My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၁၅ ။ အစားထိုးချစ်သူ

4.5K 819 125
By Mine-Edge

[Unicode]

ကျောင်းချီ မြေအောက်ခန်းဆီ သွားခဲ့စဉ်တည်းက ဓာတ်ပုံအယ်လ်ဘမ်ကို မြင်ပြီးပြီဖြစ်သော်ငြား နှစ်ယောက်သား ထိုဓာတ်ပုံများကိုတူတူကြည့်ရသည့် ခံစားချက်ကတော့ လုံးဝကို ကွာခြားလွန်းနေခဲ့သေးသည်။ ယခု ထိုစဉ်က ကင်မရာမန်းဖြစ်ခဲ့သော ယခုလက်ရှိသူ့ခင်ပွန်းကိုလည်း ဘေးတွင်ထားကာ ရိုက်နိုင်ပြီ။

အမျိုးသားနှစ်ယောက် ပင်မအိပ်ခန်း၏ အိပ်ရာကြီးပေါ်တွင် ဘေးချင်းကပ်ယှဉ်လှဲကာ ဓာတ်ပုံများကို တစ်ပုံချင်းစီကြည့်ရှုနေခဲ့သည်။

အချို့ဓာတ်ပုံရိုက်ချက်များမှာ လှပလွန်းသည်။‌ ရှပ်အင်္ကျီဖြူဖြင့် လူငယ်လေးကျောင်းယန်မှာ စိမ်းလန်းစိုပြည်လှသော ပရုတ်သစ်ပင်အောက် မတ်တပ်ရပ်နေပြီး သစ်ကိုင်းပေါ်တွင် ထိုင်နေသော လိမ္မော်ရောင်ကြောင်က‌လေးကို မော့ကြည့်နေသည်။ သူနှင့်ကြောင်ကလေးပေါ် နေရောင်ခြည်က ဖြာကျနေပြီး ရွှေအိုရောင်သမ်းနေ၍ နတ်သမီးပုံပြင်ထဲရှိ မင်းသားတစ်ပါးနှင့် နတ်သူငယ်ကြားမှ တွေ့ဆုံမှုအတိုင်းပင်။

အချို့ကတော့ ဘတ်စကတ်ဘောကွင်းတွင် ရိုက်ခဲ့သည့် ရိုက်ချက်လိုမျိုး အလျင်စလို လျှပ်တစ်ပြတ်ရိုက်ထားခဲ့တာ သိသာလှသည်။ ကျောင်းချီမှာ လျင်မြန်လွန်းစွာ ပြေးနေခဲ့၍ တစ်ကိုယ်လုံးမှာ ပုံရိပ်ယောင်အရိပ်အတိုင်းပင်။ ဘေးတွင်တော့ မိန်းကလေးများမှာ ရှက်‌သွေးဖြာလျက် အားပေးနေကြသည်။

နေက်တစ်ပုံကတော့ ကျောင်းသူတစ်ယောက် ပွဲချိန်တစ်ဝက် နားနေချိန်အတွင်း ကျောင်းချီကို ဓာတ်ဆားရည်ဘူး ပေးနေသော်လည်း ကျောင်းချီက လက်ယမ်းပြရင်း ငြင်းနေသည့် ဓာတ်ပုံဖြစ်‌သည်။ မိန်းကလေး၏ မျက်နှာမှာ "ဝက်ခေါင်း" ဆိုသော စုတ်ချက်များနှင့် အမှတ်အသားပြုခံထားရံ၏။
[T/N: တရုတ်လို အရူး၊ မိုက်မဲသော အဓိပ္ပါယ်ပါ]

ထို့ကြောင့် ကျောင်းချီ သူမ မူလပုံစံကိုတောင် မမြင်နိုင်တော့ပေ။

"ဘာလို့ သူ့မျက်နှာပေါ် "ဝက်ခေါင်း" လို့ရေးရတာလဲ"

"သူက ရုပ်ဆိုးလွန်းတာကိုး၊ ကိုယ် သူ့ကိုကြည့်တိုင်း မျက်လုံးတွေလောင်မြိုက်သလို ခံစားလာရလို့ ဖုံးထားလိုက်တာ"
ကျန်းချန်ဖေးက ဖြောင့်မတ်မှန်ကန်သည့်ပုံစံနှင့် ဘွင်းဘွင်းလင်းလင်းကို ပြောလာခဲ့သည်။

ကျောင်းချီကတော့ ထိုအဖြေကို လုံးဝမယုံကြည်ဟန်ဖြင့် သူ့ဘက် ခေါင်းငဲ့ကာစောင်းကြည့်လိုက်၏။
"ကျောင်းထဲ မိုဘိုင်းဖုန်းယူလာခွင့်မရှိဘူးမလား၊ ခင်ဗျား ဘယ်လိုလုပ် ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့တာလဲ"

ဗဟုသုတနည်းပြီး အရည်အချင်းမရှိဟု အမြဲသမုတ်ခံခဲ့ရသော ဆိုးသွမ်းလူငယ်တစ်ယောက်အနေနှင့် ဖုန်းအကြောင်းမပြောနှင့်ဦး ကျန်းချန်ဖေးအံဆွဲများထဲတွင် ထိုအချိန်ကာလအတွင်း၌ ကင်မရများ၊ ဆဲလ်ဖုန်းများနှင့် ဂိမ်းစက်အမျိုးမျိုးရှိခဲ့သည်။

"ကိုယ်က ဆင်းရဲခဲ့တဲ့ကျောင်းသားတစ်ယောက်ကိုး"
ကျန်းချန်ဖေး ခေါင်းငုံ့ပြီး စောင်‌အောက် မျက်နှာဝှက်လိုက်သည်။ 
"မင်း ဒါကို သိထားလောက်မှာမဟုတ်ပေမဲ့ အထက်တန်းပထမနှစ်တုန်းက ကိုယ်က အပြင်ထွက် ဂိမ်းကစားဖို့အတွက်နဲ့ အတန်းလစ်ပြီး နံရံပေါ်တက်ခဲ့တဲ့သူလေ"

ကျောင်းချီ လက်ကိုမြှောက်ကာ ဆံပင်ခပ်ထူထူခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ကျူတက္ကသိုလ်ဘွဲ့ရ အထင်ကရအကျော်အ‌မော်ပုဂ္ဂိုလ်နှင့် ဂိမ်းကစားရန် အတန်းလစ်နေကျ အထက်တန်းကျောင်းသားလေးကို ချိတ်ဆက်ကြည့်ရန်မှာ အမှန်တကယ်ခက်ခဲလှသည်။
"စီနီယာအထက်တန်းကျောင်းတုန်းက ခင်ဗျားကိုဘာလို့မမြင်ခဲ့မိတာပါလိမ့်"

ကျန်းချန်ဖေးကဲ့သို့ အင်မတန် ချောမောပြီးအရပ်ရှည်သော ကျောင်းသားတစ်ယောက်သည် အထက်တန်းကျောင်းတွင် အင်မတန်နာမည်ကြီးသင့်သည်။

"ကိုယ့်လက်ရှိပုံစံနဲ့ စီနီယာအထက်တန်းကျောင်းတုန်းက ပုံစံနဲ့က တခြားစီလေ"

ထိုအချိန်တုန်းက သူ့အမေဆုံးပါးသွားခဲ့သည်။ သူ့အဖေသည် သူလုံးဝမရှိသည့်ဟန် တစ်နှစ်ပတ်လုံး အိမ်တွင်ရှိမနေခဲ့ပေ။ ကျန်းချန်ဖေးကို ဂရုစိုက်စောင့်ရှောက်မည့်သူမရှိခဲ့ချေ။ သူ၏ ကပေကရေအသွင်အပြင်နှင့် အမူအရာသည် ‌မွှေးပျံ့သော ပရုတ်ပင်အောက်ရှိ ဤကမ္ဘာနှင့် သက်ဆိုင်သည့်ပုံမပေါ်သော မင်းသားလေးတစ်ပါးနှင့် အင်မတန်ကြီးမားလှသော ကွာဟမှုပင်ဖြစ်သည်။

ကျန်းတာ့တျောင်း၏ မိသားစုအခြေအနေကို ပြန်စဉ်းစားမိတော့ ကျောင်းချီက သူပြောမထွက်သည့်စကားလုံးများကို ချက်ချင်းသဘောပေါက်သွားခဲ့ပြီး ကျန်းချန်ဖေးကျောပေါ် လှဲရန် ကိုယ်ကိုရွှေ့လိုက်သည်။ 
"အဲအချိန်တုန်းက blind date ကို ခင်ဗျားစီစဉ်ခဲ့တာလား"

ထိုအချိန်တုန်းက လိင်တူလက်ထပ်ခြင်းမှာ ပြည်တွင်းတွင် တရားဝင်ဖြစ်လာခဲ့စဉ် ကျောင်းချီ တရုတ်ကို ပြန်ရောက်တာ သိပ်မကြာသေးပေ။ သူ ထိုအကြောင်းကို သိပြီးပြီးခြင်း သိပ်မကြာခင်မှာပင် ယောက်ျား‌လေးများကို ကြိုက်သည်ဆိုသည့် အမှန်တရားအား မိသားစုထံဖွင့်ဟဝန်ခံခဲ့သည်။ ပါပါးကျောင်းမှာ အစပိုင်းတွင်သူ့ခြေထောက်ကိုရိုက်ချိုးချင်ခဲ့သော်လည်း မာမားကျောင်း၏ သနားစဖွယ် ငိုကြွေးမှုဖြင့် တားမြစ်ခံလိုက်ရသည်။

ရှေးရာစုနှစ်မှ ရှေးဟောင်းပစ္စည်းဖြစ်သည့် မစ္စတာကျောင်းကျို့ရန်မှာ လိင်တူသဘောကျသည့် အမျိုးသားများ၏ ကိုယ်ရေးကိုယ်တာဘဝသည် အင်မတန်ပရမ်းပတာနိုင်သည်ဟု စွဲစွဲမြဲမြဲယုံကြည်နေလေသည်။ သို့တိုင်အဆုံးတွင်တော့ သူ အလျှော့ပေးခဲ့သည်။ ကျောင်းချီ လက်ထပ်ရန် ‌အမျိုးသားကောင်းရှာဖွေရန်အတွက် blind date သွားသရွေ့ သူ ဆန့်ကျင်တော့မည်မဟုတ်ပေ။ ရလဒ်ကတော့ တက္ကသိုလ်မှဘွဲ့ရကာစ သခင်လေးကျောင်းခမျာ  အောင်သွယ်ရေး ဈေးကွက်ထဲ ဝင်ရောက်ရန် အတင်းအကြပ်ဖိအားပေးခံရတော့သည်။

ကျန်းချန်ဖေး သူ့ နတ်ဘုရားလေး တရုတ်ဆီ ပြန်ရောက်လာတာ သိသွားချိန် ကျောင်းချီကို မည်သို့ ပိုးပန်းရမည်လဲ အပြစ်အနာအဆာမရှိသော အစီအစဉ် ၃ခုဆွဲခဲ့သည်။ ကံမကောင်းသည်မှာ သူ့အစီအစဉ်များက အပြောင်းအလဲများနောက် မလိုက်နိုင်ရှာတော့ပေ။ ကော်ဖီဆိုင်တွင် ကျောင်းချီနှင့် ဒိတ်နေသော လီယွင်ကျင်းကို‌မြင်ခဲ့ချိန်က ‌လီယွင်ကျင်းခေါင်းကို သွားရိုက်ခွဲမိခဲ့လုနီးပါးပင်။

"မရယ်နဲ့တော့!" ကျန်းချန်ဖေးမှာ သူ့ကျောပေါ်လှဲနေသော ကောင်လေး၏ ခန္ဓာကိုယ် တုန်ရီနေသည်ကို ခံစားမိနေသည်။ သူ မပျော်မရွှင်ဖြစ်သွား၍ တစ်ပတ်လှိမ့်ကာ ဖိထားလိုက်သည်။
"ကိုယ့်ကို ထပ်ရယ်ရင် နမ်းပစ်မှာနော်!" ကျန်းချန်ဖေးက ခက်ထန်သောလေသံဖြင့် ဆိုလေသည်။

‘ကိုယ်တို့ အသက်၇၀ ဒါမှမဟုတ် အိုမင်းသွားလွန်းတဲ့ချိန်အထိ စောင့်ပြီးတော့မှ ကိုယ် မင်းကို ပြောပြမှာ ကျောင်းချီ...၊ တစ်သက်တာအတွက် အရယ်ခံရတာကလည်း အင်မတန်ကောင်းမွန်တယ်ဆိုတာကိုပေါ့’

ကျောင်းချီ ရယ်တာမရပ်တန့်နိုင်တော့ပေ။ ရှက်စိတ်ဖြင့် ဒေါသမွှန်သွားသော ခင်ပွန်းသည်မှာ ရုတ်ချည်း သူ့ပါးစပ်ကိုပိတ်လိုက်တော့သည်။

အတော်ကြာအောင် အရူးထပြီးနောက်တွင်တော့ ကျောင်းချီမှာ အရေးကြီးသည့်ကိစ္စတစ်စုံတစ်ရာကို အမှတ်ရသွားခဲ့သည်။
"ဒီအ‌ခြေအနေက ပိုပြီးပြင်းထန်တဲ့ပုံပဲ၊ ခင်ဗျားနာမည်တောင် ခင်ဗျားမမှတ်မိခဲ့ဘူးလေ၊ ဒီလိုသာဆက်ဖြစ်နေရင် ခင်ဗျားပုံမှန်ဘဝမှာပါ ထိခိုက်လာလိမ့်မယ်၊ ထပ်ပြီး အချိန်ဆွဲနေလို့မဖြစ်တော့ဘူး၊ အမေရိကားသွားရအောင်"

Smart brainကို ဖယ်ရှား၍မရသော နာနိုပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ တစ်စုံတစ်ယောက် အတင်းအကြပ် ဖယ်ရှားမည်ဆိုလျှင် ဆာဂျရီပြုလုပ်ရန် လိုအပခသည်။ ဒါ သူတို့ မတတ်သာသည့်အဆုံးသုံးဂမည့်နည်းလမ်းဖြစ်သော်ငြား ဒီစိတ်ကစဉ့်ကလျားဖြစ်မှုကို တခြားနည်းလမ်းများနှင့်ကုသရန် မျှော်လင့်နေသေးသည်။

"တကယ်တော့ ကိုယ်မှတ်မိတယ်"
ကျန်းချန်ဖေးက လေသံတိုးတိုးဖြင့် ဆိုသည်။

"ဟမ်"

ဇာတ်လမ်းက ရှင်းပြရန် ရှက်ဖို့ကောင်းလွန်းသည်။ ဥက္ကဌ စောင်ကို ခေါင်းမြီးခြုံအုံလုပ်ပြီး ဗလုံးဗထွေး ခပ်တိုးတိုးပြောရှာသည်။
"သူက ဆင်းရဲတဲ့ကောင်လေး ကျန်းချန်ဖေးမှန်း သူသိတယ်လေ"

ကျန်းတာ့တျောင်းက ထိုဇာတ်လမ်းတွင် ပါဝင်ပတ်သတ်သူမှာ သူမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုခဲ့သည်။

သူ့အစားထိုးလေးအား သူသည် ဆင်းရဲသောကောင်လေး ကျန်းချန်ဖေးမှန်း မသိစေချင်၍ ကျောင်းချီ ရုံးခန်းဆီ ရောက်လာသည့်အချိန်က တမင်သက်သက် တိအောင်းဟု လက်မှတ်ထိုးခဲ့ခြင်းပင်။ ထို့ကြောင့် ကော်ပီဒါဇင်ကျော်လောက်သာ လက်မှတ်မှားထိုးခဲ့ခြင်းဖြစ်သည်။ သူ့ချစ်ဇနီးလေး ရောက်မလာခင်နှင့် ပြန်ပြီးသွားနောက်ပိုင်း စာရွက်စာတမ်းများပေါ်ရှိ လက်မှတ်များတွင် ပြဿနာမရှိတော့ပေ။

ကျောင်းချီ မတုံ့ပြန်နိုင်ဖြစ်နေ၏။ အဖြစ်မှန်က သူထိုနာမည်ကို မစဉ်းမစားရေးခဲ့ခြင်းမဟုတ်ကြောင်း ပြသနေသည်။ ဤအချက်က သူ့ကို စိုးရိမ်ရလျော့နည်းသွားစေခဲ့သည်။

လေးထောင့်ချိုးအခန်းထဲတွင် အိမ်ထောင်သည်စုံတွဲမှာ သူတို့ကျောင်းသားဘဝ၊ ခဲယဉ်းပြီး လေးနက်သည့်ခံစားချက်များနှင့်ပြည့်နေခဲ့သော သူတို့၏ ကြည်နူးဖွယ်ရာ အချစ်ခရီးလမ်းအကြောင်း စကားလက်ဆုံကျနေခဲ့ကြသည်။

နောက်တစ်နေ့။

ကျောင်းချီ မနက်စောစော မျက်လုံးဖွင့်ဖွင့်ချင်း သူ့လောင်ကုန်းက သူ့ကိုရင်ခွင်ထဲ ထည့်ထားရင်း smart brainဖြင့် သတင်းများကြည့်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ မရေမရာဖြင့် တီးတောက်လိုက်သည်။
"ခင်ဗျားနာမည်ဘာလဲ"

ကျန်းချန်ဖေးမှာ တဟားဟားရယ်တော့သည်။
"ဘေဘီ၊ ကိုယ်ပါပဲ၊ ဒီနေ့ ဇာတ်ညွှန်းမရှိပါဘူး"

သူ့ချစ်ဇနီးလေးက  စိတ်သက်သာရာရသွားဟန် ပင့်သက်ရှည်ကြီးချလိုက်သည်ကို ကြည့်ရင်း အနားတိုးကာ အနမ်းမပေးဘဲ မနေနိုင်တော့ပေ။

တစ်စုံတစ်ယောက်၏မိသားစုကို ဤကဲ့သို့ပြဿနာကြီးဖြစ်စေသည့်အတွက် ဒီ smart brainထုတ်လုပ်သူ ‌ဒေဝါလီခံကိုခံရမည်!

ကျန်းချန်ဖေး သူ့ချစ်ဇနီးလေးကို အလုပ်ဆီ လိုက်ပို့ပြီး အသွားတွင် ကျောင်းချီက သူ့ကို "လျန်ရှင်းဝေ့လန်ကော့" နှင့် ပါ့ကျောင်း စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။
"အစီအစဉ်တင်ဆက်သူက နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်တဲ့ပလတ်ဖောင်းတွေ‌ဆီ သွားပြီလေ၊ ပြီးတော့ ရှီးဖေးနည်းပညာက သူ့ကြော်ညာနဲ့ပတ်သတ်ပြီးတော့ စာတစ်စောင်လည်း ခင်ဗျားဆီပို့ခဲ့သေးတယ်"

"ဒါက ကိုယ်တို့မိသားစုစီးပွားရေးပဲလေ၊ ကြော်ညာတွေကို ဘယ်သူ့ပေးချင်လဲက မင်းအပေါ်ပဲမူတည်တယ်"

စည်းကမ်းမဲ့ ဥက္ကဌလူကြီးမင်း ရှီးဖေးနည်းပညာဆီရောက်ချိန် ဖုန်းအစိမ်းတစ်ခုဝင်လာခဲ့သည်။

"ဥက္ကဌကျန်း၊ ကျွန်တော်က 'လျန်ရှင်းဝေ့လန်ကော့'ရဲ့ အစီအစဉ်တင်ဆက်သူပါ၊ ကျွန်တော် ဂိမ်းအသစ်ရဲ့ကြော်ညာနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်လို့"

ဖုန်းတစ်ဖက်မှ လူကတော့ ကော့ရှင်းပင်။

"ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ငါနဲ့တိုက်ရိုက်ဆွေးနွေးဖို့မလိုအပ်ပါဘူး၊ မင်းကုမ္ပဏီကိုသာ ငါတို့ရဲ့ အရောင်းဌာနနဲ့ဆက်သွယ်ခိုင်းလိုက်ပါ"
ကျန်းချန်ဖေးမဦျ အချိန်မဖြုန်းချင်ရင် ဒဲ့သာပြောလိုက်သည်။

"ကျွန်တော် ပါ့ကျောင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီ၊ ခင်ဗျားနဲ့ ဥက္ကဌကျောင်းရဲ့ ဆက်ဆံရေးကြောင့် ဒီကြော်ညာကို ကျွန်တော့်ဆီ ပေးလောက်တော့မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်လက်ထဲ ခင်ဗျားနားထောင်ဖို့ ကိစ္စတစ်ခုရှိတယ်၊ ခင်ဗျား ကျွန်တော့်ကို ပြန်စဉ်းစားပေးဖို့ဆန္ဒရှိရင် ရှိသွားမှာပါ"
ကော့ရှင်းက အသံဖိုင်တစ်ခုပို့လာခဲ့သည်။

【 ပြောစရာမရှိပါဘူး၊ သူက အစားထိုးပဲကို!】

【 မင်း... မင်းက ကျောင်းအိမ်တော်က သခင်လေးကို အစားထိုးအဖြစ် လုပ်တယ်လား! မင်း... ဘယ်လိုလုပ် မင်းဒီလို လုပ်နိုင်ရတာလဲ! 】

ရင်းနှီးနေသော အသံမှာ ထိုနေ့က ဘူဖေးဧည့်ခံသည့်နေရာတွင် ထောင့်တစ်ထောင့်၌ ကျန်းချန်ဖေးနှင့် ကောင်းရှီချင်းပြောခဲ့သော စကားဝိုင်းအတိအကျပင်။

"ဒီကြော်ညာကို ကျွန်တော့်ကိုပေးဖို့ပဲ မျှော်လင့်တာပါ၊ ကျွန်တော့်ကြော်ညာနဲ့ ဒီအသံသွင်းဖိုင် အလဲအလှယ်လုပ်‌ရင်ရော၊ ဘာဆုံးရှုံးမှုမှ မရှိဘူးမလား"
ကော့ရှင်းက ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။ ဒီကြော်ညာကြေးမှာ အင်မတန်မြင့်မားလှပြီး သူ့ ကိုယ်ရေးကိုယ်တာ ကျော်ကြားမှုမြင့်တက်စေရန်အတွက်လည်း အလွန်အမင်း အထောက်အကူပြုသည်။ သူ့ ယခု တိုက်ရိုက်ထုတ်လွှင့်သည့် ပလတ်ဖောင်းမှာ သူ့ကိုကူညီတိုက်ခိုက်ပေးရန် စွမ်းဆောင်နိုင်ရည်မရှိ၍ သူ့ကိုယ်သူသာမှီခိုရတော့သည်။

"..."
ဥက္ကဌမှာ မည်သည့်စကားဆိုရမည်လဲ မသိတော့ပေ။ ဒါ သူ့ကိုခြိမ်းခြောက်နေတာလား။

"ဒီကိစ္စကို ဥက္ကဌကျောင်း သိသွားတာပဲဖြစ်ဖြစ်၊ ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်လိုက်တာပဲဖြစ်ဖြစ် အဲကျရင် ခင်ဗျားဆုံးရှုံးမှုက endorsement တစ်ခုတည်းပဲ ဖြစ်မှာမဟုတ်ဘူး"

ကျောင်းယန်း အိမ်ခြံမြေစီးပွားရေးမှာ ကျဆင်းနေသော်ငြား ကုလားအုတ်ပိန်တစ်ကောင်သည် မြင်းထက်တော့ကြီးသေး၏။ ကျောင်းအိမ်မှာ  စံနှုန်းများအရ ချမ်းသာပြီး တန်ခိုးထွားဆဲဖြစ်၏။ ကျန်းချန်ဖေးက ယောက္ခထီးမိသားစုကို ဒီလိုရှုံးချင်လိမ့်မည်မဟုတ်ဟု ယူဆကောင်းယူဆလို့ရနိုင်သည်။

"အော်" ကျန်းချန်ဖေးက နဖူးပေါ်လက်တင်ကာ သရော်သံပြုလိုက်သည်။
"ကောင်လေး၊ အရမ်းကြီး အတည်မယူလွန်းနဲ့၊ ခွန်အားကြီးလူတွေရဲ့ ဒီကမ္ဘာထဲမှာ မင်းကို ငါချေမွဖို့က ပုရွက်ဆိတ်လေးတစ်ကောင်ကို ချေမွရတာထက်တောင် လွယ်သေးတယ်!"
 
ဂိမ်းထဲရှိ အမှောင်နတ်ဆိုးဘုရင်နှင့် ဆင်သည့် အေးစက်ရက်စက်လှသော လေသံမှာ အပြင်လောကနှင့် အံဝင်ခွင်ကျ မရှိလှပေ။ သို့တိုင်အောင် မထင်မှတ်ထားလှစွာ လွှမ်းမိုးမှုအရှိန်အဝါအပြည့်ပင်။ ကော့ရှင်းမှာ တစ်ခဏတာ မင်သက်စွာ ကြောင်ကြည့်နေမိသည်။ ဖုန်းနံပါတ်ကိုကြည့်ရင်း ဥက္ကဌကျန်းကိုဖုန်းခေါ်မိခဲ့သည်က မှန်ရဲ့လားတောင် စဉ်းစားနေမိ၏။

ဆိုလိုတာက သဘောမနောကောင်းသည်ဆိုသည့် ဥက္ကဌကျန်းက မယားကြောက်ရတာလား။ ဒီ စစ်ဘုရင်မှာ ဘယ်လိုမျိုး ကြောက်မက်စရာကောင်းတဲ့ ဟိတ်ဟန်ရှိနေရတာပါလိမ့်။

နေဝင်ချိန် ကျောင်းချီ ပါ့ကျောင်း အဆောက်အဦးမှထွက်လာခဲ့ပြီး ထွက်လာလာချင်းပင် အနက်ရောင်Maybachကားတစ်စီးက လမ်းဘေးတွင် ဟိတ်ဟန်ကြီးစွာဖြင့် ရပ်ထားသည်ကိုမြင်လိုက်ရသည်။ ထို မျက်စိအာရုံကျစရာ ကားရပ်ထားသည့်ပုံစံက အနီးအနားမှ လူများကို ထပ်တလဲလဲ လည်ပြန်လှမ်းကြည့်လာစေသည်။

"ကားက ပြင်ပြီးသွားပြီလား" ကျောင်းချီ ကားသမားခုံဘေးလျှောက်လာပြီး မှန်ပြတင်းမှာတဖြည်းဖြည်းနိမ့်ကျလာကာ နေကာမျက်မှန်ဝတ်ထားသည့် ကျန်းချန်ဖေးပေါ်လာလေသည်။
"မှောင်နေပြီလေ၊ ဘာလို့နေကာမျက်မှန် ဝတ်ထားသေးတာလဲ"

ဥက္ကဌက သူ့ကိုကြည့်ပြီး တံခါးဖွင့်ကာ ကားပေါ်မှဆင်းလာသည်။ သူ ကြော့မော့စွာဖြင့် နေကာမျက်မှန်ချွတ်လိုက်ပြီး တည်ကြည် ခံ့ညားသည့်ဟန်နှင့် ကျောင်းချီလက်ကို ဂရုတစိုက် ဖမ်းဆုတ်လိုက်သည်။
"ယောက်ျားလေးတစ်ယောက်တည်း လမ်းပေါ် လမ်းလျှောက်တာက အန္တရာယ်များလွန်းတယ်၊ နောက်တစ်ကြိမ်ဆို မင်းရုံးခန်းထိလာပြီး ကိုယ်လာကြိုတာကို စောင့်"


"ဟင်" ကျောင်းချီ ဘယ်ကြည့် ညာကြည့် လုပ်လိုက်၏။ ပါ့ကျောင်းအဆောက်အဦးရှေ့တွင်က လူများဝင်ထွက်သွားလာနေသော ပလာဇာလေးတစ်ခုသာရှိပြီး ယာဉ်ကြောများလည်း ကျပ်နေသေးသည်။
"အန္တရာယ်က ဘာဖြစ်မှာမို့လဲ"

"ဒီသနားစရာလေးကတော့၊ တခြားသူတွေအပေါ် မင်းရဲ့ဆွဲဆောင်မှုက ဘယ်လောက်တောင် သေစေနိုင်သလဲ မင်းလုံးဝမသိဘူး!"
ဥက္ကဌကျောင်း သက်ပြင်းမောကြီးချလိုက်သည်။ အချို့လူများက သူတို့ဘက် ရံဖန်ရံခါလှမ်းကြည့်နေသည်ကို မြင်လိုက်ရ၍ သူတို့ကို ရန်သူကြီးအဖြစ် ရုတ်တရက်စဉ်းစားမိကာ ချစ်ဇနီးလေးအား ရှေ့ခန်းခရီးသည်ထိုင်ခုံဆီ အလျင်အမြန် ထိုးထည့်ပြီး ထိုင်ခုံခါးပတ်ပတ်ပေးလိုက်သည်။

ကျောင်းချီထံမှ ချိုမြသည့် ရနံ့ခပ်ဖျော့ဖျော့က ကျန်းချန်ဖေး၏ အာရုံဆီ ကျုးကျော်လာသည်။ ဟုတ်တာပေါ့၊ ဒါက ကျောင်းချီ ပုံမှန်အသုံးပြုနေကျ  – L’Artisan Parfumeur Fleur De Liane  ရေ‌မွှေးပင် ဖြစ်၏။ ၎င်းက ပညာရှိအငွေ့အသက် အနံ့ခပ်ပြင်းပြင်းနှင့် အပူပိုင်းမိုးသစ်တောရှိ မြက်ခင်း၏ ချိုမြသောရနံ့ကဲ့သို့ အနံ့ရှိသည်။

{T/N: L’Artisan Parfumeur Fleur De Liane – “နွယ်ပင်၏ပန်း” သည် L’Artisan Parfumeur’s Travel Seriesမှ လေးကြိမ်‌မြောက်ရေမွှေးဖြစ်သည်}

အင်မတန် ညှို့ယူဖမ်းစားခံလိုက်ရသည့်ပမာ ကျန်းချန်ဖေးမှာ သူ့လည်တိုင်ကို ရနံ့မခံကြည့်ပဲ မနေနိုင်တော့ပေ။
"ချိုလွန်းတဲ့ pheromone ပဲ! မင်းအဖေပြောတာမှန်တယ်၊ မင်းက ‌သွေးသန့်စင်တဲ့ omega တစ်ယောက်ပဲ၊ ကိုယ့်အတွက် အစွမ်းအထက်ဆုံး ကလေးမွေးပေးနိုင်မှာပဲ!"

ဘာကို!


က

ျောင်းချီ ခေါင်းခြောက်သွားတော့၏။ ဒီလူ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ထဲ ဝင်သွားပြီဆိုတာ သတိထားမိသည့်တိုင် မေးခွန်းက :
သူ လူစကားပြောနေတာရော ဟုတ်ရဲ့လား။

သူပြောနေသည့် စကားလုံးတိုင်းကို နားလည်သော်ငြား အဓိပ္ပါယ်တော့ သဘောမပေါက်နိုင်ပေ။ ဘာ omegaလဲ။ ဘာသွေးသန့်စင်တာလဲ။ ဘာကလေးလဲ။

ဇာတ်ညွှန်းအသစ်က ဥက္ကဌတစ်ယောက်အကြောင်း မဟုတ်ဘူးလား။

Spoiler for next arc -

[Zawgyi]

ေက်ာင္းခ်ီ ေျမေအာက္ခန္းဆီ သြားခဲ့စဥ္တည္းက ဓာတ္ပုံအယ္လ္ဘမ္ကို ျမင္ၿပီးၿပီျဖစ္ေသာ္ျငား ႏွစ္ေယာက္သား ထိုဓာတ္ပုံမ်ားကိုတူတူၾကည့္ရသည့္ ခံစားခ်က္ကေတာ့ လုံးဝကို ကြာျခားလြန္းေနခဲ့ေသးသည္။ ယခု ထိုစဥ္က ကင္မရာမန္းျဖစ္ခဲ့ေသာ ယခုလက္ရွိသူ႕ခင္ပြန္းကိုလည္း ေဘးတြင္ထားကာ ရိုက္နိုင္ၿပီ။

အမ်ိဳးသားႏွစ္ေယာက္ ပင္မအိပ္ခန္း၏ အိပ္ရာႀကီးေပၚတြင္ ေဘးခ်င္းကပ္ယွဥ္လွဲကာ ဓာတ္ပုံမ်ားကို တစ္ပုံခ်င္းစီၾကည့္ရႈေနခဲ့သည္။

အခ်ိဳ႕ဓာတ္ပုံရိုက္ခ်က္မ်ားမွာ လွပလြန္းသည္။‌ ရွပ္အကၤ်ီျဖဴျဖင့္ လူငယ္ေလးေက်ာင္းယန္မွာ စိမ္းလန္းစိုျပည္လွေသာ ပ႐ုတ္သစ္ပင္ေအာက္ မတ္တပ္ရပ္ေနၿပီး သစ္ကိုင္းေပၚတြင္ ထိုင္ေနေသာ လိေမၼာ္ေရာင္ေၾကာင္က‌ေလးကို ေမာ့ၾကည့္ေနသည္။ သူႏွင့္ေၾကာင္ကေလးေပၚ ေနေရာင္ျခည္က ျဖာက်ေနၿပီး ေ႐ႊအိုေရာင္သမ္းေန၍ နတ္သမီးပုံျပင္ထဲရွိ မင္းသားတစ္ပါးႏွင့္ နတ္သူငယ္ၾကားမွ ေတြ႕ဆုံမႈအတိုင္းပင္။

အခ်ိဳ႕ကေတာ့ ဘတ္စကတ္ေဘာကြင္းတြင္ ရိုက္ခဲ့သည့္ ရိုက္ခ်က္လိုမ်ိဳး အလ်င္စလို လွ်ပ္တစ္ျပတ္ရိုက္ထားခဲ့တာ သိသာလွသည္။ ေက်ာင္းခ်ီမွာ လ်င္ျမန္လြန္းစြာ ေျပးေနခဲ့၍ တစ္ကိုယ္လုံးမွာ ပုံရိပ္ေယာင္အရိပ္အတိုင္းပင္။ ေဘးတြင္ေတာ့ မိန္းကေလးမ်ားမွာ ရွက္‌ေသြးျဖာလ်က္ အားေပးေနၾကသည္။

ေနက္တစ္ပုံကေတာ့ ေက်ာင္းသူတစ္ေယာက္ ပြဲခ်ိန္တစ္ဝက္ နားေနခ်ိန္အတြင္း ေက်ာင္းခ်ီကို ဓာတ္ဆားရည္ဘူး ေပးေနေသာ္လည္း ေက်ာင္းခ်ီက လက္ယမ္းျပရင္း ျငင္းေနသည့္ ဓာတ္ပုံျဖစ္‌သည္။ မိန္းကေလး၏ မ်က္ႏွာမွာ "ဝက္ေခါင္း" ဆိုေသာ စုတ္ခ်က္မ်ားႏွင့္ အမွတ္အသားျပဳခံထားရံ၏။
[T/N: တ႐ုတ္လို အ႐ူး၊ မိုက္မဲေသာ အဓိပၸါယ္ပါ]

ထို႔ေၾကာင့္ ေက်ာင္းခ်ီ သူမ မူလပုံစံကိုေတာင္ မျမင္နိုင္ေတာ့ေပ။

"ဘာလို႔ သူ႕မ်က္ႏွာေပၚ "ဝက္ေခါင္း" လို႔ေရးရတာလဲ"

"သူက ႐ုပ္ဆိုးလြန္းတာကိုး၊ ကိုယ္ သူ႕ကိုၾကည့္တိုင္း မ်က္လုံးေတြေလာင္ၿမိဳက္သလို ခံစားလာရလို႔ ဖုံးထားလိုက္တာ"
က်န္းခ်န္ေဖးက ေျဖာင့္မတ္မွန္ကန္သည့္ပုံစံႏွင့္ ဘြင္းဘြင္းလင္းလင္းကို ေျပာလာခဲ့သည္။

ေက်ာင္းခ်ီကေတာ့ ထိုအေျဖကို လုံးဝမယုံၾကည္ဟန္ျဖင့္ သူ႕ဘက္ ေခါင္းငဲ့ကာေစာင္းၾကည့္လိုက္၏။
"ေက်ာင္းထဲ မိုဘိုင္းဖုန္းယူလာခြင့္မရွိဘူးမလား၊ ခင္ဗ်ား ဘယ္လိုလုပ္ ဓာတ္ပုံေတြ ရိုက္နိုင္ခဲ့တာလဲ"

ဗဟုသုတနည္းၿပီး အရည္အခ်င္းမရွိဟု အၿမဲသမုတ္ခံခဲ့ရေသာ ဆိုးသြမ္းလူငယ္တစ္ေယာက္အေနႏွင့္ ဖုန္းအေၾကာင္းမေျပာႏွင့္ဦး က်န္းခ်န္ေဖးအံဆြဲမ်ားထဲတြင္ ထိုအခ်ိန္ကာလအတြင္း၌ ကင္မရမ်ား၊ ဆဲလ္ဖုန္းမ်ားႏွင့္ ဂိမ္းစက္အမ်ိဳးမ်ိဳးရွိခဲ့သည္။

"ကိုယ္က ဆင္းရဲခဲ့တဲ့ေက်ာင္းသားတစ္ေယာက္ကိုး"
က်န္းခ်န္ေဖး ေခါင္းငုံ႕ၿပီး ေစာင္‌ေအာက္ မ်က္ႏွာဝွက္လိုက္သည္။ 
"မင္း ဒါကို သိထားေလာက္မွာမဟုတ္ေပမဲ့ အထက္တန္းပထမႏွစ္တုန္းက ကိုယ္က အျပင္ထြက္ ဂိမ္းကစားဖို႔အတြက္နဲ႕ အတန္းလစ္ၿပီး နံရံေပၚတက္ခဲ့တဲ့သူေလ"

ေက်ာင္းခ်ီ လက္ကိုျမႇောက္ကာ ဆံပင္ခပ္ထူထူေခါင္းကို ပြတ္သပ္ေပးလိုက္သည္။က်ဴတကၠသိုလ္ဘြဲ႕ရ အထင္ကရအေက်ာ္အ‌ေမာ္ပုဂၢိဳလ္ႏွင့္ ဂိမ္းကစားရန္ အတန္းလစ္ေနက် အထက္တန္းေက်ာင္းသားေလးကို ခ်ိတ္ဆက္ၾကည့္ရန္မွာ အမွန္တကယ္ခက္ခဲလွသည္။
"စီနီယာအထက္တန္းေက်ာင္းတုန္းက ခင္ဗ်ားကိုဘာလို႔မျမင္ခဲ့မိတာပါလိမ့္"

က်န္းခ်န္ေဖးကဲ့သို႔ အင္မတန္ ေခ်ာေမာၿပီးအရပ္ရွည္ေသာ ေက်ာင္းသားတစ္ေယာက္သည္ အထက္တန္းေက်ာင္းတြင္ အင္မတန္နာမည္ႀကီးသင့္သည္။

"ကိုယ့္လက္ရွိပုံစံနဲ႕ စီနီယာအထက္တန္းေက်ာင္းတုန္းက ပုံစံနဲ႕က တျခားစီေလ"

ထိုအခ်ိန္တုန္းက သူ႕အေမဆုံးပါးသြားခဲ့သည္။ သူ႕အေဖသည္ သူလုံးဝမရွိသည့္ဟန္ တစ္ႏွစ္ပတ္လုံး အိမ္တြင္ရွိမေနခဲ့ေပ။ က်န္းခ်န္ေဖးကို ဂ႐ုစိုက္ေစာင့္ေရွာက္မည့္သူမရွိခဲ့ေခ်။ သူ၏ ကေပကေရအသြင္အျပင္ႏွင့္ အမူအရာသည္ ‌ေမႊးပ်ံ့ေသာ ပ႐ုတ္ပင္ေအာက္ရွိ ဤကမာၻႏွင့္ သက္ဆိုင္သည့္ပုံမေပၚေသာ မင္းသားေလးတစ္ပါးႏွင့္ အင္မတန္ႀကီးမားလွေသာ ကြာဟမႈပင္ျဖစ္သည္။

က်န္းတာ့ေတ်ာင္း၏ မိသားစုအေျခအေနကို ျပန္စဥ္းစားမိေတာ့ ေက်ာင္းခ်ီက သူေျပာမထြက္သည့္စကားလုံးမ်ားကို ခ်က္ခ်င္းသေဘာေပါက္သြားခဲ့ၿပီး က်န္းခ်န္ေဖးေက်ာေပၚ လွဲရန္ ကိုယ္ကိုေ႐ႊ႕လိုက္သည္။ 
"အဲအခ်ိန္တုန္းက blind date ကို ခင္ဗ်ားစီစဥ္ခဲ့တာလား"

ထိုအခ်ိန္တုန္းက လိင္တူလက္ထပ္ျခင္းမွာ ျပည္တြင္းတြင္ တရားဝင္ျဖစ္လာခဲ့စဥ္ ေက်ာင္းခ်ီ တ႐ုတ္ကို ျပန္ေရာက္တာ သိပ္မၾကာေသးေပ။ သူ ထိုအေၾကာင္းကို သိၿပီးၿပီးျခင္း သိပ္မၾကာခင္မွာပင္ ေယာက္်ား‌ေလးမ်ားကို ႀကိဳက္သည္ဆိုသည့္ အမွန္တရားအား မိသားစုထံဖြင့္ဟဝန္ခံခဲ့သည္။ ပါပါးေက်ာင္းမွာ အစပိုင္းတြင္သူ႕ေျခေထာက္ကိုရိုက္ခ်ိဳးခ်င္ခဲ့ေသာ္လည္း မာမားေက်ာင္း၏ သနားစဖြယ္ ငိုေႂကြးမႈျဖင့္ တားျမစ္ခံလိုက္ရသည္။

ေရွးရာစုႏွစ္မွ ေရွးေဟာင္းပစၥည္းျဖစ္သည့္ မစၥတာေက်ာင္းက်ိဳ႕ရန္မွာ လိင္တူသေဘာက်သည့္ အမ်ိဳးသားမ်ား၏ ကိုယ္ေရးကိုယ္တာဘဝသည္ အင္မတန္ပရမ္းပတာနိုင္သည္ဟု စြဲစြဲၿမဲၿမဲယုံၾကည္ေနေလသည္။ သို႔တိုင္အဆုံးတြင္ေတာ့ သူ အေလွ်ာ့ေပးခဲ့သည္။ ေက်ာင္းခ်ီ လက္ထပ္ရန္ ‌အမ်ိဳးသားေကာင္းရွာေဖြရန္အတြက္ blind date သြားသေ႐ြ႕ သူ ဆန႔္က်င္ေတာ့မည္မဟုတ္ေပ။ ရလဒ္ကေတာ့ တကၠသိုလ္မွဘြဲ႕ရကာစ သခင္ေလးေက်ာင္းခမ်ာ  ေအာင္သြယ္ေရး ေဈးကြက္ထဲ ဝင္ေရာက္ရန္ အတင္းအၾကပ္ဖိအားေပးခံရေတာ့သည္။

က်န္းခ်န္ေဖး သူ႕ နတ္ဘုရားေလး တ႐ုတ္ဆီ ျပန္ေရာက္လာတာ သိသြားခ်ိန္ ေက်ာင္းခ်ီကို မည္သို႔ ပိုးပန္းရမည္လဲ အျပစ္အနာအဆာမရွိေသာ အစီအစဥ္ ၃ခုဆြဲခဲ့သည္။ ကံမေကာင္းသည္မွာ သူ႕အစီအစဥ္မ်ားက အေျပာင္းအလဲမ်ားေနာက္ မလိုက္နိုင္ရွာေတာ့ေပ။ ေကာ္ဖီဆိုင္တြင္ ေက်ာင္းခ်ီႏွင့္ ဒိတ္ေနေသာ လီယြင္က်င္းကို‌ျမင္ခဲ့ခ်ိန္က ‌လီယြင္က်င္းေခါင္းကို သြားရိုက္ခြဲမိခဲ့လုနီးပါးပင္။

"မရယ္နဲ႕ေတာ့!" က်န္းခ်န္ေဖးမွာ သူ႕ေက်ာေပၚလွဲေနေသာ ေကာင္ေလး၏ ခႏၶာကိုယ္ တုန္ရီေနသည္ကို ခံစားမိေနသည္။ သူ မေပ်ာ္မ႐ႊင္ျဖစ္သြား၍ တစ္ပတ္လွိမ့္ကာ ဖိထားလိုက္သည္။
"ကိုယ့္ကို ထပ္ရယ္ရင္ နမ္းပစ္မွာေနာ္!" က်န္းခ်န္ေဖးက ခက္ထန္ေသာေလသံျဖင့္ ဆိုေလသည္။

‘ကိုယ္တို႔ အသက္၇၀ ဒါမွမဟုတ္ အိုမင္းသြားလြန္းတဲ့ခ်ိန္အထိ ေစာင့္ၿပီးေတာ့မွ ကိုယ္ မင္းကို ေျပာျပမွာ ေက်ာင္းခ်ီ...၊ တစ္သက္တာအတြက္ အရယ္ခံရတာကလည္း အင္မတန္ေကာင္းမြန္တယ္ဆိုတာကိုေပါ့’

ေက်ာင္းခ်ီ ရယ္တာမရပ္တန႔္နိုင္ေတာ့ေပ။ ရွက္စိတ္ျဖင့္ ေဒါသမႊန္သြားေသာ ခင္ပြန္းသည္မွာ ႐ုတ္ခ်ည္း သူ႕ပါးစပ္ကိုပိတ္လိုက္ေတာ့သည္။

အေတာ္ၾကာေအာင္ အ႐ူးထၿပီးေနာက္တြင္ေတာ့ ေက်ာင္းခ်ီမွာ အေရးႀကီးသည့္ကိစၥတစ္စုံတစ္ရာကို အမွတ္ရသြားခဲ့သည္။
"ဒီအ‌ေျခအေနက ပိုၿပီးျပင္းထန္တဲ့ပုံပဲ၊ ခင္ဗ်ားနာမည္ေတာင္ ခင္ဗ်ားမမွတ္မိခဲ့ဘူးေလ၊ ဒီလိုသာဆက္ျဖစ္ေနရင္ ခင္ဗ်ားပုံမွန္ဘဝမွာပါ ထိခိုက္လာလိမ့္မယ္၊ ထပ္ၿပီး အခ်ိန္ဆြဲေနလို႔မျဖစ္ေတာ့ဘူး၊ အေမရိကားသြားရေအာင္"

Smart brainကို ဖယ္ရွား၍မရေသာ နာနိုပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားျခင္းျဖစ္၏။ တစ္စုံတစ္ေယာက္ အတင္းအၾကပ္ ဖယ္ရွားမည္ဆိုလွ်င္ ဆာဂ်ရီျပဳလုပ္ရန္ လိုအပခသည္။ ဒါ သူတို႔ မတတ္သာသည့္အဆုံးသုံးဂမည့္နည္းလမ္းျဖစ္ေသာ္ျငား ဒီစိတ္ကစဉ့္ကလ်ားျဖစ္မႈကို တျခားနည္းလမ္းမ်ားႏွင့္ကုသရန္ ေမွ်ာ္လင့္ေနေသးသည္။

"တကယ္ေတာ့ ကိုယ္မွတ္မိတယ္"
က်န္းခ်န္ေဖးက ေလသံတိုးတိုးျဖင့္ ဆိုသည္။

"ဟမ္"

ဇာတ္လမ္းက ရွင္းျပရန္ ရွက္ဖို႔ေကာင္းလြန္းသည္။ ဥကၠဌ ေစာင္ကို ေခါင္းၿမီးၿခဳံအုံလုပ္ၿပီး ဗလုံးဗေထြး ခပ္တိုးတိုးေျပာရွာသည္။
"သူက ဆင္းရဲတဲ့ေကာင္ေလး က်န္းခ်န္ေဖးမွန္း သူသိတယ္ေလ"

က်န္းတာ့ေတ်ာင္းက ထိုဇာတ္လမ္းတြင္ ပါဝင္ပတ္သတ္သူမွာ သူမဟုတ္ေၾကာင္း အခိုင္အမာျငင္းဆိုခဲ့သည္။

သူ႕အစားထိုးေလးအား သူသည္ ဆင္းရဲေသာေကာင္ေလး က်န္းခ်န္ေဖးမွန္း မသိေစခ်င္၍ ေက်ာင္းခ်ီ ႐ုံးခန္းဆီ ေရာက္လာသည့္အခ်ိန္က တမင္သက္သက္ တိေအာင္းဟု လက္မွတ္ထိုးခဲ့ျခင္းပင္။ ထို႔ေၾကာင့္ ေကာ္ပီဒါဇင္ေက်ာ္ေလာက္သာ လက္မွတ္မွားထိုးခဲ့ျခင္းျဖစ္သည္။ သူ႕ခ်စ္ဇနီးေလး ေရာက္မလာခင္ႏွင့္ ျပန္ၿပီးသြားေနာက္ပိုင္း စာ႐ြက္စာတမ္းမ်ားေပၚရွိ လက္မွတ္မ်ားတြင္ ျပႆနာမရွိေတာ့ေပ။

ေက်ာင္းခ်ီ မတုံ႕ျပန္နိုင္ျဖစ္ေန၏။ အျဖစ္မွန္က သူထိုနာမည္ကို မစဥ္းမစားေရးခဲ့ျခင္းမဟုတ္ေၾကာင္း ျပသေနသည္။ ဤအခ်က္က သူ႕ကို စိုးရိမ္ရေလ်ာ့နည္းသြားေစခဲ့သည္။

ေလးေထာင့္ခ်ိဳးအခန္းထဲတြင္ အိမ္ေထာင္သည္စုံတြဲမွာ သူတို႔ေက်ာင္းသားဘဝ၊ ခဲယဥ္းၿပီး ေလးနက္သည့္ခံစားခ်က္မ်ားႏွင့္ျပည့္ေနခဲ့ေသာ သူတို႔၏ ၾကည္ႏူးဖြယ္ရာ အခ်စ္ခရီးလမ္းအေၾကာင္း စကားလက္ဆုံက်ေနခဲ့ၾကသည္။

ေနာက္တစ္ေန႕။

ေက်ာင္းခ်ီ မနက္ေစာေစာ မ်က္လုံးဖြင့္ဖြင့္ခ်င္း သူ႕ေလာင္ကုန္းက သူ႕ကိုရင္ခြင္ထဲ ထည့္ထားရင္း smart brainျဖင့္ သတင္းမ်ားၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ ထို႔ေနာက္ သူ မေရမရာျဖင့္ တီးေတာက္လိုက္သည္။
"ခင္ဗ်ားနာမည္ဘာလဲ"

က်န္းခ်န္ေဖးမွာ တဟားဟားရယ္ေတာ့သည္။
"ေဘဘီ၊ ကိုယ္ပါပဲ၊ ဒီေန႕ ဇာတ္ၫႊန္းမရွိပါဘူး"

သူ႕ခ်စ္ဇနီးေလးက  စိတ္သက္သာရာရသြားဟန္ ပင့္သက္ရွည္ႀကီးခ်လိဳက္သည္ကို ၾကည့္ရင္း အနားတိုးကာ အနမ္းမေပးဘဲ မေနနိုင္ေတာ့ေပ။

တစ္စုံတစ္ေယာက္၏မိသားစုကို ဤကဲ့သို႔ျပႆနာႀကီးျဖစ္ေစသည့္အတြက္ ဒီ smart brainထုတ္လုပ္သူ ‌ေဒဝါလီခံကိုခံရမည္!

က်န္းခ်န္ေဖး သူ႕ခ်စ္ဇနီးေလးကို အလုပ္ဆီ လိုက္ပို႔ၿပီး အသြားတြင္ ေက်ာင္းခ်ီက သူ႕ကို "လ်န္ရွင္းေဝ့လန္ေကာ့" ႏွင့္ ပါ့ေက်ာင္း စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း အသိေပးလိုက္သည္။
"အစီအစဥ္တင္ဆက္သူက ေနာက္ထပ္ တိုက္ရိုက္ထုတ္လႊင့္တဲ့ပလတ္ေဖာင္းေတြ‌ဆီ သြားၿပီေလ၊ ၿပီးေတာ့ ရွီးေဖးနည္းပညာက သူ႕ေၾကာ္ညာနဲ႕ပတ္သတ္ၿပီးေတာ့ စာတစ္ေစာင္လည္း ခင္ဗ်ားဆီပို႔ခဲ့ေသးတယ္"

"ဒါက ကိုယ္တို႔မိသားစုစီးပြားေရးပဲေလ၊ ေၾကာ္ညာေတြကို ဘယ္သူ႕ေပးခ်င္လဲက မင္းအေပၚပဲမူတည္တယ္"

စည္းကမ္းမဲ့ ဥကၠဌလူႀကီးမင္း ရွီးေဖးနည္းပညာဆီေရာက္ခ်ိန္ ဖုန္းအစိမ္းတစ္ခုဝင္လာခဲ့သည္။

"ဥကၠဌက်န္း၊ ကြၽန္ေတာ္က 'လ်န္ရွင္းေဝ့လန္ေကာ့'ရဲ႕ အစီအစဥ္တင္ဆက္သူပါ၊ ကြၽန္ေတာ္ ဂိမ္းအသစ္ရဲ႕ေၾကာ္ညာနဲ႕ပတ္သတ္ၿပီး ေဆြးေႏြးခ်င္လို႔"

ဖုန္းတစ္ဖက္မွ လူကေတာ့ ေကာ့ရွင္းပင္။

"ဒီကိစၥေတြနဲ႕ ပတ္သတ္ၿပီး ငါနဲ႕တိုက္ရိုက္ေဆြးေႏြးဖို႔မလိုအပ္ပါဘူး၊ မင္းကုမၸဏီကိုသာ ငါတို႔ရဲ႕ အေရာင္းဌာနနဲ႕ဆက္သြယ္ခိုင္းလိုက္ပါ"
က်န္းခ်န္ေဖးမဦ် အခ်ိန္မျဖဳန္းခ်င္ရင္ ဒဲ့သာေျပာလိုက္သည္။

"ကြၽန္ေတာ္ ပါ့ေက်ာင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီ၊ ခင္ဗ်ားနဲ႕ ဥကၠဌေက်ာင္းရဲ႕ ဆက္ဆံေရးေၾကာင့္ ဒီေၾကာ္ညာကို ကြၽန္ေတာ့္ဆီ ေပးေလာက္ေတာ့မွာ မဟုတ္ပါဘူး၊ ဒါေပမဲ့ ကြၽန္ေတာ့္လက္ထဲ ခင္ဗ်ားနားေထာင္ဖို႔ ကိစၥတစ္ခုရွိတယ္၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ျပန္စဥ္းစားေပးဖို႔ဆႏၵရွိရင္ ရွိသြားမွာပါ"
ေကာ့ရွင္းက အသံဖိုင္တစ္ခုပို႔လာခဲ့သည္။

【 ေျပာစရာမရွိပါဘူး၊ သူက အစားထိုးပဲကို!】

【 မင္း... မင္းက ေက်ာင္းအိမ္ေတာ္က သခင္ေလးကို အစားထိုးအျဖစ္ လုပ္တယ္လား! မင္း... ဘယ္လိုလုပ္ မင္းဒီလို လုပ္နိုင္ရတာလဲ! 】

ရင္းႏွီးေနေသာ အသံမွာ ထိုေန႕က ဘူေဖးဧည့္ခံသည့္ေနရာတြင္ ေထာင့္တစ္ေထာင့္၌ က်န္းခ်န္ေဖးႏွင့္ ေကာင္းရွီခ်င္းေျပာခဲ့ေသာ စကားဝိုင္းအတိအက်ပင္။

"ဒီေၾကာ္ညာကို ကြၽန္ေတာ့္ကိုေပးဖို႔ပဲ ေမွ်ာ္လင့္တာပါ၊ ကြၽန္ေတာ့္ေၾကာ္ညာနဲ႕ ဒီအသံသြင္းဖိုင္ အလဲအလွယ္လုပ္‌ရင္ေရာ၊ ဘာဆုံးရႈံးမႈမွ မရွိဘူးမလား"
ေကာ့ရွင္းက ယုံၾကည္ခ်က္အျပည့္ျဖင့္ ဆိုသည္။ ဒီေၾကာ္ညာေၾကးမွာ အင္မတန္ျမင့္မားလွၿပီး သူ႕ ကိုယ္ေရးကိုယ္တာ ေက်ာ္ၾကားမႈျမင့္တက္ေစရန္အတြက္လည္း အလြန္အမင္း အေထာက္အကူျပဳသည္။ သူ႕ ယခု တိုက္ရိုက္ထုတ္လႊင့္သည့္ ပလတ္ေဖာင္းမွာ သူ႕ကိုကူညီတိုက္ခိုက္ေပးရန္ စြမ္းေဆာင္နိုင္ရည္မရွိ၍ သူ႕ကိုယ္သူသာမွီခိုရေတာ့သည္။

"..."
ဥကၠဌမွာ မည္သည့္စကားဆိုရမည္လဲ မသိေတာ့ေပ။ ဒါ သူ႕ကိုၿခိမ္းေျခာက္ေနတာလား။

"ဒီကိစၥကို ဥကၠဌေက်ာင္း သိသြားတာပဲျဖစ္ျဖစ္၊ ကြၽန္ေတာ္ တိုက္ရိုက္ထုတ္လႊင့္လိုက္တာပဲျဖစ္ျဖစ္ အဲက်ရင္ ခင္ဗ်ားဆုံးရႈံးမႈက endorsement တစ္ခုတည္းပဲ ျဖစ္မွာမဟုတ္ဘူး"

ေက်ာင္းယန္း အိမ္ၿခံေျမစီးပြားေရးမွာ က်ဆင္းေနေသာ္ျငား ကုလားအုတ္ပိန္တစ္ေကာင္သည္ ျမင္းထက္ေတာ့ႀကီးေသး၏။ ေက်ာင္းအိမ္မွာ  စံႏႈန္းမ်ားအရ ခ်မ္းသာၿပီး တန္ခိုးထြားဆဲျဖစ္၏။ က်န္းခ်န္ေဖးက ေယာကၡထီးမိသားစုကို ဒီလိုရႈံးခ်င္လိမ့္မည္မဟုတ္ဟု ယူဆေကာင္းယူဆလို႔ရနိုင္သည္။

"ေအာ္" က်န္းခ်န္ေဖးက နဖူးေပၚလက္တင္ကာ သေရာ္သံျပဳလိုက္သည္။
"ေကာင္ေလး၊ အရမ္းႀကီး အတည္မယူလြန္းနဲ႕၊ ခြန္အားႀကီးလူေတြရဲ႕ ဒီကမာၻထဲမွာ မင္းကို ငါေခ်မြဖို႔က ပု႐ြက္ဆိတ္ေလးတစ္ေကာင္ကို ေခ်မြရတာထက္ေတာင္ လြယ္ေသးတယ္!"
 
ဂိမ္းထဲရွိ အေမွာင္နတ္ဆိုးဘုရင္ႏွင့္ ဆင္သည့္ ေအးစက္ရက္စက္လွေသာ ေလသံမွာ အျပင္ေလာကႏွင့္ အံဝင္ခြင္က် မရွိလွေပ။ သို႔တိုင္ေအာင္ မထင္မွတ္ထားလွစြာ လႊမ္းမိုးမႈအရွိန္အဝါအျပည့္ပင္။ ေကာ့ရွင္းမွာ တစ္ခဏတာ မင္သက္စြာ ေၾကာင္ၾကည့္ေနမိသည္။ ဖုန္းနံပါတ္ကိုၾကည့္ရင္း ဥကၠဌက်န္းကိုဖုန္းေခၚမိခဲ့သည္က မွန္ရဲ႕လားေတာင္ စဥ္းစားေနမိ၏။

ဆိုလိုတာက သေဘာမေနာေကာင္းသည္ဆိုသည့္ ဥကၠဌက်န္းက မယားေၾကာက္ရတာလား။ ဒီ စစ္ဘုရင္မွာ ဘယ္လိုမ်ိဳး ေၾကာက္မက္စရာေကာင္းတဲ့ ဟိတ္ဟန္ရွိေနရတာပါလိမ့္။

ေနဝင္ခ်ိန္ ေက်ာင္းခ်ီ ပါ့ေက်ာင္း အေဆာက္အဦးမွထြက္လာခဲ့ၿပီး ထြက္လာလာခ်င္းပင္ အနက္ေရာင္Maybachကားတစ္စီးက လမ္းေဘးတြင္ ဟိတ္ဟန္ႀကီးစြာျဖင့္ ရပ္ထားသည္ကိုျမင္လိုက္ရသည္။ ထို မ်က္စိအာ႐ုံက်စရာ ကားရပ္ထားသည့္ပုံစံက အနီးအနားမွ လူမ်ားကို ထပ္တလဲလဲ လည္ျပန္လွမ္းၾကည့္လာေစသည္။

"ကားက ျပင္ၿပီးသြားၿပီလား" ေက်ာင္းခ်ီ ကားသမားခုံေဘးေလွ်ာက္လာၿပီး မွန္ျပတင္းမွာတျဖည္းျဖည္းနိမ့္က်လာကာ ေနကာမ်က္မွန္ဝတ္ထားသည့္ က်န္းခ်န္ေဖးေပၚလာေလသည္။
"ေမွာင္ေနၿပီေလ၊ ဘာလို႔ေနကာမ်က္မွန္ ဝတ္ထားေသးတာလဲ"

ဥကၠဌက သူ႕ကိုၾကည့္ၿပီး တံခါးဖြင့္ကာ ကားေပၚမွဆင္းလာသည္။ သူ ေၾကာ့ေမာ့စြာျဖင့္ ေနကာမ်က္မွန္ခြၽတ္လိုက္ၿပီး တည္ၾကည္ ခံ့ညားသည့္ဟန္ႏွင့္ ေက်ာင္းခ်ီလက္ကို ဂ႐ုတစိုက္ ဖမ္းဆုတ္လိုက္သည္။
"ေယာက္်ားေလးတစ္ေယာက္တည္း လမ္းေပၚ လမ္းေလွ်ာက္တာက အႏၲရာယ္မ်ားလြန္းတယ္၊ ေနာက္တစ္ႀကိမ္ဆို မင္း႐ုံးခန္းထိလာၿပီး ကိုယ္လာႀကိဳတာကို ေစာင့္"

"ဟင္" ေက်ာင္းခ်ီ ဘယ္ၾကည့္ ညာၾကည့္ လုပ္လိုက္၏။ ပါ့ေက်ာင္းအေဆာက္အဦးေရွ႕တြင္က လူမ်ားဝင္ထြက္သြားလာေနေသာ ပလာဇာေလးတစ္ခုသာရွိၿပီး ယာဥ္ေၾကာမ်ားလည္း က်ပ္ေနေသးသည္။
"အႏၲရာယ္က ဘာျဖစ္မွာမို႔လဲ"

"ဒီသနားစရာေလးကေတာ့၊ တျခားသူေတြအေပၚ မင္းရဲ႕ဆြဲေဆာင္မႈက ဘယ္ေလာက္ေတာင္ ေသေစနိုင္သလဲ မင္းလုံးဝမသိဘူး!"
ဥကၠဌေက်ာင္း သက္ျပင္းေမာႀကီးခ်လိဳက္သည္။ အခ်ိဳ႕လူမ်ားက သူတို႔ဘက္ ရံဖန္ရံခါလွမ္းၾကည့္ေနသည္ကို ျမင္လိုက္ရ၍ သူတို႔ကို ရန္သူႀကီးအျဖစ္ ႐ုတ္တရက္စဥ္းစားမိကာ ခ်စ္ဇနီးေလးအား ေရွ႕ခန္းခရီးသည္ထိုင္ခုံဆီ အလ်င္အျမန္ ထိုးထည့္ၿပီး ထိုင္ခုံခါးပတ္ပတ္ေပးလိုက္သည္။

ေက်ာင္းခ်ီထံမွ ခ်ိဳျမသည့္ ရနံ႕ခပ္ေဖ်ာ့ေဖ်ာ့က က်န္းခ်န္ေဖး၏ အာ႐ုံဆီ က်ဳးေက်ာ္လာသည္။ ဟုတ္တာေပါ့၊ ဒါက ေက်ာင္းခ်ီ ပုံမွန္အသုံးျပဳေနက်  – L’Artisan Parfumeur Fleur De Liane ေရ‌ေမႊးပင္ ျဖစ္၏။ ၎က ပညာရွိအေငြ႕အသက္ အနံ႕ခပ္ျပင္းျပင္းႏွင့္ အပူပိုင္းမိုးသစ္ေတာရွိ ျမက္ခင္း၏ ခ်ိဳျမေသာရနံ႕ကဲ့သို႔ အနံ႕ရွိသည္။

{T/N: L’Artisan Parfumeur Fleur De Liane – “ႏြယ္ပင္၏ပန္း” သည္ L’Artisan Parfumeur’s Travel Seriesမွ ေလးႀကိမ္‌ေျမာက္ေရေမႊးျဖစ္သည္}

အင္မတန္ ညွို႔ယူဖမ္းစားခံလိုက္ရသည့္ပမာ က်န္းခ်န္ေဖးမွာ သူ႕လည္တိုင္ကို ရနံ႕မခံၾကည့္ပဲ မေနနိုင္ေတာ့ေပ။
"ခ်ိဳလြန္းတဲ့ pheromone ပဲ! မင္းအေဖေျပာတာမွန္တယ္၊ မင္းက ‌ေသြးသန႔္စင္တဲ့ omega တစ္ေယာက္ပဲ၊ ကိုယ့္အတြက္ အစြမ္းအထက္ဆုံး ကေလးေမြးေပးနိုင္မွာပဲ!"

ဘာကို!

ေက်ာင္းခ်ီ ေခါင္းေျခာက္သြားေတာ့၏။ ဒီလူ ေနာက္ထပ္ ဇာတ္လမ္းတစ္ပုဒ္ထဲ ဝင္သြားၿပီဆိုတာ သတိထားမိသည့္တိုင္ ေမးခြန္းက :
သူ လူစကားေျပာေနတာေရာ ဟုတ္ရဲ႕လား။

သူေျပာေနသည့္ စကားလုံးတိုင္းကို နားလည္ေသာ္ျငား အဓိပၸါယ္ေတာ့ သေဘာမေပါက္နိုင္ေပ။ ဘာ omegaလဲ။ ဘာေသြးသန႔္စင္တာလဲ။ ဘာကေလးလဲ။

ဇာတ္ၫႊန္းအသစ္က ဥကၠဌတစ္ေယာက္အေၾကာင္း မဟုတ္ဘူးလား။

Spoiler for next arc -

Continue Reading

You'll Also Like

268K 25.6K 76
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
716K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
175K 23.8K 117
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...