျပာထားတာပဲမဟုတ္လား။ သူမတို႔ေတြ တစ္ညလုံး ဆက္ဆံေျပာဆိုေနခဲ့ၾကတာဆိုေတာ့ စီစီက ပုံမွန္အသက္ရွင္ေနတဲ့လူတစ္ေယာက္ဆိုတာ သူမအာမခံႏိုင္ပါတယ္။ ၿပီးေတာ့လည္း သေဘၤာေပၚမွာ လူေတြအမ်ားႀကီးရွိေနခဲ့တာပဲ ဒီေတာ့ စီစီသာတစ္ခုခုမွားယြင္းေနတယ္ဆိုရင္ ေစာေစာထဲက ရွာေတြ႕ႏိုင္တယ္ေလ။ စီစီက သရဲတစ္ေကာင္ကို ေခၚလိုက္ႏိုင္တယ္ဆိုရင္ေတာင္ လူေတြနဲ႔ တေစၦသရဲေတြၾကားက ကြာျခားခ်က္က ဘာလဲ?

အန္နာက တုန္ယင္စြာ ထပ္ေပါင္းေျပာလိုက္တယ္။

"အေသခ်ာပဲ.. ဘယ္လိုလုပ္ စီစီက အရင္ထဲကေသၿပီးသား ျဖစ္ရမွာလဲ.. သူက အခုေလးတင္ တစ္ေယာက္ေယာက္သတ္တာခံလိုက္ရတာေလ.. ဟုတ္တယ္ေနာ္.. သူမက ရွင္သူမကို ဖိတ္ထားတာလို႔ေတာင္ ေျပာခဲ့ေသးတာ.. သူကေျပာေသးတယ္ ရွင္က သူ႔ကိုသေဘာက်ေနၿပီး အေရးႀကီးပုဂၢိဳလ္ေတြနဲ႔ မိတ္ဆက္ေပးဖို႔ စီစဥ္ထားေသးတယ္တဲ့.. ေနာက္ဆုံးအႀကိမ္ ကြၽန္မတို႔ေတြ သူ႔ကိုေခၚလာတုန္းက ရွင္သူနဲ႔တစ္ညမေနလိုက္ဖူးလား..??"

သူမတို႔ေတြက စီစီက ေက်ာင့္က်ီေ႐ြ႕သေဘာက်ခံလိုက္ၿပီးၿပီလို႔ ထင္ခဲ့ၾကၿပီး စီစီဒီေပၚကို ဘယ္လိုလာခဲ့တယ္ဆိုတာ သံသယမျဖစ္ခဲ့ၾကတာေၾကာင့္ စီစီေသၿပီးသားမဟုတ္ခဲ့တာ ေသခ်ာေနတယ္။

မေမွ်ာ္လင့္ထားပဲ ေက်ာင့္က်ီေ႐ြ႕က ဒါကိုၾကားလိုက္တဲ့အခါ သူ႔မ်က္လုံးေတြ ႐ုတ္တရက္ နီရဲလာၿပီး မ်က္ႏွာထားက ပိုၿပီးေတာင္ ေၾကာက္စရာေကာင္းလာေတာ့တယ္။ သူ႔ကိုၾကည့္ရတာ နည္းနည္းေၾကာက္ေနသလိုေတာင္ ျဖစ္ေနၿပီး သူက
"ဒါက မင္းတို႔ကို သူေျပာခဲ့တာေပါ့"
သူမတို႔‌ ေခါင္းၿငိမ့္လိုက္ၿပီး
"အဲတာမို႔ ရွင္ခုနေျပာလိုက္တာ ကြၽန္မတို႔ကို ေျခာက္ဖို႔အတြက္..ဟုတ္တယ္မလား.."

မင္းတို႔ကိုေျခာက္ဖို႔?? ငါက မင္းတို႔ကို ေျခာက္လွန႔္ၿပီး ဟာသလုပ္ရေလာက္ေအာင္ တန္တယ္လို႔ ထင္ေနၾကတာလး.. ဒီလိုအခ်ိန္ႀကီးမွာေလ.. ?!

သူမတို႔ေတြက သူ႔ရဲ႕ေနာက္ဆုံးလက္က်န္ ေကာက္႐ိုးစေလးကို အခုေလးပဲ ဖ်က္ဆီးလိုက္ၾကတာေၾကာင့္ ေက်ာင့္က်ီေ႐ြ႕ သူမတို႔ကို ေဟာက္ပစ္လိုက္လုနီးပါးျဖစ္သြားတယ္။
(TN - ေနာက္ဆုံးလက္က်န္ သည္းခံစိတ္ေလးကို ဖ်က္ဆီးလိုက္တာကို ေျပာတာပါ)

ဒါေပမယ့္ မယုံခ်င္စရာကိစၥရပ္ေတြ ျဖစ္ပ်က္သြားခဲ့ၿပီမို႔ ဘာက ျဖစ္ႏိုင္ေခ်ရွိေသးတာလဲ..

သူမ ျပန္လာၿပီ..

ေၾကာက္႐ြံ႕ေနတုန္းမွာပဲ ေက်ာင့္က်ီေ႐ြ႕က တစ္ခုခုကို သတိရသြားပုံနဲ႔ ေဘာ္ဒီဂတ္တစ္ေယာက္ကို အလ်င္စလို ေမးလိုက္တယ္။

"ယြိစစ္က်ယ္ ဘယ္မွာလဲ.. သူဘယ္သြားတာလဲ.. သူ႔ကိုရွာစမ္း.. ျမန္ျမန္.."

ေဘာ္ဒီဂတ္ကေျပာတယ္။
"မစၥတာယြိက လူသတ္သမားကို လိုက္ဖမ္းဖို႔ ထြက္သြားပါတယ္"

ထိုစကားေၾကာင့္ ေက်ာင့္က်ီေ႐ြ႕က ပိုၿပီးေတာင္ စိတ္ေသာကေရာက္လာတယ္။ "ဒါဆို ျမန္ျမန္__" သူက ေဘာ္ဒီဂတ္ေတြကို ယြိစစ္က်ယ္ကိုရွာဖို႔ အမိန႔္ေပးေတာ့မလို႔ ဒါေပမယ့္ ႐ုတ္တရက္ ရပ္လိုက္ၿပီး သူ႔အမူအယာေတြပါ ေျပာင္းသြားတယ္။

ခဏေနေတာ့ သက္ျပင္းခ်ကာ "ေနပါေစေတာ့"

ေဘာ္ဒီဂတ္က အလ်င္စလိုေျပာလိုက္တယ္။

"ကြၽန္ေတာ္တို႔ကို မစၥတာယြိကို သြားမရွာေစခ်င္ဘူးလးခမ်ာ.. သူက လူသတ္သမားကို ဖမ္းဖို႔ ေျပးလိုက္သြားတာ.. ဆိုေတာ့ သူက အေလာင္းနဲ႔ပတ္သတ္လို႔ တစ္ခုခုမွားယြင္းေနတာလဲ မသိေသးတာ ျဖစ္ႏိုင္ပါတယ္.. ဒါဆိုရင္ သူအႏၲရာယ္ေတာင္ ႀကဳံေနရႏိုင္တယ္.."

ေဘာ္ဒီဂတ္က ေၾကာက္႐ြံေနေပမယ့္လည္း သူက အလုပ္နဲ႔ပတ္သတ္လို႔ professionalက်တဲ့ levelတစ္ခုကို ထိန္းသိမ္းထားေသးတယ္။ (TN - ေၾကာက္ေပမယ့္လည္း သူ႔အလုပ္က ေဘာ္ဒီဂတ္ဆိုေတာ့ အႏၲရာယ္ႀကဳံရႏိုင္တာကို ေတြးမိလို႔ သြားရွာေပးခ်င္တာပါ) အေျခအေနေတြက သူတို႔စိတ္ကူးထားတာထက္ကို ေက်ာ္လြန္ေနမွန္း သူသိေနၿပီး စီစီကသာ တစ္ခုခုမွားယြင္းေနတယ္ဆိုရင္ ဒီမတိုင္ခင္က အရာအားလုံးဟာ ႀကိဳတင္ႀကံစည္ထားတာပဲ ျဖစ္ရမယ္။ ဒါေၾကာင့္ ယြိစစ္က်ယ္ကို သတင္းေပးဖို႔လိုအပ္ေနတယ္။

ေက်ာင့္က်ီေ႐ြ႕မ်က္လုံးေတြက တစ္ခ်က္လက္သြားကာ

"မလိုဘူး.. သူထြက္သြားတာ ၾကာလွေနၿပီ.. အခုေန သူ႔ကိုရွာေတြ႕ဖို႔ဆိုတာ မင္းတို႔အတြက္ ခက္ခဲမွာပဲ.. သူလည္း ေသခ်ာေပါက္ ဒီလူသတ္သမားကို ကိုင္တြယ္ႏိုင္မွာပါ.. ဒီလိုအသုံးမဝင္တာကို ေျပာေနမယ့္အစား သူျပန္လာတာကိုပဲ အရင္ေစာင့္ၾကတာ ပိုေကာင္းလိမ့္မယ္။"

ေဘာ္ဒီဂတ္က ထက္ၿပီးေျပာလိုက္ခ်င္ေပမယ့္ သူ႔ကိုယ္သူရပ္တန႔္လိုက္တယ္။ စာဖိုမႉးက ဒီသေဘၤာေပၚမွာ လုပ္လာတာ ႏွစ္ေတြအမ်ားႀကီးၾကာခဲ့ၿပီ ျဖစ္ၿပီး ေက်ာင့္က်ီေ႐ြ႕ရဲ႕ လူယုံတစ္ေယာက္လို႔ေတာင္ ဆိုႏိုင္တယ္။ ဒီစာဖိုမႉးက အမ်ားေရွ႕မွာ လူသတ္မႈကို က်ဴးလြန္တယ္ဆိုတာ လုံးဝအဓိပၸာယ္မရွိဘူး။ ဒါေၾကာင့္မို႔ အခုအေျခအေနႀကီးက အရမ္းကို ယုတၱိမတန္ဘူး။

ဒါေပမယ့္ အစကေနအဆုံးထိ ေက်ာင့္က်ီေ႐ြ႕က ဘာလို႔စာဖိုမႉးက လူသတ္တာလဲဆိုတာကို ေမးျမန္းျခင္းမရွိခဲ့ဘူး။ သူမေမးဘူးဆိုမွေတာ့ အေၾကာင္းရင္းကို သိထားလို႔ပဲ ျဖစ္လိမ့္မယ္။ ၿပီးေတာ့ သူက ယြိစစ္က်ယ္ကို သူသိထားတာေတြ ေျပာမျပခ်င္ဘူး။ ဆိုလိုတာက ေက်ာင့္က်ီေ႐ြ႕က တစ္ခုခုကို ဖုံးကြယ္ထားတယ္ဆိုတာပဲ။

စိတ္မေကာင္းစြာနဲ႔ပဲ ဒီေမးခြန္းေတြက သူ႔ရဲ႕လက္ေအာက္ခံတစ္ေယာက္အေနနဲ႔ သူေမးႏိုင္တဲ့အရာေတြ မဟုတ္ခဲ့ဘူး။

ေက်ာင့္က်ီေ႐ြ႕ရဲ႕ ရက္စက္တဲ့အၾကည့္ေတြက လီလီနဲ႔အန္နာတို႔အေပၚ က်ေရာက္လာၿပီး ေအးစက္စြာေျပာလာတယ္။

"မင္းတို႔ႏွစ္ေယာက္ ျပန္သြားတဲ့အခါ ဘာကိုေျပာလို႔ရတယ္ ဘာကိုေျပာလို႔မရဘူးဆိုတာကို သိတယ္မလား.."

ေကာင္မေလးႏွစ္ေယာက္က ေၾကာင္အအနဲ႔ အထိတ္တလန႔္ ေခါင္းၿငိမ့္လိုက္ၾကတယ္။

ေက်ာင့္က်ီေ႐ြ႕နဲ႔ အျခားသူေတြ စကားေျပာရပ္သြားၿပီး ထြက္သြားၾကဖို႔လုပ္တာကို ျမင္လိုက္ေတာ့ ဖန႔္ခ်ဴလည္း တိတ္တဆိတ္ လ်င္ျမန္စြာ ထြက္လာခဲ့တယ္။ ခန္းမထဲကို ေျခခ်မိလိုက္တာနဲ႔ သူက ေက်ာင့္က်ီေ႐ြ႕နဲ႔ အျခားသူေတြကို ေရွာင္ရွားလိုက္တယ္။

သူ႔ႏွလုံးက ခုန္ေပါက္ေနတယ္။

အခုေလးတင္ ေက်ာင့္က်ီေ႐ြ႕က သတင္းအခ်က္အလက္အမ်ားႀကီးကို ခ်ျပခဲ့တာ..

သူေျပာတာက စီစီက အရင္ကတည္းက ေသၿပီးသားႀကီးတဲ့ ဒါေပမယ့္ စီစီေသၿပီးသားဆိုတာကို သူဘာလို႔ အဲ့ေလာက္ေတာင္ ေသခ်ာေနရတာလဲ? အေျဖက ခန႔္မွန္းဖို႔ သိပ္မခက္ပါဘူး....

အဲတာေတြအားလုံးက အမွန္ေတြလို႔ ယူဆလိုက္ၿပီးေတာ့ ဒါဆိုရင္ သူအမ်ားဆုံးေတြ႕ခဲ့တဲ့ ေကာင္မေလးက လူသားတစ္ေယာက္မဟုတ္ဘူေပါ့.. သူမက လူမဟုတ္ဘူးဆိုရင္ ဘာလို႔ ထပ္ေသေနတာလဲ။ သူမရည္႐ြယ္ခ်က္ကဘာလဲ? အခုေလးတင္ လူေတြေတြ႕လိုက္ရတဲ့ လူသတ္သမားက ယြိစစ္က်ယ္ကို မွ်ားေခၚသြားတာပဲ။

အရာအားလုံးက က်က်နန စီစဥ္ထားခဲ့ပုံရတယ္။

ဒါက ယြိစစ္က်ယ္ကို ပစ္မွတ္ထားတဲ့ ေထာင္ေခ်ာက္တစ္ခုလည္း ျဖစ္ေနႏိုင္တယ္။ သူ႔(စာဖိုမႉး)ရဲ႕ရည္႐ြယ္ခ်က္က ယြိစစ္က်ယ္ကို အေဝးမွ်ားထုတ္သြားဖို႔ပဲ။ အမွန္ကိုသိထားတဲ့ ေက်ာင့္က်ီေ႐ြ႕ကလည္း ယြိစစ္က်ယ္ကို ဘာကိုမွ ေျပာျပဖို႔ အစီအစဥ္မရွိေနဘူး။ အဲဒီအစား သူက အမွန္ကို ဖုံးကြယ္ဖို႔ လုပ္ေနခဲ့ၿပီး ယြိစစ္က်ယ္ကို မျမင္ႏိုင္တဲ့ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရေအာင္ ဖန္တီးလိုက္တာပဲ။

ဒါဆိုရင္ ယြိစစ္က်ယ္က ဘယ္ကိုသြားလိုက္တာလဲ?

သူဘာကို ႀကဳံေတြ႕လိုက္ရၿပီလဲ?

ဖန႔္ခ်ဴရဲ႕ အေတြးေတြ ဝ႐ုန္းသုန္းကားျဖစ္သြားၿပီး အံႀကိတ္လိုက္တယ္။ သူက ဘယ္သူမွၾကည့္မေနတဲ့အခ်ိန္ တံခါးကေန အသာထြက္ခဲ့လိုက္တယ္။ ဒီအေၾကာင္းအရာေတြကို ယြိစစ္က်ယ္ဆီ သြားေျပာျပရမယ္။

အျပင္ဘက္ ေကာ္ရစ္ဒါက မီးေရာင္မွာ အရမ္းကို မွိန္ျပေနၿပီး ဘယ္သူမွလည္း ရွိမေနဘူး။

ဖန႔္ခ်ဴ အေတာ္ၾကာလမ္းေလွ်ာက္လိုက္ရၿပီး တိတ္ဆိတ္ေနတဲ့ ေကာ္ရစ္ဒါမွာ သူ႔ေျခသံေတြပဲ ပဲ့တင္ေနတယ္။ ေကာင္းမြန္လွတဲ့ ေကာ္ရစ္ဒါေတြက ပုံစံတူေတြျဖစ္ၿပီး အဆုံးမရွိတဲ့ ဝကၤပါႀကီးတစ္ခုလိုပဲ။ ႐ုတ္တရက္ သူရပ္လိုက္တယ္။

ခုေလးတင္ သိလိုက္ရတဲ့ ႐ုတ္ျခည္းဆန္တဲ့ ေရွာ့ရစရာသတင္းတစ္ခုေၾကာင့္နဲ႔ သူက စိတ္လိုက္မာန္ပါ ေျပးထြက္လာခဲ့တာ.. ဒါေပမယ့္အခု....... သူအရမ္းေၾကာက္လာၿပီ..

သူ႔ေရွ႕မွာ ႐ုတ္တရက္ ဝုန္းကနဲအသံတစ္ခုထြက္ေပၚလာၿပီး ၾကည့္ရတာ သေဘၤာအျပင္ဘက္က ေလျပင္းေတြေၾကာင့္ တံခါး ဒါမွမဟုတ္ ျပတင္းေပါက္ေတြကို အရွိန္ေဆာင့္ပိတ္မိတာ ျဖစ္မယ္။ ဖန႔္ခ်ဴ ေျခာက္ျခားလာတယ္.. ၿပီးေတာ့ ထြက္လာမိတာကိုလည္း ေနာင္တရလာေတာ့တယ္။

အား.. ငါက အားနည္းတဲ့လူငယ္တစ္ေယာက္ပဲေလ, ဘာကိစၥထြက္လာရတာလဲ။

စိတ္လိုက္မာန္ပါျပဳလုပ္ျခင္းက တကယ့္ကို မေကာင္းဆိုးဝါးပဲ..

အဆင္ေျပပါတယ္.. အဆင္ေျပပါတယ္.. အဆင္ေျပပါတယ္.. မေၾကာက္နဲ႔ေနာ္ မေၾကာက္နဲ႔ မေၾကာက္နဲ႔.. စီစီက တကယ္ပဲ သရဲတစ္ေကာင္ျဖစ္ၿပီး လူေတြကိုအပိုင္းပိုင္းစိတ္ပိုင္း သတ္ျဖတ္ေနကာ လိမ္ညာေနရင္ေတာင္ သူမက ေကာင္းမြန္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနတုန္းပါပဲ..။

အနည္းဆုံးေတာ့ သူတို႔ေတြက WeChatမွာ အျပန္အလွန္ addထားၾကတယ္ေလ..

(TN - ဖန႔္ဖန႔္ေလးတစ္ေယာက္ ဘဲဘဲႀကီး ဒုကၡေရာက္မွာစိုးတာနဲ႔ ဘာကိုမွမေတြးပဲ အျပင္ေျပးထြက္လာၿပီး ေတာ္ေတာ္ၾကာမွ အသိျပန္ဝင္လာၿပီး ဖင္တုန္ေအာင္ေၾကာက္ေနလို႔ သူ႔ကိုယ္သူ ႏွစ္သိမ့္ေနရွာတာ)

ဖန႔္ခ်ဴ သူ႔ကိုယ္သူ ႏွစ္သိမ့္ကာ တုန္ယင္ေနတဲ့လက္နဲ႔ သူ႔ဖုန္းကိုထုတ္ၿပီး ေစာေစာက သူပ်င္းေနတုန္းမွာ ေဒါင္းထားခဲ့တဲ့ ဗီဒီယိုအတိုေလးတစ္ခုကို ဖြင့္လိုက္တယ္။ အသံကို အဆုံးထိျမႇင့္လိုက္ၿပီး ရယ္သံေတြက မႈန္မႈိင္းၿပီး ဗလာျဖစ္ေနတဲ့ ေကာ္ရစ္ဒါတစ္ေယာက္ ျပည့္ႏွက္သြားေတာ့တယ္။

"ဟားဟားဟားဟားဟား~~နင္ငါ့ကို မမိပါဘူး~~နင္ဘာမွမလုပ္ႏိုင္ပါဘူး, ငါက အံ့ဩဖို႔ေကာင္းတယ္ေလ, ဟားဟားဟားဟားဟား~~~~"

ဖန႔္ခ်ဴက ဗီဒီယိုကို loopလုပ္ထားလိုက္ၿပီး အဲတာက မႏၲာန္ေတြကို ထပ္တလဲလဲ႐ြတ္ေနတာထက္ သာေသးတယ္

သူက အသက္ျပင္းျပင္းရႉလိုက္ၿပီး ၾကားေနရတဲ့ တစ္ခုတည္းေသာအသံက သူ႔ရဲ႕ ေနာက္ခံေတးဂီတပဲ.. . ၿပီးတာနဲ႔ သူက ေအာ္ေခၚလိုက္တယ္။

"ယြိစစ္က်ယ္.. "

ယြိစစ္က်ယ္သာ အသက္ရွင္ေနေသးတယ္ဆိုရင္ ေသခ်ာေပါက္ သူ႔အသံကို ၾကားမွာပဲ..

ကံမေကာင္းစြာနဲ႔ အဲ့ဒီအထပ္မွာ တစ္ခ်ိန္လုံး တိတ္ဆိတ္ေနခဲ့ၿပီး တုန႔္ျပန္မႈလုံးဝမရွိခဲ့ေပ။

ဖန႔္ခ်ဴက ေလွကားေတြကေန ဆင္းလိုက္ၿပီး ေအာက္ထပ္ကို ဆက္ရွာလိုက္တယ္။ ေလွ်ာက္ရင္း ေအာ္ရင္းနဲ႔ သူ႔ပတ္ပတ္လည္လည္ကိုလည္း စူးစမ္းရေသးတာ.. ဒါမွ တစ္ခုခုကို ျမန္ျမန္ထြက္ေျပးႏိုင္ေအာင္လို႔။၏

ယြိစစ္က်ယ္က အခုထက္ထိ မတုန႔္ျပန္လာေသးတာေၾကာင့္ ဖန႔္ခ်ဴမွာ ပိုစိတ္ပူလာရၿပီး အရွိန္ကိုျမႇင့္လိုက္တယ္။ တင္းက်ပ္စြာ ပိတ္ဆို႔ထားတဲ့ တံခါးတစ္ခုေရွ႕ ျဖတ္လိုက္တဲ့အခ်ိန္ ႐ုတ္ခနဲ လက္တစ္ဖက္က သူ႔ကို အထဲဆြဲသြင္းသြားတယ္။ ခ်က္ခ်င္းပဲ သူက နံရံဆီ အကပ္ခံလိုက္ရတယ္။

"အား! ... အား!" ဖန႔္ခ်ဴရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး သူ႔ေရွ႕ကလူကို ပါးစပ္အေဟာင္းသားနဲ႔ ေငးၾကည့္လိုက္တယ္။

ညီအကိုေရ.. တစ္စုံတစ္ေယာက္ကို တစ္ခုခုမျပဳလုပ္ခင္ အရင္ေျပာလိုက္ရင္ မင္းေသမွာမို႔လို႔လား.. ဒီလိုပုံစံနဲ႔ မင္းက တစ္စုံတစ္ေယာက္ကို ေသေအာင္ ေျခာက္လွန႔္ေနတာပဲကြ.. ဟုတ္ၿပီလား..?"

ဒါေပမယ့္ ညည္းညဴတာကေတာ့ ညည္းညဴ႐ုံသက္သက္သာ.. သူယြိစစ္က်ယ္ကို ျမင္လိုက္ရခ်ိန္ ဖန႔္ခ်ဴ စိတ္ေအးသြားကာ ေဒါသတႀကီးနဲ႔ "မင္း__"

သူမေျပာရေသးခင္ ယြိစစ္က်ယ္က နီးကပ္လာၿပီး ဖန႔္ခ်ဴကို စူးရွၿပီး မွင္လိုနက္ေမွာင္တဲ့ မ်က္ဝန္းေတြနဲ႔ ၾကည့္လာတယ္။ သူက ေဒါသေတြကို အနည္းငယ္မ်ိဳသိပ္ထားရပုံေပၚကာ အသံတိုးတိုးနဲ႔

"မင္းကို အဲဒီမွာေနခဲ့ဖို႔ ကိုယ္မေျပာခဲ့ဖူးလား"

--------------------☄☄☄--------------------
ဒီေန႔ေတာ့ ဒီမွာပဲ ရပ္လိုက္မယ္ေနာ္ ေနာက္ေန႔ ဆက္ျပန္ေပးပါ့မယ္..
အရမ္းအိပ္ခ်င္လာလို႔ပါ.. ဟီးဟီး..🖤


.

.

.

.

.


Unicode
.
.
.
ထိုပြောစကားက လီလီနဲ့အန်နာတို့ နားထဲကို မိုးခြိမ်းသံလိုမျိုး ကျရောက်သွားခဲ့တယ်။

ဒါက ဖန့်ချူကိုပါ ရှော့ရသွားစေပြီး လက်တွေ့မှာ အသက်ရှူဖို့တောင် မေ့လျော့သွားခဲ့တယ်။

သူမက အရင်တုန်းတည်းက သေသွားခဲ့ပြီးပြီ.. ဒါက ဘာကိုဆိုလိုတာလဲ.. ဒါဖြင့်ရင် သူတို့တွေတွေ့ခဲ့တဲ့ စီစီက ဘာကြီးလဲ။

သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားတယ်။ ဒီမတိုင်ခင်တုန်းက လူတိုင်း တစ္ဆေသရဲဒဏ္ဍာရီတွေကို ကြာဖူးရုံသာရှိခဲ့ပြီး ထိုအရာတွေတကယ်မရှိမှန်းလဲ လူတိုင်းသိကြတာပဲ။ ဒါပေမယ့် ကျောင့်ကျီရွေ့ရဲ့ အမူအယာအပါအဝင် အခုညမှာဖြစ်ပျက်သမျှတွေကတော့ သေချာပေါက် ရယ်စရာဟာသတစ်ခုတော့ ဖြစ်ဟန်မတူဘူး။

လီလီ့မျက်နှာက ဖြူလျော်လာပြီး ခဏအကြာ သူမက တောင့်တောင့်ကြီးပြုံးလိုက်တယ်။

"မစ္စတာကျောင့် မနောက်ပါနဲ့.. ဘယ်လိုလုပ်ပြီး စီစီကသေပြီးသား ဖြစ်မှာလဲ.. မဟုတ်ဘူးလေ.. သူက အခုလေးတင် သေသွားတာ.. ဒီမတိုင်ခင်တုန်းက သူကလုံးဝကို အကောင်းအတိုင်းပဲ...."

စီစီ့မှာ သွေး, ကိုယ်ခန္ဓာလည်းရှိပြီး စကားလည်းပြောနိုင် ပြုံးလည်းပြုံးနိုင်သေးတာ။ ပြီးတော့ သူမတို့တွေ လက်တွေတောင် ကိုင်ထားခဲ့ကြသေးတာ။ အဲလိုမျိုး skin to skinထိတွေ့မှုက သူမက သရဲတစ်ကောင်မဟုတ်ဘူးလို့ သေချာပေါက်ဆိုလိုနေတာပဲလေ။

သရဲတွေဆိုတာ အေးစက်နေသင့်ပြီး လက်ဆုပ်လက်ကိုင်ပြလို့တောင် မရဘူး.. ဒဏ္ဍာရီတွေထဲမှာ ဒီလိုပဲ ပြောထားတာပဲမဟုတ်လား။ သူမတို့တွေ တစ်ညလုံး ဆက်ဆံပြောဆိုနေခဲ့ကြတာဆိုတော့ စီစီက ပုံမှန်အသက်ရှင်နေတဲ့လူတစ်ယောက်ဆိုတာ သူမအာမခံနိုင်ပါတယ်။ ပြီးတော့လည်း သင်္ဘောပေါ်မှာ လူတွေအများကြီးရှိနေခဲ့တာပဲ ဒီတော့ စီစီသာတစ်ခုခုမှားယွင်းနေတယ်ဆိုရင် စောစောထဲက ရှာတွေ့နိုင်တယ်လေ။ စီစီက သရဲတစ်ကောင်ကို ခေါ်လိုက်နိုင်တယ်ဆိုရင်တောင် လူတွေနဲ့ တစ္ဆေသရဲတွေကြားက ကွာခြားချက်က ဘာလဲ?

အန်နာက တုန်ယင်စွာ ထပ်ပေါင်းပြောလိုက်တယ်။

"အသေချာပဲ.. ဘယ်လိုလုပ် စီစီက အရင်ထဲကသေပြီးသား ဖြစ်ရမှာလဲ.. သူက အခုလေးတင် တစ်ယောက်ယောက်သတ်တာခံလိုက်ရတာလေ.. ဟုတ်တယ်နော်.. သူမက ရှင်သူမကို ဖိတ်ထားတာလို့တောင် ပြောခဲ့သေးတာ.. သူကပြောသေးတယ် ရှင်က သူ့ကိုသဘောကျနေပြီး အရေးကြီးပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ထားသေးတယ်တဲ့.. နောက်ဆုံးအကြိမ် ကျွန်မတို့တွေ သူ့ကိုခေါ်လာတုန်းက ရှင်သူနဲ့တစ်ညမနေလိုက်ဖူးလား..??"

သူမတို့တွေက စီစီက ကျောင့်ကျီရွေ့သဘောကျခံလိုက်ပြီးပြီလို့ ထင်ခဲ့ကြပြီး စီစီဒီပေါ်ကို ဘယ်လိုလာခဲ့တယ်ဆိုတာ သံသယမဖြစ်ခဲ့ကြတာကြောင့် စီစီသေပြီးသားမဟုတ်ခဲ့တာ သေချာနေတယ်။

မမျှော်လင့်ထားပဲ ကျောင့်ကျီရွေ့က ဒါကိုကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေ ရုတ်တရက် နီရဲလာပြီး မျက်နှာထားက ပိုပြီးတောင် ကြောက်စရာကောင်းလာတော့တယ်။ သူ့ကိုကြည့်ရတာ နည်းနည်းကြောက်နေသလိုတောင် ဖြစ်နေပြီး သူက
"ဒါက မင်းတို့ကို သူပြောခဲ့တာပေါ့"
သူမတို့‌ ခေါင်းငြိမ့်လိုက်ပြီး
"အဲတာမို့ ရှင်ခုနပြောလိုက်တာ ကျွန်မတို့ကို ခြောက်ဖို့အတွက်..ဟုတ်တယ်မလား.."

မင်းတို့ကိုခြောက်ဖို့?? ငါက မင်းတို့ကို ခြောက်လှန့်ပြီး ဟာသလုပ်ရလောက်အောင် တန်တယ်လို့ ထင်နေကြတာလး.. ဒီလိုအချိန်ကြီးမှာလေ.. ?!

သူမတို့တွေက သူ့ရဲ့နောက်ဆုံးလက်ကျန် ကောက်ရိုးစလေးကို အခုလေးပဲ ဖျက်ဆီးလိုက်ကြတာကြောင့် ကျောင့်ကျီရွေ့ သူမတို့ကို ဟောက်ပစ်လိုက်လုနီးပါးဖြစ်သွားတယ်။
(TN - နောက်ဆုံးလက်ကျန် သည်းခံစိတ်လေးကို ဖျက်ဆီးလိုက်တာကို ပြောတာပါ)

ဒါပေမယ့် မယုံချင်စရာကိစ္စရပ်တွေ ဖြစ်ပျက်သွားခဲ့ပြီမို့ ဘာက ဖြစ်နိုင်ချေရှိသေးတာလဲ..

သူမ ပြန်လာပြီ..

ကြောက်ရွံ့နေတုန်းမှာပဲ ကျောင့်ကျီရွေ့က တစ်ခုခုကို သတိရသွားပုံနဲ့ ဘော်ဒီဂတ်တစ်ယောက်ကို အလျင်စလို မေးလိုက်တယ်။

"ယွိစစ်ကျယ် ဘယ်မှာလဲ.. သူဘယ်သွားတာလဲ.. သူ့ကိုရှာစမ်း.. မြန်မြန်.."

ဘော်ဒီဂတ်ကပြောတယ်။
"မစ္စတာယွိက လူသတ်သမားကို လိုက်ဖမ်းဖို့ ထွက်သွားပါတယ်"

ထိုစကားကြောင့် ကျောင့်ကျီရွေ့က ပိုပြီးတောင် စိတ်သောကရောက်လာတယ်။ "ဒါဆို မြန်မြန်__" သူက ဘော်ဒီဂတ်တွေကို ယွိစစ်ကျယ်ကိုရှာဖို့ အမိန့်ပေးတော့မလို့ ဒါပေမယ့် ရုတ်တရက် ရပ်လိုက်ပြီး သူ့အမူအယာတွေပါ ပြောင်းသွားတယ်။

ခဏနေတော့ သက်ပြင်းချကာ "နေပါစေတော့"

ဘော်ဒီဂတ်က အလျင်စလိုပြောလိုက်တယ်။

"ကျွန်တော်တို့ကို မစ္စတာယွိကို သွားမရှာစေချင်ဘူးလးခမျာ.. သူက လူသတ်သမားကို ဖမ်းဖို့ ပြေးလိုက်သွားတာ.. ဆိုတော့ သူက အလောင်းနဲ့ပတ်သတ်လို့ တစ်ခုခုမှားယွင်းနေတာလဲ မသိသေးတာ ဖြစ်နိုင်ပါတယ်.. ဒါဆိုရင် သူအန္တရာယ်တောင် ကြုံနေရနိုင်တယ်.."

ဘော်ဒီဂတ်က ကြောက်ရွံနေပေမယ့်လည်း သူက အလုပ်နဲ့ပတ်သတ်လို့ professionalကျတဲ့ levelတစ်ခုကို ထိန်းသိမ်းထားသေးတယ်။ (TN - ကြောက်ပေမယ့်လည်း သူ့အလုပ်က ဘော်ဒီဂတ်ဆိုတော့ အန္တရာယ်ကြုံရနိုင်တာကို တွေးမိလို့ သွားရှာပေးချင်တာပါ) အခြေအနေတွေက သူတို့စိတ်ကူးထားတာထက်ကို ကျော်လွန်နေမှန်း သူသိနေပြီး စီစီကသာ တစ်ခုခုမှားယွင်းနေတယ်ဆိုရင် ဒီမတိုင်ခင်က အရာအားလုံးဟာ ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ယွိစစ်ကျယ်ကို သတင်းပေးဖို့လိုအပ်နေတယ်။

ကျောင့်ကျီရွေ့မျက်လုံးတွေက တစ်ချက်လက်သွားကာ

"မလိုဘူး.. သူထွက်သွားတာ ကြာလှနေပြီ.. အခုနေ သူ့ကိုရှာတွေ့ဖို့ဆိုတာ မင်းတို့အတွက် ခက်ခဲမှာပဲ.. သူလည်း သေချာပေါက် ဒီလူသတ်သမားကို ကိုင်တွယ်နိုင်မှာပါ.. ဒီလိုအသုံးမဝင်တာကို ပြောနေမယ့်အစား သူပြန်လာတာကိုပဲ အရင်စောင့်ကြတာ ပိုကောင်းလိမ့်မယ်။"

ဘော်ဒီဂတ်က ထက်ပြီးပြောလိုက်ချင်ပေမယ့် သူ့ကိုယ်သူရပ်တန့်လိုက်တယ်။ စာဖိုမှူးက ဒီသင်္ဘောပေါ်မှာ လုပ်လာတာ နှစ်တွေအများကြီးကြာခဲ့ပြီ ဖြစ်ပြီး ကျောင့်ကျီရွေ့ရဲ့ လူယုံတစ်ယောက်လို့တောင် ဆိုနိုင်တယ်။ ဒီစာဖိုမှူးက အများရှေ့မှာ လူသတ်မှုကို ကျူးလွန်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ဒါကြောင့်မို့ အခုအခြေအနေကြီးက အရမ်းကို ယုတ္တိမတန်ဘူး။

ဒါပေမယ့် အစကနေအဆုံးထိ ကျောင့်ကျီရွေ့က ဘာလို့စာဖိုမှူးက လူသတ်တာလဲဆိုတာကို မေးမြန်းခြင်းမရှိခဲ့ဘူး။ သူမမေးဘူးဆိုမှတော့ အကြောင်းရင်းကို သိထားလို့ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူက ယွိစစ်ကျယ်ကို သူသိထားတာတွေ ပြောမပြချင်ဘူး။ ဆိုလိုတာက ကျောင့်ကျီရွေ့က တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာပဲ။

စိတ်မကောင်းစွာနဲ့ပဲ ဒီမေးခွန်းတွေက သူ့ရဲ့လက်အောက်ခံတစ်ယောက်အနေနဲ့ သူမေးနိုင်တဲ့အရာတွေ မဟုတ်ခဲ့ဘူး။

ကျောင့်ကျီရွေ့ရဲ့ ရက်စက်တဲ့အကြည့်တွေက လီလီနဲ့အန်နာတို့အပေါ် ကျရောက်လာပြီး အေးစက်စွာပြောလာတယ်။

"မင်းတို့နှစ်ယောက် ပြန်သွားတဲ့အခါ ဘာကိုပြောလို့ရတယ် ဘာကိုပြောလို့မရဘူးဆိုတာကို သိတယ်မလား.."

ကောင်မလေးနှစ်ယောက်က ကြောင်အအနဲ့ အထိတ်တလန့် ခေါင်းငြိမ့်လိုက်ကြတယ်။

ကျောင့်ကျီရွေ့နဲ့ အခြားသူတွေ စကားပြောရပ်သွားပြီး ထွက်သွားကြဖို့လုပ်တာကို မြင်လိုက်တော့ ဖန့်ချူလည်း တိတ်တဆိတ် လျင်မြန်စွာ ထွက်လာခဲ့တယ်။ ခန်းမထဲကို ခြေချမိလိုက်တာနဲ့ သူက ကျောင့်ကျီရွေ့နဲ့ အခြားသူတွေကို ရှောင်ရှားလိုက်တယ်။

သူ့နှလုံးက ခုန်ပေါက်နေတယ်။

အခုလေးတင် ကျောင့်ကျီရွေ့က သတင်းအချက်အလက်အများကြီးကို ချပြခဲ့တာ..

သူပြောတာက စီစီက အရင်ကတည်းက သေပြီးသားကြီးတဲ့ ဒါပေမယ့် စီစီသေပြီးသားဆိုတာကို သူဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ? အဖြေက ခန့်မှန်းဖို့ သိပ်မခက်ပါဘူး....

အဲတာတွေအားလုံးက အမှန်တွေလို့ ယူဆလိုက်ပြီးတော့ ဒါဆိုရင် သူအများဆုံးတွေ့ခဲ့တဲ့ ကောင်မလေးက လူသားတစ်ယောက်မဟုတ်ဘူပေါ့.. သူမက လူမဟုတ်ဘူးဆိုရင် ဘာလို့ ထပ်သေနေတာလဲ။ သူမရည်ရွယ်ချက်ကဘာလဲ? အခုလေးတင် လူတွေတွေ့လိုက်ရတဲ့ လူသတ်သမားက ယွိစစ်ကျယ်ကို မျှားခေါ်သွားတာပဲ။

အရာအားလုံးက ကျကျနန စီစဉ်ထားခဲ့ပုံရတယ်။

ဒါက ယွိစစ်ကျယ်ကို ပစ်မှတ်ထားတဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်တယ်။ သူ့(စာဖိုမှူး)ရဲ့ရည်ရွယ်ချက်က ယွိစစ်ကျယ်ကို အဝေးမျှားထုတ်သွားဖို့ပဲ။ အမှန်ကိုသိထားတဲ့ ကျောင့်ကျီရွေ့ကလည်း ယွိစစ်ကျယ်ကို ဘာကိုမှ ပြောပြဖို့ အစီအစဉ်မရှိနေဘူး။ အဲဒီအစား သူက အမှန်ကို ဖုံးကွယ်ဖို့ လုပ်နေခဲ့ပြီး ယွိစစ်ကျယ်ကို မမြင်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးလိုက်တာပဲ။

ဒါဆိုရင် ယွိစစ်ကျယ်က ဘယ်ကိုသွားလိုက်တာလဲ?

သူဘာကို ကြုံတွေ့လိုက်ရပြီလဲ?

ဖန့်ချူရဲ့ အတွေးတွေ ဝရုန်းသုန်းကားဖြစ်သွားပြီး အံကြိတ်လိုက်တယ်။ သူက ဘယ်သူမှကြည့်မနေတဲ့အချိန် တံခါးကနေ အသာထွက်ခဲ့လိုက်တယ်။ ဒီအကြောင်းအရာတွေကို ယွိစစ်ကျယ်ဆီ သွားပြောပြရမယ်။

အပြင်ဘက် ကော်ရစ်ဒါက မီးရောင်မှာ အရမ်းကို မှိန်ပြနေပြီး ဘယ်သူမှလည်း ရှိမနေဘူး။

ဖန့်ချူ အတော်ကြာလမ်းလျှောက်လိုက်ရပြီး တိတ်ဆိတ်နေတဲ့ ကော်ရစ်ဒါမှာ သူ့ခြေသံတွေပဲ ပဲ့တင်နေတယ်။ ကောင်းမွန်လှတဲ့ ကော်ရစ်ဒါတွေက ပုံစံတူတွေဖြစ်ပြီး အဆုံးမရှိတဲ့ ဝင်္ကပါကြီးတစ်ခုလိုပဲ။ ရုတ်တရက် သူရပ်လိုက်တယ်။

ခုလေးတင် သိလိုက်ရတဲ့ ရုတ်ခြည်းဆန်တဲ့ ရှော့ရစရာသတင်းတစ်ခုကြောင့်နဲ့ သူက စိတ်လိုက်မာန်ပါ ပြေးထွက်လာခဲ့တာ.. ဒါပေမယ့်အခု....... သူအရမ်းကြောက်လာပြီ..

သူ့ရှေ့မှာ ရုတ်တရက် ဝုန်းကနဲအသံတစ်ခုထွက်ပေါ်လာပြီး ကြည့်ရတာ သင်္ဘောအပြင်ဘက်က လေပြင်းတွေကြောင့် တံခါး ဒါမှမဟုတ် ပြတင်းပေါက်တွေကို အရှိန်ဆောင့်ပိတ်မိတာ ဖြစ်မယ်။ ဖန့်ချူ ခြောက်ခြားလာတယ်.. ပြီးတော့ ထွက်လာမိတာကိုလည်း နောင်တရလာတော့တယ်။

အား.. ငါက အားနည်းတဲ့လူငယ်တစ်ယောက်ပဲလေ, ဘာကိစ္စထွက်လာရတာလဲ။

စိတ်လိုက်မာန်ပါပြုလုပ်ခြင်းက တကယ့်ကို မကောင်းဆိုးဝါးပဲ..

အဆင်ပြေပါတယ်.. အဆင်ပြေပါတယ်.. အဆင်ပြေပါတယ်.. မကြောက်နဲ့နော် မကြောက်နဲ့ မကြောက်နဲ့.. စီစီက တကယ်ပဲ သရဲတစ်ကောင်ဖြစ်ပြီး လူတွေကိုအပိုင်းပိုင်းစိတ်ပိုင်း သတ်ဖြတ်နေကာ လိမ်ညာနေရင်တောင် သူမက ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတုန်းပါပဲ..။

အနည်းဆုံးတော့ သူတို့တွေက WeChatမှာ အပြန်အလှန် addထားကြတယ်လေ..

(TN - ဖန့်ဖန့်လေးတစ်ယောက် ဘဲဘဲကြီး ဒုက္ခရောက်မှာစိုးတာနဲ့ ဘာကိုမှမတွေးပဲ အပြင်ပြေးထွက်လာပြီး တော်တော်ကြာမှ အသိပြန်ဝင်လာပြီး ဖင်တုန်အောင်ကြောက်နေလို့ သူ့ကိုယ်သူ နှစ်သိမ့်နေရှာတာ)

ဖန့်ချူ သူ့ကိုယ်သူ နှစ်သိမ့်ကာ တုန်ယင်နေတဲ့လက်နဲ့ သူ့ဖုန်းကိုထုတ်ပြီး စောစောက သူပျင်းနေတုန်းမှာ ဒေါင်းထားခဲ့တဲ့ ဗီဒီယိုအတိုလေးတစ်ခုကို ဖွင့်လိုက်တယ်။ အသံကို အဆုံးထိမြှင့်လိုက်ပြီး ရယ်သံတွေက မှုန်မှိုင်းပြီး ဗလာဖြစ်နေတဲ့ ကော်ရစ်ဒါတစ်ယောက် ပြည့်နှက်သွားတော့တယ်။

"ဟားဟားဟားဟားဟား~~နင်ငါ့ကို မမိပါဘူး~~နင်ဘာမှမလုပ်နိုင်ပါဘူး, ငါက အံ့ဩဖို့ကောင်းတယ်လေ, ဟားဟားဟားဟားဟား~~~~"

ဖန့်ချူက ဗီဒီယိုကို loopလုပ်ထားလိုက်ပြီး အဲတာက မန္တာန်တွေကို ထပ်တလဲလဲရွတ်နေတာထက် သာသေးတယ်

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ကြားနေရတဲ့ တစ်ခုတည်းသောအသံက သူ့ရဲ့ နောက်ခံတေးဂီတပဲ.. . ပြီးတာနဲ့ သူက အော်ခေါ်လိုက်တယ်။

"ယွိစစ်ကျယ်.. "

ယွိစစ်ကျယ်သာ အသက်ရှင်နေသေးတယ်ဆိုရင် သေချာပေါက် သူ့အသံကို ကြားမှာပဲ..

ကံမကောင်းစွာနဲ့ အဲ့ဒီအထပ်မှာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး တုန့်ပြန်မှုလုံးဝမရှိခဲ့ပေ။

ဖန့်ချူက လှေကားတွေကနေ ဆင်းလိုက်ပြီး အောက်ထပ်ကို ဆက်ရှာလိုက်တယ်။ လျှောက်ရင်း အော်ရင်းနဲ့ သူ့ပတ်ပတ်လည်လည်ကိုလည်း စူးစမ်းရသေးတာ.. ဒါမှ တစ်ခုခုကို မြန်မြန်ထွက်ပြေးနိုင်အောင်လို့။၏

ယွိစစ်ကျယ်က အခုထက်ထိ မတုန့်ပြန်လာသေးတာကြောင့် ဖန့်ချူမှာ ပိုစိတ်ပူလာရပြီး အရှိန်ကိုမြှင့်လိုက်တယ်။ တင်းကျပ်စွာ ပိတ်ဆို့ထားတဲ့ တံခါးတစ်ခုရှေ့ ဖြတ်လိုက်တဲ့အချိန် ရုတ်ခနဲ လက်တစ်ဖက်က သူ့ကို အထဲဆွဲသွင်းသွားတယ်။ ချက်ချင်းပဲ သူက နံရံဆီ အကပ်ခံလိုက်ရတယ်။

"အား! ... အား!" ဖန့်ချူရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့ရှေ့ကလူကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်လိုက်တယ်။

ညီအကိုရေ.. တစ်စုံတစ်ယောက်ကို တစ်ခုခုမပြုလုပ်ခင် အရင်ပြောလိုက်ရင် မင်းသေမှာမို့လို့လား.. ဒီလိုပုံစံနဲ့ မင်းက တစ်စုံတစ်ယောက်ကို သေအောင် ခြောက်လှန့်နေတာပဲကွ.. ဟုတ်ပြီလား..?"

ဒါပေမယ့် ညည်းညူတာကတော့ ညည်းညူရုံသက်သက်သာ.. သူယွိစစ်ကျယ်ကို မြင်လိုက်ရချိန် ဖန့်ချူ စိတ်အေးသွားကာ ဒေါသတကြီးနဲ့ "မင်း__"

သူမပြောရသေးခင် ယွိစစ်ကျယ်က နီးကပ်လာပြီး ဖန့်ချူကို စူးရှပြီး မှင်လိုနက်မှောင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတယ်။ သူက ဒေါသတွေကို အနည်းငယ်မျိုသိပ်ထားရပုံပေါ်ကာ အသံတိုးတိုးနဲ့

"မင်းကို အဲဒီမှာနေခဲ့ဖို့ ကိုယ်မပြောခဲ့ဖူးလား"

--------------------☄☄☄--------------------
ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်မယ်နော် နောက်နေ့ ဆက်ပြန်ပေးပါ့မယ်..
အရမ်းအိပ်ချင်လာလို့ပါ.. ဟီးဟီး..🖤

Seguir leyendo

También te gustarán

HIKMAH Por Ta masu gari

Misterio / Suspenso

124K 13.8K 50
HIKMAH.... The limping lady
128K 10.5K 33
က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ္ဘဝရန္ၿငိဳးေတြႏွင့္.. အမုန္းတရားေတြျပည့္...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
91K 5.4K 21
Age gap 🏳️‍🌈 (Unicode + Zaw gyi)