ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 34

4.1K 686 36
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

"ဘယ်လိုနေလဲ" ကျိုးရှန့်မင်၏ လက်ကိုဆွဲပြီး တင်ပါးကို ကိုင်ခိုင်းလိုက်ပြီးနောက် ထုန်ရန့် ကျိုးရှန့်မင်၏ အကဲဖြတ်မှုကိုမေးလိုက်သည်။

ကျိုးရှန့်မင် ထလိုက်ပြီး ထုန်ရန့်လက်ထဲမှ သူ့လက်များကို ပြန်ဆွဲလိုက်သည်။ လင်ယွဲ့ဟွာ သူ့ကို အပေါ်သို့ လွှတ်လိုက်သည့် အကြောင်းအရာကိုတောင် မမှတ်မိနိုင်တော့ပါချေ။ ထုန်ရန့်က ခေါင်းမာမာဖြင့် ဆက်မေး၏။
"ဟယ်လို?? ဘယ်လိုနေလဲလို့!"

ကျိုးရှန့်မင် : "အသား..ရှိသားပဲ"

ထုန်ရန့်လည်း အနည်းငယ် ရှက်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကြည့်ပါလား..ရှိတယ်လို့ ပြောသားပဲ.."

ကျိုးရှန့်မင် : "အောက်ဆင်းပြီး ထမင်းသွားစားရအောင်"

ထုန်ရန့်က မသက်မသာဖြင့်
"အန်တီ လုပ်ခိုင်းလိုက်တဲ့ ကိစ္စရော.."

သူ ကျိုးရှန့်မင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ ကျိုးရှန့်မင်က ပြောလာ၏။
"မင်း အဝတ် ထပ်ဝတ်ပြီးပြီလို့ ကိုယ်ပြောလိုက်မယ် "

အိမ်အတွင်းပိုင်းရှိ အပူချိန်မှာ တော်တော်လေးကို နွေးနေသောကြောင့် အိမ်ထဲကိုဝင်ပြီးနောက် လူအားလုံး အင်္ကျီလဲကြရသည့်အပြင်  အိမ်ထဲတွင်တော့ အဝတ်ထူထူဝတ်ရန် မလိုသေးပေ။ ကျိုးရှန့်မင်၏ နှလုံးခုန်နှုန်းက မငြိမ်မသက်ဖြစ်နေပြီး ဤဆယ်ကျော်သက်ကောင်လေးကို ပညာပေးရန်တွေးထားသည်များလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကာ အိမ်ပြန်ရောက်မှ ပြန်ဆွေးနွေးရမည်ဟု မှတ်ထားလိုက်တော့သည်။

သို့သော် သူတို့ အခန်းတံခါး ဖွင့်လိုက်သောအခါ တံခါးပေါ်၌ လက်ရွယ်ကာ တံခါးခေါက်ဟန် ပြင်နေသော ကျိုးကျားရှောကို တွေ့လိုက်ရသည်။ ထုန်ရန့်က လန့်သွားပြီး
"ဒီကို ဘာလာလုပ်တာလဲ!"

ကျိုးကျားရှော : "ရိုင်းလိုက်တာနော်"

ထုန်ရန့် သူ့မေးခွန်းကို ပြန်ပြင်လိုက်သည်။
"အိပ်ခန်းတံခါးရှေ့မှာ ဘာလို့ရောက်နေတာလဲ"

"…" ကျိုးကျားရှောက သူသယ်လာသည့် အဝတ်အချို့ကို ထုန်ရန့်ကို ထိုးပေးလိုက်ရင်းဖြင့်
"အမေက မင်းတို့ကို အပေါ်တက်ပြီး အဝတ်နည်းနည်းထပ်ဝတ်ခိုင်းတယ်လေ၊ ဒါပေမဲ့ ငါ့အစ်ကိုမှာ မင်းဝတ်လို့ရတဲ့ အဝတ်ရှိမှာမို့လို့လား?"

ထုန်ရန့် ငြင်းပယ်လိုက်၏။
"ကျေးဇူးပဲ ဒါပေမဲ့ မလိုတော့ဘူး..ကျေးဇူး"

ထုန်ရန့် ကျိုးရှန့်မင်၏လက်မောင်းကို တိတ်တဆိတ်ဆွဲလိုက်သည်။ ထိုအခါ ကျိုးရှန့်မင်က ပြောလာ၏။
"အင်း..ဟုတ်တယ် ကျေးဇူးပဲ၊ ဒါပေမဲ့ မလိုတော့ဘူး"

ကျိုးကျားရှောက သူ့ကို သင်္ကာမကင်းကြည့်ကာ
"မင်းက ငါ့အစ်ကိုရဲ့ အဝတ်တွေနဲ့တော်တယ်?"

ထုန်ရန့် : "ဘာလို့မတော်ရမှာလဲ? အစ်ကိုရှန့်မင်ထက် ငါက နည်းနည်းလေးပဲ ခန္ဓာကိုယ်သေးတာ"

သူ ကျိုးရှန့်မင်၏ လက်မောင်းကို တစ်ချက်ဆွဲလိုက်ပြန်သည်။ ထိုအခါ ကျိုးရှန့်မင်က ထပ်ပြောလာ၏။
"အင်း တော်တော်လေးကို သေးတာ"

ထုန်ရန့် အနည်းငယ် စိတ်ပျက်သွားရကာ ရှေ့မှ လမ်းလျှောက် ထွက်သွားလိုက်၏။ ကျိုးရှန့်မင်က သူ့နောက်မှ လိုက်လာကာ ကျိုးကျားရှောအား အခန်းပေါက်ဝ၌ ဒီတိုင်းထားခဲ့လိုက်သည်။

ညစာမစားခင် ကျိုးကျားရှော ထုန်ရန့် ဘေးနား သွားထိုင်လိုက်ပြီး
"မင်း အခုထိ အဝတ်ထပ်မဝတ်ရသေးဘူးမလား..မင်းရဲ့ ကျိုးရှန့်မင်ကို ဒီထက်ပိုပြီး ကောင်းကောင်းလေး ဖုံးခိုင်းလိုက်ပါဦး။ ငါ့ကို ငတုံးများမှတ်နေလား"

ထုန်ရန့် ခပ်မြန်မြန် သရဲကား လိုင်းကိုပြောင်းရင်း​ဖြင့် ပြောလိုက်သည်။
"အမလေး...ငါလည်း တစ်ခါမှ အဲ့လိုမပြောဖူးပါဘူး"

ထိုစကားကြားသောအခါ ကျိုးကျားရှောက မျက်လုံးလှန်ပြလိုက်သည်။
"မင်း ငါ့အစ်ကိုရှေ့မှာ ဘယ်လောက်တောင် အပြစ်ကင်း ရိုးသားဟန်ဆောင်ထားလည်း ငါသတိထားမိသားပဲ"

"ဘယ်တုန်းကလဲ?" ထုန်ရန့် မေးလိုက်သည်။
"အချိန်သင့် အခါသင့်ဆို ငါလည်း အစ်ကိုရှန့်မင်ရဲ့ အမှားတွေ ထောက်ပြတာပဲ"

ကျိုးရှန့်မင်က လင်ယွဲ့ဟွာအား ကူညီရန် မီးဖိုခန်းထဲတွင်ဖြစ်ရာ နှစ်ဦးမှာ စောင့်ရင်း ပျင်းလာကြသောကြောင့် နှစ်ဦးလုံး စိတ်လျော့လိုက်ကြတော့သည်။ ကျိုးကျားရှောက ခေါင်းကို ငုံ့ကာ တစ်စုံတစ်ဦးထံသို့ အဆက်မပြတ်စာတိုများ ပေးပို့နေသည်။ ထုန်ရန့် သရဲကားရော ဒရာမာပါ ရှာမတွေ့သောကြောင့် ကျိုးကျားရှောကို လှမ်းမေးလိုက်သည်။
"ဘယ်သူ့ကို စာပို့နေတာလဲ"

အစက ကျိုးကျားရှော မပြောပြသော်လည်း တစ်ခဏကြာပြီးမှ ပြောလာ၏။
"ထုန်ရန်းကို"

"ဘာလို့ စာပို့နေကြလဲ..အပြင်မှာ သွားတွေ့ကြပါလား" ထုန်ရန့် နားမလည်နိုင်ပေ။
"ချိန်းတွေ့တာ မကောင်းလို့လား? ငါတို့ဆို နေ့တိုင်း တူတူနေနေရတာပဲ ဒါပေမဲ့ လုံလောက်တယ်လို့ကို မထင်တာ"

ကျိုးကျားရှောက ပြောလာသည်။
"ငါတို့ ပြတ်သွားပြီ"

ထုန်ရန့် အံ့ဩသွားရ၏။
"အယ်?"

"ပြတ်ပြီးတာတောင် အဲ့လို စာအများကြီး ပို့ကြသေးတယလား?" ထုန်ရန့် မေးလိုက်သည်။

ကျိုးကျားရှောက ​ဒေါသတကြီးဖြင့်
"ဟေး မင်း ဘာလို့ ပြတ်သွားလဲလို့ မေးသင့်တာမဟုတ်ဘူးလား"

ထုန်ရန့် : "ဘာလို့ ပြတ်သွားကြတာလဲ"

ကျိုးကျားရှောက ပြန်ဖြေသည်။
"ငါလည်းမသိဘူး!"

"ကောင်းပြီ"
များသောအားဖြင့် ကျိုးကျားရှောနှင့်သူသည် တွေ့တိုင်း မတည့်ကြသော်လည်း ဤသို့ အထုတ်ဖြည်ကြပြီးနောက် အချိန်တစ်ခုကြာကြောင် ထုန်ရန့် ဘာပြောရမှန်းမသိသောကြောင့် နှစ်သိမ့်ပေးလိုက်သည်။
"အရမ်းစိတ်မကောင်း မဖြစ်ပါနဲ့..အာ~"

ကျိုးကျားရှော : "မင်းအစ်ကိုကို ငါက မင်းကို သူ့အကြောင်း ပြောပြတယ်ဆိုတာ သွားမပြောနဲ့"

ထုန်ရန့် စိတ်ရင်းစိတ်မှန်ဖြင့် ဆိုလိုက်သည်။
"စိတ်မပူပါနဲ့ ငါနဲ့ငါ့အစ်ကိုဆို နှစ်ပတ်လောက်ရှိပြီ မတွေ့ရတာ။ ငါစာပို့ထားသမျှ တစ်ခုမှကို စာမပြန်သေးဘူး ခုထိ"

"သူ အရမ်းအလုပ်များနေလား" ကျိုးကျားရှောက ခပ်တောင့်တောင့်ဖြင့် မေးလာ၏။

ထုန်ရန့် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"များနေတယ်ထင်တာပဲ၊ အဖေပြောတာတော့ သူက...နေပါဦး ဘာပါလိမ့်..မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့တစ်ခုခုလုပ်နေတာတဲ့။ အလုပ်အရမ်းများနေလောက်တယ်"

ထုန်ရန့် ပြီးလျှင် ထုန်ရန်းအား ဖုန်းခေါ်ရန် စဉ်းစားထားသော်လည်း သူထိုစကားပြောနေစဉ်တွင် ကျိုးကျားရှော၏ ဖုန်းမှာ မကြာခဏအသံမြည်လာသည်။ ကျိုးကျားရှောက ဖုန်းဖွင့်ကြည့်လိုက်ပြီးနောက် တစ်ချက်ရယ်လိုက်ကာ ချက်ချင်း ပြန်တည်သွားပြန်သည်။

ထုန်ရန့် သူ့ကိုမေးလိုက်သည်။
"ဘာတွေရယ်နေတာလဲ"

ကျိုးကျားရှောက သူ့ကို မကြားချင်ယောင်ဆောင်ထားသောကြောင့် ထုန်ရန့် ဆက်ပြောလိုက်သည်။
"ငါ့ကိုလည်း ပြဦး"

ကျိုးကျား​​ရှောက ထုန်ရန့်အား ဖုန်းပစ်ပေးလိုက်သည်။ ထုန်ရန့် ကြည့်လိုက်သောအခါ ဟာသတစ်ခုမဟုတ်ပဲ လွနထခဲ့သည့် ဆယ်မိနစ်က ကျိုးကျားရှောနှင့် ထုန်ရန်းကြား အပြန်အလှန်အလှန်ပို့ထား​သော စာတိုများဖြစ်နေသည်။

ထုန်ရန်း - ဘာလုပ်နေလဲ

ကျိုးကျားရှော - ပါးစပ်ပိတ်ထား

ထုန်ရန်း - အိမ်ပြန်ရောက်ပြီလား? ဒီညထပ်တွေ့လို့ရလား?

ကျိုးကျားရှော - blockပစ်တော့မယ်

ထုန်ရန်း - စကားကောင်းကောင်းပြောစမ်း၊ မင်းကို သင်ပေးတဲ့လူ မရှိဘူးလား!

ကျိုးကျားရှော - ပိတ်ထား ပိတ်ထား ပိတ်ထား

ထုန်ရန်း - မင်းက မူလတန်းကလေးလား?

ကျိုး​ကျားရှော - မင်းကမှ မူလတန်းကလေး!

ထုန်ရန်း - မဟုတ်ဘူး မင်း!

ကျိုးကျားရှော - မဟုတ်ဘူး မင်းကမှ မူလတန်းကလေး!

ထုန်ရန်း - မဟုတ်ဘူး မင်း!

ဒီလို "မဟုတ်ဘူး မင်း၊ မဟုတ်ဘူး မင်း၊ မဟုတ်ဘူး မင်း" ဆိုသည့်စကားမှာ အကြိမ်ကြိမ် အပို့ခံထားရသည်။ ခုဏက ကျိုးကျားရှောနှင့် ထုန်ရန့် စကားပြောနေတုန်း ကျိုးကျားရှော၏ ဖုန်းမှ အဆက်မပြတ် အသံမြည်လာသည်မှာ ထုန်ရန်းက ကျိုးကျားရှောအား "ကျိုးကျားရှောက မူလတန်းကျောင်းသား" ဟူသည့် စာကြောင်းကို screen နှစ်ခုစာမျှ အပြည့်ပို့ထားသောကြောင့် ဖြစ်သည်။

သူတို့က ပြတ်သွားတာမဟုတ်ပဲ အီစီကလီရိုက်နေတာဖြစ်ကြောင်း ထုန်ရန့် နာူလည်လိုက်ရသည်။

ဒီလိုစဉ်းစားကြည့်တော့လည်း ကျိုးကျားရှောတွင် အချစ်ရေးနှင့်ပက်သက်ပြီး အတွေ့အကြုံရှိသည်။

ရုတ်တရက် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူပူပန်နေခဲ့သော ကိစ္စတစ်ခုကို ပြန်တွေးမိကာ သူ့ကို မေးကြည့်ရင် ကောင်းမလားဟု စဉ်းစားနေမိသည်။

"ငါ တစ်ခုမေးစရာရှိလို့". ထုန်ရန့် ပြောလိုက်သည်။
"ဒါပေမဲ့ မင်း အဲ့ဒါကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်"

ကျိုးကျားရှော : "ဘယ်တစ်ယောက်ကိုမှ ပြန်မပြောပြပါဘူး"

သူ့၏ အတင်းတုပ်မည့် မျက်နှာထားကို ကြည့်မိပြီး ထုန်ရန့် သိပ်တော့ မယုံပေ။ ကျိုးကျားရှောက ခပ်မြန်မြန်ပြောလာ၏။
"လာစမ်းပါကွာ ငါ့ကို အဲ့လို တိုးလိုးတန်းလန်းကြီး မထားခဲ့ပါနဲ့။ ငါက လျှို့ဝှက်ထားမယ်လို့ ပြောရင် တကယ် ဘယ်သူ့ကိုမှ မပြောပါဘူး"

မင်းအစ်ကို ကျိုးရှန့်မင်လေ..သူ့ရဲ့ အိမ်ထောင် မပြုဘူးဆိုလေ မင်းသိလား" ထုန်ရန့်က မေးလိုက်သည်။

ကျိုးကျားရှောက ခေါင်းညိတ်ပြလာပြီး
"ငါသိတယ်"

ထုန်ရန့်က တဖြည်းဖြည်းမေးလာ၏။
"ဒါဆို ဘာလို့ အဲ့လိုဖြစ်နေတာလဲ သိလားဟင်?"

ကျိုးကျားရှောက သူ့ကို အူလည်လည်ဖြင့် ကြည့်လာပြီး ပြောလာ၏။
"ငါလည်းမသိဘူးလေ..အိမ်ထောင်ပြုဖို့ စိတ်မဝင်စားတာ..သူမင်းကို အဲ့လိုပြောတာလား? ငါကတော့ သူ အမေတို့ကို သူတွဲဖက်ရှာမှာမဟုတ်ဘူး၊ လက်ထပ်မှာ မဟုတ်ဘူးလို့ ပြောတာပဲ သိတာ"

သူ "လက်ထပ်မှာမဟုတ်ဘူး" ဆိုသည့် စကားကို ပြောပြီးနောက် ထုန်ရန့်၏ အမူအရာ ပြောင်းလဲသွားသည်ကို ကျိုးကျားရှောမြင်လိုက်ရပြီး ခပ်မြန်မြန်ပြောလိုက်၏။
" မင်းတို့ တွဲနေကြတာမဟုတ်ဘူးလား? မင်းတို့က တူတူရှိနေကြတာလေ ဟုတ်တယ်မလား..အဲ့ဒါဆို သူက မင်းကိုဘာလို့ အဲ့လိုကြီးပြောရမှာလဲ?"

"ငါတို့ တူတူမနေခင်က သူပြောတာ". ထုန်ရန့် သူ့နှုတ်ခမ်းများကို ကိုက်လိုက်သည်။
"ငါနားမလည်ဘူး..သူက အခုထိတောင်မှ စိတ်မဝင်စားတာလည်းဖြစ်နိုင်သေးတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘက်က သူ့ကို စပြီးဖွင့်ပြောထားတာလေ..အဲ့ဒါကို သူဘယ်လိုတွေးသလဲ ငါလည်းမသိဘူ"

ထုန်ရန့်ကိုကြည့်ရသည်မှာ အလွန် ဖိစီးနေပုံပေါ်ပြီး ကျိုးရှန့်မင်တောင် သူ့အတွေးများကို နားမလည်နိုင်တော့ပေ။ သူဘယ်လိုများ ဖြေရှင်းပေးရမလဲ။  သူမဖျက်စီးမိရင်တောင်မှ ဒါက တော်တော်လေးကို ကံကောင်းတယ်လို့ ပြောလို့ရနေပြီ။

ဒီ့အပြင် သူက ကျိုးရှန့်မင်နှင့် အချိန်အများကြီး ကုန်ဆုံးဖူးသူမဟုတ်ချေ၊ ညီအစ်ကိုနှစ်ယောက် တူတူမကြီးပြင်းခဲ့ရသလို ကလေးဘဝက ပြင်းထန်သော ရန်ပွဲများကိုသာ အမှတ်ရ၏။ အသက်ကြီးလာတော့ မကြာခဏတွေ့ဖြစ်ကြသည်။ ဒါတောင်မှ လက်တောမှ မကြာမကြာတွေ့ဖြစ်ကြခြင်းဖြစ်၏။ သူ့အစ်ကိုနှင့်ပက်သက်ပြီး သူသိသည်မှာ ကျိုးရှန့်မင်၏ pheromoneမျာူပ ဖိနှိပ်နိုင်စွမ်းမြင့်ပြီး သူ့လက်သီးကတော်တော်ပြင်းသောကြောင့် သွားရှုပ်လို့မရဘူးဆိုတာပင်။ ကျိုးရှန့်မင်က ထုန်ရန့်အပေါ် ဘာလို့ အရမ်းကောင်းပေးနေသလဲဆိုတာလည်း သူနားမလည်ခဲ့သည့်အပြင် အရာအားလုံးက ပိုပြီးတော့ ရှုပ်ထွေးနေသည်။

ကျိုးကျားရှောက ပြောလိုက်သည်။
"မင်း သူဘာတွေးနေလဲ မသိရင် သူ့ကို ကိုယ်တိုင်သွားမေးလိုက်လေ။ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်မလား? မင်းက ဘယ်နှနှစ်ရှိနေပြီလဲ? မင်းလှေကားပေါ်တတ်သွားရင် ချော်လဲပြီး ပြုတ်ကျမှာစိုးလို့ သူက နောက်ကနေ မျက်လုံး ကျွတ်ကျမတက် ကြည့်နေတုန်း"

ထုန်ရန့် ချက်ချင်းပြောလိုက်သည်။
"ဒါပေါ့ ငါတို့ အရမ်းချစ်ကြတာလေ!"

"…" ကျိုးကျားရှောက ပြောလိုက်သည်။
"မျက်နှာပြောင်နေတာလား ညီလေး"

ထုန်ရန့် : "ကျန်သေးတယ်..ကျိုးရှန့်မင်က လွယ်လွယ်နဲ့ စိတ်ပြောင်းတတ်တဲ့လူမျိုးလား?"

"လုံးဝပဲ" ကျိုးကျားရှောက 'ဒီလောက်သိသာနေတာကို' ဟုပြောချင်သည့် လေသံဖြင့် ပြန်ဖြေလာ၏။
"သူက လွယ်လွယ်နဲ့ စိတ်ပြောင်းရုံတင်မဟုတ်ဘူး.. လုံးဝကို မပြောင်းတာ! pivot ကိုသိတယ်မလား? pivotကတောင် သူ့ထက် ပြောင်းလဲနိုင်ဦးမယ်"

ထုန်ရန့်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ကာ ခေတ္တကြာပြီးနောက် ပြောလာ၏။
"သိပြီ"

ညစာစားပြီးနောက် ထုန်ရန့်နှင့် ကျိုးရှန့်မင် ညမအိပ်ပဲ အိမ်ပြန်ခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် နှင်းကျလာပြီဖြစ်ရာ မနေ့ကကျထားသော နှင်းများက လမ်းဘေးနှင့် အဝေးမှ တောင်တန်းများပေါ်တွင် အရည်မပျော်ကြသေးပဲ လမ်းမီးရောင်အောက်၌ တောက်ပသော အဖြူရောင်မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

ကားပြတင်းပေါက်မှတဆင့် လေအေးအေးကို ခံစား၍ရနိုင်သည်။ ညစာစားနေစဥ်က ထုန်ရန့် အကြောင်းအရာတော်တော်များများကို စဉ်းစားနေမိခဲ့ပြီး သေချာ ဂရုတစိုက်မစားမိခဲ့ချေ။ ထို့အပြင် အိမ်အပြင်ထွက်စဉ်က လေအေးတိုက်နေသောကြောင့် အိမ်ပြန်ရာကားပေါ်၌ သူ့ဝမ်းဗိုက်ကနာကျင်လာ၏။

ကျိုးရှန့်မင်က သူစကားမပြောပဲ ငြိမ်ငြိမ်လေးမှီနေရင်း တစ်ချက်တစ်ချက် ညည်းညူသံကိုကြားသောအခါ မသက်မသာဖြင့် ခေါ်လာ၏။
"ထုန်ထုန်?"

ထုန်ရန့် ထူးလိုက်ပြီး ကျိုးရှန့်မင်က မေးလာသည်။
"ဘာဖြစ်လို့လဲ"

ထုန်ရန့် ခေါင်းခါလိုက်ကာ
"ဗိုက်နည်းနည်းအောင့်နေလို့..ခုနက အစားများသွားလို့ဖြစ်မယ်"

ကျိုးရှန့်မင်က သူနားတိုးလာပြီး ဗိုက်ကိုကိုင်ထားသော ထုန်ရန့်၏လက်ပေါ်သို ထပ်ကိုင်လိုက်ပြီး
"ဘယ်ဘက်က အောင့်တာလဲ"

"ရပါတယ်" ထုန်ရန့်က ခေါင်းခါလိုက်သည်။ ကျိုးရှန့်မင် ကားထဲမှ overhead lightကို ဖွင့်လိုက်သော် ထုန်ရန့်၏ ဖျော့တော့သော မျက်နှာကို မြင်လိုက်ရသည်။

ထုန်ရန့်၏မျက်နှာကို မြင်ပြီးနောက် ကျိုးရှန့်မင် ထုန်ရန့်၏ "ဘာမှမဖြစ်ပါဘူး " ဆိုသည့်စကားကိုနားမထောင်တော့ချေ။ ချက်ချင်း ကား ဒရိုက်ဘာကို ဆေးရုံဆီသို့ ဦးတည်ခိုင်းလိုက်သည်။

ဆရာဝန်က စစ်ဆေးပြီးနောက် တကယ်ကို ဘာမှ အထူးတလည်ဖြစ်တာမျိုးမဟုတ်ချေ။ ရေအနည်းငယ်သောက်ရုံနှင့်တောင်မှ ပေါက်ကွဲတော့မတက် မခံစားရစေရန် အစာကြေဆေးနှစ်မျိုး ပေးလိုက်သည်။ ထို့နောက် မအိပ်ခင် လမ်းလျှောက်ပေးလျှင် ကောင်းကြောင်းလည်း မှာလိုက်သည်။

ဒါက သူနှင့် ကျိုးရှန့်မင် အသေးအဖွဲကိစ္စဖြင့် ဆေးရုံကိုရောက်တာ ဒုတိယအကြိမ်မြောက်ဟု ထုန်ရန့် ရုတ်တရက် သတိရလိုက်သည်။
အရင်တစ်ခေါက်ကတော့estrusနှင့်ပက်သက်သော အကြောက်တရားကြောင့်ဖြစ်ပြီး သတင်းစာများ၏ ခေါင်းစီးတွင် နှစ်ရက်သုံးရက်မျှနေရာ ယူသွားသေးသည်။

ထိုသို့စဉ်းစားမိရာ ထုန်ရန့် ရယ်လိုက်မိ၏။ ကျိုးရှန့်မင်က မေးလာသည်။
"စိတ်ကြည်သွားပြီလား"

ထုန်ရန့် သူခုလေးတင်သောက်ပြီးသော အစာကြေဆေးဘူးကို ဖက်ထားလိုက်ကာ
"ကျွန်တော် စိတ်မကြည်မလင် မဖြစ်နေပါဘူးနော်~"

ကျိုးရှန့်မင်က သူ့ကို ကြည့်လာပြီး
"တကယ်လား?"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထုန်ရန့်က ပြောလာသည်။
"တစ်ခုခုစဉ်းစားနေတာ"

ကျိုးရှန့်မင်: "ကိုယ့်ကို ပြောပြလို့ရမလား"

ထုန်ရန့် သူ့ကိုကြည့်လိုက်ပြီး မရှင်းပြပဲ လက်အရင်ဆန့်တန်းလိုက်ကာ
"ဖက်ပေး"

ကျိုးရှန့်မင် ရှေ့သို့ ကိုင်းလိုက်ကာ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ထုန်ရန့် သူ့မေးစေ့ကို ကျိုးရှန့်မင်၏ ပုခုံးပေါ်တွင် တင်ထားလိုက်ပြီး ခဏကြာသော် မေးလာ၏။
"အိမ်ပြန်ရောက်ရင်ရော ဖက်ပေးမလား?"

ဝမ်းဗိုက်က သိပ်မသက်သာသေးလို့ထင်သည်။ ထုန်ရန့်က ဖျော့တော့စွာပြောလာ၏။ သို့​​သော် ဤသို့ ခပ်ဆိုးဆိုး အမူအရာလေးက လူတိုင်း၏ နှလုံးသားကို အရည်ပျော်ကျနိုင်စေရန် လုံလောက်ပေသည်။ ကျိုးရှန့်မင် ထုန်ရန့်၏ကျောကို ပွတ်ပေးလိုက်ရင်း
"ရတာပေါ့..အခန်းထဲထိ ချီသွားပေးမယ်"

"ကျွန်တော်ရေချိုးရဦးမယ်" ထုန်ရန့်က ပြောလာ၏။ "ရေမချိုးရသေးဘူး"

နှစ်ဦးသား ဟိုဟိုဒီဒီ စကားဆက်ပြောကြသော်လည်း ထုန်ရန့်က သူဘာတွေးနေခဲ့သလဲဆိုတာ မပြောပြခဲ့ပေ။ အိမ်ပြန်ရောက်သော် ကျိုးရှန့်မင်က တကယ် သူ့အား အပေါ်ထပ်ရှိ အခန်းရှိရာအထိ ချီသွားခဲ့ပါသည်။ ထုန်ရန့်က ကျိုးရှန့်မင်၏ လည်ပင်းကို ဖက်တွယ်ထားလိုက်ပြီး ပြောလိုက်သည်။
"အစ်ကို့အမေအိမ်က ဒရိုက်ဘာ ကျွန်တော်တို့ကို မြင်သွားပြီ"

ကျိုးရှန့်မင် : "ကိစ္စမရှိဘူး"

"သူက အစ်ကို့အမေကိုပြောရင် ဘယ်လိုလုပ်မလဲ"

"ထုန်ရန့်က နဂိုတည်းက ဤမေးခွန်းကို မေးရန် စီစဉ်ထားပြီးဖြစ်ကာ သဘာဝကျစေရန် ကြိုးစားလိုက်သည်။ ကျိုးရှန့်မင်က ဂရုမစိုက်သလိုပြန်ဖြေလာသောကြောင့် သူအောင်မြင်သွားသည်ဟု ထင်ရပေသည်။
"ဘာဖြစ်လဲ? ရှက်လို့လား"

ကျိုးရှန့်မင်က ထုန်ရန့်၏ ချီတုံချတုံဖြစ်နေမှုကို ရိပ်မိနေပုံပေါ်၏။ သူက ထုန်ရန့်ကို အိပ်ရာအထိ ခေါ်သွားကာ အိပ်ရာပေါ်တွင်ချလိုက်ပြီး သူကတော့ ထုန်ရန့်၏ ခြေထောက်နှစ်ချောင်းကြားတွင် နေရာယူလိုက်ကာ အုပ်မိုးလိုက်သည်။ ထို့နောက် မော့ကြည့်လိုက်ပြီး
"ထုန်ထုန်.. မင်းဘာပြောချင်လို့လဲ"

ထုန်ရန့်က သူ၏ နူးညံ့​သော မျက်နှာထားကိုကြည့်ပြီး ကျိုးကျားရှောရှေ့တွင် မရှိခဲ့သော သတ္တိများ အခုမှ ထွက်လာရကာ
"ကျွန်တော်တို့ နှစ်ဖက်မိဘတွေကို ပြောပြလို့ရလား? ကျွန်တော့ အဖေရယ် အစ်ကိုရယ်၊ပြီးတော့ အစ်ကို့မိဘတွေရယ်ကို ကျွန်တော်တို့ တွဲနေတဲ့အကြောင်း ပြောလို့ရလား"

ကျိုးရှန့်မင်က ပြုံးလိုက်ကာ
"ရတာပေါ့ မင်းက ပြောချင်လို့လား"

"ပြောချင်တယ်" ထုန်ရန့် ခေါင်းညိတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာ၏။
"ဒီအပတ် ကျွန်​တော် အိမ်ပြန်မှာ၊ အဖေကလည်း အစ်ကိုနဲ့ တွေ့ချင်နေတာ..အဲ့ဒါ ပြောချင်လို့"

"ဒါဆို ဘာလို့ ကိုယ့်ကို မပြောရတာလဲ" ကျိုးရှန့်မင်က သူ့မိသားစုက သိပြီးသားစူသည့်အချက်ကို ထည့်မပြောတော့ပေ။ ထုန်ရန့်၏ခါးပေါ်တွင် လက်တင်ထားလိုက်ပြီး ထုန်ရန့်ကလည်း ကျိုးရှန့်မင်၏ ပုခုံးပေါ်တွင် လက်တင်လာသည်။

သူတို့၏ အကွာအဝေးမှာ အလွန်ရင်းနှီးနေပုံပေါ်ပြီး ထုန်ရန့်က ကျိုးရှန့်မင်အား ကြည့်ကာ
"ဘာလို့လဲဆိုတော့..ဘာလို့လဲဆိုတော့ အစ်ကိုက ပြောချင်ပါ့မလားဆိုတာ ကျွန်တော်မှ မသိတာ။ အစက အစ်ကို ပြောဖူးတယ်လေ။ တစ်ယောက်တည်းနေရတာကိုပဲသဘောကျပြီး အိမ်ထောင်ရေးတွေ အချစ်ရေးတွေ စိတ်မဝင်စားဘူးလို့..အဲ့တော့ကျွန်တော်က မပြောသင့်ဘူးလို့ ထင်လို့.."

ထုန်ရန့်၏ တွေဝေပြီး မသက်မသာဖြစ်နေသော အမူအရာက ကျိုးရှန့်မင်အား အပြစ်မကင်းသလိုဖြစ်စေသည်။

ထုန်ရန့်က ဤမျှ စိတ်ရှုပ်နေကြောင်း သူသတိမထားမိခဲ့ပေ။ စောစောစီးစီးတည်းက သူဤသို့သော စိတ်ရှုပ်စရာတွေကို ဖယ်ရှားပေးခဲ့ရမှာဖြစ်သည်။ ထုန်ရန့်က သူ့ကို အကြောင်းအရင်းမရှိ လွတ်လွတ်ကင်းကင်းချစ်ပေးနေသလိုမျိုး အစောကြီးတည်းက သူထုန်ရန့်ကို ဘယ်လောက်ချစ်သလဲ ပြသပေးခဲ့သင့်တာ…။

ဖုံးကွယ်ထားသောအချစ်မှာ ဂုဏ်ယူစရာမဟူတ်ချေ။ အချစ်ဟာ အလွန်လှပသောကြောင့် ပိတ်ဆို့ထားရန်မဖြစ်နိုင်သလို အလွန်လည်း ပြင်းထန်ပေသည်။ လွဲမှားခဲ့သောအချစ်အတွက်လည်း ထပ်တူပင်ဖြစ်သည်။ ကျိုးရှန့်မင်၏ အမြင်တွင် အချိန်မှန်၌သာ အချသ်ရှိမနေလျှင် ထိုအချစ်မှာ သုညနှင့် မထူးမခြားနားပင်ဖြစ်သည်။

ကျိုးရှန့်မင်က ထိုအရာများကို နားလည်သည်ဟု သူ့ကိုယ်သူထင်ခဲ့သော်လည်း အမှားတစ်ခုတည်းကိုသာ ထပ်လုပ်မိခဲ့ပြန်သည်။

"ကိုယ်တောင်းပန်ပါတယ်" ကျိုးရှန့်မင်က ပြောလိုက်သည်။
"စောစောတည်းက ကိုယ်ရှင်းပြလိုက်ရမှာ..အခုတော့ မင်းကိုအဆင်မပြေဖြစ်စေမိပြီ"

ထုန်ရန့်က ချက်ချင်းပြန်ပြောလာ၏။
"ကျွန်တော် အဆင်မပြေမဖြစ်ပါဘူး၊ ဒီတိုင်း..ဒီတိုင်း အစ်ကို့ကို အဆင်မပြေမဖြစ်စေချင်လို့ပါ။ အစ်ကို့ကို ပျော်စေချင်လို့။ ကျွန်တော် အစ်ကို့ကို ချစ်တယ်..ပျော်ရဲ့လား"

"ချစ်တယ်"ဟု ပြောပြီးနောက် ထုန်ရန့်၏ ဖျော့တော့သော မျက်နှာမှာ ရဲလာရပြီး ထပ်မံ ရှက်သွားပုံမှာ ရိုးရိုးကြည့်လျှင်တောင် သိသာပေသည်။

ကျိုးရှန့်မင်မှာ ထိုစကားသုံးလုံးကြောင့် နှလုံးသားကို တိုက်ရိုက်ထိသွားရပြီး အံ့ဩသွားကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ပျော်လား ဟုတ်လား? ဒါပေါ့ ကိုယ်ပျော်တာပေါ့။ ကိုယ်အရမ်းပျော်တာပေါ့"

(T/N- စကားသုံးလုံးကြောင့် ဆိုတာ တရုတ်လိုဆို 我爱你 - wo ai ni သုံးလုံးတည်းမို့လို့ပါ။ မြန်မာလိုပြန်လိုက်တော့ ခုနစ်လုံးဖြစ်သွားပါတယ်😹)

ထုန်ရန့်လည်း လိုက်ရယ်လိုက်သည်။ ထုန်ရန့်ကို နှစ်သိမ့်ရန်မှာလွယ်ကူလှသည်။ ပို၍ တိတိကျကျပြောရလျှင် ကျိုးရှန့်မင်ကသာ ထုန်ရန့်ကို အလွယ်တကူ နှစ်သိမ့်ပေးနိုင်သည်။

ထုန်ရန့်ပြုံးလိုက်လျှင် မျက်လုံးလေးများပါ လိုက်ကွေးသွားသည်။ သူက ခေါင်းငုံ့လိုက်ကာ ကျိုးရှန့်မင်နှင့် နှဖူးချင်းတိုက်နေရင်း တမင်တကာ ဆက်မေးလာ၏။
"ဒါဆို တစ်ယောက်တည်းနေရတာ သဘောကျသေးလား"

ကျိုးရှန့်မင်က ထုန်ရန့်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ
"ကိုယ်က မင်းနဲ့ တူတူရှိနေရတာကို သဘောကျတာ"

"နှစ်ယောက်တစ်ကမ္ဘာ"
ထုန်ရန့် ခပ်ပြောင်ပြောင်ဖြင့် ပြောလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ်ထပ်ပြောလာ၏။
"ကျိုးရှန့်မင် ကျွန်တော် ခင်ဗျားကို တကယ် တကာ် အရမ်းချစ်တယ်"

ကျိုးရှန့်မင်မှာ ထုန်ရန့်၏ အချစ်စကားချိုချိုလေးများနှင့် ချိုမြန်သော pheromoneများဖြင့် လွှမ်းမိုးခံထားလိုက်ရကာ နောက်ဆုံးတွင်တော့ သည်းခံနိုင်မှု၏ နောက်ဆုံးသော အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်ရာ ထလိုက်ပြီး ထုန်ရန့်အား နမ်းရှိုက်တော့သည်။

-
T/N - စာပြန်မစစ်ရသေးဘူး🥺

•°•°•°•°•°•

(Zawgyi)

"ဘယ္လိုေနလဲ" က်ိဳးရွန႔္မင္၏ လက္ကိုဆြဲၿပီး တင္ပါးကို ကိုင္ခိုင္းလိုက္ၿပီးေနာက္ ထုန္ရန႔္ က်ိဳးရွန႔္မင္၏ အကဲျဖတ္မႈကိုေမးလိုက္သည္။

က်ိဳးရွန႔္မင္ ထလိုက္ၿပီး ထုန္ရန႔္လက္ထဲမွ သူ႔လက္မ်ားကို ျပန္ဆြဲလိုက္သည္။ လင္ယြဲ႕ဟြာ သူ႔ကို အေပၚသို႔ လႊတ္လိုက္သည့္ အေၾကာင္းအရာကိုေတာင္ မမွတ္မိႏိုင္ေတာ့ပါေခ်။ ထုန္ရန႔္က ေခါင္းမာမာျဖင့္ ဆက္ေမး၏။
"ဟယ္လို?? ဘယ္လိုေနလဲလို႔!"

က်ိဳးရွန႔္မင္ : "အသား..ရွိသားပဲ"

ထုန္ရန႔္လည္း အနည္းငယ္ ရွက္သြားၿပီး ေလသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
"ၾကည့္ပါလား..ရွိတယ္လို႔ ေျပာသားပဲ.."

က်ိဳးရွန႔္မင္ : "ေအာက္ဆင္းၿပီး ထမင္းသြားစားရေအာင္"

ထုန္ရန႔္က မသက္မသာျဖင့္
"အန္တီ လုပ္ခိုင္းလိုက္တဲ့ ကိစၥေရာ.."

သူ က်ိဳးရွန႔္မင္ကို ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ၾကည့္လိုက္သည္။ က်ိဳးရွန႔္မင္က ေျပာလာ၏။
"မင္း အဝတ္ ထပ္ဝတ္ၿပီးၿပီလို႔ ကိုယ္ေျပာလိုက္မယ္ "

အိမ္အတြင္းပိုင္းရွိ အပူခ်ိန္မွာ ေတာ္ေတာ္ေလးကို ေႏြးေနေသာေၾကာင့္ အိမ္ထဲကိုဝင္ၿပီးေနာက္ လူအားလုံး အက်ႌလဲၾကရသည့္အျပင္  အိမ္ထဲတြင္ေတာ့ အဝတ္ထူထူဝတ္ရန္ မလိုေသးေပ။ က်ိဳးရွန႔္မင္၏ ႏွလုံးခုန္ႏႈန္းက မၿငိမ္မသက္ျဖစ္ေနၿပီး ဤဆယ္ေက်ာ္သက္ေကာင္ေလးကို ပညာေပးရန္ေတြးထားသည္မ်ားလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္ကာ အိမ္ျပန္ေရာက္မွ ျပန္ေဆြးေႏြးရမည္ဟု မွတ္ထားလိုက္ေတာ့သည္။

သို႔ေသာ္ သူတို႔ အခန္းတံခါး ဖြင့္လိုက္ေသာအခါ တံခါးေပၚ၌ လက္႐ြယ္ကာ တံခါးေခါက္ဟန္ ျပင္ေနေသာ က်ိဳးက်ားေရွာကို ေတြ႕လိုက္ရသည္။ ထုန္ရန႔္က လန႔္သြားၿပီး
"ဒီကို ဘာလာလုပ္တာလဲ!"

က်ိဳးက်ားေရွာ : "႐ိုင္းလိုက္တာေနာ္"

ထုန္ရန႔္ သူ႔ေမးခြန္းကို ျပန္ျပင္လိုက္သည္။
"အိပ္ခန္းတံခါးေရွ႕မွာ ဘာလို႔ေရာက္ေနတာလဲ"

"…" က်ိဳးက်ားေရွာက သူသယ္လာသည့္ အဝတ္အခ်ိဳ႕ကို ထုန္ရန႔္ကို ထိုးေပးလိုက္ရင္းျဖင့္
"အေမက မင္းတို႔ကို အေပၚတက္ၿပီး အဝတ္နည္းနည္းထပ္ဝတ္ခိုင္းတယ္ေလ၊ ဒါေပမဲ့ ငါ့အစ္ကိုမွာ မင္းဝတ္လို႔ရတဲ့ အဝတ္ရွိမွာမို႔လို႔လား?"

ထုန္ရန႔္ ျငင္းပယ္လိုက္၏။
"ေက်းဇူးပဲ ဒါေပမဲ့ မလိုေတာ့ဘူး..ေက်းဇူး"

ထုန္ရန႔္ က်ိဳးရွန႔္မင္၏လက္ေမာင္းကို တိတ္တဆိတ္ဆြဲလိုက္သည္။ ထိုအခါ က်ိဳးရွန႔္မင္က ေျပာလာ၏။
"အင္း..ဟုတ္တယ္ ေက်းဇူးပဲ၊ ဒါေပမဲ့ မလိုေတာ့ဘူး"

က်ိဳးက်ားေရွာက သူ႔ကို သကၤာမကင္းၾကည့္ကာ
"မင္းက ငါ့အစ္ကိုရဲ႕ အဝတ္ေတြနဲ႔ေတာ္တယ္?"

ထုန္ရန႔္ : "ဘာလို႔မေတာ္ရမွာလဲ? အစ္ကိုရွန႔္မင္ထက္ ငါက နည္းနည္းေလးပဲ ခႏၶာကိုယ္ေသးတာ"

သူ က်ိဳးရွန႔္မင္၏ လက္ေမာင္းကို တစ္ခ်က္ဆြဲလိုက္ျပန္သည္။ ထိုအခါ က်ိဳးရွန႔္မင္က ထပ္ေျပာလာ၏။
"အင္း ေတာ္ေတာ္ေလးကို ေသးတာ"

ထုန္ရန႔္ အနည္းငယ္ စိတ္ပ်က္သြားရကာ ေရွ႕မွ လမ္းေလွ်ာက္ ထြက္သြားလိုက္၏။ က်ိဳးရွန႔္မင္က သူ႔ေနာက္မွ လိုက္လာကာ က်ိဳးက်ားေရွာအား အခန္းေပါက္ဝ၌ ဒီတိုင္းထားခဲ့လိုက္သည္။

ညစာမစားခင္ က်ိဳးက်ားေရွာ ထုန္ရန႔္ ေဘးနား သြားထိုင္လိုက္ၿပီး
"မင္း အခုထိ အဝတ္ထပ္မဝတ္ရေသးဘူးမလား..မင္းရဲ႕ က်ိဳးရွန႔္မင္ကို ဒီထက္ပိုၿပီး ေကာင္းေကာင္းေလး ဖုံးခိုင္းလိုက္ပါဦး။ ငါ့ကို ငတုံးမ်ားမွတ္ေနလား"

ထုန္ရန႔္ ခပ္ျမန္ျမန္ သရဲကား လိုင္းကိုေျပာင္းရင္း​ျဖင့္ ေျပာလိုက္သည္။
"အမေလး...ငါလည္း တစ္ခါမွ အဲ့လိုမေျပာဖူးပါဘူး"

ထိုစကားၾကားေသာအခါ က်ိဳးက်ားေရွာက မ်က္လုံးလွန္ျပလိုက္သည္။
"မင္း ငါ့အစ္ကိုေရွ႕မွာ ဘယ္ေလာက္ေတာင္ အျပစ္ကင္း ႐ိုးသားဟန္ေဆာင္ထားလည္း ငါသတိထားမိသားပဲ"

"ဘယ္တုန္းကလဲ?" ထုန္ရန႔္ ေမးလိုက္သည္။
"အခ်ိန္သင့္ အခါသင့္ဆို ငါလည္း အစ္ကိုရွန႔္မင္ရဲ႕ အမွားေတြ ေထာက္ျပတာပဲ"

က်ိဳးရွန႔္မင္က လင္ယြဲ႕ဟြာအား ကူညီရန္ မီးဖိုခန္းထဲတြင္ျဖစ္ရာ ႏွစ္ဦးမွာ ေစာင့္ရင္း ပ်င္းလာၾကေသာေၾကာင့္ ႏွစ္ဦးလုံး စိတ္ေလ်ာ့လိုက္ၾကေတာ့သည္။ က်ိဳးက်ားေရွာက ေခါင္းကို ငုံ႔ကာ တစ္စုံတစ္ဦးထံသို႔ အဆက္မျပတ္စာတိုမ်ား ေပးပို႔ေနသည္။ ထုန္ရန႔္ သရဲကားေရာ ဒရာမာပါ ရွာမေတြ႕ေသာေၾကာင့္ က်ိဳးက်ားေရွာကို လွမ္းေမးလိုက္သည္။
"ဘယ္သူ႔ကို စာပို႔ေနတာလဲ"

အစက က်ိဳးက်ားေရွာ မေျပာျပေသာ္လည္း တစ္ခဏၾကာၿပီးမွ ေျပာလာ၏။
"ထုန္ရန္းကို"

"ဘာလို႔ စာပို႔ေနၾကလဲ..အျပင္မွာ သြားေတြ႕ၾကပါလား" ထုန္ရန႔္ နားမလည္ႏိုင္ေပ။
"ခ်ိန္းေတြ႕တာ မေကာင္းလို႔လား? ငါတို႔ဆို ေန႔တိုင္း တူတူေနေနရတာပဲ ဒါေပမဲ့ လုံေလာက္တယ္လို႔ကို မထင္တာ"

က်ိဳးက်ားေရွာက ေျပာလာသည္။
"ငါတို႔ ျပတ္သြားၿပီ"

ထုန္ရန႔္ အံ့ဩသြားရ၏။
"အယ္?"

"ျပတ္ၿပီးတာေတာင္ အဲ့လို စာအမ်ားႀကီး ပို႔ၾကေသးတယလား?" ထုန္ရန႔္ ေမးလိုက္သည္။

က်ိဳးက်ားေရွာက ​ေဒါသတႀကီးျဖင့္
"ေဟး မင္း ဘာလို႔ ျပတ္သြားလဲလို႔ ေမးသင့္တာမဟုတ္ဘူးလား"

ထုန္ရန႔္ : "ဘာလို႔ ျပတ္သြားၾကတာလဲ"

က်ိဳးက်ားေရွာက ျပန္ေျဖသည္။
"ငါလည္းမသိဘူး!"

"ေကာင္းၿပီ"
မ်ားေသာအားျဖင့္ က်ိဳးက်ားေရွာႏွင့္သူသည္ ေတြ႕တိုင္း မတည့္ၾကေသာ္လည္း ဤသို႔ အထုတ္ျဖည္ၾကၿပီးေနာက္ အခ်ိန္တစ္ခုၾကာေၾကာင္ ထုန္ရန႔္ ဘာေျပာရမွန္းမသိေသာေၾကာင့္ ႏွစ္သိမ့္ေပးလိုက္သည္။
"အရမ္းစိတ္မေကာင္း မျဖစ္ပါနဲ႔..အာ~"

က်ိဳးက်ားေရွာ : "မင္းအစ္ကိုကို ငါက မင္းကို သူ႔အေၾကာင္း ေျပာျပတယ္ဆိုတာ သြားမေျပာနဲ႔"

ထုန္ရန႔္ စိတ္ရင္းစိတ္မွန္ျဖင့္ ဆိုလိုက္သည္။
"စိတ္မပူပါနဲ႔ ငါနဲ႔ငါ့အစ္ကိုဆို ႏွစ္ပတ္ေလာက္ရွိၿပီ မေတြ႕ရတာ။ ငါစာပို႔ထားသမွ် တစ္ခုမွကို စာမျပန္ေသးဘူး ခုထိ"

"သူ အရမ္းအလုပ္မ်ားေနလား" က်ိဳးက်ားေရွာက ခပ္ေတာင့္ေတာင့္ျဖင့္ ေမးလာ၏။

ထုန္ရန႔္ စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။
"မ်ားေနတယ္ထင္တာပဲ၊ အေဖေျပာတာေတာ့ သူက...ေနပါဦး ဘာပါလိမ့္..မမွတ္မိေတာ့ဘူး။ ဘာပဲျဖစ္ျဖစ္ အဲ့တစ္ခုခုလုပ္ေနတာတဲ့။ အလုပ္အရမ္းမ်ားေနေလာက္တယ္"

ထုန္ရန႔္ ၿပီးလွ်င္ ထုန္ရန္းအား ဖုန္းေခၚရန္ စဥ္းစားထားေသာ္လည္း သူထိုစကားေျပာေနစဥ္တြင္ က်ိဳးက်ားေရွာ၏ ဖုန္းမွာ မၾကာခဏအသံျမည္လာသည္။ က်ိဳးက်ားေရွာက ဖုန္းဖြင့္ၾကည့္လိုက္ၿပီးေနာက္ တစ္ခ်က္ရယ္လိုက္ကာ ခ်က္ခ်င္း ျပန္တည္သြားျပန္သည္။

ထုန္ရန႔္ သူ႔ကိုေမးလိုက္သည္။
"ဘာေတြရယ္ေနတာလဲ"

က်ိဳးက်ားေရွာက သူ႔ကို မၾကားခ်င္ေယာင္ေဆာင္ထားေသာေၾကာင့္ ထုန္ရန႔္ ဆက္ေျပာလိုက္သည္။
"ငါ့ကိုလည္း ျပဦး"

က်ိဳးက်ား​​ေရွာက ထုန္ရန႔္အား ဖုန္းပစ္ေပးလိုက္သည္။ ထုန္ရန႔္ ၾကည့္လိုက္ေသာအခါ ဟာသတစ္ခုမဟုတ္ပဲ လြနထခဲ့သည့္ ဆယ္မိနစ္က က်ိဳးက်ားေရွာႏွင့္ ထုန္ရန္းၾကား အျပန္အလွန္အလွန္ပို႔ထား​ေသာ စာတိုမ်ားျဖစ္ေနသည္။

ထုန္ရန္း - ဘာလုပ္ေနလဲ

က်ိဳးက်ားေရွာ - ပါးစပ္ပိတ္ထား

ထုန္ရန္း - အိမ္ျပန္ေရာက္ၿပီလား? ဒီညထပ္ေတြ႕လို႔ရလား?

က်ိဳးက်ားေရွာ - blockပစ္ေတာ့မယ္

ထုန္ရန္း - စကားေကာင္းေကာင္းေျပာစမ္း၊ မင္းကို သင္ေပးတဲ့လူ မရွိဘူးလား!

က်ိဳးက်ားေရွာ - ပိတ္ထား ပိတ္ထား ပိတ္ထား

ထုန္ရန္း - မင္းက မူလတန္းကေလးလား?

က်ိဳး​က်ားေရွာ - မင္းကမွ မူလတန္းကေလး!

ထုန္ရန္း - မဟုတ္ဘူး မင္း!

က်ိဳးက်ားေရွာ - မဟုတ္ဘူး မင္းကမွ မူလတန္းကေလး!

ထုန္ရန္း - မဟုတ္ဘူး မင္း!

ဒီလို "မဟုတ္ဘူး မင္း၊ မဟုတ္ဘူး မင္း၊ မဟုတ္ဘူး မင္း" ဆိုသည့္စကားမွာ အႀကိမ္ႀကိမ္ အပို႔ခံထားရသည္။ ခုဏက က်ိဳးက်ားေရွာႏွင့္ ထုန္ရန္႔ စကားေျပာေနတုန္း က်ိဳးက်ားေရွာ၏ ဖုန္းမွ အဆက္မျပတ္ အသံျမည္လာသည္မွာ ထုန္ရန္းက က်ိဳးက်ားေရွာအား "က်ိဳးက်ားေရွာက မူလတန္းေက်ာင္းသား" ဟူသည့္ စာေၾကာင္းကို screen ႏွစ္ခုစာမွ် အျပည့္ပို႔ထားေသာေၾကာင့္ ျဖစ္သည္။

သူတို႔က ျပတ္သြားတာမဟုတ္ပဲ အီစီကလီ႐ိုက္ေနတာျဖစ္ေၾကာင္း ထုန္ရန႔္ နာူလည္လိုက္ရသည္။

ဒီလိုစဥ္းစားၾကည့္ေတာ့လည္း က်ိဳးက်ားေရွာတြင္ အခ်စ္ေရးႏွင့္ပက္သက္ၿပီး အေတြ႕အႀကဳံရွိသည္။

႐ုတ္တရက္ လြန္ခဲ့သည့္ ရက္အနည္းငယ္အတြင္း သူပူပန္ေနခဲ့ေသာ ကိစၥတစ္ခုကို ျပန္ေတြးမိကာ သူ႔ကို ေမးၾကည့္ရင္ ေကာင္းမလားဟု စဥ္းစားေနမိသည္။

"ငါ တစ္ခုေမးစရာရွိလို႔". ထုန္ရန႔္ ေျပာလိုက္သည္။
"ဒါေပမဲ့ မင္း အဲ့ဒါကို ဘယ္သူ႔ကိုမွ မေျပာျပနဲ႔ေနာ္"

က်ိဳးက်ားေရွာ : "ဘယ္တစ္ေယာက္ကိုမွ ျပန္မေျပာျပပါဘူး"

သူ႔၏ အတင္းတုပ္မည့္ မ်က္ႏွာထားကို ၾကည့္မိၿပီး ထုန္ရန႔္ သိပ္ေတာ့ မယုံေပ။ က်ိဳးက်ားေရွာက ခပ္ျမန္ျမန္ေျပာလာ၏။
"လာစမ္းပါကြာ ငါ့ကို အဲ့လို တိုးလိုးတန္းလန္းႀကီး မထားခဲ့ပါနဲ႔။ ငါက လွ်ိဳ႕ဝွက္ထားမယ္လို႔ ေျပာရင္ တကယ္ ဘယ္သူ႔ကိုမွ မေျပာပါဘူး"

မင္းအစ္ကို က်ိဳးရွန႔္မင္ေလ..သူ႔ရဲ႕ အိမ္ေထာင္ မျပဳဘူးဆိုေလ မင္းသိလား" ထုန္ရန႔္က ေမးလိုက္သည္။

က်ိဳးက်ားေရွာက ေခါင္းညိတ္ျပလာၿပီး
"ငါသိတယ္"

ထုန္ရန႔္က တျဖည္းျဖည္းေမးလာ၏။
"ဒါဆို ဘာလို႔ အဲ့လိုျဖစ္ေနတာလဲ သိလားဟင္?"

က်ိဳးက်ားေရွာက သူ႔ကို အူလည္လည္ျဖင့္ ၾကည့္လာၿပီး ေျပာလာ၏။
"ငါလည္းမသိဘူးေလ..အိမ္ေထာင္ျပဳဖို႔ စိတ္မဝင္စားတာ..သူမင္းကို အဲ့လိုေျပာတာလား? ငါကေတာ့ သူ အေမတို႔ကို သူတြဲဖက္ရွာမွာမဟုတ္ဘူး၊ လက္ထပ္မွာ မဟုတ္ဘူးလို႔ ေျပာတာပဲ သိတာ"

သူ "လက္ထပ္မွာမဟုတ္ဘူး" ဆိုသည့္ စကားကို ေျပာၿပီးေနာက္ ထုန္ရန႔္၏ အမူအရာ ေျပာင္းလဲသြားသည္ကို က်ိဳးက်ားေရွာျမင္လိုက္ရၿပီး ခပ္ျမန္ျမန္ေျပာလိုက္၏။
" မင္းတို႔ တြဲေနၾကတာမဟုတ္ဘူးလား? မင္းတို႔က တူတူရွိေနၾကတာေလ ဟုတ္တယ္မလား..အဲ့ဒါဆို သူက မင္းကိုဘာလို႔ အဲ့လိုႀကီးေျပာရမွာလဲ?"

"ငါတို႔ တူတူမေနခင္က သူေျပာတာ". ထုန္ရန႔္ သူ႔ႏႈတ္ခမ္းမ်ားကို ကိုက္လိုက္သည္။
"ငါနားမလည္ဘူး..သူက အခုထိေတာင္မွ စိတ္မဝင္စားတာလည္းျဖစ္ႏိုင္ေသးတာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ့ဘက္က သူ႔ကို စၿပီးဖြင့္ေျပာထားတာေလ..အဲ့ဒါကို သူဘယ္လိုေတြးသလဲ ငါလည္းမသိဘူ"

ထုန္ရန႔္ကိုၾကည့္ရသည္မွာ အလြန္ ဖိစီးေနပုံေပၚၿပီး က်ိဳးရွန႔္မင္ေတာင္ သူ႔အေတြးမ်ားကို နားမလည္ႏိုင္ေတာ့ေပ။ သူဘယ္လိုမ်ား ေျဖရွင္းေပးရမလဲ။  သူမဖ်က္စီးမိရင္ေတာင္မွ ဒါက ေတာ္ေတာ္ေလးကို ကံေကာင္းတယ္လို႔ ေျပာလို႔ရေနၿပီ။

ဒီ့အျပင္ သူက က်ိဳးရွန႔္မင္ႏွင့္ အခ်ိန္အမ်ားႀကီး ကုန္ဆုံးဖူးသူမဟုတ္ေခ်၊ ညီအစ္ကိုႏွစ္ေယာက္ တူတူမႀကီးျပင္းခဲ့ရသလို ကေလးဘဝက ျပင္းထန္ေသာ ရန္ပြဲမ်ားကိုသာ အမွတ္ရ၏။ အသက္ႀကီးလာေတာ့ မၾကာခဏေတြ႕ျဖစ္ၾကသည္။ ဒါေတာင္မွ လက္ေတာမွ မၾကာမၾကာေတြ႕ျဖစ္ၾကျခင္းျဖစ္၏။ သူ႔အစ္ကိုႏွင့္ပက္သက္ၿပီး သူသိသည္မွာ က်ိဳးရွန႔္မင္၏ pheromoneမ်ာူပ ဖိႏွိပ္ႏိုင္စြမ္းျမင့္ၿပီး သူ႔လက္သီးကေတာ္ေတာ္ျပင္းေသာေၾကာင့္ သြားရႈပ္လို႔မရဘူးဆိုတာပင္။ က်ိဳးရွန႔္မင္က ထုန္ရန႔္အေပၚ ဘာလို႔ အရမ္းေကာင္းေပးေနသလဲဆိုတာလည္း သူနားမလည္ခဲ့သည့္အျပင္ အရာအားလုံးက ပိုၿပီးေတာ့ ရႈပ္ေထြးေနသည္။

က်ိဳးက်ားေရွာက ေျပာလိုက္သည္။
"မင္း သူဘာေတြးေနလဲ မသိရင္ သူ႔ကို ကိုယ္တိုင္သြားေမးလိုက္ေလ။ မင္းတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၾကတယ္မလား? မင္းက ဘယ္ႏွႏွစ္ရွိေနၿပီလဲ? မင္းေလွကားေပၚတတ္သြားရင္ ေခ်ာ္လဲၿပီး ျပဳတ္က်မွာစိုးလို႔ သူက ေနာက္ကေန မ်က္လုံး ကြၽတ္က်မတက္ ၾကည့္ေနတုန္း"

ထုန္ရန႔္ ခ်က္ခ်င္းေျပာလိုက္သည္။
"ဒါေပါ့ ငါတို႔ အရမ္းခ်စ္ၾကတာေလ!"

"…" က်ိဳးက်ားေရွာက ေျပာလိုက္သည္။
"မ်က္ႏွာေျပာင္ေနတာလား ညီေလး"

ထုန္ရန႔္ : "က်န္ေသးတယ္..က်ိဳးရွန႔္မင္က လြယ္လြယ္နဲ႔ စိတ္ေျပာင္းတတ္တဲ့လူမ်ိဳးလား?"

"လုံးဝပဲ" က်ိဳးက်ားေရွာက 'ဒီေလာက္သိသာေနတာကို' ဟုေျပာခ်င္သည့္ ေလသံျဖင့္ ျပန္ေျဖလာ၏။
"သူက လြယ္လြယ္နဲ႔ စိတ္ေျပာင္း႐ုံတင္မဟုတ္ဘူး.. လုံးဝကို မေျပာင္းတာ! pivot ကိုသိတယ္မလား? pivotကေတာင္ သူ႔ထက္ ေျပာင္းလဲႏိုင္ဦးမယ္"

ထုန္ရန႔္က တိတ္တဆိတ္ ေခါင္းညိတ္လိုက္ကာ ေခတၱၾကာၿပီးေနာက္ ေျပာလာ၏။
"သိၿပီ"

ညစာစားၿပီးေနာက္ ထုန္ရန႔္ႏွင့္ က်ိဳးရွန႔္မင္ ညမအိပ္ပဲ အိမ္ျပန္ခဲ့ၾကသည္။

တျဖည္းျဖည္းျဖင့္ ႏွင္းက်လာၿပီျဖစ္ရာ မေန႔ကက်ထားေသာ ႏွင္းမ်ားက လမ္းေဘးႏွင့္ အေဝးမွ ေတာင္တန္းမ်ားေပၚတြင္ အရည္မေပ်ာ္ၾကေသးပဲ လမ္းမီးေရာင္ေအာက္၌ ေတာက္ပေသာ အျဖဴေရာင္ျမင္ကြင္းကို ျဖစ္ေပၚေစသည္။

ကားျပတင္းေပါက္မွတဆင့္ ေလေအးေအးကို ခံစား၍ရႏိုင္သည္။ ညစာစားေနစဥ္က ထုန္ရန႔္ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကို စဥ္းစားေနမိခဲ့ၿပီး ေသခ်ာ ဂ႐ုတစိုက္မစားမိခဲ့ေခ်။ ထို႔အျပင္ အိမ္အျပင္ထြက္စဥ္က ေလေအးတိုက္ေနေသာေၾကာင့္ အိမ္ျပန္ရာကားေပၚ၌ သူ႔ဝမ္းဗိုက္ကနာက်င္လာ၏။

က်ိဳးရွန႔္မင္က သူစကားမေျပာပဲ ၿငိမ္ၿငိမ္ေလးမွီေနရင္း တစ္ခ်က္တစ္ခ်က္ ညည္းညဴသံကိုၾကားေသာအခါ မသက္မသာျဖင့္ ေခၚလာ၏။
"ထုန္ထုန္?"

ထုန္ရန႔္ ထူးလိုက္ၿပီး က်ိဳးရွန႔္မင္က ေမးလာသည္။
"ဘာျဖစ္လို႔လဲ"

ထုန္ရန႔္ ေခါင္းခါလိုက္ကာ
"ဗိုက္နည္းနည္းေအာင့္ေနလို႔..ခုနက အစားမ်ားသြားလို႔ျဖစ္မယ္"

က်ိဳးရွန႔္မင္က သူနားတိုးလာၿပီး ဗိုက္ကိုကိုင္ထားေသာ ထုန္ရန႔္၏လက္ေပၚသို ထပ္ကိုင္လိုက္ၿပီး
"ဘယ္ဘက္က ေအာင့္တာလဲ"

"ရပါတယ္" ထုန္ရန႔္က ေခါင္းခါလိုက္သည္။ က်ိဳးရွန႔္မင္ ကားထဲမွ overhead lightကို ဖြင့္လိုက္ေသာ္ ထုန္ရန႔္၏ ေဖ်ာ့ေတာ့ေသာ မ်က္ႏွာကို ျမင္လိုက္ရသည္။

ထုန္ရန႔္၏မ်က္ႏွာကို ျမင္ၿပီးေနာက္ က်ိဳးရွန႔္မင္ ထုန္ရန႔္၏ "ဘာမွမျဖစ္ပါဘူး " ဆိုသည့္စကားကိုနားမေထာင္ေတာ့ေခ်။ ခ်က္ခ်င္း ကား ဒ႐ိုက္ဘာကို ေဆး႐ုံဆီသို႔ ဦးတည္ခိုင္းလိုက္သည္။

ဆရာဝန္က စစ္ေဆးၿပီးေနာက္ တကယ္ကို ဘာမွ အထူးတလည္ျဖစ္တာမ်ိဳးမဟုတ္ေခ်။ ေရအနည္းငယ္ေသာက္႐ုံႏွင့္ေတာင္မွ ေပါက္ကြဲေတာ့မတက္ မခံစားရေစရန္ အစာေၾကေဆးႏွစ္မ်ိဳး ေပးလိုက္သည္။ ထို႔ေနာက္ မအိပ္ခင္ လမ္းေလွ်ာက္ေပးလွ်င္ ေကာင္းေၾကာင္းလည္း မွာလိုက္သည္။

ဒါက သူႏွင့္ က်ိဳးရွန႔္မင္ အေသးအဖြဲကိစၥျဖင့္ ေဆး႐ုံကိုေရာက္တာ ဒုတိယအႀကိမ္ေျမာက္ဟု ထုန္ရန႔္ ႐ုတ္တရက္ သတိရလိုက္သည္။
အရင္တစ္ေခါက္ကေတာ့estrusႏွင့္ပက္သက္ေသာ အေၾကာက္တရားေၾကာင့္ျဖစ္ၿပီး သတင္းစာမ်ား၏ ေခါင္းစီးတြင္ ႏွစ္ရက္သုံးရက္မွ်ေနရာ ယူသြားေသးသည္။

ထိုသို႔စဥ္းစားမိရာ ထုန္ရန႔္ ရယ္လိုက္မိ၏။ က်ိဳးရွန႔္မင္က ေမးလာသည္။
"စိတ္ၾကည္သြားၿပီလား"

ထုန္ရန႔္ သူခုေလးတင္ေသာက္ၿပီးေသာ အစာေၾကေဆးဘူးကို ဖက္ထားလိုက္ကာ
"ကြၽန္ေတာ္ စိတ္မၾကည္မလင္ မျဖစ္ေနပါဘူးေနာ္~"

က်ိဳးရွန႔္မင္က သူ႔ကို ၾကည့္လာၿပီး
"တကယ္လား?"

ေခတၱမွ် တိတ္ဆိတ္သြားၿပီးေနာက္ ထုန္ရန႔္က ေျပာလာသည္။
"တစ္ခုခုစဥ္းစားေနတာ"

က်ိဳးရွန႔္မင္: "ကိုယ့္ကို ေျပာျပလို႔ရမလား"

ထုန္ရန႔္ သူ႔ကိုၾကည့္လိုက္ၿပီး မရွင္းျပပဲ လက္အရင္ဆန႔္တန္းလိုက္ကာ
"ဖက္ေပး"

က်ိဳးရွန႔္မင္ ေရွ႕သို႔ ကိုင္းလိုက္ကာ သူ႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္သည္။ ထုန္ရန႔္ သူ႔ေမးေစ့ကို က်ိဳးရွန႔္မင္၏ ပုခုံးေပၚတြင္ တင္ထားလိုက္ၿပီး ခဏၾကာေသာ္ ေမးလာ၏။
"အိမ္ျပန္ေရာက္ရင္ေရာ ဖက္ေပးမလား?"

ဝမ္းဗိုက္က သိပ္မသက္သာေသးလို႔ထင္သည္။ ထုန္ရန႔္က ေဖ်ာ့ေတာ့စြာေျပာလာ၏။ သို႔​​ေသာ္ ဤသို႔ ခပ္ဆိုးဆိုး အမူအရာေလးက လူတိုင္း၏ ႏွလုံးသားကို အရည္ေပ်ာ္က်ႏိုင္ေစရန္ လုံေလာက္ေပသည္။ က်ိဳးရွန႔္မင္ ထုန္ရန႔္၏ေက်ာကို ပြတ္ေပးလိုက္ရင္း
"ရတာေပါ့..အခန္းထဲထိ ခ်ီသြားေပးမယ္"

"ကြၽန္ေတာ္ေရခ်ိဳးရဦးမယ္" ထုန္ရန႔္က ေျပာလာ၏။ "ေရမခ်ိဳးရေသးဘူး"

ႏွစ္ဦးသား ဟိုဟိုဒီဒီ စကားဆက္ေျပာၾကေသာ္လည္း ထုန္ရန႔္က သူဘာေတြးေနခဲ့သလဲဆိုတာ မေျပာျပခဲ့ေပ။ အိမ္ျပန္ေရာက္ေသာ္ က်ိဳးရွန႔္မင္က တကယ္ သူ႔အား အေပၚထပ္ရွိ အခန္းရွိရာအထိ ခ်ီသြားခဲ့ပါသည္။ ထုန္ရန႔္က က်ိဳးရွန႔္မင္၏ လည္ပင္းကို ဖက္တြယ္ထားလိုက္ၿပီး ေျပာလိုက္သည္။
"အစ္ကို႔အေမအိမ္က ဒ႐ိုက္ဘာ ကြၽန္ေတာ္တို႔ကို ျမင္သြားၿပီ"

က်ိဳးရွန႔္မင္ : "ကိစၥမရွိဘူး"

"သူက အစ္ကို႔အေမကိုေျပာရင္ ဘယ္လိုလုပ္မလဲ"

"ထုန္ရန႔္က နဂိုတည္းက ဤေမးခြန္းကို ေမးရန္ စီစဥ္ထားၿပီးျဖစ္ကာ သဘာဝက်ေစရန္ ႀကိဳးစားလိုက္သည္။ က်ိဳးရွန႔္မင္က ဂ႐ုမစိုက္သလိုျပန္ေျဖလာေသာေၾကာင့္ သူေအာင္ျမင္သြားသည္ဟု ထင္ရေပသည္။
"ဘာျဖစ္လဲ? ရွက္လို႔လား"

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ ခ်ီတုံခ်တုံျဖစ္ေနမႈကို ရိပ္မိေနပုံေပၚ၏။ သူက ထုန္ရန႔္ကို အိပ္ရာအထိ ေခၚသြားကာ အိပ္ရာေပၚတြင္ခ်လိုက္ၿပီး သူကေတာ့ ထုန္ရန႔္၏ ေျခေထာက္ႏွစ္ေခ်ာင္းၾကားတြင္ ေနရာယူလိုက္ကာ အုပ္မိုးလိုက္သည္။ ထို႔ေနာက္ ေမာ့ၾကည့္လိုက္ၿပီး
"ထုန္ထုန္.. မင္းဘာေျပာခ်င္လို႔လဲ"

ထုန္ရန႔္က သူ၏ ႏူးညံ့​ေသာ မ်က္ႏွာထားကိုၾကည့္ၿပီး က်ိဳးက်ားေရွာေရွ႕တြင္ မရွိခဲ့ေသာ သတၱိမ်ား အခုမွ ထြက္လာရကာ
"ကြၽန္ေတာ္တို႔ ႏွစ္ဖက္မိဘေတြကို ေျပာျပလို႔ရလား? ကြၽန္ေတာ့ အေဖရယ္ အစ္ကိုရယ္၊ၿပီးေတာ့ အစ္ကို႔မိဘေတြရယ္ကို ကြၽန္ေတာ္တို႔ တြဲေနတဲ့အေၾကာင္း ေျပာလို႔ရလား"

က်ိဳးရွန႔္မင္က ၿပဳံးလိုက္ကာ
"ရတာေပါ့ မင္းက ေျပာခ်င္လို႔လား"

"ေျပာခ်င္တယ္" ထုန္ရန႔္ ေခါင္းညိတ္လိုက္ၿပီး အသံတိုးတိုးျဖင့္ ေျပာလာ၏။
"ဒီအပတ္ ကြၽန္​ေတာ္ အိမ္ျပန္မွာ၊ အေဖကလည္း အစ္ကိုနဲ႔ ေတြ႕ခ်င္ေနတာ..အဲ့ဒါ ေျပာခ်င္လို႔"

"ဒါဆို ဘာလို႔ ကိုယ့္ကို မေျပာရတာလဲ" က်ိဳးရွန႔္မင္က သူ႔မိသားစုက သိၿပီးသားစူသည့္အခ်က္ကို ထည့္မေျပာေတာ့ေပ။ ထုန္ရန႔္၏ခါးေပၚတြင္ လက္တင္ထားလိုက္ၿပီး ထုန္ရန႔္ကလည္း က်ိဳးရွန႔္မင္၏ ပုခုံးေပၚတြင္ လက္တင္လာသည္။

သူတို႔၏ အကြာအေဝးမွာ အလြန္ရင္းႏွီးေနပုံေပၚၿပီး ထုန္ရန႔္က က်ိဳးရွန႔္မင္အား ၾကည့္ကာ
"ဘာလို႔လဲဆိုေတာ့..ဘာလို႔လဲဆိုေတာ့ အစ္ကိုက ေျပာခ်င္ပါ့မလားဆိုတာ ကြၽန္ေတာ္မွ မသိတာ။ အစက အစ္ကို ေျပာဖူးတယ္ေလ။ တစ္ေယာက္တည္းေနရတာကိုပဲသေဘာက်ၿပီး အိမ္ေထာင္ေရးေတြ အခ်စ္ေရးေတြ စိတ္မဝင္စားဘူးလို႔..အဲ့ေတာ့ကြၽန္ေတာ္က မေျပာသင့္ဘူးလို႔ ထင္လို႔.."

ထုန္ရန႔္၏ ေတြေဝၿပီး မသက္မသာျဖစ္ေနေသာ အမူအရာက က်ိဳးရွန႔္မင္အား အျပစ္မကင္းသလိုျဖစ္ေစသည္။

ထုန္ရန႔္က ဤမွ် စိတ္ရႈပ္ေနေၾကာင္း သူသတိမထားမိခဲ့ေပ။ ေစာေစာစီးစီးတည္းက သူဤသို႔ေသာ စိတ္ရႈပ္စရာေတြကို ဖယ္ရွားေပးခဲ့ရမွာျဖစ္သည္။ ထုန္ရန႔္က သူ႔ကို အေၾကာင္းအရင္းမရွိ လြတ္လြတ္ကင္းကင္းခ်စ္ေပးေနသလိုမ်ိဳး အေစာႀကီးတည္းက သူထုန္ရန႔္ကို ဘယ္ေလာက္ခ်စ္သလဲ ျပသေပးခဲ့သင့္တာ…။

ဖုံးကြယ္ထားေသာအခ်စ္မွာ ဂုဏ္ယူစရာမဟူတ္ေခ်။ အခ်စ္ဟာ အလြန္လွပေသာေၾကာင့္ ပိတ္ဆို႔ထားရန္မျဖစ္ႏိုင္သလို အလြန္လည္း ျပင္းထန္ေပသည္။ လြဲမွားခဲ့ေသာအခ်စ္အတြက္လည္း ထပ္တူပင္ျဖစ္သည္။ က်ိဳးရွန႔္မင္၏ အျမင္တြင္ အခ်ိန္မွန္၌သာ အခ်သ္ရွိမေနလွ်င္ ထိုအခ်စ္မွာ သုညႏွင့္ မထူးမျခားနားပင္ျဖစ္သည္။

က်ိဳးရွန႔္မင္က ထိုအရာမ်ားကို နားလည္သည္ဟု သူ႔ကိုယ္သူထင္ခဲ့ေသာ္လည္း အမွားတစ္ခုတည္းကိုသာ ထပ္လုပ္မိခဲ့ျပန္သည္။

"ကိုယ္ေတာင္းပန္ပါတယ္" က်ိဳးရွန႔္မင္က ေျပာလိုက္သည္။
"ေစာေစာတည္းက ကိုယ္ရွင္းျပလိုက္ရမွာ..အခုေတာ့ မင္းကိုအဆင္မေျပျဖစ္ေစမိၿပီ"

ထုန္ရန႔္က ခ်က္ခ်င္းျပန္ေျပာလာ၏။
"ကြၽန္ေတာ္ အဆင္မေျပမျဖစ္ပါဘူး၊ ဒီတိုင္း..ဒီတိုင္း အစ္ကို႔ကို အဆင္မေျပမျဖစ္ေစခ်င္လို႔ပါ။ အစ္ကို႔ကို ေပ်ာ္ေစခ်င္လို႔။ ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္တယ္..ေပ်ာ္ရဲ႕လား"

"ခ်စ္တယ္"ဟု ေျပာၿပီးေနာက္ ထုန္ရန႔္၏ ေဖ်ာ့ေတာ့ေသာ မ်က္ႏွာမွာ ရဲလာရၿပီး ထပ္မံ ရွက္သြားပုံမွာ ႐ိုး႐ိုးၾကည့္လွ်င္ေတာင္ သိသာေပသည္။

က်ိဳးရွန႔္မင္မွာ ထိုစကားသုံးလုံးေၾကာင့္ ႏွလုံးသားကို တိုက္႐ိုက္ထိသြားရၿပီး အံ့ဩသြားကာ ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္သည္။
"ေပ်ာ္လား ဟုတ္လား? ဒါေပါ့ ကိုယ္ေပ်ာ္တာေပါ့။ ကိုယ္အရမ္းေပ်ာ္တာေပါ့"

(T/N- စကားသုံးလုံးေၾကာင့္ ဆိုတာ တ႐ုတ္လိုဆို 我爱你 - wo ai ni သုံးလုံးတည္းမို႔လို႔ပါ။ ျမန္မာလိုျပန္လိုက္ေတာ့ ခုနစ္လုံးျဖစ္သြားပါတယ္😹)

ထုန္ရန႔္လည္း လိုက္ရယ္လိုက္သည္။ ထုန္ရန႔္ကို ႏွစ္သိမ့္ရန္မွာလြယ္ကူလွသည္။ ပို၍ တိတိက်က်ေျပာရလွ်င္ က်ိဳးရွန႔္မင္ကသာ ထုန္ရန႔္ကို အလြယ္တကူ ႏွစ္သိမ့္ေပးႏိုင္သည္။

ထုန္ရန႔္ၿပဳံးလိုက္လွ်င္ မ်က္လုံးေလးမ်ားပါ လိုက္ေကြးသြားသည္။ သူက ေခါင္းငုံ႔လိုက္ကာ က်ိဳးရွန႔္မင္ႏွင့္ ႏွဖူးခ်င္းတိုက္ေနရင္း တမင္တကာ ဆက္ေမးလာ၏။
"ဒါဆို တစ္ေယာက္တည္းေနရတာ သေဘာက်ေသးလား"

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္ကာ
"ကိုယ္က မင္းနဲ႔ တူတူရွိေနရတာကို သေဘာက်တာ"

"ႏွစ္ေယာက္တစ္ကမာၻ"
ထုန္ရန႔္ ခပ္ေျပာင္ေျပာင္ျဖင့္ ေျပာလိုက္သည္။ ထို႔ေနာက္ ေနာက္တစ္ႀကိမ္ထပ္ေျပာလာ၏။
"က်ိဳးရွန႔္မင္ ကြၽန္ေတာ္ ခင္ဗ်ားကို တကယ္ တကာ္ အရမ္းခ်စ္တယ္"

က်ိဳးရွန႔္မင္မွာ ထုန္ရန႔္၏ အခ်စ္စကားခ်ိဳခ်ိဳေလးမ်ားႏွင့္ ခ်ိဳျမန္ေသာ pheromoneမ်ားျဖင့္ လႊမ္းမိုးခံထားလိုက္ရကာ ေနာက္ဆုံးတြင္ေတာ့ သည္းခံႏိုင္မႈ၏ ေနာက္ဆုံးေသာ အတိုင္းအတာကို ေက်ာ္လြန္သြားၿပီျဖစ္ရာ ထလိုက္ၿပီး ထုန္ရန႔္အား နမ္းရႈိက္ေတာ့သည္။

-
T/N - စာျပန္မစစ္ရေသးဘူး🥺

•°•°•°•°•°•


Continue Reading

You'll Also Like

317K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
247K 39.9K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1M 138K 41
၅နှစ်ကွာတဲ့ အကိုကြီးနဲ့ ချစ်သူဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ။ သက်ငယ်ဝေလုံ 7,6,2021 ----------- ၅နွစ္ကြာတဲ့ အကိုႀကီးနဲ ့ခ်စ္သူျဖစ္ဖို ့ ဘာေတြလုပ္ဖို...
311K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...