အပိုင်း ၁၅၄။ အနှောက်ယှက်ခံလိုက်ရခြင်း
နေလုံးက မိုးကုတ်စက်ဝိုင်းအောက် တဖြည်းဖြည်း မြုပ်ဝင်သွားကာ ညရောက်လာတော့သည်။
ကောင်းကင်လမ်းမြို့တော်ရဲ့ညက ကျောချမ်းဖွယ် တိတ်ဆိတ်လို့နေပြီး မိစ္ဆာသားရဲတွေရဲ့ဟိန်းသံတွေက တောထဲကနေ ထွက်ထွက်လာ၏။ ဝန်းကျင်တစ်ခုလုံး ဖိအားအပြည့်ဖြစ်ဖြစ်လို့နေကာ အတော်များများက ဒီညအဖို့ အိပ်မရနိုင်ကြချေ။
ဖုန့်ရှီက ရေချို'လိုက်ပြီး အမွှေးနံ့သာတစ်ကိုယ်လုံး ထုံသင်းလိုက်ပြီးနောက် ဘုရင်ကြီးရဲ့အခန်းထဲ ဝင်သွားကာ တံခါးကို ချက်ချင်းပဲ ပြန်ပိတ်လိုက်ရင်း အခုကစပြီး ဘယ်သူမှ ဝင်လာကြတော့မှာမဟုတ်တဲ့အတွက် အပျော်တွေ ဖြတ်ပြေးသွားလေ၏။ အခြားသူတွေက တစ်ချက်လေးကန်လိုက်ရုံနဲ့တင် အခန်းထဲ ဝင်လာလို့ရတယ်ဆိုတာကို သူ လုံးဝမတွေးထားချေ။ အခု သူ့ခေါင်းထဲမှာရှိတဲ့ အတွေးတစ်ခုလုံးက တစ်စုံတစ်ခုနဲ့ပြည့်လို့နေတဲ့အတွက် အဲ့အချက်ကို သူ သတိမပြုမိပေ။
"ဘာဖြစ်တာလဲ?" ဘုရင်ကြီးက သူ့လက်ထဲကကိုင်ထားလက်စအရာဝတ္ထုကို ချလိုက်ပြီးနောက် ဖုန့်ရှီရဲ့မျက်နှာပေါ်က အမူအယာကို မြင်လိုက်ရတော့ အတော်လေး ရယ်ချင်သွားမိသည်။
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး။" ဖုန့်ရှီက သွားဖြီးလျက်သားဖြင့် ခေါင်းကို မနားတမ်း ခါလိုက်ကာ သူ့ခေါင်းထဲ တစ်ခုခုရှိနေကြောင်းကို အတိအကျ ဖော်ပြလိုက်လေ၏။
ဘုရင်ကြီးက ကောင်လေးကို ပြောအောင် အတင်းအကျပ်မလုပ်ချေ၊ သူသိချင်တာဆိုရင် မရှေးမနှောင်းမှာပဲ ဘာဆိုတာကို သိရတော့မှာမို့ပင်။ ကောင်လေးက သူ့အတွေးတွေကို ဖုံးကွယ်တဲ့နေရာမှာ မတော်ဘူးလေ။
ခုလေးတင် ရေချိုးလာတဲ့ ဖုန့်ရှီက အဖြူရောင်အင်္ကျီနဲ့ အဖြူရောင်အတွင်းခံတို့ကို ဝတ်ဆင်ထားပြီး ဆံနွယ်တို့ကနေ ရေတစ်စက်စက်ကျလို့နေ၏။ ရေစက်တို့က သူ့အဝတ်အတွင်းကို ဝင်သွားပြီးသူ့ရဲ့ သိမ်မွေ့တဲ့ညှပ်ရိုးနှစ်ဖက်လုံး ပန်းရောင်ရဲလို့နေသည်။ သူ တံခါး လော့ခ်ချပြီးနောက် ဘုရင်ကြီးဆီ ပြေးဝင်သွားပြီး စားပွဲပေါ်က အငွေ့တစ်ထောင်းထောင်းထနေတဲ့ခွက်ကို လက်ညှိုးထိုးလိုက်ကာ၊ "အဲ့တာဘာလဲ?"
အဲ့လိုနဲ့ သူက နှာခေါင်းရှုံ့လိုက်ပြီး ခွက်ကို နမ်းကြည့်လိုက်တော့ အရသာရှိတဲ့အနံ့က ချက်ချင်းပဲ ရသအာရုံထဲ တိုးဝင်လို့လာသည်။
ဘုရင်ကြီးက ကောင်လေးကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်ပြီး ထိုင်ခုံပေါ်ထိုင်လိုက်ကာ လက်တစ်ဖက်နဲ့ အဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာတော့ အစားအစာရဲ့ရနံ့က ထောင်းခနဲ ပြန့်လွင့်လာပြီး အခန်းအပြင်ဘက် တိုးထွက်လုလု ဖြစ်သွားတော့သည်။ "ဒါက လူသာမာန်တွေ ကျန်းမာဖို့အတွက် စားတဲ့အစားအစာ။ နည်းနည်းတော့ ကြမ်းပေမဲ့ ကြည့်ရတာတော့ အဆင်ပြေပါတယ်။"
"ခေါင်းဆောင်၊ ခေါင်းဆောင်ကရော ကျန်းမာအောင်လုပ်ဖို့လိုတာလား?" ဖုန့်ရှီက ချက်ချင်းပဲ အမေးထုတ်လိုက်၏။ ဘုရင်ကြီးက သူ့အတွက် ဒါကို ပြင်ထားပေးတယ်လို့တော့ သူလုံးဝ တွေးမထားချေ။
သူတို့တွေ မြစိမ်းရောင်နဂါးတောင်တန်းတွေမှာတုန်းက ဘုရင်ကြီးက ကောင်လေးကို ပြည့်ပြည့်လေး ဖြစ်စေချင်ခဲ့တာဖြစ်ပြီး အဲ့အတွေးက တချိန်လုံး သူ့စိတ်နှလုံးထဲ တဝဲလည်လည် ရှိနေခဲ့တာဖြစ်သည်။ သူတို့ တည်းခိုခန်းငှါးလိုက်ကြပြီးနောက် ဘုရင်ကြီးက ဖုန့်ရှီမအိပ်ခင် သောက်ဖို့ရန်အတွက် အာဟာရစွပ်ပြုတ်တစ်ခွက် မှာလိုက်ခြင်းဖြစ်သည်။
"ဒါက မင်းအတွက်။" ကောင်လေးနားလည်မှုလွဲနေတာကို ကြားတော့ ဘုရင်ကြီးက ရှင်းပြလိုက်သည်၊ "ရှီ၊ ရှီက အရမ်းပိန်နေတယ်။ ကိုယ်တော် ရှီ့ကို ဒီ့ထက်နည်းနည်းပိုပြည့်စေချင်တယ်၊ အဲ့တာမှ ဖက်လိုက်ရင် ကိုယ်တော့လက်တွေ နာမသွားမှာ။"
ဖုန့်ရှီမျက်လုံးလှန်ကြည့်လိုက်ပြီး သွားကြိတ်လိုက်ကာ မေးလိုက်၏၊ "ခေါင်းဆောင်၊ ခေါင်းဆောင်က ဝဝပြည့်ပြည့်လူတွေကို ကြိုက်တာလား?"
"ရှီ ဘယ်လိုပဲဖြစ်နေနေ ကိုယ်တော် ရှီ့ကိုကြိုက်တယ်။" ဘုရင်ကြီးက သူ့ခေါင်းကို ပွတ်ပေးလိုက်ပြီးနောက် လက်ထဲက ခွက်ကို ဖုန့်ရှီထံ လွှဲလိုက်သည်။ ဘုရင်ကြီးက ဖုန့်ရှီကို အဲ့လိုချိုသာတဲ့စကားလေးတွေ မကြာမကြာ ပြောလေ့ရှိတာကြောင့် ဘုရင်ကြီး ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ပြောသည်ဖြစ်ပါစေ၊ မရည်ရွယ်ဘဲ ရေရွတ်လိုက်သည်ဖြစ်ပါစေ အဲ့စကားတွေ နားထောင်လိုက်ရတာကို အတော်လေးပျော်သည်။
ဖုန့်ရှီက ပျော်ပျော်ကြီး သွားကြီးဖြီးလိုက်ပြီး ဘုရင်ကြီးလက်မောင်းထဲမှာ ခုန်နေလိုက်၏။ အဲ့နောက် သူက တစ်ဖက်သားကို သူ့ရဲ့စိုနေတဲ့ဦးခေါင်းဆံနွယ်တို့နဲ့ ပွတ်လိုက်ကာ ဘုရင်ကြီးပြောလိုက်တဲ့စကားတို့ကို ကူးယူပြောလိုက်လေ၏၊ "ခေါင်းဆောင် ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော် ခေါင်းဆောင်ကို ကြိုက်တယ်။"
ဘုရင်ကြီးက ပြုံးလိုက်ကာ ကောင်လေးရဲ့စောနက ထူးဆန်းတဲ့အပြုအမူတို့ကို မေးခွန်းမထုတ်လိုက်ချေ။ အဲ့နောက် သူက ခွက်ကို ကိုင်ထားပြီးမေးလိုက်သည်၊ "ကိုယ်တော် ရှီ့ကို ခွံ့ကျွေးရမလား?"
"အင်း၊ အင်း၊ ကျွေး!" ဖုန့်ရှီ သွားစွယ်လေးနှစ်ချောင်းပေါ်တဲ့ထိ ဖြီးသွားကာ ခေါင်းအဆက်မပြတ်ညိတ်လိုက်တော့သည်။ ဒါပေမဲ့ သူ ခေါင်းငုံ့ချလိုက်ပြီး တစ်ချက်ကြည့်လိုက်တော့ သူမြင်လိုက်ရသည်က စွပ်ပြုတ်တစ်ခွက်။ အဲ့နောက်မှာတော့ အံ့အားတသင့်နဲ့ အော်လိုက်လေတော့သည်၊ "စွပ်ပြုတ်ကြီး!"
"အင်း၊ အာဟာရစွပ်ပြုတ်" ဘုရင်ကြီးက ပြောလိုက်သည်။
ဖုန့်ရှီ ချက်ချင်းပဲ ပြန်ပြောလိုက်တာကတော့၊ "ကျွန်တော် ဒါကြီးကို သောက်လိုက်ရင် ည ထပြီး သေးပေါက်နေရလိမ့်မယ်။ အဲ့တာဆို ကျွန်တော် ဘယ်လိုလုပ် ကျန်းမာရေးမြှင်တင်တာ ဖြစ်တော့မလဲ?!"
ဘုရင်ကြီးက ရယ်လိုက်ကာ ဖုန့်ရှီကို တစ်ဇွန်းခွန့်လိုက်ရင်း၊ "ကိစ္စမရှိပါဘူး။ မနက်ဖန် ထပ်သောက်နိုင်တယ်လေ။"
ဖုန့်ရှီ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားကာ ပြောလိုက်သည်၊ "ကောင်းပြီလေ!" အဲ့လိုပြောပြီးနောက်၊ ပါးစပ်ဟပေးလိုက်ကာ ဇွန်းထဲက စွပ်ပြုတ်တို့ကို သောက်လိုက်တော့သည်။
အခန်းတွင်းလေထုက နွေးထွေးလို့လာသည်။ ဖုန့်ရှီက သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး စတင်ကာ စားသောက်လိုက်ပြီးနောက် နောက်ဆုံးတော့ စွပ်ပြုတ်တစ်ခွက်လုံး ကုန်သွားတဲ့အချိန်မှာတော့ သူ့ဗိုက်တစ်ခုလုံး အတော်ကြီးကို ကားသွားတော့သည်။ အဲ့နောက် သူက ဘုရင်ကြီး သူ့ကို ကမ်းပေးထားတဲ့လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီးနောက် တစ်ငုံ ယူငုံလိုက်ကာ ပါးစပ်ထဲ ပါးကြီးဖောင်းနေအောင် ခဏလောက် ငုံထားလိုက်ပြီးမှ မြိုချလိုက်၏။
ဘုရင်ကြီးက ကောင်လေးရဲ့နှုတ်ခမ်းဘေးက အစွန်းအထင်းတွေကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်တော့ ကောင်လေးရဲ့မျက်နှာက နီရဲသွားကာ ပိုလို့ ချစ်စဖွယ်ပုံ ပေါက်သွားတော့သည်။ အဲ့နောက် ဘုရင်ကြီးက ကောင်လေးရဲ့ပါးကို ညှစ်လိုက်ပြီး ဖင်လေးကို ပုတ်လိုက်ကာ၊ "အခု စားသောက်ပြီးပြီဆိုတော့ သွားအိပ်တော့နော်။"
"ခဏလေး၊ ကျွန်တော် မပြီးသေးဘူး။" ဖုန့်ရှီက စားပွဲပေါ်က အစားအစာတို့ကို အကြည့်မလွှဲဘဲ ဘုရင်ကြီးရဲ့လက်ကို ကိုင်ထားလိုက်သည်။
"ခုထိ ဗိုက်မပြည့်သေးဘူးလား?" ဘုရင်ကြီးက ဖုန့်ရှီ စားချင်နေဆဲပဲလို့ ထင်သွား၏။
ဖုန့်ရှီက ချက်ချင်းပဲ လက်ဝှေ့ယမ်းပြလိုက်ကာ၊ "ကျွန်တော်မဟုတ်ဘူး၊ ခေါင်းဆောင်။ ကျွန်တော်က ဝသွားပြီ၊ အခုက ခေါင်းဆောင်စားဖို့အလှည့်။"
"အိုး?" ဘုရင်ကြီးက မျက်လုံးရှုံ့ကာ ပြောလိုက်သည်။
ဖုန့်ရှီက ပြုံးလိုက်ပြီး၊ "အခုက ကျွန်တော် ခေါင်းဆောင်ကို ခွံ့ကျွေးရမယ့်အလှည့်ပဲ။" သူ့အပြုံးက တစ်ခုခု ကြံစီနေကြောင်း အရိပ်အမြွက်ပြလို့နေ၏။
"ကောင်းပြီလေ။" ဘုရင်ကြီးက ကောင်လေး ဒီည သိသိသာသာကြီး တက်ကြွနေတာကို မြင်တော့ ဘုရင်ကြီးက ကောင်လေးစကားကိုသာ နားထောင်လိုက်တော့သည်။ အဲ့နောက် ကောင်လေးက ဇွန်းခွက်ကို တစ်ဖက်လှည့်လိုက်ကာ စွပ်ပြုတ်တစ်ဇွန်း အပြည့် ခပ်လိုက်၏။
"လာ... နည်းနည်းသောက်" ဖုန့်ရှီက ဇွတ်အတင်းအမူအယာဖြင့် သွားအဖြီးလျက်သားဖြင့် ဘုရင်ကြီးနား ခွက်ကို ယူသွားလိုက်သည်။ သူပုံကြည့်ရသည်မှာ ဘုရင်ကြီးကို ခွံ့မယ့်ပုံတော့မပေါက်၊ အဲ့အစား တစ်ခုခု လှည့်စားဖို့ ကြံစီနေဟန်ပေါ်၏။ ဖုန့်ရှီက စွပ်ပြုတ်ကို မှုတ်လိုက်ကာ တစ်လက်လက်တောက်ပနေတဲ့ သွားစွယ်နှစ်ချောင်းပေါ်အောင်ပြုံးရင်း ဘုရင်ကြီးကို ပေးလိုက်ပြီး၊ "အရမ်းကောင်းတယ်။ မြည်းကြည့်။"
ဘုရင်ကြီးက ဘာမှတ်ချက်မှမပြုချေ။ ဒါကား တစ်စုံတစ်ယောက်က သူ့ကို ခွံ့ကျွေးတာ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ ခွတီးခွကျ မခံစားရဘဲ ဖုန့်ရှီကို အရာရာ သဘောကျလုပ်ခွင့်ပေးထားလိုက်လေသည်။
ဖုန့်ရှီက ဘုရင်ကြီးကို ခွံ့ကျွေးတော့ သူ့မျက်နှာက ဝေခွဲမရ ဗရုတ်သုတ်ခဖြစ်နေဟန်ရှိပြီး ရန်သူနဲ့ ရင်ဆိုင်နေရသလိုမျက်နှာထားနှင့် ချစ်စဖွယ်လေးနက်တဲ့အပြုအမူတို့ ရောယှက်နေသည်မှာ အတော်ကို ရယ်စရာကောင်းနေသည်ပင်။ ဒါပေမဲ့ ဘုရင်ကြီးက ခန်းနားထည်ဝါစွာ စားလိုက်ပြီး အခွံ့ကျွေးခံလိုက်ရသည့်အပေါ် ပိုလို့တောင်မှ စိတ်ချမ်းမြေ့သွားဟန်ပေါ်နေ၏။ အရယ်အပြုံးမရှိ ခံစားချက်ကင်းမဲ့တဲ့အမူအယာတို့က ဘယ်တော့မှ မပြောင်းနိုင်တဲ့ မွေးရာပါဖြစ်နေသည့်ပုံ။
စွပ်ပြုတ်တစ်ခွက်လုံး ကုန်အောင် ဘုရင်ကြီးကို ခွံ့ဖို့ရန်အတွက် ဖုန့်ရှီ အချိန်အတော်ကြာ ယူလိုက်ရပြီးနောက် နောက်ဆုံးတော့ သူ့နဖူးထက် ချွေးအချို့ပါ ထွက်လာတော့၏။
"ကိုယ်တော်လည်း တော်ပြီ။ ကဲ အခု ကိုယ်တို့ အိပ်လို့ရပြီးလား?" ဘုရင်ကြီးက ဖုန့်ရှီကို ပြောရင်း ကြည့်လိုက်ပေမဲ့ ဖုန့်ရှီက သူ့နှုတ်ခမ်းကို စိတ်ဆိုးတဲ့အကြည့်တို့နဲ့ ကြည့်နေတာကို သတိထားမိသွားသည့်အတွက် သူက မနေနိုင်တော့ဘဲ မေးလိုက်တော့သည်၊ "ဘာဖြစ်ရပြန်တာလဲ?"
"ခေါင်းဆောင်နှုတ်ခမ်းမှာကျတော့ ဘာလို့ ဘာမှမပေရတာလဲ?" ဖုန့်ရှီက စိတ်ပျက်ပျက်နှင့် ခေါင်းငုံ့ချလိုက်သည်။ သူကတော့ လက်ကိုင်ပုဝါကိုင်ပြီး စောင့်နေတာ၊ အခုတော့ ရှက်စရာကြီး။
ဘုရင်ကြီးက ဖုန့်ရှီစကားကို ကြားတော့ ကောင်လေးဘာတွေးနေတာလဲဆိုတာကို သိသွားပြီးနောက် ကောင်လေးနောက်ကျောက လက်ကို တစ်ချက်ကြည့်လိုက်တော့ ထင်ထားသလိုပဲ လက်ကိုင်ပုဝါတစ်ထည် ကိုင်ထားတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်ကအပြုံးတို့က ပိုလို့ တောက်ပလာပြီး ကောင်လေးရဲ့မျက်နှာကို ဖေးကိုင်လိုက်ကာ နူးညံ့တဲ့အသံတို့ဖြင့်ပြောလိုက်သည်၊ "မင်း လုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ လက်ကိုင်ပုဝါတော့ မသုံးရဘူး..." နောက်ဆုံးစကားတို့က ဒီတိုင်း တိုးတိုးလေး ရေရွတ်လိုက်သလိုလို။
ဖုန့်ရှီက ထူးဆန်းတဲ့လေထုကို သတိမပြုမိဘဲ သူ ဘာအသုံးပြုရမှာလဲဆိုတာ မေးလိုက်ချင်တဲ့အချိန်မှာပဲ ဘုရင်ကြီးရဲ့မျက်နှာက သူ့မျက်နှာနား ကပ်လုလု နီးလာလေသည်။ ဘုရင်ကြီးက ကောင်လေးရဲ့ နှုတ်ခမ်းတစ်ဝက်ကို တိုက်ရိုက်ပဲ နမ်းလိုက်တော့ ဘုရင်ကြီးရဲ့ နွေးထွေးစိုစွတ်နေတဲ့ နှုတ်ခမ်းအစုံကြောင့် ဖုန့်ရှီ ချက်ချင်းကို ရှက်သွေးဖြန်းသွားတော့သည်။
ဖုန့်ရှီက အခုလိုမျိုး ပြင်းပြမွတ်သိပ်တဲ့အနမ်းမျိုး တစ်ခါမှ မနမ်းဖူးတာကြောင့် သူ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်သွားပေမဲ့လည်း အတော်ကြီးကို သက်တောင့်သက်သာရှိတာကို အမှန်တကယ် သူခံစားမိလိုက်ရသည်။
အဲ့နောက် သူက ဘုရင်ကြီးရဲ့လက်မောင်းထဲ ခွေယိုင်စွာ ထိုင်လိုက်ရင်း အတန်အကြာမှာတော့ သူ့ခေါင်းအထက်က ရယ်သံထွက်လာတာကို ကြားလိုက်ရတော့ ဖုန့်ရှီရဲ့မျက်နှာက နီရဲသွားလေတော့သည်။ ဒါပေမဲ့ ကောင်လေးက သူ့ရဲ့ တကယ့်ရည်ရွယ်ရင်းကို ပြန်မှတ်မိသွားတော့ ထရပ်လိုက်ပြီး ခေါင်းကို ချက်ချင်းပဲ ခါယမ်းလိုက်ကာ၊ "ကျွန်တော် မကျေနပ်သေးဘူး။ ပိုလိုချင်တယ်။"
ဘုရင်ကြီးက မျက်ခုံးတို့ ပင့်သွားရကာ အနည်းငယ် အံ့ဩသွားဟန်ပေါက်၏။ အဲ့နောက် ကော့တက်နေတဲ့ နှုတ်ခမ်းထောင့်စွန်းတို့နဲ့အတူ မျက်လုံးထဲက ကျေနပ်နေတဲ့အပြုံးတို့ဖြင့် ဘုရင်ကြီးရဲ့အဝတ်ထဲ မြုပ်နေအောင်တိုးဝင်နေတဲ့ကောင်လေးကို ပွတ်လိုက်ကာ၊ "ရှီ၊ အခု ဘာပြောလိုက်တာလဲ? ကိုယ်တော် ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။"
ဖုန့်ရှီက တောင့်တောင့်ကြီးဖြစ်သွားရကာ သူ့ခေါင်းဆောင် သူပြောတာကို မကြားလိုက်ရဘူးဆိုတာ သူမယုံနိုင်ဖြစ်နေပေမဲ့လည်း ခေါင်းကို လှည့်လိုက်ပြီး ထပ်ပြောလိုက်သည်၊ "ကျွန်တော် ဒီ့ထက်ပိုလိုချင်တယ်လို့ပြောတာ။"
ကောင်လေးက အနည်းငယ် ရှက်နေဟန်ပေါက်သည်။ ဘုရင်ကြီး အဖြေပြန်မပေးနိုင်သေးခင်မှာပဲ ဖုန့်ရှီက သူ့ကို ခုံပေါ်ကနေ ဆွဲချလိုက်ပြီး အခန်းထဲက တစ်ခုတည်းသော ကုတင်ဆီ ဆွဲခေါ်သွားတော့သည်။ "မြန်မြန်၊ မြန်မြန်လေး အပြီးသတ်လိုက်ရအောင်။ အဲ့တာဆို ခေါင်းဆောင်က ကျွန်တော့လူဖြစ်သွားမယ်။ ခေါင်းဆောင်ကို လာမြူဆွယ်မယ့်သူတွေလည်း ခေါင်းဆောင်ဆီ မလာတော့အောင်။"
ဘုရင်ကြီးက လှည့်ကြည့်လိုက်တော့ ကောင်လေးရဲ့မျက်နှာက ရဲတောက်လို့နေတာကို တွေ့သွား၏။ ဒါပေမဲ့ သူ့မျက်လုံးတို့က ဘုရင်ကြီးရဲ့ပုံရိပ် ရောင်ပြန်ဟပ်နေမှုနှင့်အတူ တစ်လက်လက် တောက်ပလို့နေတာမို့ ဘုရင်ကြီး ရုတ်တရက် နှလုံးသားအောက်ခြေ ရင်ထဲအသည်းထဲကကို အရည်ပျော်သွားတော့တာကြောင့် ပြုံးလိုက်ကာ ပြောလိုက်သည်၊ "ရှီ၊ အဲ့တာကို ဘယ်ကနေ သင်လာတာလဲ?"
ကောင်လေး ချက်ချင်းပဲ မျက်လုံးပြူးစက်သွားကာ မျက်လွှာလှန်လိုက်ရင်း၊ "... စာအုပ်...ထဲက"
ဘုရင်ကြီးက ပြုံးလိုက်ကာ၊ "ဒါဆို ရှီက အဲ့တာကို လေ့ကျင့်ချင်နေတာပေါ့?"
အဲ့နောက် ကောင်လေးက ခေါင်မိုးကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်ပြီး၊ "စာတွေ့ဆိုတာ လက်တွေ့မပါရင် ဘာမှမဟုတ်ဘူးလေ။"
ကုတင်ပေါ် တွန်းချခံလိုက်ရတဲ့ ဘုရင်ကြီးက စိတ်လှုပ်ရှားစိုးရိမ်နေတဲ့ ကောင်လေးနဲ့ ဆန့်ကျင်စွာပဲ သက်တောင့်သက်သာ ဖြစ်စွာပဲ ထထိုင်လိုက်သည်။
"ကျွန်တော် ခေါင်းဆောင်ရဲ့အဝတ်အစားတွေကို ချွတ်ပေးမယ်" ဘုရင်ကြီးက သူ့အဆိုပြုချက်ကို မငြင်းဆိုတာတွေ့တော့ ဖုန့်ရှီက ဘုရင်ကြီး၏ ကော်လံကို ပျော်ရွှင်စွာ ဆွဲလိုက်တော့သည်။ ကော်လံက ဖုန့်ရှီရဲ့ အဆွဲကို ခံလိုက်ရသည့်အတွက် ဖုန့်ရှီ ဘုရင်ကြီးကို လွယ်လွယ်ကူကူ အဝတ်အစားတွေ ချွတ်လို့ရသွားမည်ဖြစ်သည်။ သူက ဘုရင်ကြီးရဲ့ အဝတ်အစားတို့ကို တစ်လွှာချင်းစီ ချွတ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ မြေငလျင်လှုပ်သလိုမျိုး ရုတ်တရက် တည်းခိုခန်းတစ်ခုလုံး လှုပ်ခါသွားတော့၏။
သူတို့အခန်းအပေါ်ကနေ အမည်မသိပြင်းထန်တဲ့ ပြင်းအားတစ်ခု ကျလာတော့သည်။
20220910; 1728
Stay tuned for the next chapter:
155. Can't Let Them Go
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၅၄။ အေႏွာက္ယွက္ခံလိုက္ရျခင္း
ေနလုံးက မိုးကုတ္စက္ဝိုင္းေအာက္ တျဖည္းျဖည္း ျမဳပ္ဝင္သြားကာ ညေရာက္လာေတာ့သည္။
ေကာင္းကင္လမ္းၿမိဳ႕ေတာ္ရဲ့ညက ေက်ာခ်မ္းဖြယ္ တိတ္ဆိတ္လို႔ေနၿပီး မိစၧာသားရဲေတြရဲ့ဟိန္းသံေတြက ေတာထဲကေန ထြက္ထြက္လာ၏။ ဝန္းက်င္တစ္ခုလုံး ဖိအားအျပည့္ျဖစ္ျဖစ္လို႔ေနကာ အေတာ္မ်ားမ်ားက ဒီညအဖို႔ အိပ္မရနိုင္ၾကေခ်။
ဖုန့္ရွီက ေရခ်ိဳ'လိုက္ၿပီး အေမႊးနံ႔သာတစ္ကိုယ္လုံး ထုံသင္းလိုက္ၿပီးေနာက္ ဘုရင္ႀကီးရဲ့အခန္းထဲ ဝင္သြားကာ တံခါးကို ခ်က္ခ်င္းပဲ ျပန္ပိတ္လိုက္ရင္း အခုကစၿပီး ဘယ္သူမွ ဝင္လာၾကေတာ့မွာမဟုတ္တဲ့အတြက္ အေပ်ာ္ေတြ ျဖတ္ေျပးသြားေလ၏။ အျခားသူေတြက တစ္ခ်က္ေလးကန္လိုက္႐ုံနဲ႔တင္ အခန္းထဲ ဝင္လာလို႔ရတယ္ဆိုတာကို သူ လုံးဝမေတြးထားေခ်။ အခု သူ႔ေခါင္းထဲမွာရွိတဲ့ အေတြးတစ္ခုလုံးက တစ္စုံတစ္ခုနဲ႔ျပည့္လို႔ေနတဲ့အတြက္ အဲ့အခ်က္ကို သူ သတိမျပဳမိေပ။
"ဘာျဖစ္တာလဲ?" ဘုရင္ႀကီးက သူ႔လက္ထဲကကိုင္ထားလက္စအရာဝတၳဳကို ခ်လိုက္ၿပီးေနာက္ ဖုန့္ရွီရဲ့မ်က္ႏွာေပၚက အမူအယာကို ျမင္လိုက္ရေတာ့ အေတာ္ေလး ရယ္ခ်င္သြားမိသည္။
"ဘာမွမဟုတ္ပါဘူး၊ ဘာမွမဟုတ္ဘူး။" ဖုန့္ရွီက သြားၿဖီးလ်က္သားျဖင့္ ေခါင္းကို မနားတမ္း ခါလိုက္ကာ သူ႔ေခါင္းထဲ တစ္ခုခုရွိေနေၾကာင္းကို အတိအက် ေဖာ္ျပလိုက္ေလ၏။
ဘုရင္ႀကီးက ေကာင္ေလးကို ေျပာေအာင္ အတင္းအက်ပ္မလုပ္ေခ်၊ သူသိခ်င္တာဆိုရင္ မေရွးမေႏွာင္းမွာပဲ ဘာဆိုတာကို သိရေတာ့မွာမို႔ပင္။ ေကာင္ေလးက သူ႔အေတြးေတြကို ဖုံးကြယ္တဲ့ေနရာမွာ မေတာ္ဘူးေလ။
ခုေလးတင္ ေရခ်ိဳးလာတဲ့ ဖုန့္ရွီက အျဖဴေရာင္အကၤ်ီနဲ႔ အျဖဴေရာင္အတြင္းခံတို႔ကို ဝတ္ဆင္ထားၿပီး ဆံႏြယ္တို႔ကေန ေရတစ္စက္စက္က်လို႔ေန၏။ ေရစက္တို႔က သူ႔အဝတ္အတြင္းကို ဝင္သြားၿပီးသူ႔ရဲ့ သိမ္ေမြ႕တဲ့ညႇပ္ရိုးႏွစ္ဖက္လုံး ပန္းေရာင္ရဲလို႔ေနသည္။ သူ တံခါး ေလာ့ခ္ခ်ၿပီးေနာက္ ဘုရင္ႀကီးဆီ ေျပးဝင္သြားၿပီး စားပြဲေပၚက အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ခြက္ကို လက္ညႇိုးထိုးလိုက္ကာ၊ "အဲ့တာဘာလဲ?"
အဲ့လိုနဲ႔ သူက ႏွာေခါင္းရွုံ႔လိုက္ၿပီး ခြက္ကို နမ္းၾကည့္လိုက္ေတာ့ အရသာရွိတဲ့အနံ႔က ခ်က္ခ်င္းပဲ ရသအာ႐ုံထဲ တိုးဝင္လို႔လာသည္။
ဘုရင္ႀကီးက ေကာင္ေလးကို သူ႔လက္ေမာင္းထဲ ဆြဲသြင္းလိုက္ၿပီး ထိုင္ခုံေပၚထိုင္လိုက္ကာ လက္တစ္ဖက္နဲ႔ အဖုံးကို ဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့ အစားအစာရဲ့ရနံ႔က ေထာင္းခနဲ ျပန့္လြင့္လာၿပီး အခန္းအျပင္ဘက္ တိုးထြက္လုလု ျဖစ္သြားေတာ့သည္။ "ဒါက လူသာမာန္ေတြ က်န္းမာဖို႔အတြက္ စားတဲ့အစားအစာ။ နည္းနည္းေတာ့ ၾကမ္းေပမဲ့ ၾကည့္ရတာေတာ့ အဆင္ေျပပါတယ္။"
"ေခါင္းေဆာင္၊ ေခါင္းေဆာင္ကေရာ က်န္းမာေအာင္လုပ္ဖို႔လိုတာလား?" ဖုန့္ရွီက ခ်က္ခ်င္းပဲ အေမးထုတ္လိုက္၏။ ဘုရင္ႀကီးက သူ႔အတြက္ ဒါကို ျပင္ထားေပးတယ္လို႔ေတာ့ သူလုံးဝ ေတြးမထားေခ်။
သူတို႔ေတြ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြမွာတုန္းက ဘုရင္ႀကီးက ေကာင္ေလးကို ျပည့္ျပည့္ေလး ျဖစ္ေစခ်င္ခဲ့တာျဖစ္ၿပီး အဲ့အေတြးက တခ်ိန္လုံး သူ႔စိတ္ႏွလုံးထဲ တဝဲလည္လည္ ရွိေနခဲ့တာျဖစ္သည္။ သူတို႔ တည္းခိုခန္းငွါးလိုက္ၾကၿပီးေနာက္ ဘုရင္ႀကီးက ဖုန့္ရွီမအိပ္ခင္ ေသာက္ဖို႔ရန္အတြက္ အာဟာရစြပ္ျပဳတ္တစ္ခြက္ မွာလိုက္ျခင္းျဖစ္သည္။
"ဒါက မင္းအတြက္။" ေကာင္ေလးနားလည္မွုလြဲေနတာကို ၾကားေတာ့ ဘုရင္ႀကီးက ရွင္းျပလိုက္သည္၊ "ရွီ၊ ရွီက အရမ္းပိန္ေနတယ္။ ကိုယ္ေတာ္ ရွီ့ကို ဒီ့ထက္နည္းနည္းပိုျပည့္ေစခ်င္တယ္၊ အဲ့တာမွ ဖက္လိုက္ရင္ ကိုယ္ေတာ့လက္ေတြ နာမသြားမွာ။"
ဖုန့္ရွီမ်က္လုံးလွန္ၾကည့္လိုက္ၿပီး သြားႀကိတ္လိုက္ကာ ေမးလိုက္၏၊ "ေခါင္းေဆာင္၊ ေခါင္းေဆာင္က ဝဝျပည့္ျပည့္လူေတြကို ႀကိဳက္တာလား?"
"ရွီ ဘယ္လိုပဲျဖစ္ေနေန ကိုယ္ေတာ္ ရွီ့ကိုႀကိဳက္တယ္။" ဘုရင္ႀကီးက သူ႔ေခါင္းကို ပြတ္ေပးလိုက္ၿပီးေနာက္ လက္ထဲက ခြက္ကို ဖုန့္ရွီထံ လႊဲလိုက္သည္။ ဘုရင္ႀကီးက ဖုန့္ရွီကို အဲ့လိုခ်ိဳသာတဲ့စကားေလးေတြ မၾကာမၾကာ ေျပာေလ့ရွိတာေၾကာင့္ ဘုရင္ႀကီး ရည္ရြယ္ခ်က္ရွိရွိနဲ႔ပဲ ေျပာသည္ျဖစ္ပါေစ၊ မရည္ရြယ္ဘဲ ေရရြတ္လိုက္သည္ျဖစ္ပါေစ အဲ့စကားေတြ နားေထာင္လိုက္ရတာကို အေတာ္ေလးေပ်ာ္သည္။
ဖုန့္ရွီက ေပ်ာ္ေပ်ာ္ႀကီး သြားႀကီးၿဖီးလိုက္ၿပီး ဘုရင္ႀကီးလက္ေမာင္းထဲမွာ ခုန္ေနလိုက္၏။ အဲ့ေနာက္ သူက တစ္ဖက္သားကို သူ႔ရဲ့စိုေနတဲ့ဦးေခါင္းဆံႏြယ္တို႔နဲ႔ ပြတ္လိုက္ကာ ဘုရင္ႀကီးေျပာလိုက္တဲ့စကားတို႔ကို ကူးယူေျပာလိုက္ေလ၏၊ "ေခါင္းေဆာင္ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ကၽြန္ေတာ္ ေခါင္းေဆာင္ကို ႀကိဳက္တယ္။"
ဘုရင္ႀကီးက ျပဳံးလိုက္ကာ ေကာင္ေလးရဲ့ေစာနက ထူးဆန္းတဲ့အျပဳအမူတို႔ကို ေမးခြန္းမထုတ္လိုက္ေခ်။ အဲ့ေနာက္ သူက ခြက္ကို ကိုင္ထားၿပီးေမးလိုက္သည္၊ "ကိုယ္ေတာ္ ရွီ့ကို ခြံ႕ေကၽြးရမလား?"
"အင္း၊ အင္း၊ ေကၽြး!" ဖုန့္ရွီ သြားစြယ္ေလးႏွစ္ေခ်ာင္းေပၚတဲ့ထိ ၿဖီးသြားကာ ေခါင္းအဆက္မျပတ္ညိတ္လိုက္ေတာ့သည္။ ဒါေပမဲ့ သူ ေခါင္းငုံ႔ခ်လိုက္ၿပီး တစ္ခ်က္ၾကည့္လိုက္ေတာ့ သူျမင္လိုက္ရသည္က စြပ္ျပဳတ္တစ္ခြက္။ အဲ့ေနာက္မွာေတာ့ အံ့အားတသင့္နဲ႔ ေအာ္လိုက္ေလေတာ့သည္၊ "စြပ္ျပဳတ္ႀကီး!"
"အင္း၊ အာဟာရစြပ္ျပဳတ္" ဘုရင္ႀကီးက ေျပာလိုက္သည္။
ဖုန့္ရွီ ခ်က္ခ်င္းပဲ ျပန္ေျပာလိုက္တာကေတာ့၊ "ကၽြန္ေတာ္ ဒါႀကီးကို ေသာက္လိုက္ရင္ ည ထၿပီး ေသးေပါက္ေနရလိမ့္မယ္။ အဲ့တာဆို ကၽြန္ေတာ္ ဘယ္လိုလုပ္ က်န္းမာေရးျမႇင္တင္တာ ျဖစ္ေတာ့မလဲ?!"
ဘုရင္ႀကီးက ရယ္လိုက္ကာ ဖုန့္ရွီကို တစ္ဇြန္းခြန့္လိုက္ရင္း၊ "ကိစၥမရွိပါဘူး။ မနက္ဖန္ ထပ္ေသာက္နိုင္တယ္ေလ။"
ဖုန့္ရွီ ႏွုတ္ခမ္းတို႔ တြန့္ေကြးတက္သြားကာ ေျပာလိုက္သည္၊ "ေကာင္းၿပီေလ!" အဲ့လိုေျပာၿပီးေနာက္၊ ပါးစပ္ဟေပးလိုက္ကာ ဇြန္းထဲက စြပ္ျပဳတ္တို႔ကို ေသာက္လိုက္ေတာ့သည္။
အခန္းတြင္းေလထုက ေႏြးေထြးလို႔လာသည္။ ဖုန့္ရွီက သူ႔ႏွုတ္ခမ္းကို သပ္လိုက္ၿပီး စတင္ကာ စားေသာက္လိုက္ၿပီးေနာက္ ေနာက္ဆုံးေတာ့ စြပ္ျပဳတ္တစ္ခြက္လုံး ကုန္သြားတဲ့အခ်ိန္မွာေတာ့ သူ႔ဗိုက္တစ္ခုလုံး အေတာ္ႀကီးကို ကားသြားေတာ့သည္။ အဲ့ေနာက္ သူက ဘုရင္ႀကီး သူ႔ကို ကမ္းေပးထားတဲ့လက္ဖက္ရည္ခြက္ကို ယူလိုက္ၿပီးေနာက္ တစ္ငုံ ယူငုံလိုက္ကာ ပါးစပ္ထဲ ပါးႀကီးေဖာင္းေနေအာင္ ခဏေလာက္ ငုံထားလိုက္ၿပီးမွ ၿမိဳခ်လိုက္၏။
ဘုရင္ႀကီးက ေကာင္ေလးရဲ့ႏွုတ္ခမ္းေဘးက အစြန္းအထင္းေတြကို လက္ကိုင္ပုဝါျဖင့္ သုတ္ေပးလိုက္ေတာ့ ေကာင္ေလးရဲ့မ်က္ႏွာက နီရဲသြားကာ ပိုလို႔ ခ်စ္စဖြယ္ပုံ ေပါက္သြားေတာ့သည္။ အဲ့ေနာက္ ဘုရင္ႀကီးက ေကာင္ေလးရဲ့ပါးကို ညႇစ္လိုက္ၿပီး ဖင္ေလးကို ပုတ္လိုက္ကာ၊ "အခု စားေသာက္ၿပီးၿပီဆိုေတာ့ သြားအိပ္ေတာ့ေနာ္။"
"ခဏေလး၊ ကၽြန္ေတာ္ မၿပီးေသးဘူး။" ဖုန့္ရွီက စားပြဲေပၚက အစားအစာတို႔ကို အၾကည့္မလႊဲဘဲ ဘုရင္ႀကီးရဲ့လက္ကို ကိုင္ထားလိုက္သည္။
"ခုထိ ဗိုက္မျပည့္ေသးဘူးလား?" ဘုရင္ႀကီးက ဖုန့္ရွီ စားခ်င္ေနဆဲပဲလို႔ ထင္သြား၏။
ဖုန့္ရွီက ခ်က္ခ်င္းပဲ လက္ေဝွ႕ယမ္းျပလိုက္ကာ၊ "ကၽြန္ေတာ္မဟုတ္ဘူး၊ ေခါင္းေဆာင္။ ကၽြန္ေတာ္က ဝသြားၿပီ၊ အခုက ေခါင္းေဆာင္စားဖို႔အလွည့္။"
"အိုး?" ဘုရင္ႀကီးက မ်က္လုံးရွုံ႔ကာ ေျပာလိုက္သည္။
ဖုန့္ရွီက ျပဳံးလိုက္ၿပီး၊ "အခုက ကၽြန္ေတာ္ ေခါင္းေဆာင္ကို ခြံ႕ေကၽြးရမယ့္အလွည့္ပဲ။" သူ႔အျပဳံးက တစ္ခုခု ႀကံစီေနေၾကာင္း အရိပ္အႁမြက္ျပလို႔ေန၏။
"ေကာင္းၿပီေလ။" ဘုရင္ႀကီးက ေကာင္ေလး ဒီည သိသိသာသာႀကီး တက္ႂကြေနတာကို ျမင္ေတာ့ ဘုရင္ႀကီးက ေကာင္ေလးစကားကိုသာ နားေထာင္လိုက္ေတာ့သည္။ အဲ့ေနာက္ ေကာင္ေလးက ဇြန္းခြက္ကို တစ္ဖက္လွည့္လိုက္ကာ စြပ္ျပဳတ္တစ္ဇြန္း အျပည့္ ခပ္လိုက္၏။
"လာ... နည္းနည္းေသာက္" ဖုန့္ရွီက ဇြတ္အတင္းအမူအယာျဖင့္ သြားအၿဖီးလ်က္သားျဖင့္ ဘုရင္ႀကီးနား ခြက္ကို ယူသြားလိုက္သည္။ သူပုံၾကည့္ရသည္မွာ ဘုရင္ႀကီးကို ခြံ႕မယ့္ပုံေတာ့မေပါက္၊ အဲ့အစား တစ္ခုခု လွည့္စားဖို႔ ႀကံစီေနဟန္ေပၚ၏။ ဖုန့္ရွီက စြပ္ျပဳတ္ကို မွုတ္လိုက္ကာ တစ္လက္လက္ေတာက္ပေနတဲ့ သြားစြယ္ႏွစ္ေခ်ာင္းေပၚေအာင္ျပဳံးရင္း ဘုရင္ႀကီးကို ေပးလိုက္ၿပီး၊ "အရမ္းေကာင္းတယ္။ ျမည္းၾကည့္။"
ဘုရင္ႀကီးက ဘာမွတ္ခ်က္မွမျပဳေခ်။ ဒါကား တစ္စုံတစ္ေယာက္က သူ႔ကို ခြံ႕ေကၽြးတာ ပထမဆုံးအႀကိမ္ျဖစ္ေပမဲ့ ခြတီးခြက် မခံစားရဘဲ ဖုန့္ရွီကို အရာရာ သေဘာက်လုပ္ခြင့္ေပးထားလိုက္ေလသည္။
ဖုန့္ရွီက ဘုရင္ႀကီးကို ခြံ႕ေကၽြးေတာ့ သူ႔မ်က္ႏွာက ေဝခြဲမရ ဗ႐ုတ္သုတ္ချဖစ္ေနဟန္ရွိၿပီး ရန္သူနဲ႔ ရင္ဆိုင္ေနရသလိုမ်က္ႏွာထားႏွင့္ ခ်စ္စဖြယ္ေလးနက္တဲ့အျပဳအမူတို႔ ေရာယွက္ေနသည္မွာ အေတာ္ကို ရယ္စရာေကာင္းေနသည္ပင္။ ဒါေပမဲ့ ဘုရင္ႀကီးက ခန္းနားထည္ဝါစြာ စားလိုက္ၿပီး အခြံ႕ေကၽြးခံလိုက္ရသည့္အေပၚ ပိုလို႔ေတာင္မွ စိတ္ခ်မ္းေျမ့သြားဟန္ေပၚေန၏။ အရယ္အျပဳံးမရွိ ခံစားခ်က္ကင္းမဲ့တဲ့အမူအယာတို႔က ဘယ္ေတာ့မွ မေျပာင္းနိုင္တဲ့ ေမြးရာပါျဖစ္ေနသည့္ပုံ။
စြပ္ျပဳတ္တစ္ခြက္လုံး ကုန္ေအာင္ ဘုရင္ႀကီးကို ခြံ႕ဖို႔ရန္အတြက္ ဖုန့္ရွီ အခ်ိန္အေတာ္ၾကာ ယူလိုက္ရၿပီးေနာက္ ေနာက္ဆုံးေတာ့ သူ႔နဖူးထက္ ေခၽြးအခ်ိဳ႕ပါ ထြက္လာေတာ့၏။
"ကိုယ္ေတာ္လည္း ေတာ္ၿပီ။ ကဲ အခု ကိုယ္တို႔ အိပ္လို႔ရၿပီးလား?" ဘုရင္ႀကီးက ဖုန့္ရွီကို ေျပာရင္း ၾကည့္လိုက္ေပမဲ့ ဖုန့္ရွီက သူ႔ႏွုတ္ခမ္းကို စိတ္ဆိုးတဲ့အၾကည့္တို႔နဲ႔ ၾကည့္ေနတာကို သတိထားမိသြားသည့္အတြက္ သူက မေနနိုင္ေတာ့ဘဲ ေမးလိုက္ေတာ့သည္၊ "ဘာျဖစ္ရျပန္တာလဲ?"
"ေခါင္းေဆာင္ႏွုတ္ခမ္းမွာက်ေတာ့ ဘာလို႔ ဘာမွမေပရတာလဲ?" ဖုန့္ရွီက စိတ္ပ်က္ပ်က္ႏွင့္ ေခါင္းငုံ႔ခ်လိုက္သည္။ သူကေတာ့ လက္ကိုင္ပုဝါကိုင္ၿပီး ေစာင့္ေနတာ၊ အခုေတာ့ ရွက္စရာႀကီး။
ဘုရင္ႀကီးက ဖုန့္ရွီစကားကို ၾကားေတာ့ ေကာင္ေလးဘာေတြးေနတာလဲဆိုတာကို သိသြားၿပီးေနာက္ ေကာင္ေလးေနာက္ေက်ာက လက္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ထင္ထားသလိုပဲ လက္ကိုင္ပုဝါတစ္ထည္ ကိုင္ထားတာကို ေတြ႕လိုက္ရသည္။ သူ႔မ်က္ႏွာေပၚကအျပဳံးတို႔က ပိုလို႔ ေတာက္ပလာၿပီး ေကာင္ေလးရဲ့မ်က္ႏွာကို ေဖးကိုင္လိုက္ကာ ႏူးညံ့တဲ့အသံတို႔ျဖင့္ေျပာလိုက္သည္၊ "မင္း လုပ္ေပးနိုင္ပါတယ္၊ ဒါေပမဲ့ လက္ကိုင္ပုဝါေတာ့ မသုံးရဘူး..." ေနာက္ဆုံးစကားတို႔က ဒီတိုင္း တိုးတိုးေလး ေရရြတ္လိုက္သလိုလို။
ဖုန့္ရွီက ထူးဆန္းတဲ့ေလထုကို သတိမျပဳမိဘဲ သူ ဘာအသုံးျပဳရမွာလဲဆိုတာ ေမးလိုက္ခ်င္တဲ့အခ်ိန္မွာပဲ ဘုရင္ႀကီးရဲ့မ်က္ႏွာက သူ႔မ်က္ႏွာနား ကပ္လုလု နီးလာေလသည္။ ဘုရင္ႀကီးက ေကာင္ေလးရဲ့ ႏွုတ္ခမ္းတစ္ဝက္ကို တိုက္ရိုက္ပဲ နမ္းလိုက္ေတာ့ ဘုရင္ႀကီးရဲ့ ေႏြးေထြးစိုစြတ္ေနတဲ့ ႏွုတ္ခမ္းအစုံေၾကာင့္ ဖုန့္ရွီ ခ်က္ခ်င္းကို ရွက္ေသြးျဖန္းသြားေတာ့သည္။
ဖုန႔္ရွီက အခုလိုမ်ိဳး ျပင္းျပမြတ္သိပ္တဲ့အနမ္းမ်ိဳး တစ္ခါမွ မနမ္းဖူးတာေၾကာင့္ သူ ဖုတ္လွိုက္ဖုတ္လွိုက္ျဖစ္သြားေပမဲ့လည္း အေတာ္ႀကီးကို သက္ေတာင့္သက္သာရွိတာကို အမွန္တကယ္ သူခံစားမိလိုက္ရသည္။
အဲ့ေနာက္ သူက ဘုရင္ႀကီးရဲ့လက္ေမာင္းထဲ ေခြယိုင္စြာ ထိုင္လိုက္ရင္း အတန္အၾကာမွာေတာ့ သူ႔ေခါင္းအထက္က ရယ္သံထြက္လာတာကို ၾကားလိုက္ရေတာ့ ဖုန့္ရွီရဲ့မ်က္ႏွာက နီရဲသြားေလေတာ့သည္။ ဒါေပမဲ့ ေကာင္ေလးက သူ႔ရဲ့ တကယ့္ရည္ရြယ္ရင္းကို ျပန္မွတ္မိသြားေတာ့ ထရပ္လိုက္ၿပီး ေခါင္းကို ခ်က္ခ်င္းပဲ ခါယမ္းလိုက္ကာ၊ "ကၽြန္ေတာ္ မေက်နပ္ေသးဘူး။ ပိုလိုခ်င္တယ္။"
ဘုရင္ႀကီးက မ်က္ခုံးတို႔ ပင့္သြားရကာ အနည္းငယ္ အံ့ဩသြားဟန္ေပါက္၏။ အဲ့ေနာက္ ေကာ့တက္ေနတဲ့ ႏွုတ္ခမ္းေထာင့္စြန္းတို႔နဲ႔အတူ မ်က္လုံးထဲက ေက်နပ္ေနတဲ့အျပဳံးတို႔ျဖင့္ ဘုရင္ႀကီးရဲ့အဝတ္ထဲ ျမဳပ္ေနေအာင္တိုးဝင္ေနတဲ့ေကာင္ေလးကို ပြတ္လိုက္ကာ၊ "ရွီ၊ အခု ဘာေျပာလိုက္တာလဲ? ကိုယ္ေတာ္ ရွင္းရွင္းလင္းလင္း မၾကားလိုက္ရဘူး။"
ဖုန့္ရွီက ေတာင့္ေတာင့္ႀကီးျဖစ္သြားရကာ သူ႔ေခါင္းေဆာင္ သူေျပာတာကို မၾကားလိုက္ရဘူးဆိုတာ သူမယုံနိုင္ျဖစ္ေနေပမဲ့လည္း ေခါင္းကို လွည့္လိုက္ၿပီး ထပ္ေျပာလိုက္သည္၊ "ကၽြန္ေတာ္ ဒီ့ထက္ပိုလိုခ်င္တယ္လို႔ေျပာတာ။"
ေကာင္ေလးက အနည္းငယ္ ရွက္ေနဟန္ေပါက္သည္။ ဘုရင္ႀကီး အေျဖျပန္မေပးနိုင္ေသးခင္မွာပဲ ဖုန့္ရွီက သူ႔ကို ခုံေပၚကေန ဆြဲခ်လိုက္ၿပီး အခန္းထဲက တစ္ခုတည္းေသာ ကုတင္ဆီ ဆြဲေခၚသြားေတာ့သည္။ "ျမန္ျမန္၊ ျမန္ျမန္ေလး အၿပီးသတ္လိုက္ရေအာင္။ အဲ့တာဆို ေခါင္းေဆာင္က ကၽြန္ေတာ့လူျဖစ္သြားမယ္။ ေခါင္းေဆာင္ကို လာျမဴဆြယ္မယ့္သူေတြလည္း ေခါင္းေဆာင္ဆီ မလာေတာ့ေအာင္။"
ဘုရင္ႀကီးက လွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးရဲ့မ်က္ႏွာက ရဲေတာက္လို႔ေနတာကို ေတြ႕သြား၏။ ဒါေပမဲ့ သူ႔မ်က္လုံးတို႔က ဘုရင္ႀကီးရဲ့ပုံရိပ္ ေရာင္ျပန္ဟပ္ေနမွုႏွင့္အတူ တစ္လက္လက္ ေတာက္ပလို႔ေနတာမို႔ ဘုရင္ႀကီး ႐ုတ္တရက္ ႏွလုံးသားေအာက္ေၿခ ရင္ထဲအသည္းထဲကကို အရည္ေပ်ာ္သြားေတာ့တာေၾကာင့္ ျပဳံးလိုက္ကာ ေျပာလိုက္သည္၊ "ရွီ၊ အဲ့တာကို ဘယ္ကေန သင္လာတာလဲ?"
ေကာင္ေလး ခ်က္ခ်င္းပဲ မ်က္လုံးျပဴးစက္သြားကာ မ်က္လႊာလွန္လိုက္ရင္း၊ "... စာအုပ္...ထဲက"
ဘုရင္ႀကီးက ျပဳံးလိုက္ကာ၊ "ဒါဆို ရွီက အဲ့တာကို ေလ့က်င့္ခ်င္ေနတာေပါ့?"
အဲ့ေနာက္ ေကာင္ေလးက ေခါင္မိုးကို ရွက္ကိုးရွက္ကန္းျဖင့္ ၾကည့္လိုက္ၿပီး၊ "စာေတြ႕ဆိုတာ လက္ေတြ႕မပါရင္ ဘာမွမဟုတ္ဘူးေလ။"
ကုတင္ေပၚ တြန္းခ်ခံလိုက္ရတဲ့ ဘုရင္ႀကီးက စိတ္လွုပ္ရွားစိုးရိမ္ေနတဲ့ ေကာင္ေလးနဲ႔ ဆန့္က်င္စြာပဲ သက္ေတာင့္သက္သာ ျဖစ္စြာပဲ ထထိုင္လိုက္သည္။
"ကၽြန္ေတာ္ ေခါင္းေဆာင္ရဲ့အဝတ္အစားေတြကို ခၽြတ္ေပးမယ္" ဘုရင္ႀကီးက သူ႔အဆိုျပဳခ်က္ကို မျငင္းဆိုတာေတြ႕ေတာ့ ဖုန့္ရွီက ဘုရင္ႀကီး၏ ေကာ္လံကို ေပ်ာ္ရႊင္စြာ ဆြဲလိုက္ေတာ့သည္။ ေကာ္လံက ဖုန့္ရွီရဲ့ အဆြဲကို ခံလိုက္ရသည့္အတြက္ ဖုန့္ရွီ ဘုရင္ႀကီးကို လြယ္လြယ္ကူကူ အဝတ္အစားေတြ ခၽြတ္လို႔ရသြားမည္ျဖစ္သည္။ သူက ဘုရင္ႀကီးရဲ့ အဝတ္အစားတို႔ကို တစ္လႊာခ်င္းစီ ခၽြတ္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္မွာပဲ ေျမငလ်င္လွုပ္သလိုမ်ိဳး ႐ုတ္တရက္ တည္းခိုခန္းတစ္ခုလုံး လွုပ္ခါသြားေတာ့၏။
သူတို႔အခန္းအေပၚကေန အမည္မသိျပင္းထန္တဲ့ ျပင္းအားတစ္ခု က်လာေတာ့သည္။
20220910; 1728
Stay tuned for the next chapter:
155. Can't Let Them Go
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————