Zawgyi
႐ွဳဖာနဲ႔႐ွဳဇန္တို႔ကဒီအလုပ္မွာ မကြၽမ္းက်င္ၾကေသာ္ျငားလည္းပဲ အနည္းဆံုးေတာ့ သူတို႔ေတြဒီအေၾကာင္းကို အနည္းငယ္သိၾကေသးတာမို႔ သူတို႔ရဲ႕တံု႔ျပန္မႈေတြကလံုးဝကို ႐ွဳအန္နဲ႔တစ္ထပ္တည္းျဖစ္ေနၾကတယ္။
ဒီျမင္ကြင္းကို ဝမ္းေျမာက္ေပ်ာ္ရႊင္မႈအျပည့္နဲ႔ ၾကည့္ေနရင္း သူလည္းသူ႔ႏွလံုးသားထဲမွာ တိတ္တဆိတ္ထပ္ၿပီး ဂုဏ္ယူမိသြားျပန္တယ္။ 'ႀကီးျမတ္တဲ့တ႐ုတ္ျပည္ရဲ႕ တီထြင္ၾကံဆမႈေတြက လူေတြဆီအျမဲတမ္း မေမွ်ာ္လင့္စရာအံ့ျသတုန္လႈပ္မႈေတြကို သယ္ေဆာင္လာေပးတယ္။'
ဒီေန႔ေလးက လွပတဲ့ေန႔ေလးတစ္ေန႔ျဖစ္ၿပီးေတာ့ အခုလက္႐ွိမွာ လူေတြလည္းအမ်ားႀကီး႐ွိေနတာမို႔ ႐ွဳရန္ကခ်က္ခ်င္း ႐ွဳအန္နဲ႔တျခားလူေတြကို င႐ုတ္သီးေတြအားလံုးကို ကူညီယူထုတ္ေပးၿပီး ေျမႀကီးေပၚမွာျဖန္႔ခင္းေပးဖို႔ ေျပာလိုက္တယ္။ င႐ုတ္အႏွစ္ျပဳလုပ္တဲ့ သူ႔ရဲ႕စြမ္းရည္ကို သူအေတာ္ေလးယံုၾကည္ခ်က္႐ွိၿပီးေတာ့ တျခားလူေတြ လ်ိဳ႕လ်ိဳ႕ဝွက္ဝွက္သင္ယူသြားမွာကိုလည္း သူေၾကာက္မေနပါဘူး။ အရသာ႐ွိတဲ့င႐ုတ္အႏွစ္ေတြကို ျပဳလုပ္ႏိုင္တဲ့ဘယ္သူမဆို အဲ့ဒါနဲ႔ထိုက္တန္ပါတယ္။ ဒါ့အျပင္သူအနာဂတ္မွာ ဒီစြမ္းရည္နဲ႔ပဲ အသက္႐ွင္ေနထိုင္ဖို႔ကိုလည္း မရည္ရြယ္ထားပါဘူး။
ဒီတစ္ႀကိမ္မွာ သူနဲ႔လ်ိဳထံုတို႔ေတြက အမွန္တကယ္ကို င႐ုတ္သီးအေျမာက္အျမားကို အိတ္ႀကီးႀကီးဆယ္အိတ္နဲ႔ေတာင္ ခူးလာႏိုင္ခဲ့ၾကတာျဖစ္တယ္။ ၿပီးေတာ့သူတို႔ေတြထဲက ေျခာက္အိတ္ကိုေတာင္မွ ႏွစ္နာရီေလာက္ၾကာေအာင္ လုပ္ခဲ့ရတယ္။ မြန္းတည့္ခ်ိန္မွာ ႐ွဳရန္ကမိသားစုသံုးစုစလံုးကို ညစာအတူတူစားၾကဖို႔ ဖိတ္ေခၚလိုက္ၿပီးေတာ့ ႐ွဳရန္ကသူတို႔ေတြကို ေနဝင္သြားတဲ့အခ်ိန္က်ရင္ င႐ုတ္သီးေတြကိုကူသိမ္းေပးဖို႔ ထပ္လာခဲ့ပါအံုးလို႔ေတာင္ ေျပာလိုက္တယ္။
ေန႔လယ္စာစားၿပီးေနာက္ ႐ွဳရန္ကလ်ိဳထံုကို သူတို႔လုပ္ထားတဲ့င႐ုတ္အႏွစ္ေတြကို ဝါးက်ည္ေတာက္ဘူးထဲကို ထည့္ၿပီးေတာ့ အိမ္ျပန္သြားၾကတဲ့မိသားစုတစ္စုစီကို င႐ုတ္အႏွစ္ဝါးက်ည္ေတာက္ဘူး ႏွစ္ဘူးစီေပးဖို႔ ေျပာလိုက္တယ္။
ထို႔ေနာက္ က်န္တဲ့င႐ုတ္အႏွစ္ေတြအားလံုးကို မနက္ျဖန္က်ရင္ ၿမိဳ႕ေပၚတက္ပို႔ဖို႔အတြက္ ထုပ္ပိုးလိုက္တယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္းမွာ သူတို႔ေတြဘာင႐ုတ္အႏွစ္ကိုမွ မပို႔ေပးရေသးဘူး။ ဆိုင္႐ွင္ခ်န္မွာေရာင္းဖို႔ သိုေလွာင္ထားတဲ့င႐ုတ္အႏွစ္ေတြ ႐ွိေသးရဲ႕လားဆိုတာကို သိခ်င္မိတယ္။
အိမ္ကအလုပ္ေတြ ၿပီးဆံုးသြားၿပီးတဲ့ေနာက္မွာ ႐ွဳရန္က ယုန္တစ္ေကာင္ကိုယူၿပီးေတာ့ ရြာလူႀကီးအိမ္ဆီသြားေတာ့တယ္။ သူအရင္တုန္းက ရြာလူႀကီးနဲ႔ ဂ်ံဳစိုက္ပ်ိဳးဖို႔အေၾကာင္းေတြကို ေျပာထားခဲ့ၿပီးေတာ့ အခုခ်ိန္မွာကိစၥေတြက ဘယ္လိုမ်ိဳးျဖစ္ေနၿပီလဲဆိုတာကို သူသိခ်င္လာမိတယ္။
႐ွဳရန္ကင႐ုတ္သီးေတြကို အေျခာက္လွန္းၿပီးတဲ့အခ်ိန္က်ရင္ ဂ်ံဳပင္ေတြကိုစိုက္ပ်ိဳးဖို႔ စီစဥ္ထားတာျဖစ္တယ္။ ႏိုဝင္ဘာလကိုဝင္လာတာက အခ်ိန္အနည္းငယ္ ေနာက္က်ေသာ္ျငားလည္း ဒါကေျမႀကီးေတြကို အာဟာရျဖစ္ေစတဲ့ အခ်ိန္တစ္ခုလည္းျဖစ္တယ္။
႐ွဳရန္တစ္ေယာက္ အိမ္ကိုေရာက္တဲ့အခ်ိန္မွာ ရြာလူႀကီးကျခံတံခါးဝမွာထိုင္ရင္း ေဆးတံေသာက္ေနတယ္။ အခုခ်ိန္က လယ္အလုပ္ေတြအတြက္ အလုပ္မ်ားတဲ့ရာသီမဟုတ္တာေၾကာင့္ နားေနဖို႔အတြက္ အားလပ္ခ်ိန္အခ်ိဳ႕ရေနတာျဖစ္တယ္။
လက္ထဲမွာ ယုန္တစ္ေကာင္ကိုကိုင္ထားရင္း ႐ွဳရန္တစ္ေယာက္လာေနတာကို ျမင္လိုက္ေတာ့ သူဘာကိုဆိုလိုခ်င္သလဲဆိုတာကို ရြာလူႀကီးခ်က္ခ်င္းသိလိုက္တယ္။ ႐ွဳရန္က ထက္ျမက္တဲ့ေကာင္ေလးတစ္ေယာက္ပဲလို႔ သူက်ိတ္ၿပီး ခ်ီးက်ဴးလိုက္မိတယ္။
"ရြာလူႀကီး ခင္ဗ်ားအိမ္မွာ႐ွိေနတာပဲ။ ၾကည့္ရတာကြၽန္ေတာ္က အေတာ္ေလးကံေကာင္းတဲ့ပံုပဲ။" စကားေျပာေနရင္း႐ွဳရန္က သူ႔လက္ထဲမွာ႐ွိတဲ့ယုန္ကို ရြာလူႀကီးကိုကမ္းေပးလိုက္တယ္။ ရြာလူႀကီးကလည္း ဒါကိုမျငင္းပါဘူး။ သူယုန္ကိုယူလိုက္ၿပီးေတာ့ ေဖာ္ေရြတဲ့အျပံဳးတစ္ခုက သူ႔မ်က္ႏွာေပၚမွာေပၚလာတယ္။
"႐ွဳရန္ မင္းအလုပ္သမားေတြအေၾကာင္း ေျပာဖို႔အတြက္ ဒီကိုလာတာလား? ငါ့အထင္ေျပာရရင္ အခုခ်ိန္က ဂ်ံဳပင္ေတြကိုစိုက္ပ်ိဳးဖို႔ အရမ္းေနာက္က်လြန္းေနၿပီ။ မင္းဒီလိုလုပ္ေတာ့မယ္ဆိုတာ ေသခ်ာသလား?"
႐ွဳရန္ကျပံဳးလိုက္တယ္။ "ရြာလူႀကီး အဆင္ေျပပါတယ္။ ကြၽန္ေတာ့္ေနရာက သီးႏွံမျဖစ္ထြန္းတဲ့ ေျမကြက္႐ိုင္းေတြဆိုတာကို သိေနတာပဲ။ ေျမကြက္ေတြကို တတ္ႏိုင္သေလာက္ ေျမျသဇာျဖစ္လာေအာင္ အာဟာရေကြၽးခ်င္လို႔။ အဲ့ဒါဆိုရင္ လယ္အလုပ္အတြက္ သင့္ေလ်ာ္လာလိမ့္မယ္။"
ဒီရြာထဲတြင္ ဒီလိုစကားမ်ိဳးကို ဘယ္သူမွစြန္႔စားၿပီး မေျပာရဲၾကဘူး။ သူတို႔အခြန္ေပးေဆာင္စရာမလိုမွာက ဒီပထမဆံုးတစ္ႏွစ္ကိုသာျဖစ္တယ္။ သူတို႔ေတြကဒါကို အခြန္ေကာက္ၿပီးမွ ဝယ္လိမ့္မယ္ဆိုတာကို မေမွ်ာ္လင့္ထားမိရံုသာျဖစ္တယ္။ အဲ့ဒါေၾကာင့္ဆိုလိုတာက ဒါကဒီတစ္ႏွစ္မွ်သာ ၾကာလိမ့္မွာျဖစ္တယ္။
လာမဲ့ေနာက္ႏွစ္က်ရင္႐ွဳရန္က သူ႔ေျမကြက္အတြက္ အခြန္ေပးေဆာင္ရေတာ့မွာျဖစ္တယ္။ ၿပီးေတာ့အဲ့အခ်ိန္က်ရင္ ဒါက ေငြအေျမာက္အျမားကုန္က်မွာျဖစ္တယ္။ အဆံုးသတ္လိုက္ရင္ ဒါကေျမကြက္သံုးဆယ္ျမဴေလ!
ဒါေပမဲ့သူတို႔ကိုယ္တိုင္ကေတာင္မွ ဒီအေၾကာင္းကို ဂ႐ုမစိုက္ေနဘူးဆိုမွေတာ့ သူဒီအေၾကာင္းကို စိုးရိမ္ေနစရာမလိုအပ္ဘူးလို႔ ရြာလူႀကီးခံစားလိုက္ရတယ္။ ေနာက္ဆံုးမွာေတာ့ စိုးရိမ္ပူပန္ေနမႈဆိုတာက ဘာတစ္ခုကိုမွ အကူအညီမျဖစ္ေစဘူးေလ။ အဲ့ဒါေၾကာင့္ သူ႐ွဳရန္ကိုေျပာလိုက္တယ္။ "မင္းဘယ္အခ်ိန္မွာစစိုက္ဖို႔ စီစဥ္ထားလဲ? မင္းလိုအပ္ေနသေရြ႕ ငါတစ္ရြာလံုးကိုေျပာၿပီးေတာ့ တစ္ေယာက္ေယာက္ကို မင္းအတြက္ အလုပ္လုပ္ခိုင္းလိုက္မယ္။"
အခ်ိန္ခဏေလာက္စဥ္းစားၿပီးေနာက္ ႐ွဳရန္ကျပန္ေျဖလိုက္တယ္။ "ရြာလူႀကီး ေနာက္တစ္လေနရင္ စရေအာင္! အခ်ိန္ျပည့္အလုပ္သမားအခ်ိဳ႕ကို႐ွာဖို႔ အေကာင္းဆံုးအခ်ိန္ပဲ။ အဲ့ဒါဆိုရင္ ေနာက္က်ရင္ ခင္ဗ်ားကိုထပ္ၿပီး ဒုကၡေပးစရာမလိုေတာ့ဘူးေပါ့။"
ရြာလူႀကီးကသူ႔လက္ေတြကို ေဝွ႔ယမ္းလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ကိစၥမ႐ွိပါဘူး။ အဆင္ေျပပါတယ္။ အဲ့ဒါဆိုရင္ မင္းေျပာသလိုပဲ ငါအခ်ိန္ျပည့္အလုပ္သမားအခ်ိဳ႕ကို မင္းအတြက္႐ွာလိုက္မယ္။"
"အဲ့ဒါဆိုရင္ အဆင္ေျပတာေပါ့။ ခင္ဗ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။" ႐ွဳရန္ကခ်က္ခ်င္း သူ႔ကိုေက်းဇူးတင္လိုက္တယ္။
ဒီကသူ႔ရဲ႕ သက္ေတာင့္သက္သာ႐ွိတဲ့ဘဝက ရြာလူႀကီးနဲ႔သူ႔ရဲ႕ ေကာင္းမြန္တဲ့ဆက္ဆံေရးအေပၚမွာ တည္ေဆာက္ထားတာျဖစ္တယ္။ ပံုမွန္အာလာပသလႅာပ စကားစျမည္အခ်ိဳ႕ကို ဖလွယ္ၿပီးေနာက္ ႐ွဳရန္တစ္ေယာက္ စိတ္ေျပနေျပနဲ႔ အိမ္ကို လမ္းေလွ်ာက္ျပန္လာခဲ့ေတာ့တယ္။
Unicode
Chapter(60):အလုပ်သမား ငှါးရမ်းခြင်း
ရှုဖာနဲ့ရှုဇန်တို့ကဒီအလုပ်မှာ မကျွမ်းကျင်ကြသော်ငြားလည်းပဲ အနည်းဆုံးတော့ သူတို့တွေဒီအကြောင်းကို အနည်းငယ်သိကြသေးတာမို့ သူတို့ရဲ့တုံ့ပြန်မှုတွေကလုံးဝကို ရှုအန်နဲ့တစ်ထပ်တည်းဖြစ်နေကြတယ်။
ဒီမြင်ကွင်းကို ဝမ်းမြောက်ပျော်ရွှင်မှုအပြည့်နဲ့ ကြည့်နေရင်း သူလည်းသူ့နှလုံးသားထဲမှာ တိတ်တဆိတ်ထပ်ပြီး ဂုဏ်ယူမိသွားပြန်တယ်။ 'ကြီးမြတ်တဲ့တရုတ်ပြည်ရဲ့ တီထွင်ကြံဆမှုတွေက လူတွေဆီအမြဲတမ်း မမျှော်လင့်စရာအံ့သြတုန်လှုပ်မှုတွေကို သယ်ဆောင်လာပေးတယ်။'
ဒီနေ့လေးက လှပတဲ့နေ့လေးတစ်နေ့ဖြစ်ပြီးတော့ အခုလက်ရှိမှာ လူတွေလည်းအများကြီးရှိနေတာမို့ ရှုရန်ကချက်ချင်း ရှုအန်နဲ့တခြားလူတွေကို ငရုတ်သီးတွေအားလုံးကို ကူညီယူထုတ်ပေးပြီး မြေကြီးပေါ်မှာဖြန့်ခင်းပေးဖို့ ပြောလိုက်တယ်။ ငရုတ်အနှစ်ပြုလုပ်တဲ့ သူ့ရဲ့စွမ်းရည်ကို သူအတော်လေးယုံကြည်ချက်ရှိပြီးတော့ တခြားလူတွေ လျို့လျို့ဝှက်ဝှက်သင်ယူသွားမှာကိုလည်း သူကြောက်မနေပါဘူး။ အရသာရှိတဲ့ငရုတ်အနှစ်တွေကို ပြုလုပ်နိုင်တဲ့ဘယ်သူမဆို အဲ့ဒါနဲ့ထိုက်တန်ပါတယ်။ ဒါ့အပြင်သူအနာဂတ်မှာ ဒီစွမ်းရည်နဲ့ပဲ အသက်ရှင်နေထိုင်ဖို့ကိုလည်း မရည်ရွယ်ထားပါဘူး။
ဒီတစ်ကြိမ်မှာ သူနဲ့လျိုထုံတို့တွေက အမှန်တကယ်ကို ငရုတ်သီးအမြောက်အမြားကို အိတ်ကြီးကြီးဆယ်အိတ်နဲ့တောင် ခူးလာနိုင်ခဲ့ကြတာဖြစ်တယ်။ ပြီးတော့သူတို့တွေထဲက ခြောက်အိတ်ကိုတောင်မှ နှစ်နာရီလောက်ကြာအောင် လုပ်ခဲ့ရတယ်။ မွန်းတည့်ချိန်မှာ ရှုရန်ကမိသားစုသုံးစုစလုံးကို ညစာအတူတူစားကြဖို့ ဖိတ်ခေါ်လိုက်ပြီးတော့ ရှုရန်ကသူတို့တွေကို နေဝင်သွားတဲ့အချိန်ကျရင် ငရုတ်သီးတွေကိုကူသိမ်းပေးဖို့ ထပ်လာခဲ့ပါအုံးလို့တောင် ပြောလိုက်တယ်။
နေ့လယ်စာစားပြီးနောက် ရှုရန်ကလျိုထုံကို သူတို့လုပ်ထားတဲ့ငရုတ်အနှစ်တွေကို ဝါးကျည်တောက်ဘူးထဲကို ထည့်ပြီးတော့ အိမ်ပြန်သွားကြတဲ့မိသားစုတစ်စုစီကို ငရုတ်အနှစ်ဝါးကျည်တောက်ဘူး နှစ်ဘူးစီပေးဖို့ ပြောလိုက်တယ်။
ထို့နောက် ကျန်တဲ့ငရုတ်အနှစ်တွေအားလုံးကို မနက်ဖြန်ကျရင် မြို့ပေါ်တက်ပို့ဖို့အတွက် ထုပ်ပိုးလိုက်တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ သူတို့တွေဘာငရုတ်အနှစ်ကိုမှ မပို့ပေးရသေးဘူး။ ဆိုင်ရှင်ချန်မှာရောင်းဖို့ သိုလှောင်ထားတဲ့ငရုတ်အနှစ်တွေ ရှိသေးရဲ့လားဆိုတာကို သိချင်မိတယ်။
အိမ်ကအလုပ်တွေ ပြီးဆုံးသွားပြီးတဲ့နောက်မှာ ရှုရန်က ယုန်တစ်ကောင်ကိုယူပြီးတော့ ရွာလူကြီးအိမ်ဆီသွားတော့တယ်။ သူအရင်တုန်းက ရွာလူကြီးနဲ့ ဂျုံစိုက်ပျိုးဖို့အကြောင်းတွေကို ပြောထားခဲ့ပြီးတော့ အခုချိန်မှာကိစ္စတွေက ဘယ်လိုမျိုးဖြစ်နေပြီလဲဆိုတာကို သူသိချင်လာမိတယ်။
ရှုရန်ကငရုတ်သီးတွေကို အခြောက်လှန်းပြီးတဲ့အချိန်ကျရင် ဂျုံပင်တွေကိုစိုက်ပျိုးဖို့ စီစဉ်ထားတာဖြစ်တယ်။ နိုဝင်ဘာလကိုဝင်လာတာက အချိန်အနည်းငယ် နောက်ကျသော်ငြားလည်း ဒါကမြေကြီးတွေကို အာဟာရဖြစ်စေတဲ့ အချိန်တစ်ခုလည်းဖြစ်တယ်။
ရှုရန်တစ်ယောက် အိမ်ကိုရောက်တဲ့အချိန်မှာ ရွာလူကြီးကခြံတံခါးဝမှာထိုင်ရင်း ဆေးတံသောက်နေတယ်။ အခုချိန်က လယ်အလုပ်တွေအတွက် အလုပ်များတဲ့ရာသီမဟုတ်တာကြောင့် နားနေဖို့အတွက် အားလပ်ချိန်အချို့ရနေတာဖြစ်တယ်။
လက်ထဲမှာ ယုန်တစ်ကောင်ကိုကိုင်ထားရင်း ရှုရန်တစ်ယောက်လာနေတာကို မြင်လိုက်တော့ သူဘာကိုဆိုလိုချင်သလဲဆိုတာကို ရွာလူကြီးချက်ချင်းသိလိုက်တယ်။ ရှုရန်က ထက်မြက်တဲ့ကောင်လေးတစ်ယောက်ပဲလို့ သူကျိတ်ပြီး ချီးကျူးလိုက်မိတယ်။
"ရွာလူကြီး ခင်ဗျားအိမ်မှာရှိနေတာပဲ။ ကြည့်ရတာကျွန်တော်က အတော်လေးကံကောင်းတဲ့ပုံပဲ။" စကားပြောနေရင်းရှုရန်က သူ့လက်ထဲမှာရှိတဲ့ယုန်ကို ရွာလူကြီးကိုကမ်းပေးလိုက်တယ်။ ရွာလူကြီးကလည်း ဒါကိုမငြင်းပါဘူး။ သူယုန်ကိုယူလိုက်ပြီးတော့ ဖော်ရွေတဲ့အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာပေါ်လာတယ်။
"ရှုရန် မင်းအလုပ်သမားတွေအကြောင်း ပြောဖို့အတွက် ဒီကိုလာတာလား? ငါ့အထင်ပြောရရင် အခုချိန်က ဂျုံပင်တွေကိုစိုက်ပျိုးဖို့ အရမ်းနောက်ကျလွန်းနေပြီ။ မင်းဒီလိုလုပ်တော့မယ်ဆိုတာ သေချာသလား?"
ရှုရန်ကပြုံးလိုက်တယ်။ "ရွာလူကြီး အဆင်ပြေပါတယ်။ ကျွန်တော့်နေရာက သီးနှံမဖြစ်ထွန်းတဲ့ မြေကွက်ရိုင်းတွေဆိုတာကို သိနေတာပဲ။ မြေကွက်တွေကို တတ်နိုင်သလောက် မြေသြဇာဖြစ်လာအောင် အာဟာရကျွေးချင်လို့။ အဲ့ဒါဆိုရင် လယ်အလုပ်အတွက် သင့်လျော်လာလိမ့်မယ်။"
ဒီရွာထဲတွင် ဒီလိုစကားမျိုးကို ဘယ်သူမှစွန့်စားပြီး မပြောရဲကြဘူး။ သူတို့အခွန်ပေးဆောင်စရာမလိုမှာက ဒီပထမဆုံးတစ်နှစ်ကိုသာဖြစ်တယ်။ သူတို့တွေကဒါကို အခွန်ကောက်ပြီးမှ ဝယ်လိမ့်မယ်ဆိုတာကို မမျှော်လင့်ထားမိရုံသာဖြစ်တယ်။ အဲ့ဒါကြောင့်ဆိုလိုတာက ဒါကဒီတစ်နှစ်မျှသာ ကြာလိမ့်မှာဖြစ်တယ်။
လာမဲ့နောက်နှစ်ကျရင်ရှုရန်က သူ့မြေကွက်အတွက် အခွန်ပေးဆောင်ရတော့မှာဖြစ်တယ်။ ပြီးတော့အဲ့အချိန်ကျရင် ဒါက ငွေအမြောက်အမြားကုန်ကျမှာဖြစ်တယ်။ အဆုံးသတ်လိုက်ရင် ဒါကမြေကွက်သုံးဆယ်မြူလေ!
ဒါပေမဲ့သူတို့ကိုယ်တိုင်ကတောင်မှ ဒီအကြောင်းကို ဂရုမစိုက်နေဘူးဆိုမှတော့ သူဒီအကြောင်းကို စိုးရိမ်နေစရာမလိုအပ်ဘူးလို့ ရွာလူကြီးခံစားလိုက်ရတယ်။ နောက်ဆုံးမှာတော့ စိုးရိမ်ပူပန်နေမှုဆိုတာက ဘာတစ်ခုကိုမှ အကူအညီမဖြစ်စေဘူးလေ။ အဲ့ဒါကြောင့် သူရှုရန်ကိုပြောလိုက်တယ်။ "မင်းဘယ်အချိန်မှာစစိုက်ဖို့ စီစဉ်ထားလဲ? မင်းလိုအပ်နေသရွေ့ ငါတစ်ရွာလုံးကိုပြောပြီးတော့ တစ်ယောက်ယောက်ကို မင်းအတွက် အလုပ်လုပ်ခိုင်းလိုက်မယ်။"
အချိန်ခဏလောက်စဉ်းစားပြီးနောက် ရှုရန်ကပြန်ဖြေလိုက်တယ်။ "ရွာလူကြီး နောက်တစ်လနေရင် စရအောင်! အချိန်ပြည့်အလုပ်သမားအချို့ကိုရှာဖို့ အကောင်းဆုံးအချိန်ပဲ။ အဲ့ဒါဆိုရင် နောက်ကျရင် ခင်ဗျားကိုထပ်ပြီး ဒုက္ခပေးစရာမလိုတော့ဘူးပေါ့။"
ရွာလူကြီးကသူ့လက်တွေကို ဝှေ့ယမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။ "ကိစ္စမရှိပါဘူး။ အဆင်ပြေပါတယ်။ အဲ့ဒါဆိုရင် မင်းပြောသလိုပဲ ငါအချိန်ပြည့်အလုပ်သမားအချို့ကို မင်းအတွက်ရှာလိုက်မယ်။"
"အဲ့ဒါဆိုရင် အဆင်ပြေတာပေါ့။ ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်။" ရှုရန်ကချက်ချင်း သူ့ကိုကျေးဇူးတင်လိုက်တယ်။
ဒီကသူ့ရဲ့ သက်တောင့်သက်သာရှိတဲ့ဘဝက ရွာလူကြီးနဲ့သူ့ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးအပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။ ပုံမှန်အာလာပသလ္လာပ စကားစမြည်အချို့ကို ဖလှယ်ပြီးနောက် ရှုရန်တစ်ယောက် စိတ်ပြေနပြေနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့တော့တယ်။