အပိုင်း ၁၆၀။ နတ်ဘုရားမိစ္ဆာမျှော်စင်မှာ ဆုံတွေ့ခြင်း
မတည်ငြိမ်တဲ့အခြေအနေတို့အလယ်မှာ clans အများစုက ပွဲကြည့်ပရိတ်သတ်အနေဖြင့်သာ ပြုမူကြသည်။ ဒီအခြေအနေမျိုးမှာ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းမှာ ကြီးကြီးမားမားတစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုတာကို လူတိုင်း သိကြ၏။
ကောင်းကင်အနားသတ်မြို့တော်ရဲ့ ကြီးမြတ်တဲ့ကောင်းကင်ဘုံ လေနတ်ဘုရားက သတ္တုကောကိစ္စရပ်မှာ ပါဝင်ပတ်သက်နေသည်။ သူ ဘယ်လောက် စွမ်းအားကြီးသလဲဆိုတာကို အခုချိန်တိုင် ဘယ်သူမှ မသိကြချေ။ အလယ်ပိုင်းဒေသက ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးရဲ့ နောက်ဆုံး အဆုံးအဖြတ်ကို လူတိုင်း စောင့်ဆိုင်းနေကြသည်။
ဥပဒေသတွေအရ ပိုင်ရှင်မဲ့သတ္တုကြောတစ်ကြောကို ဘယ်သူမှ ပိုင်ဆိုင်ခွင့် မရှိရ။ ဒီဥပဒေသက တည်ခဲ့တာ နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီဖြစ်ပြီး ခုချိန်ထိ အဲ့ဥပဒေသကို ချိုးဖောက်ရဲခဲ့သူ ဘယ်သူမှ မရှိပေ။ အဲ့တာက နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ အာဏာကိုလည်း ကိုယ်စားပြုနေသည်။ တကယ်လို့ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးအပါအဝင် ဘယ်သူပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က အဲ့တာကို ချိုးဖောက်ခဲ့မယ်ဆိုရင် လူတိုင်းကို ကျေနပ်လောက်တဲ့ဖြေရှင်းချက်တစ်ခု ထုတ်ပြန်ပေးနိုင်ရမှာဖြစ်သည်။ အဲ့တာကြောင့် ဒီအကြိမ်မှာ မျှော်စင်က ကြီးမားတဲ့ စိန်ခေါ်ရပ်တစ်ရပ်နဲ့ ရင်ဆိုင်နေရတာဖြစ်သည်။
တစ်လကြာပြီးနောက် နောက်ဆုံးတော့ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးက နတ်ဘုရားမိစ္ဆာမျှော်စင် ဒုတိယထပ်မှာ ဆယ်ကြိမ်မြောက် လျို့ဝှက်ဆွေးနွေးပွဲတစ်ခုကျင်းပဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။
နတ်ဘုရားမိစ္ဆာမျှော်စင်ကို အချိန်ကောင်းတစ်ခုမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အင်အားစုတွေအားလုံးကို အုပ်ချုပ်နိုင်ဖို့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ ဥပဒေတွေကို ရေးဆွဲခဲ့တာဖြစ်သည်။ ကာကွယ်သူတစ်ယောက်ရဲ့ အထောက်အပံ့ဖြင့် ၎င်းကို အမြင့်ဆုံး အလေးထား ဦးထိပ်ဆင်ခဲ့ကြတာဖြစ်သည်။ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးက မျှော်စင်ကို ကိုယ်စားပြုသည်။ သူတို့ကို အဲ့အတွက် အသိအမှတ်ပြုထားခံရပြီး နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းက လူတိုင်း အဲ့အကြောင်းကို သိကြသည်။
အသိအမှတ်ပြုခြင်းဆိုသည်မှာ ချီးမြှောက်ခြင်းနှင့် လက်ခံခြင်းတို့ပင်။
ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးဖြစ်လာရင် နတ်ဘုရားနဲ့မိစ္ဆာမျှော်စင်က အလေးအမြတ် အသိအမှတ်ပြုခြင်းခံရမှာဖြစ်ပြီး လူတိုင်းရဲ့ လေးစားခြင်းကို ခံရမှာဖြစ်သည်။ ဒါသည်ကား ကြီးမားတဲ့ ဂုဏ်သရေဖြစ်ကာ လူတိုင်း လူတိုင်း လိုချင်တဲ့အချက်လည်းဖြစ်သည်။ ချီးမြှောက်ခြင်းခံရစဉ်အတွင်း သူက ကာကွယ်သူတို့ရဲ့ စွမ်းအားကို စုပ်ယူနိုင်မှာဖြစ်ကာ ဥပဒေသတွေကို သိရှိမှု ပျက်ပျယ်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မှာလည်း ဖြစ်သည်။ သူ နောက်နယ်ပယ်ဆင့်တစ်ခုကိုတက်ရောက်နိုင်မယ့် အခွင့်အရေးကိုတောင် ရယူကောင်း ရယူနိုင်မှာဖြစ်သည်။ အဲ့လိုဆိုရင် သူက အနှေးနဲ့အမြန် ဥပဒေသတွေကို ထိန်းချုပ်နိုင်မှာဖြစ်သည်။
အဲ့အတွက်ကြောင့် ပညာရှင်တွေအားလုံးက နတ်ဘုရားမိစ္ဆာမျှော်စင်ကို ဝင်ရောက်ချိတ်ဆက်နိုင်ဖို့ စိတ်အားထက်သန်ကြတာပဲဖြစ်သည်။
မျှော်စင်က ချီးမြှောက်ခြင်းကို ရယူဖို့အတွက် နည်းလမ်းနှစ်နည်း ရှိသည်။ တစ်နည်းကတော့ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ဖြစ်လာရန်ဖြစ်သည်။ မကောင်းဆိုးဝါး clan အတွက်ကလွဲရင် ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးစီတိုင်းမှာ နတ်ဘုရားမိစ္ဆာမျှော်စင်ကို ချိုးဖောက်ဝင်ရောက်နိုင်ခွင့် တစ်ခု ရရှိမှာဖြစ်၏။ နောက်တစ်နည်းကတော့ နှစ်ပေါင်း တစ်ရာမှာ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ပထမ ရယူရမှာ ဖြစ်သည်။
ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ဆိုတာ ခက်တဲ့အတွက် ပထမနည်းလမ်းက အလွန်ခက်ခဲလှသည်။ အဲ့လိုမှမဟုတ်ရင် ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတွေ ပွထနေတော့မှာပင်။
ဒုတိယနည်းကလည်း ခက်သည်ပဲဖြစ်သည်။ ပြိုင်ပွဲတစ်ခုစီတိုင်းမှာ ပြိုင်ပွဲဝင်တွေ အရေအတွက် အလွန်များပေမဲ့ တစ်ယောက်တည်းကသာ ချိုးဖောက်ဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက် ပထမနည်းလမ်းထက် အနည်းငယ်တော့ အောင်မြင်နိုင်ချေ ပိုများပေမဲ့လည်း အခွင့်အလမ်းကတော့ ပါးလျနေသည်ပင်။
အဲ့တာကြောင့် လူတိုင်းက နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ အရှိန်အဝါ အဟိတ်ကို လေးစားပြီး အံ့ချီးဘနန်းဖြစ်ကြတာဖြစ်သည်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအားလုံးက တရားမျှတ သင့်တော်တယ်လို့ သူတို့ ထင်ကြသည်။ အဲ့အတွက်ကြောင့် ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး နတ်ဘုရားမိစ္ဆာမျှော်စင်က ဆုံးဖြတ်ချက် ဘာချမလဲဆိုတဲ့အချက်အပေါ် လူတော်တော်များများက သိချင်၊ မျှော်လင့်နေကြတာပဲဖြစ်၏။
နေသာတဲ့နေ့ တစ်နေ့မှာ ကောင်းကင်ကြီးက ရှင်းလင်းလို့နေသည်။
နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ တံခါးက ဆယ်ကြိမ်မြောက် ပွင့်လာပြီး အဓိပ္ပါယ်ကတော့ နတ်ဘုရားမိစ္ဆာမျှော်စင် တည်ထောင်ပြီးကတည်းက ဆယ်ကြိမ်မြောက် ကျင်းပတဲ့ အရေးကြီး အစည်းအဝေးတစ်တရပ် ကျင်းပပြီဆိုသည့်အဓိပ္ပါယ်ပဲဖြစ်သည်။ အရင့်အရင် အစည်းအဝေးတွေက နိုင်ငံကြီးတစ်ခုလုံးကို ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် ကျင်းပခဲ့ရတာဖြစ်ပြီး ဆယ်ကြိမ်မြောက် အစည်းအဝေး ကျင်းပရခြင်းကတော့ သတ္တုကြောတစ်ကြောက မွှေလိုက်တဲ့ ဘေးဒုက္ခတစ်ရပ်အတွက် ကျင်းပရခြင်းပဲ ဖြစ်သည်။ နတ်ဘုရားမိစ္ဆာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာက စိန်ခေါ်ခံရသည့်အတွက် ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးက ဒိကိစ္စကို ထိပ်တန်းအဆင့် ဖြစ်ရပ်အနေနဲ့ တင်သွင်းစာရင်းပြုစုလိုက်ရတာပဲဖြစ်၏။
"ဟား-ဟား၊ နှစ်တစ်ထောင်ပဲ ကြာသေးတယ် ငါတို့တွေ ပြန်ပြီး စုစည်းရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးရဲ့ အရောင်အဝါနဲ့အတူ အသံကျယ်ကြီးတစ်သံက အဝေးကနေ ရိုက်ခတ်လာပြီး နားစည်တွေကို ထွင်းဖောက်လုမတတ် ဖြစ်သွား၏။ အဲ့နောက် တံခါးက ပွင့်သွားပြီး အပြင်ဘက်ကနေ အနီရောင်မုတ်ဆိတ်မွှေးနဲ့ မျက်နှာနီနီရှိတဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက် ရပ်တန့်နေသည်။ သူက တောင်တစ်ခုလို အရပ်ရှည်လျားကာ သန်မာပြီး လူတွေကို နားမလည်နိုင်တဲ့ ဖိအားတို့ ပေးစွမ်းနေပေမဲ့ အဲ့မှာရှိတဲ့လူတိုင်းက သာမာန်လူတွေ မဟုတ်ကြသည့်အတွက် ထူးမခြားနားဟန်ဖြင့် တည်ငြိမ်စွာပဲ ရပ်နေကြသည်။
"ဟုန်ပေါင်၊ မင်း နောက်ကျပြန်ပြီ" အဘိုးအိုတစ်ယောက်က သူ့ကို ပြုံးပြီးပြောလိုက်သည်။
ဟုန်ပေါင်က အလေးအနက်မထားသလိုမျိုး သူ့လက်ကို ဝှေ့ယမ်းပြလိုက်ကာ၊ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က နောက်ဆုံးရောက်တဲ့သူတော့ မဟုတ်ဘူးလေ။ အဲ့လူက ဒီတစ်ကြိမ်ရော မလာလောက်ဘူးထင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီတုန်းကရော အဲ့လူက ဘယ်ရောက်နေတာလဲ? သူ ဘယ်တုန်းကမှ အစည်းအဝေးတွေ မတက်ခဲ့ဘူး။ အဲ့လိုသာ ဆက်ဖြစ်နေမယ်ဆိုရင် သူ အစည်းအဝေးတက်ရောက်ဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်တော့ဘူး!"
အဘိုးအိုကား စစ်ဟွိုင်လို့ခေါ်တဲ့ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးဖြစ်သည်။ သူက တစ်ကိုယ်တော်ဘဝကို ပိုနှစ်ခြိုက်တဲ့ တစ်ပါးသူနဲ့ တစ်ခါမှ အကျိုးအမြတ်အတွက် မတိုက်ခိုက်ခဲ့ဘူးတဲ့ clan မရှိတဲ ကြီးမြတ်သောကောင်းကင်ဘုံနတ်ဘုရားတွေထဲက တစ်ပါးပဲဖြစ်၏။ နောက်တစ်ယောက်ကတော့ ဟုန်ပေါင်ပြောလိုက်တဲ့တစ်ယောက်ပင်။ သူကလည်း ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရား စစ်ဟွိုင်လိုမျိုး ဖြစ်သည်။ သူကလည်း ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရားကိုးပါးထဲက တစ်ပါး ဖြစ်လာပြီးကတည်းက တစ်ယောက်တည်း နေတတ်တဲ့သူ၊ ကိုယ့်အကျိုးအမြတ်အတွက် ဘယ်တုန်းကမှ မတိုက်ခိုက်တတ်တဲ့သူလို့ လူတွေက သိကြသည်။ အဲ့နောက်မှာတော့ သူ ဆုံးစမြုပ်စ ပျောက်သွားပြီး အခြားသူတွေကလည်း သူ့ကို ဂရုမစိုက်ကြချေ။
"မုတ်ဆိတ်နီ၊ ကံဆိုးစွာနဲ့ပဲ ငါ မင်းကို စိတ်ပျက်စေမိပြီ"
ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားစစ်ဟွိုင်က ရှင်းပြတော့မယ့်အချိန်မှာပဲ လှောင်သံစွက်တဲ့အသံတစ်သံ ရုတ်ချည်း ပေါ်ထွက်လာ၏။
သူ အမုန်းဆုံးကတော့ သူ့ကို မုတ်ဆိတ်နီလို့ ခေါ်ခြင်းပင်။ နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်ထဲမှာ သူ့ကို ခုလိုမျိုး ခေါ်ဝံ့တဲ့သူဆိုလို့ တစ်ယောက်ပဲ ရှိသည်။ သူတို့ ဆုံတွေ့ကြချိန်တိုင်း ထိုသူက သူ့ကို မုတ်ဆိတ်နီလို့ ခေါ်ပြီး ဒေါသထွက်အောင် လုပ်တတ်သည်။
"ခင်များ ဘာ့ကြောင့် ဒီရောက်လာတာလဲ?" ဟုန်ပေါင်က သူ့ကို လှောင်ပြောင်တဲ့အကြည့်တို့နဲ့ ထောင့်မှာထိုင်နေပြီး ကြည့်နေတဲ့ အနီရောင်ဝတ်ထားတဲ့သူကို စိုက်ကြည့်လိုက်ကာ မေးလိုက်သည်။
"မုတ်ဆိတ်နီ၊ ငါ့အတွက် အံ့အားသင့်စရာအကောင်းဆုံးကတော့ မင်းက ငါ့ အရမ်းလွမ်းနေတာပါလား။ ငါ မင်းကို မတွေ့ရသေးတာ နှစ်တစ်သောင်းပဲ ရှိပသေးတယ်။ မင်း လွမ်းဖျားလွမ်းနာကျနေတယ်ဆိုတာ ငါ အသေအချာသိတယ်၊ ဒါပေမဲ့လည်း သနားစရာကောင်းတာက ..." ထောင့်မှာထိုင်နေတဲ့လူက သက်ပျင်းချလိုက်ကာ သိပ်မကြာခင်မှာပဲ စကားဆက်လိုက်၏၊ "မင်းလိုမျိုးသူမျိုးကို ငါမကြိုက်တာ ဝမ်းနည်းစရာပဲ၊ အဲ့အတွက် ငါ မင်းကို တောင်းပဲ တောင်းပန်နိုင်တော့တယ်။ မင်းရဲ့ ကြင်နာမှုတွေကို ငါ လက်မခံနိုင်ပါဘူး"
ဟုန်ပေါင်က ချက်ချင်းကို ဒေါသတကြီး ဖြစ်သွားတော့သည်။ သူတို့အချင်းချင်း နောက်ဆုံးတွေ့ဆုံခဲ့ကြတာ နှစ်တစ်သောင်း ကြာသွားပြီဆိုပေမဲ့ သူက ထုံးစံအတိုင်း မာန်တက်နေဆဲဖြစ်ပြီး တခြားလူတွေရဲ့ အဓိပ္ပါယ်ကို လွဲမှာ ဘာသာပြန်နေတတ်ဆဲပင်။ အဲ့တာမျိုးက သူ့အပေါ် အကြိမ်ကြိမ် ဖြစ်ပျက်ခဲ့ဖူးနေကြပဲဖြစ်၏။
"ဟား-ဟား! ယင်းမော့၊ ခင်များက အရင်လိုပဲ မာန်တက်နေဆဲပဲ" ကျုံးဝူချင်းရဲ့အဘိုးဖြစ်တဲ့ ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား လုမိန်က ပြောလိုက်သည်။ သူက စိတ်တိုလွယ်ကာ ရက်ရောတတ်သူတစ်ယောက်ဖြစ်၏။ သူ့သူငယ်ချင်းက အရိုက်ခံရဖို့ လုပ်နေတာကို သူမြင်တော့ သူက ပထမဆုံး ထရယ်လိုက်သူပဲဖြစ်သည်။
ကြီးမြတ်တဲ့ကောင်းကင်ဘုံလေနတ်ဘုရားက ထက်မြက်တဲ့ မြေခွေးတစ်ကောင်လိုမျိုး ဘေးကနေ ပြုံးနေ၏။
"ငါ မြောက်နေပါပြီ။ တကယ်တော့ ငါ ပြောခဲ့တာ နှစ်ပေါင်း တစ်သောင်း ကြာခဲ့ပါပြီ" ယင်းမော့က ပြုံးလိုက်သည်။
သူဆိုလိုတဲ့အဓိပ္ပါယ်က ဟုန်ပေါင်ကသာ သူ့ကို ရန်စသူ ဖြစ်တဲ့အတွက် သူက သူ့ရဲ့ 'ကျွမ်းကျင်ရာလိမ်မာ'ကို ပြဖို့ အခွင့်အရေး ယူလိုက်ရခြင်းပဲဖြစ်သည်ဟုပင်။ အဲ့နောက် ဟုန်ပေါင်က ပိုလို့တောင် ဒေါသထွက်လာတော့သည်။ သူ ဒေါသတို့ ပေါက်ကွဲတော့မယ့်အချိန်မှာပဲ ဘယ်ဘက် ပထမဆုံးခုံမှာ ထိုင်နေတဲ့သူက ရုတ်တရက် ပြောလိုက်သည်။
"ခင်များတို့ စကားစမြည် ပြောချင်ကြတယ်ဆိုရင် ဒီဆွေးနွေးပွဲပြီးတဲ့အထိ စောင့်ကြ။ ဒီမှာ ခင်များတို့ စကားဖောင်ဖွဲ့နေဖို့နေရာမဟုတ်ဘူး" သူက သူတို့ကို ဆူလိုက်ပြီး အေးစက်စက်အကြည့်တို့ ပေးလိုက်ကာ သူတို့ကို လေးစားသမှုမရှိဟန်ဖြင့် မောက်မာစွာ အဝေးသို့ ခါခနဲ အကြည့်လွှဲလိုက်တော့သည်။
ဒါပေမဲ့လည်း အဲ့တာက ကြောင်းကျိုးသင့်နေသည်ပင်။ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားကိုးပါးကို အဖွဲ့ခွဲနှစ်ခုဖြင့် ခွဲထားသည်။ ခုပြောလိုက်သူကတော့ ယင်းဖုန်းလို့ခေါ်တဲ့ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးဖြစ်ကာ နာမည်အပြည့်အစုံကတော့ နီယင်းဖုန်းဖြစ်၏။ ဟုန်ပေါင်က ကြီးမြတ်တဲ့ ကောင်းကင်ဘုံလေနတ်ဘုရားခေါင်းဆောင်တဲ့ တခြားအဖွဲ့ကဖြစ်သည်။ အဖွဲ့နှစ်ဖွဲ့က ဆက်ဆံရေး ကောင်းမနေချေ။ ယင်းမော့က အရင်ဆွေးနွေးပွဲတွေတုန်းက မပါဝင်ခဲ့တဲ့အတွက် မဲက အမြဲ ညီနေခဲ့တာဖြစ်သည်။ သူတို့တွေက ဆွေးနွေးပွဲတွေတိုင်း အမြဲ အချင်းချင်း အငြင်းပွါးကြ၏။ အချိန်တွေ ကုန်လာသည်နှင့်အမျှ သူတို့ရဲ့ အငြင်းပွါးမှု ပွတ်တိုက်မှုတို့က ပိုလို့ ပြင်းထန်လာကာ သူတို့ တွေ့ကြပြီဆိုသည်နှင့် ဘယ်တုန်းကမှ ကြင်နာသနားမှုတို့ ပြမနေကြတော့ချေ။
ဟုန်ပေါင်နဲ့ လုမိန်တို့က သူ့ကို မကြိုက်ကြ။ သူ့စကားတွေကို ကြားပြီး သူတို့က အလေးအနက်ဖြစ်သွားကြကာ သူ့ကို လျစ်လျူရှုလိုက်ကြတော့သည်။ ဒါပေမဲ့ သူတို့ ကြားဖြတ် အနှောက်အယှက်ခံလိုက်ကြရတဲ့အတွက် ဟုန်ပေါင်က ချက်ချင်းပဲ အသိစိတ်ပြန်ဝင်လာကာ လုမိန်ဘေးကခုံကို တွေ့ကာ ထိုင်ချလိုက်ပြီးနောက် လုမိန်နှင့် စကားစမြည် ပြောဆိုနေလိုက်တော့သည်။ သူ့ကြည့်ရသည်မှာ ပိုလို့တောင် မောက်မာလာဟန်ပင်။
ယင်းဖုန်းက နှာမှုတ်လိုက်ပြီး ကျောပေးကာ ပိုလို့တောင် အေးစက်စက် တုန့်ပြန်လိုက်တော့သည်။
ယင်းမော့က သူတို့ရဲ့ ရန်ညှိုးတွေကို စိတ်မဝင်စားချေ။ သူက ဒီကို ပွဲကြည့်ဖို့သက်သက်သာ လာခဲ့ခြင်းဖြစ်သည်။ ဘာဖြစ်တော့မလဲဆိုတာ စိတ်ကူးပုံဖော်လိုက်ပြီးနောက် သူက ပျော်သွားတော့၏။
ကြီးမြတ်တဲ့ ကောင်းကင်ဘုံ လေနတ်ဘုရားက ယင်းဖုန်းကို သမာန်ကာလျံကာ ကြည့်လိုက်သည်။ ယင်းမိန်ရဲ့ ပါဝင်လာမှုကြောင့် ဒီတစ်ကြိမ်တော့ မျှချေက ပျက်သွားပြီဖြစ်ပြီး ၎င်းက ယင်းဖုန်းအတွက် ဆိုးဝါးသည့်အချက်ပဲဖြစ်၏။ သူက အဲ့လောက်ကြီး မတည်ငြိမ်နေသင့်ပေ။ နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ သူ ဆန္ဒရှိသလိုမျိုး ငြိမ်းချမ်းတဲ့ဆွေးနွေးပွဲတွေ ရှိလာတော့မှာမဟုတ်ဘူးလို့ ကြီးမြတ်တဲ့ ကောင်းကင်ဘုံလေနတ်ဘုရားက ခံစားမိသွားတော့သည်။
နေရာကူးပြောင်းအခင်းအကျင်းက တတိယထပ်ကို ဦးတည်ထားတာဖြစ်ကာ ရုတ်တရက် တောက်ပတဲ့ လင်းတို့ ထိန်လင်းလာပြီး အစိမ်းရောင်နု ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခု ပေါ်လာလေ၏။
ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားကိုးပါးလုံး တပြိုင်နက်တည်း ထရပ်လိုက်ကြကာ တလေးတမြတ်ဖြင့် ဦးညွှတ်လိုက်ကြ၏၊ "မင်္ဂလာပါ လူကြီးမင်း!"
"ကျေးဇူးပြုပြီး ထိုင်ကြပါ။ မင်းတို့ကို ဘာ့ကြောင့် ဒီ အခေါ်တော်ဆင့်ရသလဲဆိုတာ သိပြီးဖြစ်လောက်ပြီလို့ ငါထင်ပါတယ်။ မင်းတို့အမြင်တွေကို ဒီမှာ ဖော်ပြနိုင်ပါတယ်" ဒီဆွေးနွေးပွဲ ကြီးမှုးကျင်းပသူက နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ အကြီးအကဲဖြစ်သည်။ သူက နတ်ဘုရားမိစ္ဆာမျှော်စင်အတွင်းမှာ ကြီးမားတဲ့ အင်အား ရှိထားသူဖြစ်တဲ့အတွက် သူတို့တွေက သူ့ကို မလေးမစား မလုပ်ရဲကြချေ။ အဲ့အပြင် သူတို့ မဲပေးကြတဲ့အခါ မဲတွေတူညီနေတဲ့အချိန်တိုင်း သူက ဆွေးနွေးပွဲကို နောက်ဆုံးဆုံးဖြတ်ချက် ချပေးနိုင်သူလည်း ဖြစ်သည်။
သူတို့က သူထိုင်လိုက်တာကို မြင်ပြီးသွားတော့ လိုက်ထိုင်လိုက်ကြတော့သည်။
"ကောင်းကင်အနားသတ်မြို့တော်ထဲက ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားက ဘယ်လောက်အထိ စွမ်းအားကြီးသလဲဆိုတာ ကျွန်တော်တို့ မသိဘူး၊ အဲ့အတွက်ကြောင့် ကျွန်တော်တို့ အလောသုံးဆယ် ဆုံးဖြတ်ချက် မချသင့်ဘဲ အရှည်ကို မျှော်ကြည့်သင့်တယ်။ အဲ့လိုမှမဟုတ်ရင် နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အပေါ်ကို ကြီးမားတဲ့ဘေးဒုက္ခကြီးတစ်ရပ် ကျရောက်လာနိုင်တယ်" ဘယ်သူကမှ သူတို့ကိုယ်ပိုင်အမြင်တွေကို အစပျိုးမယ့်ဟန် မရှိတာကို မြင်တော့ ကြီးမြတ်တဲ့ကောင်းကင်ဘုံလေနတ်ဘုရားက ဦးစွာပထမ ပြောလိုက်၏။ သူ့မျက်နှာထက်မှာ အဓိပ္ပါယ်ပြည့်ဝတဲ့ အပြုံးတစ်ခု ရှိနေဆဲပေမဲ့ စောနကနဲ့တော့ မတူတော့ချေ။
"ဟာသပဲ! သူ့တန်ပြန်တိုက်ချက်ကို ကြောက်ပြီး ငါတို့က ဘယ်လိုဖြစ်လို့များ အီးလေးဆွဲနိုင်ရတာလဲ? လေ၊ ခင်များ နတ်ဘုရားမိစ္ဆာမျှော်စင်ရဲ့ အခန်းကဏ္ဍကို မကာကွယ်ချင်ဘူးလား?" ယင်းဖုန်းက နှာခေါင်းရှုံ့လိုက်၏။
20221004; 2000
Stay tuned for the next chapter:
161. Out of Luck
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၆၀။ နတ္ဘုရားမိစၧာေမၽွာ္စင္မွာ ဆုံေတြ႕ျခင္း
မတည္ၿငိမ္တဲ့အေျခအေနတို႔အလယ္မွာ clans အမ်ားစုက ပြဲၾကည့္ပရိတ္သတ္အေနျဖင့္သာ ျပဳမူၾကသည္။ ဒီအေျခအေနမ်ိဳးမွာ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္အတြင္းမွာ ႀကီးႀကီးမားမားတစ္ခုခု ျဖစ္ပ်က္ေတာ့မယ္ဆိုတာကို လူတိုင္း သိၾက၏။
ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ရဲ့ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံ ေလနတ္ဘုရားက သတၱဳေကာကိစၥရပ္မွာ ပါဝင္ပတ္သက္ေနသည္။ သူ ဘယ္ေလာက္ စြမ္းအားႀကီးသလဲဆိုတာကို အခုခ်ိန္တိုင္ ဘယ္သူမွ မသိၾကေခ်။ အလယ္ပိုင္းေဒသက ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးရဲ့ ေနာက္ဆုံး အဆုံးအျဖတ္ကို လူတိုင္း ေစာင့္ဆိုင္းေနၾကသည္။
ဥပေဒသေတြအရ ပိုင္ရွင္မဲ့သတၱဳေၾကာတစ္ေၾကာကို ဘယ္သူမွ ပိုင္ဆိုင္ခြင့္ မရွိရ။ ဒီဥပေဒသက တည္ခဲ့တာ ႏွစ္ေပါင္းႏွစ္ေထာင္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး ခုခ်ိန္ထိ အဲ့ဥပေဒသကို ခ်ိဳးေဖာက္ရဲခဲ့သူ ဘယ္သူမွ မရွိေပ။ အဲ့တာက နတ္ဘုရားမိစၧာေမၽွာ္စင္ရဲ့ အာဏာကိုလည္း ကိုယ္စားျပဳေနသည္။ တကယ္လို႔ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးအပါအဝင္ ဘယ္သူပဲျဖစ္ျဖစ္ တစ္စုံတစ္ေယာက္က အဲ့တာကို ခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ လူတိုင္းကို ေက်နပ္ေလာက္တဲ့ေျဖရွင္းခ်က္တစ္ခု ထုတ္ျပန္ေပးနိုင္ရမွာျဖစ္သည္။ အဲ့တာေၾကာင့္ ဒီအႀကိမ္မွာ ေမၽွာ္စင္က ႀကီးမားတဲ့ စိန္ေခၚရပ္တစ္ရပ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္သည္။
တစ္လၾကာၿပီးေနာက္ ေနာက္ဆုံးေတာ့ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးက နတ္ဘုရားမိစၧာေမၽွာ္စင္ ဒုတိယထပ္မွာ ဆယ္ႀကိမ္ေျမာက္ လ်ိဳ႕ဝွက္ေဆြးေႏြးပြဲတစ္ခုက်င္းပဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီျဖစ္သည္။
နတ္ဘုရားမိစၧာေမၽွာ္စင္ကို အခ်ိန္ေကာင္းတစ္ခုမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အင္အားစုေတြအားလုံးကို အုပ္ခ်ဳပ္နိုင္ဖို႔ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ရဲ့ ဥပေဒေတြကို ေရးဆြဲခဲ့တာျဖစ္သည္။ ကာကြယ္သူတစ္ေယာက္ရဲ့ အေထာက္အပံ့ျဖင့္ ၎ကို အျမင့္ဆုံး အေလးထား ဦးထိပ္ဆင္ခဲ့ၾကတာျဖစ္သည္။ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးက ေမၽွာ္စင္ကို ကိုယ္စားျပဳသည္။ သူတို႔ကို အဲ့အတြက္ အသိအမွတ္ျပဳထားခံရၿပီး နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္အတြင္းက လူတိုင္း အဲ့အေၾကာင္းကို သိၾကသည္။
အသိအမွတ္ျပဳျခင္းဆိုသည္မွာ ခ်ီးေျမႇာက္ျခင္းႏွင့္ လက္ခံျခင္းတို႔ပင္။
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးျဖစ္လာရင္ နတ္ဘုရားနဲ႔မိစၧာေမၽွာ္စင္က အေလးအျမတ္ အသိအမွတ္ျပဳျခင္းခံရမွာျဖစ္ၿပီး လူတိုင္းရဲ့ ေလးစားျခင္းကို ခံရမွာျဖစ္သည္။ ဒါသည္ကား ႀကီးမားတဲ့ ဂုဏ္သေရျဖစ္ကာ လူတိုင္း လူတိုင္း လိုခ်င္တဲ့အခ်က္လည္းျဖစ္သည္။ ခ်ီးေျမႇာက္ျခင္းခံရစဥ္အတြင္း သူက ကာကြယ္သူတို႔ရဲ့ စြမ္းအားကို စုပ္ယူနိုင္မွာျဖစ္ကာ ဥပေဒသေတြကို သိရွိမွု ပ်က္ပ်ယ္ျခင္းအဆင့္သို႔ ဝင္ေရာက္နိုင္မွာလည္း ျဖစ္သည္။ သူ ေနာက္နယ္ပယ္ဆင့္တစ္ခုကိုတက္ေရာက္နိုင္မယ့္ အခြင့္အေရးကိုေတာင္ ရယူေကာင္း ရယူနိုင္မွာျဖစ္သည္။ အဲ့လိုဆိုရင္ သူက အေႏွးနဲ႔အျမန္ ဥပေဒသေတြကို ထိန္းခ်ဳပ္နိုင္မွာျဖစ္သည္။
အဲ့အတြက္ေၾကာင့္ ပညာရွင္ေတြအားလုံးက နတ္ဘုရားမိစၧာေမၽွာ္စင္ကို ဝင္ေရာက္ခ်ိတ္ဆက္နိုင္ဖို႔ စိတ္အားထက္သန္ၾကတာပဲျဖစ္သည္။
ေမၽွာ္စင္က ခ်ီးေျမႇာက္ျခင္းကို ရယူဖို႔အတြက္ နည္းလမ္းႏွစ္နည္း ရွိသည္။ တစ္နည္းကေတာ့ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါး ျဖစ္လာရန္ျဖစ္သည္။ မေကာင္းဆိုးဝါး clan အတြက္ကလြဲရင္ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးစီတိုင္းမွာ နတ္ဘုရားမိစၧာေမၽွာ္စင္ကို ခ်ိဳးေဖာက္ဝင္ေရာက္နိုင္ခြင့္ တစ္ခု ရရွိမွာျဖစ္၏။ ေနာက္တစ္နည္းကေတာ့ ႏွစ္ေပါင္း တစ္ရာမွာ တစ္ႀကိမ္ က်င္းပတဲ့ ၿပိဳင္ပြဲမွာ ပထမ ရယူရမွာ ျဖစ္သည္။
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါး ျဖစ္လာဖို႔ဆိုတာ ခက္တဲ့အတြက္ ပထမနည္းလမ္းက အလြန္ခက္ခဲလွသည္။ အဲ့လိုမွမဟုတ္ရင္ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားေတြ ပြထေနေတာ့မွာပင္။
ဒုတိယနည္းကလည္း ခက္သည္ပဲျဖစ္သည္။ ၿပိဳင္ပြဲတစ္ခုစီတိုင္းမွာ ၿပိဳင္ပြဲဝင္ေတြ အေရအတြက္ အလြန္မ်ားေပမဲ့ တစ္ေယာက္တည္းကသာ ခ်ိဳးေဖာက္ဝင္ေရာက္နိုင္မွာျဖစ္တဲ့အတြက္ ပထမနည္းလမ္းထက္ အနည္းငယ္ေတာ့ ေအာင္ျမင္နိုင္ေခ် ပိုမ်ားေပမဲ့လည္း အခြင့္အလမ္းကေတာ့ ပါးလ်ေနသည္ပင္။
အဲ့တာေၾကာင့္ လူတိုင္းက နတ္ဘုရားမိစၧာေမၽွာ္စင္ရဲ့ အရွိန္အဝါ အဟိတ္ကို ေလးစားၿပီး အံ့ခ်ီးဘနန္းျဖစ္ၾကတာျဖစ္သည္။ သူတို႔ရဲ့ ဆုံးျဖတ္ခ်က္ေတြအားလုံးက တရားမၽွတ သင့္ေတာ္တယ္လို႔ သူတို႔ ထင္ၾကသည္။ အဲ့အတြက္ေၾကာင့္ ဒီကိစၥရပ္နဲ႔ပတ္သက္ၿပီး နတ္ဘုရားမိစၧာေမၽွာ္စင္က ဆုံးျဖတ္ခ်က္ ဘာခ်မလဲဆိုတဲ့အခ်က္အေပၚ လူေတာ္ေတာ္မ်ားမ်ားက သိခ်င္၊ ေမၽွာ္လင့္ေနၾကတာပဲျဖစ္၏။
ေနသာတဲ့ေန႔ တစ္ေန႔မွာ ေကာင္းကင္ႀကီးက ရွင္းလင္းလို႔ေနသည္။
နတ္ဘုရားမိစၧာေမၽွာ္စင္ရဲ့ တံခါးက ဆယ္ႀကိမ္ေျမာက္ ပြင့္လာၿပီး အဓိပၸါယ္ကေတာ့ နတ္ဘုရားမိစၧာေမၽွာ္စင္ တည္ေထာင္ၿပီးကတည္းက ဆယ္ႀကိမ္ေျမာက္ က်င္းပတဲ့ အေရးႀကီး အစည္းအေဝးတစ္တရပ္ က်င္းပၿပီဆိုသည့္အဓိပၸါယ္ပဲျဖစ္သည္။ အရင့္အရင္ အစည္းအေဝးေတြက နိုင္ငံႀကီးတစ္ခုလုံးကို ၿခိမ္းေျခာက္ခဲ့တဲ့ ကိစၥရပ္ေတြအတြက္ က်င္းပခဲ့ရတာျဖစ္ၿပီး ဆယ္ႀကိမ္ေျမာက္ အစည္းအေဝး က်င္းပရျခင္းကေတာ့ သတၱဳေၾကာတစ္ေၾကာက ေမႊလိုက္တဲ့ ေဘးဒုကၡတစ္ရပ္အတြက္ က်င္းပရျခင္းပဲ ျဖစ္သည္။ နတ္ဘုရားမိစၧာနိုင္ငံေတာ္ရဲ့ အခ်ဳပ္အျခာအာဏာက စိန္ေခၚခံရသည့္အတြက္ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးက ဒိကိစၥကို ထိပ္တန္းအဆင့္ ျဖစ္ရပ္အေနနဲ႔ တင္သြင္းစာရင္းျပဳစုလိုက္ရတာပဲျဖစ္၏။
"ဟား-ဟား၊ ႏွစ္တစ္ေထာင္ပဲ ၾကာေသးတယ္ ငါတို႔ေတြ ျပန္ၿပီး စုစည္းရလိမ့္မယ္လို႔ ငါ ထင္မထားခဲ့ဘူး"
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးရဲ့ အေရာင္အဝါနဲ႔အတူ အသံက်ယ္ႀကီးတစ္သံက အေဝးကေန ရိုက္ခတ္လာၿပီး နားစည္ေတြကို ထြင္းေဖာက္လုမတတ္ ျဖစ္သြား၏။ အဲ့ေနာက္ တံခါးက ပြင့္သြားၿပီး အျပင္ဘက္ကေန အနီေရာင္မုတ္ဆိတ္ေမႊးနဲ႔ မ်က္ႏွာနီနီရွိတဲ့ အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္ ရပ္တန့္ေနသည္။ သူက ေတာင္တစ္ခုလို အရပ္ရွည္လ်ားကာ သန္မာၿပီး လူေတြကို နားမလည္နိုင္တဲ့ ဖိအားတို႔ ေပးစြမ္းေနေပမဲ့ အဲ့မွာရွိတဲ့လူတိုင္းက သာမာန္လူေတြ မဟုတ္ၾကသည့္အတြက္ ထူးမျခားနားဟန္ျဖင့္ တည္ၿငိမ္စြာပဲ ရပ္ေနၾကသည္။
"ဟုန္ေပါင္၊ မင္း ေနာက္က်ျပန္ၿပီ" အဘိုးအိုတစ္ေယာက္က သူ႔ကို ျပဳံးၿပီးေျပာလိုက္သည္။
ဟုန္ေပါင္က အေလးအနက္မထားသလိုမ်ိဳး သူ႔လက္ကို ေဝွ႕ယမ္းျပလိုက္ကာ၊ "ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္က ေနာက္ဆုံးေရာက္တဲ့သူေတာ့ မဟုတ္ဘူးေလ။ အဲ့လူက ဒီတစ္ႀကိမ္ေရာ မလာေလာက္ဘူးထင္တယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေသာင္းခ်ီတုန္းကေရာ အဲ့လူက ဘယ္ေရာက္ေနတာလဲ? သူ ဘယ္တုန္းကမွ အစည္းအေဝးေတြ မတက္ခဲ့ဘူး။ အဲ့လိုသာ ဆက္ျဖစ္ေနမယ္ဆိုရင္ သူ အစည္းအေဝးတက္ေရာက္ဖို႔ အရည္အခ်င္း ျပည့္မီမွာ မဟုတ္ေတာ့ဘူး!"
အဘိုးအိုကား စစ္ဟြိဳင္လို႔ေခၚတဲ့ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးျဖစ္သည္။ သူက တစ္ကိုယ္ေတာ္ဘဝကို ပိုႏွစ္ၿခိဳက္တဲ့ တစ္ပါးသူနဲ႔ တစ္ခါမွ အက်ိဳးအျမတ္အတြက္ မတိုက္ခိုက္ခဲ့ဘူးတဲ့ clan မရွိတဲ ႀကီးျမတ္ေသာေကာင္းကင္ဘုံနတ္ဘုရားေတြထဲက တစ္ပါးပဲျဖစ္၏။ ေနာက္တစ္ေယာက္ကေတာ့ ဟုန္ေပါင္ေျပာလိုက္တဲ့တစ္ေယာက္ပင္။ သူကလည္း ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရား စစ္ဟြိဳင္လိုမ်ိဳး ျဖစ္သည္။ သူကလည္း ႀကီးျမတ္ေသာ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးထဲက တစ္ပါး ျဖစ္လာၿပီးကတည္းက တစ္ေယာက္တည္း ေနတတ္တဲ့သူ၊ ကိုယ့္အက်ိဳးအျမတ္အတြက္ ဘယ္တုန္းကမွ မတိုက္ခိုက္တတ္တဲ့သူလို႔ လူေတြက သိၾကသည္။ အဲ့ေနာက္မွာေတာ့ သူ ဆုံးစျမဳပ္စ ေပ်ာက္သြားၿပီး အျခားသူေတြကလည္း သူ႔ကို ဂ႐ုမစိုက္ၾကေခ်။
"မုတ္ဆိတ္နီ၊ ကံဆိုးစြာနဲ႔ပဲ ငါ မင္းကို စိတ္ပ်က္ေစမိၿပီ"
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားစစ္ဟြိဳင္က ရွင္းျပေတာ့မယ့္အခ်ိန္မွာပဲ ေလွာင္သံစြက္တဲ့အသံတစ္သံ ႐ုတ္ခ်ည္း ေပၚထြက္လာ၏။
သူ အမုန္းဆုံးကေတာ့ သူ႔ကို မုတ္ဆိတ္နီလို႔ ေခၚျခင္းပင္။ နတ္ဘုရားနဲ႔ မိစၧာနိုင္ငံေတာ္ထဲမွာ သူ႔ကို ခုလိုမ်ိဳး ေခၚဝံ့တဲ့သူဆိုလို႔ တစ္ေယာက္ပဲ ရွိသည္။ သူတို႔ ဆုံေတြ႕ၾကခ်ိန္တိုင္း ထိုသူက သူ႔ကို မုတ္ဆိတ္နီလို႔ ေခၚၿပီး ေဒါသထြက္ေအာင္ လုပ္တတ္သည္။
"ခင္မ်ား ဘာ့ေၾကာင့္ ဒီေရာက္လာတာလဲ?" ဟုန္ေပါင္က သူ႔ကို ေလွာင္ေျပာင္တဲ့အၾကည့္တို႔နဲ႔ ေထာင့္မွာထိုင္ေနၿပီး ၾကည့္ေနတဲ့ အနီေရာင္ဝတ္ထားတဲ့သူကို စိုက္ၾကည့္လိုက္ကာ ေမးလိုက္သည္။
"မုတ္ဆိတ္နီ၊ ငါ့အတြက္ အံ့အားသင့္စရာအေကာင္းဆုံးကေတာ့ မင္းက ငါ့ အရမ္းလြမ္းေနတာပါလား။ ငါ မင္းကို မေတြ႕ရေသးတာ ႏွစ္တစ္ေသာင္းပဲ ရွိပေသးတယ္။ မင္း လြမ္းဖ်ားလြမ္းနာက်ေနတယ္ဆိုတာ ငါ အေသအခ်ာသိတယ္၊ ဒါေပမဲ့လည္း သနားစရာေကာင္းတာက ..." ေထာင့္မွာထိုင္ေနတဲ့လူက သက္ပ်င္းခ်လိုက္ကာ သိပ္မၾကာခင္မွာပဲ စကားဆက္လိုက္၏၊ "မင္းလိုမ်ိဳးသူမ်ိဳးကို ငါမႀကိဳက္တာ ဝမ္းနည္းစရာပဲ၊ အဲ့အတြက္ ငါ မင္းကို ေတာင္းပဲ ေတာင္းပန္နိုင္ေတာ့တယ္။ မင္းရဲ့ ၾကင္နာမွုေတြကို ငါ လက္မခံနိုင္ပါဘူး"
ဟုန္ေပါင္က ခ်က္ခ်င္းကို ေဒါသတႀကီး ျဖစ္သြားေတာ့သည္။ သူတို႔အခ်င္းခ်င္း ေနာက္ဆုံးေတြ႕ဆုံခဲ့ၾကတာ ႏွစ္တစ္ေသာင္း ၾကာသြားၿပီဆိုေပမဲ့ သူက ထုံးစံအတိုင္း မာန္တက္ေနဆဲျဖစ္ၿပီး တျခားလူေတြရဲ့ အဓိပၸါယ္ကို လြဲမွာ ဘာသာျပန္ေနတတ္ဆဲပင္။ အဲ့တာမ်ိဳးက သူ႔အေပၚ အႀကိမ္ႀကိမ္ ျဖစ္ပ်က္ခဲ့ဖူးေနၾကပဲျဖစ္၏။
"ဟား-ဟား! ယင္းေမာ့၊ ခင္မ်ားက အရင္လိုပဲ မာန္တက္ေနဆဲပဲ" က်ဳံးဝူခ်င္းရဲ့အဘိုးျဖစ္တဲ့ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရား လုမိန္က ေျပာလိုက္သည္။ သူက စိတ္တိုလြယ္ကာ ရက္ေရာတတ္သူတစ္ေယာက္ျဖစ္၏။ သူ႔သူငယ္ခ်င္းက အရိုက္ခံရဖို႔ လုပ္ေနတာကို သူျမင္ေတာ့ သူက ပထမဆုံး ထရယ္လိုက္သူပဲျဖစ္သည္။
ႀကီးျမတ္တဲ့ေကာင္းကင္ဘုံေလနတ္ဘုရားက ထက္ျမက္တဲ့ ေျမေခြးတစ္ေကာင္လိုမ်ိဳး ေဘးကေန ျပဳံးေန၏။
"ငါ ေျမာက္ေနပါၿပီ။ တကယ္ေတာ့ ငါ ေျပာခဲ့တာ ႏွစ္ေပါင္း တစ္ေသာင္း ၾကာခဲ့ပါၿပီ" ယင္းေမာ့က ျပဳံးလိုက္သည္။
သူဆိုလိုတဲ့အဓိပၸါယ္က ဟုန္ေပါင္ကသာ သူ႔ကို ရန္စသူ ျဖစ္တဲ့အတြက္ သူက သူ႔ရဲ့ 'ကၽြမ္းက်င္ရာလိမ္မာ'ကို ျပဖို႔ အခြင့္အေရး ယူလိုက္ရျခင္းပဲျဖစ္သည္ဟုပင္။ အဲ့ေနာက္ ဟုန္ေပါင္က ပိုလို႔ေတာင္ ေဒါသထြက္လာေတာ့သည္။ သူ ေဒါသတို႔ ေပါက္ကြဲေတာ့မယ့္အခ်ိန္မွာပဲ ဘယ္ဘက္ ပထမဆုံးခုံမွာ ထိုင္ေနတဲ့သူက ႐ုတ္တရက္ ေျပာလိုက္သည္။
"ခင္မ်ားတို႔ စကားစျမည္ ေျပာခ်င္ၾကတယ္ဆိုရင္ ဒီေဆြးေႏြးပြဲၿပီးတဲ့အထိ ေစာင့္ၾက။ ဒီမွာ ခင္မ်ားတို႔ စကားေဖာင္ဖြဲ႕ေနဖို႔ေနရာမဟုတ္ဘူး" သူက သူတို႔ကို ဆူလိုက္ၿပီး ေအးစက္စက္အၾကည့္တို႔ ေပးလိုက္ကာ သူတို႔ကို ေလးစားသမွုမရွိဟန္ျဖင့္ ေမာက္မာစြာ အေဝးသို႔ ခါခနဲ အၾကည့္လႊဲလိုက္ေတာ့သည္။
ဒါေပမဲ့လည္း အဲ့တာက ေၾကာင္းက်ိဳးသင့္ေနသည္ပင္။ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးကို အဖြဲ႕ခြဲႏွစ္ခုျဖင့္ ခြဲထားသည္။ ခုေျပာလိုက္သူကေတာ့ ယင္းဖုန္းလို႔ေခၚတဲ့ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားတစ္ပါးျဖစ္ကာ နာမည္အျပည့္အစုံကေတာ့ နီယင္းဖုန္းျဖစ္၏။ ဟုန္ေပါင္က ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံေလနတ္ဘုရားေခါင္းေဆာင္တဲ့ တျခားအဖြဲ႕ကျဖစ္သည္။ အဖြဲ႕ႏွစ္ဖြဲ႕က ဆက္ဆံေရး ေကာင္းမေနေခ်။ ယင္းေမာ့က အရင္ေဆြးေႏြးပြဲေတြတုန္းက မပါဝင္ခဲ့တဲ့အတြက္ မဲက အျမဲ ညီေနခဲ့တာျဖစ္သည္။ သူတို႔ေတြက ေဆြးေႏြးပြဲေတြတိုင္း အျမဲ အခ်င္းခ်င္း အျငင္းပြါးၾက၏။ အခ်ိန္ေတြ ကုန္လာသည္ႏွင့္အမၽွ သူတို႔ရဲ့ အျငင္းပြါးမွု ပြတ္တိုက္မွုတို႔က ပိုလို႔ ျပင္းထန္လာကာ သူတို႔ ေတြ႕ၾကၿပီဆိုသည္ႏွင့္ ဘယ္တုန္းကမွ ၾကင္နာသနားမွုတို႔ ျပမေနၾကေတာ့ေခ်။
ဟုန္ေပါင္နဲ႔ လုမိန္တို႔က သူ႔ကို မႀကိဳက္ၾက။ သူ႔စကားေတြကို ၾကားၿပီး သူတို႔က အေလးအနက္ျဖစ္သြားၾကကာ သူ႔ကို လ်စ္လ်ဴရွုလိုက္ၾကေတာ့သည္။ ဒါေပမဲ့ သူတို႔ ၾကားျဖတ္ အေႏွာက္အယွက္ခံလိုက္ၾကရတဲ့အတြက္ ဟုန္ေပါင္က ခ်က္ခ်င္းပဲ အသိစိတ္ျပန္ဝင္လာကာ လုမိန္ေဘးကခုံကို ေတြ႕ကာ ထိုင္ခ်လိုက္ၿပီးေနာက္ လုမိန္ႏွင့္ စကားစျမည္ ေျပာဆိုေနလိုက္ေတာ့သည္။ သူ႔ၾကည့္ရသည္မွာ ပိုလို႔ေတာင္ ေမာက္မာလာဟန္ပင္။
ယင္းဖုန္းက ႏွာမွုတ္လိုက္ၿပီး ေက်ာေပးကာ ပိုလို႔ေတာင္ ေအးစက္စက္ တုန့္ျပန္လိုက္ေတာ့သည္။
ယင္းေမာ့က သူတို႔ရဲ့ ရန္ညႇိုးေတြကို စိတ္မဝင္စားေခ်။ သူက ဒီကို ပြဲၾကည့္ဖို႔သက္သက္သာ လာခဲ့ျခင္းျဖစ္သည္။ ဘာျဖစ္ေတာ့မလဲဆိုတာ စိတ္ကူးပုံေဖာ္လိုက္ၿပီးေနာက္ သူက ေပ်ာ္သြားေတာ့၏။
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံ ေလနတ္ဘုရားက ယင္းဖုန္းကို သမာန္ကာလ်ံကာ ၾကည့္လိုက္သည္။ ယင္းမိန္ရဲ့ ပါဝင္လာမွုေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ မၽွေခ်က ပ်က္သြားၿပီျဖစ္ၿပီး ၎က ယင္းဖုန္းအတြက္ ဆိုးဝါးသည့္အခ်က္ပဲျဖစ္၏။ သူက အဲ့ေလာက္ႀကီး မတည္ၿငိမ္ေနသင့္ေပ။ ေနာက္လာမယ့္ ေဆြးေႏြးပြဲေတြမွာ သူ ဆႏၵရွိသလိုမ်ိဳး ၿငိမ္းခ်မ္းတဲ့ေဆြးေႏြးပြဲေတြ ရွိလာေတာ့မွာမဟုတ္ဘူးလို႔ ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံေလနတ္ဘုရားက ခံစားမိသြားေတာ့သည္။
ေနရာကူးေျပာင္းအခင္းအက်င္းက တတိယထပ္ကို ဦးတည္ထားတာျဖစ္ကာ ႐ုတ္တရက္ ေတာက္ပတဲ့ လင္းတို႔ ထိန္လင္းလာၿပီး အစိမ္းေရာင္ႏု ဝတ္ဆင္ထားတဲ့ ပုံရိပ္တစ္ခု ေပၚလာေလ၏။
ႀကီးျမတ္တဲ့ ေကာင္းကင္ဘုံနတ္ဘုရားကိုးပါးလုံး တၿပိဳင္နက္တည္း ထရပ္လိုက္ၾကကာ တေလးတျမတ္ျဖင့္ ဦးညႊတ္လိုက္ၾက၏၊ "မဂၤလာပါ လူႀကီးမင္း!"
"ေက်းဇူးျပဳၿပီး ထိုင္ၾကပါ။ မင္းတို႔ကို ဘာ့ေၾကာင့္ ဒီ အေခၚေတာ္ဆင့္ရသလဲဆိုတာ သိၿပီးျဖစ္ေလာက္ၿပီလို႔ ငါထင္ပါတယ္။ မင္းတို႔အျမင္ေတြကို ဒီမွာ ေဖာ္ျပနိုင္ပါတယ္" ဒီေဆြးေႏြးပြဲ ႀကီးမွုးက်င္းပသူက နတ္ဘုရားမိစၧာေမၽွာ္စင္ရဲ့ အႀကီးအကဲျဖစ္သည္။ သူက နတ္ဘုရားမိစၧာေမၽွာ္စင္အတြင္းမွာ ႀကီးမားတဲ့ အင္အား ရွိထားသူျဖစ္တဲ့အတြက္ သူတို႔ေတြက သူ႔ကို မေလးမစား မလုပ္ရဲၾကေခ်။ အဲ့အျပင္ သူတို႔ မဲေပးၾကတဲ့အခါ မဲေတြတူညီေနတဲ့အခ်ိန္တိုင္း သူက ေဆြးေႏြးပြဲကို ေနာက္ဆုံးဆုံးျဖတ္ခ်က္ ခ်ေပးနိုင္သူလည္း ျဖစ္သည္။
သူတို႔က သူထိုင္လိုက္တာကို ျမင္ၿပီးသြားေတာ့ လိုက္ထိုင္လိုက္ၾကေတာ့သည္။
"ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ထဲက ႀကီးျမတ္တဲ့ေကာင္းကင္ဘုံနတ္ဘုရားက ဘယ္ေလာက္အထိ စြမ္းအားႀကီးသလဲဆိုတာ ကၽြန္ေတာ္တို႔ မသိဘူး၊ အဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔ အေလာသုံးဆယ္ ဆုံးျဖတ္ခ်က္ မခ်သင့္ဘဲ အရွည္ကို ေမၽွာ္ၾကည့္သင့္တယ္။ အဲ့လိုမွမဟုတ္ရင္ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္အေပၚကို ႀကီးမားတဲ့ေဘးဒုကၡႀကီးတစ္ရပ္ က်ေရာက္လာနိုင္တယ္" ဘယ္သူကမွ သူတို႔ကိုယ္ပိုင္အျမင္ေတြကို အစပ်ိဳးမယ့္ဟန္ မရွိတာကို ျမင္ေတာ့ ႀကီးျမတ္တဲ့ေကာင္းကင္ဘုံေလနတ္ဘုရားက ဦးစြာပထမ ေျပာလိုက္၏။ သူ႔မ်က္ႏွာထက္မွာ အဓိပၸါယ္ျပည့္ဝတဲ့ အျပဳံးတစ္ခု ရွိေနဆဲေပမဲ့ ေစာနကနဲ႔ေတာ့ မတူေတာ့ေခ်။
"ဟာသပဲ! သူ႔တန္ျပန္တိုက္ခ်က္ကို ေၾကာက္ၿပီး ငါတို႔က ဘယ္လိုျဖစ္လို႔မ်ား အီးေလးဆြဲနိုင္ရတာလဲ? ေလ၊ ခင္မ်ား နတ္ဘုရားမိစၧာေမၽွာ္စင္ရဲ့ အခန္းက႑ကို မကာကြယ္ခ်င္ဘူးလား?" ယင္းဖုန္းက ႏွာေခါင္းရွုံ႔လိုက္၏။
20221004; 2000
Stay tuned for the next chapter:
161. Out of Luck
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————