အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

48.5K 7.1K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 24

522 105 12
By Alittlecoin

"Couples' PK battle: ပထမဆုံးပွဲစဉ် စတင်ခြင်း"

အားကောင်းတဲ့ ဟော့ပေါ့လေးနဲ့ ရွှေရောင်နေ့ရက်လေးများ က တစ်ယောက်နဲ့ တစ်ယောက် အနေရခက်နေတုန်းကြပင်။

ပြီးတော့ မသက်မသာဖြစ်ရတဲ့ အခြေအနေက ပိုပြီးဆိုးရွားလာ
တယ်။

ပုံမှန်လိုဆိုရင် ရွှေရောင်နေ့ရက်
​လေးများ နောက်ကနေ တစ်ကောက်ကောက် လိုက်နေတဲ့
သူက အားကောင်းတဲ့
​ဟော့ပေါ့လေး ဖြစ်​ပြီး လက်ရှိ
မှာတော့ ရွှေရောင်နေ့ရက်လေးများ
က အားကောင်းတဲ့ဟော့ပေါ့လေး နောက်ကို လိုက်နေတဲ့သူအဖြစ် နဲ့ ပြောင်းလဲသွားလေတယ်။

Spirit Roadရဲ့ စုံတွဲPK Battle ပွဲစဉ်တွေကလည်း ကျင်းပနေ
ပြီဖြစ်တယ်။
ထိုပွဲစဉ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်
ဖို့ စာရင်းသွင်းထားတဲ့သူတွေဟာ ကျပန်းချပေးထားတဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ရမှာဖြစ်တယ်။

ထန်းရှောင် သူမရဲ့လက်နက်တွေ
ကို အဆင့်မြင့်နိုင်ဖို့အတွက် ကျောက်မျက်ရိုင်းတုံး တွေကို တစ်ပတ်လုံးလုံး လိုက်လံ
ရှာဖွေနေခဲ့ပေမဲ့ အခုချိန်ထိ တစ်ခုမှမရသေးပေ။
တစ်ချို့အချိန်တွေမှာတော့
Ranzhi နဲ့ MengHu Clanနှစ်ခု အတူပေါင်းပြီး အမြီးကိုးချောင်း
​မြေခွေး ကို တိုက်ခိုက်ကြပေမဲ့ ထန်းရှီအတွက် ကျောက်စရစ်ခဲ
​လေး တစ်ခုကိုတောင် ဖြစ်ဖြစ်​
​မြောက်​​မြောက်​ မယူပေးနိုင်
ကြသေးဘူး။

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးနဲ့ ဒီအရှင်မင်းကြီးတို့
နှစ်ယောက် ဆိုရင် ကျောက်မျက်
ရိုင်းတုံးတွေကို ရနိုင်မဲ့ နည်းလမ်း
​ပေါင်းစုံကို GMဆီ နေ့တိုင်း အပူကပ်ပြီး တစ်တွတ်တွတ် နဲ့ မေးကြတယ်။

[လက်ရှိ] ထန်းရှီ:
"ငါတို့ အခုချိန်ထိ ဘာမှမရသေး
ရင်လည်း အားကောင်းတဲ့ဟော့ပေါ့
​လေးနဲ့ ရွှေရောင်နေ့ရက်​လေးများ
တို့နှစ်ယောက် က အရင်ဆုံး ယာယီအနေနဲ့ PKထဲ ဝင်ပြိုင်
ထားပါလား။ အရင်တစ်ခေါက်က တားမြစ်မြို့တော်က ကောင်တွေ ကို ဆော်ပလော်တီးတုန်းကဆို သူတို့နှစ်ယောက်က တွဲဖက်ညီ
ကြသားပဲ"

လူနှစ်ယောက်ကတော့ သူမ ပြောသမျှကို လျစ်လျူရူ
ထားကြ​တယ်။
ထိုကဲ့သို့ ပြုမူလိုက်တာကပင်
လူတိုင်းရဲ့ ပါးစပ်ဖျားမှာ အတင်း
​ပြောစရာတစ်ခု ရသွားလေတယ်။

ရက်အနည်းငယ်ကြာပြီးနောက်မှာ
​တော့ အမြီးကိုးချောင်းမြေခွေးကို
အနိုင်တိုက်နိုင်ခဲ့ပေမဲ့ သူတို့မှာ ကျောက်စရစ်ခဲမပြောနဲ့ ဖန်ဂေါ်လီ
တစ်လုံးတောင် လက်ဆုပ်
လက်ကိုင်မရခဲ့ကြဘူး။

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး ကတော့ yyမှာ ဒေါသတကြီး
နဲ့ အော်ဟစ်နေတော့တယ်။
"သောက်ကျိုးနည်းပဲဟေ့***!
ထန်းရှီ, မင်း အတော် လာဘ်
ပိတ်တဲ့ကောင်ပဲ! နောက်ကျရင် ဘယ်မွန်းစတားကို မှ မင်းလက်နဲ့
မထိမိ​စေနဲ့"

ထန်းရှီ: "...."

[Party] ရွှေရောင်နေ့ရက်လေးများ: "တော်ပြီ, အော်နေတော့လည်း ဘာထူးမှာကြလို့။ ငါတို့ ဒီမှာပဲ လက်စသတ်လိုက်ကြတာပေါ့။ ဒါဆိုလည်း ထန်းရှီလေးနဲ့ စုမူကျိ, မင်းတို့နှစ်ယောက် စုံတွဲတိုက်ခိုက်
တဲ့ နည်းဗျူဟာတွေကို သွား
​လေ့ကျင့်ကြတော့"

တစ်ဖက်မှာ ပွတ်လောရိုက်နေတုန်း ခါတိုင်းတစ်​စာစာ အသံထွက်​​နေကြ အားကောင်းတဲ့ ဟော့ပေါ့လေးမှာ ဘာတစ်ခွန်းမှမပြောဘဲ လိုင်းပေါ်
ကနေ တိတ်တဆိတ်နဲ့ ဆင်းသွား
တယ်။

[Private] သင်မှစုမူကျိထံသို့: "အဲ့နှစ်ယောက်က ဘာဖြစ်ထား
ကြတာလဲ? ရန်ဖြစ်ထားတာလား?"

[Private] စုမူကျိမှသင့်ထံသို့: "မပြောတတ်ဘူး"

[Private] သင်မှစုမူကျိထံသို့:
"မင်းမှာ ဘယ်လိုလုပ်ပြီး စပ်စုချင်
စိတ်လေးတောင် မရှိရတာလဲ!! အခုချိန်က ရွှေရောင်နေ့ရက်လေး
များရဲ့ ကိုယ်ပိုင် နှလုံးသားရေးရာ
ကိစ္စတွေကို ဂရုစိုက်ပေးရမဲ့အချိန်
ပဲ။ တကယ်လို့ အတင်းတုပ်ရမဲ့ အကြောင်းတစ်ခုခုရှိရင် မင်း
ကိုယ့်ကို အရင်ဆုံးပြောပြရမှာ
​နော်!"

[Private] စုမူကျိမှသင့်ထံသို့:
"မင်း အဲလောက် အားယား
​နေရင်လည်း တိုက်ခိုက်တာကို အတူလေ့ကျင့်ဖို့ တစ်ယောက်
​ယောက် ကို သွားရှာချည်​"

သူတို့နှစ်ယောက် အတူလေ့ကျင့်
တဲ့ တိုက်ခိုက်ရေးနည်းဗျူဟာ
ကတော့ စုံတွဲ PK Battleပွဲစဉ်
အတွက် လေ့ကျင့်နေတယ်ဆိုတဲ့ ဆင်ခြေကိုသုံးပြီး တခြားသူတွေကို ထင်ထင်ပေါ်ပေါ်နဲ့ သောက်ကျိုး
နည်းကြီး ရိုက်နှက်နေကြတာပဲ။
ဒါပေမဲ့ ဘယ်သူမှ အထွန့်တက်ပြီး မပြောရဲကြဘူး။ ထိုနှစ်ယောက်က ပြည်သူ့ချဉ်ဖတ်တွေဆိုပေမဲ့
လက်ရှိမှာ Clanနှစ်ခုရဲ့ဂုဏ် ကို ဖော်ဆောင်ပေးကြမဲ့ သူတွေ ဖြစ်နေကြတယ်လေ။

PK battle ပွဲစဉ်တွေရဲ့ ပထမဆုံး
ပွဲစဉ်ကို ကျင်းပမဲ့ နေ့ရက်
​ရောက်လာတဲ့ အခါမှာတော့
ထန်းရှောင် လိုအပ်တာတွေ ပြင်ဆင်ဖို့အတွက် တစ်နာရီစောပြီး လိုင်းပေါ်ကို တက်လိုက်တယ်။

စုမူကျိကတော့ ပြိုင်ပွဲဆိုပြီး အထူးတလည် ပြင်ဆင်မှု
လှုပ်ရှားတာမျိုး မရှိဘဲ
ဂိုဏ်းထဲက လူအုပ်​ကြီးကတော့
ပွဲမစခင် ထန်းရှီကို သွေးပူအောင် လှုံဆော်ကြမယ်ဆိုပြီး ဝိုင်းရိုက်
ဖို့ ကြိုစောင့်နေကြတယ်။

[Guild] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "ထန်းရှီလေး, ဒီခံစားချက်ကို သေချာမှတ်ထား!
မင်း တခြားသူတွေကို ထောက်ထား
ညှာတာမှုမရှိဘဲ ရက်ရက်စက်စက် ရိုက်သတ်တဲ့ အချိန်တိုင်းကို ပြန်သတိရထား! ဘယ်ကောင့်ကိုမှ
စာနာမနေနဲ့!"

[Guild] ထန်းရှီ: "နေအုံး, တစ်ယောက်ယောက် တံခါးလာ
​ခေါက်နေလို့"

ခပ်ထုံထုံHusky ခွေးက အခုနောက်ပိုင်းမှာ အတတ်ဆန်း တစ်ခုကို သင်ထားတယ်။
အဲဒါကတော့ အထဲမဝင်ခင် တံခါးခေါက်တတ်တဲ့ အကျင့်ပဲ။

ဘေးအိမ်မှာ မူချောင် နေတာကို
သိရပြီး နောက်မှာ ခပ်ထုံထုံခွေးက ထန်းရှောင်ထက်တောင် ပိုပြီး တက်ကြွနေလိုက်သေးတယ်။
နေ့တိုင်းလိုလို မနက်မိုးလင်းပြီ
ဆိုတာနဲ့ မူချောင့်မိသားစုက ခွေးဆီ အလည်သွားတယ်။ လည်ရတာ အားရလို့ ညရောက်ပြီဆိုမှ ကိုယ်တော်ချောက အိမ်ပြန်လာ
တာ။
ဒီနေရာမှာလည်း ထူးခြားတဲ့
အချက် တစ်ချက်က ရှိသေးတယ်။ ဘယ်လောက်ပဲ မိုးလင်းကနေ
မိုးချုပ် လမ်းသလားနေနေ, အဲ့ကောင်က ချေးပါချင်ရင်တော့ သူမရဲ့အိမ်ဆီ အိမ်သာပြန်​လာ
တက်တာပဲ။

ထန်းရှောင် အိမ်ရှေ့တံခါးကို သွားဖွင့်ပေးလိုက်ပြီး ပုံမှန်လိုပဲ အိမ်လည်နေတဲ့ သူမရဲ့ခပ်ထုံထုံခွေး ပြန်လာတာလို့ ထင်တာကြောင့် တံခါးပေါက်ကို ဝတ်ကြေ
တန်းကြေ ဖွင့်ပေးလိုက်ပြီး
ချက်ချင်းပဲ နောက်လှည့်ကာ အထဲပြန်လျှောက်သွားလိုက်တယ်။

"ခဏ, ထန်းရှောင်"

မူ​ချောင်​ရဲ့အသံက တံခါးအပြင်​
ဘက်​က​နေ ထွက်​​ပေါ်လာတယ်​။

သူမရဲ့ကမ္ဘာကြီးအသံ ကို ကြားလိုက်ရတာကြောင့် ချက်ချင်းဆိုသလို ထန်းရှောင် ခေါင်းပြန်လှည့်ကြည့်လိုက်ပြီး သူမရဲ့မျက်နှာမှာက နေရောင်
​အောက်မှာ အစွမ်းကုန်ပွင့်လန်းနေ
တဲ့ နေကြာပန်းခင်းကြီးလို မျက်စိ
စူး​စေလောက်တဲ့ အပြုံးတစ်ခုက တွဲပါလာတယ်။
"ကျွန်မက အလည်ပြန်လာတဲ့
စုမူကျိလို့ ထင်လိုက်တာ"

"သူက ကျွန်တော့်အိမ်မှာ အစာစားနေတာ။ မင်းလည်း နေ့လည်စာ မစားရလောက်သေး
ဘူး ထင်လို့ ကျွန်တော် မုန့်လာ
​ပေးတာ"

မူချောင်က လက်ထဲကကိုင်လာ
တဲ့ ဖက်ထုပ်ပန်းကန်ပြားကို သူမဆီ ကမ်းပေးလိုက်တယ်။

ထိုအခိုက်အတန့်မှာတင်
ထန်းရှောင်ရဲ့ နှလုံးသားထဲမှာ
​တော့ ခေါင်းစဉ်တွေ တစ်ခုပြီး
တစ်ခု ထပ်တိုးနေပြီ။
ချောမောခန့်ညားလွန်းတဲ့ မျက်နှာလေးရယ်, မြင့်မြတ်ပြီး သဘောကောင်းတဲ့ စိတ်နေ
စိတ်ထားရယ် နဲ့ မူချောင် က နောက်ထပ် ခေါင်းစဉ်သစ်တစ်ခု ထပ်ရသွားပြီ။

"ကြင်နာပြီး ဂရုစိုက်တတ်တဲ့ မိသားစုဝင်တစ်ယောက်"

အဖက်ဖက်ကနေ ပြီးပြည့်စုံလွန်းတဲ့ စံချိန်တင် အမျိုးသားကောင်းဆို
တာ ဒါပဲလေ!

သူမသာ သူ့ကို ဒီတသက် အမိမဖမ်းနိုင်ရင် သူမ ဘဝတစ်ခု
လုံးစာတင် မကဘူး, နောက်ဘဝ
ဆယ်ခါပြန်ထိတောင် နစ်နာမှာ!!

မူချောင်က သူမကို ဖက်ထုပ်
​တွေပေးပြီးတာနဲ့ ပြန်သွားတယ်။
ထန်းရှောင်မှာတော့ ဖက်ထုပ်တွေ
တင် မကဘူး အောက်ခံပန်းကန်
ပြားကို​တောင်​ အတောင့်လိုက် မျိုချမိတော့မလိုပဲ။

သူမ ဂိမ်းထဲကို ပြန်ဝင်လိုက်တဲ့
အချိန်မှာတော့ စုမူကျိ က လိုင်းပေါ်မှာရောက်နေပြီး သူမရဲ့ဘေးနားမှာ ရပ်​​နေတာ
ကို​ ​တွေ့လိုက်​ရတယ်​။

တစ်ကိုယ်လုံးကို ဆင်မြန်းထားတဲ့ အဖြူရောင်ဝတ်ရုံရှည်လွလွက လေထဲမှာ ငြိမ့်ညောင်းစွာနဲ့ တလူလူယိမ်းနွဲ့နေကာ သူ ရပ်နေ
တဲ့ ​နေရာနဲ့ မလှမ်းမကမ်းမှာ ရှိနေ
တဲ့ ရေကန်အနား က အဖြူရောင်
နှင်းပန်းတွေ နောက်ခံထားတဲ့ မြင်ကွင်းဟာဆိုရင် ကြည့်ရူသူ
အပေါင်းကို မျက်စိပဒေသာ
တင့်တယ်​​စေပြီး အလိုလိုပင် စိတ်ကြည်နူး ချမ်းမြေ့မှုအပေါင်း
ကို ပေးနေတော့​တယ်။

[လက်ရှိ] ထန်းရှီ:
"အဟားဟားဟား, မူချောင်က
ငါ့ကို ဖက်ထုပ်တွေ လာပေးသွား
တာ။ ငါ့ရဲ့အိုင်ဒေါကတော့ ငါ့နှလုံးသားထဲမှာ အတိုင်းထက်
အလွန်ကို ပြီးပြည့်စုံတဲ့ လူသား ဖြစ်နေပြီ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အသင့်စား ဖက်ထုပ်တွေနေမှာပေါ့"

[လက်ရှိ] ထန်းရှီ: "အသင့်စား ဖက်ထုပ်တွေဆိုရင်တောင် အံ့ဩစရာကောင်းတာပဲ။
ငါ့အိုင်ဒေါက ချီးစားတယ်
ဆိုရင်တောင် ငါတော့ အဲဒါကို ဝိုး....မိုက်လိုက်တာလို့ပဲ တွေးမှာ!"

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: "မင်းတို့ပြောနေတာကို ဖြတ်ပြောရတာတော့ တောင်းပန်
ပါတယ်။ ဒါပေမဲ့ ဘယ်သူပဲ
ချီးစားစား, သူတို့က အံ့ဩစရာ
​ကောင်းတာပဲ"

ထန်းရှောင် ရွှေတုံးလေးပြောတာ
ကို ခဏလောက် စဉ်းစားကြည့်
လိုက်ပြီး သဘောတူလိုက်တယ်။
ဒါလည်း ဟုတ်တာပဲ။

သို့ရာတွင်လည်း သူမမှာ ထိုအဆိုပြု
ချက်ကို ထောက်ခံကြောင်း မပြောရသေးခင် စုမူကျိက အရင် သူမတို့နှစ်ယောက်ကို ခုန်အုပ်ပြီး ကိစ္စတုံးထည့်လိုက်တယ်။

[လက်ရှိ] ထန်းရှီ: "....အကြောင်းပြချက်လေး ပြောပါအုံး?"

[လက်ရှိ] စုမူကျိ: "ပြိုင်​ပွဲကျရင်
ရန်​သူ​​တွေကို မုန်လာဥနီ လှီးသလို
မျိုး တရစပ် လိုက်ခုတ်ရမှာဆိုတော့ အဲ့ခံစားချက်ကို အခုကတည်းက မုတ်သွင်းထားအောင်လို့
မင်းကို အရင်ဆုံး စမ်းကြည့်တာ"

ထန်းရှောင်: !!!!
မင်းသာ မုန်လာဥ!
မင်းတို့ တစ်မိသားစုလုံးသာ မုန်လာဥနီတွေ!

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: "ဘလိုင်းကြီး အသတ်ခံလိုက်ရ
တယ် QAQ"

PK Battle ရဲ့ ပထမဆုံးပွဲစဉ်ကို စတော့မှာ ဖြစ်တာကြောင့် သူမတို့နှစ်ယောက်လုံး yyကို သွားလိုက်ကြတယ်။
yyမှာ ဆော့တဲ့အခါတိုင်း
ထန်းရှောင်က ဘယ်တော့မှ
သူမရဲ့ မိုက်ခရိုဖုန်းကို ဖွင့်ပြီး စကားမပြောဖူးသလို စုမူကျိ က
လည်း တစ်ခါမှ မပြောဖူးဘူး။

ပွဲမစခင် ကတည်းက ထန်းရှောင်မှာ တော်တော် စိတ်လှုပ်ရှားနေပြီ။

သူမ တွေးထားတာက စုမူကျိရဲ့
​ရေခဲတမျှ အေးစက်ပြီး
ရက်စက်တဲ့ နတ်ဘုရားမရဲ့ပုံရိပ်​​အောက်မှာ အဆဲသန်တဲ့ အရှေ့မြောက်ပိုင်းက ကောင်မလေး
တစ်ယောက် ရှိနေလောက်တယ်။

ဒီလိုကွာခြားချက်မျိုးကို
စဉ်းစားကြည့်လိုက်ရုံနဲ့တင် သေချာပေါက် ချစ်ဖို့ကောင်းမှာပဲ!

ဒါ​ပေမဲ့...သိပ်​မကြာလိုက်​ဘူး။

တစ်စက္ကန့်အတွင်းမှာပဲ
သူမရဲ့အတွေးက တက်တက်
စင်အောင် လွဲမှန်းသိလိုက်ရတယ်။

စုမူကျိ သူ့ရဲ့ပါးစပ်ကို ပထမဆုံးဖွင့်လိုက်တဲ့ အချိန်မှာ
တင် ထန်းရှောင် စပရိုက် အကြီးကြီးရသွားတယ်။

မဟုတ်သေးဘူး, ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် ရှော့ခ်အကြီးစား ရသွားတာ။

"ထန်းရှီလေး, မင်း အဆင့်သင့်
ဖြစ်ပြီလား?"

စုမူကျိရဲ့ အသံက နည်းနည်း ထူးဆန်းနေသလိုပဲ။

ဒါက သေချာပေါက်ကို.....
​ယောက်ျားတစ်ယောက်ရဲ့အသံ မဟုတ်လား။

ယောက်ျားတစ်ယောက်ရဲ့ အသံ....

ယောက်ျားအသံ...

ယောက်ျား....

ဖာခ့်****!

ငါတို့နှစ်ယောက် အသက်ကြီးလာ
တဲ့ အချိန်ကျရင် အများပြည်သူ
ပိုင်နေရာမှာ တန်ဂိုအက တွဲကဖို့ လုပ်ထားတဲ့ ငါတို့ရဲ့အစီအစဉ်တွေ
က ဘယ်လိုဖြစ်သွားပြီလဲ!

မျက်စိတစ်မှိတ်အတွင်းမှာတင်,
မင်းက ပြောင်းလဲသွားပြီး ငါ့တစ်ယောက်တည်း အထီးကျန်
ကျန်နဲ့ ကဖို့ ချန်ထားခဲ့တာပေါ့လေ!

[လက်ရှိ] ထန်းရှီ: "လခွမ်း ***!,
ဇနီးလေး, မင်း ဘာဖြစ်သွားတာ
လဲ? လှပကြော့ရှင်းတဲ့ နတ်ဘုရားမ မျက်နှာမှာ ဘယ်လိုဖြစ်​ပြီး
ယောက်ျားသံကြီး ရှိ​နေရတာလဲ?"

[လက်ရှိ] စုမူကျိ: "....."

ဒီကွာခြားချက်က အရှေ့မြောက်
ပိုင်း လေသံရှိတာထက်ကို ပိုပြီး ရှောခ့်ရစရာကောင်းနေတယ်။

[လက်ရှိ] ထန်းရှီ: "နေပါအုံး!!! ဒါမှမဟုတ် ဖြစ်နိုင်တာက....."

ထန်းရှောင် ရုတ်တရတ်ဆိုသလို တခြားဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိတယ်။

[လက်ရှိ] ထန်းရှီ: "ဖြစ်နိုင်တာ
မင်းက တကယ် ယောက်ျားကြီး
လား????"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"....မင်း အခုမှ သိတာလား?"

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်က မင်းရဲ့ဘိုးအေကြီး:
"မင်း အခုမှ သိတာလား?"

[လက်ရှိ] Ranzhi & MengHuမှ ကစားသမားများ:
"မင်း အခုမှ သိတာလား?"

ထန်း​ရှောင်​: ......

လက်ရှိမှာ ထန်းရှောင်
ခံစားနေရတာက သူမရဲ့ခေါင်းထိပ်
တည့်တည့် ကို ကောင်းကင်ဘုံ မိုးကြိုးခုနှစ်သွား ပစ်ချခံလိုက်
ရသလိုပဲ။

လူတိုင်းက ပြောခဲ့ကြတာက
စုမူကျိက သူတို့ရဲ့နတ်ဘုရားမလို့
​လေ။

နတ်ဘုရားမ, နတ်ဘုရားမ,
နတ်ဘုရားမ ဆိုတာက မိန်းကလေး အမကို ပြောတာ မဟုတ်ဘူးလား!!!

ဘယ်လိုလုပ်ပြီး ယောက်ျားကြီး
ဖြစ်နေရတာလဲ !!!!

မင်းတို့တွေအကုန်လုံး
အထီးအမတောင် မခွဲခြားနိုင်
​လောက်အောင် စောင်လုံးကန်း
​နေကြတာလား!

ပြီးတော့လဲ ပြောလိုက်ကြသေး
တယ်။

စုမူကျိလို နတ်ဘုရားမက နတ်သမီး
​လေးလို လှပပြီး မွှေးပျံ့တဲ့ လီလီပန်းပွင့်လေးနဲ့ တူတဲ့အပြင် အရမ်းကို လှပလွန်းလို့ ငါးတွေ
​တောင် ရေကူးဖို့မေ့ပြီး ရေနစ်
​သေကြသလို ငှက်တွေတောင် ပျံဖို့မေ့နေကြလို့ မိုးပေါ်ကတောင်​ ပြုတ်ကျကြတယ်ဆို။

မင်းညီမ နတ်သမီး$#%@*&!

မင်းညီမ ပန်းပွင့်$#%@*&!

မင်းညီမ ငှက်တွေ$#%@*&!

[လက်ရှိ] ထန်းရှီ: "ဖာခ့်****! Ranzhi Clanရဲ့ နတ်ဘုရားမ
စုမူကျိ က တကယ်တော့ ယောက်ျားကြီးတဲ့လား? မင်း ဒီတောက်လျှောက်လုံးကို
လိင်ပြောင်းပြီး ဆော့လာတာပေါ့? အရမ်း အရှက်မရှိတာပဲ"

မူချောင်ရဲ့မျက်လုံးထောင့်တွေ တွန့်ခနဲဖြစ်သွားတယ်။

[လက်ရှိ] စုမူကျိ: "မင်းလည်း လိင်ပြောင်းပြီး ဆော့ခဲ့တာပဲလေ"

[လက်ရှိ] ထန်းရှီ: "ဘယ်လိုလုပ်ပြီး မင်းနဲ့ငါနဲ့ က တူနိုင်ရမှာလဲ! မင်း Female characterကို ယူပြီး
​ဆော့တဲ့အချိန်မှာ ဘာမှလုပ်စရာ
မရှိရင် သူတို့ရဲ့ရင်ဘတ်တွေကို ငမ်းနေမှာလေ။ ဒါပေမဲ့ ငါ
Male ID ကို ကိုင်နေတုန်း
ဘာမှ လုပ်စရာမရှိရင် ငါက သူတို့ရဲ့အောက်ပိုင်းကို ငမ်းနေတာ
မျိုးမှ မဟုတ်တာ! သောက်ရမ်း အရှက်မရှိတာပဲ, ကျွတ်ကျွတ်..,
သောက်ရမ်းကို အရှက်မရှိတာပဲ"

မူချောင်:.....

ထန်းရှောင် သူမ မသိသင့်တဲ့ အရာတစ်ခုကို ရှာတွေ့သွားသလို ခံစားလိုက်ရတယ်။
အခုချိန်မှာတော့ စုမူကျိကို ကြည့်
တဲ့ သူမရဲ့အကြည့်တွေတောင်မှ ပြောင်းလဲသွားတယ်။

"ထန်းရှီလေး, မင်းရဲ့သတ္တိတွေက တစ်နေ့တစ်ခြား ကြီးထွားလာတာ
ပဲ။ ရှေ့လျှောက် မင်းရဲ့သင်ခန်းစာ
​တွေ ဆက်ပြီး မသင်ယူနိုင်တော့ရင် ဘယ်လိုလုပ်မလဲ?"

စုမူကျိရဲ့အသံ က နွေးထွေးပြီး သိမ်မွေ့နေတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ထိုအသံ
ပြဿနာကြောင့် သက်တောင့်
သက်သာမရှိတဲ့ လေထုတစ်ခုက သူမတို့နှစ်ယောက်ကြားမှာ ဖြစ်တည်နေတယ်။
ပုံမှန်လိုဆိုရင် ဒီလိုအချိန်မှာ စုမူကျိ
က ဓားထုတ်ပြီး ထန်းရှောင်ကို အသေလိုက် ခုတ်နေပြီဖြစ်သလို ထန်းရှောင်ကလည်း ထုံးစံအတိုင်း
ပတ်ပြေး​နေပြီပင်။

နေ့လည်၂နာရီတိတိအချိန်မှာတော့ စုံတွဲတွေရဲ့PK Battleပွဲစဉ် ကို
စတင်တော့တယ်။

[Systemမှ အသိပေး​ကြေညာ
ချက်]
သင်​တို့ရဲ့ ကြီးမြတ်​ပြီးပြိုင်​ဘက်​
ကင်းတဲ့ ​ကျော်​ကြားမှုဂုဏ်​သိက္ခာ
တို့ကို မြှင့်တင်​ရမဲ့ အချိန်​ကျ​ရောက်​လာပါပြီ။
Spirit Road ရဲ့ Couples'
PK Battle ပထမဆုံးပွဲစဉ် ကို စတင်ကျင်းပ​တော့မှာ ဖြစ်တာ​
​ကြောင့် ပြိုင်ပွဲဝင်အသင်းများ
အားလုံး ပွဲကျင်းပမည့် တိုက်ပွဲနယ်
​မြေထဲသို့ ဝင်ရောက် ထားကြဖို့ရန်
အတွက် ကျွန်ုပ်တို့မှ အသိပေး
လိုပါတယ်။

"သွားကြစို့, ထန်းရှီလေး"

စုမူကျိက ထန်းရှီရဲ့ရှေ့ကနေ ဦးဆောင်ပြီး ပွဲကျင်းပရာ
ကွင်းလယ်ဆီကို ယုံကြည်မှုအပြည့်
နဲ့ လျှောက်လှမ်းသွားတော့တယ်။

သူ့တစ်ကိုယ်လုံးကို ထုံးစံအတိုင်း အဖြူရောင်ဝတ်ရုံရှည်နဲ့ လွှမ်းခြုံ
ဆင်မြန်းထားကာ အကျီလက်ဖျား
ရှည်တွေက လေထဲမှာ လွင့်ပျံ
​နေတာကြောင့် နူးညံ့သိမ်မွေ့တဲ့ပုံစံ​ပေါက်နေပြီး ကျောက်စိမ်းဆံထိုး ထိုးစိုက်ထားတဲ့ မှင်နက်ရောင်လို ဆံနွယ်ရှည်တွေကတော့
အဖြူရောင်ဝတ်ရုံရှည်နဲ့ ဆန့်ကျင့်
ဘက် ဖြစ်နေလေတယ်။ သူ့ရဲ့နောက်ကျောဘက်မှာတော့ လက်ဆွဲတော်ဓားရှည် ကို
လွယ်သိုင်းထားတယ်။

ထန်းရှောင် တွေးမိလိုက်တယ်။
ဒါက ဂိမ်းထဲက character ဖြစ်နေရင်တောင် တကယ့် လက်တွေ့ဘဝကလူ က ဂိမ်းထဲကနဲ့ တူမယ်လို့ မဆိုလိုဘူးလေ။

ဥပမာပြောရမယ်ဆိုရင်
ရွှေတုံးလေးဆို နှာဘူး, ထန်းရှီဆိုရင် စောက်ရူး , စုမူကျိဆိုရင်တော့
​အေးစက်​ပြင်းထန်​တဲ့ အရှိန်အဝါ
​တွေ ရှိတဲ့သူ။

သူပြောလိုက်တဲ့ "သွားကြစို့"ဆိုတဲ့ ရယ်သံစွက်နေတဲ့ စကားသံက သူ့ရဲ့ပုံမှန်ထုတ်လွှင့်နေကြ
အေးစက်တဲ့ အငွေ့အသက်​တွေ
ရဲ့အောက်မှာ ထူးခြားစွာနဲ့
ရင်းနှီး​နေတဲ့ ​နွေးထွေးမှု​တွေ
ပါဝင်နေသလိုပဲ။

စုမူကျိက ရှေ့ကို ခြေလှမ်း
အနည်းငယ်လျှောက် နေရာမှ နောက်ကနေ ထန်းရှောင်
ပါမလာတာကို တွေ့လိုက်ရတာ
​ကြောင့် တစ်ဖက်လူကို အနီးကပ်
ဆွဲခေါ်ယူတဲ့skill ကို သုံးလိုက်ပြီး သူမကို သူ့ဘေးနားဆီ ဆွဲခေါ်
လိုက်တယ်။

ထန်းရှောင် Screenပေါ်က
ခရမ်းရောင်​​ ​တောက်တောက်
ဝတ်စုံနဲ့ မိန်းကလေးက အဖြူရောင်
ပုံရိပ်ရဲ့ နောက်ကနေ လိုက်နေတာ
ကို ကြည့်ပြီး စိတ်​ထဲက​နေ တစ်​မျိုး
​တော့ သက်​​တောင့်သက်​သာ
မရှိ​နေ​ပေ။

သူမတို့နှစ်ယောက်လုံး တိုက်ပွဲ
ကျင်းပရာ ကွင်းပြင်လယ်ကို တယ်လီပို့တ်နဲ့ အရောက်သွားလိုက်
ပြီး သူမတို့ရဲ့ရှေ့မှာ တိုက်ခိုက်ဖို့ ကျပန်းချပေးထားတဲ့ ကုသသူ
နှစ်ယောက်ကို တွေ့လိုက်
ရတယ်။

ထန်းရှောင် ထိုသူတွေရဲ့လက်နက်
ပစ္စည်းတွေ နဲ့ Levelတွေကို
တစ်ချက် စစ်​ကြည့်လိုက်ပြီး
"အမေ...."

သူမရဲ့နှုတ်ကနေ ထွက်တော့မှာက ဇနီးလေး ဆိုပြီးတော့ပါ။
သို့ပေမဲ့လည်း တစ်ဖက်လူက ယောက်ျားကြီးဖြစ်နေတယ်ဆိုတဲ့
အသိက ခေါင်းထဲကို အမြန်ဝင်
​ရောက်လာပြီး အနေရခက်သလို ခံစားလိုက်ရတာကြောင့် ဇနီးလေး
ဆိုတဲ့ အသုံးအနှုန်းက လေထဲမှာတင် တစ်ဝက်နဲ့ရပ်သွားတယ်။

[T/N: ဇနီးလေးကို niang-zi
လို့ ခေါ်ပါတယ်။ niang တစ်လုံးတည်းဆိုရင်​တော့
"အမေ" လို့အဓိပ္ပာယ် ရပါတယ်။ ထန်းရှောင်က ဇနီးလေးလို့
ခေါ်ရာကနေ တစ်ဝက်တစ်ပျက်
ရပ်သွားတာမို့ အမေလို့ ခေါ်လိုက်
တဲ့ သဘောဖြစ်​သွားတာပါ]

စုမူကျိကတော့ သူမကို ချောချောမွတ်မွတ်ပဲ တုံ့ပြန်လာ
တယ်။
"ဟင်, ဘာလဲ,. သမီးလေး"

"...."

အခုချိန်မှာ သူမ တကယ်ကြီး ရှေ့တည်တည့်ကို ပြေးထွက်ပြီး အော်ပြောလိုက်ချင်တာက
"ငါတို့အားလုံး အဲဒီ အရှက်မရှိတဲ့ အထီးစုမူကျိကို ဝိုင်းရိုက်ကြ
ရအောင်!"

"စုမူကျိ, မင်း အခုဝင်မတိုက်နဲ့အုံး။ သူတို့လောက်တော့ ငါ ကိုင်တွယ်
နိုင်တယ်။ ငါမဟန်တော့မှ မင်းဝင်လာလိုက်။ ဟုတ်ပြီလား"

မူချောင်က သူမ ပြောလိုက်တာ
ကို သဘောကျစွာနဲ့ တိုးညင်းစွာ ရယ်လိုက်တယ်။

သူ့လက်ထဲကဓားကိုလည်း ဗြတ်စောင်းအသွင် ပြောင်းလိုက်ပြီး ထောင့်တစ်နေရာမှာ ထိုင်ချ
လိုက်တယ်။

ပွဲစတင်တဲ့အချိန်မှာတော့ စစ်မြေပြင်အတွက် နောက်ခံ
ထည့်ပေးထားတဲ့ သံစဉ်တေးသွား
အပြင် Alchemistတစ်ယောက်
ရဲ့ ဗြတ်စောင်းသံကိုပါ အနည်းငယ် တီးတိုးကြားနိုင်လေတယ်။

ပြိုင်​ပွဲစပြီး ခဏအကြာမှာ​တင်​
ကြည့်ရူ့နေကြတဲ့ ပရိတ်သတ်ကြီး
မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြတယ်။

Anchantressတစ်ယောက်ရဲ့ ​
ပြောင်​​မြောက်​လှတဲ့ တိုက်ခိုက်​ရေး
စွမ်းရည်ကတော့ စစ်မြေပြင်ကို ပရမ်းပတာဖြစ်အောင် လုပ်တာပဲ။

ထန်းရှောင် ​​က​ ​သွေးရူး​သွေးတန်း
နဲ့ ​တောင်​​ပြေး​မြောက်​​ပြေးလုပ်​
​နေတာ​ကြောင့် ပစ်​မှတ်​တည်​​နေရာ
အတိအကျမရှိဘဲ သူမ ​ရှေ့က
နှစ်ယောက်မှာ သူတို့ရဲ့မန္တန်တွေ
ကို​တောင် ထုတ်​မသုံးနိုင်​ကြ​ပေ။
ထန်းရှောင်က ​နေရာအနှံ့ပတ်​​ပြေး​
​နေရင်းက​နေ တစ်​ခါတစ်​​လေမှာ​
​တော့ တစ်​ဖက်​လူ​တွေနဲ့ လုံး​ထွေး
လိုက်​ကြ​သေးတယ်​။

ထိုပွဲကိုကြည့်​နေကြတဲ့
ပရိသတ်ကြီးရဲ့ နှလုံးသားထဲမှာ ​
​တော့ စကားလုံးတစ်လုံးပဲ ရှိတယ်။

သောက်ကျင့်ယုတ်လိုက်တာ!

ဒါက တကယ့်ကို ကောလဟာလ
​တွေထဲက အတိုင်းပဲ!

PK Battleရဲ့ ပထမဆုံးပွဲစဉ်မှာ
​တော့ စုမူကျိက ငါးမိနစ်လောက်
ဗြတ်စောင်းတီး ပြတယ်။
ထန်းရှောင်က ငါးမိနစ်လောက် သောက်ကျင့်ယုတ်ပြတယ်။
တစ်ဖက်က ငါးမိနစ်လောက် ငိုပွဲဆင်လိုက်​ရတာနဲ့ အဆုံးသတ်​
သွား​​လေတယ်​။

ဒုတိယပွဲစဉ်ကတော့ နောက်
တစ်ပတ်ကြာပြီးမှ ပြန်စမှာ ဖြစ်
တယ်။

"ဟုတ်သားပဲ!"

လူတိုင်းက နားကြပ်တပ်ထားကြ
စဉ် ရုတ်တရတ်ကြီး မိုက်ခရိုဖုန်း
နားကပ်ပြီး ထအော်လိုက်တဲ့ ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးရဲ့ ခေါင်းလောင်းလို အသံ
​ကြောင့် အကုန်လုံးမှာ နားတွေ
ကျင်သွားမတတ်ဖြစ်သွားရကာ ပွက်ပွက်ရိုက်ကုန်ကြတယ်။

ခဏအကြာမှာပဲ ထန်းရှောင်နဲ့
လူအုပ်ကြီးဟာ ဘောင်းဘီပေါ်က
အမွှေးတစ်မျှင်လေး ရှိရာဆီ အပြေးတပိုင်းထွက်သွားကြပြီး ဝိုင်းရိုက်ကြတော့တယ်။

"ဟေ့,ဟေ့, ဟေ့, ငါပြောတာကို ကြားကြလား?"

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေးက သူ့ရဲ့မိုက်ခရိုဖုန်းကို အသံထပ်စမ်းလိုက်တယ်။

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "တစ်ခုခုပြောစရာ ရှိရင်လည်း, ဒီကအရှင်မင်းကြီးကို မြန်မြန်
အစီရင်ခံ မဟုတ်ရင် ညီလာခံကို
သိမ်းပြီ"

"ဖာခ့်****, မင်းတို့ကောင်တွေ တကယ့်ကို စာနာမှုမရှိပါလား"

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးမှာ သူ့ရဲ့မော်နီတာပေါ်က
အဖြူနဲ့ အနက်ရောင်Screenကို ကြည့်ပြီး ပြောစရာစကားတောင် ဆွံ့အသွားတယ်။

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး:
" မင်းကို နားဝင်ချိုပြီး အေးမြတဲ့
အသံနဲ့ ရုတ်တရတ်ကြီး ထအော်​ဖို့ ဘယ်သူက ​ပြောလို့လဲ"

"တော်ပြီ။ မင်းတို့ကောင်တွေ နဲ့ ပေါက်ကရတွေ မပြောတော့ဘူး။ နောက်အပတ်ကျရင် ငါ မင်္ဂလာ​
​ဆောင်​​တော့မှာ။ မင်းတို့တွေ လာကြမလား?"

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးက မေးလိုက်တယ်။

[လက်ရှိ] ထန်းရှီ: "လာမှာပေါ့! နောက်ထပ် ချိန်းရိုက်ပွဲတစ်ခု ကို
တောင် အစပျိုးရတော့မှာပဲ!
အဟားဟားဟား"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "မင်္ဂလာဆောင်က ဘယ်မှာ
လုပ်မှာလဲ။ မင်းတို့နှစ်ယောက်လုံး Friendship pointsတွေ
ပြည့်ရဲ့လား, အကူအညီ
လိုသေးလား?"

"ခဏ, နေပါအုံး, နေပါအုံး! မင်းတို့အကုန်လုံး တစ်ခုခု ကို အထင်လွဲနေပုံပဲ"

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေးမှာ ကူကယ်ရာမဲ့သလို
ခံစားလိုက်​ရပြီး ​သေသေချာချာ ရှင်းပြလိုက်တယ်။

"မင်္ဂလာဆောင်က Hမြို့တော်မှာ
လုပ်မဲ့ ငါ့ရဲ့တကယ့် မင်္ဂလာဆောင်
ကို ပြောနေတာ။ မင်းတို့တွေ လာကြမလား?"

လှုပ်​ရွ​နေကြတဲ့ တစ်အုပ်လုံးမှာ မဟုတ်တာတစ်ခုခု ကြားလိုက်
ရသလိုမျိုး ငြိမ်ကျသွားတယ်။

ဘယ်သူ?

ဘယ်သူက မင်္ဂလာဆောင်
​တော့မှာ????

ထန်းရှောင်ကတော့ တည်ငြိမ်စွာနဲ့
"ထပ်ပြောလိုက်ပါအုံး"

"ဖာခ့်***! ဒီက လူအိုကြီးက လက်ထပ်တော့မှာလို့! တကယ့်
အပြင်ဘက်က ဘဝအစစ်မှာ မင်္ဂလာဆောင်တော့မှာ! တရားရုံးကနေလည်း တရားဝင်
ခွင့်ပြုချက် ရထားပြီးပြီ!
မြန်မြန် Hမြို့ကိုကြွလာကြတော့, စာအိတ်နီလေးတွေ သယ်လာဖို့
လည်း မမေ့ကြနဲ့။ ယွမ်၅၀၀
​လောက်နဲ့ကတော့ မင်းတို့တွေကို အထဲဝင်ခွင့်မပေးနိုင်ဘူး။ အစားအသောက်နဲ့ နေရာထိုင်ခင်း
အတွက်လည်း ငါ အကုန်စီစဉ်
လိုက်မယ်"

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးမှာ သူပြောချင်တဲ့လိုရင်းကို မရောက်မှာစိုးတာကြောင့်
​တရစပ်​ ​တန်း​ပြောလိုက်တယ်။

သူ့စကားကိုကြားပြီး တစ်သိုက်လုံး
မှာ စကားသံတွေ ကြွက်စိကြွက်စိနဲ့ ထွက်လာကြတယ်။

အစားအသောက်နဲ့ နေရာထိုင်ခင်း....
အစားအသောက်နဲ့နေရာထိုင်ခင်း...

ဒီအရှင်မင်းကြီးက ရုတ်တရတ်ကြီး တစ်စုံတစ်ခုကို တွေးမိသွားပြီး ထအော်လိုက်တယ်။
"ဖာခ့်***, ဘော့စ်က အသံ
​ပြောင်းစက် သုံးနေတာပဲ။ သူ့အသံကဘာလို့ တစ်ချက်
တစ်ချက် မတူရတာလဲ?"

"မင်းအမေ! မင်းတို့တွေ ငါပြောတာ
ကို ကြားလိုက်လား မကြားလိုက်
ဘူးလား? မင်းတို့တွေ ငါ့ကို ယုံဖို့ သစ္စာရေတွေသောက်ပြီး ကျိန်ပြရ
အုံးမှာလား!"

​ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေးမှာ ဒေါပွလာတာ​ကြောင့်
​အော်​​လိုက်​​တော့တယ်​။

တခြားသူတွေကသာ သူတို့တွေ မင်္ဂလာဆောင်တော့မှာ ပြောလာ
ကြရင် လူတိုင်းက သူတို့ကို ဂုဏ်ပြု
ဆုမွန်ကောင်းတွေ တသီတတန်းကြီး ပေးကြမှာ။

ဒါပေမဲ့ ဘောင်းဘီပေါ်ကအမွှေး
တစ်မျှင်လေး အတွက်ကတော့
သူ မင်္ဂလာဆောင်တော့မှာ လို့ ပြောလိုက်တာနဲ့, အကုန်လုံး
စိတ်ထဲမှာ ညီတူညီညာ နဲ့
တွေးလိုက်ကြတာ က

သောက်ကျိုးနည်းလား?

မင်္ဂလာဆောင်?

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားက?

ရယ်စရာတွေလာပြောနေတာပဲ, ပေါက်ကရတွေလျော့လိုက်အုံး။

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး: အမယ်လေး, ငါ ​ခေါင်းတွေ
ပါ ကိုက်လာပြီ။

ထန်းရှောင်ကလည်း အခုချိန်ထိ သူမရဲ့ဘော်ဒါပြောလိုက်တဲ့ မင်္ဂလာဆောင်သတင်းကို
အပြည့်အဝ မယုံကြည်သေးဘူး။

နောက်အပတ်ထဲ လက်ထပ်ပြီး မိန်းမယူတော့မယ်လို့ ပြောနေတဲ့ ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး ဆိုတာက
ငါ့ကို ကောင်မလေး တစ်ယောက် လောက်ရှာပေးကြပါ,
ငါ့ကို ကောင်မလေး တစ်ယောက် လောက် ရှာပေးကြပါလို့, ကောင်မလေးတစ်ယောက်
​လောက်....
ဆိုပြီး ​နေ့တိုင်းလိုလို အော်ဟစ်
ငြီးတွား​နေတဲ့ ကောင်မဟုတ်လား?

အဲလိုဗွေမစွံတဲ့ သူက
မင်္ဂလာ​ဆောင်​​တော့မှာပေါ့လေ?

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: "ဂိုဏ်းချုပ်, မင်းနောက်နေတာတွေ တော်တော့"

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "မင်းအကောင့်ခ်များ ဟက်ခ်ခံထားရတာလား?"

"မင်းတို့အကုန်လုံး ဖာခ့်ခယူး
ပဲဟေ့****! ငါ တကယ်ကြီး အစစ်အမှန်ကြီးကို လက်ထပ်
​တော့မှာကွ! တကယ့်လို့ ငါသာ
လိမ်ပြီး မဟုတ်တာတွေ လျှောက်ပြောနေရင် ထန်းရှီလေးက liveလွှင့်ပြီး ချီးစားပြလိမ့်မယ်"

"ဖာခ့်****! မင်းပြောလိုက်မှပဲ
ပိုပြီး ​ပေါက်​ကရ​တွေ​​ပြောနေတဲ့ ပုံပေါက်သွားပြီ။ ဒါကိုများ မင်းက ငါတို့ကို ယုံခိုင်းနေတာလား?'

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေးရဲ့ အမှန်တရားကို တိုင်တည်
ပြီး ပြောလိုက်တဲ့ စကားကြောင့် ထန်းရှောင် ပေါက်ကွဲသွားတယ်။

သူ့ဘာသူ တကယ်ကြီး မင်္ဂလာဆောင်ယုံတင်မကဘူး ကွာရှင်းရှင်း သူမနဲ့ဘာဆိုင်လို့ ကြားထဲက သူမက ချီးစားပြရမှာ
လဲ။
ဘယ်လမ်းသွားသွား ဒီငုတ် ကို ခလုတ်တိုက်ရမှ ဖြစ်မှာလား!

"ဒီလောက်ပြောနေမှတော့ မင်္ဂလာဆောင်က တကယ်နေမှာ ငါးကောင်တို့ရ။ ဘာပဲဖြစ်ဖြစ် ငါတို့တွေလည်း အပြင်မှာ တစ်ခါမှ မတွေ့ဖူးကြဘူးဆိုတော့ ဒီအခွင့်အရေးကို ငါတို့တွေရဲ့ လက်တွေ့ဘဝက တွေ့ဆုံပွဲ
လို့ မှတ်လိုက်ပေါ့"
ခွဲခွာခြင်း​တေးသံက ​ပြောလိုက်
တယ်​။

လက်တွေ့ဘဝက တွေ့ဆုံပွဲ?

ထန်းရှောင် သူမရဲ့မျက်စိထဲ
စုမူကျိ ဆိုတဲ့ စကားလုံးသုံးလုံး
​ပေါ်လာပြီး ရုတ်တရတ်ကြီး ကြက်သီးမွှေးညင်းတွေ တစ်ဖြန်း
ဖြန်းနဲ့ ထသွားတော့လေတယ်။

# 4803 words
Ive Latte (mm)

Weekly: 9:00Pm
Monday & Thursday
------------------------------------------

Eng T/N:

လက်တွေ့ဘဝက တွေ့ဆုံပွဲ???
သိပ်​မကြာ​တော့ဘူးမလား??
ဒါ​ပေါ့, ခဏပဲ ​စောင့်လိုက်​ကြ
😆😆

MM T/N:

Favourite line😂😂😂

"ဇနီးလေး, မင်း ဘာဖြစ်သွားတာ
လဲ? လှပကြော့ရှင်းတဲ့ နတ်ဘုရားမ မျက်နှာမှာ ဘယ်​လိုဖြစ်​ပြီး
ယောက်ျားသံကြီး ရှိ​နေရတာလဲ?

ဟုတ်​ကဲ့....Iveတို့ရဲ့ ပွဲတိုင်း​ကျော်​
မမထန်း​ရှောင်​က ကိုကို့ရဲ့အသံ
ကို ဂိမ်းထဲမှာ မမှတ်​မိပါဘူးတဲ့။
Ive ထင်​တာ​တော့
ထန်း​ရှောင်​က စုမူကျိ ကို
မိန်းက​လေးလို့ပဲ ထင်​​နေပြီး
ရုတ်​တရတ်​ကြီး ​အမျိုးသားအသံ
ထွက်​လာလို့ ပူထူပြီး မမှတ်​မိ​တော့တာလို့ ထင်​ပါတယ်​😆😆

အရင်​ပတ်​တုန်းက တစ်​ပိုင်းစာ
တင်​ဖို့ ပျက်​သွားရတာက
Ive အလုပ်​ရှုပ်​​နေလ်ို့ပါ။
​နောက်​အပတ်​​တွေကျရင်​​တော့
မပျက်​မကွက်​ဘဲ ပုံမှန်​လို
တစ်​ပတ်​နှစ်​ပိုင်းနှုန်းနဲ့ တင်​သွားမှာ
ပါ။

Continue Reading

You'll Also Like

111K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
894K 132K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...
659K 54.1K 200
ရွမ်ကျူးကျူးတ‌ယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြ...
155K 7.7K 21
Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁