Transmigration : TFLOA "Fool"...

Od Comet222

671K 117K 2K

It's just an offline translation. I only translate for fun. Please support original author and english transl... Více

Description
Chapter(1):ကူးေျပာင္းျခင္း ကူးပြောင်းခြင်း
Chapter(2):အႏိ္ုင္က်င့္ခံရျခင္း အနိုင်ကျင့်ခံရခြင်း
Chapter(3):အားေပးႏွစ္သိမ့္ျခင္း အားပေးနှစ်သိမ့်ခြင်း
Chapter(4):အေတြးမ်ား အတွေးများ
Chapter(5):စိတ္ဒုကၡေရာက္ျခင္း စိတ်ဒုက္ခရောက်ခြင်း
Chapter(6):ဆံုးျဖတ္ခ်က္မ်ား ဆုံးဖြတ်ချက်များ
Chapter(7):အျပင္ထြက္ျခင္း အပြင်ထွက်ခြင်း
Chapter(8):အဆူခံရျခင္း အဆူခံရခြင်း
Chapter(9):အ႐ိုက္ခံရျခင္း အရိုက်ခံရခြင်း
Chapter(10):မိသားစုမွခြဲထြက္ျခင္း မိသားစုမှခွဲထွက်ခြင်း
Chapter(11):မိသားစုပိုင္ဆိုင္မႈ မိသားစုပိုင်ဆိုင်မှု
Chapter(12):႐ွဳမိသားစုမွထြက္ခြာျခင္း ရှုမိသားစုမှထွက်ခွာခြင်း
Chapter(13):အခ်ိန္ကိုက္ကူညီမႈ အချိန်ကိုက်ကူညီမှု
Chapter(14):သူငယ္ခ်င္းမ်ား သူငယ်ချင်းများ
Chapter(15):သမားေတာ္လ်ိဳ သမားတော်လျို
Chapter(16):တန္ျပန္အစီအစဥ္ အတြက္ေဆြးေႏြးျခင္း
Chapter(17):ဒါက မနက္ခင္းအသစ္ပဲ့။
Chapter(18):စဥ္းစားဆင္ျခင္ျခင္း စဉ်းစားဆင်ခြင်ခြင်း
Chapter(19):အကူအညီ အေထာက္အပ့ံ
Chapter(20):ဝက္စာျမက္ ဝက်စာမြက်
Chapter(21):စားလို႔ေကာင္းတဲ့ တစ္စံုတစ္ခု
Chapter(22):ဘဝ ဘဝ
Chapter(23):အာလူးမ်ား အာလူးများ
Chapter(24):ေန႔လည္စာျပင္ဆင္ျခင္း
Chapter(25):ေနာက္ဆံုးမွာေတာ့ အိမ္အသစ္ရလာၿပီ။
Chapter(26):င႐ုတ္သီး ငရုတ်သီး
Chapter(27):ေတာင္ တောင်
Chapter(28):ေစ်းသို႔သြားျခင္း ဈေးသို့သွားခြင်း
Chapter(29):အလုပ္မ်ားျခင္း အလုပ်များခြင်း
Chapter(30):ႀကိတ္ဆံုေက်ာက္-1 ကြိတ်ဆုံကျောက် -1
Chapter(30):ႀကိတ္ဆံုေက်ာက္-2 ကြိတ်ဆုံကျောက်-2
Chapter(31):ေအာင္ျမင္မႈ-1 အောင်မြင်မှု-1
Chapter(32):ေအာင္ျမင္မႈ-2 အောင်မြင်မှု-2
Chapter(33):ျပႆနာ ပြဿနာ
Chapter(34):ျငင္းဆိုျခင္း ငြင်းဆိုခြင်း
Chapter(35):မိသားစုဝင္မ်ား မိသားစုဝင်များ
Chapter(36):ေရာင္းထြက္သြားၿပီ။
Chapter(37):ရင္ထဲထိသြားျခင္း-1
Chapter(37):ရင္ထဲထိသြားျခင္း-2
Chapter(38):ေျမကြက္ဝယ္ျခင္း-1
Chapter(38):ေျမကြက္ဝယ္ျခင္း-2
Chapter(39):ျပႆနာ႐ွာၾကသူမ်ား ပြဿနာရှာကြသူများ
Chapter(40):ေဒါသ ဒေါသ
Chapter(41):ေဆြမ်ိဳးမ်ား ဆွေမျိုးများ
Chapter(42):မိသားစု အစီအစဥ္ မိသားစု အစီအစဉ်
Chapter(43):အၾကံညဏ္ အကြံညဏ်
Chapter(44):မနာလိုျဖစ္ျခင္း မနာလိုဖြစ်ခြင်း
Chapter(45):ေျမကြက္႐ိုင္းေတြကို ႐ွင္းလင္းျခင္း-1
Chapter(45):ေျမကြက္႐ိုင္းေတြကို ႐ွင္းလင္းျခင္း-2
Chapter(46):မ်က္ႏွာေျပာင္တိုက္ ေသာ မိသားစုမ်ား
Chapter(47):ေတြ႔ဆံုျခင္း တွေ့ဆုံခြင်း
Chapter(48):ေျပာင္းဖူး ပြောင်းဖူး
Chapter(49):ျပႆနာ႐ွာၾကတဲ့ သူေတြ ထပ္လာၾကျပန္ၿပီ။
Chapter(50):သူတို႔၏မိသားစု ဆက္ဆံေရးကို ျဖတ္ေတာက္ျခင္း
Chapter(51):ေခြးမ်ား ဝယ္ယူျခင္း-1
Chapter(51):ေခြးမ်ား ဝယ္ယူျခင္း-2
Chapter(52):အမည္ေပးျခင္း-1 အမည်ပေးခြင်း-1
Chapter(52):အမည္ေပးျခင္း-2 အမည်ပေးခြင်း-2
Chapter(53):ေၾကာက္စိတ္မႊန္ျခင္း
Chapter(54):ေန႔စဥ္ဘဝ နေ့စဉ်ဘဝ
Chapter(55):အနီေရာင္ေတာင္မ်ား
Chapter(56):ေတာင္ေပၚတြင္ ေနရေသာဘဝ
Chapter(57):ကိရိယာတန္ဆာပလာ ကိရိယာတန်ဆာပလာ
Chapter(58):အိမ္သို႔ ျပန္လာျခင္း-1
Chapter(59):ခ်မ္းသာဖို႔အတြက္ အစီအစဥ္သစ္တစ္ခု-1
Chapter(59):ခ်မ္းသာဖို႔အတြက္ အစီအစဥ္သစ္တစ္ခု-2
Chapter(60):အလုပ္သမား ငွါးရမ္းျခင္း
Chapter(61):လက္ေဆာင္မ်ား
Chapter(62):အံ့အားသင့္မႈတစ္ခု-1
Chapter(62):အံ့အားသင့္မႈတစ္ခု-2
Chapter(63):ေမြးေန႔ မွေးနေ့
Chapter(64):ေမွ်ာ္လင့္မထားေသာ ေတြ႔ဆံုၾကံဳႀကိဳက္မႈ
Chapter(65):အသားနဲ႔ပတ္သက္ၿပီး ႐ုန္းကန္လႈပ္႐ွားရျခင္း
Chapter(66):မနာလိုျဖစ္ျခင္း မနာလိုဖြစ်ခြင်း
Chapter(67):သူ႔စိတ္ထဲမွာ တစ္စံုတစ္ခု႐ွိေနတယ္။
Chapter(68):သစ္အယ္သီးမ်ား သစ်အယ်သီးများ
Chapter(69):သစ္အယ္သီးမ်ား ဝယ္ယူျခင္း
Chapter(70):သစ္အယ္သီးအတြက္ ခ်က္နည္းျပဳတ္နည္းမ်ား
Chapter(71):အျပံဳး-1
Chapter(71):အျပံဳး-2
Chapter(72):အၾကံျပဳခ်က္-1
Chapter(72):အၾကံျပဳခ်က္-2
Chapter(73):ဆန္ျပဳတ္ပြဲေတာ္-1 ဆန်ပြုတ်ပွဲတော်-1
Chapter(73):ဆန္ျပဳတ္ပြဲေတာ္-2 ဆန်ပြုတ်ပွဲတော်-2
Chapter(74):လူနာ ဒီဇင္ဘာလ ၃၀ ရက္ေန႔-1
Chapter(74):လူနာ ဒီဇင္ဘာလ ၃၀ ရက္ေန႔-2
Chapter(75):အုတ္ဂူမ်ားဆီ အလည္သြားၾကျခင္း-1
Chapter(75):အုတ္ဂူမ်ားဆီ အလည္သြားၾကျခင္း-2
Chapter(76):ဦးေလးအႀကီးဆံုး-1 ဦးလေးအကြီးဆုံး-1
Chapter(76):ဦးေလးအႀကီးဆံုး-2 ဦးလေးအကြီးဆုံး-2
Chapter(77):ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္သမႈမ်ား-1
Chapter(77):ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္သမႈမ်ား-2
Chapter(78):ဒဏ္ရာ ရျခင္း-1 ဒဏ်ရာ ရခြင်း-1
Chapter(78):ဒဏ္ရာ ရျခင္း-2 ဒဏ်ရာ ရခြင်း-2
Chapter(79):အျငင္းအခံု-1 အငြင်းအခုံ-1
Chapter(79):အျငင္းအခံု-2 အငြင်းအခုံ-2
Chapter(80):သူ႔ခင္ပြန္းသည္ရဲ႕ မိဘအိမ္-1 သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-1
Chapter(80):သူ႔ခင္ပြန္းသည္ရဲ႕ မိဘအိမ္-2 သူ့ခင်ပွန်းသည်ရဲ့ မိဘအိမ်-2
Chapter(81):စေတာ္ဘယ္ရီသီး-1 စတော်ဘယ်ရီသီး-1
Chapter(81):စေတာ္ဘယ္ရီသီး-2 စတော်ဘယ်ရီသီး-2
Chapter(82):မီးပံုးပြဲေတာ္-1 မီးပုံးပွဲတော်-1
Chapter(82):မီးပံုးပြဲေတာ္-2 မီးပုံးပွဲတော်-2
Chapter(83):တ်န္းတ်န္းနဲ႔ ေကာ္ေကာ္-1 တျန်းတျန်းနဲ့ ကော်ကော်-1
Chapter(83):တ်န္းတ်န္းနဲ႔ ေကာ္ေကာ္-2 တျန်းတျန်းနဲ့ ကော်ကော်-2
Chapter(84):ေငြေခ်းျခင္း-1 ငွေချေးခြင်း-1
Chapter(84):ေငြေခ်းျခင္း-2 ငွေချေးခြင်း-2
Chapter(85):သူတို႔ေလးေတြရဲ႕ ျမင့္မားတဲ့ညဏ္ရည္-1
Chapter(85):သူတို႔ေလးေတြရဲ႕ ျမင့္မားတဲ့ညဏ္ရည္-2
Chapter(86):အိမ္အသစ္တစ္လံုးကို ေဆာက္ျခင္း-1
Chapter(86):အိမ္အသစ္တစ္လံုးကို ေဆာက္ျခင္း-2
Chapter(87):ေဆြးေႏြး ဆံုးျဖတ္ျခင္း-1
Chapter(87):ေဆြးေႏြး ဆံုးျဖတ္ျခင္း-2
Chapter(88):ေဆာက္လုပ္ေရး အသင္း-1
Chapter(88):ေဆာက္လုပ္ေရး အသင္း-2
Chapter(89):ရလဒ္ေကာင္းမ်ား-1
Chapter(89):ရလဒ္ေကာင္းမ်ား-2
Chapter(90):အိမ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ျခင္း-1
Chapter(90):အိမ္သို႔ ေျပာင္းေရႊ႕ ေနထိုင္ျခင္း-2
Chapter(91):ေတာ္ဝင္စာေမးပြဲက ေႏြဦးရာသီတြင္ က်င္းပတယ္။-1
Chapter(91):ေတာ္ဝင္စာေမးပြဲက ေႏြဦးရာသီတြင္ က်င္းပတယ္။-2
Chapter(92):မိတ္ေဆြဖြဲ႔ျခင္း-1 မိတ်ဆွေဖွဲ့ခြင်း-1
Chapter(92):မိတ္ေဆြဖြဲ႔ျခင္း-2 မိတ်ဆွေဖွဲ့ခြင်း-2
Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-1 ပူးေပါင္း ေဆာင္႐ြက္ျခင္း-1
Chapter(93):ပူးပေါင်း ဆောင်ရွက်ခြင်း-2 ပူးေပါင္း ေဆာင္႐ြက္ျခင္း-2

Chapter(58):အိမ္သို႔ ျပန္လာျခင္း-2

5K 1K 21
Od Comet222

Zawgyi

႐ႈရန္က ေနာက္ထပ္သစ္ေတာ္သီးတစ္လံုးကို စားလိုက္ၿပီးေတာ့ ဂူထဲမွာ႐ွိသမွ်အာလူးေတြအားလံုးကို ျခင္းေတာင္းထဲကို သိမ္းထည့္လိုက္တယ္။ သူ႔အလုပ္ၿပီးသြားတဲ့အခ်ိန္မွာ လ်ိဳထံုကသူ႔နဖူးေပၚမွာ ေခြၽးေတြရႊဲေနလ်က္ ျပန္ေရာက္လာတယ္။ ၾကည့္ရတာ သူလည္းအေတာ္ေလးပင္ပန္းေနပံုပဲ။

႐ွဳရန္ကလ်ိဳထံုလည္းပဲ ေျခကုန္လက္ပန္းက်သြားမွာကို စိုးရိမ္ေနတာေၾကာင့္ ထိတ္လန္႔သြားမိတယ္။ သူခ်က္ခ်င္း သူ႔ရဲ႕ေခြၽးေတြကိုသုတ္ေပးဖို႔ ကိုယ္ကိုကိုင္းလိုက္တယ္။ "ထံုထံု တကယ္လို႔ မင္းပင္ပန္းေနတယ္ဆိုရင္ ခဏေလာက္နားလိုက္ပါ။ မင္းကိုယ္မင္း တြန္းအားအရမ္းမေပးပါနဲ႔။"

လ်ိဳထံုက မ်က္ေမွာင္ၾကဳပ္လိုက္တယ္။ "ငါအဆင္ေျပပါတယ္။ ငါကဒီအတိုင္း ျမန္ျမန္ေျပးလာခဲ့ရလို႔ပါ။ ငါသြားေနတဲ့အခ်ိန္မွာ မီးပံုမီးၿငိမ္းသြားၿပီဆိုတာကို ေတြးလိုက္မိလို႔။ ေနက ဝင္ေတာ့မယ္ေလ။ မင္းေအးေနမွာစိုးလို႔။"

သူျပံဳးလိုက္မိရင္း ႐ွဳရန္တစ္ေယာက္လံုးဝကို သူ႔ႏွလံုးသားေအာက္ေျခထိတိုင္ကို ရင္ထဲထိသြားေတာ့တယ္။ ကမာၻေပၚမွာ သူ႔ကိုအရမ္းဂ႐ုစိုက္တဲ့ လူေနာက္ထပ္တစ္ေယာက္ ထပ္မ႐ွိႏိုင္ေတာ့ဘူး။

"ကိုယ္အဆင္ေျပပါတယ္။ ကိုယ္အခု အဆင္ေျပသြားပါၿပီ။ စားဖို႔သစ္ေတာ္သီးတစ္လံုးကို ေဆးလိုက္။ အာလူးအနည္းငယ္ ကိုယ္ျပင္ဆင္ထားတယ္။ မင္းအစားစားလိုက္အံုး။ ဒီပစၥည္းေတြကိုေရႊ႕ဖို႔ ကိုကိုယ္လည္းမင္းနဲ႔အတူတူ ကူညီမယ္။ မၾကာခင္မွာ ကိုယ္တို႔အိမ္ျပန္ရေတာ့မွာပါ။"

"ေကာင္းပါၿပီ။" လ်ိဳထံုက႐ွဳရန္ဆီကေန သစ္ေတာ္သီးကိုယူလိုက္ၿပီးေတာ့ အႀကီးႀကီးတစ္ကိုက္ကိုက္လိုက္တယ္။

႐ွဳရန္ကလ်ိဳထံုကို လႊတ္ထားလိုက္ၿပီးေတာ့ သူ႔အတြက္ အာလူးေတြကို အခြံသြားႏႊာေတာ့တယ္။

သူတို႔ႏွစ္ေယာက္သား အာလူးေတြကို စားလို႔ၿပီးသြားတဲ့အခ်ိန္မွာ ဂူထဲမွာ႐ွိတဲ့ ေနာက္ဆံုးပစၥည္းေတြကို ဂူအျပင္ကို သူတို႔စတင္ေရႊ႕ၾကေတာ့တယ္။ ၿပီးေတာ့ေသခ်ာေပါက္ကိုပဲ ေနာက္တစ္ႏွစ္မွာလည္း ဒီေနရာက အသံုးဝင္လာႏိုင္တာမို႔ သူတို႔ေတြဂူကိုလည္း ေသေသသပ္သပ္ထားရစ္ခဲ့ၾကတယ္။

သူတို႔ေတြ ေတာင္ပါးစပ္နားကို ေရာက္တဲ့အခ်ိန္မွာဆိုရင္ သူတို႔ေတြရဲ႕ပစၥည္းေတြက တျပံဳတေခါင္းစုပံုေနၾကၿပီျဖစ္တယ္။ ပစၥည္းေတြကို ေတာင္ေအာက္ကိုေရႊ႕ဖို႔ လက္တြန္းလွည္းကိုအသံုးျပဳဖို႔က လံုးဝမျဖစ္ႏိုင္ေတာ့ဘူး။ သူတိူ႔ေတြကိုအိမ္ဆီကို တစ္အိတ္ၿပီးတစ္အိတ္ သယ္ရံုမွ်သာ သူတို႔တတ္ႏိုင္ေတာ့တယ္။

သူတို႔ႏွစ္ေယာက္သား အိတ္ႀကီးႀကီးတစ္အိတ္ကိုသယ္ၿပီးေတာ့ လမ္းေလွ်ာက္ျပန္လာခဲ့တယ္။ သူတို႔အိမ္ကိုျပန္မေရာက္ျဖစ္တာ ရက္အခ်ိဳ႕႐ွိသြားၿပီျဖစ္တယ္။ သူတို႔အိမ္ဆီကို နီးကပ္လာတာနဲ႔အမွ် သူတို႔ေတြပိုၿပီးစိတ္လႈပ္႐ွားလာၾကတယ္။

သူတို႔အခန္းနားကို နီးကပ္လာတာနဲ႔ခ်က္ခ်င္း တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ႏွစ္ေယာက္က ေခြးေပါက္ေလးႏွစ္ေကာင္ျခံရံလ်က္ ျခံဝင္းဝင္ေပါက္နားမွာ မတ္တပ္ရပ္ေနၾကတာကို သူတို႔ျမင္လိုက္ရတယ္။ ေနာက္ထပ္ေခြးႏွစ္ေကာင္ကိုက သူတို႔ရဲ႕လက္ေမာင္းၾကားထဲမွာ ေပြ႔ဖက္ထားၾကတယ္။ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ရဲ႕မ်က္လံုးေတြက အေနာက္ဘက္မွာ႐ွိတဲ့ေတာင္ဆီမွာပဲ မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ျမဲျမံေနၾကတယ္။

ျဖစ္ခ်င္ေတာ့သူတို႔ေတြက ဆန္႔က်င္ဘက္အရပ္ကေန ေတာင္ေအာက္ကို ဆင္းလာတာမို႔ သူတို႔အေဖနဲ႔ေဖေဖကို သူတို႔မျမင္လိုက္ၾကပါဘူး။ ဝုမိန္က သူတို႔နဲ႔အတူတူေနေနၿပီးေတာ့ အခ်ိန္ခဏေလာက္ၾကာေအာင္ စကားေတြေျပာေနတယ္။ ဒါေပမဲ့ ကေလးႏွစ္ေယာက္က သူတို႔ရဲ႕ေခါင္းေတြကို ၿပိဳင္တူခါလိုက္ၾကတယ္။

႐ုတ္တရက္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔ သူတို႔အခ်င္းခ်င္းအၾကည့္ေတြ ဖလွယ္လိုက္ၾကၿပီးေတာ့ အလိုအေလ်ာက္ အ႐ွိန္ျမင့္လိုက္ၾကမိတယ္။ အထဲကို လမ္းေလွ်ာက္ဝင္လာၿပီးတဲ့ေနာက္မွာ သူတို႔ေတြဝုမိန္စကားေျပာေနသံကို ၾကားလိုက္ရတယ္။ "သားတို႔ႏွစ္ေယာက္ ဦးဦးနဲ႔အရင္ ျပန္လိုက္ခဲ့ေပးပါလား? အခုခ်ိန္က ေမွာင္လာၿပီေလ။ ၾကည့္ရတာ သားတို႔အေဖနဲ႔ေဖေဖက ဒီေန႔ျပန္လာႏိုင္ေသးမွာ မဟုတ္ဘူးထင္တယ္။ သားတို႔မနက္ျဖန္ ေစာင့္ႏိုင္တာပဲ!"

ကေလးႏွစ္ေယာက္က သူတို႔ရဲ႕ေခါင္းေတြကိုခါေနတုန္းပဲ။ သူတို႔ေတြဝုမိန္ရဲ႕စကားလံုးေတြကို နားထိုင္းတဲ့လူတစ္ေယာက္လိုမ်ိဳး ျပဳမူေနၾကတယ္။ ကေလးႏွစ္ေယာက္က အေတာ္ေလးေခါင္းမာေနၾကတယ္။ 

"ဝုမိန္ တ်န္းတ်န္း ေကာ္ေကာ္!" ႐ွဳရန္ကသူတို႔အေနာက္ဘက္ကေန သူတို႔သံုးေယာက္သားကို ေအာ္ေခၚလိုက္တယ္။

တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ႏွစ္ေယာက္သား သူ႔အသံကိုၾကားလိုက္တာနဲ႔ခ်က္ခ်င္း သူတို႔ေနာက္ျပန္လွည့္ၿပီးေတာ့ သူတို႔လက္ေမာင္းၾကားထဲမွာ႐ွိတဲ့ ေခြးေပါက္ေလးေတြကို ေဘးဘက္မွာထားလိုက္ၿပီးေတာ့ ႐ွဳရန္နဲ႔လ်ိဳထံုဆီကို တဟုန္ထိုးေျပးသြားၾကေတာ့တယ္။

"ေဖေဖ အေဖ ေနာက္ဆံုးေတာ့ ျပန္လာၿပီေပါ့။"

"ဟုတ္တယ္။ ဟုတ္တယ္။ သားတို႔ကို ရက္ေတြအမ်ားႀကီးၾကာေအာင္ ထားပစ္ခဲ့တယ္။"

ညီအကိုႏွစ္ေယာက္ထဲက တစ္ေယာက္က လ်ိဳထံုရဲ႕ေျခေထာက္ေတြကို ဖက္တြယ္ထားတဲ့အခ်ိန္မွာ က်န္တစ္ေယာက္က ႐ွဳရန္ရဲ႕ေျခေထာက္ေတြကို ဖက္တြယ္ထားၿပီး တစ္ေယာက္စကားကိုတစ္ေယာက္ သံေယာင္လိုက္ေျပာေနၾကတယ္။

ဝုမိန္က ေခါင္းလွည့္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။ သူတို႔အနားကို သူလမ္းေလွ်ာက္လာၿပီးေတာ့ သေဘာတက်ျဖစ္ေနတဲ့ေလသံနဲ႔ ေျပာလိုက္တယ္။ "မင္းတို႔ေတြ တကယ္လို႔မင္းတို႔ႏွစ္ေယာက္သား ျပန္မေရာက္လာေသးဘူးဆိုရင္ ကေလးႏွစ္ေယာက္က ေတာင္ေပၚကိုေတာင္ တက္ၿပီး သြား႐ွာၾကေတာ့မယ္။ သူတို႔ေတြ မင္းတို႔ႏွစ္ေယာက္ျပန္လာမွာကို မြန္းလြဲခ်ိန္တိုင္းဒီေနရာမွာ လာေစာင့္ေနၾကတာ။"

႐ွဳရန္က ကေလးႏွစ္ေယာက္ရဲ႕ေခါင္းေလးေတြကို ပြတ္သပ္ေပးလိုက္ၿပီးေတာ့ ျပံဳးလိုက္တယ္။ သူတို႔ႏွစ္ေယာက္စလံုးက စဥ္းစားဆင္ျခင္တတ္တဲ့ကေလးေတြပါ။ ဒါေပမဲ့ သူသူ႔ရဲ႕ႏွလံုးသားေအာက္ေျခကေနကို ခါးသက္သြားၿပီး အေတာ္ေလး စိတ္မေကာင္းျဖစ္သြားသလို ခံစားလိုက္ရတယ္။ သူတို႔ရဲ႕စဥ္းစားခ်င့္ခ်ိန္ႏိုင္မႈေတြက သူတို႔ရဲ႕အသက္အရြယ္နဲ႔ တျခားစီျဖစ္ေနတယ္။ ဒါက ျပႆနာေတြကင္း႐ွင္းေနတဲ့အခ်ိန္ ျဖစ္ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ကေလးဘဝကို ဒီအတိုင္း ေပ်ာ္ေမြ႔ႏိုင္တယ္။ ဒါေပမဲ့အခုေတာ့ သူတို႔ေတြက ရင့္က်က္လာဖို႔ ဖိအားေပးခံခဲ့ရတယ္။

တျခားတစ္ဖက္တြင္ လ်ိဳထံုက သူတို႔ရဲ႕ကေလးႏွစ္ေယာက္ကို ေစာင့္ေ႐ွာက္ေပးထားတဲ့အတြက္ ဝုမိန္ကိုေက်းဇူးတင္ေနတယ္။ "ဒီရက္ေတြမွာ ငါမင္းကိုဒုကၡေပးမိၿပီ။ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔က မင္းကိုျပႆနာအမ်ားႀကီး႐ွာခဲ့မွာပဲ! ဘာစကားလံုးကမွ မင္းကိုေက်းဇူးတင္ဖို႔အတြက္ကို မလံုေလာက္ေတာ့ပါဘူး။"

ဝုမိန္ကသူ႔လက္ေတြကို အလ်င္အျမန္ေဝွ႔ယမ္းလိုက္ၿပီးေတာ့ ေျပာလိုက္တယ္။ "မင္းဘာလို႔ဒီစကားမ်ိဳးေတြကို ေျပာေနတာလဲ? သူတို႔ႏွစ္ေယာက္စလံုးက လိမၼာၾကတယ္။ သူတို႔ေတြက ခ်စ္စရာေကာင္းတဲ့ကေလးေတြပဲ။"

ၿပီးေနာက္ သူေျပာလိုက္တယ္။ "လံုေလာက္ၿပီ။ မင္းရဲ႕ေနာက္ေက်ာေပၚမွာ တစ္ခုခုသယ္ထားေနေသးတုန္းပဲ။ ငါထပ္မေျပာေတာ့ဘူး။ မင္းတို႔ေတြျပန္ေရာက္လာၾကၿပီဆိုေတာ့ ငါကေလးေတြကို မင္းတို႔ဆီမွာထားခဲ့ေတာ့မယ္။ မနက္ျဖန္က်ရင္ အတူတူကူညီေပးလို႔ရေအာင္လို႔ ငါဝုလန္ကိုေျပာလိုက္မယ္။"

"ေကာင္းၿပီ။ ငါမင္းကို ထပ္ဒုကၡေပးရေတာ့မွာပဲ။ ေမွာင္လာၿပီ။ မင္းအခုျပန္ေတာ့ေလ! ဂ႐ုစိုက္သြားအံုး။" စကားေျပာေနရင္း လ်ိဳထံုကေကာ္ေကာ္လက္ကိုဆြဲရင္း ျခံဝင္းတံခါးနားကို လမ္းေလွ်ာက္လာခဲ့တယ္။

႐ွဳရန္နဲ႔တ်န္းတ်န္းတို႔ကလည္း သူတို႔အေနာက္ကေန လိုက္လာခဲ့ၾကတယ္။

ဝုမိန္ကလမ္းေလွ်ာက္ျမန္တာေၾကာင့္ မၾကာခင္မွာပဲ သူတို႔သူ႔ကိုမျမင္ရေတာ့ဘူး။

မိသားစုကအခန္းထဲကို ျပန္လာခဲ့ၾကတယ္။ ကေလးငယ္ငယ္ေလးႏွစ္ေယာက္က သူတို႔အေဖနဲ႔ေဖေဖကို ရက္အခ်ိဳ႕ေလာက္ၾကာေအာင္ မျမင္ခဲ့ၾကရတာျဖစ္တယ္။ စိတ္လႈပ္႐ွားမႈက သူတို႔ေတြကိုလႊမ္းမိုးသြားတာမို႔ သူတို႔တတြတ္တြတ္ေျပာေနတာကို မရပ္ႏိုင္ၾကေတာ့ဘူး။

အထုပ္အပိုးျခင္းေတာင္းကို ခ်ၿပီးေနာက္ လ်ိဳထံုက႐ွဳရန္ကို ေျပာလိုက္တယ္။ "ရန္ မင္းအိမ္မွာေနၿပီး တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို ေစာင့္ေ႐ွာက္ထားလိုက္။ ေတာင္ေပၚကက်န္တာေတြကို ငါသြားသယ္လာခဲ့မယ္။"

အဲ့ေနရာမွာ င႐ုတ္သီးေတြအမ်ားႀကီး က်န္ေနေသးတာမို႔ က်ိန္းေသေပါက္ကို ႐ွဳရန္ကသေဘာမတူပါဘူး။ "ထံုထံု မင္းကေလးေတြကို ေစာင့္ေ႐ွာက္ဖို႔ဒီမွာေနခဲ့။ ကိုယ္သြားမယ္။ မင္းမြန္းလြဲခ်ိန္တစ္ခ်ိန္လံုး ပင္ပန္းေနခဲ့တာေလ။ မင္းေျခကုန္လက္ပန္းက်သြားမွာကို ကိုယ္ေၾကာက္မိတယ္။"

ဒီစကားလံုးေတြက တစ္နည္းနည္းနဲ႔ က်ီစားေနသလိုမ်ိဳးျဖစ္ေနတာမို႔ လ်ိဳထံုကို အနည္းငယ္ ႐ွက္ေသြးျဖာသြားေစမိတယ္။

လ်ိဳထံုကို ျငင္းဆိုခြင့္ အခြင့္အေရးေလးတစ္ခုကိုေတာင္ မေပးပဲနဲ႔ ႐ွဳရန္က ျခင္းေတာင္းထဲမွာ႐ွိတဲ့င႐ုတ္သီးေတြကို ေျမႀကီးေပၚမွာခ်လိုက္ၿပီးေတာ့ ျခင္းေတာင္းအလြတ္ကိုသယ္ရင္း တိုက္႐ိုက္ထြက္သြားေလေတာ့တယ္။










Unicode

Chapter(58):အိမ်သို့ ပြန်လာခြင်း-2

ရှုရန်က နောက်ထပ်သစ်တော်သီးတစ်လုံးကို စားလိုက်ပြီးတော့ ဂူထဲမှာရှိသမျှအာလူးတွေအားလုံးကို ခြင်းတောင်းထဲကို သိမ်းထည့်လိုက်တယ်။ သူ့အလုပ်ပြီးသွားတဲ့အချိန်မှာ လျိုထုံကသူ့နဖူးပေါ်မှာ ချွေးတွေရွှဲနေလျက် ပြန်ရောက်လာတယ်။ ကြည့်ရတာ သူလည်းအတော်လေးပင်ပန်းနေပုံပဲ။

ရှုရန်ကလျိုထုံလည်းပဲ ခြေကုန်လက်ပန်းကျသွားမှာကို စိုးရိမ်နေတာကြောင့် ထိတ်လန့်သွားမိတယ်။ သူချက်ချင်း သူ့ရဲ့ချွေးတွေကိုသုတ်ပေးဖို့ ကိုယ်ကိုကိုင်းလိုက်တယ်။ "ထုံထုံ တကယ်လို့ မင်းပင်ပန်းနေတယ်ဆိုရင် ခဏလောက်နားလိုက်ပါ။ မင်းကိုယ်မင်း တွန်းအားအရမ်းမပေးပါနဲ့။"

လျိုထုံက မျက်မှောင်ကြုပ်လိုက်တယ်။ "ငါအဆင်ပြေပါတယ်။ ငါကဒီအတိုင်း မြန်မြန်ပြေးလာခဲ့ရလို့ပါ။ ငါသွားနေတဲ့အချိန်မှာ မီးပုံမီးငြိမ်းသွားပြီဆိုတာကို တွေးလိုက်မိလို့။ နေက ဝင်တော့မယ်လေ။ မင်းအေးနေမှာစိုးလို့။"

သူပြုံးလိုက်မိရင်း ရှုရန်တစ်ယောက်လုံးဝကို သူ့နှလုံးသားအောက်ခြေထိတိုင်ကို ရင်ထဲထိသွားတော့တယ်။ ကမ္ဘာပေါ်မှာ သူ့ကိုအရမ်းဂရုစိုက်တဲ့ လူနောက်ထပ်တစ်ယောက် ထပ်မရှိနိုင်တော့ဘူး။

"ကိုယ်အဆင်ပြေပါတယ်။ ကိုယ်အခု အဆင်ပြေသွားပါပြီ။ စားဖို့သစ်တော်သီးတစ်လုံးကို ဆေးလိုက်။ အာလူးအနည်းငယ် ကိုယ်ပြင်ဆင်ထားတယ်။ မင်းအစားစားလိုက်အုံး။ ဒီပစ္စည်းတွေကိုရွှေ့ဖို့ ကိုကိုယ်လည်းမင်းနဲ့အတူတူ ကူညီမယ်။ မကြာခင်မှာ ကိုယ်တို့အိမ်ပြန်ရတော့မှာပါ။"

"ကောင်းပါပြီ။" လျိုထုံကရှုရန်ဆီကနေ သစ်တော်သီးကိုယူလိုက်ပြီးတော့ အကြီးကြီးတစ်ကိုက်ကိုက်လိုက်တယ်။

ရှုရန်ကလျိုထုံကို လွှတ်ထားလိုက်ပြီးတော့ သူ့အတွက် အာလူးတွေကို အခွံသွားနွှာတော့တယ်။

သူတို့နှစ်ယောက်သား အာလူးတွေကို စားလို့ပြီးသွားတဲ့အချိန်မှာ ဂူထဲမှာရှိတဲ့ နောက်ဆုံးပစ္စည်းတွေကို ဂူအပြင်ကို သူတို့စတင်ရွှေ့ကြတော့တယ်။ ပြီးတော့သေချာပေါက်ကိုပဲ နောက်တစ်နှစ်မှာလည်း ဒီနေရာက အသုံးဝင်လာနိုင်တာမို့ သူတို့တွေဂူကိုလည်း သေသေသပ်သပ်ထားရစ်ခဲ့ကြတယ်။

သူတို့တွေ တောင်ပါးစပ်နားကို ရောက်တဲ့အချိန်မှာဆိုရင် သူတို့တွေရဲ့ပစ္စည်းတွေက တပြုံတခေါင်းစုပုံနေကြပြီဖြစ်တယ်။ ပစ္စည်းတွေကို တောင်အောက်ကိုရွှေ့ဖို့ လက်တွန်းလှည်းကိုအသုံးပြုဖို့က လုံးဝမဖြစ်နိုင်တော့ဘူး။ သူတိူ့တွေကိုအိမ်ဆီကို တစ်အိတ်ပြီးတစ်အိတ် သယ်ရုံမျှသာ သူတို့တတ်နိုင်တော့တယ်။

သူတို့နှစ်ယောက်သား အိတ်ကြီးကြီးတစ်အိတ်ကိုသယ်ပြီးတော့ လမ်းလျှောက်ပြန်လာခဲ့တယ်။ သူတို့အိမ်ကိုပြန်မရောက်ဖြစ်တာ ရက်အချို့ရှိသွားပြီဖြစ်တယ်။ သူတို့အိမ်ဆီကို နီးကပ်လာတာနဲ့အမျှ သူတို့တွေပိုပြီးစိတ်လှုပ်ရှားလာကြတယ်။

သူတို့အခန်းနားကို နီးကပ်လာတာနဲ့ချက်ချင်း တျန်းတျန်းနဲ့ကော်ကော်တို့နှစ်ယောက်က ခွေးပေါက်လေးနှစ်ကောင်ခြံရံလျက် ခြံဝင်းဝင်ပေါက်နားမှာ မတ်တပ်ရပ်နေကြတာကို သူတို့မြင်လိုက်ရတယ်။ နောက်ထပ်ခွေးနှစ်ကောင်ကိုက သူတို့ရဲ့လက်မောင်းကြားထဲမှာ ပွေ့ဖက်ထားကြတယ်။ တျန်းတျန်းနဲ့ကော်ကော်တို့ရဲ့မျက်လုံးတွေက အနောက်ဘက်မှာရှိတဲ့တောင်ဆီမှာပဲ မျက်တောင်တစ်ချက်မခတ်ပဲ မြဲမြံနေကြတယ်။

ဖြစ်ချင်တော့သူတို့တွေက ဆန့်ကျင်ဘက်အရပ်ကနေ တောင်အောက်ကို ဆင်းလာတာမို့ သူတို့အဖေနဲ့ဖေဖေကို သူတို့မမြင်လိုက်ကြပါဘူး။ ဝုမိန်က သူတို့နဲ့အတူတူနေနေပြီးတော့ အချိန်ခဏလောက်ကြာအောင် စကားတွေပြောနေတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်က သူတို့ရဲ့ခေါင်းတွေကို ပြိုင်တူခါလိုက်ကြတယ်။

ရုတ်တရက် ရှုရန်နဲ့လျိုထုံတို့ သူတို့အချင်းချင်းအကြည့်တွေ ဖလှယ်လိုက်ကြပြီးတော့ အလိုအလျောက် အရှိန်မြင့်လိုက်ကြမိတယ်။ အထဲကို လမ်းလျှောက်ဝင်လာပြီးတဲ့နောက်မှာ သူတို့တွေဝုမိန်စကားပြောနေသံကို ကြားလိုက်ရတယ်။ "သားတို့နှစ်ယောက် ဦးဦးနဲ့အရင် ပြန်လိုက်ခဲ့ပေးပါလား? အခုချိန်က မှောင်လာပြီလေ။ ကြည့်ရတာ သားတို့အဖေနဲ့ဖေဖေက ဒီနေ့ပြန်လာနိုင်သေးမှာ မဟုတ်ဘူးထင်တယ်။ သားတို့မနက်ဖြန် စောင့်နိုင်တာပဲ!"

ကလေးနှစ်ယောက်က သူတို့ရဲ့ခေါင်းတွေကိုခါနေတုန်းပဲ။ သူတို့တွေဝုမိန်ရဲ့စကားလုံးတွေကို နားထိုင်းတဲ့လူတစ်ယောက်လိုမျိုး ပြုမူနေကြတယ်။ ကလေးနှစ်ယောက်က အတော်လေးခေါင်းမာနေကြတယ်။ 

"ဝုမိန် တျန်းတျန်း ကော်ကော်!" ရှုရန်ကသူတို့အနောက်ဘက်ကနေ သူတို့သုံးယောက်သားကို အော်ခေါ်လိုက်တယ်။

တျန်းတျန်းနဲ့ကော်ကော်တို့နှစ်ယောက်သား သူ့အသံကိုကြားလိုက်တာနဲ့ချက်ချင်း သူတို့နောက်ပြန်လှည့်ပြီးတော့ သူတို့လက်မောင်းကြားထဲမှာရှိတဲ့ ခွေးပေါက်လေးတွေကို ဘေးဘက်မှာထားလိုက်ပြီးတော့ ရှုရန်နဲ့လျိုထုံဆီကို တဟုန်ထိုးပြေးသွားကြတော့တယ်။

"ဖေဖေ အဖေ နောက်ဆုံးတော့ ပြန်လာပြီပေါ့။"

"ဟုတ်တယ်။ ဟုတ်တယ်။ သားတို့ကို ရက်တွေအများကြီးကြာအောင် ထားပစ်ခဲ့တယ်။"

ညီအကိုနှစ်ယောက်ထဲက တစ်ယောက်က လျိုထုံရဲ့ခြေထောက်တွေကို ဖက်တွယ်ထားတဲ့အချိန်မှာ ကျန်တစ်ယောက်က ရှုရန်ရဲ့ခြေထောက်တွေကို ဖက်တွယ်ထားပြီး တစ်ယောက်စကားကိုတစ်ယောက် သံယောင်လိုက်ပြောနေကြတယ်။

ဝုမိန်က ခေါင်းလှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကိုမြင်လိုက်ရတယ်။ သူတို့အနားကို သူလမ်းလျှောက်လာပြီးတော့ သဘောတကျဖြစ်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။ "မင်းတို့တွေ တကယ်လို့မင်းတို့နှစ်ယောက်သား ပြန်မရောက်လာသေးဘူးဆိုရင် ကလေးနှစ်ယောက်က တောင်ပေါ်ကိုတောင် တက်ပြီး သွားရှာကြတော့မယ်။ သူတို့တွေ မင်းတို့နှစ်ယောက်ပြန်လာမှာကို မွန်းလွဲချိန်တိုင်းဒီနေရာမှာ လာစောင့်နေကြတာ။"

ရှုရန်က ကလေးနှစ်ယောက်ရဲ့ခေါင်းလေးတွေကို ပွတ်သပ်ပေးလိုက်ပြီးတော့ ပြုံးလိုက်တယ်။ သူတို့နှစ်ယောက်စလုံးက စဉ်းစားဆင်ခြင်တတ်တဲ့ကလေးတွေပါ။ ဒါပေမဲ့ သူသူ့ရဲ့နှလုံးသားအောက်ခြေကနေကို ခါးသက်သွားပြီး အတော်လေး စိတ်မကောင်းဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူတို့ရဲ့စဉ်းစားချင့်ချိန်နိုင်မှုတွေက သူတို့ရဲ့အသက်အရွယ်နဲ့ တခြားစီဖြစ်နေတယ်။ ဒါက ပြဿနာတွေကင်းရှင်းနေတဲ့အချိန် ဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ကလေးဘဝကို ဒီအတိုင်း ပျော်မွေ့နိုင်တယ်။ ဒါပေမဲ့အခုတော့ သူတို့တွေက ရင့်ကျက်လာဖို့ ဖိအားပေးခံခဲ့ရတယ်။

တခြားတစ်ဖက်တွင် လျိုထုံက သူတို့ရဲ့ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးထားတဲ့အတွက် ဝုမိန်ကိုကျေးဇူးတင်နေတယ်။ "ဒီရက်တွေမှာ ငါမင်းကိုဒုက္ခပေးမိပြီ။ တျန်းတျန်းနဲ့ကော်ကော်တို့က မင်းကိုပြဿနာအများကြီးရှာခဲ့မှာပဲ! ဘာစကားလုံးကမှ မင်းကိုကျေးဇူးတင်ဖို့အတွက်ကို မလုံလောက်တော့ပါဘူး။"

ဝုမိန်ကသူ့လက်တွေကို အလျင်အမြန်ဝှေ့ယမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။ "မင်းဘာလို့ဒီစကားမျိုးတွေကို ပြောနေတာလဲ? သူတို့နှစ်ယောက်စလုံးက လိမ္မာကြတယ်။ သူတို့တွေက ချစ်စရာကောင်းတဲ့ကလေးတွေပဲ။"

ပြီးနောက် သူပြောလိုက်တယ်။ "လုံလောက်ပြီ။ မင်းရဲ့နောက်ကျောပေါ်မှာ တစ်ခုခုသယ်ထားနေသေးတုန်းပဲ။ ငါထပ်မပြောတော့ဘူး။ မင်းတို့တွေပြန်ရောက်လာကြပြီဆိုတော့ ငါကလေးတွေကို မင်းတို့ဆီမှာထားခဲ့တော့မယ်။ မနက်ဖြန်ကျရင် အတူတူကူညီပေးလို့ရအောင်လို့ ငါဝုလန်ကိုပြောလိုက်မယ်။"

"ကောင်းပြီ။ ငါမင်းကို ထပ်ဒုက္ခပေးရတော့မှာပဲ။ မှောင်လာပြီ။ မင်းအခုပြန်တော့လေ! ဂရုစိုက်သွားအုံး။" စကားပြောနေရင်း လျိုထုံကကော်ကော်လက်ကိုဆွဲရင်း ခြံဝင်းတံခါးနားကို လမ်းလျှောက်လာခဲ့တယ်။

ရှုရန်နဲ့တျန်းတျန်းတို့ကလည်း သူတို့အနောက်ကနေ လိုက်လာခဲ့ကြတယ်။

ဝုမိန်ကလမ်းလျှောက်မြန်တာကြောင့် မကြာခင်မှာပဲ သူတို့သူ့ကိုမမြင်ရတော့ဘူး။

မိသားစုကအခန်းထဲကို ပြန်လာခဲ့ကြတယ်။ ကလေးငယ်ငယ်လေးနှစ်ယောက်က သူတို့အဖေနဲ့ဖေဖေကို ရက်အချို့လောက်ကြာအောင် မမြင်ခဲ့ကြရတာဖြစ်တယ်။ စိတ်လှုပ်ရှားမှုက သူတို့တွေကိုလွှမ်းမိုးသွားတာမို့ သူတို့တတွတ်တွတ်ပြောနေတာကို မရပ်နိုင်ကြတော့ဘူး။

အထုပ်အပိုးခြင်းတောင်းကို ချပြီးနောက် လျိုထုံကရှုရန်ကို ပြောလိုက်တယ်။ "ရန် မင်းအိမ်မှာနေပြီး တျန်းတျန်းနဲ့ကော်ကော်တို့ကို စောင့်ရှောက်ထားလိုက်။ တောင်ပေါ်ကကျန်တာတွေကို ငါသွားသယ်လာခဲ့မယ်။"

အဲ့နေရာမှာ ငရုတ်သီးတွေအများကြီး ကျန်နေသေးတာမို့ ကျိန်းသေပေါက်ကို ရှုရန်ကသဘောမတူပါဘူး။ "ထုံထုံ မင်းကလေးတွေကို စောင့်ရှောက်ဖို့ဒီမှာနေခဲ့။ ကိုယ်သွားမယ်။ မင်းမွန်းလွဲချိန်တစ်ချိန်လုံး ပင်ပန်းနေခဲ့တာလေ။ မင်းခြေကုန်လက်ပန်းကျသွားမှာကို ကိုယ်ကြောက်မိတယ်။"

ဒီစကားလုံးတွေက တစ်နည်းနည်းနဲ့ ကျီစားနေသလိုမျိုးဖြစ်နေတာမို့ လျိုထုံကို အနည်းငယ် ရှက်သွေးဖြာသွားစေမိတယ်။

လျိုထုံကို ငြင်းဆိုခွင့် အခွင့်အရေးလေးတစ်ခုကိုတောင် မပေးပဲနဲ့ ရှုရန်က ခြင်းတောင်းထဲမှာရှိတဲ့ငရုတ်သီးတွေကို မြေကြီးပေါ်မှာချလိုက်ပြီးတော့ ခြင်းတောင်းအလွတ်ကိုသယ်ရင်း တိုက်ရိုက်ထွက်သွားလေတော့တယ်။



Pokračovat ve čtení

Mohlo by se ti líbit

Untitle 🍀 Od Nancy

Nezařaditelné

78.6K 3K 77
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ႀကိဳက္မိတဲ့ Novel ေတြ Webtoon ေတြ review...
My Sin Od XxMeixiangxX

Historická literatura

1.7M 68.2K 65
Liu Quiaqio, the Empress of the Jin Dynasty has given his heart, soul, and body to the emperor, he loved him to the point it exhausted him, but the c...
10K 1.3K 3
Reborn to live without you ႏွင့္ အျခားဝတၳဳတိုမ်ား Credit to Original Author :Ebonsolaris Link :https://my.w.tt/uLYsuhefSbb
262K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်