"ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေး၏ မင်္ဂလာဧည့်ခံပွဲအား တက်ရောက်အားပေးခြင်း ၃"
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေး မှာ မျက်စိရှေ့က မူချောင့်
မျက်နှာ ကို မြင်ပြီး အလွန်ရင်းနှီး
နေသလို ခံစားလိုက်ရတယ်။
နေ့တိုင်းလိုလို သူ ဂိမ်းဆော့ဖို့
sign in ဝင်လိုက်တဲ့ အခါတိုင်း မူချောင့်ရဲ့မျက်နှာ က ဂိမ်းရဲ့ ပင်မ
sign in လုပ်တဲ့ pageထက်မှာ ချောမောခန့်ညားစွာနဲ့ ရှိနေတတ်
တာကို။
အမှန်တိုင်းပြောရရင် မူချောင့်ရဲ့
မျက်နှာကို သူ့ဇနီးရဲ့ မျက်နှာထက်
တောင် သူ့ဘဝမှာ ပိုမြင်တွေ့ရ
သေးတယ်။
ပြီးတာနဲ့ ဘောင်းဘီပေါ်က အမွှေး
တစ်မျှင်လေးရဲ့ မျက်လုံးတွေက
ဘေးကို အော်တိုမစ်တစ် ရွေ့သွား
တယ်။
မူချောင့်ဘေးမှာ ပါလာတဲ့သူကို
လည်း သူ အရမ်းရင်းနှီးနေသလိုပဲ။
ဒီနှစ်မှာ Spirit Road က
နောက်ထပ် ကိုယ်စားလှယ်အသစ် တစ်ယောက် ကို ထပ်ရွေးချယ်ခဲ့
သေးတယ် မဟုတ်ပါလား။
ထန်းရှီလေးဆို နေရာအနှံ့ တောင်
ပြေး မြောက်ပြေး လုပ်ပြီး ထန်းရှောင်ကို vote ပေးကြဖို့
လိုက်ဆော်ဩခဲ့တာ။
သူ့ဆိုရင် တစ်ချက် အလွတ်မပေး
ဘဲ နောက်ကနေ ကြက်အမေကြီး
နောက် ကြက်သားပေါက်လေးတွေ လိုက်သလိုမျိုး တကောက်ကောက် လိုက်နေတော့တာပဲ။
နေ့တိုင်းလိုလို သူ့မှာ ထန်းရှောင် ဘယ်လောက် တော်ကြောင်း, ဘယ်လောက် လှပကြောင်း, ဘယ်လောက် အရည်အချင်းရှိ
ကြောင်း....ဘာဖြစ်ကြောင်း....
ညာဖြစ်ကြောင်း စသဖြင့်...
အမှိုက်ကောင်ထန်းရှီရဲ့ တပွန်ပွန် မားကတ်တင်းဆင်းတာကို အတော်
လေး စိတ်ထောင်းကိုယ်ကြေခံခဲ့ရ
တာ။
နောက်ဆုံးတော့လည်း ဘောင်းဘီ
ပေါ်က အမွှေးတစ်မျှင်လေးမှာ
လုံးဝ သည်းမခံနိုင်တော့ဘဲ ထန်းရှောင်ကို vote ပေးလိုက်ရ
တော့တယ်။
ဒီထက်ဆိုးတာက တစ်မိုးအောက်
ထန်းရှီက ဒီလောက်နဲ့တင် မရပ်
တန့်နိုင်ဘူး ဆိုတာ ဘယ်သူက သိခဲ့မှာလဲ, သူ ဘယ်တုန်းကမှ မလိုချင်ခဲ့တဲ့ ထန်းရှောင်ရဲ့ ပိုစတာ
ပုံတွေ၊ ဓာတ်ပုံတွေပါတဲ့ ပါဆယ်
ဘူးကြီးကို မျက်ရည်စက်လက်နဲ့ လက်ခံလိုက်ရပြီး ထန်းရှောင်ကို ဒီထက်ပိုပြီး ချီးကျူးပေးဖို့, တစ်ကမာ္ဘလုံးကြားတဲ့အထိ
အော်ပြီး ချီးကျူးပေးဖို့ ခြိမ်းခြောက် ခံရတော့တာပဲ!
ကွန်ပျူတာ မော်နီတာမျက်နှာပြင်
က မှန်တွေပါ ကွဲအက်လာပြီး ကီးဘုတ်ပြားကြီးပါ အာကာသထဲ လွင့်ထွက်သွားတဲ့ အထိ သူ့မှာ
ချီးကျူး အမွှန်းတင်ခဲ့ရတာ!
ထိုအချိန်တွေ တုန်းကဆို,
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေး ခမျာ သူ့အိပ်မက်တွေထဲ ထိတောင် မြင်ယောင်နေတာက ထန်းရှောင်ရဲ့ မျက်ခွက်ကြီးပဲ။
သူမရဲ့မျက်နှာကို သူ့ဇနီးရဲ့
မျက်နှာထက်တောင် သူ့ဘဝမှာ ပိုမြင်ခဲ့ရသေးတယ်။
လက်ရှိ ပစ္စုပ္ပန် အချိန်မှာတော့
သူ့ဇနီးရဲ့ မျက်နှာထက် ပိုပြီး ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးတဲ့ လူနှစ်ယောက်ရဲ့ မျက်နှာတွေက သူ့ရဲ့မင်္ဂလာဆောင်
မှာ ဗြုန်းစားကြီး ထွက်ပေါ်လာလေတယ်။
ထိုမျက်နှာနှစ်ခုကို မြင်လိုက်ရပြီး
နောက်မှာတော့ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး မှာ ကမာ္ဘ
လောကကြီးနဲ့ ခေတ္တယာယီ အဆက်အသွယ် ပြတ်တောက်သွား
တော့တယ်။
သူ့ဘေးနားမှာ ရှိနေတဲ့ သူ့ရဲ့
အသစ်ဂျပ်ချွတ် ဇနီးလောင်းလျာ
ဆိုရင် သူမ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲဆိုတာ သူ့လက်
မောင်းကို အသားကုန် ဖျစ်ညစ်ပြီး ဆွဲကိုင်ထားတာကိုသာ ကြည့်
လိုက်ပေတော့။
သူတို့ရှေ့မှာ ရှိနေတဲ့ သူတွေက မူချောင်နဲ့ ထန်းရှောင်ဆိုတဲ့ လူသားနှစ်ယောက် မဟုတ်ပါလား။
"စိတ်မရှိဘူးဆိုရင် ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ, လူကြီးမင်းတို့ရဲ့ မင်္ဂလာပွဲမှာ ဂုဏ်ပြုတေးသီချင်း သီဆိုပေးဖို့ အဆိုရှင်တွေကိုများ လိုအပ်ပါ
သေးသလား?"
မူချောင်က ယဉ်ကျေးသိမ်မွေ့တဲ့ အပြုံးလေးတစ်ခုနဲ့ မေးလိုက်
တယ်။
အသစ်စက်စက် ဇနီးလောင်းလေး
မှာ ရုတ်တရတ်ကြီး ခြေထောက်
တွေတောင် ပျော့ခွေပြီး အခြေ မခိုင်တော့သလိုပဲ။
အခုချိန်မှာ သူမသာ မင်္ဂလာဝတ်စုံ
ဂါဝန်ကြီးကို ဝတ်ထားတာသာ မဟုတ်ရင် ချက်ချင်းကို မူချောင့်
ရှေ့ ခုန်ထွက်ပြီး လက်မှတ်ထိုး
ပေးဖို့ , သူ့ကို ခဏလောက် ပွေ့
ဖက်ခွင့်ရဖို့အတွက် တောင်းဆိုမိ
မှာ။
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေးမှာ စိတ်ရှုပ်ပြီး ဆွံ့အသွား
သလို မူချောင့်ရဲ့စကားကိုလည်း နားမလည်ပေ။ သူက ခေါင်းညိတ်
ပြလိုက်ပြီး
"ကျွန်တော် ကျွမ်းကျင် အဆိုရှင်
တွေကို ငှားပြီးသွားပြီဗျ"
"ဒါဆိုလည်း နောက်ထပ် အဆိုရှင်
နှစ်ယောက်လောက် အပိုဆောင်း ထပ်ရှိလိုက်ရင်ရော, ထန်းရှောင်နဲ့ ကျွန်တော်ဆိုရင် အဆင်ပြေနိုင်
မလား?"
မူချောင် ပြောပြီးတာနဲ့ ဒီတစ်ကြိမ်
မှာတော့ ဘောင်းဘီပေါ်က အမွှေး
တစ်မျှင်လေးမှာ လုံးလုံး ဆွံ့အ
သွားတော့တယ်။
အခုချိန်မှာ သူ့စိတ်ထဲ ရှိနေတာ အတွေးတစ်ခုတည်းပဲ။
"သောက်ကျိုးနည်း ဘာတွေဖြစ်
နေတာလဲ?!"
ခဏအကြာမှာတင် သူ့ရဲ့ 360
ဒီဂရီလည်ပတ်နေတဲ့ အတွေးတွေ
က ရပ်တန့်သွားပြီး မေးခွန်းထုတ်
လိုက်တယ်။
"ခင်ဗျားတို့ ဒီကို လျှိုဝှက် အစီ
အစဉ်တွေများ လာရိုက်တာ
လား?"
"မဟုတ်ပါဘူး, တကယ်လို့ လူကြီးမင်းတို့ အဆင်မပြေဘူး
ဆိုရင်...."
ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
လေးက ချက်ချင်းပဲ မူချောင် ပြောလက်စ စကားကို ဝင်ဖြတ်
လိုက်ပြီး
"အဆင်ပြေတယ်! ရတယ်, အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ မင်္ဂလာဆောင်မှာ တကယ့် အဆို
တော် Concertပွဲတွေမှာ သုံးတဲ့ တူရိယာပစ္စည်းတွေ ကို ငှားထား
တာမို့ မင်းတို့ကြိုက်သလို, စိတ်
ကြိုက် သီဆိုလို့ရပါတယ်! ဒါနဲ့....
မင်းတို့ရဲ့ ဖျော်ဖြေခတွေက?"
"မင်္ဂလာဆောင်မှာ ဧည့်ခံတဲ့ တနပ်စာပါပဲ"
ထို့နောက်မှာတော့ မူချောင် နဲ့ ထန်းရှောင်တို့က ရှောင်လင်တို့ရဲ့
စားပွဲဝိုင်းမှာ အတူထိုင်ဖို့ပဲ ဖြစ်
သွားတယ်။
မူလက လူဆယ်ယောက်နဲ့ ပြည့်နေ
တဲ့စားပွဲဝိုင်း က လက်ရှိမှာတော့
နောက်ထပ် အပိုနှစ်ယောက်ပါ ထပ်တိုးလာတယ်။
ရှကျိယန်က မတ်တပ် ထရပ်လိုက်
ပြီး မူချောင် ထိုင်ဖို့ အတွက် စီစဉ်ပေးသလို ရှောင်လင်ကလည်း ထန်းရှောင် အတွက် ထိုင်ခုံတစ်လုံး ဆွဲယူပေးလိုက်တယ်။
လူဆယ့်နှစ်ယောက် ထိုင်နေတဲ့ စားပွဲဝိုင်းမှာတော့ ထန်းရှောင်မှာ
ရှောင်လင်နဲ့ မူချောင့် ကြားထဲ နေရာကျဉ်းကြပ်စွာနဲ့ ထိုင်နေရ
တယ်။
မူချောင်က သိတတ်လွန်းစွာပင် သူ့ရဲ့ထိုင်ခုံကို နောက်ကို အနည်း
ငယ် ဆုတ်လိုက်ပြီး ထန်းရှောင် လှုပ်ရှားရ လွယ်ကူအောင် သူတို့နှစ်
ယောက်ကြားထဲမှာ နေရာလွတ် ဖယ်ချန်ပေးလိုက်တယ်။
"ကျေးဇူးပါ"
လူကြီးလူကောင်း ဆန်လွန်းတဲ့ မူချောင်ရဲ့ အပြုအမူကြောင့်
ထန်းရှောင် ရင်ထဲကနေ လှိုက်ခနဲ ခံစားလိုက်ရတယ်။
ထိုအခိုက်အတန့်မှာတင် မူချောင်
က သူမကို နက်ရှိုင်းတဲ့ အကြည့်
တွေနဲ့ ကြည့်လာတယ်။
"ကိစ္စမရှိပါဘူး, ခဏကြာရင် မင်း
က သန့်စင်ခန်းကို ပြေးရတော့မှာ
ဆိုတော့ ကျွန်တော် မင်းအတွက်
ကြိုပြီး လမ်းဖယ်ပေးထားလိုက်
တာပါ"
ထန်းရှောင်:????
Ranzhiက လူတွေက မူချောင် ထွက်ပေါ်လာတာကို အရမ်းကြီး အံ့ဩမသင့်ကြပေမဲ့ Meng Hu Clanသားတွေကတော့ သူ့ကို
အပြင်မှာ လူကိုယ်တိုင် မြင်တွေ့ရ
တာကြောင့် အလွန် စိတ်လှုပ်ရှား
နေကြတယ်။
မူချောင်က စားပွဲမျက်နှာပြင်ကို လက်ညှိုးနဲ့ အသာခေါက်လိုက်ပြီး
"စိတ်မရှိပါနဲ့, အစတုန်းက
ကျွန်တော်က ဒီဝိုင်းမှာ တခြား
ဂိုဏ်းက သူတွေရော ရှိနေလောက်
တယ် ထင်လို့ ကျိယန်ကို အရင်
လာခိုင်းလိုက်တာပါ။ ကျွန်တော်
က မူချောင်ပါ"
ထန်းရှောင်မှာ မူချောင် ခုနတုန်း
က သူမကို ပြောလိုက်တဲ့ စကားနဲ့ ပတ်သက်ပြီး ကြောင်စီစီ ဖြစ်နေ
တုန်းပင်။
အခုလည်း မူချောင် ပြောတဲ့
အတိုင်း နောက်ကနေ အူတူတူနဲ့ လိုက်ပြောလိုက်တယ်။
"ကျွန်မက ထန်းရှောင်ပါ"
သူမရဲ့စကားလုံးတွေ နောက်မှာ
တော့ နျူကလီးယားဗုံးထက် အဆတစ်ထောင်မက အင်အား
ကြီးမားပြင်းထန်လွန်းတဲ့ ဗုံး
တစ်လုံးက လျင်မြန်စွာ ကပ်ပါ
လာတယ်။
"ကျွန်တော်က စုမူကျိပါ"
"ကျွန်မက....."
!!!!!
"....."
"....."
......
စားပွဲဝိုင်းတစ်ခုလုံး တိတ်ဆိတ်
သွားတယ်။
မြေကြီးပေါ် အပ်ချောင်းလေး
တစ်ချောင်း ပြုတ်ကျသွားတဲ့အသံ
နဲ့ ပုရွတ်ဆိတ်လေးတွေ တရွေ့
ရွေ့သွားနေတဲ့ အသံကိုတောင် ကြားနိုင်လောက်တဲ့ အထိ တိတ်ဆိတ်မှုက စိုးမိုးသွားတယ်။
ကျွန်တော်က စုမူကျိပါ!
စုမူကျိပါ!
စုမူကျိ!!!
.....
ဖာခ့်***! ဖာခ့်ယူ***!
ဖာခ့်***အင်ဖနတီ! ဖာခ့်*** စကြာဝဌာကြီး!
ဖာခ့်ခ့်ခ့်ခ့်ခ့်ခ့်ခ့်ခ့်ခ့်ခ့်!!!!
အရှင်ယေရူ, မယ်တော်မာရီ, ဗုဒ္ဓဘုရား.....
ထန်းရှောင်ရဲ့ လက်ရှိအဖြစ် က သစ်ရွက်ပေါ်ကနေ လိမ့်ဆင်းတော့
မဲ့ ရေစက်လေးလိုပဲ။
မဟုတ်သေးဘူး, အခုလေးတင် အဲ့ရေစက်လေးလည်း ပလုံဇွတ်ပြီး မြေကြီးပေါ် ခွေးကျဝက်ကျ လိမ့်ကျပြီးသွားပြီ။
သူမရဲ့ဘေးနား ပတ်ပတ်လည်မှာ
လည်း မီးရူးမီးပန်းတွေ၊ ဗြောက်
အိုးတွေ၊ ဗုံးဆန် ကျည်ဆန်သံတွေ မရပ်မနား ဆက်တိုက် ပေါက်ကွဲ
နေသလိုပဲ။
သူ အခု ဘာပြောလိုက်တာလဲ?
သူက ဘယ်သူ?
ဘယ်သူ????
စုမူကျိတဲ့လား??
ဟားဟား...အဟားဟားဟား...
အဟားဟားဟားဟား....
ရယ်ဖို့ကောင်းလိုက်တာ!
အခုချိန်မှာ သူမ စိတ်ရှိတိုင်းသာ
လုပ်ရမယ်ဆို မျက်စိရှေ့က
စားပွဲဝိုင်းကို ဆွဲလှန်မှောက်ပစ်ပြီး အော်ဟစ် သောင်းကျန်းနေလေပြီ။
ဘာရယ်...မင်္ဂလာဆောင်မှာ တစ်နပ်လောက် စားရုံပါပဲ?
အဲ့အစား မင်းတို့တွေ ထန်းရှီလေး
ကို ဘာလို့ အကင်လုပ်ပြီး မစားလိုက်ကြတာလဲ?!!!!
ဂုဏ်ပြု သီချင်းဆိုမယ်!!!
ငါကပဲ ပွဲလာပရိသတ်ကြီးအတွက် တိုက်ရိုက် လိုက်ဖ်လွှင့်ပြီး ချီးစား
ပြမယ်လေ, အဆင်ပြေကြလား!
ဂိမ်းဆော့မယ်!
ထန်းရှီလေးနဲ့ တူတူပုန်းတိုင်း ဆော့ကြရအောင်လေ!
အရမ်းကို ပျော်စရာကောင်းပြီး စိတ်ဝင်စားစရာဖို့ကောင်းမှာပဲ!
အဟီး...အီး..အီး....အီးဟီး...
ထန်းရှောင် ဒူးထောက်ပြီး မိုးနတ်မင်းကြီးဆီ တိုင်တည်ရင်း အော်ငိုချင်နေမိတယ်။
သူမ ဘယ်လိုမျိုး ခွင့်လွှတ်လို့
မရနိုင်တဲ့ ပြစ်မှုကြီးကို ကျူးလွန်မိ
ပြီလဲ!
ဘာကြောင့်မို့လို့ ချီးစားပြမယ်ဆို
တဲ့ လမ်းကြောင်းထက်ကို ပိုဝေးတဲ့ လမ်းကြောင်းပေါ်ကို သူမ ရောက်
သွားရတာလဲ!
အခုချိန်မှာ သူမရဲ့စိတ်အခြေအနေ
က ချီးပိဿာချိန်လိုက်ကို
တစ်ထိုင်တည်း စားနေရသလိုပဲ။
ပြီးတော့ အဲ့ချီးကလည်း နှစ်တစ်
ထောင် ပုပ်သိုးပြီး အချဉ်တည်နေ
တဲ့ ချီးတွေ ဖြစ်နေတဲ့အတိုင်း။
(T/N: မမထန်းရှောင်ရဲ့ စိတ်ကူး
ယဉ် နှိုင်းယှဉ်မှုကြီးက တကယ့်
ကို Next levelမှာပဲ...😅
ကိုယ်တော့ ပြန်နေရင်း
တွေးကြည့်ပြီး အန်ချင်လာပြီ😆)
ထန်းရှောင် စားပွဲနဲ့ ခေါင်းနဲ့
ဆောင့်ပြီးပဲ သေချင်နေတော့
တယ်။
Ranzhi Clan အုပ်စုကတော့ မူချောင့်ရဲ့ပုံစံ အစစ်အမှန် ကို အရင်ကတည်းက သိထားပုံရပြီး အံ့ဩသွားတာမျိုး လုံးဝမရှိပေ။
ထန်းရှောင်က အပြင်ပန်းမှာ တည်ငြိမ်နေသလောက် ရင်ဘတ်
ထဲမှာတော့ ဆိုင်ကလုန်း, ဆူနာမီ, တိုင်ဖွန်း မုန်တိုင်းပေါင်းစုံ တရစပ် မွှေနှောက် သောင်းကျန်းနေကာ လေဆင်နှာမောင်းတွေ တိုက်, ငလျင်တွေ လှုပ်, မြေတွေ ပြို, အဆောက်အဦးတွေ ပြိုကျ, လူသားမျိုးနွယ် အားလုံးလည်း
ဆောက်တည်ရာမရ သွေးရူး
သွေးတန်းနဲ့ အော်ဟစ်ပြေးလွှားနေ
ကြပြီး ငရဲခန်းတမျှ ကမာ္ဘပျက်
နေလေတယ်။
ရုတ်တရတ်ကြီး ထန်းရှောင်
ငေါက်ခနဲ မတ်တပ် ထရပ်လိုက်
တယ်။
"အဲဒါ...ရှင်တို့တွေ စကားဆက်
ပြောကြအုံးနော်, ကျွန်မ...သန့်စင်
ခန်း ခဏသွားလိုက်ပါအုံးမယ်"
ပြီးတာနဲ့ စောနက သူမအတွက်
ဆိုပြီး မူချောင် တကူးတက
ဖယ်ပေးထားတဲ့ နေရာလွတ်လေး
ကနေ ထန်းရှောင် အလွယ်တကူပဲ သန့်စင်ခန်း ဆီ ဦးတည်ပြီး
ထလျှောက်သွားတော့တယ်။
မူချောင်က သူမကို မတားဘဲ
ထိုအစား သူမကို နွေးထွေးပြီး နားလည်မှုတွေ ပျော်ဝင်နေတဲ့ အကြည့်တွေ နဲ့ နင့်နင့်နဲနဲ စိုက်
ကြည့်နေလိုက်တယ်။
သူမ ခပ်သုတ်သုတ် သွားနေတာ
ကို ကြည့်ပြီး သူက နောက်ကနေ
တောင် နူးညံ့ ညင်သာလွန်းတဲ့
အသံနဲ့ သူမ ကြားအောင် ပြော
လိုက်သေးတယ်။
"သန့်စင်ခန်းက မင်းရဲ့ညာဘက်
မှာနော်, ဖြေးဖြေးသွားအုံး"
ထန်းရှောင်မှာ တုန်လှုပ်ခြောက်ခြားလွန်းလို့ သူမရဲ့နှလုံးတောင်
ပြုတ်ထွက်လုနီးပါးပဲ။
ဒါ သူ... သူမကို ခြိမ်းခြောက်နေ
တာ!
ထန်းရှောင် သူမအခန်းဆီသွားတဲ့ လှေကားထစ်တွေကို ခုန်ပျံကျော်
လွှားပြီး ဖြတ်လျှောက်လာကာ
အခန်းထဲ ရောက်ရောက်ခြင်း သန့်စင်ခန်းထဲ အမြန်ပြေးဝင်ပြီး ဘိုထိုင်အိမ်သာခုံကို ကြောက်လန့်
တကြားနဲ့ မလွတ်တမ်း ဖက်တွယ်
ထားလိုက်တော့တယ်။
ဒီလို တိုက်ဆိုင်မှုတွေဆိုတာ ဝတ္တု
ကမာ္ဘထဲမှာသာ ဆိုရင် ဇာတ်လိုက် အမျိုးသားနဲ့ ဇာတ်လိုက်အမျိုးသမီး
တို့ကြားက လှပတဲ့ ကမ်မီလီယာ
ပန်းပွင့်လေး ဖြစ်တည် ပေါက်ဖွား
လာမဲ့ ကနဦးလက္ခဏာတွေပဲ။
ဒါပေမဲ့ သူမက ထန်းရှီလေးလေ။
ထန်းရှီလေးဆိုတာ အမြဲသေလမ်း
ပဲ ပတ်ရှာနေပြီး မျက်နှာမြင်
မြန်မြန်သေပါစေ ဆိုပြီး အများရဲ့
ဆုတောင်းမေတ္တာတွေကို
တနင့်တပိုးကြီး ရထားတဲ့သူလေ။
ဒီတော့ အခုလို တိုက်ဆိုင်မှု
လက္ခဏာတွေက သူမဘဝရဲ့
တစ်ဆစ်ချိုးကွေ့ကို အပြောင်းလဲ
ကြီး ပြောင်းလဲသွားစေနိုင်တဲ့ သေခြင်းတရားရဲ့ကနဦး အငွေ့
အသက်တွေလို့ ပြောရမလား!
မူချောင်နဲ့ တခြားသူတွေသာ သူမ
က ထန်းရှီလေးဆိုတာ သိသွားကြ
ရင် မီးစွဲနေတဲ့ ထင်းချောင်းပေါ် ဓာတ်ဆီပုံးလိုက် လောင်းချသလို
မျိုး ဖြစ်ပြီး မူချောင့်ကိုတောင် စောင့်မနေကြဘဲ သူမကို ဝိုင်းနွှာ
ကြလောက်တယ်။
အဲ့ထဲမှာမှ လက်ထောက်ရှက သူမဘဝကို ပထမဆုံး နိဂုံးချုပ်
ပေးမဲ့သူ ဖြစ်လိမ့်မယ်။
ထန်းရှောင် ထွက်သွားပြီး နောက်
မှာ ဒီအရှင်မင်းကြီးက သူမ
အကြောင်း သိချင်စိတ်တွေ
လွန်စွာ ပြင်းပျလာတယ်။
ဒီအရှင်မင်းကြီး:
"အ! ထန်းရှီလေး, အစ်မက ထန်းရှောင်ရဲ့လက်ထောက်
ဆိုရင် ထန်းရှောင်က အစ်မသူဌေး
ပေါ့? ဂိမ်းထဲမှာတုန်းက , အစ်မ
ပြောတာ အစ်မရဲ့သူဌေးက
ငကြောင်တွေ အများကြီးထဲက ငကြောင်အကြီးစားဆို။ ကျွန်တော်
မြင်တာတော့ ထန်းရှောင်က တော်တော်လှတာပဲ, သူမ ကြည့်ရ
တာ ကြောင်တောင်တောင် နိုင်မဲ့ပုံ မပေါ်ပါဘူး"
ရုတ်တရတ်ဆိုသလို ရှောင်လင်မှာ နေရာတိုင်းကနေ သေနတ်နဲ့
ချောင်းထုခံနေရတဲ့ ထန်းရှောင်ကို အတော်လေး သနားမိသွားတယ်။
"ဖြစ်နိုင်တာ ငါ့သူဌေးက...
စရိုက်နှစ်မျိုး ရှိတာလိုလား? အဟားဟား?"
သူမ ပြောရမဲ့ စာသားတွေထဲမှာ ဒါမပါဘူး မဟုတ်လား !!
သူမ တကယ်ကြီး ဖမ်းမိတော့မ
လို့!!
ရှောင်လင် လက်ထဲက ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်
ထားလိုက်တယ်။
အခုချိန်မှာ ဘယ်သူပဲ သူမဆီ ဖုန်းခေါ်ခေါ်, အဲ့လူက သူမရဲ့ ကျေးဇူးရှင်ပဲ!
သူမကို အကြွေးဆပ်ဖို့ ခေါ်တဲ့ ဖုန်းဖြစ်ရင်တောင် အဆင်ပြေပါ
တယ်။
ဒီအရှင်မင်းကြီးက နဖူးထိပ်ကို လက်နဲ့ပွတ်လိုက်ပြီး
"အစ်မက အဲလိုပြောလိုက်တော့ , ကျွန်တော် ဒါကို ဘယ်လို ပြန်ပြောရမလဲ?"
"ရှောင်လင်, ထန်းရှောင်ကို သွားကြည့်လိုက်အုံး။ သူမ သွား
တာ ကြာနေပြီ"
မူချောင်က အချိန်မီပဲ သူမကို ကယ်တင်လိုက်တယ်။ ရှောင်လင်
မှာ အခုလေးတင်မှ သေဒဏ်ကနေ လွတ်ငြိမ်း ချမ်းသာခွင့်ရသွားသလို
မျိုး စိတ်သက်သာရာ ရသွားတော့
တယ်။
မူချောင်က ထပ်ပြောလိုက်တယ်။
"သူမရဲ့အခန်းဆီ သွားရှာချည်။ အခန်းထဲ ရောက်နေလောက်တယ်"
ရှောင်လင် သူမတို့အခန်းထဲကို ရောက်သွားတဲ့ အချိန်မှာတော့ မနက်ဖြန်ဆိုတာ မရှိတော့တဲ့
အတိုင်း သေတော့မဲ့လူလို ဖြူဆုတ်
နေတဲ့ မျက်နှာနဲ့ ဘိုထိုင်အိမ်သာခုံ
ကို ဆွဲဖက်ထားတဲ့ ထန်းရှောင်ကို တည့်တည့်ကြီး မြင်လိုက်ရတယ်။
တခြားလူတွေသာ ဆိုရင် အခုလို အချိန်မျိုးမှာ ဘိုထိုင်ခုံကို ဖက်ပြီး အသဲကွဲ သီချင်းတွေ ဒါမှမဟုတ် တခြားပေါက်ကွဲသံစဉ် တစ်မျိုးမျိုး
ကို ကုန်းအော်နေကြမှာ။
ဒါမှမဟုတ်လည်း အနည်းဆုံးတော့ ဆင်ဆာဖြတ်ထားတဲ့ "နောက်ဆုံး
တော့ မင်းလေးက တစ်စုံတစ်
ယောက် ရဲ့ သောက်ကျိုးနည်း ချီးထုပ်ဖြစ်ခဲ့ပြီလေ"
အဲလို ညစ်တီးညစ်ပတ် သီချင်းမျိုး
ကို အော်ဆိုနေမှာ။
ဒါပေမဲ့ ထန်းရှောင် ကတော့
အများနဲ့ မတူခဲ့ဘူး။
သူမက အသဲကွဲသီချင်းလည်း အော်မဆိုသလို ဆင်ဆာဖြစ်ထား
တဲ့ သီချင်းနဲ့လည်း ကုန်းအော်
မနေဘူး။
ရှောင်လင် တံခါးကို ဆွဲဖွင့်လိုက်
တဲ့အချိန်မှာ သူမ ကြားလိုက်ရတာ
က
"လုံးစုံများစွာ သတ္တဝါ ~
ချမ်းသာကိုယ်စိတ် မြဲပါစေ ~
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ~ " မေတ္တာပို့ဘုရားသီချင်းကို သံနေ
သံထား အပြည့်နဲ့ ရွတ်ဆိုနေတဲ့ ထန်းရှောင်ရဲ့အသံပဲ။
ရှောင်လင် နေရာမှာတင်
ကျောက်ရုပ် ဖြစ်သွားတယ်။
ဖာခ့်****!
နင်တော့ တကယ် လိုက်မမီတော့
ဘူး!
သူမသာ မသိခဲ့ရင်, ဗုဒ္ဓဘုရားက သန့်စင်ခန်းထဲမှာ ရှိနေတဲ့ သတ္တဝါ
အားလုံးကို အကျွတ်တမ်း ဝင်
အောင် တရားဟောပြနေတာလို့
တောင် ထင်မိတော့မှာ။
"ဖာခ့်****, နင် ဘာတွေလုပ်
နေတာလဲ?"
မသေမျိုးဖြစ်တော့မဲ့ လူလို ထန်းရှောင်ရဲ့ပုံစံကို ရှောင်လင်
တစ်ခါမှ မမြင်ဖူးဘူး။
သူမ ဒီအချိန်မှာ ခံစားမိလိုက်တာ
က လက်ရှိ ရောက်နေတဲ့နေရာက သန့်စင်ခန်း ဖြစ်နေရင်တောင် ထန်းရှောင်က ဗုဒ္ဓမြတ်စွာဘုရားရဲ့ အေးချမ်းတဲ့ အရိပ်အာဝါသ
အောက်မှာ တရားပေါက်ပြီး ပျော်မွေ့နေတဲ့အတိုင်းပဲ။
"ငါ ဒီဘဝမှာ အပြစ်တွေ အများ
ကြီးကို ကျူးလွန်ခဲ့တာမို့ အဲဒါတွေ
ကို ဖြေဖျောက်နိုင်ဖို့ ငါ့ကိုယ်ငါ
အေးချမ်းတဲ့ တရားဓမ္မတော်နဲ့
ဖေးမပြီး ကျော်လွှားဖို့ လိုနေတယ်"
ထန်းရှောင်က တကယ့်ကို
လေးနက်နေတဲ့ အသံနဲ့ ပြောလိုက်
ပြီး သူမရဲ့ဖုန်းမှာက
"လုံးစုံများစွာသတ္တဝါ ~ ...."
ဆိုတဲ့ မေတ္တာပို့ဘုရားသီချင်းကို ဖွင့်ထားတုန်းပဲ။
လေထုအခြေအနေ ကတော့
အတော်ကြီးကို ထူးဆန်းလို့နေ
တယ်။
ရှောင်လင်လည်း ရုတ်တရတ်ကြီး ထန်းရှောင်ကို ဘယ်လိုနှစ်သိမ့်ရ
မလဲဆိုတာ မသိတော့ပေ။
"တကယ်တော့, ငါထင်တာ ဒီလိုဆို
လည်း ကောင်းတာပဲလေ! နင်ပဲ မူချောင်ကို ဘယ်လောက် သဘော
ကျကြောင်း အမြဲတမ်း ပြောနေ
တာမလား? အခု သူက ဂိမ်းထဲ
က နင့်ခင်ပွန်းလေ! ဒီတော့ နင်
ဒီအခွင့်အရေး ကို အသုံးချပြီး
တကယ့် အပြင်ဘက်က ဘဝမှာပါ လက်တွေ့ ဖြစ်လာအောင် တစ်ခါ
တည်း အကောင်အထည် ဖော်
လိုက်ပါလား!"
ထိုအကြောင်းကို စကားစလိုက်
တာနဲ့ ထန်းရှောင် ပိုပြီး စိတ်ဖိစီး
လာကာ မေတ္တာပို့ဘုရား သီချင်းထဲ
က စာသားတွေကို ငိုတော့မလို တုန်ယင်နေတဲ့ အသံဩကြီးနဲ့
ဆက်ဆိုနေတော့တယ်။
"ဒီအခွင့်အရေးကို လက်တွေ့ဘဝ
မှာ အကောင်အထည်ဖော်လို့
မဖြစ်ဘူး, သေရမဲ့ နည်းလမ်း
တောင် ပိုစုံလာအုံးမယ်။ ငါ သူ့
အပေါ် ကောင်းကောင်းမွန်မွန်ဆိုတဲ့ စိတ်ဆန္ဒလေးတောင် တစ်ခါမှ မထားခဲ့ဖူးတာ, ငါ ဘယ်သူလဲဆို
တာကိုသာ ဖော်ထုတ်လိုက်ရင် သူ သေချာပေါက် ငါ့ကို သတ်လိမ့်မယ်"
"စိတ်မပူပါနဲ့, နင့်နောက်မှာ
အမြဲတမ်း အဖွဲ့မှူးနင် ရှိတာကို"
"အင်း...ဟုတ်တယ်....အဖွဲ့မှူးနင်
လည်း ရှိသေးတယ်"
ထန်းရှောင် အရင်ကထက်ပိုပြီး ဒီပျက်ရှင်တွေ အတုံးလိုက်
အတစ်လိုက် ဝင်သွားကာ "လုံးစုံများစွာသတ္တဝါ ~ ..."
ဆိုတဲ့ အသံကို မြင့်လိုက်လေ
တယ်။
"အဖွဲ့မှူးနင်ကလည်း ငါ့ကို သတ်
ချင်နေတာပဲ။ ဒီတော့ သူတို့တွေကို အချင်းချင်း နပန်းလုံးခိုင်းပြီး အနိုင်ရတဲ့သူ ဘယ်သူမဆို ငါ့ကို သတ်နိုင်တယ်"
သူမက အရည်ကြည်တချို့ ရစ်ဖွဲ့
အုံ့ဆိုင်းနေတဲ့ မျက်လုံးရွဲကြီးတွေနဲ့
ဘိုထိုင်ခုံကို ကြည့်ပြီး
"သွားပြောလိုက်, ငါ သန့်စင်ခန်းထဲ
မှာ မေ့လဲနေတာလို့"
"အေး, ပြီးတာနဲ့ နင့်အကြောင်း
လည်း သတင်းခေါင်းစည်းပိုင်းမှာ ထိပ်ဆုံးက ပါလာလိမ့်မယ်။ ဟိုတယ်တစ်ခု၌ သရုပ်ဆောင် မင်းသမီးတစ်ဦး မျက်ဖြူဆိုက် သတိလစ်နေတဲ့ အနေအထားနဲ့ တွေ့ရှိရ, မူးယစ်ဆေးမှုလား, လူသတ်မှုလား ဒါမှမဟုတ် သေကြောင်းကြံစည်မှုများလား?
သူမက တကယ်ပဲ အကျင့်စာရိတ္တ ပျက်ယွင်းနေတဲ့ သူဖြစ်နေတာလား ဒါမှမဟုတ် ပြောပြလို့ မရနိုင်တဲ့ အတွင်းရေး ကိစ္စတွေများ ရှိနေလို့
လား? ဆိုပြီးတော့!"
ထန်းရှောင်:....
ရှောင်လင်ကို ပေးဖို့ ကျန်တဲ့
ဒေါ်လာ ၃၀၀ထဲ ကနေ ဒေါ်လာ
၁၀၀ကို ထပ်နှုတ်လိုက်ပြီး သူမရဲ့ပိုက်ဆံအိတ်ထဲ ပြန်ထိုး
ထည့်လိုက်တယ်။
ရှောင်လင်မှာ ရုတ်တရတ်ဆိုသလို
သူမ စကားပြောမှားသွားမှန်း သိလိုက်ရတယ်။
သူမလည်း ထန်းရှောင်ရဲ့ မိုးပြို
တော့မလို မျက်လုံးရွှဲကြီးတွေ
အတိုင်း တစ်ထပ်တည်း အတုခိုး
လိုက်ကာ သူမလက်ထဲက ဒေါ်လာ၂၀၀တန် အရွက်လေး
ကို ကြည့်ပြီး
"ငါနင့်ကို ဒီလောက်ထိတောင်
လိမ်ဖို့ ကူညီပေးတာကို နင်ကငါ့
ကို ဒေါ်လာ၂၀၀တည်း ပေးတာ
ပေါ့"
"ငါအခု ဘယ်လောက်ထိ နာကျင်
နေရလဲဆိုတာ နင်လည်း သိတာပဲ။ ဒီတော့ ငါ့ရဲ့နာကျင်မှုတွေထဲက နည်းနည်းလောက်ပဲ ဖြစ်ဖြစ်
ဖဲ့ဝေပေးဖို့ လူတစ်ယောက်ကို ရလိုက်တာက အနည်းနဲ့ အများ
တော့ စိတ်ချမ်းသာရတယ်လေ"
ရှောင်လင်: နင့်မေ
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့
လည်း သူမ အောက်ထပ်ကို ပြန်ဆင်းလိုက်ရတာပါပဲ။
ထန်းရှောင် မင်္ဂလာဆောင်
ခန်းမထဲကို ဝမ်းချုပ်နေတဲ့
မျက်နှာနဲ့ ပြန်ရောက်လာတယ်။
သူမရဲ့ ထိုင်ခုံနေရာဆီ ဝင်ထိုင်
လိုက်တဲ့ အချိန်မှာ ဘောင်းဘီပေါ်
က အမွှေးတစ်မျှင်လေးနဲ့ Meng
Hu Clanသားတွေမှာ လှုပ်လှုပ်
ရွရွ ဖြစ်လာကြတယ်။
"ဟုတ်သားပဲ, ဒီက လူကြီးမင်းနှစ်
ယောက်က ကျွန်တော့်ရဲ့ မင်္ဂလာ
ဆောင်မှာ ဂုဏ်ပြုသီချင်းဆိုပေးဖို့ ပြောထားကြတာမလား, ဘယ်
သီချင်းကို ဆိုချင်ကြလဲ?"
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေးက ထန်းရှောင်ကို စိတ်လှုပ်
ရှားစွာနဲ့ ကြည့်လိုက်တယ်။
ဒီမိန်းကလေးက ဓာတ်ပုံတွေထဲက ထက်တောင် ပိုလှတာပဲ။
ထန်းရှောင်က ခဏလောက် စိတ်ရှုပ်သွားပြီး သီချင်းနံမည်က နှုတ်ကနေ အလိုအလျောက် ထွက်လာတယ်။
"အရပ်ရှစ်မျက်နှာ မေတ္တာပို့သီချင်း
ဆိုရင်ရော?"
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေးမှာ ရေခဲရိုက်ခံလိုက်ရသလို
အတောင့်လိုက်ကြီး ဖြစ်သွားတယ်။
"ဘာကြီး?"
ထန်းရှောင်ရဲ့စကားကို ကြားပြီး မျက်လုံးပြူးသွားတဲ့ ရှောင်လင်မှာ
ထန်းရှောင်လက်ကို အသာကုပ်
လိုက်ကာ
"ဒီနေ့က နေကောင်းနေ့မြတ်ကြီး
နော်!"
ဒီတော့ မင်္ဂလာဆောင်ကို လာတဲ့ လူတိုင်း အကျွတ်တရားရပြီး တောထွက်ကြဖို့ မလုပ်ကြရအောင်
လား!
ဗုဒ္ဓဘုရားလည်း ဒီတစ်နေ့တော့ ကောင်းကောင်း အနားယူပါစေ!
"မဟုတ်ရင် ကျွန်မ နောက်ထပ် နှစ်ပေါင်းငါးရာလောက်ထိ အသက်ရှင်နိုင်ပါ့မလား?"
ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
လေး: "....."
ရှောင်လင်: "...."
ထန်းရှောင်:
"အ, ကျွန်မ တောင်းပန်ပါတယ်။
ကျွန်မ စိတ်ခဏ လွတ်သွားလို့ပါ။ တကယ် တောင်းပန်ပါတယ်။ ဟုတ်ပါတယ်, ဒါတွေအားလုံး ကျွန်မရဲ့အပြစ်တွေချည်းပါ"
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေး: "....."
ရှောင်လင်: "....."
ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
လေး:....မင်း ငါ့ရဲ့မင်္ဂလာဆောင်
ကို ဖျက်ဖို့ ရောက်လာတာတော့ မဟုတ်ပါဘူးနော်?
သူမရဲ့လက်ထောက်တစ်ယောက် အနေနဲ့ ရှောင်လင်က ထန်းရှောင်ရဲ့ အခြေအနေကို ပုံမှန်ဖြစ်အောင် ဝင်ထိန်းရလေတယ်။
"ဒါမှမဟုတ် နင်နဲ့ မူချောင်နဲ့
အဲဒီ "ဇနီးလေး" ဆိုတဲ့ သီချင်းကို အတူဆိုကြရင်ရော?"
ရှောင်လင်က သီချင်းနံမည်ကို ပြောလိုက်တယ်။
"အဲ့သီချင်းတစ်ပုဒ်လုံးမှာ
ဇနီးလေး ဆိုတဲ့တစ်လုံးပဲ ငါ
အလွတ် ရတယ်"
ထန်းရှောင်ရဲ့အဖြေကတော့ လွန်စွာရိုးသားတယ်။
"Spirit Road ရဲ့ Theme
Song ဆို ဘယ်လိုလဲ?"
မူချောင် မေးလိုက်တယ်။ သူမ ကောင်းကောင်းသိနေတဲ့ သီချင်း
နံမည်ကို ကြားတာနဲ့ ထန်းရှောင်
လည်း ခေါင်းညိတ်ပြီး သဘောတူ
လိုက်တယ်။
သီချင်းခေါင်းစဉ်ကို သဘော
တူညီမှု ရသွားတာနဲ့ ဘောင်းဘီ
ပေါ်က အမွှေးတစ်မျှင်လေးက
စီစဉ်ဖ်ို့အတွက် တေးဂီတပိုင်း
ဆိုင်ရာ ငှားထားတဲ့ သူတွေဆီ လှည့်ထွက်သွားတော့တယ်။
ထန်းရှောင် ထိုင်ခုံပေါ် ပြန်ထိုင်ချ
လိုက်ပြီး ထိုအခိုက်အတန့်မှာ
တော့ မူချောင့်ဘက်ကို တစ်ချက်
လေးတောင် လှည့်မကြည့်ရဲခဲ့ပေ။
#4155 words
Ive Latte (mm)
Weekly: 9:00Pm
Monday & Thursday
------------------------------------------
Eng T/N:
"ကိစ္စမရှိပါဘူး, ခဏကြာရင် မင်း
က သန့်စင်ခန်းကို ပြေးရတော့မှာ
ဆိုတော့ ကျွန်တော် မင်းအတွက်
ကြိုပြီး လမ်းဖယ်ပေးထားလိုက်
တာပါ"
မူချောင်...ရှင် မြွေလိုလူပဲ!
ထန်းရှောင် အိမ်သာခုံကို ဖက်ပြီး
ဘုရားသီချင်းဆိုနေတဲ့ ပုံကို
ငါ စိတ်ကူးကြည့်လို့တောင်
မရဘူး😆😆😆
MM T/N:
ဒီChapterက novelတစ်ခု
လုံးမှာ အသက်ဝင်ဆုံး၊ အစောင့်
မျှော်ရဆုံးပဲ။
နောက်ဆုံးတော့ ကိုယ်တွေရဲ့
ဇာတ်လိုက်ကျော် အမတော်
ထန်းရှောင်တော့ မူချောင်က
ဘယ်သူလဲဆိုတာ သိသွားခဲ့ပြီလေ။
မမထန်းရှောင်ရဲ့ ရှေ့ရေး
အတွက် အမွှေးတိုင်လေး ထွန်းပြီး
ဆုတောင်းပေးလိုက်ကြပါအုံး
😆😆😆
####
တစ်ပတ်လို့ပြောပြီး Iveလည်း မအားလပ်နေတာနဲ့ ဆယ်ရက်
နီးပါးလောက် ကြာသွားတယ်။
နောက်အပိုင်းတွေတော့ ပုံမှန်
ပြန်runပါပြီ။
စောင့်မျှော်ပေးကြတဲ့အတွက်
လည်း ကျေးဇူးပါရှင်😚😚😚