ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 36

4K 661 19
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

နောက်တစ်နေ့ နေ့လည်တွင် ထုန်ရန်းက ထုန်ရန့်အား ကျောင်းလာကြိုသည်။ မတွေ့ရသည်မျှ နှစ်ပတ်ကျော်မျှ ရှိပြီဖြစ်ကာ နောက်ဆုံးတစ်ခေါက်တွေ့စဉ်က ဆောင်းဦးသာရှိသေးသော်လည်း ဒီတစ်ခေါက်ပြန်တွေ့ချိန်တွင် တကယ့် ဆောင်းရာသီဖြစ်နေခဲ့ပြီဖြစ်သည်။ လမ်းမီးတိုင်များ၏ ထိပ်တွင် နှင်းကွက်များရှိနေပြီး ထုန်ရန့်က ဒူးဆစ်နီးပါးရောက်သော ဂွမ်းအင်္ကျီထူထူကြီးကို ဝတ်ထားသောကြောင့် စောင်ပုံကြီးပတ်လာသလို ထင်ရပေသည်။

ထုန်ရန်းက လမ်းကြမ်းသုံးကားကိုမောင်းလာ၏။ ကားများနှင့် ပက်သက်ပြီး ထုန်ရန့် သိပ်စိတ်မဝင်စားသော်လည်း ကားက တော်တော်လေးကို ကြီးသောကြောင့် နည်းနည်းတော့ အထင်ကြီးသွားမိပြီး ကားကိုလည်း မြင်ဖူးနေသလို ခံစားလိုက်ရသည်။ သိပ်မကြာခင်၌ပင် ထုန်ရန်းမောင်းလာသောကားမှာ ပြီးခဲ့သည့်အပတ်က ကျိုးရှန့်မင်၏ မိဘများအိမ်၌ တွေ့ခဲ့ရသောကားနှင့် မော်ဒယ်တူတူပင်ဖြစ်သည်။

ထုန်ရန့်က မစဉ်းစားတော့ပဲ ပြောလိုက်သည်။
"ကျိုးရှန့်မင်အိမ်မှာ ဒီကားကို မြင်ဖူးတယ်"

ထုန်ရန်း၏ တုံ့ပြန်မှုက အနည်းငယ်တော့ ထူးဆန်းသည်ဟု တွေးမိလိုက်ပြီး ထုန်ရန့် ဆက်မေးလိုက်သည်။
"ဒါနဲ့ တူတူပဲမဟုတ်ဘူးလား? ကျိုးကျားရှောရဲ့ကားနဲ့လေ?"

ထုန်ရန်းက သူ့ကို မကြည့်ပဲ ပြန်ပြောလာ၏။
"ဘယ်သူ့ကို ကျိုးကျားရှောလို့ ခေါ်နေတာလဲ၊ မရီးလို့ ခေါ်ရမှာပေါ့"

"…"

ထုန်ရန့် ပြောလိုက်သည်။
"အဲ့တော့ ငါ့မရီးရဲ့ ကားကို မောင်းလာတာလား?"

ထုန်ရန်း : "ငါ့ကား"

ထုန်ရန့် : "အိုး.."

"ဘယ်မှာ စားချင်လဲ?" ထုန်ရန်းလမ်းညွှန်ကို ဖွင့်နေရင်းမေးလိုက်သည်။
"ဟော့ပေါ့ပဲလား?"

ထုန်ရန့် ခေါင်းညိတ်ပြလိုက်ကာ စာသောက်ဆိုင်၏ ဖုန်းကိုခေါ်လိုက်ပြီး စောင့်နေလိုက်သည်။

ခေတ္တကြာပြီးနောက် ကျိုးရှန့်မင်က ဖုန်းဆက်လာပြီး သူတို့ ဘယ်မှာ စားနေသလဲ လှမ်းမေးလာသည်။ ထုန်ရန့်က သူတို့ရောက်နေသည့်နေရာကို ပြောလိုက်သည်။ လင်ယွဲ့ဟွာက ကျိုးရှန့်မင်ထံမှ ဖုန်းကိုယူလိုက်ပြီး
"ထုန်ထုန်, ဒီနေ့ အန်တီ လူတွေအများကြီး အပြင်ထွက်နေတာကိုတွေ့လိုက်တယ် မင်းတို့ ကျိုးရှင်းကို သွားသင့်တယ်မထင်ဘူးလား? ၁၆ခရိုင် နဲ့ ၂၁ခရိုင်မှာရှိသည်။ ပိုနီးတဲ့နေရာကို သွားလိုက်ပေါ့။ စားပြီးရင်လည်း အချိန်မဖြုန်းပဲ ရှော့ပင်လည်း တစ်ခါတည်းထွက်လို့ရတယ်"

ကျိုးရှင်းသည် ကျိုးမိသားစုပိုင်သော ကုန်တိုက်တစ်ခုဖြစ်သည်။ လက်တွေ့တွင် ထုန်ရန့်အနေဖြင့် လူထူသောနေရာများကို သွားနိုင်ပြီဖြစ်သော်လည်း စားဖို့ပင်ဖြစ်ရာ မိနစ်အနည်းငယ်​လောက် ပိုစောင့်ရရုံဖြင့် ဘာမှထူးမည်မထင်ပေ။ သို့သော်လည်း လင်ယွဲ့ဟွာက စေတနာကောင်းကောင်းဖြင့် ညွှန်းဆိုနေခြင်းဖြစ်ရာ ထုန်ရန့် လက်ခံလိုက်သည်။
"ကျေးဇူး အန်တီ။ ဒါဆို ကျွန်တော်တို့ ကျိုးရှင်းကိုပဲ သွားလိုက်တော့မယ်"

သူ ထုန်ရန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထုန်ရန့်က လမ်းညွှန်ကို ကြည့်ရင်းဖြင့် ပြောလာသည်။
"၁၆ခရိုင်"

"ကောင်းတယ်၊ ကောင်းတယ်၊ အန်တီ သူတို့ကို အကြောင်းကြားလိုက်မယ်..အဲ့ဒါမှ သူတို့ ထွက်ကြိုလို့ရအောင်" လင်ယွဲ့ဟွာက ပြောလိုက်သည်။
"ကျိုးရှန့်မင်နဲ့ စကားပြောလိုက်ဦး"

ဖုန်းလိုင်း၏ တစ်ဖက်တွင် ကျိုးရှန့်မင်က ဖုန်းပြန်ကိုင်လာပြီး ထုန်ရန့်က ပြောလိုက်သည်။
"အစ်ကို.. အစ်ကိုက အိမ်ပြန်သွားတာလား?"..

ကျိုးရှန့်မင် : "အင်း ခုလေးတင်ရောက်တာ။ မင်းစားပြီးရင် ကိုယ့်ကို ဖုန်းခေါ်လိုက်၊ ကိုယ်လာကြိုမယ်၊ ပြီးရင် တူတူ အိမ်ပြန်ကြမယ်"

"အိုကေ" ထုန်ရန့် ဖြေလိုက်၏။

"အများကြီးမစားနဲ့ဦး၊ ထပ်ပြီး ဗိုက်အောင့်ဦးမယ်" ကျိုးရှန့်မင် သတိပေးလိုက်သည်။

ကျောင်းပိတ်ရက်တုန်းက ထုန်ရန့် ကျိုးမိသားစုအိမ်တွင် အစားများသွားပြီး အစာကြေဆေးသောက်ရသည်အထိဖြစ်သွားရသည်။ မနေ့ညကမှ သူနည်းနည်းပြန်သက်သာလာခြင်းဖြစ်သည်။ ထုန်ရန့် မျက်နှာနီသွားပြီး ကတိပေးလိုက်သည်။
"သိပါပြီ"

ထုန်ရန့် ဖုန်းချလိုက်ချိန်၌ ထုန်ရန်းမှာ လမ်းကြောင်းတောင် ပြန်ပြောင်းပြီးပြီဖြစ်ကာ သူ့ညီလေးထံလှည့်ကြည့်လိုက်သည်။ သူ့ညီလေးမှာ အိမ်ပြင်ပတွင် ငါးလမျှ ကြီးပြင်းလာပြီးဖြစ်ကာ သူအသိအမှတ်မပြုချင်သေးသော်လည်း ထိုကောင်လေးမှာ နှင်းဆီပန်းလို ပန်းရောင်သန်းသည့် အသားအရေနှင့် မျက်လုံး ကြည်ကြည်တောက်တောက်များသာမက ခပ်ဖောင်းဖောင်း ဆံပင်များကို မြင်ရသည်မှာ ကောင်းကောင်း စောင့်ရှောက်ထားခြင်းခံရသည့်ပုံပင်။

"သူ့အမေကလည်း မင်းကိုဂရုစိုက်တာပဲလား"

ထုန်ရန့် ခေါင်းညိတ်လိုက်ကာ
" အန်တီက ငါ့အပေါ် အရမ်းကောင်းတယ်"

"ဒီကောင်လေးက သိမ်းသွင်းဖို့ အရမ်းလွယ်နေတာပဲ" ထုန်ရန်းက သူ့ကို အပြုံးတစ်ခုနှင့် ဆူလာ၏။

ထုန်ရန့် ပြန်ပြောလိုက်သည်။
"ဒါပေါ့ ငါ့အပေါ်သာ ကောင်းကောင်း ဆက်ဆံလိုက်!"

"အခု ငါမင်းကို စကားတစ်ခွန်းမှ ပြန်မပြောရတော့ဘူး ဟုတ်တယ်မလား?" ထုန်ရန်းက လက်မြှောက်လာကာ ထုန်ရန့် မအော်မချင်း ပါးဖောင်းဖောင်းကို ဆွဲတော့သည်။
"လာပါဦး..အသားအရေလေး ပျော့ပျောင်းသွားအောင်လုပ်ပေးမယ်"

ထုန်ရန့် အော်မှသာ လက်ပြန်ဆုတ်သွားသည်။ ထုန်ရန့် သူ့ကို တကယ် ပိတ်ထိုးပစ်ချင်သော်လည်း သူကကားမောင်းနေသည်ဖြစ်သောကြောင့် ပိတ်ထိုးရန်မှာ အကြံကောင်း ဟုတ်ဟန်မတူရာ သည်းခံလိုက်ရသည်။ ကားရပ်သည်အထိ သည်းခံနေလိုက်ပြီး နောက်ဆုံးတွင်တော့ တန်ပြန်ရန်ဖြစ်ရန် အချိန်ကျပြီဖြစ်သည်။ သို့သော်လည်း ကျိုးလုပ်ငန်းစုမှလူများက အပြင်တွင် စောင့်နေတာကြာပြီဖြစ်သောကြောင့် ထုန်ရန့်မှာ လိမ်လိမ်မာမာလေးသာ နေလိုက်ရပြီး သူတို့နောက်မှနေ၍ စားသောက်ဆိုင်ထဲဝင်ခဲ့လိုက်သည်။

ကျိုးရှန့်မင်ကလည်း ညစာစားနေတာဖြစ်သည်။ ကျိုးကျန့်သျဲက စားပွဲထိပ်တွင်ထိုင်နေပြီး လင်ယွဲ့ဟွာနှင့် ကျိုးရှန့်မင်က မျက်နှာချင်းဆိုင်ထိုင်နေခြင်းဖြစ်ကာ ကျိုးကျားရှောကတော့ မရှိပေ။ ညစာစားပွဲတွင် သူတို့သုံးယောက်သာ…။

စွပ်ပြုတ်တစ်ဇွန်းသောက်ပြီးနောက် လင်ယွဲ့ဟွာက ပြောလာ၏။
"အခုလည်း ထုန်ထုန်သာဒီမှာရှိရင် ဘယ်လောက်များ အသက်ဝင်နေလိမ့်မလဲ"

"သူက ခေါင်းငုံ့ပြီး ငြိမ်ငြိမ်လေးစားနေဖို့ပဲ သိတာ" ကျိုးရှန့်မင် ပြန်ပြောလိုက်၏။

"ကလေးမဟုတ်တော့ပေမဲ့ သူစားတာကို ဂရုစိုက်ပေးမဲ့လူမရှိရင် အစာကြေဆေးသောက်ရတုန်းပဲ"

"ငါအိမ်လဲပြန်ရောက်ရော မင်းမျက်နှာက တည်တင်းသွားတာဆိုတာ ငါကမင်းဆီမှာ ရှစ်မီလီယံလောက် အကြွေးတင်နေသလိုပဲ၊ ဒါပေမဲ့ အပြင်လူအကြောင်းပြောတော့ ပြုံးလာရော" ကျိုးကျန့်သျဲက ရုတ်တရက်ပြေညလာသည်။

ကျိုးရှန့်မင်နှင့် လင်ယွဲ့ဟွာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး လင်ယွဲ့ဟွာက ပြန်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ရှင်ကမှ သူ့ကို မပြုံးပြတာ"

"ရှင့်မျက်နှာက ဒီလောက်တည်တင်းနေတာတောင် သူများကို အပြစ်တင်နေသေးတယ်" လင်ယွဲ့ဟွာ ဆက်ပြောလိုက်သည်။
"ပြီးတော့ဘာတဲ့..ဘာ်သူကများ အပြင်လူလဲ? ထုန်ရန့်က ကျွန်မရဲ့ ချွေးမအစစ်ရှင့်။ ရှင့်စကားအတိုင်းဆိုရင် ရှင့်ရဲ့ မျိုးရိုးနာမည်ကသာ ကျိုးမဟုတ်နေရင် ရှင်လဲ အပြင်လူပဲ။ ဒါဆို ကျွန်မလည်း အပြင်လူပဲ"

ကျိုးကျန့်သျဲ အလျင်အမြန် ပြောလိုက်၏။
"ငါဆိုလိုတာ ဒီလိုသဘောမဟုတ်ဘူးလေ!"

လင်ယွဲ့ဟွာ : "ဒါဆို ဘာကိုဆိုလိုတာလဲ?"

"ငါ့ထမင်းပဲ ငါစားတော့မယ်!"
မိသားစု စကားဝိုင်းကို ပါဝင်ရန် ကျိုးကျန့်သျဲ၏ အဆိုပြုချက်မှာ ကျရှုံးသွားတော့သည်။ ကျိုးရှန့်မင်ကို ဆက်မစွပ်စွဲတော့ပဲ တူဖြင့် ငါးပေါင်းတစ်ဖက်ကို ညှပ်လိုက်သည်။

ပုံမှန်အားဖြင့် ကျိုးရှန့်မင်သည် ညစာစားပြီးသည်နှင့် ပြန်တတ်သော်လည်း ဒီနေ့တော့ ထုန်ရန့်ကို စောင့်ရမည်ဖြစ်ရာ အိမ်သို့ အလျင်စလိုမပြန်ပဲ လင်ယွဲ့ဟွာနှင့် ဧည့်ခန်းထဲတွင်ထိုင်နေသည်။

ကျိုးကျန့်သျဲကလည်း စာဖတ်ခန်းရှိရာသို့ မတတ်သွားပဲ ဆိုဖာ၏ တစ်ဖက်တွင်ထိုင်နေသည်။

လင်ယွဲ့ဟွာက ကျိုးရှန့်မင်အား အသံတိုးတိုးဖြင့်မေးလာသည်။
"အခြေအနေက ဘယ်လိုနေလဲ?"

"ဘာအခြေအနေလဲ?"

လင်ယွဲ့ဟွာ လျှာကိုကိုက်လိုက်ကာ
"ထုန်ရန့်နဲ့လေ..အရင်တစ်ခေါက်က မင်းပဲ အဆင်ပြေတယ်ဆိုပြီး ပြောခဲ့တယ်မဟုတ်ဘူးလား"

လင်ယွဲ့ဟွာက ခပ်မြန်မြန်ပင် ဆက်မေးလာသည်။
"အဆင်ပြေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? အမေပြောပြမယ်..projectက အခြေအနေ ကောင်းကောင်းနဲ့သွားနေတာ။ လွန်ခဲ့တဲ့နှစ်ရက်က မင်းကိုမေးမလို့ပဲ..ဘာလို့ ထုန်ရန့်၏ အဖေက သူ့ကို အိမ်ပြန်ခေါ်ချင်တာလဲ?"

ကျိုးရှန့်မင် : "ဘယ်တုန်းကလဲ?"

"လွန်ခဲ့တဲ့ လေး၊ ငါး ရက်လောက်တုန်းက"
လင်ယွဲ့ဟွာ ပြောလိုက်သည်။
"သေချာတော့ မမှတ်မိပေမဲ့ မင်း အလုပ်ခရီးသွားနေတုန်းကထင်တယ်။ အဲ့အချိန်တုန်းက မင်းက အိမ်မှာ မရှိတာ ထုန်လိချင်က မသိပဲ သူက ပြောလာတာ၊ အမေလည်း သူ့ကို မပြောရဲဘူး။ ဒီတိုင်း တခြား ရောက်တတ်ကရပဲ ပြောလိုက်တယ်။ ထုန်ရန့်ကို သူပြန်ခေါ်ဖို့ အကြောင်းပြချက်အနေနဲ့ သုံးမှာစိုးလို့"

လင်ယွဲ့ဟွာက ဤအကြောင်းကိုပြောပြလာသောအခါ ပြန်ပေးဆွဲမည့် ပုံပြင်နှင့်တူသလိုတောင် ကျိုးရှန့်မင် ခံစားလိုက်ရသည်။ ထုန်ရန့်ကတော့ သနားစဖွယ် ပြန်ပေးဆွဲခံရမည့် ပစ်မှတ်လေးပေါ့။

သို့သော်လည်း ထိုသည်မှာ အနည်းငယ်တော့ အန္တရာယ်များသောကြောင့် ကျိုးရှန့်မင် မေးလိုက်သည်။
"အန်ကယ်က ဘာပြောလို့လဲ"

လင်ယွဲ့ဟွာ ပြန်ဖြေလိုက်သည်။
"ထုန်ရန့်က မင်းကို အဆင်မပြေဖြစ်နေစေမှာကို သူ ကြောက်တယ်တဲ့၊ အခုတလော သူလည်း အလုပ်မရှုပ်တော့တာမို့လို့ မင်းကို လွတ်လပ်ခွင့်နည်းနည်းပေးဖို့ အိမ်ပြန်ခေါ်ချင်တယ်တဲ့။ သူတစ်ခုခုကြားထားပုံတော့ မပေါ်ပါဘူး...ဒါပေမဲ့ မင်းတို့ကဘာလို့ အခုထိ အချိန်ဆွဲနေကြသေးတာလဲ? အမေအရင်ကပြောထားသလိုမျိုး လူတွေကို ခပ်မြန်မြန် အသိပေးတာ အကောင်းဆုံးလေ။ နှစ်ဖက်မိဘတွေ မြန်မြန်တွေ့ကြပြီးရင် မင်းတို့လည်း သူခိုးလိုမျိုး ခိုးချိန်းတွေ့စရာမလိုတော့ဘူး"

သူမက မှန်းဆလိုက်သည်။ "ထုန်ရန့်က စောသေးတယ်လို့ ထင်လို့လား? သူကရှက်နေလို့လား?"

ကျိုးရှန့်မင် : "မဟုတ်ပါဘူး..သူက မရှက်ပါဘူး"

လင်ယွဲ့ဟွာက မကျေနပ်သေးပုံဖြင့်
"ထုန်အဘိုးကြီး သူအသုံးချလို့ ဝသွားတဲ့လူကို ဘယ်လို ဖဲ့ချမလဲ ငါတော့ သိချင်နေပြီ။ မိအားရောဂါကလည်း သေချာတောင် မပျောက်သေးတာကို သူက အတင်းပြန်ခေါ်ချင်နေပြီ။ ငါ့သာက သူ့သားကို စားပစ်မဲ့ ဝံပုလွေကျနေရော"

"မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို လူကောင်းတွေနဲ့ တူသေးတယ်လို့ ထင်နေကြသေးလား?" ကျိုးကျန့်သျဲ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။

"ရှင့်ကိစ္စလား?" လင်ယွဲ့ဟွာက မျက်စောင်းထိုးလိုက်ကာ စိုက်ကြည့်လိုက်သည်။
"လိုက်ရောနေတာ တော်ပါတော့!"

ကျိုးကျန့်သျဲ : "ဘယ်လိုလုပ် ငါ့ ကိစ္စမဟုတ်ရမှာလဲ? ထုန်ရန့်က ငါ့ချွေးမပဲ မဟုတ်ဘူးလား? ငါလည်း ဂရုစိုက်ပါတယ် အာ"

လင်ယွဲ့ဟွာ : "ကိုယ့်စကားလည်း ကိုယ်သေချာ ပြန်နားထောင်ကြည့်ပါဦး ရှင်က ဘယ်လိုများ ဂရုစိုက်နေတာလဲ"

သူက ကျိုးကျန့်သျဲ့ကို အသိအမှတ်ပြုရန် ငြင်းဆိုလိုက်ကာ
"မင်းတို့တွေ ခပ်မြန်မြန်လုပ်စမ်းပါ။ မင်းတို့ ရှက်နေရင် အမေ့ကိုလာပြောချေ။ အမေပြောလိုက်မယ်။ ထုန်ရန့်ကိုလည်း သူပြောချင်မှ ပြောခိုင်းနော် သူလည်း ဆုံးဖြတ်ဖို့ အချိန်လိုမှာပေါ့... အယောင်ပြ အိမ်ထောင်ရေးတစ်ခုကို ဖြတ်ပစ်ဖို့က ဖိအားပေးလို့ မကောင်းဘူးလေ"

ကျိုးရှန့်မင် : "စိတ်မပူပါနဲ့"

အတန်ကြာ စကားပြောပြီးနောက် ထုန်လိချင်က ထုန်ရန့်အား ပြန်ခေါ်ချင်နေသည်ကို သိသောအခါ ကျိုးရှန့်မင် အနည်းငယ်တော့ စိတ်ရှုပ်သွားရသည်။ ကိစ္စများကို အလျင်စလိုလုပ်၍မရကြောင်း လင်ယွဲ့စွာသိသော်လည်း တည်ငြိမ်နေသည်ကတော့ အခြားတစ်ခုပင်ဖြစ်သည်။

"ဘာတွေတွေးနေတာလဲ? မင်း မိတ်ဖပ် မရှာချင်သေးလို့လား?!ထယ" လင်ယွဲ့ဟွာ အေည်လိုက်သည်။

ကျိုးရှန့်မင် တုံ့သွားရပြီး လင်ယွဲ့ဟွာ၏ ပုံမှန်မဟုတ်သော မျက်နှာကို မော့ကြည့်လိုက်ကာ ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ ထုန်ရန့်က ငယ်သေးတယ်။ ကျွန်တော်တို့ အလျင်မလိုပါဘူး။ပြီးတော့ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျွန်တော်တို့ သူ့မိသားစုကို ဖြည်းဖြည်းချင်းပြောပြဖို့ တိုင်ပင်ထားသေးတယ်။ ဒါအပြင် လက်ထပ်စာချုပ်တောင်ခုထိရှိသေးတာပဲ စိတ်ပူစရာမလိုပါဘူး"

လင်ယွဲ့ဟွာက သူတို့ ထုန်မိသားစုကို မကြာခင်ပြောမှာပါ ဟူသော စကားကြားမှသာ စိတ်သက်သာရာရသွားတော့သည်။ သူမရဲ့ ခဏတာ အသိစိတ်လွတ်သွားမှုကိုလည်းရှက်ရွံ့သွားရ၏။

ပြီးခဲ့သည့်တစ်ခေါက်က သူတို့ ကျိုးရှန့်မင်၏ အိမ်ထောင်ရေးဆိုင်ရာ စိတ်သဘောထားနှင့် လူပျိုကြီးလုပ်မည့်အကြောင်းဆွေးနွေးစဉ်ကလည်း ကျိုးရှန့်မင်က အလွန် စိတ်အေးလက်အေးရှိနေကာ သူမ၏ အပြုအမူကတော့ တော်တော်လေးကို ဆိုးရွားခဲ့သည်။

ထိုနေ့က အဆင်မပြေပဲ အိမ်ပြန်ခဲ့ပြီး သူမက ကျိုးရှန့်မင်အတွက် blind dateစီစဉ်ပေးလိုက်ပြီး ထိုအချိန်မှစ၍ လအနည်းငယ်လောက် ကျိုးရှန့်မင်က အိမ်ကို လုံးဝပြန်မလာတော့ချေ။

အခုထိအောင် ထိုကိစ္စမှာ တိုက်ရိုက်မပြောနိုင်သည့် ကိစ္စမျိုးပင်။

ကျိုးရှန့်မင်က သူမအား ထပ်မံ ပြုံးပြလာကာ  လင်ယွဲ့ဟွာက သူမ၏ နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောလိုက်သည်။
"ကလေးက ငယ်သေးတာ အမေလည်း သိပါတယ်။ ဒီတိုင်း..အမေက မင်းအတွက် မင်းကိုယ်တိုင်ကိုက သဘောကျတဲ့လူတစ်ယောက်တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ..အဲ့ဒါကြောင့် အမေကြောက်မိနေတာ.."

သူမက သူမရောဂါအတွက်ဆေးများသောက်နေရသဖြင့် စိတ်အတက်အကျကလည်း မြန်လွန်းနေပြန်သည်။ ခုနကတင် ဒေါသထွက်နေသော်လည်း ချက်ချင်းပင် ဝမ်းနည်းသွားရပြန်၏။ ကျိုးကျန့်သျဲက ဤဖြစ်ရပ်ကို မယပထမဆုံးနှင့် အသိသာဆုံး တုံ့ပြန်ခဲ့သည်။

ကျိုးရှန့်မင် ထရပ်လိုက်မိပြီး ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိပါချေ။ ကျိုးကျန့်သျဲက ထလာပြီး သူမ၏ ပုခုံးများကို ပုတ်ပေးကာ ကျယ်ကျယ်လောင်လောင်ဖြင့် ပြောလိုက်၏။
"ငါကတော့ ကောင်လေးက အဆင်ပြေတယ်ထင်တာပဲ။ ငါတို့ အကြီးဆုံးသားက အဲ့ကောင်လေးထက် အသက်အများကြီး ကြီးတာမှန်ပေမဲ့ ကြည့်ရတာ အဲ့ကောင်လေးကလည်း ရှန့်မင်ကိုပဲ အတည်ကြိုက်တယ်ထင်ပါတယ်။ သူသွားတဲ့နောက်ကို ဘဲအမေနောက်လိုက်နေတဲ့ ဘဲပေါက်စလေးလို တကောက်ကောက်လိုက်နေတာကို သူမရှိပဲ နေနိုင်ပါ့မလား? မင်းက ဘာတွေများ စိတ်ပူနေရသလဲ"

သူစကားပြောသည့်အခါတိုင်း သူ့အနားရှိလူတွေကို နားမလည်နိုင်လောက်အောင် သက်သောင့်သက်သာ မဖြစ်အောင် အမြဲလုပ်နိုင်သည်။ လင်ယွဲ့စွာက သူမ မျက်ရည်များကို သုတ်လိုက်ပြီး ကျိုးကျန့်သျဲ၏ စကားများမှာ ရယ်စရာလည်းကောင်းသလို စိတ်ရှုပ်စရာလည်း ကောင်းနေသောကြောင့် ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား"

"ဟုတ်ပါပြီ၊ အခု မင်းအပေါ်တတ်ပြီး နားတော့၊ ပြီးရင် အနှိပ်လည်း ခံသင့်တယ်"

လင်ယွဲ့ဟွာက အပေါ်တတ်သွားပြီး ကျိုးကျန့်သျဲနှင့် ကျိုးရှန့်မင်အား ဧည့်ခန်းထဲ၌ ထားခဲ့လိုက်သည်။

သူတို့နှစ်ဦးတည်း ကျန်ခဲ့သောအခါ ပိုလို့တောင် တိတ်ဆိတ်သွားသည်။

ခဏကြာသော် ကျိုးကျန့်သျဲက ဖိုင်တစ်ခုထုတ်လာပြီး ကျိုးရှန့်မင်ကို ပေး၏။

ဖိုင်ကို လှန်ကြည့်ပြီးနောက် ဤသည်မှာ သူတွေ့ထားသော လူသိမများသေးသည့် artistအငယ်လေးတစ်ယောက်ဖြစ်သည်။

ကျိုးကျန့်သျဲ ငယ်စဉ်အရွယ်က ဤသို့ပင်ဖြစ်သည်။ သူ၏ ပန်းချီပါရမီက မကောင်းသောကြောင့် သူ့ထက် ပါရမီထူးသော လူများကိုတွေ့လျှင် သူ၏ မရိုးသားမှုမှာ ရယ်စရာတောင်ကောင်းနေသေးသည်။ သူက ထိုလူငယ်များကို တတ်နိုင်သမျှ ကူညီပေးချင်သောကြောင့် ဘာကိုမှ သိပ်မစဉ်းစားခဲ့သော်လည်း သူ့နောက်တွင်ရှိနေသည်မှာ ကျိုးလုပ်ငန်းစုဖြစ်နေသည်။ အကူညီခံခဲ့ရသောသူများ ဒါမှမဟုတ် ဘေးမှမြင်ခဲ့ရသောလူများက ချဲ့ကားတွေးတောကာ အမျိုးသမီး သင်တန်းသူများနှင့် ပက်သက်သော scandalsအမျိုးမျိုး ပေါ်ထွက်လာတော့သည်။

များပြားလာသော scandal များကြောင့် ပက်သက်သောလူများကပင် ဟုတ်နိုးနိုးထင်လာခဲ့ကြပြီး မစ္စကျိုးဖြစ်လာလိမ့်မည်ဟု သူတို့ကိုယ်သူတို့ ထင်ခဲ့ကြသော အမျိုးသမီးများတောင်ရှိသေးသည်။ တစ်ဦးမှာ ကိုယ်ဝန်ရှိဟန်ဆောင်၍သော်လည်းကောင်း နောက်တစ်ဦးမှာ သတင်းထောက်များရှေ့တွင် ငိုယို၍လည်းကောင်း နေ့တိုင်းပင်ဖြစ်၏။

ထိုအချိန်က လင်ယွဲ့ဟွာက သူ့အား လက်ထပ်ပြီးကာစဖြစ်သောကြောင့် သူမက ဘယ်လိုများ သည်းခံနိငြ်ခဲ့လိမ့်မလဲ။ လင်မယားနှစ်ယောက် ဆူဆူညံညံဖြင့် ရန်ဖြစ်ခဲ့ကြပြီး ကွာရှင်းမလိုတောင် ဖြစ်ခဲ့ကြသည်။

အခုတော့ သူက ဤကိစ္စများကို သူကိုယ်တိုင် မကိုင်တွယ်တော့ပဲ ကျိုးရှန့်မင်ကိုသာ ကိုင်တွယ်စေသည်။

သို့သော် ဤသည်မှာ တစ်စုံတစ်ဦးအား ငွေးကြေးဖြင့် ကူညီခြင်းသာဖြစ်ကာ ကျိုးကျန့်သျဲ အရင်ကဘာလုပ်ခဲ့သလိုတော့ အထင်ခံရလိမ့်မည်မဟုတ်။ ထို့အပြင် တစ်စုံတစ်ဦးကို ဂရုစိုက်ရန်လွှတ်ပေးခြင်းက ကျိုးကျန့်သျဲအား ငြင်းဆန်နေသည်ထက် ပို၍မြန်သောကြောင့် အမြဲ ထိုတာဝန်ကို လက်ခံခဲ့ပေသည်။

"မင်းအမေ မသိစေနဲ့" ကျိုးကျန့်သျဲက သူ၏လက်မောင်းများကို ပွတ်လိုက်သည်။

ကျိုးရှန့်မင်က ဂရုမစိုက်ပဲ ဖိုင်တွဲကိုပြန်ပိတ်နေရင်းဖြင့်
"ကျွန်တော် သိပါတယ်"

ကျိုးရှန့်မင်က အလုပ်မှ တင်ပြမှုများကို အထပ်ထပ်အခါခါ ထိုင်ဖတ်နေခဲ့ပြီး ထုန်ရန့်က ဖုန်းဆက်သောအခါ ၁၀နာရီထိုးပြီးဖြစ်သည်။ နောက်မကျသော်လည်း သေချာပေါက်တော့ စောမနေချေ။

ကျိုးရှင်း ပလာဇာတွင် ထုန်ရန့်အား ဝင်ကြိုလိုက်ပြီး ထုန်ရန်းက သူတို့ကားထွက်သွားသည်အထိ ရပ်ကြည့်နေခဲ့သည်။

ထုန်ရန့်မျက်နှာကရဲနေသည့်အပြင် သူ့အား ကျိုးရှန့်မင် တစ်ညနေလုံးမတွေ့ရ​သေးသောကြောင့် လှည့်ကြည့်ကာ မေးလိုက်သည်။
"အပြင်မှာ အေးလား"

ထုန်ရန့် : "အေးတော့အေးတယ် ဒါပေမဲ့ ကျွန်တော် အပြင်မှာမနေခဲ့ဘူး"

မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီး ထုန်ရန့်က
"အခုမှ နွေးသွားတယ်။ ကျွန်တော် သမိုင်းမတင်မီခေတ် ပန်းခြံကိုသွားခဲ့တယ်၊ လျှောက်ကြည့်တာ။ တော်တော်ပျော်ဖို့ကောင်းတယ်။ နောက်တသ်ခါ တူတူသွားရအောင်။"

"အိုကေ"
ခဏျွှာ စကားဆက်လက်ပြောကြပြီးနောက် ကျိုးရှန့်မင် သည်းမခံနိုင်တော့ပဲ လက်ညှိုးဖြင့် ထုန်ရန့်၏ နှုတ်ခမ်းကို ထိလိုက်ကာ မေးလိုက်သည်။
"ဒီည အိမ်စာတွေ အများကြီးရှိလား"

ထုန်ရန့်မှာ ရှက်မည်ကြံကာမှ ခေါင်းထဲသို့ သေစေနိုင်လောက်သည့် သတိပေးချက်ကြီူ ဝင်လာသည်။
"အများကြီးပဲ! ဒီနေ့ တော်တော်များတာ"

"စိတ်မပူပါနဲ့" ကျိုးရှန့်မင်က dashboardကို စိုက်ကြည့်နေပြီး
"ကိုယ်တို့ အချိန်ရှိပါသေးတယ်။ မိနစ်နှစ်ဆယ်အတွင်း ပြန်ရောက်မှာပဲ"

သို့သော်လည်း လမ်းတစ်ဝက်မှာတွင် နှင်းကြောင်ပ လမ်းချော်ပြီး တိုက်မိသော ကားများကို ဆွဲတင်နေရသည်ကြောင့် ကြန့်ကြာနေကာ နောက်ဆုံး အိမ်ပြန်ရောက်ချိန်၌ ဆယ့်နှစ်နာရီ ငါးမိနစ်ပင်ဖြစ်နေပြီ ဖြစ်သည်။

ထုန်ရန့်က ကားထဲတွက် ခေတ္တ အိပ်ခဲ့ပြီး ရေမြန်မြန်ချိုးပြီးနောက် ညအိပ်ဝတ်စုံလဲကာ အိမ်စာ စလုပ်တော့သည်။

ရေးနေရင်းဖြင့် မနက်ဖြန် ဆရာမက အိမ်စာထပ်ခိုင်းလျှင် ဘယ်လိုဖြေရမလဲ စဉ်းစားနေမိသည်။ သို့သော် စိတ်ရှုပ်ရန် အချိန်ပင်မရပဲ အိမ်စာ ပြဿနာများကြား၌ ခေါင်းအပ်ထားလိုက်သည်။

သို့သော် သင်္ချာ ပထမ စာရွက် ပြီးချိန်၌ အချိန်မှာ တစ်နာရီကျော်နေပြီဖြစ်သည်။ ကျိုးရှန့်မင်က ဘေးတွင် ထိုင်စောင့်နေပြီး ထုန်ရန့် အိပ်ချင်မူးတူးဖြင်ပ မျက်တောင်ခတ်ပြီး မျက်လုံးများကို အဆက်မပြတ် ပွတ်နေသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ပဲ ထကာ ထုန်ရန့်၏ စာရေးနေသောလက်ကို ဆွဲလိုက်ပြီး
"ထားလိုက်တော့၊ သွားအိပ်"

ထုန်ရန့်: "ဒါပေမဲ့ ကျွန်တော်မှ မပြီးသေးတာ။ တရုတ်စာနဲ့ အင်္ဂလိပ် ပေပါ တွေကျန်သေးတယ်။ ရူပဗေဒအကျဉ်းချုပ်ရော၊ ဓာတုဗေတ..."

"ကိုယ်ကူရေးပေးမယ်" ကျိုးရှန့်မင်က သူ့ကို ထိုင်ခုံမှ ဆွဲထူလိုက်ပြီး
"မင်းရဲ့ လက်ရေးမျိုး ကိုယ်ရေးတတ်တယ် ဆရာမ သတိထားမိမှာတောင်မဟုတ်ဘူး"

"တကယ်လား" တခြားသူများကသာ သူ၏ အိမ်စာများကို ကူးကြပြီး  ထုန်ရန့် တစ်ခါမှ ထိုသို့ မလုပ်ဖူးပေ။
"အစ်ကိုလည်း ပင်ပန်းနေတာပဲ မလား"

ကျိုးရှန့်မင် : "ကိုယ်က ဘယ်ပချိန်မဆို နားလို့ရတယ်လေ၊ မင်းက မနက်ဖြန် ကျောင်းသွားရဦးမှာ"

ထုန်ရန့် တွေဝေသွားကာ "ဒါပေမဲ့..."

ကျိုးရှန့်မင် : " မင်းက အချိန်ဖြုန်းနေတာပဲ...ဒါမှမဟုတ် ကိုယ်ပွေ့ချီသွားတာကို လိုချင်လို့လား"

ထုန်ရန့် ရှက်သွားရကာ
"အဲ့လို တွေးနေတာ မဟုတ်ပါဘူး"

ကျိုးရှန့်မင်က စားပွဲထောင်စွန်းတွင် လက်ထောက်ထားပြီး ထုန်ရန့်အား သူနှင့် စားပွဲခုံကြား ညှပ်ထားကာ ခေါင်းငုံ့လာပြီး
"အစကတော့ မတွေးနေပေမဲ့ အခုရော ဘယ်လိုလဲ"

ထုန်ရန့်မှာ အစက အလွန်အိပ်ချင်နေသော်လည်း အခုတော့ နည်းနည်းလေးတောင် မအိပ်ချင်တော့သလိုပါပင်။ ကျိုးရှန့်မင်၏ ခါးကိုဖက်လိုက်ပြီး မျက်နှာ နှစ်ခုကို ကပ်လိုက်ကာ
"မှန်းကြည့်လေ"

ထုန်ရန့်က ရေချိုးပြီးကာစဖြစ်ရာ isolation patchလည်း မကပ်ထးသောကြောင့် သူ၏ ရေချိုးဆပ်ပြာအနံ့မှာ pheromoneနံများဖြင့် လွှမ်းမိုးခံလိုက်ရပြီး နွေးထွေးသော အငွေ့အသက်နှင့် တော်တော်လေးကို ချိုမြိန်နေပေသည်။

ကျိုးရှန့်မင်လည်း သူနှင့် ပူးပူးကပ်ကပ်နေချင်သေးသော်လည်း နောက်ကျနေပြီဖြစ်ရာ အီစီကလီလုပ်ဖို့ အချိန်တောင်မရပေ။ ထုန်ရန့်၏ နှုတ်ခမ်းထောင့်စွန်းကို တစ်ချက် ဖိကပ်နမ်းလိုက်ပြီး အိပ်ရာဆီသို့ ချီသွားလိုက်သည်။

အိပ်ခန်းမီးများက ပိတ်ထားဆဲဖြစ်ကာ ကျိုးရှန့်မင်က ထုန်ရန့်အား အိပ်ရာပေါ်ချ​ပေးလိုက်ပြီး ထုန်ရန့် သူ့ကိုယ်သူ စောင်ပုံထဲတွင် နစ်မြုပ်စေလိုက်သည်။

သို့သော် သူတဖြည်းဖြည်း သက်သောင့်သက်သာဖြစ်လာချိန်တွင် ကျိုးရှန့်မင် မထသွားသေးကြောင်း သိလိုက်ရသည်။ ထို့အပြင် သူက ထုန်ရန့်အပေါ်မှ အုပ်မိုးကာ နှုတ်ခမ်းများက ထုန်ရန့်၏ မျက်နှာအနှံ့ကို ထိတွေ့စူးစမ်းနေသည်။

နှစ်ဦးမှာ တော်တော်လေးကို ရင်းနှီးပြီးဖြစ်သည်မို့ ထုန်ရန့် အရင်ကလောက် ရှက်မနေတော့ပေ၊ ထို့အပြင် အခန်းမှာ မှောင်ပိန်းနေသောကြောင့် သူသတ္တိလည်းရှိနေသည်။ အန္တရာယ်ကို သတိမမူမိပဲ ကျိုးရှန့်မင်အား တုံ့ပြန်သည့်အနေဖြင့် နှုတ်ခမ်းဆူပေးလိုက်သည်။

ကျိုးရှန့်မင်က ထုန်ရန့်၏ မျက်နှာကိ​ြ လပ်နှစ်ဖက်ဖြင့် ကိုင်ထားပြီး နှုတ်ခမ်းကို မနမ်းခင် လိုက်စနေလိုက်သည်။ အနမ်းက အလွန်အမင်း နူးညံ့သိမ်မွေ့ပြီး ထုန်ရန့်၏ နှုတ်ခမ်းသားများကို တဖြည်းဖြည်း စုပ်ယူကာ ကိုက်ခဲထားသည်။ ထုန်ရန့် ညည်းညူသံတစ်ချက် ထွက်သွားသောအခါ ကျိုးရှန့်မင်မှာ ပြောင်းလဲသွားကာ  သူ့ လျှာကို ပြင်းပြင်းပြပြ စုပ်ယူလာပြီး ခဏကြာျသာအခါ ထုန်ရန့်၏ ညအိပ်အင်္ကျီမှာ ဖွင့်ပြဲသွားသည်။ ကျိုးရှန့်မင်၏ လက်များက ထုန်ရန့်၏ လျော့ရိလျော့ရဲဖြစ်နေသော ညအိပ်ဝတ်စုံအတွင်း နယ်လှည့်လျက်။

ထုန်ရန့်မှာ သူ့အနမ်းကြောင့် နီရဲကာ အသက်ရှူမဝဖြစ်နေဟန်ရပြီး နှုတ်ခမ်းများကို ခွဲခွာရန် အချိန်တစ်ခုတိုင်အောင် စောင့်လိုက်ရကာ ခွဲခွာချိန်၌ နှစ်ဦးလုံးမှာ မောပန်းလျက်။

ထုန်ရန့်၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်နှက်လျက် မျက်နှာကို ကျိုးရှန့်မင်၏ လည်ပင်းကြား၌ နစ်မြှုပ်ထားလိုက်သည်။ သူက စွပ်စွဲလိုက်သည်။
"မြေခွေးကြီး! နောက်တစ်ခါ ပွေ့မချီခိုင်းရဲတော့ဘူး!"

"အဲ့ဒါဆို ဘယ်သူကများ မင်းကို အိမ်စာ အလကားရေးပေးမှာလဲ? ကိုယ်လည်း အကျိုးအမြတ် နည်းနည်းရသင့်တာပေါ့"

ကျိုးရှန့်မင်က စောင်ပြန်ခြုံပေးလိုက်ပြီး သူ့အသံက အနည်းငယ် အက်ရှနေသောကြောင့် ထုန်ရန့်တောင် လန့်သွားရသည်္ဂ
"ပြီးတော့ ကိုယ်က ဘယ်သူ့ကိုမှ ပွေ့မချီဘူး မင်းတစ်ယောက်ပဲ"

"အဲ့ဒါဆိုလည်း ကျွန်တော် ပွေ့မချီခိုင်းတော့ဘူး!". ထုန်ရန့်မှာအသက်ရှိုက်ရှူနေဆဲဖြစ်ပြီး သူရှူထုတ်လိုက်သော လေမှာ ကျိုးရှန့်မင်၏ လည်ပင်းနှင့် မေးစေ့သို့ ရိုက်ခတ်နေသည်။ သူ့အသက်ရှူသံတစ်ခုချင်းစီက ချိုမြိန်သော pheromoneနံ့များဖြင့် ပြည့်နေပြီး Alphaဖြစ်သူ၏ နှဖူးကြောများအား ရှုံ့တွစေသည်။

ကျိုးရှန့်မင်က ထုန်ရန့်၏ ခါးကို ခပ်တင်းတင်း ဆွဲကိုင်လိုက်ပြီး နှဖူးချင်းတိုက်ရန် ခေါင်းငုံ့လိုက်ကာ ကြမ်းကြမ်းတမ်းတမ်းဖြင့် အတင်း တွန်းအားပေးကာ မေးတော့သည်။
"ကိုယ့်ကို မချီခိုင်းရင် ဘယ်သူ့ကို ချီစေချင်တာလဲ"

ထုန်ရန့်မှာ ငိုချင်လာပြီး သူ့ကိုလည်း အိမ်စာ မရေးခိုင်းချင်တော့ပေ။ ဘေးသို့တွန်းလိုက်ပြီး
"ဘယ်သူ့မှ မချီခိုင်းဘူး"

"မကောင်းလိုက်တာ" ကျိုးရှန့်မင်က ထုန်ရန့်၏ လည်ပင်ကြား ခေါင်းထားလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ထကာ ထုန်ရန့်အား စောင်သေချာခြုံပေးလိုက်သည်။
"အိပ်တော့"

ထုန်ရန့် အသံပြုလိုက်ပြီး ကျိုးရှန့်မင် မထွက်သွားခင် ထုန်ရန့်က လက်ကို လှမ်းဆွဲလာသည်။

ကျိုးရှန့်မင်က သူ၏ နူးညံ့သော လက်ချောင်းလေးများကို တစ်ချက် ညှစ်လိုက်ပြီ မေးလိုက်သည်။
"ကိုယ့်ကို ချစ်လား"

ထုန်ရန့်က မျက်ရည်များပြည့်နေသည့် အသံဖြင့် ခပ်တိုးတိုး ဖြေလိုက်သည်။
"ကျွန်တော် အစ်ကို့ကို ချစ်တယ်"

-
T/N- အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ် လပြည့်နေ့လေးဖြစ်ပါစေ။ လိုက်ကန်တော့ရင်လည်း မုန့်ဖိုးများကြီးရကြပါစေ🧡✨

•°•°•°•°•°•°•

(Zawgyi)

ေနာက္တစ္ေန႔ ေန႔လည္တြင္ ထုန္ရန္းက ထုန္ရန႔္အား ေက်ာင္းလာႀကိဳသည္။ မေတြ႕ရသည္မွ် ႏွစ္ပတ္ေက်ာ္မွ် ရွိၿပီျဖစ္ကာ ေနာက္ဆုံးတစ္ေခါက္ေတြ႕စဥ္က ေဆာင္းဦးသာရွိေသးေသာ္လည္း ဒီတစ္ေခါက္ျပန္ေတြ႕ခ်ိန္တြင္ တကယ့္ ေဆာင္းရာသီျဖစ္ေနခဲ့ၿပီျဖစ္သည္။ လမ္းမီးတိုင္မ်ား၏ ထိပ္တြင္ ႏွင္းကြက္မ်ားရွိေနၿပီး ထုန္ရန႔္က ဒူးဆစ္နီးပါးေရာက္ေသာ ဂြမ္းအက်ႌထူထူႀကီးကို ဝတ္ထားေသာေၾကာင့္ ေစာင္ပုံႀကီးပတ္လာသလို ထင္ရေပသည္။

ထုန္ရန္းက လမ္းၾကမ္းသုံးကားကိုေမာင္းလာ၏။ ကားမ်ားႏွင့္ ပက္သက္ၿပီး ထုန္ရန္႔ သိပ္စိတ္မဝင္စားေသာ္လည္း ကားက ေတာ္ေတာ္ေလးကို ႀကီးေသာေၾကာင့္ နည္းနည္းေတာ့ အထင္ႀကီးသြားမိၿပီး ကားကိုလည္း ျမင္ဖူးေနသလို ခံစားလိုက္ရသည္။ သိပ္မၾကာခင္၌ပင္ ထုန္ရန္းေမာင္းလာေသာကားမွာ ၿပီးခဲ့သည့္အပတ္က က်ိဳးရွန႔္မင္၏ မိဘမ်ားအိမ္၌ ေတြ႕ခဲ့ရေသာကားႏွင့္ ေမာ္ဒယ္တူတူပင္ျဖစ္သည္။

ထုန္ရန႔္က မစဥ္းစားေတာ့ပဲ ေျပာလိုက္သည္။
"က်ိဳးရွန႔္မင္အိမ္မွာ ဒီကားကို ျမင္ဖူးတယ္"

ထုန္ရန္း၏ တုံ႔ျပန္မႈက အနည္းငယ္ေတာ့ ထူးဆန္းသည္ဟု ေတြးမိလိုက္ၿပီး ထုန္ရန႔္ ဆက္ေမးလိုက္သည္။
"ဒါနဲ႔ တူတူပဲမဟုတ္ဘူးလား? က်ိဳးက်ားေရွာရဲ႕ကားနဲ႔ေလ?"

ထုန္ရန္းက သူ႔ကို မၾကည့္ပဲ ျပန္ေျပာလာ၏။
"ဘယ္သူ႔ကို က်ိဳးက်ားေရွာလို႔ ေခၚေနတာလဲ၊ မရီးလို႔ ေခၚရမွာေပါ့"

"…"

ထုန္ရန႔္ ေျပာလိုက္သည္။
"အဲ့ေတာ့ ငါ့မရီးရဲ႕ ကားကို ေမာင္းလာတာလား?"

ထုန္ရန္း : "ငါ့ကား"

ထုန္ရန႔္ : "အိုး.."

"ဘယ္မွာ စားခ်င္လဲ?" ထုန္ရန္းလမ္းၫႊန္ကို ဖြင့္ေနရင္းေမးလိုက္သည္။
"ေဟာ့ေပါ့ပဲလား?"

ထုန္ရန႔္ ေခါင္းညိတ္ျပလိုက္ကာ စာေသာက္ဆိုင္၏ ဖုန္းကိုေခၚလိုက္ၿပီး ေစာင့္ေနလိုက္သည္။

ေခတၱၾကာၿပီးေနာက္ က်ိဳးရွန႔္မင္က ဖုန္းဆက္လာၿပီး သူတို႔ ဘယ္မွာ စားေနသလဲ လွမ္းေမးလာသည္။ ထုန္ရန႔္က သူတို႔ေရာက္ေနသည့္ေနရာကို ေျပာလိုက္သည္။ လင္ယြဲ႕ဟြာက က်ိဳးရွန႔္မင္ထံမွ ဖုန္းကိုယူလိုက္ၿပီး
"ထုန္ထုန္, ဒီေန႔ အန္တီ လူေတြအမ်ားႀကီး အျပင္ထြက္ေနတာကိုေတြ႕လိုက္တယ္ မင္းတို႔ က်ိဳးရွင္းကို သြားသင့္တယ္မထင္ဘူးလား? ၁၆ခ႐ိုင္ နဲ႔ ၂၁ခ႐ိုင္မွာရွိသည္။ ပိုနီးတဲ့ေနရာကို သြားလိုက္ေပါ့။ စားၿပီးရင္လည္း အခ်ိန္မျဖဳန္းပဲ ေရွာ့ပင္လည္း တစ္ခါတည္းထြက္လို႔ရတယ္"

က်ိဳးရွင္းသည္ က်ိဳးမိသားစုပိုင္ေသာ ကုန္တိုက္တစ္ခုျဖစ္သည္။ လက္ေတြ႕တြင္ ထုန္ရန႔္အေနျဖင့္ လူထူေသာေနရာမ်ားကို သြားႏိုင္ၿပီျဖစ္ေသာ္လည္း စားဖို႔ပင္ျဖစ္ရာ မိနစ္အနည္းငယ္​ေလာက္ ပိုေစာင့္ရ႐ုံျဖင့္ ဘာမွထူးမည္မထင္ေပ။ သို႔ေသာ္လည္း လင္ယြဲ႕ဟြာက ေစတနာေကာင္းေကာင္းျဖင့္ ၫႊန္းဆိုေနျခင္းျဖစ္ရာ ထုန္ရန႔္ လက္ခံလိုက္သည္။
"ေက်းဇူး အန္တီ။ ဒါဆို ကြၽန္ေတာ္တို႔ က်ိဳးရွင္းကိုပဲ သြားလိုက္ေတာ့မယ္"

သူ ထုန္ရန္းရွိရာဘက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ ထုန္ရန႔္က လမ္းၫႊန္ကို ၾကည့္ရင္းျဖင့္ ေျပာလာသည္။
"၁၆ခ႐ိုင္"

"ေကာင္းတယ္၊ ေကာင္းတယ္၊ အန္တီ သူတို႔ကို အေၾကာင္းၾကားလိုက္မယ္..အဲ့ဒါမွ သူတို႔ ထြက္ႀကိဳလို႔ရေအာင္" လင္ယြဲ႕ဟြာက ေျပာလိုက္သည္။
"က်ိဳးရွန႔္မင္နဲ႔ စကားေျပာလိုက္ဦး"

ဖုန္းလိုင္း၏ တစ္ဖက္တြင္ က်ိဳးရွန႔္မင္က ဖုန္းျပန္ကိုင္လာၿပီး ထုန္ရန႔္က ေျပာလိုက္သည္။
"အစ္ကို.. အစ္ကိုက အိမ္ျပန္သြားတာလား?"..

က်ိဳးရွန႔္မင္ : "အင္း ခုေလးတင္ေရာက္တာ။ မင္းစားၿပီးရင္ ကိုယ့္ကို ဖုန္းေခၚလိုက္၊ ကိုယ္လာႀကိဳမယ္၊ ၿပီးရင္ တူတူ အိမ္ျပန္ၾကမယ္"

"အိုေက" ထုန္ရန႔္ ေျဖလိုက္၏။

"အမ်ားႀကီးမစားနဲ႔ဦး၊ ထပ္ၿပီး ဗိုက္ေအာင့္ဦးမယ္" က်ိဳးရွန႔္မင္ သတိေပးလိုက္သည္။

ေက်ာင္းပိတ္ရက္တုန္းက ထုန္ရန႔္ က်ိဳးမိသားစုအိမ္တြင္ အစားမ်ားသြားၿပီး အစာေၾကေဆးေသာက္ရသည္အထိျဖစ္သြားရသည္။ မေန႔ညကမွ သူနည္းနည္းျပန္သက္သာလာျခင္းျဖစ္သည္။ ထုန္ရန႔္ မ်က္ႏွာနီသြားၿပီး ကတိေပးလိုက္သည္။
"သိပါၿပီ"

ထုန္ရန႔္ ဖုန္းခ်လိုက္ခ်ိန္၌ ထုန္ရန္းမွာ လမ္းေၾကာင္းေတာင္ ျပန္ေျပာင္းၿပီးၿပီျဖစ္ကာ သူ႔ညီေလးထံလွည့္ၾကည့္လိုက္သည္။ သူ႔ညီေလးမွာ အိမ္ျပင္ပတြင္ ငါးလမွ် ႀကီးျပင္းလာၿပီးျဖစ္ကာ သူအသိအမွတ္မျပဳခ်င္ေသးေသာ္လည္း ထိုေကာင္ေလးမွာ ႏွင္းဆီပန္းလို ပန္းေရာင္သန္းသည့္ အသားအေရႏွင့္ မ်က္လုံး ၾကည္ၾကည္ေတာက္ေတာက္မ်ားသာမက ခပ္ေဖာင္းေဖာင္း ဆံပင္မ်ားကို ျမင္ရသည္မွာ ေကာင္းေကာင္း ေစာင့္ေရွာက္ထားျခင္းခံရသည့္ပုံပင္။

"သူ႔အေမကလည္း မင္းကိုဂ႐ုစိုက္တာပဲလား"

ထုန္ရန႔္ ေခါင္းညိတ္လိုက္ကာ
" အန္တီက ငါ့အေပၚ အရမ္းေကာင္းတယ္"

"ဒီေကာင္ေလးက သိမ္းသြင္းဖို႔ အရမ္းလြယ္ေနတာပဲ" ထုန္ရန္းက သူ႔ကို အၿပဳံးတစ္ခုႏွင့္ ဆူလာ၏။

ထုန္ရန႔္ ျပန္ေျပာလိုက္သည္။
"ဒါေပါ့ ငါ့အေပၚသာ ေကာင္းေကာင္း ဆက္ဆံလိုက္!"

"အခု ငါမင္းကို စကားတစ္ခြန္းမွ ျပန္မေျပာရေတာ့ဘူး ဟုတ္တယ္မလား?" ထုန္ရန္းက လက္ေျမႇာက္လာကာ ထုန္ရန႔္ မေအာ္မခ်င္း ပါးေဖာင္းေဖာင္းကို ဆြဲေတာ့သည္။
"လာပါဦး..အသားအေရေလး ေပ်ာ့ေပ်ာင္းသြားေအာင္လုပ္ေပးမယ္"

ထုန္ရန႔္ ေအာ္မွသာ လက္ျပန္ဆုတ္သြားသည္။ ထုန္ရန႔္ သူ႔ကို တကယ္ ပိတ္ထိုးပစ္ခ်င္ေသာ္လည္း သူကကားေမာင္းေနသည္ျဖစ္ေသာေၾကာင့္ ပိတ္ထိုးရန္မွာ အႀကံေကာင္း ဟုတ္ဟန္မတူရာ သည္းခံလိုက္ရသည္။ ကားရပ္သည္အထိ သည္းခံေနလိုက္ၿပီး ေနာက္ဆုံးတြင္ေတာ့ တန္ျပန္ရန္ျဖစ္ရန္ အခ်ိန္က်ၿပီျဖစ္သည္။ သို႔ေသာ္လည္း က်ိဳးလုပ္ငန္းစုမွလူမ်ားက အျပင္တြင္ ေစာင့္ေနတာၾကာၿပီျဖစ္ေသာေၾကာင့္ ထုန္ရန႔္မွာ လိမ္လိမ္မာမာေလးသာ ေနလိုက္ရၿပီး သူတို႔ေနာက္မွေန၍ စားေသာက္ဆိုင္ထဲဝင္ခဲ့လိုက္သည္။

က်ိဳးရွန႔္မင္ကလည္း ညစာစားေနတာျဖစ္သည္။ က်ိဳးက်န႔္သ်ဲက စားပြဲထိပ္တြင္ထိုင္ေနၿပီး လင္ယြဲ႕ဟြာႏွင့္ က်ိဳးရွန႔္မင္က မ်က္ႏွာခ်င္းဆိုင္ထိုင္ေနျခင္းျဖစ္ကာ က်ိဳးက်ားေရွာကေတာ့ မရွိေပ။ ညစာစားပြဲတြင္ သူတို႔သုံးေယာက္သာ…။

စြပ္ျပဳတ္တစ္ဇြန္းေသာက္ၿပီးေနာက္ လင္ယြဲ႕ဟြာက ေျပာလာ၏။
"အခုလည္း ထုန္ထုန္သာဒီမွာရွိရင္ ဘယ္ေလာက္မ်ား အသက္ဝင္ေနလိမ့္မလဲ"

"သူက ေခါင္းငုံ႔ၿပီး ၿငိမ္ၿငိမ္ေလးစားေနဖို႔ပဲ သိတာ" က်ိဳးရွန႔္မင္ ျပန္ေျပာလိုက္၏။

"ကေလးမဟုတ္ေတာ့ေပမဲ့ သူစားတာကို ဂ႐ုစိုက္ေပးမဲ့လူမရွိရင္ အစာေၾကေဆးေသာက္ရတုန္းပဲ"

"ငါအိမ္လဲျပန္ေရာက္ေရာ မင္းမ်က္ႏွာက တည္တင္းသြားတာဆိုတာ ငါကမင္းဆီမွာ ရွစ္မီလီယံေလာက္ အေႂကြးတင္ေနသလိုပဲ၊ ဒါေပမဲ့ အျပင္လူအေၾကာင္းေျပာေတာ့ ၿပဳံးလာေရာ" က်ိဳးက်န႔္သ်ဲက ႐ုတ္တရက္ေျပညလာသည္။

က်ိဳးရွန႔္မင္ႏွင့္ လင္ယြဲ႕ဟြာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး လင္ယြဲ႕ဟြာက ျပန္ေျပာလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ရွင္ကမွ သူ႔ကို မၿပဳံးျပတာ"

"ရွင့္မ်က္ႏွာက ဒီေလာက္တည္တင္းေနတာေတာင္ သူမ်ားကို အျပစ္တင္ေနေသးတယ္" လင္ယြဲ႕ဟြာ ဆက္ေျပာလိုက္သည္။
"ၿပီးေတာ့ဘာတဲ့..ဘာ္သူကမ်ား အျပင္လူလဲ? ထုန္ရန႔္က ကြၽန္မရဲ႕ ေခြၽးမအစစ္ရွင့္။ ရွင့္စကားအတိုင္းဆိုရင္ ရွင့္ရဲ႕ မ်ိဳး႐ိုးနာမည္ကသာ က်ိဳးမဟုတ္ေနရင္ ရွင္လဲ အျပင္လူပဲ။ ဒါဆို ကြၽန္မလည္း အျပင္လူပဲ"

က်ိဳးက်န႔္သ်ဲ အလ်င္အျမန္ ေျပာလိုက္၏။
"ငါဆိုလိုတာ ဒီလိုသေဘာမဟုတ္ဘူးေလ!"

လင္ယြဲ႕ဟြာ : "ဒါဆို ဘာကိုဆိုလိုတာလဲ?"

"ငါ့ထမင္းပဲ ငါစားေတာ့မယ္!"
မိသားစု စကားဝိုင္းကို ပါဝင္ရန္ က်ိဳးက်န႔္သ်ဲ၏ အဆိုျပဳခ်က္မွာ က်ရႈံးသြားေတာ့သည္။ က်ိဳးရွန႔္မင္ကို ဆက္မစြပ္စြဲေတာ့ပဲ တူျဖင့္ ငါးေပါင္းတစ္ဖက္ကို ညႇပ္လိုက္သည္။

ပုံမွန္အားျဖင့္ က်ိဳးရွန႔္မင္သည္ ညစာစားၿပီးသည္ႏွင့္ ျပန္တတ္ေသာ္လည္း ဒီေန႔ေတာ့ ထုန္ရန႔္ကို ေစာင့္ရမည္ျဖစ္ရာ အိမ္သို႔ အလ်င္စလိုမျပန္ပဲ လင္ယြဲ႕ဟြာႏွင့္ ဧည့္ခန္းထဲတြင္ထိုင္ေနသည္။

က်ိဳးက်န႔္သ်ဲကလည္း စာဖတ္ခန္းရွိရာသို႔ မတတ္သြားပဲ ဆိုဖာ၏ တစ္ဖက္တြင္ထိုင္ေနသည္။

လင္ယြဲ႕ဟြာက က်ိဳးရွန႔္မင္အား အသံတိုးတိုးျဖင့္ေမးလာသည္။
"အေျခအေနက ဘယ္လိုေနလဲ?"

"ဘာအေျခအေနလဲ?"

လင္ယြဲ႕ဟြာ လွ်ာကိုကိုက္လိုက္ကာ
"ထုန္ရန႔္နဲ႔ေလ..အရင္တစ္ေခါက္က မင္းပဲ အဆင္ေျပတယ္ဆိုၿပီး ေျပာခဲ့တယ္မဟုတ္ဘူးလား"

လင္ယြဲ႕ဟြာက ခပ္ျမန္ျမန္ပင္ ဆက္ေမးလာသည္။
"အဆင္ေျပတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ? အေမေျပာျပမယ္..projectက အေျခအေန ေကာင္းေကာင္းနဲ႔သြားေနတာ။ လြန္ခဲ့တဲ့ႏွစ္ရက္က မင္းကိုေမးမလို႔ပဲ..ဘာလို႔ ထုန္ရန႔္၏ အေဖက သူ႔ကို အိမ္ျပန္ေခၚခ်င္တာလဲ?"

က်ိဳးရွန႔္မင္ : "ဘယ္တုန္းကလဲ?"

"လြန္ခဲ့တဲ့ ေလး၊ ငါး ရက္ေလာက္တုန္းက"
လင္ယြဲ႕ဟြာ ေျပာလိုက္သည္။
"ေသခ်ာေတာ့ မမွတ္မိေပမဲ့ မင္း အလုပ္ခရီးသြားေနတုန္းကထင္တယ္။ အဲ့အခ်ိန္တုန္းက မင္းက အိမ္မွာ မရွိတာ ထုန္လိခ်င္က မသိပဲ သူက ေျပာလာတာ၊ အေမလည္း သူ႔ကို မေျပာရဲဘူး။ ဒီတိုင္း တျခား ေရာက္တတ္ကရပဲ ေျပာလိုက္တယ္။ ထုန္ရန႔္ကို သူျပန္ေခၚဖို႔ အေၾကာင္းျပခ်က္အေနနဲ႔ သုံးမွာစိုးလို႔"

လင္ယြဲ႕ဟြာက ဤအေၾကာင္းကိုေျပာျပလာေသာအခါ ျပန္ေပးဆြဲမည့္ ပုံျပင္ႏွင့္တူသလိုေတာင္ က်ိဳးရွန႔္မင္ ခံစားလိုက္ရသည္။ ထုန္ရန႔္ကေတာ့ သနားစဖြယ္ ျပန္ေပးဆြဲခံရမည့္ ပစ္မွတ္ေလးေပါ့။

သို႔ေသာ္လည္း ထိုသည္မွာ အနည္းငယ္ေတာ့ အႏၲရာယ္မ်ားေသာေၾကာင့္ က်ိဳးရွန႔္မင္ ေမးလိုက္သည္။
"အန္ကယ္က ဘာေျပာလို႔လဲ"

လင္ယြဲ႕ဟြာ ျပန္ေျဖလိုက္သည္။
"ထုန္ရန႔္က မင္းကို အဆင္မေျပျဖစ္ေနေစမွာကို သူ ေၾကာက္တယ္တဲ့၊ အခုတေလာ သူလည္း အလုပ္မရႈပ္ေတာ့တာမို႔လို႔ မင္းကို လြတ္လပ္ခြင့္နည္းနည္းေပးဖို႔ အိမ္ျပန္ေခၚခ်င္တယ္တဲ့။ သူတစ္ခုခုၾကားထားပုံေတာ့ မေပၚပါဘူး...ဒါေပမဲ့ မင္းတို႔ကဘာလို႔ အခုထိ အခ်ိန္ဆြဲေနၾကေသးတာလဲ? အေမအရင္ကေျပာထားသလိုမ်ိဳး လူေတြကို ခပ္ျမန္ျမန္ အသိေပးတာ အေကာင္းဆုံးေလ။ ႏွစ္ဖက္မိဘေတြ ျမန္ျမန္ေတြ႕ၾကၿပီးရင္ မင္းတို႔လည္း သူခိုးလိုမ်ိဳး ခိုးခ်ိန္းေတြ႕စရာမလိုေတာ့ဘူး"

သူမက မွန္းဆလိုက္သည္။ "ထုန္ရန႔္က ေစာေသးတယ္လို႔ ထင္လို႔လား? သူကရွက္ေနလို႔လား?"

က်ိဳးရွန႔္မင္ : "မဟုတ္ပါဘူး..သူက မရွက္ပါဘူး"

လင္ယြဲ႕ဟြာက မေက်နပ္ေသးပုံျဖင့္
"ထုန္အဘိုးႀကီး သူအသုံးခ်လို႔ ဝသြားတဲ့လူကို ဘယ္လို ဖဲ့ခ်မလဲ ငါေတာ့ သိခ်င္ေနၿပီ။ မိအားေရာဂါကလည္း ေသခ်ာေတာင္ မေပ်ာက္ေသးတာကို သူက အတင္းျပန္ေခၚခ်င္ေနၿပီ။ ငါ့သာက သူ႔သားကို စားပစ္မဲ့ ဝံပုေလြက်ေနေရာ"

"မင္းတို႔ႏွစ္ေယာက္ ကိုယ့္ကိုယ္ကို လူေကာင္းေတြနဲ႔ တူေသးတယ္လို႔ ထင္ေနၾကေသးလား?" က်ိဳးက်န႔္သ်ဲ မေနႏိုင္ေတာ့ပဲ ဝင္ေျပာလိုက္သည္။

"ရွင့္ကိစၥလား?" လင္ယြဲ႕ဟြာက မ်က္ေစာင္းထိုးလိုက္ကာ စိုက္ၾကည့္လိုက္သည္။
"လိုက္ေရာေနတာ ေတာ္ပါေတာ့!"

က်ိဳးက်န႔္သ်ဲ : "ဘယ္လိုလုပ္ ငါ့ ကိစၥမဟုတ္ရမွာလဲ? ထုန္ရန႔္က ငါ့ေခြၽးမပဲ မဟုတ္ဘူးလား? ငါလည္း ဂ႐ုစိုက္ပါတယ္ အာ"

လင္ယြဲ႕ဟြာ : "ကိုယ့္စကားလည္း ကိုယ္ေသခ်ာ ျပန္နားေထာင္ၾကည့္ပါဦး ရွင္က ဘယ္လိုမ်ား ဂ႐ုစိုက္ေနတာလဲ"

သူက က်ိဳးက်န႔္သ်ဲ႕ကို အသိအမွတ္ျပဳရန္ ျငင္းဆိုလိုက္ကာ
"မင္းတို႔ေတြ ခပ္ျမန္ျမန္လုပ္စမ္းပါ။ မင္းတို႔ ရွက္ေနရင္ အေမ့ကိုလာေျပာေခ်။ အေမေျပာလိုက္မယ္။ ထုန္ရန႔္ကိုလည္း သူေျပာခ်င္မွ ေျပာခိုင္းေနာ္ သူလည္း ဆုံးျဖတ္ဖို႔ အခ်ိန္လိုမွာေပါ့... အေယာင္ျပ အိမ္ေထာင္ေရးတစ္ခုကို ျဖတ္ပစ္ဖို႔က ဖိအားေပးလို႔ မေကာင္းဘူးေလ"

က်ိဳးရွန႔္မင္ : "စိတ္မပူပါနဲ႔"

အတန္ၾကာ စကားေျပာၿပီးေနာက္ ထုန္လိခ်င္က ထုန္ရန႔္အား ျပန္ေခၚခ်င္ေနသည္ကို သိေသာအခါ က်ိဳးရွန႔္မင္ အနည္းငယ္ေတာ့ စိတ္ရႈပ္သြားရသည္။ ကိစၥမ်ားကို အလ်င္စလိုလုပ္၍မရေၾကာင္း လင္ယြဲ႕စြာသိေသာ္လည္း တည္ၿငိမ္ေနသည္ကေတာ့ အျခားတစ္ခုပင္ျဖစ္သည္။

"ဘာေတြေတြးေနတာလဲ? မင္း မိတ္ဖပ္ မရွာခ်င္ေသးလို႔လား?!ထယ" လင္ယြဲ႕ဟြာ ေအည္လိုက္သည္။

က်ိဳးရွန႔္မင္ တုံ႔သြားရၿပီး လင္ယြဲ႕ဟြာ၏ ပုံမွန္မဟုတ္ေသာ မ်က္ႏွာကို ေမာ့ၾကည့္လိုက္ကာ ေျဖလိုက္သည္။
"မဟုတ္ပါဘူး၊ ထုန္ရန႔္က ငယ္ေသးတယ္။ ကြၽန္ေတာ္တို႔ အလ်င္မလိုပါဘူး။ၿပီးေတာ့ လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက ကြၽန္ေတာ္တို႔ သူ႔မိသားစုကို ျဖည္းျဖည္းခ်င္းေျပာျပဖို႔ တိုင္ပင္ထားေသးတယ္။ ဒါအျပင္ လက္ထပ္စာခ်ဳပ္ေတာင္ခုထိရွိေသးတာပဲ စိတ္ပူစရာမလိုပါဘူး"

လင္ယြဲ႕ဟြာက သူတို႔ ထုန္မိသားစုကို မၾကာခင္ေျပာမွာပါ ဟူေသာ စကားၾကားမွသာ စိတ္သက္သာရာရသြားေတာ့သည္။ သူမရဲ႕ ခဏတာ အသိစိတ္လြတ္သြားမႈကိုလည္းရွက္႐ြံ႕သြားရ၏။

ၿပီးခဲ့သည့္တစ္ေခါက္က သူတို႔ က်ိဳးရွန႔္မင္၏ အိမ္ေထာင္ေရးဆိုင္ရာ စိတ္သေဘာထားႏွင့္ လူပ်ိဳႀကီးလုပ္မည့္အေၾကာင္းေဆြးေႏြးစဥ္ကလည္း က်ိဳးရွန႔္မင္က အလြန္ စိတ္ေအးလက္ေအးရွိေနကာ သူမ၏ အျပဳအမူကေတာ့ ေတာ္ေတာ္ေလးကို ဆိုး႐ြားခဲ့သည္။

ထိုေန႔က အဆင္မေျပပဲ အိမ္ျပန္ခဲ့ၿပီး သူမက က်ိဳးရွန႔္မင္အတြက္ blind dateစီစဥ္ေပးလိုက္ၿပီး ထိုအခ်ိန္မွစ၍ လအနည္းငယ္ေလာက္ က်ိဳးရွန႔္မင္က အိမ္ကို လုံးဝျပန္မလာေတာ့ေခ်။

အခုထိေအာင္ ထိုကိစၥမွာ တိုက္႐ိုက္မေျပာႏိုင္သည့္ ကိစၥမ်ိဳးပင္။

က်ိဳးရွန႔္မင္က သူမအား ထပ္မံ ၿပဳံးျပလာကာ  လင္ယြဲ႕ဟြာက သူမ၏ ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး ေျပာလိုက္သည္။
"ကေလးက ငယ္ေသးတာ အေမလည္း သိပါတယ္။ ဒီတိုင္း..အေမက မင္းအတြက္ မင္းကိုယ္တိုင္ကိုက သေဘာက်တဲ့လူတစ္ေယာက္ေတြ႕ဖို႔ဆိုတာ မလြယ္ဘူးေလ..အဲ့ဒါေၾကာင့္ အေမေၾကာက္မိေနတာ.."

သူမက သူမေရာဂါအတြက္ေဆးမ်ားေသာက္ေနရသျဖင့္ စိတ္အတက္အက်ကလည္း ျမန္လြန္းေနျပန္သည္။ ခုနကတင္ ေဒါသထြက္ေနေသာ္လည္း ခ်က္ခ်င္းပင္ ဝမ္းနည္းသြားရျပန္၏။ က်ိဳးက်န႔္သ်ဲက ဤျဖစ္ရပ္ကို မယပထမဆုံးႏွင့္ အသိသာဆုံး တုံ႔ျပန္ခဲ့သည္။

က်ိဳးရွန႔္မင္ ထရပ္လိုက္မိၿပီး ပါးစပ္ဟလိုက္ေသာ္လည္း ဘာေျပာရမွန္း မသိပါေခ်။ က်ိဳးက်န႔္သ်ဲက ထလာၿပီး သူမ၏ ပုခုံးမ်ားကို ပုတ္ေပးကာ က်ယ္က်ယ္ေလာင္ေလာင္ျဖင့္ ေျပာလိုက္၏။
"ငါကေတာ့ ေကာင္ေလးက အဆင္ေျပတယ္ထင္တာပဲ။ ငါတို႔ အႀကီးဆုံးသားက အဲ့ေကာင္ေလးထက္ အသက္အမ်ားႀကီး ႀကီးတာမွန္ေပမဲ့ ၾကည့္ရတာ အဲ့ေကာင္ေလးကလည္း ရွန႔္မင္ကိုပဲ အတည္ႀကိဳက္တယ္ထင္ပါတယ္။ သူသြားတဲ့ေနာက္ကို ဘဲအေမေနာက္လိုက္ေနတဲ့ ဘဲေပါက္စေလးလို တေကာက္ေကာက္လိုက္ေနတာကို သူမရွိပဲ ေနႏိုင္ပါ့မလား? မင္းက ဘာေတြမ်ား စိတ္ပူေနရသလဲ"

သူစကားေျပာသည့္အခါတိုင္း သူ႔အနားရွိလူေတြကို နားမလည္ႏိုင္ေလာက္ေအာင္ သက္ေသာင့္သက္သာ မျဖစ္ေအာင္ အၿမဲလုပ္ႏိုင္သည္။ လင္ယြဲ႕စြာက သူမ မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး က်ိဳးက်န႔္သ်ဲ၏ စကားမ်ားမွာ ရယ္စရာလည္းေကာင္းသလို စိတ္ရႈပ္စရာလည္း ေကာင္းေနေသာေၾကာင့္ ေျပာလိုက္သည္။
"ပါးစပ္ပိတ္ထား"

"ဟုတ္ပါၿပီ၊ အခု မင္းအေပၚတတ္ၿပီး နားေတာ့၊ ၿပီးရင္ အႏွိပ္လည္း ခံသင့္တယ္"

လင္ယြဲ႕ဟြာက အေပၚတတ္သြားၿပီး က်ိဳးက်န႔္သ်ဲႏွင့္ က်ိဳးရွန႔္မင္အား ဧည့္ခန္းထဲ၌ ထားခဲ့လိုက္သည္။

သူတို႔ႏွစ္ဦးတည္း က်န္ခဲ့ေသာအခါ ပိုလို႔ေတာင္ တိတ္ဆိတ္သြားသည္။

ခဏၾကာေသာ္ က်ိဳးက်န႔္သ်ဲက ဖိုင္တစ္ခုထုတ္လာၿပီး က်ိဳးရွန႔္မင္ကို ေပး၏။

ဖိုင္ကို လွန္ၾကည့္ၿပီးေနာက္ ဤသည္မွာ သူေတြ႕ထားေသာ လူသိမမ်ားေသးသည့္ artistအငယ္ေလးတစ္ေယာက္ျဖစ္သည္။

က်ိဳးက်န႔္သ်ဲ ငယ္စဥ္အ႐ြယ္က ဤသို႔ပင္ျဖစ္သည္။ သူ၏ ပန္းခ်ီပါရမီက မေကာင္းေသာေၾကာင့္ သူ႔ထက္ ပါရမီထူးေသာ လူမ်ားကိုေတြ႕လွ်င္ သူ၏ မ႐ိုးသားမႈမွာ ရယ္စရာေတာင္ေကာင္းေနေသးသည္။ သူက ထိုလူငယ္မ်ားကို တတ္ႏိုင္သမွ် ကူညီေပးခ်င္ေသာေၾကာင့္ ဘာကိုမွ သိပ္မစဥ္းစားခဲ့ေသာ္လည္း သူ႔ေနာက္တြင္ရွိေနသည္မွာ က်ိဳးလုပ္ငန္းစုျဖစ္ေနသည္။ အကူညီခံခဲ့ရေသာသူမ်ား ဒါမွမဟုတ္ ေဘးမွျမင္ခဲ့ရေသာလူမ်ားက ခ်ဲ႕ကားေတြးေတာကာ အမ်ိဳးသမီး သင္တန္းသူမ်ားႏွင့္ ပက္သက္ေသာ scandalsအမ်ိဳးမ်ိဳး ေပၚထြက္လာေတာ့သည္။

မ်ားျပားလာေသာ scandal မ်ားေၾကာင့္ ပက္သက္ေသာလူမ်ားကပင္ ဟုတ္ႏိုးႏိုးထင္လာခဲ့ၾကၿပီး မစၥက်ိဳးျဖစ္လာလိမ့္မည္ဟု သူတို႔ကိုယ္သူတို႔ ထင္ခဲ့ၾကေသာ အမ်ိဳးသမီးမ်ားေတာင္ရွိေသးသည္။ တစ္ဦးမွာ ကိုယ္ဝန္ရွိဟန္ေဆာင္၍ေသာ္လည္းေကာင္း ေနာက္တစ္ဦးမွာ သတင္းေထာက္မ်ားေရွ႕တြင္ ငိုယို၍လည္းေကာင္း ေန႔တိုင္းပင္ျဖစ္၏။

ထိုအခ်ိန္က လင္ယြဲ႕ဟြာက သူ႔အား လက္ထပ္ၿပီးကာစျဖစ္ေသာေၾကာင့္ သူမက ဘယ္လိုမ်ား သည္းခံနိျင္ခဲ့လိမ့္မလဲ။ လင္မယားႏွစ္ေယာက္ ဆူဆူညံညံျဖင့္ ရန္ျဖစ္ခဲ့ၾကၿပီး ကြာရွင္းမလိုေတာင္ ျဖစ္ခဲ့ၾကသည္။

အခုေတာ့ သူက ဤကိစၥမ်ားကို သူကိုယ္တိုင္ မကိုင္တြယ္ေတာ့ပဲ က်ိဳးရွန႔္မင္ကိုသာ ကိုင္တြယ္ေစသည္။

သို႔ေသာ္ ဤသည္မွာ တစ္စုံတစ္ဦးအား ေငြးေၾကးျဖင့္ ကူညီျခင္းသာျဖစ္ကာ က်ိဳးက်န႔္သ်ဲ အရင္ကဘာလုပ္ခဲ့သလိုေတာ့ အထင္ခံရလိမ့္မည္မဟုတ္။ ထို႔အျပင္ တစ္စုံတစ္ဦးကို ဂ႐ုစိုက္ရန္လႊတ္ေပးျခင္းက က်ိဳးက်န႔္သ်ဲအား ျငင္းဆန္ေနသည္ထက္ ပို၍ျမန္ေသာေၾကာင့္ အၿမဲ ထိုတာဝန္ကို လက္ခံခဲ့ေပသည္။

"မင္းအေမ မသိေစနဲ႔" က်ိဳးက်န႔္သ်ဲက သူ၏လက္ေမာင္းမ်ားကို ပြတ္လိုက္သည္။

က်ိဳးရွန႔္မင္က ဂ႐ုမစိုက္ပဲ ဖိုင္တြဲကိုျပန္ပိတ္ေနရင္းျဖင့္
"ကြၽန္ေတာ္ သိပါတယ္"

က်ိဳးရွန႔္မင္က အလုပ္မွ တင္ျပမႈမ်ားကို အထပ္ထပ္အခါခါ ထိုင္ဖတ္ေနခဲ့ၿပီး ထုန္ရန႔္က ဖုန္းဆက္ေသာအခါ ၁၀နာရီထိုးၿပီးျဖစ္သည္။ ေနာက္မက်ေသာ္လည္း ေသခ်ာေပါက္ေတာ့ ေစာမေနေခ်။

က်ိဳးရွင္း ပလာဇာတြင္ ထုန္ရန႔္အား ဝင္ႀကိဳလိုက္ၿပီး ထုန္ရန္းက သူတို႔ကားထြက္သြားသည္အထိ ရပ္ၾကည့္ေနခဲ့သည္။

ထုန္ရန႔္မ်က္ႏွာကရဲေနသည့္အျပင္ သူ႔အား က်ိဳးရွန႔္မင္ တစ္ညေနလုံးမေတြ႕ရ​ေသးေသာေၾကာင့္ လွည့္ၾကည့္ကာ ေမးလိုက္သည္။
"အျပင္မွာ ေအးလား"

ထုန္ရန႔္ : "ေအးေတာ့ေအးတယ္ ဒါေပမဲ့ ကြၽန္ေတာ္ အျပင္မွာမေနခဲ့ဘူး"

မ်က္ႏွာကို လက္ျဖင့္အုပ္လိုက္ၿပီး ထုန္ရန႔္က
"အခုမွ ေႏြးသြားတယ္။ ကြၽန္ေတာ္ သမိုင္းမတင္မီေခတ္ ပန္းၿခံကိုသြားခဲ့တယ္၊ ေလွ်ာက္ၾကည့္တာ။ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတယ္။ ေနာက္တသ္ခါ တူတူသြားရေအာင္။"

"အိုေက"
ခဏႊၽာ စကားဆက္လက္ေျပာၾကၿပီးေနာက္ က်ိဳးရွန႔္မင္ သည္းမခံႏိုင္ေတာ့ပဲ လက္ညႇိဳးျဖင့္ ထုန္ရန္႔၏ ႏႈတ္ခမ္းကို ထိလိုက္ကာ ေမးလိုက္သည္။
"ဒီည အိမ္စာေတြ အမ်ားႀကီးရွိလား"

ထုန္ရန႔္မွာ ရွက္မည္ႀကံကာမွ ေခါင္းထဲသို႔ ေသေစႏိုင္ေလာက္သည့္ သတိေပးခ်က္ႀကီဴ ဝင္လာသည္။
"အမ်ားႀကီးပဲ! ဒီေန႔ ေတာ္ေတာ္မ်ားတာ"

"စိတ္မပူပါနဲ႔" က်ိဳးရွန႔္မင္က dashboardကို စိုက္ၾကည့္ေနၿပီး
"ကိုယ္တို႔ အခ်ိန္ရွိပါေသးတယ္။ မိနစ္ႏွစ္ဆယ္အတြင္း ျပန္ေရာက္မွာပဲ"

သို႔ေသာ္လည္း လမ္းတစ္ဝက္မွာတြင္ ႏွင္းေၾကာင္ပ လမ္းေခ်ာ္ၿပီး တိုက္မိေသာ ကားမ်ားကို ဆြဲတင္ေနရသည္ေၾကာင့္ ၾကန႔္ၾကာေနကာ ေနာက္ဆုံး အိမ္ျပန္ေရာက္ခ်ိန္၌ ဆယ့္ႏွစ္နာရီ ငါးမိနစ္ပင္ျဖစ္ေနၿပီ ျဖစ္သည္။

ထုန္ရန႔္က ကားထဲတြက္ ေခတၱ အိပ္ခဲ့ၿပီး ေရျမန္ျမန္ခ်ိဳးၿပီးေနာက္ ညအိပ္ဝတ္စုံလဲကာ အိမ္စာ စလုပ္ေတာ့သည္။

ေရးေနရင္းျဖင့္ မနက္ျဖန္ ဆရာမက အိမ္စာထပ္ခိုင္းလွ်င္ ဘယ္လိုေျဖရမလဲ စဥ္းစားေနမိသည္။ သို႔ေသာ္ စိတ္ရႈပ္ရန္ အခ်ိန္ပင္မရပဲ အိမ္စာ ျပႆနာမ်ားၾကား၌ ေခါင္းအပ္ထားလိုက္သည္။

သို႔ေသာ္ သခ်ၤာ ပထမ စာ႐ြက္ ၿပီးခ်ိန္၌ အခ်ိန္မွာ တစ္နာရီေက်ာ္ေနၿပီျဖစ္သည္။ က်ိဳးရွန႔္မင္က ေဘးတြင္ ထိုင္ေစာင့္ေနၿပီး ထုန္ရန႔္ အိပ္ခ်င္မူးတူးျဖင္ပ မ်က္ေတာင္ခတ္ၿပီး မ်က္လုံးမ်ားကို အဆက္မျပတ္ ပြတ္ေနသည္ကို ျမင္ေသာအခါ သည္းမခံႏိုင္ေတာ့ပဲ ထကာ ထုန္ရန႔္၏ စာေရးေနေသာလက္ကို ဆြဲလိုက္ၿပီး
"ထားလိုက္ေတာ့၊ သြားအိပ္"

ထုန္ရန႔္: "ဒါေပမဲ့ ကြၽန္ေတာ္မွ မၿပီးေသးတာ။ တ႐ုတ္စာနဲ႔ အဂၤလိပ္ ေပပါ ေတြက်န္ေသးတယ္။ ႐ူပေဗဒအက်ဥ္းခ်ဳပ္ေရာ၊ ဓာတုေဗတ..."

"ကိုယ္ကူေရးေပးမယ္" က်ိဳးရွန႔္မင္က သူ႔ကို ထိုင္ခုံမွ ဆြဲထူလိုက္ၿပီး
"မင္းရဲ႕ လက္ေရးမ်ိဳး ကိုယ္ေရးတတ္တယ္ ဆရာမ သတိထားမိမွာေတာင္မဟုတ္ဘူး"

"တကယ္လား" တျခားသူမ်ားကသာ သူ၏ အိမ္စာမ်ားကို ကူးၾကၿပီး  ထုန္ရန႔္ တစ္ခါမွ ထိုသို႔ မလုပ္ဖူးေပ။
"အစ္ကိုလည္း ပင္ပန္းေနတာပဲ မလား"

က်ိဳးရွန႔္မင္ : "ကိုယ္က ဘယ္ပခ်ိန္မဆို နားလို႔ရတယ္ေလ၊ မင္းက မနက္ျဖန္ ေက်ာင္းသြားရဦးမွာ"

ထုန္ရန႔္ ေတြေဝသြားကာ "ဒါေပမဲ့..."

က်ိဳးရွန႔္မင္ : " မင္းက အခ်ိန္ျဖဳန္းေနတာပဲ...ဒါမွမဟုတ္ ကိုယ္ေပြ႕ခ်ီသြားတာကို လိုခ်င္လို႔လား"

ထုန္ရန႔္ ရွက္သြားရကာ
"အဲ့လို ေတြးေနတာ မဟုတ္ပါဘူး"

က်ိဳးရွန႔္မင္က စားပြဲေထာင္စြန္းတြင္ လက္ေထာက္ထားၿပီး ထုန္ရန႔္အား သူႏွင့္ စားပြဲခုံၾကား ညႇပ္ထားကာ ေခါင္းငုံ႔လာၿပီး
"အစကေတာ့ မေတြးေနေပမဲ့ အခုေရာ ဘယ္လိုလဲ"

ထုန္ရန႔္မွာ အစက အလြန္အိပ္ခ်င္ေနေသာ္လည္း အခုေတာ့ နည္းနည္းေလးေတာင္ မအိပ္ခ်င္ေတာ့သလိုပါပင္။ က်ိဳးရွန႔္မင္၏ ခါးကိုဖက္လိုက္ၿပီး မ်က္ႏွာ ႏွစ္ခုကို ကပ္လိုက္ကာ
"မွန္းၾကည့္ေလ"

ထုန္ရန႔္က ေရခ်ိဳးၿပီးကာစျဖစ္ရာ isolation patchလည္း မကပ္ထးေသာေၾကာင့္ သူ၏ ေရခ်ိဳးဆပ္ျပာအနံ႔မွာ pheromoneနံမ်ားျဖင့္ လႊမ္းမိုးခံလိုက္ရၿပီး ေႏြးေထြးေသာ အေငြ႕အသက္ႏွင့္ ေတာ္ေတာ္ေလးကို ခ်ိဳၿမိန္ေနေပသည္။

က်ိဳးရွန႔္မင္လည္း သူႏွင့္ ပူးပူးကပ္ကပ္ေနခ်င္ေသးေသာ္လည္း ေနာက္က်ေနၿပီျဖစ္ရာ အီစီကလီလုပ္ဖို႔ အခ်ိန္ေတာင္မရေပ။ ထုန္ရန႔္၏ ႏႈတ္ခမ္းေထာင့္စြန္းကို တစ္ခ်က္ ဖိကပ္နမ္းလိုက္ၿပီး အိပ္ရာဆီသို႔ ခ်ီသြားလိုက္သည္။

အိပ္ခန္းမီးမ်ားက ပိတ္ထားဆဲျဖစ္ကာ က်ိဳးရွန႔္မင္က ထုန္ရန႔္အား အိပ္ရာေပၚခ်​ေပးလိုက္ၿပီး ထုန္ရန႔္ သူ႔ကိုယ္သူ ေစာင္ပုံထဲတြင္ နစ္ျမဳပ္ေစလိုက္သည္။

သို႔ေသာ္ သူတျဖည္းျဖည္း သက္ေသာင့္သက္သာျဖစ္လာခ်ိန္တြင္ က်ိဳးရွန႔္မင္ မထသြားေသးေၾကာင္း သိလိုက္ရသည္။ ထို႔အျပင္ သူက ထုန္ရန႔္အေပၚမွ အုပ္မိုးကာ ႏႈတ္ခမ္းမ်ားက ထုန္ရန႔္၏ မ်က္ႏွာအႏွံ႔ကို ထိေတြ႕စူးစမ္းေနသည္။

ႏွစ္ဦးမွာ ေတာ္ေတာ္ေလးကို ရင္းႏွီးၿပီးျဖစ္သည္မို႔ ထုန္ရန႔္ အရင္ကေလာက္ ရွက္မေနေတာ့ေပ၊ ထို႔အျပင္ အခန္းမွာ ေမွာင္ပိန္းေနေသာေၾကာင့္ သူသတၱိလည္းရွိေနသည္။ အႏၲရာယ္ကို သတိမမူမိပဲ က်ိဳးရွန႔္မင္အား တုံ႔ျပန္သည့္အေနျဖင့္ ႏႈတ္ခမ္းဆူေပးလိုက္သည္။

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ မ်က္ႏွာကိ​ျ လပ္ႏွစ္ဖက္ျဖင့္ ကိုင္ထားၿပီး ႏႈတ္ခမ္းကို မနမ္းခင္ လိုက္စေနလိုက္သည္။ အနမ္းက အလြန္အမင္း ႏူးညံ့သိမ္ေမြ႕ၿပီး ထုန္ရန႔္၏ ႏႈတ္ခမ္းသားမ်ားကို တျဖည္းျဖည္း စုပ္ယူကာ ကိုက္ခဲထားသည္။ ထုန္ရန္႔ ညည္းညဴသံတစ္ခ်က္ ထြက္သြားေသာအခါ က်ိဳးရွန႔္မင္မွာ ေျပာင္းလဲသြားကာ  သူ႔ လွ်ာကို ျပင္းျပင္းျပျပ စုပ္ယူလာၿပီး ခဏၾကာ်သာအခါ ထုန္ရန႔္၏ ညအိပ္အက်ႌမွာ ဖြင့္ၿပဲသြားသည္။ က်ိဳးရွန႔္မင္၏ လက္မ်ားက ထုန္ရန႔္၏ ေလ်ာ့ရိေလ်ာ့ရဲျဖစ္ေနေသာ ညအိပ္ဝတ္စုံအတြင္း နယ္လွည့္လ်က္။

ထုန္ရန႔္မွာ သူ႔အနမ္းေၾကာင့္ နီရဲကာ အသက္ရႉမဝျဖစ္ေနဟန္ရၿပီး ႏႈတ္ခမ္းမ်ားကို ခြဲခြာရန္ အခ်ိန္တစ္ခုတိုင္ေအာင္ ေစာင့္လိုက္ရကာ ခြဲခြာခ်ိန္၌ ႏွစ္ဦးလုံးမွာ ေမာပန္းလ်က္။

ထုန္ရန႔္၏ မ်က္ဝန္းမ်ားမွာ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္လ်က္ မ်က္ႏွာကို က်ိဳးရွန႔္မင္၏ လည္ပင္းၾကား၌ နစ္ျမႇဳပ္ထားလိုက္သည္။ သူက စြပ္စြဲလိုက္သည္။
"ေျမေခြးႀကီး! ေနာက္တစ္ခါ ေပြ႕မခ်ီခိုင္းရဲေတာ့ဘူး!"

"အဲ့ဒါဆို ဘယ္သူကမ်ား မင္းကို အိမ္စာ အလကားေရးေပးမွာလဲ? ကိုယ္လည္း အက်ိဳးအျမတ္ နည္းနည္းရသင့္တာေပါ့"

က်ိဳးရွန႔္မင္က ေစာင္ျပန္ၿခဳံေပးလိုက္ၿပီး သူ႔အသံက အနည္းငယ္ အက္ရွေနေသာေၾကာင့္ ထုန္ရန႔္ေတာင္ လန႔္သြားရသည္ၢ
"ၿပီးေတာ့ ကိုယ္က ဘယ္သူ႔ကိုမွ ေပြ႕မခ်ီဘူး မင္းတစ္ေယာက္ပဲ"

"အဲ့ဒါဆိုလည္း ကြၽန္ေတာ္ ေပြ႕မခ်ီခိုင္းေတာ့ဘူး!". ထုန္ရန႔္မွာအသက္ရႈိက္ရႉေနဆဲျဖစ္ၿပီး သူရႉထုတ္လိုက္ေသာ ေလမွာ က်ိဳးရွန႔္မင္၏ လည္ပင္းႏွင့္ ေမးေစ့သို႔ ႐ိုက္ခတ္ေနသည္။ သူ႔အသက္ရႉသံတစ္ခုခ်င္းစီက ခ်ိဳၿမိန္ေသာ pheromoneနံ႔မ်ားျဖင့္ ျပည့္ေနၿပီး Alphaျဖစ္သူ၏ ႏွဖူးေၾကာမ်ားအား ရႈံ႕တြေစသည္။

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ ခါးကို ခပ္တင္းတင္း ဆြဲကိုင္လိုက္ၿပီး ႏွဖူးခ်င္းတိုက္ရန္ ေခါင္းငုံ႔လိုက္ကာ ၾကမ္းၾကမ္းတမ္းတမ္းျဖင့္ အတင္း တြန္းအားေပးကာ ေမးေတာ့သည္။
"ကိုယ့္ကို မခ်ီခိုင္းရင္ ဘယ္သူ႔ကို ခ်ီေစခ်င္တာလဲ"

ထုန္ရန႔္မွာ ငိုခ်င္လာၿပီး သူ႔ကိုလည္း အိမ္စာ မေရးခိုင္းခ်င္ေတာ့ေပ။ ေဘးသို႔တြန္းလိုက္ၿပီး
"ဘယ္သူ႔မွ မခ်ီခိုင္းဘူး"

"မေကာင္းလိုက္တာ" က်ိဳးရွန႔္မင္က ထုန္ရန႔္၏ လည္ပင္ၾကား ေခါင္းထားလိုက္ကာ အသက္ျပင္းျပင္းရႉလိုက္သည္။ ထို႔ေနာက္ ထကာ ထုန္ရန႔္အား ေစာင္ေသခ်ာၿခဳံေပးလိုက္သည္။
"အိပ္ေတာ့"

ထုန္ရန႔္ အသံျပဳလိုက္ၿပီး က်ိဳးရွန႔္မင္ မထြက္သြားခင္ ထုန္ရန႔္က လက္ကို လွမ္းဆြဲလာသည္။

က်ိဳးရွန႔္မင္က သူ၏ ႏူးညံ့ေသာ လက္ေခ်ာင္းေလးမ်ားကို တစ္ခ်က္ ညႇစ္လိုက္ၿပီ ေမးလိုက္သည္။
"ကိုယ့္ကို ခ်စ္လား"

ထုန္ရန႔္က မ်က္ရည္မ်ားျပည့္ေနသည့္ အသံျဖင့္ ခပ္တိုးတိုး ေျဖလိုက္သည္။
"ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္တယ္"

-
T/N- အားလုံးပဲ ေပ်ာ္႐ႊင္စရာ သီတင္းကြၽတ္ လျပည့္ေန႔ေလးျဖစ္ပါေစ။ လိုက္ကန္ေတာ့ရင္လည္း မုန႔္ဖိုးမ်ားႀကီးရၾကပါေစ🧡✨

Continue Reading

You'll Also Like

331K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 63.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
854K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
721K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~