🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒ...

By HsuThaw8

30.3K 3K 88

လူသားမျိုးနွယ်စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ တရန်ဟာ အိပ်နေရင်းနဲ့ ကျောက်ခေတ်ကို ဝိညာဉ်ကူးပြောင်းသွားခဲ့ရတယ်။သူလန... More

(1)
(2)
(3)🔥
(4)
(5)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)

(6)

1.4K 180 4
By HsuThaw8

တရန် ကတော့ သူကင် နေတဲ့ ရစ်ငှက်အသားကြောင့် ဘာတွေဖြစ်သွားလဲဆိုတာမသိခဲ့ဘူး။

ဒီတစ်ခေါက်သူ့ရဲ့ကျင့်ကြံမှုကတော်တော်အားရ‌ ကျေနပ်စရာဘဲ။သူစုပ်ယူလိုက်တဲ့ဝိညာဉ်ချီတွေကတော်တော်များတဲ့အတွက် ဒဏ်ရာ တစ်၀က်လောက်ကိုပျောက်အောင်ကုသပေးနိုင်လိုက်တယ်။

သူကျက်သွားတဲ့ရစ်ငှက်အသားကိုတွင်းထဲကနေထုတ်ယူလိုက်ပြီး စားသောက်ဖို့ပြင်လိုက်တယ်။

"ဒီနားမှာ ရစ်ငှက်တွေကလည်းသိပ်မရှိတော့ဘူး။ ငါနောက်တစ်ခေါက် အစာရှာမယ်ဆိုရင် ဒီမြက်ခင်းပြင်ရဲ့အပြင်ဘက်ကိုထွက်ရတော့မယ်ထင်တယ်။ ငါ့ခန္ဓာကိုယ်ရဲ့ဒဏ်ရာကလည်းတစ်၀က်လောက်ဘဲသက်သာသေးတယ်။ ဒီမြက်ခင်းရဲ့အပြင်မှာရှိတဲ့တောအုပ်ကလည်းတော်တော်အန္တရာယ်များတဲ့ပုံပဲ။ ငါ့ဒဏ်ရာကိုမြန်မြန်သက်သာအောင် ၃ရက်ဆက်တိုက်ကျင့်ကြံမှဖြစ်မယ်"

                  .......................................
ဒီနေ့မှာ ရှင်းရှုမျိုးနွယ်စုကလူတွေ  ဂိတ်၀မှာစုပြုံနေကျပြီ အရှေ့ဘက်ကတောအုပ်ကိုမျှော်မျှော်ကြည့်နေကြတယ်။

သားရဲတစ်ပိုင်းလူသားလေးတစ်ယောက်က သူဘေးမှာရှိတဲ့သူ့သူငယ်ချင်းကို
"ဟဲ့ဒီနေ့ ဇီလီတို့အရင်ပြန်လာမယ်လို့ငါသတင်းကြားတယ် "

"ဟုတ်တယ်။ ရိက္ခာတွေကိုအောင်အောင်မြင်မြင်နဲ့လှဲနိုင်ခဲ့တယ်တဲ့"

"ဇီလီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလို အလုပ်ကြီးတွေကိုလုပ်ကိုင်ပေးနိုင်နေပြီ"

"ဇီလီကလေ အရွယ်ရောက်လေ ပိုချောမောခန့်ညားလာလေဘဲ ။ငါဇီလီအတွက် ကလေးလေးတစ်ယောက်လောက်မွေးပေးချင်လိုက်တာ"

"ငါလည်းဇီလီအတွက် ကလေးတစ်ယောက်မွေးပေးချင်တယ်"

"ဇီလီတင်မကပါဘူး ဇီလီနဲ့အတူပါသွားတဲ့အဖွဲ့ခေါင်းဆောင်ကလည်းအရမ်းခန့်ညားပါတယ်ဟ"
" တိုမီ ကိုပြောတာလား ။ တိုနီ ကိုပြောတာလား"

"ငါကအမွှာနှစ်ယောက်လုံးကိုပြောတာ ။သူတို့နှစ်ယောက်လုံးကမိတ်ဖက်မရှိသေးဘူးတဲ့။

"ငါကတော့ သူတို့နှစ်ယောက်နဲ့ဘဲမိတ်ဖက်ချင်တယ်"

သားရဲတစ်ပိုင်းလူ‌ငယ်လေးတွေတင်မကဘူး ကလေးတွေကပါဇီလီရဲ့အကြောင်းကိုတစ်ယောက်တစ်ပေါက်ပြောဆိုနေကြတယ်။
" ကိုကြီးဇီလီက အရမ်းတော်ပြီး ခွန်အားလည်းကြီးတယ်ကွ"
"ကိုကြီးဇီလီရဲ့သားရဲပုံစံကိုငါအရမ်းကြိုက်တယ်။"
"ငါတို့အပေါ်လည်းအရမ်းကောင်းတယ်"
"သူဟာသူအမဲလိုက်လို့ရတဲ့ သားကောင်တွေဆိုရင် ငါတို့ကိုလည်းခွဲပေးလေ့ရှိတယ်"

"ကိုကြီး ဇီလီမရှိတော့ ငါတို့ ရဲ့အစာဝေစုလောက်နဲ့ ဗိုက်မ၀ခဲ့ဘူး။ အခုတော့ အကိုကြီးဇီလီကလည်းပြန်လာတော့မယ်ဆိုတော့ ငါတို့ ဗိုက်၀တော့မယ်"

"ငါတို့ကတော့ အကိုကြီးဇီလီကို အမဲလိုက်သင်ခိုင်းမယ်"

"ငါရောဘဲ "
"ငါလည်းပါတယ်"

သားရဲတစ်ပိုင်းလူသားလေးတွေ ရဲ့ စိတ်၀င်စားမှုကိုမခံရတဲ့ သားရဲလူသားအချို့က ဒီမြင်ကွင်းကိုမျက်မုန်းကျိုးစွာ စိုက်ကြည့်နေကြပါတယ်

"ဟမ့်  အမြဲတမ်းအေးစက်‌ပြီးဘ၀င်မြှင့်မောက်မာနေတဲ့ကောင်ကိုများ ဘာကြည့်ပြီးကောင်းတယ်ပြောနေကြတာပါလိမ့်"

"ဟေးဟိုမှာ အကိုဇီလီတို့ပြန်လာပြီကွ"

ကလေးတစ်ယောက်ရဲ့အသံကြောင့်သူတို့အကုန်လုံးအရှေ့တောအုပ်ကိုကြည့်လိုက်တော့ ရှေ့ဆုံးကနေလျှောက်လာတဲ့ တိုနီနဲ့ တိုမီတို့ကိုအရင်မြင်လိုက်ရတယ်။
သူတို့အနောက်ဘက်ကိုကြည့်လိုက်တော့ တစ်စုံတစ်ယောက်ကိုကျောပိုးလာခဲ့တဲ့ဇီလီကိုမြင်လိုက်ရတယ်။

"ဒီတစ်ခေါက် ရိက္ခာလှဲလယ်တာ အဆင်ပြေလား တိုနီ တစ်စုံတစ်ခုဖြစ်ခဲ့‌ သေးလား"

"ဒီတစ်ခေါက် ခရီးကတော့လုံး၀ ချောချော့မွေ့မွေ့နဲ့အဆင်ပြေတဲ့အပြင် ဘာမှလည်းမဖြစ်ခဲ့ဘူး ခေါင်းဆောင်"

"အေးပါ မင်းတို့ ပင်ပန်းသွားပြီအနားယူလိုက်ကြအုံး"

ရှင်းရှုမျိုးနွယ်စုတွင်  ရိက္ခာလှဲလယ်ရေးသွားတဲ့ အဖွဲ့၂က‌ အောင်အောင်မြင်မြင်နဲ့ပြန်ရောက်လာပြီးမို့ မျိုးနွယ်စုမှာပွဲ‌ တော်ကျင်းပနေကြပြီ။

ခေါင်းဆောင် က ဇီလီရဲ့ပုခုံးကိုပုတ်လိုက်ပြီး
" မင်းပင်ပန်းသွားရပြီ။မင်းဒီတစ်ခေါက်လုပ်သွားတာအရမ်းကောင်းတယ် ။မင်းတကယ်ကြီးပျင်းလာပြီဘဲ"

"‌ဒါက ကျနော်ကြောင့်မဟုတ်ပါဘူး အဖွဲ့တစ်ခုလုံးကြောင့်ပါ"
ဇီလီအေးစက်စက်နဲ့ပြန်ဖြေလိုက်တယ်။

ဇီလီရဲ့မျက်နှာဟာအမြဲအေးစက်နေလေ့ရှိတယ်။ ဒီလိုအေးစက်‌တဲ့အပြုအမူကို ချန်းနဲကစိတ်မပျက်ပါဘူး။ဒီကလေးက သူ့လိုသားရဲပုံစံကိုပိုင်ဆိုင်ထားတဲ့အပြင်သူ့အကိုနဲ့မတူဘဲသူအငယ်တုန်းကအတိုင်းချွတ်ဆွတ်တူတယ်။ ဒါကြောင့် သူ့ရဲ့ ကလေးတွေထက် ဇီလီကိုပိုနှစ်သက် တယ်။

"ကဲ ရိက္ခာလှဲလယ်ရေးသွားခဲ့တဲ့လူတွေက မနက်ဖန်အမဲလိုက်တာမလိုက်ခဲ့နဲ့။ သုံးရက်လောက်နားလိုက်။" ချန်းနဲ မီးပုံဘေးမှာထိုင်နေတဲ့ လူတွေကိုပြောလိုက်တယ်။

"ခေါင်းဆောင်ကျေးဇူးတင်ပါတယ်"
"ခေါင်းဆောင်ကျေးဇူးပါ"

"ခေါင်းဆောင်အနားပေးလိုက်တာ အိမ်က အမျိုးသားလေးသာသိရင်အရမ်းပျော်နေတော့မှာ ။"

"ဟုတ်တယ်ဟုတ်တယ်။ကလေး‌ တွေနဲ့မ‌ တွေရတာတော်တော်ကြာသွားပြီ"

" ဇီလီ ငါနဲ့ နတ်ဆရာဆီလိုက်ခဲ့အုံး ။ ‌ဆောင်းရာသီအတွက် အစားအစားကိစ္စကို နတ်ဆရာနဲ့တိုင်ပင်ရမယ်။ "
ချန်းနဲ ဇီလီရဲ့နား နားကိုတိုးတိုးလေး ကပ်ပြီပြောလိုက်တယ်။ ဇီလီ ခေါင်းဆောင်သူအနားကိုကပ်လာတာမို့စိတ်တင်းကျပ်လာသလို့ခံစားလိုက်ရတာ်။ဒါကြောင့်သူ့ မျက်မှောင်ကျုံမိသွားတယ်။
ခေါင်းဆောင်ရဲ့စကားကိုနား‌ ထောင်ပြီးမှ သူစိတ်တင်းကျပ်တာတွေ့လျော့ကြသွားတယ်။
' အစားအစား ကိစ္စ ဆောင်းရာသီ'
ဆောင်းရာသီကိုမရောက်ခင်သူတို့အစားစာကိုကြိုတင်စုဆောင်းထားလေ့ရှိတယ်။လွန်ခဲ့တဲ့၂နှစ်လောက်ကဆောင်းရာသီကပုံမှန်ထက်ပိုပြီးကြာရှည်ခဲ့တဲ့အတွက် ရိက္ခာမလုံ‌ လောက်တာတွေဖြစ်‌ ပေါ်ခဲ့တယ်။အဲ့အချိန်ကာလ‌ တွေတုန်းက ဘယ်သူမှ အစာကိုလုံလုံလောက်လောက်မစားခဲ့ရဘူး။ ဒါ‌ ကြောင့်မျိုးနွယ်စုက ကလေး‌ တော်တော်များများဟာ
နိုးထမှုနောက်ကျတာတွေဖြစ်ပေါ်ခဲ့တယ်။

#Lilac
18/10/21

အလုပ်ကိစ္စ‌ ကြောင့်ခရီးထွက်နေရတာ ။ဒီနေနေ့လည်ကမှပြန်ရောက်တယ်။ မျှော်နေမလားလို့ ဒီဟာလေးကိုup‌ ပေးလိုက်တယ်နော်။ ချစ်တယ်အားလုံးကို( ˘ ³˘)♥( ˘ ³˘)♥

Continue Reading

You'll Also Like

558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
27.1K 1.5K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်
135K 28.4K 200
Sequel of book (700 - 900)
129K 13.9K 93
Fb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။