ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 28

3.8K 699 21
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

ကျိုးရှန့်မင် ပြန်ရောက်ချိန်၌ ထုန်ရန့်တစ်ယောက် အိပ်ရာနိုးပြီးဖြစ်၏။ သို့သော် အိပ်ခန်းထဲ၌လည်း မရှိသလို ဧည့်ခန်းထဲ၌လည်းမရှိချေ။ သန့်ရှင်းရေးလုပ်နေသော စက်ရုပ်ကတော့ ထုန်ရန့် အဝတ်အစားထားသည့်အခန်းထဲတွင်ရှိသည်ဟုပြောလာ၏။

အဝတ်အစားထားခန်းနှင့် ထုန်ရန့်၏ အိပ်ခန်းတို့မှာ လျောက်လမ်း၏ နှစ်ဖက်လုံး၌ အသီးသီးရှိကြခြင်းဖြစ်သည်။ ဤအိမ်သို့ ကျိုးရှန့်မင် ပထမဆုံးပြောင်းရွှေ့လာစဉ်က မူလအစီအစဉ်မှာ ဧည့်သည်များအတွက် သီးခြား ရေချိုးခန်းတစ်ခုပြုလုပ်ရန်ဖြစ်သော်လည်း အခန်းမှာ သာမန်ရေချိုးခန်းများထက် နှစ်ဆမက ကြီးနေရုံသာမက ကျယ်ဝန်းသည့် မှန်ပြတင်းပေါက်လည်းရှိသဖြင့် အလင်းရောင်ကောင်းကောင်းရပြီး ဖုံးကွယ်မှုအား မကောင်းသဖြင့် ရေချိုးခန်းတစ်ခု လုပ်ပစ်ရန် မသင့်တော်ပေ။ ထို့ကြောင့် ထိုအခန်းမှာ အမြဲတမ်း ဗလာသက်သက်ဖြစ်နေခဲ့ရ၏။

ထုန်ရန့် ပြောင်းလာပြီးနောက် ကျိုးရှန့်မင်က ထိုအခန်းကို အဝတ်အစားများထားရာ walk-in closetခန်းအဖြစ် လက်သမား အမြောက်အများငှားကာ ပြင်ဆင်လိုက်သည်။

လူတစ်ရပ်စာ မြင့်ပြီး သေးငယ်သော ဆံဆွဲမြောက်များစွာဖြင့် ဗီရိုလေးခုအပါအဝင် ဖိနပ်များနှင့် အိတ်များအတွက်လည်း စင်များ ပါသေး၏။ အရာအားလုံးမှာ လက်မှုပညာသည် ဆရာကြီးတစ်ယောက်ကိုယ်တိုင် ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ကိုယ်လုံးပေါ်မှန်များလည်း တပ်ဆင်ထားသေးသည်။ လေဝင်လေထွက်ကောင်းအောင် ပြင်ဆင်ထားပြီး တော်တော်လေးကို လက်ဝင်သောကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကသာ အပြီးသတ်နိုင်ခဲ့ခြင်းပင်။

ထုန်ရန့်က တံခါးကို ကျောပေးထားကာ shopping bagတစ်ပုံတစ်ခေါင်းကြီး အလည်၌ ခြေချိတ်ထိုင်နေ၏။ ကိုယ်အပေါ်ပိုင်းမှာ စောင်းလျက် သူ့ဘေးရှိ ကြမ်းခင်းပေါ်တွင် ထောင်ထား​သော ကိုယ်လုံးပေါ်မှန်ကြီးသို့ ခေါင်းမှီထားလျက်။ စတင်မရှင်းလင်းရ​သေးခင်မှာတင် အတွေးထဲ၌ တဝဲလည်လည်ဖြစ်နေခြင်းပင်။

ညနေစောင်းပိုင်း နေရောင်မှာ မပူလွန်းသလို မစူးရှပေ။ နွေးထွေးပြီး နေလို့ကောင်း၏။ ထုန်ရန့်က နက်ပြာရောင် ဆွယ်တာပါးပါးကို နှင့် မီးခိုးရောင် sweatpants ကိုဝတ်ထားကာ ဖိနပ်အပါးမစီးထားပဲ ထိုအစား ခပ်ထူထူသိုးမွှေးခြေအိတ်ဝတ်ထား၏။ ပြတင်းပေါက်မှဝင်လာသော နေအလင်းရောင်အောက်တွင် သူ့ဆံပင်များမှာ ပို၍တောင် ပွယောင်းနေပြီး  ငြိမ်သက်နေသော အကောင်ငယ်လေးတစ်ကောင်ကဲ့သို့ လူကို အန္တရာယ် မပြုနိုင်သော်လည်း မည်သည့်လူကမှ သူ့ကို အနိုင်ကျင့်ပါရန် နှလုံးသားက သည်းခံနိုင်မည်မဟုတ်ချေ။

အခန်းတံခါးက မပိတ်ထားပဲ လုံးဝပွင့်နေသောကြောင့် ကျိုးရှန့်မင် ဤသို့ပုံစံကို တွေ့လိုက်ရခြင်းဖြစ်၏။

နောက်ကျောလေးကိုတွေ့ရုံဖြင့် သူ့နှလုံးသားကို အရည်ပျော်သွားစေနိုင်သော ထုန်ရန့်၏ နိုးကာစ မျက်နှာထားလေးကို သူခန့်မှန်းကြည့်လို့ရနေသည်မှာ နည်းနည်းများ ထူးဆန်းနေသလား။

အတန်ကြာပြီးနောက် ထုန်ရန့်က လှည့်ကြည့်လာပြီး သူ့နောက်တွင်ရပ်နေသော ကျိုးရှန့်မင်ကို တွေ့သွား၏။ နူးညံ့သော အပြုံးလေးနှင့် မေးလာ၏။
"ပြန်လာပြီလား"

"အင်း"

ကျိုးရှန့်မင် သူ့ရှိရာသို့ လမ်းလျှောက်သွားလိုက်ပြီး ထုန်ရန့်လိုမျိုး ကြမ်းပြင်တွင် ခြေချိတ်ထိုင်ချလိုက်၏။ သို့သော်လည်း သူ့ အနောက်တိုင်းဝတ်စုံကြောင့် ထုန်ရန့်ကဲ့သို့ ကုန်း၍မရပဲ ရပ်နေစဉ်ကထက်တောင် ပို၍ တောင့်တောင့်ကြီးဖြစ်နေ၏။

ဒူးများက ပူးကပ်နေကြကာ ထုန်ရန့်က သူ့ခေါင်း၏ ဦးတည်ချက်ကို​ပြောင်းပြီး ကျိုးရှန့်မင်၏ ရင်ဘက်ပေါ်တွင် မှီထားလိုက်သည်။

"အား....." ထုန်ရန့်က ကျယ်ကျယ်လောင်လောင် ညည်းတွားလိုက်၏။

ကျိုးရှန့်မင်က သူ့မျက်နှာကို အမြတ်တနိုးကိုင်ကာပြီး
"ဘာဖြစ်လို့လဲ"

"အများကြီးပဲ..ဘယ်ကစရှင်းရမလဲတောင်မသိတော့ဘူး"

ထုန်ရန့် ခြေထောက်ကို ရွှေ့လိုက်ရာ အိတ်များနှင့် တိုက်မိသွားပြီး အိတ်ထဲမှ  တချို့တစ်ဝက်ထွက်ကျလာ၏။ သို့သော်လည်း နည်းနည်းသာဖြစ်၍ မသိချင်ယောင်ဆောင်ထားလိုက်သည်။

တချို့မှာ သူတို့လက်မထပ်ခင်က လင်ယွဲ့စွာဝယ်ပေးထားခြင်းဖြစ်သော်လည်း အများဟုမှာတော့ ပြီးခဲ့သည့်အပတ်က လင်ယွဲ့ဟွာနှင့် ထုန်ရန့် ဈေးဝယ်ထွက်စဉ်က ဝယ်ယူခဲ့ကြသည့် ပစ္စည်းများဖြစ်သည်။ ကျိုးအိမ်မ​ှ ပြန်လာပြီးတည်းက အားကစားပွဲနှင့် အစားထိုး နှစ်ဝက်စာမေးပွဲများအတွက် အလုပ်ရှုပ်နေခဲ့ပြီး ရှင်းလင်းရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် စုပုံထားခဲ့ခြင်းဖြစ်ပြီး ယခုမှသာ အချိန်ရခြင်းဖြစ်၏။

သို့သော်လည်း ထိုအဝတ်အစားများကို အမြဲတမ်း စုပုံထား၍မရသောကြောင့် ထားသင့်သည့်နေရာတွင် ထားရန်ပြင်ရပေသည်။

ထုန်ရန့်က ကျိုးရှန့်မင်ရင်ခွင်ထဲသို့တိုးဝင်လိုက်ကာ ထိုင်လိုက်ပြီးနောက် လည်ပင်းကို ဖက်တွယ်ထားတော့၏။ ကျိုးရှန့်မင်ကလည်း သူ့ကျောပြင်တွင် လက်များကို လျော့တိလျော့ရဲ တင်ထားပြီး ပြန်ဖက်ထား၏။ ထုန်ရန့်နှင့် အီစီကလီလုပ်ရန်ကာလလေးအား အပြည့်အဝ ကြည်နူးရန် ရည်မှန်းထားသည့်အလား။ သူက တည်ငြိမ်စွာပြောလာ၏။
"မင်းအခု စမလုပ်ရင် မကြာခင် နေဝင်သွားတော့မယ်"

ထုန်ရန့်က မျက်စိလှန်ပြလိုက်ကာ ကျိုးရှန့်မင်၏ နှုတ်ခမ်းစွန်းကို နမ်းလိုက်၏။

ကျိုးရှန့်မင် အပြုံတစ်ခုကို ထိန်းထားရင်းဖြင့် မေးလိုက်သည်။
" ဘာလုပ်တာလဲ"

"ကျွန်တော့ကို ကူညီပေး" ထုန်ရန့် ပြောလိုက်၏။
"ကျွန်တော် တစ်ယောက်တည်း အပြီးသတ်နိုင်ပါ့မလား။ များလွန်းတယ်"

"ကိုယ့်ကို တောင်းဆိုနေတာလား"

ထုန်ရန့် : "အင်း"

ကျိုးရှန့်မင် : "ဒါပေမဲ့ ဘာလို့ လိမ္မာတဲ့လေသံလေး မပေါက်နေရတာပါလိမ့်"

ထုန်ရန့်လည်း ရွေးချယ်စရာမရှိတော့ပဲ
"ကျေးဇူးပြုပြီး ကျွန်တော့ကို ကူညီပေးပါ..နော်"

ကျိုးရှန့်မင်က မကျေနပ်သေးပေ။
"ကူညီရင် ကိုယ့်အတွက် ဘာအကျိုးအမြတ်ရမလဲ"

ကျိုးရှန့်မင် ဆိုးသွမ်းနေခြင်းကို ထုန်ရန့် ခံစားမိလိုက်၏။ အစ်ကိုကြီးတစ်ယောက်လိုဖြစ်နေတုန်းက အကျိုးအမြတ်လုံးဝမယူခဲ့ပဲနဲ့ ချစ်သူဖြစ်ပြီးကာမှ ကူညီလိုစိတ်မရှိပဲ အရင်ဆုံး ဈေးလာလာညှိနေတာ..။

"ဆုချမယ်.." ထုန်ရန့် သူ့ကို ဘာဆုချရမလဲ မသိသော်လည်း မြန်မြန် သဘောတူစေရန် ပြောလိုက်ရ၏။

သို့သော်လည်း အံ့ဩစရာကောင်းလောက်အောင် ကျိုးရှန့်မင်က ချက်ချင်း သဘောတူလာသည်။
"ကောင်းပြီ"

ကျိုးရှန့်မင်၏ အကူအညီကြောင့် ထုန်ရန့် ထိုင်ရင်းငေးရင်း နေရချထားခြင်းကို မအောင်မမြင် မဖြစ်တော့ပဲ အတူတကွ နေရာချထားပြီးနောက် နှစ်နာရီမျှ အကြာတွင် သေချာလေးကို သေသေသပ်သပ်ဖြစ်သွားတော့သည်။

ပစ္စည်းများကလည်း များလွန်းသောကြောင့် ကုန်းလိုက်ကွလိုက်၊ ထိုင်လိုက်ထလိုက်ဖြင့် လုပ်နေခဲ့ရသည်။ ထုန်ရန့်ကလည်း သေချာမလုပ်ဖူးသောကြောင့် အများစုမှာ ကျိုးရှန့်မင်လုပ်ရသည်များဖြစ်၏။ အားလုံးပြီးဆုံးသွားသောအခါ ကျိုးရှန့်မင်၏ နဖူး၌ ချွေးစလေးများတောင် သီးနေလေသည်။ အပေါ်ထပ် အင်္ကျီကို ချွတ်ထားပြီးဖြစ်ကာ နက်ကတိုင်ကို လျော့ရဲစွာထားထား၏

အစက အတူတူလုပ်ကြမည်ဟု ပြောထားခဲ့သော်လည်း လုပ်လက်စ တစ်ဝက်မှာတင် ပျင်းလာခြင်းဖြစ်၏။ ထို့ကြောင့် အားလုံးပြီးဆုံးချိန်တွင် အဝတ်အစားခန်းမှာ တခြားအခန်းတစ်ခုကဲ့သို့ဖြစ်သွားပြီး သူ၏ ခွေးပေါက်လေးကဲ့သို့ ပုံစံ အသက်ဝင်လာကာ "အစ်ကို" ဟု ခပ်ချိုချိုခေါ်လိုက်ရင်း သူ့လက်ဖြင့် ကျိုးရှန့်မင်အား ယပ်ခတ်ပေးဟန်လုပ်ကာ ရေသွားခပ်လေသည်။

ကျိုးရှန့်မင်က အခန်းကိုပတ်ကြည့်လိုက်ပြီး အဝတ်ချိတ်သည့်အတန်းများကို ခိုင်မခိုင်စစ်ကြည့်လိုက်သည်။ ထုန်ရန့်က  ရေတစ်ခွက်ဖြင့် ပြန်ဝင်လာသော်လည်း ကျိုးရှန့်မင် ရေခွက်အား လှမ်းမယူခဲ့ချေ။

"ရေမသောက်ဘူးလား" ထုန်ရန့်က​ မေးလာ၏။

"သောက်မယ်"

ထုန်ရန့်က ရေခွက်ကို ထပ်မံ ကမ်းပေးလိုက်သည်။ သို့သော် ကျိုးရှန့်မင်က ခပ်ဖွဖွပြုံးနေရင်း မလှုပ်သေးပေ။ ထုန်ရန့် ကျိုးရှန့်မင် ဘာကိုလိုချင်သလဲ သတိထားမိပြီးနောက် မျက်နှာ အနည်းငယ်ရဲသွားရသည်။ ဖန်ခွက်ကို အနည်းငယ် မြှင့်ကာ မြှောက်လိုက်ပြီး ကျိုးရှန့်မင်၏ နှုတ်ခမ်းနားတွင် တေ့ပေးလိုက်၏။ ထိုမှသာ ကျိုးရှန့်မင် ခေါင်းငုံ့လာပြီး ရေတစ်ဝက်ကျော်ကျော်မျှ သောက်လေတော့သည်။

ထုန်ရန့်က ခပ်တိုးတိုးမေးလိုက်သည်။
"ထပ်သောက်ဦးမလား"

ကျိုးရှန့်မင် : "ဟင့်အင်း"

အဲ့ဒါဆို ကျွန်တော်.." ထုန်ရန့် လှည့်ထွက်လိုက်သော်လည်း ကျိုးရှန့်မင်က သူ့ခါးကိုလှမ်းကိုင်လိုက်သည်။

ကြည့်ရတာ ကျိုးရှန့်မင် ဒါကိုလုပ်ဖို့စီစဉ်ထားတာ တော်တော်ကြာလောက်ပြီဟုထင်ရသည်။ သူက ထုန်ရန့်လက်ထဲမှ ခွက်ကိုယူလိုက်ပြီး အနီးရှိ ဗီရိုတစ်ခုပေါ်၌ တင်လိုက်၏။ ထို့နောက် ထုန်ရန့်အား ဆွဲဖက်လိုက်သည်။

ထုန်ရန့် သတိမလွတ်သော်လည်း ခြေမခိုင်သလိုဖြစ်သွားပြီး လဲကျတော့မလိုဖြစ်သွား၏။ သို့သော်လည်း ကံကောင်းစွာပင် ကျိုးရှန့်မင်၏ ရင်ခွင်ထဲသို့ ပြိုကျသွားခြင်းပင်ဖြစ်လေသည်။ နှစ်ဦးမှာ အလွန်တရာ နီးကပ်နေပြီး ထုန်ရန့်မှာ ကျိုးရှန့်မင်နှင့် အဝတ်အစား ဗီရိုကြားတွင် ညပ်နေတော့သည်။ သူတို့၏ ကွာခြားသော အရပ်ကြောင့် သူ့ခေါင်းထိပ်မှာ အရိပ်ကျနေသလိုခံစားလိုက်ရသည်။

ကျိုးရှန့်မင်က လက်တစ်ဖက်ဖြင့် သူ့လက်တစ်ဖက်ကို ကိုင်လိုက်ပြီး တခြားတစ်ဖက်ကို ထုန်ရန့်၏ ခါးပေါ်၌ တင်ထားသည်။ တဖြည်းဖြည်း အပေါ်တတ်လာပြီး ဂုတ်ပိုးသို့ရောက်လာသည်။ လက်ချောင်းများက ထုန်ရန့်၏ ဆံပင်များကြား ဖိနှိပ်လာပြီး စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသော်လည်း ထုန်ရန့်အား နာကျင်အောင် လုပ်နိုင်သည့် အင်အားဖြင့်မဟုတ်ချေ။ သို့သော်လည်း သေချာပေါက်ကို ခပ်လွယ်လွယ် ထွက်ပြေး၍မရချေ။

ထုန်ရန့် မျက်ဝန်းများ ပြူးကျယ်လာရပြီး ကျိုးရှန့်မင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာလုပ်နေတာလဲ"

ကျိုးရှန့်မင်က အေးအေးဆေးဆေးပင် ပြောလာသည်။
"အရမ်းရန်လိုနေတာပဲ"

ကျိုးရှန့်မင်က ထုန်ရန့်၏ နားရွက်နောက်ဖျားကို ခပ်ဖွဖွ ထိလိုက်​ပြီး ထုန်ရန့်၏ နှလုံးသားလေးမှာ တုန်ယင်သွားရ၏။ ဤမျှရိုးရှင်းသော အထိအတွေ့ဖြစ်သော်လည်း ထုန်ရန့်၏ ​ခြေထောက်များမှာ ဂျယ်လီကဲ့သို့ ပျော့ခွေချင်လာသည်။ အသံချက်ချင်းတိုးကျသွားပြီး အလျော့ပေးရန် တောင်းဆိုနေပါသလို...
"အစ်ကို..."

"အင်း..?"

ထုန်ရန့် ကျိုးရှန့်မင်၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ကာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။ နောက်တစ်လှမ်းဆုတ်ချင်ပါသော်လည်း သူ့နောက်တွင် ဗီရိုသာကျန်တော့ပြီး ပြေးထွက်စရာနေရာမရှိချေ။ ထို့ကြောင့် ပြောလိုက်၏။
"လွှတ်ပေး"

ကျိုးရှန့်မင်က အသံနိမ့်နိမ့်ဖြင့်ပြောလာသည်။
"ခုဏကလေးတင် ဆုချမယ်လို့ပြောခဲ့တယ်မလား၊ ဘယ်မှာလဲ ကိုယ့်ရဲ့ဆု"

ထုန်ရန့် : "ရေတစ်ခွက် ခပ်တိုက်တယ်လေ"

"အရူးလာမလုပ်နဲ့" ကျိုးရှန့်မင်က မကျေမနပ်ဖြင့် ပြောလာ၏။ ဗီရို၌ ခြေထောက်တစ်ဖက်ပါ ထောက်လိုက်ကာ ထုန်ရန့်အား လုံးဝပိတ်ဆို့ထားရင်းဖြင့်
"ရေတိုက်တာကို ထည့်မတွက်ဘူး"

ထုန်ရန့် အသံတိုးတိုးဖြင့် ခုခံလိုက်၏။
"ဘာလို့ ထည့်မတွက်တာလဲ"

ကျိုးရှန့်မင်က အကျိုးအကြောင်း မသင့်ပဲ ရေရေရာရာ ပြောခြင်းမရှိပဲဖြင့် ကလေးဆန်စွာဖြေလာသည်။
"ဒီအတိုင်း ထည့်မတွက်တာ"

pheromoneနံ့များနှင့် ကိုယ်အပူချိန်များမှာ ကျိုးရှန့်မင်ထံသို့ ရိုက်ခတ်နေ၏။ အိမ်၌ဆိုလျှင် ထုန်ရန့်မှာ တော်တော်လေးကို စိတ်လက်ပေါ့ပါးနေတတ်သညါ။ လည်ပင်း၌လည်း isolation patchကပ်ထားခြင်းမရှိချေ။ သူ၏ တုန့်ပြန်မှုရောဂါမှာ ကုသပြီးသွားပြီဟုတောင် ပြော၍ရသည်။ ထို့ကြောင့် သည်တစ်ခါတော့ pheromoneများက သူ့အား နာကျင်မှု ဒါမှမဟုတ် ကြောက်ရွံ့မှုမပေးပဲ နှလုံးခုန်မြန်လာစေပြီး ရှက်တတ်သော  omegaလေးတစ်ယောက်သာ ဖြစ်စေသည်။

ကျိုးရှန့်မင်က စိတ်အနှောင့်အယှက်မဖြစ်ပဲ ထုန်ရန့်၏ အပြစ်မတင်သော ပုံစံလေးကို ကြည့်နေချင်သေးသည်။ သို့သော်လည်း သိုးပေါက်လေးမှာ အလွန်အမင်းမရှက်သွားပဲ ခြေဖျားထောက်ကာ သူ့အားနမ်းလာလေသည်။

အနမ်းခံရသော alpha ဖြစ်သူမှာ အတန်ကြာအောင် မှင်တက်သွားရပြီး ထုန်ရန့်က ဂုဏ်ယူနေသောလေသံဖြင့် ခပ်မတ်မတ်ရပ်ကာမေးလာ၏။
"ဆုကကောင်းတယ်မလား"

"စောသေးတယ်"

ဝံပုလွေကြီးကို လွှင့်ပစ်ရန်ဆိုသည်မှာ မလွယ်ကူလှချေ။ ပုန်ကန်ရန်ကြိုးစားခဲ့သော သိုးပေါက်လေးမှာ ဗီရိုနှင့် ဖိကပ်ခံထားရပြီး ကောင်းကောင်း အသင်ပြခံလိုက်ရပါတော့၏။

နမ်းမိသည့်အခါတွင် သူပိုပိုသာသာနမ်းမိပြီး ပြန်မထိန်းချုပ်သလိုမျိုး ခဏလေးနှင့်လည်း မရပ်တန့်နိုင်ကြောင်း သူ့ကိုယ်သူ ကျိုးရှန့်မင်သိပါသည်။

အိမ်ပြန်လာသော လမ်းတစ်လျောက် သူဤသို့သောပုံစံအား စိတ်ကူးယဉ်နေခဲ့သည်။ နှစ်နာရီခန့် ထိန်းချုပ်လာပြီးနောက် ရေကာတာများမှာ အဖွင့်ခံလိုက်ရ၏။ ထုန်ရန့်က သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မျက်ရည်ကျသည်အထိ အနမ်းခံလိုက်ရသည်။ သို့သော်လည်း ထုန်ရန့်အား ချော့မော့ရန်မှာ ခက်ခဲလှသည်မဟုတ်ပဲ မိနစ်အနည်းငယ် အကြာ၌ ကျိုးရှန့်မင်နှင့်အတူ ခြံအနောက်ဘက်ရှိ နှင်းဆီခင်းကြီးရှိရာသို့ ပျော်ပျော်ကြီး ဆင်းလာပါတော့သည်။ သူ့အား ညစာဘာစားချင်သလဲ ဟု မေးလာသည့်အခါ အများကြီး စဉ်းစားနေပြီးမှ အစ်ကိုလုပ်ကျွေးတဲ့ ပါစတာစားချင်သည်ဟု ပြောလာ၏။

ကျိုးရှန့်မင်၏ ဟင်းချက်လက်ရာက စားသောက်ဆိုင်များထက် အများကြီးပိုကောင်းသည်ဟု ပြောလေ့ရှိသည်။ အမှန်တော့ ကျိုးရှန့်မင်၏ ပါဝင်ပစ္စည်းများက ပိုမို သိပ်သည်းသည်။ သူဘာစားသလဲဆိုတာ သိပ်မစဉ်းစားပဲ ဆားနှင့် အချိုမှုန့်ကို မျက်စိမှိတ်၍ပင် ထည့်နိုင်သေးသည်။ ထုန်ရန့်က သူ့လက်ရာကို မြည်းစမ်းပြီးနောက် အကြိမ်အနည်းငယ်ကြာပြီးနောက်  လိုအပ်သည်များကို မှတ်စုထုတ်ထားတာ တဖြည်းဖြည်း ဟင်းညွှန်းကို တိုးတက်စေ၏။ အခုတော့ အာလူးနည်းနည်းသာထည့်ထားပြီး မုန်လာဥနီ များများထည့်ထားသည်။

ညစာစားပြီးနောက် အစီအစဉ်မှာ အရင်ကနှင့် အနည်းငယ် ကွဲပြားသွားသည်။ နှစ်ယောက်သား စီးပွားရေး သတင်းများကို တူတူမကြည့်ကြတော့ချေ၊ သို့သော် ကျိုးရှန့်မင်က ကြည့်ရန်လိုသေးသည်။ အခုတလော ထုန်ရန့်က Legoရုပ်များကိုစွဲလမ်းလာရာ ကျိုးရှန့်မင် သတင်းကြည့်နေစဉ်တွင် ကျိုးရှန့်မင်၏ ခြေထောက်ဘေး ကြမ်းပြင်ရှိ အခင်းပေါ်၌ ထိုင်ပြီး Lego ထိုင်ဆက်နေလေ့ရှိသည်။

ပုံမှန်အားဖြင့် သူ့မုန့်ဖိုးဖြင့်သာ Lego setများဝယ်လေ့ရှိသည်။ တစ်ခုမဝယ်ခင် onlineပေါ်မှ အရင်ရှာလေ့ရှိ၏။ ကျိုးရှန့်မင်က မကြည့်ရက်တော့သောကြောင့် ထုန်ရန့်၏ နှစ်ဝက်စာမေးပွဲမတိုင်ခင် တစ်ရက်အလို၌ Lego setအခု ၂၀ကို တစ်ခါတည်းနှင့် ဝယ်ချလာတော့သည်။ ပိုက်ဆံကို အလကားနေရင်း ဖြုန်းနေပြီး သူ၏ ဈေးဝယ်သော အတွေ့အကြုံကို ဖျက်စီးပစ်သောကြောင့် ထုန်ရန့် သူ့အား ဆူလိုက်ရသေး၏။ သို့သော်လည်း ခေတ္တအကြာ၌ ကျိုးရှန့်မင်၏ ဘေး၌ ပြန်ရောက်သွားရမြဲ။

ထိုနေ့က နှစ်ဦးသား၏ အနီးကပ်ဆုံး အထိအတွေ့မှာ နဖူးပေါ်သို့ အနမ်းတစ်ခုပေးလာခြင်းပင်ဖြစ်သည်။
(T/N-ဒီနေ့ကစပြီး ကုသမှုက ဒါပဲဖြစ်လိမ့်မယ်လို့ ပြောတဲ့ည 🤭)

ကျိုးရှန့်မင်က ထုန်ရန့်အား ပွေ့ဖက်ချိန်၌လည်း အလွန်ကို ချုပ်တည်းနိုင်ပေသည်။ ဒီနေ့တော့ စားသောက်ပြီး သွားတိုက်ပြီးသည်နှင့် ထုန်ရန့် ထိုင်ချကာ သူ့legoများကို ချက်ချင်း ဆက်နေလေသည်။ ကျိုးရှန့်မင်က အပေါ်ထပ်တက်ကာ အိမ်နေရင်း အဝတ်လဲလိုက်ပြီး ပြန်ဆင်းလာ၏။ သူက ထုန်ရန့်ဆီ လမ်းလျှောက်သွားလိုက်ပြီး ပြောလိုက်၏။
"ဟင်းချက်ရတာ အရမ်းပင်ပန်းတာပဲ"

ထုန်ရန့် သူ့ကိုမသိချင်ယောင်ဆောင်ထားလိုက်သည်။ ကျိုးရှန့်မင်က လက်မလျော့ပဲ ဆက်ပြောလာ၏။
"ဒီ Legoကို မင်းအတွက် ဘယ်သူများ ဝယ်ပေးထားတာပါလိမ့်"

သွားတိုက်ပြီးနောက် ထုန်ရန့် ပါးစပ်က ထပ်နာလာ၏။ ခုဏက မှန်ထဲတွင်ကြည့်စဉ်က နှုတ်ခမ်းတစ်ခုလုံ ယောင်းကိုင်းနေမတက်ဖြစ်နေခဲ့သည်။ Lego လက်ဆောင်တွေ ဘာတွေ အသာထား မနက်က ကျိုးရှန့်မင်၏ နှုတ်ခမ်းကို ကိုက်မိသောကြောင့် ဖြစ်လာသော အားနာမှုပင် ခမ်းခြောက်လုနီးနီးဖြစ်နေပြီး တိတ်တိတ်သာနေနေလိုက်၏။

ခေတ္တမျှ စောင့်နေပြီးနောက် ကျိုးရှန့်မင် သည်းမခံနိုင်တော့ပဲ ထုန်ရန့်ဘေးရောက်လာကာ လက်များဖြင့် သိုင်းဖက်လိုက်ပြီး နားနားကပ်ကာပြောလိုက်သည်။
"ထမင်းစားပြီးတာနဲ့ မင်းကို မြှောက်ပင့်စနောက်တာက အသုံးမဝင်တော့ဘူးပေါ့၊ ဟုတ်လား"

ထုန်ရန့် ခေါင်းစောင်းလိုက်ပြီး သူတို့၏ မျက်နှာနှစ်ခုအား ပါးချင်းအပ်ကာ ပူးကပ်ထားလိုက်၏။ ကျိုးရှန့်မင် မနေနိုင်တော့ပဲ ခိုင်မာသော အသံဖြင့်ပြောလာသည်။
"စကားပြော"

"ကျွန်တော် စကားလေးနည်းနည်း ထပ်ပြောမိရင် အစ်ကိုက ထပ်ပြီး ဆုချခိုင်းဦးမှာလေ"

မသိချင်ယောင်ဆောင်ဟန်ဖြင့် ထုန်ရန့်က မျက်နှာကိုလှည့်လိုက်ကာ ကျိုးရှန့်မင်၏ လည်ပင်းအား သူ့နှုတ်ခမ်းများနှင့် ဖိကပ်လိုက်သည်။ ထို့နောက် ပြန်ခွာလိုက်ကာ ပြောလာ၏။
"ကြည့်! ကျွန်တော့ နှုတ်ခမ်းတွေက ပူနေပြီ ဒါတောင် ကျွန်တော့ကို အနိုင်ကျင့်ချင်နေတုန်းပဲ"

ကျိုးရှန့်မင်လည်း ပြုံးမိသွားကာ ထုန်ရန့်လည်း မျက်ဝန်းဝိုင်းများကို ကွေးညွှတ်ကာ ပြုံးလိုက်၏။ ကျိုးရှန့်မင်ရင်ခွင်ထဲသို့ စိတ်လျော့ကာ မှီချလိုက်ပြီး လက်ထဲမှLego ကိုချလိုက်ကာ ကျိုးရှန့်မင်၏ လက်တစ်ဖက်ကို ကိုင်ပြီး စိတ်လွတ်လက်လွတ် ဆော့ကစားနေရင်း
"ကျွန်တော့ စာမေးပွဲ ရလဒ်ထွက်လာပြီးရင် လိုချင်တဲ့ လက်ဆောင်ကို စဉ်းစားပြီးပြီ"

"ဘာလိုချင်လဲ" ကျိုးရှန့်မင် မေးလိုက်သည်။

ထုန်ရန့် ခေတ္တမျှ တုံ့ဆိုင်းနေကာ သူ့ရင်ဘက်က သိသိသာသာ အခုန်မြန်လာပြီးနောက် ပြောလိုက်၏။
"အစ်ကို ကျွန်တော့ကို ဖြေးဖြေးချင်း နမ်းတာကို လိုချင်တယ်"

သူ့အသံက တဖြည်းဖြည်း တိုးသထက် တိုးသွားသော်လည်း ကျိုးရှန့်မင် ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"ကျွန်တော် အစ်ကို့ကို နမ်းချင်ပါသေးတယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်းလေးနမ်းလေ..ဟုတ်ပြီလား"

ကျိုးရှန့်မင်၏ နှလုံးသားမှာ အရည်ပျော်သွားရကာ ထုန်ရန့်၏ လက်ကို ဆွဲကိုင်လိုက်ပြီး လက်ဖျားထိပ်၌ အနမ်းခြွေရင်း နူးနူးညံ့ညံ့ ကတိပေးလိုက်၏။
"ဟုတ်ပါပြီဗျာ"

---
အနီးစပ်ဆုံး walk-in closetက ဒီလိုဟာမျိုးလို့ ထင်တာပဲ။ ဒီထက်တော့ ကျယ်မှာပေါ့လေ။

•°•°•°•°•°•

(Zawgyi)

က်ိဳးရွန႔္မင္ ျပန္ေရာက္ခ်ိန္၌ ထုန္ရန႔္တစ္ေယာက္ အိပ္ရာႏိုးၿပီးျဖစ္၏။ သို႔ေသာ္ အိပ္ခန္းထဲ၌လည္း မရွိသလို ဧည့္ခန္းထဲ၌လည္းမရွိေခ်။ သန႔္ရွင္းေရးလုပ္ေနေသာ စက္႐ုပ္ကေတာ့ ထုန္ရန႔္ အဝတ္အစားထားသည့္အခန္းထဲတြင္ရွိသည္ဟုေျပာလာ၏။

အဝတ္အစားထားခန္းႏွင့္ ထုန္ရန႔္၏ အိပ္ခန္းတို႔မွာ ေလ်ာက္လမ္း၏ ႏွစ္ဖက္လုံး၌ အသီးသီးရွိၾကျခင္းျဖစ္သည္။ ဤအိမ္သို႔ က်ိဳးရွန႔္မင္ ပထမဆုံးေျပာင္းေ႐ႊ႕လာစဥ္က မူလအစီအစဥ္မွာ ဧည့္သည္မ်ားအတြက္ သီးျခား ေရခ်ိဳးခန္းတစ္ခုျပဳလုပ္ရန္ျဖစ္ေသာ္လည္း အခန္းမွာ သာမန္ေရခ်ိဳးခန္းမ်ားထက္ ႏွစ္ဆမက ႀကီးေန႐ုံသာမက က်ယ္ဝန္းသည့္ မွန္ျပတင္းေပါက္လည္းရွိသျဖင့္ အလင္းေရာင္ေကာင္းေကာင္းရၿပီး ဖုံးကြယ္မႈအား မေကာင္းသျဖင့္ ေရခ်ိဳးခန္းတစ္ခု လုပ္ပစ္ရန္ မသင့္ေတာ္ေပ။ ထို႔ေၾကာင့္ ထိုအခန္းမွာ အၿမဲတမ္း ဗလာသက္သက္ျဖစ္ေနခဲ့ရ၏။

ထုန္ရန႔္ ေျပာင္းလာၿပီးေနာက္ က်ိဳးရွန႔္မင္က ထိုအခန္းကို အဝတ္အစားမ်ားထားရာ walk-in closetခန္းအျဖစ္ လက္သမား အေျမာက္အမ်ားငွားကာ ျပင္ဆင္လိုက္သည္။

လူတစ္ရပ္စာ ျမင့္ၿပီး ေသးငယ္ေသာ ဆံဆြဲေျမာက္မ်ားစြာျဖင့္ ဗီ႐ိုေလးခုအပါအဝင္ ဖိနပ္မ်ားႏွင့္ အိတ္မ်ားအတြက္လည္း စင္မ်ား ပါေသး၏။ အရာအားလုံးမွာ လက္မႈပညာသည္ ဆရာႀကီးတစ္ေယာက္ကိုယ္တိုင္ ျပင္ဆင္ေပးထားျခင္းျဖစ္ၿပီး ကိုယ္လုံးေပၚမွန္မ်ားလည္း တပ္ဆင္ထားေသးသည္။ ေလဝင္ေလထြက္ေကာင္းေအာင္ ျပင္ဆင္ထားၿပီး ေတာ္ေတာ္ေလးကို လက္ဝင္ေသာေၾကာင့္ လြန္ခဲ့သည့္ ရက္အနည္းငယ္ကသာ အၿပီးသတ္ႏိုင္ခဲ့ျခင္းပင္။

ထုန္ရန႔္က တံခါးကို ေက်ာေပးထားကာ shopping bagတစ္ပုံတစ္ေခါင္းႀကီး အလည္၌ ေျခခ်ိတ္ထိုင္ေန၏။ ကိုယ္အေပၚပိုင္းမွာ ေစာင္းလ်က္ သူ႔ေဘးရွိ ၾကမ္းခင္းေပၚတြင္ ေထာင္ထား​ေသာ ကိုယ္လုံးေပၚမွန္ႀကီးသို႔ ေခါင္းမွီထားလ်က္။ စတင္မရွင္းလင္းရ​ေသးခင္မွာတင္ အေတြးထဲ၌ တဝဲလည္လည္ျဖစ္ေနျခင္းပင္။

ညေနေစာင္းပိုင္း ေနေရာင္မွာ မပူလြန္းသလို မစူးရွေပ။ ေႏြးေထြးၿပီး ေနလို႔ေကာင္း၏။ ထုန္ရန႔္က နက္ျပာေရာင္ ဆြယ္တာပါးပါးကို ႏွင့္ မီးခိုးေရာင္ sweatpants ကိုဝတ္ထားကာ ဖိနပ္အပါးမစီးထားပဲ ထိုအစား ခပ္ထူထူသိုးေမႊးေျခအိတ္ဝတ္ထား၏။ ျပတင္းေပါက္မွဝင္လာေသာ ေနအလင္းေရာင္ေအာက္တြင္ သူ႔ဆံပင္မ်ားမွာ ပို၍ေတာင္ ပြေယာင္းေနၿပီး  ၿငိမ္သက္ေနေသာ အေကာင္ငယ္ေလးတစ္ေကာင္ကဲ့သို႔ လူကို အႏၲရာယ္ မျပဳႏိုင္ေသာ္လည္း မည္သည့္လူကမွ သူ႔ကို အႏိုင္က်င့္ပါရန္ ႏွလုံးသားက သည္းခံႏိုင္မည္မဟုတ္ေခ်။

အခန္းတံခါးက မပိတ္ထားပဲ လုံးဝပြင့္ေနေသာေၾကာင့္ က်ိဳးရွန႔္မင္ ဤသို႔ပုံစံကို ေတြ႕လိုက္ရျခင္းျဖစ္၏။

ေနာက္ေက်ာေလးကိုေတြ႕႐ုံျဖင့္ သူ႔ႏွလုံးသားကို အရည္ေပ်ာ္သြားေစႏိုင္ေသာ ထုန္ရန႔္၏ ႏိုးကာစ မ်က္ႏွာထားေလးကို သူခန႔္မွန္းၾကည့္လို႔ရေနသည္မွာ နည္းနည္းမ်ား ထူးဆန္းေနသလား။

အတန္ၾကာၿပီးေနာက္ ထုန္ရန႔္က လွည့္ၾကည့္လာၿပီး သူ႔ေနာက္တြင္ရပ္ေနေသာ က်ိဳးရွန႔္မင္ကို ေတြ႕သြား၏။ ႏူးညံ့ေသာ အၿပဳံးေလးႏွင့္ ေမးလာ၏။
"ျပန္လာၿပီလား"

"အင္း"

က်ိဳးရွန႔္မင္ သူ႔ရွိရာသို႔ လမ္းေလွ်ာက္သြားလိုက္ၿပီး ထုန္ရန႔္လိုမ်ိဳး ၾကမ္းျပင္တြင္ ေျခခ်ိတ္ထိုင္ခ်လိုက္၏။ သို႔ေသာ္လည္း သူ႔ အေနာက္တိုင္းဝတ္စုံေၾကာင့္ ထုန္ရန႔္ကဲ့သို႔ ကုန္း၍မရပဲ ရပ္ေနစဥ္ကထက္ေတာင္ ပို၍ ေတာင့္ေတာင့္ႀကီးျဖစ္ေန၏။

ဒူးမ်ားက ပူးကပ္ေနၾကကာ ထုန္ရန႔္က သူ႔ေခါင္း၏ ဦးတည္ခ်က္ကို​ေျပာင္းၿပီး က်ိဳးရွန္႔မင္၏ ရင္ဘက္ေပၚတြင္ မွီထားလိုက္သည္။

"အား....." ထုန္ရန႔္က က်ယ္က်ယ္ေလာင္ေလာင္ ညည္းတြားလိုက္၏။

က်ိဳးရွန႔္မင္က သူ႔မ်က္ႏွာကို အျမတ္တႏိုးကိုင္ကာၿပီး
"ဘာျဖစ္လို႔လဲ"

"အမ်ားႀကီးပဲ..ဘယ္ကစရွင္းရမလဲေတာင္မသိေတာ့ဘူး"

ထုန္ရန႔္ ေျခေထာက္ကို ေ႐ႊ႕လိုက္ရာ အိတ္မ်ားႏွင့္ တိုက္မိသြားၿပီး အိတ္ထဲမွ  တခ်ိဳ႕တစ္ဝက္ထြက္က်လာ၏။ သို႔ေသာ္လည္း နည္းနည္းသာျဖစ္၍ မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။

တခ်ိဳ႕မွာ သူတို႔လက္မထပ္ခင္က လင္ယြဲ႕စြာဝယ္ေပးထားျခင္းျဖစ္ေသာ္လည္း အမ်ားဟုမွာေတာ့ ၿပီးခဲ့သည့္အပတ္က လင္ယြဲ႕ဟြာႏွင့္ ထုန္ရန႔္ ေဈးဝယ္ထြက္စဥ္က ဝယ္ယူခဲ့ၾကသည့္ ပစၥည္းမ်ားျဖစ္သည္။ က်ိဳးအိမ္မ​ွ ျပန္လာၿပီးတည္းက အားကစားပြဲႏွင့္ အစားထိုး ႏွစ္ဝက္စာေမးပြဲမ်ားအတြက္ အလုပ္ရႈပ္ေနခဲ့ၿပီး ရွင္းလင္းရန္ အခ်ိန္မရွိခဲ့ေပ။ ထို႔ေၾကာင့္ စုပုံထားခဲ့ျခင္းျဖစ္ၿပီး ယခုမွသာ အခ်ိန္ရျခင္းျဖစ္၏။

သို႔ေသာ္လည္း ထိုအဝတ္အစားမ်ားကို အၿမဲတမ္း စုပုံထား၍မရေသာေၾကာင့္ ထားသင့္သည့္ေနရာတြင္ ထားရန္ျပင္ရေပသည္။

ထုန္ရန႔္က က်ိဳးရွန႔္မင္ရင္ခြင္ထဲသို႔တိုးဝင္လိုက္ကာ ထိုင္လိုက္ၿပီးေနာက္ လည္ပင္းကို ဖက္တြယ္ထားေတာ့၏။ က်ိဳးရွန႔္မင္ကလည္း သူ႔ေက်ာျပင္တြင္ လက္မ်ားကို ေလ်ာ့တိေလ်ာ့ရဲ တင္ထားၿပီး ျပန္ဖက္ထား၏။ ထုန္ရန႔္ႏွင့္ အီစီကလီလုပ္ရန္ကာလေလးအား အျပည့္အဝ ၾကည္ႏူးရန္ ရည္မွန္းထားသည့္အလား။ သူက တည္ၿငိမ္စြာေျပာလာ၏။
"မင္းအခု စမလုပ္ရင္ မၾကာခင္ ေနဝင္သြားေတာ့မယ္"

ထုန္ရန႔္က မ်က္စိလွန္ျပလိုက္ကာ က်ိဳးရွန႔္မင္၏ ႏႈတ္ခမ္းစြန္းကို နမ္းလိုက္၏။

က်ိဳးရွန႔္မင္ အၿပဳံတစ္ခုကို ထိန္းထားရင္းျဖင့္ ေမးလိုက္သည္။
" ဘာလုပ္တာလဲ"

"ကြၽန္ေတာ့ကို ကူညီေပး" ထုန္ရန႔္ ေျပာလိုက္၏။
"ကြၽန္ေတာ္ တစ္ေယာက္တည္း အၿပီးသတ္ႏိုင္ပါ့မလား။ မ်ားလြန္းတယ္"

"ကိုယ့္ကို ေတာင္းဆိုေနတာလား"

ထုန္ရန႔္ : "အင္း"

က်ိဳးရွန႔္မင္ : "ဒါေပမဲ့ ဘာလို႔ လိမၼာတဲ့ေလသံေလး မေပါက္ေနရတာပါလိမ့္"

ထုန္ရန႔္လည္း ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ
"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ကို ကူညီေပးပါ..ေနာ္"

က်ိဳးရွန႔္မင္က မေက်နပ္ေသးေပ။
"ကူညီရင္ ကိုယ့္အတြက္ ဘာအက်ိဳးအျမတ္ရမလဲ"

က်ိဳးရွန႔္မင္ ဆိုးသြမ္းေနျခင္းကို ထုန္ရန႔္ ခံစားမိလိုက္၏။ အစ္ကိုႀကီးတစ္ေယာက္လိုျဖစ္ေနတုန္းက အက်ိဳးအျမတ္လုံးဝမယူခဲ့ပဲနဲ႔ ခ်စ္သူျဖစ္ၿပီးကာမွ ကူညီလိုစိတ္မရွိပဲ အရင္ဆုံး ေဈးလာလာညႇိေနတာ..။

"ဆုခ်မယ္.." ထုန္ရန႔္ သူ႔ကို ဘာဆုခ်ရမလဲ မသိေသာ္လည္း ျမန္ျမန္ သေဘာတူေစရန္ ေျပာလိုက္ရ၏။

သို႔ေသာ္လည္း အံ့ဩစရာေကာင္းေလာက္ေအာင္ က်ိဳးရွန႔္မင္က ခ်က္ခ်င္း သေဘာတူလာသည္။
"ေကာင္းၿပီ"

က်ိဳးရွန႔္မင္၏ အကူအညီေၾကာင့္ ထုန္ရန႔္ ထိုင္ရင္းေငးရင္း ေနရခ်ထားျခင္းကို မေအာင္မျမင္ မျဖစ္ေတာ့ပဲ အတူတကြ ေနရာခ်ထားၿပီးေနာက္ ႏွစ္နာရီမွ် အၾကာတြင္ ေသခ်ာေလးကို ေသေသသပ္သပ္ျဖစ္သြားေတာ့သည္။

ပစၥည္းမ်ားကလည္း မ်ားလြန္းေသာေၾကာင့္ ကုန္းလိုက္ကြလိုက္၊ ထိုင္လိုက္ထလိုက္ျဖင့္ လုပ္ေနခဲ့ရသည္။ ထုန္ရန႔္ကလည္း ေသခ်ာမလုပ္ဖူးေသာေၾကာင့္ အမ်ားစုမွာ က်ိဳးရွန႔္မင္လုပ္ရသည္မ်ားျဖစ္၏။ အားလုံးၿပီးဆုံးသြားေသာအခါ က်ိဳးရွန႔္မင္၏ နဖူး၌ ေခြၽးစေလးမ်ားေတာင္ သီးေနေလသည္။ အေပၚထပ္ အက်ႌကို ခြၽတ္ထားၿပီးျဖစ္ကာ နက္ကတိုင္ကို ေလ်ာ့ရဲစြာထားထား၏

အစက အတူတူလုပ္ၾကမည္ဟု ေျပာထားခဲ့ေသာ္လည္း လုပ္လက္စ တစ္ဝက္မွာတင္ ပ်င္းလာျခင္းျဖစ္၏။ ထို႔ေၾကာင့္ အားလုံးၿပီးဆုံးခ်ိန္တြင္ အဝတ္အစားခန္းမွာ တျခားအခန္းတစ္ခုကဲ့သို႔ျဖစ္သြားၿပီး သူ၏ ေခြးေပါက္ေလးကဲ့သို႔ ပုံစံ အသက္ဝင္လာကာ "အစ္ကို" ဟု ခပ္ခ်ိဳခ်ိဳေခၚလိုက္ရင္း သူ႔လက္ျဖင့္ က်ိဳးရွန႔္မင္အား ယပ္ခတ္ေပးဟန္လုပ္ကာ ေရသြားခပ္ေလသည္။

က်ိဳးရွန႔္မင္က အခန္းကိုပတ္ၾကည့္လိုက္ၿပီး အဝတ္ခ်ိတ္သည့္အတန္းမ်ားကို ခိုင္မခိုင္စစ္ၾကည့္လိုက္သည္။ ထုန္ရန႔္က  ေရတစ္ခြက္ျဖင့္ ျပန္ဝင္လာေသာ္လည္း က်ိဳးရွန႔္မင္ ေရခြက္အား လွမ္းမယူခဲ့ေခ်။

"ေရမေသာက္ဘူးလား" ထုန္ရန႔္က​ ေမးလာ၏။

"ေသာက္မယ္"

ထုန္ရန႔္က ေရခြက္ကို ထပ္မံ ကမ္းေပးလိုက္သည္။ သို႔ေသာ္ က်ိဳးရွန႔္မင္က ခပ္ဖြဖြၿပဳံးေနရင္း မလႈပ္ေသးေပ။ ထုန္ရန႔္ က်ိဳးရွန႔္မင္ ဘာကိုလိုခ်င္သလဲ သတိထားမိၿပီးေနာက္ မ်က္ႏွာ အနည္းငယ္ရဲသြားရသည္။ ဖန္ခြက္ကို အနည္းငယ္ ျမႇင့္ကာ ေျမႇာက္လိုက္ၿပီး က်ိဳးရွန႔္မင္၏ ႏႈတ္ခမ္းနားတြင္ ေတ့ေပးလိုက္၏။ ထိုမွသာ က်ိဳးရွန႔္မင္ ေခါင္းငုံ႔လာၿပီး ေရတစ္ဝက္ေက်ာ္ေက်ာ္မွ် ေသာက္ေလေတာ့သည္။

ထုန္ရန႔္က ခပ္တိုးတိုးေမးလိုက္သည္။
"ထပ္ေသာက္ဦးမလား"

က်ိဳးရွန႔္မင္ : "ဟင့္အင္း"

အဲ့ဒါဆို ကြၽန္ေတာ္.." ထုန္ရန႔္ လွည့္ထြက္လိုက္ေသာ္လည္း က်ိဳးရွန႔္မင္က သူ႔ခါးကိုလွမ္းကိုင္လိုက္သည္။

ၾကည့္ရတာ က်ိဳးရွန႔္မင္ ဒါကိုလုပ္ဖို႔စီစဥ္ထားတာ ေတာ္ေတာ္ၾကာေလာက္ၿပီဟုထင္ရသည္။ သူက ထုန္ရန႔္လက္ထဲမွ ခြက္ကိုယူလိုက္ၿပီး အနီးရွိ ဗီ႐ိုတစ္ခုေပၚ၌ တင္လိုက္၏။ ထို႔ေနာက္ ထုန္ရန႔္အား ဆြဲဖက္လိုက္သည္။

ထုန္ရန႔္ သတိမလြတ္ေသာ္လည္း ေျခမခိုင္သလိုျဖစ္သြားၿပီး လဲက်ေတာ့မလိုျဖစ္သြား၏။ သို႔ေသာ္လည္း ကံေကာင္းစြာပင္ က်ိဳးရွန႔္မင္၏ ရင္ခြင္ထဲသို႔ ၿပိဳက်သြားျခင္းပင္ျဖစ္ေလသည္။ ႏွစ္ဦးမွာ အလြန္တရာ နီးကပ္ေနၿပီး ထုန္ရန႔္မွာ က်ိဳးရွန႔္မင္ႏွင့္ အဝတ္အစား ဗီ႐ိုၾကားတြင္ ညပ္ေနေတာ့သည္။ သူတို႔၏ ကြာျခားေသာ အရပ္ေၾကာင့္ သူ႔ေခါင္းထိပ္မွာ အရိပ္က်ေနသလိုခံစားလိုက္ရသည္။

က်ိဳးရွန႔္မင္က လက္တစ္ဖက္ျဖင့္ သူ႔လက္တစ္ဖက္ကို ကိုင္လိုက္ၿပီး တျခားတစ္ဖက္ကို ထုန္ရန႔္၏ ခါးေပၚ၌ တင္ထားသည္။ တျဖည္းျဖည္း အေပၚတတ္လာၿပီး ဂုတ္ပိုးသို႔ေရာက္လာသည္။ လက္ေခ်ာင္းမ်ားက ထုန္ရန႔္၏ ဆံပင္မ်ားၾကား ဖိႏွိပ္လာၿပီး စြဲစြဲၿမဲၿမဲ ဆုပ္ကိုင္ထားေသာ္လည္း ထုန္ရန႔္အား နာက်င္ေအာင္ လုပ္ႏိုင္သည့္ အင္အားျဖင့္မဟုတ္ေခ်။ သို႔ေသာ္လည္း ေသခ်ာေပါက္ကို ခပ္လြယ္လြယ္ ထြက္ေျပး၍မရေခ်။

ထုန္ရန႔္ မ်က္ဝန္းမ်ား ျပဴးက်ယ္လာရၿပီး က်ိဳးရွန႔္မင္ကို စိုက္ၾကည့္ရင္း ေမးလိုက္သည္။
"ဘာလုပ္ေနတာလဲ"

က်ိဳးရွန႔္မင္က ေအးေအးေဆးေဆးပင္ ေျပာလာသည္။
"အရမ္းရန္လိုေနတာပဲ"

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ နား႐ြက္ေနာက္ဖ်ားကို ခပ္ဖြဖြ ထိလိုက္​ၿပီး ထုန္ရန႔္၏ ႏွလုံးသားေလးမွာ တုန္ယင္သြားရ၏။ ဤမွ်႐ိုးရွင္းေသာ အထိအေတြ႕ျဖစ္ေသာ္လည္း ထုန္ရန႔္၏ ​ေျခေထာက္မ်ားမွာ ဂ်ယ္လီကဲ့သို႔ ေပ်ာ့ေခြခ်င္လာသည္။ အသံခ်က္ခ်င္းတိုးက်သြားၿပီး အေလ်ာ့ေပးရန္ ေတာင္းဆိုေနပါသလို...
"အစ္ကို..."

"အင္း..?"

ထုန္ရန႔္ က်ိဳးရွန႔္မင္၏ လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္လိုက္ကာ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လိုက္သည္။ ေနာက္တစ္လွမ္းဆုတ္ခ်င္ပါေသာ္လည္း သူ႔ေနာက္တြင္ ဗီ႐ိုသာက်န္ေတာ့ၿပီး ေျပးထြက္စရာေနရာမရွိေခ်။ ထို႔ေၾကာင့္ ေျပာလိုက္၏။
"လႊတ္ေပး"

က်ိဳးရွန႔္မင္က အသံနိမ့္နိမ့္ျဖင့္ေျပာလာသည္။
"ခုဏကေလးတင္ ဆုခ်မယ္လို႔ေျပာခဲ့တယ္မလား၊ ဘယ္မွာလဲ ကိုယ့္ရဲ႕ဆု"

ထုန္ရန႔္ : "ေရတစ္ခြက္ ခပ္တိုက္တယ္ေလ"

"အ႐ူးလာမလုပ္နဲ႔" က်ိဳးရွန႔္မင္က မေက်မနပ္ျဖင့္ ေျပာလာ၏။ ဗီ႐ို၌ ေျခေထာက္တစ္ဖက္ပါ ေထာက္လိုက္ကာ ထုန္ရန႔္အား လုံးဝပိတ္ဆို႔ထားရင္းျဖင့္
"ေရတိုက္တာကို ထည့္မတြက္ဘူး"

ထုန္ရန႔္ အသံတိုးတိုးျဖင့္ ခုခံလိုက္၏။
"ဘာလို႔ ထည့္မတြက္တာလဲ"

က်ိဳးရွန႔္မင္က အက်ိဳးအေၾကာင္း မသင့္ပဲ ေရေရရာရာ ေျပာျခင္းမရွိပဲျဖင့္ ကေလးဆန္စြာေျဖလာသည္။
"ဒီအတိုင္း ထည့္မတြက္တာ"

pheromoneနံ႔မ်ားႏွင့္ ကိုယ္အပူခ်ိန္မ်ားမွာ က်ိဳးရွန႔္မင္ထံသို႔ ႐ိုက္ခတ္ေန၏။ အိမ္၌ဆိုလွ်င္ ထုန္ရန႔္မွာ ေတာ္ေတာ္ေလးကို စိတ္လက္ေပါ့ပါးေနတတ္သညါ။ လည္ပင္း၌လည္း isolation patchကပ္ထားျခင္းမရွိေခ်။ သူ၏ တုန႔္ျပန္မႈေရာဂါမွာ ကုသၿပီးသြားၿပီဟုေတာင္ ေျပာ၍ရသည္။ ထို႔ေၾကာင့္ သည္တစ္ခါေတာ့ pheromoneမ်ားက သူ႔အား နာက်င္မႈ ဒါမွမဟုတ္ ေၾကာက္႐ြံ႕မႈမေပးပဲ ႏွလုံးခုန္ျမန္လာေစၿပီး ရွက္တတ္ေသာ  omegaေလးတစ္ေယာက္သာ ျဖစ္ေစသည္။

က်ိဳးရွန႔္မင္က စိတ္အေႏွာင့္အယွက္မျဖစ္ပဲ ထုန္ရန႔္၏ အျပစ္မတင္ေသာ ပုံစံေလးကို ၾကည့္ေနခ်င္ေသးသည္။ သို႔ေသာ္လည္း သိုးေပါက္ေလးမွာ အလြန္အမင္းမရွက္သြားပဲ ေျခဖ်ားေထာက္ကာ သူ႔အားနမ္းလာေလသည္။

အနမ္းခံရေသာ alpha ျဖစ္သူမွာ အတန္ၾကာေအာင္ မွင္တက္သြားရၿပီး ထုန္ရန႔္က ဂုဏ္ယူေနေသာေလသံျဖင့္ ခပ္မတ္မတ္ရပ္ကာေမးလာ၏။
"ဆုကေကာင္းတယ္မလား"

"ေစာေသးတယ္"

ဝံပုေလြႀကီးကို လႊင့္ပစ္ရန္ဆိုသည္မွာ မလြယ္ကူလွေခ်။ ပုန္ကန္ရန္ႀကိဳးစားခဲ့ေသာ သိုးေပါက္ေလးမွာ ဗီ႐ိုႏွင့္ ဖိကပ္ခံထားရၿပီး ေကာင္းေကာင္း အသင္ျပခံလိုက္ရပါေတာ့၏။

နမ္းမိသည့္အခါတြင္ သူပိုပိုသာသာနမ္းမိၿပီး ျပန္မထိန္းခ်ဳပ္သလိုမ်ိဳး ခဏေလးႏွင့္လည္း မရပ္တန႔္ႏိုင္ေၾကာင္း သူ႔ကိုယ္သူ က်ိဳးရွန႔္မင္သိပါသည္။

အိမ္ျပန္လာေသာ လမ္းတစ္ေလ်ာက္ သူဤသို႔ေသာပုံစံအား စိတ္ကူးယဥ္ေနခဲ့သည္။ ႏွစ္နာရီခန္႔ ထိန္းခ်ဳပ္လာၿပီးေနာက္ ေရကာတာမ်ားမွာ အဖြင့္ခံလိုက္ရ၏။ ထုန္ရန႔္က သူ႔ကိုယ္သူ ထိန္းခ်ဳပ္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ မ်က္ရည္က်သည္အထိ အနမ္းခံလိုက္ရသည္။ သို႔ေသာ္လည္း ထုန္ရန႔္အား ေခ်ာ့ေမာ့ရန္မွာ ခက္ခဲလွသည္မဟုတ္ပဲ မိနစ္အနည္းငယ္ အၾကာ၌ က်ိဳးရွန႔္မင္ႏွင့္အတူ ၿခံအေနာက္ဘက္ရွိ ႏွင္းဆီခင္းႀကီးရွိရာသို႔ ေပ်ာ္ေပ်ာ္ႀကီး ဆင္းလာပါေတာ့သည္။ သူ႔အား ညစာဘာစားခ်င္သလဲ ဟု ေမးလာသည့္အခါ အမ်ားႀကီး စဥ္းစားေနၿပီးမွ အစ္ကိုလုပ္ေကြၽးတဲ့ ပါစတာစားခ်င္သည္ဟု ေျပာလာ၏။

က်ိဳးရွန႔္မင္၏ ဟင္းခ်က္လက္ရာက စားေသာက္ဆိုင္မ်ားထက္ အမ်ားႀကီးပိုေကာင္းသည္ဟု ေျပာေလ့ရွိသည္။ အမွန္ေတာ့ က်ိဳးရွန႔္မင္၏ ပါဝင္ပစၥည္းမ်ားက ပိုမို သိပ္သည္းသည္။ သူဘာစားသလဲဆိုတာ သိပ္မစဥ္းစားပဲ ဆားႏွင့္ အခ်ိဳမႈန႔္ကို မ်က္စိမွိတ္၍ပင္ ထည့္ႏိုင္ေသးသည္။ ထုန္ရန႔္က သူ႔လက္ရာကို ျမည္းစမ္းၿပီးေနာက္ အႀကိမ္အနည္းငယ္ၾကာၿပီးေနာက္  လိုအပ္သည္မ်ားကို မွတ္စုထုတ္ထားတာ တျဖည္းျဖည္း ဟင္းၫႊန္းကို တိုးတက္ေစ၏။ အခုေတာ့ အာလူးနည္းနည္းသာထည့္ထားၿပီး မုန္လာဥနီ မ်ားမ်ားထည့္ထားသည္။

ညစာစားၿပီးေနာက္ အစီအစဥ္မွာ အရင္ကႏွင့္ အနည္းငယ္ ကြဲျပားသြားသည္။ ႏွစ္ေယာက္သား စီးပြားေရး သတင္းမ်ားကို တူတူမၾကည့္ၾကေတာ့ေခ်၊ သို႔ေသာ္ က်ိဳးရွန႔္မင္က ၾကည့္ရန္လိုေသးသည္။ အခုတေလာ ထုန္ရန႔္က Lego႐ုပ္မ်ားကိုစြဲလမ္းလာရာ က်ိဳးရွန႔္မင္ သတင္းၾကည့္ေနစဥ္တြင္ က်ိဳးရွန႔္မင္၏ ေျခေထာက္ေဘး ၾကမ္းျပင္ရွိ အခင္းေပၚ၌ ထိုင္ၿပီး Lego ထိုင္ဆက္ေနေလ့ရွိသည္။

ပုံမွန္အားျဖင့္ သူ႔မုန႔္ဖိုးျဖင့္သာ Lego setမ်ားဝယ္ေလ့ရွိသည္။ တစ္ခုမဝယ္ခင္ onlineေပၚမွ အရင္ရွာေလ့ရွိ၏။ က်ိဳးရွန႔္မင္က မၾကည့္ရက္ေတာ့ေသာေၾကာင့္ ထုန္ရန႔္၏ ႏွစ္ဝက္စာေမးပြဲမတိုင္ခင္ တစ္ရက္အလို၌ Lego setအခု ၂၀ကို တစ္ခါတည္းႏွင့္ ဝယ္ခ်လာေတာ့သည္။ ပိုက္ဆံကို အလကားေနရင္း ျဖဳန္းေနၿပီး သူ၏ ေဈးဝယ္ေသာ အေတြ႕အႀကဳံကို ဖ်က္စီးပစ္ေသာေၾကာင့္ ထုန္ရန႔္ သူ႔အား ဆူလိုက္ရေသး၏။ သို႔ေသာ္လည္း ေခတၱအၾကာ၌ က်ိဳးရွန႔္မင္၏ ေဘး၌ ျပန္ေရာက္သြားရၿမဲ။

ထိုေန႔က ႏွစ္ဦးသား၏ အနီးကပ္ဆုံး အထိအေတြ႕မွာ နဖူးေပၚသို႔ အနမ္းတစ္ခုေပးလာျခင္းပင္ျဖစ္သည္။
(T/N-ဒီေန႔ကစၿပီး ကုသမႈက ဒါပဲျဖစ္လိမ့္မယ္လို႔ ေျပာတဲ့ည 🤭)

က်ိဳးရွန႔္မင္က ထုန္ရန႔္အား ေပြ႕ဖက္ခ်ိန္၌လည္း အလြန္ကို ခ်ဳပ္တည္းႏိုင္ေပသည္။ ဒီေန႔ေတာ့ စားေသာက္ၿပီး သြားတိုက္ၿပီးသည္ႏွင့္ ထုန္ရန႔္ ထိုင္ခ်ကာ သူ႔legoမ်ားကို ခ်က္ခ်င္း ဆက္ေနေလသည္။ က်ိဳးရွန႔္မင္က အေပၚထပ္တက္ကာ အိမ္ေနရင္း အဝတ္လဲလိုက္ၿပီး ျပန္ဆင္းလာ၏။ သူက ထုန္ရန႔္ဆီ လမ္းေလွ်ာက္သြားလိုက္ၿပီး ေျပာလိုက္၏။
"ဟင္းခ်က္ရတာ အရမ္းပင္ပန္းတာပဲ"

ထုန္ရန႔္ သူ႔ကိုမသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။ က်ိဳးရွန႔္မင္က လက္မေလ်ာ့ပဲ ဆက္ေျပာလာ၏။
"ဒီ Legoကို မင္းအတြက္ ဘယ္သူမ်ား ဝယ္ေပးထားတာပါလိမ့္"

သြားတိုက္ၿပီးေနာက္ ထုန္ရန႔္ ပါးစပ္က ထပ္နာလာ၏။ ခုဏက မွန္ထဲတြင္ၾကည့္စဥ္က ႏႈတ္ခမ္းတစ္ခုလုံ ေယာင္းကိုင္းေနမတက္ျဖစ္ေနခဲ့သည္။ Lego လက္ေဆာင္ေတြ ဘာေတြ အသာထား မနက္က က်ိဳးရွန႔္မင္၏ ႏႈတ္ခမ္းကို ကိုက္မိေသာေၾကာင့္ ျဖစ္လာေသာ အားနာမႈပင္ ခမ္းေျခာက္လုနီးနီးျဖစ္ေနၿပီး တိတ္တိတ္သာေနေနလိုက္၏။

ေခတၱမွ် ေစာင့္ေနၿပီးေနာက္ က်ိဳးရွန႔္မင္ သည္းမခံႏိုင္ေတာ့ပဲ ထုန္ရန႔္ေဘးေရာက္လာကာ လက္မ်ားျဖင့္ သိုင္းဖက္လိုက္ၿပီး နားနားကပ္ကာေျပာလိုက္သည္။
"ထမင္းစားၿပီးတာနဲ႔ မင္းကို ေျမႇာက္ပင့္စေနာက္တာက အသုံးမဝင္ေတာ့ဘူးေပါ့၊ ဟုတ္လား"

ထုန္ရန႔္ ေခါင္းေစာင္းလိုက္ၿပီး သူတို႔၏ မ်က္ႏွာႏွစ္ခုအား ပါးခ်င္းအပ္ကာ ပူးကပ္ထားလိုက္၏။ က်ိဳးရွန႔္မင္ မေနႏိုင္ေတာ့ပဲ ခိုင္မာေသာ အသံျဖင့္ေျပာလာသည္။
"စကားေျပာ"

"ကြၽန္ေတာ္ စကားေလးနည္းနည္း ထပ္ေျပာမိရင္ အစ္ကိုက ထပ္ၿပီး ဆုခ်ခိုင္းဦးမွာေလ"

မသိခ်င္ေယာင္ေဆာင္ဟန္ျဖင့္ ထုန္ရန႔္က မ်က္ႏွာကိုလွည့္လိုက္ကာ က်ိဳးရွန႔္မင္၏ လည္ပင္းအား သူ႔ႏႈတ္ခမ္းမ်ားႏွင့္ ဖိကပ္လိုက္သည္။ ထို႔ေနာက္ ျပန္ခြာလိုက္ကာ ေျပာလာ၏။
"ၾကည့္! ကြၽန္ေတာ့ ႏႈတ္ခမ္းေတြက ပူေနၿပီ ဒါေတာင္ ကြၽန္ေတာ့ကို အႏိုင္က်င့္ခ်င္ေနတုန္းပဲ"

က်ိဳးရွန႔္မင္လည္း ၿပဳံးမိသြားကာ ထုန္ရန႔္လည္း မ်က္ဝန္းဝိုင္းမ်ားကို ေကြးၫႊတ္ကာ ၿပဳံးလိုက္၏။ က်ိဳးရွန႔္မင္ရင္ခြင္ထဲသို႔ စိတ္ေလ်ာ့ကာ မွီခ်လိုက္ၿပီး လက္ထဲမွLego ကိုခ်လိုက္ကာ က်ိဳးရွန႔္မင္၏ လက္တစ္ဖက္ကို ကိုင္ၿပီး စိတ္လြတ္လက္လြတ္ ေဆာ့ကစားေနရင္း
"ကြၽန္ေတာ့ စာေမးပြဲ ရလဒ္ထြက္လာၿပီးရင္ လိုခ်င္တဲ့ လက္ေဆာင္ကို စဥ္းစားၿပီးၿပီ"

"ဘာလိုခ်င္လဲ" က်ိဳးရွန႔္မင္ ေမးလိုက္သည္။

ထုန္ရန႔္ ေခတၱမွ် တုံ႔ဆိုင္းေနကာ သူ႔ရင္ဘက္က သိသိသာသာ အခုန္ျမန္လာၿပီးေနာက္ ေျပာလိုက္၏။
"အစ္ကို ကြၽန္ေတာ့ကို ေျဖးေျဖးခ်င္း နမ္းတာကို လိုခ်င္တယ္"

သူ႔အသံက တျဖည္းျဖည္း တိုးသထက္ တိုးသြားေသာ္လည္း က်ိဳးရွန႔္မင္ ရွင္းရွင္းလင္းလင္းၾကားလိုက္ရသည္။
"ကြၽန္ေတာ္ အစ္ကို႔ကို နမ္းခ်င္ပါေသးတယ္။ ဒါေပမဲ့ ျဖည္းျဖည္းခ်င္းေလးနမ္းေလ..ဟုတ္ၿပီလား"

က်ိဳးရွန႔္မင္၏ ႏွလုံးသားမွာ အရည္ေပ်ာ္သြားရကာ ထုန္ရန႔္၏ လက္ကို ဆြဲကိုင္လိုက္ၿပီး လက္ဖ်ားထိပ္၌ အနမ္းေႁခြရင္း ႏူးႏူးညံ့ညံ့ ကတိေပးလိုက္၏။
"ဟုတ္ပါၿပီဗ်ာ"

---
အနီးစပ္ဆံုး walk-in closet က ဒီလိုဟာမ်ိဳးလို႔ထင္တာပဲ။ ဒီထက္ေတာ့ က်ယ္မွာေပါ့ေလ။

•°•°•°•°•°•











Continue Reading

You'll Also Like

314K 33.8K 171
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
301K 17.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
229K 6.8K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
724K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~